“နေဝင်ချိန်လေးလှပါရစေ”(စ/ဆုံး)

“နေဝင်ချိန်လေးလှပါရစေ”(စ/ဆုံး)

================================

“ရော့…စား”

“အလုပ်ကြမလုပ်ချင်ဘူး
အစားကြစားချင်တယ်၊ဆန်တစ်ဘူး
ဘယ်လောက်မှတ်နေလဲ အဖေရဲ့”

“အဖေတကယ်အလုပ်မလုပ်နိုင်လို့ပါ
သမီးရယ်၊အဖေလုပ်နိုင်ခဲ့တုန်းက
သမီးတို့ ညီအစ်မသုံးယောက်နဲ့သမီး
အမေကိုအဖေပဲရှာကျွေးခဲ့တာပါကွယ်။

“ကိုပေသီး ရှင်အပိုတွေပြောမနေနဲ့
ရှင်လုပ်စာစားခဲ့ရတာက ဟိုးသဝေသနီ
ခေတ်မှာကျန်ခဲ့ပြီတော့်။
အခုမှလာပြီးချေးခြောက်ရေနူးမနေစမ်းပါနဲ့တော်”

“ဟုတ်တယ်အဖေ
အခုကြပ်တည်းနေတဲ့အချိန်မှာ
သမီးတို့ဘယ်လောက်ရှာဖွေ
ရုန်းကန်နေလဲဆိုတာ အဖေသိရဲ့လား။
အခုခေတ်ကြီးထဲမှာ ထမင်းတစ်လုပ်စားရဖို့လွယ်တယ်မှတ်
နေလားအဖေ ”

ထမင်းတစ်လုပ်ပင်မစားရသေးပေ
ဇနီးသည်နှင့်သမီးများက ငြူစူပြော
ဆိုနေကြသည့်အတွက် ထမင်းအား
မျိုမကျဖြစ်နေသည်။
ဦးပေသီးအသက်၆၀ကျော်ပြီဖြစ်သည်
အရင်လိုအလုပ်မလုပ်နိုင်တော့သည့်
အတွက်ဇနီးနှင့်သမီးများက ဦးပေသီးအား မကြည်ကြတော့ပေ။
ထမင်းတစ်လုပ်စားရဖို့အရေး
လက်ညှိုးငေါက်ငေါက်ထိုးကာ
ပြောဆိုခြင်းကိုခံရလေသည်။

အလုပ်လုပ်နိုင်ကိုင်နိုင်ခဲ့တုန်းက
ဇနီးနှင့်သမီးများက ယခုလို
မဟုတ်ကြချေ။
ကြင်ကြင်နာနာနှင့်ဆက်ဆံခဲ့ကြသည်။
မလုပ်နိုင်မကိုင်နိုင်ဖြစ်သည့်အရွယ်
ရောက်မှဇနီးနှင့်သမီးများ၏ စရိုက်က
ပေါ်လွင်လာကြသည်။
ထမင်းကျွေးလျှင်ထမင်းပန်းကန်အား
ပစ်ပေါက်ပြီးကျွေးလေသည်။
တစ်ခါတလေဇနီးသည်က ဦးပေသီးအား
ရိုက်နှက်ကာနှိပ်စက်ပြန်သည်။
ဦးပေသီးလည်း အသက်ရှင်လျက်ငရဲသို့
ရောက်နေသည့်အလား ဆင်းရဲကြီးစွာ
ခံစားရလေသည်။

ရေချိုးသည့်အခါ ရေမဆွဲနိုင်သဖြင့်
ဇနီးသည်ကချိုးပေးလေသည်။
စေတနာပါလွန်း၍ချိုးပေးခြင်းတော့
မဟုတ်ပေ၊ဦးပေသီးခန္ဓာကိုယ်မှထွက်သည့်အနံ့အား
မခံနိုင်၍ချိုပေးခြင်းဖြစ်သည်။
ဦးပေသီးရေချိုးရမှာကိုအလွန်ကြောက်
သည်။
မကြောက်၍လည်းမဖြစ်ပေ
သူ့အကြောင်းနှင့်သူရှိလေသည်။
ရေချိုးသည့်အခါ ဇနီးသည်က
လက်သည်းများဖြင့် သွေးထွက်အောင် ကုတ်ခြစ်ကာဦးပေသီးအားရေချိုးပေး
သည်။

နာကျင်လွန်း၍အော်သည့်အခါ
ဇနီးသည်ကဦးပေသီးအား
ရိုက်ပြန်သည်။
သို့ကြောင့်ရေချိုးရမည်ကို ဦးပေသီး
အင်မတန်ကြောက်နေခြင်းဖြစ်သည်။
ညအိပ်သည့်အခါ ဦးပေသီးတစ်ယောက်
မိမိဘဝကိုပြန်တွေးပြီး ငိုခဲ့ရလေသည်။
အသက်ကြီးမှကံဆိုးလှသည့်
မိမိအဖြစ်အားတွေးမိကာ အားငယ်ဝမ်းနည်းမိလေသည်။
သို့ကြောင့်နောင်ဘဝ၌ ယခုလို
အဖြစ်မျိုးမကြုံစေဖို့ ဘုရားတရားကိုသာ
အာရုံစိုက်ပြီးဆုတောင်းနေခဲ့ရသည်။

================

“ကိုပေသီး ဒီမှာရှင်သောက်ဖို့ ကော်ဖီထုပ်လေးဖျော်လာတယ်
ထသောက်လိုက် ”

ဇနီးသည်မှာမတိုက်စဖူး
ကော်ဖီဖျော်တိုက်သည့်အတွက်
ဦးပေသီးလည်းဝမ်းပန်းတသာဖြင့်
အိပ်ရာထဲမှထကာကော်ဖီခွက်အား
သောက်လိုက်သည်။

“သောက်ပြီးရင်အိပ်တော့ကိုပေသီး
ဘာသံမှမကြားချင်ဘူး ”

“အင်းပါ…”

ဦးပေသီးလည်း အိပ်ရာထဲဝင်ကာ
လှဲနေလိုက်သည်။

“ငါ့မိန်းမက ငါ့အပေါ်မေတ္တာတော့ရှိသေးသားပဲ”

ဦးပေသီးလည်း ဇနီးသည်က
ကော်ဖီဖျော်တိုက်သည်ကို ပီတိဖြစ်ပြီး
အိပ်ပျော်သွားလေသည်။

နံနက်လင်းတော့………

“ဝှီ ဝှီ”

“တီ တီ ပွမ်ပွမ်”

“ဘူး ဘူးဝူး”

နားထဲ၌ဆူဆူညံညံအသံကြားသဖြင့်
ဦးပေသီးလည်းမျက်လုံးကိုဖွင့်ပြီး
ကြည့်လိုက်မိသည်။

“ဟင်…”

ပတ်ဝန်းကျင်ကိုကြည့်မိတော့
ဦးပေသီးတစ်ယောက် အံ့သြထိတ်လန့်
သွားခဲ့ရသည်။
ဦးပေသီးမျက်ဝန်းမှမျက်ရည်များ
ကျဆင်းလာခဲ့သည်။
စကားမပြောနိုင်လောက်အောင်
အားအင်တို့ချိနဲ့သွားလေသည်။

မှန်ပေသည် ဦးပေသီးရောက်နေသည်မှာ
ကားလမ်းနံဘေးသို့ရောက်နေခြင်း
ဖြစ်သည်။
ကော်ဖီသောက်ပြီးအိပ်ခဲ့သည်
နိုးလာတော့ကားလမ်းနံဘေးသို့
ရောက်နေသည်။
ကော်ဖီထဲသို့အိပ်ဆေးထည့်ပြီး
မိမိအားကားလမ်းဘေးသို့လာပစ်သွား
မှန်းဦးပေသီးသိလိုက်သည်။
သို့ကြောင့်ဇနီးသည်နှင့်သမီးများအား
လုပ်ရက်လေခြင်းဟုတွေးမိကာ
ငိုနေခြင်းဖြစ်သည်။

ဦးပေသီးတစ်ယောက် ကားလမ်းဘေး၌ထိုင်ငိုနေသည့်အချိန်
လူတစ်ယောက်သူ့အနားသို့
ရောက်လာသည်။
ဦးပေသီးလည်းမျက်ဝန်းထဲမှမျက်ရည်စ
များဖြင့်မော့ပြီးကြည့်လိုက်သည်။

“အဘ ဘာဖြစ်လို့လဲဗျ
နေမကောင်းလို့လား ”

“မဟုတ်ပါဘူး ငါ့တူရယ်
အဘဝမ်းနည်းလွန်းလို့ငိုနေတာပါ။

“ဗျာ…ဘာဖြစ်လို့လဲ အဘရဲ့
ကျွန်တော့်ကိုပြောပြလေ
ကျွန်တော်ကူညီနိုင်ရင်ကူညီရတာပေါ့။

“အဘအိပ်နေတုန်း အဘကို
ကားလမ်းဘေးမှာလာပစ်သွားကြတယ်
ငါ့တူရယ်။
အီးဟီးဟီး”

“ဗျာ…အဘအိပ်နေတုန်း
အဘကိုကားလမ်းဘေးမှာ
လာပစ်သွားကြတာဟုတ်လားအဘ
အဘကိုလာပစ်သွားတာ
အဘသားသမီးတွေလား”

“အဘမပြောချင်တော့ပါဘူးကွယ်
စိတ်မကောင်းလွန်းလို့ အဘသေချင်တာပဲသိတော့တယ်ကွာ”

“ဟာအဘကလည်း
မပြောကောင်းမဆိုကောင်းဗျာ
ကျွန်တော့်မှာသက်ကြီးဘိုးဘွားတွေကို
ကူညီစောင့်ရှောက်ပေးနေတဲ့
အစ်ကိုတစ်ယောက်ရှိတယ်
သူ့ကိုကျွန်တော်ဖုန်းဆက်ပြီး
အကူအညီတောင်းပေးမယ်နော်အဘ။

“ကျေးဇူးတင်ပါတယ် ငါ့တူရယ်”

ထိုလူငယ်လည်းခါးကြားမှ
ဖုန်းထုတ်ကာဆက်လိုက်သည်။

“ဟဲလို…အစ်ကိုရေ
ဒီမှာအရေးကြီးတဲ့ကိစ္စလေးရှိနေလို့
လာခဲ့ပါလားဗ်။
ဒီမှာလေအဘတစ်ယောက် ခိုကိုးရာမဲ့ဖြစ်နေလို့ အဲဒါအစ်ကို့ကို
အကူအညီလှမ်းတောင်းလိုက်တာ”

“အေးအေး အစ်ကိုလာခဲ့မယ်
နေရာပြော”

“ဟုတ်အစ်ကို………………
ဒါပဲနော်အစ်ကို ”

“အေးညီလေး အစ်ကိုအခုပဲလာခဲ့မယ်”

ဖုန်းချပြီးသည်နှင့်ထိုလူငယ်လည်း
ဦးပေသီးအနားကပ်လာသည်။

“အဘ ဘာမှမပူနဲ့တော့
အဘကိုကူညီဖို့ လူတစ်ယောက်လာနေပြီ
အဘဒီနေ့ကစပြီးဘာမှစိတ်ညစ်နေစရာ
မလိုတော့ဘူးအဘ။

“ကျေးဇူးတင်ပါတယ် ငါ့တူရယ်
ကျန်းမာချမ်းသာပါစေကွယ်
သာဓု သာဓု သာဓု”

ထိုလူငယ်လည်းဦးပေသီးနှင့်
ရောက်တက်ရာရာများနေတုန်း
ကားတစ္စီးကသူတို့အနီးသို့
ရောက်လာသည်။
ကားပေါ်မှလူတစ်ဦးဆင်လာသည်ကို
ဦးပေသီးမြင်လိုက်သည်။

“အစ်ကိုရေ ဒါကျွန်တော်ပြောတဲ့
အဘလေ အဘနာမည်က ဦးပေသီးတဲ့ အဘကိုကားလမ်းဘေးလာပစ်သွား
ကြတာ။
အစ်ကိုကြည့်လုပ်ပေးပါဦးဗျာ”

“အေးအေး ငါ့ညီ”

“အဘ ကျွန်တော်ကပရဟိတ
လုပ်နေတဲ့လူတစ်ယောက်ပါဗျ။
အဘတို့လိုခိုကိုးရာမဲ့ေနတဲ့
သက်ကြီးဘိုးဘွားတွေကို ကူညီနေပေးနေတဲ့လူတစ်ယောက်ပါ
အဘကိုကျွန်တော်တို့ရဲ့ ခိုနားရာ
သက်ကြီးဂေဟာကို ခေါ်မယ်ဆိုရင်
အဘလိုက်မလား။
ဟိုမွာအဘစားဖို့ေနဖို့ဝတ္ဖို့
ကျန်းမာရေးကအစဘာမှမပူရဘူး
အဘရဲ့ ”

“သိပ်နေချင်တာပေါ့ ငါ့တူရယ်
အဘနေဝင်ချိန်မှာ ဘုရားတရားလေး
လုပ်ရင်းဘဝကိုကုန်ဆုံးချင်တယ်
ငါ့တူရယ်။

“ဒါဆိုရင် အဘကျွန်တော်နဲ့သာ
လိုက်ခဲ့ပေတော့”

“ကျေးဇူးတင်ပါတယ် ငါ့တူရယ်
ကျန်းမာချမ်းသာပါစေကွယ်”

“အဘပေးတဲ့ဆုနဲ့ပြည့်ပါရစေဗျာ”

ဦးပေသီးလည်း ကားပေါ်သို့
တက်လိုက်လာခဲ့သည်။
ခိုနားရာသက်ကြီးဂေဟာသို့
ဦးပေသီးတစ်ယောက်ရောက်ရှိလာခဲ့
သည်။
ဂေဟာ၌မိမိလိုခိုကိုးရာမဲ့နေသည့်
ဘိုးဘွားများအားတွေ့မြင်လိုက်ရသည်။
ဂေဟာ၌ရှိသောဝန်ထမ်းများက
ဦးပေသီးအားပြုံး၍ဆီးကြိုကြလေသည်။
ဦးပေသီးအားနေရာတစ်ခုပေးကြသည်
ဦးပေသီးစားသုံးရန်အတွက်
စားစရာသောက်စရာများလာရောက်
ချပေးကြလေသည်။

ဦးပေသီးလည်း နွေထွေးမှုကို
ရရှိလိုက်သည့်အတွက် ရင်ထဲမှ
သောကအပူမီးများငြိမ်းခဲ့ရသည်။
ခိုနားရာဂေဟာ၌ဘုရားတရားကိုသာ
အာရုံပြုပြီး ဘဝနေဝင်ချိန်အား
လှပစေရန်ကြိုးစားအားထုတ်နေ
ခဲ့လေသည်။

ပြီးပါပြီ။ ။
နေဝင်ချိန်များလှကြပါစေလို့
စာဖတ်သူများအားဆုတောင်းရင်း

ရေးသားသူ-အောင်ဓူဝံ
#အောင်ဓူဝံ