ထူးဆန်းသောရုပ်ရှင်ရုံ

ထူးဆန်းသောရုပ်ရှင်ရုံ(စ/ဆုံး)

—————————–

အချိန်ကာလအားဖြင့်မြန်မာပြည်တွင်
ရုပ်ရှင်ရုံများစတင်ခေတ်စားသောအချိန်ဖြစ်သည်။
ဖက်ဆစ်စနစ်ခောတ်ဆိုးမှလွန်မြောက်ချိန်
ပြည်သူပြည်သားများအားလုံးခြေကုန်လက်ပန်း
ကျနေချိန်လည်းဖြစ်၏။••••
ထို့ကြောင့်ပျော်ရွှင်အေးချမ်းလွတ်လပ်မှုကို
အခုံမင်ဆုံးသောအချိန်ဆိုကားမမှားပေ။
အခြားသောမြို့ကြီးများထက်နောက်ကျ၍•••
ကျွန်တော်တို့မြို့တွင်ရုပ်ရှင်ရုံဖွင့်ဖြစ်လေသည်။
ရုပ်ရှင်စပေါ်သောအချိန်ဖြစ်၍•••
အထူးအဆန်းလည်းဖြစ်ကာကလေးလူငယ်
လူရွယ်လူကြီးအားလုံးစိတ်ဝင်စား
ကြလေသည်။•••
ရုပ်ရှင်ရုံကိုစဖွင့်သောနေရာကို
မြို့သူမြို့သားများကသဘောမတွေ့ကြပေ။•••
အဘယ်ကြောင့်ဆိုသောရုပ်ရှင်ရုံဖွင့်သော
နေရာသည်•••ဂျပန်ခေတ်•••
ပြည်သူများကိုညှင်းပန်းနှိပ်စက်လျက်•••
ရေတွင်းထဲပစ်ချသဂြိုလ်သောနေရာ
ဖြစ်လေသည်။•••
ထိုစဉ်ကလွမ်းမောဖွယ်ဇာတ်လမ်းလေး
တစ်ခုတောင်ရှိသေးသည်။•••
တော်လှန်ရေးတပ်သားလေး••ကိုသုခသည်
နယ်ချဲ့တို့၏ဖမ်းဆီးနှိပ်စက်ခြင်းကို••
ခံရကာ•••ညှင်းပန်းနှိပ်စက်လျက်••
ရေတွင်းထဲအရှင်လတ်လတ်ပစ်ချ၍••အသက်စတေးလိုက်လေသည်။•••
ထိုအကြောင်းကိုသိသွားသော
ချစ်သူဖြစ်သော••ငွေနှင်းမှုံမှာ•••
ရေတွင်းထဲလိုက်ပါခုန်ချသွားလေသည်။•••
ထိုခေတ်ကတည်းကထိုရေတွင်းကား
လူသားစားရေတွင်းတစ်ခုဖြစ်ခဲ့သည်ဆိုလျှင်
မမှားပေ။••••
နှစ်ကာလကြာသည်နှင့်
ထိုရေတွင်းမှာ••အုတ်နံရံများကျိုးကြေလျက်
ချုံနွယ်ပိတ်ပေါင်းထကာ•••
ထိုရေတွင်းပတ်ဝန်းကျင်ကွင်းပြင်ကြီး
မှာလူမနေသောဖုန်းဆိုးမြေဖြစ်ခဲ့လေသည်။
ညညဆိုလူသူကင်းပြတ်လျက်•••
အော်ဟစ်ငိုယိုသံညည်းညူသံများကို
အတိုင်းသားကြားရလေသည်။•••
ဤတွင်မြို့ခံလူကြီးဦးအုန်းလှကအစိုးရသို့
လျှောက်ထားကာထိုနေရာတွင်
ရုပ်ရှင်ရုံကိုတည်ဆောက်ခြင်းဖြစ်လေသည်။•••
အဘတို့လူကြီးများကလူကြီးပီပီ
ပူပန်ကြ၏။
“”ဒီနေရာက•••နေရာကြမ်းတယ်•••
အသေဆိုးနဲ့သေကြတော့
ကျွတ်လွတ်ကြတာမဟုတ်ဘူး””
ကျွန်တော်ကလူငယ်ပီပီ•••
“”အဘရာ•••ရေတွင်းလည်းပိတ်ပစ်ပြီး
မြေနေရာညှိအဆောက်အအုံ•••
နေရာတောင်ဖြစ်နေပြီ••
အကယ်၍သူတို့မကျွတ်လွတ်ကြရိုးမှန်ရင်
ဒီနေရာမှာရုပ်ရှင်ရုံစဆောက်ကတည်းက
သောင်းကျန်းကြမှာပေါ့””
“”အဘတော့မကြိုက်တာအမှန်ပဲ””
“”ကဲပါအဘရာ•••
သဘက်ခါပဲရုပ်ရှင်ရုံဖွင့်တော့မှာ
တစ်မြို့လုံးလည်းပျော်နေကြတယ်
ရုံစဖွင့်လို့အလကားပြပေးမှာတဲ့””
“”အေးပါ••မင်းတို့လူငယ်တွေပဲ
ခက်တယ်ပျော်တာလည်းပျော်ကြပေါ့'””
“”ဟုတ်ကဲ့ပါစိတ်ချပါအဘရဲ့
ဘာမှမဖြစ်စေရဘူး””
“”ကောင်းပါပြီကွာ””
“”ကျွန်တော်မြို့ထဲသွားဦးမယ်
မေမေလာရင်ပြောထားပေးနော်အဘ””
“”နောက်မကျစေနဲ့နော်လူလေး””
“”ဟုတ်ကဲ့အဘ””
အဘအားနှုတ်ဆက်ပြီးကျွန်တော်သူ
ငယ်ချင်းတွေရှိရာမြို့ထဲဘက်ထွက်ခဲ့၏။
သူလည်းစဖွင့်မည့်ရုပ်ရှင်ရုံကိုစိတ်ဝင်စားပါသည်။••
ပထမဆုံးရုပ်ရှင်ရုံစဖွင့်သည့်နေမို့
လူအတော်စုံကာ••ပျော်ဖို့ကောင်းမှာလည်း
သေချာလေသည်။•••
ကျွန်တော်ထင်သည့်အတိုင်းပင်
ရုပ်ရှင်ရုံစဖွင့်သည့်နေ့တွင်
ရုံရှင်ရုံဝင်းကြီးတစ်ခုလုံး
ကလေး၊လူကြီးလူငယ်များနှင့်
ပွဲတော်ကြီးတမျှစည်ကားလေသည်။•••
ကျွန်တော်လည်းကျွန်တော့သူငယ်ချင်းများနှင့်
ရုပ်ရှင်ရုံသို့အစောကြီးရောက်နေကာ
ဟိုဟိုဒီဒီဝယ်စားရင်း
လှည့်ပတ်ကြည့်ရှုနေမိသည်။••
ထိုစဉ်ကျွန်တော့အားတစ်စုံတစ်ယောက်
စိုက်ကြည့်နေသလိုခံစားရတာမို့
လှည့်ကြည့်လိုက်ရာ
ဆံရစ်ဝိုင်းနှင့်ကောင်မလေးတစ်ယောက်မှာ
ကျွန်တော့အားမမှိတ်မသုန်ကြည့်နေလေသည်။•••
အမှောင်ထဲမှာပင်သူမ၏မျက်လုံးများက
သောက်ရှူးကြယ်ပမာတလက်တလက်တောက်ပနေလေသည်
မျက်နှာညိုးနေကာလူကြားထဲ
ဟိုတိုးဒီတိုက်ဖြင့်အဖော်ကွဲနေပုံရသည်။
ကောင်မလေးကပင်သူ့ဆီလျှောက်လာကာ•••
“”အစ်ကိုမှုံ့ကိုကူညီပါနော်
မှုံ့သူငယ်ချင်းတွေနဲ့ကွဲသွားလို့””
“”အင်းရပါတယ်ညီမအစ်ကိုဘယ်လိုက်ပို့ရမလဲ””
“”မှုံကခုမှအပြင်ထွက်ဖူးတာ
အိမ်လည်းမပြန်ချင်သေးဘူး
ရုပ်ရှင်လည်းကြည့်ချင်သေးတယ်””
“”ဒါဆိုအစ်ကိုနဲ့အတူလိုက်ကြည့်ပြီး
ညီမသူငယ်ချင်းတွေကိုဖြည်းဖြည်း
ရှာကြတာပေါ့””
“”ကျေးဇူးတင်ပါတယ်အစ်ကို””
“”အစ်ကို့ကိုယုံမှနော်””
“”ယုံပါတယ်အစ်ကို””
သူ့မှာလည်းသူငယ်ချင်းများနှင့်ကွဲသွားပြီမို့
သူမနှင့်နှစ်ယောက်တည်းရုပ်ရှင်ရုံ
ထဲဝင်လာခဲ့သည်။•••
လူကအတော်ပင်ပြည့်လျှံနေပြီမို့ကျွန်တော်နှင့်သူမမှာ
အစွန်နားလေးတွင်နေရာရလေသည်။
ရုပ်ရှင်စထွက်တော့••နိုင်ငံခြားကား
စစ်ကားဖြစ်သည်။••••
ပထမဆုံးကြည့်ဖူးသောရုပ်ရှင်မို့
ရုပ်ရှင်ရုံတစ်ခုလုံး၏အာရုံသည်
ပိတ်ကားတွင်သာစုပြုံလျက်•••
ရုပ်ရှင်ရုံတစ်ခုလုံးတိတ်ဆိတ်နေလေ၏။•••
“”ဒိုင်းးးးးဒိုင်းးးးးဒိုင်းးး””
ရုပ်ရှင်ကားထဲမှစစ်သေနတ်သံတဒိုင်းဒိုင်းက•••
အပြင်မှာပစ်ခတ်နေသည့်နှယ်မို့ကျွန်တော်အပါအဝင်
ရုပ်ရှင်ကြည့်သူများမှာထိတ်လန့်နေကြလေသည်။
ထိုစဉ်ရုပ်ရှင်ထဲမှသေနတ်ထိသော
သရုပ်ဆောင်များမှာ••သွေးချင်းချင်းနီလျက်
အပြင်လောကမှတကယ့်အဖြစ်အပျက်ကို
ထိုင်ကြည့်နေသလိုခံစားရသည်။•••
ထို့နောက်သွေးများမှာရုပ်ရှင်ပိတ်ကားထိ
စွန်းထင်းလာတာကိုအံ့သြစွာတွေ့လိုက်ရသည်။
သု့ဘေးမှကောင်မလေးကပိတ်ကားကိုမမှိတ်မသုန်ကြည့်နေလျက်သူ့ဘက်လှည့်ကာ•••
“”အစ်ကို••ပြန်ရအောင်•••
မကောင်းတော့ဘူး••သူတို့သောင်း
ကျန်းတော့မယ်””
“”ဘယ်သူလဲညီမရဲ့””
“”ပြန်ရအောင်ပါအစ်ကိုအပြင်အရင်ထွက်ရအောင်””
ထိုစဉ်••ရုပ်ရှင်ကားထဲမှစစ်သေနတ်အသံနှင့်အတူ
ရှေ့တန်းမှ•••ကြောက်မက်ဖွယ်ရာ
အသံများကိုကြားလိုက်ရသည်။
“”အားးးးးးလုပျကွပါဦး””””
“”ဟာ••သေနတ်မှန်သွားပြီ””
“”အားးးးးဘယျကလာတာလဲသနေတျက””
ရုပ်ရှင်ရုံထဲရှိလူများမှာအုံးအုံးကြွကြွဖြစ်သွားကာ
ဝရုန်းသုန်းကားထပြေးကြလေတော့သည်။
ကျွန်တော့မှာကျွန်တော့ဘေးမှ
ကောင်မလေးသတိပေးတာကြောင့်
ရုံပြင်ရှေ့ဆုံးရောက်လေသည်။•••
ရုံထဲတွင်••လဲကျနင်းကျနှင့်•••
လူများမှာဝရုန်းသုန်းကားဆူညံနေလျက်
ရေတွင်းပျက်ကြီးနေရာရောက်တော့
ဆွဲထားခံရသလိုပြေးလို့
မရဘဲလူနင်းခံရလေသည်။•••
ရုံပြင်ရောက်လာသူများမှာကမူးရှူးထိုးဦးတည်ရာ
ပြေးကြသလိုရုံထဲတွင်လည်းကမ္ဘာပျက်နေလေသည်။
ကျွန်တော်နှင့်ကောင်မလေးမှာ
လူအုပ်ထဲတွင်တိုးရင်း
လူချင်းကွဲသွားလေသည်။
ကျွန်တော်တစ်ညလုံးလိုက်ရှာပါသော်လည်းသူမကို
မတွေ့ရပေ။•••
သူ့လက်ကိုကြည့်လိုက်တော့
ပုဝါအနီလေးတစ်ခုပတ်ထားခံရလေသည်။
သူမ၏ပုဝါဖြစ်ပေလိမ့်မည်။
ပုဝါကိုဖြေပြီးဖြန့်ကြည့်လိုက်တော့•••
ပုဝါထောင့်စွန်းလေးတွင်
ငွေနှင်းမှုံဟုရေးထိုးထားလေသည်။
“”ငွေနှင်းမှုံ••ငွေနှင်းမှုံ•••
ဟာ•••ဒါ•••ဒါ•••ဂျပန်ခေတ်က•••
ချစ်သူအတွက်ရေတွင်းထဲခုန်ချ
အသက်ပေးသွားတဲ့ငွေနှင်းမှုံ•••
ဘယ်•••ဘယ်•••လိုဖြစ်ကုန်တာလဲ••
အဘပြောတာမှန်တယ်ခုတော့
အားလုံးဒုက္ခရောက်ရပြီ•••
ဒါနဲ့ငွေနှင်းမှုံကငါ့ကိုဘာလို့ကယ်တာလဲ”””
ကျွန်တော့မှာအိမ်သို့ပြန်ရောက်သည်အထိ
အဖြစ်အပျက်ကအိပ်မက်လိုဖြစ်နေကာ
ကြောင်စီစီနှင့်ဘာမှစဉ်းစား၍မရပေ။•••
မနက်ရောက်သောအခါ•••
ရုပ်ရှင်ရုံထဲမှ•••သေဆုံးသူအလောင်းများကို
မြို့ပြင်သင်္ချိုင်းသို့ထုတ်၍သဂြိုလ်ရသည်။
ထိခိုက်ဒဏ်ရာရသူများမှာလည်း
ရူးကြောင်မူးကြောင်ဖြင့်ကြောင်စီစီ
ဖြစ်နေကြလေသည်။•••
တချို့မှာရုပ်ရှင်ရုံထဲမှာပင်•••
ရုပ်အလောင်းတောင်ပြန်မရဘဲ
လုံးဝပျောက်ကွယ်သွားလေသည်။•••
ထိုအဖြစ်အပျက်ဖြစ်ပြီးနောက်•••
ထိုရုပ်ရှင်ရုံကိုလုံးဝပိတ်ပစ်လိုက်ကာ•••
ရုပ်ရှင်ရံအနီးနားမှဖြတ်သွားမည့်သူမရှိတော့ပေ။
ကျွန်တော့မှာသာ•••
ငွေနှင်းမှုံကိုမကြာခဏအိပ်မက်မက်ရင်း•••
ငွေနှင်းမှုံထားခဲ့သော
ပုဝါကိုသာထုတ်ကြည့်နေမိသည်။•••
မည်သည့်ပဌာန်းဆက်ကြောင့်မသိပေမယ့်
သူ့ကိုကယ်တင်ခဲ့သောငွေနှင်းမှုံအား
ဘုရားရောက်တိုင်းသတိတရ
အမျှဝေဖြစ်လေသည်။
“”ကောင်းရာသုဂတိလားပါစေငွေနှင်းမှုံ”””

~~~~~.~~.~~~~~~~~~
The end.

7:07pm
M.M.K