‘စုန်းထီးကြီး ဦးဘသာနှင့်လူစားသည့်ရေတွင်းကြီး'(စ/ဆုံး)

Unicode Version

‘စုန်းထီးကြီး ဦးဘသာနှင့်လူစားသည့်ရေတွင်းကြီး'(စ/ဆုံး)
————————————————————————-

(၁)

ဒီရေတွင်းကြီးအကြောင်းကို ကျုပ်တို့တစ်ခါပြောခဲ့ဖူးပါတယ်၊ ကျုပ်တို့ရွာကနေထွက်လိုက်လို့ အနောက်ဘက်ယွန်းယွန်းမှာ ဒီရေတွင်းကြီးရှိတယ်ဗျ၊ ရွာနဲ့ဆို တစ်ခေါ်ကျော်ကျော်လောက်ဝေးတယ်၊ နှစ်ဖာလုံလောက်ရှိမှာပေါ့ဗျာ၊ အဲဒီရေတွင်းကြီးက ရွာရဲ့ထောင့်စွန်းကနေရှိနေတာဆိုတော့ တော်တော်တော့လှမ်းတယ်လို့ပြောလို့ရတာပေါ့ဗျာ၊ ဒါ့အပြင် ရေတွင်းကြီးဆီကို ဒီအတိုင်းသွားလို့မရဘူးဗျ၊ ရွာကိုကွေ့ပတ်ပြီးစီးဆင်းနေတဲ့ ရိုးချောင်းကလေးကလည်း ရှိနေသေးတာဆိုတော့ ရွာကနေပတ်ပြီး တကူးတကသွားရတဲ့နေရာမျိုးပါ။

အဲဒီရေတွင်းက ဘယ်ခေတ်ကတူးသွားမှန်းတော့မသိဘူးဗျ၊ ကျုပ်တို့ရဲ့ အဘေးကြီးပြောပုံအရဆိုရင်တော့ ဟိုးရှေးခေတ် အင်းဝခေတ်လောက်ကတည်းက ရှိနေတဲ့ရေတွင်းတဲ့ဗျ၊ အရင်ကတော့ အဲဒီရေတွင်းက ရွာဦးမှာရှိတဲ့ သောက်ရေတွင်းတဲ့ဗျာ၊ ဟုတ်တော့လည်းဟုတ်တယ်ဗျ၊ ရေကလည်း ကောင်းလိုက်တာပြောမနေပါနဲ့ နွေခေါင်ခေါင်ကြီးဆို ရွာထဲက ရေတွင်းတစ်ချို့ ရေခမ်းတတ်ပေမယ့် အဲဒီရေတွင်းက ရေကတော့ မခမ်းဘူးဗျို့၊ ဒါ့အပြင် ကြည်ကလဲကြည်ပြီး အေးကလဲအေးစက်နေတာပဲဗျာ၊

ရှေးခေတ်ကတော့ ကျုပ်တို့ရွာက အဲဒီရေတွင်းအနားမှာ တည်ထားတာပေါ့ဗျာ၊ ရွာနာမည်ကိုလည်း ဖက်လိပ်ရွှာတဲ့ဗျာ၊ ဘာသဘောနဲ့ နာမည်ပေးခဲ့သလဲတော့မသိပါဘူး၊ ဗမာဘုရင်တွေ လက်ထက်ကတည်းက ရှိခဲ့တဲ့ ရွာကြီးတစ်ရွာပေါ့ဗျာ၊ အဲဒီရေတွင်းက ရွာရဲ့ထိပ်ဦးပေါ့၊ ပြီးတော့ အခုရေတွင်းဘေးနားက တောတန်းကြီးဖြစ်နေတဲ့နေရာက တစ်ချိန်တုန်းက အရမ်းစည်ကားတဲ့ ရွာကြီးပေါ့ဗျာ၊ ရေတွင်းကြီးကိုလည်း ပတ်ပတ်လည်ကျောက်ပြားခင်းထားပြီးတော့ အပေါ်မှာလည်း သစ်သားနဲ့လုပ်ထားတဲ့ ပြဿဒ်ကြီးတစ်ခုတင်ထားသေးတယ်တဲ့ဗျ၊ ရေတွင်းရဲ့ ပေါင်နှုတ်ခမ်းမှာ သစ်သားနဲ့နဂါးကြီးနှစ်ကောင်လုပ်ပြီးတော့် အဲဒီမှာ စက်သီးတပ်ပြီး ရေကိုဆွဲတင်တာပေါ့ဗျာ။

အင်္ဂလိပ်ခေတ်ရောက်တော့ ကျုပ်တို့ရွာကို ကျောက်ရောဂါဆိုတဲ့ ရောဂါဆိုးကြီး ကူးစက်လာပါရောဗျာ၊ ရွာသားတွေ တစ်ကိုယ်လုံးကျောက်တွေထွက်ပြီးတော့ နောက်တော့အဲဒီကျောက်တွေက မျက်လုံးတွေကနေကန်ထွက်တော့ မျက်လုံးတွေပေါက်ထွက်ပြီး ဖျားနာပြီးသေကြတာပေါ့ဗျာ၊ ကျောက်ရောဂါက ကူးစက်တာလည်းမြန်တယ်ဆိုတော့ ရွာမှာ လူတွေတော်တော်သေလာတာပေါ့ဗျာ၊ ဒါနဲ့ပဲ ရွာကလူတွေတိုင်ပင်ကြတယ်၊ အဲဒီမှာ ဆရာတော်တစ်ယောက်က ကျောက်ရောဂါကင်းအောင်လို့ အစီအရင်တစ်ခုပေးတယ်ဗျ၊ အဲဒါကတော့ လူတွေမကျန်းမာရင် အိပ်ရာနေရာပြောင်းအိပ်သလို ရွာမှာမကျန်းမာကြဘူးဆိုတော့ ရွာရွေ့ကြဖို့ပေါ့ဗျာ၊ ဒါနဲ့ ဆရာတော်ရဲ့အစီအစဉ်နဲ့ ရွာဟောင်းရဲ့အရှေ့ဖက်က သဘာဝအတိုင်း ဇီးပင်တွေပေါက်နေတဲ့ ကုန်းကလေးကို ဆရာတော်က ရွှေ့ပြောင်းစေတာပေါ့ဗျာ၊ ဒါနဲ့ပဲ ဇီးပင်တွေရှိတဲ့ ကုန်းကလေးမှာ ရွာကိုတည်လိုက်တော့ ဇီးကုန်းရွာဆိုပြီး ဖြစ်သွားတော့တာပေါ့ဗျို့။

ဇီးကုန်းမှာ ရွာမတည်ခင် ဆရာတော်က ရေတစ်တန်၊ ကုန်းတစ်တန် တားမှရမယ်လို့ဆိုတယ်ဗျ၊ ဒါနဲ့ ဆရာတော်ရဲ့စီစဉ်မှုနဲ့ပဲ ရွာဟောင်းနဲ့ရွာသစ်ကြားထဲမှာ မြောင်းကြီးတစ်ခုကို ရွာသားတွေလုပ်အားနဲ့ နေ့ချင်းညချင်း တူးကြတော့တာပဲဗျို့၊ အဲဒီမြောင်းက အခုကျုပ်တို့ရွာကို ပတ်ပြီးစီးဆင်းနေတဲ့ ရိုးချောင်းကလေးပေါ့ဗျာ။ မြောင်းတူးပြီးတော့ တောင်ကျချောင်းကလေးနဲ့ ဆက်လိုက်တော့ ရေကဆင်းလာတာပေါ့ဗျာ။ နောက်ပြီး ဆရာတော်က အဲဒီမြောင်းကြီးတူးထားတဲ့ မြေကြီးတွေနဲ့ မြောင်းနဲ့ရွာအသစ်နဲ့ကြားထဲမှာ တာရိုးကြီးတစ်ခုကို ဖို့စေတာပေါ့ဗျာ၊ ရွာမှာရှိတဲ့ ကလေးလူကြီးကအစ အဘိုးအဘွားတွေအဆုံး လုပ်အားပေးကြတော့ တစ်ပတ်မကြာခင်မှာပဲ ဇီးကုန်းကလေးကို ပတ်ထားတဲ့ မြောင်းကြီးရယ်၊ မြေသားတာရိုးမို့မို့ကြီးရယ် ပြီးစီးသွားတာပေါ့၊ အားလုံးပြီးစီးသွားတော့မှ ဆရာတော်က တစ်ရက်ကို ခုနစ်အိမ်နှုန်းနဲ့ ရွာသစ်ကိုပြောင်းစေတာဗျာ၊ သူကလည်း အစီအရင်တွေလုပ်ပေးတာပေါ့၊ ဒီလိုနဲ့ ကိုးရက်မြောက်တော့ ရွာသစ်ကိုပြောင်းတာ အောင်မြင်သွားတော့တာပဲ၊ အိမ်ခြေတစ်ရာကျော်ရှိတဲ့ ရွာမှာ အိမ်ခုနစ်ဆယ်နီးပါးပဲ ပြောင်းရွှေ့လိုက်ရတယ်ဗျာ၊ ကျန်တဲ့အိမ်တွေနဲ့ အိမ်ထောင်စုတွေကတော့ ကျောက်ရောဂါနဲ့ ဆုံးပါးသွားကြတာပါပဲ။

ကုန်းတစ်တန်၊ ရေတစ်တန်နဲ့ပြောင်းလာပြီးတော့ အဲဒီရွာဟောင်းဘက်မှာ ညဆိုရင် မီးအလင်းရောင်တွေမြင်ရတယ်၊ လူတွေသွားလာနေတဲ့အသံတွေကြားရတယ်တဲ့ဗျာ၊ ဒါ့အပြင် ရေမြောင်းကြီးရဲ့ဘေးနားမှာ လူတွေက ညညဆိုတန်းစီနေတယ်တဲ့၊ ကျုပ်အဘိုးကလည်း သူကြီးဆိုတော့ သူတို့က သူခိုးသူဝှက်တွေလားဆိုပြီးတော့ ထွက်ထွက်ကြည့်တာပေါ့ဗျာ၊ အဲဒီအခါကျတော့ ဟိုဖက်ရေမြောင်းအစပ်မှာ သေဆုံးသွားကြတဲ့ ရွာကလူတွေက တန်းစီနေတယ်တဲ့ဗျာ။

“ငါတို့ကိုလာခွင့်ပေးပါ၊ သူကြီး ငါတို့လည်းလာချင်တယ်”

အဲဒီလိုအော်ဟစ်ပြီး ငိုယိုနေတာဗျာ၊ ငိုသံကြီးတွေဆိုရင် သိပ်ကြောက်စရာကောင်းတာတဲ့။ အဘိုးရဲ့ ယောက္ခမကြီးကလည်း ကျောက်ရောဂါနဲ့ဆုံးသွားတာဗျ၊ သူ့ယောက္ခမကြီးဆိုရင် ကျုပ်အဘိုးသူကြီးကို အော်ဟစ်ဆဲဆိုပြီးတော့ ကြိမ်းလိုက်မောင်းလိုက်တာပဲ၊ အဘိုးတို့လည်း မြေသားတာဘောင်ကြီးပေါ်ကနေပြီး သေနတ်နဲ့သုံးလေးချက်လောက်ပစ်ဖောက်လိုက်ရင် အဲဒီလူတွေအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပဲတဲ့ဗျာ။

အဲဒီအချိန်ကစပြီး ရွာအပြင်အနောက်ဘက်ရိုးချောင်းကို တံတားမထိုးရဲတာ အခုထိပဲပေါ့ဗျာ၊ ရွာကိုချဲ့တော့လည်း အဲဒီရိုးချောင်းနဲ့ တာရိုးကြီးဘက်ကိုမချဲ့တော့ဘဲ အရှေ့ပိုင်းဘက်ကိုပဲ ချဲ့ခဲ့တာပေါ့ဗျာ၊ အခုအချိန်အထိ မိုးကျတော့မယ်ဆိုရင် အဲဒီရိုးချောင်းကို ရွာကလူတွေအကုန်လုံးက ဆယ်ကြတယ်၊ ရိုးချောင်းကထွက်လာတဲ့မြေတွေကို တာရိုးကြီးပေါ်ကိုဖို့ကြတာ ဓလေ့တစ်ခုလိုဖြစ်နေပြီပေါ့ဗျာ၊ အဲဒီတာရိုးကြီးအနားမှာလည်း ဘယ်သူမှမနေရဲဘူးဗျ၊ ကံနိမ့််ရင် ရွာဟောင်းနေရာမှာ ရိုးခနဲ ရိပ်ခနဲ ပရလောကသားတွေကို မြင်တွေ့နေရသေးတာ။

(၂)

ကျုပ်ဒါတွေကို ပြောနေတယ်ဆိုတာက အဲဒီရေတွင်းနေရာကို ခင်ဗျားတို့မြင်အောင်လို့ ပြောပြနေရတာပါ၊ အဲဒီလို တာရိုးကြီးလည်းကာထားပြီးတော့ ရိုးချောင်းကြီးလည်းရှိတယ်ဆိုတော့ ရေတွင်းပျက်ဘက်ကို ရွာကလူတွေ တော်ရုံနဲ့မရောက်ဘူးပေါ့ဗျာ၊ သွားချင်ရင်လည်း လူကြီးတစ်ရပ်လောက်ရှိတဲ့ ရိုးကြီးကို ဖြတ်ရမှာမဟုတ်လား၊ ဒီတော့ ရေခမ်းချိန်၊ နွေရောက်တဲ့အချိန်လောက်မှ ရွာအနောက်ဘက်က ကွင်းတွေကိုသွားတတ်ကြတယ်ဗျ။

အဲဒီရေတွင်းပျက်နဲ့ ရွာဟောင်းနေရာကလည်း မြေကြမ်းလိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ လွတ်လပ်ရေးရပြီးတော့ ဘုန်းကြီးတွေတစ်ချို့ အကျွတ်အလွတ်ပွဲဆိုပြီး ရွာစဉ်လှည့်လုပ်ကြတယ်၊ စစ်ကြောင့်သေထားတဲ့သူတွေ၊ ခုနကလို ကပ်ဆိုးကျထားပြီး သေတဲ့ရွာတွေက မကျွတ်မလွတ်တဲ့လူတွေကို ကျွတ်လွတ်အောင်လို့ ကုသိုလ်ပြုပေးတာပေါ့ဗျာ၊ ဒါနဲ့ မန္တလေးက ဦးဇင်းငါးပါးနဲ့ သူ့ဒကာတွေ ရွာဟောင်းနေရာကို အကျွတ်အလွတ်ပွဲလုပ်မယ်ဆိုပြီး လာကြပါရောဗျာ၊ ညသန်းခေါင်ရောက်တော့ အဲဒီလူတွေကို ခြောက်လွှတ်လိုက်တာ အဲဒီတစ်ဖွဲ့လုံး ညတွင်းချင်းပဲ ပြန်ပြေးပါရောဗျာ၊ သူတို့ကပြောသွားသေးတယ်၊ တကယ်ကြမ်းတဲ့နေရာတွေကို သူတို့ရောက်ဖူးခဲ့ပေမယ့် ဒီနေရာလောက် မကြမ်းဘူးတဲ့ဗျာ။

ဖက်လိပ်ရွာပျက်သွားတဲ့ တောတန်းကလေးကိုတော့ ဖက်လိပ်တောလို့ခေါ်တယ်ဗျ၊ အဲဒီရေတွင်းပျက်နဲ့ ဖက်လိပ်တောဆိုရင် ရွာက သတ္တိကောင်းပါတယ်ဆိုတဲ့လူတောင် တစ်ယောက်တည်းသွားဖို့ လက်တွန့််နေကြတာဗျာ၊ ကြုံတုန်း အဲဒီရေတွင်းက အခြောက်အလှန့်အကြောင်းတွေ ပြောပြရအုံးမယ်ဗျ၊ ခင်ဗျားတို့လဲ နားထောင်ပြီး ကြောက်ကြပေါ့ဗျာ။

ကျုပ်တို့အဖေနဲ့ ငယ်သူချင်းတစ်ယောက်ရှိတယ်ဗျ၊ သူ့နာမည်က ပေတိုးပဲထားပါတော့ဗျာ၊ အဖေတို့ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ စာလိုက်ရတယ်၊ ပေတိုးလည်း ပါတာပေါ့ဗျာ၊ ဒါပေမယ့် ပေတိုးက စာမလိုက်နိုင်ဘူးတဲ့ဗျ၊ သူ့အမေတွေကလည်း မကောင်းကျောင်းပို့ဆိုသလို ဘုန်းကြီးကျောင်းကိုပို့ထားတာမို့လို့ ကျုပ်တို့နဲ့အတူတူစာလိုက်တယ်ဆိုပေမယ့် သူက စာသိပ်မရဘူးပေါ့၊ ခုခေတ်စကားနဲ့ပြောရင် ထမင်းသိုးဟင်းသိုးလို့ သဘောထားပြီး ဘုန်းကြီးက သူ့ကိုလွှတ်ထားတယ်ဆိုပါတော့ဗျာ။

ပေတိုးက စာတော့မရပေမယ့်၊ ငါးဖမ်းတာတော့ တော်တော်ကျွမ်းကျင်တယ်ဆိုပဲဗျာ။ လူကြီးတွေနဲ့ ပြိုင်ပြီးဖမ်းနိုင်တာဗျ၊ မကောင်းတဲ့နေရာမှာ ပါရမီပါတယ်လို့ပြောရမှာပေါ့၊ ဒီလိုနဲ့ တစ်နှစ်တော့ သီတင်းကျွတ်ခါနီးအချိန်မှာ ပေတိုးက ကျုပ်အဖေတို့ ဘုန်းကြီးကျောင်းသားတွေကို အဖော်စပ်တယ်တဲ့ဗျ။

“ဟေ့ကောင်တွေ၊ ရွာအနောက်ဘက်က ရိုးချောင်းထဲမှာ ရေတွေခမ်းတော့မယ်ကွ၊ ရေက နည်းပြီး နုံးကများနေပြီဟေ့၊ ရိုးချောင်းကိုပိတ်ပြီးတော့ အိုင်ပက်လိုက်ရင် ငါတို့ငါးတွေ တော်တော်ရမှာကွ”

ကလေးတွေဆိုတော့ ငါးဖမ်းချင်ကြတာပေါ့ဗျာ၊ အဖေပြောသလောက်ဆိုရင် ပေတိုးက အသက်ဆယ့်သုံးနှစ်တဲ့ဗျ၊ အဖေတို့က ပေတိုးထက်ငယ်တယ်၊ အသက် ဆယ့်တစ်နှစ်လောက်အရွယ်ပေါ့ဗျာ”

“ဟာ၊ ငါမလိုက်ဘူးကွ၊ ရွာအနောက်က ရိုးချောင်းအနားကို ငါ့အမေက မသွားဖို့မှာထားတယ်”

“ဟား၊ ဟား မင်းတို့က ငကြောက်တွေပဲကွ၊ ဘာလဲမင်းတို့ကို သရဲကိုက်မှာကြောက်နေတာလားကွ၊ ငါပြောမယ် မင်းတို့သေသေချာချာမှတ် နွားကျောင်းသားတို့ ဘုန်းကြီးကျောင်းသားတို့ဆိုတာ သရဲကတောင် ပြန်ကြောက်ရတယ်ကွ”

အဖွဲ့ထဲမှာ အကြီးဆုံးပေတိုးကပြောတယ်ဆိုတော့ တစ်ဖွဲ့လုံးက ယုံသွားတာပေါ့ဗျာ။

“ဟုတ်ရဲ့လား ကိုပေတိုးရ ကျုပ်ကိုသရဲတွေက ဖမ်းပြီး ဂုတ်ချိုးနေပါအုံးမယ်”

“မင်းတို့ကွာ ဆရာတော်ပြောတာ ကြားဖူးတယ်မဟုတ်လား၊ သမ္ဗုဒ္ဓေဂါထာက သရဲနိုင်တယ်ဆိုတာလေ မင်းတို့ရတယ်မဟုတ်လား”

“ရတာပေါ့ ကိုပေတိုးရ”

“ဒါဆိုလည်းကြောက်မနေစမ်းပါနဲ့ကွာ၊ ညနေကျောင်းဆင်းရင် အနောက်ချောင်းထဲသွားပြီး အိုင်သွားပက်မယ်ကွာ၊ ငါးရရင် ငါတို့ကင်စားကြမယ် ကောင်းပြီလား”

ပေတိုးကို ဆရာတင်ပြီးတော့ ဘုန်းကြီးကျောင်းသားတစ်သိုက် ကျောင်းကဆင်းလာခဲ့တယ်၊ ညနေသုံးနာရီလောက် ရှိပြီပေါ့ဗျာ၊ ပေတိုးက ဦးဆောင်ပြီး ချောင်းထဲဆင်းသွားပြီးတော့ ချောင်းနှှုတ်ခမ်းက ရွံ့တွေနဲ့ ချောင်းထဲက ရေများတဲ့နေရာကို တာပေါင်ပိတ်လိုက်တယ်ဗျ၊ နောက်တော့ ရေပုံးစုတ်တွေ၊ ခွက်တွေနဲ့ ဘုန်းကြီးကျောင်းသားလေးတွေ ရေတွေခပ်ထုတ်ပြီး ငါးပက်ကြတာပေါ့ဗျာ။ ကလေးတွေဆိုတော့လည်း ပျော်နေတာပေါ့၊ ငါးပက်ရင်း နေဝင်ချိန်ရောက်သွားတာကိုတောင် သိပ်သတိမထားမိဘူးလေ၊ ငါးကလည်း ပေတိုးပြောသလို အများကြီးရတာဗျာ၊ ရေကုန်တော့မယ်ဆိုတော့ သောင်တင်နေတဲ့ငါးကြီးတွေပေါ့ဗျာ။

ငါးတွေကို သံပုံးစုတ်ထဲကိုထည့်ပြီးတော့ လူတစ်ရပ်လောက်မြင့်တဲ့ တာပေါင်ကြီးအပေါ်ကို တက်ကြတယ်၊ တာပေါင်ကြီးအပေါ်မှာ ထင်းခြောက်တွေကောက်ပြီး မီးမွှေးပြီးတော့ ငါးတွေကို တုတ်နဲ့ထိုးပြီး ကင်စားကြတာတဲ့ဗျာ၊ ကလေးတွေဆိုတော့လည်း ပျော်နေကြတာပေါ့။ ငါးကလည်း အခုဖမ်း၊ အခုကင်ဆိုတော့ သိပ်ချိုတာတဲ့ဗျာ။ သူတို့စားနေတုန်း ငါးပက်ထားတဲ့နေရာမှာ ရွံ့တွေထဲမှာရုန်းနေတာကို ပေတိုးကတွေ့လိုက်တယ်၊ ငါးကတော့ အတော်ကြီးမယ့်ပုံပဲဆိုပြီးတော့ ချောင်းရိုးထဲကိုဆင်းသွားတယ်ဗျာ၊ နေဝင်ရီတရော ညီအကိုမသိတသိအချိန်ဆိုတော့ ပတ်ဝန်းကျင်ကိုအမှောင်ဖုံးနေပြီပေါ့ဗျာ၊ ပေတိုးက ချောင်းထဲဆင်းပြီး ရွံ့ထဲသွားနှိုက်တော့ ရွံ့ထဲကနေ တစ်တောင်လောက်ရှိတဲ့ ငါးကြီးလိုအကောင်ကြီးကို ဖမ်းမိတယ်တဲ့ဗျာ၊ ဒါပေမယ့် သေသေချာချာကြည့်လိုက်တော့ ငါးကြီးမဟုတ်ဘူး လူလတ်ပြတ်ကြီးဖြစ်နေတာတဲ့၊ လက်ပြတ်ကြီးက ငါးကြီးကိုခုန်နေတာတဲ့လေ။

“ကိုပေတိုး ပြန်တက်လာခဲ့”

ပေတိုးက ရွံ့ထဲကနေတက်ဖို့လုပ်ပေမယ့် ခြေထောက်တွေက မကြွတော့ဘူးတဲ့ဗျာ။

“ဟေ့၊ ငါ့ကိုကယ်ပါအုံး။ ငါ့ကိုကယ်ကြပါအုံး”

ဒီအချိန်မှာပဲ ချောင်းရိုးတစ်ဘက်မှာ လူကြီးတွေပေါ်လာတယ်၊ လူကြီးလေးယောက်ရှိပြီး သူတို့မျက်လုံးတွေက အပြာရောင်ကြီးတွေလင်းနေတယ်တဲ့၊ အဖေတို့လည်း ကြောက်ပြီး ရွာထဲကိုပြန်လှည့်ပြေးလာကြတာပေါ့ဗျာ၊ ရွာကလူကြီးတွေကို အကျိုးအကြောင်းပြောပြတော့ လူကြီးတွေက အုပ်စုဖွဲ့ပြီးလိုက်လာကြတာပေါ့၊ ချောင်းရိုးထဲလည်းရောက်ရော ပေတိုးကိုမတွေ့တော့ဘူးတဲ့၊ ဒါပေမယ့် ချောင်းထဲက တက်သွားတဲ့ ရွံ့ခြေရာတွေအတိုင်းလိုက်ခဲ့ကြတာပေါ့ဗျာ၊ နောက်တော့ရေတွင်းပျက်ထဲကို ခြေရာတွေက ဦးတည်သွားပါရော၊ ရွာက သတ္တိရှိတဲ့သူတွေ ရေတွင်းပျက်ထဲကို ဆင်းငုတ်တော့မှ ပေတိုးအလောင်းကို ပြန်ရတော့တာပဲတဲ့ဗျို့။

(၃)

နောက်တစ်ခုကျတော့ ကျုပ်တို့အဖေ လူပျိုပေါက်လောက်ပေါ့ဗျာ၊ ချင်းတောင်တန်းကနေဆင်းလာပြီး ရွာမှာလာအခြေချတဲ့ ချင်းမိသားစုတစ်စုရှိတယ်တဲ့၊ သူတို့က ဘာသာခြားတွေလည်းဖြစ်တယ်၊ နောက်ပြီး သရဲဆိုလည်း မယုံကြည်ကြဘူးတဲ့ဗျာ၊ ချင်းမိသားစုဆီမှာ အသက်သုံးဆယ်လောက်ရှိတဲ့ လူပျိုကြီးတစ်ယောက်လည်းရှိတယ်ဗျ၊ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနဲ့ဆိုပဲဗျ၊ အကြောက်အလန့်ကလည်း လုံးဝမရှိဘူး၊ သိပ်မကြာသေးခင်ကမှ ချင်းသေနတ်ကိုင်တပ်ရင်းကနေ ထွက်လာတာတဲ့။ ရွာရောက်တော့ ရွာကကိစ္စတွေကို ကူညီပေးရင်း ကာလသားတွေနဲ့ ခင်မင်သွားကြတာပေါ့ဗျာ။ ရွာမှာ ချင်းက သူတို့ဘဲရှိတာဆိုတော့ အဲဒီအကိုကြီးကိုလည်း ချင်းကြီးလို့ပဲ အလွယ်နာမည်ပေးလိုက်ကြတာပေါ့။

တစ်ညတော့ သရဲအကြောင်းတွေပြောကြရင်း ဖက်လိပ်တောနဲ့ ရေတွင်းပျက်အကြောင်းပြောတာပေါ့၊ ဒါပေမယ့် အဲဒီချင်းကြီးက မယုံပါဘူးဗျာ၊ ကာလသားတွေပြောသမျှ သရဲအကြောင်းတွေကို သူကနားထောင်ပြီး ရယ်မောနေသေးတာ။

“မင်းတို့ဗမာတွေက ကြောက်တတ်တာပါကွာ၊ သရဲဆိုတာ မရှိပါဘူးကွ၊ ငါဆိုရင် အရင်ကရှေ့တန်းမှာ လူသေအလောင်းတွေကြားထဲ သုံးလေးရက်လောက် ညအိပ်ပြိး တိုက်ခဲ့ရတဲ့ကောင်ပါကွ”

ဒါနဲ့ပဲ ကာလသားတွေနဲ့ အငြင်းအခုန်တွေဖြစ်ကုန်ရောတဲ့ဗျို့၊ နောက်တော့ ထုံးစံအတိုင်း စိန်ခေါ်ကြတာပေါ့ဗျာ၊ ချင်းကြီးက ညသန်းခေါင်မှာ အဲဒီရွာဟောင်းကို သုံးပတ်ပတ်ရမယ်၊ ပြီးရင် ရေတွင်းပျက်မှာ ထုံးနဲ့ စာတစ်လုံးရေးရမယ်လို့ပေါ့၊ ထုံးကို သရဲတွေကြောက်တယ်လို့ အယူရှိတယ်မဟုတ်လား၊ တကယ်လို့သာ ချင်းကြီးလုပ်နိုင်မယ်ဆိုရင် ကာလသားတွေစုပြီးတော့ ငွေတစ်ရာပေးမယ်၊ မလုပ်နိုင်ဘဲ ပြန်ပြေးခဲ့တယ်ဆိုရင်တော့ သရဲဆိုတာကို လက်ခံရမယ်လို့ပေါ့ဗျာ။ ချင်းကြီးကလည်း ခေါင်းညိတ်တယ်တဲ့၊ အဲဒီခေတ်က ငွေတစ်ရာဆိုတာ သိပ်တန်ဖိုးရှိတာဗျ၊ ခုခေတ် လေးငါးသိန်းလောက်နီးပါး ရှိတာပေါ့ဗျာ။

သူတို့စကားပြောပြီးတော့ ညရှစ်နာရီလောက်ရှိနေပြီဗျ၊ ချင်းကြီးက ရဲဆေးတင်တဲ့အနေနဲ့ ဘီအီးအရက်ကို ပုလင်းလိုက်ထောင်သောက်ပြီး ညသန်းခေါင်မရောက်ခင် ရွာအနောက်ဘက်ကို အုပ်လိုက်ကြီးထွက်လာခဲ့ကြတယ်၊ အချိန်က တပေါင်းလဆိုတော့ ရိုးချောင်းက ရေခမ်းနေပြီလေ၊ ဒါနဲ့ ရွာက ကာလသားတွေက မြေသားတာရိုးကြီးပေါ်မှာနေခဲ့ကြတယ်၊ ချင်းကြီးကတော့ မီးတုတ်တစ်ချောင်းကိုင်ပြီး လက်တစ်ဖက်က ဝါးရင်းတုတ်ကြီးကိုင်ထားတယ်၊ အရက်ပုလင်းကို ခါးကြားထိုးပြီး ရိုးချောင်းကိုဖြတ်သွားတာတဲ့ဗျာ၊ မျက်တောင်တစ်ချက်တောင်မခတ်ဘူးတဲ့၊ ချင်းကြီးရဲ့ မီးတုတ်အလင်းရောင်ကို သူတို့လှမ်းမြင်နေရတယ်၊ နောက်တော့ ဖက်လိပ်တောဘက်ရောက်သွားတော့မှ မျက်ခြည်ပြတ်သွားတယ်ဆိုပဲဗျာ။

ကာလသားတွေက စောင့်ရင်း စောင့်ရင်းနဲ့ ချင်းကြီးက နာရီဝက်နဲ့လည်း ပြန်မလာ၊ တစ်နာရီနဲ့လည်း ပြန်မလာဘူးတဲ့၊ ကာလသားတွေလည်း လိုက်သွားချင်ပေမယ့် ဘယ်သူ့ကိုမှ အဖော်စပ်လို့မရဘူးတဲ့ဗျာ၊ ရွာခံတွေဆိုတော့ ရွာဟောင်းကို သိနေကြတယ်မဟုတ်လား၊ ဒါနဲ့မကြာခင် ရွာဦးကျောင်းက အုန်းမောင်းခေါက်တော့မှ ဆရာတော်ကိုပြေးခေါ်ပြီး အကျိုးအကြောင်းပြောလိုက်ရတယ်၊ ဆရာတော်နဲ့ ကပ္ပိယကြီးက ဦးဆောင်ပြီးတော့ ကာလသားတစ်သိုက် ရေတွင်းပျက်အနားကို လျှောက်လာခဲ့ကြတယ်၊ ဖက်လိပ်တောတန်းထဲကို တိုးပြီး ရှာဖွေပေမယ့် ချင်းကြီးရဲ့ အရိပ်အယောင်ကိုမတွေ့ရဘူးတဲ့၊ ဒါနဲ့ ရေတွင်းပျက်အနားကိုသွားလိုက်တော့ ရေတွင်းပျက်ရဲ့ အုတ်ဘောင်မှာ ထုံးနဲ့ သရဲရှိသည်လို့ ရေးထားတဲ့ စာကိုတွေ့ရတယ်တဲ့ဗျာ၊ ချင်းကြီးရေးသွားတာဖြစ်မှာပေါ့၊ ဒါပေမယ့် ရွာက လူတွေ ဘယ်လောက်ရှာရှာချင်းကြီးကို မတွေ့ခဲ့ကြပါဘူးဗျာ၊ ရေတွင်းထဲလည်းဆင်းရှာကြတာပါပဲ။

ဒီလိုနဲ့တစ်လလောက်ကြာတော့ ချင်းကြီးကို ရွာအနီးတစ်ဝိုက်မှာ ရိုးတိုးရိပ်တိတ်မြင်တွေ့ကြရတယ်တဲ့ဗျာ၊ တစ်ရက်တော့ ကာလသားခေါင်းနဲ့ရွာပြင်မှာတွေ့တယ်တဲ့ဗျာ၊ ကာလသားခေါင်းကလည်း တန်းမြင့်ရွာကို ကိစ္စရှိလို့သွားတာ ရွာကိုဝင်တော့ မှောင်နေပြီတဲ့၊ ချင်းကြီးက ဘာမှတော့မခြောက်လှန့််ပါဘူးတဲ့ ဒါပေမယ့် သူပြောတာက သူက ရေတွင်းအောက်မှာ နေနေရတယ်တဲ့ဗျာ၊ သူ့ကို သူ့ထက်ကြီးတဲ့လူတွေက ခိုင်းစားကြတယ်တဲ့၊ သူ့ကိုယ်စားလူရောက်လာမှ သူသွားလို့ရမှာတဲ့ဗျာ။

ချင်းမိသားစုလည်း အခုတော့ ရွာမှာမရှိတော့ပါဘူး၊ ဒါပေမယ့် အဲဒီရေတွင်းပျက်နဲ့ပတ်သက်လာရင် ချင်းကြီးအကြောင်းက မပါမဖြစ်ပဲဗျ။ ဒီလိုနဲ့ ရွာကလူတွေက ရေတွင်းပျက်ကြီးကိုရှောင်ဖယ်ထားကြတာပေါ့ဗျာ။ ဒါပေမယ့်လည်း သုံးနှစ်တစ်ခါ၊ ငါးနှစ်တစ်ခါလောက်တော့ ရေတွင်းပျက်နားမှာ အကြောင်းအမျိုးမျိုးနဲ့ သေတတ်ကြတာပါပဲ၊ လူစားလဲတယ်ဆိုတာမျိုးနေမှာပေါ့ဗျာ။

(၄)

နောက်ပိုင်းပိုဆိုးသွားတာက အဲဒီရေတွင်းပျက်နားမှာ ကျုပ်တို့ရွာကလူတွေက သားသတ်ကုန်းအဖြစ်နဲ့ အကောင်တွေသတ်ကြတာပါပဲဗျာ၊ အလှူအတန်းရှိတယ်ဆိုရင် ဝက်တွေကြက်တွေကို သတ်တဲ့နေရာပေါ့ဗျာ၊ အသားတွေစားချင်လာပြီဆိုရင် နွားတွေကိုခိုးပြီး ပေါ်ကြတဲ့နေရာပေါ့၊ အဲဒီနေရာကို ရွေးလိုက်တယ်ဆိုတာက အကြောင်းရှိတယ်ဗျ။ ရွာထဲမှာ နွားတွေ၊ ဝက်တွေပေါ်ရင် သူတို့အော်သံတွေက အနိဌာရုံဖြစ်တယ်ပေါ့ဗျာ၊ နောက်တစ်ခုက နွားတွေ ဝက်တွေပေါ်ပြီးတော့ အသားဖျက်တဲ့အခါ ရေလိုတယ်ဗျ၊ အဲဒီအခါကျရင် ရေတွင်းပျက်က ရေမခမ်းဘူးဆိုတော့ ရေကိုဖောဖောသီသီ သုံးရတာပေါ့ဗျာ၊ ဒါပေမယ့် အသားပေါ်မယ့်လူတွေက နေ့လည်နေ့ခင်းမှာပဲ ပေါ်ကြတယ်၊ ရေတွင်းပျက်ကြီးက ကြောက်ဖို့ကောင်းတယ်မဟုတ်လားဗျာ။ ပေါ်ပြီးရင်လည်း ပေါ်ထားတဲ့အသားရယ်၊ အစိတ်အပိုင်း အရိုးအရင်းတွေရယ်ကို ရေတွင်းပျက်ကြီးနားမှာ ဖက်ခင်းပြီးထားခဲ့ရတယ်ဗျ။ အဲဒီလိုမလုပ်ရင် နွားပေါ်တဲ့လူတွေ ဒုက္ခတွေ့တတ်တယ်လို့ အယူအဆရှိတယ်။

ထုံးစံအတိုင်း ကျုပ်တို့ဆီမှာ ပဲပေါ်ပြီ၊ စပါးပေါ်ပြီဆိုရင် အလှူလုပ်တတ်ကြတာ ထုံးစံပဲဗျ၊ အခုခေတ်တော့ အတွေ့ရနည်းပေမယ့်် ကျုပ်တို့ငယ်ငယ်ကတော့ အလှူတွေဆက်နေကြတာဗျာ၊ အဲဒီခေတ်ကလည်း အခုခေတ်လို ဆိုင်ကယ်ဘယ်နှစီးရှိတာ၊ ကားဘယ်နှစ်စီးရှိတယ်ဆိုတာ ပြိုင်တဲ့ခေတ်မဟုတ်ဘူးဗျို့၊ သူကဘယ်လောက်လှူနိုင်တာ၊ ငါကဘယ်လိုလှူနိုင်တယ်ဆိုပြီးတော့ ပြိုင်ကြတဲ့ခေတ်ပေါ့ဗျာ၊ ကျုပ်တို့ကောင်တွေကလည်း စားရသောက်ရတာဆိုတော့ အလှူရှင်တွေကို အချင်းချင်းရန်တိုက်ပေးကြတာဗျာ၊ သူကတော့ ဘယ်လိုလုပ်တာ အားကျမခံ ဦးလေးလည်း ဘယ်လိုလှူပါပေါ့ဗျာ၊ ဒီလိုနဲ့ အပြိုင်အဆိုင်လှူကြတန်းကြတာပေါ့၊ တစ်ချို့ဆိုအလှူလုပ်ရင်း အကြွေးပါတင်တယ်ဗျာ။

အလှူကိုလည်း ကျုပ်တို့အရပ်မှာ သုံးမျိုးခွဲထားတယ်ဗျ၊ အလှူပိန်ရယ်၊ အလှူလတ်လို့ခေါ်တဲ့ ရိုးရိုးအလှူရယ်၊ နောက်ပြီးအလှူကြီးရယ်ပေါ့ဗျာ။ အလှူပိန်တွေက အိမ်မှာလုပ်လေ့မရှိပါဘူး၊ ဘုန်းကြီးကျောင်းမှာ အလှူလုပ်ပြီး နေ့တစ်ပိုင်းလောက် ကျောင်းကိုလာတဲ့သူတွေကို ကျွေးတာမျိုးပါ၊ အလှူပိန်တွေက များသောအားဖြင့် ထမင်းကျွေးလေ့မရှိဘူးဗျ၊ မုန့််ဟင်းခါးတို့၊ ခေါက်ဆွဲတို့ ကျွေးကြတာပါ၊ အလှူလတ်ကတော့ အိမ်မှာ မဏ္ဍပ်ထိုးပြီး တစ်ရက်လုံး ဒါမှမဟုတ်ရင်လည်း သုံးရက်လောက် အိမ်နီးနားချင်းတွေနဲ့ ဆွေမျိုးတွေကို ကျွေးတဲ့အလှူပေါ့ဗျာ၊ အလှူကြီးဆိုတာကတော့ ရွာလယ်လမ်းမှာ မဏ္ဍပ်ကြီးခွထိုးပြီးတော့ ခုနစ်ရက်ခုနစ်လီ တစ်ရွာလုံးကို မီးခိုးတိတ်ကျွေးတဲ့အလှူပေါ့ဗျာ။ အလှူကြီးတောင်မှ ပိုက်ဆံအနည်းအများအပေါ်မူတည်ပြီး ဟင်းကွာတတ်သေးတယ်၊ ပုံမှန်ဆိုရင်တော့ အချဉ်သုပ်၊ ဟင်းချို၊ နောက်ပြီး အငံကြော် တစ်မျိုးမျိုးပေါ့ဗျာ၊ ပိုက်ဆံရှိတဲ့လူတွေကျတော့ ကြက်သား၊ ဝက်သားတွေ ကျွေးတာပေါ့။

အဲဒီနှစ်တော့ ရွာမှာ အလှူကြီးဖြစ်တယ်ဗျ၊ ရွာမှာ ပိုက်ဆံတော်တော်ရှိတဲ့လူတွေ အလှူလုပ်တာပါ၊ သူတို့အိမ်က ယောက်ျားတွေကို ရဟန်းခံရှင်ပြုပေးတဲ့ မင်္ဂလာအလှူပေါ့ဗျာ၊ ပိုက်ဆံရှိတဲ့သူတွေဆိုတော့ ဝက်သားနဲ့သုံးရက်၊ ကြက်သားနဲ့ သုံးရက်ကျွေးမယ်တဲ့ဗျာ၊ ဝက်သားကိုအာလူးနဲ့ရောချက်မယ်၊ ကြက်သားကို ဘူးသီးနဲ့ရောမယ်ပေါ့၊ ဝက်သားချက်ရမယ်ဆိုတော့ ဝက်တွေလိုလာပြီလေဗျာ၊ အဲဒီခေတ်က ဝက်သားဆိုတာကလည်း လိုသလောက်ဝယ်လို့မရတော့ အလှူရှင်က ပိုက်ဆံထုတ်ပေးပြီဆိုတာနဲ့ ကျုပ်တို့ကာလသားတွေက အနီးအနားရွာတွေက ဝက်မွေးတဲ့သူတွေဆီက ဝက်တွေဝယ်ရတယ်၊ အလှူမတိုင်ခင် ကြိုပြီး ပေါ်ပေးရတယ်ပေါ့ဗျာ။

ဒီလိုနဲ့ အလှူမှာကျွေးဖို့အတွက် ဝက်တွေထဲကမှ ဝက်သုံးကောင်ကို ကြိုးနဲ့ဝက်တုပ်တုပ်ပြီးတော့ လှည်းပေါ်တင်ပြီး ရွာအပြင်ကိုထွက်ခဲ့တာပေါ့ဗျာ၊ ရွာအနောက်ရိုးချောင်းနားမှာ လမ်းမရှိဘူးဆိုတော့ ရေတွင်းပျက်နားကိုရောက်ဖို့ ရွာကိုပတ်ပြီးသွားရတာဗျ၊ ကျုပ်တို့နဲ့အတူတူ မိန်းကလေးသုံးလေးယောက်လည်း ပါလာခဲ့ကြတယ်၊ ကျုပ်ညီမ နို့ညှာညီမလည်း ပါလာခဲ့တာပေါ့ဗျာ၊ ဝက်တွေကို ထိုးခုတ်နေတုန်းမှာပဲ မိန်းကလေးသုံးယောက်က ရယ်ရယ်မောမောနဲ့ ဖက်လိပ်တောထဲကို ဝင်သွားကြတယ်ဗျ၊ အဲဒီအချိန်က တောစံပယ်လေးတွေ ပွင့်တဲ့အချိန်ပေါ့ဗျာ၊ တောထဲက စံပယ်ပင်ရိုင်းတွေဆီမှာ သူတို့တွေသွားခူးကြတာပေါ့၊ ညနေသုံးနာရီလောက်ကျတော့ အားလုံးပြီးစီးသွားပြီးတော့ အကုန်ပြန်လာခဲ့တာပေါ့ဗျာ၊

ကျုပ်တို့ဝက်ပေါ်တဲ့အဖွဲ့တွေက အချက်အပြုတ်မကူညီရဘူးဆိုတော့ ညနေအိမ်ကိုပြန်လာခဲ့တာပေါ့၊ ညီမကတော့ ရေမိုးချိုးပြီးတော့ စံပယ်ပန်းကလေးတွေကို ကုံးပြီးခေါင်းမှာပန်ထားတယ်၊ အလှူရှိတယ်ဆိုရင် ရွာက ကာလသမီးတွေက ကူညီပေးရတယ်ဆိုတော့ အလှူအိမ်ကိုသူကထွက်သွားတာပေါ့ဗျာ၊ မိန်းကလေးတွေက ကြက်သွန်လှီးတာ၊ ငရုတ်သီးထောင်းတာ လုပ်ရတယ်မဟုတ်လား။

ကျုပ်လည်း ရေမိုးချိုးပြီးတော့ အဝတ်လေးလျှော်နေတုန်းရှိသေးတယ်၊ ကာလသားတွေက ကျုပ်တို့အိမ်ကိုပြေးလာကြတယ်၊

“ဟေ့၊ သူကြိးရှိလား”

“မရှိဘူးဗျ၊ အလှူအိမ်မှာမရှိရင်တော့ တစ်အိမ်အိမ်မှာ စကားပြောနေတယ်ထင်တယ်”

“ဒါဆိုမင်းလိုက်ခဲ့ကွာ၊ မင်းညီမက အလှူအိမ်မှာ ဘာဖြစ်မှန်းမသိဘူးကွ”

ကျုပ်ဖြင့််လန့်သွားတာပဲဗျာ၊ ဒါနဲ့ ရေလဲပုဆိုးကြီးနဲ့ပဲ ကျုပ်လည်းအလှူအိမ်ကို အပြေးလိုက်ခဲ့ရတာပေါ့၊ အလှူအိမ်ရောက်တော့ ညီမကိုလူတွေက ဝိုင်းအုံကြည့်နေကြတယ်၊ ညီမကတော့ ရှိုက်ကြီးတငင် ငိုနေတယ်။

“ဟဲ့အလတ်မ ဘာဖြစ်တာလဲ”

ကျုပ်ပုခုံးပုတ်လိုက်တော့ သူက ကျုပ်လက်ကိုပုတ်ချလိုက်တယ်ဗျ၊ သူ့လက်တွေဆိုတာလည်း ဖျားနေတဲ့လူလို ပူနေတာပဲဗျာ။ မကြာပါဘူး၊ တဟားဟားနဲ့ ရယ်ပါလေရော၊ အနားက မိန်းကလေးတွေက လဲဝိုင်းပြီးယပ်ခတ်ပေးနေကြတာပေါ့၊ ဆေးဆရာကြီးကလည်း အလှူအိမ်ပေါ်မှ စကားပြောနေတာဆိုတော့ ကျုပ်တို့အနားကိုရောက်လာပါရော။

“မင်းညီမကို အပမှီလာတယ်ထင်တယ်ကွ၊ ငိုလိုက်ရယ်လိုက်နဲ့ဆိုတော့ သွေးရိုးသားရိုးတော့ မဟုတ်ဘူး”

ဆေးဆရာကြီးက ကျုပ်ညီမရဲ့ခေါင်းကို အုပ်ကိုင်လိုက်တယ်ဗျာ၊ ပြီးတော့ ပါးစပ်က မန်းမှုတ်နေပြီးမကြာဘူး ကျုပ်ညီမတစ်ယောက် အရုပ်ကြိုးပြတ်လဲကျသွားခဲ့တာ။ လူတွေအားလုံးကလည်း ဆေးဆရာကြီးကို ဝိုင်းပြီးချီးကျူးကြတာပေါ့ဗျာ။ ဆေးဆရာကြီးမျက်နှာကလည်း ပြုံးဖြီးဖြီးနဲ့ပေါ့ဗျာ။

“မင်းညီမ ပယောဂကို ငါထုတ်လိုက်ပြီကွ၊ ငါဒီကိုရောက်နေတာ မင်းညီမကံကောင်းတာပဲဟေ့၊ နည်းနည်းနောက်ကျသွားရင် သရဲအစာဖြစ်နေလောက်ပြီကွ”

ကျုပ်လည်း ကျုပ်ညီမကိုထမ်းပိုးပြီးတော့ အိမ်ကိုပြန်လာခဲ့တာပေါ့၊ အိမ်ကိုရောက်တော့ အိမ်အောက်ထပ်က သူတို့နေတဲ့အခန်းထဲကိုထည့်ပြီးတော့ အိပ်ရာပြင်ပြီး သိပ်လိုက်တာပေါ့ဗျာ၊ မကြာပါဘူး အမေတို့ ညီမငယ်တို့ပြန်ရောက်လာတယ်၊ ကျုပ်လည်း ကျုပ်တို့ဖြစ်ခဲ့တာတွေ ပြန်ပြောပြနေတာပေါ့ဗျာ။

(၅)

ညဘက်ရောက်တော့ ကျုပ်လည်းအိပ်နေတာပေါ့ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ကိုတစ်ယောက်ယောက်ကပုတ်ပြီးနှိုးလိုက်သလိုမျိုး ထူးဆန်းသွားတယ်၊ ကျုပ်ထကြည့်လိုက်တော့ တစ်အိမ်လုံး စံပယ်ပန်းရနံ့ကမွှေးနေတာဗျာ၊ တောစံပယ်ဆိုတာက သူ့အမွှေးနံ့က ပုံမှန်စံပယ်ပန်းနဲ့မတူဘူးဗျ၊ တစ်ချို့ပြောကြတာကတော့ အဲဒါစံပယ်ပန်းအစစ်မဟုတ်ဘူးတဲ့၊ ကျုပ်တို့ကတော့ အပွင့်ဖြူဖြူသေးသေးကလေးတွေဆိုတော့ တောစံပယ်လို့ပဲ အလွယ်ခေါ်လိုက်တာဗျာ။

စံပယ်ပန်းရနံ့တွေ ထူးထူးဆန်းဆန်းမွှေးနေတာ့ ကျုပ်လည်းစဉ်းစားမိတယ်၊ တောစံပယ်ဆိုလို့ နေ့လည်က အလတ်မတို့ခူးလာတာပဲရှိတာ၊ ဒါနဲ့ ကျုပ်လည်း အိမ်ပေါ်ထပ်ကနေဆင်းလာတော့ နို့ညှာညီမက ခြံပေါက်ဝနားမှာ မတ်တပ်ကြီးရပ်လို့ဗျ၊ အခန်းတံခါးကြီးပွင့်ပြီး အခန်းထဲမှာ အငယ်မက အိပ်မောကျနေတာ၊ ကျုပ်လည်း နို့ညှာညီမလက်ကို ပြေးဆွဲလိုက်တာပေါ့ဗျာ။ ကျုပ်ညီမလက်တွေက ခြစ်ခြစ်တောက်ပူနေပြီးတော့ မျက်လုံးကြီးကလည်း ညအမှောင်မှာလင်းလို့ဗျ၊ ကျုပ်ကိုလှည့်ကြည့်ပြီးတော့ ယောက်ျားသံကြီးနဲ့ပြောတယ်။

“ဟေ့ကောင် ငါ့ကိုမတားနဲ့”

ကျုပ်လည်း သိလိုက်ပါပြီ၊ ညနေက ဆေးဆရာကြီး ပယောဂထုတ်တာ၊ ပယောဂက မထွက်ဘဲနဲ့ ပုန်းနေတာဗျို့။ ကျုပ်က ကျုပ်ညီမလက်ကိုအတင်းဆွဲတော့ ကျုပ်ညီမက ကျုပ်ကိုဆောင့်တွန်းထည့််လိုက်တာဗျာ ကျုပ်ဖြင့် အနောက်ကိုခြေဆယ်လှမ်းလောက်လွင့်သွားပြီးတော့ ဖင်ထိုင်လျက်ကြီးလဲကျသွားတာ၊ ကျုပ်လဲကျသွားတာနဲ့ ကျုပ်ညီမလည်း ခြံတံခါးကိုဖွင့်သေးတယ်၊ ဒါပေမယ့် ကျုပ်တို့ခြံတံခါးက ဂျလက်တစ်ခုရယ် ခြံတံခါးအပေါ်မှာလည်း သံကွင်းနဲ့ချိတ်ထားတာဆိုတော့ ဖြုတ်လို့မလွယ်ဘူးပေါ့ဗျာ။ ဒါနဲ့ ဘာလုပ်တယ်ထင်သလဲဗျ၊ လူတစ်ရပ်လောက်နီးပါးရှိတဲ့ ခြံတံခါးကို လွှားခနဲကျော်ပြီးထွက်သွားတာဗျာ၊ ကျုပ်တောင်မှ အဲဒီလိုမကျော်တတ်ဘူးဗျို့၊ ကျုပ်လည်း ခြံတံခါးဖွင့််ပြီး ရွာလယ်လမ်းအတိုင်း တစ်ချိုးတည်းပြေးသွားတဲ့ ကျုပ်ညီမနောက်ကို ပြေးလိုက်ရပါရော။

ကျုပ်စိတ်ထဲ ဘာလုပ်ရမလဲဆိုပြီး စဉ်းစားနေတုန်း ဦးဘသာကြီးအိမ်ရှေ့အရောက် ဖြတ်ခနဲသတိရသွားတယ်ဗျာ။ ဒါနဲ့ ဦးဘသာကြီးခြံတံခါးကို တဝုန်းဝုန်းနဲ့ထုတာပေါ့ဗျာ။ ကျုပ်ညီမကတော့ ပြေးသွားလိုက်တာမြန်လို့ဗျို့၊ မကြာပါဘူး ဦးဘသာကြီးဆင်းလာတယ်။

“ဦးဘသာကြီးကျုပ်ညီမကို ကယ်ပါအုံးဗျာ”

“ဟေ၊ ဘာဖြစ်လို့လဲ”

“အိပ်ရာကနေထလာပြီးတော့ အခုရွာပြင်ကိုထွက်ပြေးသွားလို့ဗျ၊ ညနေက ဆေးဆရာကြီးကလည်း အပမှီလာတယ်လို့ပြောတယ်”

ဦးဘသာကြီးက အိမ်ထဲကိုပြေးဝင်သွားပြီးတော့ ရေသုံးတဲ့ဒန်ခွက်ဖလားကြီးနဲ့ ရေတစ်ခွက်ခပ်လာတယ်ဗျ၊

“ဟေ့ကောင် မင်းညီမခြေရာကို မင်းသိသလား”

ဖြစ်ချင်တော့ တပေါင်းလက ပူအိုက်ခြောက်သွေ့တဲ့လဗျ၊ တစ်မိုးတွင်းလုံး ဗွက်တွေထူနေတဲ့ရွာလယ်လမ်းကြီးက အခုတော့ ဖုန်ထူထူနဲ့ဖုတ်လမ်းကြီးဖြစ်သွားပြီလေ၊ ဖုန်တွေထဲမှာ ကျုပ်ညီမခြေရာက အထင်းသားကြီးဗျ။ ကျုပ်လည်း သူ့ခြေရာကိုလက်ညှိုးထိုးပြလိုက်တယ်။

“ဒါပဲဗျို့၊ ဒီဟာ သူ့ခြေရာပဲ၊ ခုနကမှထွက်ပြေးသွားတာဆိုတော့ ထင်းနေတာပဲဗျာ”

ဦးဘသာကြီးက ရေဖလားကို လက်တစ်ဖက်က ပင့်ကိုင်ထားပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ရေထဲကိုနှစ်ပြီး နာရီလက်တံပြောင်းပြန်တိုင်း လှည့်နေတယ်ဗျ၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ပေါ့၊ ပြီးတော့ ရေဖလားကို ကိုင်ပြီး အဲဒီခြေရာပေါ်ကို လက်ပြန်လောင်းချလိုက်တယ်၊ ဖုန်တွေက ရေနဲ့ထိတော့ အငွေ့တစ်ထောင်းထောင်းနဲ့ ပုံပျက်သွားတာပေါ့ဗျာ။

“ဦးဘသာကြီး ဘာလုပ်လိုက်တာလဲ”

“မင်းညီမကို ခြေချုပ်ချလိုက်ပြီကွ၊ ငါတို့အမြန် သူ့နောက်လိုက်သွားမှရမယ်”

ကျုပ်နဲ့ ဦးဘသာကြီးလည်း ပြေးလိုက်ခဲ့တာပေါ့ဗျာ။ ခြေရာတွေက ရွာလယ်ကိုရောက်တော့ ရွာအရှေ့ပိုင်းကိုဦးတည်မနေဘဲ ရွာအနောက်ပိုင်းကိုဦးတည်သွားတော့တာ၊ ကျုပ်တို့လည်း ရွာအနောက်ပိုင်းကိုပြေးလိုက်လာတာပေါ့၊ ရွာအနောက်ပိုင်းမှာ အိမ်ဆက်ကျဲတယ်ဗျာ၊ ပြေးလာရင်း အရှေ့မှာ လူတစ်ရပ်လောက်ရှိတဲ့ မြေသားတာပေါင်ကြီးကို မြင်နေရပြီ၊ ကျုပ်ဖြင့် ရင်တွေထိတ်လိုက်တာဗျာ၊ မြေသားတာပေါင်ကြီးကို ပြေးခုန်တက်ခဲ့လိုက်တော့ ကျုပ်ညီမက ရိုးချောင်းကလေးထဲမှာ ရပ်နေတယ်ဗျ၊ ရိုးချောင်းကလေးကလည်း ရေကုန်ပြီဆိုတော့ သဲချောင်းကလေးဖြစ်နေပြီပေါ့ဗျာ၊ အသက်ကြီးတဲ့ ဦးဘသာကြီးကတော့ အနောက်ကနေတဖြည်းဖြည်းလိုက်လာပြီး မြေသားတာပေါင်ပေါ်တက်လာတယ်။

“ဟိုမှာ ဦးဘသာ”

ကျုပ်တို့နှစ်ယောက်လုံး ရိုးချောင်းကလေးထဲကိုဆင်းသွားလိုက်တယ်၊ ကျုပ်ညီမက ကျုပ်ကိုစိမ်းစိမ်းကြီး ကြည့်နေတယ်ဗျာ၊ လပြည့််နားနီးနေပြီမို့လို့ လရောင်နဲ့ ပတ်ဝန်းကျင်က လင်းထိန်နေတာပေါ့။ ဦးဘသာကြီးက ခါးထောက်လိုက်တယ်ဗျ။

“ဟေ့ကောင်၊ မင်းဒါဘာလုပ်တာလဲ”

ကျုပ်ညီမက ခြေထောက်တော့မရွှေ့ပေမယ့် နောက်ပြန်လှည့်ကြည့်တယ်ဗျ။

“မင်းတို့ကောင်တွေ ဝင်မရှုပ်နဲ့၊ ဒါ ငါ့လူ၊ ငါပိုင်တယ်”

“ပေါက်တတ်ကရတွေမပြောစမ်းနဲ့၊ ဒါငါ့ရွာသူကွ၊ မင်းအခုသူ့ကိုလုပ်ထားတာတွေယူပြီး ထွက်ရင်ထွက်၊ မထွက်ရင်တော့ မင်းငါ့အကြောင်းသိမယ်”

ကျုပ်ညီမပုံက ကြောက်လန့်သွားပုံရတယ်ဗျ။ ဦးဘသာကြီးက လက်ဝါးကိုဖြန့်လိုက်ပြီး ညီမနားကိုကပ်လိုက်တော့ ကျုပ်ညီမမှာ တုန်တောင် တုန်သွားတယ်။

“မလုပ်ပါနဲ့ဘသာရာ၊ မင်းကိုငါတို့ကြောက်ပါတယ်”

“ဒါဆိုရင်လည်း အခုထွက်တော့”

“လွယ်လွယ်တော့မထွက်နိုင်ဘူးကွ၊ ဒီအခွင့်အရေးကို ငါစောင့်နေခဲ့တာကြာပြီ၊ ဘသာ၊ ဒီတစ်ခေါက်တော့ ငါ့ကိုလွှတ်ပေးပါ၊ ငါသူ့ကိုလိုချင်တယ်ကွ”

“ပြောမရတာ ကိုင်းကွာ”

ဦးဘသာကြိးက သူ့လက်ဝါးနဲ့ ကျုပ်ညီမဇက်ပိုးကို အုပ်ထည့်လိုက်တယ်ဆိုရင်ပဲ ကျုပ်ညီမက အရှေ့ကိုဟပ်ထိုးလဲကျသွားတယ်၊ ဒီအချိန်မှာ ကျုပ်ညီမကိုယ်ထဲကနေ အရိပ်လိုလို၊ ဘာလိုလိုမည်းမည်းအကောင်ကြီးက လှစ်ခနဲထွက်သွားပြီး ရွာထဲကိုပြေးဝင်သွားဖို့လုပ်တော့တာပဲဗျို့၊ ဦးဘသာကြီးက အဲဒီအရိပ်ကိုလက်ညှိုးထိုးလိုက်တော့ အရိပ်ကြီးက ငြိမ်ကျသွားရော။

“ဟေ့ကောင်၊ မင်းနဲ့ ငါတို့ရွာနဲ့ ဘာမှမဆိုင်ဘူး၊ မင်းပြန်ထွက်သွားစမ်း”

“ဘသာ၊ မင်းပြောတဲ့အတိုင်း ငါသူ့ကိုထဲက ထွက်ပေးပြီးပြီလေကွာ။ ဒါပေမယ့် ငါတစ်ခြားလူကို လိုချင်တယ်”

“မရဘူး၊ အခုသွားဆိုသွား၊ ကျုပ်လုပ်ထည့်လိုက်လို့ ခင်ဗျားတို့နေစရာမရှိဘဲ ဘုံပျောက်သွားမယ်နော်”

အရိပ်ကြီးက နောက်ပြန်ကြီးပြန်လာပြီး ရိုးချောင်းတစ်ဖက်ကိုကူးသွားတယ်၊ ဒီအချိန်မှာပဲရိုးချောင်းတစ်ဖက်မှာ သူ့လိုအရိပ်တွေ လေးငါးခုပေါ်လာတယ်ဗျာ။ အရိပ်တွေက မကျေနပ်တဲ့ပုံနဲ့ကြည့်နေကြတယ်၊ ကျုပ်လည်း ကျုပ်ညီမကိုပြေးဆွဲပြီး ရိုးချောင်းထဲကနေ ပြေးတက်လာတာပေါ့ဗျာ။ ဦးဘသာက အရိပ်တွေကိုကြည့်ပြီးတော့

“တောက်၊ ငါလိုးမသားတွေ၊ မင်းတို့ဘာကြည့်နေတာလဲ”

ဆဲဆိုလိုက်တော့မှ အရိပ်တွေက ပျောက်သွားတာဗျာ၊ ကျုပ်လည်း ညီကိုပွေ့ပြီး ပြန်လာခဲ့ရတယ်၊ အပြန်လမ်းကျတော့ အတော်မောနေပြီဗျာ၊ ဦးဘသာက လူကြီးဆိုတော့ သူလည်းတော်တော်အမောဆို့နေပြီ၊ ကျုပ်တို့ဖြည်းဖြည်းချင်းရွာထဲကို ပြန်လျှောက်လာတာပေါ့ဗျာ။

“မင်းမြန်လို့ကွ၊ မင်းညီမသာ ရိုးချောင်းဟိုဘက်ကိုရောက်သွားရင် ငါပြန်ခေါ်လို့ရမှာမဟုတ်ဘူး၊ အဲဒီနေရာက ဒီ်ကောင်တွေရဲ့ပိုင်နက်ကွ”

ကျုပ်လည်း အံ့သြနေမိတယ်။

“ရွာတွေမှာ ရွာစည်းတွေရှိတယ်ကွ၊ တို့ရိုးချောင်းကလည်း စည်းရိုးတစ်ခုပဲမဟုတ်လား၊ ရွာစည်းကနေထွက်သွားရင် ငါဘာမှလုပ်လို့မရတော့ဘူး၊ လူတွေလိုပေါ့ကွာ၊ ဒီရွာမှာ မင်းအဖေက အာဏာရှိတဲ့သူကြီးဆိုပေမယ့် သူများရွာကျတော့ သွားစွာလို့မရဘူးမဟုတ်လား”

“ဒီကောင်ကြီးတွေက ဦးဘသာကို သိနေတယ်နော်”

“ဒီကောင်တွေက နှစ်ချို့သဘက်ကြီးတွေကွ၊ ငါ့ကိုသိတယ်ဆိုတာကလည်း ငါ့အမေဒေါ်ပျင်းကြီးက သူတို့ကိုခိုင်းစားခဲ့တာကိုး”

ကျုပ်တို့စကားပြောရင်း ရွာလယ်လမ်းအတိုင်းလျှောက်လာခဲ့တယ်၊

“မင်းညီမခူးလာတဲ့ပန်းမှာ ဒီကောင်က လိုက်လာခဲ့တာ၊ မင်းညီမက ပန်းကုံးသီပြီးပန်လိုက်တော့ သူက ဝင်စီးသွားလို့ရတာပေါ့ကွာ၊ အဲဒီစံပယ်ပန်းတွေကို ဖြုတ်လိုက်စမ်းပါ”

ကျုပ်လည်း ဦးဘသာကြီးပြောတဲ့အတိုင်း စံပယ်ပန်းတွေကိုဆွဲဖြုတ်ပြီး ခြေထောက်နဲ့တက်နင်းလိုက်တယ်။ ဦးဘသာကြီးက သူ့အိမ်ရှေ့ရောက်တော့ အိမ်ထဲကိုပြန်ဝင်သွားတော့တာပါပဲ၊ ကျုပ်လည်း ညီမဇောနဲ့ဆိုတော့ သူ့ကိုစကားပြောချိန်တောင် မရလိုက်ပါဘူးဗျာ၊ ကျုပ်ညီမလည်း ပန်းပန်တဲ့အကျင့်ပျောက်သွားတာ အခုထိပါပဲဗျာ၊ တောထဲက ခူးလာတဲ့ပန်းမပြောနဲ့ ကိုယ့််ခြံဝန်းထဲမှာ ပေါက်တဲ့ပန်း၊ ဈေးကဝယ်လာတဲ့ပန်းကိုတောင် မပန်ရဲတော့ပါဘူးဗျာ။

ကဲ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊

ပြီးပါပြီ။

#အဂ္ဂဇော်

Zawgyi Version

‘စုန္းထီးႀကီး ဦးဘသာႏွင့္လူစားသည့္ေရတြင္းႀကီး'(စ/ဆုံး)
————————————————————————-

(၁)

ဒီေရတြင္းႀကီးအေၾကာင္းကို က်ဳပ္တို႔တစ္ခါေျပာခဲ့ဖူးပါတယ္၊ က်ဳပ္တို႔႐ြာကေနထြက္လိုက္လို႔ အေနာက္ဘက္ယြန္းယြန္းမွာ ဒီေရတြင္းႀကီးရွိတယ္ဗ်၊ ႐ြာနဲ႔ဆို တစ္ေခၚေက်ာ္ေက်ာ္ေလာက္ေဝးတယ္၊ ႏွစ္ဖာလုံေလာက္ရွိမွာေပါ့ဗ်ာ၊ အဲဒီေရတြင္းႀကီးက ႐ြာရဲ႕ေထာင့္စြန္းကေနရွိေနတာဆိုေတာ့ ေတာ္ေတာ္ေတာ့လွမ္းတယ္လို႔ေျပာလို႔ရတာေပါ့ဗ်ာ၊ ဒါ့အျပင္ ေရတြင္းႀကီးဆီကို ဒီအတိုင္းသြားလို႔မရဘူးဗ်၊ ႐ြာကိုေကြ႕ပတ္ၿပီးစီးဆင္းေနတဲ့ ႐ိုးေခ်ာင္းကေလးကလည္း ရွိေနေသးတာဆိုေတာ့ ႐ြာကေနပတ္ၿပီး တကူးတကသြားရတဲ့ေနရာမ်ိဳးပါ။

အဲဒီေရတြင္းက ဘယ္ေခတ္ကတူးသြားမွန္းေတာ့မသိဘူးဗ်၊ က်ဳပ္တို႔ရဲ႕ အေဘးႀကီးေျပာပုံအရဆိုရင္ေတာ့ ဟိုးေရွးေခတ္ အင္းဝေခတ္ေလာက္ကတည္းက ရွိေနတဲ့ေရတြင္းတဲ့ဗ်၊ အရင္ကေတာ့ အဲဒီေရတြင္းက ႐ြာဦးမွာရွိတဲ့ ေသာက္ေရတြင္းတဲ့ဗ်ာ၊ ဟုတ္ေတာ့လည္းဟုတ္တယ္ဗ်၊ ေရကလည္း ေကာင္းလိုက္တာေျပာမေနပါနဲ႔ ေႏြေခါင္ေခါင္ႀကီးဆို ႐ြာထဲက ေရတြင္းတစ္ခ်ိဳ႕ ေရခမ္းတတ္ေပမယ့္ အဲဒီေရတြင္းက ေရကေတာ့ မခမ္းဘူးဗ်ိဳ႕၊ ဒါ့အျပင္ ၾကည္ကလဲၾကည္ၿပီး ေအးကလဲေအးစက္ေနတာပဲဗ်ာ၊

ေရွးေခတ္ကေတာ့ က်ဳပ္တို႔႐ြာက အဲဒီေရတြင္းအနားမွာ တည္ထားတာေပါ့ဗ်ာ၊ ႐ြာနာမည္ကိုလည္း ဖက္လိပ္႐ႊာတဲ့ဗ်ာ၊ ဘာသေဘာနဲ႔ နာမည္ေပးခဲ့သလဲေတာ့မသိပါဘူး၊ ဗမာဘုရင္ေတြ လက္ထက္ကတည္းက ရွိခဲ့တဲ့ ႐ြာႀကီးတစ္႐ြာေပါ့ဗ်ာ၊ အဲဒီေရတြင္းက ႐ြာရဲ႕ထိပ္ဦးေပါ့၊ ၿပီးေတာ့ အခုေရတြင္းေဘးနားက ေတာတန္းႀကီးျဖစ္ေနတဲ့ေနရာက တစ္ခ်ိန္တုန္းက အရမ္းစည္ကားတဲ့ ႐ြာႀကီးေပါ့ဗ်ာ၊ ေရတြင္းႀကီးကိုလည္း ပတ္ပတ္လည္ေက်ာက္ျပားခင္းထားၿပီးေတာ့ အေပၚမွာလည္း သစ္သားနဲ႔လုပ္ထားတဲ့ ျပႆဒ္ႀကီးတစ္ခုတင္ထားေသးတယ္တဲ့ဗ်၊ ေရတြင္းရဲ႕ ေပါင္ႏႈတ္ခမ္းမွာ သစ္သားနဲ႔နဂါးႀကီးႏွစ္ေကာင္လုပ္ၿပီးေတာ့္ အဲဒီမွာ စက္သီးတပ္ၿပီး ေရကိုဆြဲတင္တာေပါ့ဗ်ာ။

အဂၤလိပ္ေခတ္ေရာက္ေတာ့ က်ဳပ္တို႔႐ြာကို ေက်ာက္ေရာဂါဆိုတဲ့ ေရာဂါဆိုးႀကီး ကူးစက္လာပါေရာဗ်ာ၊ ႐ြာသားေတြ တစ္ကိုယ္လုံးေက်ာက္ေတြထြက္ၿပီးေတာ့ ေနာက္ေတာ့အဲဒီေက်ာက္ေတြက မ်က္လုံးေတြကေနကန္ထြက္ေတာ့ မ်က္လုံးေတြေပါက္ထြက္ၿပီး ဖ်ားနာၿပီးေသၾကတာေပါ့ဗ်ာ၊ ေက်ာက္ေရာဂါက ကူးစက္တာလည္းျမန္တယ္ဆိုေတာ့ ႐ြာမွာ လူေတြေတာ္ေတာ္ေသလာတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ ႐ြာကလူေတြတိုင္ပင္ၾကတယ္၊ အဲဒီမွာ ဆရာေတာ္တစ္ေယာက္က ေက်ာက္ေရာဂါကင္းေအာင္လို႔ အစီအရင္တစ္ခုေပးတယ္ဗ်၊ အဲဒါကေတာ့ လူေတြမက်န္းမာရင္ အိပ္ရာေနရာေျပာင္းအိပ္သလို ႐ြာမွာမက်န္းမာၾကဘူးဆိုေတာ့ ႐ြာေ႐ြ႕ၾကဖို႔ေပါ့ဗ်ာ၊ ဒါနဲ႔ ဆရာေတာ္ရဲ႕အစီအစဥ္နဲ႔ ႐ြာေဟာင္းရဲ႕အေရွ႕ဖက္က သဘာဝအတိုင္း ဇီးပင္ေတြေပါက္ေနတဲ့ ကုန္းကေလးကို ဆရာေတာ္က ေ႐ႊ႕ေျပာင္းေစတာေပါ့ဗ်ာ၊ ဒါနဲ႔ပဲ ဇီးပင္ေတြရွိတဲ့ ကုန္းကေလးမွာ ႐ြာကိုတည္လိုက္ေတာ့ ဇီးကုန္း႐ြာဆိုၿပီး ျဖစ္သြားေတာ့တာေပါ့ဗ်ိဳ႕။

ဇီးကုန္းမွာ ႐ြာမတည္ခင္ ဆရာေတာ္က ေရတစ္တန္၊ ကုန္းတစ္တန္ တားမွရမယ္လို႔ဆိုတယ္ဗ်၊ ဒါနဲ႔ ဆရာေတာ္ရဲ႕စီစဥ္မႈနဲ႔ပဲ ႐ြာေဟာင္းနဲ႔႐ြာသစ္ၾကားထဲမွာ ေျမာင္းႀကီးတစ္ခုကို ႐ြာသားေတြလုပ္အားနဲ႔ ေန႔ခ်င္းညခ်င္း တူးၾကေတာ့တာပဲဗ်ိဳ႕၊ အဲဒီေျမာင္းက အခုက်ဳပ္တို႔႐ြာကို ပတ္ၿပီးစီးဆင္းေနတဲ့ ႐ိုးေခ်ာင္းကေလးေပါ့ဗ်ာ။ ေျမာင္းတူးၿပီးေတာ့ ေတာင္က်ေခ်ာင္းကေလးနဲ႔ ဆက္လိုက္ေတာ့ ေရကဆင္းလာတာေပါ့ဗ်ာ။ ေနာက္ၿပီး ဆရာေတာ္က အဲဒီေျမာင္းႀကီးတူးထားတဲ့ ေျမႀကီးေတြနဲ႔ ေျမာင္းနဲ႔႐ြာအသစ္နဲ႔ၾကားထဲမွာ တာ႐ိုးႀကီးတစ္ခုကို ဖို႔ေစတာေပါ့ဗ်ာ၊ ႐ြာမွာရွိတဲ့ ကေလးလူႀကီးကအစ အဘိုးအဘြားေတြအဆုံး လုပ္အားေပးၾကေတာ့ တစ္ပတ္မၾကာခင္မွာပဲ ဇီးကုန္းကေလးကို ပတ္ထားတဲ့ ေျမာင္းႀကီးရယ္၊ ေျမသားတာ႐ိုးမို႔မို႔ႀကီးရယ္ ၿပီးစီးသြားတာေပါ့၊ အားလုံးၿပီးစီးသြားေတာ့မွ ဆရာေတာ္က တစ္ရက္ကို ခုနစ္အိမ္ႏႈန္းနဲ႔ ႐ြာသစ္ကိုေျပာင္းေစတာဗ်ာ၊ သူကလည္း အစီအရင္ေတြလုပ္ေပးတာေပါ့၊ ဒီလိုနဲ႔ ကိုးရက္ေျမာက္ေတာ့ ႐ြာသစ္ကိုေျပာင္းတာ ေအာင္ျမင္သြားေတာ့တာပဲ၊ အိမ္ေျခတစ္ရာေက်ာ္ရွိတဲ့ ႐ြာမွာ အိမ္ခုနစ္ဆယ္နီးပါးပဲ ေျပာင္းေ႐ႊ႕လိုက္ရတယ္ဗ်ာ၊ က်န္တဲ့အိမ္ေတြနဲ႔ အိမ္ေထာင္စုေတြကေတာ့ ေက်ာက္ေရာဂါနဲ႔ ဆုံးပါးသြားၾကတာပါပဲ။

ကုန္းတစ္တန္၊ ေရတစ္တန္နဲ႔ေျပာင္းလာၿပီးေတာ့ အဲဒီ႐ြာေဟာင္းဘက္မွာ ညဆိုရင္ မီးအလင္းေရာင္ေတြျမင္ရတယ္၊ လူေတြသြားလာေနတဲ့အသံေတြၾကားရတယ္တဲ့ဗ်ာ၊ ဒါ့အျပင္ ေရေျမာင္းႀကီးရဲ႕ေဘးနားမွာ လူေတြက ညညဆိုတန္းစီေနတယ္တဲ့၊ က်ဳပ္အဘိုးကလည္း သူႀကီးဆိုေတာ့ သူတို႔က သူခိုးသူဝွက္ေတြလားဆိုၿပီးေတာ့ ထြက္ထြက္ၾကည့္တာေပါ့ဗ်ာ၊ အဲဒီအခါက်ေတာ့ ဟိုဖက္ေရေျမာင္းအစပ္မွာ ေသဆုံးသြားၾကတဲ့ ႐ြာကလူေတြက တန္းစီေနတယ္တဲ့ဗ်ာ။

“ငါတို႔ကိုလာခြင့္ေပးပါ၊ သူႀကီး ငါတို႔လည္းလာခ်င္တယ္”

အဲဒီလိုေအာ္ဟစ္ၿပီး ငိုယိုေနတာဗ်ာ၊ ငိုသံႀကီးေတြဆိုရင္ သိပ္ေၾကာက္စရာေကာင္းတာတဲ့။ အဘိုးရဲ႕ ေယာကၡမႀကီးကလည္း ေက်ာက္ေရာဂါနဲ႔ဆုံးသြားတာဗ်၊ သူ႔ေယာကၡမႀကီးဆိုရင္ က်ဳပ္အဘိုးသူႀကီးကို ေအာ္ဟစ္ဆဲဆိုၿပီးေတာ့ ႀကိမ္းလိုက္ေမာင္းလိုက္တာပဲ၊ အဘိုးတို႔လည္း ေျမသားတာေဘာင္ႀကီးေပၚကေနၿပီး ေသနတ္နဲ႔သုံးေလးခ်က္ေလာက္ပစ္ေဖာက္လိုက္ရင္ အဲဒီလူေတြအားလုံး ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားၾကတာပဲတဲ့ဗ်ာ။

အဲဒီအခ်ိန္ကစၿပီး ႐ြာအျပင္အေနာက္ဘက္႐ိုးေခ်ာင္းကို တံတားမထိုးရဲတာ အခုထိပဲေပါ့ဗ်ာ၊ ႐ြာကိုခ်ဲ႕ေတာ့လည္း အဲဒီ႐ိုးေခ်ာင္းနဲ႔ တာ႐ိုးႀကီးဘက္ကိုမခ်ဲ႕ေတာ့ဘဲ အေရွ႕ပိုင္းဘက္ကိုပဲ ခ်ဲ႕ခဲ့တာေပါ့ဗ်ာ၊ အခုအခ်ိန္အထိ မိုးက်ေတာ့မယ္ဆိုရင္ အဲဒီ႐ိုးေခ်ာင္းကို ႐ြာကလူေတြအကုန္လုံးက ဆယ္ၾကတယ္၊ ႐ိုးေခ်ာင္းကထြက္လာတဲ့ေျမေတြကို တာ႐ိုးႀကီးေပၚကိုဖို႔ၾကတာ ဓေလ့တစ္ခုလိုျဖစ္ေနၿပီေပါ့ဗ်ာ၊ အဲဒီတာ႐ိုးႀကီးအနားမွာလည္း ဘယ္သူမွမေနရဲဘူးဗ်၊ ကံနိမ့္္ရင္ ႐ြာေဟာင္းေနရာမွာ ႐ိုးခနဲ ရိပ္ခနဲ ပရေလာကသားေတြကို ျမင္ေတြ႕ေနရေသးတာ။

(၂)

က်ဳပ္ဒါေတြကို ေျပာေနတယ္ဆိုတာက အဲဒီေရတြင္းေနရာကို ခင္ဗ်ားတို႔ျမင္ေအာင္လို႔ ေျပာျပေနရတာပါ၊ အဲဒီလို တာ႐ိုးႀကီးလည္းကာထားၿပီးေတာ့ ႐ိုးေခ်ာင္းႀကီးလည္းရွိတယ္ဆိုေတာ့ ေရတြင္းပ်က္ဘက္ကို ႐ြာကလူေတြ ေတာ္႐ုံနဲ႔မေရာက္ဘူးေပါ့ဗ်ာ၊ သြားခ်င္ရင္လည္း လူႀကီးတစ္ရပ္ေလာက္ရွိတဲ့ ႐ိုးႀကီးကို ျဖတ္ရမွာမဟုတ္လား၊ ဒီေတာ့ ေရခမ္းခ်ိန္၊ ေႏြေရာက္တဲ့အခ်ိန္ေလာက္မွ ႐ြာအေနာက္ဘက္က ကြင္းေတြကိုသြားတတ္ၾကတယ္ဗ်။

အဲဒီေရတြင္းပ်က္နဲ႔ ႐ြာေဟာင္းေနရာကလည္း ေျမၾကမ္းလိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ လြတ္လပ္ေရးရၿပီးေတာ့ ဘုန္းႀကီးေတြတစ္ခ်ိဳ႕ အကြၽတ္အလြတ္ပြဲဆိုၿပီး ႐ြာစဥ္လွည့္လုပ္ၾကတယ္၊ စစ္ေၾကာင့္ေသထားတဲ့သူေတြ၊ ခုနကလို ကပ္ဆိုးက်ထားၿပီး ေသတဲ့႐ြာေတြက မကြၽတ္မလြတ္တဲ့လူေတြကို ကြၽတ္လြတ္ေအာင္လို႔ ကုသိုလ္ျပဳေပးတာေပါ့ဗ်ာ၊ ဒါနဲ႔ မႏၲေလးက ဦးဇင္းငါးပါးနဲ႔ သူ႔ဒကာေတြ ႐ြာေဟာင္းေနရာကို အကြၽတ္အလြတ္ပြဲလုပ္မယ္ဆိုၿပီး လာၾကပါေရာဗ်ာ၊ ညသန္းေခါင္ေရာက္ေတာ့ အဲဒီလူေတြကို ေျခာက္လႊတ္လိုက္တာ အဲဒီတစ္ဖြဲ႕လုံး ညတြင္းခ်င္းပဲ ျပန္ေျပးပါေရာဗ်ာ၊ သူတို႔ကေျပာသြားေသးတယ္၊ တကယ္ၾကမ္းတဲ့ေနရာေတြကို သူတို႔ေရာက္ဖူးခဲ့ေပမယ့္ ဒီေနရာေလာက္ မၾကမ္းဘူးတဲ့ဗ်ာ။

ဖက္လိပ္႐ြာပ်က္သြားတဲ့ ေတာတန္းကေလးကိုေတာ့ ဖက္လိပ္ေတာလို႔ေခၚတယ္ဗ်၊ အဲဒီေရတြင္းပ်က္နဲ႔ ဖက္လိပ္ေတာဆိုရင္ ႐ြာက သတၱိေကာင္းပါတယ္ဆိုတဲ့လူေတာင္ တစ္ေယာက္တည္းသြားဖို႔ လက္တြန္႔္ေနၾကတာဗ်ာ၊ ႀကဳံတုန္း အဲဒီေရတြင္းက အေျခာက္အလွန႔္အေၾကာင္းေတြ ေျပာျပရအုံးမယ္ဗ်၊ ခင္ဗ်ားတို႔လဲ နားေထာင္ၿပီး ေၾကာက္ၾကေပါ့ဗ်ာ။

က်ဳပ္တို႔အေဖနဲ႔ ငယ္သူခ်င္းတစ္ေယာက္ရွိတယ္ဗ်၊ သူ႔နာမည္က ေပတိုးပဲထားပါေတာ့ဗ်ာ၊ အေဖတို႔ငယ္ငယ္က ဘုန္းႀကီးေက်ာင္းမွာ စာလိုက္ရတယ္၊ ေပတိုးလည္း ပါတာေပါ့ဗ်ာ၊ ဒါေပမယ့္ ေပတိုးက စာမလိုက္ႏိုင္ဘူးတဲ့ဗ်၊ သူ႔အေမေတြကလည္း မေကာင္းေက်ာင္းပို႔ဆိုသလို ဘုန္းႀကီးေက်ာင္းကိုပို႔ထားတာမို႔လို႔ က်ဳပ္တို႔နဲ႔အတူတူစာလိုက္တယ္ဆိုေပမယ့္ သူက စာသိပ္မရဘူးေပါ့၊ ခုေခတ္စကားနဲ႔ေျပာရင္ ထမင္းသိုးဟင္းသိုးလို႔ သေဘာထားၿပီး ဘုန္းႀကီးက သူ႔ကိုလႊတ္ထားတယ္ဆိုပါေတာ့ဗ်ာ။

ေပတိုးက စာေတာ့မရေပမယ့္၊ ငါးဖမ္းတာေတာ့ ေတာ္ေတာ္ကြၽမ္းက်င္တယ္ဆိုပဲဗ်ာ။ လူႀကီးေတြနဲ႔ ၿပိဳင္ၿပီးဖမ္းႏိုင္တာဗ်၊ မေကာင္းတဲ့ေနရာမွာ ပါရမီပါတယ္လို႔ေျပာရမွာေပါ့၊ ဒီလိုနဲ႔ တစ္ႏွစ္ေတာ့ သီတင္းကြၽတ္ခါနီးအခ်ိန္မွာ ေပတိုးက က်ဳပ္အေဖတို႔ ဘုန္းႀကီးေက်ာင္းသားေတြကို အေဖာ္စပ္တယ္တဲ့ဗ်။

“ေဟ့ေကာင္ေတြ၊ ႐ြာအေနာက္ဘက္က ႐ိုးေခ်ာင္းထဲမွာ ေရေတြခမ္းေတာ့မယ္ကြ၊ ေရက နည္းၿပီး ႏုံးကမ်ားေနၿပီေဟ့၊ ႐ိုးေခ်ာင္းကိုပိတ္ၿပီးေတာ့ အိုင္ပက္လိုက္ရင္ ငါတို႔ငါးေတြ ေတာ္ေတာ္ရမွာကြ”

ကေလးေတြဆိုေတာ့ ငါးဖမ္းခ်င္ၾကတာေပါ့ဗ်ာ၊ အေဖေျပာသေလာက္ဆိုရင္ ေပတိုးက အသက္ဆယ့္သုံးႏွစ္တဲ့ဗ်၊ အေဖတို႔က ေပတိုးထက္ငယ္တယ္၊ အသက္ ဆယ့္တစ္ႏွစ္ေလာက္အ႐ြယ္ေပါ့ဗ်ာ”

“ဟာ၊ ငါမလိုက္ဘူးကြ၊ ႐ြာအေနာက္က ႐ိုးေခ်ာင္းအနားကို ငါ့အေမက မသြားဖို႔မွာထားတယ္”

“ဟား၊ ဟား မင္းတို႔က ငေၾကာက္ေတြပဲကြ၊ ဘာလဲမင္းတို႔ကို သရဲကိုက္မွာေၾကာက္ေနတာလားကြ၊ ငါေျပာမယ္ မင္းတို႔ေသေသခ်ာခ်ာမွတ္ ႏြားေက်ာင္းသားတို႔ ဘုန္းႀကီးေက်ာင္းသားတို႔ဆိုတာ သရဲကေတာင္ ျပန္ေၾကာက္ရတယ္ကြ”

အဖြဲ႕ထဲမွာ အႀကီးဆုံးေပတိုးကေျပာတယ္ဆိုေတာ့ တစ္ဖြဲ႕လုံးက ယုံသြားတာေပါ့ဗ်ာ။

“ဟုတ္ရဲ႕လား ကိုေပတိုးရ က်ဳပ္ကိုသရဲေတြက ဖမ္းၿပီး ဂုတ္ခ်ိဳးေနပါအုံးမယ္”

“မင္းတို႔ကြာ ဆရာေတာ္ေျပာတာ ၾကားဖူးတယ္မဟုတ္လား၊ သမၺဳေဒၶဂါထာက သရဲႏိုင္တယ္ဆိုတာေလ မင္းတို႔ရတယ္မဟုတ္လား”

“ရတာေပါ့ ကိုေပတိုးရ”

“ဒါဆိုလည္းေၾကာက္မေနစမ္းပါနဲ႔ကြာ၊ ညေနေက်ာင္းဆင္းရင္ အေနာက္ေခ်ာင္းထဲသြားၿပီး အိုင္သြားပက္မယ္ကြာ၊ ငါးရရင္ ငါတို႔ကင္စားၾကမယ္ ေကာင္းၿပီလား”

ေပတိုးကို ဆရာတင္ၿပီးေတာ့ ဘုန္းႀကီးေက်ာင္းသားတစ္သိုက္ ေက်ာင္းကဆင္းလာခဲ့တယ္၊ ညေနသုံးနာရီေလာက္ ရွိၿပီေပါ့ဗ်ာ၊ ေပတိုးက ဦးေဆာင္ၿပီး ေခ်ာင္းထဲဆင္းသြားၿပီးေတာ့ ေခ်ာင္းႏွႈတ္ခမ္းက ႐ြံ႕ေတြနဲ႔ ေခ်ာင္းထဲက ေရမ်ားတဲ့ေနရာကို တာေပါင္ပိတ္လိုက္တယ္ဗ်၊ ေနာက္ေတာ့ ေရပုံးစုတ္ေတြ၊ ခြက္ေတြနဲ႔ ဘုန္းႀကီးေက်ာင္းသားေလးေတြ ေရေတြခပ္ထုတ္ၿပီး ငါးပက္ၾကတာေပါ့ဗ်ာ။ ကေလးေတြဆိုေတာ့လည္း ေပ်ာ္ေနတာေပါ့၊ ငါးပက္ရင္း ေနဝင္ခ်ိန္ေရာက္သြားတာကိုေတာင္ သိပ္သတိမထားမိဘူးေလ၊ ငါးကလည္း ေပတိုးေျပာသလို အမ်ားႀကီးရတာဗ်ာ၊ ေရကုန္ေတာ့မယ္ဆိုေတာ့ ေသာင္တင္ေနတဲ့ငါးႀကီးေတြေပါ့ဗ်ာ။

ငါးေတြကို သံပုံးစုတ္ထဲကိုထည့္ၿပီးေတာ့ လူတစ္ရပ္ေလာက္ျမင့္တဲ့ တာေပါင္ႀကီးအေပၚကို တက္ၾကတယ္၊ တာေပါင္ႀကီးအေပၚမွာ ထင္းေျခာက္ေတြေကာက္ၿပီး မီးေမႊးၿပီးေတာ့ ငါးေတြကို တုတ္နဲ႔ထိုးၿပီး ကင္စားၾကတာတဲ့ဗ်ာ၊ ကေလးေတြဆိုေတာ့လည္း ေပ်ာ္ေနၾကတာေပါ့။ ငါးကလည္း အခုဖမ္း၊ အခုကင္ဆိုေတာ့ သိပ္ခ်ိဳတာတဲ့ဗ်ာ။ သူတို႔စားေနတုန္း ငါးပက္ထားတဲ့ေနရာမွာ ႐ြံ႕ေတြထဲမွာ႐ုန္းေနတာကို ေပတိုးကေတြ႕လိုက္တယ္၊ ငါးကေတာ့ အေတာ္ႀကီးမယ့္ပုံပဲဆိုၿပီးေတာ့ ေခ်ာင္း႐ိုးထဲကိုဆင္းသြားတယ္ဗ်ာ၊ ေနဝင္ရီတေရာ ညီအကိုမသိတသိအခ်ိန္ဆိုေတာ့ ပတ္ဝန္းက်င္ကိုအေမွာင္ဖုံးေနၿပီေပါ့ဗ်ာ၊ ေပတိုးက ေခ်ာင္းထဲဆင္းၿပီး ႐ြံ႕ထဲသြားႏႈိက္ေတာ့ ႐ြံ႕ထဲကေန တစ္ေတာင္ေလာက္ရွိတဲ့ ငါးႀကီးလိုအေကာင္ႀကီးကို ဖမ္းမိတယ္တဲ့ဗ်ာ၊ ဒါေပမယ့္ ေသေသခ်ာခ်ာၾကည့္လိုက္ေတာ့ ငါးႀကီးမဟုတ္ဘူး လူလတ္ျပတ္ႀကီးျဖစ္ေနတာတဲ့၊ လက္ျပတ္ႀကီးက ငါးႀကီးကိုခုန္ေနတာတဲ့ေလ။

“ကိုေပတိုး ျပန္တက္လာခဲ့”

ေပတိုးက ႐ြံ႕ထဲကေနတက္ဖို႔လုပ္ေပမယ့္ ေျခေထာက္ေတြက မႂကြေတာ့ဘူးတဲ့ဗ်ာ။

“ေဟ့၊ ငါ့ကိုကယ္ပါအုံး။ ငါ့ကိုကယ္ၾကပါအုံး”

ဒီအခ်ိန္မွာပဲ ေခ်ာင္း႐ိုးတစ္ဘက္မွာ လူႀကီးေတြေပၚလာတယ္၊ လူႀကီးေလးေယာက္ရွိၿပီး သူတို႔မ်က္လုံးေတြက အျပာေရာင္ႀကီးေတြလင္းေနတယ္တဲ့၊ အေဖတို႔လည္း ေၾကာက္ၿပီး ႐ြာထဲကိုျပန္လွည့္ေျပးလာၾကတာေပါ့ဗ်ာ၊ ႐ြာကလူႀကီးေတြကို အက်ိဳးအေၾကာင္းေျပာျပေတာ့ လူႀကီးေတြက အုပ္စုဖြဲ႕ၿပီးလိုက္လာၾကတာေပါ့၊ ေခ်ာင္း႐ိုးထဲလည္းေရာက္ေရာ ေပတိုးကိုမေတြ႕ေတာ့ဘူးတဲ့၊ ဒါေပမယ့္ ေခ်ာင္းထဲက တက္သြားတဲ့ ႐ြံ႕ေျခရာေတြအတိုင္းလိုက္ခဲ့ၾကတာေပါ့ဗ်ာ၊ ေနာက္ေတာ့ေရတြင္းပ်က္ထဲကို ေျခရာေတြက ဦးတည္သြားပါေရာ၊ ႐ြာက သတၱိရွိတဲ့သူေတြ ေရတြင္းပ်က္ထဲကို ဆင္းငုတ္ေတာ့မွ ေပတိုးအေလာင္းကို ျပန္ရေတာ့တာပဲတဲ့ဗ်ိဳ႕။

(၃)

ေနာက္တစ္ခုက်ေတာ့ က်ဳပ္တို႔အေဖ လူပ်ိဳေပါက္ေလာက္ေပါ့ဗ်ာ၊ ခ်င္းေတာင္တန္းကေနဆင္းလာၿပီး ႐ြာမွာလာအေျခခ်တဲ့ ခ်င္းမိသားစုတစ္စုရွိတယ္တဲ့၊ သူတို႔က ဘာသာျခားေတြလည္းျဖစ္တယ္၊ ေနာက္ၿပီး သရဲဆိုလည္း မယုံၾကည္ၾကဘူးတဲ့ဗ်ာ၊ ခ်င္းမိသားစုဆီမွာ အသက္သုံးဆယ္ေလာက္ရွိတဲ့ လူပ်ိဳႀကီးတစ္ေယာက္လည္းရွိတယ္ဗ်၊ ေထာင္ေထာင္ေမာင္းေမာင္း သန္သန္မာမာနဲ႔ဆိုပဲဗ်၊ အေၾကာက္အလန႔္ကလည္း လုံးဝမရွိဘူး၊ သိပ္မၾကာေသးခင္ကမွ ခ်င္းေသနတ္ကိုင္တပ္ရင္းကေန ထြက္လာတာတဲ့။ ႐ြာေရာက္ေတာ့ ႐ြာကကိစၥေတြကို ကူညီေပးရင္း ကာလသားေတြနဲ႔ ခင္မင္သြားၾကတာေပါ့ဗ်ာ။ ႐ြာမွာ ခ်င္းက သူတို႔ဘဲရွိတာဆိုေတာ့ အဲဒီအကိုႀကီးကိုလည္း ခ်င္းႀကီးလို႔ပဲ အလြယ္နာမည္ေပးလိုက္ၾကတာေပါ့။

တစ္ညေတာ့ သရဲအေၾကာင္းေတြေျပာၾကရင္း ဖက္လိပ္ေတာနဲ႔ ေရတြင္းပ်က္အေၾကာင္းေျပာတာေပါ့၊ ဒါေပမယ့္ အဲဒီခ်င္းႀကီးက မယုံပါဘူးဗ်ာ၊ ကာလသားေတြေျပာသမွ် သရဲအေၾကာင္းေတြကို သူကနားေထာင္ၿပီး ရယ္ေမာေနေသးတာ။

“မင္းတို႔ဗမာေတြက ေၾကာက္တတ္တာပါကြာ၊ သရဲဆိုတာ မရွိပါဘူးကြ၊ ငါဆိုရင္ အရင္ကေရွ႕တန္းမွာ လူေသအေလာင္းေတြၾကားထဲ သုံးေလးရက္ေလာက္ ညအိပ္ၿပိး တိုက္ခဲ့ရတဲ့ေကာင္ပါကြ”

ဒါနဲ႔ပဲ ကာလသားေတြနဲ႔ အျငင္းအခုန္ေတြျဖစ္ကုန္ေရာတဲ့ဗ်ိဳ႕၊ ေနာက္ေတာ့ ထုံးစံအတိုင္း စိန္ေခၚၾကတာေပါ့ဗ်ာ၊ ခ်င္းႀကီးက ညသန္းေခါင္မွာ အဲဒီ႐ြာေဟာင္းကို သုံးပတ္ပတ္ရမယ္၊ ၿပီးရင္ ေရတြင္းပ်က္မွာ ထုံးနဲ႔ စာတစ္လုံးေရးရမယ္လို႔ေပါ့၊ ထုံးကို သရဲေတြေၾကာက္တယ္လို႔ အယူရွိတယ္မဟုတ္လား၊ တကယ္လို႔သာ ခ်င္းႀကီးလုပ္ႏိုင္မယ္ဆိုရင္ ကာလသားေတြစုၿပီးေတာ့ ေငြတစ္ရာေပးမယ္၊ မလုပ္ႏိုင္ဘဲ ျပန္ေျပးခဲ့တယ္ဆိုရင္ေတာ့ သရဲဆိုတာကို လက္ခံရမယ္လို႔ေပါ့ဗ်ာ။ ခ်င္းႀကီးကလည္း ေခါင္းညိတ္တယ္တဲ့၊ အဲဒီေခတ္က ေငြတစ္ရာဆိုတာ သိပ္တန္ဖိုးရွိတာဗ်၊ ခုေခတ္ ေလးငါးသိန္းေလာက္နီးပါး ရွိတာေပါ့ဗ်ာ။

သူတို႔စကားေျပာၿပီးေတာ့ ညရွစ္နာရီေလာက္ရွိေနၿပီဗ်၊ ခ်င္းႀကီးက ရဲေဆးတင္တဲ့အေနနဲ႔ ဘီအီးအရက္ကို ပုလင္းလိုက္ေထာင္ေသာက္ၿပီး ညသန္းေခါင္မေရာက္ခင္ ႐ြာအေနာက္ဘက္ကို အုပ္လိုက္ႀကီးထြက္လာခဲ့ၾကတယ္၊ အခ်ိန္က တေပါင္းလဆိုေတာ့ ႐ိုးေခ်ာင္းက ေရခမ္းေနၿပီေလ၊ ဒါနဲ႔ ႐ြာက ကာလသားေတြက ေျမသားတာ႐ိုးႀကီးေပၚမွာေနခဲ့ၾကတယ္၊ ခ်င္းႀကီးကေတာ့ မီးတုတ္တစ္ေခ်ာင္းကိုင္ၿပီး လက္တစ္ဖက္က ဝါးရင္းတုတ္ႀကီးကိုင္ထားတယ္၊ အရက္ပုလင္းကို ခါးၾကားထိုးၿပီး ႐ိုးေခ်ာင္းကိုျဖတ္သြားတာတဲ့ဗ်ာ၊ မ်က္ေတာင္တစ္ခ်က္ေတာင္မခတ္ဘူးတဲ့၊ ခ်င္းႀကီးရဲ႕ မီးတုတ္အလင္းေရာင္ကို သူတို႔လွမ္းျမင္ေနရတယ္၊ ေနာက္ေတာ့ ဖက္လိပ္ေတာဘက္ေရာက္သြားေတာ့မွ မ်က္ျခည္ျပတ္သြားတယ္ဆိုပဲဗ်ာ။

ကာလသားေတြက ေစာင့္ရင္း ေစာင့္ရင္းနဲ႔ ခ်င္းႀကီးက နာရီဝက္နဲ႔လည္း ျပန္မလာ၊ တစ္နာရီနဲ႔လည္း ျပန္မလာဘူးတဲ့၊ ကာလသားေတြလည္း လိုက္သြားခ်င္ေပမယ့္ ဘယ္သူ႔ကိုမွ အေဖာ္စပ္လို႔မရဘူးတဲ့ဗ်ာ၊ ႐ြာခံေတြဆိုေတာ့ ႐ြာေဟာင္းကို သိေနၾကတယ္မဟုတ္လား၊ ဒါနဲ႔မၾကာခင္ ႐ြာဦးေက်ာင္းက အုန္းေမာင္းေခါက္ေတာ့မွ ဆရာေတာ္ကိုေျပးေခၚၿပီး အက်ိဳးအေၾကာင္းေျပာလိုက္ရတယ္၊ ဆရာေတာ္နဲ႔ ကပၸိယႀကီးက ဦးေဆာင္ၿပီးေတာ့ ကာလသားတစ္သိုက္ ေရတြင္းပ်က္အနားကို ေလွ်ာက္လာခဲ့ၾကတယ္၊ ဖက္လိပ္ေတာတန္းထဲကို တိုးၿပီး ရွာေဖြေပမယ့္ ခ်င္းႀကီးရဲ႕ အရိပ္အေယာင္ကိုမေတြ႕ရဘူးတဲ့၊ ဒါနဲ႔ ေရတြင္းပ်က္အနားကိုသြားလိုက္ေတာ့ ေရတြင္းပ်က္ရဲ႕ အုတ္ေဘာင္မွာ ထုံးနဲ႔ သရဲရွိသည္လို႔ ေရးထားတဲ့ စာကိုေတြ႕ရတယ္တဲ့ဗ်ာ၊ ခ်င္းႀကီးေရးသြားတာျဖစ္မွာေပါ့၊ ဒါေပမယ့္ ႐ြာက လူေတြ ဘယ္ေလာက္ရွာရွာခ်င္းႀကီးကို မေတြ႕ခဲ့ၾကပါဘူးဗ်ာ၊ ေရတြင္းထဲလည္းဆင္းရွာၾကတာပါပဲ။

ဒီလိုနဲ႔တစ္လေလာက္ၾကာေတာ့ ခ်င္းႀကီးကို ႐ြာအနီးတစ္ဝိုက္မွာ ႐ိုးတိုးရိပ္တိတ္ျမင္ေတြ႕ၾကရတယ္တဲ့ဗ်ာ၊ တစ္ရက္ေတာ့ ကာလသားေခါင္းနဲ႔႐ြာျပင္မွာေတြ႕တယ္တဲ့ဗ်ာ၊ ကာလသားေခါင္းကလည္း တန္းျမင့္႐ြာကို ကိစၥရွိလို႔သြားတာ ႐ြာကိုဝင္ေတာ့ ေမွာင္ေနၿပီတဲ့၊ ခ်င္းႀကီးက ဘာမွေတာ့မေျခာက္လွန္႔္ပါဘူးတဲ့ ဒါေပမယ့္ သူေျပာတာက သူက ေရတြင္းေအာက္မွာ ေနေနရတယ္တဲ့ဗ်ာ၊ သူ႔ကို သူ႔ထက္ႀကီးတဲ့လူေတြက ခိုင္းစားၾကတယ္တဲ့၊ သူ႔ကိုယ္စားလူေရာက္လာမွ သူသြားလို႔ရမွာတဲ့ဗ်ာ။

ခ်င္းမိသားစုလည္း အခုေတာ့ ႐ြာမွာမရွိေတာ့ပါဘူး၊ ဒါေပမယ့္ အဲဒီေရတြင္းပ်က္နဲ႔ပတ္သက္လာရင္ ခ်င္းႀကီးအေၾကာင္းက မပါမျဖစ္ပဲဗ်။ ဒီလိုနဲ႔ ႐ြာကလူေတြက ေရတြင္းပ်က္ႀကီးကိုေရွာင္ဖယ္ထားၾကတာေပါ့ဗ်ာ။ ဒါေပမယ့္လည္း သုံးႏွစ္တစ္ခါ၊ ငါးႏွစ္တစ္ခါေလာက္ေတာ့ ေရတြင္းပ်က္နားမွာ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေသတတ္ၾကတာပါပဲ၊ လူစားလဲတယ္ဆိုတာမ်ိဳးေနမွာေပါ့ဗ်ာ။

(၄)

ေနာက္ပိုင္းပိုဆိုးသြားတာက အဲဒီေရတြင္းပ်က္နားမွာ က်ဳပ္တို႔႐ြာကလူေတြက သားသတ္ကုန္းအျဖစ္နဲ႔ အေကာင္ေတြသတ္ၾကတာပါပဲဗ်ာ၊ အလႉအတန္းရွိတယ္ဆိုရင္ ဝက္ေတြၾကက္ေတြကို သတ္တဲ့ေနရာေပါ့ဗ်ာ၊ အသားေတြစားခ်င္လာၿပီဆိုရင္ ႏြားေတြကိုခိုးၿပီး ေပၚၾကတဲ့ေနရာေပါ့၊ အဲဒီေနရာကို ေ႐ြးလိုက္တယ္ဆိုတာက အေၾကာင္းရွိတယ္ဗ်။ ႐ြာထဲမွာ ႏြားေတြ၊ ဝက္ေတြေပၚရင္ သူတို႔ေအာ္သံေတြက အနိဌာ႐ုံျဖစ္တယ္ေပါ့ဗ်ာ၊ ေနာက္တစ္ခုက ႏြားေတြ ဝက္ေတြေပၚၿပီးေတာ့ အသားဖ်က္တဲ့အခါ ေရလိုတယ္ဗ်၊ အဲဒီအခါက်ရင္ ေရတြင္းပ်က္က ေရမခမ္းဘူးဆိုေတာ့ ေရကိုေဖာေဖာသီသီ သုံးရတာေပါ့ဗ်ာ၊ ဒါေပမယ့္ အသားေပၚမယ့္လူေတြက ေန႔လည္ေန႔ခင္းမွာပဲ ေပၚၾကတယ္၊ ေရတြင္းပ်က္ႀကီးက ေၾကာက္ဖို႔ေကာင္းတယ္မဟုတ္လားဗ်ာ။ ေပၚၿပီးရင္လည္း ေပၚထားတဲ့အသားရယ္၊ အစိတ္အပိုင္း အ႐ိုးအရင္းေတြရယ္ကို ေရတြင္းပ်က္ႀကီးနားမွာ ဖက္ခင္းၿပီးထားခဲ့ရတယ္ဗ်။ အဲဒီလိုမလုပ္ရင္ ႏြားေပၚတဲ့လူေတြ ဒုကၡေတြ႕တတ္တယ္လို႔ အယူအဆရွိတယ္။

ထုံးစံအတိုင္း က်ဳပ္တို႔ဆီမွာ ပဲေပၚၿပီ၊ စပါးေပၚၿပီဆိုရင္ အလႉလုပ္တတ္ၾကတာ ထုံးစံပဲဗ်၊ အခုေခတ္ေတာ့ အေတြ႕ရနည္းေပမယ့္္ က်ဳပ္တို႔ငယ္ငယ္ကေတာ့ အလႉေတြဆက္ေနၾကတာဗ်ာ၊ အဲဒီေခတ္ကလည္း အခုေခတ္လို ဆိုင္ကယ္ဘယ္ႏွစီးရွိတာ၊ ကားဘယ္ႏွစ္စီးရွိတယ္ဆိုတာ ၿပိဳင္တဲ့ေခတ္မဟုတ္ဘူးဗ်ိဳ႕၊ သူကဘယ္ေလာက္လႉႏိုင္တာ၊ ငါကဘယ္လိုလႉႏိုင္တယ္ဆိုၿပီးေတာ့ ၿပိဳင္ၾကတဲ့ေခတ္ေပါ့ဗ်ာ၊ က်ဳပ္တို႔ေကာင္ေတြကလည္း စားရေသာက္ရတာဆိုေတာ့ အလႉရွင္ေတြကို အခ်င္းခ်င္းရန္တိုက္ေပးၾကတာဗ်ာ၊ သူကေတာ့ ဘယ္လိုလုပ္တာ အားက်မခံ ဦးေလးလည္း ဘယ္လိုလႉပါေပါ့ဗ်ာ၊ ဒီလိုနဲ႔ အၿပိဳင္အဆိုင္လႉၾကတန္းၾကတာေပါ့၊ တစ္ခ်ိဳ႕ဆိုအလႉလုပ္ရင္း အေႂကြးပါတင္တယ္ဗ်ာ။

အလႉကိုလည္း က်ဳပ္တို႔အရပ္မွာ သုံးမ်ိဳးခြဲထားတယ္ဗ်၊ အလႉပိန္ရယ္၊ အလႉလတ္လို႔ေခၚတဲ့ ႐ိုး႐ိုးအလႉရယ္၊ ေနာက္ၿပီးအလႉႀကီးရယ္ေပါ့ဗ်ာ။ အလႉပိန္ေတြက အိမ္မွာလုပ္ေလ့မရွိပါဘူး၊ ဘုန္းႀကီးေက်ာင္းမွာ အလႉလုပ္ၿပီး ေန႔တစ္ပိုင္းေလာက္ ေက်ာင္းကိုလာတဲ့သူေတြကို ေကြၽးတာမ်ိဳးပါ၊ အလႉပိန္ေတြက မ်ားေသာအားျဖင့္ ထမင္းေကြၽးေလ့မရွိဘူးဗ်၊ မုန္႔္ဟင္းခါးတို႔၊ ေခါက္ဆြဲတို႔ ေကြၽးၾကတာပါ၊ အလႉလတ္ကေတာ့ အိမ္မွာ မ႑ပ္ထိုးၿပီး တစ္ရက္လုံး ဒါမွမဟုတ္ရင္လည္း သုံးရက္ေလာက္ အိမ္နီးနားခ်င္းေတြနဲ႔ ေဆြမ်ိဳးေတြကို ေကြၽးတဲ့အလႉေပါ့ဗ်ာ၊ အလႉႀကီးဆိုတာကေတာ့ ႐ြာလယ္လမ္းမွာ မ႑ပ္ႀကီးခြထိုးၿပီးေတာ့ ခုနစ္ရက္ခုနစ္လီ တစ္႐ြာလုံးကို မီးခိုးတိတ္ေကြၽးတဲ့အလႉေပါ့ဗ်ာ။ အလႉႀကီးေတာင္မွ ပိုက္ဆံအနည္းအမ်ားအေပၚမူတည္ၿပီး ဟင္းကြာတတ္ေသးတယ္၊ ပုံမွန္ဆိုရင္ေတာ့ အခ်ဥ္သုပ္၊ ဟင္းခ်ိဳ၊ ေနာက္ၿပီး အငံေၾကာ္ တစ္မ်ိဳးမ်ိဳးေပါ့ဗ်ာ၊ ပိုက္ဆံရွိတဲ့လူေတြက်ေတာ့ ၾကက္သား၊ ဝက္သားေတြ ေကြၽးတာေပါ့။

အဲဒီႏွစ္ေတာ့ ႐ြာမွာ အလႉႀကီးျဖစ္တယ္ဗ်၊ ႐ြာမွာ ပိုက္ဆံေတာ္ေတာ္ရွိတဲ့လူေတြ အလႉလုပ္တာပါ၊ သူတို႔အိမ္က ေယာက္်ားေတြကို ရဟန္းခံရွင္ျပဳေပးတဲ့ မဂၤလာအလႉေပါ့ဗ်ာ၊ ပိုက္ဆံရွိတဲ့သူေတြဆိုေတာ့ ဝက္သားနဲ႔သုံးရက္၊ ၾကက္သားနဲ႔ သုံးရက္ေကြၽးမယ္တဲ့ဗ်ာ၊ ဝက္သားကိုအာလူးနဲ႔ေရာခ်က္မယ္၊ ၾကက္သားကို ဘူးသီးနဲ႔ေရာမယ္ေပါ့၊ ဝက္သားခ်က္ရမယ္ဆိုေတာ့ ဝက္ေတြလိုလာၿပီေလဗ်ာ၊ အဲဒီေခတ္က ဝက္သားဆိုတာကလည္း လိုသေလာက္ဝယ္လို႔မရေတာ့ အလႉရွင္က ပိုက္ဆံထုတ္ေပးၿပီဆိုတာနဲ႔ က်ဳပ္တို႔ကာလသားေတြက အနီးအနား႐ြာေတြက ဝက္ေမြးတဲ့သူေတြဆီက ဝက္ေတြဝယ္ရတယ္၊ အလႉမတိုင္ခင္ ႀကိဳၿပီး ေပၚေပးရတယ္ေပါ့ဗ်ာ။

ဒီလိုနဲ႔ အလႉမွာေကြၽးဖို႔အတြက္ ဝက္ေတြထဲကမွ ဝက္သုံးေကာင္ကို ႀကိဳးနဲ႔ဝက္တုပ္တုပ္ၿပီးေတာ့ လွည္းေပၚတင္ၿပီး ႐ြာအျပင္ကိုထြက္ခဲ့တာေပါ့ဗ်ာ၊ ႐ြာအေနာက္႐ိုးေခ်ာင္းနားမွာ လမ္းမရွိဘူးဆိုေတာ့ ေရတြင္းပ်က္နားကိုေရာက္ဖို႔ ႐ြာကိုပတ္ၿပီးသြားရတာဗ်၊ က်ဳပ္တို႔နဲ႔အတူတူ မိန္းကေလးသုံးေလးေယာက္လည္း ပါလာခဲ့ၾကတယ္၊ က်ဳပ္ညီမ ႏို႔ညႇာညီမလည္း ပါလာခဲ့တာေပါ့ဗ်ာ၊ ဝက္ေတြကို ထိုးခုတ္ေနတုန္းမွာပဲ မိန္းကေလးသုံးေယာက္က ရယ္ရယ္ေမာေမာနဲ႔ ဖက္လိပ္ေတာထဲကို ဝင္သြားၾကတယ္ဗ်၊ အဲဒီအခ်ိန္က ေတာစံပယ္ေလးေတြ ပြင့္တဲ့အခ်ိန္ေပါ့ဗ်ာ၊ ေတာထဲက စံပယ္ပင္႐ိုင္းေတြဆီမွာ သူတို႔ေတြသြားခူးၾကတာေပါ့၊ ညေနသုံးနာရီေလာက္က်ေတာ့ အားလုံးၿပီးစီးသြားၿပီးေတာ့ အကုန္ျပန္လာခဲ့တာေပါ့ဗ်ာ၊

က်ဳပ္တို႔ဝက္ေပၚတဲ့အဖြဲ႕ေတြက အခ်က္အျပဳတ္မကူညီရဘူးဆိုေတာ့ ညေနအိမ္ကိုျပန္လာခဲ့တာေပါ့၊ ညီမကေတာ့ ေရမိုးခ်ိဳးၿပီးေတာ့ စံပယ္ပန္းကေလးေတြကို ကုံးၿပီးေခါင္းမွာပန္ထားတယ္၊ အလႉရွိတယ္ဆိုရင္ ႐ြာက ကာလသမီးေတြက ကူညီေပးရတယ္ဆိုေတာ့ အလႉအိမ္ကိုသူကထြက္သြားတာေပါ့ဗ်ာ၊ မိန္းကေလးေတြက ၾကက္သြန္လွီးတာ၊ င႐ုတ္သီးေထာင္းတာ လုပ္ရတယ္မဟုတ္လား။

က်ဳပ္လည္း ေရမိုးခ်ိဳးၿပီးေတာ့ အဝတ္ေလးေလွ်ာ္ေနတုန္းရွိေသးတယ္၊ ကာလသားေတြက က်ဳပ္တို႔အိမ္ကိုေျပးလာၾကတယ္၊

“ေဟ့၊ သူႀကိးရွိလား”

“မရွိဘူးဗ်၊ အလႉအိမ္မွာမရွိရင္ေတာ့ တစ္အိမ္အိမ္မွာ စကားေျပာေနတယ္ထင္တယ္”

“ဒါဆိုမင္းလိုက္ခဲ့ကြာ၊ မင္းညီမက အလႉအိမ္မွာ ဘာျဖစ္မွန္းမသိဘူးကြ”

က်ဳပ္ျဖင့္္လန႔္သြားတာပဲဗ်ာ၊ ဒါနဲ႔ ေရလဲပုဆိုးႀကီးနဲ႔ပဲ က်ဳပ္လည္းအလႉအိမ္ကို အေျပးလိုက္ခဲ့ရတာေပါ့၊ အလႉအိမ္ေရာက္ေတာ့ ညီမကိုလူေတြက ဝိုင္းအုံၾကည့္ေနၾကတယ္၊ ညီမကေတာ့ ရႈိက္ႀကီးတငင္ ငိုေနတယ္။

“ဟဲ့အလတ္မ ဘာျဖစ္တာလဲ”

က်ဳပ္ပုခုံးပုတ္လိုက္ေတာ့ သူက က်ဳပ္လက္ကိုပုတ္ခ်လိုက္တယ္ဗ်၊ သူ႔လက္ေတြဆိုတာလည္း ဖ်ားေနတဲ့လူလို ပူေနတာပဲဗ်ာ။ မၾကာပါဘူး၊ တဟားဟားနဲ႔ ရယ္ပါေလေရာ၊ အနားက မိန္းကေလးေတြက လဲဝိုင္းၿပီးယပ္ခတ္ေပးေနၾကတာေပါ့၊ ေဆးဆရာႀကီးကလည္း အလႉအိမ္ေပၚမွ စကားေျပာေနတာဆိုေတာ့ က်ဳပ္တို႔အနားကိုေရာက္လာပါေရာ။

“မင္းညီမကို အပမွီလာတယ္ထင္တယ္ကြ၊ ငိုလိုက္ရယ္လိုက္နဲ႔ဆိုေတာ့ ေသြး႐ိုးသား႐ိုးေတာ့ မဟုတ္ဘူး”

ေဆးဆရာႀကီးက က်ဳပ္ညီမရဲ႕ေခါင္းကို အုပ္ကိုင္လိုက္တယ္ဗ်ာ၊ ၿပီးေတာ့ ပါးစပ္က မန္းမႈတ္ေနၿပီးမၾကာဘူး က်ဳပ္ညီမတစ္ေယာက္ အ႐ုပ္ႀကိဳးျပတ္လဲက်သြားခဲ့တာ။ လူေတြအားလုံးကလည္း ေဆးဆရာႀကီးကို ဝိုင္းၿပီးခ်ီးက်ဴးၾကတာေပါ့ဗ်ာ။ ေဆးဆရာႀကီးမ်က္ႏွာကလည္း ၿပဳံးၿဖီးၿဖီးနဲ႔ေပါ့ဗ်ာ။

“မင္းညီမ ပေယာဂကို ငါထုတ္လိုက္ၿပီကြ၊ ငါဒီကိုေရာက္ေနတာ မင္းညီမကံေကာင္းတာပဲေဟ့၊ နည္းနည္းေနာက္က်သြားရင္ သရဲအစာျဖစ္ေနေလာက္ၿပီကြ”

က်ဳပ္လည္း က်ဳပ္ညီမကိုထမ္းပိုးၿပီးေတာ့ အိမ္ကိုျပန္လာခဲ့တာေပါ့၊ အိမ္ကိုေရာက္ေတာ့ အိမ္ေအာက္ထပ္က သူတို႔ေနတဲ့အခန္းထဲကိုထည့္ၿပီးေတာ့ အိပ္ရာျပင္ၿပီး သိပ္လိုက္တာေပါ့ဗ်ာ၊ မၾကာပါဘူး အေမတို႔ ညီမငယ္တို႔ျပန္ေရာက္လာတယ္၊ က်ဳပ္လည္း က်ဳပ္တို႔ျဖစ္ခဲ့တာေတြ ျပန္ေျပာျပေနတာေပါ့ဗ်ာ။

(၅)

ညဘက္ေရာက္ေတာ့ က်ဳပ္လည္းအိပ္ေနတာေပါ့ဗ်ာ၊ ဒီအခ်ိန္မွာပဲ က်ဳပ္ကိုတစ္ေယာက္ေယာက္ကပုတ္ၿပီးႏႈိးလိုက္သလိုမ်ိဳး ထူးဆန္းသြားတယ္၊ က်ဳပ္ထၾကည့္လိုက္ေတာ့ တစ္အိမ္လုံး စံပယ္ပန္းရနံ႔ကေမႊးေနတာဗ်ာ၊ ေတာစံပယ္ဆိုတာက သူ႔အေမႊးနံ႔က ပုံမွန္စံပယ္ပန္းနဲ႔မတူဘူးဗ်၊ တစ္ခ်ိဳ႕ေျပာၾကတာကေတာ့ အဲဒါစံပယ္ပန္းအစစ္မဟုတ္ဘူးတဲ့၊ က်ဳပ္တို႔ကေတာ့ အပြင့္ျဖဴျဖဴေသးေသးကေလးေတြဆိုေတာ့ ေတာစံပယ္လို႔ပဲ အလြယ္ေခၚလိုက္တာဗ်ာ။

စံပယ္ပန္းရနံ႔ေတြ ထူးထူးဆန္းဆန္းေမႊးေနတာ့ က်ဳပ္လည္းစဥ္းစားမိတယ္၊ ေတာစံပယ္ဆိုလို႔ ေန႔လည္က အလတ္မတို႔ခူးလာတာပဲရွိတာ၊ ဒါနဲ႔ က်ဳပ္လည္း အိမ္ေပၚထပ္ကေနဆင္းလာေတာ့ ႏို႔ညႇာညီမက ၿခံေပါက္ဝနားမွာ မတ္တပ္ႀကီးရပ္လို႔ဗ်၊ အခန္းတံခါးႀကီးပြင့္ၿပီး အခန္းထဲမွာ အငယ္မက အိပ္ေမာက်ေနတာ၊ က်ဳပ္လည္း ႏို႔ညႇာညီမလက္ကို ေျပးဆြဲလိုက္တာေပါ့ဗ်ာ။ က်ဳပ္ညီမလက္ေတြက ျခစ္ျခစ္ေတာက္ပူေနၿပီးေတာ့ မ်က္လုံးႀကီးကလည္း ညအေမွာင္မွာလင္းလို႔ဗ်၊ က်ဳပ္ကိုလွည့္ၾကည့္ၿပီးေတာ့ ေယာက္်ားသံႀကီးနဲ႔ေျပာတယ္။

“ေဟ့ေကာင္ ငါ့ကိုမတားနဲ႔”

က်ဳပ္လည္း သိလိုက္ပါၿပီ၊ ညေနက ေဆးဆရာႀကီး ပေယာဂထုတ္တာ၊ ပေယာဂက မထြက္ဘဲနဲ႔ ပုန္းေနတာဗ်ိဳ႕။ က်ဳပ္က က်ဳပ္ညီမလက္ကိုအတင္းဆြဲေတာ့ က်ဳပ္ညီမက က်ဳပ္ကိုေဆာင့္တြန္းထည့္္လိုက္တာဗ်ာ က်ဳပ္ျဖင့္ အေနာက္ကိုေျခဆယ္လွမ္းေလာက္လြင့္သြားၿပီးေတာ့ ဖင္ထိုင္လ်က္ႀကီးလဲက်သြားတာ၊ က်ဳပ္လဲက်သြားတာနဲ႔ က်ဳပ္ညီမလည္း ၿခံတံခါးကိုဖြင့္ေသးတယ္၊ ဒါေပမယ့္ က်ဳပ္တို႔ၿခံတံခါးက ဂ်လက္တစ္ခုရယ္ ၿခံတံခါးအေပၚမွာလည္း သံကြင္းနဲ႔ခ်ိတ္ထားတာဆိုေတာ့ ျဖဳတ္လို႔မလြယ္ဘူးေပါ့ဗ်ာ။ ဒါနဲ႔ ဘာလုပ္တယ္ထင္သလဲဗ်၊ လူတစ္ရပ္ေလာက္နီးပါးရွိတဲ့ ၿခံတံခါးကို လႊားခနဲေက်ာ္ၿပီးထြက္သြားတာဗ်ာ၊ က်ဳပ္ေတာင္မွ အဲဒီလိုမေက်ာ္တတ္ဘူးဗ်ိဳ႕၊ က်ဳပ္လည္း ၿခံတံခါးဖြင့္္ၿပီး ႐ြာလယ္လမ္းအတိုင္း တစ္ခ်ိဳးတည္းေျပးသြားတဲ့ က်ဳပ္ညီမေနာက္ကို ေျပးလိုက္ရပါေရာ။

က်ဳပ္စိတ္ထဲ ဘာလုပ္ရမလဲဆိုၿပီး စဥ္းစားေနတုန္း ဦးဘသာႀကီးအိမ္ေရွ႕အေရာက္ ျဖတ္ခနဲသတိရသြားတယ္ဗ်ာ။ ဒါနဲ႔ ဦးဘသာႀကီးၿခံတံခါးကို တဝုန္းဝုန္းနဲ႔ထုတာေပါ့ဗ်ာ။ က်ဳပ္ညီမကေတာ့ ေျပးသြားလိုက္တာျမန္လို႔ဗ်ိဳ႕၊ မၾကာပါဘူး ဦးဘသာႀကီးဆင္းလာတယ္။

“ဦးဘသာႀကီးက်ဳပ္ညီမကို ကယ္ပါအုံးဗ်ာ”

“ေဟ၊ ဘာျဖစ္လို႔လဲ”

“အိပ္ရာကေနထလာၿပီးေတာ့ အခု႐ြာျပင္ကိုထြက္ေျပးသြားလို႔ဗ်၊ ညေနက ေဆးဆရာႀကီးကလည္း အပမွီလာတယ္လို႔ေျပာတယ္”

ဦးဘသာႀကီးက အိမ္ထဲကိုေျပးဝင္သြားၿပီးေတာ့ ေရသုံးတဲ့ဒန္ခြက္ဖလားႀကီးနဲ႔ ေရတစ္ခြက္ခပ္လာတယ္ဗ်၊

“ေဟ့ေကာင္ မင္းညီမေျခရာကို မင္းသိသလား”

ျဖစ္ခ်င္ေတာ့ တေပါင္းလက ပူအိုက္ေျခာက္ေသြ႕တဲ့လဗ်၊ တစ္မိုးတြင္းလုံး ဗြက္ေတြထူေနတဲ့႐ြာလယ္လမ္းႀကီးက အခုေတာ့ ဖုန္ထူထူနဲ႔ဖုတ္လမ္းႀကီးျဖစ္သြားၿပီေလ၊ ဖုန္ေတြထဲမွာ က်ဳပ္ညီမေျခရာက အထင္းသားႀကီးဗ်။ က်ဳပ္လည္း သူ႔ေျခရာကိုလက္ညႇိဳးထိုးျပလိုက္တယ္။

“ဒါပဲဗ်ိဳ႕၊ ဒီဟာ သူ႔ေျခရာပဲ၊ ခုနကမွထြက္ေျပးသြားတာဆိုေတာ့ ထင္းေနတာပဲဗ်ာ”

ဦးဘသာႀကီးက ေရဖလားကို လက္တစ္ဖက္က ပင့္ကိုင္ထားၿပီး က်န္တဲ့လက္တစ္ဖက္နဲ႔ ေရထဲကိုႏွစ္ၿပီး နာရီလက္တံေျပာင္းျပန္တိုင္း လွည့္ေနတယ္ဗ်၊ ပါးစပ္ကလည္း တတြတ္တြတ္နဲ႔ေပါ့၊ ၿပီးေတာ့ ေရဖလားကို ကိုင္ၿပီး အဲဒီေျခရာေပၚကို လက္ျပန္ေလာင္းခ်လိုက္တယ္၊ ဖုန္ေတြက ေရနဲ႔ထိေတာ့ အေငြ႕တစ္ေထာင္းေထာင္းနဲ႔ ပုံပ်က္သြားတာေပါ့ဗ်ာ။

“ဦးဘသာႀကီး ဘာလုပ္လိုက္တာလဲ”

“မင္းညီမကို ေျခခ်ဳပ္ခ်လိုက္ၿပီကြ၊ ငါတို႔အျမန္ သူ႔ေနာက္လိုက္သြားမွရမယ္”

က်ဳပ္နဲ႔ ဦးဘသာႀကီးလည္း ေျပးလိုက္ခဲ့တာေပါ့ဗ်ာ။ ေျခရာေတြက ႐ြာလယ္ကိုေရာက္ေတာ့ ႐ြာအေရွ႕ပိုင္းကိုဦးတည္မေနဘဲ ႐ြာအေနာက္ပိုင္းကိုဦးတည္သြားေတာ့တာ၊ က်ဳပ္တို႔လည္း ႐ြာအေနာက္ပိုင္းကိုေျပးလိုက္လာတာေပါ့၊ ႐ြာအေနာက္ပိုင္းမွာ အိမ္ဆက္က်ဲတယ္ဗ်ာ၊ ေျပးလာရင္း အေရွ႕မွာ လူတစ္ရပ္ေလာက္ရွိတဲ့ ေျမသားတာေပါင္ႀကီးကို ျမင္ေနရၿပီ၊ က်ဳပ္ျဖင့္ ရင္ေတြထိတ္လိုက္တာဗ်ာ၊ ေျမသားတာေပါင္ႀကီးကို ေျပးခုန္တက္ခဲ့လိုက္ေတာ့ က်ဳပ္ညီမက ႐ိုးေခ်ာင္းကေလးထဲမွာ ရပ္ေနတယ္ဗ်၊ ႐ိုးေခ်ာင္းကေလးကလည္း ေရကုန္ၿပီဆိုေတာ့ သဲေခ်ာင္းကေလးျဖစ္ေနၿပီေပါ့ဗ်ာ၊ အသက္ႀကီးတဲ့ ဦးဘသာႀကီးကေတာ့ အေနာက္ကေနတျဖည္းျဖည္းလိုက္လာၿပီး ေျမသားတာေပါင္ေပၚတက္လာတယ္။

“ဟိုမွာ ဦးဘသာ”

က်ဳပ္တို႔ႏွစ္ေယာက္လုံး ႐ိုးေခ်ာင္းကေလးထဲကိုဆင္းသြားလိုက္တယ္၊ က်ဳပ္ညီမက က်ဳပ္ကိုစိမ္းစိမ္းႀကီး ၾကည့္ေနတယ္ဗ်ာ၊ လျပည့္္နားနီးေနၿပီမို႔လို႔ လေရာင္နဲ႔ ပတ္ဝန္းက်င္က လင္းထိန္ေနတာေပါ့။ ဦးဘသာႀကီးက ခါးေထာက္လိုက္တယ္ဗ်။

“ေဟ့ေကာင္၊ မင္းဒါဘာလုပ္တာလဲ”

က်ဳပ္ညီမက ေျခေထာက္ေတာ့မေ႐ႊ႕ေပမယ့္ ေနာက္ျပန္လွည့္ၾကည့္တယ္ဗ်။

“မင္းတို႔ေကာင္ေတြ ဝင္မရႈပ္နဲ႔၊ ဒါ ငါ့လူ၊ ငါပိုင္တယ္”

“ေပါက္တတ္ကရေတြမေျပာစမ္းနဲ႔၊ ဒါငါ့႐ြာသူကြ၊ မင္းအခုသူ႔ကိုလုပ္ထားတာေတြယူၿပီး ထြက္ရင္ထြက္၊ မထြက္ရင္ေတာ့ မင္းငါ့အေၾကာင္းသိမယ္”

က်ဳပ္ညီမပုံက ေၾကာက္လန႔္သြားပုံရတယ္ဗ်။ ဦးဘသာႀကီးက လက္ဝါးကိုျဖန႔္လိုက္ၿပီး ညီမနားကိုကပ္လိုက္ေတာ့ က်ဳပ္ညီမမွာ တုန္ေတာင္ တုန္သြားတယ္။

“မလုပ္ပါနဲ႔ဘသာရာ၊ မင္းကိုငါတို႔ေၾကာက္ပါတယ္”

“ဒါဆိုရင္လည္း အခုထြက္ေတာ့”

“လြယ္လြယ္ေတာ့မထြက္ႏိုင္ဘူးကြ၊ ဒီအခြင့္အေရးကို ငါေစာင့္ေနခဲ့တာၾကာၿပီ၊ ဘသာ၊ ဒီတစ္ေခါက္ေတာ့ ငါ့ကိုလႊတ္ေပးပါ၊ ငါသူ႔ကိုလိုခ်င္တယ္ကြ”

“ေျပာမရတာ ကိုင္းကြာ”

ဦးဘသာႀကိးက သူ႔လက္ဝါးနဲ႔ က်ဳပ္ညီမဇက္ပိုးကို အုပ္ထည့္လိုက္တယ္ဆိုရင္ပဲ က်ဳပ္ညီမက အေရွ႕ကိုဟပ္ထိုးလဲက်သြားတယ္၊ ဒီအခ်ိန္မွာ က်ဳပ္ညီမကိုယ္ထဲကေန အရိပ္လိုလို၊ ဘာလိုလိုမည္းမည္းအေကာင္ႀကီးက လွစ္ခနဲထြက္သြားၿပီး ႐ြာထဲကိုေျပးဝင္သြားဖို႔လုပ္ေတာ့တာပဲဗ်ိဳ႕၊ ဦးဘသာႀကီးက အဲဒီအရိပ္ကိုလက္ညႇိဳးထိုးလိုက္ေတာ့ အရိပ္ႀကီးက ၿငိမ္က်သြားေရာ။

“ေဟ့ေကာင္၊ မင္းနဲ႔ ငါတို႔႐ြာနဲ႔ ဘာမွမဆိုင္ဘူး၊ မင္းျပန္ထြက္သြားစမ္း”

“ဘသာ၊ မင္းေျပာတဲ့အတိုင္း ငါသူ႔ကိုထဲက ထြက္ေပးၿပီးၿပီေလကြာ။ ဒါေပမယ့္ ငါတစ္ျခားလူကို လိုခ်င္တယ္”

“မရဘူး၊ အခုသြားဆိုသြား၊ က်ဳပ္လုပ္ထည့္လိုက္လို႔ ခင္ဗ်ားတို႔ေနစရာမရွိဘဲ ဘုံေပ်ာက္သြားမယ္ေနာ္”

အရိပ္ႀကီးက ေနာက္ျပန္ႀကီးျပန္လာၿပီး ႐ိုးေခ်ာင္းတစ္ဖက္ကိုကူးသြားတယ္၊ ဒီအခ်ိန္မွာပဲ႐ိုးေခ်ာင္းတစ္ဖက္မွာ သူ႔လိုအရိပ္ေတြ ေလးငါးခုေပၚလာတယ္ဗ်ာ။ အရိပ္ေတြက မေက်နပ္တဲ့ပုံနဲ႔ၾကည့္ေနၾကတယ္၊ က်ဳပ္လည္း က်ဳပ္ညီမကိုေျပးဆြဲၿပီး ႐ိုးေခ်ာင္းထဲကေန ေျပးတက္လာတာေပါ့ဗ်ာ။ ဦးဘသာက အရိပ္ေတြကိုၾကည့္ၿပီးေတာ့

“ေတာက္၊ ငါလိုးမသားေတြ၊ မင္းတို႔ဘာၾကည့္ေနတာလဲ”

ဆဲဆိုလိုက္ေတာ့မွ အရိပ္ေတြက ေပ်ာက္သြားတာဗ်ာ၊ က်ဳပ္လည္း ညီကိုေပြ႕ၿပီး ျပန္လာခဲ့ရတယ္၊ အျပန္လမ္းက်ေတာ့ အေတာ္ေမာေနၿပီဗ်ာ၊ ဦးဘသာက လူႀကီးဆိုေတာ့ သူလည္းေတာ္ေတာ္အေမာဆို႔ေနၿပီ၊ က်ဳပ္တို႔ျဖည္းျဖည္းခ်င္း႐ြာထဲကို ျပန္ေလွ်ာက္လာတာေပါ့ဗ်ာ။

“မင္းျမန္လို႔ကြ၊ မင္းညီမသာ ႐ိုးေခ်ာင္းဟိုဘက္ကိုေရာက္သြားရင္ ငါျပန္ေခၚလို႔ရမွာမဟုတ္ဘူး၊ အဲဒီေနရာက ဒီ္ေကာင္ေတြရဲ႕ပိုင္နက္ကြ”

က်ဳပ္လည္း အံ့ၾသေနမိတယ္။

“႐ြာေတြမွာ ႐ြာစည္းေတြရွိတယ္ကြ၊ တို႔႐ိုးေခ်ာင္းကလည္း စည္း႐ိုးတစ္ခုပဲမဟုတ္လား၊ ႐ြာစည္းကေနထြက္သြားရင္ ငါဘာမွလုပ္လို႔မရေတာ့ဘူး၊ လူေတြလိုေပါ့ကြာ၊ ဒီ႐ြာမွာ မင္းအေဖက အာဏာရွိတဲ့သူႀကီးဆိုေပမယ့္ သူမ်ား႐ြာက်ေတာ့ သြားစြာလို႔မရဘူးမဟုတ္လား”

“ဒီေကာင္ႀကီးေတြက ဦးဘသာကို သိေနတယ္ေနာ္”

“ဒီေကာင္ေတြက ႏွစ္ခ်ိဳ႕သဘက္ႀကီးေတြကြ၊ ငါ့ကိုသိတယ္ဆိုတာကလည္း ငါ့အေမေဒၚပ်င္းႀကီးက သူတို႔ကိုခိုင္းစားခဲ့တာကိုး”

က်ဳပ္တို႔စကားေျပာရင္း ႐ြာလယ္လမ္းအတိုင္းေလွ်ာက္လာခဲ့တယ္၊

“မင္းညီမခူးလာတဲ့ပန္းမွာ ဒီေကာင္က လိုက္လာခဲ့တာ၊ မင္းညီမက ပန္းကုံးသီၿပီးပန္လိုက္ေတာ့ သူက ဝင္စီးသြားလို႔ရတာေပါ့ကြာ၊ အဲဒီစံပယ္ပန္းေတြကို ျဖဳတ္လိုက္စမ္းပါ”

က်ဳပ္လည္း ဦးဘသာႀကီးေျပာတဲ့အတိုင္း စံပယ္ပန္းေတြကိုဆြဲျဖဳတ္ၿပီး ေျခေထာက္နဲ႔တက္နင္းလိုက္တယ္။ ဦးဘသာႀကီးက သူ႔အိမ္ေရွ႕ေရာက္ေတာ့ အိမ္ထဲကိုျပန္ဝင္သြားေတာ့တာပါပဲ၊ က်ဳပ္လည္း ညီမေဇာနဲ႔ဆိုေတာ့ သူ႔ကိုစကားေျပာခ်ိန္ေတာင္ မရလိုက္ပါဘူးဗ်ာ၊ က်ဳပ္ညီမလည္း ပန္းပန္တဲ့အက်င့္ေပ်ာက္သြားတာ အခုထိပါပဲဗ်ာ၊ ေတာထဲက ခူးလာတဲ့ပန္းမေျပာနဲ႔ ကိုယ့္္ၿခံဝန္းထဲမွာ ေပါက္တဲ့ပန္း၊ ေဈးကဝယ္လာတဲ့ပန္းကိုေတာင္ မပန္ရဲေတာ့ပါဘူးဗ်ာ။

ကဲ ဒီေန႔ေတာ့ ေတာ္ေလာက္ၿပီစာေရးဆရာေရ၊

ၿပီးပါၿပီ။

#အဂၢေဇာ္