“စုန်းထီးကြီး ဦးဘသာနှင့် အပျိုပါးကသနပ်ခါး”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီး ဦးဘသာနှင့် အပျိုပါးကသနပ်ခါး”(စ/ဆုံး)
——————————————————————–
အတွဲ(၃) စာစဉ် (၁)

(၁)

ရွာပြန်ရောက်တော့ မိုးဦးကျနေပြီပေါ့ဗျာ၊ ဒါပေမယ့် မိုးက ကောင်းကောင်းမရွာသေးတော့ လယ်ထွန်လို့တော့မရသေးဘူးပေါ့၊ မိုးဖြိုင်ဖြိုင်ရွာပြီး မြေသားနည်းနည်းပျော့ပြီးထွေးလာတော့မှ လယ်ထွန်ကောင်းတာမဟုတ်လား၊ ဒါပေမယ့်လည်း မကြာခင်စိုက်ကြပျိုးကြတော့မှာဆိုတော့ လယ်တွေကိုတော့ပြင်နေပြီပေါ့ဗျာ။

မိုးဦးကျဆိုပေမယ့် နေ့တိုင်းမိုးမရွာဘူးဆိုတော့ ကျုပ်တို့လည်း လယ်ပြင်ရင်းနဲ့ လယ်ထဲလူတွေစုမိတာပေါ့ဗျာ၊ နေကလည်းပူတာဆိုတော့ နေ့လည်ကျတော့ နွားတွေဖြုတ်ပြီး သစ်ပင်ရိပ်အောက်မှာ စုထိုင်မိတာပေါ့၊ ရွာက ကာလသားတွေရော၊ လယ်ထဲဆင်းကြတဲ့ လယ်သမားတွေရောပေါ့ဗျာ၊ အားလုံးကတော့ ယောက်ျားလေးတွေချည်းပါပဲ။

“မိန်းကလေးတွေဆုံရင်အတင်း၊ ယောက်ျားတွေဆုံရင် အဖျင်း” ဆိုတဲ့စကားအတိုင်း ယောက်ျားတွေချည်းစုမိပြီဆိုတော့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောနဲ့ မိန်းမတွေအကြောင်းလည်း ပြောကြဆိုကြတာပေါ့ဗျာ။

ပြောနေကြရင်း ပီယဆေးတွေအကြောင်းဘက် ရောက်သွားပါရော၊ ဒီတော့ မောင်သိန်းဆိုတဲ့ ကာလသားက သူ့အိတ်ထဲထည့်ထားတဲ့ လက်ကိုင်ပုဝါကလေးကို ဖြန့်ပြတယ်ဗျ၊ အဲဒီလက်ကိုင်ပုဝါကလေးထဲမှာ အိမ်မြှောင်အမြှီးနှစ်ခွကလေးလည်း ပါတယ်ဗျို့။

“ဟာ မောင်သိန်း၊ အဲဒါဘာလဲကွ”

“တွေ့နေရဲ့သားနဲ့ဗျာ၊ ဒါ အိမ်မြှောင်အမြီးနှစ်ခွဗျ၊ ဆောင်ထားရင် မျက်နှာပွင့်တယ်၊ လူချစ်လူခင်များတယ်၊ မိန်းကလေးတွေနဲ့တွေ့ရင်တော့ဗျာ ဟဲ . . ဟဲ”

ကျုပ်လည်းတော်တော်စိတ်ဝင်စားသွားတာပေါ့ဗျာ။

“မောင်သိန်း၊ မင်းဟာက တစ်ကယ်ရောဟုတ်ရဲ့လားကွ”

မောင်သိန်းက ကျုပ်တို့ထက်ကြီးလည်း သုံးလေးနှစ်ပေါ့ဗျာ၊ ရွာမှာတော့ မောင်သိန်းခေါ်တာနဲ့ ကျုပ်လည်း မောင်သိန်းလို့ပဲ လိုက်ခေါ်တာပေါ့ဗျာ၊ ကျုပ်မေးလိုက်တော့ မောင်သိန်းက ကျုပ်ကို မျက်စောင်းထိုးပြီးကြည့်တယ်ဗျ။

“ခင်ဗျားက မကြုံဖူးလို့ မယုံသေးတာဗျ၊ ကျုပ်ဆို ဒီရွာမှာ ဒါလေးအစွမ်းနဲ့ တော်တော်ခရီးပေါက်နေပြီဗျ”

“လုပ်စမ်းပါအုံးဗျာ၊ ကျုပ်တို့လည်း သိရအောင်ပေါ့ဗျ”

“ခင်ဗျားတို့ဘယ်သူ့ကိုမှ ပြန်မပြောနဲ့နော်၊ ရွာလယ်မှာ ကုန်စုံဆိုင်ဖွင့်ရောင်းတဲ့ အပျိုကြီး မကပ်စေးကို သိတယ်မဟုတ်လား”

“သိတာပေါ့ဗျာ၊ ကပ်စေးနဲပြီး တော်တော်ကပ်တဲ့သူမို့လို့၊ ငယ်နာမည် မရွှေဝင်;ပျောက်ပြီးတော့ မကပ်စေးဆိုပြီး နာမည်တွင်သွားတာမဟုတ်လား”

မောင်သိန်းက ခေါင်းညိတ်ပြီး

“အေး၊ အဲဒီ မကပ်စေးက ယောက်sm;ယူရင်တောင်မှ သူ့ယောက်sm;ကို ချက်ပြုတ်ကျွေးနေရရင် ကုန်ကျမယ်ဆိုပြီးတော့ ဈေးတွက်တွက်ပြီး လင်မယူဘူးတဲ့ကွာ၊ ခင်ဗျားတို့ထဲကရော မကပ်စေးဆီမှာ အကြွေးတွေဘာတွေ ယူဖူးတဲ့သူရှိလို့လား”

မောင်သိန်းကမေးလိုက်တော့ ကျုပ်တို့သစ်ပင်အောက်က ယောက်ျားလေးတွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးတော့ ခေါင်းခါလိုက်တာပေါ့ဗျာ၊ မကပ်စေးဆိုတာ နာမည်အတိုင်းကို ကပ်စေးလွန်းတာဗျ၊ အကြွေးဆိုရင်လည်း တစ်ခါမှ မပေးဖူးဘူး။ ဒီတော့ မောင်သိန်းက အောင်နိုင်သူအပြုံးနဲ့ လက်မထောင်ပြီးတော့ သူ့ရင်ဘတ်ကိုသူ ထိုးပြတယ်ဗျ။

“မင်းတို့မရဖူးပေမယ့် မကပ်စေးက ငါ့ကိုတော့ အကြွေးလည်းရောင်းတယ်၊ ငါငွေလိုရင်လည်း သူ့ဆီသွားသွားဆွဲနေကျကွ”

“ဗျာ၊ ဟုတ်ရော ဟုတ်ရဲ့လားဗျာ”

“ဒါပေါ့ကွ၊ အဲဒါ ဘာကြောင့်လဲဆိုတော့ မကပ်စေးဆီ ဈေးဝယ်သွားရင် ငါက ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွကလေးကို အိတ်ထဲထည့်သွားတယ်၊ ပြီးတော့ သူ့ဆိုင်ရှေ့ရောက်တာနဲ့ အဲဒီအိမ်မြှောင်ကလေးကို ပုတ်ပုတ်ပြီးတော့ မျက်နှာဖွင့်တာကွ။ မကပ်စေးက သူများကိုဆိုရင် အစစ်ပေးဖို့မပြောနဲ့ အလေးတောင်မှ သိပ်ပြီး ပြည့်ပြည့်ချိန်ချင်တာမဟုတ်ဘူး၊ အေး . . . ဒါပေမယ့် ငါဒီလိုလုပ်သွားရင်တော့ ပိုပိုသာသာချိန်ပေးတဲ့အပြင် တစ်ခါတလေ အဆစ်တောင်ထည့်ပေးသေးသဗျာ”

ကျုပ်တို့လည်း မောင်သိန်းစကားကို မယုံပေမယ့် သူပြောနေတော့လည်း ခေါင်းညိတ်ရတာပေါ့ဗျာ။ မောင်သိန်းကဆက်ပြောတယ်။

“ပြီးတော့ အရီးမှုံရဲ့ တူမတို့၊ ဖိုးလေးချိုရဲ့ သမီးတို့ဆိုရင် ငါ့ကိုတော်တော်စွဲနေကြတာကွ၊ ဟီး . . ဟီး၊ ပြောရမှာတော့ မကောင်းဘူးကွာ၊ ငါကလည်း သူတို့နဲ့ဆုံရင် ဟောဒီအိမ်မြှောင်အမြှီးနှစ်ခွလေးကို ပုတ်ပုတ်ပြီး မျက်နှာဖွင့်တယ်၊ တစ်ခါတလေကျရင်လည်း သူတို့မသိအောင်လို့ သူတို့ကိုဒါလေးနဲ့ တို့တို့ပြီး ပြောကြဆိုကြတော့၊ အခုဆိုရင် ငါသူတို့အိမ်ရှေ့ကများဖြတ်မသွားနဲ့ ဖြတ်သွားတာနဲ့ အကိုမောင်သိန်း၊ ကိုမောင်သိန်းဆိုပြီး လှမ်းလှမ်းခေါ်တတ်ကြတာကွာ၊ ငါကလည်း အိမ်ထောင်ပြုဖို့စိတ်ကူးမရှိသေးလို့သာပေါ့၊ စိတ်ကူးရှိလို့ကတော့ တစ်ယောက်ယောက်ဘက်ကို စောင်းလိုက်တာနဲ့ ရပြီပဲဟ”

မောင်သိန်းပြောတာကို ကျုပ်တို့ကာလသားတွေကတော့ ပါးစပ်အဟောင်းသားနဲ့ကြည့်နေကြတာပဲဗျာ၊ သူပြောတာလည်း ဟုတ်နေတာကိုး၊ မောင်သိန်းကလည်း အရီးမှုံတို့၊ ဖိုးလေးချိုတို့အိမ်တွေကို အဝင်အထွက်ရှိတာကိုးဗျ၊ သူပြောတဲ့မိန်းကလေးတွေနဲ့လည်း တတွဲတွဲနဲ့ကိုး။

“အလကားပါမောင်သိန်းရာ”

ကျုပ်တို့ပြောသမျှကို ကွမ်းလေးဝါးပြီး ခေါင်းတညိတ်ညိတ်နဲ့နားထောင်နေတဲ့ ဦးဘသာကြီးက ထပြောတယ်။ မောင်သိန်းကလည်း ဦးဘသာကို ဘုကြည့်ကြည့်တာပေါ့၊ ဦးဘသာက သူဝါးနေတဲ့ကွမ်းသွေးတွေကို ပျစ်ခနဲမြေကြီးပေါ်လှည့်ထွေးလိုက်ပြီးတော့ နှုတ်ခမ်းမှာပေနေတဲ့ ကွမ်းသွေးတွေကို လက်ဖဝါးနဲ့သုတ်လိုက်တယ်၊

“မင်းပြောတာတွေက အလကားတွေပါ မောင်သိန်းရာ၊ ဟိုကောင်မလေးတွေက မင်းကိုခေါ်တယ်ဆိုတာ အလကားခေါ်တာမှမဟုတ်တာ၊ နွားစာစဉ်းခိုင်းဖို့၊ ထင်းခွဲ၊ ထင်းပေါက်ခိုင်းဖို့ ခေါ်ကြတာများ၊ ငါမသိဘူးမှတ်နေသလား”

ဦးဘသာကြီး ပိတ်ပြောလိုက်တော့မှ မောင်သိန်းကမျက်နှာပျက်သွားတယ်။

“ဟာ . . . အဲဒါက၊ ကျုပ်က အလကားမနေတတ်ဘူးဗျ၊ တစ်ခုမဟုတ်တစ်ခုလုပ်နေမှ၊ အလုပ်နဲ့လက်နဲ့မပြတ်နေမှ နေတတ်တာကိုး”

ဦးဘသာက မောင်သိန်းကို “အပိုတွေပြောပြန်ပြီ” ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ရင်း

“ဒါဆို အခုရောအလကားနေတာမဟုတ်ဘူးလား၊ အလုပ်နဲ့လက်နဲ့မပြတ်ချင်ဘူးဆိုရင် ဟောဟိုမှာ လယ်သွားထွန်နေပါလားကွ”

မောင်သိန်းက ပြုံးဖြီးဖြီးနဲ့ခေါင်းကုပ်တယ်ဗျ။

“မကပ်စေးက မင်းကိုအဆစ်ပေးတယ်၊ အကြွေးပေးတာကို မင်းက ကျေနပ်နေပုံပဲ၊ တကယ်တော့ မင်းအမေက မကပ်စေးကို မင်းတို့လယ်သုံးဧက ရောင်းထားတဲ့ငွေတွေ သွားအပ်ထားတယ်မဟုတ်ဘူးလား၊ ဒါကြောင့် မင်းလိုသမျှ ဟိုက ပေးနေတာကွ၊ မကပ်စေးအကြောင်း တစ်ရွာလုံးသိတယ်၊ တစ်ချိန်ကျရင် မင်းအမေအပ်ထားတဲ့ငွေထဲကနေ ပြန်နှုတ်ချင်နေလို့ မင်းကိုပေးနေ ကမ်းနေတာကွ”

ဦးဘသာပိတ်ပြောတော့ မောင်သိန်းဘာမှမပြောနိုင်တော့ဘူး၊ ဒါနဲ့ ကျုပ်လည်း ထမေးလိုက်တယ်။

“ဒါဆို မောင်သိန်းရဲ့ အိမ်မြှောင်အမြှီးနှစ်ခွက မစွမ်းဘူးပေါ့”

ဦးဘသာက ခေါင်းခါပြီး

“ဒီလိုတော့ ငါမပြောချင်ဘူး၊ ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးက မဖြူစင်ဘူးကွ”

“ဒါဆို ဘယ်နည်းလမ်းက ဖြူစင်တာလဲ”

ကျုပ်မေးလိုက်တော့ ဦးဘသာက ခေါင်းညိတ်တယ်၊ ဦးဘသာကြီးက ပီယဆေးနည်းများ ပေးမလားဆိုပြီးတော့ အားလုံးက စိတ်ဝင်စားနေကြတာပေါ့ဗျာ။

“ဒီလိုကွ သိဒ္ဓိ ဆယ်ပါးမှာ ပီယသိဒ္ဓိဆိုတာလည်း တစ်ခုအပါအဝင်ပဲကွ၊ ဒါပေမယ့် ဒီသိဒ္ဓိတွေ တစ်မျိုးမျိုးကို ရဖို့က မလွယ်ဘူး၊ သီလ၊ သမာဓိနဲ့ ကျင့်စဉ်တစ်ခုကို ဇွဲရှိရှိ နှစ်ရှည်လများကျင့်ကြံနိုင်မှ ရတာကွ၊ အဲဒီလိုရတဲ့ သိဒ္ဓိမျိုးကျတော့ ဖြူဖြူစင်စင်နဲ့ရထားလို့ဖြူစင်တယ်လို့ခေါ်တယ်”

“နောက်ပြီးတော့ အထက်ပုဂ္ဂိုလ်ကဖြစ်ဖြစ်၊ နတ်မင်;တွေကပဲဖြစ်ဖြစ် ကိုယ်နဲ့ရေစက်ရှိလို့၊ ကိုယ့်ကိုချစ်လို့ ပေးတဲ့သိဒ္ဓိမျိုးလဲရှိတယ်၊ ဒါကတော့ ရှားပါတယ်၊ ဒီလိုသဒိတွေကလည်း ခုနကလိုပဲ နည်းနည်းဖြူစင်တယ်လို့တော့ခေါ်နိုင်တယ်ကွ”

“ဒါဆို မဖြူစင်ဘူးဆိုတာကရော”

“ဆေးနည်း၊ အင်းနည်းတွေနဲ့ လုပ်ထားတဲ့အစီအရင်တွေကျတော့ မဖြူစင်ဘူးပေါ့ကွာ၊ အဲဒီနည်းလမ်းတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်ကွ၊ အခုပဲကြည့်လေ၊ အိမ်မြှောင်အမြှီးနှစ်ခွကို မင်းဘယ်ကရသလဲ မောင်သိန်း”

“ဘယ်ကရမလဲဗျ၊ အိမ်တိုင်ပေါ်မှာတွေ့တာနဲ့ ရိုက်သတ်ပြီးတော့ ယူထားတာပေါ့”

ဦးဘသာက ခေါင်းညိတ်ပြီး

“အေး၊ အဲဒါပဲကြည့်လေကွာ၊ သူများအသတ်ကိုသတ်ပြီးမှ လုပ်ယူရတဲ့သိဒ္ဓိက ကောင်းတဲ့သိဒ္ဓိဖြစ်မလားကွ”

မောင်သိန်းက သူ့အင်္ကျDအိတ်ထဲက လက်ကိုင်ပုဝါလေးနဲ့ထုတ်ထားတဲ့ အိမ်မြှောင်အမြီးနှစ်ခွကိုထုတ်ကြည့်တယ်။

“ဒါဆို ဒီလိုနည်းလမ်းတွေက မစွမ်းဘူးပေါ့”

“စွမ်းတယ်မစွမ်းဘူးဆိုတာထက်၊ မသိနားမလည်ဘဲ သွားမစမ်းသပ်ကောင်းဘူးကွ၊ ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်၊ ကိုယ်ကအဲဒါကိုလိုချင်ဇောနဲ့ လိုက်လုပ်နေလို့ အချိန်ကုန်၊ လူပမ်းပါတယ်ကွာ၊ မင်းတို့က လူငယ်တွေမို့လို့ စမ်းသပ်ချင်တာကို ငါအပြစ်မပြောပါဘူး၊ ဒါပေမယ့် မကောင်းတဲ့အရာတွေကိုတော့ မစမ်းသပ်တာအကောင်းဆုံးပဲကွ”

ဦးဘသာကပြောဆိုပြီးတော့ ရေနွေးကြမ်းတစ်ခွက်ငှဲ့သောက်တယ်ဗျ၊ ကျုပ်တို့လည်း သူပြောတာကို ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံလိုက်တာပေါ့ဗျာ။

(၂)

တစ်ရက်တော့ ကျုပ်တို့လယ်ထဲအဆင်း မောင်သိန်းက တောင်းတစ်လုံးရွက်ပြီးရွာကထွက်လာတာပေါ့ဗျာ၊ ဒါပေမယ့် လယ်ထဲဆင်းမဲ့ဘက်ကိုမသွားဘဲ ဟိုးတောတန်းဘက်ကို လှည့်ထွက်သွားပါရော၊ ကျုပ်လည်းသိချင်တာနဲ့ လှမ်းအော်လိုက်တာပေါ့။

“မောင်သိန်း၊ လယ်ကဒီဘက်မှာလေဗျာ၊ ခင်ဗျား ထမင်းတောင်းကြီးရွက်ပြီးတော့ တောထဲသွားမလို့လား”

ခံတောင်းကလေးတွေဆိုတာ ကျုပ်တို့ဘက်မှာ ထမင်းဟင်းတွေထည့်နေကျဗျ၊ ဒီတော့ သူ့လက်ထဲကတောင်းကလည်း ထမင်းတွေထည့်ထားတယ်လို့ ကျုပ်ကသိလိုက်တာပေါ့၊ မောင်သိန်းက ကျုပ်ကိုလှည့်ကြည့်ပြီးတော့ ကျုပ်အနားကိုပြေးလာတယ်။

“အနောက်ဘက် တောတန်းထဲမှာ ရသေ့ကြီးတစ်ပါးရောက်နေတာကို မင်းမသိဘူးလားကွ”

“မသိဘူးလေ၊ ကျုပ်ကိုပြောမှမပြောတာ”

“အေးကွ၊ ရောက်တာတော့ တစ်ပတ်နှစ်ပတ်လောက်ပဲရှိအုံးမယ်၊ ရသေ့ကြီးက တောထဲမှာ တရားလာကျင့်တာနဲ့တူပါတယ်ကွာ၊ အဲဒါငါလည်း ထမင်းဟင်းတွေ ကြုံရင်ကြုံသလို သွားလောင်းတယ်၊ အခုလည်း တောထဲသွားမလို့ မင်းစိတ်ဝင်စားရင် လိုက်ခဲ့ပါလား”

ကျုပ်လည်း ဒါမျိုးတော့ နောက်ကျခံလို့မဖြစ်ဘူးလေဗျာ၊ ဒါနဲ့ပဲ အငယ်ကောင့်ကို ကျုပ်သယ်လာတာတွေကို ပေးလိုက်ပြီးတော့ ကျုပ်ကတော့ မောင်သိန်းနဲ့လိုက်လာခဲ့တာပေါ့။

အနောက်ဘက်တောတန်းက တောင်နဲ့ဆက်နေတဲ့တောဗျ၊ အဲဒီတောတန်းဘက်ကိုတော့ လူသူသိပ်မသွားကြဘူးဗျ၊ ဘာလို့လဲဆိုတော့ အဲဒီတောတန်းက တစ်ခါတုန်းက ရွာကသုသန်အဟောင်းဗျ၊ ရွာရွေ့တော့၊ သုသန်လဲရွှေ့လိုက်တာ၊ နှစ်တွေကြာလာတော့ တောတန်းကြီးဖြစ်သွားတာပေါ့ဗျာ။

တောတန်းထဲသွားနေရင်း သိပ်ကြာခင် စေတီပျက်ကလေးရှိတဲ့ ကုန်းတစ်ခုကိုရောက်လာခဲ့ကြတယ်၊ ကျုပတို့ရွာကလူတွေကတော့ အဲဒီနေရာကလေးကို လွမ်းစေတီကုန်းလို့ခေါ်တယ်ဗျ။ အဲဒီလွမ်းစေတီကလေးက ရွာကဆရာတော်တစ်ပါးပျံတော့ တည်ထားတဲ့စေတီကလေးပါ၊ အဲဒီနားက ကုန်းကတော့ အရင်တုန်းက သုသန်ကြီးပေါ့ဗျာ။ လွမ်းစေတီကလေးဘေးနားမှာ တဲအိမ်ကလေးတစ်ခုကိုတွေ့တယ်ဗျ၊ ဝါးနဲ့ခပ်ကြမ်းကြမ်းဆောက်ထားပြီးတော့ ထန်းလက်တွေမိုးထားအဲ့ တဲကလေးဗျ၊ ကျုပ်တို့ရောက်တော့ ရသေ့ကြီးက တူရွင်းတစ်ချောင်းနဲ့မြေကြီးကိုတူးနေတယ်ဗျ။

“ဘရသေ့၊ ဘရသေ့ကို ဆွမ်းလာပို့တာပါ”

ရသေ့ကြီးက လန့်သွားပြီးတော့ လက်ထဲက တူရွင်းကိုပစ်ချလိုက်တယ်ဗျ။

“အေးအေး၊ လာကြ၊ လာကြ”

မောင်သိန်းက တောင်;ထဲက ထမင်းတွေနဲ့ဟင်းတွေကို ရသေ့ကြီးရဲ့ သံပန်းကန်ပြားနဲ့ ချိုင့်တစ်လုံးထဲကို ထည့်ပေးလိုက်တယ်ဗျ။ နောက်တော့ရသေ့ကြီးကို ထိုင်ကန်တော့တာပေါ့၊ မောင်သိန်းကန်တော့တော့ ကျုပ်လည်း လိုက်ကန်တော့ရတာပေါ့ဗျာ၊ ရသေ့ကြီးက အသက်က ငါးဆယ်ကျော်၊ ခြောက်ဆယ်လောက်တော့ ရှိမယ်ဗျ၊ အသားကလည်; မဲလိုက်တာဗျာ၊ အညာသား အသားမဲသလိုမဟုတ်ဘဲ ကုလားကြီးမဲသလိုကို မဲတာဗျ၊ ကိုယ်ပေါ်မှာတော့ အနက်ရောင်သင်္က်န်;ကြီးဝတ်ထားတယ်၊ ဖန်ရေဆိုးသင်္ကန်းဆိုပေမယ့် အနက်ရောင်ဘက် ပိုများတယ်ပေါ့ဗျာ၊ ရသေ့ဆိုပေမယ့် ဒေါက်ချာတွေဘာတွေမရှိပါဘူး၊ ကတုံးပြောင်နဲ့ပဲဗျ။

ကျုပ်တို့ကန်တော့တော့ ဘာမှတောင်ပြန်မပြောဘူးဗျာ၊ ကျုပ်လည်းသိချင်တာနဲ့

“ရသေ့ကြီး၊ တူရွင်းကြီးနဲ့ ဘာလုပ်နေတာလဲဗျ”

“ဩော၊ ဘာမှမဟုတ်ပါဘူးကွာ၊ သစ်ပင်လေးဘာလေးစိုက်မလို့ပါ”

ဒါနဲ့ကျုပ်တို့ပြန်ခဲ့ကြတယ်၊ ခပ်လှမ်းလှမ်းရောက်တော့မှ မောင်သိန်းက ရသေ့ကြီးကိုပြောဖို့မေ့ခဲ့လို့ဆိုပြီး တဲကလေးဆီကိုပြန်ပြေးသွားတယ်ဗျ၊ တဲအရှေ့မှာထိုင်နေတဲ့ ရသေ့ကြီးနဲ့ မောင်သိန်းတို့တိုးတိုးကြိတ်ကြိတ်နဲ့ ပြောနေကြတာပဲဗျာ၊ ကျုပ်နဲ့ကလည်း ပေတစ်ရာလောက်ဝေးတာဆိုတော့ သူတို့ဘာတွေပြောနေသလဲဆိုတာ ကျုပ်လည်းမသိရဘူးပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ကျုပ်ဘေးနားမှာရှိနေတဲ့ ချုံက လှုပ်သွားတယ်ဗျ၊ ချုံပင်က ပါးပါးလေးဗျာ၊ အရွက်ကလည်;သိပ်မရှိပါဘူး၊ ချုံပင်က လှုပ်သာလှုပ်သွားတာ လေလည်းမတိုက်သလို ချုံအပေါ်၊ ချုံအောက်မှာ ဘာကောင်မှလည်းမရှိဘူးဗျ။

ကျုပ်လည်း ထူးဆန်းနေတုန်း ချုံပင်က တဖြန်;ဖြန်းနဲ့ သုံးလေးချက်လောက်လှုပ်သွားပါရောဗျာ၊ ကျုပ်လည်; လန့်နေပြီလေဗျာ၊ ဒီနေရာက အရင်တုန်းက သုသန်ဟောင်းကြီး၊ သရဲလည်;ခြောက်တယ်လို့ ပြောကြတယ်မဟုတ်လား။ ကျုပ်ကြည့်နေရင်; ကျုပ်ဘေးနားက သစ်ပင်က သစ်ကိုင်းက တဖြည်းဖြည်းညွှတ်ကျလာတယ်ဗျ၊ သစ်ကိုင်းက လက်သီးဆုပ်လောက်ရှိမှာ၊ ဘာအကောင်မှမမြင်ရဘဲ အကိုင်းက ညွှတ်ကျလာတာဗျာ၊ ဘယ်လောက်ထိညွှတ်သလဲဆိုရင် ကျုပ်ခေါင်းနားလောက်ကိုတောင် ညွှတ်ဆင်းလာတာ၊ ကျုပ်လည်း နေ့ခင်းကြောင်တောင်ကြီး သရဲခြောက်နေပြီလို့သိလိုက်ပြီပေါ့။ ဒီအချိန်မှာပဲ ကျုပ်ပုခုံးကိုလာပုတ်ခံရတယ်။

“အောင်မယ်လေးဗျ”

ကျုပ်လန့်ပြီးလှည့်ကြည့်လိုက်တော့ မောင်သိန်းဖြစ်နေတယ်၊ မောင်သိန်းက ကျုပ်ကိုထူးဆန်;သလိုလိုနဲ့ကြည့်ပြီးတော့

“ငါက အဲဒီလောက်တောင် ကြောက်စရာကောင်းနေလို့လားကွ၊ ကဲ၊ သွားကြစို့ကွာ”

မောင်သိန်းကို ကျုပ်ဘာမှမပြောတော့ဘဲ သူ့အနောက်ကိုပဲ လိုက်ခဲ့တာပေါ့ဗျာ။

ကျုပ်တို့ တောတန်;ထဲကနေထွက်လာတော့ ရွာအဝင်နားမှာ လူတွေစုလို့ဗျ၊ ကျုပ်လည်း သိချင်တာနဲ့အပြေးကြည့်တာပေါ့ဗျာ။ လူတွေက အုံနေလို့ မနည်းတွန်းဖယ်ရတယ်၊ လူတွေအလယ်မှာတော့ ကောင်မလေးတစ်ယောက်က ပက်လက်ကလေးဗျ။

“ဟာ၊ အဲဒါ ဘကြီးထွေးရဲ့ မြေးကလေးမဟုတ်လား”

“ဟုတ်ပါ့”

“သူကဘာဖြစ်လို့အိပ်နေတာလဲ”

“အိပ်နေတာမဟုတ်ဘူး၊ သေနေတာဟဲ့”

“ဗျာ . . .”

“ဟုတ်တယ်၊ လယ်ထဲဆင်းရင်းနဲ့ လယ်တဲဟောင်းကိုဖြိုတော့၊ တဲခေါင်မိုးမှာခွေနေတဲ့ မြွေပွေးက ခုန်ချပြီး ငယ်ထိပ်ကိုပေါက်ထည့်လိုက်တာပဲဟေ့၊ ရွာထဲကလူတွေတွေ့တော့ သေပြီးနေပြီတဲ့ဟ”

“ကျွတ် . . . ကျွတ်၊ နှမြောစရာကြီးဗျာ”

ကောင်မလေးက အခုမှ အသက်ဆယ့်ငါး၊ ဆယ့်ခြောက်လောက်ပဲရှိသေးတာဗျ၊ အပျိုပေါက်အရွယ်လေးပေါ့ဗျာ၊ ကျုပ်နှမြောတယ်ဆိုတာကတော့ သူက ဒီအသက်အရွယ်ကလေးနဲ့ သေသွားတာကိုးဗျ၊ နည်းနည်းအသက်ကြီးလာရင် ကျုပ်တို့တွေ သူ့ကို ပိုးလို့ပန်းလို့ ရတယ်မဟုတ်လား။

ကျုပ်တို့ဆီမှာ အစိမ်းသေတွေသေရင် မီးရှို့တယ်ဆိုပေမယ့် အခုက ဗြုန်းစားကြီးဆိုတော့ စီစဉ်လို့လည်းမရသေးဘူးလေဗျာ၊ နောက်ပြီးရွာပြင်မှာသေရင် ရွာထဲအလောင်းမသွင်;ကောင်းဘူးဆိုတဲ့ အယူအဆကလည်း ရှိလေတော့၊ အဲဒီမိန်းကလေးကို ရွာပြင်မှာပဲ အလောင်းစင်နဲ့ပြင်ထားလိုက်တာပေါ့ဗျာ၊ ဒီနေ့ကလည်း နေ့တစ်ပိုင်းကျိုးတော့မှာမဟုတ်လား၊ တစ်ညထားပြီးတော့ နောက်နေ့ကျရင် မီးသဂြိုဟ်မယ်ပေါ့ဗျာ။

တစ်ရွာလုံးကလည်း စိတ်မကောင်းပါဘူးဗျာ။ ဒါနဲ့ ညနေကျတော့ လယ်ထဲက စောစောတက်ကြတယ်၊ ရွာထိပ်မှာလူသေအလောင်းရှိရင် စောစောပြန်ကြတာထုံးစံပဲမဟုတ်လား။

(၃)

ကျုပ်အိမ်ပြန်ရောက်တော့ အဖေတို့လူကြီးတွေက ဒီကောင်မလေးနာရေးအတွက် ဆွေးနွေးနေပြီဗျ။ ကောင်မလေးဘက်က ချို့တဲ့တာမို့လို့ မီးသဂြိုဟ်ဖို့ကို အရပ်က ကူညီပေးရမှာပေါ့ဗျာ၊ မီးသဂြိုဟ်တယ်ဆိုတာ မြေချသလိုမဟုတ်ဘဲ အကုန်အကျသိပ်များတာ၊ ဒီအလောင်းကြီးတစ်လောင်းလုံး မီးအကုန်ရှို့ဖို့အတွက် ထင်းတွေ၊ လောင်စာတွေ လိုတယ်လေဗျာ၊ ပြီးတော့ မီးသဂြိုဟ်ပေးတဲ့ ကာလသားတွေကိုလည်း အကျွေးအမွေး၊ အသောက်အစားနဲ့လည်; ပြုစုပေးရသေးတာကိုး။ အဖေက အိမ်ထဲဝင်လာတဲ့ ကျုပ်ကိုကြည့်ရင်း

“ဒီကလေးမလေးကို မင်;တို့သေသေချာချာကြပ်မတ်ပြီးတော့ သဂြိုဟ်ပေးလိုက်ကြပါ၊ ငါတစ်ခါတည်းပြောထားမယ်နော်၊ လွဲတာ မှားတာတွေ မလိုချင်ဘူး”

“စိတ်ချပါအဖေရာ”

သေဆုံးသွားတဲ့ ကလေးမရဲ့မိဘတွေကတော့ ဖြေမဆည်နိုင်ဘူးပေါ့ဗျာ၊ အလောင်းကြီးက အသားတွေမဲတက်လာတာနဲ့ သနပ်ခါးတွေဖွေးနေအောင်လူး၊ ပန်းတွေပန်ပြီးတော့ ရွာထိပ်မှာ ပြင်ဆင်ပေးထားလိုက်တာပေါ့ဗျာ။

အဲဒီည ညသန်းခေါင်လောက်ရောက်တော့ တစ်ရွာလုံးကခွေးတွေ အူကြတယ်ဗျ၊ ရွာထိပ်မှာအလောင်းရှိတာဆိုတော့ ဒီလိုခွေးအူတာက မကောင်;ဆိုးဝါးတွေလာတာလားဆိုပြီး တွေးကြောက်နေကြတာပေါ့ဗျာ။

မနက်ရောက်တော့ ကျုပ်တို့လယ်ထဲမဆင်းနိုင်ပါဘူးဗျာ၊ ရွာအနောက်ဘက် ဖုန်းဆိုးကွင်းကြီးထဲကိုသွားပြီးတော့ ဒီကောင်မလေးကို မီးသဂြိုဟ်ပေးလိုက်ကြတာပေါ့၊ လူသေကိုမီးရှို့တာ အတော်ကြာတယ်ဗျ၊ နေ့တစ်ပိုင်းကျော်အောင်ကိုကြာတာ၊ ဒီကြားထဲ လူသေရဲ့အသားစတွေကုန်အောင်ရှို့ရတယ်၊ တံစူးဝါးတွေဘာတွေပါ အကုန်လုံးကို မီးရှို့ပြီးဖျက်ဆီးရတော့တာဗျ။ အားလုံးပြီးသွားတော့ ညနေတောင်စောင်းနေပြီ။

အိမ်ရောက်တော့ တရော်ကင်ပွန်းနဲ့ တစ်ကိုယ်လုံးကိုဆေးရတယ်၊ ဒါကတော့ မကောင်းတာတွေ ကပ်မပါလာအောင်၊ သန့်စင်သွားအောင်ဆိုတဲ့ အယူအဆပေါ့ဗျာ။ ညရောက်တော့ ထမင်းစားသောက်ပြီး အိပ်တာပဲပေါ့၊ ညနက်လာရင် အရင်ညကလိုပဲ ခွေးတွေအူပြန်ရောဗျို့။

နောက်နေ့တော့ မိုးတွေရွာတယ်ဗျ၊ ရွာတာကမှ သည်းသည်းမည်းမည်းကိုရွာတာ၊ ကျုပ်တို့ရွာသား လယ်သမားတွေအလုပ်များကြတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်တို့လည်း အလုပ်တွေလုပ်ပြီး ညနေရောက်တော့ပြန်လာခဲ့တယ်၊ နေ့တစ်ပိုင်းလောက်ရွာထားတဲ့မိုးက မောသွားလို့ ခဏနားနေတဲ့ပုံပဲဗျ၊ ဒီအချိန်မှာ ဆေးဆရာဦးမှတ်ကြီးက လွယ်အိတ်လွယ်ပြီး တက်သုတ်ရိုက်ပြေးတယ်ဗျ၊ ကျုပ်လည်းသိချင်တာနဲ့ လိုက်ကြည့်နေတာပေါ့ဗျာ၊ ဦးမှတ်ကြီးအနောက်က မောင်သိန်းအမေကြီးက အမောတကောနဲ့ပြေးနေပြန်ရော၊ ကျုပ်လည်း မောင်သိန်းအမေလက်ကိုလှမ်းဆွဲလိုက်တာပေါ့။

“အရီး . . . အရီး၊ နေစမ်းပါအုံး၊ ဘာဖြစ်လို့ ပြေးနေကြတာလဲ၊ ဘယ်သူဘာဖြစ်လို့လဲ”

“နင့်သူငယ်ချင်းမောင်သိန်း အတော်ဖျားနေလို့ဟ”

“ဖျားတာများ ဆန်းသလား အရီးရာ”

“ဒါတော့ငါလည်းသိတာပေါ့၊ ဒါပေမယ့် ဒီတစ်ခါဖျားတာကဆန်;တယ်၊ ကယောင်ကတမ်းတွေလည်းအော်ပြီးတော့ ကြောက်လဲကြောက်နေတာ၊ ဒါနဲ့ပဲ ဦးမှတ်ကြီးပြေးပင့်ရတာပေါ့၊ သာမန်အဖျားပဲလား၊ အပမှီတာလားတော့ မသိပါဘူး”

အပမှီတယ်ဆိုတာကြားတာနဲ့ ကျုပ်လည်းသိချင်သွားတယ်၊ ဒါနဲ့ သူတို့နဲ့အတူတူလိုက်ပြေးခဲ့တာပေါ့ဗျာ၊ မောင်သိန်းအိမ်ကိုတက်လိုက်တော့ ဆေးဆရာကြီးနဲ့ မောင်သိန်းဆွေမျိုးတွေက ဝိုင်;အုံနေကြတယ်၊ မောင်သိန်းကတော့ အိမ်ထောင့်မှာထိုင်ပြီး တစ်ကိုယ်လုံးကို စောင်နဲ့အုပ်ထားရှာတယ်။

“မလာနဲ့၊ ငါ့အနားမလာနဲ့”

“ဟေ့ကောင်ဘာဖြစ်တာလဲ၊ ငါဆေးဆရာဦးမှတ်ကြီးကွ မင်းကိုကုသပေးဖို့လာခဲ့တာ”

“မလာနဲ့၊ သွား . . . သွား”

ဦးမှတ်ကြီးက မောင်သိန်;အမျိုးတွေကိုလှည့်ကြည့်တော့ အမျိုးထဲက ယောက်ျားနှစ်ယောက်က မောင်သိန်;ကိုဖမ်းချုပ်လိုက်ကြတယ်၊ မောင်သိန်းခြုံထားတဲ့စောင်ကိုဆွဲဖယ်လိုက်တော့ မောင်သိန်းက မျက်လုံးအပြူးသားနဲ့ဗျ။

“မသွားဘူး၊ ဟိုမှာရပ်နေတယ်၊ မသွားဘူး”

မောင်သိန်းက အိမ်ရှေ့တံခါးကိုလက်ညှိုးထိုးရင်း အော်နေတော့တာပဲ၊ ဦးမှတ်ကြီးက ဆေးကြိမ်လုံးကိုထုတ်လိုက်ပြီးတော့ ကြမ်းပြင်ကိုတဗြန်းဗြန်;ရိုက်တယ်။

“ဒါ သွေးရိုးသားရိုးမဟုတ်ဘူး၊ အပမှီတာပဲဟေ့၊ ကဲ မင်းတို့သူ့ကိုချုပ်ထားကြစမ်း၊ ငါမေးစမ်းကြည့်ပါအုံးမယ်”

ဦးမှတ်ကြီးက မောင်သိန်းကိုကြည့်ပြီးတော့

“ကဲ၊ ဒီသူငယ်ကို ဘယ်လိုပုဂ္ဂိုလ်က ဘာကြောင့်များ ပြုစားရန်ရှာထားသလဲဆိုတာ အထင်အရှားပြပါ”

တုန်ခါနေတဲ့ မောင်သိန်းက ခွေကျသွားတယ်ဗျ၊ ပြီးတော့ ဆတ်ခနဲကောက်ထိုင်တယ်၊ မျက်နှာအမူအရာလည်; တော်တော်ပြောင်းသွားတယ်၊ ပိုပြီးသိသာတာကတော့ ဆံပင်ကိုသိမ်;နေတာပဲဗျာ၊ မောင်သန်းရဲ့ဆံပင်က ဘိုကေဆိုပေမယ့် အခုတော့ သူက ဂုတ်နားကဆံပင်ကို လက်နဲ့သပ်ပြီးတင်သလိုလုပ်နေတာ။ ဦးမှတ်ကြီးက တစ်ချက်ကြည့်ပြီးတော့

“နင်ဘယ်သူလဲ”

“ငါ့နာမည် ပိုးဖြူ”

အသံက ခပ်သေးသေးခပ်စာစာပဲဗျ။

“ပိုးဖြူ၊ ဘယ်ကပိုးဖြူလည်;”

ကျုပ်လည်း မသိဘူးလေဗျာ၊ ဒီတော့မှ မောင်သိန်းကပြောတယ်။

“တစ်နေ့က ပိုးထိပြီးဆုံးသွားတဲ့ ဘကြီးထွေးမြေး ပိုးဖြူကိုပြောတာ”

သူကိုယ်တိုင်ပြောမှပဲ ကျုပ်တို့လည်းနားလည်သွားတော့တယ်။ ဦးမှတ်ကြီးက ကြမ်းပြင်ကို ကြိမ်လုံးနဲ့ရိုက်ရင်း

“နင်က သေပြီးပြီမဟုတ်လား ဘာလို့သူ့ကို ဖမ်းစားထားတာလဲ”

“မကျေနပ်လို့ . . . ”

“ဘာကိုမကျေနပ်တာလဲ”

“ဒီကောင်ငါ့ကိုစော်ကားလို့ ဒီကောင့်ကိုမကျေနပ်လို့ ပူးထားတာ”

အိမ်ပေါ်မှာရှိနေတဲ့လူတွေအားလုံး အံ့အားသင့်သွားကြတယ်။

“နင့်ကိုဘယ်လိုစော်ကားလို့လဲ”

“ငါ့ကိုနမ်းတယ်၊ နောက်ပြီးတော့ ငါ့ပါးက သနပ်ခါးကိုလည်း ခြစ်ယူတယ်၊ ဒီကောင့်ကို ငါမကျေနပ်ဘူး၊ ဒီကောင့်ကို ငါကိုယ်တိုင်သတ်မယ်၊ ငါကိုယ်တိုင်သတ်မယ်”

အဲဒီလိုပြောပြီးတာနဲ့ မောင်သိန်းက ကိုယ့်လည်ပင်းကိုယ် ပြန်ညှစ်တော့တာပဲဗျာ၊ ဘေးမှာကြည့်နေတဲ့လူက လက်မြန်လို့သာ တော်သေးတာဗျ။ ဒါတောင်မှ အတင်းရုန်းကန်ပြီးတော့ လည်ပင်းကိုညှစ်နေသေးတာ်၊ ဦးမှတ်ကြီးလည်း ချွေးတွေပြန်လာတာပေါ့ဗျာ။

“ဟဲ့ နင့်ကိုငါတို့ ကောင်းရာမွန်ရာရောက်အောင် အမျှပေးမယ်၊ နင်သူ့ဆီကနေထွက်တော့”

“မထွက်ဘူး၊ လုံး၀မထွက်ဘူး”

မောင်သိန်းက အကြောက်အကန်ငြင်းနေတာဗျ၊ ဒါနဲ့ ဦးမှတ်ကြီးလည်း

“မထွက်ရင် ကဲကွာ၊ ကဲကွာ”

မောင်သိန်းကျောကို ကြိမ်လုံးနဲ့တရွှမ်းရွှမ်းမြည်အောင်ရိုက်တာပဲ၊ မောင်သိန်းကလည်း အစကလူးလွန့်နေတာပေါ့ဗျာ၊ နောက်တော့ ဦးမှတ်ကြီးက ဆက်သာရိုက်နေရတယ် မောင်သိန်းက မထုံတတ်တေးနဲ့ ငုတ်တုတ်ကြီးထိုင်နေတာဗျ၊ ဦးမှတ်ကြီးနဖူးမှာဆိုရင် ချွေးသီးချွေးပေါက်တွေက တပေါက်ပေါက်နဲ့ကျနေပါရောဗျာ။

“ထွက်စမ်း၊ မထွက်ရင် နင်ဒီထက် အသားနာလိမ့်မယ်”

“ရိုက်စမ်း၊ ရိုက်စမ်း . . . ငါ့ကိုကြိုက်သလောက်ရိုက်၊ ငါမနာဘူး”

ဦးမှတ်ကြီးကလည်း လွှဲလွှဲပြီးရိုက်တာပဲဗျာ၊ မောင်သိန်းတစ်ကိုယ်လုံး ကြိမ်လုံးရာတွေနဲ့ပြည့်နေတာပဲ၊ မောင်သိန်းကတော့ အပြုံးမပျက်ဘူးဗျ။

“ဟား၊ ဟား ရိုက်စမ်း၊ ရိုက်စမ်း”

ဦးမှတ်ကြီးကလည်း အတော်မောနေပြီဗျ၊ ဟောဟဲ၊ ဟောဟဲနဲ့ကို အသက်ရှူနေရတာ၊ နောက်တော့သူလည်း ဘုရားကျောင်းဆောင်ပေါ်ကိုကြည့်လိုက်တယ်ဗျ၊ ဘုရားသောက်တော်ရေခွက်ကို စွန့်လိုက်ပြီးတော့ မောင်သိန်းကို ရေတွေနဲ့တောက်လိုက်တယ်။

“အောင်မယ်လေး၊ ပူလိုက်တာ”

“ဟဲ့ ပိုးဖြူ၊ နင့်ကိုထွက်တော့လို့ပြောနေတယ်နော်”

မောင်သိန်းက ခေါင်းခါပြတယ်၊ ဦးမှတ်ကြီးက ရေနဲ့ထပ်တောက်တယ်ဗျ၊ မောင်သိန်းခမျာ ကြမ်းပေါ်မှာလူးနေတော့တာ၊ အဲဒီလို ဦးမှတ်ကြီးက ရေနဲ့တောက်လိုက်၊ မောင်သိန်းက လူးလှိမ့်လိုက်နဲ့ နာရီဝက်လောက်သာကြာသွားတယ်၊ သရဲက မထွက်ဘူးဗျို့။

“ဟေ့ကောင်မှတ်ကြီး၊ တော်တော့ကွာ၊ မင်းက သူ့ကိုနှိပ်စက်သလိုဖြစ်နေပြီ”

အဲဒီလိုအော်ပြီးတော့ အိမ်ပေါ်ကိုပြေးတက်လာတာကတော့ ဦးဘသာပဲဗျ၊ ဦးမှတ်ကြီးက ဦးဘသာကိုတွေ့တော့ အနောက်ကိုဆုတ်သွားတယ်၊ ဦးဘသာကတော့ ဘာမှမပြောပါဘူးဗျာ၊ မောင်သိန်းလက်ကိုပြေးဆွဲပြီးထူလိုက်တော့ မောင်သိန်းက ဦးဘသာလက်ပေါ်ကို ယိမ်းပြီးကျသွားတာဗျ၊ ဦးဘသာကလည်း သူ့ကိုယ်လုံးနဲ့ထိန်းထားတာပေါ့။ ပြီးတာနဲ့ ချုံးပွဲချပြီး ငိုတော့တာပေါ့ဗျာ၊ မျက်ရည်တွေဆိုတာ တပေါက်ပေါက်နဲ့စီးကျလာပါရော၊ ဦးဘသာက မောင်သိန်းနဖူးကို အသာသပ်ပေးတယ်ဗျ။

“သမီးဘာဖြစ်ချင်သလဲ”

“သူက သမီးကိုစော်ကားတယ်”

“ဒီကောင်ဘာလုပ်ခဲ့လို့လဲ အမှန်အတိုင်းပြောစမ်းသမီး”

“အဲဒီညက သူတစ်ယောက်တည်း ရွာပြင်ကိုလာတယ်၊ သမီးအခေါင်းကိုဖွင့်ပြီးတော့ နင့်ကိုငါကြိုက်တယ်လို့ပြောပြီး သမီးပါးကိုနမ်းတယ်”

အဲဒီလိုပြောတော့ကျုပ်တို့လည်း အံ့ဩသွားတာပေါ့ဗျာ.

“ဒီကောင်နင့်ကိုတကယ်ပဲ အဲဒီလိုလုပ်တာလား”

“ပြီးတော့ တုတ်တစ်ချောင်းနဲ့ သမီးရဲ့ပါးက သနပ်ခါးကို ခြစ်ချတယ်၊ ခေါင်းမှာပန်ထားတဲ့ ပန်းတစ်ပွင့်ကိုလည်း ယူသွားသေးတယ်၊ သမီးမကျေနပ်ဘူး၊ သမီးဒီကောင့်ကိုမကျေနပ်ဘူး”

“ပြီးခဲ့တာတွေ၊ ပြီးပါစေတော့သမီးရယ်၊ ဦးကြီး ဒီကောင့်ကိုဆုံးမလိုက်တယ်၊ ပြီးတော့ သမီးကိုလည်း ပြန်ပြီးတောင်းပန်ခိုင်းလိုက်တယ်၊ သမီးကျေနပ်တော့နော်၊ သူများကို ရန်ပြုတာမကောင်းဘူးသမီးရဲ့”

ဦးဘသာက ပြောနေရင်းနဖူးကိုလက်နဲ့သပ်ပေးနေတာဗျ။ မောင်သိန်းက မျက်လုံးပြူးတူးကြောင်တောင်နဲ့ကြည့်နေပြီးတော့ နောက်တော့ မျက်လုံးတွေမှိတ်ကျသွားတယ်၊ ခဏကြာတော့မှ ငုတ်တုတ်ကောက်ထိုင်ပြီးတော့ မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဘေးဘီကိုလိုက်ကြည့်တယ်ဗျ။

“ဘာဖြစ်တာလဲ၊ ကျုပ်ဘာဖြစ်တာလဲ”

ဦးမှတ်ကြီးလည်း ဒီတော့မှ လက်မှိုင်ချသွားတာပဲ၊ သူ့လွယ်အိတ်ကြီး သူကောက်လွယ်ပြီးတော့ အိမ်ပေါ်ကနေဆင်းသွားပါရောဗျာ၊ ဒီပွဲမှာ သူဆက်ပြီးမရှိနေသင့်တော့ဘူးလို့ ထင်သွားလို့နေမှာပေါ့။ မောင်သိန်းကို သူ့အမေက ပြေးပြီးမေးတယ်။

“သားလေး၊ နင် သေသွားတဲ့ပိုးဖြူကို သွားနမ်းတယ်ဆို”

မောင်သိန်းခေါင်းငိုက်စိုက်ကျသွားတယ်။ ပြီးတော့ ဆတ်ခနဲခေါင်းညိတ်တယ်ဗျ။ သူ့အမေဆိုရင်လည်; တော်တော်ကိုအံ့ဩသွားတာပေါ့။

“နင်ဘာလို့ အဲဒီလိုလုပ်တာလဲ”

မောင်သိန်းက ခေါင်းကြီးငုံ့ပြီးတော့

“ကျုပ်မှားပါတယ်အမေရာ၊ ကျုပ်ကိုရိုက်စမ်းပါ”

အဲဒီလိုပြောပြီးတော့ ခေါင်းထိုးပေးတယ်ဗျ၊ ဦးဘသာက မောင်သိန်းဆံပင်ကိုဆွဲပြီး ခေါင်းကိုဆွဲလှန်လိုက်တယ်။

“မောင်သိန်း၊ ဒီကိစ္စက မင်းအသားနာရုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်ဘူးကွ၊ ပြောစမ်းပါ၊ မင်းအမှန်အတိုင်းပြောစမ်းပါ”

မောင်သိန်းလည်းဒီတော့မှ

“ကျုပ်ပြောပါ့မယ်၊ ပြီးခဲ့တဲ့တစ်ပတ်လောက်က ရွာအပြင်ဇရပ်မှာ ရသေ့ကြီးတစ်ပါးကို ကျုပ်တွေ့လိုက်တယ်၊ သူက ဆေးတွေဖော်စပ်နေတဲ့ ရသေ့ကြီးတဲ့၊ သူက ရွာအနောက်ဘက် တောတန်းမှာနေမယ်ဆိုပြီးတော့ ထွက်သွားတာပဲဗျာ၊ ကျုပ်ကိုလည်း ရွာအကြောင်းတွေမေးသေးတယ်။ ကျုပ်လည်းသိသလောက်ဖြေလိုက်တာပေါ့”

“ဟောတော်၊ ငါလည်းမသိလိုက်ရပါလား”

မောင်သိန်းအမေကပြောတယ်ဗျ၊

“ရသေ့ကြီးက သူရောက်နေတာ ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့၊ နောက်ပြီး ကျုပ်ကိုတစ်ခုပြောသေးတယ်၊ သူလိုအပ်တာကို ကူညီပေးရင် ကျုပ်ကိုလည်းပြန်ပြီးတော့ ကျေးဇူးဆပ်မယ်တဲ့ဗျာ၊ ဒါနဲ့ ကျုပ်လည်း သူ့ကိုစားဖို့သောက်ဖို့ ပို့ပေးရတာပေါ့၊ ပြီးတော့ သူ့ဆီက ပီယဆေးတောင်းကြည့်တာပေါ့၊ အဲဒီအခါကျတော့ ရသေ့ကြီးက အပျိုစင်ရုပ်အလောင်းရဲ့ပါးက သနပ်ခါးရရင် သူလုပ်ပေးမယ်တဲ့”

ဦးဘသာက ခေါင်းညိတ်ပြီးတော့

“ဒါဆိုငါသိပြီ၊ ဒါနဲ့ပဲမင်းက သေသွားတဲ့ပိုးဖြူအလောင်းဆီက သနပ်ခါးကိုယူခဲ့တာပေါ့၊ ဟုတ်သလား”

မောင်သိန်းက ခေါင်းညိတ်တယ်။

“သနပ်ခါးကိုတောင် ဒီအတိုင်းမယူရဘူးတဲ့၊ မသာကြီးရဲ့မျက်နှာကိုသေချာကြည့်ပြီးတော့ နင့်ကိုငါကြိုက်တယ်၊ နင့်ကိုငါချစ်တယ်လို့ သုံးလေးခါပြောရတယ်၊ အဲဒီလိုပြောပြီးရင် စတိအနေနဲ့ ပါးကိုနမ်;ရတယ်။ ပြီးတော့မှ ပါးကသနပ်ခါးကိုတုတ်နဲ့ခြစ်ချရတယ်၊ သေသူပန်ထားတဲ့ ပန်းတစ်ပွင့်ကိုလည်; ယူခဲ့ရသေးတယ်ဗျာ”

“ဒါဆို မင်းအဲဒီပန်;တွေ သူ့ကိုပေးလိုက်ပြီလား”

မောင်သိန်;ကခေါင်းခါပြီးတော့

“ကျုပ်နောက်နေ့တော့သူ့ကိုသွားရှာပါတယ်။ ဒါပေမယ့် မတွေ့ခဲ့ဘူးဗျ၊ ဒါနဲ့ပဲ အဲဒီအထုပ်ကလေးကို အိမ်ကိုပြန်ယူခဲ့တာ။ ဟောဟိုက လွယ်အိတ်ရဲ့ အောက်ဘက်နားမှာ ကျုပ်လက်ကိုင်ပုဝါနဲ့ထုပ်ပြီး သိမ်းထားသေးတယ်”

ဦးဘသာက ကျုပ်ကိုလှမ်းကြည့်တယ်ဗျ၊ ကျုပ်လည်း ထလိုက်ပြီးတော့ မောင်သိန်းပြောတဲ့ လွယ်အိတ်ကိုသွားနှိုက်ပါရော၊ လွယ်အိတ်အောက်နားမှာ အဝတ်ထုပ်ကလေးစမ်းမိလို့ နှိုက်လိုက်တော့ အပြာရောင်လက်ကိုင်ပုဝါကလေး ပါလာတယ်ဗျ။

ကျုပ်လည်း ကိုင်သာကိုင်ရတာ စိတ်ထဲမသတီဘူးပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာကြီးကိုပြေးပြီး ပေးလိုက်တယ်၊ ဦးဘသာကြီးက လက်ကိုင်ပုဝါထုပ်ကို သူ့လက်ဝါးထဲမှာ ဖြေကြည့်လိုက်တယ်။

“အောင်မာ၊ ဒီကောင်က တကယ်လုပ်ထားတာပဲ”

လက်ကိုင်ပုဝါထဲမှာ ပန်းကလေးတစ်ပွင့်ရယ်၊ သနပ်ခါးအဖတ်အမှုန့်တွေရယ် တွေ့တယ်ဗျ၊ ထူးဆန်းတာက ရက်တွေကြာနေပေမယ့် ပန်းကလေးကတော့ လန်းနေသေးတယ်။ ဦးဘသာက အဲဒီအထုပ်ကလေးကို မောင်သိန်းအရှေ့ကိုထိုးပေးပြီးတော့

“ကဲ မောင်သိန်း၊ လက်အုပ်ချီလိုက်၊ ပြီးတော့ မင်းသူ့ကိုသေသေချာချာတောင်းပန်စမ်းကွာ”

မောင်သိန်းလည်းလက်အုပ်ချီပြီးတောင်းပန်ပါတယ်။

“ငါနင့်ကိုလုပ်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်၊ ငါ့ကိုခွင့်လွှတ်ပေးပါ ပိုးဖြူရာ”

ဦးဘသာက ပန်းကလေးကို သူ့မျက်နှာအနားကပ်လိုက်ပြီးတော့

“ကဲသမီး၊ သူလည်းတောင်;ပန်နေပြီပဲ၊ သမီးကျေနပ်တော့နော်၊ သမီးအတွက် မကြာခင်ရက်လည်လုပ်ပေးမယ်၊ ကောင်းမှုတွေလုပ်ပေးမယ်၊ သမီး အမျှအတန်းယူပြီးတော့ ကောင်းရာမွန်ရာသွားပါတော့ကွယ်”

ဦးဘသာက အဲဒီလိုပြောပြီးတော့ အဲဒီလက်ကိုင်ပုဝါကလေးကို သေသေချာချာပြန်ထုပ်ပိုးလိုက်တယ်ဗျ၊ ပြီးတော့ မောင်သိန်းကိုထိုးပေးလိုက်တယ်။

“ရော့မောင်သိန်း၊ မင်းဒီလက်ကိုင်ပုဝါကလေးကိုယူပြီးတော့ အိမ်ကနေပြေးတော့၊ ရွာကိုနောက်ပြန်လှည့်မကြည့်နဲ့၊ ပြီးရင် ရွာအပြင်က ရိုးချောင်းထဲကိုလွင့်ပစ်ချခဲ့စမ်းကွာ”

မောင်သိန်းက မျက်လုံးပြူးကြီးနဲ့ လက်ကိုင်ပုဝါထုပ်ကိုကြည့်နေတယ်။

“ကျုပ် . . . ကျုပ်မလုပ်ချင်ဘူးဗျာ၊ ကျုပ် ကြောက်တယ်”

“အောင်မာ၊ ညနက်သန်းခေါင် မသာကြီးကို ချစ်တယ်ပြောပြီး သွားနမ်းခဲ့တဲ့ကောင်က အခုကျတော့ ကြောက်တယ်တဲ့လား”

ဦးဘသာက ကြိမ်းမောင်းပြီးတော့ အဲဒီအထုပ်ကလေးကို မောင်သိန်းဆွေမျိုးတွေဘက်ကိုထိုးပေးတယ်၊ ဘယသူမှ အဲဒီအထုပ်ကို ကိုင်ရဲပုံမပေါ်ဘူးဗျာ၊ ကျုပ်လည်း အခြေအနေမဟန်တော့မှန်းသိလိုက်တယ်၊ ဒါနဲ့ ဦးဘသာအနောက်ကနေ အသာကလေးထပြီး တစ်ဖက်လှည့်ဖို့ပြင်နေတုန်းမှာပဲ ဦးဘသာက ကျုပ်ပုဆိုးစကိုဆွဲလိုက်တယ်။

“အလတ်ကောင် . . . ”

“ဗျ . . . ဗျာ . . .”

“မင်းပဲသွားလိုက်စမ်းပါကွာ”

“ဟုတ် . . ဟုတ်ကဲ့”

ဦးဘသာက ကျုပ်လက်ထဲကို အထုပ်လေးပေးလိုက်တာနဲ့ ကျုပ်လည်း အိမ်ပေါ်က ဆင်းပြေးတာပဲဗျာ၊ အနောက်ကိုလှည့်မကြည့်ရဘူးဆိုလို့ တစ်ချက်မှမလှည့်ဘူးပေါ့၊ ဒီလိုနဲ့ဒုန်းစိုင်းပြေးရင်း ရွာပြင်ကိုရောက်လာတာပေါ့ဗျာ၊ တစ်မနက်လုံးရွာထားတဲ့မိုးက ညနေတစ်ချီထပ်ရွာပြန်ပါပြီ၊ မိုးကောင်းကင်တစ်ခုလုံးအုပ်ဆိုင်းပြီးတော့ မိုးတွေက သည်းသည်းမည်းမည်းကိုရွာပါရောဗျာ၊

ညနေလည်းဖြစ်ပြန်၊ မိုးကလည်းမှောင်နေတော့ အတော်ကိုမှောင်နေပြီဗျ၊ ရွာပြင်ရိုးချောင်းကိုဖြတ်တဲ့တံတားကလေးဆီရောက်တာနဲ့ လက်ထဲကအထုပ်ကို ရိုးချောင်းထဲကို ပစ်ချလိုက်တော့တာပဲဗျာ။ မိုးလည်းရွာထားတာဆိုတော့ ရိုးချောင်းက ရေတွေစီးနေတာပေါ့၊ လက်ကိုင်ပုဝါ ပြာပြာအထုပ်ကလေးက ရိုးချောင်းရေထဲစီးပြီး မြောသွားတာ မြန်လိုက်တာဗျာ။

ကျုပ်လည်း အပြေးတစ်ပိုင်းနဲ့ လှည့်ပြန်ခဲ့တာပေါ့ဗျာ၊ ဒါနဲ့ တော်တော်ဝေးဝေးလည်း ရောက်ရော အနောက်ကိုတစ်ချက်ပြန်လှည့်ကြည့်မိတယ်ဗျ၊ ရိုးချောင်းကူးတံတားပေါ်မှာ မိန်းကလေးတစ်ယောက် မတ်တပ်ရပ်လို့ဗျ၊ မိုးစက်တွေကြားမှာ သဲသဲကွဲကွဲမမြင်ရပေမယ့်၊ အဲဒီမိန်းကလေးက ပိုးဖြူမှ ပိုးဖြူအစစ်ပဲဗျာ။ ကျုပ်လည်း ကြောက်ကြောက်နဲ့ဆက်ပြေးခဲ့ရတာပေါ့။

“ဒါကြောင့် မလုပ်သင့်တာတွေ မစမ်းသင့်တာတွေ မစမ်းနဲ့လို့ ငါပြောရတာပေါ့ကွာ”

နောက်နေ့ လယ်ထဲဆင်းတော့ ဦးဘသာကြီးနဲ့ အဲဒီအကြောင်းတွေပြောမိသေးတယ်ဗျ။

“အဲဒီရသေ့ကြီးကလည်; တော်တော်ဆိုးဆိုးပဲနော်ဗျ”

“ဒါတမင်သက်သက် မောင်သိန်းကိုချောက်ချသွားတာကွ၊ နောက်ပြီး မောင်သိန်းပြောလိုက်တော့မှ ပိုးဖြူကလေးသေတာ သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားလို့ ငါတွေးမိတယ်”

“မြွေပွေးကိုက်မိပြီးသေတာဗျ၊ သွေးရိုးသားရိုးမဟုတ်လို့ ဘာဖြစ်ရမှာလဲဗျာ”

ဦးဘသာက ခေါင်းခါရင်း

“မဟုတ်ဘူးကွ၊ မြွေကိုက်တာတောင်မှ ကိုက်တဲ့မြွေက သွေးရိုးသားရိုးမှဟုတ်ရဲ့လားလို့”

ကျုပ်လည်းအတော်ထူးဆန်းသွားတာပေါ့ဗျာ။

“ဒါဆို ဘယ်သူလုပ်တာလို့ ဦးဘသာထင်သလဲ”

“ငါ့စိတ်ထင် အဲဒီရသေ့ကြီးက ရိုးမှရိုးရဲ့လားလို့ကွာ”

ဦးဘသာက ဘာမှမပြောတော့ဘဲ ရေနွေးခွက်ကိုကောက်ကိုင်လိုက်ပြီး တစ်ခုခုကိုစဉ်းစားရင်း သောက်နေလေရဲ့ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီး ဦးဘသာႏွင့္ အပ်ိဳပါးကသနပ္ခါး”(စ/ဆုံး)
——————————————————————–
အတြဲ(၃) စာစဥ္ (၁)

(၁)

႐ြာျပန္ေရာက္ေတာ့ မိုးဦးက်ေနၿပီေပါ့ဗ်ာ၊ ဒါေပမယ့္ မိုးက ေကာင္းေကာင္းမ႐ြာေသးေတာ့ လယ္ထြန္လို႔ေတာ့မရေသးဘူးေပါ့၊ မိုးၿဖိဳင္ၿဖိဳင္႐ြာၿပီး ေျမသားနည္းနည္းေပ်ာ့ၿပီးေထြးလာေတာ့မွ လယ္ထြန္ေကာင္းတာမဟုတ္လား၊ ဒါေပမယ့္လည္း မၾကာခင္စိုက္ၾကပ်ိဳးၾကေတာ့မွာဆိုေတာ့ လယ္ေတြကိုေတာ့ျပင္ေနၿပီေပါ့ဗ်ာ။

မိုးဦးက်ဆိုေပမယ့္ ေန႔တိုင္းမိုးမ႐ြာဘူးဆိုေတာ့ က်ဳပ္တို႔လည္း လယ္ျပင္ရင္းနဲ႔ လယ္ထဲလူေတြစုမိတာေပါ့ဗ်ာ၊ ေနကလည္းပူတာဆိုေတာ့ ေန႔လည္က်ေတာ့ ႏြားေတြျဖဳတ္ၿပီး သစ္ပင္ရိပ္ေအာက္မွာ စုထိုင္မိတာေပါ့၊ ႐ြာက ကာလသားေတြေရာ၊ လယ္ထဲဆင္းၾကတဲ့ လယ္သမားေတြေရာေပါ့ဗ်ာ၊ အားလုံးကေတာ့ ေယာက္်ားေလးေတြခ်ည္းပါပဲ။

“မိန္းကေလးေတြဆုံရင္အတင္း၊ ေယာက္်ားေတြဆုံရင္ အဖ်င္း” ဆိုတဲ့စကားအတိုင္း ေယာက္်ားေတြခ်ည္းစုမိၿပီဆိုေတာ့ ဟိုအေၾကာင္းေျပာ၊ ဒီအေၾကာင္းေျပာနဲ႔ မိန္းမေတြအေၾကာင္းလည္း ေျပာၾကဆိုၾကတာေပါ့ဗ်ာ။

ေျပာေနၾကရင္း ပီယေဆးေတြအေၾကာင္းဘက္ ေရာက္သြားပါေရာ၊ ဒီေတာ့ ေမာင္သိန္းဆိုတဲ့ ကာလသားက သူ႔အိတ္ထဲထည့္ထားတဲ့ လက္ကိုင္ပုဝါကေလးကို ျဖန႔္ျပတယ္ဗ်၊ အဲဒီလက္ကိုင္ပုဝါကေလးထဲမွာ အိမ္ေျမႇာင္အျမႇီးႏွစ္ခြကေလးလည္း ပါတယ္ဗ်ိဳ႕။

“ဟာ ေမာင္သိန္း၊ အဲဒါဘာလဲကြ”

“ေတြ႕ေနရဲ႕သားနဲ႔ဗ်ာ၊ ဒါ အိမ္ေျမႇာင္အၿမီးႏွစ္ခြဗ်၊ ေဆာင္ထားရင္ မ်က္ႏွာပြင့္တယ္၊ လူခ်စ္လူခင္မ်ားတယ္၊ မိန္းကေလးေတြနဲ႔ေတြ႕ရင္ေတာ့ဗ်ာ ဟဲ . . ဟဲ”

က်ဳပ္လည္းေတာ္ေတာ္စိတ္ဝင္စားသြားတာေပါ့ဗ်ာ။

“ေမာင္သိန္း၊ မင္းဟာက တစ္ကယ္ေရာဟုတ္ရဲ႕လားကြ”

ေမာင္သိန္းက က်ဳပ္တို႔ထက္ႀကီးလည္း သုံးေလးႏွစ္ေပါ့ဗ်ာ၊ ႐ြာမွာေတာ့ ေမာင္သိန္းေခၚတာနဲ႔ က်ဳပ္လည္း ေမာင္သိန္းလို႔ပဲ လိုက္ေခၚတာေပါ့ဗ်ာ၊ က်ဳပ္ေမးလိုက္ေတာ့ ေမာင္သိန္းက က်ဳပ္ကို မ်က္ေစာင္းထိုးၿပီးၾကည့္တယ္ဗ်။

“ခင္ဗ်ားက မႀကဳံဖူးလို႔ မယုံေသးတာဗ်၊ က်ဳပ္ဆို ဒီ႐ြာမွာ ဒါေလးအစြမ္းနဲ႔ ေတာ္ေတာ္ခရီးေပါက္ေနၿပီဗ်”

“လုပ္စမ္းပါအုံးဗ်ာ၊ က်ဳပ္တို႔လည္း သိရေအာင္ေပါ့ဗ်”

“ခင္ဗ်ားတို႔ဘယ္သူ႔ကိုမွ ျပန္မေျပာနဲ႔ေနာ္၊ ႐ြာလယ္မွာ ကုန္စုံဆိုင္ဖြင့္ေရာင္းတဲ့ အပ်ိဳႀကီး မကပ္ေစးကို သိတယ္မဟုတ္လား”

“သိတာေပါ့ဗ်ာ၊ ကပ္ေစးနဲၿပီး ေတာ္ေတာ္ကပ္တဲ့သူမို႔လို႔၊ ငယ္နာမည္ မေ႐ႊဝင္;ေပ်ာက္ၿပီးေတာ့ မကပ္ေစးဆိုၿပီး နာမည္တြင္သြားတာမဟုတ္လား”

ေမာင္သိန္းက ေခါင္းညိတ္ၿပီး

“ေအး၊ အဲဒီ မကပ္ေစးက ေယာက္sm;ယူရင္ေတာင္မွ သူ႔ေယာက္sm;ကို ခ်က္ျပဳတ္ေကြၽးေနရရင္ ကုန္က်မယ္ဆိုၿပီးေတာ့ ေဈးတြက္တြက္ၿပီး လင္မယူဘူးတဲ့ကြာ၊ ခင္ဗ်ားတို႔ထဲကေရာ မကပ္ေစးဆီမွာ အေႂကြးေတြဘာေတြ ယူဖူးတဲ့သူရွိလို႔လား”

ေမာင္သိန္းကေမးလိုက္ေတာ့ က်ဳပ္တို႔သစ္ပင္ေအာက္က ေယာက္်ားေလးေတြ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေတာ့ ေခါင္းခါလိုက္တာေပါ့ဗ်ာ၊ မကပ္ေစးဆိုတာ နာမည္အတိုင္းကို ကပ္ေစးလြန္းတာဗ်၊ အေႂကြးဆိုရင္လည္း တစ္ခါမွ မေပးဖူးဘူး။ ဒီေတာ့ ေမာင္သိန္းက ေအာင္ႏိုင္သူအၿပဳံးနဲ႔ လက္မေထာင္ၿပီးေတာ့ သူ႔ရင္ဘတ္ကိုသူ ထိုးျပတယ္ဗ်။

“မင္းတို႔မရဖူးေပမယ့္ မကပ္ေစးက ငါ့ကိုေတာ့ အေႂကြးလည္းေရာင္းတယ္၊ ငါေငြလိုရင္လည္း သူ႔ဆီသြားသြားဆြဲေနက်ကြ”

“ဗ်ာ၊ ဟုတ္ေရာ ဟုတ္ရဲ႕လားဗ်ာ”

“ဒါေပါ့ကြ၊ အဲဒါ ဘာေၾကာင့္လဲဆိုေတာ့ မကပ္ေစးဆီ ေဈးဝယ္သြားရင္ ငါက ေဟာဒီအိမ္ေျမႇာင္အျမႇီးႏွစ္ခြကေလးကို အိတ္ထဲထည့္သြားတယ္၊ ၿပီးေတာ့ သူ႔ဆိုင္ေရွ႕ေရာက္တာနဲ႔ အဲဒီအိမ္ေျမႇာင္ကေလးကို ပုတ္ပုတ္ၿပီးေတာ့ မ်က္ႏွာဖြင့္တာကြ။ မကပ္ေစးက သူမ်ားကိုဆိုရင္ အစစ္ေပးဖို႔မေျပာနဲ႔ အေလးေတာင္မွ သိပ္ၿပီး ျပည့္ျပည့္ခ်ိန္ခ်င္တာမဟုတ္ဘူး၊ ေအး . . . ဒါေပမယ့္ ငါဒီလိုလုပ္သြားရင္ေတာ့ ပိုပိုသာသာခ်ိန္ေပးတဲ့အျပင္ တစ္ခါတေလ အဆစ္ေတာင္ထည့္ေပးေသးသဗ်ာ”

က်ဳပ္တို႔လည္း ေမာင္သိန္းစကားကို မယုံေပမယ့္ သူေျပာေနေတာ့လည္း ေခါင္းညိတ္ရတာေပါ့ဗ်ာ။ ေမာင္သိန္းကဆက္ေျပာတယ္။

“ၿပီးေတာ့ အရီးမႈံရဲ႕ တူမတို႔၊ ဖိုးေလးခ်ိဳရဲ႕ သမီးတို႔ဆိုရင္ ငါ့ကိုေတာ္ေတာ္စြဲေနၾကတာကြ၊ ဟီး . . ဟီး၊ ေျပာရမွာေတာ့ မေကာင္းဘူးကြာ၊ ငါကလည္း သူတို႔နဲ႔ဆုံရင္ ေဟာဒီအိမ္ေျမႇာင္အျမႇီးႏွစ္ခြေလးကို ပုတ္ပုတ္ၿပီး မ်က္ႏွာဖြင့္တယ္၊ တစ္ခါတေလက်ရင္လည္း သူတို႔မသိေအာင္လို႔ သူတို႔ကိုဒါေလးနဲ႔ တို႔တို႔ၿပီး ေျပာၾကဆိုၾကေတာ့၊ အခုဆိုရင္ ငါသူတို႔အိမ္ေရွ႕ကမ်ားျဖတ္မသြားနဲ႔ ျဖတ္သြားတာနဲ႔ အကိုေမာင္သိန္း၊ ကိုေမာင္သိန္းဆိုၿပီး လွမ္းလွမ္းေခၚတတ္ၾကတာကြာ၊ ငါကလည္း အိမ္ေထာင္ျပဳဖို႔စိတ္ကူးမရွိေသးလို႔သာေပါ့၊ စိတ္ကူးရွိလို႔ကေတာ့ တစ္ေယာက္ေယာက္ဘက္ကို ေစာင္းလိုက္တာနဲ႔ ရၿပီပဲဟ”

ေမာင္သိန္းေျပာတာကို က်ဳပ္တို႔ကာလသားေတြကေတာ့ ပါးစပ္အေဟာင္းသားနဲ႔ၾကည့္ေနၾကတာပဲဗ်ာ၊ သူေျပာတာလည္း ဟုတ္ေနတာကိုး၊ ေမာင္သိန္းကလည္း အရီးမႈံတို႔၊ ဖိုးေလးခ်ိဳတို႔အိမ္ေတြကို အဝင္အထြက္ရွိတာကိုးဗ်၊ သူေျပာတဲ့မိန္းကေလးေတြနဲ႔လည္း တတြဲတြဲနဲ႔ကိုး။

“အလကားပါေမာင္သိန္းရာ”

က်ဳပ္တို႔ေျပာသမွ်ကို ကြမ္းေလးဝါးၿပီး ေခါင္းတညိတ္ညိတ္နဲ႔နားေထာင္ေနတဲ့ ဦးဘသာႀကီးက ထေျပာတယ္။ ေမာင္သိန္းကလည္း ဦးဘသာကို ဘုၾကည့္ၾကည့္တာေပါ့၊ ဦးဘသာက သူဝါးေနတဲ့ကြမ္းေသြးေတြကို ပ်စ္ခနဲေျမႀကီးေပၚလွည့္ေထြးလိုက္ၿပီးေတာ့ ႏႈတ္ခမ္းမွာေပေနတဲ့ ကြမ္းေသြးေတြကို လက္ဖဝါးနဲ႔သုတ္လိုက္တယ္၊

“မင္းေျပာတာေတြက အလကားေတြပါ ေမာင္သိန္းရာ၊ ဟိုေကာင္မေလးေတြက မင္းကိုေခၚတယ္ဆိုတာ အလကားေခၚတာမွမဟုတ္တာ၊ ႏြားစာစဥ္းခိုင္းဖို႔၊ ထင္းခြဲ၊ ထင္းေပါက္ခိုင္းဖို႔ ေခၚၾကတာမ်ား၊ ငါမသိဘူးမွတ္ေနသလား”

ဦးဘသာႀကီး ပိတ္ေျပာလိုက္ေတာ့မွ ေမာင္သိန္းကမ်က္ႏွာပ်က္သြားတယ္။

“ဟာ . . . အဲဒါက၊ က်ဳပ္က အလကားမေနတတ္ဘူးဗ်၊ တစ္ခုမဟုတ္တစ္ခုလုပ္ေနမွ၊ အလုပ္နဲ႔လက္နဲ႔မျပတ္ေနမွ ေနတတ္တာကိုး”

ဦးဘသာက ေမာင္သိန္းကို “အပိုေတြေျပာျပန္ၿပီ” ဆိုတဲ့အၾကည့္မ်ိဳးနဲ႔ၾကည့္ရင္း

“ဒါဆို အခုေရာအလကားေနတာမဟုတ္ဘူးလား၊ အလုပ္နဲ႔လက္နဲ႔မျပတ္ခ်င္ဘူးဆိုရင္ ေဟာဟိုမွာ လယ္သြားထြန္ေနပါလားကြ”

ေမာင္သိန္းက ၿပဳံးၿဖီးၿဖီးနဲ႔ေခါင္းကုပ္တယ္ဗ်။

“မကပ္ေစးက မင္းကိုအဆစ္ေပးတယ္၊ အေႂကြးေပးတာကို မင္းက ေက်နပ္ေနပုံပဲ၊ တကယ္ေတာ့ မင္းအေမက မကပ္ေစးကို မင္းတို႔လယ္သုံးဧက ေရာင္းထားတဲ့ေငြေတြ သြားအပ္ထားတယ္မဟုတ္ဘူးလား၊ ဒါေၾကာင့္ မင္းလိုသမွ် ဟိုက ေပးေနတာကြ၊ မကပ္ေစးအေၾကာင္း တစ္႐ြာလုံးသိတယ္၊ တစ္ခ်ိန္က်ရင္ မင္းအေမအပ္ထားတဲ့ေငြထဲကေန ျပန္ႏႈတ္ခ်င္ေနလို႔ မင္းကိုေပးေန ကမ္းေနတာကြ”

ဦးဘသာပိတ္ေျပာေတာ့ ေမာင္သိန္းဘာမွမေျပာႏိုင္ေတာ့ဘူး၊ ဒါနဲ႔ က်ဳပ္လည္း ထေမးလိုက္တယ္။

“ဒါဆို ေမာင္သိန္းရဲ႕ အိမ္ေျမႇာင္အျမႇီးႏွစ္ခြက မစြမ္းဘူးေပါ့”

ဦးဘသာက ေခါင္းခါၿပီး

“ဒီလိုေတာ့ ငါမေျပာခ်င္ဘူး၊ ဒါေပမယ့္ ဒီလိုနည္းလမ္းမ်ိဳးက မျဖဴစင္ဘူးကြ”

“ဒါဆို ဘယ္နည္းလမ္းက ျဖဴစင္တာလဲ”

က်ဳပ္ေမးလိုက္ေတာ့ ဦးဘသာက ေခါင္းညိတ္တယ္၊ ဦးဘသာႀကီးက ပီယေဆးနည္းမ်ား ေပးမလားဆိုၿပီးေတာ့ အားလုံးက စိတ္ဝင္စားေနၾကတာေပါ့ဗ်ာ။

“ဒီလိုကြ သိဒၶိ ဆယ္ပါးမွာ ပီယသိဒၶိဆိုတာလည္း တစ္ခုအပါအဝင္ပဲကြ၊ ဒါေပမယ့္ ဒီသိဒၶိေတြ တစ္မ်ိဳးမ်ိဳးကို ရဖို႔က မလြယ္ဘူး၊ သီလ၊ သမာဓိနဲ႔ က်င့္စဥ္တစ္ခုကို ဇြဲရွိရွိ ႏွစ္ရွည္လမ်ားက်င့္ႀကံႏိုင္မွ ရတာကြ၊ အဲဒီလိုရတဲ့ သိဒၶိမ်ိဳးက်ေတာ့ ျဖဴျဖဴစင္စင္နဲ႔ရထားလို႔ျဖဴစင္တယ္လို႔ေခၚတယ္”

“ေနာက္ၿပီးေတာ့ အထက္ပုဂၢိဳလ္ကျဖစ္ျဖစ္၊ နတ္မင္;ေတြကပဲျဖစ္ျဖစ္ ကိုယ္နဲ႔ေရစက္ရွိလို႔၊ ကိုယ့္ကိုခ်စ္လို႔ ေပးတဲ့သိဒၶိမ်ိဳးလဲရွိတယ္၊ ဒါကေတာ့ ရွားပါတယ္၊ ဒီလိုသဒိေတြကလည္း ခုနကလိုပဲ နည္းနည္းျဖဴစင္တယ္လို႔ေတာ့ေခၚႏိုင္တယ္ကြ”

“ဒါဆို မျဖဴစင္ဘူးဆိုတာကေရာ”

“ေဆးနည္း၊ အင္းနည္းေတြနဲ႔ လုပ္ထားတဲ့အစီအရင္ေတြက်ေတာ့ မျဖဴစင္ဘူးေပါ့ကြာ၊ အဲဒီနည္းလမ္းေတြက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုမ်ားတယ္ကြ၊ အခုပဲၾကည့္ေလ၊ အိမ္ေျမႇာင္အျမႇီးႏွစ္ခြကို မင္းဘယ္ကရသလဲ ေမာင္သိန္း”

“ဘယ္ကရမလဲဗ်၊ အိမ္တိုင္ေပၚမွာေတြ႕တာနဲ႔ ႐ိုက္သတ္ၿပီးေတာ့ ယူထားတာေပါ့”

ဦးဘသာက ေခါင္းညိတ္ၿပီး

“ေအး၊ အဲဒါပဲၾကည့္ေလကြာ၊ သူမ်ားအသတ္ကိုသတ္ၿပီးမွ လုပ္ယူရတဲ့သိဒၶိက ေကာင္းတဲ့သိဒၶိျဖစ္မလားကြ”

ေမာင္သိန္းက သူ႔အက်ၤDအိတ္ထဲက လက္ကိုင္ပုဝါေလးနဲ႔ထုတ္ထားတဲ့ အိမ္ေျမႇာင္အၿမီးႏွစ္ခြကိုထုတ္ၾကည့္တယ္။

“ဒါဆို ဒီလိုနည္းလမ္းေတြက မစြမ္းဘူးေပါ့”

“စြမ္းတယ္မစြမ္းဘူးဆိုတာထက္၊ မသိနားမလည္ဘဲ သြားမစမ္းသပ္ေကာင္းဘူးကြ၊ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးပိုမ်ားတယ္၊ ကိုယ္ကအဲဒါကိုလိုခ်င္ေဇာနဲ႔ လိုက္လုပ္ေနလို႔ အခ်ိန္ကုန္၊ လူပမ္းပါတယ္ကြာ၊ မင္းတို႔က လူငယ္ေတြမို႔လို႔ စမ္းသပ္ခ်င္တာကို ငါအျပစ္မေျပာပါဘူး၊ ဒါေပမယ့္ မေကာင္းတဲ့အရာေတြကိုေတာ့ မစမ္းသပ္တာအေကာင္းဆုံးပဲကြ”

ဦးဘသာကေျပာဆိုၿပီးေတာ့ ေရေႏြးၾကမ္းတစ္ခြက္ငွဲ႔ေသာက္တယ္ဗ်၊ က်ဳပ္တို႔လည္း သူေျပာတာကို ေခါင္းတညိတ္ညိတ္နဲ႔ ေထာက္ခံလိုက္တာေပါ့ဗ်ာ။

(၂)

တစ္ရက္ေတာ့ က်ဳပ္တို႔လယ္ထဲအဆင္း ေမာင္သိန္းက ေတာင္းတစ္လုံး႐ြက္ၿပီး႐ြာကထြက္လာတာေပါ့ဗ်ာ၊ ဒါေပမယ့္ လယ္ထဲဆင္းမဲ့ဘက္ကိုမသြားဘဲ ဟိုးေတာတန္းဘက္ကို လွည့္ထြက္သြားပါေရာ၊ က်ဳပ္လည္းသိခ်င္တာနဲ႔ လွမ္းေအာ္လိုက္တာေပါ့။

“ေမာင္သိန္း၊ လယ္ကဒီဘက္မွာေလဗ်ာ၊ ခင္ဗ်ား ထမင္းေတာင္းႀကီး႐ြက္ၿပီးေတာ့ ေတာထဲသြားမလို႔လား”

ခံေတာင္းကေလးေတြဆိုတာ က်ဳပ္တို႔ဘက္မွာ ထမင္းဟင္းေတြထည့္ေနက်ဗ်၊ ဒီေတာ့ သူ႔လက္ထဲကေတာင္းကလည္း ထမင္းေတြထည့္ထားတယ္လို႔ က်ဳပ္ကသိလိုက္တာေပါ့၊ ေမာင္သိန္းက က်ဳပ္ကိုလွည့္ၾကည့္ၿပီးေတာ့ က်ဳပ္အနားကိုေျပးလာတယ္။

“အေနာက္ဘက္ ေတာတန္းထဲမွာ ရေသ့ႀကီးတစ္ပါးေရာက္ေနတာကို မင္းမသိဘူးလားကြ”

“မသိဘူးေလ၊ က်ဳပ္ကိုေျပာမွမေျပာတာ”

“ေအးကြ၊ ေရာက္တာေတာ့ တစ္ပတ္ႏွစ္ပတ္ေလာက္ပဲရွိအုံးမယ္၊ ရေသ့ႀကီးက ေတာထဲမွာ တရားလာက်င့္တာနဲ႔တူပါတယ္ကြာ၊ အဲဒါငါလည္း ထမင္းဟင္းေတြ ႀကဳံရင္ႀကဳံသလို သြားေလာင္းတယ္၊ အခုလည္း ေတာထဲသြားမလို႔ မင္းစိတ္ဝင္စားရင္ လိုက္ခဲ့ပါလား”

က်ဳပ္လည္း ဒါမ်ိဳးေတာ့ ေနာက္က်ခံလို႔မျဖစ္ဘူးေလဗ်ာ၊ ဒါနဲ႔ပဲ အငယ္ေကာင့္ကို က်ဳပ္သယ္လာတာေတြကို ေပးလိုက္ၿပီးေတာ့ က်ဳပ္ကေတာ့ ေမာင္သိန္းနဲ႔လိုက္လာခဲ့တာေပါ့။

အေနာက္ဘက္ေတာတန္းက ေတာင္နဲ႔ဆက္ေနတဲ့ေတာဗ်၊ အဲဒီေတာတန္းဘက္ကိုေတာ့ လူသူသိပ္မသြားၾကဘူးဗ်၊ ဘာလို႔လဲဆိုေတာ့ အဲဒီေတာတန္းက တစ္ခါတုန္းက ႐ြာကသုသန္အေဟာင္းဗ်၊ ႐ြာေ႐ြ႕ေတာ့၊ သုသန္လဲေ႐ႊ႕လိုက္တာ၊ ႏွစ္ေတြၾကာလာေတာ့ ေတာတန္းႀကီးျဖစ္သြားတာေပါ့ဗ်ာ။

ေတာတန္းထဲသြားေနရင္း သိပ္ၾကာခင္ ေစတီပ်က္ကေလးရွိတဲ့ ကုန္းတစ္ခုကိုေရာက္လာခဲ့ၾကတယ္၊ က်ဳပတို႔႐ြာကလူေတြကေတာ့ အဲဒီေနရာကေလးကို လြမ္းေစတီကုန္းလို႔ေခၚတယ္ဗ်။ အဲဒီလြမ္းေစတီကေလးက ႐ြာကဆရာေတာ္တစ္ပါးပ်ံေတာ့ တည္ထားတဲ့ေစတီကေလးပါ၊ အဲဒီနားက ကုန္းကေတာ့ အရင္တုန္းက သုသန္ႀကီးေပါ့ဗ်ာ။ လြမ္းေစတီကေလးေဘးနားမွာ တဲအိမ္ကေလးတစ္ခုကိုေတြ႕တယ္ဗ်၊ ဝါးနဲ႔ခပ္ၾကမ္းၾကမ္းေဆာက္ထားၿပီးေတာ့ ထန္းလက္ေတြမိုးထားအဲ့ တဲကေလးဗ်၊ က်ဳပ္တို႔ေရာက္ေတာ့ ရေသ့ႀကီးက တူ႐ြင္းတစ္ေခ်ာင္းနဲ႔ေျမႀကီးကိုတူးေနတယ္ဗ်။

“ဘရေသ့၊ ဘရေသ့ကို ဆြမ္းလာပို႔တာပါ”

ရေသ့ႀကီးက လန႔္သြားၿပီးေတာ့ လက္ထဲက တူ႐ြင္းကိုပစ္ခ်လိုက္တယ္ဗ်။

“ေအးေအး၊ လာၾက၊ လာၾက”

ေမာင္သိန္းက ေတာင္;ထဲက ထမင္းေတြနဲ႔ဟင္းေတြကို ရေသ့ႀကီးရဲ႕ သံပန္းကန္ျပားနဲ႔ ခ်ိဳင့္တစ္လုံးထဲကို ထည့္ေပးလိုက္တယ္ဗ်။ ေနာက္ေတာ့ရေသ့ႀကီးကို ထိုင္ကန္ေတာ့တာေပါ့၊ ေမာင္သိန္းကန္ေတာ့ေတာ့ က်ဳပ္လည္း လိုက္ကန္ေတာ့ရတာေပါ့ဗ်ာ၊ ရေသ့ႀကီးက အသက္က ငါးဆယ္ေက်ာ္၊ ေျခာက္ဆယ္ေလာက္ေတာ့ ရွိမယ္ဗ်၊ အသားကလည္; မဲလိုက္တာဗ်ာ၊ အညာသား အသားမဲသလိုမဟုတ္ဘဲ ကုလားႀကီးမဲသလိုကို မဲတာဗ်၊ ကိုယ္ေပၚမွာေတာ့ အနက္ေရာင္သကၤ္န္;ႀကီးဝတ္ထားတယ္၊ ဖန္ေရဆိုးသကၤန္းဆိုေပမယ့္ အနက္ေရာင္ဘက္ ပိုမ်ားတယ္ေပါ့ဗ်ာ၊ ရေသ့ဆိုေပမယ့္ ေဒါက္ခ်ာေတြဘာေတြမရွိပါဘူး၊ ကတုံးေျပာင္နဲ႔ပဲဗ်။

က်ဳပ္တို႔ကန္ေတာ့ေတာ့ ဘာမွေတာင္ျပန္မေျပာဘူးဗ်ာ၊ က်ဳပ္လည္းသိခ်င္တာနဲ႔

“ရေသ့ႀကီး၊ တူ႐ြင္းႀကီးနဲ႔ ဘာလုပ္ေနတာလဲဗ်”

“ေဩာ၊ ဘာမွမဟုတ္ပါဘူးကြာ၊ သစ္ပင္ေလးဘာေလးစိုက္မလို႔ပါ”

ဒါနဲ႔က်ဳပ္တို႔ျပန္ခဲ့ၾကတယ္၊ ခပ္လွမ္းလွမ္းေရာက္ေတာ့မွ ေမာင္သိန္းက ရေသ့ႀကီးကိုေျပာဖို႔ေမ့ခဲ့လို႔ဆိုၿပီး တဲကေလးဆီကိုျပန္ေျပးသြားတယ္ဗ်၊ တဲအေရွ႕မွာထိုင္ေနတဲ့ ရေသ့ႀကီးနဲ႔ ေမာင္သိန္းတို႔တိုးတိုးႀကိတ္ႀကိတ္နဲ႔ ေျပာေနၾကတာပဲဗ်ာ၊ က်ဳပ္နဲ႔ကလည္း ေပတစ္ရာေလာက္ေဝးတာဆိုေတာ့ သူတို႔ဘာေတြေျပာေနသလဲဆိုတာ က်ဳပ္လည္းမသိရဘူးေပါ့ဗ်ာ။ အဲဒီအခ်ိန္မွာပဲ က်ဳပ္ေဘးနားမွာရွိေနတဲ့ ခ်ဳံက လႈပ္သြားတယ္ဗ်၊ ခ်ဳံပင္က ပါးပါးေလးဗ်ာ၊ အ႐ြက္ကလည္;သိပ္မရွိပါဘူး၊ ခ်ဳံပင္က လႈပ္သာလႈပ္သြားတာ ေလလည္းမတိုက္သလို ခ်ဳံအေပၚ၊ ခ်ဳံေအာက္မွာ ဘာေကာင္မွလည္းမရွိဘူးဗ်။

က်ဳပ္လည္း ထူးဆန္းေနတုန္း ခ်ဳံပင္က တျဖန္;ျဖန္းနဲ႔ သုံးေလးခ်က္ေလာက္လႈပ္သြားပါေရာဗ်ာ၊ က်ဳပ္လည္; လန႔္ေနၿပီေလဗ်ာ၊ ဒီေနရာက အရင္တုန္းက သုသန္ေဟာင္းႀကီး၊ သရဲလည္;ေျခာက္တယ္လို႔ ေျပာၾကတယ္မဟုတ္လား။ က်ဳပ္ၾကည့္ေနရင္; က်ဳပ္ေဘးနားက သစ္ပင္က သစ္ကိုင္းက တျဖည္းျဖည္းၫႊတ္က်လာတယ္ဗ်၊ သစ္ကိုင္းက လက္သီးဆုပ္ေလာက္ရွိမွာ၊ ဘာအေကာင္မွမျမင္ရဘဲ အကိုင္းက ၫႊတ္က်လာတာဗ်ာ၊ ဘယ္ေလာက္ထိၫႊတ္သလဲဆိုရင္ က်ဳပ္ေခါင္းနားေလာက္ကိုေတာင္ ၫႊတ္ဆင္းလာတာ၊ က်ဳပ္လည္း ေန႔ခင္းေၾကာင္ေတာင္ႀကီး သရဲေျခာက္ေနၿပီလို႔သိလိုက္ၿပီေပါ့။ ဒီအခ်ိန္မွာပဲ က်ဳပ္ပုခုံးကိုလာပုတ္ခံရတယ္။

“ေအာင္မယ္ေလးဗ်”

က်ဳပ္လန္႔ၿပီးလွည့္ၾကည့္လိုက္ေတာ့ ေမာင္သိန္းျဖစ္ေနတယ္၊ ေမာင္သိန္းက က်ဳပ္ကိုထူးဆန္;သလိုလိုနဲ႔ၾကည့္ၿပီးေတာ့

“ငါက အဲဒီေလာက္ေတာင္ ေၾကာက္စရာေကာင္းေနလို႔လားကြ၊ ကဲ၊ သြားၾကစို႔ကြာ”

ေမာင္သိန္းကို က်ဳပ္ဘာမွမေျပာေတာ့ဘဲ သူ႔အေနာက္ကိုပဲ လိုက္ခဲ့တာေပါ့ဗ်ာ။

က်ဳပ္တို႔ ေတာတန္;ထဲကေနထြက္လာေတာ့ ႐ြာအဝင္နားမွာ လူေတြစုလို႔ဗ်၊ က်ဳပ္လည္း သိခ်င္တာနဲ႔အေျပးၾကည့္တာေပါ့ဗ်ာ။ လူေတြက အုံေနလို႔ မနည္းတြန္းဖယ္ရတယ္၊ လူေတြအလယ္မွာေတာ့ ေကာင္မေလးတစ္ေယာက္က ပက္လက္ကေလးဗ်။

“ဟာ၊ အဲဒါ ဘႀကီးေထြးရဲ႕ ေျမးကေလးမဟုတ္လား”

“ဟုတ္ပါ့”

“သူကဘာျဖစ္လို႔အိပ္ေနတာလဲ”

“အိပ္ေနတာမဟုတ္ဘူး၊ ေသေနတာဟဲ့”

“ဗ်ာ . . .”

“ဟုတ္တယ္၊ လယ္ထဲဆင္းရင္းနဲ႔ လယ္တဲေဟာင္းကိုၿဖိဳေတာ့၊ တဲေခါင္မိုးမွာေခြေနတဲ့ ေႁမြေပြးက ခုန္ခ်ၿပီး ငယ္ထိပ္ကိုေပါက္ထည့္လိုက္တာပဲေဟ့၊ ႐ြာထဲကလူေတြေတြ႕ေတာ့ ေသၿပီးေနၿပီတဲ့ဟ”

“ကြၽတ္ . . . ကြၽတ္၊ ႏွေျမာစရာႀကီးဗ်ာ”

ေကာင္မေလးက အခုမွ အသက္ဆယ့္ငါး၊ ဆယ့္ေျခာက္ေလာက္ပဲရွိေသးတာဗ်၊ အပ်ိဳေပါက္အ႐ြယ္ေလးေပါ့ဗ်ာ၊ က်ဳပ္ႏွေျမာတယ္ဆိုတာကေတာ့ သူက ဒီအသက္အ႐ြယ္ကေလးနဲ႔ ေသသြားတာကိုးဗ်၊ နည္းနည္းအသက္ႀကီးလာရင္ က်ဳပ္တို႔ေတြ သူ႔ကို ပိုးလို႔ပန္းလို႔ ရတယ္မဟုတ္လား။

က်ဳပ္တို႔ဆီမွာ အစိမ္းေသေတြေသရင္ မီးရႈိ႕တယ္ဆိုေပမယ့္ အခုက ျဗဳန္းစားႀကီးဆိုေတာ့ စီစဥ္လို႔လည္းမရေသးဘူးေလဗ်ာ၊ ေနာက္ၿပီး႐ြာျပင္မွာေသရင္ ႐ြာထဲအေလာင္းမသြင္;ေကာင္းဘူးဆိုတဲ့ အယူအဆကလည္း ရွိေလေတာ့၊ အဲဒီမိန္းကေလးကို ႐ြာျပင္မွာပဲ အေလာင္းစင္နဲ႔ျပင္ထားလိုက္တာေပါ့ဗ်ာ၊ ဒီေန႔ကလည္း ေန႔တစ္ပိုင္းက်ိဳးေတာ့မွာမဟုတ္လား၊ တစ္ညထားၿပီးေတာ့ ေနာက္ေန႔က်ရင္ မီးသၿဂိဳဟ္မယ္ေပါ့ဗ်ာ။

တစ္႐ြာလုံးကလည္း စိတ္မေကာင္းပါဘူးဗ်ာ။ ဒါနဲ႔ ညေနက်ေတာ့ လယ္ထဲက ေစာေစာတက္ၾကတယ္၊ ႐ြာထိပ္မွာလူေသအေလာင္းရွိရင္ ေစာေစာျပန္ၾကတာထုံးစံပဲမဟုတ္လား။

(၃)

က်ဳပ္အိမ္ျပန္ေရာက္ေတာ့ အေဖတို႔လူႀကီးေတြက ဒီေကာင္မေလးနာေရးအတြက္ ေဆြးေႏြးေနၿပီဗ်။ ေကာင္မေလးဘက္က ခ်ိဳ႕တဲ့တာမို႔လို႔ မီးသၿဂိဳဟ္ဖို႔ကို အရပ္က ကူညီေပးရမွာေပါ့ဗ်ာ၊ မီးသၿဂိဳဟ္တယ္ဆိုတာ ေျမခ်သလိုမဟုတ္ဘဲ အကုန္အက်သိပ္မ်ားတာ၊ ဒီအေလာင္းႀကီးတစ္ေလာင္းလုံး မီးအကုန္ရႈိ႕ဖို႔အတြက္ ထင္းေတြ၊ ေလာင္စာေတြ လိုတယ္ေလဗ်ာ၊ ၿပီးေတာ့ မီးသၿဂိဳဟ္ေပးတဲ့ ကာလသားေတြကိုလည္း အေကြၽးအေမြး၊ အေသာက္အစားနဲ႔လည္; ျပဳစုေပးရေသးတာကိုး။ အေဖက အိမ္ထဲဝင္လာတဲ့ က်ဳပ္ကိုၾကည့္ရင္း

“ဒီကေလးမေလးကို မင္;တို႔ေသေသခ်ာခ်ာၾကပ္မတ္ၿပီးေတာ့ သၿဂိဳဟ္ေပးလိုက္ၾကပါ၊ ငါတစ္ခါတည္းေျပာထားမယ္ေနာ္၊ လြဲတာ မွားတာေတြ မလိုခ်င္ဘူး”

“စိတ္ခ်ပါအေဖရာ”

ေသဆုံးသြားတဲ့ ကေလးမရဲ႕မိဘေတြကေတာ့ ေျဖမဆည္ႏိုင္ဘူးေပါ့ဗ်ာ၊ အေလာင္းႀကီးက အသားေတြမဲတက္လာတာနဲ႔ သနပ္ခါးေတြေဖြးေနေအာင္လူး၊ ပန္းေတြပန္ၿပီးေတာ့ ႐ြာထိပ္မွာ ျပင္ဆင္ေပးထားလိုက္တာေပါ့ဗ်ာ။

အဲဒီည ညသန္းေခါင္ေလာက္ေရာက္ေတာ့ တစ္႐ြာလုံးကေခြးေတြ အူၾကတယ္ဗ်၊ ႐ြာထိပ္မွာအေလာင္းရွိတာဆိုေတာ့ ဒီလိုေခြးအူတာက မေကာင္;ဆိုးဝါးေတြလာတာလားဆိုၿပီး ေတြးေၾကာက္ေနၾကတာေပါ့ဗ်ာ။

မနက္ေရာက္ေတာ့ က်ဳပ္တို႔လယ္ထဲမဆင္းႏိုင္ပါဘူးဗ်ာ၊ ႐ြာအေနာက္ဘက္ ဖုန္းဆိုးကြင္းႀကီးထဲကိုသြားၿပီးေတာ့ ဒီေကာင္မေလးကို မီးသၿဂိဳဟ္ေပးလိုက္ၾကတာေပါ့၊ လူေသကိုမီးရႈိ႕တာ အေတာ္ၾကာတယ္ဗ်၊ ေန႔တစ္ပိုင္းေက်ာ္ေအာင္ကိုၾကာတာ၊ ဒီၾကားထဲ လူေသရဲ႕အသားစေတြကုန္ေအာင္ရႈိ႕ရတယ္၊ တံစူးဝါးေတြဘာေတြပါ အကုန္လုံးကို မီးရႈိ႕ၿပီးဖ်က္ဆီးရေတာ့တာဗ်။ အားလုံးၿပီးသြားေတာ့ ညေနေတာင္ေစာင္းေနၿပီ။

အိမ္ေရာက္ေတာ့ တေရာ္ကင္ပြန္းနဲ႔ တစ္ကိုယ္လုံးကိုေဆးရတယ္၊ ဒါကေတာ့ မေကာင္းတာေတြ ကပ္မပါလာေအာင္၊ သန႔္စင္သြားေအာင္ဆိုတဲ့ အယူအဆေပါ့ဗ်ာ။ ညေရာက္ေတာ့ ထမင္းစားေသာက္ၿပီး အိပ္တာပဲေပါ့၊ ညနက္လာရင္ အရင္ညကလိုပဲ ေခြးေတြအူျပန္ေရာဗ်ိဳ႕။

ေနာက္ေန႔ေတာ့ မိုးေတြ႐ြာတယ္ဗ်၊ ႐ြာတာကမွ သည္းသည္းမည္းမည္းကို႐ြာတာ၊ က်ဳပ္တို႔႐ြာသား လယ္သမားေတြအလုပ္မ်ားၾကတဲ့အခ်ိန္ေပါ့ဗ်ာ၊ က်ဳပ္တို႔လည္း အလုပ္ေတြလုပ္ၿပီး ညေနေရာက္ေတာ့ျပန္လာခဲ့တယ္၊ ေန႔တစ္ပိုင္းေလာက္႐ြာထားတဲ့မိုးက ေမာသြားလို႔ ခဏနားေနတဲ့ပုံပဲဗ်၊ ဒီအခ်ိန္မွာ ေဆးဆရာဦးမွတ္ႀကီးက လြယ္အိတ္လြယ္ၿပီး တက္သုတ္႐ိုက္ေျပးတယ္ဗ်၊ က်ဳပ္လည္းသိခ်င္တာနဲ႔ လိုက္ၾကည့္ေနတာေပါ့ဗ်ာ၊ ဦးမွတ္ႀကီးအေနာက္က ေမာင္သိန္းအေမႀကီးက အေမာတေကာနဲ႔ေျပးေနျပန္ေရာ၊ က်ဳပ္လည္း ေမာင္သိန္းအေမလက္ကိုလွမ္းဆြဲလိုက္တာေပါ့။

“အရီး . . . အရီး၊ ေနစမ္းပါအုံး၊ ဘာျဖစ္လို႔ ေျပးေနၾကတာလဲ၊ ဘယ္သူဘာျဖစ္လို႔လဲ”

“နင့္သူငယ္ခ်င္းေမာင္သိန္း အေတာ္ဖ်ားေနလို႔ဟ”

“ဖ်ားတာမ်ား ဆန္းသလား အရီးရာ”

“ဒါေတာ့ငါလည္းသိတာေပါ့၊ ဒါေပမယ့္ ဒီတစ္ခါဖ်ားတာကဆန္;တယ္၊ ကေယာင္ကတမ္းေတြလည္းေအာ္ၿပီးေတာ့ ေၾကာက္လဲေၾကာက္ေနတာ၊ ဒါနဲ႔ပဲ ဦးမွတ္ႀကီးေျပးပင့္ရတာေပါ့၊ သာမန္အဖ်ားပဲလား၊ အပမွီတာလားေတာ့ မသိပါဘူး”

အပမွီတယ္ဆိုတာၾကားတာနဲ႔ က်ဳပ္လည္းသိခ်င္သြားတယ္၊ ဒါနဲ႔ သူတို႔နဲ႔အတူတူလိုက္ေျပးခဲ့တာေပါ့ဗ်ာ၊ ေမာင္သိန္းအိမ္ကိုတက္လိုက္ေတာ့ ေဆးဆရာႀကီးနဲ႔ ေမာင္သိန္းေဆြမ်ိဳးေတြက ဝိုင္;အုံေနၾကတယ္၊ ေမာင္သိန္းကေတာ့ အိမ္ေထာင့္မွာထိုင္ၿပီး တစ္ကိုယ္လုံးကို ေစာင္နဲ႔အုပ္ထားရွာတယ္။

“မလာနဲ႔၊ ငါ့အနားမလာနဲ႔”

“ေဟ့ေကာင္ဘာျဖစ္တာလဲ၊ ငါေဆးဆရာဦးမွတ္ႀကီးကြ မင္းကိုကုသေပးဖို႔လာခဲ့တာ”

“မလာနဲ႔၊ သြား . . . သြား”

ဦးမွတ္ႀကီးက ေမာင္သိန္;အမ်ိဳးေတြကိုလွည့္ၾကည့္ေတာ့ အမ်ိဳးထဲက ေယာက္်ားႏွစ္ေယာက္က ေမာင္သိန္;ကိုဖမ္းခ်ဳပ္လိုက္ၾကတယ္၊ ေမာင္သိန္းၿခဳံထားတဲ့ေစာင္ကိုဆြဲဖယ္လိုက္ေတာ့ ေမာင္သိန္းက မ်က္လုံးအျပဴးသားနဲ႔ဗ်။

“မသြားဘူး၊ ဟိုမွာရပ္ေနတယ္၊ မသြားဘူး”

ေမာင္သိန္းက အိမ္ေရွ႕တံခါးကိုလက္ညႇိဳးထိုးရင္း ေအာ္ေနေတာ့တာပဲ၊ ဦးမွတ္ႀကီးက ေဆးႀကိမ္လုံးကိုထုတ္လိုက္ၿပီးေတာ့ ၾကမ္းျပင္ကိုတျဗန္းျဗန္;႐ိုက္တယ္။

“ဒါ ေသြး႐ိုးသား႐ိုးမဟုတ္ဘူး၊ အပမွီတာပဲေဟ့၊ ကဲ မင္းတို႔သူ႔ကိုခ်ဳပ္ထားၾကစမ္း၊ ငါေမးစမ္းၾကည့္ပါအုံးမယ္”

ဦးမွတ္ႀကီးက ေမာင္သိန္းကိုၾကည့္ၿပီးေတာ့

“ကဲ၊ ဒီသူငယ္ကို ဘယ္လိုပုဂၢိဳလ္က ဘာေၾကာင့္မ်ား ျပဳစားရန္ရွာထားသလဲဆိုတာ အထင္အရွားျပပါ”

တုန္ခါေနတဲ့ ေမာင္သိန္းက ေခြက်သြားတယ္ဗ်၊ ၿပီးေတာ့ ဆတ္ခနဲေကာက္ထိုင္တယ္၊ မ်က္ႏွာအမူအရာလည္; ေတာ္ေတာ္ေျပာင္းသြားတယ္၊ ပိုၿပီးသိသာတာကေတာ့ ဆံပင္ကိုသိမ္;ေနတာပဲဗ်ာ၊ ေမာင္သန္းရဲ႕ဆံပင္က ဘိုေကဆိုေပမယ့္ အခုေတာ့ သူက ဂုတ္နားကဆံပင္ကို လက္နဲ႔သပ္ၿပီးတင္သလိုလုပ္ေနတာ။ ဦးမွတ္ႀကီးက တစ္ခ်က္ၾကည့္ၿပီးေတာ့

“နင္ဘယ္သူလဲ”

“ငါ့နာမည္ ပိုးျဖဴ”

အသံက ခပ္ေသးေသးခပ္စာစာပဲဗ်။

“ပိုးျဖဴ၊ ဘယ္ကပိုးျဖဴလည္;”

က်ဳပ္လည္း မသိဘူးေလဗ်ာ၊ ဒီေတာ့မွ ေမာင္သိန္းကေျပာတယ္။

“တစ္ေန႔က ပိုးထိၿပီးဆုံးသြားတဲ့ ဘႀကီးေထြးေျမး ပိုးျဖဴကိုေျပာတာ”

သူကိုယ္တိုင္ေျပာမွပဲ က်ဳပ္တို႔လည္းနားလည္သြားေတာ့တယ္။ ဦးမွတ္ႀကီးက ၾကမ္းျပင္ကို ႀကိမ္လုံးနဲ႔႐ိုက္ရင္း

“နင္က ေသၿပီးၿပီမဟုတ္လား ဘာလို႔သူ႔ကို ဖမ္းစားထားတာလဲ”

“မေက်နပ္လို႔ . . . ”

“ဘာကိုမေက်နပ္တာလဲ”

“ဒီေကာင္ငါ့ကိုေစာ္ကားလို႔ ဒီေကာင့္ကိုမေက်နပ္လို႔ ပူးထားတာ”

အိမ္ေပၚမွာရွိေနတဲ့လူေတြအားလုံး အံ့အားသင့္သြားၾကတယ္။

“နင့္ကိုဘယ္လိုေစာ္ကားလို႔လဲ”

“ငါ့ကိုနမ္းတယ္၊ ေနာက္ၿပီးေတာ့ ငါ့ပါးက သနပ္ခါးကိုလည္း ျခစ္ယူတယ္၊ ဒီေကာင့္ကို ငါမေက်နပ္ဘူး၊ ဒီေကာင့္ကို ငါကိုယ္တိုင္သတ္မယ္၊ ငါကိုယ္တိုင္သတ္မယ္”

အဲဒီလိုေျပာၿပီးတာနဲ႔ ေမာင္သိန္းက ကိုယ့္လည္ပင္းကိုယ္ ျပန္ညႇစ္ေတာ့တာပဲဗ်ာ၊ ေဘးမွာၾကည့္ေနတဲ့လူက လက္ျမန္လို႔သာ ေတာ္ေသးတာဗ်။ ဒါေတာင္မွ အတင္း႐ုန္းကန္ၿပီးေတာ့ လည္ပင္းကိုညႇစ္ေနေသးတာ္၊ ဦးမွတ္ႀကီးလည္း ေခြၽးေတြျပန္လာတာေပါ့ဗ်ာ။

“ဟဲ့ နင့္ကိုငါတို႔ ေကာင္းရာမြန္ရာေရာက္ေအာင္ အမွ်ေပးမယ္၊ နင္သူ႔ဆီကေနထြက္ေတာ့”

“မထြက္ဘူး၊ လုံး၀မထြက္ဘူး”

ေမာင္သိန္းက အေၾကာက္အကန္ျငင္းေနတာဗ်၊ ဒါနဲ႔ ဦးမွတ္ႀကီးလည္း

“မထြက္ရင္ ကဲကြာ၊ ကဲကြာ”

ေမာင္သိန္းေက်ာကို ႀကိမ္လုံးနဲ႔တ႐ႊမ္း႐ႊမ္းျမည္ေအာင္႐ိုက္တာပဲ၊ ေမာင္သိန္းကလည္း အစကလူးလြန႔္ေနတာေပါ့ဗ်ာ၊ ေနာက္ေတာ့ ဦးမွတ္ႀကီးက ဆက္သာ႐ိုက္ေနရတယ္ ေမာင္သိန္းက မထုံတတ္ေတးနဲ႔ ငုတ္တုတ္ႀကီးထိုင္ေနတာဗ်၊ ဦးမွတ္ႀကီးနဖူးမွာဆိုရင္ ေခြၽးသီးေခြၽးေပါက္ေတြက တေပါက္ေပါက္နဲ႔က်ေနပါေရာဗ်ာ။

“ထြက္စမ္း၊ မထြက္ရင္ နင္ဒီထက္ အသားနာလိမ့္မယ္”

“႐ိုက္စမ္း၊ ႐ိုက္စမ္း . . . ငါ့ကိုႀကိဳက္သေလာက္႐ိုက္၊ ငါမနာဘူး”

ဦးမွတ္ႀကီးကလည္း လႊဲလႊဲၿပီး႐ိုက္တာပဲဗ်ာ၊ ေမာင္သိန္းတစ္ကိုယ္လုံး ႀကိမ္လုံးရာေတြနဲ႔ျပည့္ေနတာပဲ၊ ေမာင္သိန္းကေတာ့ အၿပဳံးမပ်က္ဘူးဗ်။

“ဟား၊ ဟား ႐ိုက္စမ္း၊ ႐ိုက္စမ္း”

ဦးမွတ္ႀကီးကလည္း အေတာ္ေမာေနၿပီဗ်၊ ေဟာဟဲ၊ ေဟာဟဲနဲ႔ကို အသက္ရႉေနရတာ၊ ေနာက္ေတာ့သူလည္း ဘုရားေက်ာင္းေဆာင္ေပၚကိုၾကည့္လိုက္တယ္ဗ်၊ ဘုရားေသာက္ေတာ္ေရခြက္ကို စြန႔္လိုက္ၿပီးေတာ့ ေမာင္သိန္းကို ေရေတြနဲ႔ေတာက္လိုက္တယ္။

“ေအာင္မယ္ေလး၊ ပူလိုက္တာ”

“ဟဲ့ ပိုးျဖဴ၊ နင့္ကိုထြက္ေတာ့လို႔ေျပာေနတယ္ေနာ္”

ေမာင္သိန္းက ေခါင္းခါျပတယ္၊ ဦးမွတ္ႀကီးက ေရနဲ႔ထပ္ေတာက္တယ္ဗ်၊ ေမာင္သိန္းခမ်ာ ၾကမ္းေပၚမွာလူးေနေတာ့တာ၊ အဲဒီလို ဦးမွတ္ႀကီးက ေရနဲ႔ေတာက္လိုက္၊ ေမာင္သိန္းက လူးလွိမ့္လိုက္နဲ႔ နာရီဝက္ေလာက္သာၾကာသြားတယ္၊ သရဲက မထြက္ဘူးဗ်ိဳ႕။

“ေဟ့ေကာင္မွတ္ႀကီး၊ ေတာ္ေတာ့ကြာ၊ မင္းက သူ႔ကိုႏွိပ္စက္သလိုျဖစ္ေနၿပီ”

အဲဒီလိုေအာ္ၿပီးေတာ့ အိမ္ေပၚကိုေျပးတက္လာတာကေတာ့ ဦးဘသာပဲဗ်၊ ဦးမွတ္ႀကီးက ဦးဘသာကိုေတြ႕ေတာ့ အေနာက္ကိုဆုတ္သြားတယ္၊ ဦးဘသာကေတာ့ ဘာမွမေျပာပါဘူးဗ်ာ၊ ေမာင္သိန္းလက္ကိုေျပးဆြဲၿပီးထူလိုက္ေတာ့ ေမာင္သိန္းက ဦးဘသာလက္ေပၚကို ယိမ္းၿပီးက်သြားတာဗ်၊ ဦးဘသာကလည္း သူ႔ကိုယ္လုံးနဲ႔ထိန္းထားတာေပါ့။ ၿပီးတာနဲ႔ ခ်ဳံးပြဲခ်ၿပီး ငိုေတာ့တာေပါ့ဗ်ာ၊ မ်က္ရည္ေတြဆိုတာ တေပါက္ေပါက္နဲ႔စီးက်လာပါေရာ၊ ဦးဘသာက ေမာင္သိန္းနဖူးကို အသာသပ္ေပးတယ္ဗ်။

“သမီးဘာျဖစ္ခ်င္သလဲ”

“သူက သမီးကိုေစာ္ကားတယ္”

“ဒီေကာင္ဘာလုပ္ခဲ့လို႔လဲ အမွန္အတိုင္းေျပာစမ္းသမီး”

“အဲဒီညက သူတစ္ေယာက္တည္း ႐ြာျပင္ကိုလာတယ္၊ သမီးအေခါင္းကိုဖြင့္ၿပီးေတာ့ နင့္ကိုငါႀကိဳက္တယ္လို႔ေျပာၿပီး သမီးပါးကိုနမ္းတယ္”

အဲဒီလိုေျပာေတာ့က်ဳပ္တို႔လည္း အံ့ဩသြားတာေပါ့ဗ်ာ.

“ဒီေကာင္နင့္ကိုတကယ္ပဲ အဲဒီလိုလုပ္တာလား”

“ၿပီးေတာ့ တုတ္တစ္ေခ်ာင္းနဲ႔ သမီးရဲ႕ပါးက သနပ္ခါးကို ျခစ္ခ်တယ္၊ ေခါင္းမွာပန္ထားတဲ့ ပန္းတစ္ပြင့္ကိုလည္း ယူသြားေသးတယ္၊ သမီးမေက်နပ္ဘူး၊ သမီးဒီေကာင့္ကိုမေက်နပ္ဘူး”

“ၿပီးခဲ့တာေတြ၊ ၿပီးပါေစေတာ့သမီးရယ္၊ ဦးႀကီး ဒီေကာင့္ကိုဆုံးမလိုက္တယ္၊ ၿပီးေတာ့ သမီးကိုလည္း ျပန္ၿပီးေတာင္းပန္ခိုင္းလိုက္တယ္၊ သမီးေက်နပ္ေတာ့ေနာ္၊ သူမ်ားကို ရန္ျပဳတာမေကာင္းဘူးသမီးရဲ႕”

ဦးဘသာက ေျပာေနရင္းနဖူးကိုလက္နဲ႔သပ္ေပးေနတာဗ်။ ေမာင္သိန္းက မ်က္လုံးျပဴးတူးေၾကာင္ေတာင္နဲ႔ၾကည့္ေနၿပီးေတာ့ ေနာက္ေတာ့ မ်က္လုံးေတြမွိတ္က်သြားတယ္၊ ခဏၾကာေတာ့မွ ငုတ္တုတ္ေကာက္ထိုင္ၿပီးေတာ့ မ်က္လုံးျပဴးမ်က္ဆန္ျပဴးနဲ႔ ေဘးဘီကိုလိုက္ၾကည့္တယ္ဗ်။

“ဘာျဖစ္တာလဲ၊ က်ဳပ္ဘာျဖစ္တာလဲ”

ဦးမွတ္ႀကီးလည္း ဒီေတာ့မွ လက္မႈိင္ခ်သြားတာပဲ၊ သူ႔လြယ္အိတ္ႀကီး သူေကာက္လြယ္ၿပီးေတာ့ အိမ္ေပၚကေနဆင္းသြားပါေရာဗ်ာ၊ ဒီပြဲမွာ သူဆက္ၿပီးမရွိေနသင့္ေတာ့ဘူးလို႔ ထင္သြားလို႔ေနမွာေပါ့။ ေမာင္သိန္းကို သူ႔အေမက ေျပးၿပီးေမးတယ္။

“သားေလး၊ နင္ ေသသြားတဲ့ပိုးျဖဴကို သြားနမ္းတယ္ဆို”

ေမာင္သိန္းေခါင္းငိုက္စိုက္က်သြားတယ္။ ၿပီးေတာ့ ဆတ္ခနဲေခါင္းညိတ္တယ္ဗ်။ သူ႔အေမဆိုရင္လည္; ေတာ္ေတာ္ကိုအံ့ဩသြားတာေပါ့။

“နင္ဘာလို႔ အဲဒီလိုလုပ္တာလဲ”

ေမာင္သိန္းက ေခါင္းႀကီးငုံ႔ၿပီးေတာ့

“က်ဳပ္မွားပါတယ္အေမရာ၊ က်ဳပ္ကို႐ိုက္စမ္းပါ”

အဲဒီလိုေျပာၿပီးေတာ့ ေခါင္းထိုးေပးတယ္ဗ်၊ ဦးဘသာက ေမာင္သိန္းဆံပင္ကိုဆြဲၿပီး ေခါင္းကိုဆြဲလွန္လိုက္တယ္။

“ေမာင္သိန္း၊ ဒီကိစၥက မင္းအသားနာ႐ုံနဲ႔ ၿပီးသြားမယ့္ ကိစၥမဟုတ္ဘူးကြ၊ ေျပာစမ္းပါ၊ မင္းအမွန္အတိုင္းေျပာစမ္းပါ”

ေမာင္သိန္းလည္းဒီေတာ့မွ

“က်ဳပ္ေျပာပါ့မယ္၊ ၿပီးခဲ့တဲ့တစ္ပတ္ေလာက္က ႐ြာအျပင္ဇရပ္မွာ ရေသ့ႀကီးတစ္ပါးကို က်ဳပ္ေတြ႕လိုက္တယ္၊ သူက ေဆးေတြေဖာ္စပ္ေနတဲ့ ရေသ့ႀကီးတဲ့၊ သူက ႐ြာအေနာက္ဘက္ ေတာတန္းမွာေနမယ္ဆိုၿပီးေတာ့ ထြက္သြားတာပဲဗ်ာ၊ က်ဳပ္ကိုလည္း ႐ြာအေၾကာင္းေတြေမးေသးတယ္။ က်ဳပ္လည္းသိသေလာက္ေျဖလိုက္တာေပါ့”

“ေဟာေတာ္၊ ငါလည္းမသိလိုက္ရပါလား”

ေမာင္သိန္းအေမကေျပာတယ္ဗ်၊

“ရေသ့ႀကီးက သူေရာက္ေနတာ ဘယ္သူ႔ကိုမွ မေျပာပါနဲ႔တဲ့၊ ေနာက္ၿပီး က်ဳပ္ကိုတစ္ခုေျပာေသးတယ္၊ သူလိုအပ္တာကို ကူညီေပးရင္ က်ဳပ္ကိုလည္းျပန္ၿပီးေတာ့ ေက်းဇူးဆပ္မယ္တဲ့ဗ်ာ၊ ဒါနဲ႔ က်ဳပ္လည္း သူ႔ကိုစားဖို႔ေသာက္ဖို႔ ပို႔ေပးရတာေပါ့၊ ၿပီးေတာ့ သူ႔ဆီက ပီယေဆးေတာင္းၾကည့္တာေပါ့၊ အဲဒီအခါက်ေတာ့ ရေသ့ႀကီးက အပ်ိဳစင္႐ုပ္အေလာင္းရဲ႕ပါးက သနပ္ခါးရရင္ သူလုပ္ေပးမယ္တဲ့”

ဦးဘသာက ေခါင္းညိတ္ၿပီးေတာ့

“ဒါဆိုငါသိၿပီ၊ ဒါနဲ႔ပဲမင္းက ေသသြားတဲ့ပိုးျဖဴအေလာင္းဆီက သနပ္ခါးကိုယူခဲ့တာေပါ့၊ ဟုတ္သလား”

ေမာင္သိန္းက ေခါင္းညိတ္တယ္။

“သနပ္ခါးကိုေတာင္ ဒီအတိုင္းမယူရဘူးတဲ့၊ မသာႀကီးရဲ႕မ်က္ႏွာကိုေသခ်ာၾကည့္ၿပီးေတာ့ နင့္ကိုငါႀကိဳက္တယ္၊ နင့္ကိုငါခ်စ္တယ္လို႔ သုံးေလးခါေျပာရတယ္၊ အဲဒီလိုေျပာၿပီးရင္ စတိအေနနဲ႔ ပါးကိုနမ္;ရတယ္။ ၿပီးေတာ့မွ ပါးကသနပ္ခါးကိုတုတ္နဲ႔ျခစ္ခ်ရတယ္၊ ေသသူပန္ထားတဲ့ ပန္းတစ္ပြင့္ကိုလည္; ယူခဲ့ရေသးတယ္ဗ်ာ”

“ဒါဆို မင္းအဲဒီပန္;ေတြ သူ႔ကိုေပးလိုက္ၿပီလား”

ေမာင္သိန္;ကေခါင္းခါၿပီးေတာ့

“က်ဳပ္ေနာက္ေန႔ေတာ့သူ႔ကိုသြားရွာပါတယ္။ ဒါေပမယ့္ မေတြ႕ခဲ့ဘူးဗ်၊ ဒါနဲ႔ပဲ အဲဒီအထုပ္ကေလးကို အိမ္ကိုျပန္ယူခဲ့တာ။ ေဟာဟိုက လြယ္အိတ္ရဲ႕ ေအာက္ဘက္နားမွာ က်ဳပ္လက္ကိုင္ပုဝါနဲ႔ထုပ္ၿပီး သိမ္းထားေသးတယ္”

ဦးဘသာက က်ဳပ္ကိုလွမ္းၾကည့္တယ္ဗ်၊ က်ဳပ္လည္း ထလိုက္ၿပီးေတာ့ ေမာင္သိန္းေျပာတဲ့ လြယ္အိတ္ကိုသြားႏႈိက္ပါေရာ၊ လြယ္အိတ္ေအာက္နားမွာ အဝတ္ထုပ္ကေလးစမ္းမိလို႔ ႏႈိက္လိုက္ေတာ့ အျပာေရာင္လက္ကိုင္ပုဝါကေလး ပါလာတယ္ဗ်။

က်ဳပ္လည္း ကိုင္သာကိုင္ရတာ စိတ္ထဲမသတီဘူးေပါ့ဗ်ာ၊ ဒါနဲ႔ ဦးဘသာႀကီးကိုေျပးၿပီး ေပးလိုက္တယ္၊ ဦးဘသာႀကီးက လက္ကိုင္ပုဝါထုပ္ကို သူ႔လက္ဝါးထဲမွာ ေျဖၾကည့္လိုက္တယ္။

“ေအာင္မာ၊ ဒီေကာင္က တကယ္လုပ္ထားတာပဲ”

လက္ကိုင္ပုဝါထဲမွာ ပန္းကေလးတစ္ပြင့္ရယ္၊ သနပ္ခါးအဖတ္အမႈန႔္ေတြရယ္ ေတြ႕တယ္ဗ်၊ ထူးဆန္းတာက ရက္ေတြၾကာေနေပမယ့္ ပန္းကေလးကေတာ့ လန္းေနေသးတယ္။ ဦးဘသာက အဲဒီအထုပ္ကေလးကို ေမာင္သိန္းအေရွ႕ကိုထိုးေပးၿပီးေတာ့

“ကဲ ေမာင္သိန္း၊ လက္အုပ္ခ်ီလိုက္၊ ၿပီးေတာ့ မင္းသူ႔ကိုေသေသခ်ာခ်ာေတာင္းပန္စမ္းကြာ”

ေမာင္သိန္းလည္းလက္အုပ္ခ်ီၿပီးေတာင္းပန္ပါတယ္။

“ငါနင့္ကိုလုပ္ခဲ့တာေတြအတြက္ ငါေတာင္းပန္ပါတယ္၊ ငါ့ကိုခြင့္လႊတ္ေပးပါ ပိုးျဖဴရာ”

ဦးဘသာက ပန္းကေလးကို သူ႔မ်က္ႏွာအနားကပ္လိုက္ၿပီးေတာ့

“ကဲသမီး၊ သူလည္းေတာင္;ပန္ေနၿပီပဲ၊ သမီးေက်နပ္ေတာ့ေနာ္၊ သမီးအတြက္ မၾကာခင္ရက္လည္လုပ္ေပးမယ္၊ ေကာင္းမႈေတြလုပ္ေပးမယ္၊ သမီး အမွ်အတန္းယူၿပီးေတာ့ ေကာင္းရာမြန္ရာသြားပါေတာ့ကြယ္”

ဦးဘသာက အဲဒီလိုေျပာၿပီးေတာ့ အဲဒီလက္ကိုင္ပုဝါကေလးကို ေသေသခ်ာခ်ာျပန္ထုပ္ပိုးလိုက္တယ္ဗ်၊ ၿပီးေတာ့ ေမာင္သိန္းကိုထိုးေပးလိုက္တယ္။

“ေရာ့ေမာင္သိန္း၊ မင္းဒီလက္ကိုင္ပုဝါကေလးကိုယူၿပီးေတာ့ အိမ္ကေနေျပးေတာ့၊ ႐ြာကိုေနာက္ျပန္လွည့္မၾကည့္နဲ႔၊ ၿပီးရင္ ႐ြာအျပင္က ႐ိုးေခ်ာင္းထဲကိုလြင့္ပစ္ခ်ခဲ့စမ္းကြာ”

ေမာင္သိန္းက မ်က္လုံးျပဴးႀကီးနဲ႔ လက္ကိုင္ပုဝါထုပ္ကိုၾကည့္ေနတယ္။

“က်ဳပ္ . . . က်ဳပ္မလုပ္ခ်င္ဘူးဗ်ာ၊ က်ဳပ္ ေၾကာက္တယ္”

“ေအာင္မာ၊ ညနက္သန္းေခါင္ မသာႀကီးကို ခ်စ္တယ္ေျပာၿပီး သြားနမ္းခဲ့တဲ့ေကာင္က အခုက်ေတာ့ ေၾကာက္တယ္တဲ့လား”

ဦးဘသာက ႀကိမ္းေမာင္းၿပီးေတာ့ အဲဒီအထုပ္ကေလးကို ေမာင္သိန္းေဆြမ်ိဳးေတြဘက္ကိုထိုးေပးတယ္၊ ဘယသူမွ အဲဒီအထုပ္ကို ကိုင္ရဲပုံမေပၚဘူးဗ်ာ၊ က်ဳပ္လည္း အေျခအေနမဟန္ေတာ့မွန္းသိလိုက္တယ္၊ ဒါနဲ႔ ဦးဘသာအေနာက္ကေန အသာကေလးထၿပီး တစ္ဖက္လွည့္ဖို႔ျပင္ေနတုန္းမွာပဲ ဦးဘသာက က်ဳပ္ပုဆိုးစကိုဆြဲလိုက္တယ္။

“အလတ္ေကာင္ . . . ”

“ဗ် . . . ဗ်ာ . . .”

“မင္းပဲသြားလိုက္စမ္းပါကြာ”

“ဟုတ္ . . ဟုတ္ကဲ့”

ဦးဘသာက က်ဳပ္လက္ထဲကို အထုပ္ေလးေပးလိုက္တာနဲ႔ က်ဳပ္လည္း အိမ္ေပၚက ဆင္းေျပးတာပဲဗ်ာ၊ အေနာက္ကိုလွည့္မၾကည့္ရဘူးဆိုလို႔ တစ္ခ်က္မွမလွည့္ဘူးေပါ့၊ ဒီလိုနဲ႔ဒုန္းစိုင္းေျပးရင္း ႐ြာျပင္ကိုေရာက္လာတာေပါ့ဗ်ာ၊ တစ္မနက္လုံး႐ြာထားတဲ့မိုးက ညေနတစ္ခ်ီထပ္႐ြာျပန္ပါၿပီ၊ မိုးေကာင္းကင္တစ္ခုလုံးအုပ္ဆိုင္းၿပီးေတာ့ မိုးေတြက သည္းသည္းမည္းမည္းကို႐ြာပါေရာဗ်ာ၊

ညေနလည္းျဖစ္ျပန္၊ မိုးကလည္းေမွာင္ေနေတာ့ အေတာ္ကိုေမွာင္ေနၿပီဗ်၊ ႐ြာျပင္႐ိုးေခ်ာင္းကိုျဖတ္တဲ့တံတားကေလးဆီေရာက္တာနဲ႔ လက္ထဲကအထုပ္ကို ႐ိုးေခ်ာင္းထဲကို ပစ္ခ်လိုက္ေတာ့တာပဲဗ်ာ။ မိုးလည္း႐ြာထားတာဆိုေတာ့ ႐ိုးေခ်ာင္းက ေရေတြစီးေနတာေပါ့၊ လက္ကိုင္ပုဝါ ျပာျပာအထုပ္ကေလးက ႐ိုးေခ်ာင္းေရထဲစီးၿပီး ေျမာသြားတာ ျမန္လိုက္တာဗ်ာ။

က်ဳပ္လည္း အေျပးတစ္ပိုင္းနဲ႔ လွည့္ျပန္ခဲ့တာေပါ့ဗ်ာ၊ ဒါနဲ႔ ေတာ္ေတာ္ေဝးေဝးလည္း ေရာက္ေရာ အေနာက္ကိုတစ္ခ်က္ျပန္လွည့္ၾကည့္မိတယ္ဗ်၊ ႐ိုးေခ်ာင္းကူးတံတားေပၚမွာ မိန္းကေလးတစ္ေယာက္ မတ္တပ္ရပ္လို႔ဗ်၊ မိုးစက္ေတြၾကားမွာ သဲသဲကြဲကြဲမျမင္ရေပမယ့္၊ အဲဒီမိန္းကေလးက ပိုးျဖဴမွ ပိုးျဖဴအစစ္ပဲဗ်ာ။ က်ဳပ္လည္း ေၾကာက္ေၾကာက္နဲ႔ဆက္ေျပးခဲ့ရတာေပါ့။

“ဒါေၾကာင့္ မလုပ္သင့္တာေတြ မစမ္းသင့္တာေတြ မစမ္းနဲ႔လို႔ ငါေျပာရတာေပါ့ကြာ”

ေနာက္ေန႔ လယ္ထဲဆင္းေတာ့ ဦးဘသာႀကီးနဲ႔ အဲဒီအေၾကာင္းေတြေျပာမိေသးတယ္ဗ်။

“အဲဒီရေသ့ႀကီးကလည္; ေတာ္ေတာ္ဆိုးဆိုးပဲေနာ္ဗ်”

“ဒါတမင္သက္သက္ ေမာင္သိန္းကိုေခ်ာက္ခ်သြားတာကြ၊ ေနာက္ၿပီး ေမာင္သိန္းေျပာလိုက္ေတာ့မွ ပိုးျဖဴကေလးေသတာ ေသြး႐ိုးသား႐ိုးမွ ဟုတ္ပါ့မလားလို႔ ငါေတြးမိတယ္”

“ေႁမြေပြးကိုက္မိၿပီးေသတာဗ်၊ ေသြး႐ိုးသား႐ိုးမဟုတ္လို႔ ဘာျဖစ္ရမွာလဲဗ်ာ”

ဦးဘသာက ေခါင္းခါရင္း

“မဟုတ္ဘူးကြ၊ ေႁမြကိုက္တာေတာင္မွ ကိုက္တဲ့ေႁမြက ေသြး႐ိုးသား႐ိုးမွဟုတ္ရဲ႕လားလို႔”

က်ဳပ္လည္းအေတာ္ထူးဆန္းသြားတာေပါ့ဗ်ာ။

“ဒါဆို ဘယ္သူလုပ္တာလို႔ ဦးဘသာထင္သလဲ”

“ငါ့စိတ္ထင္ အဲဒီရေသ့ႀကီးက ႐ိုးမွ႐ိုးရဲ႕လားလို႔ကြာ”

ဦးဘသာက ဘာမွမေျပာေတာ့ဘဲ ေရေႏြးခြက္ကိုေကာက္ကိုင္လိုက္ၿပီး တစ္ခုခုကိုစဥ္းစားရင္း ေသာက္ေနေလရဲ႕ဗ်ာ။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ