ထူးဆန်းသောလူခြောက်ကလေး(စ/ဆုံး)

Unicode Version

ထူးဆန်းသောလူခြောက်ကလေး(စ/ဆုံး)
———————————————
တစ်နေ့၌ မောင်ထူးမော်ကလေးသည် အဒေါ်ဖြစ်သူ မခင်စန်းနှင့်အတူ ဧည့်ခန်းထဲတွင် အတူဆော့ကစားနေစဉ်၊ ရုတ်ချည်း မျက်ဖြူလန်ကာ တက်သွားလေ၏။
” ဟဲ့ … ဟဲ့ သား ထူးထူး ၊ ဘာဖြစ်တာလဲ ၊ သတိထားဦးလေ ”
မောင်ထူးမော်သည် ခြေများ လက်များ ကွေးကုပ်ကာ ဇက်မှာ တစ်ဖက်သို့ လန်ပြီး မျက်သူငယ်အိမ်များက ပြူးကျယ်လာ၏။ မျက်ဆံမည်းလေးမှာ အပေါ်သို့ လန်တက်နေ၏။

ပါးစပ်မှလည်း တံတွေးအမြုပ်များ တစီစီကျဆင်းလာသည်။ အတွေ့အကြုံ မရှိရှာသော မခင်စန်းသည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ။ ကလေးကို ပွေ့ချီကာ အိမ်နီးချင်းများအား အော်ဟစ် အကူအညီ တောင်းရရှာ၏။

အစ်ကိုအောင်ဘော်က ဘာပဲ ဖြစ်ဖြစ် ခေါင်းရင်းအိမ်မှ ၊ မမခင်ကိုသာ အကူအညီ တောင်းပါဟု မှာထားသည်ကို သတိရကာ …

” မမခင်ရေ … လာပါဦး ၊ ဒီမှာ ထူးထူးလေး ဘာဖြစ်မှန်း မသိဘူး ”

တစ်ဖက်အိမ်မှ မခင်ခင်လည်း ကြားလျင် ကြားချင်း အပြေးလေး အိမ်ထဲ ဝင်လာ၏။ ကလေး အခြေအနေကိုကြည့်၍ တက်နေမှန်း သိသဖြင့် …၊

“ဟဲ့ …အစန်း ၊ ညည်းတူလေးက တက်နေတာ ။ ခြေမ … ချိုး၊ ခြေမ … ချိုး။ကလေးကို ယပ်ခတ်ပေး ”

မခင်ခင်လည်း ကလေးကို တတ်သလောက် မှတ်သလောက် နှိပ်နယ်ပေး၏။လိမ်းဆေးဘူး ရှာ၍ ၊ ကလေး၏ တစ်ကိုယ်လုံးကို လူးပေးသည်။ မကြာခင် မောင်ထူးမော်ကလေးသည် အတက်ရပ်ကာ သတိပြန်လည်လာ၏။

ကလေးကို ရင်ခွင်ထဲ ချီပွေ့ထားရင်း မခင်စန်းက ကျေးဇူးတင်စကားဆိုသည်။

” အံမယ်လေး တော်ပါသေးရဲ့ မမခင်ရယ် ။ ကျမတော့ ထူးထူးလေးကို ပစ်လိုက်ရပြီကို အောက်မေ့တာ ။ သူ့အဖေကိုအောင်ဘော်ကလည်း ခရီးထွက်သွားတာ ၃ရက်ရှိပြီ။ အခုထက်ထိ ပြန်မလာသေးဘူးလေ ။ ကျမတစ်ယောက်တည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိပဲ ဖြစ်နေတာ ။ မမခင် ရောက်လာမှ အတော်ဖြစ်သွားတယ် ။ ကျေးဇူးကြီးပါ့ မမခင်ရယ် ”

” မောင်အောင်ဘော်က ဘယ်သွားတာတဲ့တုန်း … ”

” မိုးကုတ်ဘက်လို့ ပြောသွားတာပဲ မမခင်ရေ ၊ သူ့သားလေးရောဂါပျောက်မယ့် ဆေးမြစ် တစ်ခု ရမယ်ဆိုလို့ ၊ ဘယ်လောက်ပဲ ပေးရ ပေးရ ၊ ရအောင် ဝယ်မယ်ဆိုပြီး ထွက်သွားတာပါပဲ ၊ ထူးထူးလေးအတွက်ဆိုတော့ ကျမလည်း အစ်ကိုအောင်ဘော်ကို တားရအခက်သားလေ ”

ကိုအောင်ဘော်သည် အသက်အားဖြင့် ၃၀စွန်းစွန်းခန့် ရှိလေပြီး၊ မြို့၌ ကျောက်အရောင်းအဝယ် လုပ်ငန်းဖြင့် စီးပွားရေး အဆင်ပြေသူ ဖြစ်၏။ ၎င်းမှာ အသက် ၁၁ နှစ်အရွယ် မောင်ထူးမော်ဟုခေါ်သော သားငယ်လေး တစ်ဦး ရှိလေ၏။

မောင်ထူးမော် အသက် ၆နစ် အရွယ်တွင် မိခင်ဖြစ်သူ မနှင်းဝေသည် မိန်းမရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ မောင်ထူးမော်မှာ ထူးဆန်းသော အတက်ရောဂါ တစ်ခု စွဲကပ်နေရှာ၏။

ကြောက်လန့်လျင်သော၎င်း၊ ခလုပ်တိုက်၍ ထိခိုက်မိလျင်သော၎င်း၊ အနည်းငယ်မျှ နာကျင်ထိခိုက်မိလျင်သော၎င်း ၊ မောင်ထူးမော်လေးသည် အကြောများဆွဲငင်ကာ မျက်ဖြူလန်၍ တက်တတ်လေ၏။

ထို့ကြောင့် အသက် ၁၁ နှစ် ရောက်သည်အထိ မောင်ထူးမော်ကလေးခမျာ အတန်းကျောင်းသို့ မတက်နိုင်ရှာပေ။

၁၁ နှစ်သားဆိုတော့ မောင်ထူးမော်လေးသည် ကိုယ်ကာယအားဖြင့် ဖွံဖြိုးသင့်သလောက် ဖွံဖြိုးသော ကိုယ်ခန္ဓာ ရှိသော်ငြားလည်း ဉာဏ်ရည်မှာ အနည်းငယ်နိမ့်သည်ဟု သတ်မှတ်နိုင်ပါသည်။

ငွေကြေး အဆင်ပြေသော ကိုအောင်ဘော်သည် မောင်ထူးမော်အတွက် ပြင်ပမှ ဆရာမများခေါ်ယူ၍ သင်ကြားစေ၏။

မောင်ထူးမော်၏ ရောဂါအခြေအနေ အကြောင်းကို ဆရာ/ဆရာမများအား အသိပေးထားပြီး ၊ ၎င်းတက်သည့်အခါ မည်သို့ မည်ပုံ ပြုစုရမည်ကိုလည်း သင်ကြား ပြသပေးထားခဲ့သည်။

ယခုအခါ နွေ ကျောင်းပိတ်ရက် ဖြစ်ပါသောကြောင့် ၊ ဆွေမျိုးနီးစပ် တော်စပ်သူ မခင်စန်းအား အိမ်သို့ ခေါ်ယူထားပြီး ကလေးကို ပြုစု စောင့်ရှောက်စေခြင်း ဖြစ်သည်။

မခင်စန်းသည် အသက်အားဖြင့် ၂၁နှစ်အရွယ် ငယ်ရွယ်ပျိုမြစ်သူ ဖြစ်ပြီး၊ ကိုယ်ခန္ဓာ အချိုးအဆစ်လည်း လှပပြေပြစ်သူကလေး ဖြစ်သည်။ တက္ကသိုလ်မှ ဘွဲ့ရထားပြီး အလုပ်အကိုင်တစ်ခု ရှာဖွေဆဲကာလ ဖြစ်လေ၏။ကိုအောင်ဘော်က မခင်စန်း အလုပ်မရခင်စပ်ကြား မောင်ထူးမော်ကလေးကို ပြုစု ကြည့်ရှု့ပေးပါရန် နှင့် တစ်လလျင် လစာသဘောမဟုတ်ပဲ၊ မုန့်ဘိုးအဖြစ် ၂သိန်းပေးပါမည်ဟု ပြောဆိုကာ အကူအညီတောင်းခံခဲ့ခြင်း ဖြစ်၏။

ကိုအောင်ဘော် ခရီးမထွက်ခင်က မခင်စန်းသည် ညနေ ၆နာရီထိုးလျင် ပြန်ရ၏။ တခါတရံ ကိုအောင်ဘော် အလုပ်များနေပါက ည၈နာရီလောက်အထိ မောင်ထူးမော်နှင့် အတူရှိနေပေးရပြီး ၊သူမ ပြန်လျင် ကိုအောင်ဘော်တို့ သားအဖက မော်တော်ကားဖြင့် အိမ်အထိ လိုက်ပါပို့ဆောင်ပေးတတ်သည်။

တစ်ခါတစ်ရံ၌ ကိုအောင်ဘော်က မခင်စန်းကို အိမ်ပြန် မပို့ခင် ညဈေးဘက်သို့ ပတ်၍ တရုတ်စားတော်ဆက်များတွင် ညစာ အတူစားကြသလို ၊ မခင်စန်းအတွက်သော်၎င်း ၊ သားငယ် မောင်ထူးမော်အတွက်သော်၎င်း အဝတ်အစားများဝယ်ပေးလေ့ရှိသည်။ ဒါ့အပြင် မခင်စန်းအတွက် အလှပြင်ပစ္စည်းများလည်း သီးသန့် ဝယ်ပေးလေ့ရှိ၏။ စေတနာ သဒ္ဓါတရား ကောင်းမွန်သော ကိုလှဘော်သည် ရိုးသားတည်ကြည်၏။

သို့အတွက်ကြောင့် မခင်စန်းသည် ကိုအောင်ဘော်အပေါ် အတော်လေးပင် ကြည်ညိုလေးစားသည့် စိတ် ဖြစ်ပေါ်မိလေ၏။ ကိုအောင်ဘော်သည် ထိုသို့ ဝယ်ပေးလေ့ရှိသော်လည်း မခင်စန်းအပေါ် တည်ကြည်သော ဆက်ဆံရေးသာ ရှိခဲ့၏။ ပရော်ပရီလုပ်ခြင်း၊ အရောတဝင် ဆက်ဆံခြင်းမျိုး မရှိခဲ့။ ယောက်ကျားကောင်း ပီသစွာ အနေတည်သူ တစ်ဦးသာ ဖြစ်လေ၏။

ကိုအောင်ဘော်က သူ ခရီးထွက်ရမည်၊ မောင်ထူးမော်လေးအား ညအိပ် စောင့်ရှောက်ပေးပါရန် မခင်စန်းအား တောင်းဆိုသည့်အခါ ၊ အလွယ်တကူပဲ ခေါင်းငြိမ့်ခဲ့သည်။ ချစ်စရာကောင်းသော မောင်ထူးမော်လေးအပေါ် မခင်စန်းသည် တူသားအရင်းကဲ့သို့ သံယောဇဉ် ဖြစ်နေမိပြီ မဟုတ်ပါလား။

ညဘက် အိပ်သည့်အခါများတွင် မခင်စန်းသည် မောင်ထူးမော်အား ကလေးတစ်ယောက်လို ရင်ခွင်ထဲ ချော့သိပ်လေ့ရှိ၏။ မအိပ်ခင် ပုံပြင်များကို ပြောပြပေးသည်။ မောင်ထူးမော်လေးသည် မိခင်ငတ်နေသူပီပီ ၊ မခင်စန်းအား မိခင်သဖွယ် အထူးပင် ချစ်မြတ်နိုး တွယ်တာနေရှာ၏။

ကိုအောင်ဘော်လည်း ဖုန်းဆက်လာပါ၏ ။ သူ မနက်ဖြန် ပြန်ရောက်မည်တဲ့။သူ လိုချင်သော ဆေးမြစ်ကို ရခဲ့ပြီဟု ဝမ်းသာအားရ ဖုန်းထဲမှ ပြောသွားခဲ့သည်။ မခင်စန်းလည်း အပျော်တွေ ကူးစက်သွားခဲ့သည်။ကြည်နူးဝမ်းသာနေမိသည်။

__________

၂။

မခင်စန်းသည် ကိုအောင်ဘော်၏ လက်ထဲက ဖန်ပုလင်းလေးကို ကြည့်၍ တအံတဩဖြင့် …

” ဟင် ! ဒါက ဆေးမြစ်မှ မဟုတ်ပဲ အစ်ကိုအောင်ဘော် ၊ ဒါ … ဒါက ”

” ရှုး … တိုးတိုး အစန်း ”

ကိုအောင်ဘော်က လက်ညှိုးကို ပါးစပ်မှာကပ်၍ အသံတိုးတိုးပြောရန် အရိပ်အယောင်ကို ပြရင်း …

” ဟုတ်တယ် … အစန်း ၊ ဒါ လူခြောက်ကလေးကွဲ့ ။ အစ်ကို ဒီလူခြောက်လေးကို ဈေးကြီး ပေးဝယ်ခဲ့ရတယ် ။ လူခြောက်လေးကို စိမ်ထားတဲ့ ရေ ၊ သားလေးကို တိုက်ရင် တက်တဲ့ ရောဂါ ပျောက်မတဲ့ ။ ဒါကြောင့် အစ်ကို မိုးကုတ်မိုးမိတ်နယ်ထဲက လီရှော ရွာလေး တစ်ရွာကို ခက်ခက်ခဲခဲ အရောက်သွားပြီး တောင်ယာလုပ်တဲ့ လင်မယား၂ယောက်ဆီကနေ ရအောင် ဝယ်လာခဲ့ရတယ် ”

” အဆန်းပါလား အစ်ကိုရယ် ၊ ခေတ်မီ ဆေးဝါးတွေနဲ့လည်း သားလေး ထူးထူးကို ကုသပေးနေတာပဲ ၊ တစ်နေ့တော့ ပျောက်မှာပေါ့ ၊ ဒါက မလိုဘူး ထင်ပါတယ် ။ တော်နေကြာ တခြား ဆိုဒ်အဖက်တွေ ဝင်လာခဲ့ရင် ဒုက္ခ ”

” ဩ … အစန်းရယ် ၊ ညည်းတူလေးကို အစ်ကို ခေတ်ပေါ်ဆေးဝါး ၊ သမားတော်များနဲ့ ကုသလာတာ ဘယ်လောက်ကြာပြီလဲ ၊ ထူးမှ ထူးမလာပဲကွယ် ။ အစ်ကို စီးပွားရှာနေတာ ဒီသားလေးအတွက်ပဲ မဟုတ်လား ။ ကုန်ချင်သလောက် ကုန်ပါစေ ။ အစ်ကို ရှာနိုင်ပါတယ် ။ ဒီလူခြောက်လေးစိမ်ရေဟာ သူ့အတက်ရောဂါကို ပျောက်လိမ့်မယ်လို့ အစ်ကို လေးစားအားထားရတဲ့ ဗိန္ဓော ဆေးဆရာကြီး ဦးဗန္နက က တပ်အပ်သေချာ ပြောသကွဲ့ ၊ စမ်းကြည့်ကြတာပေါ့ကွယ် ။ ရောဂါ ပျောက်သွားတော့လည်း အမြတ်ပေါ့ ”

မခင်စန်းသည် ခေတ်ပညာတတ်ပီပီ ၊ သဘောမတူသော်ငြားလည်း ကိုအောင်ဘော်က ကာယကံရှင်ဆိုတော့ ဆက်လက် မငြင်းသာတော့ပေ။ ကိုအောင်ဘော်၏ တက်ကြွနေသော စိတ်ကို သူမ လက်ခံပေးလိုက်၏။

သို့သော် သူမသည် ကိုအောင်ဘော်၏ လက်ထဲက လူခြောက်လေးကို ကြည့်၍ ကြောက်သလိုလို ရွံသလိုလို ခံစားလိုက်ရသည်။ တစ်ထွာခန့်သာ ရှိသော လူကဲ့သို့ ကိုယ်အင်္ဂါ အပြည့်အစုံရှိသည့် လူခြောက်လေးသည် အမှန်ဆိုရသော် လူသေအလောင်းကောင်တစ်ခုပင် မဟုတ်လော။

ဆေးစိမ် အလောင်းခြောက်တစ်ခုသည် အမှန်တကယ် မောင်ထူးမော်၏ အတက်ရောဂါကို ပျောက်ကင်းနိုင်ပါ့မလားဆိုတာ သူမ သံသယဝင်နေမိသည်။

အစ်ကိုအောင်ဘော် လေးစားအားကိုးသော ဆရာကြီး ဦဗန္ဓကသည် မည်သို့သော် ဆေးဆရာ ဖြစ်သနည်းဆိုတာ သူမလည်း နားမလည်နိုင်။ လောကီအစီအရင်များသည် ထူးခြားနက်နဲသော သဘောမှာရှိလေ၏။ သူမ နားမလည်သော လောကီပညာရပ်များတွင် ဝင်၍ မပြောသာသည်မှာ အမှန်ပေ။

ထို့ကြောင့် သူမသည် မောင်ထူးမော်လေးအတွက် ပြုစုရန်သာ တာဝန်ရှိသည်ထက်ပို၍ ကန့်ကွက်ပြောဆိုခြင်းများ မပြုမိရန် စိတ်ကို ချုပ်တည်းထားလိုက်၏။ ကိုအောင်ဘော်ကတော့ ဤလူခြောက်လေး၏ ရာဇဝင်ကို အားပါးတရ ရှင်းလင်း ပြောပြနေ၏။

” လွန်ခဲ့တဲ့ ၁၈နှစ်လောက်က မိုးသည်း ညတစ်ညမှာ လီရှော ဇနီးမောင်နှံရဲ့ ယာတဲလေးဆီကို ဗမာမိန်းကလေးတစ်ယောက်ဟာ မိုးခိုရင်း ရောက်လာပြီး ခေတ္တ တည်းခိုခွင့် တောင်းသတဲ့ ။

” အဲဒီ မိန်းကလေးမှာ မွေးလုဖွားလု ကိုယ်ဝန်အရင့်အမာကြီး ပါလာသတဲ့ အစန်းရဲ့ ။ လီရှော ဇနီးမောင်နှံလည်း မိန်းကလေးကို သနားတာနဲ့ တည်းခိုခွင့်ပြုလိုက်တယ်လေ။ ”

” ဖြစ်ချင်တော့ အဲ့ဒီညမှာပဲ မိန်းကလေးဟာ ဗိုက်နာပြီး ကလေး မွေးဖွားဖို့ ဖြစ်လာပါလေရောကွယ် ။ အိမ်ရှင် လီရှောမကြီးက အရပ်လက်သည်ဆိုတော့ မိန်းကလေးကို မွေးဖွားပေးဖို့ လုပ်ရတော့တာပေါ့ ”

” ည ၁၂နာရီတိတိမှာပဲ မိန်းကလေးဟာ သားယောက်ကျားလေးကို မွေးဖွားသတဲ့ ။ ဒါပေမယ့် မွေးလာတဲ့ ကလေးဟာ ကိုယ်အင်္ဂါ ပြည့်စုံပေမယ့် ၊အသက်မဲ့ လူခြောက်ကလေး ဖြစ်နေရှာသတဲ့ ။ မိန်းကလေးဟာ ကံဆိုးစွာပဲ ၊ သူ့ရဲ့ သားလေးကို မြင်တွေ့ပြီး ၊ မီးတွင်းထဲမှာ ဆုံးပါးသွားရှာတယ် ၊ အဲ့ဒီမိန်းကလေးဟာ ဘယ်ကလာလို့ ၊ ဘယ်သွားမယ်ဆိုတာလည်း သူတို့ မသိကြဘူး ၊ ဒါပေမယ့် မိန်းကလေးရဲ့ ရုပ်အလောင်းကို သူတို့ကပဲ ကမကထပြုပြီး ကောင်းမွန်စွာ သင်္ဂြိုလ်ပေးလိုက်ကြပါတယ်”

” အတွေ့အကြုံ ရှိတဲ့ လက်သည် လီရှောမကြီးဟာ ၊ ထူးဆန်းစွာ မွေးလာတဲ့ လူခြောက်လေးကို ၊ စွန့်မပစ်ပဲ မပုပ်မသိုးအောင် ဖန်ပုလင်းနဲ့ ဆေးရည်စိမ်ထားသတဲ့ ။ တချို့ လူခြောက်လေးတွေက အကျိုးပေးတယ်လို့ သူတို့က ကြားဖူးထားတာကိုး ၊ ဒါပေမယ့် သူတို့လက်ထဲမှာ လူခြောက်လေးက ၁၈နှစ်တိတိ ကြာမြင့်ပေမယ့် ဘာမှ ထူးထူးခြားခြား မရှိခဲ့ဘူးတဲ့လေ။”

” အဲ့ဒီဒေသမှာ ကျောက်တွင်း လုပ်သား လာလုပ်တဲ့ ဆရာကြီးဗန္ဓကရဲ့ တပည့်ဟောင်း ဗမာတစ်ယောက်က သိသွားလို့ လောကီ အစီအရင်များ ပြုရာမှာ အသုံးဝင်လေမလားဆိုပြီး ၊ ဆရာကြီး ဗန္ဓကဆီကို အကြောင်းကြားသတဲ့ ။ အဲ့ဒီမှာ ဆရာကြီးက အစ်ကို့သားရောဂါအတွက် အဆင်သင့်ပြီဆိုပြီး အစ်ကို့ကို အဝယ်ခိုင်းလိုက်တာပဲပေါ့ ။ လီရှော ဇနီးမောင်နှံကလည်း ၁၈နှစ်တောင်ရှိပြီ။ ဒီလူခြောက်လေးကို ထိမ်းသိမ်းထားရတာ ၊ ဘာမှ မထူးခြားဘူး ။ အစ်ကို လိုချင်ရင် ရောင်းမယ်ဆိုတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေသွားတာပေါ့ ”

ကိုအောင်ဘော်ဟာ ရှည်လျားစွာ ပြောပြပြီးနောက်၊ ဆေးရည်စိမ် ဖန်ပုလင်းကို အဝတ်စတစ်ခုနဲ့ ဖုံးအုပ်ကာ ၊ အိမ်ရှေ့ခန်းက မှန်ဘီရိုကြီးထဲ ထည့်သိမ်းထားလိုက်၏။ ပြီးလျင် ခရီးပန်းလာသည်ဟု ပြောကာ အနားယူရန် သူ့အခန်းထဲသို့ ဝင်သွားလေ၏။

ယနေ့ညနေ ၆နာရီတွင် မခင်စန်းသည် မိဘများနေအိမ်သို့ ပြန်ရန် သူမကိုင်နေကျ ဆွဲခြင်းလေးကို ပြင်နေလိုက်သည်။ ဒါကို မောင်ထူးမော်လေးက မြင်သည့်အခါ ၊ သူမအား အတင်း လက်ဆွဲထားတော့လေ၏။

ဖခင်ကိုအောင်ဘော် ပြန်ရောက်ပြီ ဖြစ်သော်လည်း မောင်ထူးမော်လေးသည် မခင်စန်းအား အတင်းပင် ဆွဲထားလေ၏။ မပြန်စေလိုသည်မှာ ထင်ရှား၏။

မခင်စန်းအား အလွန်ပင် ခင်တွယ် နေရှာသည်။သို့ပေမယ့် မခင်စန်းသည် ညအိပ် နေရန် မသင့်တော်။ ပြန်သင့်သည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။

မခင်စန်းသည် ညနေ ၆နာရီထိုးမှ အိပ်ယာမှ ထလာသော ကိုအောင်ဘော်ထံ ခွင့်တောင်း၍ မိဘများအိမ် ပြန်မည်အလုပ်၌ မောင်ထူးမော်ကလေးသည် …။

” တီတီလေး မပြန်ပါနဲ့ ။ ညကလိုပဲ သားကို ပုံပြင်ပြောပြပါနော်။ သား ပုံပြင် နားထောင်ချင်တယ် ။သားနဲ့ပဲ ခါတိုင်းလို အိပ်ပါ တီတီလေး ”

ကိုအောင်ဘော်က … မခင်စန်းအား အားနာသဖြင့် သားငယ်ကို ဖြောင့်ဖြ ပြောဆို ရှာ၏။

” သား တီတီက သူ့အိမ်မှာ လုပ်စရာရှိသေးတယ် သားရဲ့ ။ အဝတ်လျော်ရဦးမယ် ၊ သန့်ရှင်းရေး လုပ်ရဦးမယ်လေ၊ ဒါကြောင့် ပြန်ပါစေ သားရယ် ။ မနက်ဖြန်ကျ တီတီ စောစောလာမှာပေါ့ ”

” ဟင့်အင်း … ဟင့်အင်း တီတီ မပြန်ရဘူး ။ ခါတိုင်းလိုပဲ သားနဲ့အိပ်။ အဝတ်ကို အိမ်လာတဲ့ ဒေါ်မြနဲ့ လျှော်ခိုင်းလိုက် ၊ မပြန်ပါနဲ့နော် ၊ တီတီ ပြန်ရင် သားငိုပြီး မအိပ်ပဲနေမှာ ”

ကိုအောင်ဘော်က မခင်စန်းအား အားနာဟန်၊ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်နေ၏။ သားငယ်က ငိုလျင် တက်တတ်၏။ခက်ချေပြီ။

မခင်စန်းလည်း မောင်ထူးမော်လေး ငိုရင် အခက်ဟု တွေးကာ သူမ၏ လက်ဆွဲခြင်းလေးကို အသာချ၍ ၊

” အစ်ကို ခွင့်ပြုမယ်ဆိုရင် ၊ ကျမ ထူးထူးလေးနဲ့ ဒီည အတူအိပ်လိုက်ပါ့မယ် ၊ အမေတို့ဆီကို ဒီည ပြန်မလာတော့ဘူးလို့ ဖုန်းဆက်လိုက်တော့မယ်အစ်ကို ”

” အစ်ကိုက ခွင့်မပြုစရာလား အစန်းရယ် ၊ အစန်းအတွက် သင့်တော်ပါ့မလားလို့ တွေးမိနေလို့ပါ ။ အစန်း အိပ်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ ”

ကိုအောင်ဘော်က သားဖြစ်သူအား ယနေ့ညတွင် လူခြောက်လေး စိမ်ရေအား ပထမဆုံး စတိုက်မည် ဖြစ်သည်။

ထို့ကြောင့် ဆေးရည်ကြောင့် ထူးခြားမှု တစ်စုံတရာ ဖြစ်ပေါ်လာပါက မခင်စန်း ရှိနေသည်မှာ သူ့အတွက် အထောက်အကူ ကောင်းစွာ ရနိုင်မည်မှာ သေချာသည်မို့ မပြန်စေလိုပေ။ သို့သော် အပျိုလေးတစ်ယောက်သည် မုဆိုးဖို ယောက်ကျားသား တစ်ဦးရှိနေသော အိမ်၌ ညအိပ်ညဉ့်နေ နေခြင်းသည် မသင့်တော်ဟုလည်း သူ့ခမျာ စိုးနှောင့်စိတ်တို့ဖြင့် ဗျာများနေရရှာသည်။မခင်စန်းက ရှက်ပြုံး ပြုံးကာ …။

” အို … မောင်နှမတွေပဲဟာ ၊ အဲ့ဒီတွက် စိတ်အနှောက်အယှက် မဖြစ်ပါနဲ့ အစ်ကို ၊ ပြီးတော့ အစ်ကို့ရဲ ဂုဏ်သိက္ခာကို အစန်း ယုံကြည်ပါတယ် ”

မခင်စန်းမှာ မောင်နှမဟူသော အသုံးအနှုန်းကို ထည့်သွင်း ပြောဆိုလိုက်ရပေမယ့် ၊ စပ်မှတော်မည့် အမျိုးဝေးသည့် သူတို့နှစ်ဦးအကြောင်းကို ရင်ထဲက သိရှိနေပြီး ဖြစ်ပါ၏။ ထို့ကြောင့် သူမသည် အနည်းငယ် ရှက်သွေးဖြာနေခြင်း ဖြစ်ပါသည်။

___________

၃။

( ပထမည )

မခင်စန်းသည် မှေးကနဲ အိပ်ပျော်လျက်ရှိရာ ၊ သူမအား တစ်စုံတစ်ယောက်သောသူက ကုတင်နံဘေးမှ စီးမိုး ကြည့်နေသည်ဟု ခံစားလာရ၍ မျက်လုံးကို အသာ ဖွင့်ကြည့်လိုက်သည်။

အိပ်စုံမှုံဝါး သူမ၏ အကြည့်တွင် လူငယ်တစ်ဦးသည် သူမ၏ ကုတင်နံဘေးတွင် မားမားကြီးရပ်နေသည်ကို မြင်လိုက်ရသည်။

သို့ဖြင့် သူမသည် ထိတ်လန့်စွာ ကုတင်၌ ငုတ်တုတ် ထထိုင်လိုက်မိသည်။ မျက်လုံးများကိုလည်း လက်ဖြင့် ပွတ်သပ်ကာ အသေအချာ ကြည့်လိုက်၏။

အံဩစရာပင်။ကုတင်နံဘေးတွင် မည်သူမျှ ရှိမနေချေ။ ကုတင်ပေါ်တွင် သားငယ် ထူးထူးသည် နှစ်ခြိုက်စွာ အိပ်မောကျလျက် ရှိသည်။ ခုနက မြင်ရသော လူငယ်ကို မတွေ့ရတော့ချေ။ အမြင်မှားသည်ဟု တွေးလိုက်မိသည်။

တစ်ဖန် မခင်စန်းသည် အခန်းတံခါး ရှိရာဘက်သို့ လှမ်း၍ အကဲခတ်လိုက်၏။

” ဟင် ! အခန်းတံခါး ပွင့်နေပါလား ”

အခန်းတံခါးသည် ခပ်ဟဟ အနေအထား ပွင့်လျက်သား ရှိ၏။

သူမ၏ သင်္ကာမကင်း စိတ်သည် ပို၍ ကြီးမားလာသည်။ ညဦးက သူမသည် အခန်းတံခါးကို အသေအချာ လော့ချ၍ ပိတ်ခဲ့သည်မဟုတ်လား ။ အခန်းတံခါးသည် အပြင်မှ ဖွင့်လိုလျင် အခန်းသော့ရှိမှသာ မုချ ဖွင့်နိုင်လိမ့်မည်ဖြစ်သည်။

ဤသို့ဆိုလျင် အခန်းသော့အပို ရှိသူမှာ ကိုအောင်ဘော် တစ်ယောက်သာ ရှိလေ၏။ ကိုအောင်ဘော်သည် သူမ အိပ်ပျော်ခိုက် အခန်းထဲကို ခိုးဝင်ခဲ့လေသလား ။ သူ ဘာကြောင့် ဝင်ခဲ့ပါသနည်း ။ ဘာကို အလိုရှိ၍ ဝင်ခဲ့သနည်း။

ထိုအတွေးသည် မခင်စန်းအတွက် ရင်ခုန် စိတ်လှုပ်ရှားသွားစေ၏။

သို့ပေမယ့် မခင်စန်းသည် ခေါင်းကို ခါရမ်းလိုက်၏။ မဖြစ်နိုင် ။ အစ်ကိုအောင်ဘော်သည် ဤသို့သော လူစားမျိုးမဟုတ်ချေ။ ခိုးကြောင်ခိုးဝှက် လုပ်မည့်သူ မဟုတ် ။ တည်ကြည်ရိုးသားသူ ဖြစ်သည်။

ဟူးကနဲ မခင်စန်းသည် သက်ပြင်းကို မှုတ်ထုတ်လိုက်မိပြီး ၊ အခန်းတံခါးကို ထ၍ ပိတ်ရန် သွားလိုက်သည်။ တံခါး မပိတ်ခင် မခင်စန်းသည် အပြင်ကို တစ်ချက်မျှ အကဲခတ်လိုက်သည်။

အပြင်ဘက်တွင် ၆၀ ဝပ် မီးသီး ထွန်းညှိထား၍ အလင်းရောင် ကောင်းစွာ ရနေသည်။

” ချောက် … ချောက် … ”

အောက်ထပ်မှ လှုပ်ရှားသံ သဲ့သဲ့ ကြားလိုက်ရသည်။ အစ်ကို အောင်ဘော်များလား ။ သူမ စိတ်သည် သိလိုစိတ်တို့ ပြင်းပြင်းပြပြ ဖြစ်လာ၏။

သို့ဖြင့် သူမသည် လှေကားတစ်ဝက်အထိ ခြေသံဖော့ဖော့ ထားကာ အသာအယာ ဆင်းသွားပြီး ချောင်းကြည့်လိုက်သည်။

” ဟင် ! ”

အောက်ထပ်က မှန်သားဘီရိုကြီးအရှေ့ကို သူမ မျက်လုံးရောက်သွားသည်။

ဘာလို့လဲဆိုတော့ မှန်ဘီရိုကြီးရှေ့မှာ လူတစ်ယောက် မတ်တတ်ရပ်နေသည်ဟု ဝိုးတဝါး မြင်တွေ့ လိုက်မိသောကြောင့် ဖြစ်သည်။ အစ်ကို အောင်ဘော်များလားဟု သံသယ ဖြစ်သွား၏။

သို့သော် သေချာသည်တော့မဟုတ်။ ထိုနေရာသည် မီးရောင်နှင့် အလှမ်းကွာဝေးသည့်အပြင် ၊ ဘီရိုကြီး၏ အရိပ်လည်း ကျနေ၏။

သူမ မြင်ရသောအရာသည် အရိပ်တစ်ခုလည်း ဖြစ်ချင် ဖြစ်နေနိုင်သည်မဟုတ်လား ။

သူမ ဘီရိုကြီးအရှေ့က အရိပ်သဏ္ဍာန်ကို စိတ်ဝင်တစား ကြည့်နေစဉ်မှာ ၊ သူမ၏ နောက်ကျောဘက်မှ …။

” ဟင် ! အစန်း ၊ လှေကားမှာ ဘာလုပ်နေတာလဲ ”

မခင်စန်း အနောက်သို့ လှည့်ကြည့်လိုက်သည်။ ကိုအောင်ဘော် ဖြစ်နေ၏။သူမသည် နုတ်ခမ်းပေါ် လက်ညှိုးတင်ပြရင်း ရှုး တိုးတိုးဟု ဆိုလိုက်သည်။

သူမစိတ်ထဲ၌ အစ်ကိုအောင်ဘော် ဒီမှာ ရှိနေရင် အောက်ထပ်က လူသည် သူခိုးတစ်ယောက်သာ ဖြစ်မည်ဟု ထင်မိသောကြောင့် ဖြစ်လေ၏။

ကိုအောင်ဘော်၏ လက်ထဲတွင် လက်နှိပ်ဓာတ်မီးကို ကိုင်လျက် မြင်လိုက်သည်မို့ ၊ မခင်စန်းသည် ထိုဓာတ်မီးအား လှမ်းယူကာ မှန်ဘီရိုကြီးအရှေ့သို့ ထိုးကြည့်လိုက်သည်။

သူမထံမှ မီးရောင် ဖြာကျသွားသည့်အခါ လူရိပ်သဏ္ဍာန်သည် ရုတ်ချည်း ပျောက်ကွယ်သွား၏။

မခင်စန်းသည် သက်ပြင်း ချလိုက်ပြန်၏။

” ခုနက မှန်ဘီရိုကြီးရှေ့မှာ လူတစ်ယောက်ရဲ့ သဏ္ဍာန် မြင်လိုက်မိလို့ အစ်ကို ၊ အခု မရှိတော့ပြန်ဘူး ”

ကိုအောင်ဘော်က ပြုံးရယ်လျက် ၊

” မှန်ပေါ်ကို အရိပ်ကျတော့ ၊ အဲ့ဒီအရိပ်ကို အစန်းက လူလို့ ထင်မိတယ် ထင်ပါရဲ့ ။ ကဲ … ကဲ အိပ်ချည်ပါ ၊ အစ်ကို အောင်ဘော် အောက်ထပ်ကို အသေအချာ စစ်ကြည့်လိုက်ပါ့မယ် ”

မခင်စန်းသည် မကျေမနပ်ဖြင့် အခန်းသို့ ပြန်လာခဲ့ရလေ၏။ လူခြောက်လေး စိမ်ရည်ကို ဆေးအဖြစ်တိုက်သော ပထမညတွင် မောင်ထူးမော်ကလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါ၏။

ယခင်ညများကဲ့သို့ လန့်နိုးခြင်း တစ်ကြိမ်တစ်ခါမျှ မရှိတော့သည်မှာ လူခြောက်လေးစိမ်ရည်သည် အမှန် အစွမ်းထက်မြက်ကြောင်း ပြသနေသလိုပင်။အရင်ကဆို မောင်ထူးမော်သည် တစ်ညလျင် ၂ကြိမ်၊ ၃ကြိမ်ခန့်တော့ လန့်နိုးတတ်၏။ ဆေးရည်သည် ထူးခြားသည်မှာတော့ အမှန်ပင် ။

___________

၄။

လူခြောက်လေး စိမ်ရည်ကို ဆေးအဖြစ် မောင်ထူးမော်အား ညစဉ်ညတိုင်း တိုက်ကျွေးလာခဲ့ရာ ၊ ၎င်း၏ အတက်ရောဂါသည် သိသိသာသာပင် လျော့ပါးလာခဲ့သည်။

စကားကို လေးတိလေးကန် ပြောတတ်သော မောင်ထူးမော်သည် ယခုအခါ သွက်လက်စွာ ပြောလာပြီ ဖြစ်လေ၏။

ပို၍ ထူးခြားသည်မှာ ဆေးတိုက်ကျွေးသည့် ၆ရက်မြောက်နေ့က အဖြစ်အပျက်သည် ကိုအောင်ဘော်အတွက် အထူး ဝမ်းမြောက်ဖွယ်ရာ ဖြစ်နေပါ၏။

ထိုနေ့က မခင်စန်းသည် ခွင့်တစ်ရက်ယူထား၍ အိမ်၌ မရှိပေ။ အရင်ညများတွင် မခင်စန်းသည် မောင်ထူးမော်လေးနှင့် အတူ ၊ နေ့စဉ် ညအိပ်ပေးခဲ့၏။ ထို့နေ့ကတော့ မခင်စန်းသည် နေထိုင်မကောင်းသည့် အသွင်ဖြင့် ကိုအောင်ဘော်ထံ ခွင့်တစ်ရက်ပန်သွားခြင်း ဖြစ်သည်။

ကိုအောင်ဘော်၏ ဝမ်းသာစရာ အဖြစ်အပျက်မှာ မောင်ထူးမော်လေးသည် နေ့ခင်းဘက်၌ ဧည့်ခန်းထဲ ကစားနေရာ ၊ အမှတ်တမဲ့ ကုလားထိုင်တစ်လုံးဖြင့် ဝင်တိုက်မိပြီး မှောက်ရက်လဲကျသွားလေ၏။ကိုအောင်ဘော်သည် စိုးရိမ်ကြီးစွာ သားငယ်ထံသို့ ပြေးသွား၏။

သို့သော် မောင်ထူးမော်သည် ခါတိုင်းကဲ့သို့ တက်သွားခြင်း ၊ သတိမေ့မြောသွားခြင်း မရှိပဲ၊ ရယ်ကျဲကျဲဖြင့် မတ်တတ်ထလာခဲ့လေ၏။ ပြီးလျင် မောင်ထူးမော်သည် လွတ်လပ်ပေါ့ပါးစွာ ဆက်၍ ကစားနေ၏။ကိုအောင်မော် အံဩခြင်း ၊ ဝမ်းသာခြင်း စသော ခံစားမှုတို့ ရောပြွမ်းခံစားရလေတော့သည်။

ဤအချက်သည် မောင်ထူးမော်၌ စွဲကပ်နေသော အတက်ရောဂါကို လူခြောက်လေးစိမ်ရည်သည် ပျောက်ကင်းစေနိုင်ကြောင်း အကောင်းဆုံးသက်သေ ဖြစ်နေပါသည်။

နောက်တစ်နေ့ မခင်စန်း ရောက်လာသည့်အခါ ကိုအောင်ဘော်က ထိုအကြောင်းကို ဝမ်းသာအားရ ပြောပြလေ၏။ ကိုအောင်ဘော်က တက်ကြွစွာ ပြောနေသော်လည်း မခင်စန်း၏ မျက်နှာသည် တစ်မျိုးကြီး ဖြစ်နေ၏။ စိတ်လက် မအီမသာ ဖြစ်နေဟန်တူ၏။

မခင်စန်း ဤအိမ်၌ ညအိပ်သည့်ကာလအတွင်း ၊ သူတို့ နှစ်ဦး၏ ဆက်ဆံရေးသည် ယခင်ကထက် ပိုမို ရင်းနှီးပွင့်လင်းလာသည် ဖြစ်ရာ ၊ ကိုအောင်ဘော်သည် မခင်စန်း၏ အမူအယာကို ကြည့်၍ စိုးရိမ်စွာ …၊

” အစန်း ဘာဖြစ်နေတာလဲ ၊ နေမကောင်းဘူးလားဟင် ၊ နေမကောင်းရင်၊ အစ်ကို ဆရာဝန်ကို ဖုန်းဆက်ခေါ်ပြီး အိမ်ပင့်လိုက်မယ်လေ ”

” ဟာ … မပင့်နဲ့အစ်ကို ၊ အစန်း နေကောင်းပါတယ် ၊ အခုဟာကလေ အစန်း အစ်ကို့ကို ဖွင့်ပြောသင့် မသင့် ချိန်ဆနေရလို့ပါ ”

ကိုအောင်ဘော် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ မခင်စန်း ဘာကို ပြောချင်နေသည်ကို အရမ်းသိချင်သွား၏။

မခင်စန်းက

” ဒီလိုပါ အစ်ကို ၊ အစကတော့ အစန်း မပြောတော့ပဲ နေတော့မလို့ပါပဲ ။ အဲ့သလို မပြောပဲ နေပြီး ၊ အစန်း အလုပ်က ထွက်မယ်လို့ ပြောရင်လည်း အစ်ကိုက အတင်းမေးမှာပဲ ဆိုတော့ …”

” ဟင် … ဘယ်လို ဘယ်လို ၊ အစန်းက အလုပ်ထွက်မယ် ဟုတ်လား။ ဘာဖြစ်လို့လဲကွယ် ”

ကိုအောင်ဘော်သည် လှပပျိုမြစ်သော အစန်း၏ မျက်နှာလေးကို စိုးရိမ်တကြီး ကြည့်ရင်း မေးလိုက်လေ၏။ ကိုအောင်ဘော်သည် မခင်စန်းအပေါ် သံယောဇဉ် တွယ်နေပြီ ဖြစ်သည်။ ဒီကာလအတွင်း မခင်စန်းသည် သားလေး မောင်ထူးမော်ကို စောင့်ရှောက်သည့်အပြင် ၊ ကိုအောင်ဘော်၏ ဝေယျာဝစ္စများကိုလည်း ဂရုတစိုက် လုပ်ကိုင်ပေးခဲ့၏။ယင်းအပေါ် ကိုအောင်ဘော်သည် သာယာကြည်နူးခဲ့ရှာသည်။

ကော်ဖီချိန်တန်လျင် ကော်ဖီဖျော်ပေးခြင်း၊ ထမင်းစားချိန်တန်လျင် ထမင်းဟင်းများ နွှေး၍ ခူးခပ်ပေးတတ်ခြင်း ၊ အလုပ်သွားခါနီးတွင်လည်း ကိုအောင်ဘော်၏ ပစ္စည်းများ မမေ့ကျန်ခဲ့ရလေအောင် ကူညီ ယူပေးတတ်ခြင်း၊ သူ၏ အခန်းကို သန့်ရှင်းပေးတတ်ခြင်း၊ စသော အိမ်မှုကိစ္စများ၌ မခင်စန်းသည် စိတ်ပါလက်ပါ လုပ်ပေးတတ်၍ ကိုအောင်ဘော်သည် ကွယ်လွန်သွားပြီးဖြစ်သော ဇနီးမယား မနှင်းဝေ ၏ နေရာတွင် အစားရသလို ခံစားနေရရှာသည်။မခင်စန်းကို သားငယ် မောင်ထူးမော်ကဲ့သို့ သူလည်း တွယ်တာမိနေ၏။

မခင်စန်းသည် စိုးရိမ်တကြီး ဖြစ်သွားသော ကိုအောင်ဘော်၏ မျက်နှာကို ကြည့်၍ စိတ်မကောင်း ဖြစ်သွားရှာ၏။ ကိုအောင်ဘော်တစ်ယောက် သူမအပေါ် သံယောဇဉ်တွယ်နေမှန်းလည်း သူမသည် သိရှိခံစားမိလေ၏။

” ဒီလိုပါ အစ်ကို ၊ အစန်း အားလုံးကို ပြောပြပါ့မယ် ၊ အစန်း အခု ပြောသမျှထဲမှ ဘာတစ်ခုမှ လုပ်ကြံဖန်တီးထားတာ မပါဘူးဆိုတာကိုတော့ အစ်ကို ယုံပေးပါနော် ”

ထိုသို့ အစချီကာ မခင်စန်းသည် သူမ ဤအိမ်၌ ညအိပ်ခဲ့စဉ်က ကြုံတွေ့ခဲ့ရသမျှကို အစဆုံး ဖွင့်ပြောလေ၏။

” အစ ပထမတော့ အစန်းလည်း ခပ်ရိုးရိုးပဲ အောက်မေ့တာပေါ့ ၊ ဒါပေမယ့် ထူးထူးလေးဟာ အရင်လို မဟုတ်ဘူး ။ အရမ်း သိသာလာတယ် ။

” ညဘက်ဆို သူအိပ်ပျော်မှ အစန်းက အိပ်တာ။ အစန်း အိပ်ပြီဆိုရင် သတိနဲ့ အိပ်တတ်တယ် အစ်ကို ၊ ဘယ်တော့မှ တမေ့တမော မအိပ်တတ်ဘူး ။ အဲ့ဒါက ဒုတိယညက စတာပါပဲ အစ်ကို။ ဘယ်လိုဖြစ်လဲဆိုတော့ ၊ ကန်တော့ပါအစ်ကို ၊ မရိုသေ့စကား ပြောရတာ အစ်ကို့ကို အားနာပါတယ်။ ”

မခင်စန်းဟာ ဒီစကားပြောရာမှာ အရှည်သည်းနေရှာတယ်။ မျက်နှာဟာ နီမြန်းလို့ ။ ခေါင်းကို ငုံ့ချပြီး …၊

” ကျမ အိပ်ပျော်နေတုန်း ကျမရဲ့ ပေါင်တွေကို ပွတ်သပ်တယ်အစ်ကို ၊ နောက်တဆင့် တင်ပါးတွေပေါ် လက်က ရောက်လာတယ် ။ နောက်ပြီး လက်တွေက ကျမ ရင်သားဘက်ဆီကို တက်လာတော့ …။ အဲ့ဒီမှာ ကျမ ဆတ်ကနဲ ထထိုင်လိုက်တယ် ။ ပါးစပ်ကလည်း သား ထူးထူး ဘာလုပ်တာလဲလို့ မေးလိုက်တယ် ။ ”

” အခန်းမီးက ပိတ်ထားတယ်။ ဒါပေမယ့် ပြတင်းမှန်ကနေ လရောင်ရဲ့ အလင်းက အခန်းထဲကို ဖြာကျနေတယ် အစ်ကို ။ အဲ့ဒီတော့ အားလုံးကို မြင်နေရတယ်။ အံဩစရာပါ အစ်ကို ။ ထူးထူးလေးဟာ ကျမကို ကျောပေးအိပ်နေတယ် ။ သူ မဟုတ်သလိုပဲ။ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတယ်။ကျမ အရမ်း အံအားသင့်သွားတယ်။ဒါပေမယ့် အခန်းထဲမှာက ကျမရယ် ထူးထူးရယ် နှစ်ယောက်တည်း ရှိတာ။ ကျမကိုယ်ကို ပွတ်သပ်တာ ထူးထူးကလွဲရင် ဘယ်သူမှ မဖြစ်နိုင်ဘူးမဟုတ်လား ”

ကိုအောင်ဘော် စဉ်းစားရကြပ်သလို ဖြစ်သွား၏။ သူ တစ်ခု တွေးမိတာနဲ့ …၊

” အဲ့ဒီအချိန် အခန်းတံခါးက ပိတ်ထားလား အစန်း ”

မခင်စန်းက ခေါင်းငြိမ့်ပြသည်။

” အခန်းတံခါးက အတွင်းက လော့ချထားတယ် အစ်ကို ၊ ပိတ်လျက်ပဲ ”

ဟူးကနဲ ကိုအောင်ဘော် သက်ပြင်း ချလိုက်မိသည်။ သားငယ်ထူးထူးသည် ကျန်းမာလာစ ပြုပြီဆိုသော်လည်း ဤကဲ့သို့ မိုက်ရိုင်းသော အပြုအမူကို ပြုလိမ့်မည်ဟု ကိုအောင်ဘော် မထင်မိချေ။

အသက် ၁၁ နှစ်သားအရွယ်သည် ဤသို့သော အသိရှိလိမ့်မည်မဟုတ်။

သို့ပေမယ့် မခင်စန်းသည် သားငယ်ကို တပ်အပ် စွပ်စွဲနေချေပြီ ။ သူ ဘယ်ကဲ့သို့ ဖြေရှင်းပေးရမှန်း မသိနိုင်အောင် စဉ်းစားရကြပ်နေ၏။

” အစန်း အလုပ်က ထွက်မယ်ဆိုတာ ၊ ဒါကြောင့်ပဲပေါ့နော် ”

မခင်စန်းက ခေါင်းငြိမ့်ပြသည်။ကိုအောင်ဘော်က ခေါင်းကို လေးလံစွာ ခါရမ်းရင်း …၊

” ဒီလိုလုပ်ပါ အစန်း ၊ မထွက်ပါနဲ့လို့ အစ်ကို မတားရက်ပါဘူး ။ တစ်ခုတော့ အစ်ကို အစန်းကို တောင်းဆိုပါရစေကွယ် ”

” ဟုတ်ကဲ့ အစ်ကို ၊ ဘာများလဲ ”

” ဒီတစ်ညတော့ နောက်ဆုံး ဖြစ်ဖြစ် ၊ သားလေး ထူးထူးနဲ့ ညအိပ်ပေးပါ ၊ ဒီတစ်ည နောက်ဆုံးပါ အစန်း ”

မခင်စန်းက ကိုအောင်ဘော်ကို လှမ်းကြည့်သည်။ ကိုအောင်ဘော်သည် အတွေးရခက်သော သဘောမှာ ရှိနေသည်။ ကောင်းမွန်သော အကြံအစည် တစ်ခုခုတော့ ကိုအောင်ဘော်မှာ ရှိနေလိမ့်မည်ဟု ယုံကြည်မိသည်။

မခင်စန်းသည် ခေါင်းငြိမ့် သဘောတူလိုက်၏။ မခင်စန်းထံမှ သဘောတူညီမှု ရသောအခါ ၊ ကိုအောင်ဘော်သည် သူ၏ လက်ကိုင်ဖုန်းဖြင့် မိနှစ်၂၀ ခန့်ကြာအောင် တစ်နေရာသို့ စကားပြောလေ၏။ ဖုန်းပြောရင်း ကိုအောင်ဘော်သည် ဟုတ်ကဲ့ပါဟု အမိန့်နာခံသည့်ဟန်ဖြင့် ရိုသေစွာ မကြာခဏ ပြောနေသည်ကို ကြားမိလေ၏။

ဖုန်းပြောပြီးသည့်အခါ ၊ ကိုအောင်ဘော်သည် ၊ မော်တော်ကားဖြင့် အပြင်သို့ ထွက်သွားလေ၏။ ကိုအောင်ဘော်အား ကြည့်ရသည်မှာ ရေးကြီးသုတ်ပြာ နိုင်လှသည်ဟုပင် မခင်စန်း တွေးလိုက်မိသေး၏။ကိုအောင်ဘော် ကားကို ခပ်မြန်မြန် မောင်းသွားသောကြောင့် ဖြစ်သည်။

အမှန်တော့ ကိုအောင်ဘော်၏ကားသည် ဆရာကြီး ဗန္ဓက၏ ဓာတ်ခန်းရှိရာသို့ ထွက်သွားခြင်း ဖြစ်လေ၏။

____________

၅။

” ဒေါင် … ဒင် … ”

တိုင်ကပ်နာရီကြီးမှ ည ၁၂ နာရီ ထိုးသည့် အသံကို ကြားရ၏။ ညသည် ဆိတ်ငြိမ်စွာဖြင့် ရှိနေ၏။

ကုတင်ပေါ်တွင် မခင်စန်းသည် သားငယ် ထူးထူးနှင့်အတူ နှစ်ခြိုက်စွာ အိပ်မောကျနေသည်။ ယနေ့ည သူမတို့အခန်းတွင် ညမီးလုံးတစ်လုံး လဲ့လဲ့လေး ထွန်းလင်းထားသည်။ ခါတိုင်းလို အမှောင်ချ ထားခြင်း မရှိချေ။

” ကျွီ … ”

ထိုခဏ အခန်းတံခါးသည် ကျွီကနဲ မြည်ကာ ခပ်ဟဟလေး ပွင့်သွား၏။ လက်လေးခန့်သာ ပွင့်သွားသော အခန်းတံခါးကြားမှ မီးခိုးငွေ့ကဲ့သို့သော အငွေ့အချို့ အခန်းထဲသို့ တိုးလျိုး ဝင်ရောက်လာသည်။

ထိုအခိုးအငွေ့တို့ ဝင်လာသည်နှင့် အခန်းမီးသည် ဖျပ်ကနဲ ငြိမ်းသွားလေ၏။

အခိုးအငွေ့တို့သည် အခန်းထဲက လူသားနှစ်ဦး အိပ်စက်နေသော ကုတင်ဆီသို့ တဖြေးဖြေး တိုးဝင် ချည်းကပ်လာ၏။ ကုတင်အနီးသို့ ရောက်သည့်အခါ အခိုးအငွေ့တို့သည် လူသားတစ်ဦး၏ သဏ္ဍာန်သို့ ပြောင်းလဲသွားလေ၏။

အသေအချာ ကြည့်လျင် ထိုသဏ္ဍာန်သည် အသက် ၁၈နှစ်အရွယ် လူငယ်တစ်ဦး၏ ပုံရိပ် ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

လူငယ်သည် မခင်စန်း အိပ်နေသည့် ကုတင်စွန်းဘက်သို့ ရွေ့လျားသွားသည်။ အိပ်ပျော်နေသော မခင်စန်းကို စူးစူးစိုက်စိုက်ကြီး ကြည့်နေ၏။ မခင်စန်း၏ ပြေပြစ်ကျစ်လျစ်သော ကိုယ်ခန္ဓာကို တပ်မက်ဟန်ဖြင့် အာသာငမ်းငမ်း ကြည့်နေခြင်း ဖြစ်သည်။

ကြည့်နေရင်း ထိုလူငယ်သည် မခင်စန်း၏ နံဘေးသို့ ဝင်ထိုင်လိုက်သည်။ တဆက်တည်း သူ၏ လက်များက မခင်စန်း၏ ကိုယ်ပေါ်သို့ ပွတ်သပ်ရန် ရောက်ရှိသွားသည်။ ထိုလူရိပ်၏ လက်သည် မခင်စန်း၏ ကိုယ်တစောင်း လှဲလျောင်းနေသော ကိုယ်ပေါ်သို့ စုန်ချည်ဆန်ချည် ပွတ်သပ် ထိတွေ့နေပါ၏။

” ဖြောင်း … ဝုန်း ”

ထိုအခိုက် အခန်းတံခါးသည် ဝုန်းကနဲ တွန်းဖွင့်သံ ထွက်ပေါ်လာ၏။ အသံနဲ့အတူ အခန်းထဲသို့ ကိုအောင်ဘော် ဝင်လာခြင်း ဖြစ်သည်။ ကိုအောင်ဘော်သည် အခန်းတံခါးကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး ၊ ပါလာသော ချည်မန်းကြိုးဖြင့် တံခါးကို ကြက်ခြေခတ်သဏ္ဍာန် ချည်နှောင်လိုက်သည်။ တဆက်တည်း သူသည် အခန်းတွင်းက မီးချောင်းကို ဖွင့်လိုက်သည်။

တစ်ခန်းလုံး လင်းထိန်သွားသည်။ ကုတင်ပေါ်တွင် မခင်စန်းသည် မောင်ထူးမော်ကို ပွေ့ဖက်ထား၏။ ကုတင်ဘေးတွင် အငွေ့လိုလို အရိပ်လိုလို သဏ္ဍာန်သည် ယခုအခါ ထင်ရှားစွာ မြင်တွေ့ရပြီ ဖြစ်သည်။

ဖြူဖျော့ဖျော့ ဖွေးစွပ်နေသော မျက်နှာ ရှိပြီး ၊ ပိန်လှီခြောက်ကပ်နေသော ကိုယ်ထည်ဖြင့် အရိုးပေါ်အရေတင် ခန္ဓာကိုယ်ရှိသော တစ္ဆေတစ်ကောင်။

တစ္ဆေသည် သူ၏ မျက်နှာကို မြင်တွေ့မှာ စိုးသည့်အလား မီးရောင်ကို သူ၏ ပိန်လှီလှသော လက်နှစ်ဘက်ဖြင့် ကာထားပြီး တအီအီဖြင့် အသံပြုနေ၏။ ၎င်းသည် ပြေးလမ်းကို ရှာနေ၏။

အခန်းတံခါးကို ကိုအောင်ဘော်က ပရိတ်ချည်မန်းကြိုးဖြင့် ကြက်ခြေခတ်ထားသည်ဖြစ်ရာ ၊ အခန်းတံခါးမှ မထွက်နိုင်။ ထို့ကြောင့် တစ်ခုတည်းသော အခန်း ပြတင်းမှ ထွက်ပြေးရန် ပြတင်းပေါက်သို့ လျင်မြန်စွာ ချည်းကပ်သွားလေ၏။ သို့သော် ပြတင်းတံခါးကို ရောက်သည့်အခါ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

” အီး … အား ”

ပြတင်းတံခါးသည် ကိုအောင်ဘော် ခိုင်းထားသည့်အတိုင်း မခင်စန်းက ညဦးကတည်းက ပရိတ်ချည်မန်းကြိုးဖြင့် ကြက်ခြေခတ် ချည်ထားပြီး ဖြစ်သည်။

တစ္ဆေသည် ဆောက်တည်ရာ မရ၊ ဘယ်မှ ပြေးမလွတ်သည်ဖြစ်ရာ အခန်းထောင့်တစ်နေရာ၌ ငုတ်တုတ်လေး ထိုင်နေရတော့သည်။

ထိုအခါ ကိုအောင်ဘော်သည် အသင့်ယူဆောင်လာသော လူခြောက်လေးပါသည့် ဖန်ပုလင်းအဖုံးကို ဖွင့်၍ …၊

” မင်းနေရာ မင်းပြန်လာပါ ၊ မလာရင် မင်းရဲ့ ကိုယ်ခန္ဓာကို ငါ ဖျက်ဆီးပစ်လိုက်မယ် ”

ထိုသို့ ကိုအောင်ဘော်က အသံဩဇာ အပြည့်နှင့် ခြိမ်းခြောက် ပြောဆိုလိုက်သည့်အခါ တစ္ဆေသည် အလွန်ချောက်ချား ထိတ်လန့်စွာ … ခေါင်းကို ခါရမ်း၏။ သဘောကတော့ မလုပ်ပါနဲ့ ဟူ၍ ဖြစ်မည်။

တစ္ဆေသည် ကိုအောင်ဘော် ခိုင်းသည့်အတိုင်း ၊ သူ၏ ကိုယ်ကို အခိုးအငွေ့အဖြစ် ပြောင်းလဲ၍ ၊ ဖန်ပုလင်းအဝထဲသို့ ပြေးဝင်သွားသည်။

ထိုအခါ ကိုအောင်ဘော်သည် ဖန်ပုလင်းအဖုံးကို တင်းကြပ်နေအောင် ပြန်ပိတ်လိုက်၏။ ဖန်ပုလင်းအတွင်းက လူခြောက်လေးသည် အတွင်း၌ တခဏမျှ ရုန်းကန်ခြင်း အမှုကို ပြုသည်ဖြစ်ရာ စိမ်ရည်များသည် ပွက်ပွက်ထကြလေ၏။

သို့သော် ခဏအကြာ၌ နဂိုမူလအတိုင်း ငြိမ်သက်သွားသည်။

ကိုအောင်ဘော်သည် ဆရာကြီဗန္ဓက ပေလိုက်သည့် အင်းစာရွက်ကို အဖုံးပေါ် ကပ်ထားလိုက်သည်။ တစ္ဆေသည် ဖန်ပုလင်းအတွင်း အကျဉ်းကျသွားပြီ ဖြစ်သည်။ ကိုအောင်ဘော် သက်ပြင်းချနိုင်ပြီ။ ဖန်ပုလင်းကို ကြမ်းပြင်ပေါ် ဂရုတစိုက် ချထာလိုက်သည်။

ကုတင်ပေါ်က မခင်စန်းနှင့် သားငယ်ထူးမော်သည် ကိုအောင်ဘော်ထံ ပြးလာကြ၏။ မခင်စန်းသည် ကိုအောင်ဘော်အား သူရဲကောင်းကြီးတစ်ဦးသဖွယ် လေးစားမြတ်နိုးစွာ မော့ကြည့်နေရှာ၏။

မောင်ထူးမော်သည် အလိုက်တသိ မခင်စန်း၏ လက်ကို ဆွဲယူ၍ ကိုအောင်ဘော်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ကိုအောင်ဘော်သည် မခင်စန်း၏ မျက်နှာအား မြတ်မြတ်နိုးနိုး ကြည့်၍ သူမ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။ မခင်စန်းသည် ရှက်သော်လည်း ကျေနပ်ဟန်ဖြင့် ပြုံးနေရှာ၏။

” အစ်ကို အစန်းရဲ့ စကားကို နားမထောင်ပဲ ၊ လူခြောက်လေးကို ခေါ်လာမိတာ ခွင့်လွှတ်ပါ ။ အခု ဒီလူခြောက်လေးကို ဆရာကြီး ဗန္ဓကဆီ အပြီးအပိုင် ပေးအပ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါပြီ ”

မခင်စန်းသည် သားငယ် မောင်ထူးမော်ကို ပွေ့ချီလိုက်ပြီး ၊ သားငယ်၏ ပါးပြင်ကို မွှေးကြူလိုက်သည်။ ကိုအောင်ဘော်သည်လည်း မခင်စန်း၏ ပခုန်းတစ်ဖက်ကို အသာအယာ ပွေ့ဖက်လိုက်သည်။

သူတို့သည် ဖန်ပုလင်းကို ယူ၍ အောက်ထပ်ဆီသို့ ဆင်းလာကြသည်။ ထိုမှတဖန် မော်တော်ကားဖြင့် ဆရာကြီး ဗန္ဓက၏ ဓာတ်ခန်း ရှိရာသို့ …။

ပြီးပါပြီ။

ပီပီ(မန္တလေး)

Zawgyi Version

ထူးဆန္းေသာလူေျခာက္ကေလး(စ/ဆုံး)
———————————————
တစ္ေန႔၌ ေမာင္ထူးေမာ္ကေလးသည္ အေဒၚျဖစ္သူ မခင္စန္းႏွင့္အတူ ဧည့္ခန္းထဲတြင္ အတူေဆာ့ကစားေနစဥ္၊ ႐ုတ္ခ်ည္း မ်က္ျဖဴလန္ကာ တက္သြားေလ၏။
” ဟဲ့ … ဟဲ့ သား ထူးထူး ၊ ဘာျဖစ္တာလဲ ၊ သတိထားဦးေလ ”
ေမာင္ထူးေမာ္သည္ ေျခမ်ား လက္မ်ား ေကြးကုပ္ကာ ဇက္မွာ တစ္ဖက္သို႔ လန္ၿပီး မ်က္သူငယ္အိမ္မ်ားက ျပဴးက်ယ္လာ၏။ မ်က္ဆံမည္းေလးမွာ အေပၚသို႔ လန္တက္ေန၏။

ပါးစပ္မွလည္း တံေတြးအျမဳပ္မ်ား တစီစီက်ဆင္းလာသည္။ အေတြ႕အႀကဳံ မရွိရွာေသာ မခင္စန္းသည္ ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ ။ ကေလးကို ေပြ႕ခ်ီကာ အိမ္နီးခ်င္းမ်ားအား ေအာ္ဟစ္ အကူအညီ ေတာင္းရရွာ၏။

အစ္ကိုေအာင္ေဘာ္က ဘာပဲ ျဖစ္ျဖစ္ ေခါင္းရင္းအိမ္မွ ၊ မမခင္ကိုသာ အကူအညီ ေတာင္းပါဟု မွာထားသည္ကို သတိရကာ …

” မမခင္ေရ … လာပါဦး ၊ ဒီမွာ ထူးထူးေလး ဘာျဖစ္မွန္း မသိဘူး ”

တစ္ဖက္အိမ္မွ မခင္ခင္လည္း ၾကားလ်င္ ၾကားခ်င္း အေျပးေလး အိမ္ထဲ ဝင္လာ၏။ ကေလး အေျခအေနကိုၾကည့္၍ တက္ေနမွန္း သိသျဖင့္ …၊

“ဟဲ့ …အစန္း ၊ ညည္းတူေလးက တက္ေနတာ ။ ေျခမ … ခ်ိဳး၊ ေျခမ … ခ်ိဳး။ကေလးကို ယပ္ခတ္ေပး ”

မခင္ခင္လည္း ကေလးကို တတ္သေလာက္ မွတ္သေလာက္ ႏွိပ္နယ္ေပး၏။လိမ္းေဆးဘူး ရွာ၍ ၊ ကေလး၏ တစ္ကိုယ္လုံးကို လူးေပးသည္။ မၾကာခင္ ေမာင္ထူးေမာ္ကေလးသည္ အတက္ရပ္ကာ သတိျပန္လည္လာ၏။

ကေလးကို ရင္ခြင္ထဲ ခ်ီေပြ႕ထားရင္း မခင္စန္းက ေက်းဇူးတင္စကားဆိုသည္။

” အံမယ္ေလး ေတာ္ပါေသးရဲ႕ မမခင္ရယ္ ။ က်မေတာ့ ထူးထူးေလးကို ပစ္လိုက္ရၿပီကို ေအာက္ေမ့တာ ။ သူ႔အေဖကိုေအာင္ေဘာ္ကလည္း ခရီးထြက္သြားတာ ၃ရက္ရွိၿပီ။ အခုထက္ထိ ျပန္မလာေသးဘူးေလ ။ က်မတစ္ေယာက္တည္း ဘာလုပ္လို႔ ဘာကိုင္ရမွန္းကို မသိပဲ ျဖစ္ေနတာ ။ မမခင္ ေရာက္လာမွ အေတာ္ျဖစ္သြားတယ္ ။ ေက်းဇူးႀကီးပါ့ မမခင္ရယ္ ”

” ေမာင္ေအာင္ေဘာ္က ဘယ္သြားတာတဲ့တုန္း … ”

” မိုးကုတ္ဘက္လို႔ ေျပာသြားတာပဲ မမခင္ေရ ၊ သူ႔သားေလးေရာဂါေပ်ာက္မယ့္ ေဆးျမစ္ တစ္ခု ရမယ္ဆိုလို႔ ၊ ဘယ္ေလာက္ပဲ ေပးရ ေပးရ ၊ ရေအာင္ ဝယ္မယ္ဆိုၿပီး ထြက္သြားတာပါပဲ ၊ ထူးထူးေလးအတြက္ဆိုေတာ့ က်မလည္း အစ္ကိုေအာင္ေဘာ္ကို တားရအခက္သားေလ ”

ကိုေအာင္ေဘာ္သည္ အသက္အားျဖင့္ ၃၀စြန္းစြန္းခန႔္ ရွိေလၿပီး၊ ၿမိဳ႕၌ ေက်ာက္အေရာင္းအဝယ္ လုပ္ငန္းျဖင့္ စီးပြားေရး အဆင္ေျပသူ ျဖစ္၏။ ၎မွာ အသက္ ၁၁ ႏွစ္အ႐ြယ္ ေမာင္ထူးေမာ္ဟုေခၚေသာ သားငယ္ေလး တစ္ဦး ရွိေလ၏။

ေမာင္ထူးေမာ္ အသက္ ၆နစ္ အ႐ြယ္တြင္ မိခင္ျဖစ္သူ မႏွင္းေဝသည္ မိန္းမေရာဂါျဖင့္ ကြယ္လြန္သြားခဲ့သည္။ ေမာင္ထူးေမာ္မွာ ထူးဆန္းေသာ အတက္ေရာဂါ တစ္ခု စြဲကပ္ေနရွာ၏။

ေၾကာက္လန႔္လ်င္ေသာ၎၊ ခလုပ္တိုက္၍ ထိခိုက္မိလ်င္ေသာ၎၊ အနည္းငယ္မွ် နာက်င္ထိခိုက္မိလ်င္ေသာ၎ ၊ ေမာင္ထူးေမာ္ေလးသည္ အေၾကာမ်ားဆြဲငင္ကာ မ်က္ျဖဴလန္၍ တက္တတ္ေလ၏။

ထို႔ေၾကာင့္ အသက္ ၁၁ ႏွစ္ ေရာက္သည္အထိ ေမာင္ထူးေမာ္ကေလးခမ်ာ အတန္းေက်ာင္းသို႔ မတက္ႏိုင္ရွာေပ။

၁၁ ႏွစ္သားဆိုေတာ့ ေမာင္ထူးေမာ္ေလးသည္ ကိုယ္ကာယအားျဖင့္ ဖြံၿဖိဳးသင့္သေလာက္ ဖြံၿဖိဳးေသာ ကိုယ္ခႏၶာ ရွိေသာ္ျငားလည္း ဉာဏ္ရည္မွာ အနည္းငယ္နိမ့္သည္ဟု သတ္မွတ္ႏိုင္ပါသည္။

ေငြေၾကး အဆင္ေျပေသာ ကိုေအာင္ေဘာ္သည္ ေမာင္ထူးေမာ္အတြက္ ျပင္ပမွ ဆရာမမ်ားေခၚယူ၍ သင္ၾကားေစ၏။

ေမာင္ထူးေမာ္၏ ေရာဂါအေျခအေန အေၾကာင္းကို ဆရာ/ဆရာမမ်ားအား အသိေပးထားၿပီး ၊ ၎တက္သည့္အခါ မည္သို႔ မည္ပုံ ျပဳစုရမည္ကိုလည္း သင္ၾကား ျပသေပးထားခဲ့သည္။

ယခုအခါ ေႏြ ေက်ာင္းပိတ္ရက္ ျဖစ္ပါေသာေၾကာင့္ ၊ ေဆြမ်ိဳးနီးစပ္ ေတာ္စပ္သူ မခင္စန္းအား အိမ္သို႔ ေခၚယူထားၿပီး ကေလးကို ျပဳစု ေစာင့္ေရွာက္ေစျခင္း ျဖစ္သည္။

မခင္စန္းသည္ အသက္အားျဖင့္ ၂၁ႏွစ္အ႐ြယ္ ငယ္႐ြယ္ပ်ိဳျမစ္သူ ျဖစ္ၿပီး၊ ကိုယ္ခႏၶာ အခ်ိဳးအဆစ္လည္း လွပေျပျပစ္သူကေလး ျဖစ္သည္။ တကၠသိုလ္မွ ဘြဲ႕ရထားၿပီး အလုပ္အကိုင္တစ္ခု ရွာေဖြဆဲကာလ ျဖစ္ေလ၏။ကိုေအာင္ေဘာ္က မခင္စန္း အလုပ္မရခင္စပ္ၾကား ေမာင္ထူးေမာ္ကေလးကို ျပဳစု ၾကည့္ရႈ႕ေပးပါရန္ ႏွင့္ တစ္လလ်င္ လစာသေဘာမဟုတ္ပဲ၊ မုန႔္ဘိုးအျဖစ္ ၂သိန္းေပးပါမည္ဟု ေျပာဆိုကာ အကူအညီေတာင္းခံခဲ့ျခင္း ျဖစ္၏။

ကိုေအာင္ေဘာ္ ခရီးမထြက္ခင္က မခင္စန္းသည္ ညေန ၆နာရီထိုးလ်င္ ျပန္ရ၏။ တခါတရံ ကိုေအာင္ေဘာ္ အလုပ္မ်ားေနပါက ည၈နာရီေလာက္အထိ ေမာင္ထူးေမာ္ႏွင့္ အတူရွိေနေပးရၿပီး ၊သူမ ျပန္လ်င္ ကိုေအာင္ေဘာ္တို႔ သားအဖက ေမာ္ေတာ္ကားျဖင့္ အိမ္အထိ လိုက္ပါပို႔ေဆာင္ေပးတတ္သည္။

တစ္ခါတစ္ရံ၌ ကိုေအာင္ေဘာ္က မခင္စန္းကို အိမ္ျပန္ မပို႔ခင္ ညေဈးဘက္သို႔ ပတ္၍ တ႐ုတ္စားေတာ္ဆက္မ်ားတြင္ ညစာ အတူစားၾကသလို ၊ မခင္စန္းအတြက္ေသာ္၎ ၊ သားငယ္ ေမာင္ထူးေမာ္အတြက္ေသာ္၎ အဝတ္အစားမ်ားဝယ္ေပးေလ့ရွိသည္။ ဒါ့အျပင္ မခင္စန္းအတြက္ အလွျပင္ပစၥည္းမ်ားလည္း သီးသန႔္ ဝယ္ေပးေလ့ရွိ၏။ ေစတနာ သဒၶါတရား ေကာင္းမြန္ေသာ ကိုလွေဘာ္သည္ ႐ိုးသားတည္ၾကည္၏။

သို႔အတြက္ေၾကာင့္ မခင္စန္းသည္ ကိုေအာင္ေဘာ္အေပၚ အေတာ္ေလးပင္ ၾကည္ညိဳေလးစားသည့္ စိတ္ ျဖစ္ေပၚမိေလ၏။ ကိုေအာင္ေဘာ္သည္ ထိုသို႔ ဝယ္ေပးေလ့ရွိေသာ္လည္း မခင္စန္းအေပၚ တည္ၾကည္ေသာ ဆက္ဆံေရးသာ ရွိခဲ့၏။ ပေရာ္ပရီလုပ္ျခင္း၊ အေရာတဝင္ ဆက္ဆံျခင္းမ်ိဳး မရွိခဲ့။ ေယာက္က်ားေကာင္း ပီသစြာ အေနတည္သူ တစ္ဦးသာ ျဖစ္ေလ၏။

ကိုေအာင္ေဘာ္က သူ ခရီးထြက္ရမည္၊ ေမာင္ထူးေမာ္ေလးအား ညအိပ္ ေစာင့္ေရွာက္ေပးပါရန္ မခင္စန္းအား ေတာင္းဆိုသည့္အခါ ၊ အလြယ္တကူပဲ ေခါင္းၿငိမ့္ခဲ့သည္။ ခ်စ္စရာေကာင္းေသာ ေမာင္ထူးေမာ္ေလးအေပၚ မခင္စန္းသည္ တူသားအရင္းကဲ့သို႔ သံေယာဇဥ္ ျဖစ္ေနမိၿပီ မဟုတ္ပါလား။

ညဘက္ အိပ္သည့္အခါမ်ားတြင္ မခင္စန္းသည္ ေမာင္ထူးေမာ္အား ကေလးတစ္ေယာက္လို ရင္ခြင္ထဲ ေခ်ာ့သိပ္ေလ့ရွိ၏။ မအိပ္ခင္ ပုံျပင္မ်ားကို ေျပာျပေပးသည္။ ေမာင္ထူးေမာ္ေလးသည္ မိခင္ငတ္ေနသူပီပီ ၊ မခင္စန္းအား မိခင္သဖြယ္ အထူးပင္ ခ်စ္ျမတ္ႏိုး တြယ္တာေနရွာ၏။

ကိုေအာင္ေဘာ္လည္း ဖုန္းဆက္လာပါ၏ ။ သူ မနက္ျဖန္ ျပန္ေရာက္မည္တဲ့။သူ လိုခ်င္ေသာ ေဆးျမစ္ကို ရခဲ့ၿပီဟု ဝမ္းသာအားရ ဖုန္းထဲမွ ေျပာသြားခဲ့သည္။ မခင္စန္းလည္း အေပ်ာ္ေတြ ကူးစက္သြားခဲ့သည္။ၾကည္ႏူးဝမ္းသာေနမိသည္။

__________

၂။

မခင္စန္းသည္ ကိုေအာင္ေဘာ္၏ လက္ထဲက ဖန္ပုလင္းေလးကို ၾကည့္၍ တအံတဩျဖင့္ …

” ဟင္ ! ဒါက ေဆးျမစ္မွ မဟုတ္ပဲ အစ္ကိုေအာင္ေဘာ္ ၊ ဒါ … ဒါက ”

” ရႈး … တိုးတိုး အစန္း ”

ကိုေအာင္ေဘာ္က လက္ညႇိဳးကို ပါးစပ္မွာကပ္၍ အသံတိုးတိုးေျပာရန္ အရိပ္အေယာင္ကို ျပရင္း …

” ဟုတ္တယ္ … အစန္း ၊ ဒါ လူေျခာက္ကေလးကြဲ႕ ။ အစ္ကို ဒီလူေျခာက္ေလးကို ေဈးႀကီး ေပးဝယ္ခဲ့ရတယ္ ။ လူေျခာက္ေလးကို စိမ္ထားတဲ့ ေရ ၊ သားေလးကို တိုက္ရင္ တက္တဲ့ ေရာဂါ ေပ်ာက္မတဲ့ ။ ဒါေၾကာင့္ အစ္ကို မိုးကုတ္မိုးမိတ္နယ္ထဲက လီေရွာ ႐ြာေလး တစ္႐ြာကို ခက္ခက္ခဲခဲ အေရာက္သြားၿပီး ေတာင္ယာလုပ္တဲ့ လင္မယား၂ေယာက္ဆီကေန ရေအာင္ ဝယ္လာခဲ့ရတယ္ ”

” အဆန္းပါလား အစ္ကိုရယ္ ၊ ေခတ္မီ ေဆးဝါးေတြနဲ႔လည္း သားေလး ထူးထူးကို ကုသေပးေနတာပဲ ၊ တစ္ေန႔ေတာ့ ေပ်ာက္မွာေပါ့ ၊ ဒါက မလိုဘူး ထင္ပါတယ္ ။ ေတာ္ေနၾကာ တျခား ဆိုဒ္အဖက္ေတြ ဝင္လာခဲ့ရင္ ဒုကၡ ”

” ဩ … အစန္းရယ္ ၊ ညည္းတူေလးကို အစ္ကို ေခတ္ေပၚေဆးဝါး ၊ သမားေတာ္မ်ားနဲ႔ ကုသလာတာ ဘယ္ေလာက္ၾကာၿပီလဲ ၊ ထူးမွ ထူးမလာပဲကြယ္ ။ အစ္ကို စီးပြားရွာေနတာ ဒီသားေလးအတြက္ပဲ မဟုတ္လား ။ ကုန္ခ်င္သေလာက္ ကုန္ပါေစ ။ အစ္ကို ရွာႏိုင္ပါတယ္ ။ ဒီလူေျခာက္ေလးစိမ္ေရဟာ သူ႔အတက္ေရာဂါကို ေပ်ာက္လိမ့္မယ္လို႔ အစ္ကို ေလးစားအားထားရတဲ့ ဗိေႏၶာ ေဆးဆရာႀကီး ဦးဗႏၷက က တပ္အပ္ေသခ်ာ ေျပာသကြဲ႕ ၊ စမ္းၾကည့္ၾကတာေပါ့ကြယ္ ။ ေရာဂါ ေပ်ာက္သြားေတာ့လည္း အျမတ္ေပါ့ ”

မခင္စန္းသည္ ေခတ္ပညာတတ္ပီပီ ၊ သေဘာမတူေသာ္ျငားလည္း ကိုေအာင္ေဘာ္က ကာယကံရွင္ဆိုေတာ့ ဆက္လက္ မျငင္းသာေတာ့ေပ။ ကိုေအာင္ေဘာ္၏ တက္ႂကြေနေသာ စိတ္ကို သူမ လက္ခံေပးလိုက္၏။

သို႔ေသာ္ သူမသည္ ကိုေအာင္ေဘာ္၏ လက္ထဲက လူေျခာက္ေလးကို ၾကည့္၍ ေၾကာက္သလိုလို ႐ြံသလိုလို ခံစားလိုက္ရသည္။ တစ္ထြာခန႔္သာ ရွိေသာ လူကဲ့သို႔ ကိုယ္အဂၤါ အျပည့္အစုံရွိသည့္ လူေျခာက္ေလးသည္ အမွန္ဆိုရေသာ္ လူေသအေလာင္းေကာင္တစ္ခုပင္ မဟုတ္ေလာ။

ေဆးစိမ္ အေလာင္းေျခာက္တစ္ခုသည္ အမွန္တကယ္ ေမာင္ထူးေမာ္၏ အတက္ေရာဂါကို ေပ်ာက္ကင္းႏိုင္ပါ့မလားဆိုတာ သူမ သံသယဝင္ေနမိသည္။

အစ္ကိုေအာင္ေဘာ္ ေလးစားအားကိုးေသာ ဆရာႀကီး ဦဗႏၶကသည္ မည္သို႔ေသာ္ ေဆးဆရာ ျဖစ္သနည္းဆိုတာ သူမလည္း နားမလည္ႏိုင္။ ေလာကီအစီအရင္မ်ားသည္ ထူးျခားနက္နဲေသာ သေဘာမွာရွိေလ၏။ သူမ နားမလည္ေသာ ေလာကီပညာရပ္မ်ားတြင္ ဝင္၍ မေျပာသာသည္မွာ အမွန္ေပ။

ထို႔ေၾကာင့္ သူမသည္ ေမာင္ထူးေမာ္ေလးအတြက္ ျပဳစုရန္သာ တာဝန္ရွိသည္ထက္ပို၍ ကန႔္ကြက္ေျပာဆိုျခင္းမ်ား မျပဳမိရန္ စိတ္ကို ခ်ဳပ္တည္းထားလိုက္၏။ ကိုေအာင္ေဘာ္ကေတာ့ ဤလူေျခာက္ေလး၏ ရာဇဝင္ကို အားပါးတရ ရွင္းလင္း ေျပာျပေန၏။

” လြန္ခဲ့တဲ့ ၁၈ႏွစ္ေလာက္က မိုးသည္း ညတစ္ညမွာ လီေရွာ ဇနီးေမာင္ႏွံရဲ႕ ယာတဲေလးဆီကို ဗမာမိန္းကေလးတစ္ေယာက္ဟာ မိုးခိုရင္း ေရာက္လာၿပီး ေခတၱ တည္းခိုခြင့္ ေတာင္းသတဲ့ ။

” အဲဒီ မိန္းကေလးမွာ ေမြးလုဖြားလု ကိုယ္ဝန္အရင့္အမာႀကီး ပါလာသတဲ့ အစန္းရဲ႕ ။ လီေရွာ ဇနီးေမာင္ႏွံလည္း မိန္းကေလးကို သနားတာနဲ႔ တည္းခိုခြင့္ျပဳလိုက္တယ္ေလ။ ”

” ျဖစ္ခ်င္ေတာ့ အဲ့ဒီညမွာပဲ မိန္းကေလးဟာ ဗိုက္နာၿပီး ကေလး ေမြးဖြားဖို႔ ျဖစ္လာပါေလေရာကြယ္ ။ အိမ္ရွင္ လီေရွာမႀကီးက အရပ္လက္သည္ဆိုေတာ့ မိန္းကေလးကို ေမြးဖြားေပးဖို႔ လုပ္ရေတာ့တာေပါ့ ”

” ည ၁၂နာရီတိတိမွာပဲ မိန္းကေလးဟာ သားေယာက္က်ားေလးကို ေမြးဖြားသတဲ့ ။ ဒါေပမယ့္ ေမြးလာတဲ့ ကေလးဟာ ကိုယ္အဂၤါ ျပည့္စုံေပမယ့္ ၊အသက္မဲ့ လူေျခာက္ကေလး ျဖစ္ေနရွာသတဲ့ ။ မိန္းကေလးဟာ ကံဆိုးစြာပဲ ၊ သူ႔ရဲ႕ သားေလးကို ျမင္ေတြ႕ၿပီး ၊ မီးတြင္းထဲမွာ ဆုံးပါးသြားရွာတယ္ ၊ အဲ့ဒီမိန္းကေလးဟာ ဘယ္ကလာလို႔ ၊ ဘယ္သြားမယ္ဆိုတာလည္း သူတို႔ မသိၾကဘူး ၊ ဒါေပမယ့္ မိန္းကေလးရဲ႕ ႐ုပ္အေလာင္းကို သူတို႔ကပဲ ကမကထျပဳၿပီး ေကာင္းမြန္စြာ သၿဂႋဳလ္ေပးလိုက္ၾကပါတယ္”

” အေတြ႕အႀကဳံ ရွိတဲ့ လက္သည္ လီေရွာမႀကီးဟာ ၊ ထူးဆန္းစြာ ေမြးလာတဲ့ လူေျခာက္ေလးကို ၊ စြန႔္မပစ္ပဲ မပုပ္မသိုးေအာင္ ဖန္ပုလင္းနဲ႔ ေဆးရည္စိမ္ထားသတဲ့ ။ တခ်ိဳ႕ လူေျခာက္ေလးေတြက အက်ိဳးေပးတယ္လို႔ သူတို႔က ၾကားဖူးထားတာကိုး ၊ ဒါေပမယ့္ သူတို႔လက္ထဲမွာ လူေျခာက္ေလးက ၁၈ႏွစ္တိတိ ၾကာျမင့္ေပမယ့္ ဘာမွ ထူးထူးျခားျခား မရွိခဲ့ဘူးတဲ့ေလ။”

” အဲ့ဒီေဒသမွာ ေက်ာက္တြင္း လုပ္သား လာလုပ္တဲ့ ဆရာႀကီးဗႏၶကရဲ႕ တပည့္ေဟာင္း ဗမာတစ္ေယာက္က သိသြားလို႔ ေလာကီ အစီအရင္မ်ား ျပဳရာမွာ အသုံးဝင္ေလမလားဆိုၿပီး ၊ ဆရာႀကီး ဗႏၶကဆီကို အေၾကာင္းၾကားသတဲ့ ။ အဲ့ဒီမွာ ဆရာႀကီးက အစ္ကို႔သားေရာဂါအတြက္ အဆင္သင့္ၿပီဆိုၿပီး အစ္ကို႔ကို အဝယ္ခိုင္းလိုက္တာပဲေပါ့ ။ လီေရွာ ဇနီးေမာင္ႏွံကလည္း ၁၈ႏွစ္ေတာင္ရွိၿပီ။ ဒီလူေျခာက္ေလးကို ထိမ္းသိမ္းထားရတာ ၊ ဘာမွ မထူးျခားဘူး ။ အစ္ကို လိုခ်င္ရင္ ေရာင္းမယ္ဆိုေတာ့ ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပသြားတာေပါ့ ”

ကိုေအာင္ေဘာ္ဟာ ရွည္လ်ားစြာ ေျပာျပၿပီးေနာက္၊ ေဆးရည္စိမ္ ဖန္ပုလင္းကို အဝတ္စတစ္ခုနဲ႔ ဖုံးအုပ္ကာ ၊ အိမ္ေရွ႕ခန္းက မွန္ဘီ႐ိုႀကီးထဲ ထည့္သိမ္းထားလိုက္၏။ ၿပီးလ်င္ ခရီးပန္းလာသည္ဟု ေျပာကာ အနားယူရန္ သူ႔အခန္းထဲသို႔ ဝင္သြားေလ၏။

ယေန႔ညေန ၆နာရီတြင္ မခင္စန္းသည္ မိဘမ်ားေနအိမ္သို႔ ျပန္ရန္ သူမကိုင္ေနက် ဆြဲျခင္းေလးကို ျပင္ေနလိုက္သည္။ ဒါကို ေမာင္ထူးေမာ္ေလးက ျမင္သည့္အခါ ၊ သူမအား အတင္း လက္ဆြဲထားေတာ့ေလ၏။

ဖခင္ကိုေအာင္ေဘာ္ ျပန္ေရာက္ၿပီ ျဖစ္ေသာ္လည္း ေမာင္ထူးေမာ္ေလးသည္ မခင္စန္းအား အတင္းပင္ ဆြဲထားေလ၏။ မျပန္ေစလိုသည္မွာ ထင္ရွား၏။

မခင္စန္းအား အလြန္ပင္ ခင္တြယ္ ေနရွာသည္။သို႔ေပမယ့္ မခင္စန္းသည္ ညအိပ္ ေနရန္ မသင့္ေတာ္။ ျပန္သင့္သည္ဟု ဆုံးျဖတ္ထားၿပီး ျဖစ္သည္။

မခင္စန္းသည္ ညေန ၆နာရီထိုးမွ အိပ္ယာမွ ထလာေသာ ကိုေအာင္ေဘာ္ထံ ခြင့္ေတာင္း၍ မိဘမ်ားအိမ္ ျပန္မည္အလုပ္၌ ေမာင္ထူးေမာ္ကေလးသည္ …။

” တီတီေလး မျပန္ပါနဲ႔ ။ ညကလိုပဲ သားကို ပုံျပင္ေျပာျပပါေနာ္။ သား ပုံျပင္ နားေထာင္ခ်င္တယ္ ။သားနဲ႔ပဲ ခါတိုင္းလို အိပ္ပါ တီတီေလး ”

ကိုေအာင္ေဘာ္က … မခင္စန္းအား အားနာသျဖင့္ သားငယ္ကို ေျဖာင့္ျဖ ေျပာဆို ရွာ၏။

” သား တီတီက သူ႔အိမ္မွာ လုပ္စရာရွိေသးတယ္ သားရဲ႕ ။ အဝတ္ေလ်ာ္ရဦးမယ္ ၊ သန႔္ရွင္းေရး လုပ္ရဦးမယ္ေလ၊ ဒါေၾကာင့္ ျပန္ပါေစ သားရယ္ ။ မနက္ျဖန္က် တီတီ ေစာေစာလာမွာေပါ့ ”

” ဟင့္အင္း … ဟင့္အင္း တီတီ မျပန္ရဘူး ။ ခါတိုင္းလိုပဲ သားနဲ႔အိပ္။ အဝတ္ကို အိမ္လာတဲ့ ေဒၚျမနဲ႔ ေလွ်ာ္ခိုင္းလိုက္ ၊ မျပန္ပါနဲ႔ေနာ္ ၊ တီတီ ျပန္ရင္ သားငိုၿပီး မအိပ္ပဲေနမွာ ”

ကိုေအာင္ေဘာ္က မခင္စန္းအား အားနာဟန္၊ စိတ္ရႈပ္ေထြးဟန္ျဖင့္ ၾကည့္ေန၏။ သားငယ္က ငိုလ်င္ တက္တတ္၏။ခက္ေခ်ၿပီ။

မခင္စန္းလည္း ေမာင္ထူးေမာ္ေလး ငိုရင္ အခက္ဟု ေတြးကာ သူမ၏ လက္ဆြဲျခင္းေလးကို အသာခ်၍ ၊

” အစ္ကို ခြင့္ျပဳမယ္ဆိုရင္ ၊ က်မ ထူးထူးေလးနဲ႔ ဒီည အတူအိပ္လိုက္ပါ့မယ္ ၊ အေမတို႔ဆီကို ဒီည ျပန္မလာေတာ့ဘူးလို႔ ဖုန္းဆက္လိုက္ေတာ့မယ္အစ္ကို ”

” အစ္ကိုက ခြင့္မျပဳစရာလား အစန္းရယ္ ၊ အစန္းအတြက္ သင့္ေတာ္ပါ့မလားလို႔ ေတြးမိေနလို႔ပါ ။ အစန္း အိပ္မယ္ဆိုရင္ေတာ့ ပိုေကာင္းတာေပါ့ ”

ကိုေအာင္ေဘာ္က သားျဖစ္သူအား ယေန႔ညတြင္ လူေျခာက္ေလး စိမ္ေရအား ပထမဆုံး စတိုက္မည္ ျဖစ္သည္။

ထို႔ေၾကာင့္ ေဆးရည္ေၾကာင့္ ထူးျခားမႈ တစ္စုံတရာ ျဖစ္ေပၚလာပါက မခင္စန္း ရွိေနသည္မွာ သူ႔အတြက္ အေထာက္အကူ ေကာင္းစြာ ရႏိုင္မည္မွာ ေသခ်ာသည္မို႔ မျပန္ေစလိုေပ။ သို႔ေသာ္ အပ်ိဳေလးတစ္ေယာက္သည္ မုဆိုးဖို ေယာက္က်ားသား တစ္ဦးရွိေနေသာ အိမ္၌ ညအိပ္ညဥ့္ေန ေနျခင္းသည္ မသင့္ေတာ္ဟုလည္း သူ႔ခမ်ာ စိုးေႏွာင့္စိတ္တို႔ျဖင့္ ဗ်ာမ်ားေနရရွာသည္။မခင္စန္းက ရွက္ၿပဳံး ၿပဳံးကာ …။

” အို … ေမာင္ႏွမေတြပဲဟာ ၊ အဲ့ဒီတြက္ စိတ္အေႏွာက္အယွက္ မျဖစ္ပါနဲ႔ အစ္ကို ၊ ၿပီးေတာ့ အစ္ကို႔ရဲ ဂုဏ္သိကၡာကို အစန္း ယုံၾကည္ပါတယ္ ”

မခင္စန္းမွာ ေမာင္ႏွမဟူေသာ အသုံးအႏႈန္းကို ထည့္သြင္း ေျပာဆိုလိုက္ရေပမယ့္ ၊ စပ္မွေတာ္မည့္ အမ်ိဳးေဝးသည့္ သူတို႔ႏွစ္ဦးအေၾကာင္းကို ရင္ထဲက သိရွိေနၿပီး ျဖစ္ပါ၏။ ထို႔ေၾကာင့္ သူမသည္ အနည္းငယ္ ရွက္ေသြးျဖာေနျခင္း ျဖစ္ပါသည္။

___________

၃။

( ပထမည )

မခင္စန္းသည္ ေမွးကနဲ အိပ္ေပ်ာ္လ်က္ရွိရာ ၊ သူမအား တစ္စုံတစ္ေယာက္ေသာသူက ကုတင္နံေဘးမွ စီးမိုး ၾကည့္ေနသည္ဟု ခံစားလာရ၍ မ်က္လုံးကို အသာ ဖြင့္ၾကည့္လိုက္သည္။

အိပ္စုံမႈံဝါး သူမ၏ အၾကည့္တြင္ လူငယ္တစ္ဦးသည္ သူမ၏ ကုတင္နံေဘးတြင္ မားမားႀကီးရပ္ေနသည္ကို ျမင္လိုက္ရသည္။

သို႔ျဖင့္ သူမသည္ ထိတ္လန႔္စြာ ကုတင္၌ ငုတ္တုတ္ ထထိုင္လိုက္မိသည္။ မ်က္လုံးမ်ားကိုလည္း လက္ျဖင့္ ပြတ္သပ္ကာ အေသအခ်ာ ၾကည့္လိုက္၏။

အံဩစရာပင္။ကုတင္နံေဘးတြင္ မည္သူမွ် ရွိမေနေခ်။ ကုတင္ေပၚတြင္ သားငယ္ ထူးထူးသည္ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်လ်က္ ရွိသည္။ ခုနက ျမင္ရေသာ လူငယ္ကို မေတြ႕ရေတာ့ေခ်။ အျမင္မွားသည္ဟု ေတြးလိုက္မိသည္။

တစ္ဖန္ မခင္စန္းသည္ အခန္းတံခါး ရွိရာဘက္သို႔ လွမ္း၍ အကဲခတ္လိုက္၏။

” ဟင္ ! အခန္းတံခါး ပြင့္ေနပါလား ”

အခန္းတံခါးသည္ ခပ္ဟဟ အေနအထား ပြင့္လ်က္သား ရွိ၏။

သူမ၏ သကၤာမကင္း စိတ္သည္ ပို၍ ႀကီးမားလာသည္။ ညဦးက သူမသည္ အခန္းတံခါးကို အေသအခ်ာ ေလာ့ခ်၍ ပိတ္ခဲ့သည္မဟုတ္လား ။ အခန္းတံခါးသည္ အျပင္မွ ဖြင့္လိုလ်င္ အခန္းေသာ့ရွိမွသာ မုခ် ဖြင့္ႏိုင္လိမ့္မည္ျဖစ္သည္။

ဤသို႔ဆိုလ်င္ အခန္းေသာ့အပို ရွိသူမွာ ကိုေအာင္ေဘာ္ တစ္ေယာက္သာ ရွိေလ၏။ ကိုေအာင္ေဘာ္သည္ သူမ အိပ္ေပ်ာ္ခိုက္ အခန္းထဲကို ခိုးဝင္ခဲ့ေလသလား ။ သူ ဘာေၾကာင့္ ဝင္ခဲ့ပါသနည္း ။ ဘာကို အလိုရွိ၍ ဝင္ခဲ့သနည္း။

ထိုအေတြးသည္ မခင္စန္းအတြက္ ရင္ခုန္ စိတ္လႈပ္ရွားသြားေစ၏။

သို႔ေပမယ့္ မခင္စန္းသည္ ေခါင္းကို ခါရမ္းလိုက္၏။ မျဖစ္ႏိုင္ ။ အစ္ကိုေအာင္ေဘာ္သည္ ဤသို႔ေသာ လူစားမ်ိဳးမဟုတ္ေခ်။ ခိုးေၾကာင္ခိုးဝွက္ လုပ္မည့္သူ မဟုတ္ ။ တည္ၾကည္႐ိုးသားသူ ျဖစ္သည္။

ဟူးကနဲ မခင္စန္းသည္ သက္ျပင္းကို မႈတ္ထုတ္လိုက္မိၿပီး ၊ အခန္းတံခါးကို ထ၍ ပိတ္ရန္ သြားလိုက္သည္။ တံခါး မပိတ္ခင္ မခင္စန္းသည္ အျပင္ကို တစ္ခ်က္မွ် အကဲခတ္လိုက္သည္။

အျပင္ဘက္တြင္ ၆၀ ဝပ္ မီးသီး ထြန္းညႇိထား၍ အလင္းေရာင္ ေကာင္းစြာ ရေနသည္။

” ေခ်ာက္ … ေခ်ာက္ … ”

ေအာက္ထပ္မွ လႈပ္ရွားသံ သဲ့သဲ့ ၾကားလိုက္ရသည္။ အစ္ကို ေအာင္ေဘာ္မ်ားလား ။ သူမ စိတ္သည္ သိလိုစိတ္တို႔ ျပင္းျပင္းျပျပ ျဖစ္လာ၏။

သို႔ျဖင့္ သူမသည္ ေလွကားတစ္ဝက္အထိ ေျခသံေဖာ့ေဖာ့ ထားကာ အသာအယာ ဆင္းသြားၿပီး ေခ်ာင္းၾကည့္လိုက္သည္။

” ဟင္ ! ”

ေအာက္ထပ္က မွန္သားဘီ႐ိုႀကီးအေရွ႕ကို သူမ မ်က္လုံးေရာက္သြားသည္။

ဘာလို႔လဲဆိုေတာ့ မွန္ဘီ႐ိုႀကီးေရွ႕မွာ လူတစ္ေယာက္ မတ္တတ္ရပ္ေနသည္ဟု ဝိုးတဝါး ျမင္ေတြ႕ လိုက္မိေသာေၾကာင့္ ျဖစ္သည္။ အစ္ကို ေအာင္ေဘာ္မ်ားလားဟု သံသယ ျဖစ္သြား၏။

သို႔ေသာ္ ေသခ်ာသည္ေတာ့မဟုတ္။ ထိုေနရာသည္ မီးေရာင္ႏွင့္ အလွမ္းကြာေဝးသည့္အျပင္ ၊ ဘီ႐ိုႀကီး၏ အရိပ္လည္း က်ေန၏။

သူမ ျမင္ရေသာအရာသည္ အရိပ္တစ္ခုလည္း ျဖစ္ခ်င္ ျဖစ္ေနႏိုင္သည္မဟုတ္လား ။

သူမ ဘီ႐ိုႀကီးအေရွ႕က အရိပ္သ႑ာန္ကို စိတ္ဝင္တစား ၾကည့္ေနစဥ္မွာ ၊ သူမ၏ ေနာက္ေက်ာဘက္မွ …။

” ဟင္ ! အစန္း ၊ ေလွကားမွာ ဘာလုပ္ေနတာလဲ ”

မခင္စန္း အေနာက္သို႔ လွည့္ၾကည့္လိုက္သည္။ ကိုေအာင္ေဘာ္ ျဖစ္ေန၏။သူမသည္ ႏုတ္ခမ္းေပၚ လက္ညႇိဳးတင္ျပရင္း ရႈး တိုးတိုးဟု ဆိုလိုက္သည္။

သူမစိတ္ထဲ၌ အစ္ကိုေအာင္ေဘာ္ ဒီမွာ ရွိေနရင္ ေအာက္ထပ္က လူသည္ သူခိုးတစ္ေယာက္သာ ျဖစ္မည္ဟု ထင္မိေသာေၾကာင့္ ျဖစ္ေလ၏။

ကိုေအာင္ေဘာ္၏ လက္ထဲတြင္ လက္ႏွိပ္ဓာတ္မီးကို ကိုင္လ်က္ ျမင္လိုက္သည္မို႔ ၊ မခင္စန္းသည္ ထိုဓာတ္မီးအား လွမ္းယူကာ မွန္ဘီ႐ိုႀကီးအေရွ႕သို႔ ထိုးၾကည့္လိုက္သည္။

သူမထံမွ မီးေရာင္ ျဖာက်သြားသည့္အခါ လူရိပ္သ႑ာန္သည္ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြား၏။

မခင္စန္းသည္ သက္ျပင္း ခ်လိုက္ျပန္၏။

” ခုနက မွန္ဘီ႐ိုႀကီးေရွ႕မွာ လူတစ္ေယာက္ရဲ႕ သ႑ာန္ ျမင္လိုက္မိလို႔ အစ္ကို ၊ အခု မရွိေတာ့ျပန္ဘူး ”

ကိုေအာင္ေဘာ္က ၿပဳံးရယ္လ်က္ ၊

” မွန္ေပၚကို အရိပ္က်ေတာ့ ၊ အဲ့ဒီအရိပ္ကို အစန္းက လူလို႔ ထင္မိတယ္ ထင္ပါရဲ႕ ။ ကဲ … ကဲ အိပ္ခ်ည္ပါ ၊ အစ္ကို ေအာင္ေဘာ္ ေအာက္ထပ္ကို အေသအခ်ာ စစ္ၾကည့္လိုက္ပါ့မယ္ ”

မခင္စန္းသည္ မေက်မနပ္ျဖင့္ အခန္းသို႔ ျပန္လာခဲ့ရေလ၏။ လူေျခာက္ေလး စိမ္ရည္ကို ေဆးအျဖစ္တိုက္ေသာ ပထမညတြင္ ေမာင္ထူးေမာ္ကေလးသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနပါ၏။

ယခင္ညမ်ားကဲ့သို႔ လန႔္ႏိုးျခင္း တစ္ႀကိမ္တစ္ခါမွ် မရွိေတာ့သည္မွာ လူေျခာက္ေလးစိမ္ရည္သည္ အမွန္ အစြမ္းထက္ျမက္ေၾကာင္း ျပသေနသလိုပင္။အရင္ကဆို ေမာင္ထူးေမာ္သည္ တစ္ညလ်င္ ၂ႀကိမ္၊ ၃ႀကိမ္ခန႔္ေတာ့ လန႔္ႏိုးတတ္၏။ ေဆးရည္သည္ ထူးျခားသည္မွာေတာ့ အမွန္ပင္ ။

___________

၄။

လူေျခာက္ေလး စိမ္ရည္ကို ေဆးအျဖစ္ ေမာင္ထူးေမာ္အား ညစဥ္ညတိုင္း တိုက္ေကြၽးလာခဲ့ရာ ၊ ၎၏ အတက္ေရာဂါသည္ သိသိသာသာပင္ ေလ်ာ့ပါးလာခဲ့သည္။

စကားကို ေလးတိေလးကန္ ေျပာတတ္ေသာ ေမာင္ထူးေမာ္သည္ ယခုအခါ သြက္လက္စြာ ေျပာလာၿပီ ျဖစ္ေလ၏။

ပို၍ ထူးျခားသည္မွာ ေဆးတိုက္ေကြၽးသည့္ ၆ရက္ေျမာက္ေန႔က အျဖစ္အပ်က္သည္ ကိုေအာင္ေဘာ္အတြက္ အထူး ဝမ္းေျမာက္ဖြယ္ရာ ျဖစ္ေနပါ၏။

ထိုေန႔က မခင္စန္းသည္ ခြင့္တစ္ရက္ယူထား၍ အိမ္၌ မရွိေပ။ အရင္ညမ်ားတြင္ မခင္စန္းသည္ ေမာင္ထူးေမာ္ေလးႏွင့္ အတူ ၊ ေန႔စဥ္ ညအိပ္ေပးခဲ့၏။ ထို႔ေန႔ကေတာ့ မခင္စန္းသည္ ေနထိုင္မေကာင္းသည့္ အသြင္ျဖင့္ ကိုေအာင္ေဘာ္ထံ ခြင့္တစ္ရက္ပန္သြားျခင္း ျဖစ္သည္။

ကိုေအာင္ေဘာ္၏ ဝမ္းသာစရာ အျဖစ္အပ်က္မွာ ေမာင္ထူးေမာ္ေလးသည္ ေန႔ခင္းဘက္၌ ဧည့္ခန္းထဲ ကစားေနရာ ၊ အမွတ္တမဲ့ ကုလားထိုင္တစ္လုံးျဖင့္ ဝင္တိုက္မိၿပီး ေမွာက္ရက္လဲက်သြားေလ၏။ကိုေအာင္ေဘာ္သည္ စိုးရိမ္ႀကီးစြာ သားငယ္ထံသို႔ ေျပးသြား၏။

သို႔ေသာ္ ေမာင္ထူးေမာ္သည္ ခါတိုင္းကဲ့သို႔ တက္သြားျခင္း ၊ သတိေမ့ေျမာသြားျခင္း မရွိပဲ၊ ရယ္က်ဲက်ဲျဖင့္ မတ္တတ္ထလာခဲ့ေလ၏။ ၿပီးလ်င္ ေမာင္ထူးေမာ္သည္ လြတ္လပ္ေပါ့ပါးစြာ ဆက္၍ ကစားေန၏။ကိုေအာင္ေမာ္ အံဩျခင္း ၊ ဝမ္းသာျခင္း စေသာ ခံစားမႈတို႔ ေရာႁပြမ္းခံစားရေလေတာ့သည္။

ဤအခ်က္သည္ ေမာင္ထူးေမာ္၌ စြဲကပ္ေနေသာ အတက္ေရာဂါကို လူေျခာက္ေလးစိမ္ရည္သည္ ေပ်ာက္ကင္းေစႏိုင္ေၾကာင္း အေကာင္းဆုံးသက္ေသ ျဖစ္ေနပါသည္။

ေနာက္တစ္ေန႔ မခင္စန္း ေရာက္လာသည့္အခါ ကိုေအာင္ေဘာ္က ထိုအေၾကာင္းကို ဝမ္းသာအားရ ေျပာျပေလ၏။ ကိုေအာင္ေဘာ္က တက္ႂကြစြာ ေျပာေနေသာ္လည္း မခင္စန္း၏ မ်က္ႏွာသည္ တစ္မ်ိဳးႀကီး ျဖစ္ေန၏။ စိတ္လက္ မအီမသာ ျဖစ္ေနဟန္တူ၏။

မခင္စန္း ဤအိမ္၌ ညအိပ္သည့္ကာလအတြင္း ၊ သူတို႔ ႏွစ္ဦး၏ ဆက္ဆံေရးသည္ ယခင္ကထက္ ပိုမို ရင္းႏွီးပြင့္လင္းလာသည္ ျဖစ္ရာ ၊ ကိုေအာင္ေဘာ္သည္ မခင္စန္း၏ အမူအယာကို ၾကည့္၍ စိုးရိမ္စြာ …၊

” အစန္း ဘာျဖစ္ေနတာလဲ ၊ ေနမေကာင္းဘူးလားဟင္ ၊ ေနမေကာင္းရင္၊ အစ္ကို ဆရာဝန္ကို ဖုန္းဆက္ေခၚၿပီး အိမ္ပင့္လိုက္မယ္ေလ ”

” ဟာ … မပင့္နဲ႔အစ္ကို ၊ အစန္း ေနေကာင္းပါတယ္ ၊ အခုဟာကေလ အစန္း အစ္ကို႔ကို ဖြင့္ေျပာသင့္ မသင့္ ခ်ိန္ဆေနရလို႔ပါ ”

ကိုေအာင္ေဘာ္ လႈပ္လႈပ္ရွားရွား ျဖစ္သြားသည္။ မခင္စန္း ဘာကို ေျပာခ်င္ေနသည္ကို အရမ္းသိခ်င္သြား၏။

မခင္စန္းက

” ဒီလိုပါ အစ္ကို ၊ အစကေတာ့ အစန္း မေျပာေတာ့ပဲ ေနေတာ့မလို႔ပါပဲ ။ အဲ့သလို မေျပာပဲ ေနၿပီး ၊ အစန္း အလုပ္က ထြက္မယ္လို႔ ေျပာရင္လည္း အစ္ကိုက အတင္းေမးမွာပဲ ဆိုေတာ့ …”

” ဟင္ … ဘယ္လို ဘယ္လို ၊ အစန္းက အလုပ္ထြက္မယ္ ဟုတ္လား။ ဘာျဖစ္လို႔လဲကြယ္ ”

ကိုေအာင္ေဘာ္သည္ လွပပ်ိဳျမစ္ေသာ အစန္း၏ မ်က္ႏွာေလးကို စိုးရိမ္တႀကီး ၾကည့္ရင္း ေမးလိုက္ေလ၏။ ကိုေအာင္ေဘာ္သည္ မခင္စန္းအေပၚ သံေယာဇဥ္ တြယ္ေနၿပီ ျဖစ္သည္။ ဒီကာလအတြင္း မခင္စန္းသည္ သားေလး ေမာင္ထူးေမာ္ကို ေစာင့္ေရွာက္သည့္အျပင္ ၊ ကိုေအာင္ေဘာ္၏ ေဝယ်ာဝစၥမ်ားကိုလည္း ဂ႐ုတစိုက္ လုပ္ကိုင္ေပးခဲ့၏။ယင္းအေပၚ ကိုေအာင္ေဘာ္သည္ သာယာၾကည္ႏူးခဲ့ရွာသည္။

ေကာ္ဖီခ်ိန္တန္လ်င္ ေကာ္ဖီေဖ်ာ္ေပးျခင္း၊ ထမင္းစားခ်ိန္တန္လ်င္ ထမင္းဟင္းမ်ား ေႏႊး၍ ခူးခပ္ေပးတတ္ျခင္း ၊ အလုပ္သြားခါနီးတြင္လည္း ကိုေအာင္ေဘာ္၏ ပစၥည္းမ်ား မေမ့က်န္ခဲ့ရေလေအာင္ ကူညီ ယူေပးတတ္ျခင္း၊ သူ၏ အခန္းကို သန႔္ရွင္းေပးတတ္ျခင္း၊ စေသာ အိမ္မႈကိစၥမ်ား၌ မခင္စန္းသည္ စိတ္ပါလက္ပါ လုပ္ေပးတတ္၍ ကိုေအာင္ေဘာ္သည္ ကြယ္လြန္သြားၿပီးျဖစ္ေသာ ဇနီးမယား မႏွင္းေဝ ၏ ေနရာတြင္ အစားရသလို ခံစားေနရရွာသည္။မခင္စန္းကို သားငယ္ ေမာင္ထူးေမာ္ကဲ့သို႔ သူလည္း တြယ္တာမိေန၏။

မခင္စန္းသည္ စိုးရိမ္တႀကီး ျဖစ္သြားေသာ ကိုေအာင္ေဘာ္၏ မ်က္ႏွာကို ၾကည့္၍ စိတ္မေကာင္း ျဖစ္သြားရွာ၏။ ကိုေအာင္ေဘာ္တစ္ေယာက္ သူမအေပၚ သံေယာဇဥ္တြယ္ေနမွန္းလည္း သူမသည္ သိရွိခံစားမိေလ၏။

” ဒီလိုပါ အစ္ကို ၊ အစန္း အားလုံးကို ေျပာျပပါ့မယ္ ၊ အစန္း အခု ေျပာသမွ်ထဲမွ ဘာတစ္ခုမွ လုပ္ႀကံဖန္တီးထားတာ မပါဘူးဆိုတာကိုေတာ့ အစ္ကို ယုံေပးပါေနာ္ ”

ထိုသို႔ အစခ်ီကာ မခင္စန္းသည္ သူမ ဤအိမ္၌ ညအိပ္ခဲ့စဥ္က ႀကဳံေတြ႕ခဲ့ရသမွ်ကို အစဆုံး ဖြင့္ေျပာေလ၏။

” အစ ပထမေတာ့ အစန္းလည္း ခပ္႐ိုး႐ိုးပဲ ေအာက္ေမ့တာေပါ့ ၊ ဒါေပမယ့္ ထူးထူးေလးဟာ အရင္လို မဟုတ္ဘူး ။ အရမ္း သိသာလာတယ္ ။

” ညဘက္ဆို သူအိပ္ေပ်ာ္မွ အစန္းက အိပ္တာ။ အစန္း အိပ္ၿပီဆိုရင္ သတိနဲ႔ အိပ္တတ္တယ္ အစ္ကို ၊ ဘယ္ေတာ့မွ တေမ့တေမာ မအိပ္တတ္ဘူး ။ အဲ့ဒါက ဒုတိယညက စတာပါပဲ အစ္ကို။ ဘယ္လိုျဖစ္လဲဆိုေတာ့ ၊ ကန္ေတာ့ပါအစ္ကို ၊ မ႐ိုေသ့စကား ေျပာရတာ အစ္ကို႔ကို အားနာပါတယ္။ ”

မခင္စန္းဟာ ဒီစကားေျပာရာမွာ အရွည္သည္းေနရွာတယ္။ မ်က္ႏွာဟာ နီျမန္းလို႔ ။ ေခါင္းကို ငုံ႔ခ်ၿပီး …၊

” က်မ အိပ္ေပ်ာ္ေနတုန္း က်မရဲ႕ ေပါင္ေတြကို ပြတ္သပ္တယ္အစ္ကို ၊ ေနာက္တဆင့္ တင္ပါးေတြေပၚ လက္က ေရာက္လာတယ္ ။ ေနာက္ၿပီး လက္ေတြက က်မ ရင္သားဘက္ဆီကို တက္လာေတာ့ …။ အဲ့ဒီမွာ က်မ ဆတ္ကနဲ ထထိုင္လိုက္တယ္ ။ ပါးစပ္ကလည္း သား ထူးထူး ဘာလုပ္တာလဲလို႔ ေမးလိုက္တယ္ ။ ”

” အခန္းမီးက ပိတ္ထားတယ္။ ဒါေပမယ့္ ျပတင္းမွန္ကေန လေရာင္ရဲ႕ အလင္းက အခန္းထဲကို ျဖာက်ေနတယ္ အစ္ကို ။ အဲ့ဒီေတာ့ အားလုံးကို ျမင္ေနရတယ္။ အံဩစရာပါ အစ္ကို ။ ထူးထူးေလးဟာ က်မကို ေက်ာေပးအိပ္ေနတယ္ ။ သူ မဟုတ္သလိုပဲ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကို အိပ္ေပ်ာ္ေနတယ္။က်မ အရမ္း အံအားသင့္သြားတယ္။ဒါေပမယ့္ အခန္းထဲမွာက က်မရယ္ ထူးထူးရယ္ ႏွစ္ေယာက္တည္း ရွိတာ။ က်မကိုယ္ကို ပြတ္သပ္တာ ထူးထူးကလြဲရင္ ဘယ္သူမွ မျဖစ္ႏိုင္ဘူးမဟုတ္လား ”

ကိုေအာင္ေဘာ္ စဥ္းစားရၾကပ္သလို ျဖစ္သြား၏။ သူ တစ္ခု ေတြးမိတာနဲ႔ …၊

” အဲ့ဒီအခ်ိန္ အခန္းတံခါးက ပိတ္ထားလား အစန္း ”

မခင္စန္းက ေခါင္းၿငိမ့္ျပသည္။

” အခန္းတံခါးက အတြင္းက ေလာ့ခ်ထားတယ္ အစ္ကို ၊ ပိတ္လ်က္ပဲ ”

ဟူးကနဲ ကိုေအာင္ေဘာ္ သက္ျပင္း ခ်လိုက္မိသည္။ သားငယ္ထူးထူးသည္ က်န္းမာလာစ ျပဳၿပီဆိုေသာ္လည္း ဤကဲ့သို႔ မိုက္႐ိုင္းေသာ အျပဳအမူကို ျပဳလိမ့္မည္ဟု ကိုေအာင္ေဘာ္ မထင္မိေခ်။

အသက္ ၁၁ ႏွစ္သားအ႐ြယ္သည္ ဤသို႔ေသာ အသိရွိလိမ့္မည္မဟုတ္။

သို႔ေပမယ့္ မခင္စန္းသည္ သားငယ္ကို တပ္အပ္ စြပ္စြဲေနေခ်ၿပီ ။ သူ ဘယ္ကဲ့သို႔ ေျဖရွင္းေပးရမွန္း မသိႏိုင္ေအာင္ စဥ္းစားရၾကပ္ေန၏။

” အစန္း အလုပ္က ထြက္မယ္ဆိုတာ ၊ ဒါေၾကာင့္ပဲေပါ့ေနာ္ ”

မခင္စန္းက ေခါင္းၿငိမ့္ျပသည္။ကိုေအာင္ေဘာ္က ေခါင္းကို ေလးလံစြာ ခါရမ္းရင္း …၊

” ဒီလိုလုပ္ပါ အစန္း ၊ မထြက္ပါနဲ႔လို႔ အစ္ကို မတားရက္ပါဘူး ။ တစ္ခုေတာ့ အစ္ကို အစန္းကို ေတာင္းဆိုပါရေစကြယ္ ”

” ဟုတ္ကဲ့ အစ္ကို ၊ ဘာမ်ားလဲ ”

” ဒီတစ္ညေတာ့ ေနာက္ဆုံး ျဖစ္ျဖစ္ ၊ သားေလး ထူးထူးနဲ႔ ညအိပ္ေပးပါ ၊ ဒီတစ္ည ေနာက္ဆုံးပါ အစန္း ”

မခင္စန္းက ကိုေအာင္ေဘာ္ကို လွမ္းၾကည့္သည္။ ကိုေအာင္ေဘာ္သည္ အေတြးရခက္ေသာ သေဘာမွာ ရွိေနသည္။ ေကာင္းမြန္ေသာ အႀကံအစည္ တစ္ခုခုေတာ့ ကိုေအာင္ေဘာ္မွာ ရွိေနလိမ့္မည္ဟု ယုံၾကည္မိသည္။

မခင္စန္းသည္ ေခါင္းၿငိမ့္ သေဘာတူလိုက္၏။ မခင္စန္းထံမွ သေဘာတူညီမႈ ရေသာအခါ ၊ ကိုေအာင္ေဘာ္သည္ သူ၏ လက္ကိုင္ဖုန္းျဖင့္ မိႏွစ္၂၀ ခန႔္ၾကာေအာင္ တစ္ေနရာသို႔ စကားေျပာေလ၏။ ဖုန္းေျပာရင္း ကိုေအာင္ေဘာ္သည္ ဟုတ္ကဲ့ပါဟု အမိန႔္နာခံသည့္ဟန္ျဖင့္ ႐ိုေသစြာ မၾကာခဏ ေျပာေနသည္ကို ၾကားမိေလ၏။

ဖုန္းေျပာၿပီးသည့္အခါ ၊ ကိုေအာင္ေဘာ္သည္ ၊ ေမာ္ေတာ္ကားျဖင့္ အျပင္သို႔ ထြက္သြားေလ၏။ ကိုေအာင္ေဘာ္အား ၾကည့္ရသည္မွာ ေရးႀကီးသုတ္ျပာ ႏိုင္လွသည္ဟုပင္ မခင္စန္း ေတြးလိုက္မိေသး၏။ကိုေအာင္ေဘာ္ ကားကို ခပ္ျမန္ျမန္ ေမာင္းသြားေသာေၾကာင့္ ျဖစ္သည္။

အမွန္ေတာ့ ကိုေအာင္ေဘာ္၏ကားသည္ ဆရာႀကီး ဗႏၶက၏ ဓာတ္ခန္းရွိရာသို႔ ထြက္သြားျခင္း ျဖစ္ေလ၏။

____________

၅။

” ေဒါင္ … ဒင္ … ”

တိုင္ကပ္နာရီႀကီးမွ ည ၁၂ နာရီ ထိုးသည့္ အသံကို ၾကားရ၏။ ညသည္ ဆိတ္ၿငိမ္စြာျဖင့္ ရွိေန၏။

ကုတင္ေပၚတြင္ မခင္စန္းသည္ သားငယ္ ထူးထူးႏွင့္အတူ ႏွစ္ၿခိဳက္စြာ အိပ္ေမာက်ေနသည္။ ယေန႔ည သူမတို႔အခန္းတြင္ ညမီးလုံးတစ္လုံး လဲ့လဲ့ေလး ထြန္းလင္းထားသည္။ ခါတိုင္းလို အေမွာင္ခ် ထားျခင္း မရွိေခ်။

” ကြၽီ … ”

ထိုခဏ အခန္းတံခါးသည္ ကြၽီကနဲ ျမည္ကာ ခပ္ဟဟေလး ပြင့္သြား၏။ လက္ေလးခန႔္သာ ပြင့္သြားေသာ အခန္းတံခါးၾကားမွ မီးခိုးေငြ႕ကဲ့သို႔ေသာ အေငြ႕အခ်ိဳ႕ အခန္းထဲသို႔ တိုးလ်ိဳး ဝင္ေရာက္လာသည္။

ထိုအခိုးအေငြ႕တို႔ ဝင္လာသည္ႏွင့္ အခန္းမီးသည္ ဖ်ပ္ကနဲ ၿငိမ္းသြားေလ၏။

အခိုးအေငြ႕တို႔သည္ အခန္းထဲက လူသားႏွစ္ဦး အိပ္စက္ေနေသာ ကုတင္ဆီသို႔ တေျဖးေျဖး တိုးဝင္ ခ်ည္းကပ္လာ၏။ ကုတင္အနီးသို႔ ေရာက္သည့္အခါ အခိုးအေငြ႕တို႔သည္ လူသားတစ္ဦး၏ သ႑ာန္သို႔ ေျပာင္းလဲသြားေလ၏။

အေသအခ်ာ ၾကည့္လ်င္ ထိုသ႑ာန္သည္ အသက္ ၁၈ႏွစ္အ႐ြယ္ လူငယ္တစ္ဦး၏ ပုံရိပ္ ျဖစ္ေနသည္ကို ျမင္ေတြ႕ရမည္ ျဖစ္သည္။

လူငယ္သည္ မခင္စန္း အိပ္ေနသည့္ ကုတင္စြန္းဘက္သို႔ ေ႐ြ႕လ်ားသြားသည္။ အိပ္ေပ်ာ္ေနေသာ မခင္စန္းကို စူးစူးစိုက္စိုက္ႀကီး ၾကည့္ေန၏။ မခင္စန္း၏ ေျပျပစ္က်စ္လ်စ္ေသာ ကိုယ္ခႏၶာကို တပ္မက္ဟန္ျဖင့္ အာသာငမ္းငမ္း ၾကည့္ေနျခင္း ျဖစ္သည္။

ၾကည့္ေနရင္း ထိုလူငယ္သည္ မခင္စန္း၏ နံေဘးသို႔ ဝင္ထိုင္လိုက္သည္။ တဆက္တည္း သူ၏ လက္မ်ားက မခင္စန္း၏ ကိုယ္ေပၚသို႔ ပြတ္သပ္ရန္ ေရာက္ရွိသြားသည္။ ထိုလူရိပ္၏ လက္သည္ မခင္စန္း၏ ကိုယ္တေစာင္း လွဲေလ်ာင္းေနေသာ ကိုယ္ေပၚသို႔ စုန္ခ်ည္ဆန္ခ်ည္ ပြတ္သပ္ ထိေတြ႕ေနပါ၏။

” ေျဖာင္း … ဝုန္း ”

ထိုအခိုက္ အခန္းတံခါးသည္ ဝုန္းကနဲ တြန္းဖြင့္သံ ထြက္ေပၚလာ၏။ အသံနဲ႔အတူ အခန္းထဲသို႔ ကိုေအာင္ေဘာ္ ဝင္လာျခင္း ျဖစ္သည္။ ကိုေအာင္ေဘာ္သည္ အခန္းတံခါးကို ခ်က္ခ်င္း ျပန္ပိတ္လိုက္ၿပီး ၊ ပါလာေသာ ခ်ည္မန္းႀကိဳးျဖင့္ တံခါးကို ၾကက္ေျခခတ္သ႑ာန္ ခ်ည္ေႏွာင္လိုက္သည္။ တဆက္တည္း သူသည္ အခန္းတြင္းက မီးေခ်ာင္းကို ဖြင့္လိုက္သည္။

တစ္ခန္းလုံး လင္းထိန္သြားသည္။ ကုတင္ေပၚတြင္ မခင္စန္းသည္ ေမာင္ထူးေမာ္ကို ေပြ႕ဖက္ထား၏။ ကုတင္ေဘးတြင္ အေငြ႕လိုလို အရိပ္လိုလို သ႑ာန္သည္ ယခုအခါ ထင္ရွားစြာ ျမင္ေတြ႕ရၿပီ ျဖစ္သည္။

ျဖဴေဖ်ာ့ေဖ်ာ့ ေဖြးစြပ္ေနေသာ မ်က္ႏွာ ရွိၿပီး ၊ ပိန္လွီေျခာက္ကပ္ေနေသာ ကိုယ္ထည္ျဖင့္ အ႐ိုးေပၚအေရတင္ ခႏၶာကိုယ္ရွိေသာ တေစၦတစ္ေကာင္။

တေစၦသည္ သူ၏ မ်က္ႏွာကို ျမင္ေတြ႕မွာ စိုးသည့္အလား မီးေရာင္ကို သူ၏ ပိန္လွီလွေသာ လက္ႏွစ္ဘက္ျဖင့္ ကာထားၿပီး တအီအီျဖင့္ အသံျပဳေန၏။ ၎သည္ ေျပးလမ္းကို ရွာေန၏။

အခန္းတံခါးကို ကိုေအာင္ေဘာ္က ပရိတ္ခ်ည္မန္းႀကိဳးျဖင့္ ၾကက္ေျခခတ္ထားသည္ျဖစ္ရာ ၊ အခန္းတံခါးမွ မထြက္ႏိုင္။ ထို႔ေၾကာင့္ တစ္ခုတည္းေသာ အခန္း ျပတင္းမွ ထြက္ေျပးရန္ ျပတင္းေပါက္သို႔ လ်င္ျမန္စြာ ခ်ည္းကပ္သြားေလ၏။ သို႔ေသာ္ ျပတင္းတံခါးကို ေရာက္သည့္အခါ ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္သည္။

” အီး … အား ”

ျပတင္းတံခါးသည္ ကိုေအာင္ေဘာ္ ခိုင္းထားသည့္အတိုင္း မခင္စန္းက ညဦးကတည္းက ပရိတ္ခ်ည္မန္းႀကိဳးျဖင့္ ၾကက္ေျခခတ္ ခ်ည္ထားၿပီး ျဖစ္သည္။

တေစၦသည္ ေဆာက္တည္ရာ မရ၊ ဘယ္မွ ေျပးမလြတ္သည္ျဖစ္ရာ အခန္းေထာင့္တစ္ေနရာ၌ ငုတ္တုတ္ေလး ထိုင္ေနရေတာ့သည္။

ထိုအခါ ကိုေအာင္ေဘာ္သည္ အသင့္ယူေဆာင္လာေသာ လူေျခာက္ေလးပါသည့္ ဖန္ပုလင္းအဖုံးကို ဖြင့္၍ …၊

” မင္းေနရာ မင္းျပန္လာပါ ၊ မလာရင္ မင္းရဲ႕ ကိုယ္ခႏၶာကို ငါ ဖ်က္ဆီးပစ္လိုက္မယ္ ”

ထိုသို႔ ကိုေအာင္ေဘာ္က အသံဩဇာ အျပည့္ႏွင့္ ၿခိမ္းေျခာက္ ေျပာဆိုလိုက္သည့္အခါ တေစၦသည္ အလြန္ေခ်ာက္ခ်ား ထိတ္လန႔္စြာ … ေခါင္းကို ခါရမ္း၏။ သေဘာကေတာ့ မလုပ္ပါနဲ႔ ဟူ၍ ျဖစ္မည္။

တေစၦသည္ ကိုေအာင္ေဘာ္ ခိုင္းသည့္အတိုင္း ၊ သူ၏ ကိုယ္ကို အခိုးအေငြ႕အျဖစ္ ေျပာင္းလဲ၍ ၊ ဖန္ပုလင္းအဝထဲသို႔ ေျပးဝင္သြားသည္။

ထိုအခါ ကိုေအာင္ေဘာ္သည္ ဖန္ပုလင္းအဖုံးကို တင္းၾကပ္ေနေအာင္ ျပန္ပိတ္လိုက္၏။ ဖန္ပုလင္းအတြင္းက လူေျခာက္ေလးသည္ အတြင္း၌ တခဏမွ် ႐ုန္းကန္ျခင္း အမႈကို ျပဳသည္ျဖစ္ရာ စိမ္ရည္မ်ားသည္ ပြက္ပြက္ထၾကေလ၏။

သို႔ေသာ္ ခဏအၾကာ၌ နဂိုမူလအတိုင္း ၿငိမ္သက္သြားသည္။

ကိုေအာင္ေဘာ္သည္ ဆရာႀကီဗႏၶက ေပလိုက္သည့္ အင္းစာ႐ြက္ကို အဖုံးေပၚ ကပ္ထားလိုက္သည္။ တေစၦသည္ ဖန္ပုလင္းအတြင္း အက်ဥ္းက်သြားၿပီ ျဖစ္သည္။ ကိုေအာင္ေဘာ္ သက္ျပင္းခ်ႏိုင္ၿပီ။ ဖန္ပုလင္းကို ၾကမ္းျပင္ေပၚ ဂ႐ုတစိုက္ ခ်ထာလိုက္သည္။

ကုတင္ေပၚက မခင္စန္းႏွင့္ သားငယ္ထူးေမာ္သည္ ကိုေအာင္ေဘာ္ထံ ျပးလာၾက၏။ မခင္စန္းသည္ ကိုေအာင္ေဘာ္အား သူရဲေကာင္းႀကီးတစ္ဦးသဖြယ္ ေလးစားျမတ္ႏိုးစြာ ေမာ့ၾကည့္ေနရွာ၏။

ေမာင္ထူးေမာ္သည္ အလိုက္တသိ မခင္စန္း၏ လက္ကို ဆြဲယူ၍ ကိုေအာင္ေဘာ္၏ လက္ထဲသို႔ ထည့္ေပးလိုက္သည္။ ကိုေအာင္ေဘာ္သည္ မခင္စန္း၏ မ်က္ႏွာအား ျမတ္ျမတ္ႏိုးႏိုး ၾကည့္၍ သူမ၏ လက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ထားလိုက္ေလသည္။ မခင္စန္းသည္ ရွက္ေသာ္လည္း ေက်နပ္ဟန္ျဖင့္ ၿပဳံးေနရွာ၏။

” အစ္ကို အစန္းရဲ႕ စကားကို နားမေထာင္ပဲ ၊ လူေျခာက္ေလးကို ေခၚလာမိတာ ခြင့္လႊတ္ပါ ။ အခု ဒီလူေျခာက္ေလးကို ဆရာႀကီး ဗႏၶကဆီ အၿပီးအပိုင္ ေပးအပ္လိုက္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ ”

မခင္စန္းသည္ သားငယ္ ေမာင္ထူးေမာ္ကို ေပြ႕ခ်ီလိုက္ၿပီး ၊ သားငယ္၏ ပါးျပင္ကို ေမႊးၾကဴလိုက္သည္။ ကိုေအာင္ေဘာ္သည္လည္း မခင္စန္း၏ ပခုန္းတစ္ဖက္ကို အသာအယာ ေပြ႕ဖက္လိုက္သည္။

သူတို႔သည္ ဖန္ပုလင္းကို ယူ၍ ေအာက္ထပ္ဆီသို႔ ဆင္းလာၾကသည္။ ထိုမွတဖန္ ေမာ္ေတာ္ကားျဖင့္ ဆရာႀကီး ဗႏၶက၏ ဓာတ္ခန္း ရွိရာသို႔ …။

ၿပီးပါၿပီ။

ပီပီ(မႏၲေလး)