” တောမာယာနှင့် မုဆိုးစည်းကမ်း ”(စ/ဆုံး)

Unicode Version

” တောမာယာနှင့် မုဆိုးစည်းကမ်း ”(စ/ဆုံး)
————————————————-

ထောင်မှူးကြီးသိန်းဝင်း

[၁]

မနက်ဖြန် ဌာနဆိုင်ရာလူကြီးများ စခန်းသို့ လာရောက်စစ်ဆေးမည်ဟု သတင်းရသဖြင့် ထောက်ဌာနတာဝန်ခံ ကျွန်တော်တို့မုဆိုးအဖွဲ့ တောကောင်ပစ်ထွက်ကြရန် နံနက်စောစောစီးစီး မနက်စာစားပြီး စီစဉ်နေကြရသည်။

မုဆိုးအဖွဲ့တွင် ကျွန်တော်က ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်က နောက်တန်းတပ်ကြပ်ကြီး ဦးမြကြီးတို့ ဖြစ်ကြသည်။ နောက်လိုက်များကတော့ ကျွန်တော်၏ မုဆိုးတပည့် သာယာဝတီသားများ ဖြစ်ကြသည့် မုဆိုးအောင်သန်းနှင် မျောက်တင်သောင်း စုစုပေါင်းလေးယောက်ဖြစ်ပါသည်။

နေပွင့်သည်နှင့် နံနက် ၆ နာရီကျော်ခန့် တောတွင်းဝင်ခဲ့ကြသည်။ ကျွန်တော်တို့ စခန်းချရာနေရာသည် တောတွင်းဖြစ်၍ အမဲလိုက်ရန်နေရာသည် ရှည်ရှည်ဝေးဝေးသွားရန် မလိုပါ။ စခန်းကထွက်သည်နှင့် တောတွင်းရောက်သည်။ ရဲဘက်များ ထင်းခုတ်၊ ဝါးခုတ်နေရာများကိုတော့ သတိထားပြီး ဝေးဝေးက ရှောင်ရသည်။ မတော် သားကောင်ကိုမဲပြီး မှားပစ်မိမည်စိုးသောကြောင့် ဖြစ်သည်။

စခန်းအရှေ့ဘက်၌ ရန်ကုန်-မန္တလေး လမ်းမကြီးအတွက် တောရှင်းနေကြသည်။ တောင်ဘက်က စခန်းအဝင်လမ်း၊ ကားအဝင်အထွက်နှင့် လူအဝင်အထွက်ရှိသည်။ မြောက်ဘက်က လျှော်တုန်းချောင်းကြီးခံနေသည်။ ချောင်းထဲ၌လည်း မနက်ဖြန်ဧည့်သည်များအတွက် ရဲဘက်များ ငါးရှာနေကြသည်။

ဧည့်သည်များအတွက် တောကောင်မရခဲ့လျှင် ငါးဟင်းဖြင့်ကျွေးရန် စခန်းတာဝန်ခံက စီစဉ်ထားခြင်းဖြစ်သည်။ တောဟင်းသီး ဟင်းရွက်အတွက်လည်း ရဲဘက်ဗိုလ်ကြီးအဖွဲ့က တောဝင်၍ရှာကြမည် ဖြစ်သည်။

ဤရာသီက နွေအခါကာလ တပေါင်းလ၊ တောတွင်း၌ မဒမ်စာရေချောင်းကမ်းစပ်၌ ဇရစ်ရိုးနှင့် ချိုးခြေထောက်၊ တောပိန္နဲသီးနှင့် ဇင်ပြွန်းသီး၊ တောသရက်ကင်းများက ပေါလှသည်။ အတို့အမြှုပ်အတွက် ရင်းတိုက်ရွက်ခူး၊ သခွတ်ပွင့်၊ ဆီးဖြူသီး၊ ကြောင်လျှာသီး၊ မလွှသီးတို့က အလွန်ပေါများလှသည်။ ကျွန်တော်တို့အဖွဲ့ အနောက်ဘက်တောသို့ ဝင်ခဲ့ကြပါသည်။

မနက်ခင်းဖြစ်၍ တောတွင်း၌ အိပ်တန်းဆင်းစ မျောက်အော်သံ၊ တောကြက်တွန်သံ၊ ချေဟောက်သံနှင့် ရစ်ကြက်များ တစီစီအော်မြည်ပြီး တောင်ပံရိုက်သံ၊ ငှက်ကလေးများ၏ သာယာသောအော်မြည်သံက နံနက်ခင်းအလှကို တန်ဆာဆင်နေသည်။

စောသေး၍ နေရောင်ကို မမြင်ရသေး။ တောတွင်းဖြစ်သဖြင့် နှင်းလက်ကျန်က မကုန်တတ်သေး။ ပတ်ဝန်းကျင်မှာ နှင်းကမ္ဗလာဖြူဖြူက ဆိုင်းနေသည်။ အဝေးကို မမြင်ရ။ ဝေဝေဝါးဝါးပင်။

“ဆရာ ကျွန်တော်တို့ ဘယ်ဘက်ကို ဦးတည်ပြီး သွားကြမှာလဲ”

တပည့်မုဆိုး အောင်သန်းက မေးလာသည်။

“တည့်တည့်သွား။ ဂုံညင်းလျှို၊ သရက်တောနဲ့ ညောင်မုတ်ဆိတ်စခန်းအထိ သွားမယ်။ အဲဒီကမှ လျှော်တုန်ချောင်းကိုကူးပြီး သစ်ကုလားမြောင်၊ လူသေမြောင်နဲ့ ချောင်းရက်စခန်းကတစ်ဆင့် ဒီဘက်ကမ်း ပြန်ကူးလာမယ်။ ရှေ့လျှောက် တောနက်လာပြီး စကားမပြောနဲ့၊ ဆေးလိပ်မသောက်နဲ့။ လေအောက်က ရွေးပြီးသွား။ မုဆိုးခြေလှမ်းကို သတိထား”

ကျွန်တော်က လိုရင်းတိုရှင်း သတိပေးလိုက်သည်။ တောကျွမ်းသော မုဆိုးအောင်သန်းနှင့် သစ်ပင်တက်ကျွမ်းသော မျောက်တင်သောင်းတို့က ဦးဆောင်သည်။ တောရှင်းဓားရှည်တစ်ချောင်းစီကိုလည်း ကိုင်ထားကြသည်။ သူတို့တွင် လွယ်အိတ်ကိုယ်စီနှင့် ထမင်းထုပ်များ ရေဘူးနှင့် လောက်လေးခွအစုံလည်း ပါလာကြသည်။ ကျွန်တော်က အလယ်က။ နောက်တွင် တပ်ကြပ်ကြီးဦးမြကြီးက သေနတ်ကို ထမ်း၍ အေးဆေးစွာ လိုက်ပါလာသည်။

ဂုံညင်းလျှိုအစပ်ရောက်တော့ ဒေါင်းဖို၊ ဒေါင်းမ တွန်သံကို ကြားရသည်။ မုဆိုးအောင်သန်းက လက်ပြသဖြင့် ကျွန်တော်နှင့် တပ်ကြပ်ကြီး အနီးရှိ ပျဉ်းမပင် ပင်စည်ကြီးအကွယ်သို့ ကပ်လိုက်ကြသည်။ အောင်သန်းနှင့် တင်သောင်းတို့ ရှေ့တက်သွားကြပြီး လောက်လေးခွကိုယ်စီထုတ်ကာ တောချုံများကို အကာအကွယ်ယူ၍ တက်သွားကြသည်။

မကြာပါ။

“ဖောက်… ဖောက်… ဖောက်…”

ဟူသော လေးခွပစ်သံ ကြားရပြီး ဒေါင်းတွန်သံ ပျောက်သွားသည်။ ၅ မိနစ်ခန့်ကြာတော့ ဒေါင်းဖို၊ ဒေါင်းမ အသေကြီးနှစ်ကောင်ကို ပိုက်၍ ပြန်ရောက်လာကြသည်။ လေးခွအလွန်လက်တည့်သော တပည့်များ ဖြစ်ကြပါသည်။

“ဆရာရေ မုဆိုး လာဘ်ဦးပေါက်တယ်ဗျို့။ နှစ်ကောင်စလုံး ခေါင်းမှန်တာချည်းပဲ။ ချေချေးတုံး လတ်လတ်ဆတ်ဆတ်တွေလည်း တွေ့ခဲ့ရတယ်။ ရှေ့မှာ ဆီးဖြူတောရှိတယ်။ အဲဒီမှာ ဝင်စားနေလိမ့်မယ်။ ဒီတစ်ခါ ဆရာတို့ရှေ့ကတက်ပြီး လက်စွမ်းပြပေတော့။ ကညင်ပင်ညီနောင် ရှေ့မှာနော် … ဆရာ၊ မဝေးလှဘူး သတိထား”

“အေးပါ … ငါသိပါတယ်။ လာ… ဆရာဦးမြကြီး၊ လက်ဝဲ လက်ျာ ရင်ပေါင်တန်းပြီး ဖြန့်တက်မယ်”

“ဟုတ် ဆရာ”

ကျွန်တော်နှင့် ဆရာကြီး ရင်ပေါင်တန်းတက်လာသော ရှေ့တစ်ခေါ်လောက်တွင် ကညင်ပင်ညီနောင်ကို တွေ့ရသည်။ တစ်ဖက်တွင် ဆီးဖြူတောဖြစ်သည်။ ကျွန်တော်တို့ ရင်ပေါင်းတန်း တက်လာကြရာမှ ကျွန်တော်အချက်ပြသဖြင့် ဆရာကြီးက ကျွန်တော်နောက်ကျောသို့ ကပ်လိုက်သည်။ ကိုယ်ကိုကျုံ့ခြင်းဖြစ်သည်။ ချေများကိုတော့ မမြင်ရသေး။

ကညင်နှစ်ပင် ပင်စည်ကြီးများကိုကွယ်၍ ကိုယ်ကို ယို့ကြည့်လိုက်တော့မှ ချေမောင်နှံတစ်စုံ အိပ်လျက်အနေအထားဖြင့် ကြွေကျနေသော ဆီးဖြူသီးများကို ကောက်စားနေကြသည်။ ရွက်ကြွေတောဖြစ်၍ အောက်ခြေရှင်းသော်လည်း ရွက်ကြွေခြောက်များဖြင့် ရောနေသဖြင့် ကျွန် တော်တို့ ရုတ်တရက် အဝေးမှ မမြင်ကြရခြင်းဖြစ်သည်။

ကျွန်တော်တို့နှစ်ဦး လူခွဲ၍ လည်တိုင်ရင်းကို ချိန်ပစ်ကြသည်။

“ဒိုင်း … ဒိုင်း …”

ဆက်တိုက်ထွက်ပေါ်လာသော သေနတ်သံအဆုံး ချေနှစ်ကောင် တစ်ဖက်သို့လိမ့်၍ လဲကျသွားသဖြင့် ကျွန်တော့်နောက်ဘက်ရှိ အောင်သန်းနှင့် တင်သောင်းကို လက်ပြခေါ်လိုက်ရသည်။

“ဆရာတို့ … တော်ပါပေတယ်။ အတွဲညီတယ်ဗျို့”

“ကဲ အောင်သန်းရေ ရှေ့ဆက်သွားမလား၊ ပြန်ကြမလား။ သားကောင်ကတော့ ဒီလောက်ဆို ဧည့်သည်တွေအတွက် ပြည့်စုံရုံတင်မက ပိုလျှံတောင်နေပြီ”

“စောပါသေးတယ် ဆရာ။ အခုမှ ရှစ်နာရီလောက်ပဲ ရှိဦးမယ်။ လာဘ်ပေးတုန်း အရယူကြတာပေါ့။ တောစောင့်နတ် တောင်စောင့်နတ်များ ကျန်းမာချမ်းသာကြပါစေ။ ဟင်းစားပေးသော ကိုယ်တော်ကြီး ပို၍ ကျန်းမာချမ်းသာပါစေ၊ နတ်မိဖုရားများနှင့် မမောနိုင်မပမ်းနိုင် ခံစားပျော်ပါးနိုင်ပါစေ”

“ဟဲ့ကောင် အောင်သန်း အကောင်းမှတ်လို့။ တောထဲ တောင်ထဲမှာ မနောက်ပြောင်ကောင်းဘူး။ ပြန်တောင်းပန်လိုက်”

တပ်ကြပ်ကြီးက ဝင်ဟန့်ရာ မုဆိုးအောင်သန်းက သားကောင်များရသဖြင့် အပျော်လွန်ဟန်ဖြင့် . . .

“ဘွာတေးပါ ကိုယ်တော်ကြီး၊ ဟဲ … ဟဲ … ဟဲ…”

“တယ် . . . ဒီကောင် ဘာဖြစ်နေတာတုံး။ မုဆိုးလုပ်ပြီး တောစည်းတောင်စည်း နားမလည်ဘူးလား”

ကျွန်တော်ဝင်ဟန့်မှ မုဆိုးအောင်သန်း ပါးစပ်ပိတ်သွားသည်။

[ ၂ ]

“ကဲ ရှေ့ဘက်တိုးမယ်ဆိုရင် ဒီတောကောင်တွေ ဘယ်လိုလုပ်ကြမလဲ”

“လွယ်ပါတယ် ဆရာ၊ ခြေလက်ကြိုးတုပ်ပြီး သစ်ကိုင်းမှာ ချိတ်ခဲ့တာပေါ့။ ဒေါင်းနှစ်ကောင်ကလည်း ၅ ပိဿာစီလောက်လေးတော့ မသယ်နိုင်တော့ဘူး။ ကြိုးချည်ပြီး သစ်ကိုင်းမှာပဲ ချိတ်ခဲ့တော့မယ် နော်… ဆရာ”

မျောက်တင်သောင်းက ဝင်ပြောလာသည်။

“အေး ကောင်းသလိုသာ စီစဉ်ခဲ့ကြ။ နိမ့်ရင်တော့ တောခွေးတွေ ဝါးသွားလိမ့်မယ်”

ကျွန်တော်နှင့် တပ်ကြပ်ကြီး ဆီးဖြူပင်အောက်တွင် ဆီးဖြူသီးဝါးစားရင်း ရေသောက်၍ အနားယူအပန်းဖြေနေကြစဉ် မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းက မြရာလျှော်ဖြင့် တောကောင်များအား တုပ်ပြီး သစ်ကိုင်းမြင့်တွင် ချိတ်ဆွဲထားခဲ့ကြသည်။

သရက်တောစပ်ရောက်တော့ တောမှာ ဆိတ်ငြိမ်နေသည်။ ငှက်အော်သံမျှ မကြားရ။ ကျွန်တော်က သတိထားရန် လက်ဟန်ဖြင့်ပြတော့ အားလုံးသဘောပေါက်ကြသည်။

တောငြိမ်ခြင်းသည် တောကောင်ကြီးများ အနီးတွင်ရှိကြောင်း တောအတွေ့အကြုံအရ ကျွန်တော်တို့ မုဆိုးများသိရှိကြသည်။ သရက်တောဟုဆိုရာ၌လည်း သရက်ပင်ချည်း ရှိခြင်းမဟုတ်။ တောသရက်ပင်ကြီးများ ကျိုးတိုးကျဲတဲပေါက်နေပြီး အခြားအပင်များအပြင် တောစို စိမ့်တော ဖြစ်သဖြင့် ကြိမ်ပင်၊ ရေငန်းပင်များအပြင် ဒိုးနွယ်ပင်၊ နဘူးချုံ၊ ခရာချုံ၊ မြရာချုံတောများ ပေါက်ရောက်နေသဖြင့် တောစိုဖြစ်သည်။ အောက်ခြေရှုပ်လှသည်။ အဝေးကို လှမ်းမမြင်နိုင်ပါ။

မကြာမီ ရှဉ့်ကလေးများ စုတ်ထိုးသံနှင့်ငှက်ကလေးများ အော်မြည်သံ၊ တောကြက်ဖများတွန်သံကို ကြားလာရပြန်သဖြင့် တောကောင်ကြီး ပြန်ထွက်သွားပုံရသည်။ ကျွန်တော်တို့ အသီးများ ပြွတ်ခဲစွာ သီးနေခဲ့သော ဆင်နင်းသရက်ပင်ကြီးတစ်ပင်အောက်တွင် နားကြသည်။ တို့စရာအဖြစ် သရက်သီးများခူးရန် ဖြစ်ပေသည်။

ဆင်နင်းသရက်ဆိုသည်မှာ နုစဉ်အခါ၌သာ တို့မြှုပ်စားလို့ရသည်။ ပုံစံမှာ ဆင်နင်းထားသလို ပြားပြား။ ရင့်မှည့်သွားပါက အမျှင်များလွန်းပြီး အသားက အလွန်နည်းသည်။ စားမရ။

တောကောင်များကတော့ ဆင်နင်းသရက်သီးမှည့်ကို အလွန်ကြိုက်ကြသည်။ အရသာ ချဉ်ချိုကလေး။

ထုံးစံအတိုင်း မျောက်တင်သောင်းနှင့် မုဆိုးအောင်သန်းတို့ သရက်ပင်ကြီးပေါ်သို့ တက်ကြသည်။ ဆင်နင်းသရက်က အခြားသရက်သီးများလို တစ်လုံးချင်း မသီး၊ အတွဲလိုက် အပြွတ်လိုက် အားရပါးရ သီးသည်။ ကျွန်တော်တို့က သရက်ပင်အောက်၌ အမောဖြေ နားနေကြသည်။

များမကြာမီ တဝီဝီအသံများ ကြားရပြီး သရက်သီးကင်းများ ပြုတ်ကျသံနှင့် မုဆိုးအောင်သန်း၏ အော်သံ။

“ဆရာရေ … ပြေးပြေး… တောကြီးပျားတွေ”

ကျွန်တော်နှင့် တပ်ကြပ်ကြီးလည်း အနီးတွင်ချထားသော သေနတ်များအား ကောက်ယူ၍ လွတ်ကင်းရာသို့ ထအပြေး မျောက်တင်သောင်းနှင့် မုဆိုးအောင်သန်းတို့ သရက်ပင်ကြီးပေါ်မှ အလုအယက် ဆင်းပြေးလာကြသည်။

အတော်ဝေးဝေးရောက်သည့်တိုင် ပျားများက တခြားသူအား မတုပ်ဘဲ၊ မုဆိုးအောင်သန်းကိုသာ ဖိတုပ်နေသဖြင့် အဝတ်များဖြင့် ယမ်းခါပေးသော်လည်း ခေတ္တသာ။ ထို့ကြောင့် မျောက်တင်သောင်းက သစ်ရွက်ခြောက်များကို အရေးပေါ် မီးရှို့လိုက်မှ မီးခိုးနံ့ရပြီး ပြန်ပြေးသွားကြသည်။

“ဘယ်လိုဖြစ်တာလဲကွ။ ပျားကြီးတွေက မုဆိုးအောင်သန်းကိုသာ မဲတုပ်ပြီး တခြားသူတွေကိုတော့ မဟုတ်ဘူး။ ထူးဆန်းပါပေ့ကွာ”

ကျွန်တော်က ပြောတော့ တပ်ကြပ်ကြီးက …

“မုဆိုးအောင်သန်းက တောစောင့်တောင်စောင့်တွေကို နောက်ပြောင်တာကိုး။ ဒါကြောင့် ပညာပေးခံရတာပါ”

ဟုတ်ပုံရပါသည်။

သရက်ပင်ပေါ် အတူတက်ကြသည့် မျောက်တင်သောင်းကတော့ တစ်ချက်မှ အတုပ်မခံရပါ။ မုဆိုးအောင်သန်းသာ လက်နှစ်ဖက်ဖြင့် ကာကွယ်သဖြင့် မျက်နှာမထိသော်လည်း အနီစက်များဖြင့် ချက်ချင်းရောင်တက်လာပါသည်။

ထိုစဉ် တပ်ကြပ်ကြီးက သူဆောင်လာသော မွေးညှပ်ကလေးဖြင့် ပျားတုပ်သောနေရာမှ ပျားဆူးများကို တစ်ခုချင်း စိတ်ရှည်လက်ရှည် နှုတ်ပေးနေသည်။

ပျားတို့၏သဘောမှာ အသေခံတိုက်ခိုက်ရေး ပျားများက သူတို့၏အမြီးဖျားမှ စူးဖြင့်ထိုးခြင်းဖြစ်ရာ တုပ်ပြီးသည်နှင့် စူးနှင့်အတူ လူ၏အသားထဲသို့ အမြှီးများပါ ပြတ်ကျန်နေခဲ့သဖြင့် ထိုပျားလည်း မကြာမီ သေဆုံးရလေသည်။ တပ်ကြပ်ကြီးက

“မျောက်တင်သောင်းရေ … ငါ့လွယ်အိတ်လေးထဲမှာ ကွမ်းဘူးတွေ ရှိတယ်။ အဲဒီအထဲက ထုံးဘူးကလေးထုတ်ပြီး အောင်သန်းကိုယ်ပေါ်က ပျားတုပ်ရာတွေကို လိမ်းပေးစမ်းကွာ။ ငါ ဒီမှာ စူးနှုတ်လို့ မပြီးသေးဘူး”

“ဟုတ်ကဲ့ပါ … ဆရာကြီး”

“တင်သောင်းရေ … နောက်နေ့မှ မင်းနဲ့ငါလာပြီး ဒီသရက်ပင်ပေါ်က ပျားအုံကြီးကို ဖွပ်မယ်ဟေ့။ သိကြရောပေါ့ကွာ။ သူ့လည်း ဘာမျှမလုပ်ဘဲနဲ့ သက်သက်ကြီး အတုပ်ခံရတာ နာတယ်ဟေ့”

မုဆိုးအောင်သန်းက အခဲမကြေပါ။

[ ၃ ]

“ကဲ … ကိစ္စပြီးရင် ပြန်ကြစို့။ ပြည့်လည်း ပြည့်စုံပါပြီ”

ထိုစဉ် အောင်သန်းက …

“မပြန်သေးဘူး ဆရာ၊ ဆရာပဲ ညောင်မုတ်ဆိတ်စခန်းအထိ သွားမယ်ဆို”

“အေး … အစောပိုင်းက ဟုတ်တယ်။ အခုတော့ မဟုတ်တော့ဘူး။ ဟင်းချက်စရာလည်း ပြည့်စုံနေပြီ။ မင်းမလည်း ပျားတုတ်ဒဏ်ရာတွေနဲ့ ပြန်ကြတာ ကောင်းပါတယ်။ စခန်းဆရာဝန်ကြီးကိုလည်း ပြပြီး အဆိပ်ဖြေဆေး ထိုးရလိမ့်မယ်”

“ရပါတယ် ဆရာရယ်။ အသေးအမွှားပါ။ ပျားစူးတွေနှုတ်ပြီး ထုံးသုတ်ထားတော့ ဘာမှမဖြစ်နိုင်တော့ပါဘူး။ ဆက်သွားမယ် ဆရာ။ ညောင်မုတ်ဆိတ်စခန်းနားမှာ ဆတ်ရှိတယ် ဆရာ”

“ကဲ မင်းတို့ သဘောပဲဟေ့”

ကျွန်တော်တို့ ဆက်ထွက်ခဲ့ကြပါသည်။ ညောင်မုတ်ဆိတ်စခန်းမှာ မဝေးလှ။ သရက်တောလွန်သည်နှင့် ရောက်သည်။ မျောက်တင်သောင်းကတော့ လမ်းတွင်တွေ့ရသည့် သရက်သီးများကို တက်ခူးခဲ့ပြီး လွယ်အိတ်နှင့် မဆန့်သဖြင့် သူ့လုံချည်ကို ချွတ်ကာထုပ်ပိုးပြီး ထမ်းခဲ့ပါသည်။ သူ့ပုံစံမှာ ဘောင်းဘီတိုကလေးဖြင့် လွယ်အိတ်ဖောင်းဖောင်းကို လွယ်ကာ သရက်သီးအထုပ်ကြီး ထမ်းထားသဖြင့် အလွန်ခွကျလှသည်။

ညောင်မုတ်ဆိတ်စခန်းရောက်တော့ စခန်းအလယ် ကြီးမားလှသော ညောင်မုတ်ဆိတ်ပင်ကြီး၏ အရိပ်အောက်တွင် ဝင်ပြီး နားကြသည်။ မကြာမီ တောအနောက်ဘက်မှ ဆတ်တစ်သံကို ကြားရသည်။ ခပ်လှမ်းလှမ်းက ဖြစ်သဖြင့် ကျွန်တော်တို့ လေတင်လေအောက်ရွေးပြီး နားကြသည်။ ဆရာကြီးက ကွမ်းယာစားပြီး မုဆိုးအောင်သန်းနှင့် မျောက်တင်သောင်းတို့က ဆေးလိပ်သောက်ကြသည်။

“မျောက်တင်သောင်း . . . ဒီနားပတ်ဝန်းကျင် သီးပင်စားပင် ရှိသလား”

“ရှိတယ် ဆရာ။ အနောက်ဘက်လျှိုစောင်းမှာ တောင်ဂွေးပင်တွေရှိတယ်။ အခု ဆတ်တစ်သံက အဲဒီဘက်ကလာတာ။ အတော် လှမ်းပါတယ်’”

“အေး … အဲဒါဆိုရင် မင်းနဲ့ အောင်သန်း ဒီညောင်ပင်ကြီးအောက်မှာ နားရင်းစောင့်ကြ။ ငါနဲ့ ဆရာကြီးနဲ့ သွားပစ်မယ်။ တောကတော့ ခပ်ရှုပ်ရှုပ်ပဲ။ သတိထားတော့ သွားရမယ်။ ကဲ … ဆရာကြီး ကွမ်းယာညက်ရင် ထွေးထုတ်ပစ်လိုက်တော့ သားကောင်တွေ အနံ့ရသွားမယ်’”

“ဟုတ်ကဲ့ ဆရာ”

“ဖူး… ထွီး…”

“ကျည်”

“ဟာ … ဘာသံလဲ ဆရာကြီး သွားကြိတ်သံလား”

“မဟုတ်ဘူး ဆရာ၊ ဆင်အော်သံ”

“လုပ်လုပ်… မြန်မြန်လုပ်ကြ၊ ဒီအနီးအနားက အသံပဲ”

ကျွန်တော်တို့က ပစ္စည်းများကောက်၍ ကြုံးအထ ညောင်မုတ်ဆိတ်ပင်ကြီးအနောက်ဘက်မှ ဆင်အုပ်ကြီးကလည်း အလန့်တကြား အိပ်နေရာမှ ကြုံးအထ ပေ ၂ဝ ခန့်အကွာတွင် ရင်ဆိုင်မိကြပြီး ကျွန် တော်တို့ ကမန်းကတန်း ပြေးကြရတော့သည်။

ဆင်အုပ်ကြီးမှာလည်း အလန့်တကြား ထွက်ပြေးကြရာ ကျွန်တော်တို့ အရှေ့ဘက်ရှိ အခက်အလက်စုံသော ပျဉ်းမပင်ကြီးပေါ်သို့ တက်ပြေးကြရသည်။

ပျဉ်းမပင်ကြီးမှာ လူလေးဖက်စာခန့်ရှိပြီး ခွဆုံကတော့ သိပ်မမြင့်မား၊ ၁၅ ပေသာသာခန့်သာ မြင့်ပေမည်။

အပင်ပေါ်သို့ တက်ရာတွင် မျောက်လိုလျင်မြန်သော တင်သောင်းက အပေါ်ကနေ ပျားတုပ်ခံထားရသော အောင်သန်းအားဆွဲတင်ပြီး ကျွန်တော်က အောက်ကတွန်း တင်ပေးရသည်။ တပ်ကြပ်ကြီးက အောက်ဆုံးက သေနတ်ကြီးများ လွယ်ထားရသဖြင့် သစ်ကိုင်းများနှင့်ငြိနေရာ ဆင်အုပ်သာ တကယ်လိုက်လာပါက ကျွန်တော်တို့ လွတ်လမ်းမမြင်ပါ။ အပေါ်ဆုံးမှ တင်သောင်းက

“ဆရာ စွယ်စုံဆင်အုပ်ကြီးဗျ … ပြေးပြီ။ တော်ပါသေးရဲ့။ နို့မို့ လွတ်မှာမဟုတ်ဘူးဗျ’”

ကျွန်တော်တို့အုပ်စု ခွဆုံသို့ရောက်သည်နှင့် တောတိုးသံကြီး ကြားရသဖြင့် အောက်သို့ ငုံ့ကြည့်ရာ မဲမဲလုံးလုံးကြီးက ပျဉ်းမပင်ကြီးအား ပြေးဆောင့်သည်။

“ဒုန်း”

“အောင်မလေးဗျ”

ဆင်အုပ်ကြီးအနီးတွင် ကပ်နေသော သင်းကွဲဟိုင်းဆင်ကြီးက နောက်မှလိုက်လာပြီး ပျဉ်းမပင်ကြီးအား ဝင်အောင်းခြင်းဖြစ်သည်။

အောင်သန်းအား သစ်ပင်ခွဆုံအလယ်တွင် အုပ်စုဖြင့် ညှပ်ထားသောကြောင့် သစ်ပင်ပေါ်မှ ပြုတ်မကျသော်လည်း သစ်ကိုင်းဖြင့် ရိုက်မိသဖြင့် ခေါင်းပေါက်သွားသည်။ ကျွန်တော်တို့လည်း အသက်အန္တရာယ်ရှိသဖြင့် ဆရာကြီးဖြင့် တီးတိုးတိုင်ပင်ကာ သေနတ်ကိုယ်စီ ထောင်ဖောက်ကြရတော့သည်။

“ဒိန်း … ဒိန်း …”

“အူး … ဝူး … ဝူး …”

ဆင်ဆိုးကြီးမှာ သေနတ်သံကြောင့် ထွက်ပြေးသွားသည်။

“အူး … ဝူး”

“ဝေါ … ဝေါ …”

“ဖြောင်း … ဖြောင်း”

တော်ပါသေးသည်။ သစ်တောဥပဒေအရ ဆင်ကို ပစ်ခတ်ခွင့်မရှိပါ။ တောဘုရင် ဆင်နှင့် ကျားများကိုလည်း ကျွန်တော်တို့က ရှောင်ပါသည်။

“ကဲ … တွေ့တယ်မဟုတ်လား။ တောတောင်ထဲမှာ လက်လွတ်စပယ် စကားပြောရင် အစောင့်တွေက မနေဘူးဆိုတာလေ။ အောင်သန်းဆိုတဲ့ကောင် နှုတ်စည်းမစောင့်တော့ အများထဲက သူတစ်ယောက်တည်းပဲ ကွက်ပြီး ခံရတယ်။ ကဲ… မှတ်ပြီမဟုတ်လား။ ရှေ့ဆက် ဘာဖြစ်ဦးမလဲ မသိဘူး”

ကျွန်တော်တို့ စိတ်ချရမှ ပျဉ်းမပင်ပေါ်က ဆင်းကြရသည်။ တပ်ကြပ်ကြီးက အရင်ဆင်းပြီး ကင်းစောင့်ပေးသည်။ မုဆိုးအောင်သန်း၏ ပျားတုပ်ခံရသောလက်များမှာ ရောင်ကိုင်းလာသည်။ ဖျားပြီး ကိုယ်ပူ ရှိန်ပါ တက်လာသဖြင့် တွဲခေါ်ရသည်။

ကျွန်တော်တို့ ချေနှစ်ကောင်နှင့် ဒေါင်းနှစ်ကောင် ချိတ်ဆွဲထားရာ နေရာအနီးသို့ရောက်တော့ ချေနှစ်ကောင်မှာ ငြိမ်သက်နေသော်လည်း ဒေါင်းနှစ်ကောင်မှာ သေပြီးဖြစ်ပါလျက် အတောင်ပံများ တဖြန်း ဖြန်း ရိုက်နေကြသည်။ ထိုစဉ် မျောက်တင်သောင်းက …

“ခေါင်းကြေအောင် လောက်စာလုံးမှန်ထားပါလျက် အသက်ပြန်ဝင်လာသေးတယ်။ တွေ့ကြသေးတာပေါ့ကွာ”

ဟု ပြောဆိုကာ အသင့်ကိုင်ထားသော ဓားရှည်ဖြင့် ခေါင်းများကို ခုတ်ဖြတ်လိုက်တော့မှ ငြိမ်သွားတော့သည်။

ဤတွင် ပြဿနာက မပြီးသေး။ တောကောင်များသယ်ရန် မုဆိုးအောင်သန်းအား တွဲရန် ကိစ္စများက ရှိသေးသည်။ ကျွန်တော်တို့ တာဝန်ခွဲရတော့သည်။

မျောက်တင်သောင်းက ၁၅ ပိဿာခန့်စီရှိသော ချေနှစ်ကောင်ကို ထမ်းရန်၊ ဒေါင်းနှစ်ကောင်နှင့် သရက်သီးအိတ်ကြီးအား သေနတ်ကြီးလွယ်ထားလျက် တပ်ကြပ်ကြီးကထမ်းရန် ကျွန်တော်က မုဆိုးအောင်သန်းအား တွဲခေါ်ခဲ့ရန်ဖြစ်သည်။

တပ်ကြပ်ကြီးကတော့ ယုံကြည်သည့်အတိုင်း တောစောင့်နတ်၊ တောင်စောင့်နတ်များအား တောင်းပန်တိုးလျှိုးရင်း နှုတ်က တဖွဖွ ရွတ်ဆိုနေသည်။

သို့ကြောင့်လားမသိ။ အပြန်လမ်းတွင် ရန်မရှိပါ။ တောခြောက်ခြင်းပင် မခံရတော့။ တရွေ့ရွေ့လှမ်းရသဖြင့် ညနေစောင်းမှ စခန်းသို့ ပြန်ရောက်သည်။ ရောက်ရောက်ချင်း အဖျားကြီးလွန်းသဖြင့် မုဆိုးအောင်သန်းအား စခန်းဆေးရုံသို့ တန်းတင်ရတော့သည်။

တစ်ပတ်ခန့်ကြာမှ မုဆိုးအောင်သန်း အဖျားနှင့် ဒဏ်ရာများ ပျောက်ကင်းသဖြင့် စခန်းဆေးရုံကဆင်းရသည်။ နောက်တွင် တောတွင်းဝင်တိုင်း တောစောင့်နတ် တောင်စောင့်နတ်များအား ရှိခိုးပူဇော်ကန်တော့ပြီး အမျှဝေသည်။ မလေးမစား အပျော်အပျက် နောက်ပြောင်ခြင်းလည်း မပြုရဲတော့။

သို့သော် သတ္တိကောင်းသော မုဆိုးပီပီ ဆင်နင်း သရက်ပင်ကြီးပေါ်မှ ပျားအုံကြီးကိုတော့ မီးတုတ်များဖြင့် သွားဖွတ်ဖြစ်အောင် ဖွတ်လိုက်သေးသည်။

တောနှင့် မုဆိုး၊ မုဆိုးနှင့် သားကောင်ဆိုသည်မှာ လျင်သူစားတမ်းတော့ ဥပဒေရှိပြီးသားပင်။ သို့သော် တောတောင်စောင့်ပုဂ္ဂိုလ်က မကျေနပ်လျှင်တော့ မုဆိုးက သားကောင်ဖြစ်သွားတတ်သည်။ တောတွင်းဆန်းကြယ်ကိစ္စများက မယုံ၍မရ။ တောတိုင်းတောင်တိုင်း၌ သူ့အထာနှင့်သူ ရှိကြသည်။

မုဆိုးပေါက်စ အလုပ်သင်များအနေဖြင့် သေနတ် အားကိုးပြီး ထင်တိုင်းကြဲ၍မရ။ နယ်ခံလမ်းပြမုဆိုးကို လေးစားပြီး သူ့ စကားကို နားထောင်လိုက်နာ ကြရမည်ဖြစ်သည်။

အချို့ကြမ်းသော တောများ၌ အပြောအဆိုမှားလျှင်ပင် မုဆိုးလုပ်သူ အသက်ပေးရတတ်သည်။ ထို့ကြောင့် ကွင်းထဲ၌ အမဲလိုက်သည်ဖြစ်စေ၊ တောကြီးမျက်မည်း မဟုတ်သော်လည်း အင်တိုင်းတော၊ ချုံ ပုတ်တောအတွင်း၌ အမဲလိုက်သည်ဖြစ်စေ မုဆိုးလုပ်သူက လွန်စွာ ဆင်ခြင်သတိထားရပေမည်။

တောကောင်ကြီးများ မဟုတ်သော်လည်း မြွေအန္တရာယ်ကလည်း အသက်ဇီဝိန်ကို ဆုံးရှုံးစေနိုင်ပါသည်။ ထို့ကြောင့်လည်း သမ္ဘာရင့် မုဆိုးကြီးများ တောဝင်လျှင် လူပိုခေါ်လေ့မရှိ။

မိမိအသက်ကို တစ်ဝက်အပ်နှံ၍ တောသို့ ဝင်ရသည်ဟု အဆိုအမိန့်ရှိပါကြောင်း တင်ပြလိုက်ရပါ တော့တည်း။

– ပြီး –

စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

Zawgyi Version

” ေတာမာယာႏွင့္ မုဆိုးစည္းကမ္း ”(စ/ဆုံး)
————————————————-

ေထာင္မႉးႀကီးသိန္းဝင္း

[၁]

မနက္ျဖန္ ဌာနဆိုင္ရာလူႀကီးမ်ား စခန္းသို႔ လာေရာက္စစ္ေဆးမည္ဟု သတင္းရသျဖင့္ ေထာက္ဌာနတာဝန္ခံ ကြၽန္ေတာ္တို႔မုဆိုးအဖြဲ႕ ေတာေကာင္ပစ္ထြက္ၾကရန္ နံနက္ေစာေစာစီးစီး မနက္စာစားၿပီး စီစဥ္ေနၾကရသည္။

မုဆိုးအဖြဲ႕တြင္ ကြၽန္ေတာ္က ေခါင္းေဆာင္၊ ဒုတိယေခါင္းေဆာင္က ေနာက္တန္းတပ္ၾကပ္ႀကီး ဦးျမႀကီးတို႔ ျဖစ္ၾကသည္။ ေနာက္လိုက္မ်ားကေတာ့ ကြၽန္ေတာ္၏ မုဆိုးတပည့္ သာယာဝတီသားမ်ား ျဖစ္ၾကသည့္ မုဆိုးေအာင္သန္းႏွင္ ေမ်ာက္တင္ေသာင္း စုစုေပါင္းေလးေယာက္ျဖစ္ပါသည္။

ေနပြင့္သည္ႏွင့္ နံနက္ ၆ နာရီေက်ာ္ခန႔္ ေတာတြင္းဝင္ခဲ့ၾကသည္။ ကြၽန္ေတာ္တို႔ စခန္းခ်ရာေနရာသည္ ေတာတြင္းျဖစ္၍ အမဲလိုက္ရန္ေနရာသည္ ရွည္ရွည္ေဝးေဝးသြားရန္ မလိုပါ။ စခန္းကထြက္သည္ႏွင့္ ေတာတြင္းေရာက္သည္။ ရဲဘက္မ်ား ထင္းခုတ္၊ ဝါးခုတ္ေနရာမ်ားကိုေတာ့ သတိထားၿပီး ေဝးေဝးက ေရွာင္ရသည္။ မေတာ္ သားေကာင္ကိုမဲၿပီး မွားပစ္မိမည္စိုးေသာေၾကာင့္ ျဖစ္သည္။

စခန္းအေရွ႕ဘက္၌ ရန္ကုန္-မႏၲေလး လမ္းမႀကီးအတြက္ ေတာရွင္းေနၾကသည္။ ေတာင္ဘက္က စခန္းအဝင္လမ္း၊ ကားအဝင္အထြက္ႏွင့္ လူအဝင္အထြက္ရွိသည္။ ေျမာက္ဘက္က ေလွ်ာ္တုန္းေခ်ာင္းႀကီးခံေနသည္။ ေခ်ာင္းထဲ၌လည္း မနက္ျဖန္ဧည့္သည္မ်ားအတြက္ ရဲဘက္မ်ား ငါးရွာေနၾကသည္။

ဧည့္သည္မ်ားအတြက္ ေတာေကာင္မရခဲ့လွ်င္ ငါးဟင္းျဖင့္ေကြၽးရန္ စခန္းတာဝန္ခံက စီစဥ္ထားျခင္းျဖစ္သည္။ ေတာဟင္းသီး ဟင္း႐ြက္အတြက္လည္း ရဲဘက္ဗိုလ္ႀကီးအဖြဲ႕က ေတာဝင္၍ရွာၾကမည္ ျဖစ္သည္။

ဤရာသီက ေႏြအခါကာလ တေပါင္းလ၊ ေတာတြင္း၌ မဒမ္စာေရေခ်ာင္းကမ္းစပ္၌ ဇရစ္႐ိုးႏွင့္ ခ်ိဳးေျခေထာက္၊ ေတာပိႏၷဲသီးႏွင့္ ဇင္ႁပြန္းသီး၊ ေတာသရက္ကင္းမ်ားက ေပါလွသည္။ အတို႔အျမႇဳပ္အတြက္ ရင္းတိုက္႐ြက္ခူး၊ သခြတ္ပြင့္၊ ဆီးျဖဴသီး၊ ေၾကာင္လွ်ာသီး၊ မလႊသီးတို႔က အလြန္ေပါမ်ားလွသည္။ ကြၽန္ေတာ္တို႔အဖြဲ႕ အေနာက္ဘက္ေတာသို႔ ဝင္ခဲ့ၾကပါသည္။

မနက္ခင္းျဖစ္၍ ေတာတြင္း၌ အိပ္တန္းဆင္းစ ေမ်ာက္ေအာ္သံ၊ ေတာၾကက္တြန္သံ၊ ေခ်ေဟာက္သံႏွင့္ ရစ္ၾကက္မ်ား တစီစီေအာ္ျမည္ၿပီး ေတာင္ပံ႐ိုက္သံ၊ ငွက္ကေလးမ်ား၏ သာယာေသာေအာ္ျမည္သံက နံနက္ခင္းအလွကို တန္ဆာဆင္ေနသည္။

ေစာေသး၍ ေနေရာင္ကို မျမင္ရေသး။ ေတာတြင္းျဖစ္သျဖင့္ ႏွင္းလက္က်န္က မကုန္တတ္ေသး။ ပတ္ဝန္းက်င္မွာ ႏွင္းကမၺလာျဖဴျဖဴက ဆိုင္းေနသည္။ အေဝးကို မျမင္ရ။ ေဝေဝဝါးဝါးပင္။

“ဆရာ ကြၽန္ေတာ္တို႔ ဘယ္ဘက္ကို ဦးတည္ၿပီး သြားၾကမွာလဲ”

တပည့္မုဆိုး ေအာင္သန္းက ေမးလာသည္။

“တည့္တည့္သြား။ ဂုံညင္းလွ်ိဳ၊ သရက္ေတာနဲ႔ ေညာင္မုတ္ဆိတ္စခန္းအထိ သြားမယ္။ အဲဒီကမွ ေလွ်ာ္တုန္ေခ်ာင္းကိုကူးၿပီး သစ္ကုလားေျမာင္၊ လူေသေျမာင္နဲ႔ ေခ်ာင္းရက္စခန္းကတစ္ဆင့္ ဒီဘက္ကမ္း ျပန္ကူးလာမယ္။ ေရွ႕ေလွ်ာက္ ေတာနက္လာၿပီး စကားမေျပာနဲ႔၊ ေဆးလိပ္မေသာက္နဲ႔။ ေလေအာက္က ေ႐ြးၿပီးသြား။ မုဆိုးေျခလွမ္းကို သတိထား”

ကြၽန္ေတာ္က လိုရင္းတိုရွင္း သတိေပးလိုက္သည္။ ေတာကြၽမ္းေသာ မုဆိုးေအာင္သန္းႏွင့္ သစ္ပင္တက္ကြၽမ္းေသာ ေမ်ာက္တင္ေသာင္းတို႔က ဦးေဆာင္သည္။ ေတာရွင္းဓားရွည္တစ္ေခ်ာင္းစီကိုလည္း ကိုင္ထားၾကသည္။ သူတို႔တြင္ လြယ္အိတ္ကိုယ္စီႏွင့္ ထမင္းထုပ္မ်ား ေရဘူးႏွင့္ ေလာက္ေလးခြအစုံလည္း ပါလာၾကသည္။ ကြၽန္ေတာ္က အလယ္က။ ေနာက္တြင္ တပ္ၾကပ္ႀကီးဦးျမႀကီးက ေသနတ္ကို ထမ္း၍ ေအးေဆးစြာ လိုက္ပါလာသည္။

ဂုံညင္းလွ်ိဳအစပ္ေရာက္ေတာ့ ေဒါင္းဖို၊ ေဒါင္းမ တြန္သံကို ၾကားရသည္။ မုဆိုးေအာင္သန္းက လက္ျပသျဖင့္ ကြၽန္ေတာ္ႏွင့္ တပ္ၾကပ္ႀကီး အနီးရွိ ပ်ဥ္းမပင္ ပင္စည္ႀကီးအကြယ္သို႔ ကပ္လိုက္ၾကသည္။ ေအာင္သန္းႏွင့္ တင္ေသာင္းတို႔ ေရွ႕တက္သြားၾကၿပီး ေလာက္ေလးခြကိုယ္စီထုတ္ကာ ေတာခ်ဳံမ်ားကို အကာအကြယ္ယူ၍ တက္သြားၾကသည္။

မၾကာပါ။

“ေဖာက္… ေဖာက္… ေဖာက္…”

ဟူေသာ ေလးခြပစ္သံ ၾကားရၿပီး ေဒါင္းတြန္သံ ေပ်ာက္သြားသည္။ ၅ မိနစ္ခန႔္ၾကာေတာ့ ေဒါင္းဖို၊ ေဒါင္းမ အေသႀကီးႏွစ္ေကာင္ကို ပိုက္၍ ျပန္ေရာက္လာၾကသည္။ ေလးခြအလြန္လက္တည့္ေသာ တပည့္မ်ား ျဖစ္ၾကပါသည္။

“ဆရာေရ မုဆိုး လာဘ္ဦးေပါက္တယ္ဗ်ိဳ႕။ ႏွစ္ေကာင္စလုံး ေခါင္းမွန္တာခ်ည္းပဲ။ ေခ်ေခ်းတုံး လတ္လတ္ဆတ္ဆတ္ေတြလည္း ေတြ႕ခဲ့ရတယ္။ ေရွ႕မွာ ဆီးျဖဴေတာရွိတယ္။ အဲဒီမွာ ဝင္စားေနလိမ့္မယ္။ ဒီတစ္ခါ ဆရာတို႔ေရွ႕ကတက္ၿပီး လက္စြမ္းျပေပေတာ့။ ကညင္ပင္ညီေနာင္ ေရွ႕မွာေနာ္ … ဆရာ၊ မေဝးလွဘူး သတိထား”

“ေအးပါ … ငါသိပါတယ္။ လာ… ဆရာဦးျမႀကီး၊ လက္ဝဲ လက္်ာ ရင္ေပါင္တန္းၿပီး ျဖန႔္တက္မယ္”

“ဟုတ္ ဆရာ”

ကြၽန္ေတာ္ႏွင့္ ဆရာႀကီး ရင္ေပါင္တန္းတက္လာေသာ ေရွ႕တစ္ေခၚေလာက္တြင္ ကညင္ပင္ညီေနာင္ကို ေတြ႕ရသည္။ တစ္ဖက္တြင္ ဆီးျဖဴေတာျဖစ္သည္။ ကြၽန္ေတာ္တို႔ ရင္ေပါင္းတန္း တက္လာၾကရာမွ ကြၽန္ေတာ္အခ်က္ျပသျဖင့္ ဆရာႀကီးက ကြၽန္ေတာ္ေနာက္ေက်ာသို႔ ကပ္လိုက္သည္။ ကိုယ္ကိုက်ဳံ႕ျခင္းျဖစ္သည္။ ေခ်မ်ားကိုေတာ့ မျမင္ရေသး။

ကညင္ႏွစ္ပင္ ပင္စည္ႀကီးမ်ားကိုကြယ္၍ ကိုယ္ကို ယို႔ၾကည့္လိုက္ေတာ့မွ ေခ်ေမာင္ႏွံတစ္စုံ အိပ္လ်က္အေနအထားျဖင့္ ေႂကြက်ေနေသာ ဆီးျဖဴသီးမ်ားကို ေကာက္စားေနၾကသည္။ ႐ြက္ေႂကြေတာျဖစ္၍ ေအာက္ေျခရွင္းေသာ္လည္း ႐ြက္ေႂကြေျခာက္မ်ားျဖင့္ ေရာေနသျဖင့္ ကြၽန္ ေတာ္တို႔ ႐ုတ္တရက္ အေဝးမွ မျမင္ၾကရျခင္းျဖစ္သည္။

ကြၽန္ေတာ္တို႔ႏွစ္ဦး လူခြဲ၍ လည္တိုင္ရင္းကို ခ်ိန္ပစ္ၾကသည္။

“ဒိုင္း … ဒိုင္း …”

ဆက္တိုက္ထြက္ေပၚလာေသာ ေသနတ္သံအဆုံး ေခ်ႏွစ္ေကာင္ တစ္ဖက္သို႔လိမ့္၍ လဲက်သြားသျဖင့္ ကြၽန္ေတာ့္ေနာက္ဘက္ရွိ ေအာင္သန္းႏွင့္ တင္ေသာင္းကို လက္ျပေခၚလိုက္ရသည္။

“ဆရာတို႔ … ေတာ္ပါေပတယ္။ အတြဲညီတယ္ဗ်ိဳ႕”

“ကဲ ေအာင္သန္းေရ ေရွ႕ဆက္သြားမလား၊ ျပန္ၾကမလား။ သားေကာင္ကေတာ့ ဒီေလာက္ဆို ဧည့္သည္ေတြအတြက္ ျပည့္စုံ႐ုံတင္မက ပိုလွ်ံေတာင္ေနၿပီ”

“ေစာပါေသးတယ္ ဆရာ။ အခုမွ ရွစ္နာရီေလာက္ပဲ ရွိဦးမယ္။ လာဘ္ေပးတုန္း အရယူၾကတာေပါ့။ ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္မ်ား က်န္းမာခ်မ္းသာၾကပါေစ။ ဟင္းစားေပးေသာ ကိုယ္ေတာ္ႀကီး ပို၍ က်န္းမာခ်မ္းသာပါေစ၊ နတ္မိဖုရားမ်ားႏွင့္ မေမာႏိုင္မပမ္းႏိုင္ ခံစားေပ်ာ္ပါးႏိုင္ပါေစ”

“ဟဲ့ေကာင္ ေအာင္သန္း အေကာင္းမွတ္လို႔။ ေတာထဲ ေတာင္ထဲမွာ မေနာက္ေျပာင္ေကာင္းဘူး။ ျပန္ေတာင္းပန္လိုက္”

တပ္ၾကပ္ႀကီးက ဝင္ဟန႔္ရာ မုဆိုးေအာင္သန္းက သားေကာင္မ်ားရသျဖင့္ အေပ်ာ္လြန္ဟန္ျဖင့္ . . .

“ဘြာေတးပါ ကိုယ္ေတာ္ႀကီး၊ ဟဲ … ဟဲ … ဟဲ…”

“တယ္ . . . ဒီေကာင္ ဘာျဖစ္ေနတာတုံး။ မုဆိုးလုပ္ၿပီး ေတာစည္းေတာင္စည္း နားမလည္ဘူးလား”

ကြၽန္ေတာ္ဝင္ဟန႔္မွ မုဆိုးေအာင္သန္း ပါးစပ္ပိတ္သြားသည္။

[ ၂ ]

“ကဲ ေရွ႕ဘက္တိုးမယ္ဆိုရင္ ဒီေတာေကာင္ေတြ ဘယ္လိုလုပ္ၾကမလဲ”

“လြယ္ပါတယ္ ဆရာ၊ ေျခလက္ႀကိဳးတုပ္ၿပီး သစ္ကိုင္းမွာ ခ်ိတ္ခဲ့တာေပါ့။ ေဒါင္းႏွစ္ေကာင္ကလည္း ၅ ပိႆာစီေလာက္ေလးေတာ့ မသယ္ႏိုင္ေတာ့ဘူး။ ႀကိဳးခ်ည္ၿပီး သစ္ကိုင္းမွာပဲ ခ်ိတ္ခဲ့ေတာ့မယ္ ေနာ္… ဆရာ”

ေမ်ာက္တင္ေသာင္းက ဝင္ေျပာလာသည္။

“ေအး ေကာင္းသလိုသာ စီစဥ္ခဲ့ၾက။ နိမ့္ရင္ေတာ့ ေတာေခြးေတြ ဝါးသြားလိမ့္မယ္”

ကြၽန္ေတာ္ႏွင့္ တပ္ၾကပ္ႀကီး ဆီးျဖဴပင္ေအာက္တြင္ ဆီးျဖဴသီးဝါးစားရင္း ေရေသာက္၍ အနားယူအပန္းေျဖေနၾကစဥ္ မုဆိုးေအာင္သန္းႏွင့္ ေမ်ာက္တင္ေသာင္းက ျမရာေလွ်ာ္ျဖင့္ ေတာေကာင္မ်ားအား တုပ္ၿပီး သစ္ကိုင္းျမင့္တြင္ ခ်ိတ္ဆြဲထားခဲ့ၾကသည္။

သရက္ေတာစပ္ေရာက္ေတာ့ ေတာမွာ ဆိတ္ၿငိမ္ေနသည္။ ငွက္ေအာ္သံမွ် မၾကားရ။ ကြၽန္ေတာ္က သတိထားရန္ လက္ဟန္ျဖင့္ျပေတာ့ အားလုံးသေဘာေပါက္ၾကသည္။

ေတာၿငိမ္ျခင္းသည္ ေတာေကာင္ႀကီးမ်ား အနီးတြင္ရွိေၾကာင္း ေတာအေတြ႕အႀကဳံအရ ကြၽန္ေတာ္တို႔ မုဆိုးမ်ားသိရွိၾကသည္။ သရက္ေတာဟုဆိုရာ၌လည္း သရက္ပင္ခ်ည္း ရွိျခင္းမဟုတ္။ ေတာသရက္ပင္ႀကီးမ်ား က်ိဳးတိုးက်ဲတဲေပါက္ေနၿပီး အျခားအပင္မ်ားအျပင္ ေတာစို စိမ့္ေတာ ျဖစ္သျဖင့္ ႀကိမ္ပင္၊ ေရငန္းပင္မ်ားအျပင္ ဒိုးႏြယ္ပင္၊ နဘူးခ်ဳံ၊ ခရာခ်ဳံ၊ ျမရာခ်ဳံေတာမ်ား ေပါက္ေရာက္ေနသျဖင့္ ေတာစိုျဖစ္သည္။ ေအာက္ေျခရႈပ္လွသည္။ အေဝးကို လွမ္းမျမင္ႏိုင္ပါ။

မၾကာမီ ရွဥ့္ကေလးမ်ား စုတ္ထိုးသံႏွင့္ငွက္ကေလးမ်ား ေအာ္ျမည္သံ၊ ေတာၾကက္ဖမ်ားတြန္သံကို ၾကားလာရျပန္သျဖင့္ ေတာေကာင္ႀကီး ျပန္ထြက္သြားပုံရသည္။ ကြၽန္ေတာ္တို႔ အသီးမ်ား ႁပြတ္ခဲစြာ သီးေနခဲ့ေသာ ဆင္နင္းသရက္ပင္ႀကီးတစ္ပင္ေအာက္တြင္ နားၾကသည္။ တို႔စရာအျဖစ္ သရက္သီးမ်ားခူးရန္ ျဖစ္ေပသည္။

ဆင္နင္းသရက္ဆိုသည္မွာ ႏုစဥ္အခါ၌သာ တို႔ျမႇဳပ္စားလို႔ရသည္။ ပုံစံမွာ ဆင္နင္းထားသလို ျပားျပား။ ရင့္မွည့္သြားပါက အမွ်င္မ်ားလြန္းၿပီး အသားက အလြန္နည္းသည္။ စားမရ။

ေတာေကာင္မ်ားကေတာ့ ဆင္နင္းသရက္သီးမွည့္ကို အလြန္ႀကိဳက္ၾကသည္။ အရသာ ခ်ဥ္ခ်ိဳကေလး။

ထုံးစံအတိုင္း ေမ်ာက္တင္ေသာင္းႏွင့္ မုဆိုးေအာင္သန္းတို႔ သရက္ပင္ႀကီးေပၚသို႔ တက္ၾကသည္။ ဆင္နင္းသရက္က အျခားသရက္သီးမ်ားလို တစ္လုံးခ်င္း မသီး၊ အတြဲလိုက္ အႁပြတ္လိုက္ အားရပါးရ သီးသည္။ ကြၽန္ေတာ္တို႔က သရက္ပင္ေအာက္၌ အေမာေျဖ နားေနၾကသည္။

မ်ားမၾကာမီ တဝီဝီအသံမ်ား ၾကားရၿပီး သရက္သီးကင္းမ်ား ျပဳတ္က်သံႏွင့္ မုဆိုးေအာင္သန္း၏ ေအာ္သံ။

“ဆရာေရ … ေျပးေျပး… ေတာႀကီးပ်ားေတြ”

ကြၽန္ေတာ္ႏွင့္ တပ္ၾကပ္ႀကီးလည္း အနီးတြင္ခ်ထားေသာ ေသနတ္မ်ားအား ေကာက္ယူ၍ လြတ္ကင္းရာသို႔ ထအေျပး ေမ်ာက္တင္ေသာင္းႏွင့္ မုဆိုးေအာင္သန္းတို႔ သရက္ပင္ႀကီးေပၚမွ အလုအယက္ ဆင္းေျပးလာၾကသည္။

အေတာ္ေဝးေဝးေရာက္သည့္တိုင္ ပ်ားမ်ားက တျခားသူအား မတုပ္ဘဲ၊ မုဆိုးေအာင္သန္းကိုသာ ဖိတုပ္ေနသျဖင့္ အဝတ္မ်ားျဖင့္ ယမ္းခါေပးေသာ္လည္း ေခတၱသာ။ ထို႔ေၾကာင့္ ေမ်ာက္တင္ေသာင္းက သစ္႐ြက္ေျခာက္မ်ားကို အေရးေပၚ မီးရႈိ႕လိုက္မွ မီးခိုးနံ႔ရၿပီး ျပန္ေျပးသြားၾကသည္။

“ဘယ္လိုျဖစ္တာလဲကြ။ ပ်ားႀကီးေတြက မုဆိုးေအာင္သန္းကိုသာ မဲတုပ္ၿပီး တျခားသူေတြကိုေတာ့ မဟုတ္ဘူး။ ထူးဆန္းပါေပ့ကြာ”

ကြၽန္ေတာ္က ေျပာေတာ့ တပ္ၾကပ္ႀကီးက …

“မုဆိုးေအာင္သန္းက ေတာေစာင့္ေတာင္ေစာင့္ေတြကို ေနာက္ေျပာင္တာကိုး။ ဒါေၾကာင့္ ပညာေပးခံရတာပါ”

ဟုတ္ပုံရပါသည္။

သရက္ပင္ေပၚ အတူတက္ၾကသည့္ ေမ်ာက္တင္ေသာင္းကေတာ့ တစ္ခ်က္မွ အတုပ္မခံရပါ။ မုဆိုးေအာင္သန္းသာ လက္ႏွစ္ဖက္ျဖင့္ ကာကြယ္သျဖင့္ မ်က္ႏွာမထိေသာ္လည္း အနီစက္မ်ားျဖင့္ ခ်က္ခ်င္းေရာင္တက္လာပါသည္။

ထိုစဥ္ တပ္ၾကပ္ႀကီးက သူေဆာင္လာေသာ ေမြးညႇပ္ကေလးျဖင့္ ပ်ားတုပ္ေသာေနရာမွ ပ်ားဆူးမ်ားကို တစ္ခုခ်င္း စိတ္ရွည္လက္ရွည္ ႏႈတ္ေပးေနသည္။

ပ်ားတို႔၏သေဘာမွာ အေသခံတိုက္ခိုက္ေရး ပ်ားမ်ားက သူတို႔၏အၿမီးဖ်ားမွ စူးျဖင့္ထိုးျခင္းျဖစ္ရာ တုပ္ၿပီးသည္ႏွင့္ စူးႏွင့္အတူ လူ၏အသားထဲသို႔ အျမႇီးမ်ားပါ ျပတ္က်န္ေနခဲ့သျဖင့္ ထိုပ်ားလည္း မၾကာမီ ေသဆုံးရေလသည္။ တပ္ၾကပ္ႀကီးက

“ေမ်ာက္တင္ေသာင္းေရ … ငါ့လြယ္အိတ္ေလးထဲမွာ ကြမ္းဘူးေတြ ရွိတယ္။ အဲဒီအထဲက ထုံးဘူးကေလးထုတ္ၿပီး ေအာင္သန္းကိုယ္ေပၚက ပ်ားတုပ္ရာေတြကို လိမ္းေပးစမ္းကြာ။ ငါ ဒီမွာ စူးႏႈတ္လို႔ မၿပီးေသးဘူး”

“ဟုတ္ကဲ့ပါ … ဆရာႀကီး”

“တင္ေသာင္းေရ … ေနာက္ေန႔မွ မင္းနဲ႔ငါလာၿပီး ဒီသရက္ပင္ေပၚက ပ်ားအုံႀကီးကို ဖြပ္မယ္ေဟ့။ သိၾကေရာေပါ့ကြာ။ သူ႔လည္း ဘာမွ်မလုပ္ဘဲနဲ႔ သက္သက္ႀကီး အတုပ္ခံရတာ နာတယ္ေဟ့”

မုဆိုးေအာင္သန္းက အခဲမေၾကပါ။

[ ၃ ]

“ကဲ … ကိစၥၿပီးရင္ ျပန္ၾကစို႔။ ျပည့္လည္း ျပည့္စုံပါၿပီ”

ထိုစဥ္ ေအာင္သန္းက …

“မျပန္ေသးဘူး ဆရာ၊ ဆရာပဲ ေညာင္မုတ္ဆိတ္စခန္းအထိ သြားမယ္ဆို”

“ေအး … အေစာပိုင္းက ဟုတ္တယ္။ အခုေတာ့ မဟုတ္ေတာ့ဘူး။ ဟင္းခ်က္စရာလည္း ျပည့္စုံေနၿပီ။ မင္းမလည္း ပ်ားတုတ္ဒဏ္ရာေတြနဲ႔ ျပန္ၾကတာ ေကာင္းပါတယ္။ စခန္းဆရာဝန္ႀကီးကိုလည္း ျပၿပီး အဆိပ္ေျဖေဆး ထိုးရလိမ့္မယ္”

“ရပါတယ္ ဆရာရယ္။ အေသးအမႊားပါ။ ပ်ားစူးေတြႏႈတ္ၿပီး ထုံးသုတ္ထားေတာ့ ဘာမွမျဖစ္ႏိုင္ေတာ့ပါဘူး။ ဆက္သြားမယ္ ဆရာ။ ေညာင္မုတ္ဆိတ္စခန္းနားမွာ ဆတ္ရွိတယ္ ဆရာ”

“ကဲ မင္းတို႔ သေဘာပဲေဟ့”

ကြၽန္ေတာ္တို႔ ဆက္ထြက္ခဲ့ၾကပါသည္။ ေညာင္မုတ္ဆိတ္စခန္းမွာ မေဝးလွ။ သရက္ေတာလြန္သည္ႏွင့္ ေရာက္သည္။ ေမ်ာက္တင္ေသာင္းကေတာ့ လမ္းတြင္ေတြ႕ရသည့္ သရက္သီးမ်ားကို တက္ခူးခဲ့ၿပီး လြယ္အိတ္ႏွင့္ မဆန႔္သျဖင့္ သူ႔လုံခ်ည္ကို ခြၽတ္ကာထုပ္ပိုးၿပီး ထမ္းခဲ့ပါသည္။ သူ႔ပုံစံမွာ ေဘာင္းဘီတိုကေလးျဖင့္ လြယ္အိတ္ေဖာင္းေဖာင္းကို လြယ္ကာ သရက္သီးအထုပ္ႀကီး ထမ္းထားသျဖင့္ အလြန္ခြက်လွသည္။

ေညာင္မုတ္ဆိတ္စခန္းေရာက္ေတာ့ စခန္းအလယ္ ႀကီးမားလွေသာ ေညာင္မုတ္ဆိတ္ပင္ႀကီး၏ အရိပ္ေအာက္တြင္ ဝင္ၿပီး နားၾကသည္။ မၾကာမီ ေတာအေနာက္ဘက္မွ ဆတ္တစ္သံကို ၾကားရသည္။ ခပ္လွမ္းလွမ္းက ျဖစ္သျဖင့္ ကြၽန္ေတာ္တို႔ ေလတင္ေလေအာက္ေ႐ြးၿပီး နားၾကသည္။ ဆရာႀကီးက ကြမ္းယာစားၿပီး မုဆိုးေအာင္သန္းႏွင့္ ေမ်ာက္တင္ေသာင္းတို႔က ေဆးလိပ္ေသာက္ၾကသည္။

“ေမ်ာက္တင္ေသာင္း . . . ဒီနားပတ္ဝန္းက်င္ သီးပင္စားပင္ ရွိသလား”

“ရွိတယ္ ဆရာ။ အေနာက္ဘက္လွ်ိဳေစာင္းမွာ ေတာင္ေဂြးပင္ေတြရွိတယ္။ အခု ဆတ္တစ္သံက အဲဒီဘက္ကလာတာ။ အေတာ္ လွမ္းပါတယ္’”

“ေအး … အဲဒါဆိုရင္ မင္းနဲ႔ ေအာင္သန္း ဒီေညာင္ပင္ႀကီးေအာက္မွာ နားရင္းေစာင့္ၾက။ ငါနဲ႔ ဆရာႀကီးနဲ႔ သြားပစ္မယ္။ ေတာကေတာ့ ခပ္ရႈပ္ရႈပ္ပဲ။ သတိထားေတာ့ သြားရမယ္။ ကဲ … ဆရာႀကီး ကြမ္းယာညက္ရင္ ေထြးထုတ္ပစ္လိုက္ေတာ့ သားေကာင္ေတြ အနံ႔ရသြားမယ္’”

“ဟုတ္ကဲ့ ဆရာ”

“ဖူး… ထြီး…”

“က်ည္”

“ဟာ … ဘာသံလဲ ဆရာႀကီး သြားႀကိတ္သံလား”

“မဟုတ္ဘူး ဆရာ၊ ဆင္ေအာ္သံ”

“လုပ္လုပ္… ျမန္ျမန္လုပ္ၾက၊ ဒီအနီးအနားက အသံပဲ”

ကြၽန္ေတာ္တို႔က ပစၥည္းမ်ားေကာက္၍ ႀကဳံးအထ ေညာင္မုတ္ဆိတ္ပင္ႀကီးအေနာက္ဘက္မွ ဆင္အုပ္ႀကီးကလည္း အလန႔္တၾကား အိပ္ေနရာမွ ႀကဳံးအထ ေပ ၂ဝ ခန႔္အကြာတြင္ ရင္ဆိုင္မိၾကၿပီး ကြၽန္ ေတာ္တို႔ ကမန္းကတန္း ေျပးၾကရေတာ့သည္။

ဆင္အုပ္ႀကီးမွာလည္း အလန႔္တၾကား ထြက္ေျပးၾကရာ ကြၽန္ေတာ္တို႔ အေရွ႕ဘက္ရွိ အခက္အလက္စုံေသာ ပ်ဥ္းမပင္ႀကီးေပၚသို႔ တက္ေျပးၾကရသည္။

ပ်ဥ္းမပင္ႀကီးမွာ လူေလးဖက္စာခန႔္ရွိၿပီး ခြဆုံကေတာ့ သိပ္မျမင့္မား၊ ၁၅ ေပသာသာခန႔္သာ ျမင့္ေပမည္။

အပင္ေပၚသို႔ တက္ရာတြင္ ေမ်ာက္လိုလ်င္ျမန္ေသာ တင္ေသာင္းက အေပၚကေန ပ်ားတုပ္ခံထားရေသာ ေအာင္သန္းအားဆြဲတင္ၿပီး ကြၽန္ေတာ္က ေအာက္ကတြန္း တင္ေပးရသည္။ တပ္ၾကပ္ႀကီးက ေအာက္ဆုံးက ေသနတ္ႀကီးမ်ား လြယ္ထားရသျဖင့္ သစ္ကိုင္းမ်ားႏွင့္ၿငိေနရာ ဆင္အုပ္သာ တကယ္လိုက္လာပါက ကြၽန္ေတာ္တို႔ လြတ္လမ္းမျမင္ပါ။ အေပၚဆုံးမွ တင္ေသာင္းက

“ဆရာ စြယ္စုံဆင္အုပ္ႀကီးဗ် … ေျပးၿပီ။ ေတာ္ပါေသးရဲ႕။ ႏို႔မို႔ လြတ္မွာမဟုတ္ဘူးဗ်’”

ကြၽန္ေတာ္တို႔အုပ္စု ခြဆုံသို႔ေရာက္သည္ႏွင့္ ေတာတိုးသံႀကီး ၾကားရသျဖင့္ ေအာက္သို႔ ငုံ႔ၾကည့္ရာ မဲမဲလုံးလုံးႀကီးက ပ်ဥ္းမပင္ႀကီးအား ေျပးေဆာင့္သည္။

“ဒုန္း”

“ေအာင္မေလးဗ်”

ဆင္အုပ္ႀကီးအနီးတြင္ ကပ္ေနေသာ သင္းကြဲဟိုင္းဆင္ႀကီးက ေနာက္မွလိုက္လာၿပီး ပ်ဥ္းမပင္ႀကီးအား ဝင္ေအာင္းျခင္းျဖစ္သည္။

ေအာင္သန္းအား သစ္ပင္ခြဆုံအလယ္တြင္ အုပ္စုျဖင့္ ညႇပ္ထားေသာေၾကာင့္ သစ္ပင္ေပၚမွ ျပဳတ္မက်ေသာ္လည္း သစ္ကိုင္းျဖင့္ ႐ိုက္မိသျဖင့္ ေခါင္းေပါက္သြားသည္။ ကြၽန္ေတာ္တို႔လည္း အသက္အႏၲရာယ္ရွိသျဖင့္ ဆရာႀကီးျဖင့္ တီးတိုးတိုင္ပင္ကာ ေသနတ္ကိုယ္စီ ေထာင္ေဖာက္ၾကရေတာ့သည္။

“ဒိန္း … ဒိန္း …”

“အူး … ဝူး … ဝူး …”

ဆင္ဆိုးႀကီးမွာ ေသနတ္သံေၾကာင့္ ထြက္ေျပးသြားသည္။

“အူး … ဝူး”

“ေဝါ … ေဝါ …”

“ေျဖာင္း … ေျဖာင္း”

ေတာ္ပါေသးသည္။ သစ္ေတာဥပေဒအရ ဆင္ကို ပစ္ခတ္ခြင့္မရွိပါ။ ေတာဘုရင္ ဆင္ႏွင့္ က်ားမ်ားကိုလည္း ကြၽန္ေတာ္တို႔က ေရွာင္ပါသည္။

“ကဲ … ေတြ႕တယ္မဟုတ္လား။ ေတာေတာင္ထဲမွာ လက္လြတ္စပယ္ စကားေျပာရင္ အေစာင့္ေတြက မေနဘူးဆိုတာေလ။ ေအာင္သန္းဆိုတဲ့ေကာင္ ႏႈတ္စည္းမေစာင့္ေတာ့ အမ်ားထဲက သူတစ္ေယာက္တည္းပဲ ကြက္ၿပီး ခံရတယ္။ ကဲ… မွတ္ၿပီမဟုတ္လား။ ေရွ႕ဆက္ ဘာျဖစ္ဦးမလဲ မသိဘူး”

ကြၽန္ေတာ္တို႔ စိတ္ခ်ရမွ ပ်ဥ္းမပင္ေပၚက ဆင္းၾကရသည္။ တပ္ၾကပ္ႀကီးက အရင္ဆင္းၿပီး ကင္းေစာင့္ေပးသည္။ မုဆိုးေအာင္သန္း၏ ပ်ားတုပ္ခံရေသာလက္မ်ားမွာ ေရာင္ကိုင္းလာသည္။ ဖ်ားၿပီး ကိုယ္ပူ ရွိန္ပါ တက္လာသျဖင့္ တြဲေခၚရသည္။

ကြၽန္ေတာ္တို႔ ေခ်ႏွစ္ေကာင္ႏွင့္ ေဒါင္းႏွစ္ေကာင္ ခ်ိတ္ဆြဲထားရာ ေနရာအနီးသို႔ေရာက္ေတာ့ ေခ်ႏွစ္ေကာင္မွာ ၿငိမ္သက္ေနေသာ္လည္း ေဒါင္းႏွစ္ေကာင္မွာ ေသၿပီးျဖစ္ပါလ်က္ အေတာင္ပံမ်ား တျဖန္း ျဖန္း ႐ိုက္ေနၾကသည္။ ထိုစဥ္ ေမ်ာက္တင္ေသာင္းက …

“ေခါင္းေၾကေအာင္ ေလာက္စာလုံးမွန္ထားပါလ်က္ အသက္ျပန္ဝင္လာေသးတယ္။ ေတြ႕ၾကေသးတာေပါ့ကြာ”

ဟု ေျပာဆိုကာ အသင့္ကိုင္ထားေသာ ဓားရွည္ျဖင့္ ေခါင္းမ်ားကို ခုတ္ျဖတ္လိုက္ေတာ့မွ ၿငိမ္သြားေတာ့သည္။

ဤတြင္ ျပႆနာက မၿပီးေသး။ ေတာေကာင္မ်ားသယ္ရန္ မုဆိုးေအာင္သန္းအား တြဲရန္ ကိစၥမ်ားက ရွိေသးသည္။ ကြၽန္ေတာ္တို႔ တာဝန္ခြဲရေတာ့သည္။

ေမ်ာက္တင္ေသာင္းက ၁၅ ပိႆာခန႔္စီရွိေသာ ေခ်ႏွစ္ေကာင္ကို ထမ္းရန္၊ ေဒါင္းႏွစ္ေကာင္ႏွင့္ သရက္သီးအိတ္ႀကီးအား ေသနတ္ႀကီးလြယ္ထားလ်က္ တပ္ၾကပ္ႀကီးကထမ္းရန္ ကြၽန္ေတာ္က မုဆိုးေအာင္သန္းအား တြဲေခၚခဲ့ရန္ျဖစ္သည္။

တပ္ၾကပ္ႀကီးကေတာ့ ယုံၾကည္သည့္အတိုင္း ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္မ်ားအား ေတာင္းပန္တိုးလွ်ိဳးရင္း ႏႈတ္က တဖြဖြ ႐ြတ္ဆိုေနသည္။

သို႔ေၾကာင့္လားမသိ။ အျပန္လမ္းတြင္ ရန္မရွိပါ။ ေတာေျခာက္ျခင္းပင္ မခံရေတာ့။ တေ႐ြ႕ေ႐ြ႕လွမ္းရသျဖင့္ ညေနေစာင္းမွ စခန္းသို႔ ျပန္ေရာက္သည္။ ေရာက္ေရာက္ခ်င္း အဖ်ားႀကီးလြန္းသျဖင့္ မုဆိုးေအာင္သန္းအား စခန္းေဆး႐ုံသို႔ တန္းတင္ရေတာ့သည္။

တစ္ပတ္ခန႔္ၾကာမွ မုဆိုးေအာင္သန္း အဖ်ားႏွင့္ ဒဏ္ရာမ်ား ေပ်ာက္ကင္းသျဖင့္ စခန္းေဆး႐ုံကဆင္းရသည္။ ေနာက္တြင္ ေတာတြင္းဝင္တိုင္း ေတာေစာင့္နတ္ ေတာင္ေစာင့္နတ္မ်ားအား ရွိခိုးပူေဇာ္ကန္ေတာ့ၿပီး အမွ်ေဝသည္။ မေလးမစား အေပ်ာ္အပ်က္ ေနာက္ေျပာင္ျခင္းလည္း မျပဳရဲေတာ့။

သို႔ေသာ္ သတၱိေကာင္းေသာ မုဆိုးပီပီ ဆင္နင္း သရက္ပင္ႀကီးေပၚမွ ပ်ားအုံႀကီးကိုေတာ့ မီးတုတ္မ်ားျဖင့္ သြားဖြတ္ျဖစ္ေအာင္ ဖြတ္လိုက္ေသးသည္။

ေတာႏွင့္ မုဆိုး၊ မုဆိုးႏွင့္ သားေကာင္ဆိုသည္မွာ လ်င္သူစားတမ္းေတာ့ ဥပေဒရွိၿပီးသားပင္။ သို႔ေသာ္ ေတာေတာင္ေစာင့္ပုဂၢိဳလ္က မေက်နပ္လွ်င္ေတာ့ မုဆိုးက သားေကာင္ျဖစ္သြားတတ္သည္။ ေတာတြင္းဆန္းၾကယ္ကိစၥမ်ားက မယုံ၍မရ။ ေတာတိုင္းေတာင္တိုင္း၌ သူ႔အထာႏွင့္သူ ရွိၾကသည္။

မုဆိုးေပါက္စ အလုပ္သင္မ်ားအေနျဖင့္ ေသနတ္ အားကိုးၿပီး ထင္တိုင္းႀကဲ၍မရ။ နယ္ခံလမ္းျပမုဆိုးကို ေလးစားၿပီး သူ႔ စကားကို နားေထာင္လိုက္နာ ၾကရမည္ျဖစ္သည္။

အခ်ိဳ႕ၾကမ္းေသာ ေတာမ်ား၌ အေျပာအဆိုမွားလွ်င္ပင္ မုဆိုးလုပ္သူ အသက္ေပးရတတ္သည္။ ထို႔ေၾကာင့္ ကြင္းထဲ၌ အမဲလိုက္သည္ျဖစ္ေစ၊ ေတာႀကီးမ်က္မည္း မဟုတ္ေသာ္လည္း အင္တိုင္းေတာ၊ ခ်ဳံ ပုတ္ေတာအတြင္း၌ အမဲလိုက္သည္ျဖစ္ေစ မုဆိုးလုပ္သူက လြန္စြာ ဆင္ျခင္သတိထားရေပမည္။

ေတာေကာင္ႀကီးမ်ား မဟုတ္ေသာ္လည္း ေႁမြအႏၲရာယ္ကလည္း အသက္ဇီဝိန္ကို ဆုံးရႈံးေစႏိုင္ပါသည္။ ထို႔ေၾကာင့္လည္း သမာၻရင့္ မုဆိုးႀကီးမ်ား ေတာဝင္လွ်င္ လူပိုေခၚေလ့မရွိ။

မိမိအသက္ကို တစ္ဝက္အပ္ႏွံ၍ ေတာသို႔ ဝင္ရသည္ဟု အဆိုအမိန႔္ရွိပါေၾကာင္း တင္ျပလိုက္ရပါ ေတာ့တည္း။

– ၿပီး –

စာေရးသူ – ေထာင္မႉးႀကီးသိန္းဝင္း
စာစီစာ႐ိုက္ – မုဆိုး တံငါ စာေပမ်ား