နူတ်ဆက်ပါတယ်သူငယ်ချင်းရယ်

နူတ်ဆက်ပါတယ်သူငယ်ချင်းရယ်(စ/ဆုံး)

———————————————-

ညဆယ်နာရိခွဲခန့်။

“တူတူ တူတူ တူတူ”

အဆက်မပြတ် ဝင်လာ‌တဲ့ စာကြောင့် မိုး လန့်နိုးလာတယ်။

“”အရူးမ မိုး ထထ”

“မအိပ်သေးနဲ့ထ စကားပြောရအောင်”

“ထလေ ငါနင့်လွမ်းလို့ဟ”

“နင် ငါကို မခင်ဘူး နင့်ကိုကိုဆို နင်ပြန်ပြောတယ်”

အချိန်မတော်မို့ မိုးစိတ်ဆိုး သွားတယ်။

“ငါအိပ်ချင်ပီ မပို့နဲ့တော့ဟာ ဘိုင့်”

အဆက်မပြတ်ပို့နေလို့ မိုး စိတ်ဆိုးပီး ဖုန်းလေးအသံပိတ်လိုက်တယ်။

“နင်စိတ်ဓာတ်မကောင်းဘူး နင့်နဲ့ငါ သူငယ်ချင်း
စရင်းက ပြတ်ပီ သေခန်းပြတ်ဘဲ သူငယ်ချင်း အဆင်ပြေပါစေ ဘိုင့်။”

အဲ့တာ သူထုံးစံ ။သူ့ကပြောချင်ရာပြော ။စိတ်ဆိုးဖုန်းချပီး နောက်တစ်နေ့ သူ့သူ ပြန်ပြေနေတတ်တာ သူ့သဘာဝ။

“ဟူးးးးး”

မိုးပြန်အိပ်မရတာနဲ့ အတိတ်ကအကြောင်းတွေ ပြန်ရောက်‌နေလေရဲ့….
********************

မိုးနဲ့ နေ့သစ်က သူငယ်တန်းကတည်းက အတန်းတူ ကျောင်းနေဖက် ပြောမနာ ဆိုမနာ သူငယ်ချင်း။
မတည့်အတူနေလို့ ပြောရင် ပိုမှန်လိမ့်မယ်။
ပညာပြိုင်ဘက်လဲဖြစ်နေတော့ တည့်နေတဲ့ အချိန်ကရှားတယ်။အဆင့်(1)နေရာ လုနေကြ အတန်းတင် စာမေးပွဲတိုင်း ပထမ လုနေကြပေါ့။
ရန်လဲဖြစ်ကြပေမယ့် သံယောဇဉ်လဲရှိကြပါတယ်။
အတန်းတင်စာမေးပွဲတိုင်းလဲ ထူးထူးချွန်ချွန် အောင်မြင်ကြတယ်။
ဒသမတန်းနှစ်ရဲ့ အစမှာ မိုး ဘဝမမေ့နိုင်စရာအဖြစ်အပျက် တစ်ခု ကြုံခဲ့ရတယ်။

“Chemistryချိန် ဓာတ်ခွဲခန်းမှာ ‌လက်တွေ့ စမ်းသပ်မယ်” လို့ ဆရာကပြောတော့ တစ်တန်းလုံး ရင်ခုန်နေကြတယ်။
အတန်းချိန်ရောက်တော့ ကျောင်းသား/သူ အားလုံး
ဓာတ်ခွဲခန်းထဲ တန်းစီနေရာယူထားကြပြီ။
စာတော်ဆုံး ကျောင်းသားတွေပီသစွာနဲ့ မိုးနဲ့ နေ့သစ် ရှေ့ဆုံးမှာ နေရာယူခဲ့ကြတယ်။ထုံစံတိုင်း ရန်ဖြစ်နေကြတယ်။

“ဟေ့ မိမိုး ဖယ်စမ်း ဂျပုမ”

“အောင်မာ ငါဘာလို့ဖယ်ရမှာလဲ”

“ဖယ်ပါဆို နင်မစွာနဲ့ ငါလက်သီးနဲ့ ပစ်ထိုးလိုက်မှာ
သနားလို့ဗျ..ဟွန်း”

“အောင်မာ ထိရဲထိကြည့်စမ်း ငါ့အသားထိလို့ကတော့ နင်သေဖို့ပြင်”

တစ်ယောက်တစ်လဲ တွန်းထိုးနချိန် ဆရာရောက်လာပီး စာသင်ချိန်စခဲ့ကြတယ်။
ဓာတုပစ္စည်း ဓာတ်ပြုခြင်းအကြောင်းရာများ ဆရာရှင်းပြနေချိန် ‌ညှော်နံ့များအတူ မီးခိုးများ ထွက်လာတာကြောင် ကျောင်းသား ကျောင်းသူများ ထွက်ပြေးကြသည်။ မိုးက တစ်ယောက်ထဲ ကြောင်ကြည့်နေချိန်

“မိုး”

နေ့သစ် အလောတကြီး ခေါ်လိုက်သည်။

“လာလေဟာ ပေါက်‌ေတာ့မယ်ဟ”

စကားမဆုံးမီ ဓာတ်ခွဲခန်းပေါက်ကွဲသွားရသည်။
ပေါက်ကွဲချိန် မိုးကို တစ်စုံတစ်ယောက် ကာကွယ်လိုက်တာ မိုးသိလိုက်သော်လည်း ကျန်တာဘာမှ မသိနိုင်အောင် မိုး လောကြီးနဲ့ အဆက်သွယ် ပြတ်သွားခဲ့ရသည်။
မိုးသတိရချိန် လက်မှာ မီးလောင်ဒဏ်ရာနဲ့ နေ့သစ်ကို တွေ့ရသည်။မိုး ကိုကယ်ရင်း သူ့လက် ဒဏ်ရာရခြင်းပါ။

“အရူးမ သတိရပီလား တော်သေးတာပေါ့ဟာ
ငါက မုန့်ဟင်းခါး စားရပီ မှတ်နေတာ”

“ဟာ နေ့သစ် ကောင်စုတ် နင်နော် ငါ့ကို ပြောရက်တယ် ဟင့်ဟင့်…”

“ဟဲ့ ဘာလို့ငို‌တာလဲ တိတ် တော်ကြာ အပြင်က ငါ့သူငယ်ချင်းတွေက သူ့ရည်းစားကို ဆူနေတယ် ပြောဦးမယ်”

“ဘာ…နင်…”

မိုး လှဲနေရာမှ ထပီး နေသစ်ကို လိုက်ထုရိုက်နေခဲ့တယ်။
************
နှစ်ယောက်လုံး ဆယ်တန်းဆိုတဲ့ ဘဝအဆုံးဖြတ် စာမေးပွဲကြီးကို ဖြတ်သန်းပီး နောက် မိုးက ဝါသနာပါရာ ဆေးပညာတက်ပီး နေ့သစ်က
အမေရိကန်မှာ ပညာဆက်သင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
သူမသွားခင်တစ်ရက် ကောင်ဖီဆိုင်မှာထိုင်း စကားပြောဖြစ်ခဲ့တယ်။

“မိုး မနက်ခါသွားတော့မယ်”

“သွားပေါ့ဟ..ဘာဖြစ်လဲ ငါမလွမ်းဘူး မပူနဲ့”

“အေ နင်က နင့်ကိုကိုဘဲစိတ်ထဲရှိတာ”

“ဘာဖြစ်လဲ နင်အူတိုနေတာလား”

“ဆုတောင်းလေ ငါက စွန်တယ်ဟ
ကျောင်းတုန်းက ငါက ဝိုင်းဝိုင်းလည်နေတာ
ငါ့မရလို့ သတ်သေမယ်ပြောတာ အများကြီး”

“ဟား…ဟားနင့်ရုပ်ကိုမှ အားမနာဟယ်”

“အမယ် နင်သာ မျက်နှာဖြူစုတ်ပီး တရုတ်သရဲလို ဖြစ်နေတာ”

“နင်သာ ဘီလူး နင်သာသရဲ”

တစ်ယောက်တလဲ ငြင်းခုန်းရင်း ပျော်နေကြတယ်။
တအောင့်နေတော့

“မိုး ငါပြန်တော့မယ် နင်ဂရုစိုက် နေကောင်းနေနော်
နင်ကသွေးအားနည်းတတ်တော့ အစားပုံမ‌ှန်စား စိတ်ချမယ်နော် ”

“အေးပါ ငါအဆင်ပြေတယ် ငါမှာ ကိုကိုရှိတယ်”

“ဟုတ်ပါပြီဟာ…”

အသံတုန်ယင်နေလို့ မိုး မော့ကြည့်မိတယ် သူမျက်လုံးမှာ မျက်ရည်တွေ

“ဟာ နင်ငိုနေတာလား”

“ငါက နင့်လို စိတ်ပုတ်မနဲ့ ဝေးရမာမို့ ပျော်နေတာဟေ့ ပျော်နေတာ မိမိုး တာ့တာ”

“အေးးးပါ”

ဒီလိုနဲ့ သူတို့ ပညာရှာရင်း ဝေးနေခဲ့ကြပေမယ့်
စာပုံမှန်ပို့ ဖုန်းပုံမှန်ဆက်နဲ့ အဆက်မပြတ်ခဲ့ကြပါဘူး။
မိုး ဘာလိုလို အဆင်သင့်။ဟိုကနေ လက်ဆောင်တွေပို့ လိုသမျှစာအုပ်ပို့ ။အရာရာ နေ့သစ်က ကူညီနေပေမယ့်
အရင်ကလို ဘုနဲ့ဘောက် ရန်ဖြစ်ဆဲပါဘဲ။

********************
ညက အတွေးဝင်ပီး တော်တော်နဲ့ အိပ်မရလို့ မနက်လင်းတော့ မိုး တော်တော်နဲ့မနိုးခဲ့ဘူး။
viberက စာတွေဝင်လာလို့ အိပ်ချင် မူးတူး ကြည့်တော့
“အရူးမ အိမ်ရှေ့ ထွက်ခဲ့”

မိုးထွက်လိုက်တော့ ခွေးလေးတစ်ကောင်နဲ့ နေ့သစ်။

“ဟင် နင်ပြန်လာတာလား ”

“အေ ကျောင်းပိတ်လို့ဟ လာမုန့်သွားစားမယ် ”

“နေပါဦး အဝတ်လဲဦးမယ် ညဝတ်စုံကြီးနဲ့ ”

“လာစမ်းပါ ပြင်မနေနဲ့ ပြင်လဲ နင့်လို ဂျစ်တူးမ ဘယ်သူမှ မကြိုက်ဘူး ”

“နင်ကရော ဘီးဂါးရုပ်”

“ဘာလဲဟ ဘီးဂါးက”

“ဘီလူးနဲ့ နဂါးစပ်ကျလို့ဟေ့”

“နင်ကတော့လေ…ဆေးဆရာမဖြစ်နေပီ ကလေးဆန်တုန်း ငါ့လာမဆိုးနဲ့နော် နင့်ကိုကိုမဟုတ်ဘူး.”

“သိပါ့ ငါ့ကိုကို့ဘဲဆိုးမှာငါ့က”

“ခုထိမပြတ်ဘူးလား…နင်က သူနဲ့ ရန်ဖြစ် ငါ့ရန်လုပ်တာ ပြတ်တော့ဟာ…နင့်ကိုကိုက နင့်ထားခဲ့မာ ငါကမထားခဲ့ဘူး”

“ပြတ်စရာလား…”

ဟုတ်ပါတယ် မိုးတစ်ခုခု အဆင်မပြေတိုင်း နေ့သစ်ကို ရစ်နေကြပါ
အတူလျှောက်လာရင်း ဆိုင်မှာ ရှမ်းခေါက်ဆွဲ တစ်ယောက် တစ်ပွဲစီမှာ အတူစားရင်း အလုပ်ကြောင်းတွေဘဲ ပြောဖြစ်ကြတော့တယ်။

*****************

မနက်ခင်းတစ်ခု
နိူးလာကတည်းက မိုးစိတ်တွေ မကြည်လင်ဖြစ်နေတယ်။ ခေါင်းတွေကိုက် အလုပ်မှာလဲ အဆင်မပြေ ဝမ်းနည်းသလိုလို။မနက်ပိုင်း ဆေး‌ေကာင်တာမှာထိုင် လိုအပ့်သည့်ဆေးများ ထုတ်ပေးရတာအလုပ်တစ်ခု။
ည‌ေန ငါးနာရီခွဲခန့်။
မိုးက ညနေဘက် လူနာတွေ လိုက်ကြည့်ပီးမှ အဆောင်ပြန်ရတာ။ပင်ပန်းနေတာမို့ အရေးကြီးလူနာတွော ကပြာကယာကြည့်ပီး မိုး ပြန်လာခဲ့တယ်။
တစ်နေရာအရောက်”

“မိုး”

“ဟင် နေ့သစ် ဘယ်ကလာတာလဲ”

“နင့်ဆီလာနူတ်ဆက်တာ နင်ဂရုစိုက်နော် ”

တက်ကြွနေတတ်တဲ့ သူ့အသံတွေ တုန်ယင်နေတယ်။

“ဟဲ့ နင်ဘာဖြစ်တာလဲ ”

“ဟူးးး မဖြစ်ပါဘူး နင်က ဖြူဖတ်ဖြူရော်နဲ့ စိတ်မချလိုက်တာ မိုး ရယ်”

“ပင်ပန်းလို့ပါဟ ဒါနဲ့ နင်ကဘယ်လဲ”

“ဒီလိုပါဘဲ စိတ်ချမယ် ပြောစရာရှိတယ် ကံကြုံရင် ပြောပါ့မယ် အရူးမရယ်
ကဲ။ ငါသှားပီ”

နူတ်ဆက်ပီး ထွက်သွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်ရင်း မိုးရင်ထဲ ဟာတာတာဖြစ်နေမိတယ်။
ဒါပေမယ့် အရင်လဲ စနေကြမို့ မိုး ထွေထွေထူးထူး မစဉ်းစားဘဲ ပြန်လာခဲ့တယ်။

အဆောင်ရောက်တော့ ရေချိုး ညစာစားပီး ဖုန်းလေးသုံးနေချိန် ဖုန်းလေး…ဝင်လာခဲ့တယ်။နေ့သစ် အကိုဝမ်းကွဲရဲ့ဖုန်း….

“ဟဲလို …”

“……….”

“ရှင်”….တစ်ဖက်မှ ပြောသော စကားကြောင့် မိုး မျက်လုံးများ ပြာဝေသွားရသည်။

ဖုန်းချလိုက်သည်နဲ့ ဖုန်းလေးက ထပ်မြည်လာတယ်။မေမေ့ဆီက။ဖုန်းကိုင်စဉ် မိုး ဘာမှမပြောချိန်မရ

” သမီးလေး သူငယ်ချင်းအတွက် မေမေ စိတ်မကောင်းဘူး သမီးရယ်” တဲ့။

ဒါဆို သေချာပီပေါ့ ။
နေသစ် ညနေ လေးနာရီလောက်က အက်စီဒင့်ကြောင့် ဆုံးပီတဲ့။ မိသားစုဘုရားဖူးထွက်တာတဲ့ ဆယ်ဘီးကားက သူတို့ ကားပေါ် မှောက်ပီး ပိသွားတာ မိသားတစ်စုလုံး ပွဲချင်းပီးတဲ့။
ဒါဆို ညနေက မိုးနဲ့ တွေ့ခဲ့တာက ….။
မိုး အသည်းအသန် ငိုကြွေးနေမိတယ်။မိုး နေ့သစ်ဖုန်းကို စာတွေ ပို့လိုက်မိတယ်။ ”

“ဟေ့ နေသစ် မစနဲ့ ”

“စာပြန်ပါ နင်စနေတာလေ”

“အိပ်နေတာမလား ထပါဟာ စာပြန်ပါ”

“သူတို့ ငါ့ကို လိမ်နေကြတာ နင်က ရှိတယ်
နင်စ‌နတာ နင်ထလေ ငါရှိတယ် ထပြောလေ ”

“ထပါဟာ ငါတောင်းပန်ပါတယ်”

” အရူး မစပါနဲ့ အရူးရယ် နင်ပြောတော့ ငါ့ကို မထားခဲ့ဘူးဆို အရူးရ ထပါဟာ….”

ဘယ်လောက်ပို့ပို့ တစ်ဖက်က raply မပြန်လာခဲ့ပါဘူး ။ဖုန်းလေးဆက်တော့ စက်ပိတ်ထားပါတယ်တဲ့။

နေ့သစ်ရယ် …..

“နင့်ကို ငါပြောစရာရှိတယ် ကံကြုံရင် ပြောမယ်”

နေသစ်စကားကို အခါခါ ပြန်ကြားရင်း
မိုးဖြည်မဆည်းနိုင် ဖြစ်ခဲ့ရတယ်။
************
နောက်တစ်နေ့ မိုး ဘုရားမှာ နေ့သစ်တွက် ဆွမ်း ပန်း ရေချမ်း ကပ်လှုပီး ဘုရားရှိခိုး အမျှဝေပေးခဲ့တယ်။

သူငယ်ချင်း နေ့သစ်ရေ…..
နင်ကို ငါ အမြဲသတိရနေမှာပါဟာ
နင်ကောင်းရာဘဝမှာ ရောက်ရှိ ပါစေဟာ
အမျှ…အမျှ…..အမျှ….
‌မိုး တစ်ယောက် မျက်ရည်များနဲ့ အမျှဝေရင်း
နူတ်ဆက်ထွက်ခွာသွားသော နေ့သစ်ပုံရိပ်ကို ပြန်လည် မြင်ရောင်နေရင်းကနေ

“နောက်ဘဝကျရင် ဆုံကြတာပေါ့ အခုတော့ နူတ်ဆက်ပါတယ် သူငယ်ချင်းရယ်

(ဖြစ်ရပ်မှန်အား ခံစားရေးသားသည်။)
လိပ်ပြာ