“တန်ပြန်ဝဋ်” (စ/ဆုံး)

“တန်ပြန်ဝဋ်” (စ/ဆုံး)

=======================

“အမေရေ,,,အဝတ်စားထုတ်ပိုးပြီးရင် သွားမယ်လေ,,
အရမ်း,နောက်ကျနေပြီး,,အမေမြေးကျောင်းကြိုပေးရအုန်းမယ် မြန်မြန်လုပ်”
“အေး..အေး လာပြီးသားရေ,,,”
သားဖြစ်သူ လပြည့်ရဲ့ စိတ်မရှည်စွာပြောလိုက်တဲ့စကားကို တစ်‌ခေါင်းလုံးဆံပင်ဖြူနေတဲ့အသက်၇၀ကျော်အရွယ်ခန့်သာ ရှိတဲ့ဒေါ်စိန်ချယ် တစ်ယောက် ပြန်လည်တုန့်ပြန်စကားပြောလိုက်သည်။ ကျလာတဲ့ မျက်ရည်တွေကိုလည်း လက်ကိုင်ပဝါ ဖြင့်အသာသုတ်လိုက်ကာ အခန်းထောင့်တစ်နေရာက ချိတ်ဆွဲထားတဲ့ မိသားစုပုံလေးအား ဖြုတ်ချလိုက်ပြီး ခရီးဆောင်အိတ်ထဲသို့ မသိမသာ ကောက်ထည့်လိုက်သည်။ ဒီခရီးကသူမအတွက် အပျော်ဘုရားဖူးသက်သက်မဟုတ်ပါ။ သားဖြစ်သူက အေးအေးချမ်းချမ်း တရားအားထုတ်ရန် ဘိုးဘွားရိပ်သာသို့ အခြေချဖို့ အတင်းအကျပ် ပြောဆိုတိုက်တွန်းနေတာကြောင့် မသွားချင်တဲ့ နေရာတစ်ခုကို သွားရတော့မည်ဖြစ်သည်။ မယားကြောက်ရတဲ့သား
ဖြစ်သူကိုလည်း စာနာနားလည်ပေးလို့ရပေမယ့်ရင်ထဲ
မှာတော့ မချိတရိ ခံစားနေရတော့သည်။
တုန်တုန်ချိချိ ခြေလမ်းတွေကလည်း မနိုင်မနင်း ခရီးဆောင်အိတ်အားဆွဲလာရင်းနဲ့ အိမ်ပြင်ရောက်တော့,,,,
“ပေးပေး သားကိုပေး ” သူမလက်ထဲ ဆွဲထားတဲ့
ခရီးဆောင်အိတ်အား ကားပေါ်မြန်မြန်တင်
ပေးလိုက်သည်။
“တီတီတီ…” သားဖြစ်သူရဲ့လက်ကိုင်ဖုန်းဝင်လာတော့
” အေးမိန်းမ,,,အခုပဲပို့မလို့ ပဲ,,,,ဒါပဲနော်,,,” ဖုန်း
ချလိုက်ပြီး
“တတ်တတ်အမေ သွားရအောင်” အရံသင့်ဖွင့်ထားတဲ့ ကားပေါ်သို့ သူမအား အသာထူပေးပြီး တင်ပေးလိုက်သည်။ ကားပေါ် ဒေါ်စိန်ချယ်ရောက်တော့ လပြည့်က
ကားတံခါးအား အသာပိတ်လိုက်ပြီး ကားပေါ်သို့ပြေးတတ်ကာ ခြံပြင်ဘက်သို့ မောင်းထွက်လိုက်သည်။
ဒေါ်စိန်ချယ် လည်း ကျန်ရစ်ခဲ့တဲ့ အိမ်ကြီးကို ငေးကြည့်ရင်း အတိတ်က ပုံရိပ်တို့ကလည်းဝိုးတဝါး ဖြစ်သာ။

“ခွမ်း”
“အမယ်လေး ,,,,ကုန်ပါပြီး ငါ့ပစ္စည်းတွေတော့”
အသံကြားရာသို့ စိန်ချယ် ကမန်းကတန်း ပြေးလာပြီ
” အမေရယ် ဘယ်လိုလုပ်လိုက်တုန်း ပန်ကန်းတွေ ကျကွဲကုန်ပြီး ”

“ဟို,,,ဟိုလေ သမီးတို့ အလုပ်ပိုနေမှာစိုးလို့ မဆေးရ
သေးတဲ့ ပန်းကန်တွေ ဆေးကျောရင်းက လက်ချော်ပြီး လွတ်ကျသွားတာပါ” မျက်နှာငယ်လေးဖြင့် ဒေါ်ခင်ပု တစ်ယောက် ချွေးမဖြစ်သူစိန်ချယ်အား ပြောလိုက်လေခြင်းဖြစ်သည်။

” အိမ်မှာ အေးအေးလူးလူး နေပါစမ်းပါတော် အမေတို့
ကို ပြောရတာ တမျိုး ၊ ကလေးတွေပြောဆိုရတာ
တမျိုး ..တကတည်းပဲ”
.
ပြောဆိုနေရင်း ကျကွဲသွားတဲ့ ပန်းကန်အပိုင်းအစများကို စိန်ချယ် လိုက်လံကောက်နေတုန်း လင်ယောက်ကျားဖြစ်သူ ရဲရင့် ရောက်လာလေသည်။

“အား,,,သေပါပြီး ” စိန်ချယ်အသံကြောင့် ရဲရင့်စိတ်ပူဟန်စွာဖြင့်…”ဟင်,,,,လက်မှာလည်း သွေးတွေနဲ့ပါလား,,,
,,အကိုဆေးထည့်ပေးမယ်”ပြောပြောဆိုဆိုနဲ့ ရဲရင့်
တစ်ယောက်ဆေးအိတ်ပြေးယူလိုက်ပြီး ပန်းကန်ပြားကွဲရှထားတဲ့ လက်အား ဆေးထည့်ပေးပြီး ပတ်တီးစည်းပေး
လိုက်တယ်။ ထိုမြင်ကွင်း မြင်ရတော့ ဒေါ်ခင်ပု ရင်ထဲ စိတ်မကောင်း ဖြစ်ရပြန်လေသည်၊ ဟိုနေ့က ရေချိုးခန်း
ချော်လှဲတုန်းကဆို သားဖြစ်သူရဲ့ စကားကို ပြန်ကြားမြင်ယောင်မိသည်။

” အမေတို့က အိမ်မှာနေရင်း ,,,,သတိလေးထားပြီး
နေမှပေါ့,,,ကံကောင်းထောက်မလို့ သာပေါ့,,,နောက်မို့ဆိုအရိုးကျိုးပဲ့ လို့ ပိုက်ဆံကုန်ရအုန်းမယ်,,,”

“အေးပါ သားရယ် ,,, အမေနောက်ဆို, သတိထားပြီး
နေပါမယ်,,, ” ထိုအဖြစ်ပျက်တွေကြောင့် ရင်နာခဲ့
ရပေမယ့် ခွင့်လွှတ်ခြင်းတစ်မျိုးနဲ့ပဲ သည်းခံလိုက်
တော့တယ်။

“ဘယ်လို ဖြစ်တာလဲ ချယ် ရယ်,,,,
“,ဘယ်လိုဖြစ်ရမှာလဲ ရှင်အမေပေါ့ အိမ်မှာအေးအေး
ဆေးဆေးကိုမနေဘူး ခုလည်းကြည့်လေသူ့ဘာသာ ပန်းကန်ဆေးရင် လွတ်ကျကုန်လို့ အကုန်အစစီ ပြန်
ကောက်နေရတာပေါ့,,,,”

စိန်ချယ်စကားသံကြားတော့ ရဲရင့်လည်း ဒေါ်ခင်ပု
ဘက်လှည့်ပြီး ” အမေတို့လည်း ကောင်းကောင်း
မွန်မွန်ထားရက်သားနဲ့ ငြိမ်ငြိမ်လေး နေမပေးစေ
ချင်လား,,,”

“သားတို့ ပင်ပန်း နေမှာစိုးလို့ အမေ ကူလုပ်ပေးမိတာပါ”

“အမေတို့ပြောလိုရင် ဒီအတိုင်းချည်းပဲ,,,အခုရော
အလုပ်တစ်ခုပိုလာတာပဲ အဖက်တင်တယ်၊ နောက်ဆိုဘာမှ မခိုင်းပဲ မလုပ်နဲ့ ကိုယ်ဘာသာ အေးဆေးနေ”

“အေးပါ,,,သားရယ်”

ဒေါ်ခင်ပု မျက်ဝန်းအိမ်ထဲက မျက်ရည်တွေ စို့လာပြီး
ကျလာမယ့် မျက်ရည်တွေကို မျက်တောင်ဖြင့် ပုက်ခက်သိမ်းဆည်းလိုက်သည်။ သူ့တို့ကျွေးရမယ့် အလှည့်ရောက်လာကြပြီးဆိုတော့ ဒေါ်ခင်ပုလည်း ပြန်ပြောနိုင်စွမ်းသြဇာအာဏ မရှိတော့ချေ။ဒေါ်ခင်ပုဆိုတာ တစ်ချိန်တုန်းက အလွန်ဆင်းရဲသူတစ်ယောက်ဖြစ်သည်။ သားဖြစ်သူရဲရင့်အား အလုပ်မျိုးစုံလုပ်ကိုင်ရှာဖွေပြီး ဆရာဝန်တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့သူဖြစ်သည်။ သားဖြစ်သူဆရာဝန်ဖြစ်လာတော့လည်း
ပိုက်ဆံရှိ စိန်ချယ်ဆိုတဲ့ အမျိုးသမီးနဲ့ လက်ထက်ပြီး
သူ့တို့အိမ်မှာ ပဲ နေထိုင်ကြလေသည်။ ဒေါ်ခင်ပုအတွက်တော့ ထိုအိမ်မှာ စိတ်ချမ်းသာစရာ တစ်ကွက်လေးမှ မရှိပေ။

“အဘွားရေ,,,,အဘွား ….ပုံပြောပြအုန်း”
“ငါမြေးလေး နားထောင်ချင်ရင် အဘွားပြောပြမှာပေါ့….လာလာမြေးလေး” အနားရောက်လာတဲ့ ၁၀နှစ်ခန့်အရွယ်သာရှိသေးတဲ့ မြေးဖြစ်သူ လပြည့်အား ဒေါ်ခင်ပု ပေါင်ပေါ် တင်ပေးလိုက်ပြီး ပုံပြင်များတစ်ပုဒ်ပြီး တစ်ပုဒ် ပြောပြလိုက်သည်။

” လပြည့်,,,,စာမကျတ်ပဲ ဘာလုပ်နေတုန်း,,,အခုချက်ချင်းစာသွားကျတ်,,,,,အလကားသက်သက် အချိန်ကုန်ခံနေတာ,,,,”

မိခင်ဖြစ်သူ စိန်ချယ် စကားမလွန်ဆန်နိုင်တာကြောင့်
လပြည့်လည်း ဒေါ်ခင်ပု ပေါင်ပေါ်က ဆင်းသွား
လိုက်သည်။ ဒေါ်ခင်ပုလည်း စိတ်မကောင်းစွာဖြစ်
ကျန်ရစ်ခဲ့တော့သည်။

” ဟဲ့,,,,လပြည့် လာခဲ့စမ်း ဒီပိုက်ဆံအုပ်ထဲက ၅၀၀၀
တန် တစ်ရွက်ယူသွားသေးလား,,,, “ဒေါသပုန်းထနေတဲ့အမေးကြောင့် လပြည့်လည်း အမှားလုပ်ထားအနေနဲ့
တုန်တုန်ယင်ယင် ဖြစ်နေလေသည်။
” ဟဲ့,,,ငါမေးနေတယ်လေ,,,,ယူထားသေးလားလို့”
” ဟုတ်,,,,သားယူထားပါတယ် မေမေ,,,အဘွားကို
ကန်တော့ချင်လိုပါ,,,”

“နင်အဲ့လို ခိုးတတ်တဲ့ အကျင့်တွေ ဘယ်က တတ်
လာတာလဲပြောစမ်း,,,,ငါမသိ‌အာင် ယူတာ နင်မှာ
မပြစ်ရှိိလား မရှိဘူးလား,,,”
“ဟုတ်,,,ဟုတ်ရှိပါတယ်”
“အဲ့ဆို လက်ပိုက်နေ”ပြောပြောဆိုဆို နဲ့ပဲ စိန်ချယ်
တစ်ယောက် အိမ်မှာ‌ အရံသင့်ရှိတဲ့နေတဲ့ ဝါးခြမ်း ပြား
ဖြင့် လပြည့် တင်ပါးအား အဆက်မပြက်ရိုက်လိုက်တော့သည်။
“ဖြန်းဖြန်း,,”
“ကြောက်ပါပြီး မေမေရဲ့ သား နောင်မယူရဲတော့ပါဘူး အီးဟီးဟီး,,,” မြေးဖြစ်သူ ရိုက်နှဲ့နေတာကြောင့် ဒေါ်ခင်ပုလည်း မကြည့်ရက်နိုင်
” တော်ပါတော့ သမီးရယ်,,,,မြေးလေးမှာ အပြစ်
မရှိပါဘူး,,, အမေ က ခေါက်ဆွဲကြော်လေးစားချင်
တယ်ဆိုလို့ သူ့ ယူမိတာနေမှာပါ,,,”
မြေးဖြစ်သူအပြစ်လွှတ်အောင် စကားဖာ ပေးလိုက်သည်။
” အမေစားချင်တယ်ဆိုပြောမှတော့ အခုတော့ မြေးဖြစ်သူ ခုတုံးလုပ် တာတော့ မကောင်းပါဘူး”

“ဟဲ့,,,,စိန်ချယ် ညည်းစကားက သိတ်မလွန်ဘူးလား
ငါမြေးကို ဘာမှခုံတုံးလုပ်စရာမလိုဘူး,,,ညည်းတို့ကရောဘာအလိုက်သိရှိလို့တုန်း,,,အမေ ဘာစားချင်သလဲ
ဘာဝတ်ချင်သလား ဘယ်နှစ်ခါမေးဖူးလို့လား,,,”
ဒေါ်ခင်ပုလည်း စိတ်ရ်ှိလက်ရှိပြောချလိုက်သည်။ စိန်ချယ်လည်း ဘာမှတုန့်မပြန်ပဲ ချာခနဲ လှည့်ထွက်သွားလေသည်။

” အကို,,,အကို,,, ကို တိုင်ပင်စရာရှိလို့,,,”

“ပြောလေ ချယ်,,,,ဘာတိုင်ပင်စရာရှိလို့လဲ,,,”

“ဒီလိုပါအကိုရယ်,,,အမေအတွက် အေးအေးချမ်း
ချမ်းလေးဖြစ်အောင် ရိပ်သာပို့ပေးရင် မကောင်း
ဘူးလားလို့,,,,ဒီမှာဆို အပူအပင်တွေနဲ့ အမေကို
စိန်ချယ် မကြည့်ရက်နိုင်ပါဘူး,,,,” ပလီပလာ စကားတွေကို ရဲရင့် ကတော့ ရိပ်မိမယ်မပေါ် ,,,” အကို သိထားတဲ့ ရိပ်သာဆိုတာ ဘိုးဘွားရိပ်သာပြောတာလားချယ်,,,”
“ဟုတ်တယ်လေအကိုရဲ့,,,အဲ့ဒီမှာ အမေတိို့လို့ ရွယ်တူ
အဖိုးအဘွားတွေအများကြီးပဲဆိုတော့အမေလည်း အဖော်ရတာပေါ့ မဟုတ်ဘူးလား,,,ဒီမှာဆို ချယ်တို့
လည်း ဂရုမစိုက်ဖြစ်ဘူး ”

“အင်း,,,ချယ်ပြောတာလည်း ဟုတ်သား,,,အကိုလည်း
အမေနဲ့တိုင်ပင်ကြည့်မယ််လေ,,,”

“အကိုအမေက လက်ခံပါမလားအကိုရယ်,,”
“ဘာလက်ခံစရာမရှိလို့တုန်း ချယ်ရဲ့,,,အဲ့ဒီမှာဆို
တရား ကောင်းကောင်းအားထုတ်လို့ရတာပေါ့.,,,”
ရဲရင့်စကားကြားလိုက်ရတော့ စိန်ချယ် မချိုပြုံး
လေးပြုံးလိုက်လေသည်။ သူ့တို့နှစ်ယောက်ပြောဆိုသံ
တွေကို ပုန်းလျှိုးကွယ်လျှိုးကြားလိုက်ရတဲ့စကား
ကြောင့် ဒေါ်ခင်ပု လွန်စွာဝမ်းနည်းသွားရလေသည်။ မနက်ရောက်တော့ သားဖြစ်သူရဲရင့်ရဲ့တိုက်တွန်း
မူကို ဒေါ်ခင်ပု မငြင်းဆန်တော့ပါ။ညကတည်းက
ကြိုတင်တွေးထားသည့် ကိစ္စမို့ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားခြင်းကြောင့်ဖြစ်သည်။သားမကောင်းလို့
အနှင်ခံဘဝရောက်တာ ဝဋ်ကြွေးတစ်ခုလို့ပဲ သတ်မှတ်
ချက်ချပြီး မည်သူမှ အပြစ်တင်စကားမပြောတော့ပဲ
တရားနဲ့ပဲ နှလုံးသွင်းမိလိုက်တော့သည်။
—————————————————
“အမေရေ,,,,ရှေ့အနားဆိုရောက်ပြီး,,,,”

သားဖြစ်သူ သတိ‌ပေးစကားကြားရတော့ အတွေးတွေပျောက်ကုန်ပြီး ကျလာတဲ့ မျက်ရည်တွေကိုလည်း သားဖြစ်သူ မမြင်အောင် သုတ်လိုက်ပြီး ။ ကြောက်စရာကောင်းတဲ့ ဝဋ်ကြွေးတစ်ခုရဲ့ တန်ပြန် မူကို စတင်ခံစားရတော့မည်ဖြစ်၍ သူမလည်း ကျေကျေနပ်နပ်ခံယူဖို့
အသင့်ပြင်ထားမိတော့သည်။

“အမေရယ် သမီးမှားခဲ့ပါတယ်,,,သမီးမိုက်ကို
ခွင့်လွှတ်ပါ,အမေ,,,,,,” မရှိိ‌တော့တဲ့ ယောက်က္ခမဖြစ်သူ ဒေါ်ခင်ပုအား တောင်းတရင်း,,,,,

(ပြီးပါပြီ)

စာရေးသူ- အလင်းရောင်

#crd