တစ်ပွဲတိုးခင်သုန်

…*တစ်ပွဲတိုး  ခင်သုန် *…📖📖📖

                                 ဖြစ်ရပ်ဆန်းကြယ်

  ” ဟဲ့…မိနွယ် ကြားပြီးပြီလား…”

” ဘာကို ကြားရမှာတုန်း  တင်တင်မြရဲ့ …အရင်းမရှိ့   အဖျားမရှိ့ ဟယ်…”

” ရွာစွန်က အိမ်မှာ  သုံးလောင်းပြိုင် သေနေလို့တဲ့တော့် …”

    ဒီသတင်းက  တစ်ယောက်စကား  တစ်ယောက်ကြားဖြင့်တောမီးလောင်သလိုချက်ချင်းပင် ပျံ့နှံ့သွားတယ် ။ ရွာသူရွာသားတွေ  ရွာစွန်ရှိ့အိမ်အနီးက  လမ်းတွေပေါ်မှာ  အုတ်အော်သောင်းတင် ရောက်လာကြတယ် ။ ဟုတ်တယ်…အိမ်ြံခံတံခါးဝန်းရဲ့  မလှမ်းမကမ်းမှာ  အလောင်းသုံးလောင်းရှိ့နေတယ် ။ အိမ်ရှင် ထွန်းထွန်းဦး …သူမိန်းမ  ခင်စိန်…ပြီးတော့  နှနှစ်အရွယ် သူတို့ သားလေး … ဒီအဖြစ်အပျက်နဲ့  ပတ်သက်ပြီး   တစ်ရွာလုံး   အံ့သြထိတ်လန့်ကုန်ကြတယ် ။ သူတို့ရွာမှာတစ်ကြိမ်တစ်ခါမှ   မဖြစ်ဘူးတဲ့  အဖြစ်အပျက်ရယ်လေ ။ မျက်မြင်တွေ့သူများ   ပြောစကားများအရ   အိမ်ရှင်မိသားစုမှာ  အပြင်မှ  ပြန်လာပြီး   ခြံတံခါးတွန်းဖွင့် ဝင်လိုက်စဉ်မှာပင်  ရှေ့ဆုံးက  ဝင်လာသော  ထွန်းထွန်းဦး ရုတ်တရက်ဆိုသလို  ခွေခနဲ  လဲကြသွားတယ် ။ ထွန်းထွန်းဦး  လဲကြသွားတာမြင်တော့  နောက်ကလိုက်လာတဲ့   မိန်းမဖြစ်သူက  နှနှစ်အရွယ်  သားလေးကို အောက်ချပြီး ပြေးအလာ  သူလဲပဲ  ထွန်းထွန်းဦးနဲ့  မလှမ်းမကမ်းမှာ   ခေါက်ခနဲ့ လဲကြသေဆုံးသွားပြန်တယ် ။ ပြီးတော့   သူမိခင်ဆီသို့  တောက်ဆက်  တောက်ဆက်နဲ့  လိုက်လာတဲ့  ကလေးမှာလဲ  သူ့မိခင်ဆီ  မရောက်ပဲ  ခြံပေါက်ဝမှပင်  ခွေခနဲ  လဲကြသွားပြန်တယ် ။ အဖြစ်အပျက်က   မျက်စိတစ်မှိတ်   လျှပ်တစ်ပြတ် အတွင်းမှာပင်  ရုတ်ချည်းဖြစ်သွားတာကြောင့်   မင်သက်ငေးကြည့်နေရုံမှလွဲပြီး    ဘာမှမတတ်နိုင်ခဲ့ကြဘူး ။ အဖြစ်အပျက်မှာ  နေ့လည်ခင်းအချိန်   ဖြစ်ပွားခဲ့တာကြောင့်    အနီးဝန်းကျင်အိမ်များမှ   လူတစ်ချို့ ်မြင်လိုက်ကြတယ် ။ ဒီသတင်းကို ကြားတော့  ရွာလယ်က  ဆေးဆရာလဲ ဟုတ်…အထက်လမ်းဆရာလဲ ဖြစ်တဲ့   ဦးပွား တစ်ယောက် ရောက်ရှိ့လာပါတော့တယ် ။ ပြီးတော့   အဖြစ်အပျက်ကို   စုံးစမ်းမေးမြန်းတယ် ။ အဲ့ဒီနောက်…

  ” ဟေ့…ခြံထဲကို   ဘယ်သူမှ  မဝင်ကြနဲ့အုံး ။ဒါသွေးရိုးသားရိုး   ဖြစ်တာ မဟုတ်ဘူး ။ ခြံထဲဝင်သွားရင် ထပ်သေအုံးမလား  မပြောတတ်ဘူး ။ အောက်လမ်း  အစီအစဉ်မျိုးနဲ့   အသေကိုတိုက်ထားတာပဲ ။ ဘယ်သူကများ  ဘယ်လိုအငြိုးအတေးနဲ့  တိုက်ထားတာလဲ  မသိဘူး ။ သေသူ မိသားစုနဲ့  အတော်ကို ရန်းငြိုးရန်စ  ကြီးမားခဲ့ပုံရတယ် ။ ဦးပွား ဖြစ်ရပ်နဲ့ ပတ်သက်ပြီး   စဉ်းစားတွေးတောရင်း   သူ့မျက်စိထဲ  မြင်လာသူက  မိန်းမတစ်ဦး…သူမကား  ခင်သုန်ပေတည်း ။ ဦးပွား  ခင်သုန်ကိုပြေးမြင်လိုက်ပြီးနောက်  လွန်ခဲ့သော  လေးနှစ်တာ အတိတ်ကာဆီမှ   ခင်သုန်ရဲ့  ဘဝဇာတ်လမ်းလေးကို   ပြန်ပြေးသတိရမိလေတော့သည် ။

    ခင်သုန်တစ်ယောက်   သူ့သမီးလေး ရက်လည်တဲ့ညမှာပဲ  ရွာက တိတ်တဆိတ် ပျောက်သွားတယ် ။ သူ …ဘယ်ကိုသွားလဲ   ဘယ်သူမှ  မသိဘူး ။ တစ်အိမ်ထဲနေ   မိခင်ဖြစ်သူဒေါ်အေး တောင်မသိလိုက်ဘူး ။ ပျောက်သွားတယ် ဆိုပေမယ့်  ထွက်သွားတယ်ဆို  ပိုမှန်လိမ့်မယ် ။ ခင်သုန် ရွာက ထွက်ခွာချင်လောက်အောင်လဲ   အကြောင်းရှိ့နေတယ် ။ တစ်ရွာလုံးလဲ  သိတယ် ။ အဲ့ဒီအကြောင်းက   သူတို့  အိမ်ထောင်ရေး  ကိစွပဲ ။ ခင်သုန်က  ရွာမှာ  အချောအလှ စာရင်းဝင် ။ မိစုံဖစုံမရှိ့လို့  ရွာကွမ်းတောင်ကိုင်   မဖြစ်ရပေမယ့်   ရွာထဲက  ကာလသားတွေရော …ရွာနီးချုပ်စပ်က  ကာလသားတွေရော   ခင်သုန်အနီးမှာ  ဝိုင်းကြီးပတ်ပတ်  ဒူဝေဝေ ဖြစ်နေကြတယ် ။  ဒီအထဲမှာမှ  တစ်ရွာထဲနေ   မြေပိုင်ရှင်သား    အရက်သမား    ဖဲသမားဖြစ်သူ   ထွန်းထွန်းဦးက   ရှေ့ဆုံးကဖြစ်တယ် ။ သူက  ခင်သုန်ကို  အသေရရ   အရှင်ရရ   ပိုးပန်းနေသူ ။ တစ်နေ့တော့  ခင်သုန်တစ်ယောက်   တစ်ဖတ်ရွာက  ပြန်အလာ   ထွန်းထွန်းဦးရဲ့  အနိုင်ကျင့်  စော်ကားတာခံခဲ့ရတယ် ။  ဒါနဲ့ပဲ  သူတို့ရွာရဲ့  ဓလေ့ထုံးစံအရ   အပျိုပြန်မဖြစ်တော့မယ့်  အတူတူ   မချစ်သော်လည်း  အောက်ကာနမ်း    မနမ်းသော်လည်း   ပင့်သက်ရှုခဲ့ရတယ် ။  ခင်သုန်…ထွန်းထွန်းဦးကို  ယောကျာင်္တော်ခဲ့ရတယ် ။ တစ်ရွာလုံးကလဲ   ခင်သုန်အတွက်  ခံပြင်းနေခဲ့ပြီး   ထွန်းထွန်းဦးကို   လူယုတ်မာတစ်ယောက်လို့ ပုတ်ခတ်ပြောဆိုခဲ့တယ် ။ ဒီအကြောင်းကိစွတွေကြောင့် ထွန်းထွန်းဦးက    ခင်သုန်ကို  အမျက်သိုခဲ့တယ် ။ ထွန်းထွန်းဦးက   ခင်သုန်အပျိုဘဝမှာ   အရှုးအမူးဖြစ်ခဲ့ပေမယ့်    အိမ်ထောင်ကြပြီးနောက်တော့   အချိုးပြောင်းသွားတယ် ။ ခင်သုန်ကို  လိုသုံးလို  သဘောထားခဲ့တယ် ။ စိတ်မထင်ရင်  မထင်သလို သွေးထွတ်သံယိုထိ    ရိုက်ပုတ်နှိပ့်စက်တတ်လာတယ် ။ ဒီလိုဖြစ်နေတဲ့  ကြားထဲ    ချီးကျူးစရာ  လေးစားစရာကောင်းသည့်က   ခင်သုန်ရယ် ။ သူမယောကျာင်္  ဘယ်လောက်ပဲ   ဆိုးသွမ်းနေပါစေ    မိန်းမဝတ္တရားတွေ  ကျေပွန်အောင်   ပြုမူနေထိုင်ခဲ့တယ် ။ သူမက ဒီလိုသည့်ခံလေ   ထွန်းထွန်းဦးက  ရောင့်တတ်လာလေပဲ ။ခင်သုန်   အိမ်ထောင်ရေး    ကံမကောင်းလှ ။ လင်ဆိုးမယား တဖားဖား  ဖြစ်ခဲ့တယ် ။ အစပိုင်းတုန်းက   ထွန်းထွန်းဦး   ပြောင်းလဲလာမလားရယ်လို့    မျော်လင့်မိသေးတယ် ။ ဒါပေမယ့်  ထွန်းထွန်းဦးက  ထွန်းထွန်းဦးလေ …လူမိုက်က  လူမိုက်ပါပဲ ။ ဘာမှာကွဲပြားမသွားဘူး ။ ခင်သုန် ထွန်းထွန်းဦးအပေါ်  ဘာမှာ
မျော်လင့်ချက်မရှိ့တော့ဘူး ။ သူမယောကျာင်္နဲ့ ပတ်သက်ပြီး  ဘာမှ ခံစားမနေတော့ဘူး ။ သူမရဲ့ အသည်းနှလုံးတွေ  ကျောက်စိုင် ကျောက်ခဲ လိုမာကျောနေလေပြီ ။ ခင်သုန်အတွက်တော့   အိမ်ထောင်ကြပြီးနောက်   ငရဲခံနေရတဲ့   နေ့ရက်တွေလိုပါပဲ ။ ဒူးနဲ့မျက်ရည်ကို နေ့စဉ်သုတ်ခဲ့ရတယ် ။ ဒီလိုနဲ့  အိမ်ထောင်ကြပြီး  နှနှစ်လောက်အကြာမှာ   ခင်သုန်ရဲ့  ဘဝအမောတွေကို  ပြေပျောက်စေမယ့်  အိမ်ဆည်းလဲ့လေး မွေးဖွားလာခဲ့တယ် ။ ခင်သုန်   မျော်လင့်ရပြန်ပြီ ။  သမီးလေးရဲ့  မျက်နှာနဲ့  ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦး ပြောင်းလဲ လာလေမလားရယ်လို့။ သို့သော် ဘာမှပြောင်းလဲမသွားဘူး   လူမိုက်က  လူမိုက်ပါပဲ ။ ထူးပြီးပြောင်းလဲမသွားဘူး ။ မပြောင်းလဲတဲ့ အပြင်    ပိုတောင်ဆိုးလာပါကောလား ။ ထွန်းထွန်းဦး  နောက်မယားငယ်  ယူထားတယ်တဲ့ ။ ဒီသတင်းက  အစပိုင်းမှာ တိုးတိုး ။ တိုးတိုးကနေ    ကျယ်ကျယ်ဖြစ်လာတယ် ။ ပြီးတော့ အိမ်ပေါ်ခေါ်တင်ထားတဲ့အထိ  တိတိလင်းလင်း   ဖြစ်သွားတယ် ။ ခင်သုန်ကတော့  သူ့ယောကျာင်္နဲ့ ပတ်သကိပြီး  ထူးပြီးခံစားမနေရဘူး ။ ဒါပေမယ့်  တစ်အိမ်ထဲမှာပဲ  ယောကျာင်္တစ်ယောက်ကို   မိန်းမနှစ်ယောက် ပေါင်းရမယ်ဆိုတာပဲ    ရှက်စိတ်ဝင်ခဲ့တယ် ။ ဒါကြောင့် ကွာပေးဖို့တောင်းဆိုတယ် ။သူ့ယောကျာင်္က  ကွာမပေးဘူး ။ မယားငယ်ကို  အိမ်ခေါ်တင်တဲ့နေ့မှာပဲ   မယားကြီးဖြစ်တဲ့ ခင်သုန်တို့  သားအမိကို   အိမ်ကြီးရဲ့နောက်ဘက်က   တဲအိမ်လေးမှာ ထားလေတယ် ။ မယားငယ်ဖြစ်သူကိုတော့    အိမ်ကြီးအရှင်သခင်ဖြစ် ထားရှိ့တယ် ။ မယားငယ် ခင်စိန်ဟာ   မယားကြီးဖြစ်ခဲ့ပြီး   မယားကြီး  ခင်သုန်ကတော့   မယားကျွန်ဘဝ ရောက်ခဲ့လေတယ် ။ မယားငယ်ရောက်လာတဲ့ အချိန်ကစပြီး   တစ်အိမ်လုံးရှိ့   အိမ်မူ့ကိစွ  ခြံကိစွတွေကို   ခင်သုန်ပဲ လုပ်ကိုင်ခဲ့ရတယ် ။ ဒါ့အပြင်   မယားငယ်ရဲ့   ခိုင်းစေမူတွေကိုလည်း   ကျိုးနွံ့စွာလုပ်ပေးခဲ့ရတယ် ။ ယောကျာင်္ဖြစ်သူရဲ့   မထင်ရင် မထင်သလို   နှိပ့်စက်ညှင်းပန်းမူ့တွေကိုလည်း  နေ့စဉ်နှင့်အမျှ  ရင်စည်းခံခဲ့ရှာတယ် ။ ဒါပေမယ့် ခင်သုန်အတွက်တော့  သမီးလေးရဲ့ မျက်နှာကြောင့် အတတ်နိုင်ဆုံး    အောက်ကျို့သည့်ခံနေခဲ့တယ် ။ အလုပ်တွေ ဘယ်လောက်လုပ်ရလုပ်ရ မောပန်းရမှန်းတောင်  မသိခဲ့ဘူး ။ သမီးလေးဟာ   သူ့မရဲ့ ကမ္ဘာဖြစ်ခဲ့နေတာကို ။ သူမယောကျာင်္ ထွန်းထွန်းဦးကတော့    သမီးလေးကို ရှိ့တယ်လို့တောင် မထင်ဘူး ။ ခင်သုန်ပေါ်မှထားတဲ့   အငြိုးတွေကြောင့် ပဲလား ။ဒါမှမဟုတ်  သူ့မယားငယ်  မကြိုက်မှာစိုးလို့ပဲလား  မသိဘူး ။ သမီးလေး  မွေးဖွားလာကတည်းက    တစ်ခါတောင် မချီမပိုးဖူးဘူး ။ ကလေး လဲကြသွားလို့   အော်ဟစ်ငိုနေပါစေ     ကိုယ်နဲ့မသက်ဆိုင်သလို  လျစ်လျူရှု့ ရှောင်ထွက်သွားတယ်ကောလား ။ ခင်သုန်တစ်ယောက်  ယောကျာင်္ဖြစ်သူ ထွန်းထွန်းဦးကို  နားကြည်းမိတယ် ။  အမျက်သိုခဲ့မိတယ် ။

” ခင်သုန်တစ်ယောက်   သိပ်ဝဋ်ကြီးတာပဲ ” ဟုတစ်ရွာလုံးက  သနားဂရုဏသက်     စုတ်သက်ရတဲ့ အထိရယ်…”

    ဒီလိုနဲ့တစ်နေ့   ခင်သုန်ကမ္ဘာလေးပျက်မည့်  နေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်  ရောက်လာတယ် ။ အဲ့ဒီနေ့က   ခင်သုန်တစ်ယောက်  လုပ်စရာရှိ့သည့်  အလုပ်များ  လုပ်နေခဲ့တယ် ။ နှနှစ်အရွယ် သူ့သမီးလေးက   တဲအိမ်ရှေ့မြေကွက်လပ်မှာ   ကစားနေလေတယ် ။  ခနအကြာ  သမီးလေးရဲ့ အော်ဟစ်လိုက်သံနှင့် အတူ  လှေကားမှ  တစ်စုံတစ်ရာ  ပြုတ်ကြလာသံကို  တဲရှေ့ အိမ်မကြီးမှ ကြားလိုက်ရ၍ စိုးရိမ်သောက နဲ့ ကသောကမြော   ပြေးသွားလေတယ် ။ နှနှစ်အရွယ် သူ့သမီးလေးမှာ  လှေကားခြေရင်းတွင်  ခွေခွေလေး လဲနေလို့ရယ်…ပြီးတော့ ခေါင်းမှာ သွေးတွေကလဲ  ဖြာလို့ …ခင်သုန်တစ်ယောက်  အရှုးမီးဝိုင်းဖြစ်ရပြီ ။ သမီးလေးကို ပွေ့ဖက်ထားရင်း  အိမ်ပေါ်ထပ်သို့  ကြည့်လိုက်မိတယ် ။ ယောကျာင်္ဖြစ်သူ  ထွန်းထွန်းဦးနဲ့  မယားငယ်ခင်ရွှေတို့  အောက်သို့ ငုံကြည့်နေတာကို တွေ့လိုက်ရတယ် ။

  ” နင်…နင်တို့ …ငါ့…ငါ့သမီးလေးကို…”
ခင်သုန် စကားမဆက်နိုင်ဘဲ  အသားတွေ တဆက်ဆက်တုန်သည့်အထိ  ဒေါသတွေ   ဖြစ်ခဲ့တယ် ။ ပြီးတော့ မျက်လုံးမီးတောက်မတတ် စိုက်ကြည့်လိုက်ပြီး  သမီးဖြစ်သူကို  ပွေ့ချီလိုက်ကာ ရွာလယ်က   ဆေးဆရာ ဦးပွားအိမ်သို့   အမောတကော ပြေးသွားလေတော့တယ် ။ ဒါပေမယ့်   အလာကောင်းပေမယ့်   အခါနောင်းခဲ့ပြီ ။

” ကလေးက  အသက်မရှိ့တော့ဘူး   သမီးရယ် ” ဟုဆေးဆရာ  ဦးပွားဆိုလိုက်တယ် ။ ခင်သုန် ကမ္ဘာလေး  ပြိုကွဲသွားချေပြီ ။ သမီးလေး မရှိ့တဲ့ဘဝ    ခင်သုန်အဖို့ ဘဝမှာနေလဲပဲ  ဘာမှ အဓိပ္ပာမရှိ့တော့။

” သမီးရေ.…သမီးနောက်ကို …အမေလိုက်ခဲ့မယ် သိလား ” ဟု အရှုးတစ်ယောက်လို  ခင်သုန် တတွက်တွက်ပြောနေလေတယ် ။

” သမီးရယ်  သတိလေးထားပါအုံး ။ တရားနဲ့ဖြေပါ  သမီးရယ် …ဝဋ်ကြွေးရှိ့လို့ ခံနေရတယ်လို့ သဘောထား ဖြေသိပ့်ပါ   သမီးရယ် ” ဟုဦးပွားက  တရားချလေသည် ။

   ဒီဖြစ်ရပ်ဖြစ်ပွားပြီးနောက်   သူ့သမီးလေး   ရက်လည်ညမှာပဲ   ရွာကတိတ်တဆိတ်   ပျောက်သွားတယ် ။ပြီးနောက် ( ၄ ) နှစ်ခန့်ကြာသော်   ခင်သုန်တစ်ယောက်  မမျော်လင့်ပဲ   ရွာပြန်လာခဲ့တယ် ။ လေးနှစ်အတွင်း ခင်သုန်အသွင်  အတော်ပင်   ပြောင်းလဲသွားခဲ့တယ် ။ တည်ငြိမ်ရင့်ကျက်တဲ့  အသွင် …ကိုယ့်ကိုယ်ကို  ယုံကြည်မူ့  ရှိ့နေတဲ့ ဟန်ပန်မျိုးရယ်…ခင်သုန် ရွာပြန်လာပေမယ့်   သူ့ယောကျာင်္အိမ်သို့ မပြန်ဘူး…သူ့မိခင်အိမ်မှာပဲ  နေလေတယ် ။ လေးနှစ်ခန့်ကြာပြီးနောက်  လင်မယားခန်း ပြတ်ဆဲပြီးလို့  ခံယူထားတယ် ။ ထွန်းထွန်ဦးကလဲ သူ့လိုပဲခံယူထားပုံရတယ်   လာမတွေ့ဘူး။ ဒီလိုအနေအထားမျိုးကို   ခင်သုန်ကြိုက်တယ် ။ ထွန်းထွန်းဦးတို့မိသားစု  ပြီးတော့သူ့ ဆွေးမျိုးသားချင်းတွေနဲ့  မဆုံမိအောင် အတတ်နိုင်ဆုံး   ရှောင်နေခဲ့တယ် ။ မလွဲမရှောင်သာတဲ့  အခြေအနေမျိုးမှ   ခေါ်ပြောနူတ်ဆက်ရုံ  ပြုခဲ့တယ် ။ ရွာကသူတွေတော့  ခင်သုန်တစ်ယောက်  ဝဋ်ကြွေးတွေကျေပြီးဆိုပြီး  ဝမ်းသာနေလေတယ် ။ ဒီလိုနဲ့  ခင်သုန်ပြန်ရောက်ပြီး  သုံးလခန့်အကြာ  သူတို့ရွာမှာ တစ်ခါမှမဖြစ်ဘူးတဲ့    အံ့သြထိတ်လန့်ဖွယ်ရာ   အဖြစ်အပျက်ကြီး ပေါ်ပေါက်လာလေတယ် ။ ဆေးဆရာကြီး  ဦးပွား နောက်ကြောင်းပြန် စဉ်းစားနေရင်း  ခုလိုအသေလုပ်ရထိ   ရန်ငြိုးထားမယ်ဆို့ရင် ခင်သုန်ပဲရှိ့တယ်လို့  ထစ်ထစ်ချ ယူဆနေလေတယ် ။ ဒီလိုစဉ်းစားမိတဲ့  ဆေးဆရာ  ဦးပွား…ခင်သုန်ရဲ့ အရိပ်အချည်  သိရအောင်လို့   ခင်သုန်အိမ်သို့  အကဲခတ်ရင်း  လျှောက်လာခဲ့တယ် ။ တွေ့ပါပြီကော…ခင်သုန်ရယ်လေ  အိမ်ပြတင်းပေါက်မှာ  ရပ်နေရင်း… သူ့ယောကျာင်္ထွန်းထွန်းဦးအိမ်ရှိ့ရာသို့ ကျေနပ်အားရဟန်နဲ့ စိုက်ကြည့်နေသည်ကို တွေ့လိုက်တယ် ။ ခင်သုန်တစ်ယောက်  ထွန်းထွန်းဦးအိမ်ရှိ့ရာသို့   ကြည့်နေရာမှ  သူမကို  တစ်ယောက်ယောက်စိုက်ကြည့်နေသည်ဆိုတဲ့   အသိကြောင့်     လှည့်ကြည့်လိုက်တယ် ။  ဆေးဆရာ  ဦးပွားကို  တွေ့လိုက်၍    သူမလဲ မျက်တောင်မခတ်တမ်း     ပြန်ကြည့်နေလေတယ် ။  အသံတိတ်   အကြည့်ချင်းပြိုင်နေကြပါကော ။ ဦးစွာအကြည့်လွဲသွားသူ  ကခင်သုန်ရယ် ။ ထုတ်မပြောပေမယ့် နှစ်ယောက်သား  နားလည်မိကြတယ် ။ ခင်သုန် ရှုံးသွားချေပြီ ။ ထိုစဉ်…

    ” သမီး…ဆရာ အိမ်ပေါ်တတ်လာခဲ့ရမလား  ” ဟုဆရာပွားမေးလိုက်တယ် ။

” ဟုတ်ကဲ့ ရှင် …တတ်ခဲ့ပါဆရာ ” ဟုရိုသေလေးစားသမူ့နဲ့   ဖိတ်ခေါ်လိုက်တယ် ။

” ဆရာမေးစရာလေး    သိချင်တာလေးရှိ့တယ်  သမီး … အမှန်အတိုင်းဖြေမလား “

ခင်သုန်   သက်ပြင်းချလိုက်တယ် ။ ပြီးနောက်   ” ဆရာဘာမေးမလဲဆိုတာ   သမီးသိပါတယ် ။ ဆရာအတွေးမမှားပါဘူး ။ ဟုတ်ပါတယ်…ထွန်းထွန်းဦးတိူ့  အိမ်မှာ ဖြစ်ပေါ်ခဲ့တဲ့  အဖြစ်အပျက်က    သမီးလုပ်ထားတာပါ  ဆရာ ။ ဒီလူယုတ်မာကို  သမီးနာကြည်းတယ် ။ အမျက်သို့မိခဲ့တယ် ။ သမီးတို့  သားအမိပေါ်မှာ  ပြုမူခဲ့တာတွေကို   မေ့မရဘူး ။ ဒါကြောင့်  လက်စားချေခဲ့တာပါ ။

” သြော်…ဒုက္ခ  ဒုက္ခ…သမီးအနေနဲ့ဘယ်လိုခံစား ရမလဲ…ဆရာကိုယ်ချင်းစာပါတယ် ။ ဒါပေမယ့်  သမီးရယ် …သမီးက  ခုလိုပြုမူတော့   မဆိုင်တဲ့ အသက်တွေ  ဆုံးရှုံးပြီကောလား ။ ဒီအတွက်  သမီးအပြစ်ကြွေးတွေ  ခံစားရမယ်ဆိုတာကော   သမီးသိရဲ့လား” ဟုဂရုဏဒေါသ  စကားဆိုလိုက်တယ် ။

  ” အပြစ်ကြွေးတွေ  ခံရမယ်ဆိုလဲ   သမီးရဲရဲကြီး  ခံပါမယ်။ ဒီလူယုတ်မာကို   လက်စားချေခွင့်ရတာပဲ   သမီးကျေနပ်ပါပြီ ။ ဘယ်လိုအပြစ်ကြွေးမျိုးမဆို    သမီးကျေကျေနပ်နပ်  ခံယူဖို့  အသင့်ပါ” ဟုပြောတယ်  …

ဆရာပွား  သက်ပြင်းချလိုက်တယ် ။ ပြီးနောက်…”  ဒါနဲ့  သမီး…သမီး ဒီအောက်လမ်းပညာကို ဘယ်လိုတတ်လာတာလဲ ။ သမီးကိုကြည့်ရတာ  အောက်လမ်းပညာသည် စစ်စစ်မဟုတ်မှန်း   ဆရာအကဲခတ်မိတယ် …”

  ” ဟုတ်ပါတယ် …ဆရာ…သမီးက  တစ်ပွဲတိုး  အောက်လမ်းပါ …”

” အင်း…  ဟုတ်ပြီ သမီး .ခုလိုပြုလုပ်ဖို့  ဘယ်နှသက်   ခွင့်တောင်းခဲ့လဲ “

” ငါးသက်ပါ   ဆရာကြီး …”

” မိုက်လိုက်ပါ့   သမီးရယ်..” ဟုရေရွတ်လိုက်တယ် ။ပြီး   …ဆရာကို  ခနလေးစောင့်နေ  သမီး …ဆရာပြန်လာခဲ့မယ် ” ဟုဆိုလိုက်ကာ  အခင်းဖြစ်ပွားရာ  အိမ်သို့ ပြန်သွားခဲ့ပြန်တယ် ။ ဘယ်သူမှ ခြံထဲမဝင်ရဲလို့ အလောင်းတွေက အမြင်မတော်စရာရယ် ။

ဆရာပွား   ပြန်ရောက်တယ် ဆိုရင်ပဲ” ဆရာ ဘယ်သွားနေတာလဲ …” ဟုရွာလူကြီးက  မေးမြန်းလိုက်တယ် ။ အဲ့ဒါအသာထား   ရွာလူကြီးရေ …ခုဖြစ်နေတာက   တစ်ပွဲတိုး  အောက်လမ်းသည်မရဲ့  အစီအစဉ်  စက်တွေပဲ ။ အသက် ငါးသက်ပြည့်မှ  ခြံဝန်းထဲ ဝင်နိုင်မယ် ။ တစ်ပွဲတိုး  အောက်လမ်းက  ထွန်းထွန်းဦးတို့ မိသားစုနဲ့   သူ့ဆွေမျိုးတွေထဲက  နှစ်ယောက်ကို   အသေကိုတိုက်ထားတာ ဗျ ။

  ” ဟင်…ဟာ…ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ  ဆရာကြီး…”

ဆရာပွား  စဉ်းစားလိုက်တယ် ။ ပြီးနောက် … “ကဲ…ဟေ့…တစ်ယောက်ယောက်  ကြက်အရှင်  သုံးကောင်လောက်  အမြန်ရှာယူခဲ့ချေ ” သို့ကလို  ပြောနေစဉ်အတွင်း  ရွာခွေးတစ်ကောင်မှာ   လူတွေကြားထဲမှ တိုးဝင်ပြီး   ခြံဝန်းအတွင်းသို့ ရုတ်တရက် ဝင်ရောက်သွားတယ် ။  ချက်ချင်းမှ   ချက်ချင်းဆိုသလိုပဲ   ဗျာ…ခြံဝန်းအပေါက်ဝမှပင်   “ကိန်ခနဲ  ” တစ်ချက်သာ အော်နိုင်ပြီး   ခွေခနဲ  လဲကြသေဆုံးသွားတယ် ။ ခြံဝန်းတံခါးနီးရှိ့  လူတစ်ချို့မှာလဲ  ကြောက်လန့်တကြား  နောက်သို့ ရှဲသွားကြတယ် ။ ခဏကြာသော် ကြက်သွားရှာသူတွေ  ပြန်ရောက်လာကြတယ် ။

” ဟုတ်ပြီ…ကဲဟေ့   တစ်ယောက်ယောက်  ဒီကြက်ကိုအပေါ်မြှောက်ပြီး   ခြံဝန်းထဲကို  ဦးတည်လွှတ်လိုက်ချေ…”

ဆရာပွား  စကားဆုံးသည်နှင့်  ကြက်ကိုခြံထဲသို့   ဦးတည်  မြှောက်လွှတ်လိုက်တယ် ။   ခနအတွင်းမှပင်  ခြံဝန်းထဲ ရောက်ပြီး   မြေပေါ်မကြမီအချိန်…တစ်စုံတစ်ယောက်က  ရိုက်ပုတ်လိုက်သလို   ဖတ်ခနဲ ပြုတ်ကြသေဆုံ့းသွားတယ် ။

” ဟုတ်ပြီ…နောက်တစ်ကောင်ကို  ထပ်လွှတ်ကြည့် “ဟု  ဆိုပြန်ရာ   ရှေ့နည်းတူ လွှတ်လိုက်ပြန်တယ် ။ ဒီကြက်လဲ  သေအုံးမှာပဲလို့   အားလုံး  ထင်လိုက်ကြတယ် ။ သို့သော် ခြံထဲရောက်ရှိ့သွားသော  ကြက်မှာ  ဘာမှမဖြစ်ပဲ  အစာလိုက်ကောက် နေလေသည်ကို တွေ့လိုက်တော့   အံ့သြသွားကြသည် ။

  ထိုစဉ်  ဆရာပွားက ” ခုချိန်ကစပြီး  ဘယ်သူမဆို  ခြံထဲဝင်နိုင်ပါပြီ ။ တစ်ပွဲတိုး  အောက်လမ်းရဲ့  စက်တွေလဲပျက်သွားပါပြီ ။ တစ်ပွဲတိုး  အောက်လမ်းက  ငါးသက်သေအောင်ပဲ   တိုက်ထားတာ ။ ထွန်းထွန်းဦးတို့  မိသားစု သုံးဦးအပါအဝင်  ခွေးတစ်ကောင်…ကြက်တစ်ကောင်  အသက်နဲ့ဆို   ငါးသက်ပြည့်ပါပြီ ။ဒါမို့ နောက်ဆုံးလွှတ်လိုက်တဲ့  ကြက်မသေတော့တာပေါ့ ။ ခုချိန်ကစပြီး  ဝင်ချင်တဲ့သူ ဝင်နိုင်ပါပြီ ” ဟု ပြောလိုက်တယ် ။ ဒါပေမယ့် ဘယ်သူမှချက်ချင်းမဝင်ရဲကြဘူး ။ ဟုတ်တယ်လေ …အောက်လမ်းစက် မပြတ်သေးဘဲ   ဝင်မိချေက   အချောင်သေရမည့်ကိန်းရယ် ။ ရွာသူရွာသားတွေရဲ့  အခက်အခဲကို  ဆရာပွား  နားလည်ပါတယ် ။ ဒါကြောင့်  ” ကဲ…ကျုပ်ကရှေ့ဆုံးက ဝင်မယ် ။ အနောက်က လိုက်ဝင်ချေ ” ဟုဆိုကာ  ရှေ့ဆုံး က  ဦးဆောင်ဝင်ခဲ့တယ် ။ ဒါတောင်  အနားက  ကပ်လိုက်မလာပဲ   ခပ်လှမ်းလှမ်းကနေပဲ  လိုက်လာဝံ့တယ် ။ ခြံထဲရောက်ပြီးချိန်ထိ   ဘာမှထူးခြားမူ့မရှိ့သောကြောင့်   ရွာသူရွာသားများ     စိတ်ချလက်ချဖြစ်ကာ   အလောင်းကိစွနှင့်    အလုပ်ရှုပ်သွားတော့သည် ။ ဆေးဆရာ ဦးပွားကလဲ    ပြသာနာကို   ဖြေ ရှင်းပေးပြီးနောက်   ခင်သုန်အိမ်သို့  ထွက်လာခဲ့လေသည် ။ခင်သုန်က   ဆရာပွား လာမည်မှန်းသိတာကြောင့်   အိမ်ပေါက်ဝမှ   ဆီးကြိုလေတယ် ။

   ” သမီး  ခင်သုန်…သမီး  ဒီပညာကို ဘယ်က တတ်လာတာလဲ ။ ဆရာကို  ပြောစမ်း …” ဟုဆရာပွား  မေးလိုက်တယ်။

” ကျွန်မရဲ့    သမီးလေးမရှိ့တော့တဲ့ နောက်ပိုင်းမှာ    လူလောကထဲ  ဆက်လက် မနေချင်တော့ဘူး ။ ကိုယ့်ကိုယ်ကို  သတ်သေဖို့ထိ   စဉ်းစားခဲ့တယ် ။ ဒါပေမယ့်     သမီးလေးကို  သူတို့လှေကားက   တွန်းချတယ်လို့ပဲ   စိတ်စွဲနေမိလေတော့ သတ်သေဖို့  အစီအစဉ်ကို  လက်လျှော့လိုက်ပြီး   သူတို့ကို လက်စားပြန်ချေမယ်လို့  ဆုးံဖြတ်ခဲ့တယ် ။  အဲ့ဒီနောက်   သမီးရွာက   ထွက်လာခဲ့တယ် ။  ရွာကထွတ်လာပြီး  ခြေဦးတည့်ရာ  လျောက်သွားနေရင်း  တောင်ခြေရွာလေး  တစ်ရွာကို ရောက်ရှိ့သွားတယ် ။ ခရီးပန်းလာတဲ့ဒဏ်    အစာအဟာရပြတ်လပ်မူ့  ဒဏ်တွေကြောင့်   သမီးအားပြတ်ပြီး  မေ့မျောသွားခဲ့တယ် ။ သမီးပြန်သတိရလာတော့   အဘွားအိုတစ်ဦးက   ကယ်ဆယ်ထားတယ်ဆိုတာ   သိလိုက်ရတယ် ။  သမီးလဲ သွားစရာမရှိ့တာနဲ့    အဘွားအိမ်မှာ လအတော်ကြာအောင်   နေထိုင်ခဲ့တယ် ။ အဲ့ဒီမှာပဲ  အဘွားနဲ့  အနေကြာရင်း    သံယောဇဉ်တွေ   ဖြစ်မိကြတယ် ။ နောက်တော့ သူအကြောင်း  ကိုယ့်အကြောင်းလေးတွေ    ရင်ဖွင့်ရာကနေ    အဘွားက  အောက်လမ်းပညာသည်  ဆိုတာ  သိလိုက်ရတယ် ။  ဒီလိုသိလိုက်ရတာဟာ    ထွန်းထွန်းဦးတို့အတွက်   ကံဆိုးဖို့ ဖြစ်သွားခဲ့တယ် ။   အဘွားကို   အောက်လမ်းပညာရပ်တွေသင်ပေးဖို့     သမီးတောင်းဆိုခဲ့တယ် ။ အဘွားကလဲ  သင်ပေးခဲ့တယ် ။ ဒါပေမယ်  အောက်လမ်းပညာထဲက   တစ်ပွဲတိုး  အောက်လမ်းပညာရပ်ကိုပဲ    သင်ခွင့်ပြုခဲ့တယ် ။ ဒီပညာက  တစ်ကြိမ်တစ်ခါပဲ   အသုံးပြုရတယ် ။ တစ်ကြိမ်အသုံးပြုပြီးတာနဲ့  အောက်လမ်းပညာတွေ  သူကိုယ်က ထွက်သွားတယ် ။  ဒီပညာကို  မတတ်တဲ့ ရိုးရိုးလူ  တစ်ယောက်ပြန်ဖြစ်သွားတယ် ။ ကောင်းတာက   ဒီတစ်ပွဲတိုး  အောက်လမ်းပညာကို  ကမ္မဇိဒ္ဓ တန်ခိုးကြီးတဲ့ နတ်တွေက  စောင့်ရှောက်ကူညီပေးကြတယ် ။ ဒါကြောင့် တော်ရုံဆရာတစ်ယောက်အနေနဲ့  ကြားဝင် ဖြတ်ဆီးဖို့  မဖြစ်နိုင်ဘူး ” ဟုရှည်လျှားစွာ  ရှင်းပြလေသည် ။

  ဆရာကြီး  ဦးပွား…ခင်သုန်မျက်နှာကို  ကြည့်လိုက်တယ် ။ ခင်သုန်  မျက်နှာ  တည်ငြိမ်နေတယ် ။
တစ်ပွဲတိုးအောက်လမ်းပညာနဲ့  လူအသက်တွေကို  သေတဲ့အထိ  သူ့ရဲ့ရက်စက်တဲ့  လက်စားချေမူ့ကို   ဘယ်ပုဒ်မ   ဥပဒေနဲ့မှ   အရေးယူလို့  မရပေမယ့် …သံသရာထဲက  ဘဝတစ်ခုခုမှာတော့  မဖြစ်မနေပေးဆပ်ရမယ်ဆိုတာ    သိနေတဲ့မျက်နှာ …ဒီလိုအပြစ်ကြွေး   ဆပ်ရမယ့်အချိန်ကျရောက်လာရင်လည်း  ရဲရဲဝံ့ဝံ့  ခံယူလိုက်မယ်ဆိုတဲ့  မျက်နှာ မျိုးဆိုတာ  ဆရာကြီး  ဦးပွား  သတိပြုမိတယ် ။

” ပြီးခဲ့တာတွေ  ပြီးပါစေတော့    သမီးရယ်…အခုအချိန်ကစပြီး  ရတနာသုံးပါးကို   ကိုးကွယ်အားထားရာဟူ၍  ဆည်းကပ်ပူဇော်ပါ ။ ကံငါးပါးကို  လုံအောင်ထိန်းပါ ။ ကဲ…ဆရာကြီး    ပြန်မယ်…သမီး …”

ခင်သုန်  ဆရာကြီးကို  ပုဆစ်ဒူးတုပ်ပြီး   ထိခြင်းငါးပါးနဲ့  ကန်တော့တယ် ။  ဆရာကြီး  စကားကိုလည်း  မြေဝယ်မကြ  နားထောင်ပါမယ်လို့လည်း   ကတိပြုတယ် ။ ဆရာကြီး  ဦးပွား  ပြန်သွားချိန်မှာတော့  ခင်သုန်မျက်လုံးအိမ်က     မျက်ရည်တွေ  တပေါက်ပေါက်ကြလာတယ် ။ ဒီငိုကြွေးခြင်းဟာ   ကလဲ့စားချေလိုက်ရတဲ့အတွက်   ဝမ်းသာလွန်းလို့  ငိုကြွေးခြင်းလား …ဒါမှမဟုတ်   သံသရာ  ခရီးရှည်ကြီးကို   မျှော်တေွးရင်း   ကြောက်လှန့်လို့  ငိုကြွေးခြင်းလား  သူစိတ်ထဲ  နှလုံးသားထဲမှာ  ဘယ်လိုခံစားရမူ့မျိုးနဲ့  ငိုတဲ့ငိုကြွေးခြင်း  ဖြစ်မလဲ …ခင်သုန်က လွဲပြီး  ဘယ်သူမှ  သိနိုင်မည်မဟုတ်ပါဘူး…

                      ဆုံကြအုံးမယ်ကွယ်

                                 ထွဋ်ခေါင် ( အိမ်မဲ )