ထူးဆန်းသောအိမ်မက်

*ထူးဆန်းသောအိမ်မက်*📖📖(စ/ဆုံး)

**********************************

—————————————
လူနဲ့လူချင်းအဆင့်အတန်းအနိမ့်
အမြင့် ခွဲခြားခြင်းမှာလည်း ယဉ်ကျေးမှ
ခြင်းအပေါ်မှာ တည်ရှိတဲ့အတွက် ပိုမို
မြင့်မြတ်တယ်လို့ ယူဆရပါတယ်။ ရုပ်
လုံးပေါ် ရေးနည်းအကြောင်း၊ စကား
ဆက်ပြီး လာလိုက်တာ စကားတောင်
နည်းနည်းရှည်သွားပြီ။ ကျွန်တော်ဆို
လိုတာက ကိုယ်လက်ကြံ့ခိုင်ရေးပညာ၊

ကာယဗလပညာ၊ တစ်နေ့က ရန်ကုန် နေပြည်တော် စည်ပင်ရေးအဖွဲ့၊ ပညာ ရေးဌာန၊ကျောင်းပိတ်ရက်၊စာသင်တန်း
နဲ့ ဆရာဖြစ် သင်တန်းကျောင်းဖွင့်ပွဲမှာ
ဦးစိန်ရွက် အမိန့်ရှိသွားတဲ့ “ရုပ်သင်” ပညာဆိုတာ ယောက်ျားကလေးများ သာ မဟုတ်ဘူး။ မိန်းကလေးများသာ လိုပါသေးတယ်။ ယခု မိန်းကလေး

တွေမှာ တစ်နေ့လုံး အလုပ်တိုက်ထဲမှာ အလုပ်လုပ်၊ အိမ်အလုပ်သမားတွေ
ကလည်း နေထွက်ကနေဝင်အထိ
တစ်နေ့လုံး ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်
အလုပ်တွေလုပ်၊ ညနေအလုပ်ဆင်းလို့
အညောင်းဖြေချိန်မှာ ဘာလုပ်သလဲ
သိကြရဲ့လား ခင်ဗျ။ ကိုယ်လက်လှုပ်
ရှားမှုကို ဘာတစ်ခုမျှ မလုပ်တဲ့အပြင်
မျက်စိကို ပိုပြီးညောင်းစေတတ်တဲ့
အရိပ်ပြပွဲသွားတယ်။ ဝတ္ထုကို အိပ်ခါနီး
အထိ ဖတ်တယ်။ သန်းခေါင်ကျော်
အောင် ပိုကာဒေါင်းတယ်။ နေရတဲ့
နေရာက ကျဉ်းကျဉ်းကျပ်ကျပ် ပေ
အစိတ်အခန်းထဲမှာ ဒီလို မိန်းကလေး
တွေမှ ရှူနာရှိုက်ကုန်းဖြစ်ပြီး မီးယပ်နာ
မရရင် ဘယ်သူရဦးမှာလဲ ခင်ဗျာ။ မျက်
နှာမှာ ပေါင်ဒါဖြူဖြူကလေးတွေ ရိုက်
ထားရင် သူတို့ကိုယ်သူတို့ လှလှပြီလို့ ထင်နေကြတယ်။ ဘယ်လိုအချိုးအစား ကျမှ လှတယ်ဆိုတာ သူတို့ မသိဘူး။

လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံး ဆို တဲ့ စကားရဲ့ အဓိပ္ပာယ်ကို သူတို့ နား မလည်ကြဘူး။ ဒါကြောင့် ကျွန်တော် ဖြင့် မိန်းမယူရင် ရှူနာရှိုက်ကုန်းနဲ့၊ နှုတ်
ခမ်းမှာ သွေးမရှိလို့ ပန်းဆီဆိုးထားတဲ့
ပါးစပ်တွေ၊ ကျောက်ဖြူရုပ်လို ပေါင်ဒါ
ရိုက်ထားတာတွေကို မယူဘဲ လုံးကြီး
ပေါက်လှနဲ့ တောသူဝဝကလေးပဲ ယူ
တော့မယ်လို့ စိတ်ကူးထည့်ထားတာပဲ။
(ဩဘာသံများ)
ဩဘာသံများသည် ရုံတစ်ရုံလုံး ဆူညံ၍ သွားလေ၏။ အထက်ပါစကား များကို ပန်းချီဆရာကလေး မောင်စိန်
လွင်သည် ကာယဗလ ဟောပြောပွဲ
တစ်ခု၌ခြေဟန်လက်ဟန်ဖြင့်စိတ်အား ထက်သန်စွာ ပြောလျက်ရှိလေရာ ၎င်း ၏ စကားအဆုံး၌ အချို့မိန်းမပျိုကလေး
များသည် မောင်စိန်လွင်အား မျက်
စောင်းထိုး၍ ကြည့်ကြ၏။ အချို့လည်း
ရှက်ဟန်ဖြင့်ခေါင်းငုံ့၍နေကြလေသည်။
ရှေ့ဆုံးတန်းမှ မိန်းမပျိုကလေး တစ်
ယောက်ကမူ မောင်စိန်လွင်အား စိတ်
ထဲက များစွာချီးမွမ်းလျက် ရှိလေ၏။ ထို

မိန်းမပျိုမှာ မိန်းမတို့၏ အဆင်းအလှ ဆုံးသောအရွယ်(အသက်၂ဝအောက်)
ကို ကျော်လွန်သေးဟန် လက္ခဏာ မရှိ
သေးချေ။ (၅) နာရီထိုးလတ်သော်
ဟောပြောပွဲပြီးသည်နှင့် မောင်စိန်လွင်
လည်း မိမိနေအိမ်ရှိရာ ပန်းဆိုးတန်းသို့
ပြန်ခဲ့လေ၏။
မောင်စိန်လွင်၏မိဘများမှာ ဇာတိ
မျိုးရိုးအားဖြင့် မင်းမျိုးဖြစ်၍ မောင်စိန်
လွင်အား ယခုခေတ်သစ် အစိုးရအဖွဲ့
တွင် အနည်းဆုံး အောက်တန်း နိုင်ငံ့
ဝန်ထမ်းအဖြစ်သို့ ရောက်အောင် ကြိုး
စားခဲ့၏။ ၎င်း၏ အစ်ကိုမှာ ခရိုင်နယ်
တစ်နယ်တွင်ခန့်ထားခြင်းကိုခံခဲ့ရပေရာ
မောင်စိန်လွင်အား မြို့တွင်မနေဘဲ ၎င်း
နှင့်အတူ လိုက်၍နေရန် ခေါ်သေး၏။
သို့သော်လည်း မောင်စိန်လွင်၏ စိတ်
သဘောမှာ မိမိအပေါ်တွင် အထက်က
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ၊
ဩဇာပေးခြင်းခံရသောအလုပ်မှန်သမျှ
ကို စက်ဆုပ်ကာ မိမိဝါသနာပါသော
စုတ်တံဖြင့်ပန်းချီအလုပ်ကိုပင်ယခင်က
ကဲ့သို့ ဆက်လက်၍ လုပ်တော့မည်ဟု

သန္နိဋ္ဌာန်ချကာ ပန်းဆိုးတန်းတွင် (၃၀) ပေးရသော တိုက်ခန်းတစ်ခန်းကို ငှား ပြီးလျှင် အလုပ်တိုက်ဖွင့်ခဲ့လေသည်။
ဓာတ်ပုံများကို ပုံကြီးချဲ့ခြင်း၊ ပုံတူ
ရေးကူးခြင်း၊ လူပုံကိုကိုယ်တိုင်ကြည့်၍
ရေးဆွဲခြင်းတို့၌ မောင်စိန်လွင်မှာ လူ
အများ ချီးမွမ်းခြင်းကို ခံရသည့်အပြင်
လူကိုယ်တိုင်ကြည့်၍ ပုံတူရေးဆွဲရာ၌
အထူးသဖြင့် ကျွမ်းကျင်ခဲ့လေရာ ဝန်
ကြီးတစ်ဦး၏ပုံကို ၎င်း၏ အလုပ်တိုက်
သို့ လာ၍ (၁ဝ)မိနစ်ခန့်မျှ ကြာပြီးလျှင်
ဆီဆေးဖြင့် ရေးဆွဲပေးသော ပုံတစ်ပုံ
ကို ၎င်းဝန်ကြီးက (၂၅ဝ) ပေး၍ဝယ်ယူ
လိုက်လေသည်။ သို့ဖြစ်ရကားလူကုံထံ
အချို့နှင့်တကွ ခေတ်မီပန်းချီပညာကို
အားပေးလိုသော သူဌေးသူကြွယ်များ
နှင့် တစ်ခါတစ်ရံ ၎င်းတို့၏ သားသမီး များပင်လျှင်မောင်စိန်လွင်၏ ပန်းချီခန်း
သို့လာ၍ အလုပ်အပ်နှံကြလေသည်။ သို့ဖြစ်ရကား မောင်စိန်လွင်၏ အလုပ် မှာ ပျမ်းမျှခြင်းအားဖြင့် အောက်တန်း နိုင်ငံ့ဝန်ထမ်း အရာရှိများထက်ပင် စည် ခဲ့လေ၏။

မောင်စိန်လွင် အလုပ်လုပ်သော အခန်း၏အထက်ထပ်မှာ မြန်မာဓာတ်ပုံ ဆိုင်တစ်ဆိုင်ဖြစ်၍တစ်နေ့သောတနင်္ဂ
နွေနေ့ နေ့လယ်လောက်တွင် ဓာတ်ပုံ
ဆိုင်မှ ဆင်းလာသော မိန်းမပျို နှစ်
ယောက်ကိုဂရုစိုက်၍ကြည့်မိ၏။ ၎င်းတို့
အနက်တစ်ယောက်မှာရုပ်ရည်အားဖြင့်
လည်းကောင်း၊ ကိုယ်လုံး ကိုယ်ပေါက်
အားဖြင့်လည်းကောင်း အတော်ပင်
ကြည့်၍ အချိုးအစားကျရကား ပန်းချီ
ဆရာတို့ မည်သည့်အရာဝတ္ထုမဆို
(အများအားဖြင့် မိန်းမများ)ကို ကြည့်
သောအခါလူသာမန်တို့ထက်ပို၍လေး
နက်သော မြင်ခြင်းဖြင့် မြင်တတ်သည့်
အတိုင်း မိမိ၏ ပန်းချီကားရေးရန် စိတ်
ကူးအတွက် ဤသို့ ဂရုစိုက်၍ ကြည့်မိ
ခြင်း ဖြစ်လေသည်။
အနီးသို့ ရောက်လာသောအခါ မိန်းမပျိုသည်မောင်စိန်လွင်အား ယခင် က တွေ့မြင်ဖူးသော အနေမျိုးဖြင့် တစ် ကြိမ်မျှကြည့်ပြီးနောက် ခေါင်းငုံ့၍ သွား
လေ၏။

သူ့ကို ငါ မြင်ဖူးပါတယ်။ ဘယ်မှာ
ပါလိမ့်။ ဪ- ေဩာ်- သတိရပြီ။ တစ်
နေ့က ဦးဇော်ဝိတ်ရဲ့ ကာယဗလ ဟော
ပြောပွဲမှာပဲ။ ငါကနှုတ်ခမ်းဆေးဆိုးတွေ၊
ကျောက်ဖြူရုပ်လို ပေါင်ဒါရိုက်တာတွေ
မလိုချင်ဘူးဆိုတဲ့အကြောင်းပြောတုန်း
ကရှေ့ဆုံးတန်းကလက်ခုပ်စပြီးတီးတာ
သူပဲ။ ဟုတ်ပြီ – ဟုတ်ပြီ။
မိန်းမပျို၏ မျက်နှာမှာ နှုတ်ဆက် တော့မည်ကဲ့သို့ ရှိနေသဖြင့် မောင်စိန်
လွင်ကပင် စတင်၍ နှုတ်ဆက်လေ၏။
“သော်- ဓာတ်ပုံလာရိုက်ကြတယ်
လား”
“ဟုတ်ကဲ့ – ဟောဒီက ရိုက်ချင်
တယ် ဆိုလွန်းလို့ပါ။ ဒီမှာနေသလား”
“ဟုတ်ကဲ့ – ကျွန်တော့် အလုပ်
တိုက်က ဒီမှာ ဝင်ပါဦးလား။ လာကြပါ-
လာကြပါ။ တိုက်ထဲမှာ ဘယ်သူမျှ မရှိ
ပါဘူး”
၎င်း၏ အဖော်မှာ အနည်းငယ် ရှန့်
တန့်တန့်ရှိနေသဖြင့်“လာပါ – အသန်းရဲ့၊
ညွန့်ပါသားပဲ”ဟုပြောပြောဆိုဆိုနှင့်ပင်

ဆွဲခေါ်လာသဖြင့် မောင်စိန်လွင်၏ အလုပ်ခန်းတွင် ထိုင်ကြလေ၏။ မောင်စိန်လွင်၏ ပန်းချီခန်းမှာ ရေး
ဆွဲထားပြီး ပန်းချီကား အမျိုးမျိုးများ၊
အလှအပ အသုံးအဆောင်များ၊ ရေး
လက်စ ကားများဖြင့် ပြည့်နှက်လျက်
ရှိလေရာ၊ မိန်းမပျို နှစ်ယောက်တို့မှာ
ကြည့်ရှု၍ မဆုံးနိုင်အောင် ရှိနေကြလေ
၏။ မကြာမီမှာပင် မောင်စိန်လွင်၏
တပည့်တစ်ယောက်သည် ငွေလင်ပန်း
တစ်ချပ်ပေါ်တွင် လက်ဖက်ရည်နှင့်
မုန့်များကို ယူလာပြီးလျှင် စားပွဲပေါ်၌
ချထားလေ၏။
“သောက်ကြပါခင်ဗျာ- လက်ဖက်
ရည်အေးကုန်ပြီ။ အသိမိတ်ဆွေဆိုတာ ဒီလိုပေါ့။ ရောက်လာတဲ့အခါ ဝင်ခဲ့ပေါ့။ ဘယ်မှာနေပါသလဲ”
“ညွန့် – သွန်မဆင်လမ်း(ဗိုလ်တစ်
ထောင် ဘုရားလမ်း)မှာ နေပါတယ်။ ဟောဒီက အသန်းက (၅၁) လမ်းက”
မောင်စိန်လွင်မှာ ထိုအခါ၌ အပြာ
ရောင်စပို့ရှပ်လက်တိုနှင့်ရှိလေရာ ညွန့်

သည် လက်ဖက်ရည်ကို တစ်ကျိုက် နှစ်
ကျိုက်သောက်ပြီးနောက်၊မောင်စိန်လွင်
၏ တောင့်တင်းသော လက်မောင်းအိုး
ကြီးများကို ကြည့်လျက် ရှိလေ၏။
ညွန့်မှာ တိုက်ရှေ့၌ ဆွဲထားသော ဆိုင်း
ဘုတ်ကို မြင်ရသည့်အပြင် ယခင် ဟော
ပြောပွဲကပင် ဟောပြောပွဲ အစီအစဉ်၌
ပါသည့် နာမည်ကို မှတ်သားဖူးသဖြင့်
မောင်စိန်လွင်၏နာမည်ကို သိခဲ့၏။
“ကိုစိန်လွင်တရားဟောပွဲမှာပြော
သွားတာက အားလုံးအမှန်တွေချည်း
“မှန်တာတော့ ဟုတ်ပါရဲ့။ တချို့က
တော့စိတ်ဆိုးမလားတော့မပြောတတ်
ဘူး”
“ဆိုးဆိုးရှင်။ ပညာမတတ်တဲ့ ဟာ တွေသာ စိတ်ဆိုးမှာ။ မပူစမ်းပါနဲ့။ ညွန့် ဖြင့် ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ယောက်ျားဆိုရင် ယောက်ျားနဲ့တူမှ၊ မိန်းမဆိုရင် မိန်းမနဲ့တူမှ ကြိုက်တယ်”
“နေပါဦး။ အလုပ်ကကော ဘာ
လုပ်သလဲ”

“ညွန့် – ဇာထိုး၊ ပန်းထိုးအလုပ်လုပ်
ပါတယ်”
“ကောင်းပါတယ် – ခင်ဗျာ။ လွတ်
လပ်ပြီးသူများအောက်မကျရတဲ့အလုပ်
မျိုးပါ”
“နို့ပေမဲ့ – တစ်လ (၅၀)၊ (၆၀)
လောက်ရတဲ့ စာရေးမတွေက မေးငေါ့
ကြသေးတယ်”
“ငေါ့ပါစေဗျ – ကိုယ့် စိတ်ကူးနဲ့ ကိုယ်ပေါ့။ တစ်ခုတော့ သတိထား။
ဘယ်တော့မျှ အညောင်းမခံနဲ့”
“ကျွန်မအိမ်ကို အလည်အပတ် ရောက်တဲ့အခါများကျတော့ သိပါလိမ့်
မယ်”
“အခု သိနေပြီဟာပဲ။ အားတဲ့ နေ့
များကျရင် လာခဲ့ပါ့မယ်”
၎င်းနောက်မိန်းမပျိုနှစ်ယောက်တို့
သည်အတန်ကြာပြီဖြစ်၍မောင်စိန်လွင်
အား နှုတ်ဆက်၍ပြန်ကြလေ၏။
နောက် တစ်လခန့်မျှ ကြာရှိသော
အခါ မောင်စိန်လွင်နှင့် ညွန့်တို့မှာ အတော်ပင် ရင်းနှီးသော မိတ်ဆွေ

အဖြစ်သို့ ရောက်ကြလေ၏။ လူပျိုနှင့်
အပျိုတို့မှာဤမျှလောက်ရင်းနှီး၍လွတ်
လပ်စွာပြောဆိုခွင့်ရကြကာယောက်ျား
ကလေးကစတင်၍တစ်နည်းနည်းအား
ဖြင့်ချစ်ကြိုက်စကားပြောမည်မှန်သော်
လည်း မောင်စိန်လွင်သည် ချစ်ကြိုက်
သည့်အရိပ်နိမိတ်ကိုအနည်းငယ်မျှ မပြ
သဖြင့် ညွန့်ကိုယ်တိုင်ပင် တွေး၍မရနိုင်
အောင်ရှိ၏။ ညွန့်မှာမူကား တစ်နေ့နေ့
တွင်မောင်စိန်လွင်ကစ၍ပြောလိမ့်မည်
ဟုမျှော်လင့်မိ၏။
ညွန့်သည်အပျိုဖြစ်သည်ကိုမောင်
စိန်လွင်သိ၏။ သို့သော်လည်း မောင်
စိန်လွင်၌ သားမယားရှိမရှိကိုညွန့် မသိ၊
မေး၍လည်း မကြည့်ဘူးချေ။ ၎င်း၏
အလုပ်တိုက်သို့ နောက်ထပ်တစ်ကြိမ်
ရောက်ရာ၊ နောက်ဖေးခန်းဘက်သို့ပင်
ဝင်၍ကြည့်မိသော်လည်းမိန်းမနေထိုင်
သော အရိပ်အခြေဟူ၍ မတွေ့ရသဖြင့် မိန်းမလက်ရှိမရှိကြောင်းကိုသာ သိ၏။ သို့သော်-လူပျို ဟုတ် မဟုတ်ကိုကား
တစ်ထစ်ချမသိသေးချေ။

တစ်ယောက်နှင့်တစ်ယောက် သိ
ကျွမ်းခဲ့သည်မှာ (၃)လ ကျော်ကျော်မျှ
ကြာရှိခဲ့ပြီးနောက် အလွန်လသာသော
ညတစ်ည၌ ညွန့်၏ အိမ်ရှေ့ဝရန်တာ
တွင် မောင်စိန်လွင်သည် ညွန့်နှင့်အတူ
စကားစမြည် ပြောဆိုလျက် ရှိလေ၏။
နှစ်ယောက်စလုံးပင် ဝရန်တာလက်ရန်း
ကိုကိုင်၍ မတ်တတ်ရပ်ကာ လမ်းဘက် ကိုမျှော်ကြည့်လျက်ရှိနေကြလေ၏။
တစ်ယောက် မျက်နှာကို တစ်
ယောက်ကြည့်ကာ အတန်ကြာ ဆိတ်
ငြိမ်လျက်ရှိနေပြီးနောက်မောင်စိန်လွင်
သည် လရောင်အောက်၌ ချစ်ချင်စဖွယ်
အထူးပေါ်လွင်လျက်ရှိသော ညွန့်၏
မျက်နှာကလေးကိုလည်းကောင်း၊ ပါး
လှပ်သော အဝတ်အစားများအောက်မှ
အလင်းရောင်အောက်တွင် မှိုင်းညို့မို့
ဖောင်းကာ မထင်တထင် ရှိနေသော
ကိုယ်လုံးကလေးကိုလည်းကောင်း
အတန်ကြာစိုက်၍ ကြည့်နေပြီးလျှင်
တစ်စုံတစ်ခုကို ပြောမည်လုပ်ပြီးမှ
အခြားဘက်သို့ လှည့်သွားလေ၏။

“မှန်တာကိုပြောရမလား၊လိမ်ပြောရမလား”
“ပြောချင်တာ ပြောလေ၊ ပြော
တတ်သလိုပြောတာပေါ့”
“ဘယ်တော့မျှ မုသားမပြောတတ်
“ဒါဖြင့် ရှိတယ်ပေါ့”
“ရှိဖူးပါတယ်။ အခုတော့ မရှိကြ
“ဘာစကားလဲရှင့်”
“သုံးယောက် ရဖူးတယ် ညွန့်ရဲ့
အားလုံးသေကုန်ပြီ”
“ဒါဖြင့် ရှင်က မုဆိုးဖိုကြီးပေါ့။
ကိုစိန်လွင်ရဲ့အသက်ဘယ်လောက်ရှိပြီလဲ”
“၃၉ နှစ်”
“ညွန့်ထက် လေးနှစ်တောင် ကြီး တယ်။ နေပါဦး သုံးယောက်တောင် ဆုံး
ခဲ့တယ်”
“ဟုတ်တယ် ညွန့်ရယ်။ ဒါကြောင့် ကိုစိန်လွင်ဖြင့် နောက်တစ်ယောက် ယူ
ဖို့များတောင် စိတ်ပျက်ပျက်ပဲ”
“ဘာပြုလို့ စိတ်ပျက်ရတာလဲရှင့်”

“စဉ်းစားကြည့်ပါလား- ညွန့်ရယ်။ နောက်တစ်ယောက်ယူရင် မိန်းမ လုပ်
တဲ့လူကစိတ်ကောင်းနိုင်ပါဦးမလား”
“အို- ကိုစိန်လွင်ကလဲမဟုတ်တာ
တွေတွေးနေတာကိုး”
“တွေးတာလည်း မဟုတ်ဘူး။ကျုပ်
စိတ်ထဲမှာကို စွဲနေတယ်။ ပထမ မိန်းမ
အပေါ်မှာတော့အမှန်ပဲဒီကဆိုးခဲ့တယ်။
ဒီတုန်းကအသက်ကလည်း (၁၈)နှစ်ရှိ
သေးတာကိုး။ မူးမူးရူးရူးအရွယ်ဆိုတော့
ထင်သလို လည်ပတ်ပြီး မယားစိတ်
မကောင်းအောင် လုပ်ခဲ့တယ်။ သေ
တော့ အသက်တောင်မမီဘူး” “ဘယ်မှာလဲ – ကိုစိန်လွင်ရဲ့” “ရှမ်းပြည်နယ်၊ သီပေါမှာ။ ကောင် မလေး အမေကြီးကဖြင့် သူ့သမီးသေရ တာကိုစိန်လွင်ကြောင့်ဆိုပြီးဒီကအပေါ် မှာ အတော်စိတ်နာသွားတယ်” “သည်လောက်လည်း စိတ်မစွဲပါ နဲ့ ကိုစိန်လွင်ရယ်။ ယူတိုင်းလည်း သေ ရတော့မှာလားရှင့်”
မောင်စိန်လွင်သည် အတန်ကြာ ဆိတ်ငြိမ်လျက် ရှိနေပြီးနောက် “ဒီမယ်

မပြောဝံ့သလောက်ကို ဖြစ်နေတယ်။ ဒီက ချစ်ရလေလေ သူတို့ကို သနားနေ
လေဖြစ်ပြီးစပဲမစဝံ့ပါဘူးညွန့်ရယ်”
ညွန့်သည် အတန်ကြာ တွေဝေ
စဉ်းစားလျက် ရှိနေ၏။
၎င်းနောက် အချိန်အတော် ညဉ့်
နက်သည်နှင့်အိမ်သို့ပြန်ခဲ့လေ၏။
တစ်ပတ်ခန့်မျှကြာသော် တစ်နေ့
သော နံနက်ခင်း၌ မောင်စိန်လွင်သည်
ပြုံးသော မျက်နှာနှင့် ညွန့်ထံသို့ ရောက် လာလေ၏။
ထိုအချိန်၌ ညွန့်မှာ ပိုးတွန့်လုံချည် ထည်ကို ပန်းထိုး၍ နေရာမှ မောင်စိန် လွင်အားနေရာထိုင်ခင်းပေးပြီးနောက်- “ဘယ့်နှယ်လဲ- ကိုစိန်လွင်ကြီး၊
ဘယ်က မျက်စိလည်လာသလဲ”
“မျက်စိလည်လာတာ မဟုတ်ပါ
ဘူးဗျာ။ ညွန့်ဆီကို တမင်သက်သက်
လာခဲ့တာပါ”
“ဘာများ အကြောင်းထူးလို့လဲ-
ကိုစိန်လွင်ရဲ့”
“အကြောင်းထူးလို့ပေါ့ – ညွန့်ရယ်၊
ညွန့်ကို စကားတစ်ခွန်း ပြောစရာရှိလို့လာတာ”
ညွန့်မှာ မောင်စိန်လွင်သည် ယခု
တစ်ခါများ မိမိအား ချစ်ကြိုက်စကား
ပြောတော့မည်ဟု ဝမ်းမြောက်လျက်ရှိ
ရကား မျက်နှာကို မထားတတ်အောင်
ရှိနေလေ၏။ ထို့နောက် – အတန်ကြာ
“ဘာစကားလဲ- ကိုစိန်လွင်ရဲ့
“ဘာစကားလဲဆိုတာ မပြောခင်
ညွန့်ဆီမှာ ဝန်ခံချက်တစ်ခု တောင်းရ
လိမ့်မယ်”
“ဘယ်လိုဝန်ခံချက်လဲ”
“ပြောရမယ့်စကားကညွန့်စိတ်ဆိုး
မယ့် စကားမို့ ပြောတာပေါ့။ ဒါကြောင့်
ပြောရင်စိတ်မဆိုးရဘူးဆိုတဲ့ဝန်ခံချက်ပေါ့”
ညွန့်မှာယခင်ကထက်ပို၍သံသယ
မကင်းဖြစ်ကာ ခေါင်းငုံ့လျက်ရှိလေ၏။ “မောင်လို၊ နှမလို ခင်မင်နေတဲ့ လူ ချင်းပဲ ကိုစိန်လွင်ရယ်။ ဘယ်လိုစကား မျိုးမို့ ညွန့်က စိတ်ဆိုးရမှာလဲ။ ကိုစိန် လွင်ကတောင်းတယ်ဆိုရင် ညွန့် မငြင်းပါဘူး”
“ဒီလိုချစ်နေတဲ့လူချင်းမို့
အပြောရအခက်သားပဲ။ ဒီစကား ညွန့်ကို ပြောဖို့
ဟာ သုံးရက်စဉ်းစားပြီးပြီ။ နောက်ဆုံး
ညွန့် သဘောတူမှ ပြောတော့မယ်လေ
ဆိုပြီး အခုလာခဲ့တာပဲ”
“ကိုင်း-ပြော-ပြော-ညွန့် – စိတ်
မဆိုးပါဘူး”
“ဗမာ့မျက်စိနဲ့ ကြည့်ရင် ရှက်ဖို့
လည်း ကောင်းတယ်။ အားနာဖို့လည်း ကောင်းတယ်။ စိတ်ဆိုးစရာလည်း
ကောင်းတယ်”
“အို – ကိုစိန်လွင်ကလည်း စိတ်
မဆိုးပါဘူး ဆိုမှပဲ”
“ဒီလို – ညွန့်ရဲ့ မကြာမီက ဆိုက်တဲ့ သင်္ဘောနဲ့ နိပွန်နိုင်ငံက သတင်းစာ ဆရာကြီးတစ်ယောက်ရယ်။ နိပွန်အမျိုး
သမီးမဂ္ဂဇင်းက အယ်ဒီတာချုပ် စာရေး
ဆရာတစ်ယောက်ရယ်၊ အလုပ်တိုက်
ကိုရောက်လာပြီး စာရေးဆရာကြီးက
“ခင်ဗျားတို့ဗမာအမျိုးသမီးကလေးတွေ
ဟာ ချောတယ်လှတယ်လို့ အရှေ့နိုင်ငံ တွေမှာ ကျော်ကြားနေတဲ့အတိုင်း ကျုပ် တွေ့ရသလောက်ဖြင့် မျက်နှာပေါက်
ကလေးတွေကတော့ သနားကမား ရှိပါ ရဲ့။ နို့ပေမဲ့ – လမ်းရှည်ကြီးတစ်လမ်းကို
မနေ့ကလျှောက်ပြီးသွားတဲ့အခါ ရေဘုံ
ဘိုင်တစ်ခုမှာ အရွယ်ကောင်းကောင်း
မိန်းမပျိုကလေး (၆)ယောက် ထဘီ
ရင်ရှားပြီးရေချိုးနေတာတွေ့လို့၊
သူတိုရဲ့
ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ချင်တာ
နဲ့ (၂) မိနစ်လောက် ကျုပ်ရပ်ပြီးကြည့်ခဲ့ တယ်။ တချို့လည်းလက်မောင်းကသိမ် လို့၊ တချို့လည်း မျက်နှာက ချောပါရဲ့။ လက်ပြင်ကကုန်းလို့၊ တချို့လည်းအပေါ် ပိုင်းတော့ လှပါရဲ့၊ အောက်ခြေကရှူးလို့၊
တချို့လည်းအောက်ပိုင်းက အချိုးအစား
ကျပြီးအထက်ကပိန်ကပ်နေလိုက်တာ
မပြောနဲ့တော့။ အဲဒီလိုဟာတွေသာတွေ့
ရတယ်။ ဒီလို ခင်ဗျားတို့ မြန်မာပြည်က
မိန်းကလေးတွေကာယဗလမလိုက်စား
ရင် ဘယ်မှာလာပြီးအရှေ့အာရှတိုက်မှာ
အထူးကြီးပွားရေးဆိုတာတွေ ဘာတွေ
မှာဝင်နိုင်ပါ့မလဲလို့ပြောတာကိုးညွန့်ရဲ့။
ဒီတော့ – ကိုစိန်လွင်က ပြန်ပြီး ခင်ဗျား
ပြောတာလည်း ဟုတ်ပါလိမ့်မယ်။ နို့ ပေမဲ့-ကာယဗလ လိုက်စားပြီး စံနမူနာ

ယူလောက်အောင် အတွင်းချော အပြင် ချောလှတဲ့ မြန်မာမကလေးတွေ အများ
ကြီးရှိပါတယ်။ ကော်ကေးရှပ်တိုင်းသူ
တွေ ဘယ်လောက်ချောချော၊ တကယ်
ချောတဲ့ မြန်မာမကလေးကို မမီဘူးလို့
ဆိုတာ။ ခင်ဗျားကိုယ်တိုင် မြင်ရလိမ့်
မယ်လို့ ပြန်ပြောလိုက်တာကိုး။ သည်
တော့ သူက ကောင်းပါပြီဗျာ။ ဒီလို မိန်း
ကလေးတစ်ယောက် ကျုပ်ကို ပြစမ်းပါ။
လူကိုမပြနိုင်ရင် ဓာတ်ပုံပဲပြပါတော့။
တကယ်လို့ ခင်ဗျား ဓာတ်ပုံကို ကျုပ်
သဘောကျရင် ဆေးရောင်စုံနဲ့ ပုံကြီး
တစ်ပုံလည်း ကျုပ် ယူပါဦးမယ်။ လူကို
ကြည့်ပြီးပုံတူရေးဆွဲတဲ့နေရာမှာခင်ဗျား
နာမည်ကို သတင်းစာတိုက် တစ်တိုက်
က ပြောလိုက်လို့ ကျုပ်တို့ တိုက်ရိုက်
ဝင်ပြီး လာခဲ့တာပဲလို့ ပြောတာကိုး။
ဒီသတင်းစာဆရာကြီးက အင်္ဂလိပ်လို
လည်လည်ဝယ်ဝယ် ပြောတတ်တယ်။
သည်တော့ ကိုစိန်လွင်က ပုံဆွဲခံတဲ့
မိန်းကလေးအတွက်ရယ်၊ ဆေးရောင်စုံ
နဲ့ပုံတူအကြီးရေးဆွဲတဲ့အခရယ် ခင်ဗျား
ဘယ်လောက်ပေးနိုင်မလဲ မေးတော့
သူက (၃ဝဝ)
ပေးပါ့မယ်လို့ပြောတယ်။
ဒီက တောင်းတာက (၅ဝဝ) တောင်း
တယ်။ ဒါနဲ့ နောက်ဆုံး (၄၀၀)နဲ့ အဖိုး
သင့်မြတ်ကြတယ်”
“အခုပြောတာ ဘာဖြစ်သလဲ
ကိုစိန်လွင်ရဲ့
“ဘာမျှတော့ မဖြစ်ပါဘူး။ ကိုစိန်
လွင် အလုပ်လက်ခံလိုက်တာ ညွန့်
အားလုံးထဲကရမယ့်ငွေ (၄၀၀) အနက်
က ညွန့်အတွက် ငွေ (၂၀၀) ရည်ရွယ်
ပြီးထားပါတယ်”
“ငွေရတာတော့ ဟုတ်ပါရဲ့ ကိုစိန်
လွင်ရယ်။ နို့ပေမဲ့ – ရှက်စရာကြီး” “နို့ပေမဲ့ – ဒီလိုရှိတာကိုး ညွန့်ရဲ့။ သူတို့ အနောက်နိုင်ငံများမှာတော့ သည့်ထက်တောင် ဗမာ့မျက်စိနဲ့ ဆိုးဝါး တဲ့ ပုံတူတွေကို ရေးဆွဲကြသေးတာ ကလား။ အခုကိစ္စက ဗမာမတွေဟာ တကယ်ယဉ်၊ တကယ်ချောတဲ့ဟာ ကျရင် သူတို့ အနောက်နိုင်ငံသူရော၊ အရှေ့သူရော မကြောက်ဘူးဆိုတဲ့ အကြောင်း ဂုဏ်ယူဖို့ကိစ္စပါ။ ရိုင်းတယ် လို့ ထင်စရာ မဟုတ်ပါဘူး”

“နေပါဦး- ဘယ်လိုအနေအထိုင် မျိုးနဲ့နေရမှာလဲ”
“စိတ်ကူးထားတာကတော့ ထဘီ
ရင်လျားပြီး ခုံမြင့်တစ်ခုပေါ်မှာ ကိုယ်ကို
ခပ်ညွတ်ညွတ်ထားပြီး၊ ခပ်စောင်းစောင်း
လက်ထောက်နေရင် ကောင်းလိမ့်မယ်
ထင်တယ်။ ဒီက သဘောအတိုင်းပါပဲ”
“ပြီးတော့ – သတင်းစာတွေထဲမှာ
ဓာတ်ပုံတွေ ဘာတွေ ပါနေဦးမှာလား
ကိုစိန်လွင်”
“အို – မပါစေရပါဘူး။ သူတို့ နိပွန်
မဂ္ဂဇင်းအတွက်ပါ။ ဒီနိုင်ငံကို မရောက်ပါဘူး”
ညွန့်မှာ မောင်စိန်လွင်ပြောသည့်
စကားကို မပယ်လိုသည့်အပြင် မိမိ
ကိုယ်တိုင်ကပင် ဗမာမကလေးများ
သည် မျက်နှာလှသလောက်၊ ကိုယ်
လက် ကြံ့ခိုင်တောင့်တင်း၍ အဆစ်
အမြစ် ပြေပြစ်လှပခြင်းမရှိဟု ပြောဆို
သည်ကို မခံနိုင်သဖြင့် နောက်ဆုံး၌
သဘောတူလိုက်လေ၏။
“ကိုစိန်လွင်က ဒီနေပြည်တော်
တစ်ခုလုံးမှာ ညွန့်တစ်ယောက်ပဲကြည့် လို့ မြင်သလား”

“ကိုစိန်လွင် မျက်စိတော့ ဒီတစ်
ယောက်တည်းပဲ မြင်တယ်”
“အဟုတ်ပဲလား – ကိုစိန်လွင်”
“တကယ်ပြောတာပါ- ညွန့်ရယ်”
“ကိုင်း-ဒါဖြင့်၊ ညွန့် သဘောတူ
လိုက်ပါပြီရှင်”
ညွန့်၏ ဓာတ်ပုံကို မြင်ရုံမျှနှင့်ပင်
နိပွန်သတင်းစာ ဆရာကြီးမှာ သဘော ကျပြီး ဖြစ်သည့်အတိုင်း မောင်စိန်လွင် က ပုံတူရေးဆွဲရန် ရက်ချိန်းသောနေ့၌
ညွန့်သည် နံနက်စောစောထ၍ ရေမိုး ချိုးပြီးသော် သနပ်ခါး ရေကျဲကလေးကို
အောက်ခံပြီးနောက်၊ ပေါင်ဒါနှင့်မျက်နှာ
ချေအနည်းငယ်ကိုရောစပ်၍တစ်ကိုယ်
လုံးကို ညီညွတ်ပြေပြစ်အောင် လိမ်းပြီး
လျှင် မောင်စိန်လွင်၏ အလုပ်တိုက်သို့ ရောက်လာခဲ့လေ၏။
မောင်စိန်လွင်က ညွန့်အတွက် မိမိ
၏ အဝတ်အစားခန်းကို ပြုပြင်၍ ထား
ပြီးလျှင် ရေမွှေး၊ ပေါင်ဒါ၊ မျက်နှာချေ၊ ကော့(စ)မတစ်စသည်ဖြင့် အမွှေးအထုံ

တို့ကို လိုလေသေးမရှိအောင် ထားရှိ
လေသည်။ ပုံဆွဲရန် အခန်းကိုလည်း
သီးသန့်ထား၏။ အချိန်တန်သောအခါ
ညွန့်သည်နှင်းဆီပွင့်ကြီးများထိုး၍ထား
သော ပိုးတွန့်လုံချည် ရွှေဖလားရောင်
ကလေးကို ထဘီရင်ရှားကာ ခုံမြင့်အနီး
သို့ လာခဲ့လေ၏။ ပထမ၌ အနည်းငယ်
ရှက်သလို ရှိသော်လည်း မိမိ ပြုလုပ်ရ
မည့် အလုပ်ကို နောက်မတွန့်ဘဲ ပြင်
ဆင်လေ၏။
(နေသားတကျလုပ်ပြီးနောက်)
“ဘယ့်နှယ်လဲ-တော်လောက်ပြီ
မဟုတ်လား”
“ကိုယ်ကို ခပ်နွဲ့နွဲ့ ခပ်ညွတ်ညွတ်
ကလေး၊ အဲ… ဟုတ်ပြီ”
အထက်ဆင် အနက်ကလေးမှာ
ဆွတ်ဆွတ်ဖြူသော ရင်သားအပေါ်ပိုင်း
နှင့်ရွှေဖလားရောင်ထဘီကိုခြား၍ထား
လျက်အလယ်မှအောက်ဆီသို့ခပ်ကား
ကား၊ ခပ်စွင့်စွင့် ကျဆင်းလျက်ရှိသော
အမှောင်တန်းသည် နှင်းပွင့်ကဲ့သို့ ဖြူ ဆွတ်သော အထက်ပိုင်းကို နှစ်ပိုင်း

ပိုင်းကာထင်ရှားသည်ထက်ထင်ရှားစေ
၏။ ညီညွတ်သော ပခုံးနှစ်ဖက်သည်
လည်းကောင်း၊ အချိုးကျသော လက်
မောင်းရင်းနှစ်ဖက်သည် လည်းကောင်း၊
ဆင်၏ နှာမောင်းကဲ့သို့ အရင်းကား၍
အဖျားသို့ အတန်ငယ်ရှူးလာသော
လက်တံများသည်လည်းကောင်း၊ အရိုး
မရှိသကဲ့သို့ ထင်မှတ်ရသော လက်
မောင်းများသည်လည်းကောင်း၊ ကြော့
ရှင်းသောလည်တိုင်နှင့်ပြည့်တင်းသော
မျက်နှာသည် လည်းကောင်း အပြစ်ဆို
စရာရှိသလောက် တင့်တယ်လှပေ၏။
မောင်စိန်လွင်သည် ပထမဦးစွာ ခဲ
ဖြင့် အကြမ်းရေးခြစ်ပြီးနောက် အလင်း
အမှောင်ခန်းများကို စ၍ ဖော်လေ၏။ ဆေးဆရာဝန်တို့မှာလူနာ၏အသားကို
ကိုင်တွယ်စမ်းသပ်ရာတွင် လူနာဟူ
သော အသိအပြင် လိင်နှင့် ပတ်သက် သော အခြားအာရုံ မရှိသကဲ့သို့ ပန်းချီ ဆရာများမှာလည်း မိမိတို့ စံထားသော သူ၏ အပေါ်တွင် အချိုးအစား အနေ အထားမှတစ်ပါး အခြားအာရုံမရှိချေ။

ပထမနေ့အဖို့ ပြီးစီးလတ်သော် ဒုတိယနေ့တွင် ဆက်လက်ရေးဆွဲ ပြန်
လေ၏။ ဤနည်းအတိုင်း ရေးဆွဲခြင်း
အားဖြင့် (၆) ရက်မြောက်သောနေ့တွင်
ပြီးဆုံးလတ်သော် နောက်တစ်နေ့၌မူ
ကား အကောင်းဆုံး လက်ရာဖြစ်စေရန်
“အနု”ကိုင်ရမည့်နေ့သို့ရောက်လေ၏။
ထိုနေ့၌ မောင်စိန်လွင်မှာ ညွန့်၏ အနီးသို့ မကြာမကြာ လာရောက်ကာ

အဝေးမှ ကြည့်ရသည်ကိုအားမရသည့် ဟန်ဖြင့်လာရောက်ကြည့်ရှု၏။
“ပြီးနေပြီဟာပဲ။ တော်ရောပေါ့-
ကိုစိန်လွင်ရဲ့”
“ပြီးတော့ – ပြီးပါပြီ။ နို့ပေမဲ့ – အဝေးကကြည့်ရတာအားမလိုအားမရ
ဖြစ်လွန်းလို့”
“အို- တကတဲ – ကိုစိန်လွင်၊ ရှက်-
ရှက်စရာကြီး”

ထိုနေ့၌ အနုစိတ်တွင် အပြီးသတ် သည်နှင့် တစ်ပြိုင်နက် မောင်စိန်လွင်၏
စိတ်များမှာ ပန်းချီဆရာ၏ စိတ်မဟုတ်
တော့ဘဲသာမန်လူများ၏စိတ်သို့ပြောင်း
လဲ ခဲ့လေ၏။ ညွန့်သည် အင်္ကျီဝတ်ရန်
အခန်းထဲသို့ ဝင်ခါနီး၌ မောင်စိန်လွင်
သည် ညွန့်နောက်သို့ လိုက်လာပြီးလျှင်
ညွန့်၏ လက်ကလေးကို ဆွဲကာ “ညွန့်
ကိုပြောရင် စိတ်ဆိုးမှာလား ညွန့်ရယ်၊
ကိုစိန်လွင်တော့ စိတ်ကို မထိန်းနိုင်
တော့ဘူး။ အရင်က (၆)ရက်လုံးလုံး
ဆွဲခဲ့တာ။ ကိုစိန်လွင်စိတ်မှာ ဘယ်လိုမျှ
မဖြစ်ခဲ့ဘူး။ ဒီကနေ့ကျမှ စိတ်တွေဟာ
ပန်းချီဆရာစိတ် မဟုတ်တော့ဘဲ တစ်
ခါတည်းပြောင်းသွားပြီညွန့်ရဲ့”
စသည်ဖြင့် မိမိသည် ညွန့်သဘော တူညီမည်ဆိုက တစ်သက်လုံး ပေါင်း သင်းခွင့် ပြုပါမည့်အကြောင်း တောင်း
ပန်လေ၏။ ညွန့်သည် သဘောတူသည့်
ဟန်ဖြင့်ငြိမ်သက်လျက်ရှိလေရာမောင်
စိန်လွင်သည် ညွန့်၏ ကိုယ်ကလေးကို
မိမိရင်ခွင်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်လေသည်။
ထိုည၌ မောင်စိန်လွင်သည် ထူး
ဆန်းသော အိပ်မက်တစ်ခုကိုမက်၏။
အိပ်မက်ထဲ၌ ညွန့်သည် ရုပ်ပုံရေး ဆွဲထားသည့်အတိုင်း ပန်းချီဆွဲခန်းထဲ
သို့ ထဘီရင်လျားလျက် ဝင်လာရာ၊ ထို
အခါ၌ကား မောင်စိန်လွင်မှာ စိတ်ကို
မချုပ်တည်းနိုင်တော့ဘဲ ညွန့်အား
တစ်ခါတည်းပွေ့ချီပြီးလျှင် မိမိ၏ ခုတင်
ပေါ်သို့တင်လေ၏။
(ထိုအခါ ညွန့်သည် သဘောတူ သည့် လက္ခဏာမရှိဘဲ မောင်စိန်လွင် လက်ထဲမှ အတင်းရုန်းကန်ပြီးလျှင် လွတ်မြောက်သွားသည်နှင့် တစ်ပြိုင် နက် ထဘီရင်လျားထဲတွင် ဝှက်၍ထား
သောအသွား(၆) လက်မခန့်ရှိ ဆင်စွယ်
ဓားမြှောင်ကလေးကို ထုတ်ပြီးလျှင်
မောင်စိန်လွင်အား တအားစိုက်လိုက် ရာ၊ အကယ်၍သာနောက်သို့ပက်လက် မလှန် လိုက်ခဲ့ပါမူ၊ ရင်ဝတည့်တည့်သို့ စိုက်မိတော့မည်ဖြစ်၏။ ၎င်း၏ မျက်နှာ မှာ ဘီလူးမကဲ့သို့ ရက်စက်သော အမူအရာနှင့် လှပသောမျက်လုံးနှစ်လုံးမှာ
ဒေါသဖြင့်ပြည့်လျှမ်းကာမီးထွက်မတတ်
တောက်ပလျက်ရှိ၏။)
မောင်စိန်လွင်မှာ ထိုအခါ၌ ညွန့် အပေါ်တွင် အချစ်စိတ် လုံးလုံးမရှိတော့
ဘဲ ညွန့်၏ လက်ထဲမှ ဓားမြှောင်ကို အတင်းလုယူပြီးလျှင် ၎င်း၏ ရင်ဝသို့ တအား ပြန်၍စိုက်လိုက်၏။ ဓားမြှောင်
သည် ရင်ဝအလယ်တည့်တည့်၌ အရိုး
သို့စိုက်အောင်နစ်မြုပ်သွားလေ၏။ ပန်း
ထွက်လာသော သွေးများသည် မင်နှိပ်
အဖြူပေါ်တွင် မင်နီသွန်၍ ချလိုက်ဘိ
သကဲ့သို့ ဆွတ်ဆွတ်ဖြူသော ရင်အုံ တစ်ခုလုံးတွင်ပျံ့နှံ့သွားလေ၏။
မောင်စိန်လွင်သည် အိပ်ရာမှ လန့်
၍ နိုးသဖြင့် မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်ရာ မိုးစင်စင်လင်းလျက် ရှိ
နေပြီဖြစ်ကြောင်းတွေ့ရှိသည်နှင့်ကပျာ
ကယာထကာ မျက်နှာသစ်၍ အဝတ်
လဲပြီးလျှင် ကြုံရာဆိုက်ကားတစ်စီးပေါ်
သို့ ခုန်တက်ပြီးနောက် ညွန့်နေသော သော်သွန်မဆင်လမ်း (ဗိုလ်တထောင် ဘုရားလမ်း)သို့ သွားလေ၏။ သို့သော်လည်း မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်
အောင်ဆန်းလမ်း)ဘက်သို့ ကွေ့မည်
အလုပ်တွင် အရှေ့ဘက်မှ ဆိုက်ကား
တစ်စီး ကွေ့လာသည်ကို တွေ့ရသဖြင့်
ဆိုက်ကားပေါ်၌ ညွန့်ကိုမြင်လိုက်ရ
သောအခါ ရပ်လိုက်လေ၏။
“အခု- ညွန့်ဆီကို လာမလို့”
“ကျွန်မလည်း ကိုစိန်လွင်ဆီကို
လာတာပဲ”
“လာပါ – ကိုစိန်လွင် အခန်းရောက်
မှပဲပြောကြတာပေါ့”
ညွန့်သည် မောင်စိန်လွင်၏ ဆိုက် ကားပေါ်သို့ ပြောင်း၍စီးခဲ့ပြီးလျှင် မောင် စိန်လွင့် တိုက်ခန်းသို့ လိုက်ပါလာခဲ့လေ ၏။ ညွန့်မှာ တစ်စုံတစ်ခုကို စိုးရိမ်နေ ဘိသကဲ့သို့ ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်နှာမကောင်း ရှိနေလေ၏။ တိုက် ခန်းသို့ ရောက်ကြသောအခါ မောင်စိန် လွင်လည်း မိမိ၏ ထူးဆန်းသော အိပ်
မက်ကိုပြန်၍ပြောသောအခါညွန့်သည် ရင်ကလေးကိုမ၍ စိတ်အား ထက်သန် စွာ နားထောင်နေပြီးနောက် ထူးဆန်း သောမေးခွန်းများထုတ်လေ၏။ “အမယ်လေး-ညွန့်အိပ်မက်က
လည်း ကြောက်စရာကောင်းလိုက်တာ
မပြောပါနဲ့တော့။ နေပါဦး – ကိုစိန်လွင်
မှာ အနက်နဲ့အဖြူနဲ့ မန်ကျည်းစေ့ကွက်
အဆင် ဖျင်အင်္ကျီတစ်ထည် မရှိဘူး
လား”
(အံ့အားသင့်လျက်) “ရှိတယ် – ရှိ
တယ် – ဘာဖြစ်လို့လဲ”
“ညက အိပ်မက်ထဲမှာ ကိုစိန်လွင်
ရယ် ထူးဆန်းလိုက်တာ။ ကိုစိန်လွင်ရဲ့
ပထမ မယားကြီးရဲ့အမေနဲ့ တွေ့တယ်။
အရပ်မြင့်မြင့်၊ ပိန်ပိန်၊ သွားခေါခေါ” “အမယ်လေး – ဟုတ်လိုက်လေ ကွာ။ သည့်အတိုင်းပါပဲ”
“ဒီမိန်းမကြီးဟာ စုန်းမကြီးဆိုပဲ ကိုစိန်လွင်ရဲ့။ သူ့သမီးဟာ ကိုစိန်လွင် အတွက် သေရတယ်ဆိုပြီး ကိုစိန်လွင် အပေါ်မှာ စိတ်အနာကြီးနာပြီး နောက် ရမယ့် ကိုစိန်လွင့်မိန်းမတွေ သူ့သမီးလို

ပဲ သေအောင် သူ့အတတ်နဲ့ ပြုထားခဲ့
သတဲ့”
“ထူးဆန်းလိုက်လေ – ညွန့်ရယ်”
“အိပ်မက်ထဲမှာ သူက ကျွန်မကို
ကိုင်ပြီး ညည်းတစ်ယောက်ကိုတော့
အမေချစ်တဲ့အတွက် ဒီအိပ်မက်ကိုပေး
တာတဲ့။ ညည်းလေးလည်း စိန်လွင်ရဲ့
အရင်မိန်းမတွေလိုမသေချင်ရင်စိန်လွင်
နဲ့ငါ့သမီးနဲ့ ရခါစက ငါ့သမီးချုပ်ပေးတဲ့
အနက်ကွက်အပေါ်အင်္ကျီနားပတ်ထဲမှာ
ငါထည့်ထားတဲ့ အင်းကို ထုတ်ပစ်လိုက်
တဲ့။ဒီလိုအိပ်မက်ပေးတာလည်း တခြား
ကြောင့် မဟုတ်ဘူး။ ညည်း အဖေနဲ့
ငါနဲ့ ရှမ်းပြည်နယ်မှာနေတုန်းက ချစ်
ချစ်ခင်ခင်နေခဲ့ကြဖူးလို့ညည်းအပေါ်မှာ သနားတဲ့အတွက် ပေးတာတဲ့လို့ ပြော
တယ်။ ပြီးတော့ မြောက်ဘက်ကို လက် ညှိုးထိုးပြပြီး တစ်ခါတည်းပျောက်သွား တာပဲ။ ကျွန်မလည်း အိပ်ရာက လန့်နိုး လို့ ကြည့်လိုက်တော့ မိုးလင်းနေပြီ။ ဒါနဲ့ ကိုစိန်လွင်ကို ပြောချင်လွန်းအားကြီး တာနဲ့ ကပျာကယာပြေးခဲ့တာ၊လမ်းပေါ် မှာကိုစိန်လွင်နဲ့ တွေ့တာပေါ့”

မောင်စိန်လွင်သည် မိမိ၏ ယူနီ ဖောင်းသေတ္တာကို ဖွင့်ပြီးလျှင် အောက်
ဆုံးမှ တိုက်ပုံအင်္ကျီ အနက်ကွက် တစ်
ထည်ကို ဆွဲထုတ်လေ၏။ အင်္ကျီအနား
ပတ်၌လျှောက်၍ သေချာစွာ စမ်းသပ်
ကြည့်ကြရာ၊ မာကျောသော အရာ
ကလေးတစ်ခုကို တွေ့ရသည်နှင့် ညွန့်
သည်ကတ်ကြေးကလေးဖြင့်ကျင်လည်

စွာ ခွဲထုတ်ယူသောအခါထူးဆန်းသော စာများ၊ ဂဏန်းများ၊ အရုပ်များပါသည့် အင်းကလေးတစ်ခုကို တွေ့ရလေ၏။
မောင်စိန်လွင်သည် ဓာတ်ဆီ
တစ်ပုလင်းကို ယူခဲ့ပြီးလျှင် နောက်ဖေး
မီးဖိုသို့သွား၍ အင်းနှင့်တကွ အင်္ကျီကို ပါမီးရှို့ပစ်လိုက်လေသတည်း။