” စုန်းထီးကြီးဦးဘသာနှင့် ယာတောမှအပြန် ”(စ/ဆုံး)

Unicode Version

” စုန်းထီးကြီးဦးဘသာနှင့် ယာတောမှအပြန် ”(စ/ဆုံး)
———————————————————————-

(၁)

ဘာလိုလိုနဲ့ကျုပ်တို့ ဦးအောင်ရှိန်တို့ရဲ့ မြင်းဇာရွာကို ရောက်နေခဲ့တာ သုံးပတ်ကျော်လာခဲ့ပြီဗျ၊ အစတုန်းကတော့ ကိုယ့်ရပ်ကိုယ့်ရွာမဟုတ်လို့ မနေတတ်သလိုလိုရှိပေမယ့် အခုတော့ ကိုယ့်ရွာလိုပဲနေပျော်လာပါပြီဗျ၊ အစပိုင်းက ယောနယ်က စကားပြောသံကို တစ်မျိုးကြီးပဲဆိုပြီး အထူးအဆန်းဖြစ်ခဲ့ပေမယ့် အခုတော့ ကျုပ်တောင်မှ စကားပြောရင် သူတို့ပြောတဲ့အတိုင်း လေသံဝဲတဲတဲဖြစ်နေခဲ့ပြီ၊ အိမ်ပြန်လို့ အမေတို့ကိုပြန်ပြောရင်တောင် အမေတို့ကတစ်မျိုးထင်နေမှာဗျ။

အခုတော့ ဦးအောင်ရှိန်တို့အိမ်မှာလည်း လူတွေစုံသွားပြီပေါ့ဗျာ၊ ကျုပ်ရယ်၊ ဖိုးတွမ်တီးရယ်၊ မိသက်ရယ်ကတော့ သူငယ်ချင်းတွေလိုဖြစ်နေပြီပေါ့၊ မိသက်ကတော့ အိမ်အောက်ဘက်အခန်းမှာ မနှင်းကြည်နဲ့အတူတူနေတယ်ဗျ။ သူ့အဘွားသေဆုံးသွားလို့ စိတ်ထိခိုက်ပုံရပေမယ့် အရင်လိုမျိုးတစ်ယောက်ထဲ ပေပေတေတေနေရတာမျိုးမဟုတ်တော့ဘဲ မိသားစုဆိုတာကို ထိတွေ့လာရတဲ့အခါမှာ မိသက်တစ်ယောက် အတော်ကြီးပြောင်းလဲခဲ့တယ်ဗျ။

ဒီအိမ်မှာ အပင်ပန်းဆုံးလူကိုပြောရမယ်ဆိုရင်တော့ မခင်ကြည်ပါပဲဗျာ၊ မခင်ကြည်မှာ မိုးလင်းလို့ ရောင်နီမလာခင်ကတည်းက မီးဖိုချောင်ထဲရောက်ပြီး ချက်ရပြုတ်ရတာပါပဲ၊ ဒေါ်အေးကြည်ကတော့ ကုန်ကူးနေတဲ့လူမို့လို့ အိမ်မှာမရှိတာများတယ်၊ တစ်ခါတစ်လေတော့ နေ့ချင်းပြန်ခရီးစဉ်ကလေးတွေသွားရပြီး တစ်ခါတစ်လေမှာတော့ နှစ်ညအိပ်သုံးညအိပ်ခရီးထွက်သွားတတ်တယ်၊ အိမ်ရဲ့အဓိကစီးပွားရေးကို ဒေါ်အေးကြည်က ထိန်းထားရတာကိုးဗျ၊ ဦးအောင်ရှိန်တို့ရဲ့အထက်လမ်းပညာကျတော့ ငွေကပုံမှန်ရတယ်လို့မရှိပါဘူး၊ လူနာတွေကို စေတနာထားပြီးကုရတာကိုးဗျ၊ ဦးအောင်ရှိန်ပြောတာကတော့ ငွေနောက်လိုက်ရင် မစွမ်းတော့ဘူးတဲ့၊ ဟုတ်လည်းဟုတ်မှာဗျ၊ တခြားရွာမှာလည်း အထက်လမ်းဆရာတွေရှိကြပေမယ့် သူတို့မနိုင်တော့ဘူးဆိုရင် ဦးအောင်ရှိန်ဆီကိုပဲပြေးလာကြတာ၊ အချို့က ပိုက်ဆံပေးဖို့နေနေသာသာချို့တဲ့လွန်းတာကြောင့် ဦးအောင်ရှိန်ကပြန်ပြီး မုန့်ဖိုးပေးရတာတောင် ရှိသေးသဗျ။

မခင်ကြည်ယောက်ျား ကိုအေးကတော့ အလွန်အေးတဲ့လူဗျ၊ မနက်အစောကြီး ထမင်းစားပြီးတာနဲ့ ယာခင်းထဲဆင်းပြီပေါ့၊ မခင်ကြည်တို့ ယာခင်းက နှစ်ခင်းတောင်ရှိတာဗျ၊ ရွာတောင်ဘက်မှာတစ်ခင်း၊ မြောက်ဘက်မှာတစ်ခင်းပေါ့၊ ရွာတောင်ဘက်က အခင်းက ရွာနဲ့နီးတာမို့လို့ ကိုအေးတစ်ယောက် အဲဒီယာခင်းကိုဆင်းရင် ထမင်းတွေဘာတွေပြန်စားလို့ရပေမယ့် မြောက်ဘက်အခင်းက ရွာနဲ့လှမ်းပြီး တောနဲ့နီးတာဆိုတော့ မနက်အစောထပြီး ယာထဲဆင်းမှတော်ကာကျတာ၊ နေ့လည်မရောက်ခင်တော့ မခင်ကြည်က ထမင်းလိုက်ပို့ရတာပေါ့ဗျာ။

(၂)

ဒီနေ့တော့ ထူးထူးဆန်းဆန်းကျုပ်အိပ်ရာအစောကြီးနိုးတယ်ဗျ၊ ပြန်အိပ်လို့လည်းမရတာနဲ့ မျက်နှာသစ်ဖို့ထွက်ခဲ့တော့ မနက်တောင်သိပ်မလင်းချင်သေးဘူး၊ ကိုအေးတောင်မှ ကွပ်ပျစ်မှာထိုင်ပြီး ရေနွေးသောက်တုန်းရှိသေးတာ။

“ဟေ့အလတ်ကောင်၊ ဒီနေ့တော့ စောလှချည်လားကွ၊ မင်းမှာအလုပ်ရှိတာမှမဟုတ်တာ ပြန်အိပ်ပါအုံး”

“မအိပ်ချင်ပါဘူး ကိုအေးရာ၊ ဒါနဲ့ ကိုအေးလည်းစောတယ်နော်”

“အေးကွ၊ မြောက်ဘက်ယာခင်းတွေဘက်ဆင်းမှာဆိုတော့ ခပ်စောစောထရတာပေါ့ကွာ”

ကျုပ်လည်း မီးဖိုထဲဝင်ခဲ့တော့ မခင်ကြည်က ဟင်းချက်နေတာဗျ၊ တစ်ညရေစိမ်ထားတဲ့ ပဲထောပတ်ဖြူဖြူကလေးတွေကို ပြုတ်ပြီးတော့ ကြက်သွန်နီကလေးနဲ့ ပြန်ပြီးကြော်နေတာ မွှေးနေတာပဲဗျာ၊ ကျုပ်ကိုတွေ့တော့ မခင်ကြည်က ထူးဆန်းသွားတဲ့ရုပ်နဲ့

“အံမယ်၊ ကျားသားမိုးကြိုး အလတ်ကောင်စောစောစီးစီးနိုးနေပါလား၊ နင့်တူတောင် မနိုးသေးဘူး”

ကျုပ်အစောကြီးနိုးတာကို အထူးအဆန်းဖြစ်နေကြတယ်၊ ကျုပ်လည်းသွားဖြဲပြပြီး ဆားနည်းနည်းနှိုက်ပြီးထွက်ခဲ့တာပေါ့ဗျာ။ မခင်ကြည်ကတော့ တံစို့ထိုးပြီး မီးကင်ထားတဲ့ ခရမ်းချဉ်သီးလေးတွေကိုဖြုတ်ရင်း ထောင်းဖို့ပြင်နေတယ်ထင်ပါ့။

ကျုပ်လည်း ကိုအေးအနားထိုင်ပြီး ဟိုအကြောင်းဒီအကြောင်းပြောနေတုန်း မခင်ကြည်က မနက်စာလာပြင်ပေးတယ်၊ ကျုပ်ပါနိုးနေတာဆိုတော့ နှစ်ယောက်စာပြင်ပေးတာပေါ့၊ ထမင်းဖြူနဲ့ ခုနကကြော်ထားတဲ့ ပဲထောပတ်ကြော်ရယ်၊ ခရမ်းချဉ်သီးထောင်းလေးရယ်ဆိုတော့ ထမင်းမြိန်တယ်ဗျာ၊ ကျုပ်တို့ကိုခူးခပ်ပေးပြီးတော့ မခင်ကြည်က ဆွမ်းတော်ကပ်ဖို့အိမ်ပေါ်တက်သွားတယ်၊ မခင်ကြည်ရဲ့ ဘုရားရှိခိုးသံ တစာစာက အာရုဏ်ဦးနေလုံးကြီးနဲ့အတူတူ ထွက်ပေါ်လာတယ်ပေါ့ဗျာ။

စားသောက်ပြီးတော့ ကိုဖိုးအေးက သွားဖို့ပြင်ဆင်နေပြီဗျ၊ အိမ်ကထွက်ခါနီးကျတော့

“အလတ်ကောင်၊ မြောက်ဘက်ယာခင်းထဲ လိုက်လည်ပါအုံးကွ၊ မြောက်ဘက်ခင်းက တောင်ဘက်ခင်းလိုမဟုတ်ဘူးကွ၊ တောနဲ့တောင်နဲ့နီးတော့ သာယာတယ်ကွ”

“ကောင်းပါပြီ ကိုအေးရာ၊ နေ့လည်အမခင်ကြည် ထမင်းပို့တော့ ကျုပ်တို့လိုက်လာခဲ့ပါ့မယ်”

နောက်တော့ တစ်အိမ်သားလုံးနိုးလာပြီးတော့ စားကြသောက်ကြနဲ့ ပေါ့ဗျာ၊ စားသောက်ပြီးတော့လည်း မခင်ကြည်မနားရပါဘူးဗျာ၊ မနက်စာပြီးတော့ နေ့လည်စာအတွက်ပြင်ဆင်ရတော့တယ်၊ မနှင်းကြည်ကလည်း ကူညီပေးတာပေါ့ဗျာ၊ ကျုပ်လည်းယောင်လည်လည်နဲ့ မီးဖိုထဲဝင်ခဲ့တာပေါ့၊

“အမခင်ကြည် ဘာချက်မှာလည်း”

“မနေ့က နင့်အကိုကိုအေးက ဆူးပုတ်ရွက်နုကလေးတွေခူးလာတယ်ဟ၊ အဲဒါ ပဲကြီးနဲ့ဟင်းရည်အရည်သောက်ချက်မလားလို့၊ ပဲကြီးဟင်းကို ဆူးပုတ်ရွက်ခတ်ထားရင် သူကသိပ်ကြိုက်တာ၊ ထမင်းစားရင်ခေါင်းတောင် ဖော်နိုင်မှာမဟုတ်ဘူး”

မခင်ကြည်က ပြောလဲပြော၊ လက်ကလည်း ပဲကြီးခွာနေတယ်ဗျ၊ ကျုပ်လည်း မနေသာတာနဲ့ ပဲကြီးဝင်ခွာပေးတာပေါ့ဗျာ။

“နေ့လည်ကျတော့ ကိုအေးက ကျုပ်ကိုမြောက်ဘက်ခင်းထဲ လိုက်ခဲ့ဖို့ခေါ်တယ်ဗျ”

“အေး၊ လိုက်သွားတာပေါ့၊ နင်လည်းမြောက်ဘက်ခင်းထဲ မရောက်ဖူးသေးဘူးထင်ပါ့”

မခင်ကြည်က ချဉ်ပေါင်သီးခြောက်နီနီကလေးတွေကို ခရမ်းချဉ်သီးနဲ့ ချဉ်ချဉ်ကလေးချက်ဖို့လုပ်တယ်၊ မနှင်းကြည်ကတော့ ငါးခြောက်ကလေးတွေကို ကတ်ကြေးတစ်လက်နဲ့ အမြီးဖြတ်၊ ဆူးတောင်ဖြတ်ပေါ့ဗျာ။ မနှင်းကြည်အလုပ်လုပ်တာထက် မခင်ကြည်အလုပ်လုပ်တာကိုကြည့်ရင်း ကျုပ်တော့ ကျေနပ်မိတယ်ဗျ၊ စကားပြောရင်း အလုပ်ကလုပ်သွားတာ ဇယ်ဆက်နေတာပဲဗျာ၊ လက်ကတစ်ခုကျသွားတာနဲ့ နောက်အလုပ်တစ်ခုကိုတန်းပြီးဆက်တိုက်လုပ်သွားတာဟာ နားချိန်ကိုမရှိဘူးဗျ။

(၃)

“ဆွမ်းတော်ဗျို့”

မကြာပါဘူး ဆွမ်းခံကြွပါရောဗျာ၊ ထင်းမီးနဲ့ချက်တာဆိုတော့ ဟင်းတွေက အကျက်မြန်တယ်ဗျ၊ မီးအားကကောင်းတာလည်းပါမှာပေါ့ဗျာ၊ မခင်ကြည်က အသံကြားတော့

“ဟဲ့ နှင်းကြည်၊ ဆွမ်းထွက်လောင်းပေးစမ်းပါအုံး”

မနှင်းကြည်က ဆွမ်းဟင်းသုံးခွက်ယူတော့ ကျုပ်လည်း အလိုက်တသိနဲ့ ဆွမ်းအုပ်ယူပြီး ထွက်ခဲ့တာပေါ့ဗျာ။ မနှင်းကြည်ကတော့ ငြင်းရှာပါတယ်။

“ရပါတယ်၊ ငါ့မောင်ရယ်၊ အမတစ်ယောက်တည်းလောင်းနေကျပါ”

“အိုဗျာ၊ မဟုတ်တာပဲ၊ ကျုပ်လည်းအတူတူလောင်းပေးပါ့မယ်၊ နောက်တော့ ရေစက်ဆုံတာပေါ့ဗျာ”

ကျုပ်စကားက အဆန်ပါမှန်း မနှင်းကြည်သိသွားတယ်ဗျ၊ မနှင်းကြည်က ရှက်ပြုံးကလေးပြုံးပြီး မချိသွားဖြဲလုပ်ရင်းကျုပ်အနောက်ကိုလိုက်လာတယ်။ ရွာဦးကျောင်းဆရာတော်ကို ဆွမ်းနဲ့ဆွမ်းဟင်းတွေကပ်လိုက်တယ်၊ နောက်တော့ ကျုပ်က သပိတ်ထဲကိုဆွမ်းလောင်းထည့်တယ်၊ ငါးခြောက်ကို ကြော်ပြီး ငရုတ်သီးစပ်စပ်နဲ့ပြန်လူးထားတဲ့ဟင်းရယ်၊ အချဉ်အတွက် ချဉ်ပေါင်သီးကိုခရမ်းချဉ်သီးနဲ့ ငါးပိချက်ပုံစံချက်ထားတဲ့ဟင်းနဲ့ အရည်သောက်ကိုတော့ အနောက်က ဆိုင်းထမ်းနဲ့ထမ်းလာတဲ့ ဘုန်းကြီးကျောင်းသားကလေးရဲ့ တွဲဆိုင်းထဲကို သပ်သပ်စီထည့်ပေးလိုက်တာပါပဲ။ ကျုပ်လည်း မနှင်းကြည်နဲ့အတူတူဆွမ်းလောင်းပြီးတော့ နှစ်ယောက်သား ရေစက်ဆုံပြီး နီးရပါစေလို့ ဆုတောင်းမိတာပေါ့ဗျာ၊ ဟဲ ဟဲ။

ဆွမ်းလောင်းပြီးတော့ မခင်ကြည်က ဦးအောင်ရှိန်တို့နေ့လည်စာ စားဖို့သောက်ဖို့အတွက်ပြင်ပေးခဲ့တယ်၊ ပြီးတာနဲ့ ခံတောင်းကလေးထဲ ထမင်းထည့်ပြီးတော့ သူ့ယောက်ျားကိုအေးကို ထမင်းပို့ဖို့ထွက်ခဲ့တာပေါ့ဗျာ၊ အချိန်က မနက်ဆယ်နာရီခွဲလောက်ပေါ့။ ဦးဘသာကလည်း လိုက်မယ်ပြောတာနဲ့ ကျုပ်တို့နဲ့အတူလိုက်ခဲ့တယ်၊ ထမင်းသွားပို့တာလည်း တပျော်ကြီးပေါ့ဗျာ၊ ကျုပ်နဲ့ဦးဘသာရယ်၊ ဖိုးတွမ်တီးနဲ့ မိသက်တို့ပါ ပါတာကိုးဗျ။

ရွာကနေထွက်ပြီး အရှေ့မြောက်ဘက်ကိုတက်ခဲ့တယ်ဆိုရင်ပဲ တောင်ကုန်းကလေးတွေကိုဖြတ်ကျော်ရတယ်ဗျ၊ အုပ်အုပ်ဆိုင်းဆိုင်းနဲ့ရွှေဘကုန်းကို အဝေးကလှမ်းမြင်ရတယ်၊ တောင်ကုန်းကလေးကိုကျော်ပြီးတဲ့အခါမှာတော့ ယာခင်းတွေကိုတွေ့လိုက်ရပါပြီ၊ ယာခင်းတွေရဲ့ အရှေ့ဘက်မှာတော့ တောင်ကြီးတစ်လုံးရှိပြီး သဘာ၀တောအုပ်ကြီးလဲရှိတာပေါ့ဗျာ။ ရှုခင်းကတော့ ကိုအေးပြောသလို အတော်သာယာတယ်ဗျ၊ နှမ်းတွေတန်းစီပေါက်နေတဲ့ နှမ်းခင်းကြီးတွေရယ်၊ သစ်ပင်တွေစိမ်းစိုနေတဲ့တောကြီးရယ်၊ ဟိုးအနောက်က တောင်တန်းကြီးတွေရယ်ကို ခင်ဗျားတို့မျက်စိထဲပဲ မြင်အောင်ကြည့်လိုက်စမ်းပါဗျာ၊ သာယာချက်ပဲ။

ရွာကနေ နာရီဝက်လောက်လမ်းလျှောက်ရတာဆိုတော့ ကျုပ်တို့ရောက်သွားတော့ ဆယ့်တစ်နာရီကျော်လောက်ရောပေါ့ဗျာ၊ ကိုအေးက သူတို့စတည်းချတဲ့ ဒဟတ်ပင်ကြီးအောက်မှာထိုင်နေရင်း အနားက ယာရှင်တွေနဲ့ စကားပြောဆိုနေလေရဲ့၊ ဒဟတ်ပင်က အရိပ်လည်းကောင်းမှကောင်းပဲဗျာ၊ ဒဟတ်ပင်မှာ ကပ်ရိုက်ထားတဲ့ ရေအိုးကရေကလည်း အေးပြီးစိမ့်နေတာပဲ။

ကျုပ်တို့ရောက်ပြီး သိပ်မကြာပါဘူးထမင်းစားကြတယ်ဗျ၊ မခင်ကြည်ပြောတဲ့အတိုင်း ကိုအေးတစ်ယောက် ထမင်းစားတာ ခေါင်းတောင်မဖော်ပါဘူးဗျာ။ ကျုပ်တို့အတွက်ကတော့ ယာခင်းထဲကို အပျော်လိုက်ပြီး ပျော်ပွဲစားထွက်သလိုပါပဲဗျာ၊ ဟင်းကလည်းစားကောင်းချက်ဗျာ၊ ငါးခြောက်ကြော်လေးက ခပ်စပ်စပ်၊ ချဉ်ပေါင်သီးချက်ကလေးက ချဉ်ချဉ်နဲ့ဆိုတော့ လိုက်ဖက်ညီပါတယ်၊ အာခေါင်ခြောက်လာရင် ဆူးပုတ်ခတ်ထားတဲ့ ပဲကြီးဟင်းရည်ကို သောက်ရင်း မျောချရတာပေါ့ဗျာ။ ကျုပ်တို့မှာ စားလို့ကောင်းလိုက်တာ၊ အိမ်မှာထက်ကို ပိုပြီးမြိန်နေတာဗျ။

စားသောက်ပြီးတော့ ကိုအေးတို့နဲ့ ဦးဘသာနဲ့ သစ်ပင်ရိပ်မှာထိုင်နေကြတယ်၊ မခင်ကြည်ကတော့ ဓါးမတိုကလေးကိုင်ပြီးတော့ တောဘက်ကိုထွက်မလို့တဲ့။

“ရှင်တို့ဒီမှာနေအုံးနော်၊ ကျုပ်တောတက်အုံးမယ်၊ ထင်းလေးလည်းတစ်စီးလောက်ခွေချင်တယ်၊ ပြီးတော့ ဆူးပုတ်လေး၊ ကြံဟင်းလေးလည်း တစ်ခွက်စာလောက်ရှာချင်သေးတယ်”

မခင်ကြည်တောဘက်ကိုလိုက်သွားတော့ ကျုပ်တို့လည်းလိုက်သွားတာပေါ့ဗျာ၊ မခင်ကြည်က ထင်းခွေရင်း ဟိုကြည့်ဒီကြည့်နဲ့လုပ်တော့ တယ်ပင်ပေါ်ကိုတွယ်တက်နေတဲ့ ချုံပင်တွေကိုမြင်လိုက်ပါရော။

“ဟယ်၊ ကျီးအာရွက်တွေတောင် စိမ်းနေပြီပေါ့၊ ဒါဆိုမကြာခင် မိုးကျတော့မယ့်သဘောပဲ၊ အတော်ပဲ ကျီးအာရွက်တွေခူးရအုံးမယ်”

ကျီးအာသီးကို စားမရပေမယ့် ကျီးအာရွက်နုကို ဟင်းချိုချက်သောက်ရကောင်းမှန်း ကျုပ်တော့အခုမှသိတော့တယ်ဗျာ၊ မခင်ကြည်ထင်းခွေတော့ ကျုပ်တို့လည်းပျင်းနေတာပေါ့ဗျာ၊ ဒါနဲ့အသံတွေကြားလို့ လိုက်ကြည့်တော့ တောအစပ်ချောင်းရိုးကလေးအနားမှာ နွားကျောင်းသားလေးတွေ ငါးယောက်လောက် ဆော့နေကြတာကိုမြင်လိုက်ပါရော။

နွေကျောင်းပိတ်တော့ ကျောင်းသားလူငယ်ကလေးတွေလည်း မိဘကိုကူပြီးတော့ နွားကျောင်းရတာပေါ့ဗျာ၊ ရွာနားမှာလည်း မြက်ကရှားတာဆိုတော့ တောစပ်မှာလာကျောင်းကြတယ်ထင်ပါ့၊ အဆော့မက်တဲ့ ဖိုးတွမ်တီးနဲ့ မိသက်တို့လည်း နွားကျောင်းသားကလေးတွေဆီကိုပြေးသွားတယ်၊ ကျုပ်လည်း မခင်ကြည်ကိုတစ်ချက်ကြည့်လိုက်တော့ မခင်ကြည်က လိုက်သွား၊ သူက ရတယ်ဆိုတဲ့ အကြည့်နဲ့ပြန်ကြည့်တယ်၊ ဒါနဲ့ပဲ ကျုပ်လည်း ကလေးတွေအနောက်ကိုလိုက်သွားတာပေါ့ဗျာ။

(၄)

နွားကျောင်းသားလေးတွေက မြေပြောင်ပြောင်မှာ ကျေးရိုက်တမ်းဆော့တာဗျ၊ ကျေးရိုက်တယ်ဆိုတာတော့ ကျုပ်တို့ရွာအခေါ်ပါ၊ သူတို့ဆီမှာတော့ ဘယ်လိုခေါ်သလဲမသိဘူး၊ နွားကျောင်းသားလေးတွေ စုစုပေါင်းခြောက်ယောက်ရှိတယ်၊ ကျေးရိုက်တမ်းဆိုတာကတော့ လိုက်မယ့်လူကို မျက်လုံးအဝတ်စည်းပြီးတော့ ပုဆိုးစနဲ့လိုက်ရိုက်ရတာပေါ့၊ ကျန်တဲ့လူတွေက အသံပေးပြီးတော့ထွက်ပြေးရတာပေါ့ဗျာ။

ဖိုးတွမ်တီးလည်းဝင်ဆော့တယ်၊ မိသက်ကိုတော့ အစပိုင်းက ခေါ်မဆော့ဘူးဗျ၊ နောက်ပိုင်းကျမှ မိသက်ကိုပါခေါ်ဆော့ကြတယ်၊ ဒီတစ်ခါလိုက်ရမှာကတော့ ဖိုးတွမ်တီးအလှည့်ပေါ့ဗျာ၊ ဖိုးတွမ်တီးမျက်လုံးကို ပုဆိုးပိုင်းတစ်ခုနဲ့တင်းနေအောင်စည်းချည်ပြီးတော့ လက်ထဲကိုလည်း ထိပ်ဘက်မှာထုံးထားတဲ့ ပုဆိုးတစ်ခုပေးလိုက်တာပေါ့။ မလိုက်ခင် ဖိုးတွမ်တီးကို သုံးလေးပတ်လောက်လှည့်ပေးလိုက်တော့ ဖိုးတွမ်တီးခမြာ အရက်သမားချေလှမ်းနဲ့ အသံကိုနားထောင်ပြီး လိုက်ရိုက်တာပေါ့ဗျာ။

သူတို့ဆော့နေတာကို ကျုပ်ကလည်း ဘေးနားကနေကြည့်နေတာပေါ့၊ ဒီအချိန်မှာ နွားကျောင်းသားလေးတစ်ယောက်က ရပ်သွားပြီးတော့ အနားက သစ်ပင်ကိုကြည့်နေတယ်ဗျ။ ပြီးတော့ ကျန်တဲ့နွားကျောင်းသားလေးတွေကိုလှမ်းခေါ်တယ်။

“ဟေ့ကောင်တွေ၊ ဟိုမှာ အသိုက်ကွ”

သန်းပင်ကြီးတစ်ပင်ရဲ့ ကိုင်းခွကြားမှာ ငှက်သိုက်တစ်ခုတင်နေတယ်ဗျ၊ နောက်ထပ်ကိုင်းခွတစ်ခုမှာလည်း ငှက်သိုက်တစ်ခုရှိတယ်၊ ငှက်ကလေးတစ်ကောင်ကလည်း အသိုက်မှာဝပ်နေပုံထောက်တော့အသိုက်ထဲမှာ ဥတွေရှိမယ့်ပုံပဲဗျ၊ ဒါနဲ့ပဲ နွားကျောင်းသားလေးတွေ ကစားတာရပ်ပြီး အပင်အောက်မှာ သွားဝိုင်းဖွဲ့ကြတာပေါ့။

“ဟေ့ကောင်တွေ၊ အပင်ကတော်တော်မြင့်တာကွ၊ ဖြစ်ပါ့မလား”

ကျုပ်ကဝင်ပြောလိုက်တယ်၊ သန်းပင်ဆိုတာကလည်း အမြင့်ကြီးမဟုတ်လားဗျာ။ နွားကျောင်းသားလေးတွေက တိုင်ပင်ပြီးတော့

“ဒါဆိုရင် ဖိုးပေကိုလွှတ်ရမယ်၊ ဒီကောင်က သစ်ပင်တက်တာ ချန်ပီယံကွ”

ဖိုးပေဆိုတဲ့ကောင်လေး ထွက်လာတယ်ဗျ၊ နာမည်နဲ့လိုက်အောင် ပေပေတေတေပုံပါပဲဗျာ၊ ပုဆိုးကိုစလွယ်ကွင်းသိုင်းပြီးတော့ ဘောင်းဘီတိုနဲ့ သန်းပင်ကြီးပေါ်ကို ခုန်တက်သွားတာပဲဗျာ။ သန်းပင်ဆိုတာ ပင်စည်ကတခြားအပင်တွေနဲ့မတူဘဲ ပြောင်ချောနေတတ်တာမဟုတ်လား၊ တော်ရုံလူဆို သန်းပင်မတက်တတ်ဘူးဗျ၊ ဒါပေမယ့် ဖိုးပေကတော့ မျောက်တစ်ကောင်လိုပဲ သန်းပင်ကိုခြေနဲ့ကန်ပြီးတက်သွားတာမြန်လိုက်တာဗျာ။ ဒါနဲ့ပဲ မကြာခင်အသိုက်တစ်ခုကိုရောက်သွားတယ်၊

အသိုက်မှာဝပ်နေတဲ့ငှက်မကို မောင်းထုတ်ပေမယ့် ငှက်မက အသိုက်အနားမှာဝေ့လည်ကြောင်ပတ်လုပ်ရင်း အော်ဟစ်နေတာပေါ့ဗျာ၊ အင်းလေ၊ ကိုယ့်အသိုက်အမြုံ၊ ကိုယ့်ရဲ့သားသမီးကို ဖျက်ဆီးခံရတာဆိုတော့ ငှက်ဖြစ်နေတာတောင်မှ ခံစားရတာဖြစ်မှာပေါ့၊ ကျုပ်တို့လူတွေလို ကူကြပါ၊ ကယ်ကြပါဆိုပြီးအော်သလို တကြော်ကြော်အော်နေတာပဲဗျာ၊ နွားကျောင်းသားလဲဖြစ်၊ ကလေးလည်းဖြစ်နေတာ့ ဒီလောက်ကိုထွေထွေထူးထူးခံစားနေပုံမရပါဘူးဗျာ။ ဖိုးပေက အသိုက်ထဲကိုနှိုက်တော့ လောက်စာလုံးအရွယလောက် ငှက်ဥ လေးငါးဥရတယ်ဗျ၊ အဲဒီငှက်ဥတွေကို ပုဆိုးနဲ့အသာထုပ်ပြီး နောက်တစ်ကိုင်းကိုလှမ်းအကူးမှာ သန်းပင်အကိုင်းတွေကြားထဲ ဝင်းခနဲလက်ခနဲ အလင်းရောင်တွေထွက်သွားတာကိုမြင်လိုက်ရတယ်ဗျ။

ရှည်ရှည်မြောမြောအကောင်တစ်ကောင်ပဲဗျ၊ သန်းပင်ကိုင်းပေါ်ကနေ ခုန်ပျံထွက်လာပြီးတော့ ဖိုးပေလည်ပင်းပေါ်ကိုတက်တယ်၊ ဖိုးပေက အားခနဲအော်ပြီးခါချလိုက်တော့ မြေပေါ်ကိုပြုတ်ကျလာပါရောဗျာ။

“မြွေဟ . . . အဲဒါမြွေ”

အရောင်တလက်လက်နဲ့အကောင်က မြွေတစ်ကောင်ပါဗျာ၊ နွားကျောင်းသားအုပ်နဲ့တွေ့တဲ့မြွေတော့ ကံဆိုးတာပဲ၊ နွားကျောင်းသားလေးတွေက တွေ့တဲ့တုတ်တွေကောက်၊ ဝါးလုံးပိုင်းတွေကောက်ပြီးတော့ မြွေကိုရိုက်တာပေါ့ဗျာ။

အဲဒီမှာထူးဆန်းတာကမြွေကို နွားကျောင်းသားလေးက ရိုက်လိုက်တဲ့အခါ မြွေကထပြီး ပျံတာပဲဗျ၊ ပျံတယ်ဆိုပေမယ့် သိပ်ဝေးဝေးပျံတာမဟုတ်ပါဘူး၊ ခုန်လိုက်သလိုဖြစ်နေတာပေါ့ဗျာ၊ မြွေဆိုတာ ခင်ဗျားတို့သိတဲ့အတိုင်း ခုန်နိုင်တာမှမဟုတ်တာ။ ဒါနဲ့ နောက်ထပ်နွားကျောင်းသားလေးက မြွေကျသွားတဲ့နေရာကို ထပ်လိုက်ပြီးရိုက်ပြန်ရော၊ အဲဒီမြွေကလည်း ခုန်ပြီးရှောင်ပြန်ရောဗျာ၊ နွားကျောင်းသား ငါးယောက် တုတ်တစ်ယောက်တစ်ချောင်းနဲ့ လိုက်ရိုက်တာတောင်မှ မြွေကိုတစ်ချက်မထိဘူးဗျာ။

ကျုပ်တို့လည်းဘယ်နေပါ့မလဲ၊ အနားမှာကျနေတဲ့ သန်းပင်ကိုင်း တုတ်တုတ်ကြီးကောက်ပြီး ကျုပ်လည်း မြွေကိုလိုက်ရိုက်တာပေါ့။ သန်းပင်အသားဆိုတာကလည်း ပျဉ်းကတိုးသားလောက်ကို မာတာမဟုတ်လား၊ ဒါပေမယ့် ကျုပ်က တွေးလိုက်ပြီးသား၊ ကလေးတွေက မြွေကိုမြေပေါ်ကျတော့မှ ရိုက်တာ၊ ကျုပ်ကတော့ ဒီမြွေခုန်တဲ့အခါ လေပေါ်မှာဖမ်းပြီးရိုက်မယ်လို့ တွေးထားတာ။

ဒါနဲ့ပဲ ကလေးအုပ်ထဲကျုပ်ဝင်ခဲ့တယ်ပေါ့ဗျာ၊ ဒီလိုမြွေမျိုးကို ကျုပ်ဘ၀မှာတစ်ခါမှ မမြင်ဖူးဘူးဗျ၊ တစ်ကိုယ်လုံးအရောင်တွေ ဖြတ်ခနဲဖြတ်ခနဲလက်နေတာ၊ နွားကျောင်းသားတစ်ယောက်က မြွေကိုပြေးရိုက်တော့ မြွေက ရွှီးခနဲ မိုးပေါ်ကိုခုန်လိုက်တယ်၊ ကျုပ်လည်း ဘာရမလဲဗျာ၊ ကျုပ်အနားက ဖြတ်ပျံလာတဲ့မြွေကို သန်းသားတုတ်နဲ့ အားကုန်လွှဲရိုက်ထည့်လိုက်တာပေါ့ဗျာ။

ကျုပ်တုတ်ကလည်း အားပြင်းပြီး မြွေဆီကိုတန်းတန်းမတ်မတ်သွားတယ်ဆိုပေမယ့် ကျုပ်တုတ်က မြွေနဲ့ထိခါနီးကျတော့ ဖြောင်းခနဲကျိုးကျသွားတာပဲဗျာ၊ ကျုပ်ဖြင့်အံ့ဩလို့မဆုံးဘူး။ ကလေးလက်မောင်းလောက်ရှိတဲ့ ပိုးမထိုးထားတဲ့ သန်းသားတုတ်ကြီးက မြွေကိုမထိခင်မှာ ထက်ပိုင်းကျိုးကျသွားတာဗျာ။

ကျုပ်လည်းတော်တော်ဒေါသထွက်သွားတာပေါ့၊ ဒါနဲ့မြွေကိုဆဲဆိုပြီးတော့ တုတ်နဲ့ချည်းလိုက်ရိုက်တာဗျာ၊ ကျုပ်တို့တွေတစ်ပြုံကြီးလိုက်ရိုက်တာတောင်မှ မြွေကိုတစ်ချက်မှ မထိဘူးဗျာ၊ ကျုပ်လည်း တစ်ခုခုတော့ထူးနေပြီမှန်းသိတာနဲ့ ဖိုးတွမ်တီးကို ပုခုံးပုတ်လိုက်ပြီးတော့

“ဖိုးတွမ်တီး၊ ဦးဘသာနဲ့ လူကြီးတွေကို သွားခေါ်ကွာ”

ကျုပ်ပြောလိုက်တော့ ဖိုးတွမ်တီးလည်း လက်ထဲက တုတ်ချပြီးတော့ ပြေးပါရောဗျာ၊ မကြာပါဘူး ဦးဘသာတို့ပြေးလိုက်လာတယ်။ ကျုပ်တို့လူအုပ်ကိုကြည့်ပြီးတော့

“ဟေ့၊ ဘာတွေဖြစ်နေကြတာတုန်းကွ”

ကျုပ်တို့မဖြေရသေးခင်မှာပဲ ဦးဘသာက တစ်ခုခုသိသွားပုံရတယ်၊

“မင်းတို့အားလုံး အနောက်ဆုတ်ကြစမ်း၊ မကြောက်မရွံ့နဲ့ အကုန်လုံးမသာပေါ်ကုန်ကြမယ်”

ဦးဘသာအော်တာနဲ့ ကျုပ်လည်းအနောက်ဆုတ်လိုက်တာပေါ့၊ နွားကျောင်းသားလေးတွေက ဆက်ရိုက်နေတုန်းဆိုတော့ သူတို့ကိုလည်းဆွဲရတာပေါ့ဗျာ၊ လူတွေဆက်မရိုက်တော့ဘူးဆိုမှ မြွေက ခုနကကျုပ်တို့ဆော့နေတဲ့မြေကွက်လပ်ဘက်ကို လှည့်ပြေးတာပဲ၊ ဆယ်ပေလောက်ပြေးပြီးတော့ ရွှီးခနဲထပြီး ပျံပါရောဗျာ၊ ဦးဘသာက လက်ညှိုးတစ်ချက်ထိုးလိုက်တော့ လေပေါ်မှာတန့်ခနဲရပ်သွားတယ်၊ ရပ်သွားတယ်ဆိုပေမယ့် တစ်ကိုယ်လုံး တွန့်လိမ်နေအောင်ရုန်းနေတာဗျ။

“အလတ်ကောင်၊ ပုဆိုးတစ်ထည်ကို သေးနဲ့ဝိုင်းပန်းကြကွာ”

နွားကျောင်းသားလေးရဲ့ ပုဆိုးတစ်ထည်ကိုဖြုတ်လိုက်ပြီး ကလေးတွေက သေးနဲ့ဝိုင်းပန်းတယ်၊ လေးငါးယောက်ဝိုင်းပန်းတာဆိုတော့ သေးတွေရွှဲကုန်တောပေါ့ဗျာ၊ ပြီးတော့ ဦးဘသာက ကျုပ်ကိုအဲဒီပုဆိုးယူခိုင်းတယ်။

“ငါလွှတ်ချလိုက်ရင် ဒီကောင်ကျလာလိမ့်မယ်၊ မင်းအဲဒီကောင်ကို ပုဆိုးနဲ့သေသေချာချာဖမ်းစမ်း”

ကျုပ်လည်းကြောက်တော့ကြောက်တာပေါ့ဗျာ၊ မြွေက လူကြီးသုံးရပ်လောက်အမြင့်မှာ ရပ်တန့်နေတော့ ကျုပ်လည်းသူ့အောက်နားကိုပြေးသွားတာပေါ့ဗျာ၊ ဦးဘသာ လက်ညိုးကွေးလိုက်တာနဲ့ မြွေက ပြုတ်ကျလာပါရော၊ ကျုပ်လည်းသေးတွေစိုနေတဲ့ ပုဆိုးနဲ့တစ်ခါတည်းဖမ်းခံလိုက်တာပေါ့ဗျာ၊ ပြီးတာနဲ့ ပုဆိုးကိုလုံးချည်ပြီး ထုပ်လိုက်တာပေါ့။ ကျုပ်လက်ထဲမှာ မြွေကအော်ပြီးတော့ လူးလွန့်နေသေးတာနဲ့ ကျုပ်လည်းကြောက်ကြောက်နဲ့မြေပေါ်ကို ပုဆိုးထုပ်ကြီးပစ်ချလိုက်တာပေါ့ဗျာ၊ ဒေါသထွက်နေတဲ့ကလေးတွေက ပြေးလာပြီးတော့ ပုဆိုးထုပ်ကို တုတ်တွေနဲ့ဝိုင်းရိုက်တာ အချက်ပေါင်းကိုမနည်းဘူးဗျာ။

အချက်တစ်ရာကျော်လောက်ရိုက်ပြီးသွားတော့ ပုဆိုးလည်းငြိမ်ကျသွားတယ်။ ကျုပ်တို့လည်းသိချင်တာနဲ့ ပုဆိုးကိုတုတ်နဲ့ထိုးကလော်လိုက်တော့ မြွေကပြုတ်ကျလာပါရောဗျာ။

“ဟာ၊ မြွေမဟုတ်ဘူး၊ နဂါးဟ”

နွားကျောင်းသားလေးတွေက အော်တယ်ဗျ၊ သူတို့ပြောတာလည်း ဟုတ်လောက်မယ်၊ ဒီမြွေက သာမန်မြွေတွေလို အရေခွံမပါဘူးဗျ၊ တစ်ကိုယ်လုံးကို ငါးအကြွေးခွံလိုအကြွေးခွံဖြူဖြူသေးသေးကလေးတွေကအုပ်ထားတာ၊ အကြွေးခွံတွေက ငွေရောင်လက်နေတာပဲဗျာ၊ နေရောင်ထိုးတော့ ဒီအကြေးခွံတွေကို အရောင်ဟပ်ပြီး ဝင်းခနဲ၊ လက်ခနဲဖြစ်နေတာပေါ့။ နောက်ပြီး ခေါင်းကလည်း သာမန်မြွေတွေလိုပဲဆိုပေမယ့် ခေါင်းပေါ်မှာ နီကျင်ကျင်နဲ့ အမောက်ကလေးသေးသေးတစ်ခုပါသေးတယ်၊ အမောက်က နဂါးတွေလိုတော့ အရှေ့ကိုကော့နေတာမဟုတ်ဘဲ အနောက်ဘက်ကိုကော့ပြန်လန်နေတာဗျ။ သူ့ဖာသာ နဂါးဖြစ်ဖြစ်၊ မြွေဖြစ်ဖြစ် နွားကျောင်းသားတွေတုတ်ချက်မိတော့ တစ်ကိုယ်လုံးကျေပြီး သေနေပါရောဗျာ။

ဦးဘသာက အရှေ့ကိုတိုးပြီးလာကြည့်တယ်၊ မြွေကို ခြေထောက်နဲ့ထိုးကြည့်တယ်။

“ဦးဘသာ ဒါနဂါးလား”

ဦးဘသာက ခေါင်းခါပြပြီးတော့

“ဘယ်က နဂါးရမှာလဲ၊ မြွေစုန်းပျံကွ”

“ဘယ်လိုဗျ၊ မြေစုန်းပျံတဲ့လား”

“ဟိုတစ်ခါက မင်းကိုစုန်းတွေအကြောင်းပြောပြတော့ ဆယ့်သုံးကြိုးမြောက်က တိရစ္ဆာန်စုန်းမဟုတ်လား၊ အဲဒီစုန်းထဲမှာ မြွေတွေ၊ ငှက်တွေနဲ့ တီကောင်ကအစ တီစုန်းဆိုပြီးရှိတယ်ကွ၊ အခုမင်းတို့တွေ့နေရတာက အဲဒီဆယ့်သုံးကြိုးမြောက်ထဲက မြွေစုန်းပေါ့”

ကျုပ်လည်းအခုမှ ကြားဖူးမြင်ဖူးတာဗျ။

“ဒါနဲ့ ဒီမြွေကိုရော ဘယ်သူကစုန်းပညာသင်ပေးလိုက်လို့ စုန်းဖြစ်လာတာလဲ”

“ဘယ်သူမှသင်စရာမလိုဘူးကွ၊ ငါတို့လူတွေမှာလည်း တစ်ချို့ကစုန်းပညာကို ဝမ်းတွင်းပါတတ်ကြသလို၊ တိရစ္ဆာန်တွေမှာလည်း ဒီလိုပဲပေါ့ကွာ၊ ဟောဒီမြွေလည်း မွေးကတည်းက စုန်းအတတ်ပါလာပြီးသားမို့ မြွေစုန်းဖြစ်သွားတာပေါ့၊ ဒီလောက်ပါပဲ”

ပြောမယုံကြုံဖူးမှ သိဆိုသလိုပဲပေါ့ဗျာ၊ အခုမှ မြွေစုန်းဆိုတာကို မြင်ဖူးတာ၊ မြွေစုန်းက အစွမ်းထက်လို့ ပျံတောင်ပျံနိုင်တယ်ဆိုပဲ၊ ကျုပ်အထင်တော့ ဒီမြွေစုန်းပျံက သစ်ပင်ပေါ်က ငှက်သိုက်တွေဆီက ငှက်ဥတွေကိုတက်ပြီးဖောက်သောက်ချင်တဲ့ပုံပဲဗျ၊ ဖိုးပေနဲ့တွေ့တော့ ဖိုးပေကို လန့်ပြီးရန်ပြုတာနေမှာဗျ”

ဖိုးပေဆိုမှ ကျုပ်တို့လည်း ဖိုးပေကိုသတိရသွားတယ်ဗျ၊ ဖိုးပေက သစ်ပင်ပေါ်ကဆင်းလာပြီး ငူငူငိုင်ငိုင်နဲ့ ထိုင်နေတာ၊ သူ့ကိုပြေးကြည့်တော့ သူ့ဂုတ်မှာ မြွေစွယ်ရာအပေါက်နှစ်ပေါက်တွေ့တယ်၊ လူက ဘာမှတော့မဖြစ်ဘူးဗျ၊ လူကောင်းအတိုင်းပါပဲ၊ ဒါပေမယ့် ဦးဘသာက ခေါင်းခါတယ်။

“မြွေစုန်းကိုက်တယ်ဆိုတော့ တစ်ခုခုတော့ဖြစ်မှာပဲကွ၊ သူ့ကိုစမ်းသပ်ကြည့်မှရမယ်”

ဒီအခါ ကိုအေးရဲ့ယာဘေးက လူကြီးက

“ကျုပ်တို့ဆီမှာ မြွေဆရာရှိတယ်ဗျ၊ သူ့ကိုကျုပ်တို့ မြွေဆရာဆီကို ခေါ်သွားရအောင်”

လူကြီးနှစ်ယောက်ပြောပြီးတော့ ဖိုးပေကိုခေါ်ပြီး မြွေဆရာဆီကိုပြေးကြတယ်ဗျ၊ မြွေဆရာက မြင်းဇာအနားက ကျော်ဆိုတဲ့ရွာမှာရှိတာ၊ မြွေဆရာ ဆရာဟန်ဆို နာမည်ကြီးပဲတဲ့ဗျာ၊ အဆိပ်ပြင်းလှပါတယ်ဆိုတဲ့ ငန်းမြွေ၊ မြွေဟောက်ဆိုရင်တောင်မှ သူကမန်းမှုတ်ပြီးကုသရင် အဆိပ်ပြေသွားတယ်လို့ ပြောကြတယ်၊ ဒီဒေသမှာတော့ မြွေကိုက်ပြီဆိုတာနဲ့ ဆရာဟန်ဆီ ပြေးကြတာပဲတဲ့။ ဒါနဲ့ပဲ ဖိုးပေနဲ့ လူကြီးနှစ်ယောက်ထွက်သွားတော့တယ်၊ မြွေအသေနဲ့ ကျုပ်တို့ပဲကျန်ခဲ့တာပေါ့ဗျာ။

“ဦးဘသာ ဒီကောင်ကိုဘာလုပ်ရမှာလဲ မြေမြှုပ်ရမှာလား”

“မြေမြှုပ်ရင်တောင်မှ သေပါ့မလားပဲကွ”

“ဗျာ၊ ဒီကောင်က မသေသေးဘူးလား”

“ငါ့စိတ်ထင်တော့ သေအုံးမှာမဟုတ်ဘူးကွ၊ ဒီလိုလုပ်ကွာ၊ ပိုပြီးသေချာသွားအောင် မီးသာရှို့လိုက်ကြတော့”

ဦးဘသာကြီးကပြောပြီးတော့ ထွက်သွားတယ်ဗျ။ နွားကျောင်းသားလေးတွေက ထင်းတွေကောက်တယ်၊ သစ်ရွက်ခြောက်တွေစုတယ်၊ ကျွန်တော်လည်း ကိုအေးဆီကနေ မီးခတ်တောင်းပြီးတော့ သစ်ရွက်ခြောက်တွေကို မီးတို့လိုက်တာပေါ့ဗျာ၊ သစ်ရွက်ခြောက် သစ်ကိုင်းခြောက်တွေများများထည့်ထားတာဆိုတော့ မီးအားကောင်းတာပေါ့ဗျာ၊ ဒီတော့မှ ခုနက မြွေစုန်းပျံအသေကို မီးထဲထည့်ဖို့လုပ်ရတယ်၊ ဦးဘသာက မသေသေးဘူးလို့ပြောထားတော့ ကျုပ်လည်းမကိုင်ရဲဘူးပေါ့ဗျာ၊ တော်ကြာ ကျုပ်ကိုင်လိုက်မှ ထပေါက်နေရင်ဘယ်လိုလုပ်မလဲ၊ ဒါနဲ့ပဲ တုတ်နဲ့ထိုးကလော်ပြီးတော့ မီးပုံထဲထည့်ရတာပေါ့။ မြွေကိုယ်လုံးက အကြေးခွံတွေနဲ့မို့ တုတ်နဲ့တောင် အတော်ကို ကလော်ယူရတာဗျ၊ နောက်ဆုံး တုတ်နှစ်ချောင်းနဲ့ ပြုတ်တူလိုညှပ်ပြီးထည့်တော့မှ ရတယ်။

မီးလောင်တော့ မြွေကိုယ်လုံးက တဖြစ်ဖြစ်နဲ့အသံတွေမြည်လို့ဗျ၊ ထူးဆန်းတာပြောရရင် ဒီလောက်မီးတောက်ထဲဝင်သွားတာတောင်မှ မြွေကိုယ်က မီးမလောင်ဘူးဗျ။ တဖြစ်ဖြစ် တဖောက်ဖောက်နဲ့တော့ မြည်နေတာ။ ကျုပ်တို့လည်း ထင်းတွေထပ်ထည့်တာပေါ့။

မီးရှို့နေရင်း ငါးမိနစ်လောက်အကြာမှ မြွေကမီးပုံထဲမှာ ခေါင်းထောင်လာတာဗျာ။ ကျုပ်တို့အံ့ဩပြီးကြည့်နေတုန်းမှာပဲ ရှူးခနဲနှာတစ်ချက်မှုတ်ပြီးတော့ မိုးပေါ်ကိုပျံတက်သွားတာ အမြင့်ကြီးပဲဗျာ၊ ပေသုံးဆယ်လောက်မြင့်မယ်ထင်တာပဲ၊ ပြီးတာနဲ့ လေပေါ်ကနေပြန်မကျဘဲ ဆက်တိုက်ခုန်ထွက်သွားပြီးတော့ တောအုပ်ထဲကို ပျံဝင်သွားပါရော။

ကျုပ်တို့ထူးဆန်းလွန်းလို့တစ်ယောက်နဲ့တစ်ယောက် စကားတောင်မပြောနိုင်ကြပါဘူးဗျာ၊ နောက်တော့ မီးပုံကိုသတ်ပြီးတော့ လူစုခွဲလိုက်ကြတယ်၊ နွားကျောင်းသားလေးတွေလည်း နွားတွေသိမ်းပြီးပြန်တယ်၊ ကျုပ်တို့လည်း ကိုအေးတို့ဆီကိုပြန်ခဲ့တယ်ဗျ။

(၅)

“နင်တို့မြွေစုန်းတွေ့လို့ဆို”

ကျုပ်တို့ရောက်တော့ မခင်ကြည်က ဆီးမေးတယ်ဗျ၊ ကျုပ်တို့လည်း ရေဆာဆာနဲ့ ဒဟတ်ပင်မှာတင်ထားတဲ့ ရေအိုးထဲကရေတွေအရင်ခပ်သောက်ရတယ်။ ပြီးတော့မှ

“ဒါပေါ့ဗျာ၊ မြွေစုန်းက သေတောင်မသေပါဘူး၊ ကျုပ်တို့မီးရှို့တော့ မီးပုံထဲကနေထပြီး ပျံထွက်သွားပါရောဗျာ”

ဦးဘသာက ခေါင်းညိတ်ပြီးတော့

“မြွေကသေသွားပေမယ့် သူ့ပညာက မသေသေးပုံရတယ်ကွ၊ မင်းတို့ကို ငါပြောဖို့လည်းလိုသွားတာပါ၊ အဲဒီလိုမြွေစုန်းတွေဘာတွေကို မီးရှို့ရင် အပေါ်ကနေ ထင်းတုံးကြီးတို့၊ သစ်ကိုင်းကြီးတွေ ဖိထားရတယ်ကွ။ နို့မဟုတ်ရင် အခုလိုမျိုးပျံထွက်သွားတတ်တယ်”

ဦးဘသာက တမင်မပြောဘဲနေတာလားတော့ မသိပါဘူးဗျာ၊ ဘာလို့လဲဆိုတော့ သူကလည်းစုန်းကိုးဗျ၊ ညနေနေအေးလာတာနဲ့ ကျုပ်တို့လည်းပြန်ဖို့ပြင်ကြတော့တယ်၊ မခင်ကြည်က ထင်းတစ်စည်းရနေပြီ၊ ကျီးအာရွက်နုတွေလည်းအတော်ရနေပြီဗျ။ မခင်ကြည်က ပြန်ခါနီးထင်းစည်းရွက်မလို့လုပ်တော့ ကျုပ်လည်း အားနာတာနဲ့သူ့ထင်းစည်ကို ထမ်းပြီးပြန်လာခဲ့ကြတာပေါ့ဗျာ။

အိမ်ပြန်ရောက်တော့ ထမင်းဝိုင်းမှာ အဲဒီအကြောင်းတွေပြောကြတာပေါ့ဗျာ၊ ဟင်းကတော့ မနက်ကဟင်းနဲ့ မခင်ကြည်ခူးလာတဲ့ ကျီးအာရွက်အနုကလေးတွေကို အရည်သောက်ကလေး ချက်ထားတာပေါ့ဗျာ။ ကျီးအာရွက်ဟင်းချိုက သောက်လို့ကောင်းသဗျ၊ သူ့အရသာက ခွေးတောက်ရွက်နဲ့သွားဆင်တယ်၊ ဒါပေမယ့် ခွေးတောက်ရွက်လို အခါးချည်းပဲမဟုတ်ဘူးဗျ၊ ချိုတာတော့အတော်ချိုတယ်၊ ချိုပြီးသွားတော့မှ ခါးသက်သက်ကလေးကျန်ခဲ့တာ၊ ခံတွင်းရှင်းသွားပြီးတာ့ ထမင်းမြိန်လိုက်တာမှ ပြောမနေပါနဲ့တော့ဗျာ။

ထမင်းစားပြီးတော့ ထန်းလျက်ခဲနဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့ကြတာပေါ့ဗျာ၊ ဦးဘသာက

“ငါကတော့ စိတ်ထဲလေးနေတယ်၊ ဒီမြွေဆရာက မြွေစုန်းရဲ့အဆိပ်ကို ကုမှကုတတ်ပါ့မလားလို့ဟေ့”

ဦးအောင်ရှိန်က ခေါင်းညိတ်လိုက်ပြီးတော့

“ဘာမှတော့မပူနဲ့ကွ၊ ဆရာဟန်က မြွေဆိပ်ကုလာတာ အနှစ်နှစ်ဆယ်လောက်ရှိပြီ၊ သူလည်း အထက်လမ်းပညာလိုက်စားပြီး ပယောဂတွေဘာတွေနိုင်တာဆိုတော့ ကုနိုင်မှာပါကွာ”

ဦးအောင်ရှိန်စကားကို ဦးဘသာက လက်မခံချင်ဘူး။

“မဟုတ်ဘူးကွ၊ မြွေစုန်းဆိုတာ အဆိပ်ချည်းသက်သက်မဟုတ်ဘူး၊ အဆိပ်ရယ်၊ စုန်းရယ် တွဲနေတာကွ၊ နောက်ပြီးတော့ ဖိုးပေအကိုက်ခံရပုံကိုကြည့်ရင်လည်း ခုန်ပျံတဲ့အချိန်မှာ အကိုက်ခံရတာကွ၊ ပျံတဲ့အချိန်ဆိုတာ အဆိပ်တွေ၊ အစွမ်းတွေ အထက်ဆုံးအချိန်ပဲ၊ အဲဒီလိုပျံတဲ့အချိန်အကိုက်ခံရတဲ့လူ ရှင်တယ်ဆိုတာ ရှားတယ်ကွ”

ဘာပဲပြောပြောကျုပ်တော့ ဦးဘသာစကားကိုလက်ခံတယ်၊ သူက စုန်းဆိုတော့ စုန်းအကြောင်းကို ဦးအောင်ရှိန်တို့ထက်တော့ ပိုသိမယ်မဟုတ်လား၊ ဒါပေမယ့် ဦးအောင်ရှိန်ကတော့ လက်မခံဘူး၊ ဆရာဟန်က အထက်ဂိုဏ်းကဆိုတော့ သူကုတတ်မှာပါလို့ပဲ တထစ်ချတွေးထားသတဲ့ဗျာ။

သိပ်မကြာဘူး၊ ကျုပ်တို့အိမ်ရှေ့က လှည်းတစ်စီးဖြတ်သွားတာကိုမြင်လိုက်တယ်၊ လှည်းပေါ်မှာလည်း လူတွေစုံလို့ဗျ၊ မခင်ကြည်က အိမ်ရှေ့ထွက်ပြီးတော့

“ဟဲ့၊ ဖိုးပေ ဘယ်လိုနေသလဲ၊ ဆရာဟန်က ဘာပြောလဲ”

“ဆရာဟန်က ထုံးစံအတိုင်း မန်းမှုတ်ပေးလိုက်တာပေါ့၊ အဆိပ်လည်းနိုင်သွားပြီထင်တယ်၊ အခုတောင်ကြည့်ပါလား လူကောင်းအတိုင်းပဲရယ်”

လှည်းပေါ်က ဖိုးပေက လူကောင်းအတိုင်းပါပဲဗျာ၊ မျက်လုံးလေး ပေကလပ်ပေကလပ်လုပ်ပြီး လိုက်ကြည့်နေသေးတယ်၊ နောက်တော့ လှည်းကိုဆက်မောင်းသွားကြပါရော။

ဦးဘသာထင်တာ ဒီတစ်ခါတော့ မှားတယ်ဗျ၊ နောက်တစ်နေ့မနက်ရောက်တော့ ဖိုးပေက ကျုပ်တို့ခြံရှေ့နားမှာလာဆော့နေကြတာ၊ ဖိုးပေနဲ့ ဖိုးတွမ်တီးတို့အဖွဲ့တွေ ခုံညင်းပစ်တမ်းဆော့ကြတာပေါ့ဗျာ၊ ကျုပ်လည်း ထူးဆန်းလို့ဖိုးပေကိုပဲလိုက်ကြည့်နေတာ၊ လူကောင်းပကတိအတိုင်းပါပဲဗျာ။ ဖိုးပေရဲ့ဂုတ်က မြွေကိုက်ရာမှာတော့ ဆရာဟန်က ဆေးအနက်နဲ့တစ်ခုခုရေးဆွဲပေးထားတဲ့ပုံပါပဲ။

“ဒီတစ်ခါတော့ ဦးဘသာကြီးအစိုးရိမ်လွန်သွားပြီဗျ၊ ဖိုးပေက အကောင်းအတိုင်းပဲဆော့နေတာ ကြည့်ပါလား”

ဦးဘသာလည်း ဘာမှမပြောတော့ဘဲ ခေါင်းပဲညိတ်တယ်ဗျ။

ဖိုးပေက တကယ်တော့ ဦးအောင်ရှိန်ရဲ့တပည့် ရင်မောင်နဲ့ အမျိုးတော်တယ်ဗျ၊ ရင်မောင်ဆိုတဲ့လူကလည်း ဦးအောင်ရှိန်တို့အိမ်ကို ချောင်းပေါက်မတတ်လာနေတဲ့သူ၊ တပည့်ရင်းဆိုတော့လည်း လာမှာပေါ့ဗျာ၊ ဒါကိုတော့ ကျုပ်မကျေနပ်စရာမရှိပါဘူး၊ ဒါပေမယ့် ရင်မောင်က အကြံသမားလို့ကျုပ်ထင်တယ်၊ သူအိမ်ကိုလာတိုင်း မနှင်းကြည်ကိုကြည့်တဲ့ အကြည့်တွေက မရိုးသားသလိုပဲဗျာ၊ မနှင်းကြည်ကလည်း ရင်မောင်နဲ့ဆိုရင် ပြုံးလို့ဖြီးလို့၊ ကျုပ်ကတော့ ရင်မောင်ကို တစ်ချက်မှကြည့်မရဘူး။

သုံးရက်လောက်ကြာတော့ တစ်မနက်ခင်း ရင်မောင်ပြေးလာတယ်ဗျ၊ ကျုပ်နဲ့မနှင်းကြည်က ခြံထဲမှာတံမြက်စည်းတွေလှဲနေကြတာ၊ ရင်မောင်က ကျုပ်တို့ကိုတောင်မကြည့်ဘဲ မနက်စာစားရင်း ကွပ်ပျစ်မှာထိုင်နေတဲ့ ဦးအောင်ရှိန်တို့ဆီကို တန်းသွားတယ်။

“ဆရာကြီး . . . ဆရာကြီး ဖိုးပေခုမနက်ပဲ ဆုံးပြီဗျ”

“ဟေ . . .”

ဦးအောင်ရှိန်ရဲ့ ရေရွတ်သံက အတော်ကျယ်သွားတယ်ဗျ။

“ဘာဖြစ်တာတဲ့လဲ”

“မနက်က အိပ်ရာထပြီးကတည်းက ရေဆာတယ်ဆိုပြီး ရေအိုးချည်းဖက်ပြီး ရေတွေနင်းကန်လှိမ့်သောက်နေတာပဲတဲ့ဆရာကြီး၊ နောက်တော့ ပူတယ်ဆိုပြီးတော့ လှိမ့်နေရင်း သေသွားတာပဲ၊ သေပြီးတာနဲ့ သူ့တစ်ကိုယ်လုံး ပြာနှမ်းပြီး မည်းနက်နေတာပဲတဲ့”

ဦးအောင်ရှိန်က သိလိုက်ပြီမို့ ဦးဘသာကြီးကိုတစ်ချက်လှည့်ကြည့်လိုက်တယ်၊ ဦးဘသာကတော့ “မင်းကိုငါမပြောဘူးလား” ဆိုတဲ့အကြည့်မျိုးနဲ့ ဦးအောင်ရှိန်ကြီးကို ပြန်ကြည့်လိုက်တယ်ဗျ။

မြွေစုန်းအဆိပ်သင့်ပြီး သေသွားတဲ့ဖိုးပေကို အဲဒီနေ့ နေ့မကူးဘဲ မြေချလိုက်ကြတယ်၊ သူ့အသားတွေက မည်းနက်နေပြီး ကြောက်စရာကြီးဗျာ၊ ဖိုးတွမ်တီးတို့ အုပ်စုတော့ အတော်ကြောက်လန့်ပြီး ဖိုးပေအလောင်းတောင် သွားမကြည့်ရဲကြဘူး၊ ဖိုးပေမိသားစုကတော့ မြွေဆရာ ဆရာဟန်ကြီးကို ကျိန်ဆဲနေတာပေါ့ဗျာ၊ အိမ်ပြန်လာတော့ ကျုပ်ဦးဘသာကြီးဆီတန်းသွားတယ်ဗျ၊ သူ့ကိုသိပ်လေးစားသွားပြီလေ။ ဦးဘသာကတော့ တဲကလေးအပေါ်မှ ကွမ်းယာနေတယ်။

“ကျုပ် . . ကျုပ်တောင်းပန်ပါတယ် ဦးဘသာရာ၊ ဒီတစ်ခါလည်း ဦးဘသာမှန်ပါတယ်”

“သူ့ကံပေါ့ကွာ၊ တကယ်တော့ ငါလည်းတစ်ခါတည်း စုန်းထုတ်ပေးလိုက်ရင်ကောင်းသားကွ”

“ဦးဘသာမမှားပါဘူးဗျာ၊ သူတို့က မြွေဆရာရှိတယ်ဆိုပြီးတော့ သူတို့ဖာသာဆုံးဖြတ်တာပဲမဟုတ်လား”

“ဒါတော့ဒါပေါ့ကွာ၊ ဒါနဲ့ မြွေစုန်းဆိုတာမျိုးက အလွန်မာယာများတယ်ကွ၊ ဒီနေ့ဘာနေ့တုန်း”

“ဒီနေ့က ကြာသပတေးနေ့လေ”

“အေး ဖိုးပေကရော”

“သူလည်းကြာသပတေးနေ့ပဲလေ၊ ဒီအရပ်မှာက မွေးတဲ့နေ့မှာ သေဆုံးရင် နေ့မကူးခင်အသုဘချရတယ်တဲ့၊ ဒါကြောင့် နေ့ချင်းပြီးချတာဆိုပဲ”

“အေးကွ၊ မြွေစုန်းဆိုတာ သူ့ရဲ့အဆိပ်ကို စုန်းပညာနဲ့ဖွက်ထားတတ်တယ်၊ အမှန်က အဆိပ်မသင့်တာမဟုတ်ဘူး အဆိပ်က သင့်နေပြီးသား၊ စုန်းပညာနဲ့လုပ်ထားလို့ ဘာမှမဖြစ်ဘူးလို့ထင်ရတာ၊ ဒါပေမယ့် စုန်းပညာက အကိုက်ခံရသူရဲ့ မွေးနေ့မှာ ပေါ်တတ်တယ်ကွ၊ အခုလည်း ဖိုးပေက ကြာသပတေးသားဆိုတော့ ကြာသပတေးနေ့မှာ ဖုံးကွယ်ထားတဲ့အဆိပ်တွေပေါ်လာပြီးတော့ သေသွားတာပဲကွ၊ သေသွားတော့မှ အဆိပ်တွေတက်နေတာကို မြင်ကြရတယ်မဟုတ်လားကွ”

ကျုပ်လည်းခေါင်းညိတ်လိုက်မိတယ်၊ ဦးဘသာက ကွမ်းငုံပြီးတော့

“ငါလည်း ကယ်တော့ကယ်ချင်ပါတယ်ကွာ၊ ဒါပေမယ့် . . .”

“ကျုပ်နားလည်ပြီးသားပါ ဦးဘသာရာ၊ အထက်လမ်းဆရာတွေတောင်မှ သူတို့လက်ကိုမအပ်ဘူးဆိုရင် ဝင်ကုပေးရိုးထုံးစံမရှိဘူးမဟုတ်လား၊ ဒီတော့ ဦးဘသာ မကုပေးနိုင်တာ တရားနည်းလမ်းကျပါတယ်၊ ဦးဘသာစကားကို ဦးအောင်ရှိန်တို့ကလည်းမယုံဘူးလေ၊ ကျုပ်တောင်မှ ယုံမှမယုံတာဗျ၊ ဒီတော့လည်း ဖိုးပေရဲ့ ကံကိုပဲ အပြစ်တင်ရမယ်ထင်ပါရဲ့ဗျာ”

တကယ်တော့ မြွေစုန်းဆိုတာက ဒီနယ်မှာ အဆန်းမဟုတ်ဘူးတဲ့ဗျ၊ မြွေစုန်းအကြောင်းပုံပြင်တွေ၊ ရာဇဝင်တွေရှိတယ်ဆိုပဲ၊ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ မမြင်ဖူးကြဘူးတဲ့ဗျာ၊ ဒါ​မေယ့် ဒီလိုအကောင်မျိုးဆိုတာ အကောင်တစ်သိန်းမှာတစ်ကောင်တောင် တွေ့ရခဲတယ်မဟုတ်လား။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီးဦးဘသာႏွင့္ ယာေတာမွအျပန္ ”(စ/ဆုံး)
———————————————————————-

(၁)

ဘာလိုလိုနဲ႔က်ဳပ္တို႔ ဦးေအာင္ရွိန္တို႔ရဲ႕ ျမင္းဇာ႐ြာကို ေရာက္ေနခဲ့တာ သုံးပတ္ေက်ာ္လာခဲ့ၿပီဗ်၊ အစတုန္းကေတာ့ ကိုယ့္ရပ္ကိုယ့္႐ြာမဟုတ္လို႔ မေနတတ္သလိုလိုရွိေပမယ့္ အခုေတာ့ ကိုယ့္႐ြာလိုပဲေနေပ်ာ္လာပါၿပီဗ်၊ အစပိုင္းက ေယာနယ္က စကားေျပာသံကို တစ္မ်ိဳးႀကီးပဲဆိုၿပီး အထူးအဆန္းျဖစ္ခဲ့ေပမယ့္ အခုေတာ့ က်ဳပ္ေတာင္မွ စကားေျပာရင္ သူတို႔ေျပာတဲ့အတိုင္း ေလသံဝဲတဲတဲျဖစ္ေနခဲ့ၿပီ၊ အိမ္ျပန္လို႔ အေမတို႔ကိုျပန္ေျပာရင္ေတာင္ အေမတို႔ကတစ္မ်ိဳးထင္ေနမွာဗ်။

အခုေတာ့ ဦးေအာင္ရွိန္တို႔အိမ္မွာလည္း လူေတြစုံသြားၿပီေပါ့ဗ်ာ၊ က်ဳပ္ရယ္၊ ဖိုးတြမ္တီးရယ္၊ မိသက္ရယ္ကေတာ့ သူငယ္ခ်င္းေတြလိုျဖစ္ေနၿပီေပါ့၊ မိသက္ကေတာ့ အိမ္ေအာက္ဘက္အခန္းမွာ မႏွင္းၾကည္နဲ႔အတူတူေနတယ္ဗ်။ သူ႔အဘြားေသဆုံးသြားလို႔ စိတ္ထိခိုက္ပုံရေပမယ့္ အရင္လိုမ်ိဳးတစ္ေယာက္ထဲ ေပေပေတေတေနရတာမ်ိဳးမဟုတ္ေတာ့ဘဲ မိသားစုဆိုတာကို ထိေတြ႕လာရတဲ့အခါမွာ မိသက္တစ္ေယာက္ အေတာ္ႀကီးေျပာင္းလဲခဲ့တယ္ဗ်။

ဒီအိမ္မွာ အပင္ပန္းဆုံးလူကိုေျပာရမယ္ဆိုရင္ေတာ့ မခင္ၾကည္ပါပဲဗ်ာ၊ မခင္ၾကည္မွာ မိုးလင္းလို႔ ေရာင္နီမလာခင္ကတည္းက မီးဖိုေခ်ာင္ထဲေရာက္ၿပီး ခ်က္ရျပဳတ္ရတာပါပဲ၊ ေဒၚေအးၾကည္ကေတာ့ ကုန္ကူးေနတဲ့လူမို႔လို႔ အိမ္မွာမရွိတာမ်ားတယ္၊ တစ္ခါတစ္ေလေတာ့ ေန႔ခ်င္းျပန္ခရီးစဥ္ကေလးေတြသြားရၿပီး တစ္ခါတစ္ေလမွာေတာ့ ႏွစ္ညအိပ္သုံးညအိပ္ခရီးထြက္သြားတတ္တယ္၊ အိမ္ရဲ႕အဓိကစီးပြားေရးကို ေဒၚေအးၾကည္က ထိန္းထားရတာကိုးဗ်၊ ဦးေအာင္ရွိန္တို႔ရဲ႕အထက္လမ္းပညာက်ေတာ့ ေငြကပုံမွန္ရတယ္လို႔မရွိပါဘူး၊ လူနာေတြကို ေစတနာထားၿပီးကုရတာကိုးဗ်၊ ဦးေအာင္ရွိန္ေျပာတာကေတာ့ ေငြေနာက္လိုက္ရင္ မစြမ္းေတာ့ဘူးတဲ့၊ ဟုတ္လည္းဟုတ္မွာဗ်၊ တျခား႐ြာမွာလည္း အထက္လမ္းဆရာေတြရွိၾကေပမယ့္ သူတို႔မႏိုင္ေတာ့ဘူးဆိုရင္ ဦးေအာင္ရွိန္ဆီကိုပဲေျပးလာၾကတာ၊ အခ်ိဳ႕က ပိုက္ဆံေပးဖို႔ေနေနသာသာခ်ိဳ႕တဲ့လြန္းတာေၾကာင့္ ဦးေအာင္ရွိန္ကျပန္ၿပီး မုန႔္ဖိုးေပးရတာေတာင္ ရွိေသးသဗ်။

မခင္ၾကည္ေယာက္်ား ကိုေအးကေတာ့ အလြန္ေအးတဲ့လူဗ်၊ မနက္အေစာႀကီး ထမင္းစားၿပီးတာနဲ႔ ယာခင္းထဲဆင္းၿပီေပါ့၊ မခင္ၾကည္တို႔ ယာခင္းက ႏွစ္ခင္းေတာင္ရွိတာဗ်၊ ႐ြာေတာင္ဘက္မွာတစ္ခင္း၊ ေျမာက္ဘက္မွာတစ္ခင္းေပါ့၊ ႐ြာေတာင္ဘက္က အခင္းက ႐ြာနဲ႔နီးတာမို႔လို႔ ကိုေအးတစ္ေယာက္ အဲဒီယာခင္းကိုဆင္းရင္ ထမင္းေတြဘာေတြျပန္စားလို႔ရေပမယ့္ ေျမာက္ဘက္အခင္းက ႐ြာနဲ႔လွမ္းၿပီး ေတာနဲ႔နီးတာဆိုေတာ့ မနက္အေစာထၿပီး ယာထဲဆင္းမွေတာ္ကာက်တာ၊ ေန႔လည္မေရာက္ခင္ေတာ့ မခင္ၾကည္က ထမင္းလိုက္ပို႔ရတာေပါ့ဗ်ာ။

(၂)

ဒီေန႔ေတာ့ ထူးထူးဆန္းဆန္းက်ဳပ္အိပ္ရာအေစာႀကီးႏိုးတယ္ဗ်၊ ျပန္အိပ္လို႔လည္းမရတာနဲ႔ မ်က္ႏွာသစ္ဖို႔ထြက္ခဲ့ေတာ့ မနက္ေတာင္သိပ္မလင္းခ်င္ေသးဘူး၊ ကိုေအးေတာင္မွ ကြပ္ပ်စ္မွာထိုင္ၿပီး ေရေႏြးေသာက္တုန္းရွိေသးတာ။

“ေဟ့အလတ္ေကာင္၊ ဒီေန႔ေတာ့ ေစာလွခ်ည္လားကြ၊ မင္းမွာအလုပ္ရွိတာမွမဟုတ္တာ ျပန္အိပ္ပါအုံး”

“မအိပ္ခ်င္ပါဘူး ကိုေအးရာ၊ ဒါနဲ႔ ကိုေအးလည္းေစာတယ္ေနာ္”

“ေအးကြ၊ ေျမာက္ဘက္ယာခင္းေတြဘက္ဆင္းမွာဆိုေတာ့ ခပ္ေစာေစာထရတာေပါ့ကြာ”

က်ဳပ္လည္း မီးဖိုထဲဝင္ခဲ့ေတာ့ မခင္ၾကည္က ဟင္းခ်က္ေနတာဗ်၊ တစ္ညေရစိမ္ထားတဲ့ ပဲေထာပတ္ျဖဴျဖဴကေလးေတြကို ျပဳတ္ၿပီးေတာ့ ၾကက္သြန္နီကေလးနဲ႔ ျပန္ၿပီးေၾကာ္ေနတာ ေမႊးေနတာပဲဗ်ာ၊ က်ဳပ္ကိုေတြ႕ေတာ့ မခင္ၾကည္က ထူးဆန္းသြားတဲ့႐ုပ္နဲ႔

“အံမယ္၊ က်ားသားမိုးႀကိဳး အလတ္ေကာင္ေစာေစာစီးစီးႏိုးေနပါလား၊ နင့္တူေတာင္ မႏိုးေသးဘူး”

က်ဳပ္အေစာႀကီးႏိုးတာကို အထူးအဆန္းျဖစ္ေနၾကတယ္၊ က်ဳပ္လည္းသြားၿဖဲျပၿပီး ဆားနည္းနည္းႏႈိက္ၿပီးထြက္ခဲ့တာေပါ့ဗ်ာ။ မခင္ၾကည္ကေတာ့ တံစို႔ထိုးၿပီး မီးကင္ထားတဲ့ ခရမ္းခ်ဥ္သီးေလးေတြကိုျဖဳတ္ရင္း ေထာင္းဖို႔ျပင္ေနတယ္ထင္ပါ့။

က်ဳပ္လည္း ကိုေအးအနားထိုင္ၿပီး ဟိုအေၾကာင္းဒီအေၾကာင္းေျပာေနတုန္း မခင္ၾကည္က မနက္စာလာျပင္ေပးတယ္၊ က်ဳပ္ပါႏိုးေနတာဆိုေတာ့ ႏွစ္ေယာက္စာျပင္ေပးတာေပါ့၊ ထမင္းျဖဴနဲ႔ ခုနကေၾကာ္ထားတဲ့ ပဲေထာပတ္ေၾကာ္ရယ္၊ ခရမ္းခ်ဥ္သီးေထာင္းေလးရယ္ဆိုေတာ့ ထမင္းၿမိန္တယ္ဗ်ာ၊ က်ဳပ္တို႔ကိုခူးခပ္ေပးၿပီးေတာ့ မခင္ၾကည္က ဆြမ္းေတာ္ကပ္ဖို႔အိမ္ေပၚတက္သြားတယ္၊ မခင္ၾကည္ရဲ႕ ဘုရားရွိခိုးသံ တစာစာက အာ႐ုဏ္ဦးေနလုံးႀကီးနဲ႔အတူတူ ထြက္ေပၚလာတယ္ေပါ့ဗ်ာ။

စားေသာက္ၿပီးေတာ့ ကိုဖိုးေအးက သြားဖို႔ျပင္ဆင္ေနၿပီဗ်၊ အိမ္ကထြက္ခါနီးက်ေတာ့

“အလတ္ေကာင္၊ ေျမာက္ဘက္ယာခင္းထဲ လိုက္လည္ပါအုံးကြ၊ ေျမာက္ဘက္ခင္းက ေတာင္ဘက္ခင္းလိုမဟုတ္ဘူးကြ၊ ေတာနဲ႔ေတာင္နဲ႔နီးေတာ့ သာယာတယ္ကြ”

“ေကာင္းပါၿပီ ကိုေအးရာ၊ ေန႔လည္အမခင္ၾကည္ ထမင္းပို႔ေတာ့ က်ဳပ္တို႔လိုက္လာခဲ့ပါ့မယ္”

ေနာက္ေတာ့ တစ္အိမ္သားလုံးႏိုးလာၿပီးေတာ့ စားၾကေသာက္ၾကနဲ႔ ေပါ့ဗ်ာ၊ စားေသာက္ၿပီးေတာ့လည္း မခင္ၾကည္မနားရပါဘူးဗ်ာ၊ မနက္စာၿပီးေတာ့ ေန႔လည္စာအတြက္ျပင္ဆင္ရေတာ့တယ္၊ မႏွင္းၾကည္ကလည္း ကူညီေပးတာေပါ့ဗ်ာ၊ က်ဳပ္လည္းေယာင္လည္လည္နဲ႔ မီးဖိုထဲဝင္ခဲ့တာေပါ့၊

“အမခင္ၾကည္ ဘာခ်က္မွာလည္း”

“မေန႔က နင့္အကိုကိုေအးက ဆူးပုတ္႐ြက္ႏုကေလးေတြခူးလာတယ္ဟ၊ အဲဒါ ပဲႀကီးနဲ႔ဟင္းရည္အရည္ေသာက္ခ်က္မလားလို႔၊ ပဲႀကီးဟင္းကို ဆူးပုတ္႐ြက္ခတ္ထားရင္ သူကသိပ္ႀကိဳက္တာ၊ ထမင္းစားရင္ေခါင္းေတာင္ ေဖာ္ႏိုင္မွာမဟုတ္ဘူး”

မခင္ၾကည္က ေျပာလဲေျပာ၊ လက္ကလည္း ပဲႀကီးခြာေနတယ္ဗ်၊ က်ဳပ္လည္း မေနသာတာနဲ႔ ပဲႀကီးဝင္ခြာေပးတာေပါ့ဗ်ာ။

“ေန႔လည္က်ေတာ့ ကိုေအးက က်ဳပ္ကိုေျမာက္ဘက္ခင္းထဲ လိုက္ခဲ့ဖို႔ေခၚတယ္ဗ်”

“ေအး၊ လိုက္သြားတာေပါ့၊ နင္လည္းေျမာက္ဘက္ခင္းထဲ မေရာက္ဖူးေသးဘူးထင္ပါ့”

မခင္ၾကည္က ခ်ဥ္ေပါင္သီးေျခာက္နီနီကေလးေတြကို ခရမ္းခ်ဥ္သီးနဲ႔ ခ်ဥ္ခ်ဥ္ကေလးခ်က္ဖို႔လုပ္တယ္၊ မႏွင္းၾကည္ကေတာ့ ငါးေျခာက္ကေလးေတြကို ကတ္ေၾကးတစ္လက္နဲ႔ အၿမီးျဖတ္၊ ဆူးေတာင္ျဖတ္ေပါ့ဗ်ာ။ မႏွင္းၾကည္အလုပ္လုပ္တာထက္ မခင္ၾကည္အလုပ္လုပ္တာကိုၾကည့္ရင္း က်ဳပ္ေတာ့ ေက်နပ္မိတယ္ဗ်၊ စကားေျပာရင္း အလုပ္ကလုပ္သြားတာ ဇယ္ဆက္ေနတာပဲဗ်ာ၊ လက္ကတစ္ခုက်သြားတာနဲ႔ ေနာက္အလုပ္တစ္ခုကိုတန္းၿပီးဆက္တိုက္လုပ္သြားတာဟာ နားခ်ိန္ကိုမရွိဘူးဗ်။

(၃)

“ဆြမ္းေတာ္ဗ်ိဳ႕”

မၾကာပါဘူး ဆြမ္းခံႂကြပါေရာဗ်ာ၊ ထင္းမီးနဲ႔ခ်က္တာဆိုေတာ့ ဟင္းေတြက အက်က္ျမန္တယ္ဗ်၊ မီးအားကေကာင္းတာလည္းပါမွာေပါ့ဗ်ာ၊ မခင္ၾကည္က အသံၾကားေတာ့

“ဟဲ့ ႏွင္းၾကည္၊ ဆြမ္းထြက္ေလာင္းေပးစမ္းပါအုံး”

မႏွင္းၾကည္က ဆြမ္းဟင္းသုံးခြက္ယူေတာ့ က်ဳပ္လည္း အလိုက္တသိနဲ႔ ဆြမ္းအုပ္ယူၿပီး ထြက္ခဲ့တာေပါ့ဗ်ာ။ မႏွင္းၾကည္ကေတာ့ ျငင္းရွာပါတယ္။

“ရပါတယ္၊ ငါ့ေမာင္ရယ္၊ အမတစ္ေယာက္တည္းေလာင္းေနက်ပါ”

“အိုဗ်ာ၊ မဟုတ္တာပဲ၊ က်ဳပ္လည္းအတူတူေလာင္းေပးပါ့မယ္၊ ေနာက္ေတာ့ ေရစက္ဆုံတာေပါ့ဗ်ာ”

က်ဳပ္စကားက အဆန္ပါမွန္း မႏွင္းၾကည္သိသြားတယ္ဗ်၊ မႏွင္းၾကည္က ရွက္ၿပဳံးကေလးၿပဳံးၿပီး မခ်ိသြားၿဖဲလုပ္ရင္းက်ဳပ္အေနာက္ကိုလိုက္လာတယ္။ ႐ြာဦးေက်ာင္းဆရာေတာ္ကို ဆြမ္းနဲ႔ဆြမ္းဟင္းေတြကပ္လိုက္တယ္၊ ေနာက္ေတာ့ က်ဳပ္က သပိတ္ထဲကိုဆြမ္းေလာင္းထည့္တယ္၊ ငါးေျခာက္ကို ေၾကာ္ၿပီး င႐ုတ္သီးစပ္စပ္နဲ႔ျပန္လူးထားတဲ့ဟင္းရယ္၊ အခ်ဥ္အတြက္ ခ်ဥ္ေပါင္သီးကိုခရမ္းခ်ဥ္သီးနဲ႔ ငါးပိခ်က္ပုံစံခ်က္ထားတဲ့ဟင္းနဲ႔ အရည္ေသာက္ကိုေတာ့ အေနာက္က ဆိုင္းထမ္းနဲ႔ထမ္းလာတဲ့ ဘုန္းႀကီးေက်ာင္းသားကေလးရဲ႕ တြဲဆိုင္းထဲကို သပ္သပ္စီထည့္ေပးလိုက္တာပါပဲ။ က်ဳပ္လည္း မႏွင္းၾကည္နဲ႔အတူတူဆြမ္းေလာင္းၿပီးေတာ့ ႏွစ္ေယာက္သား ေရစက္ဆုံၿပီး နီးရပါေစလို႔ ဆုေတာင္းမိတာေပါ့ဗ်ာ၊ ဟဲ ဟဲ။

ဆြမ္းေလာင္းၿပီးေတာ့ မခင္ၾကည္က ဦးေအာင္ရွိန္တို႔ေန႔လည္စာ စားဖို႔ေသာက္ဖို႔အတြက္ျပင္ေပးခဲ့တယ္၊ ၿပီးတာနဲ႔ ခံေတာင္းကေလးထဲ ထမင္းထည့္ၿပီးေတာ့ သူ႔ေယာက္်ားကိုေအးကို ထမင္းပို႔ဖို႔ထြက္ခဲ့တာေပါ့ဗ်ာ၊ အခ်ိန္က မနက္ဆယ္နာရီခြဲေလာက္ေပါ့။ ဦးဘသာကလည္း လိုက္မယ္ေျပာတာနဲ႔ က်ဳပ္တို႔နဲ႔အတူလိုက္ခဲ့တယ္၊ ထမင္းသြားပို႔တာလည္း တေပ်ာ္ႀကီးေပါ့ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာရယ္၊ ဖိုးတြမ္တီးနဲ႔ မိသက္တို႔ပါ ပါတာကိုးဗ်။

႐ြာကေနထြက္ၿပီး အေရွ႕ေျမာက္ဘက္ကိုတက္ခဲ့တယ္ဆိုရင္ပဲ ေတာင္ကုန္းကေလးေတြကိုျဖတ္ေက်ာ္ရတယ္ဗ်၊ အုပ္အုပ္ဆိုင္းဆိုင္းနဲ႔ေ႐ႊဘကုန္းကို အေဝးကလွမ္းျမင္ရတယ္၊ ေတာင္ကုန္းကေလးကိုေက်ာ္ၿပီးတဲ့အခါမွာေတာ့ ယာခင္းေတြကိုေတြ႕လိုက္ရပါၿပီ၊ ယာခင္းေတြရဲ႕ အေရွ႕ဘက္မွာေတာ့ ေတာင္ႀကီးတစ္လုံးရွိၿပီး သဘာ၀ေတာအုပ္ႀကီးလဲရွိတာေပါ့ဗ်ာ။ ရႈခင္းကေတာ့ ကိုေအးေျပာသလို အေတာ္သာယာတယ္ဗ်၊ ႏွမ္းေတြတန္းစီေပါက္ေနတဲ့ ႏွမ္းခင္းႀကီးေတြရယ္၊ သစ္ပင္ေတြစိမ္းစိုေနတဲ့ေတာႀကီးရယ္၊ ဟိုးအေနာက္က ေတာင္တန္းႀကီးေတြရယ္ကို ခင္ဗ်ားတို႔မ်က္စိထဲပဲ ျမင္ေအာင္ၾကည့္လိုက္စမ္းပါဗ်ာ၊ သာယာခ်က္ပဲ။

႐ြာကေန နာရီဝက္ေလာက္လမ္းေလွ်ာက္ရတာဆိုေတာ့ က်ဳပ္တို႔ေရာက္သြားေတာ့ ဆယ့္တစ္နာရီေက်ာ္ေလာက္ေရာေပါ့ဗ်ာ၊ ကိုေအးက သူတို႔စတည္းခ်တဲ့ ဒဟတ္ပင္ႀကီးေအာက္မွာထိုင္ေနရင္း အနားက ယာရွင္ေတြနဲ႔ စကားေျပာဆိုေနေလရဲ႕၊ ဒဟတ္ပင္က အရိပ္လည္းေကာင္းမွေကာင္းပဲဗ်ာ၊ ဒဟတ္ပင္မွာ ကပ္႐ိုက္ထားတဲ့ ေရအိုးကေရကလည္း ေအးၿပီးစိမ့္ေနတာပဲ။

က်ဳပ္တို႔ေရာက္ၿပီး သိပ္မၾကာပါဘူးထမင္းစားၾကတယ္ဗ်၊ မခင္ၾကည္ေျပာတဲ့အတိုင္း ကိုေအးတစ္ေယာက္ ထမင္းစားတာ ေခါင္းေတာင္မေဖာ္ပါဘူးဗ်ာ။ က်ဳပ္တို႔အတြက္ကေတာ့ ယာခင္းထဲကို အေပ်ာ္လိုက္ၿပီး ေပ်ာ္ပြဲစားထြက္သလိုပါပဲဗ်ာ၊ ဟင္းကလည္းစားေကာင္းခ်က္ဗ်ာ၊ ငါးေျခာက္ေၾကာ္ေလးက ခပ္စပ္စပ္၊ ခ်ဥ္ေပါင္သီးခ်က္ကေလးက ခ်ဥ္ခ်ဥ္နဲ႔ဆိုေတာ့ လိုက္ဖက္ညီပါတယ္၊ အာေခါင္ေျခာက္လာရင္ ဆူးပုတ္ခတ္ထားတဲ့ ပဲႀကီးဟင္းရည္ကို ေသာက္ရင္း ေမ်ာခ်ရတာေပါ့ဗ်ာ။ က်ဳပ္တို႔မွာ စားလို႔ေကာင္းလိုက္တာ၊ အိမ္မွာထက္ကို ပိုၿပီးၿမိန္ေနတာဗ်။

စားေသာက္ၿပီးေတာ့ ကိုေအးတို႔နဲ႔ ဦးဘသာနဲ႔ သစ္ပင္ရိပ္မွာထိုင္ေနၾကတယ္၊ မခင္ၾကည္ကေတာ့ ဓါးမတိုကေလးကိုင္ၿပီးေတာ့ ေတာဘက္ကိုထြက္မလို႔တဲ့။

“ရွင္တို႔ဒီမွာေနအုံးေနာ္၊ က်ဳပ္ေတာတက္အုံးမယ္၊ ထင္းေလးလည္းတစ္စီးေလာက္ေခြခ်င္တယ္၊ ၿပီးေတာ့ ဆူးပုတ္ေလး၊ ႀကံဟင္းေလးလည္း တစ္ခြက္စာေလာက္ရွာခ်င္ေသးတယ္”

မခင္ၾကည္ေတာဘက္ကိုလိုက္သြားေတာ့ က်ဳပ္တို႔လည္းလိုက္သြားတာေပါ့ဗ်ာ၊ မခင္ၾကည္က ထင္းေခြရင္း ဟိုၾကည့္ဒီၾကည့္နဲ႔လုပ္ေတာ့ တယ္ပင္ေပၚကိုတြယ္တက္ေနတဲ့ ခ်ဳံပင္ေတြကိုျမင္လိုက္ပါေရာ။

“ဟယ္၊ က်ီးအာ႐ြက္ေတြေတာင္ စိမ္းေနၿပီေပါ့၊ ဒါဆိုမၾကာခင္ မိုးက်ေတာ့မယ့္သေဘာပဲ၊ အေတာ္ပဲ က်ီးအာ႐ြက္ေတြခူးရအုံးမယ္”

က်ီးအာသီးကို စားမရေပမယ့္ က်ီးအာ႐ြက္ႏုကို ဟင္းခ်ိဳခ်က္ေသာက္ရေကာင္းမွန္း က်ဳပ္ေတာ့အခုမွသိေတာ့တယ္ဗ်ာ၊ မခင္ၾကည္ထင္းေခြေတာ့ က်ဳပ္တို႔လည္းပ်င္းေနတာေပါ့ဗ်ာ၊ ဒါနဲ႔အသံေတြၾကားလို႔ လိုက္ၾကည့္ေတာ့ ေတာအစပ္ေခ်ာင္း႐ိုးကေလးအနားမွာ ႏြားေက်ာင္းသားေလးေတြ ငါးေယာက္ေလာက္ ေဆာ့ေနၾကတာကိုျမင္လိုက္ပါေရာ။

ေႏြေက်ာင္းပိတ္ေတာ့ ေက်ာင္းသားလူငယ္ကေလးေတြလည္း မိဘကိုကူၿပီးေတာ့ ႏြားေက်ာင္းရတာေပါ့ဗ်ာ၊ ႐ြာနားမွာလည္း ျမက္ကရွားတာဆိုေတာ့ ေတာစပ္မွာလာေက်ာင္းၾကတယ္ထင္ပါ့၊ အေဆာ့မက္တဲ့ ဖိုးတြမ္တီးနဲ႔ မိသက္တို႔လည္း ႏြားေက်ာင္းသားကေလးေတြဆီကိုေျပးသြားတယ္၊ က်ဳပ္လည္း မခင္ၾကည္ကိုတစ္ခ်က္ၾကည့္လိုက္ေတာ့ မခင္ၾကည္က လိုက္သြား၊ သူက ရတယ္ဆိုတဲ့ အၾကည့္နဲ႔ျပန္ၾကည့္တယ္၊ ဒါနဲ႔ပဲ က်ဳပ္လည္း ကေလးေတြအေနာက္ကိုလိုက္သြားတာေပါ့ဗ်ာ။

(၄)

ႏြားေက်ာင္းသားေလးေတြက ေျမေျပာင္ေျပာင္မွာ ေက်း႐ိုက္တမ္းေဆာ့တာဗ်၊ ေက်း႐ိုက္တယ္ဆိုတာေတာ့ က်ဳပ္တို႔႐ြာအေခၚပါ၊ သူတို႔ဆီမွာေတာ့ ဘယ္လိုေခၚသလဲမသိဘူး၊ ႏြားေက်ာင္းသားေလးေတြ စုစုေပါင္းေျခာက္ေယာက္ရွိတယ္၊ ေက်း႐ိုက္တမ္းဆိုတာကေတာ့ လိုက္မယ့္လူကို မ်က္လုံးအဝတ္စည္းၿပီးေတာ့ ပုဆိုးစနဲ႔လိုက္႐ိုက္ရတာေပါ့၊ က်န္တဲ့လူေတြက အသံေပးၿပီးေတာ့ထြက္ေျပးရတာေပါ့ဗ်ာ။

ဖိုးတြမ္တီးလည္းဝင္ေဆာ့တယ္၊ မိသက္ကိုေတာ့ အစပိုင္းက ေခၚမေဆာ့ဘူးဗ်၊ ေနာက္ပိုင္းက်မွ မိသက္ကိုပါေခၚေဆာ့ၾကတယ္၊ ဒီတစ္ခါလိုက္ရမွာကေတာ့ ဖိုးတြမ္တီးအလွည့္ေပါ့ဗ်ာ၊ ဖိုးတြမ္တီးမ်က္လုံးကို ပုဆိုးပိုင္းတစ္ခုနဲ႔တင္းေနေအာင္စည္းခ်ည္ၿပီးေတာ့ လက္ထဲကိုလည္း ထိပ္ဘက္မွာထုံးထားတဲ့ ပုဆိုးတစ္ခုေပးလိုက္တာေပါ့။ မလိုက္ခင္ ဖိုးတြမ္တီးကို သုံးေလးပတ္ေလာက္လွည့္ေပးလိုက္ေတာ့ ဖိုးတြမ္တီးချမာ အရက္သမားေခ်လွမ္းနဲ႔ အသံကိုနားေထာင္ၿပီး လိုက္႐ိုက္တာေပါ့ဗ်ာ။

သူတို႔ေဆာ့ေနတာကို က်ဳပ္ကလည္း ေဘးနားကေနၾကည့္ေနတာေပါ့၊ ဒီအခ်ိန္မွာ ႏြားေက်ာင္းသားေလးတစ္ေယာက္က ရပ္သြားၿပီးေတာ့ အနားက သစ္ပင္ကိုၾကည့္ေနတယ္ဗ်။ ၿပီးေတာ့ က်န္တဲ့ႏြားေက်ာင္းသားေလးေတြကိုလွမ္းေခၚတယ္။

“ေဟ့ေကာင္ေတြ၊ ဟိုမွာ အသိုက္ကြ”

သန္းပင္ႀကီးတစ္ပင္ရဲ႕ ကိုင္းခြၾကားမွာ ငွက္သိုက္တစ္ခုတင္ေနတယ္ဗ်၊ ေနာက္ထပ္ကိုင္းခြတစ္ခုမွာလည္း ငွက္သိုက္တစ္ခုရွိတယ္၊ ငွက္ကေလးတစ္ေကာင္ကလည္း အသိုက္မွာဝပ္ေနပုံေထာက္ေတာ့အသိုက္ထဲမွာ ဥေတြရွိမယ့္ပုံပဲဗ်၊ ဒါနဲ႔ပဲ ႏြားေက်ာင္းသားေလးေတြ ကစားတာရပ္ၿပီး အပင္ေအာက္မွာ သြားဝိုင္းဖြဲ႕ၾကတာေပါ့။

“ေဟ့ေကာင္ေတြ၊ အပင္ကေတာ္ေတာ္ျမင့္တာကြ၊ ျဖစ္ပါ့မလား”

က်ဳပ္ကဝင္ေျပာလိုက္တယ္၊ သန္းပင္ဆိုတာကလည္း အျမင့္ႀကီးမဟုတ္လားဗ်ာ။ ႏြားေက်ာင္းသားေလးေတြက တိုင္ပင္ၿပီးေတာ့

“ဒါဆိုရင္ ဖိုးေပကိုလႊတ္ရမယ္၊ ဒီေကာင္က သစ္ပင္တက္တာ ခ်န္ပီယံကြ”

ဖိုးေပဆိုတဲ့ေကာင္ေလး ထြက္လာတယ္ဗ်၊ နာမည္နဲ႔လိုက္ေအာင္ ေပေပေတေတပုံပါပဲဗ်ာ၊ ပုဆိုးကိုစလြယ္ကြင္းသိုင္းၿပီးေတာ့ ေဘာင္းဘီတိုနဲ႔ သန္းပင္ႀကီးေပၚကို ခုန္တက္သြားတာပဲဗ်ာ။ သန္းပင္ဆိုတာ ပင္စည္ကတျခားအပင္ေတြနဲ႔မတူဘဲ ေျပာင္ေခ်ာေနတတ္တာမဟုတ္လား၊ ေတာ္႐ုံလူဆို သန္းပင္မတက္တတ္ဘူးဗ်၊ ဒါေပမယ့္ ဖိုးေပကေတာ့ ေမ်ာက္တစ္ေကာင္လိုပဲ သန္းပင္ကိုေျခနဲ႔ကန္ၿပီးတက္သြားတာျမန္လိုက္တာဗ်ာ။ ဒါနဲ႔ပဲ မၾကာခင္အသိုက္တစ္ခုကိုေရာက္သြားတယ္၊

အသိုက္မွာဝပ္ေနတဲ့ငွက္မကို ေမာင္းထုတ္ေပမယ့္ ငွက္မက အသိုက္အနားမွာေဝ့လည္ေၾကာင္ပတ္လုပ္ရင္း ေအာ္ဟစ္ေနတာေပါ့ဗ်ာ၊ အင္းေလ၊ ကိုယ့္အသိုက္အၿမဳံ၊ ကိုယ့္ရဲ႕သားသမီးကို ဖ်က္ဆီးခံရတာဆိုေတာ့ ငွက္ျဖစ္ေနတာေတာင္မွ ခံစားရတာျဖစ္မွာေပါ့၊ က်ဳပ္တို႔လူေတြလို ကူၾကပါ၊ ကယ္ၾကပါဆိုၿပီးေအာ္သလို တေၾကာ္ေၾကာ္ေအာ္ေနတာပဲဗ်ာ၊ ႏြားေက်ာင္းသားလဲျဖစ္၊ ကေလးလည္းျဖစ္ေနတာ့ ဒီေလာက္ကိုေထြေထြထူးထူးခံစားေနပုံမရပါဘူးဗ်ာ။ ဖိုးေပက အသိုက္ထဲကိုႏႈိက္ေတာ့ ေလာက္စာလုံးအ႐ြယေလာက္ ငွက္ဥ ေလးငါးဥရတယ္ဗ်၊ အဲဒီငွက္ဥေတြကို ပုဆိုးနဲ႔အသာထုပ္ၿပီး ေနာက္တစ္ကိုင္းကိုလွမ္းအကူးမွာ သန္းပင္အကိုင္းေတြၾကားထဲ ဝင္းခနဲလက္ခနဲ အလင္းေရာင္ေတြထြက္သြားတာကိုျမင္လိုက္ရတယ္ဗ်။

ရွည္ရွည္ေျမာေျမာအေကာင္တစ္ေကာင္ပဲဗ်၊ သန္းပင္ကိုင္းေပၚကေန ခုန္ပ်ံထြက္လာၿပီးေတာ့ ဖိုးေပလည္ပင္းေပၚကိုတက္တယ္၊ ဖိုးေပက အားခနဲေအာ္ၿပီးခါခ်လိုက္ေတာ့ ေျမေပၚကိုျပဳတ္က်လာပါေရာဗ်ာ။

“ေႁမြဟ . . . အဲဒါေႁမြ”

အေရာင္တလက္လက္နဲ႔အေကာင္က ေႁမြတစ္ေကာင္ပါဗ်ာ၊ ႏြားေက်ာင္းသားအုပ္နဲ႔ေတြ႕တဲ့ေႁမြေတာ့ ကံဆိုးတာပဲ၊ ႏြားေက်ာင္းသားေလးေတြက ေတြ႕တဲ့တုတ္ေတြေကာက္၊ ဝါးလုံးပိုင္းေတြေကာက္ၿပီးေတာ့ ေႁမြကို႐ိုက္တာေပါ့ဗ်ာ။

အဲဒီမွာထူးဆန္းတာကေႁမြကို ႏြားေက်ာင္းသားေလးက ႐ိုက္လိုက္တဲ့အခါ ေႁမြကထၿပီး ပ်ံတာပဲဗ်၊ ပ်ံတယ္ဆိုေပမယ့္ သိပ္ေဝးေဝးပ်ံတာမဟုတ္ပါဘူး၊ ခုန္လိုက္သလိုျဖစ္ေနတာေပါ့ဗ်ာ၊ ေႁမြဆိုတာ ခင္ဗ်ားတို႔သိတဲ့အတိုင္း ခုန္ႏိုင္တာမွမဟုတ္တာ။ ဒါနဲ႔ ေနာက္ထပ္ႏြားေက်ာင္းသားေလးက ေႁမြက်သြားတဲ့ေနရာကို ထပ္လိုက္ၿပီး႐ိုက္ျပန္ေရာ၊ အဲဒီေႁမြကလည္း ခုန္ၿပီးေရွာင္ျပန္ေရာဗ်ာ၊ ႏြားေက်ာင္းသား ငါးေယာက္ တုတ္တစ္ေယာက္တစ္ေခ်ာင္းနဲ႔ လိုက္႐ိုက္တာေတာင္မွ ေႁမြကိုတစ္ခ်က္မထိဘူးဗ်ာ။

က်ဳပ္တို႔လည္းဘယ္ေနပါ့မလဲ၊ အနားမွာက်ေနတဲ့ သန္းပင္ကိုင္း တုတ္တုတ္ႀကီးေကာက္ၿပီး က်ဳပ္လည္း ေႁမြကိုလိုက္႐ိုက္တာေပါ့။ သန္းပင္အသားဆိုတာကလည္း ပ်ဥ္းကတိုးသားေလာက္ကို မာတာမဟုတ္လား၊ ဒါေပမယ့္ က်ဳပ္က ေတြးလိုက္ၿပီးသား၊ ကေလးေတြက ေႁမြကိုေျမေပၚက်ေတာ့မွ ႐ိုက္တာ၊ က်ဳပ္ကေတာ့ ဒီေႁမြခုန္တဲ့အခါ ေလေပၚမွာဖမ္းၿပီး႐ိုက္မယ္လို႔ ေတြးထားတာ။

ဒါနဲ႔ပဲ ကေလးအုပ္ထဲက်ဳပ္ဝင္ခဲ့တယ္ေပါ့ဗ်ာ၊ ဒီလိုေႁမြမ်ိဳးကို က်ဳပ္ဘ၀မွာတစ္ခါမွ မျမင္ဖူးဘူးဗ်၊ တစ္ကိုယ္လုံးအေရာင္ေတြ ျဖတ္ခနဲျဖတ္ခနဲလက္ေနတာ၊ ႏြားေက်ာင္းသားတစ္ေယာက္က ေႁမြကိုေျပး႐ိုက္ေတာ့ ေႁမြက ႐ႊီးခနဲ မိုးေပၚကိုခုန္လိုက္တယ္၊ က်ဳပ္လည္း ဘာရမလဲဗ်ာ၊ က်ဳပ္အနားက ျဖတ္ပ်ံလာတဲ့ေႁမြကို သန္းသားတုတ္နဲ႔ အားကုန္လႊဲ႐ိုက္ထည့္လိုက္တာေပါ့ဗ်ာ။

က်ဳပ္တုတ္ကလည္း အားျပင္းၿပီး ေႁမြဆီကိုတန္းတန္းမတ္မတ္သြားတယ္ဆိုေပမယ့္ က်ဳပ္တုတ္က ေႁမြနဲ႔ထိခါနီးက်ေတာ့ ေျဖာင္းခနဲက်ိဳးက်သြားတာပဲဗ်ာ၊ က်ဳပ္ျဖင့္အံ့ဩလို႔မဆုံးဘူး။ ကေလးလက္ေမာင္းေလာက္ရွိတဲ့ ပိုးမထိုးထားတဲ့ သန္းသားတုတ္ႀကီးက ေႁမြကိုမထိခင္မွာ ထက္ပိုင္းက်ိဳးက်သြားတာဗ်ာ။

က်ဳပ္လည္းေတာ္ေတာ္ေဒါသထြက္သြားတာေပါ့၊ ဒါနဲ႔ေႁမြကိုဆဲဆိုၿပီးေတာ့ တုတ္နဲ႔ခ်ည္းလိုက္႐ိုက္တာဗ်ာ၊ က်ဳပ္တို႔ေတြတစ္ၿပဳံႀကီးလိုက္႐ိုက္တာေတာင္မွ ေႁမြကိုတစ္ခ်က္မွ မထိဘူးဗ်ာ၊ က်ဳပ္လည္း တစ္ခုခုေတာ့ထူးေနၿပီမွန္းသိတာနဲ႔ ဖိုးတြမ္တီးကို ပုခုံးပုတ္လိုက္ၿပီးေတာ့

“ဖိုးတြမ္တီး၊ ဦးဘသာနဲ႔ လူႀကီးေတြကို သြားေခၚကြာ”

က်ဳပ္ေျပာလိုက္ေတာ့ ဖိုးတြမ္တီးလည္း လက္ထဲက တုတ္ခ်ၿပီးေတာ့ ေျပးပါေရာဗ်ာ၊ မၾကာပါဘူး ဦးဘသာတို႔ေျပးလိုက္လာတယ္။ က်ဳပ္တို႔လူအုပ္ကိုၾကည့္ၿပီးေတာ့

“ေဟ့၊ ဘာေတြျဖစ္ေနၾကတာတုန္းကြ”

က်ဳပ္တို႔မေျဖရေသးခင္မွာပဲ ဦးဘသာက တစ္ခုခုသိသြားပုံရတယ္၊

“မင္းတို႔အားလုံး အေနာက္ဆုတ္ၾကစမ္း၊ မေၾကာက္မ႐ြံ႕နဲ႔ အကုန္လုံးမသာေပၚကုန္ၾကမယ္”

ဦးဘသာေအာ္တာနဲ႔ က်ဳပ္လည္းအေနာက္ဆုတ္လိုက္တာေပါ့၊ ႏြားေက်ာင္းသားေလးေတြက ဆက္႐ိုက္ေနတုန္းဆိုေတာ့ သူတို႔ကိုလည္းဆြဲရတာေပါ့ဗ်ာ၊ လူေတြဆက္မ႐ိုက္ေတာ့ဘူးဆိုမွ ေႁမြက ခုနကက်ဳပ္တို႔ေဆာ့ေနတဲ့ေျမကြက္လပ္ဘက္ကို လွည့္ေျပးတာပဲ၊ ဆယ္ေပေလာက္ေျပးၿပီးေတာ့ ႐ႊီးခနဲထၿပီး ပ်ံပါေရာဗ်ာ၊ ဦးဘသာက လက္ညႇိဳးတစ္ခ်က္ထိုးလိုက္ေတာ့ ေလေပၚမွာတန႔္ခနဲရပ္သြားတယ္၊ ရပ္သြားတယ္ဆိုေပမယ့္ တစ္ကိုယ္လုံး တြန႔္လိမ္ေနေအာင္႐ုန္းေနတာဗ်။

“အလတ္ေကာင္၊ ပုဆိုးတစ္ထည္ကို ေသးနဲ႔ဝိုင္းပန္းၾကကြာ”

ႏြားေက်ာင္းသားေလးရဲ႕ ပုဆိုးတစ္ထည္ကိုျဖဳတ္လိုက္ၿပီး ကေလးေတြက ေသးနဲ႔ဝိုင္းပန္းတယ္၊ ေလးငါးေယာက္ဝိုင္းပန္းတာဆိုေတာ့ ေသးေတြ႐ႊဲကုန္ေတာေပါ့ဗ်ာ၊ ၿပီးေတာ့ ဦးဘသာက က်ဳပ္ကိုအဲဒီပုဆိုးယူခိုင္းတယ္။

“ငါလႊတ္ခ်လိုက္ရင္ ဒီေကာင္က်လာလိမ့္မယ္၊ မင္းအဲဒီေကာင္ကို ပုဆိုးနဲ႔ေသေသခ်ာခ်ာဖမ္းစမ္း”

က်ဳပ္လည္းေၾကာက္ေတာ့ေၾကာက္တာေပါ့ဗ်ာ၊ ေႁမြက လူႀကီးသုံးရပ္ေလာက္အျမင့္မွာ ရပ္တန႔္ေနေတာ့ က်ဳပ္လည္းသူ႔ေအာက္နားကိုေျပးသြားတာေပါ့ဗ်ာ၊ ဦးဘသာ လက္ညိဳးေကြးလိုက္တာနဲ႔ ေႁမြက ျပဳတ္က်လာပါေရာ၊ က်ဳပ္လည္းေသးေတြစိုေနတဲ့ ပုဆိုးနဲ႔တစ္ခါတည္းဖမ္းခံလိုက္တာေပါ့ဗ်ာ၊ ၿပီးတာနဲ႔ ပုဆိုးကိုလုံးခ်ည္ၿပီး ထုပ္လိုက္တာေပါ့။ က်ဳပ္လက္ထဲမွာ ေႁမြကေအာ္ၿပီးေတာ့ လူးလြန႔္ေနေသးတာနဲ႔ က်ဳပ္လည္းေၾကာက္ေၾကာက္နဲ႔ေျမေပၚကို ပုဆိုးထုပ္ႀကီးပစ္ခ်လိုက္တာေပါ့ဗ်ာ၊ ေဒါသထြက္ေနတဲ့ကေလးေတြက ေျပးလာၿပီးေတာ့ ပုဆိုးထုပ္ကို တုတ္ေတြနဲ႔ဝိုင္း႐ိုက္တာ အခ်က္ေပါင္းကိုမနည္းဘူးဗ်ာ။

အခ်က္တစ္ရာေက်ာ္ေလာက္႐ိုက္ၿပီးသြားေတာ့ ပုဆိုးလည္းၿငိမ္က်သြားတယ္။ က်ဳပ္တို႔လည္းသိခ်င္တာနဲ႔ ပုဆိုးကိုတုတ္နဲ႔ထိုးကေလာ္လိုက္ေတာ့ ေႁမြကျပဳတ္က်လာပါေရာဗ်ာ။

“ဟာ၊ ေႁမြမဟုတ္ဘူး၊ နဂါးဟ”

ႏြားေက်ာင္းသားေလးေတြက ေအာ္တယ္ဗ်၊ သူတို႔ေျပာတာလည္း ဟုတ္ေလာက္မယ္၊ ဒီေႁမြက သာမန္ေႁမြေတြလို အေရခြံမပါဘူးဗ်၊ တစ္ကိုယ္လုံးကို ငါးအေႂကြးခြံလိုအေႂကြးခြံျဖဴျဖဴေသးေသးကေလးေတြကအုပ္ထားတာ၊ အေႂကြးခြံေတြက ေငြေရာင္လက္ေနတာပဲဗ်ာ၊ ေနေရာင္ထိုးေတာ့ ဒီအေၾကးခြံေတြကို အေရာင္ဟပ္ၿပီး ဝင္းခနဲ၊ လက္ခနဲျဖစ္ေနတာေပါ့။ ေနာက္ၿပီး ေခါင္းကလည္း သာမန္ေႁမြေတြလိုပဲဆိုေပမယ့္ ေခါင္းေပၚမွာ နီက်င္က်င္နဲ႔ အေမာက္ကေလးေသးေသးတစ္ခုပါေသးတယ္၊ အေမာက္က နဂါးေတြလိုေတာ့ အေရွ႕ကိုေကာ့ေနတာမဟုတ္ဘဲ အေနာက္ဘက္ကိုေကာ့ျပန္လန္ေနတာဗ်။ သူ႔ဖာသာ နဂါးျဖစ္ျဖစ္၊ ေႁမြျဖစ္ျဖစ္ ႏြားေက်ာင္းသားေတြတုတ္ခ်က္မိေတာ့ တစ္ကိုယ္လုံးေက်ၿပီး ေသေနပါေရာဗ်ာ။

ဦးဘသာက အေရွ႕ကိုတိုးၿပီးလာၾကည့္တယ္၊ ေႁမြကို ေျခေထာက္နဲ႔ထိုးၾကည့္တယ္။

“ဦးဘသာ ဒါနဂါးလား”

ဦးဘသာက ေခါင္းခါျပၿပီးေတာ့

“ဘယ္က နဂါးရမွာလဲ၊ ေႁမြစုန္းပ်ံကြ”

“ဘယ္လိုဗ်၊ ေျမစုန္းပ်ံတဲ့လား”

“ဟိုတစ္ခါက မင္းကိုစုန္းေတြအေၾကာင္းေျပာျပေတာ့ ဆယ့္သုံးႀကိဳးေျမာက္က တိရစာၦန္စုန္းမဟုတ္လား၊ အဲဒီစုန္းထဲမွာ ေႁမြေတြ၊ ငွက္ေတြနဲ႔ တီေကာင္ကအစ တီစုန္းဆိုၿပီးရွိတယ္ကြ၊ အခုမင္းတို႔ေတြ႕ေနရတာက အဲဒီဆယ့္သုံးႀကိဳးေျမာက္ထဲက ေႁမြစုန္းေပါ့”

က်ဳပ္လည္းအခုမွ ၾကားဖူးျမင္ဖူးတာဗ်။

“ဒါနဲ႔ ဒီေႁမြကိုေရာ ဘယ္သူကစုန္းပညာသင္ေပးလိုက္လို႔ စုန္းျဖစ္လာတာလဲ”

“ဘယ္သူမွသင္စရာမလိုဘူးကြ၊ ငါတို႔လူေတြမွာလည္း တစ္ခ်ိဳ႕ကစုန္းပညာကို ဝမ္းတြင္းပါတတ္ၾကသလို၊ တိရစာၦန္ေတြမွာလည္း ဒီလိုပဲေပါ့ကြာ၊ ေဟာဒီေႁမြလည္း ေမြးကတည္းက စုန္းအတတ္ပါလာၿပီးသားမို႔ ေႁမြစုန္းျဖစ္သြားတာေပါ့၊ ဒီေလာက္ပါပဲ”

ေျပာမယုံႀကဳံဖူးမွ သိဆိုသလိုပဲေပါ့ဗ်ာ၊ အခုမွ ေႁမြစုန္းဆိုတာကို ျမင္ဖူးတာ၊ ေႁမြစုန္းက အစြမ္းထက္လို႔ ပ်ံေတာင္ပ်ံႏိုင္တယ္ဆိုပဲ၊ က်ဳပ္အထင္ေတာ့ ဒီေႁမြစုန္းပ်ံက သစ္ပင္ေပၚက ငွက္သိုက္ေတြဆီက ငွက္ဥေတြကိုတက္ၿပီးေဖာက္ေသာက္ခ်င္တဲ့ပုံပဲဗ်၊ ဖိုးေပနဲ႔ေတြ႕ေတာ့ ဖိုးေပကို လန႔္ၿပီးရန္ျပဳတာေနမွာဗ်”

ဖိုးေပဆိုမွ က်ဳပ္တို႔လည္း ဖိုးေပကိုသတိရသြားတယ္ဗ်၊ ဖိုးေပက သစ္ပင္ေပၚကဆင္းလာၿပီး ငူငူငိုင္ငိုင္နဲ႔ ထိုင္ေနတာ၊ သူ႔ကိုေျပးၾကည့္ေတာ့ သူ႔ဂုတ္မွာ ေႁမြစြယ္ရာအေပါက္ႏွစ္ေပါက္ေတြ႕တယ္၊ လူက ဘာမွေတာ့မျဖစ္ဘူးဗ်၊ လူေကာင္းအတိုင္းပါပဲ၊ ဒါေပမယ့္ ဦးဘသာက ေခါင္းခါတယ္။

“ေႁမြစုန္းကိုက္တယ္ဆိုေတာ့ တစ္ခုခုေတာ့ျဖစ္မွာပဲကြ၊ သူ႔ကိုစမ္းသပ္ၾကည့္မွရမယ္”

ဒီအခါ ကိုေအးရဲ႕ယာေဘးက လူႀကီးက

“က်ဳပ္တို႔ဆီမွာ ေႁမြဆရာရွိတယ္ဗ်၊ သူ႔ကိုက်ဳပ္တို႔ ေႁမြဆရာဆီကို ေခၚသြားရေအာင္”

လူႀကီးႏွစ္ေယာက္ေျပာၿပီးေတာ့ ဖိုးေပကိုေခၚၿပီး ေႁမြဆရာဆီကိုေျပးၾကတယ္ဗ်၊ ေႁမြဆရာက ျမင္းဇာအနားက ေက်ာ္ဆိုတဲ့႐ြာမွာရွိတာ၊ ေႁမြဆရာ ဆရာဟန္ဆို နာမည္ႀကီးပဲတဲ့ဗ်ာ၊ အဆိပ္ျပင္းလွပါတယ္ဆိုတဲ့ ငန္းေႁမြ၊ ေႁမြေဟာက္ဆိုရင္ေတာင္မွ သူကမန္းမႈတ္ၿပီးကုသရင္ အဆိပ္ေျပသြားတယ္လို႔ ေျပာၾကတယ္၊ ဒီေဒသမွာေတာ့ ေႁမြကိုက္ၿပီဆိုတာနဲ႔ ဆရာဟန္ဆီ ေျပးၾကတာပဲတဲ့။ ဒါနဲ႔ပဲ ဖိုးေပနဲ႔ လူႀကီးႏွစ္ေယာက္ထြက္သြားေတာ့တယ္၊ ေႁမြအေသနဲ႔ က်ဳပ္တို႔ပဲက်န္ခဲ့တာေပါ့ဗ်ာ။

“ဦးဘသာ ဒီေကာင္ကိုဘာလုပ္ရမွာလဲ ေျမျမႇဳပ္ရမွာလား”

“ေျမျမႇဳပ္ရင္ေတာင္မွ ေသပါ့မလားပဲကြ”

“ဗ်ာ၊ ဒီေကာင္က မေသေသးဘူးလား”

“ငါ့စိတ္ထင္ေတာ့ ေသအုံးမွာမဟုတ္ဘူးကြ၊ ဒီလိုလုပ္ကြာ၊ ပိုၿပီးေသခ်ာသြားေအာင္ မီးသာရႈိ႕လိုက္ၾကေတာ့”

ဦးဘသာႀကီးကေျပာၿပီးေတာ့ ထြက္သြားတယ္ဗ်။ ႏြားေက်ာင္းသားေလးေတြက ထင္းေတြေကာက္တယ္၊ သစ္႐ြက္ေျခာက္ေတြစုတယ္၊ ကြၽန္ေတာ္လည္း ကိုေအးဆီကေန မီးခတ္ေတာင္းၿပီးေတာ့ သစ္႐ြက္ေျခာက္ေတြကို မီးတို႔လိုက္တာေပါ့ဗ်ာ၊ သစ္႐ြက္ေျခာက္ သစ္ကိုင္းေျခာက္ေတြမ်ားမ်ားထည့္ထားတာဆိုေတာ့ မီးအားေကာင္းတာေပါ့ဗ်ာ၊ ဒီေတာ့မွ ခုနက ေႁမြစုန္းပ်ံအေသကို မီးထဲထည့္ဖို႔လုပ္ရတယ္၊ ဦးဘသာက မေသေသးဘူးလို႔ေျပာထားေတာ့ က်ဳပ္လည္းမကိုင္ရဲဘူးေပါ့ဗ်ာ၊ ေတာ္ၾကာ က်ဳပ္ကိုင္လိုက္မွ ထေပါက္ေနရင္ဘယ္လိုလုပ္မလဲ၊ ဒါနဲ႔ပဲ တုတ္နဲ႔ထိုးကေလာ္ၿပီးေတာ့ မီးပုံထဲထည့္ရတာေပါ့။ ေႁမြကိုယ္လုံးက အေၾကးခြံေတြနဲ႔မို႔ တုတ္နဲ႔ေတာင္ အေတာ္ကို ကေလာ္ယူရတာဗ်၊ ေနာက္ဆုံး တုတ္ႏွစ္ေခ်ာင္းနဲ႔ ျပဳတ္တူလိုညႇပ္ၿပီးထည့္ေတာ့မွ ရတယ္။

မီးေလာင္ေတာ့ ေႁမြကိုယ္လုံးက တျဖစ္ျဖစ္နဲ႔အသံေတြျမည္လို႔ဗ်၊ ထူးဆန္းတာေျပာရရင္ ဒီေလာက္မီးေတာက္ထဲဝင္သြားတာေတာင္မွ ေႁမြကိုယ္က မီးမေလာင္ဘူးဗ်။ တျဖစ္ျဖစ္ တေဖာက္ေဖာက္နဲ႔ေတာ့ ျမည္ေနတာ။ က်ဳပ္တို႔လည္း ထင္းေတြထပ္ထည့္တာေပါ့။

မီးရႈိ႕ေနရင္း ငါးမိနစ္ေလာက္အၾကာမွ ေႁမြကမီးပုံထဲမွာ ေခါင္းေထာင္လာတာဗ်ာ။ က်ဳပ္တို႔အံ့ဩၿပီးၾကည့္ေနတုန္းမွာပဲ ရႉးခနဲႏွာတစ္ခ်က္မႈတ္ၿပီးေတာ့ မိုးေပၚကိုပ်ံတက္သြားတာ အျမင့္ႀကီးပဲဗ်ာ၊ ေပသုံးဆယ္ေလာက္ျမင့္မယ္ထင္တာပဲ၊ ၿပီးတာနဲ႔ ေလေပၚကေနျပန္မက်ဘဲ ဆက္တိုက္ခုန္ထြက္သြားၿပီးေတာ့ ေတာအုပ္ထဲကို ပ်ံဝင္သြားပါေရာ။

က်ဳပ္တို႔ထူးဆန္းလြန္းလို႔တစ္ေယာက္နဲ႔တစ္ေယာက္ စကားေတာင္မေျပာႏိုင္ၾကပါဘူးဗ်ာ၊ ေနာက္ေတာ့ မီးပုံကိုသတ္ၿပီးေတာ့ လူစုခြဲလိုက္ၾကတယ္၊ ႏြားေက်ာင္းသားေလးေတြလည္း ႏြားေတြသိမ္းၿပီးျပန္တယ္၊ က်ဳပ္တို႔လည္း ကိုေအးတို႔ဆီကိုျပန္ခဲ့တယ္ဗ်။

(၅)

“နင္တို႔ေႁမြစုန္းေတြ႕လို႔ဆို”

က်ဳပ္တို႔ေရာက္ေတာ့ မခင္ၾကည္က ဆီးေမးတယ္ဗ်၊ က်ဳပ္တို႔လည္း ေရဆာဆာနဲ႔ ဒဟတ္ပင္မွာတင္ထားတဲ့ ေရအိုးထဲကေရေတြအရင္ခပ္ေသာက္ရတယ္။ ၿပီးေတာ့မွ

“ဒါေပါ့ဗ်ာ၊ ေႁမြစုန္းက ေသေတာင္မေသပါဘူး၊ က်ဳပ္တို႔မီးရႈိ႕ေတာ့ မီးပုံထဲကေနထၿပီး ပ်ံထြက္သြားပါေရာဗ်ာ”

ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့

“ေႁမြကေသသြားေပမယ့္ သူ႔ပညာက မေသေသးပုံရတယ္ကြ၊ မင္းတို႔ကို ငါေျပာဖို႔လည္းလိုသြားတာပါ၊ အဲဒီလိုေႁမြစုန္းေတြဘာေတြကို မီးရႈိ႕ရင္ အေပၚကေန ထင္းတုံးႀကီးတို႔၊ သစ္ကိုင္းႀကီးေတြ ဖိထားရတယ္ကြ။ ႏို႔မဟုတ္ရင္ အခုလိုမ်ိဳးပ်ံထြက္သြားတတ္တယ္”

ဦးဘသာက တမင္မေျပာဘဲေနတာလားေတာ့ မသိပါဘူးဗ်ာ၊ ဘာလို႔လဲဆိုေတာ့ သူကလည္းစုန္းကိုးဗ်၊ ညေနေနေအးလာတာနဲ႔ က်ဳပ္တို႔လည္းျပန္ဖို႔ျပင္ၾကေတာ့တယ္၊ မခင္ၾကည္က ထင္းတစ္စည္းရေနၿပီ၊ က်ီးအာ႐ြက္ႏုေတြလည္းအေတာ္ရေနၿပီဗ်။ မခင္ၾကည္က ျပန္ခါနီးထင္းစည္း႐ြက္မလို႔လုပ္ေတာ့ က်ဳပ္လည္း အားနာတာနဲ႔သူ႔ထင္းစည္ကို ထမ္းၿပီးျပန္လာခဲ့ၾကတာေပါ့ဗ်ာ။

အိမ္ျပန္ေရာက္ေတာ့ ထမင္းဝိုင္းမွာ အဲဒီအေၾကာင္းေတြေျပာၾကတာေပါ့ဗ်ာ၊ ဟင္းကေတာ့ မနက္ကဟင္းနဲ႔ မခင္ၾကည္ခူးလာတဲ့ က်ီးအာ႐ြက္အႏုကေလးေတြကို အရည္ေသာက္ကေလး ခ်က္ထားတာေပါ့ဗ်ာ။ က်ီးအာ႐ြက္ဟင္းခ်ိဳက ေသာက္လို႔ေကာင္းသဗ်၊ သူ႔အရသာက ေခြးေတာက္႐ြက္နဲ႔သြားဆင္တယ္၊ ဒါေပမယ့္ ေခြးေတာက္႐ြက္လို အခါးခ်ည္းပဲမဟုတ္ဘူးဗ်၊ ခ်ိဳတာေတာ့အေတာ္ခ်ိဳတယ္၊ ခ်ိဳၿပီးသြားေတာ့မွ ခါးသက္သက္ကေလးက်န္ခဲ့တာ၊ ခံတြင္းရွင္းသြားၿပီးတာ့ ထမင္းၿမိန္လိုက္တာမွ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။

ထမင္းစားၿပီးေတာ့ ထန္းလ်က္ခဲနဲ႔ ေရေႏြးၾကမ္းဝိုင္းဖြဲ႕ၾကတာေပါ့ဗ်ာ၊ ဦးဘသာက

“ငါကေတာ့ စိတ္ထဲေလးေနတယ္၊ ဒီေႁမြဆရာက ေႁမြစုန္းရဲ႕အဆိပ္ကို ကုမွကုတတ္ပါ့မလားလို႔ေဟ့”

ဦးေအာင္ရွိန္က ေခါင္းညိတ္လိုက္ၿပီးေတာ့

“ဘာမွေတာ့မပူနဲ႔ကြ၊ ဆရာဟန္က ေႁမြဆိပ္ကုလာတာ အႏွစ္ႏွစ္ဆယ္ေလာက္ရွိၿပီ၊ သူလည္း အထက္လမ္းပညာလိုက္စားၿပီး ပေယာဂေတြဘာေတြႏိုင္တာဆိုေတာ့ ကုႏိုင္မွာပါကြာ”

ဦးေအာင္ရွိန္စကားကို ဦးဘသာက လက္မခံခ်င္ဘူး။

“မဟုတ္ဘူးကြ၊ ေႁမြစုန္းဆိုတာ အဆိပ္ခ်ည္းသက္သက္မဟုတ္ဘူး၊ အဆိပ္ရယ္၊ စုန္းရယ္ တြဲေနတာကြ၊ ေနာက္ၿပီးေတာ့ ဖိုးေပအကိုက္ခံရပုံကိုၾကည့္ရင္လည္း ခုန္ပ်ံတဲ့အခ်ိန္မွာ အကိုက္ခံရတာကြ၊ ပ်ံတဲ့အခ်ိန္ဆိုတာ အဆိပ္ေတြ၊ အစြမ္းေတြ အထက္ဆုံးအခ်ိန္ပဲ၊ အဲဒီလိုပ်ံတဲ့အခ်ိန္အကိုက္ခံရတဲ့လူ ရွင္တယ္ဆိုတာ ရွားတယ္ကြ”

ဘာပဲေျပာေျပာက်ဳပ္ေတာ့ ဦးဘသာစကားကိုလက္ခံတယ္၊ သူက စုန္းဆိုေတာ့ စုန္းအေၾကာင္းကို ဦးေအာင္ရွိန္တို႔ထက္ေတာ့ ပိုသိမယ္မဟုတ္လား၊ ဒါေပမယ့္ ဦးေအာင္ရွိန္ကေတာ့ လက္မခံဘူး၊ ဆရာဟန္က အထက္ဂိုဏ္းကဆိုေတာ့ သူကုတတ္မွာပါလို႔ပဲ တထစ္ခ်ေတြးထားသတဲ့ဗ်ာ။

သိပ္မၾကာဘူး၊ က်ဳပ္တို႔အိမ္ေရွ႕က လွည္းတစ္စီးျဖတ္သြားတာကိုျမင္လိုက္တယ္၊ လွည္းေပၚမွာလည္း လူေတြစုံလို႔ဗ်၊ မခင္ၾကည္က အိမ္ေရွ႕ထြက္ၿပီးေတာ့

“ဟဲ့၊ ဖိုးေပ ဘယ္လိုေနသလဲ၊ ဆရာဟန္က ဘာေျပာလဲ”

“ဆရာဟန္က ထုံးစံအတိုင္း မန္းမႈတ္ေပးလိုက္တာေပါ့၊ အဆိပ္လည္းႏိုင္သြားၿပီထင္တယ္၊ အခုေတာင္ၾကည့္ပါလား လူေကာင္းအတိုင္းပဲရယ္”

လွည္းေပၚက ဖိုးေပက လူေကာင္းအတိုင္းပါပဲဗ်ာ၊ မ်က္လုံးေလး ေပကလပ္ေပကလပ္လုပ္ၿပီး လိုက္ၾကည့္ေနေသးတယ္၊ ေနာက္ေတာ့ လွည္းကိုဆက္ေမာင္းသြားၾကပါေရာ။

ဦးဘသာထင္တာ ဒီတစ္ခါေတာ့ မွားတယ္ဗ်၊ ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ ဖိုးေပက က်ဳပ္တို႔ၿခံေရွ႕နားမွာလာေဆာ့ေနၾကတာ၊ ဖိုးေပနဲ႔ ဖိုးတြမ္တီးတို႔အဖြဲ႕ေတြ ခုံညင္းပစ္တမ္းေဆာ့ၾကတာေပါ့ဗ်ာ၊ က်ဳပ္လည္း ထူးဆန္းလို႔ဖိုးေပကိုပဲလိုက္ၾကည့္ေနတာ၊ လူေကာင္းပကတိအတိုင္းပါပဲဗ်ာ။ ဖိုးေပရဲ႕ဂုတ္က ေႁမြကိုက္ရာမွာေတာ့ ဆရာဟန္က ေဆးအနက္နဲ႔တစ္ခုခုေရးဆြဲေပးထားတဲ့ပုံပါပဲ။

“ဒီတစ္ခါေတာ့ ဦးဘသာႀကီးအစိုးရိမ္လြန္သြားၿပီဗ်၊ ဖိုးေပက အေကာင္းအတိုင္းပဲေဆာ့ေနတာ ၾကည့္ပါလား”

ဦးဘသာလည္း ဘာမွမေျပာေတာ့ဘဲ ေခါင္းပဲညိတ္တယ္ဗ်။

ဖိုးေပက တကယ္ေတာ့ ဦးေအာင္ရွိန္ရဲ႕တပည့္ ရင္ေမာင္နဲ႔ အမ်ိဳးေတာ္တယ္ဗ်၊ ရင္ေမာင္ဆိုတဲ့လူကလည္း ဦးေအာင္ရွိန္တို႔အိမ္ကို ေခ်ာင္းေပါက္မတတ္လာေနတဲ့သူ၊ တပည့္ရင္းဆိုေတာ့လည္း လာမွာေပါ့ဗ်ာ၊ ဒါကိုေတာ့ က်ဳပ္မေက်နပ္စရာမရွိပါဘူး၊ ဒါေပမယ့္ ရင္ေမာင္က အႀကံသမားလို႔က်ဳပ္ထင္တယ္၊ သူအိမ္ကိုလာတိုင္း မႏွင္းၾကည္ကိုၾကည့္တဲ့ အၾကည့္ေတြက မ႐ိုးသားသလိုပဲဗ်ာ၊ မႏွင္းၾကည္ကလည္း ရင္ေမာင္နဲ႔ဆိုရင္ ၿပဳံးလို႔ၿဖီးလို႔၊ က်ဳပ္ကေတာ့ ရင္ေမာင္ကို တစ္ခ်က္မွၾကည့္မရဘူး။

သုံးရက္ေလာက္ၾကာေတာ့ တစ္မနက္ခင္း ရင္ေမာင္ေျပးလာတယ္ဗ်၊ က်ဳပ္နဲ႔မႏွင္းၾကည္က ၿခံထဲမွာတံျမက္စည္းေတြလွဲေနၾကတာ၊ ရင္ေမာင္က က်ဳပ္တို႔ကိုေတာင္မၾကည့္ဘဲ မနက္စာစားရင္း ကြပ္ပ်စ္မွာထိုင္ေနတဲ့ ဦးေအာင္ရွိန္တို႔ဆီကို တန္းသြားတယ္။

“ဆရာႀကီး . . . ဆရာႀကီး ဖိုးေပခုမနက္ပဲ ဆုံးၿပီဗ်”

“ေဟ . . .”

ဦးေအာင္ရွိန္ရဲ႕ ေရ႐ြတ္သံက အေတာ္က်ယ္သြားတယ္ဗ်။

“ဘာျဖစ္တာတဲ့လဲ”

“မနက္က အိပ္ရာထၿပီးကတည္းက ေရဆာတယ္ဆိုၿပီး ေရအိုးခ်ည္းဖက္ၿပီး ေရေတြနင္းကန္လွိမ့္ေသာက္ေနတာပဲတဲ့ဆရာႀကီး၊ ေနာက္ေတာ့ ပူတယ္ဆိုၿပီးေတာ့ လွိမ့္ေနရင္း ေသသြားတာပဲ၊ ေသၿပီးတာနဲ႔ သူ႔တစ္ကိုယ္လုံး ျပာႏွမ္းၿပီး မည္းနက္ေနတာပဲတဲ့”

ဦးေအာင္ရွိန္က သိလိုက္ၿပီမို႔ ဦးဘသာႀကီးကိုတစ္ခ်က္လွည့္ၾကည့္လိုက္တယ္၊ ဦးဘသာကေတာ့ “မင္းကိုငါမေျပာဘူးလား” ဆိုတဲ့အၾကည့္မ်ိဳးနဲ႔ ဦးေအာင္ရွိန္ႀကီးကို ျပန္ၾကည့္လိုက္တယ္ဗ်။

ေႁမြစုန္းအဆိပ္သင့္ၿပီး ေသသြားတဲ့ဖိုးေပကို အဲဒီေန႔ ေန႔မကူးဘဲ ေျမခ်လိုက္ၾကတယ္၊ သူ႔အသားေတြက မည္းနက္ေနၿပီး ေၾကာက္စရာႀကီးဗ်ာ၊ ဖိုးတြမ္တီးတို႔ အုပ္စုေတာ့ အေတာ္ေၾကာက္လန႔္ၿပီး ဖိုးေပအေလာင္းေတာင္ သြားမၾကည့္ရဲၾကဘူး၊ ဖိုးေပမိသားစုကေတာ့ ေႁမြဆရာ ဆရာဟန္ႀကီးကို က်ိန္ဆဲေနတာေပါ့ဗ်ာ၊ အိမ္ျပန္လာေတာ့ က်ဳပ္ဦးဘသာႀကီးဆီတန္းသြားတယ္ဗ်၊ သူ႔ကိုသိပ္ေလးစားသြားၿပီေလ။ ဦးဘသာကေတာ့ တဲကေလးအေပၚမွ ကြမ္းယာေနတယ္။

“က်ဳပ္ . . က်ဳပ္ေတာင္းပန္ပါတယ္ ဦးဘသာရာ၊ ဒီတစ္ခါလည္း ဦးဘသာမွန္ပါတယ္”

“သူ႔ကံေပါ့ကြာ၊ တကယ္ေတာ့ ငါလည္းတစ္ခါတည္း စုန္းထုတ္ေပးလိုက္ရင္ေကာင္းသားကြ”

“ဦးဘသာမမွားပါဘူးဗ်ာ၊ သူတို႔က ေႁမြဆရာရွိတယ္ဆိုၿပီးေတာ့ သူတို႔ဖာသာဆုံးျဖတ္တာပဲမဟုတ္လား”

“ဒါေတာ့ဒါေပါ့ကြာ၊ ဒါနဲ႔ ေႁမြစုန္းဆိုတာမ်ိဳးက အလြန္မာယာမ်ားတယ္ကြ၊ ဒီေန႔ဘာေန႔တုန္း”

“ဒီေန႔က ၾကာသပေတးေန႔ေလ”

“ေအး ဖိုးေပကေရာ”

“သူလည္းၾကာသပေတးေန႔ပဲေလ၊ ဒီအရပ္မွာက ေမြးတဲ့ေန႔မွာ ေသဆုံးရင္ ေန႔မကူးခင္အသုဘခ်ရတယ္တဲ့၊ ဒါေၾကာင့္ ေန႔ခ်င္းၿပီးခ်တာဆိုပဲ”

“ေအးကြ၊ ေႁမြစုန္းဆိုတာ သူ႔ရဲ႕အဆိပ္ကို စုန္းပညာနဲ႔ဖြက္ထားတတ္တယ္၊ အမွန္က အဆိပ္မသင့္တာမဟုတ္ဘူး အဆိပ္က သင့္ေနၿပီးသား၊ စုန္းပညာနဲ႔လုပ္ထားလို႔ ဘာမွမျဖစ္ဘူးလို႔ထင္ရတာ၊ ဒါေပမယ့္ စုန္းပညာက အကိုက္ခံရသူရဲ႕ ေမြးေန႔မွာ ေပၚတတ္တယ္ကြ၊ အခုလည္း ဖိုးေပက ၾကာသပေတးသားဆိုေတာ့ ၾကာသပေတးေန႔မွာ ဖုံးကြယ္ထားတဲ့အဆိပ္ေတြေပၚလာၿပီးေတာ့ ေသသြားတာပဲကြ၊ ေသသြားေတာ့မွ အဆိပ္ေတြတက္ေနတာကို ျမင္ၾကရတယ္မဟုတ္လားကြ”

က်ဳပ္လည္းေခါင္းညိတ္လိုက္မိတယ္၊ ဦးဘသာက ကြမ္းငုံၿပီးေတာ့

“ငါလည္း ကယ္ေတာ့ကယ္ခ်င္ပါတယ္ကြာ၊ ဒါေပမယ့္ . . .”

“က်ဳပ္နားလည္ၿပီးသားပါ ဦးဘသာရာ၊ အထက္လမ္းဆရာေတြေတာင္မွ သူတို႔လက္ကိုမအပ္ဘူးဆိုရင္ ဝင္ကုေပး႐ိုးထုံးစံမရွိဘူးမဟုတ္လား၊ ဒီေတာ့ ဦးဘသာ မကုေပးႏိုင္တာ တရားနည္းလမ္းက်ပါတယ္၊ ဦးဘသာစကားကို ဦးေအာင္ရွိန္တို႔ကလည္းမယုံဘူးေလ၊ က်ဳပ္ေတာင္မွ ယုံမွမယုံတာဗ်၊ ဒီေတာ့လည္း ဖိုးေပရဲ႕ ကံကိုပဲ အျပစ္တင္ရမယ္ထင္ပါရဲ႕ဗ်ာ”

တကယ္ေတာ့ ေႁမြစုန္းဆိုတာက ဒီနယ္မွာ အဆန္းမဟုတ္ဘူးတဲ့ဗ်၊ ေႁမြစုန္းအေၾကာင္းပုံျပင္ေတြ၊ ရာဇဝင္ေတြရွိတယ္ဆိုပဲ၊ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာေတာ့ မျမင္ဖူးၾကဘူးတဲ့ဗ်ာ၊ ဒါ​ေမယ့္ ဒီလိုအေကာင္မ်ိဳးဆိုတာ အေကာင္တစ္သိန္းမွာတစ္ေကာင္ေတာင္ ေတြ႕ရခဲတယ္မဟုတ္လား။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ