တမလွန် ဧည့်သည်(စ/ဆုံး)

Unicode Version

တမလွန် ဧည့်သည်(စ/ဆုံး)
———————————-
အိမ်ထောင်ရှင်မ နှစ်ယောက် စကားတပြောပြောနှင့်
နေပူကျဲထဲ လမ်းလျှောက်လာနေကြ၏။
သူမတို့နှစ်ယောက်က ” ကမ်းရိုးတန်း ” ရွာက၊
မလှသူမေ နှင့် မအေးအေးရီ တို့ပင်။
သူမတို့နှစ်ယောက်က မြို့ပေါ်တတ်ပြီး၊ ရွှေစအနည်းငယ်
ဝယ်ပြီး ပြန်လာကြခြင်းဖြစ်၏။
လက်ထဲမှာလည်း ကလေးများအတွက်ဝယ်ခဲ့သော၊ မုန့်
ထုပ်နှင့် အမဲသားအစိမ်းထုတ် ကိုယ်စီကိုင်လို့၊
ယခုက စပါးပေါ်ချိန်မို့ လယ်သမားဖြစ်ကြတဲ့ သူမတို့အဖို့
ငွေရွှင်သော အချိန်ဖြစ်၏။
ကားလမ်းနဲ့ ရွာက နာရီဝက်ကျော်နီးပါးသွားရတာမို့ သူမ
တို့ မောနေကြလေပြီ၊
ဒီကြားထဲ ပူလိုက်တဲ့နေက မေ့မျောလုမတတ်။
သူမတို့လာရင်း လူတစ်ရပ်စာ သံလွင်ပင်လေးတစ်ပင်ကို
တွေ့၍၊
” လှသူမေ၊ ကျုပ်တို့ ခဏ နားကြရအောင်၊ နေကလည်း
ပူလိုက်ပါဘိဟယ်၊
အိမ်ကလူတစ်ယောက် ကျုပ်ကို ဒေါပွနေလောက်ပြီ ”
ဒေါ်အေးအေးရီ က ထိုသို့ ပြောပြီး၊ သံလွင်ပင်လေး
အောက်မှာ ဝင်ထိုင်လိုက်၏။
” ဟုတ်ပါ့တော်၊ ဒီနေ့မှ နေ့တိုင်းထက် ပိုပူနေသလိုပဲ၊
အမဲသားတွေလည်း ချက်စရာမလိုပဲ ၊ ကျက်တော့မယ် ”
လှသူမေ လည်း အမဲသားထုပ်ကို မြှောက်ရင်းပြော၏။
“မောလိုက်တာဟယ်၊
ဒါနဲ့ လှသူမေ၊ နင်တို့မှာကော ဒီနှစ် စပါးကောင်းရဲ့လား
အေ့၊ ကျုပ်တှို့မှာတော့ သိပ်မကောင်းဘူး ”
” အင်း၊ ကျုပ်တို့မှာတော့၊ ကောင်းတယ်လို့ ပြောရမှာ
တော့၊
ဒီနှစ် စပါးကောင်းရင် ကျုပ်သား မောင်လှမြင့် ကို
ရှင်ပြုပေးမလို့တော့ ”
လှသူမေက သူမရဲ့ အရှေ့မှာ ရှိနေသော လယ်ကွင်းပြင်
ကို ငေးမောရင်းပြော၏။
” ကောင်းတာပေါ့အေ၊ နင်ပြောမှပဲ သတိထားမိတယ်၊
နင့်သား မောင်လှမြင့်လည်း မငယ်တော့ဘူးပဲ၊
ရှင်ပြုမဲ့ အရွယ်တောင်ရောက်နေပြီ၊
ငါတို့မှာတော့ ဒီနှစ်တော့ ရှင်ပြုနိုင်မှာ မဟုတ်တော့ဘူး၊
မနှစ်က ကိုခင်မောင့် အဖေ { သူမ၏ ယောက်ခမ } ကို
ဆေးကုရတဲ့ စရိုက်တွေက မနည်းဘူး၊
အဲ အကြွေးတွေကိုဆပ်လိုက်ရင် သိပ်ကျန်မှာ မဟုတ်ဘူး
အေ့ ”
ဤသို့နှင့် သူမတို့ နှစ်ယောက်လည်း စပ်မိစပ်ရာပြောကြ
ဆိုကြပြီး၊ ခဏအကြာတွင်၊
” အေးရီ၊ သွားကြမယ်လေ၊ တော်ကြာ၊ အိမ်ကလူ
ဒေါပွနေပါအုန်းမယ်၊
အိမ်မှာကလည်း သားလေး တစ်ယောက်တည်းရှိခဲ့
တာတော့ ”
လှသူမေက ပြောရင်း သူမ၏ ပစ္စည်းပစ္စယများကို တွဲလျား
ဆွဲလိုက်၏။
” အေး၊ အေး၊ သွားကြတာပေါ့ ”
လှသူမေ ထိုသံလွင်ပင် အောက်မှ ထွက်မလို့လုပ်တော့
ကျောထဲ စိမ့်ကနဲ ဖြစ်သွားပြီး၊
ကြက်သီးမွှေးညင်းများ ထသွား၏။
” ဟင်၊ ဘာဖြစ်တာတုန်း ”
သူမ စိတ်ထဲ ပြောလိုက်၏။
ထိုစဉ် သူမ သတိထားလိုက်မိသည်က သူမရဲ့ အမဲသား
ထုပ်မှာ နဂိုထက် ပိုမိုလေးလံ သွားခြင်းကိုပင်။
” အေးရီ၊ ကျုပ် အမဲသားထုပ်က အရမ်းလေးသွားသလိုပဲ
တော့၊
နဂို အလေးချိန်ထက် အလေးချိန်စီးသွားသလိုပဲ ”
“ဟုတ်လို့လားဟယ်၊ ငါ့ အမဲသားထုပ်တော့ ပုံမှန်ပဲအေ့ ”
“ကျုပ်လည်း မသိတော့ပါဘူး၊ အရမ်းလေးနေသလိုခံစား
နေရတယ် ”
“နင် စိတ်ထင်တာ နေမှာပါအေ ”
သူမတို့နှစ်ယောက် လာရင်း ရွာအဝင်ဝ ရောက်လာတော့
လှသူမေ ရဲ့သား မောင်လှမြင့်နှင့် အေးအေးရီရဲ့သား
ကျော်အေး တို့ အပြေးကလေး ရောက်လာကြ၏။
” ဟေ့သား၊ နေပူတယ်၊ အရမ်းပြေးလွှားမနေနဲ့၊
အပူမိပြီး ဖျားနေပါအုန်းမယ် ”
လှသူမေက သူမဆီ ပြေးလာနေတဲ့ သားဖြစ်သူအား
အော် ပြောလိုက်၏။
” အမေ၊ ပေးပေး၊ သား ကူထမ်းပေးမယ်၊ သား အတွက်
မုန့်ကော ပါရဲ့လားဗျ ”
မောင်လှမြင့်က မိခင်ဖြစ်သူလက်ထဲမှ အမဲသားထုပ်ကို
လှမ်းယူရင်း မေးလိုက်၏။
ထိုအချိန်၌ အေးအေးရီ တို့ သားမိနှစ်ယောက်ကား
ရွာလမ်းခွဲလေးအတိုင်း ထွက်သွားနှင့်ကြပြီဖြစ်၏။
” ပါ ပါ့တော်၊ ဒီမှာ သားအတွက် မုန့် ၊ ဒါနဲ့ သားအဖေ
ကော၊ လယ်တဲက ပြန်ရောက်ပြီလား ”
” မရောက်သေးဘူးအမေ ”
မောင်လှမြင့် လက်ထဲ အမဲသားထုပ် ရောက်သည်နှင့်
ချက်ချင်း အမူအရာပြောင်းသွား၏။
ဦးခေါင်းကို ငိုက်စိုက်ချပြီး၊ မျက်နှာကလည်း ညှိုးငယ်သွား
၏။
ပြီးသည်နှင့် မိခင်ဖြစ်သူ၏ အရှေ့မှ အလျင်မြန်စွာ
ပင် ထွက်သွား၍၊ လှသူမေ တစ်ယောက် မနည်းအမှီလိုက်
ရတော့၏။
အိမ်ရောက်သည်နှင့် မောင်လှမြင့် ၏ တစ်ခန္ဓာလုံး
ဟိန်းဟိန်းတောက် ပူလာပြီး၊ အပြင်း ဖျားပါတော့၏။
လှသူမေက သားဖြစ်သူရဲ့ နှဖူးကို စမ်းကြည့်တော့
အဖျားတတ်နေပြီဖြစ်ကြောင်း သိလိုက်ရ၍၊
စိုးရိမ်သွား၏။
” အောင်မလေး၊ သားလေး ကိုယ်တွေပူနေလိုက်တာ၊
အဲဒါ့ကြောင်း အမေ ပြောပါတယ်၊ နေပူထဲ မပြေးပါနဲ့လို့
ကဲ၊ ခုတော့ ဖြစ်ပြီ မလား ”
လှသူမေက သားဖြစ်သူအား စောင်ခြုံပေးရင်းပြော၏။
မောင်လှမြင့်ကား အင်း အဲ မလုပ်ပဲ ကိုယ်လက် မအီမသာ
ပုံစံဖြင့် မိခင်ဖြစ်သူအား အစိမ်းကြီးကြည့်နေ၏။
ခဏအကြာတွင် လှသူမေရဲ့ ယောကျာ်းဖြစ်သူ
ကိုမြင့်မောင် ရောက်လာ၏။
ခါးကြား တံစဉ်ကိုထိုးထားသလို၊ ဝါးခမောက်လေးကိုလည်း
ဆောင်းထားသေး၏။
နေပူထဲ စပါးရိုက်ပြီးလာတာမို့ ချွဲများပင် စိုရွှဲနေ၏။
ကိုမြင့်မောင် အရိပ်ထဲ အမောဖြေရင်း သားဖြစ်သူ
အိပ်ရာထဲ လှဲနေတာမြင်တော့ ……
” မိန်းမ၊ သားလေး ဘာဖြစ်တာလဲ၊ ဒီလောက် နေပူနေတာ
စောင်တွေ ခြုံလို့ပါလား ” ဟု မေးလိုက်၏။
ပြီးသည်နှင့် ကိုမြင့်မောင် က ဝါးခမောက်လေးနဲ့ လေခပ်
နေလိုက်၏။
” မသိပါဘူး ယောကျာ်းရယ်၊ ကျုပ် မြို့က ပြန်လာတုန်းက
အကောင်း၊
ကျုပ်လက်ထဲက အမဲသားထုပ်ကို ကိုင်ပြီးကတည်းက
သားလေး အမူအရာ ပြောင်းသွားပြီး၊
အိမ်ရောက်တာနဲ့ အပြင်း ဖျားတော့တာပဲ ”
လှသူမေ ပြောရင်းနှင့် မြို့က ဝယ်လာတဲ့ မုန့်ထဲက
တစ်ချို့ကို ကိုမြင့်မောင်အား ပေးရင်းပြော၏။
ကိုမြင့်မောင်လည်း မိန်းမဖြစ်သူ ကမ်းပေးတဲ့ မုန့်ကို
စားရင်း သားဖြစ်သူရဲ့ အနားသို့ကပ်ကာ ….
” သား၊ မောင်လှ၊ ဖျားတာလား၊ ရော့ မုန်းစားလိုက် ” ဟု
ပြောကာ ကမ်းပေးပေမဲ့၊ မောင်လှမြင့်ကား ဖခင်ဖြစ်သူအား
မကျေနပ်သည့် အမူအရာဖြင့် ကြည့်နေ၏။
သားဖြစ်သူရဲ့ အကြည့်ကြောင်း ကိုမြင့်မောင် နည်းနည်း
စိုးရိမ်သွား၏။
” သားလေး၊ မုန့်စားမလား၊ ဘာစားချင်လဲ အဖေ့ကို
ပြောလေ ” ဟု ပြောပြန်တော့၊
” မစားဘူး သွား ၊ အမဲသားပဲ စားချင်တယ် ” ဟု အော်
ပြောလိုက်ပါတော့၏။
” ဟင် ”
ကိုမြင့်မောင်ရော လှသူမေပါ လန့်သွား၏။
” သားလေး၊ သားလေး၊ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ
သား ရဲ့ ”
ကိုမြင့်မောင်တို့မှာက သားလေး တစ်ယောက်တည်း
ရှိတာမို့ မိဘနှစ်ပါးက ချစ်လိုက်ကြသည်မှာ၊
မျက်စိအောက်က အပျက်မခံဆိုသလိုမျိုးပင်။
မောင်လှမြင့်မှာ တငိုငို တရီရီနှင့် ဖြစ်လာပြီး၊ ခြေလက်
တွေ အေးစက်လာ၏။
” အမဲသား စားချင်တယ်၊ ကျုပ်ကို အမဲသား ချက်ကျွေး၊
အမဲသားစားရမှ နေကောင်းမှာ၊ အမဲသား ကျွေး ”
မောင်လှမြင့် ၏ အသံက ရုတ်တရက် လူကြီးတစ်ယောက်
၏ အသံကဲ့သို့ ဖြစ်နေ၍၊
လှသူမေ နားမလည်စွာဖြင့် စိုးရိမ်စိတ်တွေ အထွဋ်
အထိပ်ရောက်နေပေမဲ့၊
အခြေအနေကို ရိပ်မိသော ကိုမြင့်မောင် က …
” မိန်းမ လာခဲ့ အုန်း ” ဟု ပြောပြီး၊ သားဖြစ်သူနှင့် ခပ်ဝေး
ဝေးသို့ ခေါ်လာခဲ့၏။
” မိန်းမ၊ အမဲသား ဝယ်ပြီးလာတုန်းက၊ လမ်းမှာ တစ်ခုခု
ဖြစ်ခဲ့သေးလား ”
“အဲဒါတွေထားစမ်းပါတော့၊ ကျုပ် သားလေးအတွက်
စိတ်ပူလှပြီ၊ အရပ်ထဲက ဘိန်းတော ဆရာကြီး ဦးညို ကို
သွားခေါ်တော့မယ် ”
လှသူမေ က ပြောပြောဆိုဆိုနှင့် ထွက်သွားမည် လုပ်နေ၍
ကိုမြင့်မောင် ဆွဲထားလိုက်၏။
” မိန်းမ၊ နေစမ်းပါအုန်း၊ ငါမေးတာ ဖြေစမ်းပါအုန်း၊
သားလေးက ရိုးရိုး ဖျားနေတာ မဟုတ်ဘူးဟ ”
” ဟင်၊ ဒါဆို သားလေးက ဘာဖြစ်နေတာတုန်းတော့၊
မိန်းမ စိတ်ပူလှပြီ၊ ပြီးတော့ …
ယောကျာ်း ၊ ယောကျာ်း ဘယ်လို သိတာလဲ ”
ကိုမြင့်မောင် ခေါင်းကုတ်နေ၏။
” ငါမေးတာ ပဲ ဖြေစမ်းပါအုန်း ”
” ဘာမှတော့ မဖြစ်ခဲ့ဘူး ယောကျာ်းရဲ့၊ အင်း ဒါပေမဲ့
ရွာဆင်းလမ်း၊
ဦးတတ်လူတို့ လယ်ကွင်းနားက သံလွင်ပင် အောက်မှာ
တော့ ခဏနားခဲ့ကြတယ်၊
ဟုတ်ပြီ၊ ခုမှ သတိရတယ်တော့၊ ကျုပ်တို့ အပင်အောက်
က ထွက်တော့ ၊
အောင်မလေး ကျုပ်ရဲ့ အမဲသားထုပ်က လေးသွားတာမှ
ကျုပ်တောင် မနိုင်တနိုင် ဖြစ်သွားတယ်၊
ယောကျာ်းရဲ့ ”
” အင်း၊ ငါ သဘောပေါက်ပြီ၊ မိန်းမ လာခဲ့၊ ကြည့်နေ
ငါ့သား ဘာလို့ ဖျားနေရတာလဲ ဆိုတာ ”
ကိုမြင့်မောင် ထိုနေရာမှ သားဖြစ်သူ၏ အနားသို့ သွားပြန်
ကာ၊
” ဟေ့အကောင်၊ မင်း ဘယ်သူတုန်း၊ ဘာလို့ ငါသား
ခန္ဓာမှာ ခိုကပ်နေရတာတုန်း၊ခုချက်ချင်းထွက် ”
ကိုမြင့်မောင် ထိုသို့ အော်ပြောလိုက်တော့၊ လှသူမေ
နားမလည်နိုင် ဖြစ်နေပေမဲ့၊
မောင်လှမြင့်ကား ဝုန်းကနဲ ထကာ ငုတ်တုတ်ကြီး ထိုင်
လိုက်ပြီး၊
တဟီး ဟီး တဟင်းဟင်း ညဉ်းနေ၏။
” ငါက၊ သံလွင်ပင်မှာနေတဲ့ နင့်ရဲ့ တစ်ဝမ်းကွဲအစ်မ
ခင်နှင်းဆွေ ဟေ့ ၊ ခင်နှင်းဆွေ၊
ငါ အမဲသား စားချင်လို့ လိုက်လာတာ၊ နင် ငါ့ကို ကျွေးမှာ
လား မကျွေးဘူးလားပြော ” ဟု ပိုင်စိုးပိုင်နင်း အသံဖြင့်
ပြောပါတော့၏။
ထိုအခါမှ လှသူမေ သဘောပေါက်သွားပါတော့၏။
ဦးတတ်လူ { သံလွင်ပင်ရှိတဲ့ လယ်ကွင်းပိုင်ရှင် } နှင့်
ကိုမြင့်မောင်၏ အစ်မဝမ်းကွဲ ခင်နှင်းဆွေတို့က ငယ်ငယ်
လေးကတည်းက အိမ်ထောင်ကျခဲ့ကြပြီး၊
သားသမီး မထွန်းကားခဲ့ချေ။
သူတို့ လင်မယားက ကပ်စေးလည်းနှဲသလို တစ်ရွာလုံးနဲ့
တစ်ယောက်ဆိုသလို ပင်ဖြစ်၏။
ဒါပေမဲ့ ကိုမြင့်မောင် ငယ်စဉ်က သူတို့လင်မယားမှာ သား
တစ်ယောက်လို ချစ်ခဲ့ကြပေမဲ့၊
အရွယ်ရောက်လာတော့ ဘာလို့ လဲမသိ၊ အမြင်မကြည်
ဖြစ်လာကာ ဝေးဝေးရှောင်ကြ၏။
ဒါပေမဲ့ ဒေါ်ခင်နှင်းဆွေ ကွယ်လွန်သွားသည်မှာ
နှစ်အနည်းငယ်ပင် ကြာခဲ့ပြီဖြစ်၍၊
ကိုမြင့်မောင် က မယုံပဲ …..
” ဘာ၊ အမဲသား စားချင်လို့ဟုတ်လား၊ ပါးတွေနားတွေကို
ရိုက်ထည့်လိုက်ရ ”
ကိုမြင့်မောင် ထိုသို့ ပြောပြီး၊ ရိုက်မည့် လက်ဟန်ဖြင့်ပြ၏။
” ဘာ၊ နင့်က ငါ့ကို ရိုက်မယ်၊ ဟုတ်လား၊ အောင်မာ၊
ငါ ထိန်းကျောင်းလာလို့ ကြီးပြင်းလာတဲ့ အကောင်ကများ လာခဲ့လေ၊ ပါးရိုးကျိုးချင်နေပြီလား ”
ရုတ်တရက် သားဖြစ်သူ၏ စကားကြောင်း ကိုမြင့်မောင်
နည်းနည်းလန့်သွား၏။
” ယောကျာ်း ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ၊
သားလေး တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်တော့ ”
” မိန်းမ၊ ဘာမှ မပူနဲ့ ဘာလုပ်ရမလဲငါသိတယ် ”
ကိုမြင့်မောင်က မိန်းမ ဖြစ်သူအား မစိုးရိမ်ဖို့ ပြောပြီး၊
သားဖြစ်သူဘက် လှည့်ကာ
” ရွာအဝင်လမ်းက သံလွင်ပင်လေးမှာ နေတာပေါ့၊
အမဲသားစားချင်လို့ လိုက်လာတယ်ပေါ့၊ ဟုတ်လား ၊
ဒါဆို အေးအေးရီ ရဲ့ နောက်သို့ မလိုက်ပဲ၊
ဘာလို့ လှသူမေရဲ့ နောက်ကို လိုက်လာရတာတုန်း ” ဟု
မေးလိုက်၏။
” ဟေ့ မြင့်မောင်၊ အေးအေးရီ ရဲ့ ယောကျာ်းက
ရွှေယံကျော်ဟေ့၊ ပြီးတော့ ကြမ်းလည်းကြမ်းသေး၊
နင်က ငါ့သားလေးလိုပဲလေ၊ ငါ အမဲသား မစားရတာ
ကြာပြီ၊ ငါ့ကို အမဲသား ကျွေးစမ်းပါ ”
” အမဲသားစားချင်တယ်ပေါ့၊ စားရမယ်၊ စောင့်နေ ”
ကိုမြင့်မောင် ထိုသို့ ပြောပြီး မိန်းမ ဖြစ်သူအား၊
” မိန်းမ၊ သားလေးကို ခဏ ကြည့်ထား၊ ငါ လယ်ထဲ
ခဏ သွားလိုက် အုန်းမယ်၊
အမဲသားစား ချင်တဲ့အကောင်ကို၊ ကျွေးရတာပေါ့ ”
ကိုမြင့်မောင် အိမ်မှ လျင်မြန်စွာ ထွက်လာပြီး၊ လယ်တဲသို့
သွားကာ ကောက်ရိုးတစ်စည်း ထမ်းပြီး၊
သူနဲ့အတူ စပါးသိမ်းနေတဲ့ ကောင်လေး နှစ်ယောက်ကို
လည်း တစ်ယောက်တစ်စည်း ထမ်းခိုင်း၏။
ပြီးသည်နှင့် သံလွင်ပင်လေးရှိရာသို့သွားကာ၊
သံလွင်ပင်အား ကောက်ရိုးဖြင့် ပုံပြီး မီးရှို့လိုက်ပါတော့၏။
ထိုအချိန် ၊ ကိုမြင့်မောင် ၏ အိမ်၌ …..
” အောင်မလေး၊ ပူလိုက်တာ၊ ပူလိုက်တာ၊ ငါ့ အိမ်
{ အပင်} ကို ဘယ်သူမီးရှို့နေတာလဲ၊ ပူလိုက်တာ ”
မောင်လှမြင့် တစ်ယောက် ထိုသို့အော်ဟစ်ကာ အိပ်ရာထဲ
လူးလှိမ့်နေပါတော့၏။
” သား၊ သားလေး၊ ဘာဖြစ်တာလဲ သားလေးရယ် ”
လှသူမေ တစ်ယောက် ငိုမဲ့မဲ့ ဖြစ်နေပါတော့၏။
” အားးးးး၊ ပူတယျ၊ ပူတယျ၊ အားးးးး ”
“ဝုန်း ”
မောင်လှမြင့် ဝုန်းကနဲလဲကာ ငြိမ်သွားပါတော့၏။
” သား၊ သား၊ သားလေး၊ သားလေး ”
“ဟင်၊ အမေ၊ သား အိမ်ကို ဘယ်လို ရောက်နေတာလဲ၊
စောနက လမ်းထိပ်မှာ အမေ့ကို စောင့်နေတာလေ ”
မောင်လှမြင့် ဘာမှ မမှတ်မိတော့ပေ။
ခဏအကြာ ကိုမြင့်မောင် ပြန်ရောက်လာ၏။
တစ်ကိုယ်လုံးလည်း ချွဲတွေစိုရွှဲလို့၊
ခန္ဓာမှာလည်း ကောက်ရိုးတွေနှင့်။
” မိန်းမ၊ ဘယ်လိုလဲ၊ အမဲသား စားချင်တဲ့ ဟာမ ထွက်
သွားပြီလား ”
” ယောကျာ်း၊ ယောကျာ်း ဘာလုပ်လိုက်တာလဲ၊ စောနက
သားလေး ထ အော်တာ၊ ကျုပ် ဖြင့် စိတ်ပူလွန်းလို့ သေရ
ချေရဲ့၊
ပူတယ်၊ ပူတယ်၊ အော်ပြီးမှ ထွက်သွားတာ”
“ဟား၊ဟား၊ ဟား၊ မြင့်မောင် ကို ဘာမှတ်နေလဲ၊
ဟား၊ဟား၊ဟား ”
ကိုမြင့်မောင် သဘောကျစွာရယ်လိုက်၏။
ထိုအချိန်၌၊
ဦးတင့်လူ တစ်ယောက် ဓားမကိုကိုင်ပြီး၊ ဒေါသတစ်ကြီး
ကိုမြင့်မောင် ရဲ့ အိမ်ရှေ့သို့ ရောက်ချလာပါတော့၏။
” မြင့်မောင်၊ မင်း ထွက်ခဲ့စမ်း၊ ခု ထွက်ခဲ့စမ်း ”
အော်သံကြောင်း ကိုမြင့်မောင် လည်း အိမ်အောက်
ဆင်းလာခဲ့၏။
” ဟ၊ ဦးတင့်လူပါလား၊ ဘာများ ဖြစ်လာလို့တုန်း ”
ကိုမြင့်မောင် အေးဆေးစွာဖြင့်မေးလိုက်၏။
” ဘာဖြစ်ရမလဲကွ၊ မင်း ငါ့လယ်အစွန်က၊ သံလွင်ပင်ကို
မီးရှို့လိုက်တာလေ၊
အဲဒါကို ငါ မကျေနပ်ဘူး၊ အဲ ကိစ္စရှင်းစမ်း ”
ဦးတင့်လူ ရဲ့ ပုံစံက ဒေါသကြောင်း ထင်ပါရဲ့၊
မျက်နှာတစ်ခုလုံး နီရဲနေ၏။
” ယော်၊ ခတ်တော့တာပဲ၊ အဲ အပင်က အကောင်က ကျုပ်
သားဆီမှာ ဝင်ပူးလို့ ကျုပ်က မီးရှို့ပစ်တာလေ၊
ဘာများ မှားလို့တုန်း ”
” မှားတယ်ကွ၊ မှားတယ်၊ အဲ အပင်မှာ ငါ့မိန်းမ
ခင်နှင်းဆွေ နေတာကွ၊
မင်းက သူနေတဲ့ အပင်ကို မီးရှို့လိုက်တော့၊ ခု သူ့မှာနေ
စရာ မရှိတော့ဘူး၊
ငါ့ လယ်က ကောင်လေးတွေကို ဝင်ပူးနေပြီ”
” အော်၊ ဒါဆို အဲအပင်မှာ ခင်ဗျားရဲ့မိန်းမ နေတာကို
ခင်ဗျားသိတယ်ပေါ့လေ”
ဦးတင့်လူ မဖြေ။
” ခင်ဗျား ဖြေလေ၊ ဘာလို့ မဖြေတော့တာလဲ ”
ကိုမြင့်မောင် ၏ အသံက မြင့်လာ၏။
” ဘာလဲ၊ ခင်ဗျား မဖြေရဲဘူးမလား ”
” ဟုတ်တယ်ကွာ၊ အဲ အပင်မှာ ငါ့မိန်းမနေတယ်၊
ငါလည်း သိတယ်၊ ပြောရရင် ငါ နေခိုင်းထားတာ၊
အဲတော့ ဘာဖြစ်လဲ ”
ဦးတင့်လူ ပိုပြီး ဒေါသ ထွက်လာသည်ထင့်၊
လက်ထဲက ဓားကို ရှေ့သို့တိုးယူလာ၏။
” ဒါဆို၊ ခင်ဗျား၊ ခင်ဗျားက သရဲ မွေးထားတယ်ပေါ့လေ”
” ဟုတ်တယ်၊ ငါက သရဲမွေးထားတယ်၊ ငါ့လယ်တွေ
စပါးအထွက်တိုးအောင် ငါ့မိန်းမ ခင်နှင်းဆွေ စောင့်
ရှောက်ပေးနေတာကွ၊
ဒီမှာ ယေ့ကောင် ငါ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး၊
မင်း ငါ့မိန်းမ ကို စိတ်ကျေနပ်အောင် တောင်းပန်ပါ၊
မဟုတ်ရင်တော့ တင့်လူ အကြောင်း ကောင်းကောင်းကြီး
သိစေရမယ်၊
တောက်!
ဦးတင့်လူ တောက်ခေါက်လျက် ၊ မကျေနပ်သော အကြည့်
ဖြင့် ကြည့်ကာ ထွက်သွားပါတော့၏။
******* ****** ********
ထိုနေ့ည …. နေဝင်ရီတရော အချိန် အမဲသားချက်
ထည့်ထားတဲ့ ခေါခွက်ကိုတစ်ဖက်၊ ဓားမ ကို တစ်ဖက်
ကိုင်ကာ၊
ကိုမြင့်မောင် တစ်ယောက်၊ နေ့လည်က ကောက်ရိုးစုပြီး
သူ မီးရှို့ခဲ့တဲ့၊
သံလွင်ပင်လေး ရှိရာသို့ ရောက်လာခဲ့၏။
သံလွင်ပင်လေးမှာ မီးဒဏ်ကြောင့် ပင်စည်မျှသာရှိတော့
ပြီ ဖြစ်၏။
ကိုမြင့်မောင်က သူ့သဘောအရ ဆိုလျှင် ခေါစာ ပစ်ဖို့
နေနေသာ သံလွင်ပင်လေးကို အမြစ်ပါမကျန်ရအောင်
တူးပစ်ချင်၏။
သို့သော်လည်း မိန်းမ ဖြစ်သူ လှသူမေ၏ အတင်းတိုက်
တွန်းမှု့ကြောင်း ခေါစာပစ်ရန် ရောက်လာရခြင်းဖြစ်၏။
စိတ်ပါလှ၍ တော့ မဟုတ်ပေ။
” ဘုတ် ”
သံလွင်ပင်ရဲ့ ပင်စည် အောက်မှာ ခေါခွက်ကို ပစ်ချလိုက်
၏။
” အမဲသားစားချင်နေတဲ့ အကောင်၊ စား အဲမှာ၊
ကျွေးချင်လွန်းလို့တော့ မမှတ်နဲ့၊
အေး၊ နောက်ဆို မြင့်မောင် ရဲ့ မိသားစုနဲ့ဝေးဝေးရှောင်ပါ
နို့ မဟုတ်ရင်တော့၊
မီးရှို့ရုံတင်မကဘူး၊ အပင် အောက်ခြေကနေ အမြစ်ပါ
မကျန်တူးပစ်မှာ၊
ခုလည်း၊ စားချင်စား မစားချင်နေ၊
ကျုပ်နောက်က လိုက်ခြောက်မယ် မကြံနဲ့နော်၊
နောက်တစ်ခါထပ်သေနေမှ အဆိုးမဆိုနဲ့ ”
ကိုမြင့်မောင် ထိုသို့ ပြောပြီး ထွက်လာခဲ့တော့၏။
” ချွတ်၊ ချွတ်၊ ချွတ် ”
ကိုမြင့်မောင်၏ နောက်မှ ခြေသံလိုလို အသံတစ်ခု ကြား
လိုက်ရ၍၊
” လိုက်မလာနဲ့နော်၊ ဓားနဲ့ အနုတ်နုတ် စင်းပစ်မယ်၊
လိုက်ရဲ လိုက်ကြည့် ” ဟု ပြောလိုက်တော့၊
တချွတ်ချွတ်မြည်သံလည်း တိတ်သွားတော့၏။
ကိုမြင့်မောင် အိမ်ပြန်ရောက်တဲ့ အချိန်မှာ အရာအားလုံးက
ပုံမှန်ဖြစ်နေပေမဲ့၊
သူတို့ မမြင်တဲ့ တစ်နေရာမှာကား၊
မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ ” တမလွန် ဧည့်သည် ”
ဒေါ်ခင်နှင်းဆွေ တစ်ယောက် ဒေါသထွက် စိတ်ဆိုးနေမှာ
ဧကန်ပင်။
***** **** ***** ***** ******
{ ပြီးပါပြီ }
ရွှင်လန်းချမ်းမြေ့ကြပါစေ။
လေးစားစွာဖြင့် = wizard { ဝိဇ္ဇာ }

Zawgyi Version

တမလြန္ ဧည့္သည္(စ/ဆံုး)
———————————-
အိမ္ေထာင္ရွင္မ ႏွစ္ေယာက္ စကားတေျပာေျပာႏွင့္
ေနပူက်ဲထဲ လမ္းေလွ်ာက္လာေနၾက၏။
သူမတို႔ႏွစ္ေယာက္က ” ကမ္း႐ိုးတန္း ” ႐ြာက၊
မလွသူေမ ႏွင့္ မေအးေအးရီ တို႔ပင္။
သူမတို႔ႏွစ္ေယာက္က ၿမိဳ႕ေပၚတတ္ၿပီး၊ ေ႐ႊစအနည္းငယ္
ဝယ္ၿပီး ျပန္လာၾကျခင္းျဖစ္၏။
လက္ထဲမွာလည္း ကေလးမ်ားအတြက္ဝယ္ခဲ့ေသာ၊ မုန္႔
ထုပ္ႏွင့္ အမဲသားအစိမ္းထုတ္ ကိုယ္စီကိုင္လို႔၊
ယခုက စပါးေပၚခ်ိန္မို႔ လယ္သမားျဖစ္ၾကတဲ့ သူမတို႔အဖို႔
ေငြ႐ႊင္ေသာ အခ်ိန္ျဖစ္၏။
ကားလမ္းနဲ႔ ႐ြာက နာရီဝက္ေက်ာ္နီးပါးသြားရတာမို႔ သူမ
တို႔ ေမာေနၾကေလၿပီ၊
ဒီၾကားထဲ ပူလိုက္တဲ့ေနက ေမ့ေမ်ာလုမတတ္။
သူမတို႔လာရင္း လူတစ္ရပ္စာ သံလြင္ပင္ေလးတစ္ပင္ကို
ေတြ႕၍၊
” လွသူေမ၊ က်ဳပ္တို႔ ခဏ နားၾကရေအာင္၊ ေနကလည္း
ပူလိုက္ပါဘိဟယ္၊
အိမ္ကလူတစ္ေယာက္ က်ဳပ္ကို ေဒါပြေနေလာက္ၿပီ ”
ေဒၚေအးေအးရီ က ထိုသို႔ ေျပာၿပီး၊ သံလြင္ပင္ေလး
ေအာက္မွာ ဝင္ထိုင္လိုက္၏။
” ဟုတ္ပါ့ေတာ္၊ ဒီေန႔မွ ေန႔တိုင္းထက္ ပိုပူေနသလိုပဲ၊
အမဲသားေတြလည္း ခ်က္စရာမလိုပဲ ၊ က်က္ေတာ့မယ္ ”
လွသူေမ လည္း အမဲသားထုပ္ကို ေျမႇာက္ရင္းေျပာ၏။
“ေမာလိုက္တာဟယ္၊
ဒါနဲ႔ လွသူေမ၊ နင္တို႔မွာေကာ ဒီႏွစ္ စပါးေကာင္းရဲ႕လား
ေအ့၊ က်ဳပ္တိႈ႕မွာေတာ့ သိပ္မေကာင္းဘူး ”
” အင္း၊ က်ဳပ္တို႔မွာေတာ့၊ ေကာင္းတယ္လို႔ ေျပာရမွာ
ေတာ့၊
ဒီႏွစ္ စပါးေကာင္းရင္ က်ဳပ္သား ေမာင္လွျမင့္ ကို
ရွင္ျပဳေပးမလို႔ေတာ့ ”
လွသူေမက သူမရဲ႕ အေရွ႕မွာ ရွိေနေသာ လယ္ကြင္းျပင္
ကို ေငးေမာရင္းေျပာ၏။
” ေကာင္းတာေပါ့ေအ၊ နင္ေျပာမွပဲ သတိထားမိတယ္၊
နင့္သား ေမာင္လွျမင့္လည္း မငယ္ေတာ့ဘူးပဲ၊
ရွင္ျပဳမဲ့ အ႐ြယ္ေတာင္ေရာက္ေနၿပီ၊
ငါတို႔မွာေတာ့ ဒီႏွစ္ေတာ့ ရွင္ျပဳႏိုင္မွာ မဟုတ္ေတာ့ဘူး၊
မႏွစ္က ကိုခင္ေမာင့္ အေဖ { သူမ၏ ေယာက္ခမ } ကို
ေဆးကုရတဲ့ စ႐ိုက္ေတြက မနည္းဘူး၊
အဲ အေႂကြးေတြကိုဆပ္လိုက္ရင္ သိပ္က်န္မွာ မဟုတ္ဘူး
ေအ့ ”
ဤသို႔ႏွင့္ သူမတို႔ ႏွစ္ေယာက္လည္း စပ္မိစပ္ရာေျပာၾက
ဆိုၾကၿပီး၊ ခဏအၾကာတြင္၊
” ေအးရီ၊ သြားၾကမယ္ေလ၊ ေတာ္ၾကာ၊ အိမ္ကလူ
ေဒါပြေနပါအုန္းမယ္၊
အိမ္မွာကလည္း သားေလး တစ္ေယာက္တည္းရွိခဲ့
တာေတာ့ ”
လွသူေမက ေျပာရင္း သူမ၏ ပစၥည္းပစၥယမ်ားကို တြဲလ်ား
ဆြဲလိုက္၏။
” ေအး၊ ေအး၊ သြားၾကတာေပါ့ ”
လွသူေမ ထိုသံလြင္ပင္ ေအာက္မွ ထြက္မလို႔လုပ္ေတာ့
ေက်ာထဲ စိမ့္ကနဲ ျဖစ္သြားၿပီး၊
ၾကက္သီးေမႊးညင္းမ်ား ထသြား၏။
” ဟင္၊ ဘာျဖစ္တာတုန္း ”
သူမ စိတ္ထဲ ေျပာလိုက္၏။
ထိုစဥ္ သူမ သတိထားလိုက္မိသည္က သူမရဲ႕ အမဲသား
ထုပ္မွာ နဂိုထက္ ပိုမိုေလးလံ သြားျခင္းကိုပင္။
” ေအးရီ၊ က်ဳပ္ အမဲသားထုပ္က အရမ္းေလးသြားသလိုပဲ
ေတာ့၊
နဂို အေလးခ်ိန္ထက္ အေလးခ်ိန္စီးသြားသလိုပဲ ”
“ဟုတ္လို႔လားဟယ္၊ ငါ့ အမဲသားထုပ္ေတာ့ ပုံမွန္ပဲေအ့ ”
“က်ဳပ္လည္း မသိေတာ့ပါဘူး၊ အရမ္းေလးေနသလိုခံစား
ေနရတယ္ ”
“နင္ စိတ္ထင္တာ ေနမွာပါေအ ”
သူမတို႔ႏွစ္ေယာက္ လာရင္း ႐ြာအဝင္ဝ ေရာက္လာေတာ့
လွသူေမ ရဲ႕သား ေမာင္လွျမင့္ႏွင့္ ေအးေအးရီရဲ႕သား
ေက်ာ္ေအး တို႔ အေျပးကေလး ေရာက္လာၾက၏။
” ေဟ့သား၊ ေနပူတယ္၊ အရမ္းေျပးလႊားမေနနဲ႔၊
အပူမိၿပီး ဖ်ားေနပါအုန္းမယ္ ”
လွသူေမက သူမဆီ ေျပးလာေနတဲ့ သားျဖစ္သူအား
ေအာ္ ေျပာလိုက္၏။
” အေမ၊ ေပးေပး၊ သား ကူထမ္းေပးမယ္၊ သား အတြက္
မုန္႔ေကာ ပါရဲ႕လားဗ် ”
ေမာင္လွျမင့္က မိခင္ျဖစ္သူလက္ထဲမွ အမဲသားထုပ္ကို
လွမ္းယူရင္း ေမးလိုက္၏။
ထိုအခ်ိန္၌ ေအးေအးရီ တို႔ သားမိႏွစ္ေယာက္ကား
႐ြာလမ္းခြဲေလးအတိုင္း ထြက္သြားႏွင့္ၾကၿပီျဖစ္၏။
” ပါ ပါ့ေတာ္၊ ဒီမွာ သားအတြက္ မုန္႔ ၊ ဒါနဲ႔ သားအေဖ
ေကာ၊ လယ္တဲက ျပန္ေရာက္ၿပီလား ”
” မေရာက္ေသးဘူးအေမ ”
ေမာင္လွျမင့္ လက္ထဲ အမဲသားထုပ္ ေရာက္သည္ႏွင့္
ခ်က္ခ်င္း အမူအရာေျပာင္းသြား၏။
ဦးေခါင္းကို ငိုက္စိုက္ခ်ၿပီး၊ မ်က္ႏွာကလည္း ညႇိဳးငယ္သြား
၏။
ၿပီးသည္ႏွင့္ မိခင္ျဖစ္သူ၏ အေရွ႕မွ အလ်င္ျမန္စြာ
ပင္ ထြက္သြား၍၊ လွသူေမ တစ္ေယာက္ မနည္းအမွီလိုက္
ရေတာ့၏။
အိမ္ေရာက္သည္ႏွင့္ ေမာင္လွျမင့္ ၏ တစ္ခႏၶာလုံး
ဟိန္းဟိန္းေတာက္ ပူလာၿပီး၊ အျပင္း ဖ်ားပါေတာ့၏။
လွသူေမက သားျဖစ္သူရဲ႕ ႏွဖူးကို စမ္းၾကည့္ေတာ့
အဖ်ားတတ္ေနၿပီျဖစ္ေၾကာင္း သိလိုက္ရ၍၊
စိုးရိမ္သြား၏။
” ေအာင္မေလး၊ သားေလး ကိုယ္ေတြပူေနလိုက္တာ၊
အဲဒါ့ေၾကာင္း အေမ ေျပာပါတယ္၊ ေနပူထဲ မေျပးပါနဲ႔လို႔
ကဲ၊ ခုေတာ့ ျဖစ္ၿပီ မလား ”
လွသူေမက သားျဖစ္သူအား ေစာင္ၿခဳံေပးရင္းေျပာ၏။
ေမာင္လွျမင့္ကား အင္း အဲ မလုပ္ပဲ ကိုယ္လက္ မအီမသာ
ပုံစံျဖင့္ မိခင္ျဖစ္သူအား အစိမ္းႀကီးၾကည့္ေန၏။
ခဏအၾကာတြင္ လွသူေမရဲ႕ ေယာက်ာ္းျဖစ္သူ
ကိုျမင့္ေမာင္ ေရာက္လာ၏။
ခါးၾကား တံစဥ္ကိုထိုးထားသလို၊ ဝါးခေမာက္ေလးကိုလည္း
ေဆာင္းထားေသး၏။
ေနပူထဲ စပါး႐ိုက္ၿပီးလာတာမို႔ ခြၽဲမ်ားပင္ စို႐ႊဲေန၏။
ကိုျမင့္ေမာင္ အရိပ္ထဲ အေမာေျဖရင္း သားျဖစ္သူ
အိပ္ရာထဲ လွဲေနတာျမင္ေတာ့ ……
” မိန္းမ၊ သားေလး ဘာျဖစ္တာလဲ၊ ဒီေလာက္ ေနပူေနတာ
ေစာင္ေတြ ၿခဳံလို႔ပါလား ” ဟု ေမးလိုက္၏။
ၿပီးသည္ႏွင့္ ကိုျမင့္ေမာင္ က ဝါးခေမာက္ေလးနဲ႔ ေလခပ္
ေနလိုက္၏။
” မသိပါဘူး ေယာက်ာ္းရယ္၊ က်ဳပ္ ၿမိဳ႕က ျပန္လာတုန္းက
အေကာင္း၊
က်ဳပ္လက္ထဲက အမဲသားထုပ္ကို ကိုင္ၿပီးကတည္းက
သားေလး အမူအရာ ေျပာင္းသြားၿပီး၊
အိမ္ေရာက္တာနဲ႔ အျပင္း ဖ်ားေတာ့တာပဲ ”
လွသူေမ ေျပာရင္းႏွင့္ ၿမိဳ႕က ဝယ္လာတဲ့ မုန္႔ထဲက
တစ္ခ်ိဳ႕ကို ကိုျမင့္ေမာင္အား ေပးရင္းေျပာ၏။
ကိုျမင့္ေမာင္လည္း မိန္းမျဖစ္သူ ကမ္းေပးတဲ့ မုန္႔ကို
စားရင္း သားျဖစ္သူရဲ႕ အနားသို႔ကပ္ကာ ….
” သား၊ ေမာင္လွ၊ ဖ်ားတာလား၊ ေရာ့ မုန္းစားလိုက္ ” ဟု
ေျပာကာ ကမ္းေပးေပမဲ့၊ ေမာင္လွျမင့္ကား ဖခင္ျဖစ္သူအား
မေက်နပ္သည့္ အမူအရာျဖင့္ ၾကည့္ေန၏။
သားျဖစ္သူရဲ႕ အၾကည့္ေၾကာင္း ကိုျမင့္ေမာင္ နည္းနည္း
စိုးရိမ္သြား၏။
” သားေလး၊ မုန္႔စားမလား၊ ဘာစားခ်င္လဲ အေဖ့ကို
ေျပာေလ ” ဟု ေျပာျပန္ေတာ့၊
” မစားဘူး သြား ၊ အမဲသားပဲ စားခ်င္တယ္ ” ဟု ေအာ္
ေျပာလိုက္ပါေတာ့၏။
” ဟင္ ”
ကိုျမင့္ေမာင္ေရာ လွသူေမပါ လန္႔သြား၏။
” သားေလး၊ သားေလး၊ ဘာျဖစ္တာလဲ၊ ဘာျဖစ္တာလဲ
သား ရဲ႕ ”
ကိုျမင့္ေမာင္တို႔မွာက သားေလး တစ္ေယာက္တည္း
ရွိတာမို႔ မိဘႏွစ္ပါးက ခ်စ္လိုက္ၾကသည္မွာ၊
မ်က္စိေအာက္က အပ်က္မခံဆိုသလိုမ်ိဳးပင္။
ေမာင္လွျမင့္မွာ တငိုငို တရီရီႏွင့္ ျဖစ္လာၿပီး၊ ေျခလက္
ေတြ ေအးစက္လာ၏။
” အမဲသား စားခ်င္တယ္၊ က်ဳပ္ကို အမဲသား ခ်က္ေကြၽး၊
အမဲသားစားရမွ ေနေကာင္းမွာ၊ အမဲသား ေကြၽး ”
ေမာင္လွျမင့္ ၏ အသံက ႐ုတ္တရက္ လူႀကီးတစ္ေယာက္
၏ အသံကဲ့သို႔ ျဖစ္ေန၍၊
လွသူေမ နားမလည္စြာျဖင့္ စိုးရိမ္စိတ္ေတြ အထြဋ္
အထိပ္ေရာက္ေနေပမဲ့၊
အေျခအေနကို ရိပ္မိေသာ ကိုျမင့္ေမာင္ က …
” မိန္းမ လာခဲ့ အုန္း ” ဟု ေျပာၿပီး၊ သားျဖစ္သူႏွင့္ ခပ္ေဝး
ေဝးသို႔ ေခၚလာခဲ့၏။
” မိန္းမ၊ အမဲသား ဝယ္ၿပီးလာတုန္းက၊ လမ္းမွာ တစ္ခုခု
ျဖစ္ခဲ့ေသးလား ”
“အဲဒါေတြထားစမ္းပါေတာ့၊ က်ဳပ္ သားေလးအတြက္
စိတ္ပူလွၿပီ၊ အရပ္ထဲက ဘိန္းေတာ ဆရာႀကီး ဦးညိဳ ကို
သြားေခၚေတာ့မယ္ ”
လွသူေမ က ေျပာေျပာဆိုဆိုႏွင့္ ထြက္သြားမည္ လုပ္ေန၍
ကိုျမင့္ေမာင္ ဆြဲထားလိုက္၏။
” မိန္းမ၊ ေနစမ္းပါအုန္း၊ ငါေမးတာ ေျဖစမ္းပါအုန္း၊
သားေလးက ႐ိုး႐ိုး ဖ်ားေနတာ မဟုတ္ဘူးဟ ”
” ဟင္၊ ဒါဆို သားေလးက ဘာျဖစ္ေနတာတုန္းေတာ့၊
မိန္းမ စိတ္ပူလွၿပီ၊ ၿပီးေတာ့ …
ေယာက်ာ္း ၊ ေယာက်ာ္း ဘယ္လို သိတာလဲ ”
ကိုျမင့္ေမာင္ ေခါင္းကုတ္ေန၏။
” ငါေမးတာ ပဲ ေျဖစမ္းပါအုန္း ”
” ဘာမွေတာ့ မျဖစ္ခဲ့ဘူး ေယာက်ာ္းရဲ႕၊ အင္း ဒါေပမဲ့
႐ြာဆင္းလမ္း၊
ဦးတတ္လူတို႔ လယ္ကြင္းနားက သံလြင္ပင္ ေအာက္မွာ
ေတာ့ ခဏနားခဲ့ၾကတယ္၊
ဟုတ္ၿပီ၊ ခုမွ သတိရတယ္ေတာ့၊ က်ဳပ္တို႔ အပင္ေအာက္
က ထြက္ေတာ့ ၊
ေအာင္မေလး က်ဳပ္ရဲ႕ အမဲသားထုပ္က ေလးသြားတာမွ
က်ဳပ္ေတာင္ မႏိုင္တႏိုင္ ျဖစ္သြားတယ္၊
ေယာက်ာ္းရဲ႕ ”
” အင္း၊ ငါ သေဘာေပါက္ၿပီ၊ မိန္းမ လာခဲ့၊ ၾကည့္ေန
ငါ့သား ဘာလို႔ ဖ်ားေနရတာလဲ ဆိုတာ ”
ကိုျမင့္ေမာင္ ထိုေနရာမွ သားျဖစ္သူ၏ အနားသို႔ သြားျပန္
ကာ၊
” ေဟ့အေကာင္၊ မင္း ဘယ္သူတုန္း၊ ဘာလို႔ ငါသား
ခႏၶာမွာ ခိုကပ္ေနရတာတုန္း၊ခုခ်က္ခ်င္းထြက္ ”
ကိုျမင့္ေမာင္ ထိုသို႔ ေအာ္ေျပာလိုက္ေတာ့၊ လွသူေမ
နားမလည္ႏိုင္ ျဖစ္ေနေပမဲ့၊
ေမာင္လွျမင့္ကား ဝုန္းကနဲ ထကာ ငုတ္တုတ္ႀကီး ထိုင္
လိုက္ၿပီး၊
တဟီး ဟီး တဟင္းဟင္း ညဥ္းေန၏။
” ငါက၊ သံလြင္ပင္မွာေနတဲ့ နင့္ရဲ႕ တစ္ဝမ္းကြဲအစ္မ
ခင္ႏွင္းေဆြ ေဟ့ ၊ ခင္ႏွင္းေဆြ၊
ငါ အမဲသား စားခ်င္လို႔ လိုက္လာတာ၊ နင္ ငါ့ကို ေကြၽးမွာ
လား မေကြၽးဘူးလားေျပာ ” ဟု ပိုင္စိုးပိုင္နင္း အသံျဖင့္
ေျပာပါေတာ့၏။
ထိုအခါမွ လွသူေမ သေဘာေပါက္သြားပါေတာ့၏။
ဦးတတ္လူ { သံလြင္ပင္ရွိတဲ့ လယ္ကြင္းပိုင္ရွင္ } ႏွင့္
ကိုျမင့္ေမာင္၏ အစ္မဝမ္းကြဲ ခင္ႏွင္းေဆြတို႔က ငယ္ငယ္
ေလးကတည္းက အိမ္ေထာင္က်ခဲ့ၾကၿပီး၊
သားသမီး မထြန္းကားခဲ့ေခ်။
သူတို႔ လင္မယားက ကပ္ေစးလည္းႏွဲသလို တစ္႐ြာလုံးနဲ႔
တစ္ေယာက္ဆိုသလို ပင္ျဖစ္၏။
ဒါေပမဲ့ ကိုျမင့္ေမာင္ ငယ္စဥ္က သူတို႔လင္မယားမွာ သား
တစ္ေယာက္လို ခ်စ္ခဲ့ၾကေပမဲ့၊
အ႐ြယ္ေရာက္လာေတာ့ ဘာလို႔ လဲမသိ၊ အျမင္မၾကည္
ျဖစ္လာကာ ေဝးေဝးေရွာင္ၾက၏။
ဒါေပမဲ့ ေဒၚခင္ႏွင္းေဆြ ကြယ္လြန္သြားသည္မွာ
ႏွစ္အနည္းငယ္ပင္ ၾကာခဲ့ၿပီျဖစ္၍၊
ကိုျမင့္ေမာင္ က မယုံပဲ …..
” ဘာ၊ အမဲသား စားခ်င္လို႔ဟုတ္လား၊ ပါးေတြနားေတြကို
႐ိုက္ထည့္လိုက္ရ ”
ကိုျမင့္ေမာင္ ထိုသို႔ ေျပာၿပီး၊ ႐ိုက္မည့္ လက္ဟန္ျဖင့္ျပ၏။
” ဘာ၊ နင့္က ငါ့ကို ႐ိုက္မယ္၊ ဟုတ္လား၊ ေအာင္မာ၊
ငါ ထိန္းေက်ာင္းလာလို႔ ႀကီးျပင္းလာတဲ့ အေကာင္ကမ်ား လာခဲ့ေလ၊ ပါး႐ိုးက်ိဳးခ်င္ေနၿပီလား ”
႐ုတ္တရက္ သားျဖစ္သူ၏ စကားေၾကာင္း ကိုျမင့္ေမာင္
နည္းနည္းလန္႔သြား၏။
” ေယာက်ာ္း က်ဳပ္တို႔ ဘယ္လိုလုပ္ၾကမလဲ၊
သားေလး တစ္ခုခုျဖစ္မွာ စိုးရိမ္တယ္ေတာ့ ”
” မိန္းမ၊ ဘာမွ မပူနဲ႔ ဘာလုပ္ရမလဲငါသိတယ္ ”
ကိုျမင့္ေမာင္က မိန္းမ ျဖစ္သူအား မစိုးရိမ္ဖို႔ ေျပာၿပီး၊
သားျဖစ္သူဘက္ လွည့္ကာ
” ႐ြာအဝင္လမ္းက သံလြင္ပင္ေလးမွာ ေနတာေပါ့၊
အမဲသားစားခ်င္လို႔ လိုက္လာတယ္ေပါ့၊ ဟုတ္လား ၊
ဒါဆို ေအးေအးရီ ရဲ႕ ေနာက္သို႔ မလိုက္ပဲ၊
ဘာလို႔ လွသူေမရဲ႕ ေနာက္ကို လိုက္လာရတာတုန္း ” ဟု
ေမးလိုက္၏။
” ေဟ့ ျမင့္ေမာင္၊ ေအးေအးရီ ရဲ႕ ေယာက်ာ္းက
ေ႐ႊယံေက်ာ္ေဟ့၊ ၿပီးေတာ့ ၾကမ္းလည္းၾကမ္းေသး၊
နင္က ငါ့သားေလးလိုပဲေလ၊ ငါ အမဲသား မစားရတာ
ၾကာၿပီ၊ ငါ့ကို အမဲသား ေကြၽးစမ္းပါ ”
” အမဲသားစားခ်င္တယ္ေပါ့၊ စားရမယ္၊ ေစာင့္ေန ”
ကိုျမင့္ေမာင္ ထိုသို႔ ေျပာၿပီး မိန္းမ ျဖစ္သူအား၊
” မိန္းမ၊ သားေလးကို ခဏ ၾကည့္ထား၊ ငါ လယ္ထဲ
ခဏ သြားလိုက္ အုန္းမယ္၊
အမဲသားစား ခ်င္တဲ့အေကာင္ကို၊ ေကြၽးရတာေပါ့ ”
ကိုျမင့္ေမာင္ အိမ္မွ လ်င္ျမန္စြာ ထြက္လာၿပီး၊ လယ္တဲသို႔
သြားကာ ေကာက္႐ိုးတစ္စည္း ထမ္းၿပီး၊
သူနဲ႔အတူ စပါးသိမ္းေနတဲ့ ေကာင္ေလး ႏွစ္ေယာက္ကို
လည္း တစ္ေယာက္တစ္စည္း ထမ္းခိုင္း၏။
ၿပီးသည္ႏွင့္ သံလြင္ပင္ေလးရွိရာသို႔သြားကာ၊
သံလြင္ပင္အား ေကာက္႐ိုးျဖင့္ ပုံၿပီး မီးရႈိ႕လိုက္ပါေတာ့၏။
ထိုအခ်ိန္ ၊ ကိုျမင့္ေမာင္ ၏ အိမ္၌ …..
” ေအာင္မေလး၊ ပူလိုက္တာ၊ ပူလိုက္တာ၊ ငါ့ အိမ္
{ အပင္} ကို ဘယ္သူမီးရႈိ႕ေနတာလဲ၊ ပူလိုက္တာ ”
ေမာင္လွျမင့္ တစ္ေယာက္ ထိုသို႔ေအာ္ဟစ္ကာ အိပ္ရာထဲ
လူးလွိမ့္ေနပါေတာ့၏။
” သား၊ သားေလး၊ ဘာျဖစ္တာလဲ သားေလးရယ္ ”
လွသူေမ တစ္ေယာက္ ငိုမဲ့မဲ့ ျဖစ္ေနပါေတာ့၏။
” အားးးးး၊ ပူတယ်၊ ပူတယ်၊ အားးးးး ”
“ဝုန္း ”
ေမာင္လွျမင့္ ဝုန္းကနဲလဲကာ ၿငိမ္သြားပါေတာ့၏။
” သား၊ သား၊ သားေလး၊ သားေလး ”
“ဟင္၊ အေမ၊ သား အိမ္ကို ဘယ္လို ေရာက္ေနတာလဲ၊
ေစာနက လမ္းထိပ္မွာ အေမ့ကို ေစာင့္ေနတာေလ ”
ေမာင္လွျမင့္ ဘာမွ မမွတ္မိေတာ့ေပ။
ခဏအၾကာ ကိုျမင့္ေမာင္ ျပန္ေရာက္လာ၏။
တစ္ကိုယ္လုံးလည္း ခြၽဲေတြစို႐ႊဲလို႔၊
ခႏၶာမွာလည္း ေကာက္႐ိုးေတြႏွင့္။
” မိန္းမ၊ ဘယ္လိုလဲ၊ အမဲသား စားခ်င္တဲ့ ဟာမ ထြက္
သြားၿပီလား ”
” ေယာက်ာ္း၊ ေယာက်ာ္း ဘာလုပ္လိုက္တာလဲ၊ ေစာနက
သားေလး ထ ေအာ္တာ၊ က်ဳပ္ ျဖင့္ စိတ္ပူလြန္းလို႔ ေသရ
ေခ်ရဲ႕၊
ပူတယ္၊ ပူတယ္၊ ေအာ္ၿပီးမွ ထြက္သြားတာ”
“ဟား၊ဟား၊ ဟား၊ ျမင့္ေမာင္ ကို ဘာမွတ္ေနလဲ၊
ဟား၊ဟား၊ဟား ”
ကိုျမင့္ေမာင္ သေဘာက်စြာရယ္လိုက္၏။
ထိုအခ်ိန္၌၊
ဦးတင့္လူ တစ္ေယာက္ ဓားမကိုကိုင္ၿပီး၊ ေဒါသတစ္ႀကီး
ကိုျမင့္ေမာင္ ရဲ႕ အိမ္ေရွ႕သို႔ ေရာက္ခ်လာပါေတာ့၏။
” ျမင့္ေမာင္၊ မင္း ထြက္ခဲ့စမ္း၊ ခု ထြက္ခဲ့စမ္း ”
ေအာ္သံေၾကာင္း ကိုျမင့္ေမာင္ လည္း အိမ္ေအာက္
ဆင္းလာခဲ့၏။
” ဟ၊ ဦးတင့္လူပါလား၊ ဘာမ်ား ျဖစ္လာလို႔တုန္း ”
ကိုျမင့္ေမာင္ ေအးေဆးစြာျဖင့္ေမးလိုက္၏။
” ဘာျဖစ္ရမလဲကြ၊ မင္း ငါ့လယ္အစြန္က၊ သံလြင္ပင္ကို
မီးရႈိ႕လိုက္တာေလ၊
အဲဒါကို ငါ မေက်နပ္ဘူး၊ အဲ ကိစၥရွင္းစမ္း ”
ဦးတင့္လူ ရဲ႕ ပုံစံက ေဒါသေၾကာင္း ထင္ပါရဲ႕၊
မ်က္ႏွာတစ္ခုလုံး နီရဲေန၏။
” ေယာ္၊ ခတ္ေတာ့တာပဲ၊ အဲ အပင္က အေကာင္က က်ဳပ္
သားဆီမွာ ဝင္ပူးလို႔ က်ဳပ္က မီးရႈိ႕ပစ္တာေလ၊
ဘာမ်ား မွားလို႔တုန္း ”
” မွားတယ္ကြ၊ မွားတယ္၊ အဲ အပင္မွာ ငါ့မိန္းမ
ခင္ႏွင္းေဆြ ေနတာကြ၊
မင္းက သူေနတဲ့ အပင္ကို မီးရႈိ႕လိုက္ေတာ့၊ ခု သူ႔မွာေန
စရာ မရွိေတာ့ဘူး၊
ငါ့ လယ္က ေကာင္ေလးေတြကို ဝင္ပူးေနၿပီ”
” ေအာ္၊ ဒါဆို အဲအပင္မွာ ခင္ဗ်ားရဲ႕မိန္းမ ေနတာကို
ခင္ဗ်ားသိတယ္ေပါ့ေလ”
ဦးတင့္လူ မေျဖ။
” ခင္ဗ်ား ေျဖေလ၊ ဘာလို႔ မေျဖေတာ့တာလဲ ”
ကိုျမင့္ေမာင္ ၏ အသံက ျမင့္လာ၏။
” ဘာလဲ၊ ခင္ဗ်ား မေျဖရဲဘူးမလား ”
” ဟုတ္တယ္ကြာ၊ အဲ အပင္မွာ ငါ့မိန္းမေနတယ္၊
ငါလည္း သိတယ္၊ ေျပာရရင္ ငါ ေနခိုင္းထားတာ၊
အဲေတာ့ ဘာျဖစ္လဲ ”
ဦးတင့္လူ ပိုၿပီး ေဒါသ ထြက္လာသည္ထင့္၊
လက္ထဲက ဓားကို ေရွ႕သို႔တိုးယူလာ၏။
” ဒါဆို၊ ခင္ဗ်ား၊ ခင္ဗ်ားက သရဲ ေမြးထားတယ္ေပါ့ေလ”
” ဟုတ္တယ္၊ ငါက သရဲေမြးထားတယ္၊ ငါ့လယ္ေတြ
စပါးအထြက္တိုးေအာင္ ငါ့မိန္းမ ခင္ႏွင္းေဆြ ေစာင့္
ေရွာက္ေပးေနတာကြ၊
ဒီမွာ ေယ့ေကာင္ ငါ ရွည္ရွည္ေဝးေဝး မေျပာခ်င္ဘူး၊
မင္း ငါ့မိန္းမ ကို စိတ္ေက်နပ္ေအာင္ ေတာင္းပန္ပါ၊
မဟုတ္ရင္ေတာ့ တင့္လူ အေၾကာင္း ေကာင္းေကာင္းႀကီး
သိေစရမယ္၊
ေတာက္!
ဦးတင့္လူ ေတာက္ေခါက္လ်က္ ၊ မေက်နပ္ေသာ အၾကည့္
ျဖင့္ ၾကည့္ကာ ထြက္သြားပါေတာ့၏။
******* ****** ********
ထိုေန႔ည …. ေနဝင္ရီတေရာ အခ်ိန္ အမဲသားခ်က္
ထည့္ထားတဲ့ ေခါခြက္ကိုတစ္ဖက္၊ ဓားမ ကို တစ္ဖက္
ကိုင္ကာ၊
ကိုျမင့္ေမာင္ တစ္ေယာက္၊ ေန႔လည္က ေကာက္႐ိုးစုၿပီး
သူ မီးရႈိ႕ခဲ့တဲ့၊
သံလြင္ပင္ေလး ရွိရာသို႔ ေရာက္လာခဲ့၏။
သံလြင္ပင္ေလးမွာ မီးဒဏ္ေၾကာင့္ ပင္စည္မွ်သာရွိေတာ့
ၿပီ ျဖစ္၏။
ကိုျမင့္ေမာင္က သူ႔သေဘာအရ ဆိုလွ်င္ ေခါစာ ပစ္ဖို႔
ေနေနသာ သံလြင္ပင္ေလးကို အျမစ္ပါမက်န္ရေအာင္
တူးပစ္ခ်င္၏။
သို႔ေသာ္လည္း မိန္းမ ျဖစ္သူ လွသူေမ၏ အတင္းတိုက္
တြန္းမႈ႕ေၾကာင္း ေခါစာပစ္ရန္ ေရာက္လာရျခင္းျဖစ္၏။
စိတ္ပါလွ၍ ေတာ့ မဟုတ္ေပ။
” ဘုတ္ ”
သံလြင္ပင္ရဲ႕ ပင္စည္ ေအာက္မွာ ေခါခြက္ကို ပစ္ခ်လိုက္
၏။
” အမဲသားစားခ်င္ေနတဲ့ အေကာင္၊ စား အဲမွာ၊
ေကြၽးခ်င္လြန္းလို႔ေတာ့ မမွတ္နဲ႔၊
ေအး၊ ေနာက္ဆို ျမင့္ေမာင္ ရဲ႕ မိသားစုနဲ႔ေဝးေဝးေရွာင္ပါ
ႏို႔ မဟုတ္ရင္ေတာ့၊
မီးရႈိ႕႐ုံတင္မကဘူး၊ အပင္ ေအာက္ေျခကေန အျမစ္ပါ
မက်န္တူးပစ္မွာ၊
ခုလည္း၊ စားခ်င္စား မစားခ်င္ေန၊
က်ဳပ္ေနာက္က လိုက္ေျခာက္မယ္ မႀကံနဲ႔ေနာ္၊
ေနာက္တစ္ခါထပ္ေသေနမွ အဆိုးမဆိုနဲ႔ ”
ကိုျမင့္ေမာင္ ထိုသို႔ ေျပာၿပီး ထြက္လာခဲ့ေတာ့၏။
” ခြၽတ္၊ ခြၽတ္၊ ခြၽတ္ ”
ကိုျမင့္ေမာင္၏ ေနာက္မွ ေျခသံလိုလို အသံတစ္ခု ၾကား
လိုက္ရ၍၊
” လိုက္မလာနဲ႔ေနာ္၊ ဓားနဲ႔ အႏုတ္ႏုတ္ စင္းပစ္မယ္၊
လိုက္ရဲ လိုက္ၾကည့္ ” ဟု ေျပာလိုက္ေတာ့၊
တခြၽတ္ခြၽတ္ျမည္သံလည္း တိတ္သြားေတာ့၏။
ကိုျမင့္ေမာင္ အိမ္ျပန္ေရာက္တဲ့ အခ်ိန္မွာ အရာအားလုံးက
ပုံမွန္ျဖစ္ေနေပမဲ့၊
သူတို႔ မျမင္တဲ့ တစ္ေနရာမွာကား၊
မဖိတ္ေခၚပဲေရာက္လာခဲ့တဲ့ ” တမလြန္ ဧည့္သည္ ”
ေဒၚခင္ႏွင္းေဆြ တစ္ေယာက္ ေဒါသထြက္ စိတ္ဆိုးေနမွာ
ဧကန္ပင္။
***** **** ***** ***** ******
{ ၿပီးပါၿပီ }
႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ။
ေလးစားစြာျဖင့္ = wizard { ဝိဇၨာ }