” စုန်းထီးကြီး ဦးဘသာနှင့် အနိဋ္ဌထမင်းဝိုင်း “(စ/ဆုံး)

Unicode Version

” စုန်းထီးကြီး ဦးဘသာနှင့် အနိဋ္ဌထမင်းဝိုင်း “(စ/ဆုံး)
—————————————————————–
အတွဲ(၅) စာစဉ်(၂)

(၁)

တစ်နေကုန်နွားကျောင်းပြီးရင်တော့ ညနေစောစောအိမ်ကိုပြန်လာခဲ့တယ်ဗျ၊ လယ်ကွင်းတွေထဲကို နွားကျောင်းထွက်ရင်း ပီလောရွက်ကလေး၊ မှိုနတိုရွက်ကလေး ချိုးယူလာခဲ့သဗျာ၊ အိမ်ကိုရောက်တော့မိုးတောင်ရွာနေပါပြီ၊ ဒါနဲ့ မီးမွှေးပြီးတော့ ထမင်းလေးတစ်အိုးတည်လိုက်တယ်၊ ပီလောရွက်နဲ့ မှိုနတိုရွက်ကလေးကို ရေကလေးနည်းနည်းနဲ့သောက်ဆမ်းလေးချက်ပြီးတော့ ငရုတ်သီးဆားထောင်းကလေးတစ်ခွက်ထောင်းတယ်၊ ငါးခြောက်ကလေးမီးဖုတ်လိုက်တယ်ဆိုရင်ပဲ ကျုပ်အတွက်ထမင်းတစ်နပ်က ပြီးပြည့်စုံသွားပါပြီဗျာ၊ ရေနွေးဆူဆူထဲကို လောက်သေရွက်နဲ့ လက်ဖက်ခြောက်ရောထားတဲ့ အရောလေးခပ်လိုက်ပြီး ကျအောင်စောင့်ရင်း ထမင်းစားဖို့ပြင်နေလိုက်ပါတယ်၊ ကျုပ်တို့အညာဘက်တော့ လက်ဖက်ခြောက်ရှားတဲ့ခုလိုမိုးရာသီဆိုရင် အခြောက်ခံထားတဲ့ လောက်သေရွက်ကို လက်ဖက်ခြောက်နဲ့ရောသောက်ကြတယ်ဗျ၊ တစ်ချို့ကလည်း ရွှေကူသန်လျက်လို့ခေါ်ကြတယ်၊ အဲဒီအရွက်က ဆေးဖက်လည်းဝင်တဲ့အပြင် လက်ဖက်ခြောက်ထဲရောသောက်ရင် အရောင်လည်းလှသလို အရသာကလည်း လက်ဖက်ခြောက်နဲ့သိပ်ထူးမခြားမို့လို့ အဲဒီလိုထည့်သောက်နေကြပေါ့ဗျာ။

ဆန်ကြမ်းထမင်းကလေးပေါ်ကို ငါးခြောက်ကလေးတစ်ဖဲ့တင်၊ ငရုတ်သီးထောင်းကလေး လက်တစ်တို့လောက်ထည့်ပြီး ပါးစပ်ထဲကိုအသာသွင်း၊ ပြီးတော့ ပီလောဟင်းချိုချွဲချွဲကလေးနဲ့ လည်ချောင်းထဲမြှောချပြီး ပူပူနွေးနွေးစားရတာက အရသာတစ်ခုပါပဲဗျာ၊ စားလို့ကောင်းနေတုန်း မကြာပါဘူးဗျာ၊ အိမ်ရှေ့က ခေါ်သံကြားပါရော။

“ဦးဘသာ၊ ဦးဘသာ”

အသံကတော့ သူကြီးသားအငယ်ကောင်အသံဗျ၊ ဒီကောင်က ကြီးကောင်ဝင်နေပြီဆိုပေမယ့် အသံက ကလေးသံမပျောက်သေးဘူး၊ အသံကြားရတာကလည်း အမောတကောနဲ့ဆိုတော့ တစ်ခုခုတော့ထူးနေပြီထင်ပါတယ်ဗျာ။

“ဟေ၊ အငယ်ကောင်လား၊ ဝင်ခဲ့လေကွာ”

အငယ်ကောင်လည်း အိမ်ထဲဝင်လာရော ကျုပ်ထမင်းဝိုင်းနဲ့တည့်တည့်တိုးတော့တာပေါ့ဗျာ။

“စားပါအုံးအငယ်ကောင်ရ”

“ဟာ၊ ဦးဘသာကြီး ထမင်းစားနေတာလားဗျာ၊ အားနာစရာကြီး၊ ဒါဆိုရင်တော့ ထမင်းဆက်စားပါ၊ ထမင်းစားပြီးရင်တော့ အိမ်ကိုလာခဲ့ပါအုံး၊ အဖေက ခေါ်ခိုင်းလိုက်လို့ဗျ”

“သြော်၊ အေးအေး၊ အရေးကြီးလို့လား၊ အရေးကြီးရင် အခုလိုက်ခဲ့မယ်လေကွာ”

“ရပါတယ်ဦးဘသာရာ၊ ဒီလောက်မဟုတ်ပါဘူး”

“တစ်ခါတည်းဝင်စားသွားပါအုံးလား”

“အိမ်မှာက ဟင်းကောင်းတယ်ဗျ၊ အမဲသားဟင်း၊ ဦးဘသာက ငါးခြောက်ပဲဟင်းလုပ်စားနေတာကို၊ မစားတော့ပါဘူးဗျာ”

အငယ်ကောင်ထွက်သွားတော့မှ ကျုပ်လည်းထမင်းဆက်စားရတော့တယ်၊ ဒါပေမယ့် အေးအေးဆေးဆေးတော့ မစားနိုင်တော့ပါဘူးဗျာ၊ ကျုပ်ကိုဘာလို့များခေါ်သလဲဆိုတာ တွေးရင်း ထမင်းတစ်ပန်းကန် ဘယ်လိုကုန်သွားမှန်းမသိပါဘူး၊ စားသောက်ပြီးတော့ အိုးခွက်ပန်းကန်တွေဆေးကြောပြီး ကွမ်းအစ်ကလေးပိုက်ရင်း သူကြီးအိမ်ဖက်ကိုခြေဦးလှည့်ခဲ့တာပေါ့။

(၂)

“ဟော၊ ဦးဘသာတောင်လာပြီ၊ တစ်ခါတည်းဝင်စားသွားပါလား”

သူကြီးက ကျုပ်ကိုဖော်ဖော်ရွှေရွေပဲနှုတ်ဆက်တယ်ဗျ၊

“မစားတော့ပါဘူးသူကြီးရာ၊ အခုပဲစားပြီးထွက်လာခဲ့တာ”

သူကြီးတို့က ထမင်းစားဖို့ပြင်ဆင်နေကြတာဗျ၊ ဒါနဲ့ကျုပ်လည်း လာရင်းအကြောင်းမမေးတော့ဘဲ သူကြီးတို့ထမင်းစားတဲ့ ခုံတန်းကလေးရဲ့ဘေးနားက ခုံတစ်ခုံမှာဝင်ထိုင်နေလိုက်တယ်၊ ပါးစပ်ထဲချဉ်လာတာနဲ့ ကွမ်းအစ်ကလေးဖွင့်ပြီး ကွမ်းယာယာလို့ပေါ့ဗျာ၊ သူကြီးတို့အိမ်က ထမင်းဝိုင်းကတော့ စိုစိုပြေပြေပါပဲဗျာ၊ မိသားစုတွေများတော့လည်း လူစုံတက်စုံနဲ့ဆိုတော့ ထမင်းဝိုင်းက ပျော်စရာကြီးပါ၊ ကျုပ်လိုတစ်ယောက်တည်း အိမ်မှာ ပျင်းခြောက်ခြောက်စားရတဲ့သူအဖို့တော့ ဒီလိုထမင်းဝိုင်းမျိုးကြည့်ပြီး အားရမိတာ ထုံးစံပါပဲ၊

“ဟေ့အကြီးကောင် ဆင်းလာခဲ့လေကွာ၊ ငါ့မြေးမလေးပါခေါ်ခဲ့၊ အငယ်ကောင် ထမင်းစားမယ်ဟေ့၊ ဟာ ဟိုအိမ်နောက်ဖေးက ဟိုဟာမလည်း လာတော့လေ”

သူကြီးခေါ်လိုက်တော့မှ လူတွေဆင်းလာကြတယ်ဗျ၊ မီးဖိုခန်းထဲက မသန်းကလည်း ဟင်းချိုတစ်ခွက်ကိုင်ပြီး ပြေးထွက်လာတယ်။

“လာပါပြီတော်၊ ဒီမှာကင်ပွန်းချဉ်ရွက်ကလေး နည်းနည်းနွမ်းတာစောင့်နေလို့ပါတော့၊ အမဲသားဟင်းဆိုတာ အချဉ်လေးပါမှ လိုက်တယ်မဟုတ်လား”

မသန်းက ဟင်းချိုခွက်ကိုအလယ်မှာချပေးလိုက်ပြီးတော့

“ဒါနဲ့ တော်က ကျုပ်ကို ဟိုဟာမလို့ ခေါ်လိုက်သလားလို့”

သူကြီးက ပြုံးဖြီးဖြီးနဲ့

“ပါးစပ်ကနေ ယောင်ပြီးတော့ထွက်သွားတာပါကွာ မင်းကလဲ”

မသန်းက ကျုပ်ရှိနေလို့ထင်ပါတယ်၊ သူကြီးကို မျက်စောင်းတစ်ချက်ထိုးပြီးတော့ ထိုင်ခုံမှာထိုင်ချလိုက်တယ်။ ပြီးတော့ ထမင်းဝိုင်းကိုကြည့်ရင်း

“ဟဲ့ ဟိုကောင်မတွေ၊ အပင်းချဖို့ကြွ၊ တကတည်းတော် စားမယ့်အရေးကိုလိုက်ခေါ်နေရတယ်၊ ဗိုက်မဆာကြဘူးလားမသိဘူး”

မသန်းက အော်လိုက်တော့မှ အောက်ခန်းက ညီအမနှစ်ယောက်က ပြေးထွက်လာကြတယ်ဗျာ၊ လူစုံတက်စုံဆိုတော့ ထမင်းစားဖို့အဆင်သင့်ဖြစ်သွားပြီပေါ့ဗျာ၊ သူတို့တွေလူစုံတစ်စုံထမင်းစားတာကလည်း အားရစရာကြီးပါ။ မသန်းက ကျုပ်ကိုလှမ်းကြည့်ပြီး

“အားနာစရာကြီးဦးဘသာရယ်၊ ဦးဘသာစားသောက်ပြီးတော့မှ အေးအေးဆေးဆေးလာမယ်လို့ထင်တာ”

“ရပါတယ်၊ ကျုပ်ကိုအားမနာပါနဲ့”

အကြီးကောင်ကလည်း အမဲသားဟင်းတုံးခပ်ပြီးတော့ ထမင်းပေါ်ပုံရင်း ဟင်းအနှစ်တွေကိုထမင်းနဲ့လူးလူးပြီးတော့ ပါးစပ်ထဲကိုထိုးသွင်းသဗျ၊ တို့စရာကလည်း မှိုနတို၊ ဖားကပေါင်၊ လယ်ပတူအစုံပါပဲ၊ အကြီးကောင်က လယ်ပတူအပင်လိုက် သုံးလေးပင်ကိုလုံးထွေးပြီးတော့ ပါးစပ်ထဲကိုထိုးထည့်တယ်ဗျ၊ သူစားတာကြည့်ရင်း ကျုပ်ဖြင့်သွားရေတောင်ကျနေမိတယ်ဗျာ။ အတူတူစားတော့ ထမင်းမြိန်တယ်ဆိုတဲ့စကားအတိုင်း စားလိုက်သောက်လိုက်ကြတာဗျာ၊ အရွယ်ကောင်းတွေဆိုတော့ ထမင်းကလည်း စားနိုင်သဗျ၊ အကြီးကောင်က ထမင်းထပ်ယူလိုက်၊ အငယ်ကောင်က ထမင်းယူလိုက်၊ မိန်းကလေးတွေက ထမင်းတောင်းလိုက်နဲ့ဆိုတော့ သူတို့အိမ်က ထမင်းအိုးကြီးက ဟိုလူ့ဆီရောက် ဒီလူ့ဆီရောက်နဲ့ပေါ့။

(၂)

“နေ့လည်က ဘကြီးပြောင်နဲ့ သူ့သားမက် ငဝင်းတို့ ဆော်ကြတာ အဖေသိပြီးပြီလား”

အကြီးကောင်က စကားစတယ်ဗျ၊ သူကြီးကလည်း စားသောက်ရင်း

“မသိသေးဘူးကွ၊ တော်တော်အခြေအတင်ဖြစ်သွားလို့လား”

“ဖြစ်ပါရော အဖေရာ၊ ဘကြီးပြောင်က သူထမင်းစားဖို့ဆိုပြီး ကြော်ထားတဲ့ ကြက်သားကြော်တွေကို ငဝင်းက ခိုးစားတယ်လို့စွပ်စွဲပြီး ရန်ဖြစ်ရာကနေ အကျယ်အကျယ်တွေဖြစ်ကုန်ပြီးတော့ နှစ်ယောက်သားနပမ်းထလုံးကြတာပဲဗျာ”

သူကြီးက သက်ပြင်းချပြီးတော့

“အင်းလေ၊ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုတာမျိုးပေါ့”

“နောက်ဆုံးတော့ ငဝင်းလက်ချက်မဟုတ်ဘူးဗျာ၊ သူတို့အိမ်မှာမွှေးထားတဲ့ ကြောင်ရွှေဝါလက်ချက်တဲ့ဗျာ၊ ကြောင်ရွှေဝါကလည်း အုပ်ဆောင်းနဲ့သေချာအုပ်ထားတဲ့ဟာကို ရအောင်ခိုးစားသွားတာ၊ အုပ်ဆောင်းအောက်ထားတာ ပျောက်တယ်ဆိုတော့ လူပဲထင်တာပေါ့အဖေရာ”

အကြီးကောင်ပြောစကားကို သူကြီးက ထမင်းလုပ်ကြီးနဲ့ခေါင်းညိတ်ပြသဗျာ၊ ဒီအခါ အငယ်မတစ်ယောက်က ထပြီး

“မကြီး၊ မငယ်တို့လည်း နေ့လည်က တစ်ပွဲနွှဲသေးသတဲ့အဖေရေ”

“ဟ၊ မကြီး၊ မငယ်က သိပ်ချစ်ကြတဲ့ညီအမတွေမဟုတ်လား”

“တခြားနေရာတော့ ချစ်ရင်ချစ်မယ်၊ အချစ်နဲ့တွေ့တော့ မချစ်နိုင်တော့ဘူးအဖေရ”

“နင့်စကားကလည်း အဆန်းပါလား”

“ဟုတ်တယ်အဖေ၊ မကြီးမငယ်နှစ်ယောက်စလုံးကို ကိုသိုက်ကြီးက အီစီကလီလုပ်နေတာတဲ့အဖေရ၊ အခု ကိုသိုက်အတွက်နဲ့ မကြီး မငယ်ညီအမနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြ လုံးကြထွေးကြတာဆိုတာ ပြောမနေပါနဲ့အဖေရာ”

“မကြီး၊ မငယ်ကတော့ မကြီးမငယ်နဲ့ ရန်တွေဖြစ်ကုန်ပါပေါ့လား၊ ဒါနဲ့ဘယ်သူနိုင်သွားလဲ”

“အခုထိအနိုင်အရှုံးမပေါ်သေးဘူးတဲ့အဖေရေ၊ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြသေးဘူးတဲ့”

သူကြီးက ဟင်းချိုခပ်သောက်ရင်း

“အဲဒါ ငသိုက်ရှုပ်တာကွ၊ နောက်ဆို ငသိုက်ကိုပြောထားအုံးမှပဲ၊ ဒီကောင့်ကြောင့် ညီအမနှစ်ယောက် ရန်ဖြစ်ပြီမဟုတ်လား”

“ဒါကတော့ မိန်းမတွေဆိုတာ မုန့်ကိုပဲဝေခွဲစားရင်စားမယ်၊ အချစ်ကိုတော့ ခွဲဝေမစားနိုင်ဘူးလို့ ဆိုတယ်မဟုတ်လား အဖေရ”

အငယ်ကောင်က အငယ်မစကားကိုဝင်ထောက်တယ်ဗျ၊ မသန်းက ကြည့်ရင်းခေါင်းတစ်ချက်ညိတ်တယ်၊ အငယ်ကောင်က ထမင်းလုပ်ကိုပါးစပ်ထဲထည့်ပြီးတော့ ပလုပ်ပလောင်းနဲ့။

“အခုညနေပဲ ဒေါ်ဂွနဲ့ ဒေါ်လှတို့ရန်ဖြစ်ကြသေးသဗျာ၊ ဖြစ်တဲ့ကိစ္စကလည်း ရင်ထုပြီးလင်လုတဲ့ကိစ္စတဲ့ဗျာ”

မသန်းမျက်လုံးတွေ အရောင်လက်သွားတယ်ဗျ။

“ဟုတ်လား၊ ဒါတွေဖြစ်လာမယ်လို့ ငါသိပြီးသားပါ၊ မလှက အိမ်ထောင်ပျက်တစ်ခုလပ်မဟုတ်လား၊ တစ်ပင်လဲသွားပြီဆိုတော့ နောက်တစ်ပင်ထူဖို့လိုက်ရှာနေတာ၊ ခက်တာက သူလိုချင်တဲ့အပင်တွေက သူများအပင်တွေလေ”

“ဟုတ်ပါ့အမေရာ၊ ဒေါ်ဂွယောက်ျားကြီးကို သွားပြီးမြှူဆွယ်လို့ဆိုပြီးတော့ ဒေါ်လှနဲ့ဒေါ်ဂွနဲ့ ချကြတာဗျာ၊ ဆဲလိုက်တာကလည်းပြောမနေနဲ့တော့”

အငယ်ကောင်က ဘယ်လိုမှမနေပေမယ့်၊ မသန်းမျက်နှာကတော့ တော်တော်တင်းမာသွားတယ်ဗျ။

“ဒီကောင်မက ဒီလိုပဲ၊ သူများလင်မှ ကောင်းတယ်ထင်နေတာ”

သူကြီးက မသန်းစကားကိုကြားပြီးတော့ ကျုပ်ကိုအားနာသွားတယ်ထင်ပါတယ်ဗျာ။

“မသန်း၊ မင်းဒီလိုတွေ လျှောက်လျှောက်ပြီးမပြောစမ်းပါနဲ့ကွာ”

မသန်းက သူကြီးကိုမျက်စောင်းထိုးပြီး

“ဘာလဲ တော်က တော့်မယားထိတော့ နာတာလား”

သူကြီးဒေါသထွက်သွားတယ်ဗျ။

“မသန်း၊ မင်းမဟုတ်တာတွေမပြောနဲ့နော်”

“ကျုပ်က မဟုတ်တာမပြောဘူး၊ ဟုတ်တာပြောလို့ တော်နာသွားတာမဟုတ်လား၊ ဟိုနေ့က တော်နဲ့အဲဒီမလှနဲ့ ရွာပြင်ကိုရယ်မောပြီးတော့ သွားကြတယ်ဆို၊ မလှဆိုတာ ယောက်ျားမရှိလို့ တွေ့တဲ့ယောက်ျားဆွဲဖမ်းမယ်လုပ်နေတာနော်၊ တော်မယွနဲ့”

“ဟာကွာ၊ မဟုတ်ပါဘူးမသန်းရာ၊ ရွာပြင်ကိုသွားတယ်ဆိုတာက အလှနဲ့ဘကြီးဖြိုးတို့လယ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေကြလို့ သွားရှင်းပေးတဲ့သဘောပါကွ”

မသန်းကမျက်လုံးကြီးပြူးလာပြီး အသံကလည်း ကျယ်လာတယ်ဗျာ။

“ဘာပြောတယ်၊ ဒီကောင်မကို ရှင်ကဘယ်လိုခေါ်တယ်၊ အလှတဲ့လား၊ အလှလို့များခေါ်တယ်လား၊ ဟင်၊ အိမ်ကမိန်းမကိုကျတော့ ဟိုဟာမတဲ့”

“မဟုတ်ပါဘူးဆိုနေမှကွာ”

“ကိုဘမောင်၊ ကျုပ်နားမကန်းသေးပါဘူးနော်၊ ခုနက တော်ကျုပ်ကို ဟိုဟာမလို့ခေါ်လိုက်တာ ကျုပ်ကြားလိုက်တယ်၊ ကျုပ်နားနဲ့ဆတ်ဆတ်ကြားလိုက်တာနော်၊ သူစိမ်းတွေရှိနေလို့ ကျုပ်ရှင့်ကိုပြဿနာမရှာတာကို ရှင်အကောင်းမှတ်နေသလား”

ပြဿနာက ကျုုပ်ဖက်လှည့်လာပြီဗျာ၊ သူကြီးကလည်း စိတ်တိုတိုနဲ့

“အေးကွာ၊ မင်းသူစိမ်းတွေရှေ့မပြောချင်ရင် ဒီအကြောင်းလည်းမပြောနဲ့၊ ငါ့ကိုလည်းမစွပ်စွဲနဲ့၊ သူများကြားတော့ ရှက်စရာကြီးကွာ”

သူတို့လင်မယားအခြေအနေတွေတင်းမာလာတာနဲ့ ကျုပ်လည်းကြားဝင်လိုက်ရတော့တယ်။

“ကဲသူကြီးရော၊ မသန်းရော တော်ကြပါတော့ဗျာ၊ ထမင်းစားနေတုန်း ရန်မဖြစ်ကြပါနဲ့၊ ဖြစ်ချင်ရင်စားပြီးသောက်ပြီးမှ အေးအေးဆေးဆေးဖြစ်ကြပါတော့ဗျာ”

ကျုပ်ပြောတော့မှ သူတို့ကျုပ်ကိုအားနာသွားပုံရတယ်ဗျ၊ ရပ်တန်းကရပ်ပြီးတော့ ထမင်းဆက်စားနေကြတယ်၊ မသန်းကတော့ သူကြီးကိုမျက်စောင်းကြီးတခဲခဲနဲ့ ဒေါသထွက်နေပုံရတယ်၊ ထမင်းတွေကို ကောက်ကောက်ပြီးပါးစပ်ထဲကို ပက်သွင်းနေလေရဲ့ဗျာ။

(၃)

ဒေါသထွက်ထွက်နဲ့ ထမင်းစားနေတဲ့မသန်းက အမဲသားဟင်းခွက်ကိုအနှိုက်မှာ အကြီးကောင်နဲ့လက်ချင်းသွားဆုံတယ်ဗျ၊ ဒီအခါ အကြီးကောင်လက်ကိုပုတ်ချလိုက်ပြီးတော့ အမဲသားဟင်းထည့်ထားတဲ့ခွက်ကို ယူပြီး သူ့ပန်းကန်ထဲအကုန်လောင်းထည့်လိုက်ပါရောဗျာ၊ ပြီးတော့ ထမင်းတွေကို ကျုံးကျုံးပြီးစားပါရော၊ ကျုပ်ဖြင့် မသန်းကိုကြည့်ရင်းအံ့သြနေတာ၊ တစ်အိမ်လုံးကလည်း အံ့သြနေကြတယ်၊ ဒါပေမယ့် မသန်းဒေါသကိုသိလို့ထင်တယ် ဘာမှတော့မပြောဘဲ စောင့်ကြည့်နေကြတယ်ဗျ။

မသန်းက ထမင်းပန်းကန်ထဲက ထမင်းတွေဟင်းတွေအကုန်ကုန်သွားတော့ ဘေးနားက ထမင်းအိုးကြီးကိုသူ့အရှေ့ဆွဲယူလိုက်တယ်၊ နောက်တော့ ထမင်းစားပွဲပေါ်က ငါးပိရည်ခွက်တွေ၊ ခရမ်းချဉ်သီးချက်၊ ဖရုံသီးဟင်း၊ ကင်ပွန်းချဉ်ရွက်ချဉ်ဟင်းတွေ အိုဗျာ ရှိသမျှဟင်းခွက်တွေအကုန်ယူပြီး ခုနက ထမင်းအိုးကြီးထဲကိုလောင်းထည့်ပါရော၊ ပြီးတော့ လက်နဲ့ကျုံးကျုံးပြီးစားတာ၊ တစ်ခါကျုံးရင်လက်အပြည့်ပဲဆိုတော့မနည်းဘူးဗျာ၊ ပါးစပ်ကြီးကိုဖြဲဖြဲပြီးထိုးထည့်တယ်၊ ပြီးတော့ ဝါးတောင်မဝါးဘူး မြိုချတယ်ဗျာ။

မသန်းတစ်ခုခုဖြစ်နေပြီဆိုတာ ကျုပ်သိလိုက်ပြီဗျ၊ ပြီးတော့ ထမင်းဝိုင်းအနားမှာလည်း ညှီစို့စို့အနံ့တစ်ခုရလိုက်တယ်၊ ကျုပ်သိလိုက်သလို သူကြီးလည်းသိလိုက်တယ်ထင်ပါတယ်၊ သူကြီးက ကျုပ်ကိုလှမ်းကြည့်ပြီးတော့

“ဦးဘသာ တစ်ခုခုလုပ်ပါအုံးဗျာ”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ မသန်းကိုကြည့်လိုက်ရင်း လက်ဝါးနှစ်ဖက်ကိုဖြောင်းခနဲနေအောင်ရိုက်ပြီး လက်ခုပ်တီးလိုက်တယ်၊ နောက်တော့ မသန်းကိုစိုက်ကြည့်ရင်း

“မင်းဘယ်သူလဲ၊ ဘာလို့ဒီကိုရောက်နေတာလဲ”

မသန်းက ထမင်းစားရပ်ပြီးတော့ ကျုပ်ကိုပြူးကြောင်ကြည့်ရင်း

“ငါ . . ငါက ခြံနောက်ဖက်ကွင်းအစပ်က အုန်းနှဲပင်မှာနေပါတယ်”

“ဘယ်လိုဖြစ်လို့ ဒီကိုရောက်လာတာလဲ”

မသန်းက သူကြီးကိုလက်ညှိုးထိုးပြပြီး

“သူခေါ်လို့ရောက်လာတာပါ”

သူကြီးလည်းအံ့သြသွားသလို တစ်အိမ်သားလုံးလည်း အံ့သြသွားတယ်။

“ကျုပ် . . . ကျုပ်ကဘယ်လိုခေါ်လို့လဲ”

“အိမ်နောက်ဖေးက ဟိုဟာမ ထမင်းစားမယ်ဆိုပြီးခေါ်ပါတယ်၊ ဒါနဲ့ လာခဲ့ရတာပါ”

အခုမှ အားလုံးသဘောပေါက်သွားတော့တယ်ဗျာ။ ကျုပ်လည်း သူကြီးကိုကြည့်ပြီးတော့

“သူကြီးရာ၊ ဒီလိုမျိုးတွေထမင်းစားမခေါ်ရဘူးဆိုတာ သူကြီးမသိဘူးလား၊ အဲဒီလိုမတိမကျ မရေမရာဘဲ မခေါ်နဲ့လေဗျ”

သူကြီးလည်း မျက်နှာငယ်ကလေးနဲ့

“ကျုပ်သိပါတယ်ဦးဘသာရာ၊ ဒါပေမယ့် ပါးစပ်ကနေ လွှတ်ခနဲထွက်သွားလို့ပါဗျ”

ကျုပ်လည်း မသန်းဘက်ကိုလှည့်ကြည့်ပြီးတော့

“အေး၊ ဆာရင်လည်းကုန်အောင်စား၊ ဒါကုန်ရင် ကိုယ့််ဖာသာကိုယ်အေးအေးဆေးဆေးပြန်၊ နောက်ဒါမျိုးထပ်မလုပ်နဲ့၊ ဝင်လည်းမလာနဲ့၊ ဟိုဟာဒီဟာလည်း မချန်ခဲ့နဲ့နော်၊ ညည်းငါ့အကြောင်းသိတယ်မဟုတ်လား”

မသန်းက ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း ထမင်းကိုဆက်စားတယ်ဗျာ၊ တစ်ပြည်ချက်ထမင်းအိုးကြီးက သူစားတာနဲ့ပြောင်တာပါပဲဗျာ၊ ထမင်းကုန်သွားတော့ ထမင်းအိုးကို ခေါင်းဝင်ပြီး အိုးထဲကိုလျှာနဲ့လိုက်လျက်နေပါသေးတယ်၊ ဒါနဲ့ကျုပ်လည်း

“ဟိတ်၊ စားစရာကုန်ပြီ၊ သွားစရာရှိတာသွားတော့”

ကျုပ်ပြောလိုက်တော့ မသန်းကခေါင်းညိတ်ပြီး အရှေ့ကိုငိုက်ခနဲကျသွားတာပဲဗျာ၊ အကြီးကောင်က ထိန်းထားလို့သာ စားပွဲနဲ့မဆောင့်မိတာ၊ ကျုပ်လည်း ကွမ်းအစ်ထဲက ကွမ်းရွက်တစ်ရွက်ကိုယူပြီး လက်နဲ့အသာချေလိပ်ပြီးတော့ မသန်းရဲ့နှာခေါင်းအနားမှာ တေ့ထားလိုက်တယ်၊ ခဏနေတော့ မသန်းက နိုးလာတယ်ဗျ။ မျက်စိကလည်း ပြူးတူးကြောင်တောင်နဲ့ ထမင်းဝိုင်းကိုကြည့်ုလိုက်ပြီး

“ငါဘာဖြစ်တာလဲ၊ ငါဘာဖြစ်တာလဲ”

“ဘာဖြစ်ရမလဲအမေရ၊ အမေ့ကိုအပမှီတာ”

“ဟင်၊ အပမှီတာတဲ့လား၊ ငါမသိဘူး၊ ငါဘာမှမသိဘူး”

မသန်းက ရေတစ်ခွက်ယူသောက်ရင်း

“အား၊ ဗိုက်အင့်လိုက်တာဟာ၊ ဗိုက်ကြီးပေါက်ကွဲမတတ်ပဲ”

“အစာကြေဆေးလေး သောက်ပေါ့မသန်းရာ”

ကျုပ်လည်း ထိုင်ခုံကလေးမှာပြန်ထိုင်လိုက်ရင်း

“ဒါနဲ့သူကြီး၊ ကျုပ်ကိုဆရာလုပ်တယ်လို့လဲမထင်ပါနဲ့၊ ကျုပ်က သူကြီးတို့ကောင်းဖို့ ပြောရတာပါ”

“ပြောပါဦးဘသာ၊ ဘာဖြစ်လို့လဲ”

“ထမင်းစားတယ်ဆိုတာ လူ့ဘဝမှာအလွန်အရေးကြီးတဲ့ အလုပ်တစ်ခုဗျ၊ တစ်နေ့တာအသက်ရှင်ဖို့ အစာအာဟာရကိုဖြည့်သွင်းရတယ်ဆိုတာ အင်မတန်အရေးကြီးတဲ့အလုပ်ဗျာ၊ ဒီလိုအလုပ်ကိုတော့ သူကြီးတို့ လေးလေးစားစားလုပ်သင့်တယ်”

သူကြီးမျက်နှာက အံ့သြနေတယ်။

“ထမင်းစားတယ်ဆိုတာ ခုနကပြောသလို အရေးကြီးတဲ့အလုပ်၊ ကောင်းတဲ့အလုပ်ဗျ၊ ပညာပိုင်းနဲ့ပြောရင် ဣဋ္ဌအလုပ်ပေါ့ဗျာ၊ ဣဋ္ဌ အလုပ်လုပ်တဲ့အခါမှာ မကောင်းတဲ့ အနိဋ္ဌ အလုပ်တွေမလုပ်တာအကောင်းဆုံးပဲဗျ၊ ခုနကစကားပြန်ဆက်ရရင်တော့ ကျုုပ်သူကြီးတို့ မိသားစုထမင်းဝိုင်းကိုကြည့်နေတာဗျာ၊ ထမင်းဝိုင်းမှာ ဟိုလူက ဟိုလူနဲ့ဆော်ပြန်ပြီ၊ ဟိုလူနဲ့ ဟိုလူနဲ့ရန်ဖြစ်ပြန်ပြီဆိုတဲ့ မကောင်းတဲ့ အနိဋ္ဌစကားတွေပြောဆိုနေကြတယ်ဗျာ၊ ဒီလိုလုပ်တာ မကောင်းဘူးဗျ၊ အိမ်ခိုက်တယ်၊ ထမင်းစားတဲ့အချိန် ထိုးတယ်နှက်တယ်၊ ရန်ဖြစ်တယ်ဆိုတဲ့ မကောင်းတဲ့ကိစ္စတွေကို တွေးကြံပြောဆိုနေရင် အဲဒီအိမ်ဟာ အိမ်ပူတယ်၊ အမြဲရန်ဖြစ်နေရတတ်တယ်ဗျ”

ကျုပ်ပြောတော့ သူကြီးက ခေါင်းတညိတ်ညိတ်နဲ့

“ဦးဘသာပြောတာ ဟုတ်မယ်ထင်တယ်ဗျာ၊ ကျုပ်တို့အိမ်မှာ တစ်ခါမှ အေးအေးဆေးဆေးနေ့ဆိုတာမရှိဘူးဗျ၊ သူများကိစ္စအပူတွေကိုလည်း ဖြေရှင်းရတဲ့အပြင် အိမ်တွင်းမှာလည်း ဟိုလူနဲ့ဟိုလူနဲ့ ခဏခဏကတောက်ကဆဖြစ်ပြီး စကားများတတ်သဗျာ၊ ဒါဆိုရင် အဲဒီထမင်းစားရင်း စကားပြောတာနဲ့များဆိုင်နေမလားနော်”

“အစစ်ပေါ့သူကြီးရာ၊ နောက်ပြီးတော့ပြောအုံးမယ်၊ ထမင်းစားတယ်ဆိုရင် ထမင်းကိုလေးလေးစားစားနဲ့စားရတယ်၊ ထမင်းက အသက်ရှိနေလို့လေးစားခိုင်းတာမဟုတ်ဘူးနော်၊ သြော်၊ ငါအခုစားမယ့်အစာက ငါ့အတွက် အာဟာရဖြစ်စေမယ့်အစာပါလားလို့တွေးပြီး လေးလေးစားစားနဲ့စားရတယ်ဗျ၊ ဒါကြောင့် ရှေးလူကြီးတွေက ထမင်းစားရင် စကားမပြောရဘူး၊ သီချင်းမဆိုရဘူး၊ ဒူးထောင်ပေါင်ကားမစားရဘူး၊ လက်ထောက်ပြီးတော့မစားရဘူး၊ ထမင်းကိုလေးလေးစားစားနဲ့ တိတ်တိတ်ဆိတ်ဆိတ်စားရတယ်လို့ သွန်သင်ခဲ့ကြတာပေါ့ဗျာ”

သူကြီးက ခေါင်းပဲညိတ်ပါတယ်။

“ပြီးတော့ ထမင်းစားတဲ့အခါ လောဘ၊ ဒေါသ၊ မောဟ ကင်းကင်းနဲ့စားရတယ်ဗျ၊ ဒေါသဖြစ်နေတဲ့အချိန်စားတဲ့ထမင်းဟာ အဆိပ်နဲ့တူသတဲ့၊ အကောင်းဆုံးကတော့ ထမင်းစားမယ်ဆိုရင် ဒေါသဖြစ်စရာတွေ၊ စိတ်ဆိုးစရာ၊ စိတ်ညစ်စရာတွေမတွေးဘဲ ငါးမိနစ်ဆယ်မိနစ်လောက် ခေါင်းအေးအေးထားပြီးတော့ ထမင်းအပေါ်မှာ အာရုံစိုက်ပြီးစားတာအကောင်းဆုံးပဲသူကြီး၊ ရဟန်းသံဃာတွေ ထမင်းစားတာကိုကြည့်ပါလားဗျာ၊ သူတို့စားတာသောက်တာ နည်းလမ်းအမှန်ဆုံးပဲဗျ”

“ကျုပ်နားလည်ပါပြီဦးဘသာ”

ကျုပ်လည်း မသန်းဘက်ကိုလှည့်လိုက်ပြီး

“မသန်းလည်း အပြောအဆိုဆင်ခြင်ပါ၊ ကိုယ်စားမယ့်အစာတို့ ကိုယ်သောက်မယ့်အရာတို့ကို အပင်းဆိုပြီးမပြောရဘူး၊ အဲဒီလိုပြောလိုက်ရင် အဲဒီအစာဟာ သူများမလုပ်ထားပါလျက်နဲ့ တကယ်အပင်းဖြစ်သွားတတ်တယ်မသန်း၊ ကျုပ်က အကောင်းပြောတာနော်၊ ကျုပ်ပြောတာကိုစိတ်မဆိုးနဲ့၊ ခုနက အငယ်မတွေကို ထမင်းစားခေါ်တုန်းကလည်း အပင်းချမယ်ဆိုပြီး ခေါ်လိုက်တာ ကျုပ်ကြားလိုက်တယ်၊ နောက်ဒါမျိုးမလုပ်ပါနဲ့ဗျာ”

မသန်းက သူ့ပါးစပ်ကိုယ်သူ လက်ဝါးနဲ့ရိုက်ရင်း

“ဒီပါးစပ်၊ ဒီပါးစပ် ကျွန်မလည်း ဒီပါးစပ်ကို ဆင်ခြင်အုံးမှပါ”

“အကောင်းဆုံးထမင်းစားတဲ့နည်းလမ်းကတော့ ထမင်းမစားခင် ဘုရားတရားအာရုံပြုပြီးစားတာအကောင်းဆုံးပဲ၊ မြိုင်သာဆရာတော်ပေးတဲ့နည်းရှိတယ်ဗျ၊ အဲဒါကတော့ ထမင်းမစားခင် ထမင်းပန်းကန်ကိုမြှောက်ပြီးတော့ သဗုဒ္ဓေသုံးခေါက်ရွတ်ပြီး “ဤအစာသည် ဘေးမရှိ၊ ဆေးအတိဖြစ်ပါစေသတည်း” လို့ရွတ်ပြီးတော့ စားရတယ်တဲ့ဗျ၊ စားနေတဲ့အချိန်မှာလည်း ဒီအစားအစာတွေက ကိုယ့်အတွက်အာဟာရဖြစ်စေမှာပါလား၊ ဒီအစာတွေက အားဖြစ်စေမှာပါလားဆိုပြီး တွေးရင်းစားရတယ်၊ အဲဒီလိုစားရင် အစာလည်းဆေးဆိုသလို ကိုယ်စားတဲ့အစာက ဆေးဖြစ်တယ်တဲ့ဗျာ၊ မတည့်တဲ့အစာစားရင်တောင်မှ ဘေးဥပါဒ်သိပ်မဖြစ်စေဘူး၊ ဆေးမတိုးတဲ့လူနာတို့၊ ဆေးစွဲသောက်နေရတဲ့လူနာတွေဆို ဒီနည်းလုပ်ကြည့်ရင် သိသိသာသာထူးခြားတယ်တဲ့ဗျာ၊ သူကြီးတို့ကတော့ဗျာ စုန်းကပြန်သင်ပေးနေရတယ်လို့”

“စုန်းဆိုပေမယ့်လည်း သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပေါ့ဗျာ၊ ကျုပ်တို့ကောင်းဖို့ပြောတဲ့ ဦးဘသာကို ကျုပ်ကျေးဇူးတင်ပါတယ်၊ နောက်ဆို ကျုပ်တို့လည်းဆင်ခြင်ပါ့မယ်”

သူကြီးက ပြောပြီးတော့ အကြီးကောင်က

“ဟုတ်တယ်ဗျဦးဘသာ၊ ဒါကြောင့် အရင်ကျုပ်တို့ဘကြီး ဘကြီးပေါက ထမင်းမစားခင်ဆိုရင် ဘုရားစာရွတ်တာဗျ၊ ပြီးတော့ ထမင်းကိုလက်ကလေးနဲ့ဆုပ်ပြီး ဘုရားလှူတယ်ဆိုလား ဦးဖယ်ထားတတ်သေးတာ၊ အဲဒါကြောင့်ဖြစ်မယ်နော်”

“ဘာသာခြားတွေလည်း ထမင်းမစားခင် မေတ္တာပို့တာ ထမင်းကိုသေသေချာချာကျေးဇူးတင်ပြီးစားတာသောက်တာတွေ ရှိကြပါတယ်ကွ၊ ဒါကောင်းတဲ့အလေ့အကျင့််တစ်ခုပဲ၊ ပြောလက်စနဲ့ ပြောရအုံးမယ်၊ စားသောက်တဲ့အခါမှာလည်း နေရာထိုင်ခင်းဆိုတာရှိတယ်ကွ၊ ထမင်းစားတဲ့နေရာဟာ သန့်ရှင်းရမယ်၊ ပြောင်လက်နေတာမျိုးကိုပြောတာမဟုတ်ဘူးနော်၊ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်းရှိရမယ်၊ ထမင်းပန်းကန်တွေ၊ ခွက်ယောက်တွေကိုလည်း ကျကျနနစားရမယ်၊ ပြီးတော့ လှေကားအတက်အဆင်းမှာစားတာမျိုး၊ အိမ်ပေါက်ဝမှာထိုင်စားတာ၊ ဆောင့်ကြောင့်ထိုင်စားတာ၊ မတ်တတ်စားတာ ဒါမျိုးတွေလည်း မလုပ်အပ်ဘူးနော်၊ အဲဒီလိုစားရင် ဆင်းရဲတတ်တယ်၊ ကြောင့်ကြတတ်တယ်ဗျ၊ မယုံမရှိနဲ့သူကြီးရေ မယုံဘူး၊ အယူမရှိဘူးဆိုပြီး ဖြစ်သလိုစားတဲ့လူတွေအများကြီးကို ကျုပ်တွေ့ဖူးပြီးပြီ ဘယ်တော့မှ ချမ်းသာတယ်ဆိုတာ မရှိဘဲ အမြဲရုန်းကန်နေကြရတယ်ဗျ”

“မယုံဘူးတော့ မဟုတ်ပါဘူးဦးဘသာရာ၊ ဒါပေမယ့် ပေါ့ပေါ့ဆဆနေမိတဲ့ ကျုပ်တို့အပြစ်ပါ၊ နောက်ဆိုကျုပ်တို့သတိထားပြီး ဆင်ခြင်ပါ့မယ်”

“ဆင်ခြင်နိုင်ရင်ကောင်းတာပေါ့ဗျာ၊ သူကြီးတို့ရဲ့ အနိဋ္ဌထမင်းဝိုင်းကနေ ဣဋ္ဌထမင်းဝိုင်းအဖြစ် ပြောင်းလဲနိုင်ပါစေဗျာ”

မသန်းတို့သားအမိတွေကတော့ ထမင်းပန်းကန်တွေ သိမ်းကြဆည်းကြပေါ့ဗျာ၊ ကျုပ်လည်းသတိရသွားတာနဲ့

“သြော်သူကြီး၊ ကျုပ်ကိုအခေါ်လွှတ်တာ ဘာကိစ္စရှိလို့လဲ”

သူကြီးက ခေါင်းညိတ်ရင်း

“ကျုပ်ဦးဘသာနဲ့ တိုင်ပင်စရာရှိလို့ပါဗျာ၊ တခြားတော့မဟုတ်ပါဘူး၊ အလတ်ကောင်ကိစ္စပါ”

ကျုပ်လည်းမျက်ခုံးပင့်လိုက်မိတယ်။

“အလတ်ကောင်က ဘာဖြစ်လို့လဲသူကြီးရ”

“ဟိုတစ်ခါစာရပြီးကတည်းက အလတ်ကောင်နဲ့အဆက်အသွယ်ပြတ်သွားတယ် ဦးဘသာ၊ ပြီးတော့ ဆိုနီတို့နဲ့လည်း အဆက်အသွယ်မရှိတော့ဘူးဆိုတော့ အလတ်ကောင်ကိုစုံစမ်းမရဘူးဖြစ်နေတယ်၊ အခုဆိုရင် တစ်လနီးနီးရှိပြီ”

“ကျုပ်လည်း သူ့စာဖတ်ရပါတယ်၊ သူပြောတာ ပုဂံကိုဘုရားဖူးသွားမယ်ဆိုလားပဲ”

“ဟုတ်တယ်၊ ဦးဘသာ အဲဒီကတည်းက အဆက်အသွယ်ပြတ်သွားတာပဲ၊ သားသမီးဆိုတော့လည်း ကျုပ်တို့သူ့အတွက် ပူရတာပါပဲဗျာ၊ ဒါကြောင့်မို့ ဦးဘသာကြီးများ ရန်ကုန်ကိုသွားချင်မလားလို့ပါ”

“ကျုပ်က ရန်ကုန်ကိုသွားပြီးတော့ အလတ်ကောင်ကိုလိုက်ရှာရမယ်ဆိုပါတော့”

သူကြီးကခေါင်းညိတ်တယ်။

“ဦးဘသာနွားတွေကို ကျုပ်တို့ကြည့်ထားပေးမယ်ဗျာ၊ ပြီးတော့ ဦးဘသာသွားမယ်ဆိုရင် လမ်းစားရိတ်လည်းထည့််ပေးပါအုံးမယ်၊ ကျုပ်တို့လည်း လိုက်သွားချင်ပေမယ့် လယ်တွေကလည်း လုပ်မနိုင်ဘူးဖြစ်နေတယ်၊ လယ်ပြီးမှသွားမယ်ဆိုရင်လည်း အရမ်းနောက်ကျသွားမှာစိုးလို့ ဦးဘသာကိုပဲ ကျုပ်ကအပူကပ်ရတာပါဗျာ၊ ဦးဘသာ ကျုပ်တို့ကိုကူညီမယ်မဟုတ်လား”

သူကြီးက ခခယယပြောနေတယ်ဆိုတော့လည်း ကျုပ်တွေးရပြီပေါ့ဗျာ။

“ဒါပေမယ့်သူကြီးရာ၊ ကျုပ်လည်း ရန်ကုန်ဆိုတာကို တစ်ခါမှရောက်ဖူးတာမဟုတ်ဘူးဗျ”

“ကျုပ်တို့လည်းမရောက်ဖူးပါဘူး ဦးဘသာ၊ ဒါပေမယ့် ဦးဘသာက လည်လည်ဝယ်ဝယ်ရှိတယ်၊ ကျုပ်တို့ထက်တော့ မြို့ကြီးပြကြီးတွေဆီသွားလာဖူးတယ်ဆိုတော့ကာ၊ ဦးဘသာသွားတာ အကောင်းဆုံးပဲလို့ ထင်လို့ပါဗျာ”

“အင်း၊ ကျုပ်လည်းဒီနှစ်လယ်မလုပ်ဖူးဆိုတော့ အားတာတော့အားပါတယ်”

ဒီအချိန် မသန်းကပြေးထွက်လာပြီးတော့

“အလတ်ကောင်ပေးထားတဲ့လိပ်စာကိုလိုက်သွားပြီးတော့ အဲဒီမှာသူရှိမရှိဆိုတာ ကြည့်ခဲ့ရုံပါပဲဦးဘသာ၊ ကျွန်မတော့ ကျွန်မသားလေးကို စိတ်ပူတယ်၊ ဒီကောင်လေးက တုံးတုံးအအနဲ့ဆိုတော့ သူများမဟုတ်တဲ့လူတွေနဲ့တွေ့ပြီး တစ်ခုခုများဖြစ်နေသလားလို့ပါ ဦးဘသာရယ်”

ကျုပ်လည်း စိတ်ပူတာတော့အမှန်ပဲဗျ၊ စာရောက်ပြီးတဲ့အချိန်ကဆို အခုတစ်လတောင်ရှိတော့မယ်၊ တစ်လဆိုတဲ့အချိန်က ဘာမှမဟုတ်ပေမယ့် မိဘတွေခမျာမှာတော့ စိတ်ပူနေမှာအမှန်ပဲကိုးဗျ၊ နောက်ဆုံးတော့ ကျုပ်လည်းသက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်ပါတယ်ဗျာ။

“ကောင်းပြီလေ၊ ကျုပ်လည်း ရန်ကုန်ရောက်ဖူးသွားတာပေါ့သူကြီးရာ၊ ကျုပ်သွားပါ့မယ်”

သူကြီးရော မသန်းရော ပျော်သွားကြတယ်ဗျ၊

“ဒါဆို ဘယ်တော့သွားမလဲဦးဘသာ”

“ကျုပ်မနက်ဖြန်ပဲသွားမယ်ဗျာ”

သူကြီးက ပိုက်ဆံတွေနှိုက်နေတာနဲ့ ကျုပ်လည်းလက်ကာပြလိုက်ပြီး

“မလိုပါဘူးသူကြီးရာ၊ ကျုပ်မှာစုထားဆောင်းထားတာလေးတွေရှိပါသေးတယ်၊ ကျုပ်စားရိတ်နဲ့ကျုပ်သွားမှာပါ၊ ကျုပ်နွားလေးတွေကို ကြည့်ပေးထားရင်ပဲ ကျေနပ်ပါပြီ”

“စိတ်ချပါဦးဘသာရာ၊ နွားတွေကိုသေချာကြည့်ပေးထားမယ်၊ ဦးဘသာ ရန်ကုန်ရောက်ရင် ကျုပ်တို့ကို စာတိုက်ကဖြစ်ဖြစ်၊ ကြေးနန်းနဲ့ဖြစ်ဖြစ် ဆက်သွယ်လိုက်ပါနော် ဦးဘသာ၊ ပြီးတော့ . . .”

သူကြီးအသံက တိမ်ဝင်သွားတယ်ဗျ၊

“ပြီးတော့ ဘာဖြစ်လဲသူကြီး”

“ကျုပ်သားကို ဖြောင်းဖျပြီး ရွာကိုပြန်ခေါ်လာခဲ့ပါဦးဘသာ၊ အလတ်ကောင်က ကျုပ်တို့စကားသာ နားမထောင်ရင်နေမယ်၊ ဦးဘသာစကားဆိုရင်တော့ နားထောင်မှာသေချာတယ်ဗျ၊ ဒါကြောင့်လည်း ကျုပ်တို့ဦးဘသာကို လွှတ်ရတာပါ”

“ကျုပ်ကြိုးစားကြည့်ပါ့မယ်သူကြီး၊ ဒါပေမယ့် အလတ်ကောင်က ရွာကိုစိတ်နာသွားပြီ၊ ရွာမှာခံစားချက်ကလေးတွေရှိနေတော့ သူမပြန်ချင်တာလည်း သဘာဝကျပါတယ်၊ ပြီးတော့ မြို့မှာဆိုတော့လည်း မျက်စိပွင့်နားပွင့်ရှိတယ်မဟုတ်လား”

မသန်းက ကျုပ်လက်ကိုလာဆွဲပြီး

“အလတ်ကောင်ကို ပြန်ခေါ်လာခဲ့ပါ ဦးဘသာရယ်၊ အလတ်ကောင်ရှိရင် အိမ်ပူတယ်ထင်ရပေမယ့် သူမရှိတော့လည်း အိမ်ကပျင်းခြောက်ခြောက်ကြီးနဲ့ ကျွန်မတော့ မနေတတ်တော့ဘူး၊ အလတ်ကောင်ကို သိပ်သတိရနေလို့ပါ”

“ကောင်းပါပြီဗျာ၊ ကျုပ်အတတ်နိုင်ဆုံးဖြောင်းဖျကြည့်ပါ့မယ်”

သူကြီးက အကြီးကောင်ကိုကြည့်ရင်း

“ဟေ့အကြီးကောင်၊ မနက်ဖြန်လှည်းကိုအသင့်ပြင်ထားစမ်းကွာ၊ လင်းကြက်တွန်ပြီးတာနဲ့ ဦးဘသာကို တန်းမြင့်ရွာအထိ လှည်းနဲ့လိုက်ပို့ပေးလိုက်”

“ဟုတ်ကဲ့ပါအဖေ”

သူတို့တစ်အိမ်သားလုံးက ကျုပ်ကိုကြည့်ပြီး

“အားကိုးပါတယ် ဦးဘသာရာ”

ကျုပ်လည်း ကွမ်းအစ်ကလေးပိုက်၊ ခေါင်းကလေး ညိတ်ပြီးတော့ သူတို့အိမ်ကနေပြန်ခဲ့တာပေါ့ဗျာ။ အိမ်ရောက်တာနဲ့ ခရီးထွက်ဖို့ ပြင်ဆင်ရတော့တာပဲ၊ သိမ်းစရာရှိတာတွေသိမ်း၊ ယူစရာရှိတာတွေယူပေါ့ဗျာ၊ ကျုပ်စိတ်ထဲတော့ ပျော်သလိုလို ဝမ်းနည်းသလိုလိုပဲဗျ၊ အလတ်ကောင်ကိုတွေ့ရမယ်ဆိုတော့ ပျော်နေမိတယ်၊ ဒါပေမယ့် ရွာကထွက်ရမှာကိုလည်း ဝမ်းနည်းနေသလိုပဲဗျာ။ အထုပ်အပိုးတွေပြင်ဆင်ပြီးတော့ သက်ကြီးခေါင်းချ ကြက်တွန်သံကြားတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း အိပ်ရာပြင်ပြီး အိပ်လိုက်ရတော့တာပေါ့ဗျာ။

“ဦးဘသာ၊ ဗျို့ ဦးဘသာ”

ကျုပ်အိပ်နေရင်း မှေးခနဲဖြစ်သွားတုန်း ကျုပ်နာမည်ကိုခေါ်သံကြားလိုက်တယ်ဗျ၊ အသံကတော့ အလတ်ကောင်အသံပဲဗျာ၊ ကျုပ်လည်းမျက်စိဖွင့်ပြီး အိမ်ရှေ့ဘက်ကိုကြည့်လိုက်မိတယ်။

“အလတ်ကောင် . . . အလတ်ကောင်လား”

ဘာမှတော့ပြန်ဖြေသံမကြားဘူးဗျ၊ နောက်တော့ ကျုပ်နားထဲမှ တိုးတိုးကလေးကြားရတယ်။

“ဦးဘသာ ကျုပ်ကိုကယ်ပါအုံး၊ ကျုပ်ကိုကယ်ပါအုံးဗျာ”

ကျပ်လည်းချက်ချင်းငေါက်ခနဲကောက်ထိုင်လိုက်တယ်၊ ခြံရှေ့ကိုကြည့်ပေမယ့် ခွေးတစ်ကောင်ကြောင်တစ်မြီးမှမတွေ့ရဘူး၊ အသံကတော့ အလတ်ကောင်အသံမှ အလတ်ကောင်အစစ်၊ ဒါဆို အလတ်ကောင်များလား၊ အလတ်ကောင်တစ်ခုခုဖြစ်နေလို့ ကျုပ်ကို တမ်းတနေတာများလား၊ သူကျုပ်ကို မနောနဲ့ဆက်သွယ်နေတာများလား၊ ဘာပဲဖြစ်ဖြစ်၊ ကျုပ်သွားရမယ်၊ ကျုပ်ရန်ကုန်ကို သွားကိုသွားရမယ်ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

” စုန္းထီးႀကီး ဦးဘသာႏွင့္ အနိ႒ထမင္းဝိုင္း “(စ/ဆုံး)
—————————————————————–
အတြဲ(၅) စာစဥ္(၂)

(၁)

တစ္ေနကုန္ႏြားေက်ာင္းၿပီးရင္ေတာ့ ညေနေစာေစာအိမ္ကိုျပန္လာခဲ့တယ္ဗ်၊ လယ္ကြင္းေတြထဲကို ႏြားေက်ာင္းထြက္ရင္း ပီေလာ႐ြက္ကေလး၊ မႈိနတို႐ြက္ကေလး ခ်ိဳးယူလာခဲ့သဗ်ာ၊ အိမ္ကိုေရာက္ေတာ့မိုးေတာင္႐ြာေနပါၿပီ၊ ဒါနဲ႔ မီးေမႊးၿပီးေတာ့ ထမင္းေလးတစ္အိုးတည္လိုက္တယ္၊ ပီေလာ႐ြက္နဲ႔ မႈိနတို႐ြက္ကေလးကို ေရကေလးနည္းနည္းနဲ႔ေသာက္ဆမ္းေလးခ်က္ၿပီးေတာ့ င႐ုတ္သီးဆားေထာင္းကေလးတစ္ခြက္ေထာင္းတယ္၊ ငါးေျခာက္ကေလးမီးဖုတ္လိုက္တယ္ဆိုရင္ပဲ က်ဳပ္အတြက္ထမင္းတစ္နပ္က ၿပီးျပည့္စုံသြားပါၿပီဗ်ာ၊ ေရေႏြးဆူဆူထဲကို ေလာက္ေသ႐ြက္နဲ႔ လက္ဖက္ေျခာက္ေရာထားတဲ့ အေရာေလးခပ္လိုက္ၿပီး က်ေအာင္ေစာင့္ရင္း ထမင္းစားဖို႔ျပင္ေနလိုက္ပါတယ္၊ က်ဳပ္တို႔အညာဘက္ေတာ့ လက္ဖက္ေျခာက္ရွားတဲ့ခုလိုမိုးရာသီဆိုရင္ အေျခာက္ခံထားတဲ့ ေလာက္ေသ႐ြက္ကို လက္ဖက္ေျခာက္နဲ႔ေရာေသာက္ၾကတယ္ဗ်၊ တစ္ခ်ိဳ႕ကလည္း ေ႐ႊကူသန္လ်က္လို႔ေခၚၾကတယ္၊ အဲဒီအ႐ြက္က ေဆးဖက္လည္းဝင္တဲ့အျပင္ လက္ဖက္ေျခာက္ထဲေရာေသာက္ရင္ အေရာင္လည္းလွသလို အရသာကလည္း လက္ဖက္ေျခာက္နဲ႔သိပ္ထူးမျခားမို႔လို႔ အဲဒီလိုထည့္ေသာက္ေနၾကေပါ့ဗ်ာ။

ဆန္ၾကမ္းထမင္းကေလးေပၚကို ငါးေျခာက္ကေလးတစ္ဖဲ့တင္၊ င႐ုတ္သီးေထာင္းကေလး လက္တစ္တို႔ေလာက္ထည့္ၿပီး ပါးစပ္ထဲကိုအသာသြင္း၊ ၿပီးေတာ့ ပီေလာဟင္းခ်ိဳခြၽဲခြၽဲကေလးနဲ႔ လည္ေခ်ာင္းထဲေျမႇာခ်ၿပီး ပူပူေႏြးေႏြးစားရတာက အရသာတစ္ခုပါပဲဗ်ာ၊ စားလို႔ေကာင္းေနတုန္း မၾကာပါဘူးဗ်ာ၊ အိမ္ေရွ႕က ေခၚသံၾကားပါေရာ။

“ဦးဘသာ၊ ဦးဘသာ”

အသံကေတာ့ သူႀကီးသားအငယ္ေကာင္အသံဗ်၊ ဒီေကာင္က ႀကီးေကာင္ဝင္ေနၿပီဆိုေပမယ့္ အသံက ကေလးသံမေပ်ာက္ေသးဘူး၊ အသံၾကားရတာကလည္း အေမာတေကာနဲ႔ဆိုေတာ့ တစ္ခုခုေတာ့ထူးေနၿပီထင္ပါတယ္ဗ်ာ။

“ေဟ၊ အငယ္ေကာင္လား၊ ဝင္ခဲ့ေလကြာ”

အငယ္ေကာင္လည္း အိမ္ထဲဝင္လာေရာ က်ဳပ္ထမင္းဝိုင္းနဲ႔တည့္တည့္တိုးေတာ့တာေပါ့ဗ်ာ။

“စားပါအုံးအငယ္ေကာင္ရ”

“ဟာ၊ ဦးဘသာႀကီး ထမင္းစားေနတာလားဗ်ာ၊ အားနာစရာႀကီး၊ ဒါဆိုရင္ေတာ့ ထမင္းဆက္စားပါ၊ ထမင္းစားၿပီးရင္ေတာ့ အိမ္ကိုလာခဲ့ပါအုံး၊ အေဖက ေခၚခိုင္းလိုက္လို႔ဗ်”

“ေၾသာ္၊ ေအးေအး၊ အေရးႀကီးလို႔လား၊ အေရးႀကီးရင္ အခုလိုက္ခဲ့မယ္ေလကြာ”

“ရပါတယ္ဦးဘသာရာ၊ ဒီေလာက္မဟုတ္ပါဘူး”

“တစ္ခါတည္းဝင္စားသြားပါအုံးလား”

“အိမ္မွာက ဟင္းေကာင္းတယ္ဗ်၊ အမဲသားဟင္း၊ ဦးဘသာက ငါးေျခာက္ပဲဟင္းလုပ္စားေနတာကို၊ မစားေတာ့ပါဘူးဗ်ာ”

အငယ္ေကာင္ထြက္သြားေတာ့မွ က်ဳပ္လည္းထမင္းဆက္စားရေတာ့တယ္၊ ဒါေပမယ့္ ေအးေအးေဆးေဆးေတာ့ မစားႏိုင္ေတာ့ပါဘူးဗ်ာ၊ က်ဳပ္ကိုဘာလို႔မ်ားေခၚသလဲဆိုတာ ေတြးရင္း ထမင္းတစ္ပန္းကန္ ဘယ္လိုကုန္သြားမွန္းမသိပါဘူး၊ စားေသာက္ၿပီးေတာ့ အိုးခြက္ပန္းကန္ေတြေဆးေၾကာၿပီး ကြမ္းအစ္ကေလးပိုက္ရင္း သူႀကီးအိမ္ဖက္ကိုေျခဦးလွည့္ခဲ့တာေပါ့။

(၂)

“ေဟာ၊ ဦးဘသာေတာင္လာၿပီ၊ တစ္ခါတည္းဝင္စားသြားပါလား”

သူႀကီးက က်ဳပ္ကိုေဖာ္ေဖာ္ေ႐ႊေ႐ြပဲႏႈတ္ဆက္တယ္ဗ်၊

“မစားေတာ့ပါဘူးသူႀကီးရာ၊ အခုပဲစားၿပီးထြက္လာခဲ့တာ”

သူႀကီးတို႔က ထမင္းစားဖို႔ျပင္ဆင္ေနၾကတာဗ်၊ ဒါနဲ႔က်ဳပ္လည္း လာရင္းအေၾကာင္းမေမးေတာ့ဘဲ သူႀကီးတို႔ထမင္းစားတဲ့ ခုံတန္းကေလးရဲ႕ေဘးနားက ခုံတစ္ခုံမွာဝင္ထိုင္ေနလိုက္တယ္၊ ပါးစပ္ထဲခ်ဥ္လာတာနဲ႔ ကြမ္းအစ္ကေလးဖြင့္ၿပီး ကြမ္းယာယာလို႔ေပါ့ဗ်ာ၊ သူႀကီးတို႔အိမ္က ထမင္းဝိုင္းကေတာ့ စိုစိုေျပေျပပါပဲဗ်ာ၊ မိသားစုေတြမ်ားေတာ့လည္း လူစုံတက္စုံနဲ႔ဆိုေတာ့ ထမင္းဝိုင္းက ေပ်ာ္စရာႀကီးပါ၊ က်ဳပ္လိုတစ္ေယာက္တည္း အိမ္မွာ ပ်င္းေျခာက္ေျခာက္စားရတဲ့သူအဖို႔ေတာ့ ဒီလိုထမင္းဝိုင္းမ်ိဳးၾကည့္ၿပီး အားရမိတာ ထုံးစံပါပဲ၊

“ေဟ့အႀကီးေကာင္ ဆင္းလာခဲ့ေလကြာ၊ ငါ့ေျမးမေလးပါေခၚခဲ့၊ အငယ္ေကာင္ ထမင္းစားမယ္ေဟ့၊ ဟာ ဟိုအိမ္ေနာက္ေဖးက ဟိုဟာမလည္း လာေတာ့ေလ”

သူႀကီးေခၚလိုက္ေတာ့မွ လူေတြဆင္းလာၾကတယ္ဗ်၊ မီးဖိုခန္းထဲက မသန္းကလည္း ဟင္းခ်ိဳတစ္ခြက္ကိုင္ၿပီး ေျပးထြက္လာတယ္။

“လာပါၿပီေတာ္၊ ဒီမွာကင္ပြန္းခ်ဥ္႐ြက္ကေလး နည္းနည္းႏြမ္းတာေစာင့္ေနလို႔ပါေတာ့၊ အမဲသားဟင္းဆိုတာ အခ်ဥ္ေလးပါမွ လိုက္တယ္မဟုတ္လား”

မသန္းက ဟင္းခ်ိဳခြက္ကိုအလယ္မွာခ်ေပးလိုက္ၿပီးေတာ့

“ဒါနဲ႔ ေတာ္က က်ဳပ္ကို ဟိုဟာမလို႔ ေခၚလိုက္သလားလို႔”

သူႀကီးက ၿပဳံးၿဖီးၿဖီးနဲ႔

“ပါးစပ္ကေန ေယာင္ၿပီးေတာ့ထြက္သြားတာပါကြာ မင္းကလဲ”

မသန္းက က်ဳပ္ရွိေနလို႔ထင္ပါတယ္၊ သူႀကီးကို မ်က္ေစာင္းတစ္ခ်က္ထိုးၿပီးေတာ့ ထိုင္ခုံမွာထိုင္ခ်လိုက္တယ္။ ၿပီးေတာ့ ထမင္းဝိုင္းကိုၾကည့္ရင္း

“ဟဲ့ ဟိုေကာင္မေတြ၊ အပင္းခ်ဖို႔ႂကြ၊ တကတည္းေတာ္ စားမယ့္အေရးကိုလိုက္ေခၚေနရတယ္၊ ဗိုက္မဆာၾကဘူးလားမသိဘူး”

မသန္းက ေအာ္လိုက္ေတာ့မွ ေအာက္ခန္းက ညီအမႏွစ္ေယာက္က ေျပးထြက္လာၾကတယ္ဗ်ာ၊ လူစုံတက္စုံဆိုေတာ့ ထမင္းစားဖို႔အဆင္သင့္ျဖစ္သြားၿပီေပါ့ဗ်ာ၊ သူတို႔ေတြလူစုံတစ္စုံထမင္းစားတာကလည္း အားရစရာႀကီးပါ။ မသန္းက က်ဳပ္ကိုလွမ္းၾကည့္ၿပီး

“အားနာစရာႀကီးဦးဘသာရယ္၊ ဦးဘသာစားေသာက္ၿပီးေတာ့မွ ေအးေအးေဆးေဆးလာမယ္လို႔ထင္တာ”

“ရပါတယ္၊ က်ဳပ္ကိုအားမနာပါနဲ႔”

အႀကီးေကာင္ကလည္း အမဲသားဟင္းတုံးခပ္ၿပီးေတာ့ ထမင္းေပၚပုံရင္း ဟင္းအႏွစ္ေတြကိုထမင္းနဲ႔လူးလူးၿပီးေတာ့ ပါးစပ္ထဲကိုထိုးသြင္းသဗ်၊ တို႔စရာကလည္း မႈိနတို၊ ဖားကေပါင္၊ လယ္ပတူအစုံပါပဲ၊ အႀကီးေကာင္က လယ္ပတူအပင္လိုက္ သုံးေလးပင္ကိုလုံးေထြးၿပီးေတာ့ ပါးစပ္ထဲကိုထိုးထည့္တယ္ဗ်၊ သူစားတာၾကည့္ရင္း က်ဳပ္ျဖင့္သြားေရေတာင္က်ေနမိတယ္ဗ်ာ။ အတူတူစားေတာ့ ထမင္းၿမိန္တယ္ဆိုတဲ့စကားအတိုင္း စားလိုက္ေသာက္လိုက္ၾကတာဗ်ာ၊ အ႐ြယ္ေကာင္းေတြဆိုေတာ့ ထမင္းကလည္း စားႏိုင္သဗ်၊ အႀကီးေကာင္က ထမင္းထပ္ယူလိုက္၊ အငယ္ေကာင္က ထမင္းယူလိုက္၊ မိန္းကေလးေတြက ထမင္းေတာင္းလိုက္နဲ႔ဆိုေတာ့ သူတို႔အိမ္က ထမင္းအိုးႀကီးက ဟိုလူ႔ဆီေရာက္ ဒီလူ႔ဆီေရာက္နဲ႔ေပါ့။

(၂)

“ေန႔လည္က ဘႀကီးေျပာင္နဲ႔ သူ႔သားမက္ ငဝင္းတို႔ ေဆာ္ၾကတာ အေဖသိၿပီးၿပီလား”

အႀကီးေကာင္က စကားစတယ္ဗ်၊ သူႀကီးကလည္း စားေသာက္ရင္း

“မသိေသးဘူးကြ၊ ေတာ္ေတာ္အေျခအတင္ျဖစ္သြားလို႔လား”

“ျဖစ္ပါေရာ အေဖရာ၊ ဘႀကီးေျပာင္က သူထမင္းစားဖို႔ဆိုၿပီး ေၾကာ္ထားတဲ့ ၾကက္သားေၾကာ္ေတြကို ငဝင္းက ခိုးစားတယ္လို႔စြပ္စြဲၿပီး ရန္ျဖစ္ရာကေန အက်ယ္အက်ယ္ေတြျဖစ္ကုန္ၿပီးေတာ့ ႏွစ္ေယာက္သားနပမ္းထလုံးၾကတာပဲဗ်ာ”

သူႀကီးက သက္ျပင္းခ်ၿပီးေတာ့

“အင္းေလ၊ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ဆိုတာမ်ိဳးေပါ့”

“ေနာက္ဆုံးေတာ့ ငဝင္းလက္ခ်က္မဟုတ္ဘူးဗ်ာ၊ သူတို႔အိမ္မွာေမႊးထားတဲ့ ေၾကာင္ေ႐ႊဝါလက္ခ်က္တဲ့ဗ်ာ၊ ေၾကာင္ေ႐ႊဝါကလည္း အုပ္ေဆာင္းနဲ႔ေသခ်ာအုပ္ထားတဲ့ဟာကို ရေအာင္ခိုးစားသြားတာ၊ အုပ္ေဆာင္းေအာက္ထားတာ ေပ်ာက္တယ္ဆိုေတာ့ လူပဲထင္တာေပါ့အေဖရာ”

အႀကီးေကာင္ေျပာစကားကို သူႀကီးက ထမင္းလုပ္ႀကီးနဲ႔ေခါင္းညိတ္ျပသဗ်ာ၊ ဒီအခါ အငယ္မတစ္ေယာက္က ထၿပီး

“မႀကီး၊ မငယ္တို႔လည္း ေန႔လည္က တစ္ပြဲႏႊဲေသးသတဲ့အေဖေရ”

“ဟ၊ မႀကီး၊ မငယ္က သိပ္ခ်စ္ၾကတဲ့ညီအမေတြမဟုတ္လား”

“တျခားေနရာေတာ့ ခ်စ္ရင္ခ်စ္မယ္၊ အခ်စ္နဲ႔ေတြ႕ေတာ့ မခ်စ္ႏိုင္ေတာ့ဘူးအေဖရ”

“နင့္စကားကလည္း အဆန္းပါလား”

“ဟုတ္တယ္အေဖ၊ မႀကီးမငယ္ႏွစ္ေယာက္စလုံးကို ကိုသိုက္ႀကီးက အီစီကလီလုပ္ေနတာတဲ့အေဖရ၊ အခု ကိုသိုက္အတြက္နဲ႔ မႀကီး မငယ္ညီအမႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ရန္ျဖစ္ၾက လုံးၾကေထြးၾကတာဆိုတာ ေျပာမေနပါနဲ႔အေဖရာ”

“မႀကီး၊ မငယ္ကေတာ့ မႀကီးမငယ္နဲ႔ ရန္ေတြျဖစ္ကုန္ပါေပါ့လား၊ ဒါနဲ႔ဘယ္သူႏိုင္သြားလဲ”

“အခုထိအႏိုင္အရႈံးမေပၚေသးဘူးတဲ့အေဖေရ၊ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာၾကေသးဘူးတဲ့”

သူႀကီးက ဟင္းခ်ိဳခပ္ေသာက္ရင္း

“အဲဒါ ငသိုက္ရႈပ္တာကြ၊ ေနာက္ဆို ငသိုက္ကိုေျပာထားအုံးမွပဲ၊ ဒီေကာင့္ေၾကာင့္ ညီအမႏွစ္ေယာက္ ရန္ျဖစ္ၿပီမဟုတ္လား”

“ဒါကေတာ့ မိန္းမေတြဆိုတာ မုန႔္ကိုပဲေဝခြဲစားရင္စားမယ္၊ အခ်စ္ကိုေတာ့ ခြဲေဝမစားႏိုင္ဘူးလို႔ ဆိုတယ္မဟုတ္လား အေဖရ”

အငယ္ေကာင္က အငယ္မစကားကိုဝင္ေထာက္တယ္ဗ်၊ မသန္းက ၾကည့္ရင္းေခါင္းတစ္ခ်က္ညိတ္တယ္၊ အငယ္ေကာင္က ထမင္းလုပ္ကိုပါးစပ္ထဲထည့္ၿပီးေတာ့ ပလုပ္ပေလာင္းနဲ႔။

“အခုညေနပဲ ေဒၚဂြနဲ႔ ေဒၚလွတို႔ရန္ျဖစ္ၾကေသးသဗ်ာ၊ ျဖစ္တဲ့ကိစၥကလည္း ရင္ထုၿပီးလင္လုတဲ့ကိစၥတဲ့ဗ်ာ”

မသန္းမ်က္လုံးေတြ အေရာင္လက္သြားတယ္ဗ်။

“ဟုတ္လား၊ ဒါေတြျဖစ္လာမယ္လို႔ ငါသိၿပီးသားပါ၊ မလွက အိမ္ေထာင္ပ်က္တစ္ခုလပ္မဟုတ္လား၊ တစ္ပင္လဲသြားၿပီဆိုေတာ့ ေနာက္တစ္ပင္ထူဖို႔လိုက္ရွာေနတာ၊ ခက္တာက သူလိုခ်င္တဲ့အပင္ေတြက သူမ်ားအပင္ေတြေလ”

“ဟုတ္ပါ့အေမရာ၊ ေဒၚဂြေယာက္်ားႀကီးကို သြားၿပီးျမႇဴဆြယ္လို႔ဆိုၿပီးေတာ့ ေဒၚလွနဲ႔ေဒၚဂြနဲ႔ ခ်ၾကတာဗ်ာ၊ ဆဲလိုက္တာကလည္းေျပာမေနနဲ႔ေတာ့”

အငယ္ေကာင္က ဘယ္လိုမွမေနေပမယ့္၊ မသန္းမ်က္ႏွာကေတာ့ ေတာ္ေတာ္တင္းမာသြားတယ္ဗ်။

“ဒီေကာင္မက ဒီလိုပဲ၊ သူမ်ားလင္မွ ေကာင္းတယ္ထင္ေနတာ”

သူႀကီးက မသန္းစကားကိုၾကားၿပီးေတာ့ က်ဳပ္ကိုအားနာသြားတယ္ထင္ပါတယ္ဗ်ာ။

“မသန္း၊ မင္းဒီလိုေတြ ေလွ်ာက္ေလွ်ာက္ၿပီးမေျပာစမ္းပါနဲ႔ကြာ”

မသန္းက သူႀကီးကိုမ်က္ေစာင္းထိုးၿပီး

“ဘာလဲ ေတာ္က ေတာ့္မယားထိေတာ့ နာတာလား”

သူႀကီးေဒါသထြက္သြားတယ္ဗ်။

“မသန္း၊ မင္းမဟုတ္တာေတြမေျပာနဲ႔ေနာ္”

“က်ဳပ္က မဟုတ္တာမေျပာဘူး၊ ဟုတ္တာေျပာလို႔ ေတာ္နာသြားတာမဟုတ္လား၊ ဟိုေန႔က ေတာ္နဲ႔အဲဒီမလွနဲ႔ ႐ြာျပင္ကိုရယ္ေမာၿပီးေတာ့ သြားၾကတယ္ဆို၊ မလွဆိုတာ ေယာက္်ားမရွိလို႔ ေတြ႕တဲ့ေယာက္်ားဆြဲဖမ္းမယ္လုပ္ေနတာေနာ္၊ ေတာ္မယြနဲ႔”

“ဟာကြာ၊ မဟုတ္ပါဘူးမသန္းရာ၊ ႐ြာျပင္ကိုသြားတယ္ဆိုတာက အလွနဲ႔ဘႀကီးၿဖိဳးတို႔လယ္နဲ႔ ပိုင္ဆိုင္မႈအျငင္းပြားေနၾကလို႔ သြားရွင္းေပးတဲ့သေဘာပါကြ”

မသန္းကမ်က္လုံးႀကီးျပဴးလာၿပီး အသံကလည္း က်ယ္လာတယ္ဗ်ာ။

“ဘာေျပာတယ္၊ ဒီေကာင္မကို ရွင္ကဘယ္လိုေခၚတယ္၊ အလွတဲ့လား၊ အလွလို႔မ်ားေခၚတယ္လား၊ ဟင္၊ အိမ္ကမိန္းမကိုက်ေတာ့ ဟိုဟာမတဲ့”

“မဟုတ္ပါဘူးဆိုေနမွကြာ”

“ကိုဘေမာင္၊ က်ဳပ္နားမကန္းေသးပါဘူးေနာ္၊ ခုနက ေတာ္က်ဳပ္ကို ဟိုဟာမလို႔ေခၚလိုက္တာ က်ဳပ္ၾကားလိုက္တယ္၊ က်ဳပ္နားနဲ႔ဆတ္ဆတ္ၾကားလိုက္တာေနာ္၊ သူစိမ္းေတြရွိေနလို႔ က်ဳပ္ရွင့္ကိုျပႆနာမရွာတာကို ရွင္အေကာင္းမွတ္ေနသလား”

ျပႆနာက က်ဳုပ္ဖက္လွည့္လာၿပီဗ်ာ၊ သူႀကီးကလည္း စိတ္တိုတိုနဲ႔

“ေအးကြာ၊ မင္းသူစိမ္းေတြေရွ႕မေျပာခ်င္ရင္ ဒီအေၾကာင္းလည္းမေျပာနဲ႔၊ ငါ့ကိုလည္းမစြပ္စြဲနဲ႔၊ သူမ်ားၾကားေတာ့ ရွက္စရာႀကီးကြာ”

သူတို႔လင္မယားအေျခအေနေတြတင္းမာလာတာနဲ႔ က်ဳပ္လည္းၾကားဝင္လိုက္ရေတာ့တယ္။

“ကဲသူႀကီးေရာ၊ မသန္းေရာ ေတာ္ၾကပါေတာ့ဗ်ာ၊ ထမင္းစားေနတုန္း ရန္မျဖစ္ၾကပါနဲ႔၊ ျဖစ္ခ်င္ရင္စားၿပီးေသာက္ၿပီးမွ ေအးေအးေဆးေဆးျဖစ္ၾကပါေတာ့ဗ်ာ”

က်ဳပ္ေျပာေတာ့မွ သူတို႔က်ဳပ္ကိုအားနာသြားပုံရတယ္ဗ်၊ ရပ္တန္းကရပ္ၿပီးေတာ့ ထမင္းဆက္စားေနၾကတယ္၊ မသန္းကေတာ့ သူႀကီးကိုမ်က္ေစာင္းႀကီးတခဲခဲနဲ႔ ေဒါသထြက္ေနပုံရတယ္၊ ထမင္းေတြကို ေကာက္ေကာက္ၿပီးပါးစပ္ထဲကို ပက္သြင္းေနေလရဲ႕ဗ်ာ။

(၃)

ေဒါသထြက္ထြက္နဲ႔ ထမင္းစားေနတဲ့မသန္းက အမဲသားဟင္းခြက္ကိုအႏႈိက္မွာ အႀကီးေကာင္နဲ႔လက္ခ်င္းသြားဆုံတယ္ဗ်၊ ဒီအခါ အႀကီးေကာင္လက္ကိုပုတ္ခ်လိုက္ၿပီးေတာ့ အမဲသားဟင္းထည့္ထားတဲ့ခြက္ကို ယူၿပီး သူ႔ပန္းကန္ထဲအကုန္ေလာင္းထည့္လိုက္ပါေရာဗ်ာ၊ ၿပီးေတာ့ ထမင္းေတြကို က်ဳံးက်ဳံးၿပီးစားပါေရာ၊ က်ဳပ္ျဖင့္ မသန္းကိုၾကည့္ရင္းအံ့ၾသေနတာ၊ တစ္အိမ္လုံးကလည္း အံ့ၾသေနၾကတယ္၊ ဒါေပမယ့္ မသန္းေဒါသကိုသိလို႔ထင္တယ္ ဘာမွေတာ့မေျပာဘဲ ေစာင့္ၾကည့္ေနၾကတယ္ဗ်။

မသန္းက ထမင္းပန္းကန္ထဲက ထမင္းေတြဟင္းေတြအကုန္ကုန္သြားေတာ့ ေဘးနားက ထမင္းအိုးႀကီးကိုသူ႔အေရွ႕ဆြဲယူလိုက္တယ္၊ ေနာက္ေတာ့ ထမင္းစားပြဲေပၚက ငါးပိရည္ခြက္ေတြ၊ ခရမ္းခ်ဥ္သီးခ်က္၊ ဖ႐ုံသီးဟင္း၊ ကင္ပြန္းခ်ဥ္႐ြက္ခ်ဥ္ဟင္းေတြ အိုဗ်ာ ရွိသမွ်ဟင္းခြက္ေတြအကုန္ယူၿပီး ခုနက ထမင္းအိုးႀကီးထဲကိုေလာင္းထည့္ပါေရာ၊ ၿပီးေတာ့ လက္နဲ႔က်ဳံးက်ဳံးၿပီးစားတာ၊ တစ္ခါက်ဳံးရင္လက္အျပည့္ပဲဆိုေတာ့မနည္းဘူးဗ်ာ၊ ပါးစပ္ႀကီးကိုၿဖဲၿဖဲၿပီးထိုးထည့္တယ္၊ ၿပီးေတာ့ ဝါးေတာင္မဝါးဘူး ၿမိဳခ်တယ္ဗ်ာ။

မသန္းတစ္ခုခုျဖစ္ေနၿပီဆိုတာ က်ဳပ္သိလိုက္ၿပီဗ်၊ ၿပီးေတာ့ ထမင္းဝိုင္းအနားမွာလည္း ညႇီစို႔စို႔အနံ႔တစ္ခုရလိုက္တယ္၊ က်ဳပ္သိလိုက္သလို သူႀကီးလည္းသိလိုက္တယ္ထင္ပါတယ္၊ သူႀကီးက က်ဳပ္ကိုလွမ္းၾကည့္ၿပီးေတာ့

“ဦးဘသာ တစ္ခုခုလုပ္ပါအုံးဗ်ာ”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ မသန္းကိုၾကည့္လိုက္ရင္း လက္ဝါးႏွစ္ဖက္ကိုေျဖာင္းခနဲေနေအာင္႐ိုက္ၿပီး လက္ခုပ္တီးလိုက္တယ္၊ ေနာက္ေတာ့ မသန္းကိုစိုက္ၾကည့္ရင္း

“မင္းဘယ္သူလဲ၊ ဘာလို႔ဒီကိုေရာက္ေနတာလဲ”

မသန္းက ထမင္းစားရပ္ၿပီးေတာ့ က်ဳပ္ကိုျပဴးေၾကာင္ၾကည့္ရင္း

“ငါ . . ငါက ၿခံေနာက္ဖက္ကြင္းအစပ္က အုန္းႏွဲပင္မွာေနပါတယ္”

“ဘယ္လိုျဖစ္လို႔ ဒီကိုေရာက္လာတာလဲ”

မသန္းက သူႀကီးကိုလက္ညႇိဳးထိုးျပၿပီး

“သူေခၚလို႔ေရာက္လာတာပါ”

သူႀကီးလည္းအံ့ၾသသြားသလို တစ္အိမ္သားလုံးလည္း အံ့ၾသသြားတယ္။

“က်ဳပ္ . . . က်ဳပ္ကဘယ္လိုေခၚလို႔လဲ”

“အိမ္ေနာက္ေဖးက ဟိုဟာမ ထမင္းစားမယ္ဆိုၿပီးေခၚပါတယ္၊ ဒါနဲ႔ လာခဲ့ရတာပါ”

အခုမွ အားလုံးသေဘာေပါက္သြားေတာ့တယ္ဗ်ာ။ က်ဳပ္လည္း သူႀကီးကိုၾကည့္ၿပီးေတာ့

“သူႀကီးရာ၊ ဒီလိုမ်ိဳးေတြထမင္းစားမေခၚရဘူးဆိုတာ သူႀကီးမသိဘူးလား၊ အဲဒီလိုမတိမက် မေရမရာဘဲ မေခၚနဲ႔ေလဗ်”

သူႀကီးလည္း မ်က္ႏွာငယ္ကေလးနဲ႔

“က်ဳပ္သိပါတယ္ဦးဘသာရာ၊ ဒါေပမယ့္ ပါးစပ္ကေန လႊတ္ခနဲထြက္သြားလို႔ပါဗ်”

က်ဳပ္လည္း မသန္းဘက္ကိုလွည့္ၾကည့္ၿပီးေတာ့

“ေအး၊ ဆာရင္လည္းကုန္ေအာင္စား၊ ဒါကုန္ရင္ ကိုယ့္္ဖာသာကိုယ္ေအးေအးေဆးေဆးျပန္၊ ေနာက္ဒါမ်ိဳးထပ္မလုပ္နဲ႔၊ ဝင္လည္းမလာနဲ႔၊ ဟိုဟာဒီဟာလည္း မခ်န္ခဲ့နဲ႔ေနာ္၊ ညည္းငါ့အေၾကာင္းသိတယ္မဟုတ္လား”

မသန္းက ေခါင္းကိုတဆတ္ဆတ္ညိတ္ရင္း ထမင္းကိုဆက္စားတယ္ဗ်ာ၊ တစ္ျပည္ခ်က္ထမင္းအိုးႀကီးက သူစားတာနဲ႔ေျပာင္တာပါပဲဗ်ာ၊ ထမင္းကုန္သြားေတာ့ ထမင္းအိုးကို ေခါင္းဝင္ၿပီး အိုးထဲကိုလွ်ာနဲ႔လိုက္လ်က္ေနပါေသးတယ္၊ ဒါနဲ႔က်ဳပ္လည္း

“ဟိတ္၊ စားစရာကုန္ၿပီ၊ သြားစရာရွိတာသြားေတာ့”

က်ဳပ္ေျပာလိုက္ေတာ့ မသန္းကေခါင္းညိတ္ၿပီး အေရွ႕ကိုငိုက္ခနဲက်သြားတာပဲဗ်ာ၊ အႀကီးေကာင္က ထိန္းထားလို႔သာ စားပြဲနဲ႔မေဆာင့္မိတာ၊ က်ဳပ္လည္း ကြမ္းအစ္ထဲက ကြမ္း႐ြက္တစ္႐ြက္ကိုယူၿပီး လက္နဲ႔အသာေခ်လိပ္ၿပီးေတာ့ မသန္းရဲ႕ႏွာေခါင္းအနားမွာ ေတ့ထားလိုက္တယ္၊ ခဏေနေတာ့ မသန္းက ႏိုးလာတယ္ဗ်။ မ်က္စိကလည္း ျပဴးတူးေၾကာင္ေတာင္နဲ႔ ထမင္းဝိုင္းကိုၾကည့္ုလိုက္ၿပီး

“ငါဘာျဖစ္တာလဲ၊ ငါဘာျဖစ္တာလဲ”

“ဘာျဖစ္ရမလဲအေမရ၊ အေမ့ကိုအပမွီတာ”

“ဟင္၊ အပမွီတာတဲ့လား၊ ငါမသိဘူး၊ ငါဘာမွမသိဘူး”

မသန္းက ေရတစ္ခြက္ယူေသာက္ရင္း

“အား၊ ဗိုက္အင့္လိုက္တာဟာ၊ ဗိုက္ႀကီးေပါက္ကြဲမတတ္ပဲ”

“အစာေၾကေဆးေလး ေသာက္ေပါ့မသန္းရာ”

က်ဳပ္လည္း ထိုင္ခုံကေလးမွာျပန္ထိုင္လိုက္ရင္း

“ဒါနဲ႔သူႀကီး၊ က်ဳပ္ကိုဆရာလုပ္တယ္လို႔လဲမထင္ပါနဲ႔၊ က်ဳပ္က သူႀကီးတို႔ေကာင္းဖို႔ ေျပာရတာပါ”

“ေျပာပါဦးဘသာ၊ ဘာျဖစ္လို႔လဲ”

“ထမင္းစားတယ္ဆိုတာ လူ႔ဘဝမွာအလြန္အေရးႀကီးတဲ့ အလုပ္တစ္ခုဗ်၊ တစ္ေန႔တာအသက္ရွင္ဖို႔ အစာအာဟာရကိုျဖည့္သြင္းရတယ္ဆိုတာ အင္မတန္အေရးႀကီးတဲ့အလုပ္ဗ်ာ၊ ဒီလိုအလုပ္ကိုေတာ့ သူႀကီးတို႔ ေလးေလးစားစားလုပ္သင့္တယ္”

သူႀကီးမ်က္ႏွာက အံ့ၾသေနတယ္။

“ထမင္းစားတယ္ဆိုတာ ခုနကေျပာသလို အေရးႀကီးတဲ့အလုပ္၊ ေကာင္းတဲ့အလုပ္ဗ်၊ ပညာပိုင္းနဲ႔ေျပာရင္ ဣ႒အလုပ္ေပါ့ဗ်ာ၊ ဣ႒ အလုပ္လုပ္တဲ့အခါမွာ မေကာင္းတဲ့ အနိ႒ အလုပ္ေတြမလုပ္တာအေကာင္းဆုံးပဲဗ်၊ ခုနကစကားျပန္ဆက္ရရင္ေတာ့ က်ဳုပ္သူႀကီးတို႔ မိသားစုထမင္းဝိုင္းကိုၾကည့္ေနတာဗ်ာ၊ ထမင္းဝိုင္းမွာ ဟိုလူက ဟိုလူနဲ႔ေဆာ္ျပန္ၿပီ၊ ဟိုလူနဲ႔ ဟိုလူနဲ႔ရန္ျဖစ္ျပန္ၿပီဆိုတဲ့ မေကာင္းတဲ့ အနိ႒စကားေတြေျပာဆိုေနၾကတယ္ဗ်ာ၊ ဒီလိုလုပ္တာ မေကာင္းဘူးဗ်၊ အိမ္ခိုက္တယ္၊ ထမင္းစားတဲ့အခ်ိန္ ထိုးတယ္ႏွက္တယ္၊ ရန္ျဖစ္တယ္ဆိုတဲ့ မေကာင္းတဲ့ကိစၥေတြကို ေတြးႀကံေျပာဆိုေနရင္ အဲဒီအိမ္ဟာ အိမ္ပူတယ္၊ အၿမဲရန္ျဖစ္ေနရတတ္တယ္ဗ်”

က်ဳပ္ေျပာေတာ့ သူႀကီးက ေခါင္းတညိတ္ညိတ္နဲ႔

“ဦးဘသာေျပာတာ ဟုတ္မယ္ထင္တယ္ဗ်ာ၊ က်ဳပ္တို႔အိမ္မွာ တစ္ခါမွ ေအးေအးေဆးေဆးေန႔ဆိုတာမရွိဘူးဗ်၊ သူမ်ားကိစၥအပူေတြကိုလည္း ေျဖရွင္းရတဲ့အျပင္ အိမ္တြင္းမွာလည္း ဟိုလူနဲ႔ဟိုလူနဲ႔ ခဏခဏကေတာက္ကဆျဖစ္ၿပီး စကားမ်ားတတ္သဗ်ာ၊ ဒါဆိုရင္ အဲဒီထမင္းစားရင္း စကားေျပာတာနဲ႔မ်ားဆိုင္ေနမလားေနာ္”

“အစစ္ေပါ့သူႀကီးရာ၊ ေနာက္ၿပီးေတာ့ေျပာအုံးမယ္၊ ထမင္းစားတယ္ဆိုရင္ ထမင္းကိုေလးေလးစားစားနဲ႔စားရတယ္၊ ထမင္းက အသက္ရွိေနလို႔ေလးစားခိုင္းတာမဟုတ္ဘူးေနာ္၊ ေၾသာ္၊ ငါအခုစားမယ့္အစာက ငါ့အတြက္ အာဟာရျဖစ္ေစမယ့္အစာပါလားလို႔ေတြးၿပီး ေလးေလးစားစားနဲ႔စားရတယ္ဗ်၊ ဒါေၾကာင့္ ေရွးလူႀကီးေတြက ထမင္းစားရင္ စကားမေျပာရဘူး၊ သီခ်င္းမဆိုရဘူး၊ ဒူးေထာင္ေပါင္ကားမစားရဘူး၊ လက္ေထာက္ၿပီးေတာ့မစားရဘူး၊ ထမင္းကိုေလးေလးစားစားနဲ႔ တိတ္တိတ္ဆိတ္ဆိတ္စားရတယ္လို႔ သြန္သင္ခဲ့ၾကတာေပါ့ဗ်ာ”

သူႀကီးက ေခါင္းပဲညိတ္ပါတယ္။

“ၿပီးေတာ့ ထမင္းစားတဲ့အခါ ေလာဘ၊ ေဒါသ၊ ေမာဟ ကင္းကင္းနဲ႔စားရတယ္ဗ်၊ ေဒါသျဖစ္ေနတဲ့အခ်ိန္စားတဲ့ထမင္းဟာ အဆိပ္နဲ႔တူသတဲ့၊ အေကာင္းဆုံးကေတာ့ ထမင္းစားမယ္ဆိုရင္ ေဒါသျဖစ္စရာေတြ၊ စိတ္ဆိုးစရာ၊ စိတ္ညစ္စရာေတြမေတြးဘဲ ငါးမိနစ္ဆယ္မိနစ္ေလာက္ ေခါင္းေအးေအးထားၿပီးေတာ့ ထမင္းအေပၚမွာ အာ႐ုံစိုက္ၿပီးစားတာအေကာင္းဆုံးပဲသူႀကီး၊ ရဟန္းသံဃာေတြ ထမင္းစားတာကိုၾကည့္ပါလားဗ်ာ၊ သူတို႔စားတာေသာက္တာ နည္းလမ္းအမွန္ဆုံးပဲဗ်”

“က်ဳပ္နားလည္ပါၿပီဦးဘသာ”

က်ဳပ္လည္း မသန္းဘက္ကိုလွည့္လိုက္ၿပီး

“မသန္းလည္း အေျပာအဆိုဆင္ျခင္ပါ၊ ကိုယ္စားမယ့္အစာတို႔ ကိုယ္ေသာက္မယ့္အရာတို႔ကို အပင္းဆိုၿပီးမေျပာရဘူး၊ အဲဒီလိုေျပာလိုက္ရင္ အဲဒီအစာဟာ သူမ်ားမလုပ္ထားပါလ်က္နဲ႔ တကယ္အပင္းျဖစ္သြားတတ္တယ္မသန္း၊ က်ဳပ္က အေကာင္းေျပာတာေနာ္၊ က်ဳပ္ေျပာတာကိုစိတ္မဆိုးနဲ႔၊ ခုနက အငယ္မေတြကို ထမင္းစားေခၚတုန္းကလည္း အပင္းခ်မယ္ဆိုၿပီး ေခၚလိုက္တာ က်ဳပ္ၾကားလိုက္တယ္၊ ေနာက္ဒါမ်ိဳးမလုပ္ပါနဲ႔ဗ်ာ”

မသန္းက သူ႔ပါးစပ္ကိုယ္သူ လက္ဝါးနဲ႔႐ိုက္ရင္း

“ဒီပါးစပ္၊ ဒီပါးစပ္ ကြၽန္မလည္း ဒီပါးစပ္ကို ဆင္ျခင္အုံးမွပါ”

“အေကာင္းဆုံးထမင္းစားတဲ့နည္းလမ္းကေတာ့ ထမင္းမစားခင္ ဘုရားတရားအာ႐ုံျပဳၿပီးစားတာအေကာင္းဆုံးပဲ၊ ၿမိဳင္သာဆရာေတာ္ေပးတဲ့နည္းရွိတယ္ဗ်၊ အဲဒါကေတာ့ ထမင္းမစားခင္ ထမင္းပန္းကန္ကိုေျမႇာက္ၿပီးေတာ့ သဗုေဒၶသုံးေခါက္႐ြတ္ၿပီး “ဤအစာသည္ ေဘးမရွိ၊ ေဆးအတိျဖစ္ပါေစသတည္း” လို႔႐ြတ္ၿပီးေတာ့ စားရတယ္တဲ့ဗ်၊ စားေနတဲ့အခ်ိန္မွာလည္း ဒီအစားအစာေတြက ကိုယ့္အတြက္အာဟာရျဖစ္ေစမွာပါလား၊ ဒီအစာေတြက အားျဖစ္ေစမွာပါလားဆိုၿပီး ေတြးရင္းစားရတယ္၊ အဲဒီလိုစားရင္ အစာလည္းေဆးဆိုသလို ကိုယ္စားတဲ့အစာက ေဆးျဖစ္တယ္တဲ့ဗ်ာ၊ မတည့္တဲ့အစာစားရင္ေတာင္မွ ေဘးဥပါဒ္သိပ္မျဖစ္ေစဘူး၊ ေဆးမတိုးတဲ့လူနာတို႔၊ ေဆးစြဲေသာက္ေနရတဲ့လူနာေတြဆို ဒီနည္းလုပ္ၾကည့္ရင္ သိသိသာသာထူးျခားတယ္တဲ့ဗ်ာ၊ သူႀကီးတို႔ကေတာ့ဗ်ာ စုန္းကျပန္သင္ေပးေနရတယ္လို႔”

“စုန္းဆိုေပမယ့္လည္း သက္ႀကီးစကား သက္ငယ္ၾကားဆိုသလိုေပါ့ဗ်ာ၊ က်ဳပ္တို႔ေကာင္းဖို႔ေျပာတဲ့ ဦးဘသာကို က်ဳပ္ေက်းဇူးတင္ပါတယ္၊ ေနာက္ဆို က်ဳပ္တို႔လည္းဆင္ျခင္ပါ့မယ္”

သူႀကီးက ေျပာၿပီးေတာ့ အႀကီးေကာင္က

“ဟုတ္တယ္ဗ်ဦးဘသာ၊ ဒါေၾကာင့္ အရင္က်ဳပ္တို႔ဘႀကီး ဘႀကီးေပါက ထမင္းမစားခင္ဆိုရင္ ဘုရားစာ႐ြတ္တာဗ်၊ ၿပီးေတာ့ ထမင္းကိုလက္ကေလးနဲ႔ဆုပ္ၿပီး ဘုရားလႉတယ္ဆိုလား ဦးဖယ္ထားတတ္ေသးတာ၊ အဲဒါေၾကာင့္ျဖစ္မယ္ေနာ္”

“ဘာသာျခားေတြလည္း ထမင္းမစားခင္ ေမတၱာပို႔တာ ထမင္းကိုေသေသခ်ာခ်ာေက်းဇူးတင္ၿပီးစားတာေသာက္တာေတြ ရွိၾကပါတယ္ကြ၊ ဒါေကာင္းတဲ့အေလ့အက်င့္္တစ္ခုပဲ၊ ေျပာလက္စနဲ႔ ေျပာရအုံးမယ္၊ စားေသာက္တဲ့အခါမွာလည္း ေနရာထိုင္ခင္းဆိုတာရွိတယ္ကြ၊ ထမင္းစားတဲ့ေနရာဟာ သန႔္ရွင္းရမယ္၊ ေျပာင္လက္ေနတာမ်ိဳးကိုေျပာတာမဟုတ္ဘူးေနာ္၊ အနည္းဆုံးေတာ့ သန႔္သန႔္ရွင္းရွင္းရွိရမယ္၊ ထမင္းပန္းကန္ေတြ၊ ခြက္ေယာက္ေတြကိုလည္း က်က်နနစားရမယ္၊ ၿပီးေတာ့ ေလွကားအတက္အဆင္းမွာစားတာမ်ိဳး၊ အိမ္ေပါက္ဝမွာထိုင္စားတာ၊ ေဆာင့္ေၾကာင့္ထိုင္စားတာ၊ မတ္တတ္စားတာ ဒါမ်ိဳးေတြလည္း မလုပ္အပ္ဘူးေနာ္၊ အဲဒီလိုစားရင္ ဆင္းရဲတတ္တယ္၊ ေၾကာင့္ၾကတတ္တယ္ဗ်၊ မယုံမရွိနဲ႔သူႀကီးေရ မယုံဘူး၊ အယူမရွိဘူးဆိုၿပီး ျဖစ္သလိုစားတဲ့လူေတြအမ်ားႀကီးကို က်ဳပ္ေတြ႕ဖူးၿပီးၿပီ ဘယ္ေတာ့မွ ခ်မ္းသာတယ္ဆိုတာ မရွိဘဲ အၿမဲ႐ုန္းကန္ေနၾကရတယ္ဗ်”

“မယုံဘူးေတာ့ မဟုတ္ပါဘူးဦးဘသာရာ၊ ဒါေပမယ့္ ေပါ့ေပါ့ဆဆေနမိတဲ့ က်ဳပ္တို႔အျပစ္ပါ၊ ေနာက္ဆိုက်ဳပ္တို႔သတိထားၿပီး ဆင္ျခင္ပါ့မယ္”

“ဆင္ျခင္ႏိုင္ရင္ေကာင္းတာေပါ့ဗ်ာ၊ သူႀကီးတို႔ရဲ႕ အနိ႒ထမင္းဝိုင္းကေန ဣ႒ထမင္းဝိုင္းအျဖစ္ ေျပာင္းလဲႏိုင္ပါေစဗ်ာ”

မသန္းတို႔သားအမိေတြကေတာ့ ထမင္းပန္းကန္ေတြ သိမ္းၾကဆည္းၾကေပါ့ဗ်ာ၊ က်ဳပ္လည္းသတိရသြားတာနဲ႔

“ေၾသာ္သူႀကီး၊ က်ဳပ္ကိုအေခၚလႊတ္တာ ဘာကိစၥရွိလို႔လဲ”

သူႀကီးက ေခါင္းညိတ္ရင္း

“က်ဳပ္ဦးဘသာနဲ႔ တိုင္ပင္စရာရွိလို႔ပါဗ်ာ၊ တျခားေတာ့မဟုတ္ပါဘူး၊ အလတ္ေကာင္ကိစၥပါ”

က်ဳပ္လည္းမ်က္ခုံးပင့္လိုက္မိတယ္။

“အလတ္ေကာင္က ဘာျဖစ္လို႔လဲသူႀကီးရ”

“ဟိုတစ္ခါစာရၿပီးကတည္းက အလတ္ေကာင္နဲ႔အဆက္အသြယ္ျပတ္သြားတယ္ ဦးဘသာ၊ ၿပီးေတာ့ ဆိုနီတို႔နဲ႔လည္း အဆက္အသြယ္မရွိေတာ့ဘူးဆိုေတာ့ အလတ္ေကာင္ကိုစုံစမ္းမရဘူးျဖစ္ေနတယ္၊ အခုဆိုရင္ တစ္လနီးနီးရွိၿပီ”

“က်ဳပ္လည္း သူ႔စာဖတ္ရပါတယ္၊ သူေျပာတာ ပုဂံကိုဘုရားဖူးသြားမယ္ဆိုလားပဲ”

“ဟုတ္တယ္၊ ဦးဘသာ အဲဒီကတည္းက အဆက္အသြယ္ျပတ္သြားတာပဲ၊ သားသမီးဆိုေတာ့လည္း က်ဳပ္တို႔သူ႔အတြက္ ပူရတာပါပဲဗ်ာ၊ ဒါေၾကာင့္မို႔ ဦးဘသာႀကီးမ်ား ရန္ကုန္ကိုသြားခ်င္မလားလို႔ပါ”

“က်ဳပ္က ရန္ကုန္ကိုသြားၿပီးေတာ့ အလတ္ေကာင္ကိုလိုက္ရွာရမယ္ဆိုပါေတာ့”

သူႀကီးကေခါင္းညိတ္တယ္။

“ဦးဘသာႏြားေတြကို က်ဳပ္တို႔ၾကည့္ထားေပးမယ္ဗ်ာ၊ ၿပီးေတာ့ ဦးဘသာသြားမယ္ဆိုရင္ လမ္းစားရိတ္လည္းထည့္္ေပးပါအုံးမယ္၊ က်ဳပ္တို႔လည္း လိုက္သြားခ်င္ေပမယ့္ လယ္ေတြကလည္း လုပ္မႏိုင္ဘူးျဖစ္ေနတယ္၊ လယ္ၿပီးမွသြားမယ္ဆိုရင္လည္း အရမ္းေနာက္က်သြားမွာစိုးလို႔ ဦးဘသာကိုပဲ က်ဳပ္ကအပူကပ္ရတာပါဗ်ာ၊ ဦးဘသာ က်ဳပ္တို႔ကိုကူညီမယ္မဟုတ္လား”

သူႀကီးက ခခယယေျပာေနတယ္ဆိုေတာ့လည္း က်ဳပ္ေတြးရၿပီေပါ့ဗ်ာ။

“ဒါေပမယ့္သူႀကီးရာ၊ က်ဳပ္လည္း ရန္ကုန္ဆိုတာကို တစ္ခါမွေရာက္ဖူးတာမဟုတ္ဘူးဗ်”

“က်ဳပ္တို႔လည္းမေရာက္ဖူးပါဘူး ဦးဘသာ၊ ဒါေပမယ့္ ဦးဘသာက လည္လည္ဝယ္ဝယ္ရွိတယ္၊ က်ဳပ္တို႔ထက္ေတာ့ ၿမိဳ႕ႀကီးျပႀကီးေတြဆီသြားလာဖူးတယ္ဆိုေတာ့ကာ၊ ဦးဘသာသြားတာ အေကာင္းဆုံးပဲလို႔ ထင္လို႔ပါဗ်ာ”

“အင္း၊ က်ဳပ္လည္းဒီႏွစ္လယ္မလုပ္ဖူးဆိုေတာ့ အားတာေတာ့အားပါတယ္”

ဒီအခ်ိန္ မသန္းကေျပးထြက္လာၿပီးေတာ့

“အလတ္ေကာင္ေပးထားတဲ့လိပ္စာကိုလိုက္သြားၿပီးေတာ့ အဲဒီမွာသူရွိမရွိဆိုတာ ၾကည့္ခဲ့႐ုံပါပဲဦးဘသာ၊ ကြၽန္မေတာ့ ကြၽန္မသားေလးကို စိတ္ပူတယ္၊ ဒီေကာင္ေလးက တုံးတုံးအအနဲ႔ဆိုေတာ့ သူမ်ားမဟုတ္တဲ့လူေတြနဲ႔ေတြ႕ၿပီး တစ္ခုခုမ်ားျဖစ္ေနသလားလို႔ပါ ဦးဘသာရယ္”

က်ဳပ္လည္း စိတ္ပူတာေတာ့အမွန္ပဲဗ်၊ စာေရာက္ၿပီးတဲ့အခ်ိန္ကဆို အခုတစ္လေတာင္ရွိေတာ့မယ္၊ တစ္လဆိုတဲ့အခ်ိန္က ဘာမွမဟုတ္ေပမယ့္ မိဘေတြခမ်ာမွာေတာ့ စိတ္ပူေနမွာအမွန္ပဲကိုးဗ်၊ ေနာက္ဆုံးေတာ့ က်ဳပ္လည္းသက္ျပင္းတစ္ခ်က္ခ်ၿပီး ေခါင္းညိတ္လိုက္ပါတယ္ဗ်ာ။

“ေကာင္းၿပီေလ၊ က်ဳပ္လည္း ရန္ကုန္ေရာက္ဖူးသြားတာေပါ့သူႀကီးရာ၊ က်ဳပ္သြားပါ့မယ္”

သူႀကီးေရာ မသန္းေရာ ေပ်ာ္သြားၾကတယ္ဗ်၊

“ဒါဆို ဘယ္ေတာ့သြားမလဲဦးဘသာ”

“က်ဳပ္မနက္ျဖန္ပဲသြားမယ္ဗ်ာ”

သူႀကီးက ပိုက္ဆံေတြႏႈိက္ေနတာနဲ႔ က်ဳပ္လည္းလက္ကာျပလိုက္ၿပီး

“မလိုပါဘူးသူႀကီးရာ၊ က်ဳပ္မွာစုထားေဆာင္းထားတာေလးေတြရွိပါေသးတယ္၊ က်ဳပ္စားရိတ္နဲ႔က်ဳပ္သြားမွာပါ၊ က်ဳပ္ႏြားေလးေတြကို ၾကည့္ေပးထားရင္ပဲ ေက်နပ္ပါၿပီ”

“စိတ္ခ်ပါဦးဘသာရာ၊ ႏြားေတြကိုေသခ်ာၾကည့္ေပးထားမယ္၊ ဦးဘသာ ရန္ကုန္ေရာက္ရင္ က်ဳပ္တို႔ကို စာတိုက္ကျဖစ္ျဖစ္၊ ေၾကးနန္းနဲ႔ျဖစ္ျဖစ္ ဆက္သြယ္လိုက္ပါေနာ္ ဦးဘသာ၊ ၿပီးေတာ့ . . .”

သူႀကီးအသံက တိမ္ဝင္သြားတယ္ဗ်၊

“ၿပီးေတာ့ ဘာျဖစ္လဲသူႀကီး”

“က်ဳပ္သားကို ေျဖာင္းဖ်ၿပီး ႐ြာကိုျပန္ေခၚလာခဲ့ပါဦးဘသာ၊ အလတ္ေကာင္က က်ဳပ္တို႔စကားသာ နားမေထာင္ရင္ေနမယ္၊ ဦးဘသာစကားဆိုရင္ေတာ့ နားေထာင္မွာေသခ်ာတယ္ဗ်၊ ဒါေၾကာင့္လည္း က်ဳပ္တို႔ဦးဘသာကို လႊတ္ရတာပါ”

“က်ဳပ္ႀကိဳးစားၾကည့္ပါ့မယ္သူႀကီး၊ ဒါေပမယ့္ အလတ္ေကာင္က ႐ြာကိုစိတ္နာသြားၿပီ၊ ႐ြာမွာခံစားခ်က္ကေလးေတြရွိေနေတာ့ သူမျပန္ခ်င္တာလည္း သဘာဝက်ပါတယ္၊ ၿပီးေတာ့ ၿမိဳ႕မွာဆိုေတာ့လည္း မ်က္စိပြင့္နားပြင့္ရွိတယ္မဟုတ္လား”

မသန္းက က်ဳပ္လက္ကိုလာဆြဲၿပီး

“အလတ္ေကာင္ကို ျပန္ေခၚလာခဲ့ပါ ဦးဘသာရယ္၊ အလတ္ေကာင္ရွိရင္ အိမ္ပူတယ္ထင္ရေပမယ့္ သူမရွိေတာ့လည္း အိမ္ကပ်င္းေျခာက္ေျခာက္ႀကီးနဲ႔ ကြၽန္မေတာ့ မေနတတ္ေတာ့ဘူး၊ အလတ္ေကာင္ကို သိပ္သတိရေနလို႔ပါ”

“ေကာင္းပါၿပီဗ်ာ၊ က်ဳပ္အတတ္ႏိုင္ဆုံးေျဖာင္းဖ်ၾကည့္ပါ့မယ္”

သူႀကီးက အႀကီးေကာင္ကိုၾကည့္ရင္း

“ေဟ့အႀကီးေကာင္၊ မနက္ျဖန္လွည္းကိုအသင့္ျပင္ထားစမ္းကြာ၊ လင္းၾကက္တြန္ၿပီးတာနဲ႔ ဦးဘသာကို တန္းျမင့္႐ြာအထိ လွည္းနဲ႔လိုက္ပို႔ေပးလိုက္”

“ဟုတ္ကဲ့ပါအေဖ”

သူတို႔တစ္အိမ္သားလုံးက က်ဳပ္ကိုၾကည့္ၿပီး

“အားကိုးပါတယ္ ဦးဘသာရာ”

က်ဳပ္လည္း ကြမ္းအစ္ကေလးပိုက္၊ ေခါင္းကေလး ညိတ္ၿပီးေတာ့ သူတို႔အိမ္ကေနျပန္ခဲ့တာေပါ့ဗ်ာ။ အိမ္ေရာက္တာနဲ႔ ခရီးထြက္ဖို႔ ျပင္ဆင္ရေတာ့တာပဲ၊ သိမ္းစရာရွိတာေတြသိမ္း၊ ယူစရာရွိတာေတြယူေပါ့ဗ်ာ၊ က်ဳပ္စိတ္ထဲေတာ့ ေပ်ာ္သလိုလို ဝမ္းနည္းသလိုလိုပဲဗ်၊ အလတ္ေကာင္ကိုေတြ႕ရမယ္ဆိုေတာ့ ေပ်ာ္ေနမိတယ္၊ ဒါေပမယ့္ ႐ြာကထြက္ရမွာကိုလည္း ဝမ္းနည္းေနသလိုပဲဗ်ာ။ အထုပ္အပိုးေတြျပင္ဆင္ၿပီးေတာ့ သက္ႀကီးေခါင္းခ် ၾကက္တြန္သံၾကားတယ္ဗ်၊ ဒါနဲ႔က်ဳပ္လည္း အိပ္ရာျပင္ၿပီး အိပ္လိုက္ရေတာ့တာေပါ့ဗ်ာ။

“ဦးဘသာ၊ ဗ်ိဳ႕ ဦးဘသာ”

က်ဳပ္အိပ္ေနရင္း ေမွးခနဲျဖစ္သြားတုန္း က်ဳပ္နာမည္ကိုေခၚသံၾကားလိုက္တယ္ဗ်၊ အသံကေတာ့ အလတ္ေကာင္အသံပဲဗ်ာ၊ က်ဳပ္လည္းမ်က္စိဖြင့္ၿပီး အိမ္ေရွ႕ဘက္ကိုၾကည့္လိုက္မိတယ္။

“အလတ္ေကာင္ . . . အလတ္ေကာင္လား”

ဘာမွေတာ့ျပန္ေျဖသံမၾကားဘူးဗ်၊ ေနာက္ေတာ့ က်ဳပ္နားထဲမွ တိုးတိုးကေလးၾကားရတယ္။

“ဦးဘသာ က်ဳပ္ကိုကယ္ပါအုံး၊ က်ဳပ္ကိုကယ္ပါအုံးဗ်ာ”

က်ပ္လည္းခ်က္ခ်င္းေငါက္ခနဲေကာက္ထိုင္လိုက္တယ္၊ ၿခံေရွ႕ကိုၾကည့္ေပမယ့္ ေခြးတစ္ေကာင္ေၾကာင္တစ္ၿမီးမွမေတြ႕ရဘူး၊ အသံကေတာ့ အလတ္ေကာင္အသံမွ အလတ္ေကာင္အစစ္၊ ဒါဆို အလတ္ေကာင္မ်ားလား၊ အလတ္ေကာင္တစ္ခုခုျဖစ္ေနလို႔ က်ဳပ္ကို တမ္းတေနတာမ်ားလား၊ သူက်ဳပ္ကို မေနာနဲ႔ဆက္သြယ္ေနတာမ်ားလား၊ ဘာပဲျဖစ္ျဖစ္၊ က်ဳပ္သြားရမယ္၊ က်ဳပ္ရန္ကုန္ကို သြားကိုသြားရမယ္ဗ်ာ။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ