ထမင်းတောင်းစားတဲ့သရဲမကြီး

ထမင်းတောင်းစားတဲ့သရဲမကြီး
——————
ကိုမင်းနွယ်တစ်ယောက် အလုပ်သိမ်းတာနောက်ကျလို့ စက်ဘီးကိုခပ်သွက်သွက်နင်း လာခဲ့ပါတယ်။ အလုပ်က မြောက်ဒဂုံမှာဆင်းရတာဖြစ်ပြီး နေတာက မရမ်းကုန်းရှစ် ရပ်ကွက်က အစိုးရလိုင်းခန်းတစ်ခုမှာနေတာမို့ စက်ဘီးနဲ့ပဲ အလုပ်ကို အသွား၊ အပြန် လုပ်ပါတယ်။ သူတို့လိုင်းခန်းလေးက ဝန်းကြီးတစ်ခုရဲ့ အထဲမှာပါ။ ဇနီးသည်ရဲ့ အဖေ ကဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ရတဲ့လိုင်းခန်းလေးမှာ ကိုမင်းနွယ်တို့တူတူနေထိုင် ကြတာပဲဖြစ်ပါတယ်။
ဒီဝန်းလေးက အပြင်လူမဝင်ရပဲ အမြဲပဲတံခါးပိတ်ထားလေ့လည်းရှိပါတယ်။ လိုင်းခန်း လေးတွေကလည်း ဧည့်ခန်းတစ်ခန်း၊ အိမ်ခန်းနှစ်ခန်းနဲ့ မီးဖိုခန်းတစ်ခန်း၊ပုံစံဖြစ်ပြီး မီးဖိုခန်းက ထွက်လိုက်ရင်စဉ့်အိုးတွေထားတဲ့ ရေကပြင်တစ်ခုရှိပြီး ကိုမင်းနွယ်တို့ အိပ်ခန်းလေးကနေ ပြတင်းပေါက်ဖွင့်ထားရင် ရေကပြင်လေးကို မြင်နေရလေ့ရှိပါ တယ်။
တစ်ခါတစ်လေ ဇနီးသည်မီးဖိုချောင်မှာဟင်းချက်နေတာကို အိပ်ခန်းထဲကကုတင် ပေါ်မှာ ကိုမင်းနွယ်လှဲရင်းနဲ့ပြတင်းပေါက်ကနေ လှမ်းစနောက်တတ်ပါတယ်။ ညပိုင်းဆို ရင်တော့ မီးဖိုချောင်နဲ့ရေကပြင်ဆက်ထားတဲ့ တံခါးလေးကိုပိတ်ပြီးအိပ်ယာဝင်လေ့ ရှိပါတယ်။
ဒီနေ့တော့ ကိုယ်လေးလက်ဝန်ဇနီးသည်က ကိုမင်းနွယ်ကိုစောင့်နေတော့မှာ သိတာ ကြောင့် စက်ဘီးကို အားထည့်ပြီးခပ်သွက်သွက်နင်းလာရာကနေ ၄၃၅၊ ၄၃၆ စစ်တပ် ကိုကျော်လိုက်မိတဲ့အချိန်မှာတော့ ကိုမင်းနွယ်တစ်ယောက် ခေါင်းနဘမ်းတွေကြီးတာ မျိုးနဲ့ ကြက်သီးထတာမျိုးကို စတင်ခံစားလိုက်ရပါတယ်။ နဂိုကတည်းက ဒီလမ်းက နေ နေ့တိုင်းပြန်နေကြမို့ ထူးပြီးကြောက်လန့်တာမျိုးမရှိပေမယ့် စိတ်ထဲမှာတော့ နည်းနည်း ထင့်သွားခဲ့ပါတယ်။ ဒီလိုနဲ့စက်ဘီးဆက်နင်းရင်းနဲ့က အရမ်းကိုအိပ်ချင်လာတဲ့စိတ်က ထိန်းမရသိမ်းမရဖြစ်သွားခဲ့ပြီး စက်ဘီးနင်းတုန်းတန်းလန်းအိပ်ပျော်သွားခဲ့ပါတော့ တယ်။
အိပ်ယာနိုးလာတော့ ကြည့်လိုက်တာ အရင်ဆုံးမြင်ရတာ ခြင်ထောင်အမိုးတစ်ခု၊ ဘေး နားကို ကြည့်လိုက်တော့ ဇနီးသည်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့နေပါတယ်။ နာရီ ကြည့်လိုက်တော့ မနက်ငါးနာရီခွဲပြီ။ ဒါနဲ့ပဲ ပြန်မအိပ်တော့ပဲ ကော်ဖီဖျော်သောက်နေ တုန်း ဇနီးသည်လည်းနိုးလာပါတော့တယ်။
“ငါ့ယောကျ်ား သနားပါတယ်။ ညက ပြန်လာတော့ မျက်လုံးတောင်ကောင်းကောင်းမ ဖွင့်နိုင်ဘူး။ ဗိုက်ဆာတယ်၊ ဗိုက်ဆာလိုက်တာနဲ့ မိန်းမစိတ်တောင်မကောင်းဘူး။ အရမ်း ပင်ပန်းလာလို့နေမှာ…ထမင်းစားတာ တစ်အိုးလုံးပြိုက်ကနဲပဲ..ပြီးတော့ အခုမနက်ထ မင်းချိုင့်ထည့်ဖို့ဟင်းတွေတောင် မရှိတော့အောင်စားပစ်တာ။ ဒီနေ့တော့ ကြက်ဥကြော် လေးနဲ့ပဲ ထည့်သွားလိုက်တော့နော် ယောကျ်ား”
ဇနီးသည်အပြောမှာ ကိုမင်းနွယ်တစ်ယောက်ကြောင်တက်တက်ဖြစ်သွားပါတယ်။ သူ သေချာ ပြန်စဉ်းစားတော့လည်း ညက စက်ဘီးစီးပြီးပြန်လာတာသာ မှတ်မိလိုက်ပြီး စစ်တပ်အကျော်နားလေးမှာ အိပ်ငိုက်သလိုဖြစ်ပြီး ကျန်တာဘာမှမမှတ်မိတော့။ သူတ ကယ်သတိတရ မှတ်မိတာက အခုမနက်နိုးလာတာကိုပဲ ဆိုတော့ သူစဉ်းစားရပါပြီ။
မပြောကောင်းမဆိုကောင်း အပ တစ်ကောင်ကောင်ကပ်မီလာပြီး သူ့အယောင်ဆောင် လို့ စားသောက်သွားတာပဲဖြစ်နိုင်မယ်ဆိုပြီး သူ့ ယောက္ခမဖြစ်သူကို အသိပေးလိုက် ပါတယ်။ “အဖေကျွန်တော်ညက ဒီလိုဖြစ်တာ အဖေ့သမီးတော့ မသိပါစေနဲ့နော်။ သူ ကကိုယ်ဝန်ကြီးနဲ့ဆိုတော့ မတော် အကြောက်လွန်သွားမှာဆိုးလို့ပါ”
“အေးကွာညကလည်း အဖေဂျူတီကျနေတော့ မင်းဝင်လာတာကို တံခါးဖွင့်ပေးတယ်။ အဖေ့ကိုဘာမှ မပြောပဲ ငူငူကြီးဝင်သွားလို့တောင် အော်မင်းအလုပ်မှာများပြသနာ တွေ ဘာတွေတက်သလားထင်လိုက်သေးတယ်။ ဟုတ်တယ် မင်းကို ကြည့်ရတာ ညကတစ် မျိုးကြီးပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ကွာ..ဒီနေ့တော့ ဘုရားစာလေးဘာလေးဆိုပြီးပြန်ပေါ့။ သိပ် တော့နောက်မကျစေနဲ့ပေါ့ကွာဟုတ်ပြီလား”
ယောက္ခမဖြစ်သူက လေးနာရီခြားတစ်ခါဂျူတီစောင့်ရသူမို့ ညကသူဘာဖြစ်လဲ သိပ်မ သိခဲ့။ ဂျူတီကပြန်လာတဲ့အချိန်မှာ ကိုမင်းနွယ်တို့ကအိပ်ပျော်နေခဲ့ပြီကိုး။ ဒီလိုနဲ့ကိုမင်း နွယ်အလုပ်လုပ်နေရင်းနဲ့ အလုပ်ရှင်အစ်မကို ပြောပြတဲ့အခါ အလုပ်ရှင်အစ်မက ပရိတ် ကြိုးလေးတစ်ခုကို ပေးတာနဲ့ ကိုမင်းနွယ်လက်ကောက်ဝတ်မှာ ချည်ထားလိုက်ပါတော့ တယ်။
ဒီနေ့ညကတော့ ကိုးနာရီလောက်မှပြန်ရပါတယ်။ ကိုမင်းနွယ်ခါတိုင်းလိုပဲ စက်ဘီးကို ခပ်မှန်မှန်နင်းလာရာကနေ စစ်တပ်ကျော်တဲ့အခါမှာ ခေါင်းနဘမ်းတွေကြီးပြီးကြက်သီး တွေက ထသွားပြန်ပါတယ်။ ဒါပေမယ့်ဘုရားတရားအကာကွယ် ပရိတ်ကြိုးလေး ရှိနေ ပြီမို့ သိပ်မကြောက်တော့ပဲ စိတ်ထဲကနေ ဘုရားစာလေးခပ်တိုးတိုးဆိုလာခဲ့ပါတယ်။
ဒါပေမယ့် သူ့စိတ်က လေးလေးလာပြီး သူ့ခန္ဓာကိုယ်ထဲကို တစ်စုံတစ်ယောက်က တဖြေးဖြေးတိုးဝင်လာနေသလို ခံစားနေတာမို့ အတင်းဘုရားစာဆိုတိုက်ထုတ်ရင်းက နေ စက်ဘီးကိုခပ်သွက်သွက်နင်းလာပါတယ်။ သူတို့နေတဲ့ ဝန်းထိပ်ကိုရောက်တော့ မှ ကိုမင်းနွယ်သက်ပြင်းတစ်ချက်ချလိုက်ပြီး တံခါးလာဖွင့်ပေးတဲ့သူကို နှုတ်ဆက်လိုက် ပါတယ်။
ကင်းတဲထဲမှာ ထိုင်နေတဲ့ ယောက္ခမဖြစ်သူက “ဘယ်လိုလဲသား..ဒီနေ့အဆင်ပြေလား”
“ဖြစ်တော့ဖြစ်တယ်အဖေရေ..ဒါပေမယ့်ဘုရားစာဆိုလိုက်တော့ အဆင်ပြေသွားတယ်”
“အေးအေးဒါဆိုလည်း ရေမိုးချိုး၊ထမင်းစားနားတော့သားရေ..အဖေလည်းခဏနေဂျူတီ ချိန်းပြီးရင်လာခဲ့မယ်နော်”
ကိုမင်းနွယ်လည်း အိမ်ထဲမဝင်မီ ပါးစပ်က ဖတ်ဖတ်ဖတ် နဲ့ တံတွေးနဲ့ စတိထွေးလိုက် ပါတယ်။ ဒါနဲ့ အုတ်ကန်မှာ ရေမိုးချိုးနေတုန်း ဇနီးသည်က လိုက်စောင့်စကားပြောပါ တယ်။ နောက်တော့ နောက်ဖေးပေါက်ကနေ အိမ်ထဲကိုဇနီးသည်နဲ့ အတူဝင်လိုက် ပါတယ်။ ရေသုတ်နေရင်းကနေ တစ်ဖက်ကလည်းဇနီးသည်ကို ထမင်းဝိုင်းကူပြင် နေ လိုက်ပါတယ်။
ပုဆိုးလဲဖို့ဇနီးသည်အခန်းထဲဝင်ယူနေချိန်မှာပဲ နောက်ဖေးစဉ့်အိုးနားကနေ “ဒီမှာ ဒီမှာ ထမင်းလေးနည်းနည်းလောက်ကျွေးပါ”
ဆိုတဲ့အသံကိုကြားလိုက်ရပါတယ်။
ဒီအသံကို အိမ်ခန်းထဲက ဇနီးသည်ဖြစ်သူကလည်းကြားတာမို့ ပြတင်းပေါက်ကနေ သူ ကလည်း ကြည့်လိုက်ပါတယ်။
“အမလေးယောကျာ်းသူ့မျက်နှာမှာသွေးတွေနဲ့..ဘယ်သူကြီးလဲမသိဘူး သွားသွား”
ဇနီးသည်ရဲ့ ငယ်သံပါအော်ဟစ်သံအဆုံးမှာ ကိုမင်းနွယ်က
“ခင်ဗျား ဘယ်သူလဲ..ဘာကိစ္စထမင်းလာတောင်းတာလဲ..ဘာထမင်းမှမရှိဘူး” လို့အော်လိုက်သလို တဆက်တည်းမှာပဲ
“မိန်းမ ပြတင်းပေါက်ပိတ်လိုက်စမ်း..ခုချက်ချင်း”
သူ့ဇနီးသည်ကလည်း အမှောင်ထဲက စဉ့်အိုးဘေးကိုကြည့်ရင်းကနေ တစ်ခုခုကိုသိ လိုက်သလိုလိုနဲ့ ချက်ချင်းဆိုသလိုပြတင်းပေါက်ကိုပိတ်ပြီး သူ့ယောကျ်ားရှိတဲ့မီးဖိုခန်း ထဲကို အမြန်ပြေးလာပါတယ်။
ကိုမင်းနွယ်တစ်ယောက် ရပ်ကြည့်နေတုန်းမှာပဲ အဲဒီစဉ့်အိုးဘေးနားက အမှောင်ထဲ ကနေအဲဒီမိန်းမကြီးကထပ်လှုပ်လာပြီး “ထမင်းကျွေးလို့ပြောနေတာ မကြားဘူး လား။ ငါအရမ်းဗိုက်ဆာနေတာနော်” ဆိုပြီး ဝမ်းခေါင်းသံကြီးနဲ့ ထပ်တောင်းလာပြန် ပါတယ်။
“ဟာ သွားစမ်းပါ .. ဒီအချိန်ကြီး ..မရှိဘူး။ ဘာထမင်းမှမရှိဘူး။ ကျွေးလည်းမကျွေး နိုင်ဘူး..အခုချက်ချင်းထွက်သွား” ဆိုအော်ပြီး နောက်ဖေးတံခါးမကြီးကို ဆောင့်ပိတ် လိုက်ပါတော့တယ်။ ဇနီးသည်ဟာကြောက်လို့တုန်နေပြီး မျက်ရည်တွေလည်းဝိုင်းနေ ပါတယ်။
ကိုမင်းနွယ်တစ်ယောက်ကြောက်ကြောက်နဲ့ပဲ တံခါးကြားအပေါက်လေးထဲက ချောင်း ကြည့်လိုက်တဲ့အခါမှာတော့ အရိုပြိုင်းပြိုင်းကျနေပြီးဆံပင်ဖားလျားချထားတဲ့မိန်းမ တစ်ယောက် ပုံသဏ္ဍန်ကို မြင်လိုက်ရပါတယ်။
သူလက်တစ်ဖက်ကိုရှေ့ကိုထုတ်ပြီး ဆန့်တန်းပြီးတောင်းနေတဲ့ပုံစံကြီး ငုတ်တုတ်ထိုင် နေတုန်းပါ။ ဒီအချိန်မှာပဲ ယောက္ခမဖြစ်သူက အိမ်ထဲဝင်လာတာနဲ့ ကိုမင်းနွယ်အားတက် သွားပြီး “အဖေဖေ ဒီကိုမြန်မြန်လာပါဦး ဒီမှာမိန်းမကြီးတစ်ယောက် ထမင်းလာတောင်း စားနေလို့”
“ဟေဘယ်ကတုန်း…ဘယ်သူတုန်း..”
“မသိဘူးအဖေ၊ ကျွန်တော်တော့ တစ်ခါမှမမြင်ဖူးဘူး။ ဘယ်ကအရူးမကြီးလဲမသိဘူး”
ဒါနဲ့ပဲ ယောက္ခမဖြစ်သူက သတိနဲ့တံခါးကိုအသာဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ ဘယ်သူမှရှိမနေတော့ပါဘူး။ ဓာတ်မီးနဲ့ထိုးပြီးအနီးတစ်ဝိုက်ရှာကြည့်လိုက်တော့လဲ ဘာဆိုဘာမှ မမြင်တာနဲ့ တစ်အိမ်လုံးကိုရေမန်းတွေနဲ့ပက်ရပါတော့တယ်။
သူတို့နေတဲ့ဝန်းဟာ ဂိတ်ပေါက်နှစ်ခုရှိပြီးတစ်ဂိတ်က အသေပိတ်ထားပြီး တစ်ဂိတ်ကို သာ အစောင့်ကြပ်ဂျူတီနဲ့ နှစ်ဆယ့်လေးနာရီအပိတ်အဖွင့်လုပ်တာပါ။ ဘယ်လိုအရူး တစ်ယောက်မှ မဝင်လာနိုင်သလို သရဲဆိုရင်လည်းအကောင်လိုက်ကြီးပြပြီး ဗိုက်ဆာ လို့ ထမင်းကျွေးပါလို့ အသံပီပီသသနဲ့ တောင်းနိုင်ပါ့မလား။ အဲဒီလို ထမင်းတောင်းစား တဲ့ အသံကို သူရောသူ့မိန်းမရော နှစ်ယောက်လုံးသေသေချာချာ ကြားခဲ့ရပါတယ်။ သရဲမဟုတ်ဘူးဆိုရင် လည်း ဘာကြောင့်ချက်ချင်းပျောက်သွားပါသလဲ။ အဖြေရှာမရ တာသေချာပေမယ့်လည်း ပထမနေ့က ဝင်ပူးပြီးထမင်းတွေစားသွားတာလည်း သူဖြစ် နိုင်တယ်လို့ တွေးမိပြန်ပါတယ်။
နောက်နေ့ကိုမင်းနွယ်မှာ ပရိတ်ရည်ချည်လိုက်တဲ့အခါပူးကပ်လို့ မရနိုင်ပေမယ့်လည်း လိုက်လာပြီးတော့ ထမင်းလာတောင်းတယ်လို့ မှတ်ယူလိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကိုမင်းနွယ်တို့မိသားစုဘုရားတရားကိုပိုလုပ်ဖြစ်လာသလို..စက်ဘီး နဲ့အလုပ်သွားအလုပ်ပြန်မလုပ်တော့ပါဘူး။ နောက်မကြာမီမှာပဲ အဲဒီလမ်းမှာမျက်နှာမှာ အမာရွတ်ကြီးနဲ့ သရဲမတစ်ယောက် ကားတွေပေါ်လိုက်စီးတာ၊ စက်ဘီးကယ်ရီယာတွေ နောက်ကနေ လိုက်ပြီးစီးတယ်ဆိုတဲ့အသံတွေကြားလာရပါတော့တယ်။
ဒီသရဲခြောက်တဲ့ဖြစ်စဉ်က ဘယ်ကနေရောက်လာသလဲဆိုပြီး ဇစ်မြစ်ရှာလိုက်တော့ ၄၉ ဒိုင်နာတစ်စီး က အရှိန်မထိန်းနိုင်ပဲ လမ်းဘေးမှာ သွားနေတဲ့အမျိုးသမီးကြီးတစ်ဦးကို ဝင်တိုက်မိတာ ပွဲချင်းပြီးသေဆုံးခဲ့ပြီးတဲ့နောက်မှာ ဖြစ်လာတာလို့ အားလုံးကယူဆကြ ပါတယ်။ ကိုမင်းနွယ်ဟာ မိုးလင်းမိုးချုပ်အလုပ်သွားနေရတာဖြစ်လို့ ဒီမတော်တဆမှု ဖြစ်ရပ်ကို မသိလိုက်တာလည်းဖြစ်ပါတယ်။
အခုနောက်ပိုင်းအထိ တစ်ခါတစ်ရံမှာ အဲဒီအမျိုးသမီးသရဲခြောက်တဲ့သတင်းတွေကို သိုးသိုးသန့်သန့်ကြားတိုင်း သူ့အိမ်နောက်ဖေးအထိလိုက်လာပြီး ထမင်းတောင်းစားတဲ့ ညတစ်ညကို အမြဲမြင်ယောင်ပြီး အခုချိန်ထိကြက်သီးထနေဆဲပဲဖြစ်ပါတော့တယ်။