စုန်းအတတ်နဲ့ နတ်ကတော်(စ/ဆုံး)

Unicode Version

စုန်းအတတ်နဲ့ နတ်ကတော်(စ/ဆုံး)
———————————-
သောင်းတိုင်ရွာ…။
နတ်ကတော်ကြီး ဒေါ်စိန်တင်ရဲ့ ခြံဝိုင်းထဲမှာ လူသူတွေ စည်းကားနေတယ်။
ကြီးမားလွန်းလှတဲ့ ဒေါ်စိန်တင်ရဲ့ အိမ်ကြီးအပေါ်မှာလည်း လူသူတွေက အပြည့်…။
အားလုံးရဲ့ အရှေ့မှာ ဒေါ်စိန်တင်တစ်ယောက်ကတော့ ဘော်ကျယ်တွေ တလက်လက်ထနေတဲ့ နတ်ကတော် အဆင်အပြင်နဲ့ ရှိနေလို့ရယ်။
သူနဲ့ မျက်နှာချင်းဆိုင်နေရာမှာတော့ ဆံပင်စုတ်ဖွား၊ အဝတ်အစား ကပိုကရိုနဲ့ ငူငိုင်ငိုင်ဖြစ်ပြီး ရောဂါဝေဒနာကို အပြင်းအထန် ခံစားနေရဟန်တူတဲ့ မိန်းကလေးတစ်ယောက်။
” ကဲ…ခဏလေး။ ဒီကလေးမရဲ့ နေ့သက်နာမ်သက်ကို အရှင်ကြီးတို့ဆီအပ်ပြီး ရောဂါကုသဖို့ လုပ်ပေးမယ်။ ကလေးမရဲ့ နာမည်နဲ့ နေ့နာမ်ကို ပြောချေ…”
” မစုဝေပါ။ အင်္ဂါ သမီးပါရှင်…”
မိန်းကလေး၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို ဖေးမပေးထားရင်းက ပြော၏။
နတ်ကတော် ဒေါ်စိန်တင်က ခေါင်းကို တဆတ်ဆတ်ညိတ်လိုက်ပြီး…။
” အင်း…ဟုတ်ပြီ။ အရှင်ကြီးတို့ဆီကို အခုပဲ အပ်နှံပြီး ကုသပေးမယ်…”
ဒေါ်စိန်တင်က ပြောပြောဆိုဆို နတ်ရုပ်များရှိရာဘက်ကို လှည့်လိုက်တယ်။ ပြီးတော့ လက်အုပ်ကို နဖူးဆီကပ်ကာ ချီရင်း…။
” အို…အတွင်း သုံးဆယ့်ခုနှစ်မင်း၊ အပြင်သုံးဆယ့်ခုနှစ်မင်း ခုနှစ်ဆယ့်လေးပါးသော အရှင်အပေါင်းတို့ကို သမီးတော် အကူအညီတောင်းခံအပ်ပါတယ်။ တစ်ဖက်ဇီးတောရွာမှာနေတဲ့ ဟော့ဒီက အင်္ဂါသမီးဆီမှာ ခံစားနေရတဲ့ ရောဂါဘယများကို အရှင်းအလင်း သက်သာပျောက်ကင်းနိုင်ဖို့ အရှင်တို့ကို အကူအညီတောင်းခံပြီး အပ်နှံပါတယ်။ ရောဂါကို ကုသရာမှာ အရှင်ကြီးတို့ အရှင်မတို့ စီမံထိုက်သလိုစီမံနိုင်ဖို့ ဒီက သမီးတော်ဖြစ်သူကတဆင့် စီမံဆောင်ရွက်ပေးပါလို့ တောင်းပန်အပ်ပါတယ် အရှင်ကြီးတို့…။ ယခုပင် ကြွမြန်းတော်မူပါတော့…”
” ဖျောက်…ဖျောက်…ဖျောက်…ဖျောက်…”
ဒေါ်စိန်တင်၏ လက်နဲ့ နဖူးရိုက်သံက ကျယ်လောင်လွန်းစွာ။ ပြီးတော့ ကြည့်နေရင်းကိုပဲ သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်လာတယ်။
” အဘယ်သူများ ကြွလာပါသလဲ…”
ဒေါ်စိန်တင်ရဲ့ အစ်မဝမ်းကွဲ နတ်ချော့သူ ဒေါ်ဖျော့က မေးတာ။
” ငါဟဲ့…ငါ မင်းကြီးမင်းလေးနှစ်ပါးထဲက ကိုယ်တော်လေးဟဲ့၊ ကိုယ်တော်လေး…”
” အို…ကိုယ်တော်လေးကြွလာတာပဲ။ မသိလို့ မေးမိတာ အမိုက်အမဲလေးကို ဗွေမယူပါနဲ့ အရှင်…”
ကိုယ်တော်လေးဝင်နေတဲ့ ဒေါ်စိန်တင်က မျက်လုံးကို မဖွင့်၊ ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ရင်း…။
” အရှင့်ရဲ့ လိပ်ပြာဖြူ သမီးတော် ပင့်ဖိတ်ရခြင်းအကြောင်းကတော့ ဟော့ဒီက အင်္ဂါသမီးဆီမှာ အဝတ်အစားမကပ်နိုင်အောင်၊ ပြီးတော့ အိပ်တဲ့အခါမှာလည်း အထိတ်တလန့် ထထအော်ပြေးတတ်ပြီး နေ့ဘက်ဆိုရင်လည်း ဝမ်းဗိုက်ကလည်း အသည်းအသန်အောင့်နေရပါတယ် အရှင်…။ ဒီရောဂါကို အရှင်းအပ ပျောက်ကင်းအောင် ကုသပေးဖို့ အရှင့်လက်တော်ထဲကို အပ်နှံပါတယ်…”
ဒေါ်စိန်တင်က တုန်ရီနေရင်းက တစ်ခဏငြိမ်းသွားပြီး အာရုံခံသလို လုပ်ဆောင်လိုက်တယ်။
” ဒါ…ကလေးမကို နှစ်သက်နေတဲ့ စုန်းထီး ပြုစားတာဟေ့…”
” အို…”
ကြည့်နေကြတဲ့ လူတွေဆီက အလန့်တကြားရေရွတ်သံတွေ။
မိန်းကလေးရဲ့ မိခင်နဲ့ ဖခင်ဆို မျက်စိမျက်နှာကို ပျက်ယွင်းသွားတော့တာပဲ။
” သူက ကလေးမကို အပိုင်သိမ်းသွင်းဖို့ဟဲ့။ အခုတော့ ဘာမှမပူနဲ့၊ ငါကိုယ်တော်ကြွလာပြီဆိုတော့ ဒီသမီးတော်ကို ငါကိုယ်တော်ကယ်ပြီး အဲ့ဒီ့စုန်းထီးကို ဆုံးမလိုက်မဟဲ့…”
ဒေါ်စိန်တင်က မာန်နဲ့ထန်နဲ့ ထပြောတယ်။ လူအုပ်ကြီးဆီက ဝမ်းသာအယ်လှဲနဲ့ လက်ခုပ်တီးသံက ဖြိုင်ခနဲပဲ။
” ကလေးမကို ကိုယ်တော်လေးအရှေ့ဆီ တိုးကပ်ပေးကြစမ်း…”
ကြည့်နေတဲ့သူတချို့က ကလေးမကို မတ်မတ်ထူပြီး ဒေါ်စိန်တင့်အရှေ့ကို တိုးစေတယ်။
” ကဲ…ပညာသည်အကျင့် ဖောက်ပျက်တဲ့ စုန်းထီး၊ နင့်ကို ငါကိုယ်တော် လက်သုံးတော်ဓားနဲ့ သင်းမဟဲ့…”
ဒေါ်စိန်တင်က ပြောပြီး လက်က ဓားကိုင်ဟန်နဲ့ ဟန်ပါပါ ဝေ့ရမ်းတာ။
မြင်ရသူတို့ကတော့ စိတ်ဝင်တစားနဲ့ မနောတွေခွေ့နေကြလို့။
” ရော့…ငမိုက်သား နင့်ဒဏ်နင်ခံ…”
ဒေါ်စိန်တင်ရဲ့ ဓားကိုင်လက်က လူနာရဲ့ လည်ပင်းဆီကို။
လူနာမိန်းကလေးဆီက အသံနက်ကြီးနဲ့ ဝူးဝူးဝါးဝါး ထအော်တယ်။ ပြီးတော့ ရုန်းကန်ထပြီး ပြေးဖို့ကြိုးစားတာ။
” ဪ…ဒင်းကလေးက ငါကိုယ်တော်လေးကို အာခံသပေါ့။ တွေ့ကြသေးတာပေါ့…”
ဒေါ်စိန်တင်ကပြောပြီးတာနဲ့ လူနာမိန်းကလေးရဲ့ ငယ်ထိပ်ဆီကို သူ့လက်ဝါးကြီးနဲ့ ဖုန်းခနဲ အုပ်ရိုက်ရိုက်လိုက်တယ်။
” အင့်…”
ရုန်းကန်နေတဲ့ လူနာမိန်းကလေးဆီက အပ်အုပ်အုပ်အသံထွက်ပေါ်လာပြီး ဟုတ်ခနဲ ငြိမ်ကျသွားတော့တယ်။
ကြည့်နေတဲ့သူတို့ခမျာ လန့်ဖျပ်ပြီး အသက်တောင်မရှုရဲကြလောက်တော့ လောက်အောင်ပဲ ငေးရီပြီး ကြည့်နေမိကြတယ်။
” အင့်…ဟင့်…ဟင်း…”
မိန်းကလေးဆီက ခပ်ရှည်ရှည် သက်ပြင်းချသံ။
” လှုပ်လာပြီ…”
အများဆီက အံ့သြတကြီးအသံတွေ။ ဒေါ်စိန်တင်ကတော့ လက်ကို ရုတ်ပြီး ခန္ဓာကိုယ်ကို ယိမ်းထိုးနေရင်းက…။
” စုန်းထီးကောင်တော့ သူ့ဘဝသူမြန်းသွားပြီ။ ဟဲ့ သမီးတော်ကြီး…ငါကိုယ်တော့်ကို ရေစင်ဆက်စမ်းဟေ့…”
ဒေါ်ဖျော့က ရေ ထည့်ထားတဲ့ ရွှေရောင်ခွက်ကို ကမ်းပေးဆက်သလိုက်တယ်။ ဒေါ်စိန်တင်က ရေခွက်ကို ပါးစပ်နားတေ့လိုက်၊ နဖူးနဲ့ ထိလိုက်လုပ်ပြီးနောက် ဒေါ်ဖျော့ဆီကို ပြန်ကမ်းပေးပြီး…။
” ဝေဒနာသည်ကို အပစင်အောင် ရေစင်တော်ကြီး တိုက်ချေစမ်းဟဲ့…”
ဒေါ်ဖျော့နဲ့ မိဘဖြစ်သူတို့က ဇာတ်လန်ပြီး ခပ်သာသာညည်းနေတဲ့ မိန်းကလေးကို ရေတိုက်လိုက်ကြတယ်။
” အင်း…ဟင်း…အေ့…ဝေါ့…”
” အို…”
” ဟာ…”
ရေစင်သောက်ပြီးတာနဲ့ လူနာမိန်းကလေးက လူးလူးလွန့်လွန့်ဖြစ်ပြီး ရုတ်တရက်ထိုးအန်ချတာ။
အန်သမျှထွက်ကျလာတာက လက်မလောက်ရှိမယ့် နီးစွေးစွေးအသားတုံးတချို့။ ပြီးတော့ ချွဲတွေကလည်း အန်ချထားတာကလည်း နင့်နေအောင်ပဲ။
” အပတော့ စင်ပြီဟေ့…”
ဒေါ်စိန်တင်ရဲ့ အောင်အောင်မြင်မြင်အော်သံကြီးအဆုံး မိန်းကလေးက မျက်လုံးဖွင့်ကြည့်လာတယ်။
ပြီးတော့ သူ့နံဘေးမှာ ဝိုင်းဝန်းကြည့်နေကြတဲ့ လူတွေကို တစ်လှည့်၊ ရောက်ရှိနေတဲ့ ဒေါ်စိန်တင်ရဲ့အိမ်ကြီးကို တစ်လှည့် ကြည့်ရင်း မျက်လုံးအဝိုင်းသားနဲ့။
” မသေကောင်း မပျောက်ကောင်း သမီးလေးရယ်…”
မိခင်ဖြစ်သူကတော့ ဝမ်းသာအားရနဲ့ ငိုပြောပြောပြီး သမီးကို လှမ်းဖက်လိုက်တယ်။ ဖခင်ဖြစ်သူကလည်း မငိုပေမယ့် သမီးဖြစ်သူရဲ့ လက်ကလေးကို လှမ်းကိုင်ထားလို့။
” ကဲ…ငါကိုယ်တော်လေး ကြွမြန်းတော့မဟဲ့…”
ဒေါ်စိန်တင်က ပြောလာတာ။ ဒီတော့ ဒေါ်ဖျော့က ပါးပါးနပ်နပ်နဲ့ပဲ…။
” ကဲ…ကဲ…မိညိုတို့ တင်အောင်တို့ ကိုယ်တော်လေး ပြန်မကြွခင် ညည်းတို့သမီးကို ဆေးကုသပေးထားတာအတွက် ဆက်သစရာရှိတာ ဆက်သလိုက်ဦး…”
” ဟုတ်ကဲ့ပါဗျာ။ ကျုပ်တို့ သမီးလေး သက်သာပျောက်ကင်းသွားတာ သိပ်ကျေးဇူးတင်ပါတယ်။ ဒီအတွက် ကိုယ်တော်လေးကို ငွေတစ်သိန်းဆက်သပါတယ်…”
ဥိးတင်အောင်ရဲ့ စကားအဆုံး လူအုပ်ကြီးဆီက တအံ့တသြဖြစ်သွားကြတဲ့ အသံကြီးက ဝေါခနဲပဲ။
ဒီလိုဖြစ်တာ အံ့သြစရာတော့ မရှိပါဘူး။ ဘာလို့ဆို အဲ့ဒီ့ခေတ်ကာလအရ ငွေတစ်သိန်းဆိုတာ နည်းတဲ့ပမာဏမှမဟုတ်တာ။
ဦးတင်အောင်တို့ မိသားစုသာ ချမ်းသာလွန်းသူတွေမို့ ဒီငွေပမာဏကို တတ်နိုင်တာ။ ဒါတောင် သူတို့အတွက် ဒီသမီးလေးတစ်ယောက်ထဲရှိတာဆိုတော့ ကုသမှုအတွက် ဒီငွေပမာဏလောက်ပဲ ရင်းမိလို့ အားနာနေမိသေးတဲ့ ပုံပဲ။
ဦးတင်အောင်က သူ့လွယ်အိတ်ထဲက ငွေတစ်ထပ်ကို ထုတ်ပြီး ဒေါ်ဖျော့ကို ပေးတယ်။ ဒေါ်ဖျော့ကတစ်ဆင့် နတ်ပူးနေတဲ့ ဒေါ်စိန်တင်ကို ဆက်သလိုက်တယ်။
ဒေါ်စိန်တင်က ငွေတွေကို လှမ်းယူပြီး သူ့ဦးပေါင်းဆီကို ထိုးထည့်လိုက်တော့တာပဲ။
လူနာမိန်းကလေးကတော့ သက်သာသွားခဲ့ပါတယ်။
အဲ့ဒီ့နောက်တော့ ကိစ္စဝိစ္စပြီးပြီဆိုတော့ လူအုပ်ကြီးလည်း အလျိုလျိုပြန်ကုန်ကြပေါ့။
ဦးတင်အောင်တို့ မိသားစုကတော့ ဒေါ်စိန်တင်နဲ့ စကားစမြည်အနည်းငယ်ထပ်ပြောပြီးနောက် သီးသန် ငွေငါးသောင်း ထပ်မံကန်တော့ပြီး ပြန်သွားခဲ့ကြတယ်။
ခြံထဲကနေ ဦးတင်အောင်တို့ လှည်းယဉ်လေး ထွက်ခွာသွားချိန်မှာတော့ ဒေါ်စိန်တင်က ကျေကျေနပ်နပ်ကြီး ပြုံးလို့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်လေပြီး…။
” အစ်မဖျော့ရေ…အိမ်ထဲက ကလေးမနဲ့ ပက်သက်တဲ့ အစီအမံတွေ ဖျက်လိုက်ပါတော့ကွယ်…”
” ဟုတ်ကဲ့ စိန်စိန်…”
ဒေါ်စိန်တင် လက်ထဲက ငွေတွေကို လောဘမျက်ဝန်းတွေနဲ့ ကြည့်ပြီး သဘောတွေအကျကြီးကျနေတော့တယ်။
******
” မစိန်…အုန်းဆုံရွာက ကိုသာလှတို့က သိပ်ချမ်းသာတယ်တဲ့…”
ရွာစဉ်ဈေးလှည့်ရောင်းတဲ့ ဟင်းရွက်သည် မသေးတင်က ပြောတာ။
ဒီစကားကြောင့် ဒေါ်စိန်တင်တစ်ယောက် ကျေကျေနပ်နပ်ကြီး ပြုံးလိုက်တယ်။ ပြီးတော့ ငွေတစ်ချို့ကို ထုတ်ပေးပြီး…။
” ကဲ…မသေးတင်။ ထုံးစံအတိုင်းပဲ သူတို့ဆီက အခရာကျတဲ့ တစ်ယောက်ရဲ့ ဓာတ်သက်ပါမယ့် ကိုယ်သုံးပစ္စည်းလေး…”
မသေးတင်က ငွေကို အလျင်အမြန်ယူပြီး သူ့အတွင်းအင်္ကျီ အိပ်ထောင်ထဲကို ထည့်လိုက်တယ်။
” စိတ်ချ မစိန်။ သူတို့ရဲ့ မြေးပေါက်စလေးက အဲ့ဒီ့အိမ်မှာ အခရာပဲ…”
” အင်းပါ…ဒါဖြင့်လည်း သူ့ကိုပေါ့။ ပြီးရင်တော့ ဒီကိုလာလမ်းခင်းပေးဖို့လည်း မမေ့နဲ့နော်…”
” အို…စိတ်ချစမ်းပါတော်။ မစိန်က ကျုပ်ရဲ့ ကျေးဇူးရှင်ပဲဟာ။ ဒါကြောင့် မစိန်ကို ကျုပ်လုပ်ပေးလာတာလည်း မနဲဘူးလေ…”
” အင်းပါတော်။ ဟင်း…ဟင်း…ဒီတစ်ကြိမ် မြိုးမြိုးမြက်မြက်ရလို့ရှိရင်တော့ ကျုပ် မသေးတင်ကို ထိုက်ထိုက်တန်တန်ပေးပါ့မယ်…”
” ကျေးဇူးပါတော် ကျေးဇူးပါ။ ကဲ…ဒါဖြင့် ကျုပ် သွားလိုက်ဦးမယ် မစိန်ရေ…”
ဒေါ်သေးတင် ဈေးတောင်းကို ပြန်ရွက်ပြီး ဒေါ်စိန်တင့် ခြံဝိုင်းထဲက ထွက်သွားတယ်။
” စိန်စိန်..”
” ဪ…မဖျော့၊ စိန့်ကို ဘာပြောမလို့လဲ…”
ဒေါ်ဖျော့က မျက်နှာမသာမယာနဲ့…။
” မမ စိတ်ထဲ နေရတာတစ်မျိုးပဲ။ ဟို…စိန်စိန့်ကို ဒီလိုမျိုးကြီး မလုပ်စေချင်တော့ဘူး…”
” ဟင်…ဘာလို့လဲ မဖျော့ရဲ့…”
ဒေါ်ဖျော့က သက်ပြင်းကို ချလိုက်ပြီး…။
” နတ်နဲ့ နဂါး မလှည့်ဖျားနဲ့ ဆိုတဲ့စကား။ အခု တို့လုပ်နေတာက လူတွေကို လှည့်ဖျားရုံတင်မကဘူး နတ်တွေကိုပါ ခုတုံးလုပ် လှည့်ဖျားသလိုဖြစ်နေပြီ။ ကြာရင်…မကောင်း…”
ဒေါ်ဖျော့ရဲ့ စကားက တဝက်တပြက်သာရှိသေး၊ ဒေါ်စိန်တင်က ဒေါသတကြီးနဲ့…။
” အို…တော်စမ်းပါ မဖျော့ရယ်။ ဒီမယ်…စိန့်ရဲ့ပညာအဆင့်အတန်းနဲ့ ဘယ်နတ်၊ ဘယ်နဂါးမွကို မမှုဘူး။ ထပ်ေျပာမယ်…ဒီအိမ်ရဲ့ စီးပွားကို စိန်က ဦးစီးနေတာ။ အခု ဒီလိုမျိုးလုပ်စားနေတာလည်း အကြိမ်ပေါင်းမနည်းတော့ဘူး။ စိန့်အနေနဲ့ သူများပညာသည်တွေလို လူတောသူတောမတိုးဘဲနဲ့ စုတ်စုတ်ပဲ့ပဲ့လည်း မနေနိုင်ဘူး။ အခု စိန်ဒီလိုလုပ်တယ်။ စိန့်ကို လူတွေ ကိုးကွယ်လာတယ်။ အဟင်း…မဖျော့က မှီခိုသူပဲ။ စိန်ပေးတာယူ၊ ကျွေးတာစား၊ စိန့်ကို ကူညီ ဒါပဲ။ ကျန်တာ ဘာမှ ဝင်မပြောနဲ့။ နောက်တစ်ခါပြောလာခဲ့ရင် စိန့်ကိုအဆိုးမဆိုနဲ့…”
ဒေါ်စိန်တင် ဒေါသတကြီးနဲ့ ခြေကို ဆောင့်ပြီး အိမ်ပေါ်တက်သွားတယ်။
ဒေါ်ဖျော့ကတော့ သက်မောကို အသာချရင်း ဒေါ်စိန်တင့် နောက်ကျောကို မချိတင်ကဲ ကြည့်လို့သာပဲ။
******
” မဖျော့…မီးဖိုခန်းထဲက ကြက်သွေးတွေ ယူပေးပါဦး…”
ဒေါ်စိန်တင်တစ်ယောက် အခန်းထဲမှာ အလုပ်များနေတယ်။
သူအခုစီရင်နေတာက အုန်းဆုံရွာက ဦးသာလှရဲ့ မြေးလေးရဲ့ ဆံပင်၊ လက်သည်းနဲ့ အခြားအဝတ်အစားတို့လို ဓာတ်သက်ဝင်ပစ္စည်းတချို့။
မကြာဘူး။
ဒေါ်ဖျော့က ကြက်သွေးတွေယူလာပေးတော့ ဒေါ်စိန်တင်က အဲ့ဒီ့သွေးတွေအထဲကို ဆနွင်းမှုန့်လိုအရာတချို့ ဖြူးချတယ်။ ပြီးတော့ စီရင်ထားပြီဖြစ်တဲ့ ကလေးငယ်ရဲ့ ပစ္စည်းတွေအပေါ်ကို ပက်ဖြန်းလိုက်တယ်။
ပြီးတော့ ဒေါ်စိန်တင်က အရိုးခေါင်းကြီးတစ်ခုကို ယူပြီး အရိုးနဲ့ပြုလုပ်ထားတဲ့ အချောင်းကလေးနဲ့ တတောက်တောက်ခေါက်ပြီး ဒေါ်စိန် ပါးစပ်ကနေ တတွတ်တွတ်ရွတ်တော့တာ။
ဒေါ်ဖျော့ကတော့ ဒေါ်စိန်တင်လုပ်သမျှကို စိတ်မသက်သာစွာနဲ့ ကြည့်နေရင်းပေါ့။ သူ့ခမျာ မတတ်သာလို့သာ မာန်လျော့ထားရခဲ့တဲ့အခြေအနေရယ်။
******
ညဉ့်သန်းခေါင်ယံအချိန်…။
” အား…ဘဘရေ လုပ်ပါဦး သ သရဲကြီး…”
အချစ်ရဆုံး မြေးငယ်လေးရဲ့ အထိတ်တလန့်အော်သံကြောင့် ဦးသာလှတို့ မိသားစု ပြာယာခတ်ကုန်ကြတယ်။
ကလေးငယ်ကတော့ အော်သံကို ပြုပြီးတာနဲ့ ခွေခနဲ သတိလစ်လို့…။
” မြေးလေး…မြေးလေး…”
ကလေးငယ်ဆီက တဂီးဂီး ညည်းညူသံသဲ့သဲ့။ မသိရင် အကောင်တစ်ကောင် မာန်ဖီနေသလိုပဲ။
” လုပ်ကြပါဦး…ပရိတ်ရေလေး ဘာလေး…အမြန်ယူကြပါ…”
ပရိတ်ရေကို အမြန်ယူကြပြီး ကလေးငယ်ကို တိုက်ကျွေးသပ်ချပေမယ့် သတိတော့လည်မလာခဲ့ဘူး။
ဦးသာလှခမျာ နှလုံးသည်းပွတ်လျာ မြေးပေမို့ အဖြစ်အပျက်ကြောင့် ရူးခါသွားမတတ်။
” ဆေးဆရာကြီး ဦးသုခကို သွားခေါ်ချေ…”
ဦးသုခဆိုတာ သူတို့ရွာက အထင်ကရဆေးဆရာကြီးရယ်။
အိမ်ရဲ့ အလုပ်သမားတချို့က ချက်ချင်းပဲ သွားခေါ်ပေးကြတယ်။ ဆေးဆရာကြီး ရောက်လာချိန်ကျ ကလေးငယ်ကို စမ်းသပ်ပြီး…။
” လက္ခဏာက သည်းခြေပျက်တာနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမယ် ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အတွက် ဒီအရွယ်မှာ ဒီရောဂါမျိုးဖြစ်နိုင်ဖို့က မလွယ်ကူဘူး။ အဓိက ကျုပ်အထင်ပြောရရင်တော့ လူပြုစားတာပဲ ဖြစ်မယ်…”
” ဗျာ…လူပြုစားတာ။ ဟား…အဲ့ဒါဆိုရင်တော့ ဒုက္ခပါပဲ။ ဆရာရယ် စွမ်းမယ်ဆိုရင် လုပ်နိုင်တာလုပ်ပေးပါ။ ဘယ်လောက်ကုန်ကုန် ကျုပ်မြေးလေးအတွက် ကျုပ်ရင်းပါ့မယ်…”
ဆေးဆရာကြီးက ခေါင်းကို ခါရမ်းလိုက်တယ်။
” ဦးသာလှရယ်…ကျုပ်အနေနဲ့ တတ်နိုင်ရင်တော့ ကုသပေးတာကြာပေါ့။ ဒါပေမယ့် ခက်တာက ကျုပ်က ဗိန္ဓောဆရာသီးသန့်ဗျ။ ပယောဂကျ ကျုပ်မစွမ်းသာဘူး…”
” ဟား…ဒါဖြင့် ခက်ပြီပေါ့ ဆရာရယ်။ ဒီနယ်မှာက အဲ့ဒီ့လို ဆရာမျိုးကလည်း ရှားတော့၊ ဘုရား…ဘုရား ကျုပ်မြေးလေးတော့ ရေတိမ်နစ်ပြီထင်တယ်…”
ဦးသာလှရဲ့ ရေရွတ်သံက မချိတင်ကဲဖြစ်လို့။
ဆေးဆရာကြီးကတော့ ခေါင်းကိုသာ တွင်တွင်လာရမ်းလို့ရယ်။ကျန်သူတို့မှာလည်း စိတ်မသက်မသာနဲ့ပါပဲ။
******
ဦးသာလှတို့ မိသားစု လှည်းကောက်နေကြတယ်။
မနက်က သောင်းတိုင်ရွာက ဈေးသည်သေးတင်က သူတို့ရွာက နတ်ကတော်က ပယောဂတွေ စုန်းတွေ ကုသနိုင်တယ်ဆိုတာပြောတယ်။
ဒီအတွက်ကြောင့် သတင်းကြားကြားချင်းပဲ မြေးဖြစ်သူကို သွားရောက်ကုသဖို့ ဦးသာလှ အားချင်းကို စီစဉ်တော့တာ။
” အေးသုံရေ…ပစ္စည်းတွေညမြန်မြန်ထည့်ဟ။ ဟိုရောက်ရင် ကန်တော့်ပွဲတွေဘာတွေလိုရင်လည်း အဆင်သင့်ဖြစ်အောင် အုန်းသီး ငှက်ပျော်သီးတွေပါ ယူခဲ့ချေ…”
ဦးသာလှက အားလုံးကို ဆော်သြနေတာ။ သွားမယ့်လှည်းက နှစ်စီး။ တစ်စီးက မြေးလူနာရယ် သူရယ်။ နောက်တစ်စီးကတော့ လိုနိုင်မယ့် ပစ္စည်းပစ္စယတချို့နဲ့ မိသားစုဝင်တို့…။
” ကဲ…ကဲ…လူစုံရင် ထွက်ကြ ထွက်ကြ…”
မြေးဖြစ်သူက အသက်ပမာ ရင်နင့်သည်းချာဆိုတော့ ဦးသာလှ တကယ်ကို ပြာယာခတ်နေတာရယ်။
လှည်းတွေ စထွက်တဲ့အချိန်မှာတော့ ခြံဝဆီကို လူကြီးတစ်ယောက်နဲ့ အစက်ဆယ့်နှစ်နှစ်အရွယ် အမွှာကလေးနှစ်ယောက် ဗြုန်းစားကြီး ရောက်လာခဲ့တယ်။
” အင်း…မဆီမဆိုင် ဝိသမလောဘအတွက် ကလေးငယ်လေးကိုတောင် ပြုစားနေပါပေါ့လား…”
လူကြီးဆီက စကားသံ။
လူကြီးရဲ့ စကားအသွားအလာကို ဦးသာလှက ရိပ်စားမိတာမို့ လှည်းတွေကို ချက်ချင်းရပ်ခိုင်းပြီး လှည်းပေါ်ကဆင်းလို့…။
” ဒီကနောင်ကြီးက ဘယ်ကလာလို့ ဘယ်ကို သွားမှာလဲ။ ဟို…ကျုပ်ရဲ့ မြေးလေးဖြစ်နေတာကိုရော ဘယ်လိုများ…”
တစ်ဖက်က လူကြီးက လက်ကာပြလာပြီး တည်တည်ကြည်ကြည်နဲ့ပဲ…။
” ကျုပ်တို့က ဂမိကပါဃုဏိက ခရီးသွားဧည့်သည်ပဲ ဆိုပါတော့။ အခု ဒီရွာက အဖြတ်၊ မကောင်းတဲ့အငွေ့အသက်တချို့ကို ခံစားမိတာမို့ လိုက်လာရင်း ဒီကိုရောက်လာရတာ…”
လူကြီးရဲ့ အဖြေကြောင့် ဦးသာလှ သိပ်ကို ဝမ်းသာသွားရတယ်။
” ဟား…ဆရာတွေပဲ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ၊ ကျုပ်တို့မိသားစုကိုတော့ ဘုရားမတာပဲ။ ဟို…ဟို…ကျုပ်မြေးလေးကို ကယ်ပေးပါ ဆရာ။ ကျုပ်မြေးလေးက ကျုပ်ရဲ့အသက်မို့ပါ…”
” ရပါတယ်။ ခုနှစ်ရက်သားသမီးအတွက် ကယ်သင့်လို့ အကြောင်းဖန်လာတာပဲ။ ကျုပ်တို့ ဒီကလေးကို ကုသပေးပါ့မယ်…”
” ဝမ်းသာလိုက်တာ ဆရာရယ်။ အိမ်ပေါ်ကိုကြွပါ ဆရာ…”
” ရပါတယ်ဗျာ။ ကျုပ်တို့ အိမ်ပေါ်ကို မတက်တော့ဘူး။ သူငယ်ကိုတော့ အပစင်အောင် ဒီနေရာမှာပဲ ကုသပေးလိုက်ပါ့မယ်…”
လူကြီးက ပြောပြောဆိုဆိုပဲ လှည်းပေါ်က ပျော့ခွေနေတဲ့ ကလေးငယ်ဆီကို လှမ်းသွားပြီး ငယ်ထပ်ဆီကို သူ့ညာလက်နဲ့ အုပ်ကိုင်လိုက်တယ်။
ပြီးတော့ ပါးစပ်ကနေ ဂါထာတစ်မျိုးကို အချိန်အတော်ကြာကြာရွတ်နေတော့တာ။
လူကြီးနဲ့ ပါလာတဲ့ ကလေးနှစ်ယောက်ကတော့ အများနည်းတူပဲ လူကြီးပြုလုပ်နေတာကို စိတ်ဝင်တစားကြည့်တယ်။
” အင်း…ဟင်း…ဟင်း…”
ကလေးငယ်ဆီက ညည်းညူသံနဲ့အတူ လူကြီးအုပ်ကိုင်ထားတဲ့ ငယ်ထိပ်ဆီက သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ အမည်းရောင်အခိုးအငွေတွေထွက်လာတယ်။
ဒါကို လူကြီးနဲ့အတူလိုက်လာတဲ့ ကလေးနှစ်ကလွဲပြီး အခြားသူတွေ မမြင်နိုင်ခဲ့ဘူး။
အချိန်ခဏကြာတော့ အခိုးအငွေ့တွေ ထပ်ထွက်မလာတော့ဘူး။ ဒီတော့မှ လူကြီးက သူ့လက်ကို ပြန်ရုတ်ပြီး…။
” ကဲ…ကလေးကို ရေမိုးချိုးပေးလိုက်။ တအောင့်ကြာရင် ပုံမှန်အတိုင်း ပြန်ကောင်းသွားပါလိမ့်မယ်…”
” ကျေးဇူးကြီးလှပါတယ် ဆရာရယ်…”
” ရပါတယ်ဗျာ။ အပေါ်က ပြောခဲ့သလိုပဲ ကယ်သင့်လို့ အကြောင်းဖန်လာတာပါ။ ကဲ…ကျုပ်တို့ကို သွားခွင့်ပြုပါဦး…”
လူကြီးက ပြောပြောဆိုဆို နှုတ်ဆက်တော့ ဦးသာလှအလွန် အံ့အားသင့်သွားရပြီး…။
” ဆ…ဆရာ ခဏနေပါဦး။ ကျုပ် ကျေးဇူးတင်လွန်းလို့ ဆရာ့အတွက် ငွေကြေးတချို့ ကျုပ် ကန်တော့်ပါရစေ…”
လူကြီးက တည်ကြည်စွာနဲ့ပဲ ပြုံးလိုက်ပြီး…။
” ကျုပ်တို့အတွက် ငွေကြေးအဖိုးအခတွေ မလိုပါဘူး။ တကယ်လို့ ဒီကနောင်ကြီး အလိုရှိတယ်ဆိုရင်တော့ ကျုပ်တို့ကို ကန်တော့်မယ်ဆိုတဲ့ ငွေကြေးကို ရွာဦးစေတီက စောင်းတန်းအမိုးတွေ ပျက်လုပျက်ခင်ဖြစ်နေတာအတွက် လှူဒါန်းလိုက်ပါ။ ခွင့်ပြုပါဦး…”
ဦးသာလှရင်ထဲ ပီတိအဟုန်ကြောင့် ကြက်သီးမွေးညှင်းတောင်ထသွားရတယ်။ လူကြီးနဲ့ ကလေးနှစ်ယောက်ကတော့ သူတို့ကို ကျောခိုင်းထွက်ခွာသွားခဲ့ပြီ။
” ဟို…ဆ…ဆရာ။ ဆရာ့နာမည်လေးများ…”
” ကျုပ်နာမည် သိဒ္ဒိလို့ခေါ်ပါတယ် နောင်ကြီးသာလှရေ…”
” ဟင်…”
ဦးသိဒ္ဒိဆိုတဲ့ ပုဂ္ဂိုလ်က သူ့နာမည်ကို မပြောဘဲသိနေလေတော့ ဦးသာလှတစ်ယောက် ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ရတော့တာ။
*******
ဒေါ်စိန်တင်တစ်ယောက် အစီအမံပြုထားရာဆီမှာ မျက်လုံးအစုံမှိတ်လို့ တင်ပုလ္လင်ခွေထိုင်ရင်း ရှိနေတယ်။
အဲ့ဒီ့အခိုက်…။
ဝုန်းခနဲ အစီအမံပြုထားတဲ့ ပစ္စည်းတွေဆီက မီးတောက်တစ်ခု ထွက်ပေါ်လောင်မြိုက်လာတယ်။
” ဟင်…တောက်…”
ဒေါ်စိန်တင်ဆီက ဒေါသတကြီးတောက်ခေါက်သံ။ မျက်ဝန်းတွေက ဒေါသအရိပ်အငွေ့တွေ အလျှံတညီးညီးထွက်နေတယ်။
” ငါ့ကိုများ စမ်းချင်တယ်ပေါ့…တောက် တွေ့ကြသေးတာပေါ့ ဆရာစုတ်ရယ်…”
ဒေါ်စိန်တင် ရေရွတ်ပြီး လက်နှစ်ဖက်ကို ခေါင်းထက်ဆီမှာ ယှက်ဖြာလိုက်တယ်။ နောက် အောက်ဆီက ပေါင်နှစ်ဖက်ဆီကို မှောက်လျက်အနေအထားနဲ့ ချလိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ သူ့ ပါးစပ်က တတွတ်တွတ်ရွတ်ရင်း မျက်ဝန်းအစုံကို မှိတ်လိုက်တဲ့အခါ၊ ခန္ဓာကိုယ်တစ်ခုလုံးက ရုတ်တရက် ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတော့တာရယ်။
*******
” ဘဘ…အခုက ဟိုကလေးလေးကိုက ပညာသည် ပြုစားထားတာမလား…”
ဒိုးငယ်ရဲ့ အမေး။ ဦးသိဒ္ဒိက ခေါင်းကို ညိတ်လို့…။
” အင်း…ဟုတ်တယ် လူလေးရဲ့။ ပြောရရင်တော့ ဝိသမလောဘတက်ပြီး သူကိုယ်တိုင်ပြုစား၊ သူကိုယ်တိုင် ပြန်ကုပေးနဲ့ လုပ်စားတဲ့သဘောပဲ။ ဒါကြောင့် သူငယ်ရဲ့ အသက်ဓာတ်ပါဝင်တဲ့ ပစ္စည်းတချို့နဲ့ စီရင်ပြီး လိပ်ပြာကိုချုပ်နှောင်ထားတဲ့ သူ့အစီအရင်ကို ဘဘက ခပ်လွယ်လွယ်နဲ့ ဖျက်လို့ရခဲ့တာပေါ့…”
” ဪ…”
ဒိုးငယ်က တအံ့တသြနဲ့ ရေရွတ်တယ်။ ဒိုးကြီးက…။
” ဒါနဲ့ ဘဘ သူပညာအဆင့်က ဘယ်အဆင့်လဲ။ သိပ်ကြောက်ဖို့ကောင်းလား…”
ဦးသိဒ္ဒိက ခပ်သာသာပြုံးလိုက်ပြီး…။
” ပြောရရင်တော့ သူ့အဆင့်က ခြေစုန်း၊ ခေါင်းစုန်း၊ ကိုယ်စုန်း၊ မောက်လုံး၊ မောက်ပြား၊ အိမ်တလိမ့်စုန်း၊ ကဝေမြောက်စုန်း စတဲ့ ခုနှစ်နွယ်ဝင်စုန်းတွေထဲက အိမ်တလိမ့်စုန်းအဆင့်ပဲ။ ကဲပါ ဘဘက အရှေ့က တောအုပ်မှာ အဲ့ဒီ့ပညာသည်နဲ့ ဆုံဖို့ ခေါ်ထားတယ်။ မကြာခင် သူရောက်လာလိမ့်မယ်။ အဲ့ဒီအခါကျရင် လူလေးတို့ သူ့ကို သေချာ အကဲပြီး စောင့်ကြည့်ပေါ့…”
” ဟုတ်ကဲ့ ဘဘ…”
မကြာဘူး။ သူတို့သုံးယောက် တောအုပ်ဆီကို ရောက်လာခဲ့တယ်။ ရောက်ရောက်ချင်းပဲ သူတို့နားထဲမှာ တဝီဝီနဲ့ ပိတုန်းတွေပျံလာသလို အသံတွေကြားရပြီး…။
” သူ စက်တွေလွှတ်နေပြီ။ လူလေးတို့ ဘဘနောက်မှာကွယ်နေကြ…”
ဦးသိဒ္ဒိက ပြောပြောဆိုဆိုပဲ မတ်တပ်ရပ် လက်အုပ်ချီလို့ ပါးစပ်က မန္တာန်ရွတ်ပြီး လာသမျှ စက်တွေကို ပါယ်ထုတ်လိုက်တယ်။
ဦးသိဒ္ဒိရဲ့ ပါယ်ထုတ်မှုကြောင့် ဝင်ရောက်လာသမျှ ပညာစက်တွေက နံဘေးက သစ်ပင်တွေဆီကို ပြေးမှန်တော့တာ။
တဝုန်းဝုန်း၊ တဖြောင်းဖြောင်းနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး သွက်သွက်ခါနေတယ်။ ဦးသိဒ္ဒိ စက်တွေကို ပါယ်နေတုန်းမှာပဲ မိန်းမတစ်ယောက်ရဲ့ ခြောက်ခြားဖွယ်ရာ ရယ်မောသံကြီးက ထွက်လာပြန်တော့တာ။
” နင် ဘာကြောင့် ဒီလိုလုပ်တာလဲ…”
ဦးသိဒ္ဒိက ပြောတဲ့အချိန် ရယ်သံကြီးက ရပ်တန့်သွားတယ်။ ပြီးတော့ အက်ကွဲလှိုင်းထနေတဲ့ အသံကြီးနဲ့…။
” လူတွေ ငါ့ကို ကိုးကွယ်စေချင်လို့ ငါလုပ်တယ်။ ငါ့ စီးပွားရေးကို ငါလုပ်တယ်။ ဒါကို နင်က မဆီမဆိုင် ဝင်ရှုပ်တယ် နင့်ကို ငါအသေသတ်မယ်…”
” မဟုတ်သေးဘူး စိန်တင်။ နင်တို့ ပညာရပ်ကော ငါတို့ရဲ့ ပညာရပ်ကောက လူသားတွေအတွက် ကောင်းကျိုးဆောင်ဖို့ အစပျိုးခဲ့တဲ့အရာပါ။ အတ္တမာန၊ ဝိသမလောဘကြောင့် မတော်တရော် ဆိုးသွမ်းမှုဆီရောက်ခဲ့တာ။ ဒါကြောင့် အမှန်ကိုမြင်ပြီး နင့်ရဲ့ လုပ်ရပ်တွေကို ရပ်တန့်လိုက်ပါ စိန်တင်…”
” အို…မရပ်တန့်နိုင်ဘူး။ နင်က ဘာကောင်မို့လို့ ငါကို အာဏာလာပြနေရတာလဲ။ နင်သာ မသေချင်ဘူးဆို ဘေးရှောင်ထွက်သွားလိုက်…”
” ကောင်းပါပြီ။ နင့်ဘက်က ခေါင်းမာနေတာမို့ ငါ့ဘက်က လုပ်စရာရှိတာကို လုပ်ရပါတော့မယ်…”
ဦးသိဒ္ဒိက ပြောပြောဆိုဆိုနဲ့ပဲ လက်တစ်ဖက်နဲ့ စက်တွေကို ပါယ်ရင်း ကျန်တစ်ဖက်က သူ့လွယ်အိတ်ဆီက ဆေးလုံးလေးတစ်လုံးကို ထုတ်ပြီး စက်တွေရဲ့ လားရာဆီကို ပစ်လွှတ်လိုက်တယ်။
” ဝီး…ဟီး…ဟီး…”
ဆေးလုံးပြေးထွက်သွားတာနဲ့ ကြောက်မက်ဖွယ် တော်လဲသံကြီးက ထွက်ပေါ်လာတာ။
ချက်ချင်းဆိုသလိုပဲ စက်တွေထွက်လာရာဘက်ဆီက ဝုန်းခနဲအသံနဲ့အတူ အမဲရောင်အဝတ်အစားနဲ့ မိန်းမကြီးတစ်ယောက် မချိမဆန့်အော်ရင်း ပြုတ်ကျလာတယ်။
မိန်းမကြီးက မြေပေါ်ကနေ ထဖို့ကြိုးစားသေးတယ်။ ဒါပေမယ့် ရုတ်တရက် ပါးစပ်ကနေ သွေးတွေပွက်ခနဲ အန်ကျလာပြီး မျက်ဖြူလန်လို့ ပျော့ခွေ ငြိမ်သက်သွားတော့တယ်။
” အင်း…တော်တော်ခေါင်းမာတာပဲ။ သေတဲ့အထိတောင် နှောင်းနောင်တ ရမသွားရှာဘူး…”
ဦးသိဒ္ဒိက ခပ်ညည်းညည်း ရေရွတ်တယ်။
ဒိုးညီနောင်တို့က လဲကျနေတဲ့ မိန်းမကြီးဆီကို လှမ်းကြည်မိကြတယ်။ သွေးအလိမ်းလိမ်း ရုပ်ပျက်ဆင်းပျက်နဲ့ တကယ့်ကို စိတ်မကောင်းစရာ။
” ကဲ…လူလေးတို့။ ကိစ္စတော့ ပြီးပြီ။ ဒီကနေသွားကြစို့…”
” ဟုတ်ကဲ့ ဘဘ။ ဒါနဲ့ သူကိုရော ဒီအတိုင်းထားခဲ့မှာလား…”
” အင်း…ခဏနေ သူ့ကို ငရဲမီးတောက်တစ်ခုက ဝါးမျိုသွားလိမ့်မယ်။ ဘဘတို့ ဘာမှ လုပ်စရာမလိုဘူး…”
ဒိုးညီနောင်တို့လည်း ဘာမှဆက်မမေးကြတော့ဘူး။
သုံးဦးသား တောအုပ်ဆီကနေ မြောက်အရပ်ကို ဦးတည်လို့ ဆက်လက်ထွက်ခွာခဲ့ကြတယ်။
******
အဲ့ဒီ့အချိန် သောင်းတိုင်ရွာဆီမှာတော့…။
” မီးဗျို့ မီး…နတ်ကတော်ဒေါ်စိန်တင်ရဲ့ အိမ်ကြီး မီးလောင်နေတယ်ဗျို့…”
တစ်ရွာလုံး ပြားပန်းခတ်ပြီး ရေပုံးကိုယ်စီနဲ့ ဒေါ်စိန်တင်ရဲ့ ဝိုင်းထဲကို ပြေးလာကြတယ်။
အိမ်ကြိးဆီမှာတော့ မီးတောက်က အတော်ကြီးပြီး တစ်ခြမ်းတိတိကို ဝါးမျိုထားခဲ့ပြီ။
ရွာက လူအင်အားနဲ့ ဝိုင်းပြီးဘငြှိမ်းသတ်ပေမယ့် ဘယ်လိုမှ မငြှိမ်းနိုင်ခဲ့ကြဘူး။
နောက်ဆုံးတော့ အိမ်ကြီးတစ်လုံးလုံး မီးတောက်ကြီးတွေရဲ့ အောက်မှာ အလဲလဲ အပြိုပြိုနဲ့ အဆုံးသတ်သွားခဲ့တယ်။
ဒေါဖျော့ကိုတော့ မီးလောင်နေတဲ့ကြားဆီက ကယ်တင်နိုင်ခဲ့ပေမယ့် အသက်က မျော့မျော့ရယ်ပဲ ရှိတော့တာ။
ဒေါ်စိန်တင်ကတော့ မီးထဲပဲပါသွားတာလား ဘာလား ဘယ်သူမှမသိခဲ့ကြဘူး။
ဒေါ်ဖျော့က သေခါနီး အဖြစ်အပျက်တွေကို ဝန်ခံလိုက်တဲ့အခါမှာတော့ ရွာသူရွာသားတို့ တောက်တခေါက်ခေါက်နဲ့။
နောက်များမှာတော့ ဇီးတောရွာက အဖြစ်အပျက်ကို ကြားမိကြပြီး ကလေးနှစ်ယောက်နဲ့အတူ ရောက်လာတဲ့ ဆရာနဲ့ ဒေါ်စိန်တင်တို့ရဲ့ အဖြစ်အပျက်ကို ဆက်စပ်မိကြတော့တယ်။
ဒီအချိန်မှာ ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ကတော့ မြန်မာပြည်ရဲ့ မြောက်အရပ်ဆီကို ဦးတည်လျောက်လှမ်းကြရင်း ရေငံကုန်းဆိုတဲ့ နောက်ထပ်ရွာတစ်ရွာဆီကို ရောက်ချိန်၊ ရွာအပြင်က ကျောင်းပျက်ကြီးဆီမှာ မကျွတ်မလွတ်နိုင်သေးတဲ့ ဘုန်းကြီးတစ္ဆေကို ချေချွတ်ကြဖို့ အကြောင်းဖန်လာခဲ့ပြန်ပါတော့တယ်။
ဒီအကြောင်းကိုတော့ “ဘုန်းကြီးတစ္ဆေ” ဆိုတဲ့ စာမူမှာ ဆက်လက်ရှုစားကြပါခင်ဗျာ။
နောင်ရိုး(ဆေးတပ်)

Zawgyi Version

စုန္းအတတ္နဲ႔ နတ္ကေတာ္(စ/ဆံုး)
———————————-
ေသာင္းတိုင္႐ြာ…။
နတ္ကေတာ္ႀကီး ေဒၚစိန္တင္ရဲ႕ ၿခံဝိုင္းထဲမွာ လူသူေတြ စည္းကားေနတယ္။
ႀကီးမားလြန္းလွတဲ့ ေဒၚစိန္တင္ရဲ႕ အိမ္ႀကီးအေပၚမွာလည္း လူသူေတြက အျပည့္…။
အားလုံးရဲ႕ အေရွ႕မွာ ေဒၚစိန္တင္တစ္ေယာက္ကေတာ့ ေဘာ္က်ယ္ေတြ တလက္လက္ထေနတဲ့ နတ္ကေတာ္ အဆင္အျပင္နဲ႔ ရွိေနလို႔ရယ္။
သူနဲ႔ မ်က္ႏွာခ်င္းဆိုင္ေနရာမွာေတာ့ ဆံပင္စုတ္ဖြား၊ အ၀တ္အစား ကပိုက႐ိုနဲ႔ ငူငိုင္ငိုင္ျဖစ္ၿပီး ေရာဂါေဝဒနာကို အျပင္းအထန္ ခံစားေနရဟန္တူတဲ့ မိန္းကေလးတစ္ေယာက္။
” ကဲ…ခဏေလး။ ဒီကေလးမရဲ႕ ေန႔သက္နာမ္သက္ကို အရွင္ႀကီးတို႔ဆီအပ္ၿပီး ေရာဂါကုသဖို႔ လုပ္ေပးမယ္။ ကေလးမရဲ႕ နာမည္နဲ႔ ေန႔နာမ္ကို ေျပာေခ်…”
” မစုေဝပါ။ အဂၤါ သမီးပါရွင္…”
မိန္းကေလး၏ မိခင္ျဖစ္သူက သမီးျဖစ္သူကို ေဖးမေပးထားရင္းက ေျပာ၏။
နတ္ကေတာ္ ေဒၚစိန္တင္က ေခါင္းကို တဆတ္ဆတ္ညိတ္လိုက္ၿပီး…။
” အင္း…ဟုတ္ၿပီ။ အရွင္ႀကီးတို႔ဆီကို အခုပဲ အပ္ႏွံၿပီး ကုသေပးမယ္…”
ေဒၚစိန္တင္က ေျပာေျပာဆိုဆို နတ္႐ုပ္မ်ားရွိရာဘက္ကို လွည့္လိုက္တယ္။ ၿပီးေတာ့ လက္အုပ္ကို နဖူးဆီကပ္ကာ ခ်ီရင္း…။
” အို…အတြင္း သုံးဆယ့္ခုႏွစ္မင္း၊ အျပင္သုံးဆယ့္ခုႏွစ္မင္း ခုႏွစ္ဆယ့္ေလးပါးေသာ အရွင္အေပါင္းတို႔ကို သမီးေတာ္ အကူအညီေတာင္းခံအပ္ပါတယ္။ တစ္ဖက္ဇီးေတာ႐ြာမွာေနတဲ့ ေဟာ့ဒီက အဂၤါသမီးဆီမွာ ခံစားေနရတဲ့ ေရာဂါဘယမ်ားကို အရွင္းအလင္း သက္သာေပ်ာက္ကင္းႏိုင္ဖို႔ အရွင္တို႔ကို အကူအညီေတာင္းခံၿပီး အပ္ႏွံပါတယ္။ ေရာဂါကို ကုသရာမွာ အရွင္ႀကီးတို႔ အရွင္မတို႔ စီမံထိုက္သလိုစီမံႏိုင္ဖို႔ ဒီက သမီးေတာ္ျဖစ္သူကတဆင့္ စီမံေဆာင္႐ြက္ေပးပါလို႔ ေတာင္းပန္အပ္ပါတယ္ အရွင္ႀကီးတို႔…။ ယခုပင္ ႂကြျမန္းေတာ္မူပါေတာ့…”
” ေဖ်ာက္…ေဖ်ာက္…ေဖ်ာက္…ေဖ်ာက္…”
ေဒၚစိန္တင္၏ လက္နဲ႔ နဖူး႐ိုက္သံက က်ယ္ေလာင္လြန္းစြာ။ ၿပီးေတာ့ ၾကည့္ေနရင္းကိုပဲ သူ႔ခႏၶာကိုယ္က တဆတ္ဆတ္တုန္လာတယ္။
” အဘယ္သူမ်ား ႂကြလာပါသလဲ…”
ေဒၚစိန္တင္ရဲ႕ အစ္မ၀မ္းကြဲ နတ္ေခ်ာ့သူ ေဒၚေဖ်ာ့က ေမးတာ။
” ငါဟဲ့…ငါ မင္းႀကီးမင္းေလးႏွစ္ပါးထဲက ကိုယ္ေတာ္ေလးဟဲ့၊ ကိုယ္ေတာ္ေလး…”
” အို…ကိုယ္ေတာ္ေလးႂကြလာတာပဲ။ မသိလို႔ ေမးမိတာ အမိုက္အမဲေလးကို ေဗြမယူပါနဲ႔ အရွင္…”
ကိုယ္ေတာ္ေလး၀င္ေနတဲ့ ေဒၚစိန္တင္က မ်က္လုံးကို မဖြင့္၊ ေခါင္းကိုသာ တဆတ္ဆတ္ၿငိမ့္ရင္း…။
” အရွင့္ရဲ႕ လိပ္ျပာျဖဴ သမီးေတာ္ ပင့္ဖိတ္ရျခင္းအေၾကာင္းကေတာ့ ေဟာ့ဒီက အဂၤါသမီးဆီမွာ အ၀တ္အစားမကပ္ႏိုင္ေအာင္၊ ၿပီးေတာ့ အိပ္တဲ့အခါမွာလည္း အထိတ္တလန္႔ ထထေအာ္ေျပးတတ္ၿပီး ေန႔ဘက္ဆိုရင္လည္း ၀မ္းဗိုက္ကလည္း အသည္းအသန္ေအာင့္ေနရပါတယ္ အရွင္…။ ဒီေရာဂါကို အရွင္းအပ ေပ်ာက္ကင္းေအာင္ ကုသေပးဖို႔ အရွင့္လက္ေတာ္ထဲကို အပ္ႏွံပါတယ္…”
ေဒၚစိန္တင္က တုန္ရီေနရင္းက တစ္ခဏၿငိမ္းသြားၿပီး အာ႐ုံခံသလို လုပ္ေဆာင္လိုက္တယ္။
” ဒါ…ကေလးမကို ႏွစ္သက္ေနတဲ့ စုန္းထီး ျပဳစားတာေဟ့…”
” အို…”
ၾကည့္ေနၾကတဲ့ လူေတြဆီက အလန္႔တၾကားေရ႐ြတ္သံေတြ။
မိန္းကေလးရဲ႕ မိခင္နဲ႔ ဖခင္ဆို မ်က္စိမ်က္ႏွာကို ပ်က္ယြင္းသြားေတာ့တာပဲ။
” သူက ကေလးမကို အပိုင္သိမ္းသြင္းဖို႔ဟဲ့။ အခုေတာ့ ဘာမွမပူနဲ႔၊ ငါကိုယ္ေတာ္ႂကြလာၿပီဆိုေတာ့ ဒီသမီးေတာ္ကို ငါကိုယ္ေတာ္ကယ္ၿပီး အဲ့ဒီ့စုန္းထီးကို ဆုံးမလိုက္မဟဲ့…”
ေဒၚစိန္တင္က မာန္နဲ႔ထန္နဲ႔ ထေျပာတယ္။ လူအုပ္ႀကီးဆီက ၀မ္းသာအယ္လွဲနဲ႔ လက္ခုပ္တီးသံက ၿဖိဳင္ခနဲပဲ။
” ကေလးမကို ကိုယ္ေတာ္ေလးအေရွ႕ဆီ တိုးကပ္ေပးၾကစမ္း…”
ၾကည့္ေနတဲ့သူတခ်ိဳ႕က ကေလးမကို မတ္မတ္ထူၿပီး ေဒၚစိန္တင့္အေရွ႕ကို တိုးေစတယ္။
” ကဲ…ပညာသည္အက်င့္ ေဖာက္ပ်က္တဲ့ စုန္းထီး၊ နင့္ကို ငါကိုယ္ေတာ္ လက္သုံးေတာ္ဓားနဲ႔ သင္းမဟဲ့…”
ေဒၚစိန္တင္က ေျပာၿပီး လက္က ဓားကိုင္ဟန္နဲ႔ ဟန္ပါပါ ေဝ့ရမ္းတာ။
ျမင္ရသူတို႔ကေတာ့ စိတ္၀င္တစားနဲ႔ မေနာေတြေခြ႕ေနၾကလို႔။
” ေရာ့…ငမိုက္သား နင့္ဒဏ္နင္ခံ…”
ေဒၚစိန္တင္ရဲ႕ ဓားကိုင္လက္က လူနာရဲ႕ လည္ပင္းဆီကို။
လူနာမိန္းကေလးဆီက အသံနက္ႀကီးနဲ႔ ဝူးဝူးဝါးဝါး ထေအာ္တယ္။ ၿပီးေတာ့ ႐ုန္းကန္ထၿပီး ေျပးဖို႔ႀကိဳးစားတာ။
” ဪ…ဒင္းကေလးက ငါကိုယ္ေတာ္ေလးကို အာခံသေပါ့။ ေတြ႕ၾကေသးတာေပါ့…”
ေဒၚစိန္တင္ကေျပာၿပီးတာနဲ႔ လူနာမိန္းကေလးရဲ႕ ငယ္ထိပ္ဆီကို သူ႔လက္ဝါးႀကီးနဲ႔ ဖုန္းခနဲ အုပ္႐ိုက္႐ိုက္လိုက္တယ္။
” အင့္…”
႐ုန္းကန္ေနတဲ့ လူနာမိန္းကေလးဆီက အပ္အုပ္အုပ္အသံထြက္ေပၚလာၿပီး ဟုတ္ခနဲ ၿငိမ္က်သြားေတာ့တယ္။
ၾကည့္ေနတဲ့သူတို႔ခမ်ာ လန္႔ဖ်ပ္ၿပီး အသက္ေတာင္မရႈရဲၾကေလာက္ေတာ့ ေလာက္ေအာင္ပဲ ေငးရီၿပီး ၾကည့္ေနမိၾကတယ္။
” အင့္…ဟင့္…ဟင္း…”
မိန္းကေလးဆီက ခပ္ရွည္ရွည္ သက္ျပင္းခ်သံ။
” လႈပ္လာၿပီ…”
အမ်ားဆီက အံ့ၾသတႀကီးအသံေတြ။ ေဒၚစိန္တင္ကေတာ့ လက္ကို ႐ုတ္ၿပီး ခႏၶာကိုယ္ကို ယိမ္းထိုးေနရင္းက…။
” စုန္းထီးေကာင္ေတာ့ သူ႔ဘ၀သူျမန္းသြားၿပီ။ ဟဲ့ သမီးေတာ္ႀကီး…ငါကိုယ္ေတာ့္ကို ေရစင္ဆက္စမ္းေဟ့…”
ေဒၚေဖ်ာ့က ေရ ထည့္ထားတဲ့ ​ေ႐ႊေရာင္ခြက္ကို ကမ္းေပးဆက္သလိုက္တယ္။ ေဒၚစိန္တင္က ေရခြက္ကို ပါးစပ္နားေတ့လိုက္၊ နဖူးနဲ႔ ထိလိုက္လုပ္ၿပီးေနာက္ ေဒၚေဖ်ာ့ဆီကို ျပန္ကမ္းေပးၿပီး…။
” ေဝဒနာသည္ကို အပစင္ေအာင္ ေရစင္ေတာ္ႀကီး တိုက္ေခ်စမ္းဟဲ့…”
ေဒၚေဖ်ာ့နဲ႔ မိဘျဖစ္သူတို႔က ဇာတ္လန္ၿပီး ခပ္သာသာညည္းေနတဲ့ မိန္းကေလးကို ေရတိုက္လိုက္ၾကတယ္။
” အင္း…ဟင္း…ေအ့…ေဝါ့…”
” အို…”
” ဟာ…”
ေရစင္ေသာက္ၿပီးတာနဲ႔ လူနာမိန္းကေလးက လူးလူးလြန္႔လြန္႔ျဖစ္ၿပီး ႐ုတ္တရက္ထိုးအန္ခ်တာ။
အန္သမွ်ထြက္က်လာတာက လက္မေလာက္ရွိမယ့္ နီးေစြးေစြးအသားတုံးတခ်ိဳ႕။ ၿပီးေတာ့ ခြၽဲေတြကလည္း အန္ခ်ထားတာကလည္း နင့္ေနေအာင္ပဲ။
” အပေတာ့ စင္ၿပီေဟ့…”
ေဒၚစိန္တင္ရဲ႕ ေအာင္ေအာင္ျမင္ျမင္ေအာ္သံႀကီးအဆုံး မိန္းကေလးက မ်က္လုံးဖြင့္ၾကည့္လာတယ္။
ၿပီးေတာ့ သူ႔နံေဘးမွာ ဝိုင္း၀န္းၾကည့္ေနၾကတဲ့ လူေတြကို တစ္လွည့္၊ ေရာက္ရွိေနတဲ့ ေဒၚစိန္တင္ရဲ႕အိမ္ႀကီးကို တစ္လွည့္ ၾကည့္ရင္း မ်က္လုံးအဝိုင္းသားနဲ႔။
” မေသေကာင္း မေပ်ာက္ေကာင္း သမီးေလးရယ္…”
မိခင္ျဖစ္သူကေတာ့ ၀မ္းသာအားရနဲ႔ ငိုေျပာေျပာၿပီး သမီးကို လွမ္းဖက္လိုက္တယ္။ ဖခင္ျဖစ္သူကလည္း မငိုေပမယ့္ သမီးျဖစ္သူရဲ႕ လက္ကေလးကို လွမ္းကိုင္ထားလို႔။
” ကဲ…ငါကိုယ္ေတာ္ေလး ႂကြျမန္းေတာ့မဟဲ့…”
ေဒၚစိန္တင္က ေျပာလာတာ။ ဒီေတာ့ ေဒၚေဖ်ာ့က ပါးပါးနပ္နပ္နဲ႔ပဲ…။
” ကဲ…ကဲ…မိညိဳတို႔ တင္ေအာင္တို႔ ကိုယ္ေတာ္ေလး ျပန္မႂကြခင္ ညည္းတို႔သမီးကို ေဆးကုသေပးထားတာအတြက္ ဆက္သစရာရွိတာ ဆက္သလိုက္ဦး…”
” ဟုတ္ကဲ့ပါဗ်ာ။ က်ဳပ္တို႔ သမီးေလး သက္သာေပ်ာက္ကင္းသြားတာ သိပ္ေက်းဇူးတင္ပါတယ္။ ဒီအတြက္ ကိုယ္ေတာ္ေလးကို ေငြတစ္သိန္းဆက္သပါတယ္…”
ဥိးတင္ေအာင္ရဲ႕ စကားအဆုံး လူအုပ္ႀကီးဆီက တအံ့တၾသျဖစ္သြားၾကတဲ့ အသံႀကီးက ေဝါခနဲပဲ။
ဒီလိုျဖစ္တာ အံ့ၾသစရာေတာ့ မရွိပါဘူး။ ဘာလို႔ဆို အဲ့ဒီ့ေခတ္ကာလအရ ေငြတစ္သိန္းဆိုတာ နည္းတဲ့ပမာဏမွမဟုတ္တာ။
ဦးတင္ေအာင္တို႔ မိသားစုသာ ခ်မ္းသာလြန္းသူေတြမို႔ ဒီေငြပမာဏကို တတ္ႏိုင္တာ။ ဒါေတာင္ သူတို႔အတြက္ ဒီသမီးေလးတစ္ေယာက္ထဲရွိတာဆိုေတာ့ ကုသမႈအတြက္ ဒီေငြပမာဏေလာက္ပဲ ရင္းမိလို႔ အားနာေနမိေသးတဲ့ ပုံပဲ။
ဦးတင္ေအာင္က သူ႔လြယ္အိတ္ထဲက ေငြတစ္ထပ္ကို ထုတ္ၿပီး ေဒၚေဖ်ာ့ကို ေပးတယ္။ ေဒၚေဖ်ာ့ကတစ္ဆင့္ နတ္ပူးေနတဲ့ ေဒၚစိန္တင္ကို ဆက္သလိုက္တယ္။
ေဒၚစိန္တင္က ေငြေတြကို လွမ္းယူၿပီး သူ႔ဦးေပါင္းဆီကို ထိုးထည့္လိုက္ေတာ့တာပဲ။
လူနာမိန္းကေလးကေတာ့ သက္သာသြားခဲ့ပါတယ္။
အဲ့ဒီ့ေနာက္ေတာ့ ကိစၥဝိစၥၿပီးၿပီဆိုေတာ့ လူအုပ္ႀကီးလည္း အလ်ိဳလ်ိဳျပန္ကုန္ၾကေပါ့။
ဦးတင္ေအာင္တို႔ မိသားစုကေတာ့ ေဒၚစိန္တင္နဲ႔ စကားစျမည္အနည္းငယ္ထပ္ေျပာၿပီးေနာက္ သီးသန္ ေငြငါးေသာင္း ထပ္မံကန္ေတာ့ၿပီး ျပန္သြားခဲ့ၾကတယ္။
ၿခံထဲကေန ဦးတင္ေအာင္တို႔ လွည္းယဥ္ေလး ထြက္ခြာသြားခ်ိန္မွာေတာ့ ေဒၚစိန္တင္က ေက်ေက်နပ္နပ္ႀကီး ၿပဳံးလို႔ ျပတင္းေပါက္ကေန လွမ္းၾကည့္လိုက္ေလၿပီး…။
” အစ္မေဖ်ာ့ေရ…အိမ္ထဲက ကေလးမနဲ႔ ပက္သက္တဲ့ အစီအမံေတြ ဖ်က္လိုက္ပါေတာ့ကြယ္…”
” ဟုတ္ကဲ့ စိန္စိန္…”
ေဒၚစိန္တင္ လက္ထဲက ေငြေတြကို ေလာဘမ်က္၀န္းေတြနဲ႔ ၾကည့္ၿပီး သေဘာေတြအက်ႀကီးက်ေနေတာ့တယ္။
******
” မစိန္…အုန္းဆုံ႐ြာက ကိုသာလွတို႔က သိပ္ခ်မ္းသာတယ္တဲ့…”
႐ြာစဥ္ေစ်းလွည့္ေရာင္းတဲ့ ဟင္း႐ြက္သည္ မေသးတင္က ေျပာတာ။
ဒီစကားေၾကာင့္ ေဒၚစိန္တင္တစ္ေယာက္ ေက်ေက်နပ္နပ္ႀကီး ၿပဳံးလိုက္တယ္။ ၿပီးေတာ့ ေငြတစ္ခ်ိဳ႕ကို ထုတ္ေပးၿပီး…။
” ကဲ…မေသးတင္။ ထုံးစံအတိုင္းပဲ သူတို႔ဆီက အခရာက်တဲ့ တစ္ေယာက္ရဲ႕ ဓာတ္သက္ပါမယ့္ ကိုယ္သုံးပစၥည္းေလး…”
မေသးတင္က ေငြကို အလ်င္အျမန္ယူၿပီး သူ႔အတြင္းအက်ႌ အိပ္ေထာင္ထဲကို ထည့္လိုက္တယ္။
” စိတ္ခ် မစိန္။ သူတို႔ရဲ႕ ေျမးေပါက္စေလးက အဲ့ဒီ့အိမ္မွာ အခရာပဲ…”
” အင္းပါ…ဒါျဖင့္လည္း သူ႔ကိုေပါ့။ ၿပီးရင္ေတာ့ ဒီကိုလာလမ္းခင္းေပးဖို႔လည္း မေမ့နဲ႔ေနာ္…”
” အို…စိတ္ခ်စမ္းပါေတာ္။ မစိန္က က်ဳပ္ရဲ႕ ေက်းဇူးရွင္ပဲဟာ။ ဒါေၾကာင့္ မစိန္ကို က်ဳပ္လုပ္ေပးလာတာလည္း မနဲဘူးေလ…”
” အင္းပါေတာ္။ ဟင္း…ဟင္း…ဒီတစ္ႀကိမ္ ၿမိဳးၿမိဳးျမက္ျမက္ရလို႔ရွိရင္ေတာ့ က်ဳပ္ မေသးတင္ကို ထိုက္ထိုက္တန္တန္ေပးပါ့မယ္…”
” ေက်းဇူးပါေတာ္ ေက်းဇူးပါ။ ကဲ…ဒါျဖင့္ က်ဳပ္ သြားလိုက္ဦးမယ္ မစိန္ေရ…”
ေဒၚေသးတင္ ေစ်းေတာင္းကို ျပန္႐ြက္ၿပီး ေဒၚစိန္တင့္ ၿခံဝိုင္းထဲက ထြက္သြားတယ္။
” စိန္စိန္..”
” ဪ…မေဖ်ာ့၊ စိန္႔ကို ဘာေျပာမလို႔လဲ…”
ေဒၚေဖ်ာ့က မ်က္ႏွာမသာမယာနဲ႔…။
” မမ စိတ္ထဲ ေနရတာတစ္မ်ိဳးပဲ။ ဟို…စိန္စိန္႔ကို ဒီလိုမ်ိဳးႀကီး မလုပ္ေစခ်င္ေတာ့ဘူး…”
” ဟင္…ဘာလို႔လဲ မေဖ်ာ့ရဲ႕…”
ေဒၚေဖ်ာ့က သက္ျပင္းကို ခ်လိုက္ၿပီး…။
” နတ္နဲ႔ နဂါး မလွည့္ဖ်ားနဲ႔ ဆိုတဲ့စကား။ အခု တို႔လုပ္ေနတာက လူေတြကို လွည့္ဖ်ား႐ုံတင္မကဘူး နတ္ေတြကိုပါ ခုတုံးလုပ္ လွည့္ဖ်ားသလိုျဖစ္ေနၿပီ။ ၾကာရင္…မေကာင္း…”
ေဒၚေဖ်ာ့ရဲ႕ စကားက တ၀က္တျပက္သာရွိေသး၊ ေဒၚစိန္တင္က ေဒါသတႀကီးနဲ႔…။
” အို…ေတာ္စမ္းပါ မေဖ်ာ့ရယ္။ ဒီမယ္…စိႏ္​႔ရဲ႕ပညာအဆင္​့အတႏ္​းနဲ႔ ဘယ္​နတ္​၊ ဘယ္​နဂါးမြကို မမႈဘူး။ ထပ္​​ေ်ပာမယ္​…ဒီအိမ္​ရဲ႕ စီးပြားကို စိန္က ဦးစီးေနတာ။ အခု ဒီလိုမ်ိဳးလုပ္စားေနတာလည္း အႀကိမ္ေပါင္းမနည္းေတာ့ဘူး။ စိန္႔အေနနဲ႔ သူမ်ားပညာသည္ေတြလို လူေတာသူေတာမတိုးဘဲနဲ႔ စုတ္စုတ္ပဲ့ပဲ့လည္း မေနႏိုင္ဘူး။ အခု စိန္ဒီလိုလုပ္တယ္။ စိန္႔ကို လူေတြ ကိုးကြယ္လာတယ္။ အဟင္း…မေဖ်ာ့က မွီခိုသူပဲ။ စိန္ေပးတာယူ၊ ေကြၽးတာစား၊ စိန္႔ကို ကူညီ ဒါပဲ။ က်န္တာ ဘာမွ ၀င္မေျပာနဲ႔။ ေနာက္တစ္ခါေျပာလာခဲ့ရင္ စိန္႔ကိုအဆိုးမဆိုနဲ႔…”
ေဒၚစိန္တင္ ေဒါသတႀကီးနဲ႔ ေျခကို ေဆာင့္ၿပီး အိမ္ေပၚတက္သြားတယ္။
ေဒၚေဖ်ာ့ကေတာ့ သက္ေမာကို အသာခ်ရင္း ေဒၚစိန္တင့္ ေနာက္ေက်ာကို မခ်ိတင္ကဲ ၾကည့္လို႔သာပဲ။
******
” မေဖ်ာ့…မီးဖိုခန္းထဲက ၾကက္ေသြးေတြ ယူေပးပါဦး…”
ေဒၚစိန္တင္တစ္ေယာက္ အခန္းထဲမွာ အလုပ္မ်ားေနတယ္။
သူအခုစီရင္ေနတာက အုန္းဆုံ႐ြာက ဦးသာလွရဲ႕ ေျမးေလးရဲ႕ ဆံပင္၊ လက္သည္းနဲ႔ အျခားအ၀တ္အစားတို႔လို ဓာတ္သက္၀င္ပစၥည္းတခ်ိဳ႕။
မၾကာဘူး။
ေဒၚေဖ်ာ့က ၾကက္ေသြးေတြယူလာေပးေတာ့ ေဒၚစိန္တင္က အဲ့ဒီ့ေသြးေတြအထဲကို ဆႏြင္းမႈန္႔လိုအရာတခ်ိဳ႕ ျဖဴးခ်တယ္။ ၿပီးေတာ့ စီရင္ထားၿပီျဖစ္တဲ့ ကေလးငယ္ရဲ႕ ပစၥည္းေတြအေပၚကို ပက္ျဖန္းလိုက္တယ္။
ၿပီးေတာ့ ေဒၚစိန္တင္က အ႐ိုးေခါင္းႀကီးတစ္ခုကို ယူၿပီး အ႐ိုးနဲ႔ျပဳလုပ္ထားတဲ့ အေခ်ာင္းကေလးနဲ႔ တေတာက္ေတာက္ေခါက္ၿပီး ေဒၚစိန္ ပါးစပ္ကေန တတြတ္တြတ္႐ြတ္ေတာ့တာ။
ေဒၚေဖ်ာ့ကေတာ့ ေဒၚစိန္တင္လုပ္သမွ်ကို စိတ္မသက္သာစြာနဲ႔ ၾကည့္ေနရင္းေပါ့။ သူ႔ခမ်ာ မတတ္သာလို႔သာ မာန္ေလ်ာ့ထားရခဲ့တဲ့အေျခအေနရယ္။
******
ညဥ့္သန္းေခါင္ယံအခ်ိန္…။
” အား…ဘဘေရ လုပ္ပါဦး သ သရဲႀကီး…”
အခ်စ္ရဆုံး ေျမးငယ္ေလးရဲ႕ အထိတ္တလန္႔ေအာ္သံေၾကာင့္ ဦးသာလွတို႔ မိသားစု ျပာယာခတ္ကုန္ၾကတယ္။
ကေလးငယ္ကေတာ့ ေအာ္သံကို ျပဳၿပီးတာနဲ႔ ေခြခနဲ သတိလစ္လို႔…။
” ေျမးေလး…ေျမးေလး…”
ကေလးငယ္ဆီက တဂီးဂီး ညည္းညဴသံသဲ့သဲ့။ မသိရင္ အေကာင္တစ္ေကာင္ မာန္ဖီေနသလိုပဲ။
” လုပ္ၾကပါဦး…ပရိတ္ေရေလး ဘာေလး…အျမန္ယူၾကပါ…”
ပရိတ္ေရကို အျမန္ယူၾကၿပီး ကေလးငယ္ကို တိုက္ေကြၽးသပ္ခ်ေပမယ့္ သတိေတာ့လည္မလာခဲ့ဘူး။
ဦးသာလွခမ်ာ ႏွလုံးသည္းပြတ္လ်ာ ေျမးေပမို႔ အျဖစ္အပ်က္ေၾကာင့္ ႐ူးခါသြားမတတ္။
” ေဆးဆရာႀကီး ဦးသုခကို သြားေခၚေခ်…”
ဦးသုခဆိုတာ သူတို႔႐ြာက အထင္ကရေဆးဆရာႀကီးရယ္။
အိမ္ရဲ႕ အလုပ္သမားတခ်ိဳ႕က ခ်က္ခ်င္းပဲ သြားေခၚေပးၾကတယ္။ ေဆးဆရာႀကီး ေရာက္လာခ်ိန္က် ကေလးငယ္ကို စမ္းသပ္ၿပီး…။
” လကၡဏာက သည္းေျခပ်က္တာနဲ႔ ခပ္ဆင္ဆင္ပဲ။ ဒါေပမယ္ က်န္းမာသန္စြမ္းတဲ့ ကေလးတစ္ေယာက္အတြက္ ဒီအ႐ြယ္မွာ ဒီေရာဂါမ်ိဳးျဖစ္ႏိုင္ဖို႔က မလြယ္ကူဘူး။ အဓိက က်ဳပ္အထင္ေျပာရရင္ေတာ့ လူျပဳစားတာပဲ ျဖစ္မယ္…”
” ဗ်ာ…လူျပဳစားတာ။ ဟား…အဲ့ဒါဆိုရင္ေတာ့ ဒုကၡပါပဲ။ ဆရာရယ္ စြမ္းမယ္ဆိုရင္ လုပ္ႏိုင္တာလုပ္ေပးပါ။ ဘယ္ေလာက္ကုန္ကုန္ က်ဳပ္ေျမးေလးအတြက္ က်ဳပ္ရင္းပါ့မယ္…”
ေဆးဆရာႀကီးက ေခါင္းကို ခါရမ္းလိုက္တယ္။
” ဦးသာလွရယ္…က်ဳပ္အေနနဲ႔ တတ္ႏိုင္ရင္ေတာ့ ကုသေပးတာၾကာေပါ့။ ဒါေပမယ့္ ခက္တာက က်ဳပ္က ဗိေႏၶာဆရာသီးသန္႔ဗ်။ ပေယာဂက် က်ဳပ္မစြမ္းသာဘူး…”
” ဟား…ဒါျဖင့္ ခက္ၿပီေပါ့ ဆရာရယ္။ ဒီနယ္မွာက အဲ့ဒီ့လို ဆရာမ်ိဳးကလည္း ရွားေတာ့၊ ဘုရား…ဘုရား က်ဳပ္ေျမးေလးေတာ့ ေရတိမ္နစ္ၿပီထင္တယ္…”
ဦးသာလွရဲ႕ ေရ႐ြတ္သံက မခ်ိတင္ကဲျဖစ္လို႔။
ေဆးဆရာႀကီးကေတာ့ ေခါင္းက္ိုသာ တြင္တြင္လာရမ္းလို႔ရယ္။က်န္သူတို႔မွာလည္း စိတ္မသက္မသာနဲ႔ပါပဲ။
******
ဦးသာလွတို႔ မိသားစု လွည္းေကာက္ေနၾကတယ္။
မနက္က ေသာင္းတိုင္႐ြာက ေစ်းသည္ေသးတင္က သူတို႔႐ြာက နတ္ကေတာ္က ပေယာဂေတြ စုန္းေတြ ကုသႏိုင္တယ္ဆိုတာေျပာတယ္။
ဒီအတြက္ေၾကာင့္ သတင္းၾကားၾကားခ်င္းပဲ ေျမးျဖစ္သူကို သြားေရာက္ကုသဖို႔ ဦးသာလွ အားခ်င္းကို စီစဥ္ေတာ့တာ။
” ေအးသုံေရ…ပစၥည္းေတြညျမန္ျမန္ထည့္ဟ။ ဟိုေရာက္ရင္ ကန္ေတာ့္ပြဲေတြဘာေတြလိုရင္လည္း အဆင္သင့္ျဖစ္ေအာင္ အုန္းသီး ငွက္ေပ်ာ္သီးေတြပါ ယူခဲ့ေခ်…”
ဦးသာလွက အားလုံးကို ေဆာ္ၾသေနတာ။ သြားမယ့္လွည္းက ႏွစ္စီး။ တစ္စီးက ေျမးလူနာရယ္ သူရယ္။ ေနာက္တစ္စီးကေတာ့ လိုႏိုင္မယ့္ ပစၥည္းပစၥယတခ်ိဳ႕နဲ႔ မိသားစု၀င္တို႔…။
” ကဲ…ကဲ…လူစုံရင္ ထြက္ၾက ထြက္ၾက…”
ေျမးျဖစ္သူက အသက္ပမာ ရင္နင့္သည္းခ်ာဆိုေတာ့ ဦးသာလွ တကယ္ကို ျပာယာခတ္ေနတာရယ္။
လွည္းေတြ စထြက္တဲ့အခ်ိန္မွာေတာ့ ၿခံ၀ဆီကို လူႀကီးတစ္ေယာက္နဲ႔ အစက္ဆယ့္ႏွစ္ႏွစ္အ႐ြယ္ အမႊာကေလးႏွစ္ေယာက္ ျဗဳန္းစားႀကီး ေရာက္လာခဲ့တယ္။
” အင္း…မဆီမဆိုင္ ဝိသမေလာဘအတြက္ ကေလးငယ္ေလးကိုေတာင္ ျပဳစားေနပါေပါ့လား…”
လူႀကီးဆီက စကားသံ။
လူႀကီးရဲ႕ စကားအသြားအလာကို ဦးသာလွက ရိပ္စားမိတာမို႔ လွည္းေတြကို ခ်က္ခ်င္းရပ္ခိုင္းၿပီး လွည္းေပၚကဆင္းလို႔…။
” ဒီကေနာင္ႀကီးက ဘယ္ကလာလို႔ ဘယ္ကို သြားမွာလဲ။ ဟို…က်ဳပ္ရဲ႕ ေျမးေလးျဖစ္ေနတာကိုေရာ ဘယ္လိုမ်ား…”
တစ္ဖက္က လူႀကီးက လက္ကာျပလာၿပီး တည္တည္ၾကည္ၾကည္နဲ႔ပဲ…။
” က်ဳပ္တို႔က ဂမိကပါဃုဏိက ခရီးသြားဧည့္သည္ပဲ ဆိုပါေတာ့။ အခု ဒီ႐ြာက အျဖတ္၊ မေကာင္းတဲ့အေငြ႕အသက္တခ်ိဳ႕ကို ခံစားမိတာမို႔ လိုက္လာရင္း ဒီကိုေရာက္လာရတာ…”
လူႀကီးရဲ႕ အေျဖေၾကာင့္ ဦးသာလွ သိပ္ကို ၀မ္းသာသြားရတယ္။
” ဟား…ဆရာေတြပဲ။ တိုက္တိုက္ဆိုင္ဆိုင္ဗ်ာ၊ က်ဳပ္တို႔မိသားစုကိုေတာ့ ဘုရားမတာပဲ။ ဟို…ဟို…က်ဳပ္ေျမးေလးကို ကယ္ေပးပါ ဆရာ။ က်ဳပ္ေျမးေလးက က်ဳပ္ရဲ႕အသက္မို႔ပါ…”
” ရပါတယ္။ ခုႏွစ္ရက္သားသမီးအတြက္ ကယ္သင့္လို႔ အေၾကာင္းဖန္လာတာပဲ။ က်ဳပ္တို႔ ဒီကေလးကို ကုသေပးပါ့မယ္…”
” ၀မ္းသာလိုက္တာ ဆရာရယ္။ အိမ္ေပၚကိုႂကြပါ ဆရာ…”
” ရပါတယ္ဗ်ာ။ က်ဳပ္တို႔ အိမ္ေပၚကို မတက္ေတာ့ဘူး။ သူငယ္ကိုေတာ့ အပစင္ေအာင္ ဒီေနရာမွာပဲ ကုသေပးလိုက္ပါ့မယ္…”
လူႀကီးက ေျပာေျပာဆိုဆိုပဲ လွည္းေပၚက ေပ်ာ့ေခြေနတဲ့ ကေလးငယ္ဆီကို လွမ္းသြားၿပီး ငယ္ထပ္ဆီကို သူ႔ညာလက္နဲ႔ အုပ္ကိုင္လိုက္တယ္။
ၿပီးေတာ့ ပါးစပ္ကေန ဂါထာတစ္မ်ိဳးကို အခ်ိန္အေတာ္ၾကာၾကာ႐ြတ္ေနေတာ့တာ။
လူႀကီးနဲ႔ ပါလာတဲ့ ကေလးႏွစ္ေယာက္ကေတာ့ အမ်ားနည္းတူပဲ လူႀကီးျပဳလုပ္ေနတာကို စိတ္၀င္တစားၾကည့္တယ္။
” အင္း…ဟင္း…ဟင္း…”
ကေလးငယ္ဆီက ညည္းညဴသံနဲ႔အတူ လူႀကီးအုပ္ကိုင္ထားတဲ့ ငယ္ထိပ္ဆီက သာမန္မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ အမည္းေရာင္အခိုးအေငြေတြထြက္လာတယ္။
ဒါကို လူႀကီးနဲ႔အတူလိုက္လာတဲ့ ကေလးႏွစ္ကလြဲၿပီး အျခားသူေတြ မျမင္ႏိုင္ခဲ့ဘူး။
အခ်ိန္ခဏၾကာေတာ့ အခိုးအေငြ႕ေတြ ထပ္ထြက္မလာေတာ့ဘူး။ ဒီေတာ့မွ လူႀကီးက သူ႔လက္ကို ျပန္႐ုတ္ၿပီး…။
” ကဲ…ကေလးကို ေရမိုးခ်ိဳးေပးလိုက္။ တေအာင့္​ၾကာရင္ ပုံမွန္အတိုင္း ျပန္ေကာင္းသြားပါလိမ့္မယ္…”
” ေက်းဇူးႀကီးလွပါတယ္ ဆရာရယ္…”
” ရပါတယ္ဗ်ာ။ အေပၚက ေျပာခဲ့သလိုပဲ ကယ္သင့္လို႔ အေၾကာင္းဖန္လာတာပါ။ ကဲ…က်ဳပ္တို႔ကို သြားခြင့္ျပဳပါဦး…”
လူႀကီးက ေျပာေျပာဆိုဆို ႏႈတ္ဆက္ေတာ့ ဦးသာလွအလြန္ အံ့အားသင့္သြားရၿပီး…။
” ဆ…ဆရာ ခဏေနပါဦး။ က်ဳပ္ ေက်းဇူးတင္လြန္းလို႔ ဆရာ့အတြက္ ေငြေၾကးတခ်ိဳ႕ က်ဳပ္ ကန္ေတာ့္ပါရေစ…”
လူႀကီးက တည္ၾကည္စြာနဲ႔ပဲ ၿပဳံးလိုက္ၿပီး…။
” က်ဳပ္တို႔အတြက္ ေငြေၾကးအဖိုးအခေတြ မလိုပါဘူး။ တကယ္လို႔ ဒီကေနာင္ႀကီး အလိုရွိတယ္ဆိုရင္ေတာ့ က်ဳပ္တို႔ကို ကန္ေတာ့္မယ္ဆိုတဲ့ ေငြေၾကးကို ႐ြာဦးေစတီက ေစာင္းတန္းအမိုးေတြ ပ်က္လုပ်က္ခင္ျဖစ္ေနတာအတြက္ လႉဒါန္းလိုက္ပါ။ ခြင့္ျပဳပါဦး…”
ဦးသာလွရင္ထဲ ပီတိအဟုန္ေၾကာင့္ ၾကက္သီးေမြးညႇင္းေတာင္ထသြားရတယ္။ လူႀကီးနဲ႔ ကေလးႏွစ္ေယာက္ကေတာ့ သူတို႔ကို ေက်ာခိုင္းထြက္ခြာသြားခဲ့ၿပီ။
” ဟို…ဆ…ဆရာ။ ဆရာ့နာမည္ေလးမ်ား…”
” က်ဳပ္နာမည္ သိဒၵိလို႔ေခၚပါတယ္ ေနာင္ႀကီးသာလွေရ…”
” ဟင္…”
ဦးသိဒၵိဆိုတဲ့ ပုဂၢိဳလ္က သူ႔နာမည္ကို မေျပာဘဲသိေနေလေတာ့ ဦးသာလွတစ္ေယာက္ ပါးစပ္အေဟာင္းသားနဲ႔ က်န္ရစ္ခဲ့ရေတာ့တာ။
*******
ေဒၚစိန္တင္တစ္ေယာက္ အစီအမံျပဳထားရာဆီမွာ မ်က္လုံးအစုံမွိတ္လို႔ တင္ပုလႅင္ေခြထိုင္ရင္း ရွိေနတယ္။
အဲ့ဒီ့အခိုက္​…။
ဝုန္းခနဲ အစီအမံျပဳထားတဲ့ ပစၥည္းေတြဆီက မီးေတာက္တစ္ခု ထြက္ေပၚေလာင္ၿမိဳက္လာတယ္။
” ဟင္…ေတာက္…”
ေဒၚစိန္တင္ဆီက ေဒါသတႀကီးေတာက္ေခါက္သံ။ မ်က္၀န္းေတြက ေဒါသအရိပ္အေငြ႕ေတြ အလွ်ံတညီးညီးထြက္ေနတယ္။
” ငါ့ကိုမ်ား စမ္းခ်င္တယ္ေပါ့…ေတာက္ ေတြ႕ၾကေသးတာေပါ့ ဆရာစုတ္ရယ္…”
ေဒၚစိန္တင္ ေရ႐ြတ္ၿပီး လက္ႏွစ္ဖက္ကို ေခါင္းထက္ဆီမွာ ယွက္ျဖာလိုက္တယ္။ ေနာက္ ေအာက္ဆီက ေပါင္ႏွစ္ဖက္ဆီကို ေမွာက္လ်က္အေနအထားနဲ႔ ခ်လိုက္တယ္။
အဲ့ဒီ့ေနာက္မွာေတာ့ သူ႔ ပါးစပ္က တတြတ္တြတ္႐ြတ္ရင္း မ်က္၀န္းအစုံကို မွိတ္လိုက္တဲ့အခါ၊ ခႏၶာကိုယ္တစ္ခုလုံးက ႐ုတ္တရက္ ေက်ာက္႐ုပ္ႀကီးလို ေတာင့္ေတာင့္ႀကီးျဖစ္သြားေတာ့တာရယ္။
*******
” ဘဘ…အခုက ဟိုကေလးေလးကိုက ပညာသည္ ျပဳစားထားတာမလား…”
ဒိုးငယ္ရဲ႕ အေမး။ ဦးသိဒၵိက ေခါင္းကို ညိတ္လို႔…။
” အင္း…ဟုတ္တယ္ လူေလးရဲ႕။ ေျပာရရင္ေတာ့ ဝိသမေလာဘတက္ၿပီး သူကိုယ္တိုင္ျပဳစား၊ သူကိုယ္တိုင္ ျပန္ကုေပးနဲ႔ လုပ္စားတဲ့သေဘာပဲ။ ဒါေၾကာင့္ သူငယ္ရဲ႕ အသက္ဓာတ္ပါ၀င္တဲ့ ပစၥည္းတခ်ိဳ႕နဲ႔ စီရင္ၿပီး လိပ္ျပာကိုခ်ဳပ္ေႏွာင္ထားတဲ့ သူ႔အစီအရင္ကို ဘဘက ခပ္လြယ္လြယ္နဲ႔ ဖ်က္လို႔ရခဲ့တာေပါ့…”
” ဪ…”
ဒိုးငယ္က တအံ့တၾသနဲ႔ ေရ႐ြတ္တယ္။ ဒိုးႀကီးက…။
” ဒါနဲ႔ ဘဘ သူပညာအဆင့္က ဘယ္အဆင့္လဲ။ သိပ္ေၾကာက္ဖို႔ေကာင္းလား…”
ဦးသိဒၵိက ခပ္သာသာၿပဳံးလိုက္ၿပီး…။
” ေျပာရရင္ေတာ့ သူ႔အဆင့္က ေျခစုန္း၊ ေခါင္းစုန္း၊ ကိုယ္စုန္း၊ ေမာက္လုံး၊ ေမာက္ျပား၊ အိမ္တလိမ့္စုန္း၊ ကေဝေျမာက္စုန္း စတဲ့ ခုႏွစ္ႏြယ္၀င္စုန္းေတြထဲက အိမ္တလိမ့္စုန္းအဆင့္ပဲ။ ကဲပါ ဘဘက အေရွ႕က ေတာအုပ္မွာ အဲ့ဒီ့ပညာသည္နဲ႔ ဆုံဖို႔ ေခၚထားတယ္။ မၾကာခင္ သူေရာက္လာလိမ့္မယ္။ အဲ့ဒီအခါက်ရင္ လူေလးတို႔ သူ႔ကို ေသခ်ာ အကဲၿပီး ေစာင့္ၾကည့္ေပါ့…”
” ဟုတ္ကဲ့ ဘဘ…”
မၾကာဘူး။ သူတို႔သုံးေယာက္ ေတာအုပ္ဆီကို ေရာက္လာခဲ့တယ္။ ေရာက္ေရာက္ခ်င္းပဲ သူတို႔နားထဲမွာ တဝီ၀ီနဲ႔ ပိတုန္းေတြပ်ံလာသလို အသံေတြၾကားရၿပီး…။
” သူ စက္ေတြလႊတ္ေနၿပီ။ လူေလးတို႔ ဘဘေနာက္မွာကြယ္ေနၾက…”
ဦးသိဒၵိက ေျပာေျပာဆိုဆိုပဲ မတ္တပ္ရပ္ လက္အုပ္ခ်ီလို႔ ပါးစပ္က မႏၲာန္႐ြတ္ၿပီး လာသမွ် စက္ေတြကို ပါယ္ထုတ္လိုက္တယ္။
ဦးသိဒၵိရဲ႕ ပါယ္ထုတ္မႈေၾကာင့္ ၀င္ေရာက္လာသမွ် ပညာစက္ေတြက နံေဘးက သစ္ပင္ေတြဆီကို ေျပးမွန္ေတာ့တာ။
တဝုန္းဝုန္း၊ တေျဖာင္းေျဖာင္းနဲ႔ ပတ္၀န္းက်င္တစ္ခုလုံး သြက္သြက္ခါေနတယ္။ ဦးသိဒၵိ စက္ေတြကို ပါယ္ေနတုန္းမွာပဲ မိန္းမတစ္ေယာက္ရဲ႕ ေျခာက္ျခားဖြယ္ရာ ရယ္ေမာသံႀကီးက ထြက္လာျပန္ေတာ့တာ။
” နင္ ဘာေၾကာင့္ ဒီလိုလုပ္တာလဲ…”
ဦးသိဒၵိက ေျပာတဲ့အခ်ိန္ ရယ္သံႀကီးက ရပ္တန္႔သြားတယ္။ ၿပီးေတာ့ အက္ကြဲလႈိင္းထေနတဲ့ အသံႀကီးနဲ႔…။
” လူေတြ ငါ့ကို ကိုးကြယ္ေစခ်င္လို႔ ငါလုပ္တယ္။ ငါ့ စီးပြားေရးကို ငါလုပ္တယ္။ ဒါကို နင္က မဆီမဆိုင္ ၀င္ရႈပ္တယ္ နင့္ကို ငါအေသသတ္မယ္…”
” မဟုတ္ေသးဘူး စိန္တင္။ နင္တို႔ ပညာရပ္ေကာ ငါတို႔ရဲ႕ ပညာရပ္ေကာက လူသားေတြအတြက္ ေကာင္းက်ိဳးေဆာင္ဖို႔ အစပ်ိဳးခဲ့တဲ့အရာပါ။ အတၱမာန၊ ဝိသမ​ေလာဘေၾကာင့္ မေတာ္တေရာ္ ဆိုးသြမ္းမႈဆီေရာက္ခဲ့တာ။ ဒါေၾကာင့္ အမွန္ကိုျမင္ၿပီး နင့္ရဲ႕ လုပ္ရပ္ေတြကို ရပ္တန္႔လိုက္ပါ စိန္တင္…”
” အို…မရပ္တန္႔ႏိုင္ဘူး။ နင္က ဘာေကာင္မို႔လို႔ ငါကို အာဏာလာျပေနရတာလဲ။ နင္သာ မေသခ်င္ဘူးဆို ေဘးေရွာင္ထြက္သြားလိုက္…”
” ေကာင္းပါၿပီ။ နင့္ဘက္က ေခါင္းမာေနတာမို႔ ငါ့ဘက္က လုပ္စရာရွိတာကို လုပ္ရပါေတာ့မယ္…”
ဦးသိဒၵိက ေျပာေျပာဆိုဆိုနဲ႔ပဲ လက္တစ္ဖက္နဲ႔ စက္ေတြကို ပါယ္ရင္း က်န္တစ္ဖက္က သူ႔လြယ္အိတ္ဆီက ေဆးလုံးေလးတစ္လုံးကို ထုတ္ၿပီး စက္ေတြရဲ႕ လားရာဆီကို ပစ္လႊတ္လိုက္တယ္။
” ဝီး…ဟီး…ဟီး…”
ေဆးလုံးေျပးထြက္သြားတာနဲ႔ ေၾကာက္မက္ဖြယ္ ေတာ္လဲသံႀကီးက ထြက္ေပၚလာတာ။
ခ်က္ခ်င္းဆိုသလိုပဲ စက္ေတြထြက္လာရာဘက္ဆီက ဝုန္းခနဲအသံနဲ႔အတူ အမဲေရာင္အ၀တ္အစားနဲ႔ မိန္းမႀကီးတစ္ေယာက္ မခ်ိမဆန္႔ေအာ္ရင္း ျပဳတ္က်လာတယ္။
မိန္းမႀကီးက ေျမေပၚကေန ထဖို႔ႀကိဳးစားေသးတယ္။ ဒါေပမယ့္ ႐ုတ္တရက္ ပါးစပ္ကေန ေသြးေတြပြက္ခနဲ အန္က်လာၿပီး မ်က္ျဖဴလန္လို႔ ေပ်ာ့ေခြ ၿငိမ္သက္သြားေတာ့တယ္။
” အင္း…ေတာ္ေတာ္ေခါင္းမာတာပဲ။ ေသတဲ့အထိေတာင္ ေႏွာင္းေနာင္တ ရမသြားရွာဘူး…”
ဦးသိဒၵိက ခပ္ညည္းညည္း ေရ႐ြတ္တယ္။
ဒိုးညီေနာင္တို႔က လဲက်ေနတဲ့ မိန္းမႀကီးဆီကို လွမ္းၾကည္မိၾကတယ္။ ေသြးအလိမ္းလိမ္း ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ တကယ့္ကို စိတ္မေကာင္းစရာ။
” ကဲ…လူေလးတို႔။ ကိစၥေတာ့ ၿပီးၿပီ။ ဒီကေနသြားၾကစို႔…”
” ဟုတ္ကဲ့ ဘဘ။ ဒါနဲ႔ သူကိုေရာ ဒီအတိုင္းထားခဲ့မွာလား…”
” အင္း…ခဏေန သူ႔ကို ငရဲမီးေတာက္တစ္ခုက ဝါးမ်ိဳသြားလိမ့္မယ္။ ဘဘတို႔ ဘာမွ လုပ္စရာမလိုဘူး…”
ဒိုးညီေနာင္တို႔လည္း ဘာမွဆက္မေမးၾကေတာ့ဘူး။
သုံးဦးသား ေတာအုပ္ဆီကေန ေျမာက္အရပ္ကို ဦးတည္လို႔ ဆက္လက္ထြက္ခြာခဲ့ၾကတယ္။
******
အဲ့ဒီ့အခ်ိန္ ေသာင္းတိုင္႐ြာဆီမွာေတာ့…။
” မီးဗ်ိဳ႕ မီး…နတ္ကေတာ္ေဒၚစိန္တင္ရဲ႕ အိမ္ႀကီး မီးေလာင္ေနတယ္ဗ်ိဳ႕…”
တစ္႐ြာလုံး ျပားပန္းခတ္ၿပီး ေရပုံးကိုယ္စီနဲ႔ ေဒၚစိန္တင္ရဲ႕ ဝိုင္းထဲကို ေျပးလာၾကတယ္။
အိမ္ႀကိးဆီမွာေတာ့ မီးေတာက္က အေတာ္ႀကီးၿပီး တစ္ျခမ္းတိတိကို ဝါးမ်ိဳထားခဲ့ၿပီ။
႐ြာက လူအင္အားနဲ႔ ဝိုင္းၿပီးဘျငႇိမ္းသတ္ေပမယ့္ ဘယ္လိုမွ မျငႇိမ္းႏိုင္ခဲ့ၾကဘူး။
ေနာက္ဆုံးေတာ့ အိမ္ႀကီးတစ္လုံးလုံး မီးေတာက္ႀကီးေတြရဲ႕ ေအာက္မွာ အလဲလဲ အၿပိဳၿပိဳနဲ႔ အဆုံးသတ္သြားခဲ့တယ္။
ေဒါေဖ်ာ့ကိုေတာ့ မီးေလာင္ေနတဲ့ၾကားဆီက ကယ္တင္ႏိုင္ခဲ့ေပမယ့္ အသက္က ေမ်ာ့ေမ်ာ့ရယ္ပဲ ရွိေတာ့တာ။
ေဒၚစိန္တင္ကေတာ့ မီးထဲပဲပါသြားတာလား ဘာလား ဘယ္သူမွမသိခဲ့ၾကဘူး။
ေဒၚေဖ်ာ့က ေသခါနီး အျဖစ္အပ်က္ေတြကို ၀န္ခံလိုက္တဲ့အခါမွာေတာ့ ႐ြာသူ႐ြာသားတို႔ ေတာက္တေခါက္ေခါက္နဲ႔။
ေနာက္မ်ားမွာေတာ့ ဇီးေတာ႐ြာက အျဖစ္အပ်က္ကို ၾကားမိၾကၿပီး ကေလးႏွစ္ေယာက္နဲ႔အတူ ေရာက္လာတဲ့ ဆရာနဲ႔ ေဒၚစိန္တင္တို႔ရဲ႕ အျဖစ္အပ်က္ကို ဆက္စပ္မိၾကေတာ့တယ္။
ဒီအခ်ိန္မွာ ဒိုးညီေနာင္နဲ႔ ဦးသိဒၵိတို႔ကေတာ့ ျမန္မာျပည္ရဲ႕ ေျမာက္အရပ္ဆီကို ဦးတည္ေလ်ာက္လွမ္းၾကရင္း ေရငံကုန္းဆိုတဲ့ ေနာက္ထပ္႐ြာတစ္႐ြာဆီကို ေရာက္ခ်ိန္၊ ႐ြာအျပင္က ေက်ာင္းပ်က္ႀကီးဆီမွာ မကြၽတ္မလြတ္ႏိုင္ေသးတဲ့ ဘုန္းႀကီးတေစၦကို ေခ်ခြၽတ္ၾကဖို႔ အေၾကာင္းဖန္လာခဲ့ျပန္ပါေတာ့တယ္။
ဒီအေၾကာင္းကိုေတာ့ “ဘုန္းႀကီးတေစၦ” ဆိုတဲ့ စာမူမွာ ဆက္လက္ရႈစားၾကပါခင္ဗ်ာ။
ေနာင္႐ိုး(ေဆးတပ္)