နတ်မြွေ(စ/ဆုံး)
————–
၁၉၉၀ ခုနှစ်၀န်းကျင်ကဆိုလျှင်….ကျွန်တော်တို့ရဲ့ကချင်ပြည်နယ်…ဟူးကောင်းချိုင့်ဝှမ်းဒေသတစ်ခုလုံးက
နက်ရှိုင်းလှတဲ့တောကြီးတွေ….သဘာ၀စိမ့်ရေစမ်းရေတွေနဲ့တကယ့်ကိုလှပတဲ့နေရာတစ်နေရာဖြစ်ခဲ့ဘူးတယ်…..။
ဒါပေမဲ့…….
နှစ်ကြာလာသည်နဲ့အမျှ
ရတနာပေါများတဲ့ဒေသတစ်ခုဖြစ်တာနဲ့အညီ
မြေအောက်ရွှေရှာတဲ့လုပ်ငန်းတွေ….ပယင်းတူးဖော်တဲ့လုပ်ငန်းတွေ….
ဥပဒေရဲ့အပြင်ဘက်လုပ်ငန်းဖြစ်တဲ့
သစ်ခိုးထုတ်တဲ့လုပ်ငန်းတွေက
ကျွန်တော်တို့…ကချင်ပြည်နယ်ရဲ့အလှအပတွေကိုပျက်စီးပစ်လိုက်ကြတော့တာပဲ…..။
ဒါတောင်ဖားကန့်ကျောက်မှော်ကိုထည့်မပြောသေးဘူး….။
အဲ့လိုနက်ရှိုင်းလှတဲ့တောနက်ကြီးတွေနဲ့ရှု့မငြီးနိုင်တဲ့သဘာ၀အလှအပတွေလည်း…ကချင်မြေကြီးမှာအများကြီးရှိပါတယ်…..။
နက်နဲတဲ့တောတောင်ကြီးတွေစိုးမိုးထားတဲ့ဟူးကောင်တစ်ခွင်ကြောင့်….သားရဲတောကောင်တို့ဆိုတာလည်းပေါများလွန်းပ…….။
ယခင်တုန်းကဆို…..အိမ်တိုင်းလိုလို
မုဆိုးကျော်တွေဖြစ်ခဲ့ဘူးတယ်…..။
အဲ့လိုနက်ရှိုင်းလှတဲ့တောကြီးတွေရဲ့နောက်ကွယ်မှာလည်း
သဘာ၀လွန်တဲ့ဖြစ်ရပ်ဆန်းပေါင်းများစွာကလည်းရှိနေပြန်တော့တယ်……။
ကျွန်တော်တို့ရွာရဲ့…..အထက်ဘက်မိုင်၆၀ကျော်လောက်ဝေးတဲ့နေရာမှာ
`လပူခ´…ဆိုတဲ့ရွှေမှော်တစ်နေရာရှိနေခဲ့တယ်….။
လပူခဆိုတာ…..ကချင်အခေါ်အဝေါ်တစ်ခုပေါ့….။
ကျွန်တော်တို့ဗမာလိုပြန်ရင်
လပူ=မြွေ
ခ=ရေ
အဓိပ္ပါယ် ကောက်ရမယ်ဆို…..မြွေရေလို့မပြောတော့ဘူး
` မြွေချောင်း´…….ပေါ့…။
ကျွန်တော်ပြောတဲ့…၁၉၉၀၀န်းကျင်လောက်မှာဆို
အဲ့ဒီဒေသတစ်ခုလုံးမှာ…..ကချင်လူမျိုးအများစုတာနေထိုင်ခဲ့ကြတယ်……။
တောင်ယာလေးလုပ်…အမဲလေးလိုက်နဲ့
ဒါဟာ….အရင်တုန်းကသူတို့ရဲ့သမာရိုးကျလုပ်ငန်းတစ်ခုပေါ့…..။
မုဆိုးကျော်တွေဆိုတာလည်းနက်နဲပြီး…သားကောင်ပေါများတဲ့တောတွင်းနေရာတွေကို…သဘောကျတတ်ကျတာပဲမဟုတ်လား….။
ဒါပေမဲ့……အဲ့ဒီတစ်နေရာဟာ
`နတ်မြွေကြီး´..တွေရဲ့ပျော်စံရာတစ်နေရာဖြစ်ခဲ့တယ်ဆိုတာအဲ့ဒီအချိန်မှာ….စတင်သိခွင့်ရတော့တာပါပဲ……..။
#********************#*****************#
ဦးလဘန်နော်…….
ဦးလဘန်နော်တစ်ယောက်ကတော့…..တစ်ခြားမုဆိုးကျော်တွေထက်ပို၍တောကျွမ်းကျင်သည့်မုဆိုးတစ်ယောက်ဟုဆိုရပေမည်……။
အမြဲလိုလို….လူသူအရောက်အပေါက်နည်းသည့်တောနက်ကြီးများကိုသာရွေးချယ်၍သားကောင်ရှာဖွေလေ့ရှိသည်…။
ဇနီးသည်ဒေါ်ဘောက်ဂျာနှင့်အသက်၁၂နှစ်အ၇ွယ်သားဖြစ်သူဘရန်မိုင်တို့အား…အိမ်၌သာနေစေ၍
ဦးလဘန်နော်တစ်ယောက်ထဲ…တောင်ယာခင်းစောင့်ရင်အမဲလိုက်လေ့ရှိသည်…..။
သားကောင်ကြီးများရလျှင်….သားဖြတ်ကြက်ခိုးတင်၍ရွာသို့ခနတဖြုတ်ဆင်း…လိုအပ်သည့်စားနပ်ရိက္ခ များပြန်လည်၀ယ်ယူ၍…သူ၏တောင်ယာထဲ၌သာ
အမဲလိုက်ရင်း….ဘ၀ကိုဖြတ်သန်းနေပေသည်….။
ဦးလဘန်နော်တစ်ယောက်…….
မှိုင်းပြာပြာနှင့်အခို့အငွေ့များရီဝေသန်းနေသည့်
တောတန်းကြီးအား…..တောင်ယာတဲထက်မှလှမ်းကြည့်လိုက်မိရင်း……အတွေးတစ်ချို့ကလည်းခေါင်းထဲ၀င်ရောက်လာတော့သည်….။
အနီးနား၀န်းကျင်တိုင်းကလည်း….အခြားအမဲလိုက်သူများလာသည်ကြောင့်သားကောင်များကလည်းထင်သလိုမရလွယ်တော့…..။
ဒီတစ်ခေါက်အမဲပစ်ထွက်လျှင်
လူသူအရောက်အပေါက်နည့်မည့်….ထိုနေရာသို့စိတ်ထဲရွေးချယ်နေမိသည်……။
ဦးလဘန်နော်ကတော့…..
မုဆိုးကောင်းတစ်ဦးဟုဆိုရပေလိမ့်မည်…….။
မုဆိုးတို့၏……ထုံးစံအတိုင်း
တွေ့ရာသားကောင်တိုင်း…..ပစ်လေ့မ၇ှိ
ကိုယ်ရည်ရွယ်သည့်…..သားကောင်မတွေ့မခြင်း
ရှာဖွေသည်…..။
မိမိရည်ရွယ်သည့်….သားကောင်တွေ့မှသာလျှင်
ဦးလဘန်နော်တစ်ယောက်…..ပစ်ခတ်ဖမ်းယူလေ့၇ှိသည်….။
ဒါဟာလည်း….မုဆိုးတို့၏ကျင့်၀တ်တစ်ခုမဟုတ်လား…..။
ခုလည်း……ဦးလဘန်နော်တစ်ယောက် ဆတ် ပစ်ရန်အတွက်…လက်စွဲတော်တူမီးနှင့်အတူ…လိုအပ်သည်တစ်ချို့ကိုဆောင်ယူရင်း…..စိတ်ကူးထားသည့်အတိုင်းတောတန်းကြီးဆီသို့ထွက်လာခဲ့တော့သည်……။
ဦးလဘန်နော်တစ်ယောက်…..
တောတန်းကြီးနားရောက်လာသည်နှင့်တောကလည်းထင်ထားသည်ထက်ပင်ပို၍ပို၍နက်လာခဲ့တော့သည်…..။
ရှေ့ရှိချုံနွယ်တစ်ချို့ကို….အသင့်ပါလာသည့်
ဓားမြှောင်နှင့်ခုတ်ထွင်ရှင်းလင်းရင်း….တောအတွင်းဘက်ဆီသို့ခြေဆန့်နေမိသည်…..။
တောကလည်းနက်လာသည်နှင့်အတူ
မျောက်အော်သံများကလည်း….ဆူညံ့လျက်….။
တစ်ခါတစ်ရံ……သူ၏ရှေ့နားကပင်
သားကောင်ငယ်တို့ကလည်း…..အလန့်တကြားခုန်ပေါက်ပြေးလွှားလျက်ပင်…..။
” အင်း…..သားကောင်တွေကတော့ပေါလှတာပဲ”
ဦးလဘန်နော်……တစ်ယောက်
စိတ်ထဲမှရေရွတ်လိုက်မိသည်….။
သို့ပေမဲ့….မည်သည့်သားကောင်ငယ်မှမပစ်ခတ်…။
သူရည်ရွယ်သည့်အတိုင်း….ဆတ်ပစ်ရန်သာစိတ်ကူးရင်း
ဆူးချုံနွယ်နည်းနိုင်မည့်နေရာတစ်နေရာသာရှာဖွေတိုးဝှေ့နေသည်….။
တစ်နေရာအရောက်…..သူ၏ခပ်လှမ်းလှမ်းအဝေးတစ်နေရာမှရေစီးသံကြောင့်…..
” ဟင်…..ဒီအထက်မှာချောင်းရှိနေပါလား….”
ဦးလဘန်နော်လည်း….ရေးစီးသံကြားသည်ိ့ဖက်အားမှန်းဆရင်းတိုးဝှေ့လျောက်လာခဲ့တော့သည်…..။
တဖြည်းဖြည်းနှင့်ရေစီးသံလည်းပို၍ကျယ်လောင်စွာကြားလာသည်နှင့်ချောင်းနှင့်သိပ်မဝေးတော့မှန်းဦးလဘန်နော်သဘောပေါက်မိသည်….။
တစ်နေရာအရောက်…….
ဦးလဘန်နော်ရှာဖွေနေသည့် ဆတ် ကြီးတစ်ကောင်တွေ့လေပေပြီ…..။
သဖန်းပင်အောက်….ကြွေကျနေသည့်သဖန်သီးများလာရောက်စားနေသည့် ဆတ်ကြီးကတော့…ဦးလဘန်နော်အားတွေ့ဟန်မပေါ်…..။
သဖန်းသီးများအပေါ်သာ….အာရုံများနေဟန်ရှိသည်….။
ဦးလဘန်နော်လည်း…အချိန်ဆွဲမနေတော့ပဲ
တူမီးအားအသင့်ချိန်ရွယ်လိုက်ရင်း…..ပစ်ခတ်ရန်မောင်းခလုတ်ကြားဆွဲရန်အလုပ်……………..
” ဝုန်း…………..”
” ဟာ………….”
ချောင်းဘက်ဆီမှကျယ်လောင်စွာထွက်လာသည့်အသံကြောင့်….သူရှေ့ရှိ ဆတ်ကြီးလည်းလန့်ဖြန့်ရင်း….ချံနွယ်ကြားထံသို့၀င်ရောက်သွားချေတော့သည်…..။
” တောက်……….ဘာလဲကွာ”
ဦးလဘန်နော်….ဆတ်ကြီးအားနှမျောမိရင်း
ချောင်းဘက်မှထွက်ပေါ်သည့်အသံကြီးအားဒေါသထွက်မိသည်….။
၀ါရင့်မုဆိုးတို့သဘာအရခန့်မှန်းရလျှင်…ကြီးမားသည့်အကောင်တစ်ကောင်ချောင်းတစ်ဖက်ကမ်းသို့ခုန်ကူးသွာ်းဟန်၇ှိသည်….။
ဦးလဘန်နော်လည်း….အသံကြီးအားစိတ်၀င်စားမိရင်
ချောင်းဘက်သို့…..ခပ်သွက်သွက်နှင့်ပင်အပြေးလာလိုက်မိရင်………
” ဟာ………..”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်….ဦးလဘန်နော်တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားမိတော့သည်……..။
ကြီးမားလှသည့်မြွေကြီးလည်း…..ချောင်းကြီးအားဖြတ်ကျော်ရင်း….တစ်ဖက်ချုံနွယ်တောကြီးဘက်ဆီသို့တရွှေ့ရွှေ့နှင်ု့သွားနေလေသည်…..။
ဦးလဘန်နော်တစ်ယောက်…..မိမိမျက်လုံးကိုပင်မယုံကြည်နိုင်လောက်အောင်ပင်…..
တစ်ယောက်ထဲ….အံ့သြမှုကြောင့်ကြက်သေသေငြိမ်သက်နေရင်း…….
” နည်းတဲ့မြွေကြီးမဟုတ်ပါလား………”
ဦးလဘန်နော်….ရေရွတ်မိရင်း
မြွေကြီးလည်း…..ချုံနွယ်တောကြီးဘက်ဆီသို့၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်……။
” အင်း….ဒင်းလုပ်တာနဲ့ငါ့သားကောင်တော့သွားပါပြီ..”
ဦးလဘန်နော်တစ်ယောက်….အချိန်လည်းလင့်နေလေပြီဖြစ်သည့်အတွက်….သားကောင်ဆက်၍မရှာတော့ပဲ
သူ၏….တောင်ယာတဲသို့သာပြန်ရန်ဆုံးဖြတ်လိုက်တော့သည်………။
ဦးလဘန်နော်တစ်ယောက်….မနေ့က ဆတ်ကြီးအားမပစ်ခတ်လိုက်ရသည်ကိုပင်စိတ်ထဲအခဲမကျေ…..။
တွေးမိတိုင်းနှမျောနေမိသည်…..။
မုဆိုးတို့တောတွင်းပညာအရတွက်ကြည့်လည်း…..ထိုသဖန်းပင်ကြီးအောက်….သားကောင်ကြီးများနေ့စဉ်နေ့တိုင်းအစာလာ၍စားသောက်ဟန်ရှိသည်….။
ဒီတစ်ခါတော့…..ချောင်းမြောင်းပစ်ခတ်ရန်အတွက်ဦးလဘန်နော်စဉ်းစားမိသည်…..။
ထို့နောက်…….နေမွန်းမတည့်ခင်ကိုယ်ကအရင်…သားကောင်တွေထက်ဦးစွာရောက်နှင့်နေရမည်မဟုတ်လား……။
ဦးလဘန်နော်လည်း…..လိုအပ်သည်ကိုဆောင်ယူပြီးသည်နှင့်တောတန်းဘက်ဆီသို့တစ်ကျော့ပြန်ခရီးနှင်လာခဲ့ပြန်တော့သည်…..။
အချိန်အနည်းငယ်ကြာအောင်…လျောက်လာခဲ့ရင်းယမန်နေ့သဖန်းပင်ကြီးရှိသို့ရောက်လို့လာပေပြီ…..။
ဦးလဘန်နော်လည်း…..သဖန်းပင်ကြီးနှင့်ခပ်လှမ်းလှမ်းတစ်နေရာ၌ပုန်းအောင်ရင်းသားကောင်အလာကိုစောင့်စားနေလိုက်တော့သည်…..။
နာရီ၀က်နီးပါးလောက်……ကြာအောင်စောင့်ဆိုင်းပြီးနောက်…သူတွက်ထားသည့်အတိုင်းပင်
ဆတ်ကြီး….သုံးကောင်လည်း
သဖန်ပင်အောက်ခြေသို့……ရောက်လာပေပြီ…..။
ဦးလဘန်နော်လည်း….ပုန်းအောင်နေသည့်နေရာမှ
တူမီးအား…..အသင့်ချိန်ရွယ်လိုက်တော့သည်…..။
ဒီတစ်ခါတော့….ဦးလဘန်နော်တစ်ယောက်
မနေ့ကအခဲမကျေသည့်အတွက်….အတိုးချပစ်ခတ်ရန်စိတ်ကူးရင်း….မောင်းခလုတ်အားဆွဲရန်ပြင်နေယုံရှိသေး…
” ဝုန်း…………….”
” ဟာ…………..”
ချောင်းဘက်ဆီမှထွက်ပေါ်လာပြန်သည့်အသံကြီးကြောင့်..ဆတ်ကြီးသုံးကောင်လည်းလန့်ဖြန့်ရင်း….ချုံနွယ်ကြားထံသို့၀င်ရောက်သွားပြန်ချေတော့သည်……..။
” တောက်…..လုပ်ပြန်ပြီကွာ…..”
ဦးလဘန်နော်တစ်ယောက်…ခဲလေသမျှသဲရေကျဆိုသလိုပင်…..စိတ်ထဲဒေါသများအလိပ်လိပ်ထွက်လာမိရင်း…
” ဘာလဲကွာ…….နေ့တိုင်းလိုလိုဖြစ်နေပြီ….”
ဦးလဘန်နော်လည်း….မနေ့ကအတိုင်းပင်
ချောင်းဘက်ဆီသို့….ခပ်မြန်မြန်ပြေးလွှားလိုက်တော့သည်….။
ထုံးစံအတိုင်းပင်……မြွေကြီးလည်းချောင်းတစ်ဖက်ကမ်းထံသို့တရွှေ့ရွှေ့နှင့်ချုံနွယ်တောကြီးထံသို့၀င်ရောက်သွားတော့သည်……။
” ဒီမြွေကြီးက….ဘာလို့ဒီနေရာမှာရှိနေရတာလဲ…..”
ဒီတစ်ခါတော့…..ဦးလဘန်နော်သားကောင်ထက်မြွေကြီး၏လှုပ်ခြားမှုများကိုပို၍စိတ်၀င်စားမိလာတော့သည်…။
” အင်း……သူတို့အသိုက်များရှိနေလို့လား…ဟုတ်သေးပါဘူး..ဒီကောင်ကငါပစ်မဲ့အချိန်ဆို၀င်၀င်ရှုပ်ပြီ….”
ဦးလဘန်နော်….ထပ်စဉ်းစားမနေတော့ပဲ
မြွေကြီးသွားလေသည့်နောက်သို့…..အကဲခတ်ကြည့်ရန်စိတ်အားထက်သန်လာတော့သည်…..။
” ဒီကောင်ဘယ်အထိသွားလဲ……လိုက်ကြည့်ဦးမှ…”
ဦးလဘန်နော်လည်း…..ချောင်းအားဖြတ်ကျော်လိုက်ရင်း
မြွေကြီးသွားရာလမ်းကြောင်းအတိုင်းနောက်မှသတိကြီးကြီးနှင့်အကဲခတ်စူးစမ်းလိုက်တော့သည်……။
မြေကြီး၏ခနွှာကိုယ်နှင့်ပိပြားနေသည့်လမ်းကြောင်းကတော့…ဦးလဘန်နော်အတွက်အခက်အခဲမ၇ှိလှပေ…..။
ဦးလဘန်နော်လည်း….သတိရှင်ရှင်နှင့်ပင်….။
ဒီလိုမြွေမျိုးဆိုတာ….လူကိုပါဝါးမျိုနိုင်တယ်မဟုတ်လား….။
သိခြင်စိတ်ကလည်း….ဦးလဘန်နော်တစ်ယောက်ထိပ်ဆုံး၌ရှိနေလေရဲ့……။
၁၀မိနစ်နီးပါးလောက်ပင်….ဦးလဘန်နော်လည်း
မြွေကြီးသွားသည့်လမ်းကြောင်းအတိုင်းသတိကြီးကြီးနှင့်လျောက်လာခဲ့ရင်း…..
တစ်နေရာအရောက်……..
မြွေကြီးမည်သို့မည်ပုံပျောက်ကွယ်လေသည်မသိ…..။
မြွေကြီးသွားသည့်….လမ်းကြောင်းမှာလည်းအဆုံးသတ်သွားလေပြီ…..။
ရှေ့ရှိသစ်ပင်ချုံနွယ်များလည်း…ပကတိအတိုင်းပင်…။
” ထူးဆန်းပါလား……ဒီကောင်ဘယ်လိုပျောက်သွားရတာလဲ…..”
ဦးလဘန်နော်…စိတ်ထဲ၌တော့ဘ၀င်မကျ…..။
” နတ်တွေဘာတွေများလား……”
ဦးလဘန်နော်….သားကောင်ပစ်ရန်လည်းစိတ်ထဲမပါလာတော့…..စိတ်ထဲ၌တော့မတင်မကျဖြင့်စောစီးစွာပင်သူ၏တောင်ယာတဲထံသို့ဦးလှည့်ကာပြန်ခဲ့တော့သည်…..။
ဦးလဘန်နော်…နေ့စဉ်ဂူ၀ကိစွှများပြီးစီးသည်နှင့်
စောစောပင်…အိပ်ယာ၀င်ခဲ့တော့သည်…..။
စိတ်ထဲ၌တော့…မြွေကြီးအကြောင်းစဉ်းစားနေမိသည်မှာအမှန်ပင်…….။
ပင်ပန်းမှုကြောင့်…ဦးလဘန်နော်မှာလည်း
တစ်ခနအတွင်းပင်…..အိပ်မောကျသွားချေတော့သည်…..။
” ဗျို့…..မုဆိုးကြီး…..မုဆိုးကြီး…”
ခေါ်သံအား….ဦးလဘန်နော်ကြားနေရသော်လည်း
အိမ်မက်လိုလို…ဘာလိုလိုနှင့်ဝေခွဲ၍မရ….။
တဖြည်းဖြည်းနှင့်….သူ၏မျက်လုံးထဲ၌မြင်တွေ့ရလာသည်မှာတော့……ကြီးမားတဲ့မြွေကြီးတစ်ကောင်ပင်….။
ဦးလဘန်နော်မြွေကြီးအား….အံ့သြမှုများစွာနှင့်ငြိမ်သက်ကြည့်ရှုနေမိရင်း၌ပင်မြွေကြီးမှာလည်းတဖြည်းဖြည်းနှင့်လူငယ်တစ်ဦးပုံသဏ္ဌာန် အသွင်ပြောင်းလဲလာခဲ့ရင်း……..
” ဗျို့…မုဆိုးကြီး……”
လူငယ်၏…စကားတိုင်းကိုလည်းသူ၏နားမှသဲသဲကွဲကွဲကြားနေရလေ၏….။
” မုဆိုးကြီး…..နောက်တစ်ခါကျရင်အခုခင်ဗျားလာတဲ့…တောတန်းဘက်ကိုအမဲလာမပစ်ပါနဲ့ဗျာ….အဲ့နေရာကကျွန်တော်တို့နတ်မြွေကြီးတွေကျင်လည်ကျက်စားတဲ့နေရာတစ်နေရာဖြစ်နေလို့ပါ…နောက်ပြီးကျုပ်တို့မှာ…အထက်ပုဂ္ဂိုလ် ကြီးတွေတာ၀န်စေခိုင်းတဲ့တစ်ချို့ကိစွှတွေလည်းရှိနေပြန်တယ်…ခင်ဗျာတို့လိုလူသားတွေမြင်တွေ့လို့မဖြစ်ဘူး….နောက်ပြီးကျွန်တော့နောက်ကိုလည်းထပ်ပြီးလိုက်မချောင်းပါနဲ့…ခုလည်းခင်ဗျားက…ကျွန်တော်ဖမ်းဖမ်းစားဖို့လုပ်နေတဲ့သားကောင်တွေကိုပစ်ခတ်ဖို့လုပ်လုပ်နေတယ်….ဒါကြောင့်ကျွန်တော်လည်းတမင်သက်သက်…ခင်ဗျားလည်းပစ်လို့မရအောင်ရေထဲခုန်ခုန်ချပြီး…သားကောင်တွေခြောက်လှန့်ပေးခဲ့တယ်…နောက်တစ်ခါမလာပါနဲ့တော့မုဆိုးကြီး…..ဒါကြောင့်မနက်ဖြန်မိုးလင်းတာနဲ့တောထဲကချောင်းအထက်မှာသစ်တုံးကြီးကန့်လန့်ခံနေရရှိတယ်……အဲ့သစ်တုံးကြီးမှာရွှေတွေကပ်နေလိမ့်မယ်……ခင်ဗျားလာယူလိုက်ပါ….ပြီးရင်တော့အမဲလည်းလာမလိုက်ပါနဲ့ကျွန်တော်ကိုလည်းလိုက်ပြီးထပ်မချောင်းပါနဲ့မုဆိုးကြီး………နက်ဖြန်ဆက်ဆက်လာယူလိုက်ပယမုဆိုးကြီး……”
ဦးလဘန်နော်လည်း…..အိမ်မက်မှလန့်နိုးလာခဲ့ရင်း
” ဟင်…..ငါ့ကိုဟိုမြွေကြီးအိမ်မက်လာပေးတာပါလား….ထူးဆန်းလိုက်တာ”
ဦးလဘန်နော်လည်း……အိမ်မက်အားမယုံတစ်၀က်ယုံတစ်၀က်နှင့်စဉ်းစားနေမိရင်း….ဆက်၍အိပ်မပျော်တော့…..။
အိမ်မက်ကိုသာ…..အမျိုးမျိုးတွေးတောနေမိတော့သည်….။
ဦးလဘန်နော်တစ်ယောက်လည်း…မိုးလင်းသည်နှင့်မြွေကြီးပေးသည့်အိမ်မက်အတိုင်းပင်
တောတန်းကြီးထဲရှိနေသည့်ချောင်းအထက်ဘက်ဆီသို့
ခရီးနှင်လာလိုက်တော့သည်….။
ဒီတစ်ခါတော့…သားကောင်ပစ်ရန်ရည်ရွယ်ချက်မရှိ….။
ဆန်းကြယ်သည့်အိမ်မက်အား….သိလိုစိတ်ကသာပြင်းပြနေ၍ပင်…..။
ထုံးစံအတိုင်းပင်….အနည်ငယ်ကြာအောင်လျောက်လာခဲ့ရင်း…..
ချောင်းအထက်ဘက်သို့ချုံနွယ်များအားတိုးဝှေ့ရင်း..ကန့်လန့်ခံနေသည့်သစ်တုံးကြီးအားရှာဖွေနေမိသည်…..။
ဦးလဘန်နော်လည်းအချိန်ကြာသည်အထိချောင်းအထက်ဘက်သို့လျောက်လာခဲ့ရင်း…..
” ဟင်…….”
ဦးလဘန်နော်တစ်ယောက်….မြွေကြီးပြောသည့်အတိုင်းပင်
အဝေးမှ….ချောင်းကြီးအားကန့်လန့်ခံနေသည့်သစ်တုံးကြီးအားမြင်လိုက်ရတော့သည်…..။
နေရောင်ကလည်း….သစ်တုံးကြီးထံထိုးကျဆင်းနေသည့်အတွက်…..သစ်တုံးကြီးမှာလည်းအရောင်တလျှပ်လျှပ်တောက်ပနေလျှက်…..။
ဦးလဘန်နော်လည်း…..ခြေလှမ်းခပ်သွက်သွက်နှင့်သစ်တုံးကြီးရှိသည့်နေရာထံအပြေးလာခဲ့လိုက်ရင်း…..
အနီးကပ်မြင်လိုက်၇သည့်မြင်ကွင်းကတော့….ဦးလဘန်နော်တစ်ယောက်ပါးစပ်အဟောင်းပင်ဖြစ်သွားချေတော့သည်….။
သစ်တုံးတစ်တုံးလုံးမှာမူ….ရွှေအတိကပ်ငြိတွယ်လျက်….။
” ဘုရား…..ဘုရား…..တကယ်ကြီးပါလား……”
ဦးလဘန်နော်လည်း…..အချိန်ဆွဲမတော့ပဲ
အသင့်ပါလာသည့်ဓားမြှောင်အား…..ထုတ်၍
သစ်တုံးကြီး၌…..ကပ်ငြိနေသည့်ရွှေများအား..ခြစ်ယူရန်စတင်လိုက်တော့သည်…..။
သစ်တုံးကြီး၌….ကပ်နေသည့်ရွှေတစ်ချို့ကလည်း
သူထင်သလိုလွယ်လွယ်ကူကူနှင့်မရပေ…..။
ဦးလဘန်နော်လည်း…..ခဲရာခဲဆစ်ပင်ခြစ်ယူနေရသည်….။
တစ်ဖြည်းဖြည်းနှင့်အချိန်ကလည်း…….မည်သို့ကုန်လွယ်သွားသည်မှန်းသူမသိလိုက်…..။
နေမင်းကြီးကပင်…..တောင်စွယ်တောင်စားဆီသို့တိုး၀င်ရန်ဦးတည်နေပေပြီ…….။
ဦးလဘန်နော်တစ်ယောက်……ရွှေစများလက်တစ်ဆုတ်စာရရှိပြီးနောက်…..
” အင်း……ငါတစ်ယောက်ထဲဆိုမလွယ်လောက်ဘူး…ဒီညရွာပြန်ပြီ….ငါ့အမျိုးတွေကိုခေါ်ပြီပြန်လာယူမှဖြစ်မယ်……”
ဦးလဘန်နော်တစ်ယောက်…..ရွှေစများအားပိတ်စတစ်ခုအတွင်းထည့်လိုက်ရင်း….တောင်ယာတဲဆီသို့ခရီးလှည့်လာလိုက်လေတော့သည်….။
ဦလဘန်နော်လည်း….တောင်ယာတဲသို့ရောက်သည်နှင့်အချိန်ဆိုင်းမနေလေပဲ….ရွာဆီသို့တစ်ကျော့ပြန်ခရီးနှင်ခဲ့လိုက်ပြန်တော့၏…..။
” ဟေ………..”
“လဘန်နော်……မင်းတကယ်ပြောနေတာလား…….”
” ကျုပ်တကယ်ပြောနေတာ…..ဗျ……သစ်တုံးတစ်တုံးလုံးရွှေတွေကြီးပဲ….”
ပိတ်စအတွင်းမှရွှေစတစ်ချို့ကို….အားလုံးကလည်း
စိတ်၀င်တစားနှင့်အကဲခတ်နေကြလေသည်…..။
” ဒါဆိုရင်……ငါတို့ကိုဘုရား မ တာပဲကွ…..”
ဦလဘန်နော်လည်း….ခေါင်းတဆတ်ဆတ်ငြိမ့်နေရင်း…..
” ဟုတ်တယ်….အကို` ဂွန်ဆန်´ပြောတာမှန်တယ်….အဲ့ဒါကြောင့်……ကျုပ်တို့ထက်သူများတွေတွေ့သွားလို့မဖြစ်ဘူး…နောက်ပြီးအဲ့အနားကလည်းတခြားမုဆိုးတွေတောလည်တတ်တာကြောင့်….အချိန်ဆွဲနေရင်တော့မကောင်းဘူးဗျ……ဒါကြောင့်ကျုပ်တောင်ခုညတွင်းခြင်းပဲရွာကိုအပြေးလာခဲ့ရတာ…….”
” အင်း……ဟုတ်ပြီ လဘန်နော်……ဒါဆိုငါတို့တွေမနက်လင်းတာနဲ့….မင်းပြောတဲ့နေရာမြန်မြန်ရောက်ဖို့လိုလိမ့်မယ်….လိုအပ်တာတွေကိုဒီညတစ်ခါထဲစီစဉ်ထားရမယ်….မင်းပြောတဲ့ပုံစံအရဆိုရွှေတွေက….တော်တော်စိတ်ရှည်လက်ရှည်နဲ့ခွာယူရမယ်ကွ……”
” ဒါတော့….အသေအချာပဲကိုဂွန်ဆန်…ကျုပ်တောင်တစ်နေ့လုံးမှဒီလက်တစ်ဆုတ်ပဲရခဲ့တာ…….”
” အေး…အေး…..ဒါဆိုမင်းလည်းအနားယူလိုက်တော့….မင်းလည်းပင်ပန်းလာတာ…..လိုအပ်တာတွေကိုငါနဲ့ငါ့တူ ဆိုင်းနော် နဲ့စီစဉ်ထားလိုက်မယ်……မနက်ကြစောစောသွားကြတာပေါ့……”
” ဟုတ်ပြီ…..ကိုဂွန်ဆန်…..ဒါဆိုကျုပ်လည်းပြန်တော့မယ်….”
နှုတ်ဆက်စကားဆိုပြီးသည်နှင့်….ဦးလဘန်နော်လည်းအိမ်သို့ပြန်လာလိုက်တော့သည်………။
ရွာမှဦးလဘန်နော်၏…..တောင်ယာဆီသို့ပင်တော်တော်လျောက်ခဲ့ရသည်……။
” ကျုပ်ပြောတာ..ဟို….မြူ ငွေ့တွေဆိုင်းနေတဲ့….တောတန်းကြီးပဲအကို`ဂွန်ဆန်´….”
” အင်း…..ဒါဆိုခနတစ်ဖြုတ်နားပြီး…သွားကြတာပေါ့လဘန်နော်….”
ဦးလဘန်နော်၏….ရင်ထဲ၌တော့အတိုင်းမသိအောင်ပင်ကြည်းနူး၍နေသည်…..။
တစ်သက်လုံး….အမဲလိုက်…တောင်ယာလုပ်နှင့်ဘ၀ကိုပင်ပင်ပန်းပန်နှင့်ရုန်းကန်နေရတာမဟုတ်လား……။
မိသားစုအတွက်….မပူပင်မကြောင့်ကြအောင်
ထားခြင်သည့်ဆနွှ…ရှိသော်လည်း
သူကိုယ်တိုင်ပင်…မစွမ်းသာ…..။
ယခုတော့……အဲ့စိတ်ကူးတွေအထမြောက်ပေတော့မယ်…။
မုဆိုးကြီးဦးလဘန်နော်ဘ၀ကနေ…..သူဌေးကြီးဦးလဘန်နော်တစ်ယောက်အဖြစ်ပြောင်းလဲသွားလိမ့်မည်လို့….သူ့ကိုသူပင်မတွေးမိခဲ့……..။
မျက်လုံးအစုံမှိတ်လိုက်တိုင်း…..ခမ်းနားသည့်ပုံရိပ်တစ်ချို့ကလည်း….အတွေးထဲကူးယှက်ဖြတ်သန်းနေလေရဲ့…..။
” ငါ…ချမ်းသာပြီ……..”
” ကဲ….လဘန်နော်….ငါတို့အချိန်ရှိတုန်းသွားကြရအောင်ကွာ…….”
ကိုဂွန်ဆန်၏…..အသံကြောင့်
တွေးလက်စ….စိတ်ကူးများအား
၇ပ်တန့်လိုက်ရင်း……တောတန်းကြီးဘက်သို့ခြေလှမ်းများဦးဆောင်၍ဦးလဘန်နော်လည်းစတင်လိုက်တော့သည်…..။
ရှေ့မှနေ၍….ဦးလဘန်နော်လည်းဦးဆောင်ကာ
တိုးဝှေ့လာခဲ့သည်…..။
အားလုံးကလည်း….ခပ်သွက်သွက်ခြေလှမ်းများဖြင့်လျောက်လာခဲ့ရင်း…..
” ရောက်တော့မှာလား……လဘန်နော်……”
” သိပ်မဝေးတော့ဘူး…..ကိုဂွန်ဆန်….ရှေ့နားဆိုချောင်းရောက်ပြီ….”
အားလုံးလည်း…..ပင်ပန်းမှုကိုဂ၇ုမမှုနိုင်…..။
ချုံနွယ်များအား…တိုးဝှေ့၍အားခဲရင်းသာလျောက်နေကြ၏….။
သိပ်မကြာပေ…..ရေစီးသံသဲ့သဲ့အား…
အားလုံးလည်းကြားလိုက်ရတော့သည်…..။
” ရေစီးသံ……ကြားတယ်မလားကိုဂွန်ဆန်…..ကျုပ်တို့ရောက်တော့မယ်ဗျ….”
အားလုံး၏….မျက်နှာများလည်း၀င်းဝါလာရင်း…..
” ကဲ……မြန်မြန်သွားရအောင်……”
အချိန်အနည်းငယ်ကြာအောင်….လျောက်လာပြီးသည်နှင့်
” ကိုဂွန်ဆန်…..ဟိုမှာတွေ့လား…..”
ဦးလဘန်နော်၏…..လက်ညိုးညွန်ပြရာဆီသို့.. .အားလုံးအကြည့်များရောက်ရှိသွားရာ……
” ဟာ……….”
ချောင်းအားကန့်လန့်ခံ၍နေလေသည့်သစ်တုံးကြီးအားမြင်လိုက်ရတော့သည်…….။
” ငါတို့တော့…..ချမ်းသာပြီဟေ့….”
“ဟေး…….”
အားလုံးလည်း……မြန်မြန်ဆန်ဆန်နှင့်ပင်သစ်တုံးကြီးရှိသည့်ထံသို့အပြေးတစ်ပိုင်းချုံနွယ်တစ်ချို့အားတိုးဝှေ့ပြေးလွှားလိုက်ကြတော့သည်…….။
” ဟာ……..”
” ဟင်……..”
မြင်လိုက်ရသည့်မြင်ကွင်းကြောင့်….အားလုံးလည်းပါးစပ်အဟောင်းသားဖြစ်မိသွားချေတော့သည်…..။
” လဘန်နော်……မင်းပြောတော့….သစ်တုံးမှာရွှေတွေဆို….ခုဘယ်မှာလဲဟ….”
ဦးလဘန်နော်တစ်ယောက်ပင်….မယုံကြည်နိုင်သည့်မျက်လုံးများနှင့်သစ်တုံးကြီးအားကြည့်မိနေရင်း…..
” ဘယ်လိုဖြစ်သွားတာလဲ…..ရွှေတွေကဘယ်ရောက်သွားတာလဲ…..”
” မင်းပြောတဲ့စကားယုံမိတာ…..မှားပြီထင်တယ်ကွာ….”
” ကျုပ်မညာပါဘူး…ကိုဂွန်ဆန်….ကျုပ်ကိုမြွေကြီးအိမ်မက်ပေးတုန်းကကျုပ်လာယူတော့….ဒီတုံးတစ်တုံးလုံးကရွှေတွေကြီးပဲ….ခုတော့ဘယ်လိုဖြစ်ရတာလဲ…..”
ဦးလဘန်နော်တစ်ယောက်……စဉ်းစားမရ
အားလုံးလည်း…လက်မှိုင်ချငြီးငြူ နေကြရင်း…
” ကဲပါလေ…မရှိတော့မှတော့ဘာတတ်နိုင်မှာလဲ….ငါတို့နဲ့မထိုက်လို့မရတာပဲလို့သတ်မှတ်လိုက်ကြပေါ့…..”
အားလုံးလည်း…..ဦးလဘန်နော်တောင်ယာတဲထံသို့
ညအိပ်အနားယူရန်အတွက်….အားမပါသည့်ခြေလှမ်းအစုံနှင့်ပြန်လာခဲ့ကြတော့သည်…..။
#*********************#***********#
” ဗျို့..မုဆိုးကြီး…..”
ခေါ်သံကြောင့်…ဦးလဘန်နော်လှန့်နိုးလာခဲ့ရင်း
” ဟင်…..မြွေ..မြွေကြီးပါလား……”
” ဟုတ်တယ်….မုဆိုးကြီး……ခင်ဗျားကတော်တော်မိုက်မဲတဲ့လူပဲဗျာ…..”
” ဘာ….ဘာ…လို့လဲဗျာ….”
” ကျုပ်ရွှေတွေလာယူဖို့……ပြောတုန်းကခင်ဗျားတစ်ယောက်ထဲကိုပဲ…ယူဖို့ပြောခဲ့တာလေဗျာ……ဘာလို့မသက်ဆိုင်တဲ့လူတွေခေါ်ခဲ့ရတာလဲ….. ”
ဦးလဘန်နော်…..ကြက်သေသေငြိမ်သက်စွာဖြင့်ကြည့်နေမိရင်း……
” ၀မ်းနည်းပါတယ်….မုဆိုးကြီး……ဒါကခင်ဗျားလုပ်တဲ့ကံတရားပဲဗျာ….ကျုပ်လည်းမတတ်နိုင်ဘူး…ကျုပ်သွားတော့မယ်……..”
မြွေကြီးလည်း…..စကားဆုံးသည်နှင့်ဦးလဘန်နော်၏…မျက်စိရှေ့မှပင်တစ်ဖြည်းဖြည်နှင့်တောတန်းကြီးဖက်ဆီသို့တရွှေ့ရွှေ့နှင့်ပျောက်ကွယ်သွားတော့သည်…….။
(ပြီးပါပြီ)
အမှားပါလျှင်ခွင့်လွတ်ပေးကြပါ…….။
( စာဖတ်ပရိတ်သတ်တို့၏…ကြားဖူးနား၀..ဖြစ်ရပ်မှန်များလည်း…အခက်အခဲမရှိလျှင်…ကျွုန်ုပ်၏….cbသို့ပြောပြနိုင်ကြောင်း….မေတ္တာ ရပ်ခံတောင်းဆိုပါတယ်ခင်ဗျာ…)
စာရေးသူ=Zin myo