” တေဇ နှင့် ရန်ငြိုးမပြေ မယ်ကဝေ “(စ/ဆုံး)

” တေဇ နှင့် ရန်ငြိုးမပြေ မယ်ကဝေ “(စ/ဆုံး)

================================

” ဟဲ့ အရှုံးပေးပြီလား ”

” မပေးဘူး ငါ့ကိုသတ်ချင်ရင်သတ်လိုက် မယ်မြ ”

” ပြီးရောလေ ကဲရော့…… ဝှစ်……. ဖောက်…. ”

” အ…. ”

သူ့နာမည် မယ်မြ။ တစ်ချိန်က အနေအေးရိုးသားလွန်းပြီး ချောမောလှပတာကြောင့် တစ်ရွာလုံး တစ်နယ်လုံးက ယောကျာ်းသားတို့တို့၏ စွဲလမ်းတပ်မက်ခြင်းခံခဲ့ရသူ။

” သမီးမယ်မြရေ… ရေခပ်မသွားဘူးလား ညနေစောင်းနေပြီလေ ”

” သွားမှာ အမေရဲ့ မိလွန်းနဲ့မိစိန် လာခေါ်မှာလေ ”

” ဪ အေးအေးးဟုတ်ပြီ ဟုတ်ပြီ ”

မိခင်ဖြစ်သူလည်း သောက်လက်စ ရေနွေးကြမ်းကို ဆက်သောက်ပြီး လက်ဖက်တစ်ဇွန်းခပ်စားလိုက်သည်။

” မယ်မြရေ …မယ်မြ ရေခပ်သွားရအောင်လေ ”

” လာပြီ ယောင်းမရေ… လာပြီ ”

အသံနှင့်အတူ အိမ်ပေါ်မှ ရေအိုးလေး ခါးစောင်းတင်လာသော မယ်မြကို သူငယ်ချင်း မိလွန်းနဲ့မိစိန်က

” အံမယ်လေး မယ်မင်းကြီးက ပြင်ထားဆင်ထားလိုက်တာ ရေခပ်သွားမှာနဲ့မတူပဲ အလှပြိုင်ပွဲသွားမှာနဲ့တူနေတယ် ”

” ပြောရော့မယ် မိလွန်းကတော့ ငါတို့အညာသူတွေရဲ့အလှက ညနေရေခပ်ချိန်မဟုတ်လား သနပ်ခါးပါးကွက်ကြားလေးနဲ့ ရေအိုးလေး ခါးစောင်းတင်တဲ့ပုံတွေက ဘယ်လောက်မြန်မာဆန်သလဲ ”

” ဒါပေမဲ့ ညည်းက တအားကိုလှနေတာပါနော် ဒါနဲ့ ညည်းအိမ်ထောင်လေး ဘာလေးမပြုတော့ဘူးလား ”

” အဲ့ဒါတွေစိတ်မဝင်စားပါဘူးဟယ် ငါ့ဘာသာ ငါ့အမေကိုပဲ အေးအေးဆေးဆေးလုပ်ကျွေးပါရစေ ”

” ဟုတ်ပါပြီအေ ယူဖို့စဉ်းစားရင်လည်း ငါ့အကို မင်းစိန်ကိုရွေးနော် ”

” တော်စမ်းပါအေ နင့်အကိုကဖြင့် အရက်ကလွဲရင် ဘယ်မိန်းကလေးမှ စိတ်ဝင်စားတာမဟုတ်ဘူး ”

” ခစ်ခစ်ခစ်ခစ်ခစ်ခစ် ”

ဒီလိုနဲ့ရေခပ်ပြီး ပြန်လာခဲ့ကြလေသည်။ အိမ်ပြန်ရောက်တော့ ထမင်းဟင်းစားသောက်ကာ အိပ်ခန်းထဲဝင်ပြီး စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်လေတော့သည်။ နောက်တစ်နေ့နံနက်တွင်

” ဟဲ့ ညိုစိန် ထွက်ခဲ့စမ်း အခုထွက်ခဲ့ ”

စောစောစီးစီး အော်ဟစ်သံများကြောင့် မယ်မြရော မိခင်ဖြစ်သူ ဒေါ်ညိုရော အိပ်ယာမှ ကမန်းကတန်းထခဲ့ကြလေသည်။

” ဪ ဒေါ်တုတ်တို့ပါလား ဘာဖြစ်လို့ ကျုပ်အိမ်ရှေ့မှာ အော်ကြီးဟစ်ကျယ်လာလုပ်နေတာလဲရှင့်…”

” ဟဲ့ လုပ်ရမယ်… လုပ်ရမယ် မနေ့ညက ငါ့အိမ်က ကြက်ကို နင်တို့သားအမိ ခိုးသွားတယ်လေ ”

” ဘာ….. ဒီမှာမိတုတ် နင် ငါတို့သားအမိရဲ့ သိက္ခာကိုလာမစော်ကားနဲ့နော် အသက်ချင်းလဲပစ်မယ် ”

” အံမယ်လေး… သူခိုးက လူပြန်ဟစ်နေသေးတယ်… ကြက်ခိုးလို့ သူခိုးသားအမိလို့ပြောတာ ဘာဖြစ်လဲ ”

” မိတုတ် နင်လွန်မလာနဲ့နော် နင့်အိမ်က ကြက်ကိုငါတို့က ဘာလို့ခိုးရမှာလဲ ”

” နင်တို့ခိုးလားမခိုးလား နင့်အိမ်အနောက်က ကြက်မွှေးတွေက သက်သေပဲ ”

” မိတုတ် နင်ငါတို့ကိုလာပြီး မစွပ်စွဲနဲ့နော် ငါသည်းမခံနိုင်တော့ဘူး ”

” သည်းမခံနိုင်တာ့ နင်ကဘာလုပ်မှာလဲ သူခိုးသားအမိရဲ့ ”

” ကဲဟယ်… ကောင်မစုတ် ဖြန်းးးးးး ဖြန်းးးးးဖြန်းးး ”

ရုတ်တရက် စိတ်လွတ်ကာ ဒေါ်ညိုစိန်ရဲ့လက်ဝါးက ဒေါ်တုတ်ပါးပေါ်သို့ ဆက်တိုက်ဆိုသလို ကျသွားကာ ပါးပြင်တစ်ခုလုံး ထူပူသွားလေသည်။ ဒေါ်တုတ်လည်း ဒေါ်ညိုစိန်ကို ဆံပင်ဆွဲပြီး နပမ်းပြန်လုံးသည်။

” ကောင်မ လူပါးဝလို့ ကဲဟယ် …ကဲဟယ် ဖြန်းးးးးဖြန်းးးးးဖြန်းးးးး ”

” သူခိုးမ ကဲဟာ ကဲဟာ အင့်အင့် ”

ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများ ထွက်ပြီးဆွဲမှ ရန်ပွဲကငြိမ်သွားလေသည်။ မယ်မြက မတ်တပ်ရပ်နေရာမှ မတုန်မလှုပ်ပဲ မီးတောက်တော့မည့်မျက်ဝန်းနဲ့ ဒေါ်တုတ်ကိုကြည့်နေလေသည်။ ဒေါ်တုတ်က

” ငါ့ကြက်ကိုခိုးတဲ့ သူခိုးသားအမိ သွေးပွက်ပွက်အန်သေပါစေ ….လည်ပင်းကြက်ရိုးစူးပြီးသေပါစေ ”

ဒေါ်တုတ်လည်း ထိုသို့ကျိန်ပြီး ပြန်သွားလေသည်။

” အဲ့ကောင်မကို သေစေချင်တယ် ဆရာကြီး ”

” ဟဲ့ ငါ့ပညာနဲ့ကြည့်ပြီးပြီ နင့်ကြက်ကို သူမခိုးဘူး ”

” ဒါပေမဲ့ ကျုပ်အသားကိုနာအောင်လုပ်လို့ သေစေချင်တာ ”

ပြောပြောဆိုဆိုနဲ့ပိုက်ဆံအနည်းငယ်ကို ခုံပေါ်တင်ပေးလိုက်ပြီး

” သူ့ကို သေအောင်လုပ်နိုင်ရင် ဒီထက်ဆယ်ဆများတဲ့ ပိုက်ဆံကို ပညာကြေးကန်တော့မယ် ”

ငွေများကိုကြည့်ပြီး မိုးကြီးတစ်ယောက် မျက်နှာဝင်းလက်သွားကာ

” ခဏစောင့် မိတုတ်…. ”

မိုးကြီးလည်း အဝတ်စဖြင့်အရုပ်တစ်ခုလုပ်ကာ မန္တာန်တစ်ပုဒ်ကို အခေါက်ခေါက်အခါခါရွတ်ပြီး

” ဒါအတိုက်ပဲ …ဒီအရုပ်မှာ သူ့ရဲ့ဆံပင် ဒါမှမဟုတ်ရင် ခြေမှုန်ခြေစတစ်ခုခုပေါ့ဟာ… အေး.. အဲ့တစ်ခုခုကိုအရုပ်ထဲထည့်ပြီး သွေးစိမ်းလောင်း ပြီးရင်ဟောဒီအပ်နဲ့ထိုး ဒါမှမဟုတ်ရင် မီးနဲ့တိုက် သုံးရက်အတွင်း သေချင်းဆိုးနဲ့သေစေရမယ် ဟားဟားဟား ”

ဒေါ်တုတ်လည်း မိုးကြီးပြောသလိုလုပ်ရာ သုံးရက်အရောက်တွင် ဒေါ်ညိုစိန်တစ်ယောက် သွေးအန်ပြီး ဆုံးပါးသွားလေတော့သည်။ တစ်ဖက်တွင်ကား

” စွမ်းပါပေ့ ဆရာကြီးရယ်…. စွမ်းပါပေ့ ဒါကြောင့်ဆရာကြီးကိုအားကိုးနေရတာ ”

” ဒီမှာ မိတုတ် ငါ့စကားအတွက် ငါ့ပညာကအငြိမ်မနေဘူးဟဲ့… မှတ်ထား ”

” ဟုတ်ပါပြီရှင်… ဒါက ဆရာကြီးအတွက်ပညာကြေးလေး ကန်တော့တာပါ ”

ဒေါ်တုတ်လည်း ခါးကြားထဲမှ ငွေအလိပ်လိုက်ထုတ်ကာပေးလိုက်သည်။

” နောက်တစ်ခါဆို ဒီထက်စျေးပိုများမှရမယ် မိတုတ် ”

ဒေါ်တုတ်လည်း မိုးကြီးအိမ်ပေါ်မှ ဆင်းသွားလေသည်။ မနီးမဝေးမှ ချောင်းနေသူရှိနေသည်ကို ဒေါ်တုတ်သတိမထားမိခဲ့ပေ။ ဒေါ်ညိုစိန်ရက်လည်ပြီးသွားချိန်တွင် မယ်မြတစ်ယောက် ရွာကနေ ပျောက်ချင်းမလှပျောက်သွားလေသည်။
မှောင်မိုက်နေသောအခန်းတစ်ခုအတွင်းတွင် အသက်ခြောက်ဆယ်ခန့် အမယ်အိုတစ်ဦးနှင့် အသက်နှစ်ဆယ်ခန့် မိန်းမပျိုတစ်ဦး။ မိန်းမပျိုပေးသော စာအုပ်ကို အမယ်အိုကြီးကယူပြီးနောက်

” အလို ကဝေသတ်နည်း ဆယ့်ခြောက်နည်းနဲ့ ကဝေထိပ်ခေါင်တွေရဲ့ ပညာတက်ခန်းတွေပါလား… ဆေးစီရင်နည်း အင်းစီရင်နည်းတွေရော မနည်းမနောပညာပါလား ”

” ဒါပေါ့အမေကြီးရဲ့ ဒီကဝေပုရပိုက်ကို အမေကြီးကိုအပ်ပါတယ်…. သမီးကိုလည်း ဒီပညာသင်ပေးပါ အမေကြီး ”

ဒူးထောက်ပြီးပြောလိုက်သော မယ်မြစကားကို အမယ်အိုကြီးက စူးရဲသောမျက်ဝန်းများဖြင့်ကြည့်ပြီး

” ဒီပညာတွေက အသုံးမတည့်ရင် ငရဲသွားရလိမ့်မယ်… သေချာစဉ်းစားပါ ငါ့သမီး ”

” သေချာစဉ်းစားပြီးပါပြီ အမေကြီး ဒီစာအုပ်ထဲမှာ အသက်ကိုလိုသလိုဆွဲဆန့်လို့ရတဲ့ပညာတွေရယ် ရုပ်ရည်ကိုလိုသလို နုပျိုအောင်ဖန်ဆင်းလို့ရတဲ့ပညာတွေပါပါတယ်အမေကြီး ”

” ငါ့တစ်သက်ပညာတွေကျင့်ကြံခဲ့တာ ဒီစာအုပ်ရဲ့အဖျားအနားကို မမှီခဲ့ဘူး အခုတော့ ကဝေထိပ်ခေါင်ဖြစ်ဖို့ အကြောင်းပါလာပြီပဲ… ကဲကဲ ငါ့သမီးကိုပညာဘူးသွင်းဖို့ ကဝေရာဇာတစ်ယောက်ရဲ့ပညာဗူးကိုလိုလိမ့်မယ် ”

” ကဝေရာဇာ ဟုတ်လားအမေကြီး ”

” ဟုတ်တယ် ငါ့သမီးရဲ့… ဒါကလွယ်လွယ်လေးပါ ဟိုဘက်ရွာမှာ ကဝေရာဇာတစ်ယောက်ရှိတယ် သူ့ကိုသတ်ပြီး သူ့ပညာဗူးယူလိုက်ယုံပဲပေါ့ ငါ့သမီးရယ် ”

” ဒါပေမဲ့ အမေကြီး ကဝေရာဇာကို…… ”

” တော်တိတ် ဆက်မပြောနဲ့ မယ်မြ ”

မယ်မြစကားကို အမယ်ကြီးက တားလိုက်ပြီးနောက်

” ငါ့ဆီကပညာလိုချင်ရင် စစ်မရောက်ခင်မြှားကုန်မဲ့အတွေးတွေဖယ်ထား မယ်မြ… ညည်းသိအောင်ပြောပြမယ်… ကဝေရာဇာတစ်ယောက်မပြောနဲ့ ဆယ်ယောက်ဝိုင်းတိုက်တောင် မယ်တင်က မဖြုံဘူး သဘောပေါက်လား ”

” သမီးတောင်းပန်ပါတယ် အမေကြီး ဒါဆိုလည်း ကဝေရာဇာကို သတ်ပြီး ပညာစခန်းကို စရတာပေါ့အမေကြီးရယ် ”

” ဒါပေါ့… ဒါပေါ့… ဟားဟားဟားဟားး ”

ဒီလိုနဲ့ သုံးနှစ်သုံးမိုး ပညာသင်ပြီးချိန် အမေအိုကြီးလည်းထိုနယ်၏ ကဝေအချုပ်ဖြစ်လာသလို မယ်မြကလည်း အမေအိုကြီး၏ လက်ရုံးဖြစ်လာလေသည်။

” အမေကြီး သမီးလည်း ပညာတွေ တတ်သင့်သလောက်တတ်နေပြီ ဒါကြောင့်ရွာကိုပြန်ပြီး သမီးအမေကို သတ်ခဲ့တဲ့အောက်လမ်းကောင်နဲ့ဟိုကောင်မကြီးကို ပြန်လက်စားချေခွင့်ပြုပါ ”

” ကောင်းပြီ ငါ့သမီး… ငါ့သမီးပညာကို အမေယုံတယ် ဒါကြောင့်ခွင့်ပြုပေးရမှာပေါ့… ပြီးရင်အဲ့နယ်က ကဝေတွေကိုအနိုင်တိုက်ပြီး နယ်ချုပ်ဖြစ်အောင်လုပ်ခဲ့ ကြားလားငါ့သမီး ”

” ဟုတ်ကဲ့ပါအမေကြီး ”

ဒီလိုနဲ့ မယ်မြလည်း ရွာသို့ပြန်လာခဲ့လေသည်။ ရွာရောက်ရောက်ချင်း ညမှာပင်အောက်လမ်းဆရာမိုးကြီးကိုအနိုင်တိုက်ပြီး သတ်ခဲ့လေသည်။ ဒေါ်တုတ်ကိုတော့ မျှင်းပြီးသတ်ဖို့ စဉ်းစားထားသည်။ ရွာကလူတွေမရိပ်မိအောင်လို့ နဂိုနေမြဲအတိုင်း ဟန်ဆောင်ပြီးနေလေသည်။
တစ်ရက်မှာတော့ မိလွန်းတို့အိမ်တွင်အလှူလုပ်လေရာ မယ်မြလည်း သွားရောက်လုပ်ကိုင်ပေးရလေသည်။ အသားလှီးဖြတ်နေရင်း ဒေါ်တုတ်လည်း ငါးကိုင်နေသည်ကိုမြင်သဖြင့် အံကြိတ်ကာစူးစိုက်ကြည့်ပြီး

” တောက်……. ဪ ဓားကလည်းမပြတ်ပါလား ဟင်းဟင်းဟင်းးးးး ”

” အားးး အံမယ်လေး ဓားရှပြီတော့် ”

ဒေါ်တုတ်လက် ဓားထိသွားသည်ကို ကြည့်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်လေသည်။ အလှူကြီးနေ့တွင် အလှူသို့လာသူများအား မယ်မြတို့ သူငယ်ချင်းတစ်သိုက်က ဧည့်ခံကျွေးမွေးကြလေသည်။ မယ်မြက ငါးရံ့ဟင်းပန်းကန်ကို ဒေါ်တုတ်အရှေ့ချပေးလိုက်ပြီး

” ဒေါ်လေးတုတ် ငါးရံ့ဟင်းလေး စားဦးနော် သမီးထည့်ပေးမယ် ”

ဆိုကာ ငါးရံ့ပေါက်တစ်ကောင်ကို ထည့်ပေးလိုက်လေသည်။ အလှူပြီးသွားချိန်တွင် ဒေါ်တုတ်တစ်ယောက် အလူးအလဲဗိုက်အောင့်ပါတော့သည်။ ဆေးဆရာများနှင့်ကုသော်လည်း မသက်သာပေ။ ဆေးဆရာများက ဗိုက်ကိုလက်နှင့်ကိုင်ပြီး

” ခင်ဗျားဗိုက်ထဲမှာအရာဝတ္ထုတစ်ခု ပြေးလွှားနေတယ် ကျုပ်စိတ်ထင် ပယောဂဖြစ်ဖို့များမယ် ”

” ဒါဆိုလည်း ဆရာကုလို့ရရင်ကုပေးစမ်းပါ ကျုပ်မခံစားနိုင်တော့လို့ပါ ”

” ကျုပ်က ပယောဂ မကုတတ်ဘူးဗျ သာမန်ဆေးပညာပဲတတ်တာ ”

တစ်နေ့ထက်တစ်နေ့ ဒေါ်တုတ်ခမျာ ဗိုက်အောင့်သည်က ပျောက်မသွားပဲ ပူဖောင်းလာပြီး အစာတောင်မဝင်တော့ပဲ ပိန်ချုံးလာလေသည်။ တစ်ခါတရံ သွေးစသွေးနများပင် ပြန်အန်လေတော့သည်။ ဒီလိုနဲ့ သေမဲ့ရက်ကိုသာ စောင့်နေရလေသည်။
တေဇလည်း ခရီးကဝေးနေသေးသည်မို့ ဒီရွာတွင် ခေတ္တနားပြီးမှ ခရီးဆက်ဖို့ တွေးကာ ရွာထဲဝင်ဖို့ခြေအချတွင်

” ဝုန်းးးး ဘာလဲဟ မီးထတောက်နေပါလား ဘယ်လိုဖြစ်တာလဲ ”

အာရုံကိုစုစည်းပြီး ပညာစက်များထုတ်ကာ ရွာထဲလွှတ်လေသည်။ ရွာထဲမဝင်ပဲ ပြန်ကန်ထွက်လာသဖြင့် အံ့ဩနေလေသည်။

” ရွာတော်ရှင် ငါ့အရှေ့ရောက်စေ အချုပ်အနှောင်ရှိကလွတ်စေ ”

တေဇအမိန့်ပြန်ပြီးသည်နှင့် ချည်မန်းကွင်းများအစွပ်ခံထားရသည့် အဘိုးအိုတစ်ဦးရောက်လာလေသည်။

” ကျုပ်ကို ဘာကြောင့်ခေါ်ရတာပါလဲ ”

” ကျုပ်ဒီရွာထဲဝင်ဖို့လုပ်တိုင်း မီးတွေထတောက်နေတယ်…. အဲ့ဒါဘာဖြစ်လို့လဲ ကျုပ်ရဲ့မနောအရုံနဲ့စက်တွေကလည်း ပြန်ကန်ထွက်နေတယ် ဘာဖြစ်လို့လဲ ”

” မကြာခင်ကရောက်လာတဲ့ မယ်မြက သူ့ပညာနဲ့စည်းချထားတာ ရွာထဲက အိမ်စောင့်နတ်တွေ ရုက္ခစိုးနတ်မင်းတွေတောင် မောင်းထုတ်ခံထားရတယ် ”

အစချီကာ ဖြစ်ပျက်သမျှအလုံးစုံကို တေဇအား လုံးစေ့ပတ်စေ့ပြောပြလိုက်လေသည်။

” သူ့ပညာက အဲ့လောက်ထိစွမ်းတာပဲလား ”

” စွမ်းတယ် အဘကိုတောင် လက်လေးဝှေ့ယမ်းပြီးချုပ်ထားလိုက်တာပဲ ”

” ကောင်းပါပြီ အခုလိုလာရောက်ဖြေကြားပေးလို့ကျေးဇူးတင်ပါတယ် ရွာတော်ရှင်ကို ချုပ်နှောင်ထားသမျှတွေ အကုန်ပြတ်စေ အဘဆရာဘိုးလူရဲ့အမိန့် ငါ့ရဲ့အာဏာ အခုချက်ချင်းလွတ်စေ ”

တေဇရဲ့ပြင်းထန်လှသည့် အမိန့်နှင့်အတူ ရွာတော်ရှင်လည်း လွတ်မြောက်သွားလေသည်။ တေဇက အင်းတစ်ချပ်ကိုကိုင်ပြီး ရွာထဲသို့ ပစ်ပေါက်လိုက်ရာ

” ဝုန်းးးးးးးး ဖျောက်……ဖျောက်…….ဖျောက်… ”

အင်းပေါက်ကွဲသံနှင့်အတူ ကြိုးပြတ်သည့်အသံများ ထွက်ပေါ်လာခဲ့လေသည်။ တေဇလည်း ရွာထဲသို့ဝင်ခဲ့လေသည်။ ရွာထဲမှ လူတိုင်းနီးပါး တေဇကိုမနှစ်သက်သည့်အကြည့်များဖြင့်ကြည့်နေကြသည်။ တေဇလည်း ဒေါ်တုတ်အိမ်သို့သွားပြီး

” အိမ်ရှင်တို့ ဗျို့အိမ်ရှင်တို့ …… ”

အိမ်ထဲမှ မိန်းမပျိုတစ်ဦး ထွက်လာပြီး တေဇရှိရာသို့လာကာ

” ဘာကိစ္စများရှိလို့ပါလဲ ”

” ကျုပ်ကနယ်လှည့်ပြီးဆေးကုနေတဲ့သူပါ ဒီအိမ်မှာ လူနာရှိတယ်ဆိုလို့ လာခဲ့တာပါ ”

” မဖြစ်ဘူးထင်တယ် ဒေါ်လေးဖြစ်နေတာက သူများလုပ်ထားလို့ဖြစ်နေတာ ရှင်ကဆေးဆရာလေ ”

” ရပါတယ် ကုကြည့်ရမှာပေါ့…ရတော့လဲအမြတ်မရတော့လည်း အရင်းပေါ့ ကျုပ်က ပယောဂပိုင်းလည်း အနည်းအငယ်တတ်ကျွမ်းပါတယ် ”

” ဒီလိုဆိုရင်လည်း အိမ်ထဲကြွပါရှင့် ဦးလေးတို့ ဒီမှာဆေးဆရာရောက်နေတယ် ”

တေဇလည်း အိမ်ထဲဝင်ပြီးသည်နှင့်လူနာကိုတစ်ချက်ကြည့်ကာ

” ဒါသူများပြုစားထားတာ သေချာပါတယ် ကျုပ်ကုပေးမယ် တကယ်လို့ မပျောက်ရင် ဟော.. ဟိုက ငှက်ကြီးတောင်ဓားနဲ့ကျုပ်ကိုခုတ်ဗျာ ”

တေဇစကားကို ဒေါ်တုတ်ကြားသွားပြီး လက်အုပ်ချီကာ

” ဆရာ အိမ်မက်ထဲကအတိုင်း ဆရာကြွလာတယ် ကျွန်မကိုကယ်ပါဆရာ… ကျွန်မကိုကယ်ပါ ”

” ကဲ ဟုတ်ပါပြီ အခုချိန်ကစပြီး ဒေါ်တုတ်ရဲ့အသက်နှင့်ခန္ဓာ ကိုအပ်ရပါလိမ့်မယ် မိသားစုဝင်များကလည်းသဘောတူရဲ့လား ”

” အပ်ပါတယ်ဆရာ အပ်ပါတယ်…..သဘောတူပါတယ် ”

” ကဲ အခုချိန်ကစပြီး ဒေါ်တုတ်နဲ့ပတ်သက်သမျှအဆက်အနွယ်အရာဝတ္ထုတို့မှာ ကပ်တွယ်နေတဲ့ပညာစက်မှန်သမျှ အကုန်ချုပ်ထားကြစမ်း
ကာယကံရှင်ကိုပြုစားထားတဲ့သူ အခုချက်ချင်း ငါ့အရှေ့ရောက်စမ်း ”

အိမ်တံခါးများ ပြတင်းတံခါးများ လေမတိုက်ပဲ ဝုန်းခနဲဆောင့်ပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်သွားလေသည်။

” အီးးးးဟီးးးးးးဟီးးးးး ငါ့သခင်ကိုမယှဉ်ခင် ငါနဲ့အရင်ယှဉ်စမ်း ဟက်ဟက်ဟက်ဟက် ”

အက်ကွဲနေသောအသံကြီးဖြင့် တေဇကို ချိန်းခြောက်လေရာ တေဇက

” မလောက်လေးမလောက်စား သရဲသဘက်လောက်ကများ …ကဲကွာ… ရွာအပြင်ထိ ရောက်စမ်း ”

ဆိုပြီး လက်သီးနဲ့ပိတ်ထိုးလိုက်လေသည်။ သဘက်လည်း ဒေါ်တုတ်ခန္ဓာမှ အပြင်ကိုလွင့်သွားလေသည်။ တေဇက ထပ်မံ၍

” ကာယကံရှင်ကိုပြုစားထားတဲ့ဟာမ ငါ့အရှေ့အခုချက်ချင်း အရောက်လာစေ မလာမချင်းစက်ကြိုးတွေမီးလောင်ပြီးပျက်ကျပါစေသား ”

တေဇလည်း အမိန့်ပြန်ပြီးသည်နှင့် ဒေါ်တုတ် အိပ်ယာထဲလှဲနေရာမှာ ငေါက်ခနဲထထိုင်ပြီး

” ဟားဟားဟား …ငါ့ကိုမနေနိုင်အောင်ခေါ်နိုင်တဲ့အစွမ်းကို လေးစားပါရဲ့ ကဲ ခေါ်ရတဲ့အကြောင်းအရင်းလေးပြောပါဦး ”

” အကြောကတင်းနေသေးတယ် ဂုမ္ဘာန်ယက္ခဘီလူးကြီးနှစ်ကောင်ရောက်စေ ရောက်တာနဲ့သံကြိုးနဲ့တုပ်ပြီး တင်းပုတ်နဲ့ထု ”

” အားးးးး သေပါပြီ အမလေးးးးးး တောက်… နင်ကငါ့အသားကိုနာအောင်လုပ်တယ်ပေါ့ ဟုတ်လား ”

” ကဲ နောက်ထပ် ဂုမ္ဘာန်ယက္ခဘီလူးကြီးတစ်ကျိပ်ထပ်ရောက်စေ ရောက်တာနဲ့ငါးကောင် ဝမ်းထဲဝင်ပြီး အူတွေအသည်းတွေကို ကိုက်ဖြတ်စားသောက်ကြ… အသက်မသေစေနဲ့ ကျန်တဲ့ငါးကောင်က ရရာလက်နက်နဲ့နှိပ်စက်စေ ”

” အားးးးးးးး အမလေးးးးးးး လူမမာကြီးကို ပညာတွေနဲ့ နှိပ်စက်နေပါတယ် ကယ်ကြပါဦးးးးးးးးး ”

ဝင်ပူးနေသည့်စွဲရင်းက မာယာများလေရာတေဇက

” မူယာမာယာများနေတဲ့ပါးစပ်ကို မီးမြှိုက်ကြစမ်း အာခံတွင်းထဲကို မီးခဲတွေအပြည့်ထည့်ကြ ”

” အားးးးးးအူးဝူးး အီးးး ”

အစွဲက ဘာလုပ်လိုက်သည်မသိ ဂုမ္ဘာန်ယက္ခဘီလူးကြီးများ ပျောက်ကွယ်သွားလေသည်။ ထို့နောက် တင်ပုလ္လင်ချိတ်ကာ တေဇအား ထီမထင်ဟန်ဖြင့်ကြည့်ကာ

” နင့်ပညာဒါအကုန်ပဲလား စောစောက နင့်ပညာကိုစမ်းချင်လို့အလျှော့ပေးထားတာ ဒီလောက်တော့ငါက မမှုပေါင် …ဟားဟားဟား…”

” အပြောကြီးမနေနဲ့ အခုမှ ငါ့ရဲ့ပညာကစမှာ သုနန္ဒတေဇရောက်စေ အခုငါ့အရှေ့ရောက်နေတဲ့အစွဲကို အနောက်ကနေချုပ်ထားစမ်း ”

” ယားးးးးးး အားးးးးယားး ဟင်းးးဟင်းးဟင်းးးးး ဟင်းးး ပြောနင်ဘာသိချင်တာလဲ ”

” ငါ့အနေနဲ့ဘာမှမေးစရာမလိုပေမဲ့ သူ့တို့မိသားစုသိဖို့တော့မေးရမှာပဲ နင် ဒေါ်တုတ်ကိုဘာလုပ်ထားတာလဲ ”

” ငါ သူ့ကို သွေးစိမ်းတိုက်နဲ့တိုက်ပြီး ငါးစိမ်းအပင်းထည့်ထားတာ ”

” ဘာလို့ ဒီလိုလုပ်ရတာလဲ ”

” ငါ့အမေကို အောက်လမ်းဆရာနဲ့တိုက်ပြီးသတ်ခိုင်းလို့ ပြန်ကလဲ့စားချေတာ အခု အဲ့အောက်လမ်းလည်းသေပြီ ဒီဟာမကိုပဲ သတ်ဖို့ကျန်တော့တာ မျှင်းပြီးသတ်မလို့ ”

” ဘာလို့အငြိုးတွေကြီးနေရတာလဲ သံသရာကို ရှည်အောင်လုပ်မလို့လား ”

” သူ့ကိုသတ်နိုင်မှ ငါ့ရဲ့အကြီးမားဆုံးကလဲ့စားချေတာပြီးမယ် နင်ဝင်မရှုပ်နဲ့ နင်ဝင်ရှုပ်ရင် တစ်ရွာလုံးကို သတ်ရလိမ့်မယ် ”

” ဒါဆိုရင် ငါ့ကိုအရင်တိုက်နိုင်မှရမယ် ငါသူ့ကို ကယ်ဖို့ဆုံးဖြတ်ပြီးပြီ ”

” နင် ငါ့ဘက်ကဝင်ကြည့်ဦးလေ ငါ့အမေနေရာမှာ နင့်အမေဆိုရင်ရော နင် ခွင့်လွှတ်ပေးနိုင်မှာလား ”

ပြန်ပြောလိုက်တဲ့ စကားကြောင့် တေဇ လွန်ခဲ့သော အတိတ်သို့ပြန်ရောက်သွားမိလေသည်။ မိမိအမေကလည်း ယခုဖြစ်ရပ်နှင့်မထူးမခြားပေ။

” နင် စာနာပြီလား ငါကမိန်းခလေးမို့ ပိုပြီးနာကျည်းတတ်တယ် ဒါကိုနင်နားလည်သင့်တယ် ”

” ဒါပေမဲ့ ငါ့အရှေ့မှာ ဒီလိုဖြစ်နေရင် ကူညီရမှာ ငါ့တာဝန်ပဲ ဒီတော့ ”

” ဒါဆိုရင်လည်း ငါနဲ့နင်နဲ့ပညာပြိုင်ကြတာပေါ့ အခု နင်ငါ့ကိုနိုင်အောင်တိုက်တော့ ငါ့ဘက်ကလည်း ပြန်တိုက်မှာပဲနော် ”

” ကောင်းပြီလေ သုနန္ဒတေဇရေ ကြိုးနဲ့လှုပ်မရအောင်တုပ်ပြီး ဓားလှံ အဆင်းပေါင်းများစွာနဲ့ဝိုင်းထား လှုပ်တာနဲ့ထိုး ”

” ဓားလှံတွေလောက်နဲ့မရဘူး ကဲဟယ် ”

မယ်မြက လက်ကိုရုန်းပြီး လက်ပြန်ယမ်းလိုက်ရာ ဓားလှံများ ပျောက်ကွယ်သွားလေတော့သည်။ ထိုနောက်စက်တစ်ခုထုတ်ပြီး တေဇကိုပစ်လေသည်။ စက်မှာ အားပြင်းလှသဖြင့် တေဇကာလိုက်သော်လည်း ရင်ဘတ်ကိုထိမှန်သွားလေသည်။

” နင့်စက်က ပြင်းလှချည်လား ”

” ဟားဟားဟား… ဒါ အသေးအမွှားပဲရှိသေးတယ် နင်စမ်းကြည့်လိုက်ဦး ”

” ကဲ သုနန္ဒတေဇရေ သူ့ရဲ့ခန္ဓာကိုယ်ကိုသွားပြီး ဓားနဲ့ရွယ်ထားလိုက် ”

မယ်မြလည်း မျက်စိမျက်နှာပျက်သွားပြီး တေဇကို အံကြိတ်ကာ

” ဪ အင်းပေါ့လေ ငါ့ခန္ဓာပျက်ရင် ငါကသေသလိုပဲလေ ငါအရှူံးပေးရမှာပေါ့လေ… ကဲပြောနင်ဘာဖြစ်ချင်တာလဲ ”

” ဒေါ်တုတ်ကိုပြုစားထားတာ ပြန်နှုတ်ပေး အပင်းတွေလည်း ပြန်ထုတ်သွား ဒါဆိုရပြီ ”

” အင်းပေါ့လေ ငါပြန်ယူသွားမယ် ”

ဆိုကာ သူ့ပညာစက်များကိုပြန်သိမ်းလေသည်။ ထို့နောက် ဂါထာတစ်ပုဒ်ရွတ်ကာ ဒေါ်တုတ်ခန္ဓာကိုယ်မှ ထွက်သွားလေသည်။ ဒေါ်တုတ်လဲကျသွားပြီး သတိပြန်ရချိန်တွင် ပျို့တက်လာပြီး အန်ချလေရာ ငါးရံ့စိမ်းများကို တွေ့ရလေသည်။

” ဒါတွေကို ဆီလောင်းပြီး မီးရှို့လိုက်ပါ ပြီးတော့ အဟာရရှိတာတွေစားပါ ”

” ဟုတ်ကဲ့ပါဆရာ ဒါနဲ့ပညာကြေးက ဘယ်လောက်ကန်တော့ရမလဲ ”

” အသက်ထက် ဘယ်အရာမှ တန်ဖိုးမရှိဘူး ဒါကြောင့် ရွှေတစ်ဆယ်သားပေးရမယ် ”

အားလုံးအံ့အားသင့်သွားကြပေမဲ့ ဒေါ်တုတ်ကတော့ အိမ်မက်ထဲကနေရောက်လာသည့်ဆရာမို့ ယုံကြည်ကာ ရွှေတစ်ဆယ်သားကန်တော့လေသည်။ တေဇလည်း ရွှေတစ်ဆယ်သားယူပြီး ရွာအပြင်သို့ထွက်ခဲ့လေသည်။ ရွာအပြင်ရောက်တော့

” ဪ ငါ့သမီးကိုနိုင်သွားလို့ အသက်အရွယ်ကြီးကြီးဆရာတစ်ယောက်လို့ထင်ထားတာ အခုတော့ မလောက်လေး မလောက်စားလေးပါလား ”

” ခင်ဗျားက မယ်မြရဲ့ဆရာထင်တယ် ”

” ဟုတ်ပါ့ကွယ်… ဟုတ်ပါ့ ကြုံတုန်းလေး ပညာလေးစမ်းချင်သေးရဲ့ ”

” ခင်ဗျား စမ်းချင်တယ်ဆိုလည်း စမ်းပေါ့ သက်သက်ညှာညှာတော့ လုပ်နော် ဟက်ဟက်ဟက် ”

တေဇ အဲ့လိုပြောလိုက်ရာအမယ်အိုကြီးလည်း ဒေါသထွက်ပြီး

” ငမဲနဲ့ငနီ အဲ့ကောင်ရဲ့ခေါင်းကို ငါ့ခြေထောက်အောက်ယူလာခဲ့စမ်း ”

အဲ့လိုပြောလိုက်ရာ မြေကြီးထဲမှာ အမွှေးစုတ်ဖွားနှင့်အကောင်နှစ်ကောင်ပေါ်လာပြီး တေဇဆီ ပြေးဝင်လာလေသည်။ တေဇလည်း ဘာမှပြန်မလုပ်ပဲ အသာငြိမ်နေလိုက်သည်။

” ဝုန်းးးး ဝုန်းးးးး ဝူးဝါးးးးးဝါးး ”

အမွှေးစုတ်ဖွားနှင့် နှစ်ကောင်လည်း တေဇအနားသို့မရောက်မီ ဝုန်းခနဲအနောက်ပြန်လွင့်သွားပြီး အော်ဟစ်ကာပျောက်ကွယ်သွားလေသည်။

” အမေကြီးရဲ့သားနှစ်ယောက်တော့ ဘဝထပ်ပြောင်းသွားရှာပြီ ”

” အေး အခု ငါ့ပညာစထုတ်ပြီကြည့်နေ ”

ဆိုကာ ခရမ်းရောင်စက်ကိုထုတ်လေသည်။ တဖျတ်ဖျတ်နှင့်ပူလောင်လှသော စက်ကြိုးကြောင့် ဘေးမှအရွက်များ ချက်ချင်းညိုးနွမ်းသွားလေသည်။ တေဇလည်း စက်ထုတ်ပြီး ပြန်ကာထားလေရာ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီး

” ဝုန်းးး ”

စက်နှစ်ခုလုံးပျက်သွားကာ အမယ်အိုကြီး အနောက်သို့ခြေနှစ်လှမ်းခန့်ဆုတ်သွားလေသည်။

” နင်အတော်စွမ်းပါလားဟမ် ..ငါလည်းဒီလိုလူမျိုးကိုစောင့်နေတာ ထပ်မြည်းကြည့်ဦး ငါ့ပညာကို ”

ဆိုကာ နှုတ်မှ တစ်တွတ်တွတ်ရွတ်နေရာ ဘေးမှ ဝိဉာဉ်များ စုပြုံပြီးရောက်လာလေသည်။ ထို့နောက် လက်ဖြင့်ဝှေ့ယမ်းပြီး

” အရိုးအသား တခြားစီလုပ်ကြ ”

ဆိုပြီး အော်လိုက်ရာ ဝိဉာဉ်များက တေဇကို တစ်စစီ လုပ်ဖို့လေပေါ်မှာဝဲတက်လာလေသည်။ တေဇလည်း ဓားတစ်ထောင်စက်ကို ပြန်လွှတ်လိုက်ရာ ဝိဉာဉ်များ အပိုင်းပိုင်းပြတ်သွားလေသည်။ အမယ်ကြီးက ချက်ချင်းပဲ ရောင်စုံစက်များနှင့်ထပ်ပြစ်လေသည်။ တေဇလည်း ရောင်စုံစက်များကို မနည်းကာနေရချိန် အမယ်အိုကြီးက ဖနှောင့်နှင့်မြေကြီးကို ထပ်ပေါက်လိုက်ရာ မြွေအကောင်ပေါင်းများစွာက မြေကြီးထဲမှထိုးထွက်လာလေသည်။
စက်များကို အရုံစိုက်ပြီးကာနေသော တေဇက မြွေပေါင်းများစွာကိုမြင်သောအခါ စိတ်တိုသွားပြီး လေကိုလက်ဝါးနှင့်ရိုက်ချလိုက်ရာ စက်များရော မြွေများပါ လွင့်ထွက်သွားလေတော့သည်။ တေဇလည်း ချက်ချင်းပဲ ငရဲမီးတောက်စက်ထပ်ထုတ်ကာ အမယ်အိုကြီးထံ ထပ်လွှတ်လေသည်။ အမယ်အိုကြီးလည်း စက်ကိုကာချိန်မရပဲ ရင်ညွှန့်ကိုထိရာ အနောက်သို့လဲကျသွားလေသည်။ ထိုအချိန်

” အမေကြီး ရရဲ့လားဟင် ”

အမေကြီးက နှုတ်ခမ်းမှ စီးကျလာတဲ့ သွေးတွေကိုသုတ်လိုက်ပြီး

” သမီး အဲ့အကောင်ကိုသတ်ရမယ် အဲ့ဒါအမေ့အမိန့်ပဲ ”

မယ်မြက မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့်ကြည့်ပြီး

” ငါ့ရည်ရွယ်ချက်ကို ဖျက်ဆီးတဲ့သူ ငါ့အမေကြီးကို ထိခိုက်အောင်လုပ်တဲ့သူ ငါ့အကြောင်းသိစေရမယ် တောက်……… ”

အဲ့လိုပြောပြီး မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဘေးသို့ဆန့်ပြီး တေဇအရှေ့ဘက်သို့ တွန်းလိုက်ရာ

” ဝုန်းးးးး အ……. ”

တေဇအနောက်ကိုလွင့်သွားလေသည်။ တေဇလည်း ချက်ချင်းပြန်ထလာပြီး

” ဘယ်ဆိုးလို့လဲ ငါမညှာဘူးနော် ထပ်ထုတ်စမ်း နင့်ပညာအကုန် ”

” ဟွန်း အပြောကြီးမနေနဲ့ အောက်လမ်းကောင် ငါ့ပညာအကုန်မဟုတ်သေးဘူး ရော့……….. ”

ဆိုကာ အနက်ရောင်စက်ကြိုးကိုထုတ်ပြီး တေဇဆီလွှတ်လေသည်။ တေဇလည်း စက်ကြိုးအနီးကပ်လာမှ လက်ဝါးဖြင့်ရိုက်ချလိုက်ရာ

” ဝုန်းးးးး အင့်…… အားးးးး ”

စက်ကြိုးပြတ်တဲ့အရှိန်ကြောင့် နှစ်ယောက်လုံးအနောက်လွင့်သွားလေသည်။ ချက်ချင်းပြထလာပြီး

” ငါ့ရဲ့ကိုယ်ခွဲပညာကိုခံနိုင်မှာလား ”

ဆိုကာ ကိုယ်ခွဲငါးကိုယ်ထုတ်ပြီး စက်ရောင်စုံများဖြင့် တေဇကိုပစ်လေသည်။ တေဇကလည်း လက်တစ်ဖက်မှကာပြီး မြေကြီးထဲတိုးဝင်သွားလေသည်။

” ဖြတ်……. ဖြတ်……ဖြတ်…. ဖြတ်…..”

ကိုယ်ပွားများ စက်ထိကာ ပျောက်ကွယ်သွားလေသည်။ တေဇလည်းအရှေ့တည့်တည့်မှ ပြန်ပေါ်လာပြီး

” မင်းရဲ့ပညာအကုန်ထုတ်တော့ ငါစိတ်မရှည်တော့ဘူး ”

” သမီး အမေနဲ့ပေါင်းပြီးတိုက်ရအောင် စက်ထုတ်တော့ ”

ဆိုပြီး ရောင်စုံစက်များကိုထုတ်ပြီး မယ်မြရဲ့သက်တန့်ရောင်စက်ဖြင့်ပေါင်းကာ တေဇဆီလွှတ်လေသည်။ တေဇက နတ်မင်းကြီးများချီးမြှင့်ထားသည့်အင်းဖြင့် စက်တန်းကိုပေါက်ချလိုက်ရာ

” ဝုန်းးးးးးးး အော့…… အားးးးးးး ”

အမေကြီးရော မယ်မြရော အနောက်သို့လဲကျသွားလေပြီး အမေကြီးက သွေးများအန်ချနေလေသည်။ မယ်မြက အမေကြီးကိုပွေ့ဖက်ကာ

” အမေကြီးရရဲ့လားဟင် အမေကြီးးးးးးး ”

မယ်မြလက်ထဲမှာပင် အမေကြီး ပျော့ခွေကာငြိမ်သက်သွားလေတော့သည်။ မယ်မြက အမေကြီးကိုဖက်ပြီး ငိုနေလေသည်။ တေဇက

” အနောက်ဆုတ်တော့ မယ်မြ ငရဲမီးထတောက်တော့မယ် ”

ဆိုပြီး မယ်မြလက်မောင်းကို ဆွဲပြီး အနောက်ဆုတ်လိုက်လေသည်။ ငရဲမီးများထတောက်လာပြီး အမေကြီးအား လောင်မြိုက်ကာပြာကျသွားလေတော့သည်။ တေဇက မယ်မြအား

” မင်းရဲ့ကျန်တဲ့ဘဝရဲ့အချိန်ကို အကျိုးရှိရှိနေပါ… အကျိုးရှိစေမဲ့အရာတွေကိုလုပ်ပါ နောက်တစ်ကြိမ်ငါ့နဲ့ထပ်ဆုံရင် မင်းအသက်ကို အခုလိုလွှတ်ပေးမှာမဟုတ်ဘူး ဒါမင်းအတွက် ”

ဆိုပြီး အထုပ်တစ်ထုပ်ပေးခဲ့ပြီး ကျောခိုင်းပြီး ထွက်သွားလေသည်။ မယ်မြလည်း တေဇနောက်ကျောကိုကြည့်ကာ မျက်ရည်များ စီးကျလာလေသည်။ တစ်လခန့်အကြာတွင် ဒေါ်တုတ်လည်းကျန်းမာရေးပြန်ကောင်းလာပြီး အရင်လိုဝဝဖြိုးဖြိုး ပြန်ဖြစ်လာလေသည်။

” ဒေါ်တုတ်ဆုံးပြီတဲ့ ”

မနက်စောစောကြားလိုက်သည့် သတင်းကြောင့် ကြားရသူများ မျက်လုံးပြူး အံ့ဩကုန်ကြတယ်။

” ဟိုဆရာကုပေးခဲ့တာ သက်သာနေပြီလေ အကောင်းအတိုင်းကြီးကို အခုက ဘယ်လိုဖြစ်တာလဲ ”
. ” မနေ့ညက ပူတယ်ပူတယ်ဆိုပြီး အော်နေတာ မနက်လင်းခါနီးက အသက်ထွက်သွားရော သူ့ခန္ဓာမှာလည်း မီးလောင်ကွက်လို အကွက်တွေအရည်ကြည်ဖုတွေထွက်နေတယ်တဲ့ ”

တစ်ရွာလုံး ဒေါ်တုတ်အကြောင်း ပြောနေချိန် ရွာအပြင်တွင် မယ်မြတစ်ယောက် အထုပ်တစ်ထုပ်ကိုဆွဲကာ ရွာကို ကျောခိုင်းထွက်ခဲ့လာလေတော့သည်။ ဒေါ်တုတ်ဘာလို့ သေသွားလည်းဆိုတာ စာဖတ်သူများမှအပ အခြားမည်သူမှ သိနိုင်မည်မဟုတ်ချေ။

လေးစားစွာဖြင့်

စာရေးသူ – လင်းတေဇ

#crd