နက္ခတ်မိသောဘီလူးရုပ်(စ/ဆုံး)

Unicode Version

နက္ခတ်မိသောဘီလူးရုပ်(စ/ဆုံး)
————————————-
ဆရာဉာဏ်ပွား မှာ ဆရာတော်ကြီး သင်ပြညွှန်ကြားထားသော သမထ
ကျင့်စဉ်များကို နေ့ညမပြတ် လေ့ကျင့်ပွားများလျက်
ရှိနေလေသည်။ ဆရာတော်ကြီးက စနစ်တကျ ညွှန်ကြား
ပြသရာ၌ သမထကျင့်စဉ်တွင် ကမ္မဋ္ဌာန်းလေးဆယ်
ရှိသည့်အနက် ကြိုက်နှစ်သက်ရာ တစ်မျိုးတည်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်သွားပါက အာရုံနိမိတ်များ ထင်မြင်လာမည် ဖြစ်၏။ ထိုအာရုံနိမိတ်များ ထင်မြင်မှ အားကောင်းလာခြင်းသည် သမထကျင့်စဉ်၏အကြား အမြင်နှင့် ပိုမို နီးစပ်သည်ဟု မှတ်ယူနိုင်သည်။ သို့သော် လူသတ္တဝါတို့တွင် ပျံ့လွင့်နေသောစိတ်သည် နိဝရဏ တရားများနှင့်မွေ့လျှော်နေသောသဘောရှိကြသည်။

နိဝရဏ တရားဆိုသည်မှာ အတားအဆီး အပိတ်အပင် အဖျက် အမှောင့်များပင်ဖြစ်၏။ ဆိုလိုသည်မှာကာမဂုဏ်၌တပ်မက်သောစိတ်၊ပူပန် သောကဖြစ်နေသောစိတ်၊ ငိုက်မြည်းထုံထိုင်းစေသောစိတ်၊ သံသယစိတ် နှင့်မောဟဖြင့်တွေဝေသောမသိစိတ်တို့ပင်ဖြစ်၏။ထိုစိတ်များသည်သမထ ကျင့်သူများအတွက် ကြီးမားသော အတားအဆီး အပိတ်အပင်များပင်ဖြစ် ကြောင်း သမထအားထုတ်သူသည် မိမိစိတ်ကို ပိုင်နိုင်မှသာ နိဝရဏတရား များကိုကျော်လွှားနိုင်မည်ဖြစ်ပြီးအားထုတ်သူသည်အာရုံနိမိတ်များကို(၇) ရက်နှင့် ရချင်ရမည်။ တစ်လအတွင်းလည်း ရချင်ရမည်။ စွဲစွဲမြဲမြဲနှင့် မှန်မှန် ကန်ကန် အားထုတ်နေမှ မြန်မြန်ဆန်ဆန် ထင်မြင်လာတတ်ကြောင်း။
ထိုသို့ စွဲစွဲမြဲမြဲ အားထုတ်ပြီး အာရုံနိမိတ်များ ထင်မြင်လာခြင်းကို ပရိ ကမ္မနိမိတ်ဟုခေါ်သည်။ ကြိမ်ဖန်များစွာပွားများလာပြီး စိတ်၌ ရှင်းလင်းစွာ တိုက်ရိုက် ထင်မြင်လာမှုကို ဥဂ္ဂဟနိမိတ်ဟုခေါ်သည်။ ထင်ထင်ရှားရှား မြင်တွေ့လာရသောအာရုံပင်ဖြစ်၏။ အာရုံပြုမှုကြောင့် တဖြည်းဖြည်း အာရုံ နိမိတ်များ ထင်မြင်လာမှုကို ပဋိဘာဂနိမိတ်ဟုခေါ်သည်။ ထိုကဲ့သို့ သမထ အာရုံများအားကောင်းလာသောအခါထိုအာရုံများဖြင့်ပင်အလိုလိုမွေ့လျော်
လာတတ်သည်။
သို့ဖြစ်ရာ သမထသမားတစ်ဦးသည် ကသိုဏ်းတစ်ခုခုကိုသာ ရှုမှတ် ဆင်ခြင်သည်ဆိုပါက ယင်းကိုပင် ထပ်တလဲလဲ အားထုတ်ဆင်ခြင်ခြင်းဖြင့် သမာဓိစိတ်ကိုပိုမိုထိန်းသိမ်းနိုင်ပေမည်။ထို့ပြင်ဣရိယာပုဒ်တစ်ခုတည်းဖြင့် ငြိမ်သက်စွာအားထုတ်ခြင်းသည်လည်းတဖြည်းဖြည်းနှင့်နာရီပေါင်းများစွာ ထိုင်နိုင်လာသကဲ့သို့ အားထုတ်မှုကိုလည်း မထိခိုက်နိုင်တော့ပေ။ ယင်းသို့ ဖြင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့ပြောင်းလဲတိုးတက်အားကောင်း လာသောအခါ စိတ်၏စွမ်းအင်အကြောင်းကို ပိုမိုသိရှိ နားလည်လာမည် ဖြစ်သည်။
ထိုသို့ စိတ်စွမ်းအင် မြင့်တက်လာသောအခါမျိုးတွင် အထူးသတိပြုရ မည်မှာ နားထဲတွင် အထူးအဆန်းတစ်ခုခု ကြားသိ ခံစားသလို ဖြစ်လာပြီး ထိုအကြားအတိုင်း တကယ်ဖြစ်နေခြင်း၊ မျက်စိတွင် မြင်မိသလိုလို မြင်သိ ခံစားသလိုဖြစ်ပြီး တကယ်မြင်သည့်အတိုင်း ဖြစ်လာရခြင်း မိမိအသိတစ်ဦးအား သတိရသလို ဖြစ်လာပြီး မကြာခင် တို့အသိရောက်လာတတ်ခြင်း၊ တစ်ခါတစ်ရံတွင် သတိမထားမိဘဲ လွှတ်ခနဲ ပြောဆိုသော စကားသည်ပင် လျှင် မကြာမီ ဖြစ်ပျက်လာတတ်သော အဖြစ်အပျက်နှင့် ထပ်တူကြုံတွေ့ လာရခြင်းစသော အကြားအမြင်၊ အသိ၏အရိပ်အယောင်များ ဖြစ်ပေါ်လာ တတ်သလို ဝိဘာဂအိပ်မက်များတို့ မြင်မက်လာခြင်းမှာ အကြားအမြင် အသိ၏ရှေ့ပြေးများ ဖြစ်ကြောင်း သတိပြုကြရပေမည်။
သမထသမားသည် မိမိ၏စိတ်ဓာတ် ပိုမိုအားကောင်း တည်ကြည်လာ သောအခါဥပစာရသမာဓိ အပ္ပနာသမာဓိဟုခေါ်ဆိုသော သမာဓိအဆင့်သို့ သက်ဝင်လာမည် ဖြစ်သည်။ ဥပစာရသမာဓိဆိုသည်မှာ ဈာန်စိတ် ဖြစ်ခါနီး ဆဲဆဲစိတ်ကိုခေါ်၏။ထိုစိတ်ဓာတ်တစ်ခုလုံးသည်မိမိအားထုတ်ရာကသိုဏ်း တရားအစု၌ပိုမိုအားကောင်းလာခြင်းမှာဈာန်စိတ်၏အနီးသို့တဖြည်းဖြည်း နီးကပ်လာခြင်းပင်ဖြစ်ကြောင်းသိလာရမည်ဖြစ်သည်။ဆက်လက်အားထုတ် သောအခါ ဥပစာရသမာဓိခေါ်သောအဆင့်သို့ရောက်ရှိလာမည်ဖြစ်သည်။ ဆယ်ပါးသော ကမ္မဋ္ဌာန်း၌လည်းကောင်း ရှစ်ပါးသောအပ္ပနာဈာန်တို့ ၏ပုပ္ပဘာဂစိတ္တုပ္ပဒ်တို့၌လည်းကောင်းဧကဂ္ဂတာစေတသိက်သည်ဥပစာရ
သမာဓိမည်၏။ (ဝိသုဒ္ဓိမဂ်)
ဆိုလိုသည်မှာဈာန်ကိုမရမီ(သို့မဟုတ်) ဈာန်ရခါနီးအချိန်၌စိတ်သည်
တည်ကြည်နေပြီဖြစ်၏။ထိုသို့စိတ်တည်ကြည်ခြင်းသည်တစ်ခုတည်းသော
အာရုံကိုသာ ယူထားခြင်း ဖြစ်သဖြင့် အခြားစိတ်အာရုံများ မဝင်ရောက် လာနိုင်တော့၍ ဈာန်စိတ်နှင့် အနီးကပ်ဆုံး ဖြစ်နေသောကြောင့် ဥပစာရ သမာဓိဟုခေါ်ဆိုခြင်းဖြစ်သည်။
အာနာပါနဿတိ (သမထ) ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများ၍ ရှုပါဝစရ ဈာန်လေးပါးဟုဆိုအပ်သောဝိတက်၊ ဝိစာရ၊ပီတိ၊ သုခ၊ဧကဂ္ဂတာအင်္ဂါငါးပါး နှင့်တကွဖြစ်သော ပထမဈာန်။ ပီတိ၊ သုခ၊ ဧကဂ္ဂတာ အင်္ဂါသုံးပါးရှိသော ဒုတိယဈာန်။ သုခ၊ဧကဂ္ဂတာအင်္ဂါနှစ်ပါးရှိသောတတိယဈာန်။ဥပေက္ခာ၊ဧက ဂွတာအင်္ဂါနှစ်ပါးရှိသော စတုတ္တဈာန်။ အဆင့်ဆင့်သော ဈာန်တို့အနက် စတုတ္ထဈာန်သို့ ရောက်ရှိပြီး ပုဂ္ဂိုလ်သည် ကိလေသာအားလုံး ကင်းငြိမ်းနေ

ပြီးဖြစ်၏။ ပတ်ဝန်းကျင်မှတိုက်ခတ်လာသောအကုသိုလ်အလိုဆိုးစိတ်များ လုံးဝကင်းစင်နေပြီး ဖြစ်၏။ စိတ်သည် လုံးဝဖြူစင်နေပြီး ဖြစ်၏။ ဗုဒ္ဓက“သတ္တဝါတို့၌မူလစိတ်သည်ဖြူစင်၏။ သို့ရာတွင်ပတ်ဝန်းကျင်မှ ဝင်ရောက်လာသောမြင်၊ ကြားနဲ့ထိ စသောအာဂန္တုကစိတ်ကြောင့် သတ္တဝါ တို့၏စိတ်သည် မည်းညစ်ကြကုန်၏ဟု မိန့်ကြားထားရာ ယခုစတုတ္ထဈာန် ရပုဂ္ဂိုလ်၏စိတ်သည် အလိုဆိုးအာဂန္တုစိတ်များ လုံးဝမဝင်ရောက်နိုင်တော့ သဖြင့် ဖြူစင်သော မူလစိတ်များ ပေါ်လာနေပြီ ဖြစ်ပေသည်။ သို့ဖြစ်ရာ ထိုပုဂ္ဂိုလ်သည် အကြားအမြင်အသိဟူသော ဣဒ္ဓိတန်ခိုး ရရှိနိုင်ရန်သေချာ သလောက် ဖြစ်နေလေတော့သည်။
သို့သော် …. ဤ၌ ပထမဈာန်မှ စတုတ္ထဈာန်အထိ ဈာန်တို့မှာ ကောင်း ကင်သို့ ပျံတက်ခြင်း မဟုတ်သေးဘဲ စိတ်ပိုင်းဆိုင်ရာ ငြိမ်သက်မှုကိုသာ ခေါ်ဝေါ်ခြင်းဖြစ်ကြောင်းဆရာတော်ကြီးကသမထနှင့်အကြားအမြင်တစ်စိတ် တစ်ဒေသအား ညွှန်ပြထားခြင်းဖြစ်ပေသည်။
ဆရာဉာဏ်ပွားမှာဆရာတော်ကြီးသင်ကြားထားသည့်အတိုင်းသမထ နှင့် ပတ်သက်သော အကြားအမြင်အသိ မနောတို့ ရရှိရေးအတွက် ပုတီး စိပ်ခြင်း၊ အာနာပါနကမ္မဌာန်းစီးဖြန်းခြင်းစသည့်အလေ့အကျင့်ကောင်းများ ဖြင့် တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိနေလေသည်။ အမှန်တော့ ဆရာတော်ကြီးကမိဘမရှိ၊ ဆွေမျိုးမရှိတစ်ကောင်ကြွက်ဘဝဖြစ်နေသော
မောင်ဉာဏ်ပွားအပေါ်ထူးချွန်သောသမားကောင်း တစ်ယောက်ဖြစ်စေ လိုသဖြင့် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်သင်ကြားပေးလျက်ရှိနေခြင်း ဖြစ်သည်။ အကြားအမြင်အသိ၊ မနောတို့သာမကဘဲ သိဒ္ဓိမဟိဒ္ဓိတို့ကိုပင် ပြီးမြောက်စေချင်သော စေတနာကကြီးမားလျက်ရှိနေလေသည်။
အဘယ့်ကြောင့်ဆိုသော ဆရာတော်ကြီးကိုယ်တိုင် ငယ်စဉ်ဘဝက အလွန်ဝါသနာကြီးမားခဲ့သော ဆေးဝါးအတတ်ပညာနှင့် သမထ အကြား

အမြင်၊ ဝိဇ္ဇာလိုင်းတို့ပင် ဖြစ်ခဲ့၏။ ငယ်စဉ်ကိုရင်လေးဘဝ ဆယ့်သုံးနှစ်သား အရွယ်ကပင် သမထဘာဝနာပွားရင်း ဆရာတော်ကြီးထံတွင် ဆေးဝါး အတတ်ပညာနှင့် အင်းအိုင်ခါးလဲ့ဂါထာမန္တရား၊ မန္တန်များကို သင်ယူနေခဲ့ သည်။ ထိုမှတစ်ဆင့်ရသေ့လေးဘဝဖြင့်ပုတီးစိပ်ခြင်း၊ အာနာပါန ကမ္မဌာန်း စီးဖြန်းခြင်း ပထဝီကသိုဏ်းများ ရှုမှတ်ခြင်းဖြင့် တောတောင်ထဲတွင် တစ်ဦးတည်း၊ တစ်ပါးတည်း သစ်တစ်ပင်အောက် ဝါးတစ်ရုံရိပ်မှာ တစိုက် မတ်မတ်ကျင့်ပွားအားထုတ်နေခဲ့ရာအကြားအမြင်နှင့်အာရုံနိမိတ်များအထိ ပေါက်မြောက်အောင်မြင်လာခဲ့သည်။ ထိုစဉ်က အသက်ငယ်ငယ်ရွယ်ရွယ် နှင့်ပညာဉာဏ်ရင့်သန်ပြီးရောဂါဝေဒနာမှန်သမျှစုန်းဖမ်းနတ်တိုက်ကအစ မြွေခဲကင်းကိုက်၊ ဖျားနာ၊ နာတာရှည်ရောဂါနှင့် ဝမ်းတွင်းရူးရောဂါများကိုပင် ရေမန်းသောက်တော်ရေတိုက်လိုက်ရုံနှင့် ဝေဒနာရှင်များ သက်သာ ပျောက်ကင်းပြီး အဘရသေ့လေး၊ ဘရသေ့လေးဆိုပြီး ကျော်ကြားလာခဲ့ လေသည်။
ထိုအချိန်ကာလမှာ မြန်မာတို့အင်္ဂလိပ်လက်အောက်သို့ကျရောက်နေ ပြီးဖြစ်သဖြင့် မြန်မာလူမျိုးများထဲမှထွန်းထွန်းပေါက်ပေါက် ကျော်ကြားလာ လျှင် အင်္ဂလိပ်အစိုးရက ခေါ်ယူပြီး မေးလားမြန်းလား စစ်ဆေးမေးမြန်းကာ အနည်းဆုံး ခုနစ်ရက်အချုပ်စခန်း မြန်းကြရသည်။ ထိုကဲ့သို့ ရသေ့လေး အချုပ်ခန်းအတွင်း ရောက်ရှိနေစဉ် ခရိုင်ဝန်တစ်ဦး၏ အငယ်ဆုံးသမီးမှာ ဝေဒနာခံစားနေရကြောင်းအင်္ဂလန်မှအကျော်အမော်ဆေးပညာရှင်များနှင့် ကုသခဲ့သော်လည်း လုံးဝမပျောက်သဖြင့် ရသေ့လေးပျောက်မယ်ထင်ရင် ကုသကြည့်ပါ”ဟုလာရောက်ခေါ်ယူသဖြင့် သွားရောက်ပြီး ဘုရားသောက် တော်ရေနှင့်ရေမန်းများတိုက်၍ ကုသခဲ့ရာ သုံးခွက်သောက်ရုံနှင့် လုံးဝ ပျောက်ကင်းသွားခဲ့သဖြင့် ခရိုင်ဝန်၏သားသမီးသုံးယောက်ဗုဒ္ဓဘာသာဝင် အဖြစ်ခံယူလာခဲ့ကြသည်။ ထိုအချိန်ကစပြီးရသေ့လေးမှာ အင်္ဂလိပ်အစိုးရ လူကြီးပိုင်းအချို့၏လက်စွဲတော်ဆေးဆရာအဖြစ် ဟိုးဟိုးကျော် လူသိများ
လာခဲ့လေသည်။
ထိုအကြောင်းအား ဆရာတော်ကြီး ကြားသိရသောအခါ ရသေ့လေး အား ခေါ်ယူပြီး မြတ်သော ရဟန်းဘောင်သို့ သွတ်သွင်းပေးကာ သမထက

ဈာန်လမ်း၊ ဝိပဿနာကဉာဏ်လမ်း ဖြစ်တယ်။ ဈာန်လမ်းကို လျှောက်ရင် ဗြဟ္မာဘုံကိုပဲ ရောက်မယ်။ ဝိပဿနာဉာဏ်လမ်းကိုလျှောက်မှအမြတ်ဆုံး
နိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်ဆိုသောဆရာတော်ကြီး၏စကားကိုမြေဝယ် မကျ နားထောင်ကာ ရဟန်းဘဝသို့ ရောက်ရှိခဲ့ရသည်။ ရသေ့လေးရဟန်း ဘဝသို့ ရောက်ရှိချိန်မှာ အသက်သုံးဆယ့်ငါးနှစ်သာ ရှိသေးသဖြင့် သူ အလွန်ဝါသနာကြီးခဲ့သောဆေးဝါးပညာနှင့်အကြားအမြင်အင်းအိုင်ခါးလှည့် ဂါထာမန္တရားမန္တန်များဖြင့် ကုသရသော အတတ်ပညာများသည် ဗုဒ္ဓ၏ ထေရဝါဒသာ သာသနာတော်နှင့် လုံးဝမအပ်စပ်ကြောင်း ဆရာတော်ကြီး ၏ဆုံးမမှုဖြင့်စွန့်လွှတ်ခဲ့ရပြီးဆရာတော်ကြီး၏လမ်းညွှန်ပေးခဲ့သော သမထ မှဝိပဿနာသို့ကူးဆက်ကျင့်ပွားအားထုတ်ရန်အရိယာဝိဇ္ဇာ၊ သမထယာနိ ကဝိပဿနာကျင့်စဉ်ဖြင့် ဆက်လက် ကျင့်ပွားအားထုတ်နေခဲ့ရာ ယခုအခါ ဒါယကာဒါယကာမများ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ရန် သမထယာနိကဝိပ
ဿနာတရားရိပ်သာဖွင့်လှစ်ပြီးပြသလျက်ရှိနေလေသည်။
ထိုဘရသေ့လေးဘဝမှ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ကူးပြောင်း ရောက်ရှိခဲ့ရသောဆရာတော်မှာမောင်ဉာဏ်ပွား၏ကျေးဇူးကြီးမားလှသော
အဘဆရာတော်ကြီးအရှင်သူမြတ်ပင် ဖြစ်ပါသည်။ မောင်ဉာဏ်ပွားမှာ ပထဝီကသိုဏ်းအား ရှုပွားပြီးစီးသွားသဖြင့် တစ်ခါက အဘဆရာတော်ကြီး ပြောပြခဲ့သော သူ့ဘဝဖြစ်စဉ်နှင့် ဂုဏ်ကျေးဇူးများကို အထူးသတိရနေခြင်း ဖြစ်လေသည်။
ထိုစဉ်မှာ ကိုရင်လေးတစ်ပါး မောင်ဉာဏ်ပွားနေထိုင်ရာ ဆွမ်းစား ကျောင်းပေါ်သို့ ရောက်ရှိလာပြီး ဆရာလေးကို အဘဘုန်းကြီးခေါ်နေတယ် ဟု လာပြောသဖြင့် ဆွမ်းစားကျောင်းပေါ်မှ ဆင်းကာ ကျောင်းကြီးပေါ်သို့ လိုက်လာခဲ့လေသည်။ အချိန်မှာ နေ့လယ်တစ်ချက်တီးချိန် ဖြစ်သဖြင့် ဆရာတော်ကြီးကျိန်းစက်ရာမှနိုးနေချိန်ဖြစ်သည်။ ဆရာတော်ကြီးရှေ့တွင် ခရီးဝေးမှ လာရောက်နေသူများဟု ထင်ရသော အသက်ငါးဆယ်ကျော် လူကြီးနှစ်ယောက်အား တွေ့လိုက်ရသဖြင့် ဆရာတော်ကြီးအား ဦးချကာ ထိုလူကြီးနှစ်ယောက်အနီးမှာပင် ဝင်ထိုင်လိုက်သည်။
“ကဲ …မောင်ဉာဏ်ပွား – ဒီဒကာကြီးတွေကဘုန်းကြီးမွေးဇာတိမြေဖြစ် တဲ့ဘိုကလေးမြို့နယ်ထဲကပဲ။ သူတို့မှာအတော်လေးအခက်အခဲဖြစ်နေလို့ အဘဘုန်းကို အားကိုးတကြီးနဲ့ လာရောက်လျှောက်ထားကြတာ ဖြစ်တယ်
တပည့်။အဲဒါတပည့်ကြီးလိုက်ပါကူညီပေးလိုက်ပါ။လိုအပ်တဲ့ဆေးဝါးနဲ့အင်း အိုင်ခါးလှည့်အစွမ်းထက်လက်ဖွဲ့များကိုလည်းယူဆောင်သွားပါ။ ခရီးတစ်ခု
ဆိုတာ ကြာမယ်။ မကြာဘူး။ အပြတ်ပြောလို့တော့ မရဘူး။ ဘာပဲဖြစ်ဖြစ် ငါ့တပည့် ကူညီကယ်တင်လိုက်ပါ”
ထိုနေ့ညနေလေးနာရီတွင်လူကြီးနှစ်ယောက်နဲ့အတူရန်ကုန်ဆိပ်ကမ်း ရှိ ဘိုကလေးဘက်ထွက်သော ဆိပ်ကမ်းသို့ ရောက်သွားကြသည်။ အဆင် သင့်တွေ့ရသော ဘိုကလေးမှ စက်လှေတစ်စီးမှာယခုပင်ထွက်ခွာမည်ဖြစ် ကြောင်း သိရသဖြင့် စက်လှေကြီးပေါ်သို့ တက်ရောက် နေရာယူလိုက်ကြ သည်။ စက်လှေမှာ ခရီးသည်တင်မဟုတ်ဘဲ ကုန်တင်စက်လှေ ဖြစ်သဖြင့် ခရီးသည် တစ်ယောက်စ နှစ်ယောက်စသာ ပါရှိပြီး ဆရာလေးဉာဏ်ပွားမှာ သွားရမည့်ခရီးစဉ်အားတစ်ခါမှမရောက်ဘူး၊ ရေလမ်းခရီးကိုပင် သွားဖူးသူ မဟုတ်သဖြင့် အခန်းထဲတွင် ဘုရားရှိခိုးပြီး သမထဘာဝနာပွားများရင်း အာရုံနိမိတ်များ ခံယူနေလိုက်သည်။ ခဏအတွင်းမှာပင် စက်လှေများ ဆိုက်ကပ်ထားသော ဆိပ်ကမ်းတစ်ခုပေါ်လာ၏။ထိုဆိပ်ကမ်းတစ်လျှောက် တိုက်ခံအိမ်၊ပျဉ်ထောင်အိမ်၊ မဒမတိုင်များဖြင့်ဝါးထရံကာအိမ်များ၊ စတိုးဆိုင် ကြီးများ၊ ကုန်စုံဆိုင်ကြီးများ၊ ထမင်းဆိုင်လက်ဖက်ရည်ဆိုင်များ အစီအရီ တွေ့နေရသည်။
တစ်ခုသော နှစ်ထပ်တိုက်အိမ် ကုန်စုံဆိုင်ကြီး၏ ရှေ့မျက်နှာစာအရှေ့ အဖီခေါင်မိုးပေါ်တွင် ဘီလူးကြီးတစ်ကောင်ဆောင့်ကြောင့်ထိုင်နေသည်ကို အံ့ဩဖွယ်ရာ တွေ့ရလေသည်။ ထိုဘီလူးကြီးမှာ ထိုင်နေသည်ဆိုသော် လည်းမကြာခဏအိမ်အတွင်းဘက်သို့ လှည့်ကြည့်ကာ အတွင်းဝင်၊ အပြင် ထွက်လိုက် လုပ်နေသည်။ အိမ်အတွင်းမှ ပြန်ထွက်လာသောအခါ တစ်ခုခု ယူစားလာသည့် ပုံစံမျိုးဖြင့် နှုတ်ခမ်းပါးနား သုတ်ကာ ခပ်တည်တည်ဖြင့်

ပြန်ထိုင်နေပြန်သည်။ ထိုသို့မြင်တွေ့နေရခြင်းကြောင့် ဒီကောင်ကြီးအိမ်ထဲ က ဘာတွေ ခိုးစားနေသနည်း။ ထမင်းဟင်း၊ အသားငါးယူစားလျှင် အကြောင်းမဟုတ်၊လူတစ်ဦးတစ်ယောက်၏အသွေးအသားများကိုကိုက်ဖဲ့ စုတ်ယူစားသောက်နေလျှင်အခက်၊ သို့ကြောင့် အခန်းတံခါးကို ဖွင့်ကာ စက်လှေကုန်းပတ်ဘက်သို့ ထွက်လာခဲ့လေသည်။
စက်လှေကြီးမှာညဉ့်အမှောင်ထုအားမီးမောင်းထိုးကာမြစ်ပြင်ချောင်း ကွေ့များကိုအရှိန်နှင့်ခုတ်မောင်းနေသည်။သူ့အားလာကြိုသူဘိုကလေးသား လူကြီးနှစ်ယောက်မှာကုန်းပတ်ပေါ်ဖျာခင်းပြီးရေနွေးကြမ်းထိုင်သောက်နေ သည်ကို တွေ့ရ၏။ ထိုအခါ ဆရာဉာဏ်ပွားက…
“ဦးလေးတို့နှစ်ယောက်ကို ကျွန်ုပ်မသိတာလေး မေးမြန်းစရာရှိလို့ အခန်းထဲ ခဏလိုက်ခဲ့ကြပါဦး”
ဟု ပြောပြီး ထိုလူကြီးနှစ်ယောက်အား အခန်းထဲသို့ ခေါ်လာခဲ့သည်။ အခန်းထဲတွင် ထိုင်မိကြသောအခါ ဆရာဉာဏ်ပွားက သူ မြင်တွေ့ရသော အာရုံနိမိတ်အကြောင်းအရာထဲကအဖြစ်အပျက်ကိုပြောပြလိုက်၏။ ထိုအခါ ဦးအုန်းဆိုသူက ထိတ်လန့် ကြောက်ရွံ့စွာဖြင့်….
“အဲဒီကုန်စုံဆိုင်နဲ့ တိုက်အိမ်ကြီးက ကျွန်ုပ်အိမ်ပဲ ဆရာ၊ ဒီဆိုင်ကြီး ဖွင့်လာတာ ကြာပါပြီ။ မိဘတွေ လက်ထက်ကစခဲ့ကြတာပဲ။ ပြီးခဲ့တဲ့ နှစ်က အိမ်ဟောင်းကြီးကို ဖျက်ပြီး တိုက်ခံအိမ် အသစ်ပြန်ဆောက်ပါတယ်။ အိမ်သစ်လည်းဆောက်ပြီးမကြာပါဘူး။အိမ်မှာတစ်ယောက်ပြီးတစ်ယောက် နေမကောင်းဖြစ်ကြပါတယ်။ပထမဆုံးကျွန်ုပ်ရဲ့အဖေဆုံးတယ်။ အသက်ကြီး သူဆိုတော့ သိပ်တော့ အလေးမထားမိဘူး။ မကြာဘူး- အမေဆုံးတယ်။ ပြီးခဲ့တဲ့လကကျွန်ုပ်ရဲ့ဇနီးတစ်ခါထပ်ဆုံးပြန်ရော – တစ်နှစ်ထဲမှာသုံးယောက် သေတယ်ဆိုတော့အားလုံးကစဉ်းစားလာရပြီပေါ့ဆရာလေး။ သိပ်မကြာခင် ရက်ပိုင်းလောက်က ကျွန်ုပ်ရဲ့ချွေးမအိပ်ရာထဲ လန့်အော်ရာကစပြီး နေထိုင် မကောင်း ဖြစ်လာတယ်။ အသားကဖြူဖပ်ဖြူရော်နဲ့ သွေးမရှိသလို ဖြစ်နေ တယ်။ ဆေးရုံဆေးခန်းတွေလည်း စုံနေပါပြီ။ ဒါနဲ့ လူပြောသူပြောများတဲ့

ဒီရွာသားဆရာတော်ကြီးနဲ့လျှောက်ထားရင်ဖြစ်မယ်ဆိုပြီးဆရာတော်ကြီးဆီ
လာခဲ့ကြတာပါ”
“ဒါဆိုရင်တော့ ဦးအုံးရဲ့အိမ်မှာ တစ်ခုထူးထူးဆန်းဆန်း ရှိနေပြီဆိုတာ အမှန်ပါပဲ။ ဒါနဲ့အိမ်မှာ ဘီလူးရုပ်တွေဘာတွေအဆောင်သဘောနဲ့ထားတာ ရှိလား”
“မရှိပါဘူး.. အရုပ်ဆိုဘာရုပ်မှ ဆောင်ထားတာမရှိဘူး ဆရာလေး” “ဒါဆို…ဟုတ်ပါပြီဒီကောင်ကြီးကလူတစ်ဦးတစ်ယောက်စီရင်ထားတာ ဖြစ်နိုင်တယ်။ဟုတ်ပြီလေ – ဦးအုံးတို့အိမ်မှာတကယ်လည်းမရှိဘူး။ ဦးအုံးရဲ့ သားသမီးတွေဆီမှာလည်း ဒီဘီလူးရုပ် မရှိဘူးဆိုရင်တော့ ကျွန်ုပ်ပိုင်ရာ ဆိုင်ရာနဲ့ ဘီလူးကိုရော စီရင်ထားတဲ့ လူကိုပါ ချုပ်ထားခိုင်းလိုက်ပါ့မယ်။ ဘာမှ မစိုးရိမ်ပါနဲ့ အေးအေးဆေးဆေး အိပ်ကြပါ။ အခု ဆယ်နာရီလောက် ရှိမယ်။ ထင်တယ်”
“ကျေးဇူး … တင်ပါတယ် ဆရာလေး”
“အင်း … နောက်တစ်ခုက ရွာကိုရောက်တဲ့အခါ ကျွန်ုပ်အတွက် နေရာထိုင်ခင်းကို ဘုန်းကြီးကျောင်းမှာပဲဖြစ်ဖြစ်၊ ဇရပ်တစ်ခုမှာပဲ ဖြစ်ဖြစ် စီစဉ်ပေးပါ”
“ဟုတ်ကဲ့ .. စိတ်ချပါ။ ကျွန်ုပ်တို့အိမ်နဲ့မဝေးတဲ့နေရာမှာ ဘုန်းကြီး ကျောင်းရှိပါတယ် ဆရာ”
ညဉ့်အတော်နက်လာပြီ ဖြစ်သဖြင့် ဦးအုံးတို့နှစ်ယောက် မှာ သူတို့ နေရာသို့ပြန်သွားကြပြီးဖြစ်သဖြင့် ဆရာဉာဏ်ပွားမှာအလုပ်နှင့်ပတ်သက် သောလုပ်စရာများလုပ်ဆောင်ပြီး အိပ်ရာသို့ ဝင်ခဲ့လေသည်။
ဘိုကလေးမြို့နယ်ထဲက ဆိပ်ကမ်းရွာကြီးသို့ ရောက်ရှိကြပြီး ဆရာ ဉာဏ်ပွားမှာ ဘုန်းကြီးကျောင်းပေါ်တွင် ဦးပဉ္ဇင်းတစ်ပါးနှင့်စကားပြော ကျန်ခဲ့သည်။ ဦးအုံးနှင့်အခြားတစ်ယောက်က ရွာထဲသို့ ဝင်သွားပြီး ခဏ အကြာမှာပြန်လည်ရောက်ရှိလာကြသည်။ ဦးအုန်းနှင့်အတူအခြားရွာသား အချို့ပါရောက်ရှိလာရာ ဦးအုံးက..

“ညက ထူးဆန်းတာ ပြောမလို့ ဆရာလေးရယ်။ ညကိုးနာရီကျော်
လောက်က အိမ်ရှေ့အဖီအမိုးပေါ်မှာ တရုန်းရုန်းနဲ့ ဝုန်းဒိုင်းကြဲနေတာပဲတဲ့ ဆရာလေး။ ဒုန်းဒုန်းနဲ့ သွပ်မိုးကို ဖနောင့်နဲ့ပေါက်တဲ့အသံများဆို အိမ်က လူတွေနားကွဲမတတ်ပဲတဲ့ထူးဆန်းအံ့ဩစရာကောင်းလိုက်တာမှအရမ်းပဲ။
အိမ်ကလည်းငလျင်လှုပ်သလိုယိမ်းထိုးနေတယ်တဲ့။ ကြောက်လန့်ပြီးဘေး အိမ်တွေ လှမ်းအော် အကူအညီတောင်းရတာ။ ဘေးအိမ်တွေကလည်း တဒုန်းဒုန်းအသံတွေ ကြားရသတဲ့ ရွာသားတွေရောက်လာပြီး ခေါင်မိုးကို ဓာတ်မီးတွေ ဘာတွေနဲ့ ထိုးကြည့်ကြတယ် ဘာမှ မတွေ့ဘူး။ ဒါပေမဲ့ တဒုန်းဒုန်းအသံကိုတော့ အားလုံး ကြားနေကြတယ်တဲ့။ နောက်ဆုံးတော့ ရွာသားတွေမိုးလင်းအထိစောင့်အိပ်ရင်းဘာဖြစ်လို့ဖြစ်မှန်းမသိတဲ့အတွက် တစ်ရွာလုံးကြောက်ရွံ့နေကြတယ် – ဆရာလေး”
ဦးအုံးက ကုန်ခဲ့သောည ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ အဖြစ်အပျက် အားကိုယ်တိုင်ကြုံတွေ့ရသောရွာသားမျာနှင့်အတူလာရောက်ပြီးရှည်လျား
စွာ ပြောပြသဖြင့် ဆရာလေးဉာဏ်ပွားမှာ အတော်ကြာကြာ စဉ်းစားနေမိ သည်။ ပြီးမှ ..
“ဟုတ်ပြီလေ … ရွာသားများကို ရှင်းပြစရာရှိလို့ ဒီနားမှာ လာစုကြပါဦး လို့ပြောလိုက်ပါဦး”
ဆရာဉာဏ်ပွားစဉ်းစားမိသည်မှာပြဿနာအစကိုရှာရဦးမည်။သေရေး
ရှင်ရေးလောက် အရေးကြီးသောကိစ္စ၊ ယခုကိစ္စ ရွာသားအားလုံးသိအောင် ရှင်းရှင်းလင်းလင်း လက်ဆုပ်လက်ကိုင် ပြသမှ ဖြစ်မည်ဟု စိတ်ကူးရ မိသဖြင့်ရွာသားများအားခေါ်ထားလိုက်ရခြင်းဖြစ်သည်။ယခုကဲ့သို့ဖြစ်လာ ရသော ပြဿနာမှာ ပြုလုပ်သူက တစ်ဖက် လူပျက်စီးစေလိုသော ဆန္ဒဖြင့် ပြုလုပ်ခဲ့လေသည်လား။ သို့မဟုတ်ပါကခြေဆော့လက်ဆော့ဖြင့်လုပ်ထား ခဲ့လေသည်လား။ မည်သူမှ မသိနိုင်၊ လုပ်ထားသူက လုပ်ထားခဲ့သဖြင့် ပျက်စီးသူကပျက်စီးခဲ့ကြပြီ။ သို့သော်အဖြေကိုတော့ရှာဖွေရဦးမည်။ ညက မန္တန်ဖြင့် ချုပ်ထားသော မြေဖုတ်ဘီလူးကြီးနှင့် ပြုလုပ်သူတို့ ရောက်ရှိလာ မှ အဖြေမှန်ကို ရှင်းပြနိုင်မည်ဖြစ်ကြောင်းတွေးနေမိသည်။

ထိုအချိန်တွင် လူကြီးတစ်ယောက်အား စောင်ပုခက်ဖြင့် ထမ်းကာ ရွာ လှေဆိပ်မှတစ်ဆင့် ဘုန်းကြီးကျောင်းသို့ရောက်ရှိလာကြသည်။ ဆရာအား လာရောက် ပြသခြင်းဖြစ်ကြောင်း လူမမာ ထမ်းလာသူများက ပြောပြ၏။ လူမမာဆိုသူမှာလည်းမျက်လုံးများမှိတ်ထားပြီးငြိမ်သက်နေသည်။မေ့မြော
နေခြင်းတော့ ဟုတ်ဟန်မတူ။
ထိုလူမမာ ထမ်းလာသူများအား မေးမြန်းကြည့်ရာ မြစ်တစ်ဖက်ရွာမှ လက်သမားဆရာဦးဘမောင်ဖြစ်ကြောင်း ည (၉)နာရီကျော်လောက်က
အလုပ်မှပြန်လာပြီးအိမ်မှာတရုန်းရုန်းဖြင့်ထခုန်နေပြီးပါးစပ်ကလည်း ငါ့ကို ကြိုးနဲ့ဖမ်းချည်နေကြပြီ။ ကြိုးနဲ့ဖမ်းချည်နေကြပြီ။ ကယ်ကြပါဦး၊ ကယ်ကြပါ ဦး” ဟု ညည်းညူ အော်ဟစ်နေကြောင်း ရွာသားများက “မင်းကို ဘယ်သူ တွေကြိုးနဲ့ဖမ်းချည်နေလို့လည်းငါတို့မမြင်ပါလား”လို့မေးတော့။“အား- သရဲ တွေ-သရဲတွေငါ့ကိုကြိုးနဲ့ဖမ်းချည်သွားကြပြီ။ဟီး-ဟီးနဲ့”တစ်ညလုံးထိုင်
ငိုနေကြောင်း အတူပါလာသူများက ပြောပြကြ၏။ သူ့ဇနီးဆိုသူမှာလည်း တစ်ညလုံးငိုထားသဖြင့်မျက်လုံးများမို့အစ်နေသည်ကိုတွေ့ရသည်။ ဆရာ ဉာဏ်ပွားမှာ သူတို့မိသားစုကိုကြည့်ပြီး အတော်ပင် ကရုဏာသက်သွားမိ
သည်။
“ဦးအုံးရေ …. မြစ်တစ်ဖက်ရွာသားဦးဘမောင်ကို သိမ်ထဲမှာပဲ ခေါ်ထား ကြပါဦး ကျွန်ုပ်နည်းနည်းပါးပါး မေးကြည့်ရအောင်”
ဆရာဉာဏ်ပွား ပြောလိုက်သဖြင့် မြစ်တစ်ဖက်ရွာသားလူမမာဦးဘ မောင်အား သိမ်ထဲသို့ စောင်ပုခက်ဖြင့် ထမ်းကာခေါ်သွားကြသည်။ ဆရာ ဉာဏ်ပွားလည်း ကျောင်းပေါ်မှဆင်းကာ သိမ်ထဲသို့ လိုက်ပါလာခဲ့သည်။ ဆရာဉာဏ်ပွားက လူမမာဆိုသူ ဦးဘမောင်အား သေချာကြည့်နေစဉ် ဦးဘမောင်မျက်လုံးများ ပွင့်လာပြီး သူ့မျက်လုံးအစုံမှာ နီရဲတောက်ပလျက် ဆရာဉာဏ်ပွားအားဝါးစားပစ်တော့မလိုအံကြိတ်ကာတစ်ချက်လှမ်းကြည့်
လိုက်ပြီး –
“ငါလုပ်လိုက်ရ – မင်းတို့တစ်ရွာလုံး ပြာကျသွားမယ် ဘာမှတ်လဲ” ဟု သူ့ဘာသာသူ ပြောသလို စကားသံတစ်ချက်ထွက်ပေါ်လာသည်။ ဆရာဉာဏ်ပွားကတော့ ဘာမှလိုက်၍ မပြောပါ။ လှည့်၍လည်း မကြည့်
သူ့ဆေးလွယ်အိတ်အတွင်းမှ ဆေးကြိမ်လုံးငယ်နှင့် ဂုဏ်တော်ကွန်ချာကြိုး ကို ထုတ်ယူပြီး ဘီလူးဝင်စီးထားသူ ဦးဘမောင် မြင်သာအောင် လွယ်အိတ် ပေါ်တင်ထားလိုက်သည်။ ထိုစဉ်မှာ လူမမာဆိုသူဦးဘမောင်က-
“ငါ ပြောထားပြီနော် -လူ့စည်းဘီလူးစည်းဆိုတာ ရှိတယ်။ ဆရာ ကလည်းဆရာ-ငါကလည်း ဘီလူး၊အလုပ်နှောင့်ယှက်တာတော့မကြိုက်
ဆုံးပဲ။ လုပ်တုန်းကလုပ်ပြီးတော့အခုမှဖမ်းချုပ်ပြီးဒီနေရာမျိုးခေါ်သွင်းတယ် ဆိုတာ”
ဦးဘမောင်စကားမဆုံးခင်မှာပင် ဆရာဉာဏ်ပွားက လက်ကာ၍
တားဆီးလိုက်ပြီး။
“ဟုတ်ပြီလေ- ဘီလူးဆိုတာဆရာနဲ့တွေ့ရင်ဘာဖြစ်သွားမလဲ။ ဆရာက လူ။ ဘီလူးဆိုတာယုတ်ညံ့တဲ့ဘဝထဲကရုပ်ခန္ဓာဖြစ်တယ်။ကဲ- မင်းဘာတွေ ဆက်ပြောချင်သေးလဲ”
ဘီလူးဝင်စီးထားသော ဦးဘမောင်မှာ အံကိုတင်းတင်းကြိတ်ရင်း ဆရာဉာဏ်ပွားဘက်သို့ နီရဲသော မျက်လုံးအစုံဖြင့် ဒေါသမျက်စောင်း တစ်ချက်ထိုးလိုက်ပြီး –
“လွှတ်ပေးစမ်းပါ- ဘီလူးအစွမ်း ဘာမှတ်လည်း သိသွားစေရမယ်” “မင်းလို သင်္ချိုင်းကုန်းမှာတောင် နေစရာ မရှိတဲ့ကောင်က ဘယ်မှာ အစွမ်းသတ္တိဆိုတာ ရှိပါ့မလဲကွာ၊ အခုပဲ အစွမ်းသတ္တိမရှိလို့ ခံနေရပြီလေ။ မဟုတ်ဘူးလား။ ရှိရင်လည်း ရွာသားတွေရှေ့မှာ ပြလိုက်စမ်းပါ။
ဆရာဉာဏ်ပွားမှာ ရယ်ရယ်မောမောဖြင့် ဘာကိုမျှ ဂရုမစိုက်သလို ပြောလိုက်သဖြင့် ဦးဘမောင်ထံ ဝင်စီးထားသော မြေဖုတ်ဘီလူးကြီးမှာ အတော်ပင်ဒေါသထွက်နေသည်ကိုတွေ့လိုက်ရသည်။ ထိုအခါ ဆရာဉာဏ်
ပွားကပင် –
“မင်းမှာ အစွမ်းသတ္တိမရှိလို့ မပြနိုင်ဘူးဆိုရင်လည်း ငါလူသားစစ်စစ် ဆရာဟာ ဘယ်လောက်အစွမ်းသတ္တိရှိတယ်ဆိုတာ ပြလိုက်ရတာပေါ့ကွာ၊ မဟုတ်ဘူးလားဟဲ-ဟဲ”
ဆရာဉာဏ်ပွားမှ ဂရုမစိုက်သလို ရယ်မောကာ ပြောဆိုလိုက်ပြီး ယောင်ထုံးထဲကစီရင်ထားသောမိုးကြိုးသွားလေးကိုဆွဲထုတ်လိုက်သည်။ ဘီလူးဝင်စီးထားသူ ဦးဘမောင်ကလည်း ဆရာဉာဏ်ပွား လှုပ်ရှားမှုကို မျက်တောင်မခတ် စူးစိုက်ကြည့်နေရာမှ လက်ခနဲတစ်ခု မြင်တွေ့လိုက်ရ

သဖြင့် အထိတ်တလန့် ဖြစ်သွားကာ စိုက်ကြည့်နေသော မျက်လုံးများ ပြူးကျယ်သွားရလေသည်။
“ဘီလူးဆိုတဲ့သတ္တဝါကို လူသားတွေက ဆုံးမလာခဲ့တာ နိပါတ်တော် တွေမှာလည်း အာဠာဝကလို နတ်ဘီလူးကြီး ကျွတ်တမ်းဝင်သွားတဲ့အထိ ကယ်မချွတ်ပေးတော်မူခဲ့တယ်။ အခုလည်းကြမ်းတမ်းရက်စက်တဲ့မြေဖုတ် ဘီလူးအယုတ်အားကျွန်ုပ်ချွတ်ပေးကယ်တင်အံ့။ ကျွန်ုပ်သည် ဤပညာရပ် အားစတင်သင်ကြားခဲ့စဉ်ကပင် သက်သတ်လွတ်စားခြင်း၊ ဂုဏ်တော်ကိုးပါး ကို ပုတီးစိပ်ခြင်း၊ သမထဘာဝနာ ပွားများခြင်း၊ ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်းခြင်း၊ ဝေဒနာရှင်များအားကုသကယ်မချွတ်ပေးရသောအခါများ တွင်လည်း တရားတော်နှင့်အညီ ကယ်တင်ဆုံးမပေးခြင်းသာ ရှိပါသည်။ ယခုကြုံတွေ့နေရသောဝေဒနာရှင်များအားကုသကယ်မရာတွင် ဘိုးတော် သကြားမင်းနှင့်တကွ သာသနာစောင့် နတ်မင်းကြီးလေးပါးတို့ပါ ကူညီ ကယ်မစောင့်ရှောက်ပေးကြပါရန် လျှောက်ထားအပ်ပါသည်”
မြေဖုတ်ဘီလူးကိုဘိုးတော်သိကြားမင်းနှင့်တကွသာသနာတော်စောင့် လောကပါလ နတ်မင်းကြီးလေးပါးကပါ စောင့်ရှောက်ဖို့ ရောက်ရှိနေပါပြီ။ အခုအမိန့်အတိုင်းမနာခံပါကသင့်အားပြင်းစွာသောဒဏ်ခတ်ခြင်းနှင့်အတူ အဝီစိငရဲသို့ တစ်ခါတည်း ဆွဲခေါ်ပို့ပေးကြပါလိမ့်မယ်။ ဒါကြောင့် သင် မနေ အပ်သောလူသားတစ်ယောက်၏နေအိမ်သို့ဘာကြောင့်ရောက်ရှိလာတယ် ဆိုတာဆရာ့ကိုအမှန်အတိုင်းပြောရလိမ့်မယ်။ဆရာစကားဟာသင့်အတွက်
အမိန့်အာဏာဟူ၍မှတ်ပါ”
ဆရာဉာဏ်ပွားသည် မိမိယောင်ထုံးထဲမှ မိုးကြိုးသွားကို ထုတ်ယူစဉ် ကပင်ဦးဘမောင်တုန်လှုပ်ချောက်ချားသွားသည်ကိုမြင်တွေ့လိုက်ရသဖြင့် စိတ်ပိုင်းဆိုင်ရာစွမ်းအင်အကြောင်းကိုနားလည်ထားသူဆရာဉာဏ်ပွားက ဒီအကောင်ကြီး ဘယ်လောက်ပင် ကြိမ်းဝါးပါစေ။ မိမိ၏ လွှမ်းမိုးမှုအောက် ရောက်ရှိပြီး မိမိအလိုသို့ လိုက်ပါလာရမည် ဖြစ်ကြောင်း ပို၍ပင် နားလည် ထားပြီး ဖြစ်သည်။ ထိုအခါ ဦးဘမောင်ထံမှ မြေဖုတ်ဘီလူးကြီး၏အသံက တိုးတိုးလေးထွက်ပေါ်လာသည်။
“ငါ့ကို…လွှတ်ပေးပါ”
“ဆရာပြောထားပြီပဲ လူသားတစ်ယောက်ရဲ့နေအိမ်ကို ကျူးကျော် ဝင်ရောက်ပြီး ဘာကြောင့် ဒုက္ခပေးနေရတယ်ဆိုတာပြောပါ။ အခုနဲ့ မေး မရဘူးဆိုရင် ကြမ်းတမ်းစွာ ဒဏ်ခတ်ပြီး မေးမြန်းရလိမ့်မယ်။ မြေဖုတ်
ဘီလူးကြီး
“ဒီကိစ္စ….ငါဘာမှမသိဘူး။ငါသိတာကဒီကိုရောက်လာတာပဲသိတယ်။ “မသိဘူးဆိုရင်ကောင်းပြီလေကြမ်းမှဖြစ်တော့မယ်။ဒါမှမှတ်လောက်
သားလောက်ဖြစ်ကျန်ခဲ့ရမှာပေါ့”
ဆရာဉာဏ်ပွားစကားပြောရင်းလက်ထဲကမိုးကြိုးသွားကိုဦးဘမောင် မျက်နှာရှေ့နားသို့တိုးကပ်ပြလိုက်ပြီး –
“ဒီမှာ … ကြည့်စမ်း မင်းအတွက် အဝီစိသွားရမယ့်လမ်းကြောင်း သေသေချာချာကြည့်ထားတွေ့တယ် မဟုတ်လား”
ဦးဘမောင် အမည်ခံ မြေဖုတ်ဘီလူးကြီးမှာ မျက်နှာနားသို့ တိုးကပ် လာသော မိုးကြိုးသွားကို ကြည့်ရင်းမှပင် မျက်လုံးများ ပြူးကျယ်ထွက် လာကာအလွန်ပင် ထိတ်လန့်တုန်လှုပ်သွားပြီး စိတ်ကို မထိန်းနိုင်တော့ဘဲ သတိလစ်မေ့မျောသွားလေသည်။
ဆရာဉာဏ်ပွားမှာဦးဘမောင်ပြန်လည်သတိရလာသည်အထိအခြေ အနေကို စောင့်ကြည့်နေသည်။ ထိုအခြင်းအရာကို မြင်တွေ့နေကြသော ရွာသားအချို့ကလည်း ဒီဘီလူးကြီးဘီလူးဝင်စီး ခံထားရလို့ သနားပါတယ် ကွာ။ ကရုဏာသက်စွာဖြင့် တီးတိုး ပြောဆိုသံများကို ဆရာဉာဏ်ပွား ကြားလိုက်ရသဖြင့် –
“ဒါလောက်လည်း သနားမနေကြနဲ့ဦး။ သူကိုယ်တိုင်ကလုပ်ထားခဲ့လို့ သူကိုယ်တိုင်အခုလိုခံစားနေရတာပေါ့ဗျာ။သတိရလာတဲ့အခါသူကိုယ်တိုင် ဝန်ခံတာ ရွာသားအားလုံး တွေ့မြင်ကြရပါလိမ့်မယ်”
ဟု အေးဆေး တည်ငြိမ်စွာ ပြောလိုက်သဖြင့် ရွာသားများမှာလည်း ဦးဘမောင် သတိရလာသည့်အထိ အခြေအနေကို စောင့်ကြည့်နေကြလေ သည်။ ခဏကြာသောအခါ ဦးဘမောင် အနည်းငယ် လူးလွန့်လာရာမှ သတိကောင်းစွာ ရရှိလာပြီး သူ့ဘာသာသူ ထထိုင်လိုက်သည်။ သူ့မျက်လုံး များကလည်း ဆရာဉာဏ်ပွားမှာ ဘာစကားမှ မပြောမဆိုဘဲ သူ့ဆေးလွယ်

အိတ်ထဲမှ မန္တန်ဖြင့် စီရင်ထားသော “ဘီလူးဒူးထောက်”ခေါ်ဒူးတစ်ဖက် မြေကြီးတွင်ထောက်ပြီးအခြားဒူးတစ်ဖက်ကဆောင့်ကြောင့်ထိုင်လျက်ဘွဲ့ဖြူ လက်နက်ကိုင်ဆောင်ကာ အစွယ်တငေါငေါထွက်နေသော တစ်လက်မ
အရွယ်ဘီလူးရုပ်ကလေးအားဖျာပေါ်တွင်တင်လိုက်သည်။
ပင် ဦးဘမောင်ဘက်သို့လှည့်ပြီး-
တစ်ခါတည်းမှာ
“အသင်မြေဖုတ်ဘီလူး မင်းက လက်ရှိလူသားထံမှလှည့်ပြီးခွာပြီး မင်း နဲ့အမျိုးတူဖြစ်တဲ့ဒီအရုပ်ထဲမှာ ခဏဝင်နေလိုက်ပါ။ ဒါမှ မင်းနဲ့ကိစ္စက အမှန် တရားပေါ်လာမှာဖြစ်တဲ့အတွက် အမြန်ဆုံးထွက်ခွာပေးလိုက်ပါ” ဆရာဉာဏ်ပွားကဦးဘမောင်အားစေ့စေ့ကြည့်ကာပြောလိုက်သဖြင့် သတိကောင်းစွာရရှိနေပြီဖြစ်သောဦးဘမောင်မှာတစ်ချက်ပြုံးရယ်လိုက်ပြီး ဦးခေါင်းအားရှေ့သို့စိုက်ချလိုက်သည်။ ပြီးမှဟင်း…ခနဲ သက်ပြင်းတစ်ချက် ချလိုက်၏။ထိုကဲ့သို့သက်ပြင်းချပြီးနောက်တွင်မျက်လုံးအားမှိတ်ထားလိုက် လေသည်။ မျက်လုံးများ အကောင်းပကတိ ပြန်ဖွင့်လာသောအခါ ဘေး ဘယ်ညာသို့ လှည့်ကြည့်ရင်း သူ့ကိုယ်သူကြည့်ပြီး အလွန်ပင် အံ့ဩနေမိ သည်။ ထိုအချိန်တွင်ပင် ဆရာဉာဏ်ပွားမှာ မြေဖုတ်ဘီလူး ဝင်ရောက်နေပြီ ဖြစ်သော “ဘီလူးဒူးထောက်” ရုပ်ကလေးအား ခြေမန်းကွင်းဖြင့် စွပ်ထား လိုက်လေသည်။ ပြီးမှ – ဦးဘမောင်အား- “လက်သမားဆရာဦးဘမောင်….ဟုတ်တယ်နော်”
“ဟုတ်ပါတယ်”
“ဒါဆိုရင်လွန်ခဲ့တဲ့နှစ်ကဒီဆိပ်ကမ်းသာမှာအိမ်ဘယ်နှလုံးဆောက်ခဲ့ တယ်ဆိုတာရယ်၊ အိမ်ဆောက်ရင်းနဲ့ အိမ်ရှင်ကို ပျက်စီးစေချင်တဲ့ဆန္ဒနဲ့ ဘာတွေ လုပ်ထားခဲ့တယ်ဆိုတာရယ်နဲ့ ပြန်စဉ်းစားပြီး ဆရာ့ကို ပြောပြပေး
ပါ”
ဆရာဉာဏ်ပွားက တိုက်ရိုက်သိနေသလို အပြောကြောင့် ဦးဘမောင် ခေါင်းငိုက်စိုက်ကျကာ အတော်ကြာကြာ စဉ်းစားနေလိုက်သည်။ ထိုစဉ် ဆရာဉာဏ်ပွားကပင် ဆက်လက်ပြီး –
“ဟိုဘက်မှာ ထိုင်နေတဲ့ ဦးအုံးကို သိတယ်နော်။ ဦးအုံး အိမ်ဆောက် တုန်းက ခင်ဗျား ဘာတွေလုပ်ထားခဲ့တယ်ဆိုတာ မှတ်မိနေဦးမှာပေါ့။

တစ်ရွာလုံးက လူတွေကို လိမ်လို့ ရပေမယ့် ကျွန်ုပ်ကိုတော့ လိမ်ညာလို့ မရတဲ့အတွက် အမှန်အတိုင်းပြောရလိမ့်မယ် ဦးဘမောင်”
ဦးဘမောင် ခေါင်းပြန်ထောင်လာပြီး ညှိုးငယ်နေသော မျက်နှာမှာ သွေးမရှိတော့သလို ဖြူရော်အားငယ်စွာဖြင့် –
“ကျွန်တော် မှားခဲ့ပါတယ်။ ဆရာ – အဲဒီနေ့က အိမ်ရှင်ဖြစ်တဲ့ ဦးအုံးရဲ့ အဖေနဲ့မဖြစ်စလောက် စကားများကြပါတယ်။ အိမ်ကလည်း အားလုံး ပြီးနေပြီဆိုတော့အိမ်ရှေ့အဖီအပေါ်က ဘိလပ်မြေအချောသပ်ပြီးရင်ပြီးပါပြီ။
အဲဒါကြောင့်အချောသပ်တဲ့နေရာမှာကျွန်တော်ကဘီလူးရုပ်ကလေးတစ်ခု ရေးခြစ်ထားခဲ့မိပါတယ်။ ဒါကလည်း အကြီးအကျယ် ပျက်စီးစေလိုတဲ့ ဆန္ဒမရှိခဲ့ပါဘူး။ ဖျားနာနေထိုင်မကောင်းတာလောက်နဲ့ ပြီးသွားမယ် ထင်ခဲ့ တာအမှန်ပါ။ ကျွန်တော်အား ခွင့်လွှတ်ပေးပါဆရာ”
“ဦးဘမောင်အနေနဲ့ အခုလိုအမှန်အတိုင်းဝန်ခံတဲ့အတွက်ကောင်းပါ တယ်။ ဖုံးကွယ်ပြီး လိမ်ညာပြောဆိုနေမယ်ဆိုရင်လည်း ဒီထက်မက ဆိုးဝါး တဲ့အပြစ်ဒဏ်ခံရဦးမှာပါ။ ခင်ဗျားအနေနဲ့ အခုလို စိတ်လိုက်မာန်ပါလုပ်ခဲ့မိ ပြီးအရုပ်ဆွဲထားခဲ့တာဟာ ဘာမှကြီးကြီးကျယ်ကျယ်မဖြစ်ဘူးလို့ထင်ထား ခဲ့ပေမယ့် ဘီလူးရုပ်၊ တစ္ဆေသရဲရုပ်ဆိုတာ သူဖြစ်နေတဲ့ဘဝကိုယ်၌က ကြမ်းကြုတ်တတ်တဲ့ ဝိညာဉ်လောကသား ဖြစ်နေလေတော့ အထူးသဖြင့် ဘီလူးနက္ခတ်၊သူခိုးနက္ခတ်၊နတ်နက္ခတ်ဆိုတာကရှိနေကြတယ်ဦးဘမောင်။ အခုလို အလွန်ကြမ်းကြုတ် ရက်စက်တတ်တဲ့ ဘီလူးရုပ်မျိုးတင် မကဘူး။ သူ့နက္ခတ်နဲ့သူတိုက်ဆိုင်သွားရင် ဘယ်လိုအရုပ်မျိုးမဆို သက်ဝင်လှုပ်ရှား လာတတ်တာအမှန်ပဲ။ အခုလည်းဒီဘီလူးရုပ်ကနေနက္ခတ်မိပြီး အသက်ဝင် လာကာလူတွေကိုဒုက္ခပေးတာ ခင်ဗျားလက်တွေ့ပဲမဟုတ်လား။ ဒါ့ကြောင့် ကြမ်းကြုတ် ရက်စက်တတ်တဲ့ သတ္တဝါရုပ်တွေ ရေးဆွဲရတဲ့အခါမှာ သူ့ရဲ့ ဆိုင်ရာနက္ခတ်နဲ့ လွတ်ကင်းအောင် ရှောင်ရှား ရေးဆွဲရတဲ့အကြောင်းကို လောကီပညာကျမ်းတွေမှာ ဖွင့်ပြထားတာ တွေ့ရှိရပါတယ်။ အခု ခင်ဗျား အနေနဲ့ ဘာမှ မဖြစ်ဘူး အထင်နဲ့ ရေးဆွဲထားခဲ့ပေမယ့် တကယ်ဖြစ်လာလို့ တကယ်လည်း ပျက်စီးဆုံးရှုံးခဲ့ကြရပြီဆိုတော့ ခင်ဗျားရေးဆွဲထားခဲ့တဲ့ ဘီလူးရုပ်ကို ခင်ဗျားကိုယ်တိုင်ပဲ ဖျက်ဆီးပေးပါ”

“အင်း … တစ်ခုတော့ ရှိတယ်။ အခုလို နက္ခတ်မိနေတဲ့ ဘီလူးရုပ်ကို ဖျက်ဆီးတဲ့အခါ အထူး သတိထားရမှာက ဒီဖျက်ချထားတဲ့ အစအန အပဲ့အဖွဲ့လေးတွေကိုတော့ သေသေချာချာ မကျန်အောင် သိမ်းဖို့လိုတယ်။ ဒီအပိုင်းအစလေးတွေကိုအောက်လမ်းဆရာလက်ထဲရောက်မသွားအောင် ရပ်မိရပ်ဖများနှင့်ရွာလူကြီးတွေကလည်းစနစ်တကျနဲ့တစ်စစီဖျောက်ဖျက် ပစ်ကြဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့် ရပ်မိရပ်ဖလူကြီးတွေ စောင့်ကြပ် ဖျက်ဆီးပြီး စနစ်တကျ ဖျောက်ဖျက်ပစ်ကြပါလို့ ကျွန်ုပ်မေတ္တာရပ်ခံ ပါတယ်။
ဆရာဉာဏ်ပွားက အားလုံး ရှင်းလင်းနားလည်အောင် ရှည်လျားစွာ ရှင်းပြလိုက်သဖြင့်အိမ်ရှင်ဦးအုံးအပါအဝင် ရွာလူကြီးများက အစအနတစ်ခု မှ မကျန်အောင် ဖျောက်ဖျက်ပစ်ဖို့ တာဝန်ယူကြောင်း ပြောကြပါသည်။ ပြီးနောက်တွင် လက်သမားဆရာဦးဘမောင်အား ရွာလူကြီးအချို့မှ ဦးအုံး ၏နေအိမ်သို့ ဘီလူးရုပ်အား ဖျက်ဆီးပစ်ရန်ခေါ်ဆောင်သွားကြလေသည်။

ထိုအခါဆရာဉာဏ်ပွားမှာလည်းဆေးဖြင့်စီရင်ထားသောဘီလူးဒူးထောက်
ရုပ်အတွင်းသို့ ခေတ္တသွင်းထားသော မြေဖုတ်ဘီလူးအား သိမ်၏ ဥပစာ အပြင်ဘက်သို့ ခေါ်ထုတ်ယူလာခဲ့ပြီး –
“အသင်မြေဖုတ်ဘီလူး- သင်သည် တိုက်ဆိုင်စွာ ရောက်ရှိလာပြီး အိမ်ရှင်လူသားများအပေါ်အကျိုးမဲ့သော မကောင်းမှုအလုပ်ကို လုပ်ကိုင် ခဲ့သဖြင့်သေကြေပျက်စီးခဲ့ကြရသည်။ အချို့မှာစိတ်သောကရောက်ခဲ့ကြရ သည်။ သို့သော် ဆရာ့အနေဖြင့် သင့်အား ပြင်းစွာသော ဒဏ်ခတ်မှုကို မပြု လိုပါ။ သင့်အနေနှင့် ယခုကဲ့သို့ မကောင်းမှုမျိုးကို တစ်သက်လုံး ရှောင်ရှား ရန်သာ ဆရာပြောလိုသည်။ မကောင်းမှုများကို ရှောင်ရှားသွားမည်ဆိုပါက နောင်တမလွန်ဘဝမှာ ကောင်းမွန်သော သုဂတိဘုံတစ်ခုသို့ ရောက်ရှိမှာ အမှန်ဖြစ်တယ်။ သင့်အနေဖြင့်လည်း ယခုအချိန်ကစပြီး ဤရွာဤမြေ ဤ ဒေသမှ ဝေးရာသို့ သင်ထွက်ခွာသွားပေတော့”
ဆရာဉာဏ်ပွားမှာလူပင်ငယ်သော်လည်းဘာသာတရားအဆုံးအမဖြင့် သဘောထားကြီးမြတ်သူဆေးဆရာတစ်ယောက်ဖြစ်သဖြင့်အသာတကြည် ဖြင့် ဆုံးမစကားပြောဆိုကာ တစ်နှစ်ကျော်မျှ သောင်းကျန်းနေခဲ့သော မြေဖုတ်ဘီလူးအား ပြန်လွှတ်လိုက်လေသည်။
ရွာသားများကလည်း ယခုကဲ့သို့ တစ်နှစ်ကျော် လူသားစားကာ ဒုက္ခ ပေးနေခဲ့သော မြေဖုတ်ဘီလူးအန္တရာယ်အား ဖော်ထုတ်ရှင်းလင်း ပေးနိုင် သဖြင့် ဝမ်းမြောက်ဝမ်းသာကျေးဇူးတင်ကြောင်းအထပ်ထပ်အခါအခါပြော မဆုံးနိုင်အောင် ရှိနေကြလေသည်။ ထို့အတူပင် ဆရာဉာဏ်ပွားကလည်း ဤဆိပ်ကမ်းသာရွာမှာ မိမိ၏ကျေးဇူးရှင်ဆရာတော်ကြီး၏ မွေးဇာတိရွာ ဖြစ်သဖြင့် မိမိအနေဖြင့် ဆရာတော်ကြီးကိုယ်စား ကျေးဇူးဆပ်ခွင့်ရသဖြင့် အထူးပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်းတို့အားပြန်လည်ပြောဆိုကာ ရွာသားများအတွက် ဆရာတော်ကြီးပေးလိုက်သော ပရိတ်ချည်များနှင့် အစွမ်းထက်ထက် လက်ဖွဲ့ကြိုးများကို ရာသက်ပန် အကာအကွယ်အဖြစ် ပေးအပ်ခဲ့လေတော့သည်။
သဗ္ဗေသတ္တာဒုက္ခာမုစ္စန္တု
ကောင်းစံဟိန်း (ဖန်နေဝန်း)

Zawgyi Version

နကၡတ္မိေသာဘီလူး႐ုပ္(စ/ဆုံး)
————————————-
ဆရာဉာဏ္ပြား မွာ ဆရာေတာ္ႀကီး သင္ျပၫႊန္ၾကားထားေသာ သမထ
က်င့္စဥ္မ်ားကို ေန႔ညမျပတ္ ေလ့က်င့္ပြားမ်ားလ်က္
ရွိေနေလသည္။ ဆရာေတာ္ႀကီးက စနစ္တက် ၫႊန္ၾကား
ျပသရာ၌ သမထက်င့္စဥ္တြင္ ကမၼ႒ာန္းေလးဆယ္
ရွိသည့္အနက္ ႀကိဳက္ႏွစ္သက္ရာ တစ္မ်ိဳးတည္းကိုသာ တစိုက္မတ္မတ္ လုပ္ေဆာင္သြားပါက အာ႐ုံနိမိတ္မ်ား ထင္ျမင္လာမည္ ျဖစ္၏။ ထိုအာ႐ုံနိမိတ္မ်ား ထင္ျမင္မွ အားေကာင္းလာျခင္းသည္ သမထက်င့္စဥ္၏အၾကား အျမင္ႏွင့္ ပိုမို နီးစပ္သည္ဟု မွတ္ယူႏိုင္သည္။ သို႔ေသာ္ လူသတၱဝါတို႔တြင္ ပ်ံ႕လြင့္ေနေသာစိတ္သည္ နိဝရဏ တရားမ်ားႏွင့္ေမြ႕ေလွ်ာ္ေနေသာသေဘာရွိၾကသည္။

နိဝရဏ တရားဆိုသည္မွာ အတားအဆီး အပိတ္အပင္ အဖ်က္ အေမွာင့္မ်ားပင္ျဖစ္၏။ ဆိုလိုသည္မွာကာမဂုဏ္၌တပ္မက္ေသာစိတ္၊ပူပန္ ေသာကျဖစ္ေနေသာစိတ္၊ ငိုက္ျမည္းထုံထိုင္းေစေသာစိတ္၊ သံသယစိတ္ ႏွင့္ေမာဟျဖင့္ေတြေဝေသာမသိစိတ္တို႔ပင္ျဖစ္၏။ထိုစိတ္မ်ားသည္သမထ က်င့္သူမ်ားအတြက္ ႀကီးမားေသာ အတားအဆီး အပိတ္အပင္မ်ားပင္ျဖစ္ ေၾကာင္း သမထအားထုတ္သူသည္ မိမိစိတ္ကို ပိုင္ႏိုင္မွသာ နိဝရဏတရား မ်ားကိုေက်ာ္လႊားႏိုင္မည္ျဖစ္ၿပီးအားထုတ္သူသည္အာ႐ုံနိမိတ္မ်ားကို(၇) ရက္ႏွင့္ ရခ်င္ရမည္။ တစ္လအတြင္းလည္း ရခ်င္ရမည္။ စြဲစြဲၿမဲၿမဲႏွင့္ မွန္မွန္ ကန္ကန္ အားထုတ္ေနမွ ျမန္ျမန္ဆန္ဆန္ ထင္ျမင္လာတတ္ေၾကာင္း။
ထိုသို႔ စြဲစြဲၿမဲၿမဲ အားထုတ္ၿပီး အာ႐ုံနိမိတ္မ်ား ထင္ျမင္လာျခင္းကို ပရိ ကမၼနိမိတ္ဟုေခၚသည္။ ႀကိမ္ဖန္မ်ားစြာပြားမ်ားလာၿပီး စိတ္၌ ရွင္းလင္းစြာ တိုက္႐ိုက္ ထင္ျမင္လာမႈကို ဥဂၢဟနိမိတ္ဟုေခၚသည္။ ထင္ထင္ရွားရွား ျမင္ေတြ႕လာရေသာအာ႐ုံပင္ျဖစ္၏။ အာ႐ုံျပဳမႈေၾကာင့္ တျဖည္းျဖည္း အာ႐ုံ နိမိတ္မ်ား ထင္ျမင္လာမႈကို ပဋိဘာဂနိမိတ္ဟုေခၚသည္။ ထိုကဲ့သို႔ သမထ အာ႐ုံမ်ားအားေကာင္းလာေသာအခါထိုအာ႐ုံမ်ားျဖင့္ပင္အလိုလိုေမြ႕ေလ်ာ္
လာတတ္သည္။
သို႔ျဖစ္ရာ သမထသမားတစ္ဦးသည္ ကသိုဏ္းတစ္ခုခုကိုသာ ရႈမွတ္ ဆင္ျခင္သည္ဆိုပါက ယင္းကိုပင္ ထပ္တလဲလဲ အားထုတ္ဆင္ျခင္ျခင္းျဖင့္ သမာဓိစိတ္ကိုပိုမိုထိန္းသိမ္းႏိုင္ေပမည္။ထို႔ျပင္ဣရိယာပုဒ္တစ္ခုတည္းျဖင့္ ၿငိမ္သက္စြာအားထုတ္ျခင္းသည္လည္းတျဖည္းျဖည္းႏွင့္နာရီေပါင္းမ်ားစြာ ထိုင္ႏိုင္လာသကဲ့သို႔ အားထုတ္မႈကိုလည္း မထိခိုက္ႏိုင္ေတာ့ေပ။ ယင္းသို႔ ျဖင့္ စိတ္ပိုင္းဆိုင္ရာႏွင့္ ႐ုပ္ပိုင္းဆိုင္ရာတို႔ေျပာင္းလဲတိုးတက္အားေကာင္း လာေသာအခါ စိတ္၏စြမ္းအင္အေၾကာင္းကို ပိုမိုသိရွိ နားလည္လာမည္ ျဖစ္သည္။
ထိုသို႔ စိတ္စြမ္းအင္ ျမင့္တက္လာေသာအခါမ်ိဳးတြင္ အထူးသတိျပဳရ မည္မွာ နားထဲတြင္ အထူးအဆန္းတစ္ခုခု ၾကားသိ ခံစားသလို ျဖစ္လာၿပီး ထိုအၾကားအတိုင္း တကယ္ျဖစ္ေနျခင္း၊ မ်က္စိတြင္ ျမင္မိသလိုလို ျမင္သိ ခံစားသလိုျဖစ္ၿပီး တကယ္ျမင္သည့္အတိုင္း ျဖစ္လာရျခင္း မိမိအသိတစ္ဦးအား သတိရသလို ျဖစ္လာၿပီး မၾကာခင္ တို႔အသိေရာက္လာတတ္ျခင္း၊ တစ္ခါတစ္ရံတြင္ သတိမထားမိဘဲ လႊတ္ခနဲ ေျပာဆိုေသာ စကားသည္ပင္ လွ်င္ မၾကာမီ ျဖစ္ပ်က္လာတတ္ေသာ အျဖစ္အပ်က္ႏွင့္ ထပ္တူႀကဳံေတြ႕ လာရျခင္းစေသာ အၾကားအျမင္၊ အသိ၏အရိပ္အေယာင္မ်ား ျဖစ္ေပၚလာ တတ္သလို ဝိဘာဂအိပ္မက္မ်ားတို႔ ျမင္မက္လာျခင္းမွာ အၾကားအျမင္ အသိ၏ေရွ႕ေျပးမ်ား ျဖစ္ေၾကာင္း သတိျပဳၾကရေပမည္။
သမထသမားသည္ မိမိ၏စိတ္ဓာတ္ ပိုမိုအားေကာင္း တည္ၾကည္လာ ေသာအခါဥပစာရသမာဓိ အပၸနာသမာဓိဟုေခၚဆိုေသာ သမာဓိအဆင့္သို႔ သက္ဝင္လာမည္ ျဖစ္သည္။ ဥပစာရသမာဓိဆိုသည္မွာ ဈာန္စိတ္ ျဖစ္ခါနီး ဆဲဆဲစိတ္ကိုေခၚ၏။ထိုစိတ္ဓာတ္တစ္ခုလုံးသည္မိမိအားထုတ္ရာကသိုဏ္း တရားအစု၌ပိုမိုအားေကာင္းလာျခင္းမွာဈာန္စိတ္၏အနီးသို႔တျဖည္းျဖည္း နီးကပ္လာျခင္းပင္ျဖစ္ေၾကာင္းသိလာရမည္ျဖစ္သည္။ဆက္လက္အားထုတ္ ေသာအခါ ဥပစာရသမာဓိေခၚေသာအဆင့္သို႔ေရာက္ရွိလာမည္ျဖစ္သည္။ ဆယ္ပါးေသာ ကမၼ႒ာန္း၌လည္းေကာင္း ရွစ္ပါးေသာအပၸနာဈာန္တို႔ ၏ပုပၸဘာဂစိတၱဳပၸဒ္တို႔၌လည္းေကာင္းဧကဂၢတာေစတသိက္သည္ဥပစာရ
သမာဓိမည္၏။ (ဝိသုဒၶိမဂ္)
ဆိုလိုသည္မွာဈာန္ကိုမရမီ(သို႔မဟုတ္) ဈာန္ရခါနီးအခ်ိန္၌စိတ္သည္
တည္ၾကည္ေနၿပီျဖစ္၏။ထိုသို႔စိတ္တည္ၾကည္ျခင္းသည္တစ္ခုတည္းေသာ
အာ႐ုံကိုသာ ယူထားျခင္း ျဖစ္သျဖင့္ အျခားစိတ္အာ႐ုံမ်ား မဝင္ေရာက္ လာႏိုင္ေတာ့၍ ဈာန္စိတ္ႏွင့္ အနီးကပ္ဆုံး ျဖစ္ေနေသာေၾကာင့္ ဥပစာရ သမာဓိဟုေခၚဆိုျခင္းျဖစ္သည္။
အာနာပါနႆတိ (သမထ) ကမၼ႒ာန္းကို စီးျဖန္းပြားမ်ား၍ ရႈပါဝစရ ဈာန္ေလးပါးဟုဆိုအပ္ေသာဝိတက္၊ ဝိစာရ၊ပီတိ၊ သုခ၊ဧကဂၢတာအဂၤါငါးပါး ႏွင့္တကြျဖစ္ေသာ ပထမဈာန္။ ပီတိ၊ သုခ၊ ဧကဂၢတာ အဂၤါသုံးပါးရွိေသာ ဒုတိယဈာန္။ သုခ၊ဧကဂၢတာအဂၤါႏွစ္ပါးရွိေသာတတိယဈာန္။ဥေပကၡာ၊ဧက ဂြတာအဂၤါႏွစ္ပါးရွိေသာ စတုတၱဈာန္။ အဆင့္ဆင့္ေသာ ဈာန္တို႔အနက္ စတုတၳဈာန္သို႔ ေရာက္ရွိၿပီး ပုဂၢိဳလ္သည္ ကိေလသာအားလုံး ကင္းၿငိမ္းေန

ၿပီးျဖစ္၏။ ပတ္ဝန္းက်င္မွတိုက္ခတ္လာေသာအကုသိုလ္အလိုဆိုးစိတ္မ်ား လုံးဝကင္းစင္ေနၿပီး ျဖစ္၏။ စိတ္သည္ လုံးဝျဖဴစင္ေနၿပီး ျဖစ္၏။ ဗုဒၶက“သတၱဝါတို႔၌မူလစိတ္သည္ျဖဴစင္၏။ သို႔ရာတြင္ပတ္ဝန္းက်င္မွ ဝင္ေရာက္လာေသာျမင္၊ ၾကားနဲ႔ထိ စေသာအာဂႏၲဳကစိတ္ေၾကာင့္ သတၱဝါ တို႔၏စိတ္သည္ မည္းညစ္ၾကကုန္၏ဟု မိန႔္ၾကားထားရာ ယခုစတုတၳဈာန္ ရပုဂၢိဳလ္၏စိတ္သည္ အလိုဆိုးအာဂႏၲဳစိတ္မ်ား လုံးဝမဝင္ေရာက္ႏိုင္ေတာ့ သျဖင့္ ျဖဴစင္ေသာ မူလစိတ္မ်ား ေပၚလာေနၿပီ ျဖစ္ေပသည္။ သို႔ျဖစ္ရာ ထိုပုဂၢိဳလ္သည္ အၾကားအျမင္အသိဟူေသာ ဣဒၶိတန္ခိုး ရရွိႏိုင္ရန္ေသခ်ာ သေလာက္ ျဖစ္ေနေလေတာ့သည္။
သို႔ေသာ္ …. ဤ၌ ပထမဈာန္မွ စတုတၳဈာန္အထိ ဈာန္တို႔မွာ ေကာင္း ကင္သို႔ ပ်ံတက္ျခင္း မဟုတ္ေသးဘဲ စိတ္ပိုင္းဆိုင္ရာ ၿငိမ္သက္မႈကိုသာ ေခၚေဝၚျခင္းျဖစ္ေၾကာင္းဆရာေတာ္ႀကီးကသမထႏွင့္အၾကားအျမင္တစ္စိတ္ တစ္ေဒသအား ၫႊန္ျပထားျခင္းျဖစ္ေပသည္။
ဆရာဉာဏ္ပြားမွာဆရာေတာ္ႀကီးသင္ၾကားထားသည့္အတိုင္းသမထ ႏွင့္ ပတ္သက္ေသာ အၾကားအျမင္အသိ မေနာတို႔ ရရွိေရးအတြက္ ပုတီး စိပ္ျခင္း၊ အာနာပါနကမၼဌာန္းစီးျဖန္းျခင္းစသည့္အေလ့အက်င့္ေကာင္းမ်ား ျဖင့္ တစိုက္မတ္မတ္ လုပ္ေဆာင္လ်က္ရွိေနေလသည္။ အမွန္ေတာ့ ဆရာေတာ္ႀကီးကမိဘမရွိ၊ ေဆြမ်ိဳးမရွိတစ္ေကာင္ႂကြက္ဘဝျဖစ္ေနေသာ
ေမာင္ဉာဏ္ပြားအေပၚထူးခြၽန္ေသာသမားေကာင္း တစ္ေယာက္ျဖစ္ေစ လိုသျဖင့္ ကိုယ္တိုင္ကိုယ္က် ၾကပ္မတ္သင္ၾကားေပးလ်က္ရွိေနျခင္း ျဖစ္သည္။ အၾကားအျမင္အသိ၊ မေနာတို႔သာမကဘဲ သိဒၶိမဟိဒၶိတို႔ကိုပင္ ၿပီးေျမာက္ေစခ်င္ေသာ ေစတနာကႀကီးမားလ်က္ရွိေနေလသည္။
အဘယ့္ေၾကာင့္ဆိုေသာ ဆရာေတာ္ႀကီးကိုယ္တိုင္ ငယ္စဥ္ဘဝက အလြန္ဝါသနာႀကီးမားခဲ့ေသာ ေဆးဝါးအတတ္ပညာႏွင့္ သမထ အၾကား

အျမင္၊ ဝိဇၨာလိုင္းတို႔ပင္ ျဖစ္ခဲ့၏။ ငယ္စဥ္ကိုရင္ေလးဘဝ ဆယ့္သုံးႏွစ္သား အ႐ြယ္ကပင္ သမထဘာဝနာပြားရင္း ဆရာေတာ္ႀကီးထံတြင္ ေဆးဝါး အတတ္ပညာႏွင့္ အင္းအိုင္ခါးလဲ့ဂါထာမႏၲရား၊ မႏၲန္မ်ားကို သင္ယူေနခဲ့ သည္။ ထိုမွတစ္ဆင့္ရေသ့ေလးဘဝျဖင့္ပုတီးစိပ္ျခင္း၊ အာနာပါန ကမၼဌာန္း စီးျဖန္းျခင္း ပထဝီကသိုဏ္းမ်ား ရႈမွတ္ျခင္းျဖင့္ ေတာေတာင္ထဲတြင္ တစ္ဦးတည္း၊ တစ္ပါးတည္း သစ္တစ္ပင္ေအာက္ ဝါးတစ္႐ုံရိပ္မွာ တစိုက္ မတ္မတ္က်င့္ပြားအားထုတ္ေနခဲ့ရာအၾကားအျမင္ႏွင့္အာ႐ုံနိမိတ္မ်ားအထိ ေပါက္ေျမာက္ေအာင္ျမင္လာခဲ့သည္။ ထိုစဥ္က အသက္ငယ္ငယ္႐ြယ္႐ြယ္ ႏွင့္ပညာဉာဏ္ရင့္သန္ၿပီးေရာဂါေဝဒနာမွန္သမွ်စုန္းဖမ္းနတ္တိုက္ကအစ ေႁမြခဲကင္းကိုက္၊ ဖ်ားနာ၊ နာတာရွည္ေရာဂါႏွင့္ ဝမ္းတြင္း႐ူးေရာဂါမ်ားကိုပင္ ေရမန္းေသာက္ေတာ္ေရတိုက္လိုက္႐ုံႏွင့္ ေဝဒနာရွင္မ်ား သက္သာ ေပ်ာက္ကင္းၿပီး အဘရေသ့ေလး၊ ဘရေသ့ေလးဆိုၿပီး ေက်ာ္ၾကားလာခဲ့ ေလသည္။
ထိုအခ်ိန္ကာလမွာ ျမန္မာတို႔အဂၤလိပ္လက္ေအာက္သို႔က်ေရာက္ေန ၿပီးျဖစ္သျဖင့္ ျမန္မာလူမ်ိဳးမ်ားထဲမွထြန္းထြန္းေပါက္ေပါက္ ေက်ာ္ၾကားလာ လွ်င္ အဂၤလိပ္အစိုးရက ေခၚယူၿပီး ေမးလားျမန္းလား စစ္ေဆးေမးျမန္းကာ အနည္းဆုံး ခုနစ္ရက္အခ်ဳပ္စခန္း ျမန္းၾကရသည္။ ထိုကဲ့သို႔ ရေသ့ေလး အခ်ဳပ္ခန္းအတြင္း ေရာက္ရွိေနစဥ္ ခ႐ိုင္ဝန္တစ္ဦး၏ အငယ္ဆုံးသမီးမွာ ေဝဒနာခံစားေနရေၾကာင္းအဂၤလန္မွအေက်ာ္အေမာ္ေဆးပညာရွင္မ်ားႏွင့္ ကုသခဲ့ေသာ္လည္း လုံးဝမေပ်ာက္သျဖင့္ ရေသ့ေလးေပ်ာက္မယ္ထင္ရင္ ကုသၾကည့္ပါ”ဟုလာေရာက္ေခၚယူသျဖင့္ သြားေရာက္ၿပီး ဘုရားေသာက္ ေတာ္ေရႏွင့္ေရမန္းမ်ားတိုက္၍ ကုသခဲ့ရာ သုံးခြက္ေသာက္႐ုံႏွင့္ လုံးဝ ေပ်ာက္ကင္းသြားခဲ့သျဖင့္ ခ႐ိုင္ဝန္၏သားသမီးသုံးေယာက္ဗုဒၶဘာသာဝင္ အျဖစ္ခံယူလာခဲ့ၾကသည္။ ထိုအခ်ိန္ကစၿပီးရေသ့ေလးမွာ အဂၤလိပ္အစိုးရ လူႀကီးပိုင္းအခ်ိဳ႕၏လက္စြဲေတာ္ေဆးဆရာအျဖစ္ ဟိုးဟိုးေက်ာ္ လူသိမ်ား
လာခဲ့ေလသည္။
ထိုအေၾကာင္းအား ဆရာေတာ္ႀကီး ၾကားသိရေသာအခါ ရေသ့ေလး အား ေခၚယူၿပီး ျမတ္ေသာ ရဟန္းေဘာင္သို႔ သြတ္သြင္းေပးကာ သမထက

ဈာန္လမ္း၊ ဝိပႆနာကဉာဏ္လမ္း ျဖစ္တယ္။ ဈာန္လမ္းကို ေလွ်ာက္ရင္ ျဗဟၼာဘုံကိုပဲ ေရာက္မယ္။ ဝိပႆနာဉာဏ္လမ္းကိုေလွ်ာက္မွအျမတ္ဆုံး
နိဗၺာန္ကိုမ်က္ေမွာက္ျပဳရမယ္ဆိုေသာဆရာေတာ္ႀကီး၏စကားကိုေျမဝယ္ မက် နားေထာင္ကာ ရဟန္းဘဝသို႔ ေရာက္ရွိခဲ့ရသည္။ ရေသ့ေလးရဟန္း ဘဝသို႔ ေရာက္ရွိခ်ိန္မွာ အသက္သုံးဆယ့္ငါးႏွစ္သာ ရွိေသးသျဖင့္ သူ အလြန္ဝါသနာႀကီးခဲ့ေသာေဆးဝါးပညာႏွင့္အၾကားအျမင္အင္းအိုင္ခါးလွည့္ ဂါထာမႏၲရားမႏၲန္မ်ားျဖင့္ ကုသရေသာ အတတ္ပညာမ်ားသည္ ဗုဒၶ၏ ေထရဝါဒသာ သာသနာေတာ္ႏွင့္ လုံးဝမအပ္စပ္ေၾကာင္း ဆရာေတာ္ႀကီး ၏ဆုံးမမႈျဖင့္စြန႔္လႊတ္ခဲ့ရၿပီးဆရာေတာ္ႀကီး၏လမ္းၫႊန္ေပးခဲ့ေသာ သမထ မွဝိပႆနာသို႔ကူးဆက္က်င့္ပြားအားထုတ္ရန္အရိယာဝိဇၨာ၊ သမထယာနိ ကဝိပႆနာက်င့္စဥ္ျဖင့္ ဆက္လက္ က်င့္ပြားအားထုတ္ေနခဲ့ရာ ယခုအခါ ဒါယကာဒါယကာမမ်ား နိဗၺာန္မ်က္ေမွာက္ျပဳႏိုင္ရန္ သမထယာနိကဝိပ
ႆနာတရားရိပ္သာဖြင့္လွစ္ၿပီးျပသလ်က္ရွိေနေလသည္။
ထိုဘရေသ့ေလးဘဝမွ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္သို႔ ကူးေျပာင္း ေရာက္ရွိခဲ့ရေသာဆရာေတာ္မွာေမာင္ဉာဏ္ပြား၏ေက်းဇူးႀကီးမားလွေသာ
အဘဆရာေတာ္ႀကီးအရွင္သူျမတ္ပင္ ျဖစ္ပါသည္။ ေမာင္ဉာဏ္ပြားမွာ ပထဝီကသိုဏ္းအား ရႈပြားၿပီးစီးသြားသျဖင့္ တစ္ခါက အဘဆရာေတာ္ႀကီး ေျပာျပခဲ့ေသာ သူ႔ဘဝျဖစ္စဥ္ႏွင့္ ဂုဏ္ေက်းဇူးမ်ားကို အထူးသတိရေနျခင္း ျဖစ္ေလသည္။
ထိုစဥ္မွာ ကိုရင္ေလးတစ္ပါး ေမာင္ဉာဏ္ပြားေနထိုင္ရာ ဆြမ္းစား ေက်ာင္းေပၚသို႔ ေရာက္ရွိလာၿပီး ဆရာေလးကို အဘဘုန္းႀကီးေခၚေနတယ္ ဟု လာေျပာသျဖင့္ ဆြမ္းစားေက်ာင္းေပၚမွ ဆင္းကာ ေက်ာင္းႀကီးေပၚသို႔ လိုက္လာခဲ့ေလသည္။ အခ်ိန္မွာ ေန႔လယ္တစ္ခ်က္တီးခ်ိန္ ျဖစ္သျဖင့္ ဆရာေတာ္ႀကီးက်ိန္းစက္ရာမွႏိုးေနခ်ိန္ျဖစ္သည္။ ဆရာေတာ္ႀကီးေရွ႕တြင္ ခရီးေဝးမွ လာေရာက္ေနသူမ်ားဟု ထင္ရေသာ အသက္ငါးဆယ္ေက်ာ္ လူႀကီးႏွစ္ေယာက္အား ေတြ႕လိုက္ရသျဖင့္ ဆရာေတာ္ႀကီးအား ဦးခ်ကာ ထိုလူႀကီးႏွစ္ေယာက္အနီးမွာပင္ ဝင္ထိုင္လိုက္သည္။
“ကဲ …ေမာင္ဉာဏ္ပြား – ဒီဒကာႀကီးေတြကဘုန္းႀကီးေမြးဇာတိေျမျဖစ္ တဲ့ဘိုကေလးၿမိဳ႕နယ္ထဲကပဲ။ သူတို႔မွာအေတာ္ေလးအခက္အခဲျဖစ္ေနလို႔ အဘဘုန္းကို အားကိုးတႀကီးနဲ႔ လာေရာက္ေလွ်ာက္ထားၾကတာ ျဖစ္တယ္
တပည့္။အဲဒါတပည့္ႀကီးလိုက္ပါကူညီေပးလိုက္ပါ။လိုအပ္တဲ့ေဆးဝါးနဲ႔အင္း အိုင္ခါးလွည့္အစြမ္းထက္လက္ဖြဲ႕မ်ားကိုလည္းယူေဆာင္သြားပါ။ ခရီးတစ္ခု
ဆိုတာ ၾကာမယ္။ မၾကာဘူး။ အျပတ္ေျပာလို႔ေတာ့ မရဘူး။ ဘာပဲျဖစ္ျဖစ္ ငါ့တပည့္ ကူညီကယ္တင္လိုက္ပါ”
ထိုေန႔ညေနေလးနာရီတြင္လူႀကီးႏွစ္ေယာက္နဲ႔အတူရန္ကုန္ဆိပ္ကမ္း ရွိ ဘိုကေလးဘက္ထြက္ေသာ ဆိပ္ကမ္းသို႔ ေရာက္သြားၾကသည္။ အဆင္ သင့္ေတြ႕ရေသာ ဘိုကေလးမွ စက္ေလွတစ္စီးမွာယခုပင္ထြက္ခြာမည္ျဖစ္ ေၾကာင္း သိရသျဖင့္ စက္ေလွႀကီးေပၚသို႔ တက္ေရာက္ ေနရာယူလိုက္ၾက သည္။ စက္ေလွမွာ ခရီးသည္တင္မဟုတ္ဘဲ ကုန္တင္စက္ေလွ ျဖစ္သျဖင့္ ခရီးသည္ တစ္ေယာက္စ ႏွစ္ေယာက္စသာ ပါရွိၿပီး ဆရာေလးဉာဏ္ပြားမွာ သြားရမည့္ခရီးစဥ္အားတစ္ခါမွမေရာက္ဘူး၊ ေရလမ္းခရီးကိုပင္ သြားဖူးသူ မဟုတ္သျဖင့္ အခန္းထဲတြင္ ဘုရားရွိခိုးၿပီး သမထဘာဝနာပြားမ်ားရင္း အာ႐ုံနိမိတ္မ်ား ခံယူေနလိုက္သည္။ ခဏအတြင္းမွာပင္ စက္ေလွမ်ား ဆိုက္ကပ္ထားေသာ ဆိပ္ကမ္းတစ္ခုေပၚလာ၏။ထိုဆိပ္ကမ္းတစ္ေလွ်ာက္ တိုက္ခံအိမ္၊ပ်ဥ္ေထာင္အိမ္၊ မဒမတိုင္မ်ားျဖင့္ဝါးထရံကာအိမ္မ်ား၊ စတိုးဆိုင္ ႀကီးမ်ား၊ ကုန္စုံဆိုင္ႀကီးမ်ား၊ ထမင္းဆိုင္လက္ဖက္ရည္ဆိုင္မ်ား အစီအရီ ေတြ႕ေနရသည္။
တစ္ခုေသာ ႏွစ္ထပ္တိုက္အိမ္ ကုန္စုံဆိုင္ႀကီး၏ ေရွ႕မ်က္ႏွာစာအေရွ႕ အဖီေခါင္မိုးေပၚတြင္ ဘီလူးႀကီးတစ္ေကာင္ေဆာင့္ေၾကာင့္ထိုင္ေနသည္ကို အံ့ဩဖြယ္ရာ ေတြ႕ရေလသည္။ ထိုဘီလူးႀကီးမွာ ထိုင္ေနသည္ဆိုေသာ္ လည္းမၾကာခဏအိမ္အတြင္းဘက္သို႔ လွည့္ၾကည့္ကာ အတြင္းဝင္၊ အျပင္ ထြက္လိုက္ လုပ္ေနသည္။ အိမ္အတြင္းမွ ျပန္ထြက္လာေသာအခါ တစ္ခုခု ယူစားလာသည့္ ပုံစံမ်ိဳးျဖင့္ ႏႈတ္ခမ္းပါးနား သုတ္ကာ ခပ္တည္တည္ျဖင့္

ျပန္ထိုင္ေနျပန္သည္။ ထိုသို႔ျမင္ေတြ႕ေနရျခင္းေၾကာင့္ ဒီေကာင္ႀကီးအိမ္ထဲ က ဘာေတြ ခိုးစားေနသနည္း။ ထမင္းဟင္း၊ အသားငါးယူစားလွ်င္ အေၾကာင္းမဟုတ္၊လူတစ္ဦးတစ္ေယာက္၏အေသြးအသားမ်ားကိုကိုက္ဖဲ့ စုတ္ယူစားေသာက္ေနလွ်င္အခက္၊ သို႔ေၾကာင့္ အခန္းတံခါးကို ဖြင့္ကာ စက္ေလွကုန္းပတ္ဘက္သို႔ ထြက္လာခဲ့ေလသည္။
စက္ေလွႀကီးမွာညဥ့္အေမွာင္ထုအားမီးေမာင္းထိုးကာျမစ္ျပင္ေခ်ာင္း ေကြ႕မ်ားကိုအရွိန္ႏွင့္ခုတ္ေမာင္းေနသည္။သူ႔အားလာႀကိဳသူဘိုကေလးသား လူႀကီးႏွစ္ေယာက္မွာကုန္းပတ္ေပၚဖ်ာခင္းၿပီးေရေႏြးၾကမ္းထိုင္ေသာက္ေန သည္ကို ေတြ႕ရ၏။ ထိုအခါ ဆရာဉာဏ္ပြားက…
“ဦးေလးတို႔ႏွစ္ေယာက္ကို ကြၽႏ္ုပ္မသိတာေလး ေမးျမန္းစရာရွိလို႔ အခန္းထဲ ခဏလိုက္ခဲ့ၾကပါဦး”
ဟု ေျပာၿပီး ထိုလူႀကီးႏွစ္ေယာက္အား အခန္းထဲသို႔ ေခၚလာခဲ့သည္။ အခန္းထဲတြင္ ထိုင္မိၾကေသာအခါ ဆရာဉာဏ္ပြားက သူ ျမင္ေတြ႕ရေသာ အာ႐ုံနိမိတ္အေၾကာင္းအရာထဲကအျဖစ္အပ်က္ကိုေျပာျပလိုက္၏။ ထိုအခါ ဦးအုန္းဆိုသူက ထိတ္လန႔္ ေၾကာက္႐ြံ႕စြာျဖင့္….
“အဲဒီကုန္စုံဆိုင္နဲ႔ တိုက္အိမ္ႀကီးက ကြၽႏ္ုပ္အိမ္ပဲ ဆရာ၊ ဒီဆိုင္ႀကီး ဖြင့္လာတာ ၾကာပါၿပီ။ မိဘေတြ လက္ထက္ကစခဲ့ၾကတာပဲ။ ၿပီးခဲ့တဲ့ ႏွစ္က အိမ္ေဟာင္းႀကီးကို ဖ်က္ၿပီး တိုက္ခံအိမ္ အသစ္ျပန္ေဆာက္ပါတယ္။ အိမ္သစ္လည္းေဆာက္ၿပီးမၾကာပါဘူး။အိမ္မွာတစ္ေယာက္ၿပီးတစ္ေယာက္ ေနမေကာင္းျဖစ္ၾကပါတယ္။ပထမဆုံးကြၽႏ္ုပ္ရဲ႕အေဖဆုံးတယ္။ အသက္ႀကီး သူဆိုေတာ့ သိပ္ေတာ့ အေလးမထားမိဘူး။ မၾကာဘူး- အေမဆုံးတယ္။ ၿပီးခဲ့တဲ့လကကြၽႏ္ုပ္ရဲ႕ဇနီးတစ္ခါထပ္ဆုံးျပန္ေရာ – တစ္ႏွစ္ထဲမွာသုံးေယာက္ ေသတယ္ဆိုေတာ့အားလုံးကစဥ္းစားလာရၿပီေပါ့ဆရာေလး။ သိပ္မၾကာခင္ ရက္ပိုင္းေလာက္က ကြၽႏ္ုပ္ရဲ႕ေခြၽးမအိပ္ရာထဲ လန႔္ေအာ္ရာကစၿပီး ေနထိုင္ မေကာင္း ျဖစ္လာတယ္။ အသားကျဖဴဖပ္ျဖဴေရာ္နဲ႔ ေသြးမရွိသလို ျဖစ္ေန တယ္။ ေဆး႐ုံေဆးခန္းေတြလည္း စုံေနပါၿပီ။ ဒါနဲ႔ လူေျပာသူေျပာမ်ားတဲ့

ဒီ႐ြာသားဆရာေတာ္ႀကီးနဲ႔ေလွ်ာက္ထားရင္ျဖစ္မယ္ဆိုၿပီးဆရာေတာ္ႀကီးဆီ
လာခဲ့ၾကတာပါ”
“ဒါဆိုရင္ေတာ့ ဦးအုံးရဲ႕အိမ္မွာ တစ္ခုထူးထူးဆန္းဆန္း ရွိေနၿပီဆိုတာ အမွန္ပါပဲ။ ဒါနဲ႔အိမ္မွာ ဘီလူး႐ုပ္ေတြဘာေတြအေဆာင္သေဘာနဲ႔ထားတာ ရွိလား”
“မရွိပါဘူး.. အ႐ုပ္ဆိုဘာ႐ုပ္မွ ေဆာင္ထားတာမရွိဘူး ဆရာေလး” “ဒါဆို…ဟုတ္ပါၿပီဒီေကာင္ႀကီးကလူတစ္ဦးတစ္ေယာက္စီရင္ထားတာ ျဖစ္ႏိုင္တယ္။ဟုတ္ၿပီေလ – ဦးအုံးတို႔အိမ္မွာတကယ္လည္းမရွိဘူး။ ဦးအုံးရဲ႕ သားသမီးေတြဆီမွာလည္း ဒီဘီလူး႐ုပ္ မရွိဘူးဆိုရင္ေတာ့ ကြၽႏ္ုပ္ပိုင္ရာ ဆိုင္ရာနဲ႔ ဘီလူးကိုေရာ စီရင္ထားတဲ့ လူကိုပါ ခ်ဳပ္ထားခိုင္းလိုက္ပါ့မယ္။ ဘာမွ မစိုးရိမ္ပါနဲ႔ ေအးေအးေဆးေဆး အိပ္ၾကပါ။ အခု ဆယ္နာရီေလာက္ ရွိမယ္။ ထင္တယ္”
“ေက်းဇူး … တင္ပါတယ္ ဆရာေလး”
“အင္း … ေနာက္တစ္ခုက ႐ြာကိုေရာက္တဲ့အခါ ကြၽႏ္ုပ္အတြက္ ေနရာထိုင္ခင္းကို ဘုန္းႀကီးေက်ာင္းမွာပဲျဖစ္ျဖစ္၊ ဇရပ္တစ္ခုမွာပဲ ျဖစ္ျဖစ္ စီစဥ္ေပးပါ”
“ဟုတ္ကဲ့ .. စိတ္ခ်ပါ။ ကြၽႏ္ုပ္တို႔အိမ္နဲ႔မေဝးတဲ့ေနရာမွာ ဘုန္းႀကီး ေက်ာင္းရွိပါတယ္ ဆရာ”
ညဥ့္အေတာ္နက္လာၿပီ ျဖစ္သျဖင့္ ဦးအုံးတို႔ႏွစ္ေယာက္ မွာ သူတို႔ ေနရာသို႔ျပန္သြားၾကၿပီးျဖစ္သျဖင့္ ဆရာဉာဏ္ပြားမွာအလုပ္ႏွင့္ပတ္သက္ ေသာလုပ္စရာမ်ားလုပ္ေဆာင္ၿပီး အိပ္ရာသို႔ ဝင္ခဲ့ေလသည္။
ဘိုကေလးၿမိဳ႕နယ္ထဲက ဆိပ္ကမ္း႐ြာႀကီးသို႔ ေရာက္ရွိၾကၿပီး ဆရာ ဉာဏ္ပြားမွာ ဘုန္းႀကီးေက်ာင္းေပၚတြင္ ဦးပၪၨင္းတစ္ပါးႏွင့္စကားေျပာ က်န္ခဲ့သည္။ ဦးအုံးႏွင့္အျခားတစ္ေယာက္က ႐ြာထဲသို႔ ဝင္သြားၿပီး ခဏ အၾကာမွာျပန္လည္ေရာက္ရွိလာၾကသည္။ ဦးအုန္းႏွင့္အတူအျခား႐ြာသား အခ်ိဳ႕ပါေရာက္ရွိလာရာ ဦးအုံးက..

“ညက ထူးဆန္းတာ ေျပာမလို႔ ဆရာေလးရယ္။ ညကိုးနာရီေက်ာ္
ေလာက္က အိမ္ေရွ႕အဖီအမိုးေပၚမွာ တ႐ုန္း႐ုန္းနဲ႔ ဝုန္းဒိုင္းႀကဲေနတာပဲတဲ့ ဆရာေလး။ ဒုန္းဒုန္းနဲ႔ သြပ္မိုးကို ဖေနာင့္နဲ႔ေပါက္တဲ့အသံမ်ားဆို အိမ္က လူေတြနားကြဲမတတ္ပဲတဲ့ထူးဆန္းအံ့ဩစရာေကာင္းလိုက္တာမွအရမ္းပဲ။
အိမ္ကလည္းငလ်င္လႈပ္သလိုယိမ္းထိုးေနတယ္တဲ့။ ေၾကာက္လန႔္ၿပီးေဘး အိမ္ေတြ လွမ္းေအာ္ အကူအညီေတာင္းရတာ။ ေဘးအိမ္ေတြကလည္း တဒုန္းဒုန္းအသံေတြ ၾကားရသတဲ့ ႐ြာသားေတြေရာက္လာၿပီး ေခါင္မိုးကို ဓာတ္မီးေတြ ဘာေတြနဲ႔ ထိုးၾကည့္ၾကတယ္ ဘာမွ မေတြ႕ဘူး။ ဒါေပမဲ့ တဒုန္းဒုန္းအသံကိုေတာ့ အားလုံး ၾကားေနၾကတယ္တဲ့။ ေနာက္ဆုံးေတာ့ ႐ြာသားေတြမိုးလင္းအထိေစာင့္အိပ္ရင္းဘာျဖစ္လို႔ျဖစ္မွန္းမသိတဲ့အတြက္ တစ္႐ြာလုံးေၾကာက္႐ြံ႕ေနၾကတယ္ – ဆရာေလး”
ဦးအုံးက ကုန္ခဲ့ေသာည ေၾကာက္႐ြံ႕ထိတ္လန႔္ဖြယ္ရာ အျဖစ္အပ်က္ အားကိုယ္တိုင္ႀကဳံေတြ႕ရေသာ႐ြာသားမ်ာႏွင့္အတူလာေရာက္ၿပီးရွည္လ်ား
စြာ ေျပာျပသျဖင့္ ဆရာေလးဉာဏ္ပြားမွာ အေတာ္ၾကာၾကာ စဥ္းစားေနမိ သည္။ ၿပီးမွ ..
“ဟုတ္ၿပီေလ … ႐ြာသားမ်ားကို ရွင္းျပစရာရွိလို႔ ဒီနားမွာ လာစုၾကပါဦး လို႔ေျပာလိုက္ပါဦး”
ဆရာဉာဏ္ပြားစဥ္းစားမိသည္မွာျပႆနာအစကိုရွာရဦးမည္။ေသေရး
ရွင္ေရးေလာက္ အေရးႀကီးေသာကိစၥ၊ ယခုကိစၥ ႐ြာသားအားလုံးသိေအာင္ ရွင္းရွင္းလင္းလင္း လက္ဆုပ္လက္ကိုင္ ျပသမွ ျဖစ္မည္ဟု စိတ္ကူးရ မိသျဖင့္႐ြာသားမ်ားအားေခၚထားလိုက္ရျခင္းျဖစ္သည္။ယခုကဲ့သို႔ျဖစ္လာ ရေသာ ျပႆနာမွာ ျပဳလုပ္သူက တစ္ဖက္ လူပ်က္စီးေစလိုေသာ ဆႏၵျဖင့္ ျပဳလုပ္ခဲ့ေလသည္လား။ သို႔မဟုတ္ပါကေျခေဆာ့လက္ေဆာ့ျဖင့္လုပ္ထား ခဲ့ေလသည္လား။ မည္သူမွ မသိႏိုင္၊ လုပ္ထားသူက လုပ္ထားခဲ့သျဖင့္ ပ်က္စီးသူကပ်က္စီးခဲ့ၾကၿပီ။ သို႔ေသာ္အေျဖကိုေတာ့ရွာေဖြရဦးမည္။ ညက မႏၲန္ျဖင့္ ခ်ဳပ္ထားေသာ ေျမဖုတ္ဘီလူးႀကီးႏွင့္ ျပဳလုပ္သူတို႔ ေရာက္ရွိလာ မွ အေျဖမွန္ကို ရွင္းျပႏိုင္မည္ျဖစ္ေၾကာင္းေတြးေနမိသည္။

ထိုအခ်ိန္တြင္ လူႀကီးတစ္ေယာက္အား ေစာင္ပုခက္ျဖင့္ ထမ္းကာ ႐ြာ ေလွဆိပ္မွတစ္ဆင့္ ဘုန္းႀကီးေက်ာင္းသို႔ေရာက္ရွိလာၾကသည္။ ဆရာအား လာေရာက္ ျပသျခင္းျဖစ္ေၾကာင္း လူမမာ ထမ္းလာသူမ်ားက ေျပာျပ၏။ လူမမာဆိုသူမွာလည္းမ်က္လုံးမ်ားမွိတ္ထားၿပီးၿငိမ္သက္ေနသည္။ေမ့ေျမာ
ေနျခင္းေတာ့ ဟုတ္ဟန္မတူ။
ထိုလူမမာ ထမ္းလာသူမ်ားအား ေမးျမန္းၾကည့္ရာ ျမစ္တစ္ဖက္႐ြာမွ လက္သမားဆရာဦးဘေမာင္ျဖစ္ေၾကာင္း ည (၉)နာရီေက်ာ္ေလာက္က
အလုပ္မွျပန္လာၿပီးအိမ္မွာတ႐ုန္း႐ုန္းျဖင့္ထခုန္ေနၿပီးပါးစပ္ကလည္း ငါ့ကို ႀကိဳးနဲ႔ဖမ္းခ်ည္ေနၾကၿပီ။ ႀကိဳးနဲ႔ဖမ္းခ်ည္ေနၾကၿပီ။ ကယ္ၾကပါဦး၊ ကယ္ၾကပါ ဦး” ဟု ညည္းညဴ ေအာ္ဟစ္ေနေၾကာင္း ႐ြာသားမ်ားက “မင္းကို ဘယ္သူ ေတြႀကိဳးနဲ႔ဖမ္းခ်ည္ေနလို႔လည္းငါတို႔မျမင္ပါလား”လို႔ေမးေတာ့။“အား- သရဲ ေတြ-သရဲေတြငါ့ကိုႀကိဳးနဲ႔ဖမ္းခ်ည္သြားၾကၿပီ။ဟီး-ဟီးနဲ႔”တစ္ညလုံးထိုင္
ငိုေနေၾကာင္း အတူပါလာသူမ်ားက ေျပာျပၾက၏။ သူ႔ဇနီးဆိုသူမွာလည္း တစ္ညလုံးငိုထားသျဖင့္မ်က္လုံးမ်ားမို႔အစ္ေနသည္ကိုေတြ႕ရသည္။ ဆရာ ဉာဏ္ပြားမွာ သူတို႔မိသားစုကိုၾကည့္ၿပီး အေတာ္ပင္ က႐ုဏာသက္သြားမိ
သည္။
“ဦးအုံးေရ …. ျမစ္တစ္ဖက္႐ြာသားဦးဘေမာင္ကို သိမ္ထဲမွာပဲ ေခၚထား ၾကပါဦး ကြၽႏ္ုပ္နည္းနည္းပါးပါး ေမးၾကည့္ရေအာင္”
ဆရာဉာဏ္ပြား ေျပာလိုက္သျဖင့္ ျမစ္တစ္ဖက္႐ြာသားလူမမာဦးဘ ေမာင္အား သိမ္ထဲသို႔ ေစာင္ပုခက္ျဖင့္ ထမ္းကာေခၚသြားၾကသည္။ ဆရာ ဉာဏ္ပြားလည္း ေက်ာင္းေပၚမွဆင္းကာ သိမ္ထဲသို႔ လိုက္ပါလာခဲ့သည္။ ဆရာဉာဏ္ပြားက လူမမာဆိုသူ ဦးဘေမာင္အား ေသခ်ာၾကည့္ေနစဥ္ ဦးဘေမာင္မ်က္လုံးမ်ား ပြင့္လာၿပီး သူ႔မ်က္လုံးအစုံမွာ နီရဲေတာက္ပလ်က္ ဆရာဉာဏ္ပြားအားဝါးစားပစ္ေတာ့မလိုအံႀကိတ္ကာတစ္ခ်က္လွမ္းၾကည့္
လိုက္ၿပီး –
“ငါလုပ္လိုက္ရ – မင္းတို႔တစ္႐ြာလုံး ျပာက်သြားမယ္ ဘာမွတ္လဲ” ဟု သူ႔ဘာသာသူ ေျပာသလို စကားသံတစ္ခ်က္ထြက္ေပၚလာသည္။ ဆရာဉာဏ္ပြားကေတာ့ ဘာမွလိုက္၍ မေျပာပါ။ လွည့္၍လည္း မၾကည့္
သူ႔ေဆးလြယ္အိတ္အတြင္းမွ ေဆးႀကိမ္လုံးငယ္ႏွင့္ ဂုဏ္ေတာ္ကြန္ခ်ာႀကိဳး ကို ထုတ္ယူၿပီး ဘီလူးဝင္စီးထားသူ ဦးဘေမာင္ ျမင္သာေအာင္ လြယ္အိတ္ ေပၚတင္ထားလိုက္သည္။ ထိုစဥ္မွာ လူမမာဆိုသူဦးဘေမာင္က-
“ငါ ေျပာထားၿပီေနာ္ -လူ႔စည္းဘီလူးစည္းဆိုတာ ရွိတယ္။ ဆရာ ကလည္းဆရာ-ငါကလည္း ဘီလူး၊အလုပ္ေႏွာင့္ယွက္တာေတာ့မႀကိဳက္
ဆုံးပဲ။ လုပ္တုန္းကလုပ္ၿပီးေတာ့အခုမွဖမ္းခ်ဳပ္ၿပီးဒီေနရာမ်ိဳးေခၚသြင္းတယ္ ဆိုတာ”
ဦးဘေမာင္စကားမဆုံးခင္မွာပင္ ဆရာဉာဏ္ပြားက လက္ကာ၍
တားဆီးလိုက္ၿပီး။
“ဟုတ္ၿပီေလ- ဘီလူးဆိုတာဆရာနဲ႔ေတြ႕ရင္ဘာျဖစ္သြားမလဲ။ ဆရာက လူ။ ဘီလူးဆိုတာယုတ္ညံ့တဲ့ဘဝထဲက႐ုပ္ခႏၶာျဖစ္တယ္။ကဲ- မင္းဘာေတြ ဆက္ေျပာခ်င္ေသးလဲ”
ဘီလူးဝင္စီးထားေသာ ဦးဘေမာင္မွာ အံကိုတင္းတင္းႀကိတ္ရင္း ဆရာဉာဏ္ပြားဘက္သို႔ နီရဲေသာ မ်က္လုံးအစုံျဖင့္ ေဒါသမ်က္ေစာင္း တစ္ခ်က္ထိုးလိုက္ၿပီး –
“လႊတ္ေပးစမ္းပါ- ဘီလူးအစြမ္း ဘာမွတ္လည္း သိသြားေစရမယ္” “မင္းလို သခ်ႋဳင္းကုန္းမွာေတာင္ ေနစရာ မရွိတဲ့ေကာင္က ဘယ္မွာ အစြမ္းသတၱိဆိုတာ ရွိပါ့မလဲကြာ၊ အခုပဲ အစြမ္းသတၱိမရွိလို႔ ခံေနရၿပီေလ။ မဟုတ္ဘူးလား။ ရွိရင္လည္း ႐ြာသားေတြေရွ႕မွာ ျပလိုက္စမ္းပါ။
ဆရာဉာဏ္ပြားမွာ ရယ္ရယ္ေမာေမာျဖင့္ ဘာကိုမွ် ဂ႐ုမစိုက္သလို ေျပာလိုက္သျဖင့္ ဦးဘေမာင္ထံ ဝင္စီးထားေသာ ေျမဖုတ္ဘီလူးႀကီးမွာ အေတာ္ပင္ေဒါသထြက္ေနသည္ကိုေတြ႕လိုက္ရသည္။ ထိုအခါ ဆရာဉာဏ္
ပြားကပင္ –
“မင္းမွာ အစြမ္းသတၱိမရွိလို႔ မျပႏိုင္ဘူးဆိုရင္လည္း ငါလူသားစစ္စစ္ ဆရာဟာ ဘယ္ေလာက္အစြမ္းသတၱိရွိတယ္ဆိုတာ ျပလိုက္ရတာေပါ့ကြာ၊ မဟုတ္ဘူးလားဟဲ-ဟဲ”
ဆရာဉာဏ္ပြားမွ ဂ႐ုမစိုက္သလို ရယ္ေမာကာ ေျပာဆိုလိုက္ၿပီး ေယာင္ထုံးထဲကစီရင္ထားေသာမိုးႀကိဳးသြားေလးကိုဆြဲထုတ္လိုက္သည္။ ဘီလူးဝင္စီးထားသူ ဦးဘေမာင္ကလည္း ဆရာဉာဏ္ပြား လႈပ္ရွားမႈကို မ်က္ေတာင္မခတ္ စူးစိုက္ၾကည့္ေနရာမွ လက္ခနဲတစ္ခု ျမင္ေတြ႕လိုက္ရ

သျဖင့္ အထိတ္တလန႔္ ျဖစ္သြားကာ စိုက္ၾကည့္ေနေသာ မ်က္လုံးမ်ား ျပဴးက်ယ္သြားရေလသည္။
“ဘီလူးဆိုတဲ့သတၱဝါကို လူသားေတြက ဆုံးမလာခဲ့တာ နိပါတ္ေတာ္ ေတြမွာလည္း အာဠာဝကလို နတ္ဘီလူးႀကီး ကြၽတ္တမ္းဝင္သြားတဲ့အထိ ကယ္မခြၽတ္ေပးေတာ္မူခဲ့တယ္။ အခုလည္းၾကမ္းတမ္းရက္စက္တဲ့ေျမဖုတ္ ဘီလူးအယုတ္အားကြၽႏ္ုပ္ခြၽတ္ေပးကယ္တင္အံ့။ ကြၽႏ္ုပ္သည္ ဤပညာရပ္ အားစတင္သင္ၾကားခဲ့စဥ္ကပင္ သက္သတ္လြတ္စားျခင္း၊ ဂုဏ္ေတာ္ကိုးပါး ကို ပုတီးစိပ္ျခင္း၊ သမထဘာဝနာ ပြားမ်ားျခင္း၊ ကံငါးပါးကို လုံၿခဳံေအာင္ ထိန္းသိမ္းျခင္း၊ ေဝဒနာရွင္မ်ားအားကုသကယ္မခြၽတ္ေပးရေသာအခါမ်ား တြင္လည္း တရားေတာ္ႏွင့္အညီ ကယ္တင္ဆုံးမေပးျခင္းသာ ရွိပါသည္။ ယခုႀကဳံေတြ႕ေနရေသာေဝဒနာရွင္မ်ားအားကုသကယ္မရာတြင္ ဘိုးေတာ္ သၾကားမင္းႏွင့္တကြ သာသနာေစာင့္ နတ္မင္းႀကီးေလးပါးတို႔ပါ ကူညီ ကယ္မေစာင့္ေရွာက္ေပးၾကပါရန္ ေလွ်ာက္ထားအပ္ပါသည္”
ေျမဖုတ္ဘီလူးကိုဘိုးေတာ္သိၾကားမင္းႏွင့္တကြသာသနာေတာ္ေစာင့္ ေလာကပါလ နတ္မင္းႀကီးေလးပါးကပါ ေစာင့္ေရွာက္ဖို႔ ေရာက္ရွိေနပါၿပီ။ အခုအမိန႔္အတိုင္းမနာခံပါကသင့္အားျပင္းစြာေသာဒဏ္ခတ္ျခင္းႏွင့္အတူ အဝီစိငရဲသို႔ တစ္ခါတည္း ဆြဲေခၚပို႔ေပးၾကပါလိမ့္မယ္။ ဒါေၾကာင့္ သင္ မေန အပ္ေသာလူသားတစ္ေယာက္၏ေနအိမ္သို႔ဘာေၾကာင့္ေရာက္ရွိလာတယ္ ဆိုတာဆရာ့ကိုအမွန္အတိုင္းေျပာရလိမ့္မယ္။ဆရာစကားဟာသင့္အတြက္
အမိန႔္အာဏာဟူ၍မွတ္ပါ”
ဆရာဉာဏ္ပြားသည္ မိမိေယာင္ထုံးထဲမွ မိုးႀကိဳးသြားကို ထုတ္ယူစဥ္ ကပင္ဦးဘေမာင္တုန္လႈပ္ေခ်ာက္ခ်ားသြားသည္ကိုျမင္ေတြ႕လိုက္ရသျဖင့္ စိတ္ပိုင္းဆိုင္ရာစြမ္းအင္အေၾကာင္းကိုနားလည္ထားသူဆရာဉာဏ္ပြားက ဒီအေကာင္ႀကီး ဘယ္ေလာက္ပင္ ႀကိမ္းဝါးပါေစ။ မိမိ၏ လႊမ္းမိုးမႈေအာက္ ေရာက္ရွိၿပီး မိမိအလိုသို႔ လိုက္ပါလာရမည္ ျဖစ္ေၾကာင္း ပို၍ပင္ နားလည္ ထားၿပီး ျဖစ္သည္။ ထိုအခါ ဦးဘေမာင္ထံမွ ေျမဖုတ္ဘီလူးႀကီး၏အသံက တိုးတိုးေလးထြက္ေပၚလာသည္။
“ငါ့ကို…လႊတ္ေပးပါ”
“ဆရာေျပာထားၿပီပဲ လူသားတစ္ေယာက္ရဲ႕ေနအိမ္ကို က်ဴးေက်ာ္ ဝင္ေရာက္ၿပီး ဘာေၾကာင့္ ဒုကၡေပးေနရတယ္ဆိုတာေျပာပါ။ အခုနဲ႔ ေမး မရဘူးဆိုရင္ ၾကမ္းတမ္းစြာ ဒဏ္ခတ္ၿပီး ေမးျမန္းရလိမ့္မယ္။ ေျမဖုတ္
ဘီလူးႀကီး
“ဒီကိစၥ….ငါဘာမွမသိဘူး။ငါသိတာကဒီကိုေရာက္လာတာပဲသိတယ္။ “မသိဘူးဆိုရင္ေကာင္းၿပီေလၾကမ္းမွျဖစ္ေတာ့မယ္။ဒါမွမွတ္ေလာက္
သားေလာက္ျဖစ္က်န္ခဲ့ရမွာေပါ့”
ဆရာဉာဏ္ပြားစကားေျပာရင္းလက္ထဲကမိုးႀကိဳးသြားကိုဦးဘေမာင္ မ်က္ႏွာေရွ႕နားသို႔တိုးကပ္ျပလိုက္ၿပီး –
“ဒီမွာ … ၾကည့္စမ္း မင္းအတြက္ အဝီစိသြားရမယ့္လမ္းေၾကာင္း ေသေသခ်ာခ်ာၾကည့္ထားေတြ႕တယ္ မဟုတ္လား”
ဦးဘေမာင္ အမည္ခံ ေျမဖုတ္ဘီလူးႀကီးမွာ မ်က္ႏွာနားသို႔ တိုးကပ္ လာေသာ မိုးႀကိဳးသြားကို ၾကည့္ရင္းမွပင္ မ်က္လုံးမ်ား ျပဴးက်ယ္ထြက္ လာကာအလြန္ပင္ ထိတ္လန႔္တုန္လႈပ္သြားၿပီး စိတ္ကို မထိန္းႏိုင္ေတာ့ဘဲ သတိလစ္ေမ့ေမ်ာသြားေလသည္။
ဆရာဉာဏ္ပြားမွာဦးဘေမာင္ျပန္လည္သတိရလာသည္အထိအေျခ အေနကို ေစာင့္ၾကည့္ေနသည္။ ထိုအျခင္းအရာကို ျမင္ေတြ႕ေနၾကေသာ ႐ြာသားအခ်ိဳ႕ကလည္း ဒီဘီလူးႀကီးဘီလူးဝင္စီး ခံထားရလို႔ သနားပါတယ္ ကြာ။ က႐ုဏာသက္စြာျဖင့္ တီးတိုး ေျပာဆိုသံမ်ားကို ဆရာဉာဏ္ပြား ၾကားလိုက္ရသျဖင့္ –
“ဒါေလာက္လည္း သနားမေနၾကနဲ႔ဦး။ သူကိုယ္တိုင္ကလုပ္ထားခဲ့လို႔ သူကိုယ္တိုင္အခုလိုခံစားေနရတာေပါ့ဗ်ာ။သတိရလာတဲ့အခါသူကိုယ္တိုင္ ဝန္ခံတာ ႐ြာသားအားလုံး ေတြ႕ျမင္ၾကရပါလိမ့္မယ္”
ဟု ေအးေဆး တည္ၿငိမ္စြာ ေျပာလိုက္သျဖင့္ ႐ြာသားမ်ားမွာလည္း ဦးဘေမာင္ သတိရလာသည့္အထိ အေျခအေနကို ေစာင့္ၾကည့္ေနၾကေလ သည္။ ခဏၾကာေသာအခါ ဦးဘေမာင္ အနည္းငယ္ လူးလြန႔္လာရာမွ သတိေကာင္းစြာ ရရွိလာၿပီး သူ႔ဘာသာသူ ထထိုင္လိုက္သည္။ သူ႔မ်က္လုံး မ်ားကလည္း ဆရာဉာဏ္ပြားမွာ ဘာစကားမွ မေျပာမဆိုဘဲ သူ႔ေဆးလြယ္

အိတ္ထဲမွ မႏၲန္ျဖင့္ စီရင္ထားေသာ “ဘီလူးဒူးေထာက္”ေခၚဒူးတစ္ဖက္ ေျမႀကီးတြင္ေထာက္ၿပီးအျခားဒူးတစ္ဖက္ကေဆာင့္ေၾကာင့္ထိုင္လ်က္ဘြဲ႕ျဖဴ လက္နက္ကိုင္ေဆာင္ကာ အစြယ္တေငါေငါထြက္ေနေသာ တစ္လက္မ
အ႐ြယ္ဘီလူး႐ုပ္ကေလးအားဖ်ာေပၚတြင္တင္လိုက္သည္။
ပင္ ဦးဘေမာင္ဘက္သို႔လွည့္ၿပီး-
တစ္ခါတည္းမွာ
“အသင္ေျမဖုတ္ဘီလူး မင္းက လက္ရွိလူသားထံမွလွည့္ၿပီးခြာၿပီး မင္း နဲ႔အမ်ိဳးတူျဖစ္တဲ့ဒီအ႐ုပ္ထဲမွာ ခဏဝင္ေနလိုက္ပါ။ ဒါမွ မင္းနဲ႔ကိစၥက အမွန္ တရားေပၚလာမွာျဖစ္တဲ့အတြက္ အျမန္ဆုံးထြက္ခြာေပးလိုက္ပါ” ဆရာဉာဏ္ပြားကဦးဘေမာင္အားေစ့ေစ့ၾကည့္ကာေျပာလိုက္သျဖင့္ သတိေကာင္းစြာရရွိေနၿပီျဖစ္ေသာဦးဘေမာင္မွာတစ္ခ်က္ၿပဳံးရယ္လိုက္ၿပီး ဦးေခါင္းအားေရွ႕သို႔စိုက္ခ်လိုက္သည္။ ၿပီးမွဟင္း…ခနဲ သက္ျပင္းတစ္ခ်က္ ခ်လိုက္၏။ထိုကဲ့သို႔သက္ျပင္းခ်ၿပီးေနာက္တြင္မ်က္လုံးအားမွိတ္ထားလိုက္ ေလသည္။ မ်က္လုံးမ်ား အေကာင္းပကတိ ျပန္ဖြင့္လာေသာအခါ ေဘး ဘယ္ညာသို႔ လွည့္ၾကည့္ရင္း သူ႔ကိုယ္သူၾကည့္ၿပီး အလြန္ပင္ အံ့ဩေနမိ သည္။ ထိုအခ်ိန္တြင္ပင္ ဆရာဉာဏ္ပြားမွာ ေျမဖုတ္ဘီလူး ဝင္ေရာက္ေနၿပီ ျဖစ္ေသာ “ဘီလူးဒူးေထာက္” ႐ုပ္ကေလးအား ေျခမန္းကြင္းျဖင့္ စြပ္ထား လိုက္ေလသည္။ ၿပီးမွ – ဦးဘေမာင္အား- “လက္သမားဆရာဦးဘေမာင္….ဟုတ္တယ္ေနာ္”
“ဟုတ္ပါတယ္”
“ဒါဆိုရင္လြန္ခဲ့တဲ့ႏွစ္ကဒီဆိပ္ကမ္းသာမွာအိမ္ဘယ္ႏွလုံးေဆာက္ခဲ့ တယ္ဆိုတာရယ္၊ အိမ္ေဆာက္ရင္းနဲ႔ အိမ္ရွင္ကို ပ်က္စီးေစခ်င္တဲ့ဆႏၵနဲ႔ ဘာေတြ လုပ္ထားခဲ့တယ္ဆိုတာရယ္နဲ႔ ျပန္စဥ္းစားၿပီး ဆရာ့ကို ေျပာျပေပး
ပါ”
ဆရာဉာဏ္ပြားက တိုက္႐ိုက္သိေနသလို အေျပာေၾကာင့္ ဦးဘေမာင္ ေခါင္းငိုက္စိုက္က်ကာ အေတာ္ၾကာၾကာ စဥ္းစားေနလိုက္သည္။ ထိုစဥ္ ဆရာဉာဏ္ပြားကပင္ ဆက္လက္ၿပီး –
“ဟိုဘက္မွာ ထိုင္ေနတဲ့ ဦးအုံးကို သိတယ္ေနာ္။ ဦးအုံး အိမ္ေဆာက္ တုန္းက ခင္ဗ်ား ဘာေတြလုပ္ထားခဲ့တယ္ဆိုတာ မွတ္မိေနဦးမွာေပါ့။

တစ္႐ြာလုံးက လူေတြကို လိမ္လို႔ ရေပမယ့္ ကြၽႏ္ုပ္ကိုေတာ့ လိမ္ညာလို႔ မရတဲ့အတြက္ အမွန္အတိုင္းေျပာရလိမ့္မယ္ ဦးဘေမာင္”
ဦးဘေမာင္ ေခါင္းျပန္ေထာင္လာၿပီး ညႇိဳးငယ္ေနေသာ မ်က္ႏွာမွာ ေသြးမရွိေတာ့သလို ျဖဴေရာ္အားငယ္စြာျဖင့္ –
“ကြၽန္ေတာ္ မွားခဲ့ပါတယ္။ ဆရာ – အဲဒီေန႔က အိမ္ရွင္ျဖစ္တဲ့ ဦးအုံးရဲ႕ အေဖနဲ႔မျဖစ္စေလာက္ စကားမ်ားၾကပါတယ္။ အိမ္ကလည္း အားလုံး ၿပီးေနၿပီဆိုေတာ့အိမ္ေရွ႕အဖီအေပၚက ဘိလပ္ေျမအေခ်ာသပ္ၿပီးရင္ၿပီးပါၿပီ။
အဲဒါေၾကာင့္အေခ်ာသပ္တဲ့ေနရာမွာကြၽန္ေတာ္ကဘီလူး႐ုပ္ကေလးတစ္ခု ေရးျခစ္ထားခဲ့မိပါတယ္။ ဒါကလည္း အႀကီးအက်ယ္ ပ်က္စီးေစလိုတဲ့ ဆႏၵမရွိခဲ့ပါဘူး။ ဖ်ားနာေနထိုင္မေကာင္းတာေလာက္နဲ႔ ၿပီးသြားမယ္ ထင္ခဲ့ တာအမွန္ပါ။ ကြၽန္ေတာ္အား ခြင့္လႊတ္ေပးပါဆရာ”
“ဦးဘေမာင္အေနနဲ႔ အခုလိုအမွန္အတိုင္းဝန္ခံတဲ့အတြက္ေကာင္းပါ တယ္။ ဖုံးကြယ္ၿပီး လိမ္ညာေျပာဆိုေနမယ္ဆိုရင္လည္း ဒီထက္မက ဆိုးဝါး တဲ့အျပစ္ဒဏ္ခံရဦးမွာပါ။ ခင္ဗ်ားအေနနဲ႔ အခုလို စိတ္လိုက္မာန္ပါလုပ္ခဲ့မိ ၿပီးအ႐ုပ္ဆြဲထားခဲ့တာဟာ ဘာမွႀကီးႀကီးက်ယ္က်ယ္မျဖစ္ဘူးလို႔ထင္ထား ခဲ့ေပမယ့္ ဘီလူး႐ုပ္၊ တေစၦသရဲ႐ုပ္ဆိုတာ သူျဖစ္ေနတဲ့ဘဝကိုယ္၌က ၾကမ္းၾကဳတ္တတ္တဲ့ ဝိညာဥ္ေလာကသား ျဖစ္ေနေလေတာ့ အထူးသျဖင့္ ဘီလူးနကၡတ္၊သူခိုးနကၡတ္၊နတ္နကၡတ္ဆိုတာကရွိေနၾကတယ္ဦးဘေမာင္။ အခုလို အလြန္ၾကမ္းၾကဳတ္ ရက္စက္တတ္တဲ့ ဘီလူး႐ုပ္မ်ိဳးတင္ မကဘူး။ သူ႔နကၡတ္နဲ႔သူတိုက္ဆိုင္သြားရင္ ဘယ္လိုအ႐ုပ္မ်ိဳးမဆို သက္ဝင္လႈပ္ရွား လာတတ္တာအမွန္ပဲ။ အခုလည္းဒီဘီလူး႐ုပ္ကေနနကၡတ္မိၿပီး အသက္ဝင္ လာကာလူေတြကိုဒုကၡေပးတာ ခင္ဗ်ားလက္ေတြ႕ပဲမဟုတ္လား။ ဒါ့ေၾကာင့္ ၾကမ္းၾကဳတ္ ရက္စက္တတ္တဲ့ သတၱဝါ႐ုပ္ေတြ ေရးဆြဲရတဲ့အခါမွာ သူ႔ရဲ႕ ဆိုင္ရာနကၡတ္နဲ႔ လြတ္ကင္းေအာင္ ေရွာင္ရွား ေရးဆြဲရတဲ့အေၾကာင္းကို ေလာကီပညာက်မ္းေတြမွာ ဖြင့္ျပထားတာ ေတြ႕ရွိရပါတယ္။ အခု ခင္ဗ်ား အေနနဲ႔ ဘာမွ မျဖစ္ဘူး အထင္နဲ႔ ေရးဆြဲထားခဲ့ေပမယ့္ တကယ္ျဖစ္လာလို႔ တကယ္လည္း ပ်က္စီးဆုံးရႈံးခဲ့ၾကရၿပီဆိုေတာ့ ခင္ဗ်ားေရးဆြဲထားခဲ့တဲ့ ဘီလူး႐ုပ္ကို ခင္ဗ်ားကိုယ္တိုင္ပဲ ဖ်က္ဆီးေပးပါ”

“အင္း … တစ္ခုေတာ့ ရွိတယ္။ အခုလို နကၡတ္မိေနတဲ့ ဘီလူး႐ုပ္ကို ဖ်က္ဆီးတဲ့အခါ အထူး သတိထားရမွာက ဒီဖ်က္ခ်ထားတဲ့ အစအန အပဲ့အဖြဲ႕ေလးေတြကိုေတာ့ ေသေသခ်ာခ်ာ မက်န္ေအာင္ သိမ္းဖို႔လိုတယ္။ ဒီအပိုင္းအစေလးေတြကိုေအာက္လမ္းဆရာလက္ထဲေရာက္မသြားေအာင္ ရပ္မိရပ္ဖမ်ားႏွင့္႐ြာလူႀကီးေတြကလည္းစနစ္တက်နဲ႔တစ္စစီေဖ်ာက္ဖ်က္ ပစ္ၾကဖို႔ အေရးႀကီးပါတယ္။ အဲဒါေၾကာင့္ ရပ္မိရပ္ဖလူႀကီးေတြ ေစာင့္ၾကပ္ ဖ်က္ဆီးၿပီး စနစ္တက် ေဖ်ာက္ဖ်က္ပစ္ၾကပါလို႔ ကြၽႏ္ုပ္ေမတၱာရပ္ခံ ပါတယ္။
ဆရာဉာဏ္ပြားက အားလုံး ရွင္းလင္းနားလည္ေအာင္ ရွည္လ်ားစြာ ရွင္းျပလိုက္သျဖင့္အိမ္ရွင္ဦးအုံးအပါအဝင္ ႐ြာလူႀကီးမ်ားက အစအနတစ္ခု မွ မက်န္ေအာင္ ေဖ်ာက္ဖ်က္ပစ္ဖို႔ တာဝန္ယူေၾကာင္း ေျပာၾကပါသည္။ ၿပီးေနာက္တြင္ လက္သမားဆရာဦးဘေမာင္အား ႐ြာလူႀကီးအခ်ိဳ႕မွ ဦးအုံး ၏ေနအိမ္သို႔ ဘီလူး႐ုပ္အား ဖ်က္ဆီးပစ္ရန္ေခၚေဆာင္သြားၾကေလသည္။

ထိုအခါဆရာဉာဏ္ပြားမွာလည္းေဆးျဖင့္စီရင္ထားေသာဘီလူးဒူးေထာက္
႐ုပ္အတြင္းသို႔ ေခတၱသြင္းထားေသာ ေျမဖုတ္ဘီလူးအား သိမ္၏ ဥပစာ အျပင္ဘက္သို႔ ေခၚထုတ္ယူလာခဲ့ၿပီး –
“အသင္ေျမဖုတ္ဘီလူး- သင္သည္ တိုက္ဆိုင္စြာ ေရာက္ရွိလာၿပီး အိမ္ရွင္လူသားမ်ားအေပၚအက်ိဳးမဲ့ေသာ မေကာင္းမႈအလုပ္ကို လုပ္ကိုင္ ခဲ့သျဖင့္ေသေၾကပ်က္စီးခဲ့ၾကရသည္။ အခ်ိဳ႕မွာစိတ္ေသာကေရာက္ခဲ့ၾကရ သည္။ သို႔ေသာ္ ဆရာ့အေနျဖင့္ သင့္အား ျပင္းစြာေသာ ဒဏ္ခတ္မႈကို မျပဳ လိုပါ။ သင့္အေနႏွင့္ ယခုကဲ့သို႔ မေကာင္းမႈမ်ိဳးကို တစ္သက္လုံး ေရွာင္ရွား ရန္သာ ဆရာေျပာလိုသည္။ မေကာင္းမႈမ်ားကို ေရွာင္ရွားသြားမည္ဆိုပါက ေနာင္တမလြန္ဘဝမွာ ေကာင္းမြန္ေသာ သုဂတိဘုံတစ္ခုသို႔ ေရာက္ရွိမွာ အမွန္ျဖစ္တယ္။ သင့္အေနျဖင့္လည္း ယခုအခ်ိန္ကစၿပီး ဤ႐ြာဤေျမ ဤ ေဒသမွ ေဝးရာသို႔ သင္ထြက္ခြာသြားေပေတာ့”
ဆရာဉာဏ္ပြားမွာလူပင္ငယ္ေသာ္လည္းဘာသာတရားအဆုံးအမျဖင့္ သေဘာထားႀကီးျမတ္သူေဆးဆရာတစ္ေယာက္ျဖစ္သျဖင့္အသာတၾကည္ ျဖင့္ ဆုံးမစကားေျပာဆိုကာ တစ္ႏွစ္ေက်ာ္မွ် ေသာင္းက်န္းေနခဲ့ေသာ ေျမဖုတ္ဘီလူးအား ျပန္လႊတ္လိုက္ေလသည္။
႐ြာသားမ်ားကလည္း ယခုကဲ့သို႔ တစ္ႏွစ္ေက်ာ္ လူသားစားကာ ဒုကၡ ေပးေနခဲ့ေသာ ေျမဖုတ္ဘီလူးအႏၲရာယ္အား ေဖာ္ထုတ္ရွင္းလင္း ေပးႏိုင္ သျဖင့္ ဝမ္းေျမာက္ဝမ္းသာေက်းဇူးတင္ေၾကာင္းအထပ္ထပ္အခါအခါေျပာ မဆုံးႏိုင္ေအာင္ ရွိေနၾကေလသည္။ ထို႔အတူပင္ ဆရာဉာဏ္ပြားကလည္း ဤဆိပ္ကမ္းသာ႐ြာမွာ မိမိ၏ေက်းဇူးရွင္ဆရာေတာ္ႀကီး၏ ေမြးဇာတိ႐ြာ ျဖစ္သျဖင့္ မိမိအေနျဖင့္ ဆရာေတာ္ႀကီးကိုယ္စား ေက်းဇူးဆပ္ခြင့္ရသျဖင့္ အထူးပင္ဝမ္းေျမာက္ဝမ္းသာျဖစ္ရပါေၾကာင္းတို႔အားျပန္လည္ေျပာဆိုကာ ႐ြာသားမ်ားအတြက္ ဆရာေတာ္ႀကီးေပးလိုက္ေသာ ပရိတ္ခ်ည္မ်ားႏွင့္ အစြမ္းထက္ထက္ လက္ဖြဲ႕ႀကိဳးမ်ားကို ရာသက္ပန္ အကာအကြယ္အျဖစ္ ေပးအပ္ခဲ့ေလေတာ့သည္။
သေဗၺသတၱာဒုကၡာမုစၥႏၲဳ
ေကာင္းစံဟိန္း (ဖန္ေနဝန္း)