နေ့စံညခံကိုဘမာန်(စ/ဆုံး)

Unicode Version

နေ့စံညခံကိုဘမာန်(စ/ဆုံး)
——————————–
အချိန်အားဖြင့် လွတ်လပ်ရေးရပြီးကာစ ဖြစ်၏ ဗြိတိသျှတို့၏လက်အောက် ကျွန်သဘောက်ဘဝမှ လွတ်မြောက်လာခဲ့သော မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းမှ ရုန်းတတ်နေရသော အခိုက်လဲ ဖြစ်ချေသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ်အပိုင် တောရွာလေးဖြစ်တဲ့ အလယ်တောရွာလေးမှာ ကိုဘမာန်နှင့်မခင်ဦးတို့ လင်မယားနှစ်ယောက် အချေချနေထိုင်ကြတယ်။

“..ကိုဘမာန်..”

“…ဘာတုန်းဟ…”

ဇနီးဖြစ်သူ မခင်ဦး၏ခေါ်သံကြောင့် ကိုဘမာန်
စိုက်လက်စ ဝါးပင်ငယ်ကို မြေများအမြန်ဖို့ရင်းနဲ့လှမ်းထူးလိုက်သည်။

“…တော်….ဘာပင်စိုက်နေတာတုန်း…
…ဟ….ဝါးပင်စိုက်နေတာ….နင်မမြင်ဘူးလား…”

ကိုဘမာန်စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်တော့ခပ်လာသော သောက်ရေခွက်အား ကိုဘမာန်ကို လှမ်းကမ်းလိုက်ရင်းနဲ့။

“…ကိုဘမာန်…..တော့်ဝါးပင်က….ခြံစည်းရိုးအလယ်မှာ….ဘာလို့စိုက်ရတာတုန်း….”

“..ဟာ….ဒီမိန်းမ….ငါ့ခြံစည်းရိုးအလယ်ငါစိုက်တာ…ဘာဖြစ်သေးတုန်း…”

“..သြော်….ဘာမှတော့မဖြစ်ပါဘူး….သူများခြံဘက်ပါသွားမှာ….စိုးလို့ပါ….တော်ကလဲ…”

….နင်စကားမရှည်ပါနဲ့…ခင်ဦးရယ်….ငါအလယ်မှာစိုက်ထားတာပါဟ…”

ယောကျ်ားဖြစ်သူ၏ စိတ်ကိုသိနေသောကြောင့်
မခင်ဦး အငြင်းအခုံမလုပ်ချင်တော့ပေ မီးဖိုချောင်ထဲမှာ တည်ထားခဲ့တဲ့ ဟင်းအိုးကို သတိရသွားတာနဲ့ ထလာခဲ့လိုက်ပါတော့တယ် စိတ်ထဲတော့ သိပ်ဘဝင်မကြပေ ကိုဘမာန်ဟာ လက်သမားဆရာ ဘဝနဲ့ခေတ် ပျက်ကြီးထဲမှာ မခင်ဦးကို စားဝတ်နေရေး မပူပင်ရလေအောင် ရှာဖွေ​ကျွေးမွေးနေနိုင်တာကိုပဲ ကျေနပ်ရမှာပါလေ ကိုဘမာန်ဟာ တစ်ခါတစ်လေကြတော့
ပရဟိတအလုပ်များ ကုသိုလ်အရေးများ၌စွမ်းစွမ်းတမံ ပါဝင်တတ်ပြီး တစ်ရွာလုံးနှင့်တည့်အောင်လည်းပေါင်းသင်းဆက်ဆံရေး ကောင်းလှပါသည်။

==============

နေ့ရက်တို့ ကုန်လွန်လာသည်နှင့် အမျှ ကိုဘမာန်တို့ လင်ယားနှစ်ယောက်မှာ သမီးဦးဖြစ်တဲ့ မခင်ထားကို မွေးဖွားခဲ့လေသည် ကလေးကလဲ ရလာပြီဆိုတော့ ကိုဘမာန် အလုပ်ကို ပိုပြီး ကြိုးစားလုပ်ကိုင်ရပါတော့သည် အလုပ်က ပြန်လာသည်နှင့် အပင်စိုက်ဝါသနာကြီးသော ကိုဘမာန်ဟာ သူ့ခြံဝန်းအတွင်း သူစိုက်ပျိုး
ခဲ့သော အပင်များကို ရေလောင်းပေါင်းသင်နဲ့ ပီတိ ဖြစ်နေတတ်ပါတယ်။

“…ကိုဘမာန်…”

ခေါ်သံကြား၍ လှည့်ကြည့်လိုက်တော့ တစ်ဖက်ခြံပိုင်ရှင် ကိုသိန်းအောင် ဖြစ်နေသည်

“…ပြောလေ….ကိုသိန်းအောင်…”

ကိုသိန်းအောင်မျက်နှာ သိပ်မကောင်းပါ။

“..ခင်များအခုဘာလုပ်နေတာလဲ…”

“….ကျုပ်ခြံစည်းရိုး…ခတ်နေတာလေဗျာ…..

“..ခြံစည်းရိုးခတ်တယ်….ဆိုရင်လဲ…..သေခြာကြည့်ပါဦးဗျ….ခင်များခြံစည်းရိုးက….ကျုပ်ခြံဘက်ကို…ရောက်နေတယ်လေဗျာ..”

ကိုဘမာန် နှီးဖြင့်ချည်နေသော ဝါးခြံစည်းရိုးကို ပြန်ကြည့်လိုက်ပြီးနောက်။

“…ကိုသိန်းအောင်ရယ်…ကျုပ်ဝါးပင်ကိုပဲ…ကျုပ်ကခတ်တာပါဗျ…..ခင်များမြေကို….အလွတ်တန်း…ဝင်ခတ်နေတာမဟုတ်ပါဘူး…”

ကိုဘမာန်စိုက်ခဲ့သော ဝါးပင်မှာ နှစ်ဖက်ခြံစည်းရိုးရဲ့ အလယ်၌ဖြစ်သောကြောင့် ဝါးမျှစ်များက တစ်ဖက်ခြံထဲသို့ ပေါက်ရောက်နေခြင်းဖြစ်၍ ထိုဝါးမျှစ်များကိုပါ ခြံဝင်ခတ်လေတော့ တစ်ဖက်ခြံရှင် ကိုသိန်းအောင်က သတိပေးခြင်းဖြစ်၏။

“…ကဲ…ဒါဆိုရင်လဲ…..ဒီလိုလုပ်ဗျာ….ခင်များဝါးတွေရင့်လို့…..ခုတ်ပြီးတဲ့အခါ…..အခုခြံစည်းရိုးကို…နောက်ဆုတ်ပြီး…..ပြန်ခတ်ပေးဗျာ…”

ကိုဘမာန် တစ်ချက် စဥ်းစားလိုက်ပြီးနောက်။

….ကဲ….ကောင်းပါပြီဗျာ…..ကျုပ်လုပ်ပေးပါ့မယ် ကိုသိန်းအောင် ပြန်လှည့်ထွက်သွားလေ၏ အမှန်တစ်ကယ်လည်း ကိုသိန်းအောင်ခြံထဲသို့ ကိုဘမာန်ရဲ့ ခြံစည်းရိုးက အတော် ကျွံဝင်နေခဲ့ခြင်းဖြစ်သည်ကို ကိုဘမာန် သိနေပါလျှက် မြေလိုချင်သော စိတ်နှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းပင် ဖြစ်သည်။

=================

လက်သမားအလုပ်အပြင် သစ်လုပ်ငန်းပါတွဲဖက်၍ လုပ်ကိုင်လာသော ကိုဘမာန်တို့မိသားစု အတော် အဆင်ပြေခဲ့လေသည် သမီးအကြီး မခင်ထားတောင် ၅နှစ်ပင်ပြည့်ခဲ့လေပြီ ဒုတိယသားငယ် ဖိုးအေးလေးကို ထပ်၍မွေးဖွားခဲ့၏ ကလေးနှစ်ယောက်နှင့် သာယာစိုပြေသော မိသားစုဘဝကို ပိုင်ဆိုင်ထားသောကိုဘမာန်မှာ ကျေနပ်ပီတိဖြစ်၍ မဆုံးပေ သို့သော်
သူခတ်ထားခဲ့သော ဝါးပင်နှင့် ခြံစည်းရိုးကိုတော့အခုချိန် နောက်ပြန်မဆုတ်သေးပေ ဝါးပင်များ ရင့်လို့တစ်လုံးပြီး တစ်လုံးသာ ခုတ်သွားတာ ခြံစည်းရိုးကတော့ ဒီအတိုင်းပါပဲ တစ်ဖက်ခြံက ကိုသိန်းအောင်လည်း နှစ်ကြိမ်သုံးကြိမ် လာရောက်သတိပေးခဲ့ပြီးနောက် အချင်းမများချင်တာနဲ့ ဘာမှလာမပြောတော့ပေ ဒီလိုနဲ့ နေလာခဲ့ကြတာ တစ်နေ့တော့ ကိုဘမာန်သစ်ဝိုင်းဆီမှအပြန် ရေချိုးမှားပြီး အပြင်းဖျားလေ
တော့သည် ပြေပြေလည်လည် နေနိုင်သူမို့ ဆရာတွေနှင့်ကုသော်လဲ မည်သို့မှ အခြေအနေမထူးပဲ နောက်ဆုံးတော့ ကိုဘမာန်တစ်ယောက် လောကကြီးနဲ့ သူချစ်သော မိသားစုကို အပြီးတိုင် စွန့်ခွာသွားလေတော့သည် ကျန်ရစ်ခဲ့သော မခင်ဦးနှင့် ကလေးနှစ်ယောက်မှာ ကိုဘမာန် ရှာထားခဲ့တာတွေနဲ့ တင့်တင့်တယ်တယ်
နေထိုင်စားသောက်ခဲ့ရလို့ အများကြီးတော့ မပူပင်ရပေ။

“..ဘုတ်…..ဘုတ်……ဘုတ်..”

အိပ်ပျော်နေသော မခင်ဦးနားထဲသို့ မြေကြီးအပေါ်တစ်ခုခုပစ်ချနေသည့်အသံ အတိုင်းသားကြားနေရလေသည် မခင်ဦး အသာနားစွင့်နေလိုက်၏။

“…ဘုတ်…ဘုတ်….ဘုတ်..”

အသံလာဘက်ကို နားစွင့်လိုက်တော့ အိမ်နောက်ဖေးဘက်ကလာသော အသံဖြစ်နေ၏ မခင်ဦးအိပ်ယာမှလူးလဲထခါ အိမ်အလယ်၌ ချိတ်ဆွဲထားသော အောက်လင်းမီးအိမ်အား ဖြုတ်ယူပြီးနောက် ခြံထဲသို့ဆင်းပြီး အသံကြားရာ နောက်ဖေးဘက်သို့ သွားကြည့်သောအခါ ဘာမျှမတွေ့ရပေ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ခုဏကြားရသော
အသံသည်လဲ တိတ်ဆိတ်သွားလေ၏ မီးအိမ်ကိုဆွဲခါစိတ်ထဲ ဇဝေဇဝါနှင့် အိမ်ပေါ်သို့ မခင်ဦး ပြန်တတ်ခဲ့လေသည် အိမ်ပေါ်ရောက်တော့ အိမ်ယာထဲပြန်ဝင်ပြီးအိပ်ပျော်ခါနီးတွင် ထိုအသံက ကြားနေရပြန်သည်။

“…ဘုတ်……ဘုတ်…..ဘုတ်…”

“…ဟင်…..ခုဏ…..ငါဆင်းကြည့်တာလဲ….ဘာမှမရှိပါလား….အခုပြန်ကြားနေရပြန်ပြီ….ခက်တော့….ခက်ပြီ”

သမီးကြီးနှင့်သားငယ်တို့ အိမ်မောကြနေပြီဖြစ်၍ခြေသံလုံလုံဖြင့် နောက်တစ်ခေါက် ဆင်းကြည့်လိုက်ပေမယ့် ဘာမျှမတွေ့ရပြန်ပါဘူး။

“..အင်း….ဘာများပါလိမ့်…”

ဒီလိုနဲ့ သုံးခေါက် လေးခေါက်လောက် ဆင်းကြည့်သော်လဲ ဘာမှ ထူးခြားတာ မတွေ့တဲ့အတွက် မခင်ဦးလည်း အိပ်ယာထဲသို့ဝင်ခါ အိပ်လေတော့သည်။

=================

“..ဟဲ့….မခင်ဦး…”

“…ဟော့….မသိန်းကြွယ်ပါလား….လာထိုင်လေ….”

မခင်ဦး ဆန်ပြာနေရာ နေရာသို့ တစ်ဖက်ခြံမှ ကိုသိန်းအောင်၏ဇနီး မသိန်းကြွယ် ဝင်လာရင်း ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

“..ဆိုပါဦး…မသိန်းကြွယ်ရဲ့….မလာစဖူးအလာထူးလို့ပါလား….ဘာများ…အရေးရှိလို့တုန်း..”

မသိန်းကြွယ် ပတ်ဝန်းကျင်ကို ဝေ့လည်ကြည့်လိုက်ပြီးမှ။

“…ဒီလိုဟ…ကျုပ်ညဘက်..အပေါ့အပါးသွားရင်းနဲ့…တော်တို့နောက်ဖေးဘက်က….တစ်ဘုတ်ဘုတ်နဲ့..အသံတွေ….ကြားနေရတာ….နှစ်ရက်သုံးရက်ရှိနေပြီ…တော်ယောကျ်ားကလဲ…ဆုံးသွားတာမကြာသေးတော့….မိန်းမသားပဲရှိနေတဲ့….ဒီခြံထဲကို….အခုလိုခေတ်ပျက်ကြီးထဲ….မတော်သူတွေ…လာသလားလို့..ကျုပ်က….စိတ်ပူလို့….လာ​သတိပေးတာပါ…”

ဇကောထဲမှ စပါးစေ့များကို ရွေးရင်းနဲ့ မသိန်းကြွယ်ပြောသမျှကို နားထောင်နေသော မဦးခင်းက။

“…ဟုတ်တယ်….မသိန်းကြွယ်….ကျုပ်လဲ…ကြားနေရတာကြာပြီတော့်….ဒါပေမယ့်….ကျုပ်ဆင်းကြည့်ရင်…ဘာမှမတွေ့ရတော့ဘူး….မသိန်းကြွယ်ရေ..အစပိုင်းတော့…..ကျုပ်လဲ…..ဆင်းဆင်းကြည့်တယ်…ဘာမှမတွေ့ပါများတော့…..မကြည့်ဖြစ်တော့တာပါ…”

မသိန်းကြွယ် အသေအခြာစဥ်းစားနေရင်း တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ထိတ်လန့်တုန်လှုပ်သော အမူအရာနှင့်။

“…ဟဲ့…မခင်ဦး..မပေါ့ဆနဲ့ဟ….တော်ကြာ…နာနာဘဝတွေများ…..ဖြစ်နေမလားမသိပါဘူး…တော့်မှာက….ကလေးတွေနဲ့….သိတဲ့နားလည်တဲ့လူ…တစ်ယောက်ယောက်ကို…..တော်မေးကြည့်တာ….ပိုအဆင်ပြေမယ်ထင်တယ်…..ဒါမျိုးက…ကြာကြာထားလို့….မကောင်းဘူးတော်ရေ…”

မသိန်းကြွယ်၏စကားကို အသေအခြာစဥ်းစားကြည့်တော့ ဖြစ်နိုင်တယ် ဆင်းကြည့်ပေမဲ့ ဘာအရိပ်အယောင်မျှ မတွေ့ခဲ့ရဘူးလေ မခင်ဦးက အကြောက် အလန့်နည်းပေမယ့် ကလေးတွေ ဒုက္ခရောက်မှာတော့ စိုးရိမ်မိသည်။

“..အင်းပါ….ကျုပ်….ရွာမြောက်ပိုင်းက….ဦးစိန်အေးကို…..မေးကြည့်လိုက်ပါ့မယ်…..သူကဒါမျိုးတွေဆိုရွာထဲမှာ…..နည်းနည်းနှံ့စပ်တယ်…..မဟုတ်လား..”

“…ကောင်းတာပေါ့တော့်…..မခင်ဦးရေ…မေးဖြစ်အောင်မေးလိုက်ဦးနော်….ကျုပ်က….အိမ်နီးနားခြင်းမို့….တော့်ကို…သတိလာပေးတာ…ပြန်ဦးမယ်…”

“…ကျေးဇူးတင်ပါတယ်….မသိန်းကြွယ်ရေ…ကျုပ်မေးလိုက်ပါ့မယ်…”

================

ဦးစိန်အေး ကန်တော့ပွဲများကို အသေအခြာစီစစ်ပြီးနောက် အနောက်သို့လှည့်ခါ။

“…ဟဲ့….ခင်ဦး..”

“..ရှင်…”

“…နင်ပြောတာ….သေခြာတယ်နော်…”

“…ဟုတ်ကဲ့….အဘ….သေခြာပါတယ်…”

“…အေးဒါဆိုရင်….ဒီကန်တော့ပွဲတွေအနား….ကလေးတွေ….မကပ်စေနဲ့….ကြားလား…”

“…ဟုတ်ကဲ့ပါ….အဘ..”

…အေး…..ငါ…..နွားရိုင်းသွင်းချိန်ကြ….တစ်ခေါက်ပြန်လာခဲ့မယ်…”

“…ဟုတ်ကဲ့…”

ဦးစိန်အေး မခင်ဦးအား မှာစရာရှိတာများ မှာကြားပြီးနောက် အိမ်ပြန်သွားလေတော့သည် မခင်ဦးလဲ ကန်တော့ပွဲတွေအနား ကလေးတွေကို မကပ်ဖို့ သတိပေးထားပြီး လုပ်စရာရှိသည်များကို လုပ်ရင်း နေဝင်ရီတရော (သို့မဟုတ်) နွားရိုင်းသွင်းချိန်သို့ ရောက်ရှိလာလေတော့သည် ဦးစိန်အေး လွယ်အိတ်တစ်လုံးနဲ့
ရောက်လာပြီး ကန်တော့ပွဲတွေအနားဖယောင်းတိုင် အမွှေးတိုင်များထွန်းလျှက် အလုပ်စလေတော့သည်။

“…ကဲ….ဒီခြံထဲမှာ…ရှိနေတဲ့….နာနာဝ…အပယ်ဘုံသား….မင်းရှိနေတာကို….ငါသိနေတယ်နော်…..ဘာဖြစ်ချင်တာလဲ….ဘာလုပ်ချင်တာလဲ….ငါ့အရှေ့ကို….အခုလာ..ပြောစမ်း..”

ဦးစိန်အေး ထိုသို့ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအပင်ကြီးများ ခြံစည်းရိုးက ဝါးပင်များ လေမတိုက်ပါပဲ ယိမ်းထိုးလှုပ်ရှားလျှက် ဖယောင်းတိုင်မီးများတစ်ယောက်ယောက်က မှုတ်လိုက်သလို ငြိမ်းသွားလေ၏ ဦးစိန်အေး အနည်းငယ်လန့်သွားသည် သူထွန်းညှိသောမီးကို ငြိမ်းရဲသည့်အနေအထားသည် ပေါ့သေးသေးတော့ မဟုတ်တော့ပေ။

“…ကဲ…..မင်းတို့က….ငါ့ကိုပညာစမ်းချင်တာလား…ကဲ…..ရော့ကွာ..”

ဦးစိန်အေး လွယ်အိပ်ထဲသို့ လက်နှိုက်လိုက်ပြီး ပါလာသော အမှုန့်များဖြင့် အမှောင်ထဲသို့ လမ်းပက်လိုက်တော့သည် အမှောင်ထဲ၌ အရိပ်လိုလိုအရာများ ကူးလူး နေကြပြီး သိပ်မကြာခင်မှာပဲ။

“…ဖောင်း…”

“…အမလေးဗျ..”

ဦးစိန်အေးအရှေ့တည့်တည့် ကန်တော့ပွဲထဲမှအုန်းသီးဖောင်းခနဲ ထပေါက်သွားခြင်းဖြစ်၍ ဦးစိန်အေးကြောက်လန့်ပြီး ထပြေးလေတော့သည် မလှမ်းမကမ်း၌ထိုင်ကြည့်နေကြသော မခင်ဦးနှင့် မသိန်းကြွယ်တို့လဲ ဦးစိန်အေးအနောက်သို့ ပြေးလိုက်ခါ။

“..ဟာ….အဘစိန်အေး….အဘ….နေဦးလေ…”

“…မနေဘူးဟေ့….ဆက်နေရင်….ငါသေလိမ့်မယ်…”

ဦးစိန်အေး ထိုသို့ လှည့်အော်ခဲ့ပြီး နောက်ကြောင်းသို့ လှည့်မကြည့်နိုင် ဒရောသောပါးနှင့် ပြေးလေတော့သည် ထိုနေ့ည မခင်ဦးလည်း မအိပ်ရဲတာနဲ့ ကလေး
တွေကိုခေါ်ပြီး မသိန်ကြွယ်တို့အစ်မ အပျိုကြီး
မလှခင်တို့အိမ်မှာ သွားအိပ်ရတော့သည် မခင်ဦးတို့ရဲ့ခြံထဲက တစ်ဘုတ်ဘုတ် မည်သံကြီးကတော့ ပျောက်မသွားပဲ ညဆိုကြားနေရမြဲပင်ဖြစ်သည်။

=====================

ထိုနေ့က မခင်ဦးတို့ရဲ့ကံကြမ္မာ အလှည့်အပြောင်းးနေ့ဆိုရင်လည်း မမှားတဲ့နေ့ပါပဲ မိမိတို့ အိမ်နဲ့ခြံရှိနေပါလျှက် ပြန်မအိပ်ရဲ၍ သူများအိမ်မှာ အိပ်နေရတာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည် အိမ်ရှင်တွေက သဘောကောင်းကြပေမယ့် ကလေးတွေနဲ့မို့ မခင်ဦး အားနာလှပြီလေ ဒါကြောင့် ရွာနီးချုပ်စပ် နာမည်ကြီးသော ပယောဂဆရာများကို ခေါ်ပြီး မိမိတို့ခြံအား
ကြည့်စေသော်လဲ အဖြေတောင်ကောင်း
ကောင်းမသိရပဲ လာသမျှဆရာတွေ ပုဆိုးမပါပဲပြန်ပြေးရ သတိလစ်သူကလစ် နှာနပ်ယူရတဲ့သူကယူရ အဆင်မပြေခဲ့ပါ ဒီနေ့တော့ မခင်ဦးတို့ နေထိုင်ရာ အလယ်တောရွာလေးသို့ ရောဂီဝတ်ဆရာကြီး တစ်ယောက် ကြွလာ၏ ထိုဆရာကြီးလာသည့် အကြောင်းအရင်းသည်ရွာထဲမှ လေးဖက်နာဖြစ်နေသော ဦးကျော်လှတို့အိမ်
ကို ဗမာတိုင်းရင်းဆေးများဖြင့် ကုသပေးရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည် စပ်စုတတ်သူပီပီ မသိန်းကြွယ်တစ်ယောက် ဆရာကြီး၏ ဂုဏ်သတင်းကို သူကြားသမျှ မခင်ဦးအားပြန်ပြောပြလေတော့သည်။

“..ဟဲ့….မခင်ဦး…”

“…ပြောလေ…..မသိန်းကြွယ်…ရွာကို…တိုင်းရင်းဆေးဆရာကြီးတစ်ယောက်….ရောက်နေတယ်ဟ”

“…ဟင်…ဟုတ်လား…”

“…အေး…..ဟုတ်တယ်ဟ….ဆရာကြီးက..
..သီလ….သမာဓိနဲ့…အတော်ပြည့်စုံလို့….ရောက်
တဲ့အရပ်…..ပယောဂတွေလဲ….ကုပေးခဲ့တာတဲ့..”

“ဟုတ်လား..ဒါဆိုရင်…ကျုပ်တို့တော့…ကံကောင်းပြီးထင်တယ်….မသိန်းကြွယ်ရေ…”

မခင်ဦး စိတ်ထဲ ပြောမပြတတ်လောက်အောင် ပျော်ရွှင်နေရသည်။

…..အေး…..ဆရာကြီးနာမည်က…ဦးသိုက်ထွန်း…တဲ့…တွံတေးဘက်က….လာတယ်လို့….ပြောတယ်ဟ…”

​….သြော်….ဟုတ်လား….

“..အေး…ဦးကျော်လှရဲ့သား…..တွံတေးဘက်ကို…အလုပ်ကိစ္စနဲ့သွားရင်း….ဆရာကြီးရဲ့… ဂုဏ်သတင်းကိုကြားပြီး….တစ်လက်စထဲ…ပင့်ခဲ့တာ….တဲ့…”

“…အတော်ပဲ….မသိန်းကြွယ်….ညနေကြရင်….ကျုပ်တို့ခြံကိစ္စ….သွားပင့်ဦးမှ…”

“…အေးဟုတ်တယ်ဟ….တော်လဲ…ကလေးတွေနဲ့..ဒုက္ခရောက်လွန်းလို့….ကျုပ်ကသတင်းကောင်း…လာပေးတာ….ပြန်ဦးမယ်…မခင်ဦးရေ…”

“..ကျေးဇူးတင်ပါတယ်…..မသိန်းကြွယ်ရေ…”

မသိန်းကြွယ် ပြန်သွားသည်နှင့် လုပ်စရာရှိသည်များ အမြန်လုပ်လိုက်ပါသည်။

=================

ညနေစောင်းပြီဖြစ်၍ မခင်ဦး ဆရာကြီးရှိရာ
ဦးကျော်လှတို့ အိမ်ဘက်သို့ သဘက်ကလေး ခေါင်းပေါင်းကာ ထွက်လာခဲ့၏ ဟိုရောက်တော့ ဆရာကြီးဆိုသူသည် အသက်ငါးဆယ် ဝန်းကျင်ခန့်ရှိပြီး အသားညိုညို ဆေးတံခဲရင်း ရွာထဲမှ လူကြီးများနှင့် စကားဝိုင်းဖွဲ့ပြောနေကြသည် မခင်ဦး အိမ်ပေါ်သို့ တတ်သွားသည်နှင့် ဆရာကြီးက။

“…လာလေ….သမီး….ထိုင်…”

“…ဟုတ်ကဲ့….ဆရာကြီး..”

မခင်ဦး ဆရာကြီးနှင့် မျက်နှာခြင်းဆိုင်မှာ ဝင်ထိုင်လိုက်ပြီး လက်အုပ်လေးချီကာ။

“..ဆရာကြီးရှင့်…”

“…ကဲ…..ငါ့သမီး….မောလာတယ်…မဟုတ်လား…အကြမ်းရေလေး…အရင်င်သောက်လိုက်ပါဦး…”

ဆရာကြီးက အမောပြော အကြမ်းရေ အရင်သောက်ခိုင်းတော့ တစ်ခွက်ငှဲ့ခါ သောက်လိုက်ပြီးနောက်။

“…ကဲ…ကဲ….ငါ့သမီးပြန်တော့…..ညနေကြရင်….
ငါ့သမီးတို့ခြံဘက်….အဘ….လာခဲ့မယ်..”

“..ရှင်..”

မခင်ဦး ဘာမှတောင် မပြောရသေးပဲ ဆရာကြီးကသိနှင့်နေသော အမူအယာဖြင့် ပြောလာသောကြောင့် အင်မတန်ပင် အံသြလေးစားမိပါသည်။

“..သြော်….ဒါနဲ့….ငါသမီး….ကလေးနှစ်ရှိတယ်..မဟုတ်လား..”

“…ဟုတ်….ရှိပါတယ်….ဆရာကြီး..”

“…အေး….အေး…ကလေးတွေကို…အသေအခြာရေမိုးချိုးပြီး….အမွှေးနံ့သာလိမ်းပေးထားနော်….သမီး…”

“…ဟုတ်….ဟုတ်ကဲ့ပါ….ဆရာကြီး…”

“…အေး….ငါသမီးပြန်တော့….ကလေးတွေ…မျှော်နေလောက်ပြီ…”

“…ဟုတ်….ကျေးဇူးတင်ပါတယ်…ဆရာကြီးရယ်…”

ဘယ်လိုပဲဖြစ်ဖြစ် မခင်ဦး ဆရာကြီး၏ သီလသမာဓိအား မလေးစားပဲမနေနိုင်ပါချေ ဝိုင်းဖွဲ့စကားပြောနေကြသော လူကြီးများလဲ အံ့သြမှင်သက်ခြင်းတွေနဲ့ ကျန်ရစ်ခဲ့လေတော့သည်။

=============

အချိန်က နေဝင်ရီတရော အချိန်ပင်ဖြစ်သည်
မခင်ဦးတို့အိမ်အပေါ် ဘုရားခန်း၌ ပန်းဆီမီးရေချမ်းများ ကပ်လှူပူဇော်ထားပြီး ဆရာကြီး ဘုရားဦးတိုက်ခါ ခေတ္တမျှ ငြိမ်သက်နေလေသည် ရွာထဲမှ လူကြီးတစ်ချို့နှင့် မခင်ဦးတို့ မိသားစုလဲ အိမ်ထဲ၌ရောက်ရှိ နေကြလေသည် ကွမ်းတစ်ယာညက် လောက် ကြာသောအခါ။

“…အီး…..ဟီး….ဟီး..”

“…ဟဲ့….ဟဲ့…..သမီးကြီး….ခင်…ခင်ထား…”

မခင်ဦး၏ သမီးအကြီးဖြစ်သော မခင်ထားမှာ
တစ်ကိုယ်လုံး တုန်ယင်လျှက် ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့ လူများက ကလေးဆီသို့ အာရုံဏ်ရောက်လာကြသည် မခင်ဦးက ကလေးထငိုသည်ဟု ထင်မှတ်ခါ ရိုတ်ပုတ်မယ် ဟန်ပြင်တဲ့အခါ။

“….ဟဲ့….ငါ့သမီး…..ကလေးကို….မရိုတ်ရဘူး…”

ဆရာကြီး ကလေးဘက်သို့လှည့်ခါ ပြောလိုက်ခြင်းကြောင့် မခင်ဦး မရိုတ်တော့ပါ။

“…ကဲ…..ကဲ…ငိုမနေပါနဲ့….ကံ….ကံ၏အကျိုးတွေကြောင့်….သိ၍ဖြစ်စေ…မသိ၍ဖြစ်စေ….ကိုယ်ပြုသမျှ….ကိုယ်ပြန်ပေးဆပ်ကြရတာပါပဲ….ကဲ…အရှေ့ကိုတိုးခဲ့ပါ….မောင်ဘမာန်…”

ကိုဘမာန်ဆိုသော စကားကြောင့် မခင်ဦးနှင့် လူများအံ့သြ ဝမ်းနည်းခြင်းတွေအပြည့်ဖြင့် ဝိုင်းကြည့်နေကြလေသည် မခင်ထားလေး ဆရာကြီးအရှေ့သို့ တိုးထိုင်ရင်း မျက်ရည်တို့ အသွင်သွင်စီးကျလျှက် လက်အုပ်ချီခါ။

“…ကျွန်…..တော်….အမှားတွေပါ…ဆရာကြီးရယ်…မခင်ဦး….ငါ့အနားကိုလာပါဦးဟာ…..ငါနင့်ရဲ့…ယောကျ်ား….ကိုဘမာန်ပါ..”

မခင်ဦး မျက်ရည်တို့ ဖြေမဆည်နိုင်တော့ပေ။

“…ကို….ကိုဘမာန်….တော်…တော်….ဘယ်လိုဖြစ်ရတာလဲရှင်…”

“…ကဲ….အားလုံးကို….ငါ….ငါပြောပြပါ့မယ်
…မသိန်းကြွယ်..”

မခင်ဦးအနောက်မှာ ထိုင်နေသော မသိန်းကြွယ်အားလှမ်းခေါ်လိုက်ခြင်းကြောင့်။

“…ရှင်….ကို….ကိုဘမာန်…”

“…ခင်များယောကျ်ား….ကိုသိန်းအောင်ကို….သွားခေါ်ပေးပါဗျာ….”…ဟုတ်…. ဟုတ်ကဲ့..”

မသိန်းကြွယ် သူ့အမျိုးသား ကိုသိန်းအောင်ကို
သွားခေါ်လေ၏ မကြာခင်ကိုသိန်းအောင်ပါ ပါလာခဲ့သည်။

“.ကဲ…လူစုံပြီဆိုတော့..ကို…ကိုသိန်းအောင်..”

“…ကိုဘမာန်….ပြောလေ…”

“…ကျုပ်ဟာ…ခင်များမြေမှန်း….သိနေပါလျှက်နဲ့…ခြံစည်းရိုးအလယ်…ဝါးပင်စိုက်….မျှစ်ထွက်လာတော့….ခြံတိုးခတ်….မတော်လောဘနဲ့….ခင်များရဲ့မြေကြီးတွေကို…..ခိုးယူမိခဲ့ပါတယ်…”

“…သြော်…ရ….ရပါတယ်….ကိုဘမာန်…”

ကိုသိန်းမောင်က ထိုသို့ပြောတော့။

“…ခင်များက….ရပေမယ့်….မကောင်းမှု့…..
…အကုသိုလ်က….မရဘူးဗျ….အခုဆိုရင်…ကျုပ်မှာ…နေ့ဘက်ဆိုရင်..ကျုပ်ပြုခဲ့တဲ့….ကောင်းမှု့တွေ​ကြောင့်….နတ်ဘုံနတ်နန်းတမျှ….ခံစားစံစားနေရပြီး……ညရောက်ပြီဆိုတာနဲ့….ပြိတ္တာဘုံသားဘဝနဲ့…ကျုပ်ခြံထဲက….​ကျုပ်ခင်များဆီက….ခိုးယူမိထားတဲ့…မြေကြီးတွေကိုတူးပြီး…..ခင်များခြံထဲကို….မိုးလင်းတဲ့အထိ….တူးပြီးပြန်ပို့ပေးနေရတယ်ဗျ…အီး…..ဟီး….ဟီး….

ပြောရင်းနဲ့ ကိုဘမာန်ပူးကပ်နေတဲ့ မခင်ထားလေးရှိုက်ကြီးတငင် ငိုကြွေးပါတော့တယ်။

….ကျုပ်….ကျုပ်….တူးနေရတဲ့အချိန်မှာလဲ….အရမ်းပူလောင်နေသလို….အရမ်းပင်ပန်းတယ်…ကိုသိန်းအောင်…..ကျုပ်ကိုခွင့်လွှတ်ပေးပါဗျာ….

လက်အုပ်ချီလျှက် ကိုသိန်းအောင်ကို အခါခါတောင်းပန် နေလေတော့သည်။

….ဟာ…ရပါတယ်….ကိုသိန်းမောင်ရဲ့..

“ခင်များရပေမယ့်….ကျုပ်မရဘူး…ကိုသိန်းအောင်”

….ဟဲ့….မခင်ဦး….

….ရှင်…..

….ငါစိုက်ထားတဲ့….ဝါးပင်ကို ငါ့တို့ခြံဘက်ကနေပြီး…ခြံစည်းရိုး….ပြန်ခတ်ပေးလိုက်ပါ…..ဝါးပင်ကို…ကိုသိန်းအောင်….ခြံထဲဘက်….ရောက်နေပါစေနော်..ကလေးတွေကိုလဲ….ဂရုစိုက်….ငါ့ဖို့လဲ…အလှူအတန်းလေးလုပ်ပြီး….အမျှဝေပေး….ကြားလား..”

…ဟုတ်ကဲ့ပါ…..ကိုဘမာန်….အဟင့်…..ဟင့့်….

အားလုံးကို မှာကြားပြီးနောက် ဆရာကြီးဘက်သို့လှည့်ခါ လက်အုပ်ချီရင်း။

…ကျေးဇူးကြီးပါတယ်….ဆရာကြီးရယ်…ဆရာကြီး…သာရောက်မလာရင်….ကျွန်တော်…ဘယ်အချိန်ထိ….တူးပြီးထမ်းနေရမလဲ….မသိတော့ပါဘူး….ဒါကြောင့်မို့လဲ….ဆရာကြီးရွာရောက်တာနဲ့….ကျွန်တော်…အိမ်မက်လာပေးရတာပါ….ဆရာကြီးကို….ကန်တော့ပါရစေ……ဆရာကြီးအား…ဦးတိုက်ပြီး..ကဲ….မခင်ဦး….ငါသွားတော့မယ်ဟာ….ငါပူးကပ်ထားတဲ့….ငါ့သမီးကို….ငါပြန်သွားရင်…ဘာမှမဖြစ်အောင်….ငါလုပ်ထားပါတယ်…သူတပါးမြေကို….ခိုးယူတဲ့အကြောင်း…..ဆရာကြီးက….မပြောချင်တာနဲ့…ငါ့ကို…ဒီအခွင့်အရေးပေးလို့….ငါသမီးကို…ပူးကပ်ပြီး…..လာပြောပြရတာပါ…..ကဲငါသွားပြီ….

….ဘုန်း….

…..ဟဲ့…..ဟဲ့….လုပ်ပါဦး….

မခင်ထားလေး နောက်ပြန် လဲကျသွားလေတော့သည် လူများ တစ်ယောက်တစ်ပေါက်နှင့် ကလေးအား ဝိုင်း၍ ပြုစုပေးကြတဲ့အခါ မကြာခင်ပဲ ပြန်လည်သတိရလာပြီး ကောင်းကောင်းမွန်မွန်ပဲ ရှိနေပါသည်။

….ကဲ….ငါ့သမီး…မခင်ဦး..

….ရှင်…..

…သမီးယောကျ်ား….မှာခဲ့တာတွေ….မမေ့နဲ့နော်…လုပ်ပေးလိုက်ပါ….

…ဟုတ်ကဲ့ပါ….ဆရာကြီး….

…ကဲ….အဘလဲ…ပြန်တော့မယ်…

….ကျေးဇူးတင်ပါတယ်….ဆရာကြီးရယ်….

ဆရာကြီးအား ဦးတိုက်လိုက်ပြီး ကိုဘမာန်မှာကြားခဲ့တဲ့အတိုင်း မနက်ဖြန်တော့ အ​သေအချာ လုပ်ပေးရမှာပေါ့။

ခြံစည်းရိုးကို ကိုဘမာန်မှာခဲ့တဲ့အတိုင်း ပြန်ပြင်ခတ်ပေးလိုက်ပြီး ကိုသိန်းအောင်ရဲ့ ခွင့်လွှတ်ခြင်းကို ခံယူခါ ဘုန်းကြီးငါးပါးကို ဆွမ်းကပ်ရင်း အမျှကုသိုလ် ပေးဝေးလိုက်ပါတော့သည် ထိုနေ့မှ စ၍ တဘုတ်ဘုတ် မြည်နေသော အသံသည်လည်း ပျောက်ခြင်းမလှ ​ပျောက်ကွယ်သွားလေတော့သည်။

လောက၌ သိ၍ဖြစ်စေ
မသိ၍ ဖြစ်စေကိုယ်ပြုသမျှ
ကိုယ်သာ ခံရပြီးနောက်
မတော်လောဘတို့သည်
သံသရာလည်စေသည်ကို
သိစေချင်သော အလို့ငှာ
ဤဖြစ်ရပ်မှန် ဇာတ်လမ်းအား
ရေးသားလိုက်ရခြင်းပင်ဖြစ်၏
လူအခြင်းခြင်းလှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ…။🙏🙏🙏
.
.
စာ​ရေးသူ =လေလွင့်လူ(တွံတေး)

ရွင်လန်းချမ့်းမြေ့ကြပါစေ

#ညမဖတ်ရ

Zawgyi Version

ေန႔စံညခံကိုဘမာန္(စ/ဆုံး)
——————————–
အခ်ိန္အားျဖင့္ လြတ္လပ္ေရးရၿပီးကာစ ျဖစ္၏ ၿဗိတိသွ်တို႔၏လက္ေအာက္ ကြၽန္သေဘာက္ဘဝမွ လြတ္ေျမာက္လာခဲ့ေသာ ျမန္မာႏိုင္ငံဟာ ဆင္းရဲတြင္းမွ ႐ုန္းတတ္ေနရေသာ အခိုက္လဲ ျဖစ္ေခ်သည္။

ဧရာဝတီတိုင္း မအူပင္ၿမိဳ႕နယ္အပိုင္ ေတာ႐ြာေလးျဖစ္တဲ့ အလယ္ေတာ႐ြာေလးမွာ ကိုဘမာန္ႏွင့္မခင္ဦးတို႔ လင္မယားႏွစ္ေယာက္ အေခ်ခ်ေနထိုင္ၾကတယ္။

“..ကိုဘမာန္..”

“…ဘာတုန္းဟ…”

ဇနီးျဖစ္သူ မခင္ဦး၏ေခၚသံေၾကာင့္ ကိုဘမာန္
စိုက္လက္စ ဝါးပင္ငယ္ကို ေျမမ်ားအျမန္ဖို႔ရင္းနဲ႔လွမ္းထူးလိုက္သည္။

“…ေတာ္….ဘာပင္စိုက္ေနတာတုန္း…
…ဟ….ဝါးပင္စိုက္ေနတာ….နင္မျမင္ဘူးလား…”

ကိုဘမာန္စိတ္မရွည္ဟန္ျဖင့္ ျပန္ေျပာလိုက္ေတာ့ခပ္လာေသာ ေသာက္ေရခြက္အား ကိုဘမာန္ကို လွမ္းကမ္းလိုက္ရင္းနဲ႔။

“…ကိုဘမာန္…..ေတာ့္ဝါးပင္က….ၿခံစည္း႐ိုးအလယ္မွာ….ဘာလို႔စိုက္ရတာတုန္း….”

“..ဟာ….ဒီမိန္းမ….ငါ့ၿခံစည္း႐ိုးအလယ္ငါစိုက္တာ…ဘာျဖစ္ေသးတုန္း…”

“..ေၾသာ္….ဘာမွေတာ့မျဖစ္ပါဘူး….သူမ်ားၿခံဘက္ပါသြားမွာ….စိုးလို႔ပါ….ေတာ္ကလဲ…”

….နင္စကားမရွည္ပါနဲ႔…ခင္ဦးရယ္….ငါအလယ္မွာစိုက္ထားတာပါဟ…”

ေယာက်္ားျဖစ္သူ၏ စိတ္ကိုသိေနေသာေၾကာင့္
မခင္ဦး အျငင္းအခုံမလုပ္ခ်င္ေတာ့ေပ မီးဖိုေခ်ာင္ထဲမွာ တည္ထားခဲ့တဲ့ ဟင္းအိုးကို သတိရသြားတာနဲ႔ ထလာခဲ့လိုက္ပါေတာ့တယ္ စိတ္ထဲေတာ့ သိပ္ဘဝင္မၾကေပ ကိုဘမာန္ဟာ လက္သမားဆရာ ဘဝနဲ႔ေခတ္ ပ်က္ႀကီးထဲမွာ မခင္ဦးကို စားဝတ္ေနေရး မပူပင္ရေလေအာင္ ရွာေဖြ​ေကြၽးေမြးေနႏိုင္တာကိုပဲ ေက်နပ္ရမွာပါေလ ကိုဘမာန္ဟာ တစ္ခါတစ္ေလၾကေတာ့
ပရဟိတအလုပ္မ်ား ကုသိုလ္အေရးမ်ား၌စြမ္းစြမ္းတမံ ပါဝင္တတ္ၿပီး တစ္႐ြာလုံးႏွင့္တည့္ေအာင္လည္းေပါင္းသင္းဆက္ဆံေရး ေကာင္းလွပါသည္။

==============

ေန႔ရက္တို႔ ကုန္လြန္လာသည္ႏွင့္ အမွ် ကိုဘမာန္တို႔ လင္ယားႏွစ္ေယာက္မွာ သမီးဦးျဖစ္တဲ့ မခင္ထားကို ေမြးဖြားခဲ့ေလသည္ ကေလးကလဲ ရလာၿပီဆိုေတာ့ ကိုဘမာန္ အလုပ္ကို ပိုၿပီး ႀကိဳးစားလုပ္ကိုင္ရပါေတာ့သည္ အလုပ္က ျပန္လာသည္ႏွင့္ အပင္စိုက္ဝါသနာႀကီးေသာ ကိုဘမာန္ဟာ သူ႔ၿခံဝန္းအတြင္း သူစိုက္ပ်ိဳး
ခဲ့ေသာ အပင္မ်ားကို ေရေလာင္းေပါင္းသင္နဲ႔ ပီတိ ျဖစ္ေနတတ္ပါတယ္။

“…ကိုဘမာန္…”

ေခၚသံၾကား၍ လွည့္ၾကည့္လိုက္ေတာ့ တစ္ဖက္ၿခံပိုင္ရွင္ ကိုသိန္းေအာင္ ျဖစ္ေနသည္

“…ေျပာေလ….ကိုသိန္းေအာင္…”

ကိုသိန္းေအာင္မ်က္ႏွာ သိပ္မေကာင္းပါ။

“..ခင္မ်ားအခုဘာလုပ္ေနတာလဲ…”

“….က်ဳပ္ၿခံစည္း႐ိုး…ခတ္ေနတာေလဗ်ာ…..

“..ၿခံစည္း႐ိုးခတ္တယ္….ဆိုရင္လဲ…..ေသျခာၾကည့္ပါဦးဗ်….ခင္မ်ားၿခံစည္း႐ိုးက….က်ဳပ္ၿခံဘက္ကို…ေရာက္ေနတယ္ေလဗ်ာ..”

ကိုဘမာန္ ႏွီးျဖင့္ခ်ည္ေနေသာ ဝါးၿခံစည္း႐ိုးကို ျပန္ၾကည့္လိုက္ၿပီးေနာက္။

“…ကိုသိန္းေအာင္ရယ္…က်ဳပ္ဝါးပင္ကိုပဲ…က်ဳပ္ကခတ္တာပါဗ်…..ခင္မ်ားေျမကို….အလြတ္တန္း…ဝင္ခတ္ေနတာမဟုတ္ပါဘူး…”

ကိုဘမာန္စိုက္ခဲ့ေသာ ဝါးပင္မွာ ႏွစ္ဖက္ၿခံစည္း႐ိုးရဲ႕ အလယ္၌ျဖစ္ေသာေၾကာင့္ ဝါးမွ်စ္မ်ားက တစ္ဖက္ၿခံထဲသို႔ ေပါက္ေရာက္ေနျခင္းျဖစ္၍ ထိုဝါးမွ်စ္မ်ားကိုပါ ၿခံဝင္ခတ္ေလေတာ့ တစ္ဖက္ၿခံရွင္ ကိုသိန္းေအာင္က သတိေပးျခင္းျဖစ္၏။

“…ကဲ…ဒါဆိုရင္လဲ…..ဒီလိုလုပ္ဗ်ာ….ခင္မ်ားဝါးေတြရင့္လို႔…..ခုတ္ၿပီးတဲ့အခါ…..အခုၿခံစည္း႐ိုးကို…ေနာက္ဆုတ္ၿပီး…..ျပန္ခတ္ေပးဗ်ာ…”

ကိုဘမာန္ တစ္ခ်က္ စဥ္းစားလိုက္ၿပီးေနာက္။

….ကဲ….ေကာင္းပါၿပီဗ်ာ…..က်ဳပ္လုပ္ေပးပါ့မယ္ ကိုသိန္းေအာင္ ျပန္လွည့္ထြက္သြားေလ၏ အမွန္တစ္ကယ္လည္း ကိုသိန္းေအာင္ၿခံထဲသို႔ ကိုဘမာန္ရဲ႕ ၿခံစည္း႐ိုးက အေတာ္ ကြၽံဝင္ေနခဲ့ျခင္းျဖစ္သည္ကို ကိုဘမာန္ သိေနပါလွ်က္ ေျမလိုခ်င္ေသာ စိတ္ႏွင့္ ရည္႐ြယ္ခ်က္ရွိရွိ လုပ္ခဲ့ျခင္းပင္ ျဖစ္သည္။

=================

လက္သမားအလုပ္အျပင္ သစ္လုပ္ငန္းပါတြဲဖက္၍ လုပ္ကိုင္လာေသာ ကိုဘမာန္တို႔မိသားစု အေတာ္ အဆင္ေျပခဲ့ေလသည္ သမီးအႀကီး မခင္ထားေတာင္ ၅ႏွစ္ပင္ျပည့္ခဲ့ေလၿပီ ဒုတိယသားငယ္ ဖိုးေအးေလးကို ထပ္၍ေမြးဖြားခဲ့၏ ကေလးႏွစ္ေယာက္ႏွင့္ သာယာစိုေျပေသာ မိသားစုဘဝကို ပိုင္ဆိုင္ထားေသာကိုဘမာန္မွာ ေက်နပ္ပီတိျဖစ္၍ မဆုံးေပ သို႔ေသာ္
သူခတ္ထားခဲ့ေသာ ဝါးပင္ႏွင့္ ၿခံစည္း႐ိုးကိုေတာ့အခုခ်ိန္ ေနာက္ျပန္မဆုတ္ေသးေပ ဝါးပင္မ်ား ရင့္လို႔တစ္လုံးၿပီး တစ္လုံးသာ ခုတ္သြားတာ ၿခံစည္း႐ိုးကေတာ့ ဒီအတိုင္းပါပဲ တစ္ဖက္ၿခံက ကိုသိန္းေအာင္လည္း ႏွစ္ႀကိမ္သုံးႀကိမ္ လာေရာက္သတိေပးခဲ့ၿပီးေနာက္ အခ်င္းမမ်ားခ်င္တာနဲ႔ ဘာမွလာမေျပာေတာ့ေပ ဒီလိုနဲ႔ ေနလာခဲ့ၾကတာ တစ္ေန႔ေတာ့ ကိုဘမာန္သစ္ဝိုင္းဆီမွအျပန္ ေရခ်ိဳးမွားၿပီး အျပင္းဖ်ားေလ
ေတာ့သည္ ေျပေျပလည္လည္ ေနႏိုင္သူမို႔ ဆရာေတြႏွင့္ကုေသာ္လဲ မည္သို႔မွ အေျခအေနမထူးပဲ ေနာက္ဆုံးေတာ့ ကိုဘမာန္တစ္ေယာက္ ေလာကႀကီးနဲ႔ သူခ်စ္ေသာ မိသားစုကို အၿပီးတိုင္ စြန္႔ခြာသြားေလေတာ့သည္ က်န္ရစ္ခဲ့ေသာ မခင္ဦးႏွင့္ ကေလးႏွစ္ေယာက္မွာ ကိုဘမာန္ ရွာထားခဲ့တာေတြနဲ႔ တင့္တင့္တယ္တယ္
ေနထိုင္စားေသာက္ခဲ့ရလို႔ အမ်ားႀကီးေတာ့ မပူပင္ရေပ။

“..ဘုတ္…..ဘုတ္……ဘုတ္..”

အိပ္ေပ်ာ္ေနေသာ မခင္ဦးနားထဲသို႔ ေျမႀကီးအေပၚတစ္ခုခုပစ္ခ်ေနသည့္အသံ အတိုင္းသားၾကားေနရေလသည္ မခင္ဦး အသာနားစြင့္ေနလိုက္၏။

“…ဘုတ္…ဘုတ္….ဘုတ္..”

အသံလာဘက္ကို နားစြင့္လိုက္ေတာ့ အိမ္ေနာက္ေဖးဘက္ကလာေသာ အသံျဖစ္ေန၏ မခင္ဦးအိပ္ယာမွလူးလဲထခါ အိမ္အလယ္၌ ခ်ိတ္ဆြဲထားေသာ ေအာက္လင္းမီးအိမ္အား ျဖဳတ္ယူၿပီးေနာက္ ၿခံထဲသို႔ဆင္းၿပီး အသံၾကားရာ ေနာက္ေဖးဘက္သို႔ သြားၾကည့္ေသာအခါ ဘာမွ်မေတြ႕ရေပ ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ခုဏၾကားရေသာ
အသံသည္လဲ တိတ္ဆိတ္သြားေလ၏ မီးအိမ္ကိုဆြဲခါစိတ္ထဲ ဇေဝဇဝါႏွင့္ အိမ္ေပၚသို႔ မခင္ဦး ျပန္တတ္ခဲ့ေလသည္ အိမ္ေပၚေရာက္ေတာ့ အိမ္ယာထဲျပန္ဝင္ၿပီးအိပ္ေပ်ာ္ခါနီးတြင္ ထိုအသံက ၾကားေနရျပန္သည္။

“…ဘုတ္……ဘုတ္…..ဘုတ္…”

“…ဟင္…..ခုဏ…..ငါဆင္းၾကည့္တာလဲ….ဘာမွမရွိပါလား….အခုျပန္ၾကားေနရျပန္ၿပီ….ခက္ေတာ့….ခက္ၿပီ”

သမီးႀကီးႏွင့္သားငယ္တို႔ အိမ္ေမာၾကေနၿပီျဖစ္၍ေျခသံလုံလုံျဖင့္ ေနာက္တစ္ေခါက္ ဆင္းၾကည့္လိုက္ေပမယ့္ ဘာမွ်မေတြ႕ရျပန္ပါဘူး။

“..အင္း….ဘာမ်ားပါလိမ့္…”

ဒီလိုနဲ႔ သုံးေခါက္ ေလးေခါက္ေလာက္ ဆင္းၾကည့္ေသာ္လဲ ဘာမွ ထူးျခားတာ မေတြ႕တဲ့အတြက္ မခင္ဦးလည္း အိပ္ယာထဲသို႔ဝင္ခါ အိပ္ေလေတာ့သည္။

=================

“..ဟဲ့….မခင္ဦး…”

“…ေဟာ့….မသိန္းႂကြယ္ပါလား….လာထိုင္ေလ….”

မခင္ဦး ဆန္ျပာေနရာ ေနရာသို႔ တစ္ဖက္ၿခံမွ ကိုသိန္းေအာင္၏ဇနီး မသိန္းႂကြယ္ ဝင္လာရင္း ေခၚလိုက္ျခင္းပင္ျဖစ္သည္။

“..ဆိုပါဦး…မသိန္းႂကြယ္ရဲ႕….မလာစဖူးအလာထူးလို႔ပါလား….ဘာမ်ား…အေရးရွိလို႔တုန္း..”

မသိန္းႂကြယ္ ပတ္ဝန္းက်င္ကို ေဝ့လည္ၾကည့္လိုက္ၿပီးမွ။

“…ဒီလိုဟ…က်ဳပ္ညဘက္..အေပါ့အပါးသြားရင္းနဲ႔…ေတာ္တို႔ေနာက္ေဖးဘက္က….တစ္ဘုတ္ဘုတ္နဲ႔..အသံေတြ….ၾကားေနရတာ….ႏွစ္ရက္သုံးရက္ရွိေနၿပီ…ေတာ္ေယာက်္ားကလဲ…ဆုံးသြားတာမၾကာေသးေတာ့….မိန္းမသားပဲရွိေနတဲ့….ဒီၿခံထဲကို….အခုလိုေခတ္ပ်က္ႀကီးထဲ….မေတာ္သူေတြ…လာသလားလို႔..က်ဳပ္က….စိတ္ပူလို႔….လာ​သတိေပးတာပါ…”

ဇေကာထဲမွ စပါးေစ့မ်ားကို ေ႐ြးရင္းနဲ႔ မသိန္းႂကြယ္ေျပာသမွ်ကို နားေထာင္ေနေသာ မဦးခင္းက။

“…ဟုတ္တယ္….မသိန္းႂကြယ္….က်ဳပ္လဲ…ၾကားေနရတာၾကာၿပီေတာ့္….ဒါေပမယ့္….က်ဳပ္ဆင္းၾကည့္ရင္…ဘာမွမေတြ႕ရေတာ့ဘူး….မသိန္းႂကြယ္ေရ..အစပိုင္းေတာ့…..က်ဳပ္လဲ…..ဆင္းဆင္းၾကည့္တယ္…ဘာမွမေတြ႕ပါမ်ားေတာ့…..မၾကည့္ျဖစ္ေတာ့တာပါ…”

မသိန္းႂကြယ္ အေသအျခာစဥ္းစားေနရင္း တစ္စုံတစ္ခုကိုသတိရသြားဟန္ျဖင့္ ထိတ္လန္႔တုန္လႈပ္ေသာ အမူအရာႏွင့္။

“…ဟဲ့…မခင္ဦး..မေပါ့ဆနဲ႔ဟ….ေတာ္ၾကာ…နာနာဘဝေတြမ်ား…..ျဖစ္ေနမလားမသိပါဘူး…ေတာ့္မွာက….ကေလးေတြနဲ႔….သိတဲ့နားလည္တဲ့လူ…တစ္ေယာက္ေယာက္ကို…..ေတာ္ေမးၾကည့္တာ….ပိုအဆင္ေျပမယ္ထင္တယ္…..ဒါမ်ိဳးက…ၾကာၾကာထားလို႔….မေကာင္းဘူးေတာ္ေရ…”

မသိန္းႂကြယ္၏စကားကို အေသအျခာစဥ္းစားၾကည့္ေတာ့ ျဖစ္ႏိုင္တယ္ ဆင္းၾကည့္ေပမဲ့ ဘာအရိပ္အေယာင္မွ် မေတြ႕ခဲ့ရဘူးေလ မခင္ဦးက အေၾကာက္ အလန္႔နည္းေပမယ့္ ကေလးေတြ ဒုကၡေရာက္မွာေတာ့ စိုးရိမ္မိသည္။

“..အင္းပါ….က်ဳပ္….႐ြာေျမာက္ပိုင္းက….ဦးစိန္ေအးကို…..ေမးၾကည့္လိုက္ပါ့မယ္…..သူကဒါမ်ိဳးေတြဆို႐ြာထဲမွာ…..နည္းနည္းႏွံ႔စပ္တယ္…..မဟုတ္လား..”

“…ေကာင္းတာေပါ့ေတာ့္…..မခင္ဦးေရ…ေမးျဖစ္ေအာင္ေမးလိုက္ဦးေနာ္….က်ဳပ္က….အိမ္နီးနားျခင္းမို႔….ေတာ့္ကို…သတိလာေပးတာ…ျပန္ဦးမယ္…”

“…ေက်းဇူးတင္ပါတယ္….မသိန္းႂကြယ္ေရ…က်ဳပ္ေမးလိုက္ပါ့မယ္…”

================

ဦးစိန္ေအး ကန္ေတာ့ပြဲမ်ားကို အေသအျခာစီစစ္ၿပီးေနာက္ အေနာက္သို႔လွည့္ခါ။

“…ဟဲ့….ခင္ဦး..”

“..ရွင္…”

“…နင္ေျပာတာ….ေသျခာတယ္ေနာ္…”

“…ဟုတ္ကဲ့….အဘ….ေသျခာပါတယ္…”

“…ေအးဒါဆိုရင္….ဒီကန္ေတာ့ပြဲေတြအနား….ကေလးေတြ….မကပ္ေစနဲ႔….ၾကားလား…”

“…ဟုတ္ကဲ့ပါ….အဘ..”

…ေအး…..ငါ…..ႏြား႐ိုင္းသြင္းခ်ိန္ၾက….တစ္ေခါက္ျပန္လာခဲ့မယ္…”

“…ဟုတ္ကဲ့…”

ဦးစိန္ေအး မခင္ဦးအား မွာစရာရွိတာမ်ား မွာၾကားၿပီးေနာက္ အိမ္ျပန္သြားေလေတာ့သည္ မခင္ဦးလဲ ကန္ေတာ့ပြဲေတြအနား ကေလးေတြကို မကပ္ဖို႔ သတိေပးထားၿပီး လုပ္စရာရွိသည္မ်ားကို လုပ္ရင္း ေနဝင္ရီတေရာ (သို႔မဟုတ္) ႏြား႐ိုင္းသြင္းခ်ိန္သို႔ ေရာက္ရွိလာေလေတာ့သည္ ဦးစိန္ေအး လြယ္အိတ္တစ္လုံးနဲ႔
ေရာက္လာၿပီး ကန္ေတာ့ပြဲေတြအနားဖေယာင္းတိုင္ အေမႊးတိုင္မ်ားထြန္းလွ်က္ အလုပ္စေလေတာ့သည္။

“…ကဲ….ဒီၿခံထဲမွာ…ရွိေနတဲ့….နာနာဝ…အပယ္ဘုံသား….မင္းရွိေနတာကို….ငါသိေနတယ္ေနာ္…..ဘာျဖစ္ခ်င္တာလဲ….ဘာလုပ္ခ်င္တာလဲ….ငါ့အေရွ႕ကို….အခုလာ..ေျပာစမ္း..”

ဦးစိန္ေအး ထိုသို႔ေျပာလိုက္သည္ႏွင့္ ပတ္ဝန္းက်င္ရွိအပင္ႀကီးမ်ား ၿခံစည္း႐ိုးက ဝါးပင္မ်ား ေလမတိုက္ပါပဲ ယိမ္းထိုးလႈပ္ရွားလွ်က္ ဖေယာင္းတိုင္မီးမ်ားတစ္ေယာက္ေယာက္က မႈတ္လိုက္သလို ၿငိမ္းသြားေလ၏ ဦးစိန္ေအး အနည္းငယ္လန္႔သြားသည္ သူထြန္းညႇိေသာမီးကို ၿငိမ္းရဲသည့္အေနအထားသည္ ေပါ့ေသးေသးေတာ့ မဟုတ္ေတာ့ေပ။

“…ကဲ…..မင္းတို႔က….ငါ့ကိုပညာစမ္းခ်င္တာလား…ကဲ…..ေရာ့ကြာ..”

ဦးစိန္ေအး လြယ္အိပ္ထဲသို႔ လက္ႏႈိက္လိုက္ၿပီး ပါလာေသာ အမႈန္႔မ်ားျဖင့္ အေမွာင္ထဲသို႔ လမ္းပက္လိုက္ေတာ့သည္ အေမွာင္ထဲ၌ အရိပ္လိုလိုအရာမ်ား ကူးလူး ေနၾကၿပီး သိပ္မၾကာခင္မွာပဲ။

“…ေဖာင္း…”

“…အမေလးဗ်..”

ဦးစိန္ေအးအေရွ႕တည့္တည့္ ကန္ေတာ့ပြဲထဲမွအုန္းသီးေဖာင္းခနဲ ထေပါက္သြားျခင္းျဖစ္၍ ဦးစိန္ေအးေၾကာက္လန္႔ၿပီး ထေျပးေလေတာ့သည္ မလွမ္းမကမ္း၌ထိုင္ၾကည့္ေနၾကေသာ မခင္ဦးႏွင့္ မသိန္းႂကြယ္တို႔လဲ ဦးစိန္ေအးအေနာက္သို႔ ေျပးလိုက္ခါ။

“..ဟာ….အဘစိန္ေအး….အဘ….ေနဦးေလ…”

“…မေနဘူးေဟ့….ဆက္ေနရင္….ငါေသလိမ့္မယ္…”

ဦးစိန္ေအး ထိုသို႔ လွည့္ေအာ္ခဲ့ၿပီး ေနာက္ေၾကာင္းသို႔ လွည့္မၾကည့္ႏိုင္ ဒေရာေသာပါးႏွင့္ ေျပးေလေတာ့သည္ ထိုေန႔ည မခင္ဦးလည္း မအိပ္ရဲတာနဲ႔ ကေလး
ေတြကိုေခၚၿပီး မသိန္ႂကြယ္တို႔အစ္မ အပ်ိဳႀကီး
မလွခင္တို႔အိမ္မွာ သြားအိပ္ရေတာ့သည္ မခင္ဦးတို႔ရဲ႕ၿခံထဲက တစ္ဘုတ္ဘုတ္ မည္သံႀကီးကေတာ့ ေပ်ာက္မသြားပဲ ညဆိုၾကားေနရၿမဲပင္ျဖစ္သည္။

=====================

ထိုေန႔က မခင္ဦးတို႔ရဲ႕ကံၾကမၼာ အလွည့္အေျပာင္းးေန႔ဆိုရင္လည္း မမွားတဲ့ေန႔ပါပဲ မိမိတို႔ အိမ္နဲ႔ၿခံရွိေနပါလွ်က္ ျပန္မအိပ္ရဲ၍ သူမ်ားအိမ္မွာ အိပ္ေနရတာ တစ္လနီးပါး ၾကာျမင့္ခဲ့ၿပီျဖစ္သည္ အိမ္ရွင္ေတြက သေဘာေကာင္းၾကေပမယ့္ ကေလးေတြနဲ႔မို႔ မခင္ဦး အားနာလွၿပီေလ ဒါေၾကာင့္ ႐ြာနီးခ်ဳပ္စပ္ နာမည္ႀကီးေသာ ပေယာဂဆရာမ်ားကို ေခၚၿပီး မိမိတို႔ၿခံအား
ၾကည့္ေစေသာ္လဲ အေျဖေတာင္ေကာင္း
ေကာင္းမသိရပဲ လာသမွ်ဆရာေတြ ပုဆိုးမပါပဲျပန္ေျပးရ သတိလစ္သူကလစ္ ႏွာနပ္ယူရတဲ့သူကယူရ အဆင္မေျပခဲ့ပါ ဒီေန႔ေတာ့ မခင္ဦးတို႔ ေနထိုင္ရာ အလယ္ေတာ႐ြာေလးသို႔ ေရာဂီဝတ္ဆရာႀကီး တစ္ေယာက္ ႂကြလာ၏ ထိုဆရာႀကီးလာသည့္ အေၾကာင္းအရင္းသည္႐ြာထဲမွ ေလးဖက္နာျဖစ္ေနေသာ ဦးေက်ာ္လွတို႔အိမ္
ကို ဗမာတိုင္းရင္းေဆးမ်ားျဖင့္ ကုသေပးရန္ ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္ စပ္စုတတ္သူပီပီ မသိန္းႂကြယ္တစ္ေယာက္ ဆရာႀကီး၏ ဂုဏ္သတင္းကို သူၾကားသမွ် မခင္ဦးအားျပန္ေျပာျပေလေတာ့သည္။

“..ဟဲ့….မခင္ဦး…”

“…ေျပာေလ…..မသိန္းႂကြယ္…႐ြာကို…တိုင္းရင္းေဆးဆရာႀကီးတစ္ေယာက္….ေရာက္ေနတယ္ဟ”

“…ဟင္…ဟုတ္လား…”

“…ေအး…..ဟုတ္တယ္ဟ….ဆရာႀကီးက..
..သီလ….သမာဓိနဲ႔…အေတာ္ျပည့္စုံလို႔….ေရာက္
တဲ့အရပ္…..ပေယာဂေတြလဲ….ကုေပးခဲ့တာတဲ့..”

“ဟုတ္လား..ဒါဆိုရင္…က်ဳပ္တို႔ေတာ့…ကံေကာင္းၿပီးထင္တယ္….မသိန္းႂကြယ္ေရ…”

မခင္ဦး စိတ္ထဲ ေျပာမျပတတ္ေလာက္ေအာင္ ေပ်ာ္႐ႊင္ေနရသည္။

…..ေအး…..ဆရာႀကီးနာမည္က…ဦးသိုက္ထြန္း…တဲ့…တြံေတးဘက္က….လာတယ္လို႔….ေျပာတယ္ဟ…”

​….ေၾသာ္….ဟုတ္လား….

“..ေအး…ဦးေက်ာ္လွရဲ႕သား…..တြံေတးဘက္ကို…အလုပ္ကိစၥနဲ႔သြားရင္း….ဆရာႀကီးရဲ႕… ဂုဏ္သတင္းကိုၾကားၿပီး….တစ္လက္စထဲ…ပင့္ခဲ့တာ….တဲ့…”

“…အေတာ္ပဲ….မသိန္းႂကြယ္….ညေနၾကရင္….က်ဳပ္တို႔ၿခံကိစၥ….သြားပင့္ဦးမွ…”

“…ေအးဟုတ္တယ္ဟ….ေတာ္လဲ…ကေလးေတြနဲ႔..ဒုကၡေရာက္လြန္းလို႔….က်ဳပ္ကသတင္းေကာင္း…လာေပးတာ….ျပန္ဦးမယ္…မခင္ဦးေရ…”

“..ေက်းဇူးတင္ပါတယ္…..မသိန္းႂကြယ္ေရ…”

မသိန္းႂကြယ္ ျပန္သြားသည္ႏွင့္ လုပ္စရာရွိသည္မ်ား အျမန္လုပ္လိုက္ပါသည္။

=================

ညေနေစာင္းၿပီျဖစ္၍ မခင္ဦး ဆရာႀကီးရွိရာ
ဦးေက်ာ္လွတို႔ အိမ္ဘက္သို႔ သဘက္ကေလး ေခါင္းေပါင္းကာ ထြက္လာခဲ့၏ ဟိုေရာက္ေတာ့ ဆရာႀကီးဆိုသူသည္ အသက္ငါးဆယ္ ဝန္းက်င္ခန္႔ရွိၿပီး အသားညိဳညိဳ ေဆးတံခဲရင္း ႐ြာထဲမွ လူႀကီးမ်ားႏွင့္ စကားဝိုင္းဖြဲ႕ေျပာေနၾကသည္ မခင္ဦး အိမ္ေပၚသို႔ တတ္သြားသည္ႏွင့္ ဆရာႀကီးက။

“…လာေလ….သမီး….ထိုင္…”

“…ဟုတ္ကဲ့….ဆရာႀကီး..”

မခင္ဦး ဆရာႀကီးႏွင့္ မ်က္ႏွာျခင္းဆိုင္မွာ ဝင္ထိုင္လိုက္ၿပီး လက္အုပ္ေလးခ်ီကာ။

“..ဆရာႀကီးရွင့္…”

“…ကဲ…..ငါ့သမီး….ေမာလာတယ္…မဟုတ္လား…အၾကမ္းေရေလး…အရင္င္ေသာက္လိုက္ပါဦး…”

ဆရာႀကီးက အေမာေျပာ အၾကမ္းေရ အရင္ေသာက္ခိုင္းေတာ့ တစ္ခြက္ငွဲ႔ခါ ေသာက္လိုက္ၿပီးေနာက္။

“…ကဲ…ကဲ….ငါ့သမီးျပန္ေတာ့…..ညေနၾကရင္….
ငါ့သမီးတို႔ၿခံဘက္….အဘ….လာခဲ့မယ္..”

“..ရွင္..”

မခင္ဦး ဘာမွေတာင္ မေျပာရေသးပဲ ဆရာႀကီးကသိႏွင့္ေနေသာ အမူအယာျဖင့္ ေျပာလာေသာေၾကာင့္ အင္မတန္ပင္ အံၾသေလးစားမိပါသည္။

“..ေၾသာ္….ဒါနဲ႔….ငါသမီး….ကေလးႏွစ္ရွိတယ္..မဟုတ္လား..”

“…ဟုတ္….ရွိပါတယ္….ဆရာႀကီး..”

“…ေအး….ေအး…ကေလးေတြကို…အေသအျခာေရမိုးခ်ိဳးၿပီး….အေမႊးနံ႔သာလိမ္းေပးထားေနာ္….သမီး…”

“…ဟုတ္….ဟုတ္ကဲ့ပါ….ဆရာႀကီး…”

“…ေအး….ငါသမီးျပန္ေတာ့….ကေလးေတြ…ေမွ်ာ္ေနေလာက္ၿပီ…”

“…ဟုတ္….ေက်းဇူးတင္ပါတယ္…ဆရာႀကီးရယ္…”

ဘယ္လိုပဲျဖစ္ျဖစ္ မခင္ဦး ဆရာႀကီး၏ သီလသမာဓိအား မေလးစားပဲမေနႏိုင္ပါေခ် ဝိုင္းဖြဲ႕စကားေျပာေနၾကေသာ လူႀကီးမ်ားလဲ အံ့ၾသမွင္သက္ျခင္းေတြနဲ႔ က်န္ရစ္ခဲ့ေလေတာ့သည္။

=============

အခ်ိန္က ေနဝင္ရီတေရာ အခ်ိန္ပင္ျဖစ္သည္
မခင္ဦးတို႔အိမ္အေပၚ ဘုရားခန္း၌ ပန္းဆီမီးေရခ်မ္းမ်ား ကပ္လႉပူေဇာ္ထားၿပီး ဆရာႀကီး ဘုရားဦးတိုက္ခါ ေခတၱမွ် ၿငိမ္သက္ေနေလသည္ ႐ြာထဲမွ လူႀကီးတစ္ခ်ိဳ႕ႏွင့္ မခင္ဦးတို႔ မိသားစုလဲ အိမ္ထဲ၌ေရာက္ရွိ ေနၾကေလသည္ ကြမ္းတစ္ယာညက္ ေလာက္ ၾကာေသာအခါ။

“…အီး…..ဟီး….ဟီး..”

“…ဟဲ့….ဟဲ့…..သမီးႀကီး….ခင္…ခင္ထား…”

မခင္ဦး၏ သမီးအႀကီးျဖစ္ေသာ မခင္ထားမွာ
တစ္ကိုယ္လုံး တုန္ယင္လွ်က္ ရႈိက္ႀကီးတငင္ ငိုေႂကြးေနေလေတာ့ လူမ်ားက ကေလးဆီသို႔ အာ႐ုံဏ္ေရာက္လာၾကသည္ မခင္ဦးက ကေလးထငိုသည္ဟု ထင္မွတ္ခါ ႐ိုတ္ပုတ္မယ္ ဟန္ျပင္တဲ့အခါ။

“….ဟဲ့….ငါ့သမီး…..ကေလးကို….မ႐ိုတ္ရဘူး…”

ဆရာႀကီး ကေလးဘက္သို႔လွည့္ခါ ေျပာလိုက္ျခင္းေၾကာင့္ မခင္ဦး မ႐ိုတ္ေတာ့ပါ။

“…ကဲ…..ကဲ…ငိုမေနပါနဲ႔….ကံ….ကံ၏အက်ိဳးေတြေၾကာင့္….သိ၍ျဖစ္ေစ…မသိ၍ျဖစ္ေစ….ကိုယ္ျပဳသမွ်….ကိုယ္ျပန္ေပးဆပ္ၾကရတာပါပဲ….ကဲ…အေရွ႕ကိုတိုးခဲ့ပါ….ေမာင္ဘမာန္…”

ကိုဘမာန္ဆိုေသာ စကားေၾကာင့္ မခင္ဦးႏွင့္ လူမ်ားအံ့ၾသ ဝမ္းနည္းျခင္းေတြအျပည့္ျဖင့္ ဝိုင္းၾကည့္ေနၾကေလသည္ မခင္ထားေလး ဆရာႀကီးအေရွ႕သို႔ တိုးထိုင္ရင္း မ်က္ရည္တို႔ အသြင္သြင္စီးက်လွ်က္ လက္အုပ္ခ်ီခါ။

“…ကြၽန္…..ေတာ္….အမွားေတြပါ…ဆရာႀကီးရယ္…မခင္ဦး….ငါ့အနားကိုလာပါဦးဟာ…..ငါနင့္ရဲ႕…ေယာက်္ား….ကိုဘမာန္ပါ..”

မခင္ဦး မ်က္ရည္တို႔ ေျဖမဆည္ႏိုင္ေတာ့ေပ။

“…ကို….ကိုဘမာန္….ေတာ္…ေတာ္….ဘယ္လိုျဖစ္ရတာလဲရွင္…”

“…ကဲ….အားလုံးကို….ငါ….ငါေျပာျပပါ့မယ္
…မသိန္းႂကြယ္..”

မခင္ဦးအေနာက္မွာ ထိုင္ေနေသာ မသိန္းႂကြယ္အားလွမ္းေခၚလိုက္ျခင္းေၾကာင့္။

“…ရွင္….ကို….ကိုဘမာန္…”

“…ခင္မ်ားေယာက်္ား….ကိုသိန္းေအာင္ကို….သြားေခၚေပးပါဗ်ာ….”…ဟုတ္…. ဟုတ္ကဲ့..”

မသိန္းႂကြယ္ သူ႔အမ်ိဳးသား ကိုသိန္းေအာင္ကို
သြားေခၚေလ၏ မၾကာခင္ကိုသိန္းေအာင္ပါ ပါလာခဲ့သည္။

“.ကဲ…လူစုံၿပီဆိုေတာ့..ကို…ကိုသိန္းေအာင္..”

“…ကိုဘမာန္….ေျပာေလ…”

“…က်ဳပ္ဟာ…ခင္မ်ားေျမမွန္း….သိေနပါလွ်က္နဲ႔…ၿခံစည္း႐ိုးအလယ္…ဝါးပင္စိုက္….မွ်စ္ထြက္လာေတာ့….ၿခံတိုးခတ္….မေတာ္ေလာဘနဲ႔….ခင္မ်ားရဲ႕ေျမႀကီးေတြကို…..ခိုးယူမိခဲ့ပါတယ္…”

“…ေၾသာ္…ရ….ရပါတယ္….ကိုဘမာန္…”

ကိုသိန္းေမာင္က ထိုသို႔ေျပာေတာ့။

“…ခင္မ်ားက….ရေပမယ့္….မေကာင္းမႈ႕…..
…အကုသိုလ္က….မရဘူးဗ်….အခုဆိုရင္…က်ဳပ္မွာ…ေန႔ဘက္ဆိုရင္..က်ဳပ္ျပဳခဲ့တဲ့….ေကာင္းမႈ႕ေတြ​ေၾကာင့္….နတ္ဘုံနတ္နန္းတမွ်….ခံစားစံစားေနရၿပီး……ညေရာက္ၿပီဆိုတာနဲ႔….ၿပိတၱာဘုံသားဘဝနဲ႔…က်ဳပ္ၿခံထဲက….​က်ဳပ္ခင္မ်ားဆီက….ခိုးယူမိထားတဲ့…ေျမႀကီးေတြကိုတူးၿပီး…..ခင္မ်ားၿခံထဲကို….မိုးလင္းတဲ့အထိ….တူးၿပီးျပန္ပို႔ေပးေနရတယ္ဗ်…အီး…..ဟီး….ဟီး….

ေျပာရင္းနဲ႔ ကိုဘမာန္ပူးကပ္ေနတဲ့ မခင္ထားေလးရႈိက္ႀကီးတငင္ ငိုေႂကြးပါေတာ့တယ္။

….က်ဳပ္….က်ဳပ္….တူးေနရတဲ့အခ်ိန္မွာလဲ….အရမ္းပူေလာင္ေနသလို….အရမ္းပင္ပန္းတယ္…ကိုသိန္းေအာင္…..က်ဳပ္ကိုခြင့္လႊတ္ေပးပါဗ်ာ….

လက္အုပ္ခ်ီလွ်က္ ကိုသိန္းေအာင္ကို အခါခါေတာင္းပန္ ေနေလေတာ့သည္။

….ဟာ…ရပါတယ္….ကိုသိန္းေမာင္ရဲ႕..

“ခင္မ်ားရေပမယ့္….က်ဳပ္မရဘူး…ကိုသိန္းေအာင္”

….ဟဲ့….မခင္ဦး….

….ရွင္…..

….ငါစိုက္ထားတဲ့….ဝါးပင္ကို ငါ့တို႔ၿခံဘက္ကေနၿပီး…ၿခံစည္း႐ိုး….ျပန္ခတ္ေပးလိုက္ပါ…..ဝါးပင္ကို…ကိုသိန္းေအာင္….ၿခံထဲဘက္….ေရာက္ေနပါေစေနာ္..ကေလးေတြကိုလဲ….ဂ႐ုစိုက္….ငါ့ဖို႔လဲ…အလႉအတန္းေလးလုပ္ၿပီး….အမွ်ေဝေပး….ၾကားလား..”

…ဟုတ္ကဲ့ပါ…..ကိုဘမာန္….အဟင့္…..ဟင့့္….

အားလုံးကို မွာၾကားၿပီးေနာက္ ဆရာႀကီးဘက္သို႔လွည့္ခါ လက္အုပ္ခ်ီရင္း။

…ေက်းဇူးႀကီးပါတယ္….ဆရာႀကီးရယ္…ဆရာႀကီး…သာေရာက္မလာရင္….ကြၽန္ေတာ္…ဘယ္အခ်ိန္ထိ….တူးၿပီးထမ္းေနရမလဲ….မသိေတာ့ပါဘူး….ဒါေၾကာင့္မို႔လဲ….ဆရာႀကီး႐ြာေရာက္တာနဲ႔….ကြၽန္ေတာ္…အိမ္မက္လာေပးရတာပါ….ဆရာႀကီးကို….ကန္ေတာ့ပါရေစ……ဆရာႀကီးအား…ဦးတိုက္ၿပီး..ကဲ….မခင္ဦး….ငါသြားေတာ့မယ္ဟာ….ငါပူးကပ္ထားတဲ့….ငါ့သမီးကို….ငါျပန္သြားရင္…ဘာမွမျဖစ္ေအာင္….ငါလုပ္ထားပါတယ္…သူတပါးေျမကို….ခိုးယူတဲ့အေၾကာင္း…..ဆရာႀကီးက….မေျပာခ်င္တာနဲ႔…ငါ့ကို…ဒီအခြင့္အေရးေပးလို႔….ငါသမီးကို…ပူးကပ္ၿပီး…..လာေျပာျပရတာပါ…..ကဲငါသြားၿပီ….

….ဘုန္း….

…..ဟဲ့…..ဟဲ့….လုပ္ပါဦး….

မခင္ထားေလး ေနာက္ျပန္ လဲက်သြားေလေတာ့သည္ လူမ်ား တစ္ေယာက္တစ္ေပါက္ႏွင့္ ကေလးအား ဝိုင္း၍ ျပဳစုေပးၾကတဲ့အခါ မၾကာခင္ပဲ ျပန္လည္သတိရလာၿပီး ေကာင္းေကာင္းမြန္မြန္ပဲ ရွိေနပါသည္။

….ကဲ….ငါ့သမီး…မခင္ဦး..

….ရွင္…..

…သမီးေယာက်္ား….မွာခဲ့တာေတြ….မေမ့နဲ႔ေနာ္…လုပ္ေပးလိုက္ပါ….

…ဟုတ္ကဲ့ပါ….ဆရာႀကီး….

…ကဲ….အဘလဲ…ျပန္ေတာ့မယ္…

….ေက်းဇူးတင္ပါတယ္….ဆရာႀကီးရယ္….

ဆရာႀကီးအား ဦးတိုက္လိုက္ၿပီး ကိုဘမာန္မွာၾကားခဲ့တဲ့အတိုင္း မနက္ျဖန္ေတာ့ အ​ေသအခ်ာ လုပ္ေပးရမွာေပါ့။

ၿခံစည္း႐ိုးကို ကိုဘမာန္မွာခဲ့တဲ့အတိုင္း ျပန္ျပင္ခတ္ေပးလိုက္ၿပီး ကိုသိန္းေအာင္ရဲ႕ ခြင့္လႊတ္ျခင္းကို ခံယူခါ ဘုန္းႀကီးငါးပါးကို ဆြမ္းကပ္ရင္း အမွ်ကုသိုလ္ ေပးေဝးလိုက္ပါေတာ့သည္ ထိုေန႔မွ စ၍ တဘုတ္ဘုတ္ ျမည္ေနေသာ အသံသည္လည္း ေပ်ာက္ျခင္းမလွ ​ေပ်ာက္ကြယ္သြားေလေတာ့သည္။

ေလာက၌ သိ၍ျဖစ္ေစ
မသိ၍ ျဖစ္ေစကိုယ္ျပဳသမွ်
ကိုယ္သာ ခံရၿပီးေနာက္
မေတာ္ေလာဘတို႔သည္
သံသရာလည္ေစသည္ကို
သိေစခ်င္ေသာ အလို႔ငွာ
ဤျဖစ္ရပ္မွန္ ဇာတ္လမ္းအား
ေရးသားလိုက္ရျခင္းပင္ျဖစ္၏
လူအျခင္းျခင္းလွည့္ပတ္ျခင္း
ကင္းရွင္းၾကပါေစ…။🙏🙏🙏
.
.
စာ​ေရးသူ =ေလလြင့္လူ(တြံေတး)

႐ြင္လန္းခ်မ့္းေျမ့ၾကပါေစ

#ညမဖတ္ရ