ပန်းတစ်ပွင့်ရဲ့ကျိန်စာ

*ပန်းတစ်ပွင့်၏ကျိန်စာ*📖📖📖(စ/ဆုံး)

**********************************
————————————
နွေရာသီ၏ပူပြင်းလှသော ပူစပ်စပ်နေရောင်ထဲတွင် အသက်၁၇နှစ်အရွယ် မိန်းကလေးတစ်ယောက်သည် လက်တွန်းလှည်းလေးကိုတွန်းရင်း ရပ်ကွက်ထဲလှည့်လည်နေသည်။ ထိုမိန်းကလေး၏လက်တွန်းလှည်းထဲတွင်ကား နွေရာသီစာဖြစ်သော သစ်သီးစုံသုပ်နှင့် ရွှေရင်အေးများသာဖြစ်သည်။ ပူပြင်းသောနွေရာသီနှင့် လိုက်ဖက်သည့် အစားအသောက်ကိုရောင်းသဖြင့် နေ့တွက်ကိုက်၏။

ထိုမိန်းကလေးသည်ကျန်းမာရေးမကောင်းသည့်မိခင်အိုကို ကျွေးမွေးပြုစုနေသူပင်။ မိခင်အိုကြီးက နာတာရှည်ရောဂါခံစားနေရသဖြင့် အိပ်ယာထက်ကပင်မထနိုင်။ ကျင်ကြီးကျင်ငယ်မှအစ သမီးဖြစ်သူကပင် တာဝန်ယူရသည်။ ထိုသို့အသေးအဖွဲမှအစ မိခင်၏နေ့တဓူဝကိစ္စကို ပြုလုပ်ပေးရသော်လည်း ထိုမိန်းကလေးမှာ ညည်းညူခြင်းမရှိပေ။

ထိုမိန်းကလေး၏နာမည်ကား ခက်ခက်မာပင်ဖြစ်သည်။ နာမည်နှင့်ဘဝပေး လိုက်ဖက်လွန်းလှသည်။ အမှန်ပင်သူမ၏ဘဝသည် ခက်ခဲကြမ်းတမ်းလွန်းလှပေသည်။ မိန်းကလေးပင်ဖြစ်သော်ငြားလည်း အလှအပကိုဂရုမစိုက်နိုင်။ နေရောင်ကြောင့် ခက်ခက်မာ၏အသားအရေကား မဲညစ်နေသည်။ သို့သော်အမြဲပြုံးရွှင်တတ်သော မျက်နှာပေးကြောင့် ချစ်သူခင်သူပေါသည်ကားမဆန်းပေ။

သာယာသောမနက်ခင်းတစ်ခု၌ ခက်ခက်မာသည်မိခင်၏ ဝေယာဝစ္စကိုပြုလုပ်ပေးနေသည်။
” သမီးလေး…အမေကြောင့် ဒုက္ခများနေပြီလားကွဲ့…”
” မဟုတ်တာအမေရယ်…သမီးငယ်ငယ်တုန်းကလည်း အမေဒီလိုဘဲပြုစုခဲ့ရတာလေ…သမီးအမေ့ဝေယာဝစ္စတွေလုပ်နေရလို့ဆိုပြီး သမီးဘယ်တော့မှမညည်းညူပါဘူးအမေရယ်…”
” အေမက သမီးလေးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးလို့ပါကွယ်…”
” မဖြစ်ပါဘူးအမေရယ်…အမေပြန်ပြီးနေကောင်းကျန်းမာဖို့ဘဲတွေးနော်…ကျန်တာဘာမှမတွေးနဲ့….ဟုတ်ပြီလား…”
” အေးပါကွယ်…အမေ့သမီးလေး ဘုန်းကြီးလို့အသက်ရှည်ပါစေကွယ်…အဟွတ်…အဟွတ်…”
” အေမ…ဆက်မပြောနဲ့တော့နော် အမေမောမှာစိုးလို့ပါ..ကြက်သားဆန်ပြုတ်လေးသောက်လိုက်အမေ…ဒါမှအမေအားရှိလာမှာ…နောက်နာရီဝက်လောက်နေရင် ဆေးသောက်ရမယ်နော်အမေ…”
ခက်ခက်မာက မိခင်ကိုဖေးမကူပြီး ကြက်သားဆန်ပြုတ်ပူပူနွေးနွေးလေးကို တစ်ဇွန်းချင်းစီတိုက်နေ၏။ သောက်ရမည့်ဆေးကိုလည်း မိခင်ကြီးနားအသင့်ယူလာပေးလိုက်၏။ ပြီးသော်မနက်စာအဖြစ် ထမင်းကြမ်းစားလိုက်ပြီး ဈေးရောင်းထွက်ရန်ပြင်ဆင်လိုက်၏။
” အေမ…သမီးဈေးရောင်သွားဦးမယ်…လိုအပ်တာတွေအနားမှာထားပေးခဲ့တယ်နော်…မကြာဘူးသမီးပြန်လာမှာ…ဒီကြားထဲအမေလိုတာရှိရင် မကြီးစန်းရီကိုပြောနော်…သမီးသူ့ကိုမှာထားခဲ့မယ်…”
” အေးကွယ်…သမီးလေးစောစောပြန်လာခဲ့နော်…”
” ဟုတ်ဟုတ်အမေ…သမီးသွားပြီနော်…”
ခက်ခက်မာကမိခင်ကိုနုတ်ဆက်ပြီး တွန်းလှည်းလေးကိုတွန်းကာ နေအိမ်မှထွက်လာခဲ့၏။ အိမ်ရှေ့ရောက်သော် လှည်းခဏရပ်ပြီး မကြီးစန်းရီ၏အိမ်ထဲသို့ဝင်သွား ၏။ မကြီးစန်းရီဆိုသူကား သူ၏အိမ်နီးချင်း အပျိုကြီးတစ်ယောက်ဖြစ်ပြီး သူနှင့်မိသားစုလိုနေထိုင်သူဖြစ်သည်။
” မကြီးစန်းရီရေ…မကြီးစန်းရီ…”
” အေးငါဒီမှာခက်မာရေ…နင်ဈေးရောင်းထွက်တော့မှာလားအေ့…အစောကြီးရှိသေးတယ်…”
” ဒီနေ့ကျောင်းဖွင့်ရက်လေမကြီးစန်းရီရဲ့…မနက်ပိုင်းကျောင်းတက်ခေါင်းလောင်းမထိုးခင်လေး အမှီရောင်းရအောင်လို့လေ…ဒါနဲ့မကြီးအလုပ်အားတယ်မို့လား…ခက်မာမရှိတုန်းလေး အမေ့ကိုသွားကြည့်ပေးဦးနော်…”
” အေးပါအေ…ပြောရမဲ့လူတွေကျနေတာဘဲ…စိတ္ခ်လက္ခ်သြား ဂျီးဒေါ်(ကြီးတော်)ကိုငါကြည့်ထားလိုက်မယ်…”
” ကျေးဇူးပါမကြီး…ဒါဆိုခက်မာသွားပြီနော်…စောစောပြန်လာခဲ့မယ်..”
” အေးအေး…”
ခက်ခက်မာက အပျိုကြီးစန်းရီအား မှာစရာရှိသည်ကိုမှာပြီး စာသင်ကျောင်းလေးရှိရာသို့ ထွက်လာခဲ့သည်။ မနက်ခင်းကျောင်းတက်ခေါင်းလောင်းမထိုးခင် ကေလးမ်ားက သူမထံမှသီးစုံအသုပ်များ ဝယ်ယူအားပေးကြ၏။ စေတနာကောင်းသောသူမထံ၌ ကလေးများတစ်ယောက်ပြီးတစ်ယောက် အလုအယက်လာဝယ်ကြ၏။
နေ့စဉ်နေ့တိုင်းဈေးရောင်းပြီးမိခင်အတွက်လိုအပ်သောဆေးဝါးများကိုဝယ်ယူပြီး အိမ်ကိုစောစောပြန်လာနေကျဖြစ်သည်။ သို့သော်သည်နေ့တွင်ကား ညနေ၆နာရီပင်ထိုးချေပြီ။ ခက်ခက်မာကားပြန်မရောက်သေးချေ။ မိခင်ကြီးက ခက်ခက်မာကို မျှော်နေရှာသည်။ အပျိုကြီးမစန်းရီက ဂျီးဒေါ်(ကြီးတော်)ကိုကြည့်ရင်း စိတ်မသက်သာဟန်ဖြင့်
” ဂျီးဒေါ်ရယ်…အေးတယ်အထဲဝင်ပြီး ခက်မာကိုစောင့်လဲရပါတယ်တော်…ဂျီးဒေါ်ကျန်းမာရေးကိုလည်းကြည့်ဦးမှပေါ့…”
” ဒီမှာဘဲထိုင်စောင့်မှာအေ့…သမီးလေးက ခါတိုင်းအိမ်ကိုအစောပြန်လာနေကျ…ခုနေ့မှဘာလို့နောက်ကျနေတာလဲမသိပါဘူးအေ…”
” ရောင်းလို့မကုန်သေးလို့နေမှာပါ ဂျီးတော်ရယ်…ဒီကလေးမကအတော်စီးပွားရှာတာရယ်…”
” ဟဲ့မိစန်းရီ…လမ်းထိပ်သွားပြီး ညည်းညီမကိုသွားရှာကြည့်ပါဦးအေ….ငါဖြင့်သမီးလေးကိုစိတ်ပူလိုက်တာအေ…”
” အင်းပါဂျီးတော်ရဲ့…သိပ်လည်းစိတ်မပူပါနဲ့….စန်းရီ ညီမလေးကိုလမ်းထိပ်မှာသွားရှာကြည့်မယ် ဂျီးဒေါ်နေဝံ့တယ်မို့လား…”
” နေဝံ့ပါတယ်အေ…သြားသြား…ညည်းညီမကိုသွားရှာချေတော့…”
အပျိုကြီးစန်းရီက အမယ်ကြီးကိုစိတ်ချစွာထားခဲ့ပြီး လမ်းထိပ်သို့ထွက်လာခဲ့သည်။ ညမှောင်ရီဝိုးတဝါးအချိန်၌ အမှောင်ဘက်မှ တွန်းလှည်းတစ်စီးလာနေသည်ကို တွေ့ရသဖြင့် အပျိုကြီးစန်းရီဝမ်းသာသွား၏။ ထိုတွန်းလှည်းပိုင်ရှင်သည် ခက်ခက်မာမှလွဲ၍ တခြားလူမဖြစ်နိုင်။ စန်းရီကထိုအမှောင်ထဲရှိတွန်းလှည်းထံပြေးသွားလိုက်သည်။
” ဟော…နောက်ကျလှချေလားခက်မာ…မျက်နှာလည်းမကောင်းပါလား….ဘာဖြစ်လာတာလဲဟင်…ညည်းကိုကြည့်ရတာလဲမသက်သာလိုက်တာအေ…”
” ဟင့်…ဟင့်…”
အပျိုကြီးမစန်းရီ၏အမေးကြောင့်ခက်ခက်မာ ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ပုံစံမှာတကယ့်ကိုဖရိုဖရဲရှိလှပြီး ပါးမှာလည်းညိုမဲစွဲနေသည်။ သူမ၏မျက်လုံးအစုံမှာလည်း နာကျည်းသောအငွေ့အသက်တို့အထင်းသားပေါ်နေသည်။
” ညီမေလး စန်းရီမေးတာဖြေပါဦး…ညီမလေးဘာဖြစ်လာတာလဲ…”
” ခက်မာ ဘဝပျက်သွားပြီမကြီးစန်းရီ…ဟင့်ဟင့်ဟင့်….ခက်မာသေချင်တယ်မကြီးစန်းရီရယ်…ခက်မာသေချင်တယ်….”
” ဟင်…ဘယ်လိုပြောလိုက်တာခက်မာ…ညည်းကိုဘယ်သူစော်ကားလိုက်တာလဲပြောစမ်း….အဲလူကိုမကြီးအမှုန့်ချေပစ်မယ်…တောက်!”
ညီမဖြစ်သူ၏ဘဝကိုခြေတော်တင်သွားသော လူကိုမပျိုကြီးစန်းရီ ဒေါသတကြီးကြိမ်းဝါးလိုက်၏။ ခက်မာက အပျိုကြီးစန်းရီကို မှီရင်းတသိမ့်သိမ့်ငိုနေ၏။
” ညီမေလး…မကြီးကိုပြောစမ်းပါ အဲဒီလူကဘယ်သူလဲ… ပြောစမ်းပါဟာ…ငါ့ညီမဘဝပျက်သွားသလိုသူလည်း သေဒဏ်ကျစေရမယ်…ဘယ်သူလဲပြောစမ်းပါ….”
” ညီမလေးရှက်တယ်မကြီးရယ်…တစ်ရှက်ကနေနှစ်ရှက် ထပ်မဖြစ်ချင်တော့ဘူး ဒီကိစ္စကိုညီမလေးဘာသာဖြေရှင်းမယ်…ဒင်းငါ့လက်ကမလွတ်စေရဘူး…”
” အမယ်ကြီးကိုဘယ်လိုပြန်ပြောရမှာလဲခက်မာရယ်…ညီမလေးအပြန်ကိုသူမျှော်နေရှာတာ…ညီမလေးရဲ့ဒဏ်ရာကိုသူမြင်သွားရင် အကြောင်းစုံမေးမှာဘဲ…”
” ခလုတ်တိုက်ပြီး မှောက်လှဲတာလို့ ဖြေလိုက်မယ်မကြီး….ဒီကိစ္စကိုမကြီးဘဲသိပါစေ….”
” စိတ်ချပါအေ…လာအဲဆိုပြန်ကြမယ်…”
ညီအစ်မနှစ်ယောက် လူယုတ်မာကိုမကျေနပ်မှုကိုယ်စီဖြင့် အိမ်သို့ဟန်မပျက်ပြန်သွားကြ၏။
မဟူရာကျေးရွာ၏ အိမ်ကြီးတစ်အိမ်တွင်လူများစီကားနေသည်။ အကြောင်းမှာ ထိုအိမ်ကြီးထဲတွင်ထူးဆန်းသောလူနာရှိနေသောကြောင့်ဖြစ်သည်။ ထိုလူသည်အကောင်းပကတိနေရင်းကပင် ယခုကဲ့သို့အနာကြီးတစ်လုံးပြီးတစ်လုံးပေါက်လာခြင်းဖြစ်သည်။
” ဒေါ်လေး…. ဒေါ်လေးသားကဘာဖြစ်တာလဲ…တနေ့ကမှအကောင်းကြီးရှိနေသေးတာကို…”
” မသိပါဘူးအေ…ညကမူးပြီးပြန်လာတာ…အရက်သောက်တာများပြီး အဆိပ်တောက်တာလားမသိပါဘူးအေ…”
” သူ့ကို သေချာမေးကြည့်ပါလား…ကြည့်ပါဦး အနာစိမ်းတွေပေါက်နေလိုက်တာ မမြင်ရက်စရာဘဲ…”
လူနာ၏တကိုယ်လုံး၌ အနာဖုများပေါက်လာပြီး ထိုအနာဖုများကွဲကာ သွေးစိမ်းများ လျှံကျနေသည်။
” အား…အေမေရ…နာတယ်…သေတော့မယ်…အား…”
အနာတစ်လုံးပေါက်ပြဲတိုင်းထိုလူမှာအော်ဟစ်ညည်းညူနေရသည်။ အိပ်ယာခင်းမှာလည်းအနာမှထွက်လာသော သွေးတို့ကြောင့်ညစ်ပတ်နံဟောင်နေသည်။
” ဆေးမှူးတွေဘာတွေပင့်ပြီး ကုပေါ့အေ…အစားမှားတာဖြစ်မှာ…”
” ဆေးမှူးတော့ပြပြီးပြီ…ဆေးလည်းထိုးထားပေးတယ် မသက်သာသလိုပါဘဲအေ…အနာစိမ်းတွေပေါက်နေတုန်းဘဲ…”
ထိုလူငယ်၏မိဘနှစ်ပါးလည်းသားဖြစ်သူအတွက် စိတ်မချမ်းမသာဖြစ်နေရသည်။
အချိန်များတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးနေသည်။ လူနာမွာ မသက်သာဘဲတစ်နေ့တခြားအခြေအနေဆိုးလာသည်။ ထူးထူးဆန်းဆန်းပါပင် မဟူရာရွာထဲမှ လူများဘာရောဂါမှမရှိဘဲ တစ်ယောက်ပြီးတစ်ယောက်သေဆုံးပြန်သည်။
” မနေ့က ရွာလယ်က ကိုစိန်ကြီးဆုံးသွားတာ ထူးဆန်းတယ်ဟ…”
” ဟင်ဘယ်လိုထူးဆန်းတာလဲ မြင့်အောင်ရ…”
” အဲလူကြီးကကျန်းမာရေးအရမ်းလိုက်စားတဲ့လူလေ…အကြောင်းမရှိဘဲ ဒီတိုင်းကြီးသေသွားတာကွ…”
” လူဘဲကြာ…ကွေးသောလက်မဆန့်မီ၊ဆန့်သောလက်မကွေးမီတဲ့ လက်တဖျစ်စာအချိန်အတွင်းမှာလည်း သေဖို့အချိန်ရောက်ရင် သေရတာဘဲကွ…”
” ဟုတ်တော့ဟုတ်တယ်လေ…ဒါပေမဲ့အကြောင်းမဲ့သေရတော့ ငါလက်မခံနိုင်ဘူးဖြစ်နေတာ…”
ရွာသားနှစ်ယောက်စကားလက်ဆုံကျနေခြင်းဖြစ်သည်။ တနေ့ကသေဆုံးသွားသော ကိုစိန်ကြီးအကြောင်းကိုပြောနေကြခြင်းဖြစ်သည်။ ထိုအချိန်သူတို့ထံသို့ လူတစ်ယောက် ကပြာကယာပြေးလာပြီး
” ငထူးနဲ့မြင့်အောင်ရေ…တို့အိမ်နားကအရီးသန်းမြင့်ဆုံးသွားလို့ဟေ့…”
” ဟင်…”
” ဟာ…အရီးသန်းမြင့် ဘာရောဂါကြောင့်ဆုံးတာတုံးဖိုးလုံးရ…”
” မသိပါဘူးဗ်ာ…ဒီတိုင်းအကောင်းကြီးကနေ ကောက်ကာငင်ကာဆုံးသွားတာဘဲဗျ…”
” ဟူး….တို့ရွာဘာတွေဖြစ်နေတာလဲကွာ…လာအရီးလေးသန်းမြင့်အိမ်သွားကြစို့…”
သူတို့သုံးယောက်လည်း အရီးလေးသန်းမြင့်အိမ်ရောက်သွားကြပြီး အရီးလေးသန်းမြင့်မှာ အိပ်ပျော်နေသယောင်ပင်။ အရီးလေးသန်းမြင့်၏ သားသမီးဆွေမျိုးများမှာ သွားလေသူအတွက် ဝမ်းနည်းပူဆွေးစွာ ငိုယိုနေကြသည်။
မဟူရာကျေးရွာတွင်ရွာသူရွာသားတို့ တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေကြသဖြင့် ဒေါ်ခင်အေးတို့လည်း မိမိ၏သားဖြစ်သူဆုံးသွားမည်စိုးသဖြင့် အထက်လမ်းဆရာတစ်ယောက်ကိုပင့်လိုက်သည်။ ထိုဆရာလည်းလူနာကိုမကယ်တင်နိုင်ဘဲ ပြန်ပြေးရလေသည်။ နောက်နေ့တွင်ထိုဆရာလည်း ဆုံးသွားရှာပြီဟုသတင်းကြားလိုက်ရသည်။
မဟူရာကျေးရွာသူကြီးသည် ရွာ၌ဖြစ်သွားသော အဆက်မပြတ်လူသေမှုများ၏ အခြေခံရင်းမြစ်ကိုသိရစေရန် ရွာလုံးကျွတ်အစည်းအဝေးခေါ်လိုက်သည်။ ရွာသူရွာသားများစုံလျှင်သူကြီးက မတ်တပ်ထပြီး
” အဟမ်း…အဟမ်း…လူစုံကြပြီလားကွဲ့…”
” စုံပါပြီသူကြီး…”
” အေးအေး…အဲဒါဆိုအစည်းအဝေးခေါ်ရတဲ့အကြောင်းပြောတော့မယ်…စဉ်းစားပြီးအဖြေထုတ်ကြပေါ့…တစ်ဦးတစ်ယောက်ချင်းစီရဲ့အဖြေမှာ ဖြစ်နိုင်ချေရှိရင် လိုက်လုပ်ကြတာပေါ့…”
” အကြောင်းအရာကတော့ ဒို့မဟူရာရွာမှာ နေ့စဉ်နေ့တိုင်း လူတွေအကြောင်းမရှိသေဆုံးကြရတာကို အားလုံးသိပြီးသားဖြစ်မှာပါ…”
” ဟုတ်သိပါတယ်သူကြီး…”
” အေးအဲဒါက အကြောင်းမဲ့သက်သက်တော့မဖြစ်နိူင်ဘူး…ရွာမှာအမှားလုပ်မိကြလို့ ရွာခိုက်တယ်ထင်တယ်…ဒီတော့ ဒီရွာမှာပထမဆုံးသေသွားတဲ့ မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက ပါတဲ့သူတွေမတ်တပ်ရပ်ကြ…”
ရွာသူရွာသားများမှာ သူကြီးပြောသည်ကိုနားမလည်သော်လည်း ကိုစိန်ကြီး၏အလောင်းကို မြုပ်ပေးရသူများကမတ်တပ်ရပ်လိုက်ကြ၏။ အားလုံးပေါင်းခုနှစ်ယောက်ရှိ၏။
” မင်းတို့တွေဘဲလား တခြားဘယ်သူတွေပါသေးလဲ ပါတဲ့သူတွေအကုန်ရပ်နော် အားလုံးနဲ့ဆိုင်တဲ့ကိစ္စမို့ပါ…”
” နားလည်ပါတယ်သူကြီး အဲနေ့ကကိုစိန်ကြီးရဲ့အလောင်းကိုမြုပ်ပေးတာကျွန်တော်တို့ ခုနှစ်ယောက်ထဲပါ…”
” အဲဆိုငါမေးမယ် မင်းတို့မကွယ်မဝှက်ဘဲအမှန်တိုင်းဖြေကြ…မောင်စိန်ကြီးရဲ့အလောင်းကိုမြုပ်တုန်းက မပြောသင့်တဲ့စကားတွေပြောမိကြသေးလား…စနောက်တဲ့သဘောနဲ့ပြောမိကြသေးလား…”
ထိုလူခုနှစ်ယောက်က သူကြီးစကားကြောင့် သူတို့၏အတွေးသည် လွန်ခဲ့သည့်ရက်များကသေဆုံးသူ မောင်စိန်ကြီး၏အလောင်းကိုမြုပ်နှံသည့်အချိန်သို့ ပြန်လည်ရောက်ရှိသွား၏။ ထိုနေ့တွင် သူတို့သည်စိန်ကြီး၏အလောင်းကို သေချာစွာမြေမြုပ်သဂြိုလ်ပေးကြသည်။ မပြောအပ်သောစကားလည်း တခွန်းမှမပြောမိကြချေ။
” အဲနေ့ကကျွန်တော်တို့ ဘာစကားမှမပြောမိကြဘူးသူကြီး…ဘာဖြစ်လို့လဲ ”
” သုသာန်မှာမပြောအပ်တွေစကားတွေရှိတယ်ကွ…အချင်းချင်း စနောက်ပြီး မင်းလိုက်သွားလေတို့၊ အလောင်းမြုပ်မဲ့တွင်းကိုအကျယ်ကြီးတူးပြီး ဒါမှများများဆန့်မှာတို့၊ သေဆုံးသွားသူကိုနှမြောပြီး မင်းဆီကိုငါတို့တွေနေ့တိုင်းလာမယ်တို့ စတဲ့စကားတွေမပြောရဘူးကွ…ပြောမိပြီဆိုတာနဲ့ နောက်နေ့လူတွေတစ်ယောက်ပြီးတစ်ယောက်သေကုန်တော့တာဘဲကွ…ဒါကြောင့်အဲလို့တွေဖြစ်နေမှာစိုးလို့မေးရတာ…မင်းတို့တွေသေချာစဉ်းစားပြီးဖြေကြ…”
” တကယ်ပါသူကြီး ကျွန်တော်တို့အဲဒီနေ့က ဘာမှမပြောရဘူး…စိတ်ထဲကနေတောင်မပြောမိဘူးဗျ…”
” ဒါဆိုစဉ်းစားရခက်နေပြီ…ဒါဆိုအလောင်းကိုမြုပ်တုန်းက အလောင်းရဲ့ခေါင်းကိုရွာဘက်လှည့်ခဲ့မိကြတာလား…”
” ဟာ…မလှည့်မိပါဘူးသူကြီးရာ…ကျွန်တော်တို့လည်း ရွာကိုခိုက်မဲ့အရာဘာမှအလုပ်မိခဲ့ကြဘူး…”
စိန်ကြီး၏အလောင်းကိုမြေမြုပ်သဂြိုလ်ပေးရသော လူခုနှစ်ယောက်၏အဖြေကြောင့် သူကြီးအပါ ရွာသူရွာသားများလည်း အဖြေမထုတ်တတ်ကြဘဲအကြံအိုက်နေကြ၏။
” ဘယ်လိုလုပ်ကြမလဲ ဒီတိုင်းဆို တစ်ရွာလုံးက သေရမဲ့နေ့ကိုစောင့်နေကြရတာနဲ့တူနေပြီ…”
” ဘယ်လိုလုပ်ကြမှာလဲသူကြီး ဒီတိုင်းဆို ရွာကပျက်မှာသေချာသလောက်ဖြစ်နေပြီဗျ…”
” အေးကွယ်…ငါလည်းမစဉ်းစားတတ်တော့ဘူး ဘယ်သူတွေအမှားလုပ်မိကြတာလဲမသိတော့ဘူး…”
” သူကြီး…ကျွန်တော်တင်ပြစရာရှိတယ်…တနေ့က ရွာကိုဆေးလာကုသွားတဲ့ဆရာလည်း ဆုံးပြီလို့သတင်းကြားရတယ်…အဲဒါဟိုရွာလယ်ကလူနာခင်မောင်နဲ့ ပတ်သက်နေမလား…”
” မဖြစ်နိုင်တာ…ခင်မောင်ကလူနာဘဲဥစ္စာ…သူကဘာလုပ်နိုင်မှာလဲ…”
” ဟုတ်တယ်လေ…သူကဖြင့်အိပ်ယာကမထနိုင်ဘဲ…”
ခင်မောင်၏ဆွေမျိုးများက ဆတ်ဆတ်ထိမခံပြန်လည်ချေပလိုက်၏။ သူကြီးလည်း ဖြစ်နိုင်မဖြစ်နိုင်သည်ကို အပထားပြီး လောလောဆည် ရွာတွင်ဖြစ်နေသော ပြဿနာကိုအရင်ဆုံး ဖြေရှင်းရမည်ဖြစ်သဖြင့် ရွာသားများတင်ပြသော ထိုအချက်ကိုပါထည့်သွင်းစဉ်းစားလိုက်၏။
” အဲဒီအချက်ကိုပါထည့်သွင်းစဉ်းစားရမယ်…ကဲ သေဆုံးသွားခဲ့တဲ့သူတွေမှာ မသေဆုံးခင်က ခင်မောင့်အိမ်ကိုလူနာသတင်းမေးသွားခဲ့ကြသေးလား…”
” ကိုစိန်မောင်ကသွားခဲ့တယ်ထင်တယ်…ငါ့တွေ့လိုက်သလိုဘဲ..”
” အေးဟုတ်သလိုလိုဟ…”
ရွာသူရွာသားများက မိမိတို့၏နီးစပ်ရာမှ သေဆုံးသွားကြသူတို့၏အကြောင်းကို ပြန်လည်စဉ်းစားကြရာ ထိုလူများမသေဆုံးမီအချိန်တွင် ခင်မောင်၏အိမ်၌လူနာသတင်းမေးသွားခဲ့ကြသေးသည်။ ထိုမှအပြန်ကောက်ကာငင်ကာသေဆုံးသွားကြခြင်းဖြစ်ကြောင်းတွေ့လိုက်ရသည်။
” တွေးကြည့်တော့လည်း ဟုတ်သလိုလိုဘဲသူကြီးရ…ဒီလအတွင်းသေဆုံးသွားတဲ့သူတွေဟာ ခင်မောင့်ကိုလူနာသတင်းသွားမေးခဲ့ကြတဲ့လူတွေချည်းဘဲဗျ.. ”
” တဖက်သတ်မစွပ်စွဲကြနဲ့ဟဲ့….တိုက်ဆိုင်မှုလည်းဖြစ်နိူင်တာဘဲမလား…အစည်းအဝေးပြီးပြီဆို ငါတို့ပြန်ပြီ…အလကားအကြောင်းမရှိစွပ်စွဲတဲ့ဟာတွေ…”
ခင်မောင်၏ဒေါ်လေးတော်စပ်သူက ထိုသို့ပြောပြီးပြန်သွား၏။ ရွာသူရွာသားနှင့်သူကြီးက ထိုမိန်းမကြီးကိုကြည့်ပြီး ပါးစပ်အဟောင်းသားကျန်ခဲ့၏။
” သူကဘာဖြစ်နေတာလဲ…တို့ကပြဿနာရဲ့အရင်းမြစ်ကိုရှာနေတာလေ…”
” အေးလေ…ဒီအဖွားကြီးဘာဖြစ်သွား…”
ရွာသူရွာသားများ ရုတ်ရုတ်သဲသဲဖြစ်သွား၏။
” အဟမျး…အဟမျး…”
သူကြီးကချောင်းဟန့်လိုက်ရာ အားလုံးတိတ်ဆိတ်သွား၏။
” ကဲကဲ….ဟုတ်တယ်လို့တော့ ဘယ်သူမှအတတ်မပြောနိုင်ဘူး…ဒီတော့တကယ်ဟုတ်မဟုတ် ဒီရက်ပိုင်းအတွင်းခင်မောင်ရဲ့အိမ်ဖက် ဘယ်သူမှမသွားကြသေးနဲ့ပေါ့…တကယ်လို့ဟုတ်ခဲ့ရင်လည်း သေဆုံးခြင်းရဲ့အရင်းအမြစ်ကိုသိရတော့ တားလို့ရတာပေါ့…ခင်မောင်ကြောင့်မဟုတ်ခဲ့ရင်လည်း မျက်နှာပျက်စရာမဖြစ်ရလေအောင် ပြန်ပြီးတောင်းပန်ကြတာပေါ့ ကျုပ်ပြောတာသဘောတူကြလားဟေ့…”
” ဟုတ်သူကြီး…ကျုပ်တို့သဘောတူတယ်…”
အစည်းအဝေး၏ဆုံးဖြတ်ချက်အတိုင်းပင်ရွာသူရွာသားများအားလုံး ခင်မောင်၏အိမ်ဖက်သို့မသွားဘဲနေကြ၏။ သို့သော် ခင်မောင်၏ဒေါ်လေးတော်သူကား သူကြီးနှင့်ရွာသူရွာသားများကိုမကျေနပ်ချေ။ သူမ၏တူအား စွပ်စွဲရကောင်းလားဟူ၏။ တစ်ခုသောညနေတွင် ထိုမိန်းမကြီးသည် တူဖြစ်သူခင်မောင်အတွက် ကြက်သားစွပ်ပြုတ်လာပို့ပေး၏။ ခင်မောင်မှာရောဂါအခြေအနေဆိုးလာပြီး ငှက်ပျောရွက်ကိုခင်းကာ အိပ်ရသည့်ဘဝရောက်နေပေပြီ။ အရေပြားမှာလည်းအနာထပ်ပြီး ပေါက်စရာနေရာမရှိလောက်တော့အောင်ပင် အနာပေါ်အနာဆင့်နေချေပြီ။
” သား…ခင်မောင်…ထပါဦးကွဲ့…ဒေါ်လေးမင်းအတွက် အားရှိစေမဲ့ကြက်သားစွပ်ပြုတ်လေးချက်လာပေးတယ်ကွဲ့…”
” ဟင်း….ဟင်း….အီး….အီး….”
ခင်မောင်မှာတအီးအီးညည်းညူနေရှာသည်။ ပါးစပ်ကြီးဟလျက် ပြင်းစွာသောဝေဒနာကိုခံစားနေရရှာသည်။ ဆရာလည်းစုံ ဆေးလည်းစုံနေပေပြီ။ သို့သော်လူနာမှာအနည်းငယ်မျှပင် မသက်သာလာချေ။
” ဟူး…..”
ဒေါ်မာလာသည် တူဖြစ်သူကိုကြည့်ပြီး သက်ပြင်းမောတချက်ချလိုက်သည်။ ခင်မောင်မှာ ကမ္မဋ္ဌာန်းရုပ်ပေါက်နေပေပြီ။ မျက်လုံးနှစ်လုံးမှာလည်း ပြူးကျယ်ကာ ဂဏှာမငြိမ်ဖြစ်နေ၏။ ခင်မောင်၏အမေကသားဖြစ်သူကိုကြည့်ပြီး မျက်ရည်များစီးကျလာသည်။
” မမရယ်…တူလေးကဘာဖြစ်တာလဲ ဆေးဆရာတွေရဲ့အဖြေကရော…”
” မသိတော့ပါဘူးညီမလေးရယ်…ခုဆိုသူ့ကိုကုသပေးခဲ့တဲ့ဆေးဆရာတွေအကုန်သေကုန်လို့ ဘယ်ဆေးဆရာမှပင့်လို့မရတော့ဘူးကွယ်…”
” မမကလည်း ပေါက်ကရတွေပြောနေပြန်ပြီ…ငါ့တူကိုကုလို့သေတာမဟုတ်ဘူး သူတို့ဘာသာသေချိန်တန်လို့သေရတာပါ…မမတို့မပင့်ရင်နေ…မနက်ကျရင်ညီမကိုယ်တိုင်မြို့တက်ပြီး နာမည်ကျော်ဆေးဆရာကိုရအောင်ပင့်လာခဲ့မယ်…”
” ညည်းတူကိုကြည့်ရတာမရိုးဘူးထင်တယ် ညီမရယ်…ညဆိုတစ်ယောက်ယောက်ကိုတောင်းပန်နေတဲ့အသံတွေကြားရတယ်…နောက်မလုပ်တော့ပါဘူးတွေရော…အသက်ကိုချမ်းသာပေးပါတွေရောစုံနေတာဘဲအေ…”
” ဒါဆိုတူလေးပြုစားခံထားရတာနေမယ်…ဒီလောက်လိမ္မာတဲ့ငါ့တူလေးကို ဘယ်သူကများပြုစားဝံ့တာလဲဟဲ့…”
ဒေါ်မာလာတစ်ယောက်အဖြစ်မှန်ကိုမသိဘဲ ခင်မောင်အားပြုစားသူကိုမကျေမနပ်ဖြစ်နေ၏။
နောက်နေ့မနက်တွင်ကား ဒေါ်မာလာသေဆုံးသွားပြီဟူသောသတင်းသည် မဟူရာရွာလေးအတွင်းဟိုးလေးတကြော်ကြော်ဖြစ်သွားခဲ့သည်။
” ဘယ်လိုဖြစ်ရတာလဲညီမလေးရယ်…ညည်းတူကိုညည်းကိုယ်တိုင်ဆေးဆရာပင့်ကုပေးမယ်ဆို…ခုတော့ဘယ်လိုဖြစ်ရတာလဲကွဲ့…ဟီးဟီးဟီး… ”
ခင်မောင်၏မိခင်က ညီမဖြစ်သူသေဆုံးသွားသောကြောင့် တစ်ပူပေါ်နှစ်ပူဆင့်ကာ ရင်ဘတ်စည်တီးငိုနေရှာ၏။
” အမေညကအိပ်နေရင်း မလာနဲ့…မလာနဲ့… မလိုက္ဘူး…ဆိုပြီးအော်နေတာဒေါ်ကြီးရယ်….သမီးတို့ဝင်သွားတော့ ကြမ်းပေါ်မှာ လျှာထွက်ပြီးသေနေပြီ…”
ဒေါ်မာလာသမီးဖြစ်သူ၏စကားကြောင့် အားလုံးအံ့ဩသွားရ၏။
” မနေ့က ခင်မောင့်အိမ်သူသွားခဲ့သေးတယ်တဲ့…အဲဒါကြောင့် နေမှာ…”
” ဟုတ်တယ်…ခင်မောင်ကသေမင်းတမန်လားဘဲ…ကြောက်ဖို့ကောင်းလိုက်တာ…”
” သူ့အိမ်မသွားတာအကောင်းဆုံးဘဲ…”
ဒေါ်မာလာ၏အသုဘတွင် ရွာသူရွာသားများ၏ထင်မြင်ချက်များတီးတိုးထွက်လာခဲ့၏။ ထူးဆန်းသောအဖြစ်ကြောင့် ခင်မောင့်အိမ်သို့ မည်သူတစ်ဦးတစ်ယောက်မှလူနာသတင်းလာမေးခြင်းမရှိတော့ချေ။ အယုတ်စွဆုံး ခင်မောင်၏မိသားစုဝင်များကိုပင် ရွာသူရွာသားများရှောင်ကြဉ်လာကြ၏။
ထိုသို့ဝိုင်းဝန်းဖယ်ကျဉ်ပြီးနောက်ပိုင်း ရွာထဲ၌မည်သူမျှသေဆုံးခြင်းမရှိတော့သည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။
ယခုမူကားခင်မောင်ဆိုသည့်အသံကြားသည်နှင့်လူများအားလုံးက စက်ဆုပ်မုန်းတီးဖွယ်ရာ နိမိတ်အဖြစ်ပင်မှတ်ယူနေကြပြီ။ ပတ်ဝန်းကျင်၏ဖယ်ကျဉ်ခြင်းကြောင့် ခင်မောင်၏မိသားစုဝင်များလည်း စီးပွားရေး၊လူမှုရေးများ ကျဆင်းကုန်၏။ ခင်မောင်လည်းရောဂါ၏နှိပ်စက်မှုဒဏ်ကို အလူးအလဲခံစားနေရ၏။ သူပြုခဲ့သည့်မကောင်းမှုသည် သူ့ကိုအကျိုးပေးလေပြီတကား။
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်သည် ကျိန်စာသင့်နေသည့်မဟူရာကျေးရွာသို့ရောက်လာခဲ့၏။ ရွာစောင့်နတ်သည်မောင်ရေခဲတို့ရောက်လာသည်ကိုမြင်လျှင် ကိုယ်ထင်ပြပြီး
” ရောက်လာကြပြီလားဆရာလေးတို့….”
” ဟုတ်တယ်ရွာစောင့်နတ်ကြီး…ဒီရွာမှာအင်မတန်အားပြင်းတဲ့လှိုင်းတစ်ခုရနေတယ်…ဘာကြောင့်လဲရွာစောင့်နတ်ကြီး…”
” ပညာသည်မိန်းကလေးတစ်ယောက်ရဲ့ ကျိန်စာတွေကြောင့်ပါဆရာလေး…သူ့ရဲ့ကျိန်းစာကြောင့် ပတ်သက်မိတဲ့လူတွေအကုန်လုံးမရဏခေါ်ရာနောက်ကောက်ကောက်လိုက်ပါခဲ့ကြရတယ်လေ…”
” အကြောင်းစုံရှင်းပြပါဦးရွာစောင့်နတ်ကြီး…”
” ပြောရရင်တော့မိဘကိုပြုစုလုပ်ကျွေးမေတဲ့မိန်းကလေးတစ်ယောက်ကနေစရမယ်ဆရာလေးတို့….”
ရွာစောင့်နတ်ကြီးသည် ဤသို့အစချီပြီး မဟူရာရွာ၏ ရွာနီးချင်းဖြစ်သည့် နှင်းဆီပင်ကျေးရွာရှိ ခက်ခက်မာအကြောင်းကိုပြောပြလိုက်၏။ ဆိုခဲ့သည့်အတိုင်းခက်ခက်မာသည် ကျန်းမာရေးမကောင်းလေသူမိခင်ကြီးကို ဈေးရောင်းပြီးလုပ်ကျွေးနေ၏။ တစ်နေ့သော် စာသင်ကျောင်းပိတ်ရက်ဖြစ်နေသဖြင့် သစ်သီးသုပ်များရောင်းမကုန်ဖြစ်နေရာ ရွာနီးချင်းဖြစ်သော မဟူရာကျေးရွာသို့လာရောင်း၏။
တွန်းလှည်းလေးတွန်းပြီးမဟူရာကျေးရွာသို့ရောက်လာခဲ့သည်။ နေ့လယ်နေ့ခင်းဖြစ်သဖြင့် လူအများလုပ်ငန်းဆောင်တာဝင်နေချိန်ဖြစ်၍ ဘာမှပင်မရောင်းလိုက်ရချေ။
” အသုပ်သည်နေပါဦး…ဝယ်မလို့ဗျ…”
ထိုအသံကြောင့်သူမလှည့်ကြည့်ရာ ဈေးဝယ်လာသောယောကျာ်းတစ်ယောက်ဖြစ်နေ၏။
” ဘယ်လောက်ဖိုးယူမှာလဲအစ်ကို…”
” တစ်ထောင်ဖိုးထည့်ညီမလေး…ဒါနဲ့ညီမလေးကို ဒီရွာမှာတစ်ခါမှမတွေ့ဖူးဘူးနော်…ဒီရွာကမဟုတ်ဘူးထင်တယ်…”
” ညီမက နှင်းဆီပင်ရွာကပါ…ဒီနေ့ဈေးရောင်းမကုန်သေးတာနဲ့ဒီဖက်ရွာလာရောင်းကြည့်တာပါ…မှန်းချက်နဲ့နှမ်းထွက်မကိုက်ပါဘူးအစ်ကိုရယ်…ဒီဖက်ရွာကလူတွေအကုန်လုပ်ငန်းထဲရောက်ကုန်လို့နဲ့တူတယ်…”
” ဘာမှမပူပါနဲ့ညီမလေးရော…အစ်ကိုအကုန်လုံးယူပေးမှာပေါ့…ဟဲဟဲ… ”
ထိုလူကြီးကခက်ခက်မာအားစားမတတ်ဝါးမတတ်ကြည့်နေ၏။ စကားပြောတိုင်းလည်း သူ၏အာခံတွင်းထဲမှ အရက်နံ့တို့ထောင်းခနဲထွက်လာ၏။ ထိုလူကိုခက်ခက်မာ သေဘာမက်လွေခ်။
” ရော့အသုပ်ရပြီအစ်ကို…”
ခက်မာကသစ်သီးစုံသုပ်ကိုလှမ်းပေးပြီး တစ်ထောင်တန်ရွက်ကိုယူကာတွန်းလှည်းတွန်းပြီး ခပ်သုတ်သုတ် ထြက္လာ၏။
” ညီမေလး…ဟေ့ညီမလေးနေဦးလေ…အစ်ကိုအကုန်ယူမှာ…ညီမလေးကိုလည်းယူမှာ…”
ဆိုပြီး အနောက်မှပြေးလိုက်လာ၏။ ခက်မာသည် ထိုလူကိုကြည့်ပြီးလန့်လာ၏။ ခြေလှမ်းကိုမြန်နိူင်သမျှမြန်အောင် လျှောက်၏။ မဟူရာရွာကိုလာခဲ့သည်မှာ မှားပြီထင်တယ်ဟုစိတ်ထဲတွေးနေမိ၏။
” ဟိတ်…စောင့်ပါဦးဆို…ညီမလေးရဲ့သီးစုံသုပ်လေးကအရမ်းအရသာရှိတာဘဲ…အစ်ကိုစားလို့မဝသေးဘူးလေ…ဘာလို့အလောတကြီးပြန်သွားရတာလဲ..”
ထိုသို့ပြောပြီး တွန်းလှည်းကိုဆွဲထား၏။
” ရှင်ဖယ်နော်…ကျွန်မအိမ်ကိုအချိန်မှီပြန်ဖို့လိုတယ်…”
” ပြန်ရမှာပေါ့ဗျာ…ပြန်ရမှာပေါ့…ဟဲဟဲ…”
ထိုလူ၏တဏှာရမက်ယစ်မူးနေသောမျက်နှာကြောင့် ခက်မာပို၍လန့်သွား၏။ သူမရောက်နေသောပတ်ဝန်းကျင်လည်း လူသွားလူလာပြတ်လပ်ပြီး ဘေးတစ်ဖက်စီတွင်လည်း ဝါးရုံတောကြီးကရှိနေသေး၏။
” ညီမေလး…ဘာတွေတွေးနေတာလဲ…အစ်ကိုညီမလေးကိုလိုက်ပို့ပေးမယ်လေ…”
ဆိုကာခက်ခက်မာ၏လက်အားဆွဲလိုက်၏။
” ရှင်လွှတ်နော်…ကျွန်မအော်လိုက်မှာ…”
” အော်လေ…ဒါငါ့ရွာ ဘယ်သူမှမရှိဘူး…ဟဲဟဲ…အစ်ကိုလိုက်ပို့တာအသာတကြည်လက်ခံစမ်းပါ…”
ဆိုပြီးခက်ခက်မာ၏ခန္ဓာကိုယ်အားပိုင်စိုးပိုင်နင်းသိုင်းဖက်လိုက်၏။ ထိုလူ့ထံမှ ခက်ခက်မာအတင်းရုန်းထွက်ပြီး လူသူရှိမည့်နေရာသို့ပြေးလေ၏။ ထိုလူလည်းအနောက်မှတရစပ်လိုက်ပြေးလာပြီး မှီလုလုဖြစ်လာ၏။
” ဒုတ်…”
” အင့်..”
ခလုတ်ကန်သင်းများကြားပြေးနေရသောကြောင့် ခက်ခက်မာ ခလုတ်တိုက်မိပြီး မှောက်လျက်လဲကျသွား၏။ ထိုလူကခက်ခက်မှာကိုမှီသွားပြီး ဒေါသထွက်လေဟန်ဖြင့်
” ဖျန်း…ဖျန်း…”
” အား…”
” ပြေးချင်ဦးကောင်မ…နင်ပြေးလည်းငါ့လက်ကမလွတ်ဘူး…ဟားဟားဟား…”
ထိုလူကခက်ခက်မာ၏ပါးပြင်အား ဖျန်းခနဲနှစ်ချက်ဆင့်ရိုက်လိုက်၏။ အားပါလှသောရိုက်ချက်ကြောင့် ခက်ခက်မာ၏ပါးပြင်မှာ ထူပူသြား၏။ ထို့နောက်ထိုလူသည်ခကခက်မာ၏ဆံပင်ကိုဆွဲပြီး လူရှင်းရာဝါးရုံအောက်သို့ ဒရွတ်တိုက်ဆွဲခေါ်သွား၏။
ခက်ခက်မာရုန်းသော်လည်း မရတော့ဘဲတဏှာသားကောင်၏ လက်အောက်၌ဘဝကိုစတေးလိုက်ရ၏။
ထိုလူသည်ဆန္ဒပြည့်သွားပြီး ထိုနေရာမှထွက်သွား၏။ ခက်ခက်မာသည်ထိုလူ၏ကြောပြင်ကိုကြည့်ပြီး နူတ်ခမ်းကိုသွေးစို့နေအောင်ကိုက်ကာ အရပ်ရှစ်မျက်နှာကိုတိုင်တည်ပြီး ကျိန်စာတိုက်လိုက်၏။
” ကျွန်မခက်ခက်မာသည် မိဘအပေါ်ငြိုငြင်စိတ်ကင်းမဲ့စွာ ပြုစုခဲ့ပါသည်…သူတစ်ပါးအပေါ်လည်း ဘယ်တော့မှယုတ်မာခဲ့ခြင်းမရှိ…ဤမှန်သောသစ္စစကားကြောင့်ကျွန်ုပ်၏ မွေးရာပါဝမ်းတွင်းပညာသည် အဆုံးအစမရှိ အစွမ်းထက်ပါစေသား….”
” ဝေါ…ဝေါ…ဝေါ….”
” ကျိန်း…ကျိန်း…ကျိန်း….”
ခက်ခက်မာသစ္စာဆိုပြီးချိန်၌အရပ်ရှစ်မျက်နှာသည် ချက်ချင်းဆိုသလိုမိုးသားမိုးရိပ်များတက်လာပြီး လေကြမ်းများလည်းတရစပ်တိုခတ်လာ၏။ မဲမှောင်နေသောတိမ်လိပ်ကြီးမှ မိုးစက်မိုးပေါက်တို့ကျလာပြီး လ်ွပ္စီးမ်ားလ်က္ကာ မျိုးချုန်းသံများလည်းထွက်ပေါ်လာ၏။ ခက်ခက်မာသည်ပတ်ဝန်းကျင်အနေအထားကိုကြည့်ပြီး နာကျည်းစွာပြုံးလိုက်ကာ
” ကျွန်မ၏ပညာအစွမ်းဖြင့် ကျွန်မ၏ဘဝကိုနင်းချေသွားသူအား ကျိန်စာတိုက်ပါမည်…ကျွန်မဘဝကို နင်းချေသွားသောလူသည် အရှင်လတ်လတ်အနာစိမ်းများပေါက်ပြီး သူလုပ်ခဲ့သောမကောင်းမှုကသူ့ကိုအခါမလပ် ခြောက်လှန့်နေစေ…ပူပြင်းသောမီးပုံထဲနေရသကဲ့သို့ အမြဲတစေသောကအပူတောက်လောင်နေစေ…ထိုလူနဲ့ပတ်သက်မိသောလူတိုင်း အသေဆိုးနဲ့သေကြပါစေ…ထိုလူ၏နာမည်ကိုကြားရုံနဲ့ လူတိူင်းမုန်းတီးရွံရှာပါစေ….လူအများ၏ဖယ်ကျဉ်ခြင်းကိုဧကန်ခံရပါစေ…ထိုလူ၏မိဘများလည်း စိတ်ဆင်းရဲရပါစေ….ဤကားကျွန်မ၏ကျိန်စာတည်း….ဤကျိန်စာကိုကျွန်မမှလွဲ၍မည်သူမျှမဖြေနိုင်စေရ…..”
” ဂျိန်း….ဂျိန်း…ဂျိန်း….”
” ဝေါ…ဝေါ…ဝေါ….”
ခက်ခက်မာ၏ကျိန်စာအဆုံး၌ မိုးသံလေသံတို့သည်လည်းတဆက်တည်း ထွက်ပေါ်လာ၏။ ထိုမိန်းကလေး၏ကျိန်စာကြောင့် မဟူရာကျေးရွာအတွင်းရှိခင်မောင်သည် အနာရောဂါပေါက်ပြီး အမြဲတစေပူလောင်နေရ၏။ သူနဲ့ပတ်သက်မိသူတိုင်း အသေဆိုးနဲ့သေကြေပျက်စီးရ၏။ ကျိန်စာထဲကအတိုင်း ခင်မောင်သည်လူအများ၏ဖယ်ကျဉ်ခြင်းကို ခံရ၏။
” အဖြစ်အပျက်က ဒါတွေဘဲဆရာလေးတို့…ဒီမိန်းကလေးရဲ့ကျိန်စာဟာတစ်ရွာလုံးအပေါ်သက်ရောက်နေတယ်…ခင်မောင်ဆိုတဲ့လူနဲ့ပတ်သက်မိတဲ့လူတိုင်း သေကြေပျက်စီးကြရတယ်…”
” အင်မတန်ကြောက်ဖို့ကောင်းတဲ့ကျိန်စာပါလား….ဒါကြောင့်မို့ ဟိုလူကိုဆေးကုသပေးတဲ့သူတွေအကုန်ဒုက္ခရောက်ရတာပေါ့…”
” မှန်ပါတယ်ဆရာလေး…သူ့ရဲ့ကျိန်စာကိုမေတ္တာတစ်ခုထဲနဲ့သာ ကျော်ဖြတ်နိုင်ပါတယ်…ဆရာလေးသူ့အပေါ်မေတ္တာထားပြီး ဆုံးမပေးပါ…”
” စိတ်ချပါအသင်ရွာစောင့်နတ်…အဖြစ်အပျက်တွေအလုံးစုံရှင်းပြပေးလို့ကျေးဇူးတင်ပါတယ်…ခွင့်ပြုပါဦးဗျ…”
မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း ရွာစောင့်နတ်ကိုနူတ်ဆက်ပြီး ရွာထဲသို့ ဝင်လိုက်၏။ မောင်ရေခဲတို့က ခင်မောင်၏နေအိမ်ကိုမေးပြီးလာခဲ့ကြရာ ရွာသူရွာသားတို့ကအံ့ဩနေကြ၏။
” ဒီလူတွေငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်နေကြပြီထင်တယ်…”
” သူစိမ်းတွေဆိုတော့ ခင်မောင့်အကြောင်းမသိသေးလို့နေမှာ…”
” သူတိ့ုကံတရားအတိုင်းပေါ့ကွာ…”
ရွာသူရွာသားတို့၏စကားကြောင့်မောင်ရေခဲက ပြုံးလိုက်၏။ လမ်းညွှန်ချက်အတိုင်း လာခဲ့ကြရာ တိတ်ဆိတ်ခြောက်ကပ်နေသော အိမ်ကြီးရှေ့သို့ရောက်လျှင် ခြေစုံရပ်လိုက်ပြီး
” အိမ်ရှင်တို့…အိမ်ရှင်တို့…”
ဆိုပြီးအော်လိုက်၏။ အော်သံကြားသဖြင့် အိမ်ထဲရှိ ခင်မောင်၏မိခင်က အိမ်ပြင်သို့ကြည့်လိုက်၏။
” အလို…ထူးထူးဆန်းဆန်းအိမ်ကိုဧည့်သည်လာနေပါလား…”
ဟုတွေးမိပြီး အိမ်ပြင်ထွက်ကာခရီးဦးကျိုပြုလိုက်၏။
” လာကြသားတို့လာကြ…အပေါ်တက်ကြ…”
” ဟုတ်ဒေါ်လေး…”
သူတိုတစ်မိသားစုလုံးကိုလူအများရှောင်ကျဉ်ထားကြသဖြင့် ယခုကဲ့သို့အိမ်သို့ဧည့်သည်လာခြင်းကို ဒေါ်ကြီးမှာအလွန်သဘောကျလေဟန်ရှိသည်။
” လာသားတို့ဒီမှာထိုင်…အကြမ်းရည်တွေသောက်ကြ…ဒါနဲ့သားတို့က ဒီကိုဘာကိစ္စနဲ့လာကြတာလဲကွဲ့….”
” ဟောဒီအိမ်မှာရှိတဲ့ လူနာကြောင့်လာရတာပါဗျာ…”
” ရှင်…ဒီအိမ်မှာလူနာရှိတာသားတို့ဘယ်လိုသိကြတာလဲ…”
” အကြောင်းစုံသိပါတယ်…ဒီအိမ်ရဲ့လူနာက တစ်ပါးသူခွင့်မလွတ်နိုင်တဲ့အပြစ်မျိုးလုပ်ထားလို့ပါ…”
” ရှင်…”
မောင်ရေခဲ၏စကားကြောင့် အဒေါ်ကြီးခမျာမျက်လုံးမျက်ဆံပြူးသွား၏။
” ကဲအချိန်မရှိဘူး လူနာကိုဖေးမပြီးဘုရားခန်းထဲခေါ်လာခဲ့ပါ…”
မောင်ရေခဲကထိုသို့ပြောပြီး ဘုရားခန်းထဲသွားကာ ဘုရားဝတ်ပြုလိုက်၏။ ခဏအကြာ၌ သူ့ရှေ့သို့အနာဗရပွရှိလှသော လူနာရောက်လာ၏။
” နေသာသလိုထိုင်ပါညီ….ပြီးရင်ဘုရားကိုအာရုံပြုထား….”
” ဟုတ်ကဲ့…”
မောင်ရေခဲလည်း အထက်ကိုကုသမိန့်တောင်းပြီး ပြုစားသူကိုအမိန့်ပြန်ခေါ်လိုက်၏။ ပြီးသော်လူနာ၏အသက်ကိုသုံးကြိမ်သုံးခါပြည့်အောင်အပ်ခိုင်းပြီး
” ဤတနင်္လာသားကို၏အသက်နဲ့ခန္ဓာကိုငါပိုင်တယ်…တနင်္လာသားကိုပြုစားနှောင့်ယှက်သူ ငါ့အရှေ့မှောက်မကြာချက်ချင်းရောက်လာစေ….အနှောင့်အယှက်အတားအဆီးမရှိစေရ…အထက်ပုဂ္ဂိုလ်များရဲ့အမိန့်…ငါရေခဲ၏အမိန့်…”
ထိုသို့အမိန့်ပြန်လိုက်သည်နှင့်ယိုင်နဲ့နဲ့ဖြစ်နေသောလူနာသည် ဒူးတစ်ချောင်းထောင်၊တချောင်းကိုချထားသောပုံစံပြင် ထိုင်လိုက်ပြီး ချီထားသောလက်အုပ်ကိုချကာ
” ဟင်းဟင်းဟင်း…ငါ့အလုပ်ကိုလာရှုပ်တာ ငယ်ငယ်ရွယ်ရွယ်နဲ့သေချင်နေလို့ထင်တယ်…”
ခင်မောင်၏နူတ်မှမိန်းကလေးအသံထွက်လာသဖြင့် ခင်မောင်၏မိသားစုဝင်များကအံ့ဩသွား၏။
” နှမငယ်…ရောက်ရင်ဘုရားကိုဦးတိုက်လိုက်ပါဦး…”
” ငါပြောတာမကြားဘူးလား…ဘာလို့ဒီလူယုတ်မာကိုကယ်တင်ချင်နေရတာလဲ…”
မိန်းကလေးကမောင်ရေခဲ၏စကားကိုနားမထောင်ဘဲ မောင်ရေခဲကိုပြန်ပြောနေ၏။
” ဘုရားကိုဦးတိုက်လိုက်…နှမငယ်ကိုမနာကျင်စေချင်ဘူး…”
” တိုက်မှာပါဟဲ့တိုက်မှာပါ…နင်ကလျှာစက်အာစက်ပါတဲ့သူမို့ နင်ပြောလိုက်တဲ့စကားတိုင်း ငါ့နားတွေအူတဲ့အထိဖြစ်တယ်ဟဲ့….”
ထိုသို့ပြောပြီး ဘုရားကိုဦးခ်၏။
” ကဲ…ငါသွားလို့ရပြီလား…”
” မရေသးပါဘူး…သင့်ကျိန်စာကိုပယ်ဖျက်ပြီးမှသွားရမယ်….”
” ဟားဟားဟား….ဟားဟားဟား…နင်ဘာသိလို့ငါ့ကိုကျိန်စာဖျက်ခိုင်းရတာလဲ…ဒီလူအကြောင်းနင်မသိလေရော့သလား….”
” သိပါတယ်…ဒါပေမဲ့ အပြစ်ကျူးလွန်သူကတစ်ယောက်ထဲလေ…နှမကလူတွေအများကြီးရဲ့အသက်ကိုသတ်မိနေပေပြီ…”
” ဒီလူယုတ်မာက ငါ့ဘဝကိုနင်းချေခဲ့တယ်…သူ့ဘဝလည်းအမြဲနောင်တတွေဒဏ်ရာတွေနဲ့နာကျင်နေစေရမယ်…”
” နှမကျိန်စာကြောင့် သူလည်းအရှင်လတ်လတ်ငရဲကျသလိုခံစားနေရပါပြီ… သူ့အပြစ်နဲ့သူခံယူသွားပါပြီ…နှမငယ်ထပ်ပြီးအပြစ်မလုပ်ဖို့ အစ်ကိုမေတ္တာရပ်ခံတယ်…”
” မရဘူး…ဒီလူယုတ်မာမိသားစု တစ်ခုလုံးစိတ်နှလုံးကွဲကြေပြီး ခံစားနေစေရမယ်…”
” သူ့ကိုကျိန်စာပယ်ဖျက်ပေးရင် နှမငယ်ရဲ့အမေခံစားရတဲ့ဝေဒနာကိုပျောက်ကင်းအောင်အစ်ကိုကုပေးမယ်ဘယ်လိုလဲ…”
မိန်းကလေးသည်မိခင်ကိုအလွန်ချစ်တတ်သူဖြစ်သဖြင့် မောင်ရေခဲကထိုသို့ပြောလိုက်ရာ တချက်မျှစဉ်းစားလိုက်ပြီး
” အစ်ကိုတကယ်ပြောတာလား…”
” နှမသာသူု့အပေါ်ကျိန်စာတွေဖျက်ပေးရင် အစ်ကိုလည်းဂတိမပျက်စေရပါဘူး…”
” အဲဒါဆိုလည်း အစ်ကိုပြောတဲ့အတိုင်းလုပ်မယ်…ကျွန်မသည်ဤတနင်္လာသားအပေါ်တိုက်ခဲ့သောကျိန်စာအား ယနေ့မှစ၍ ကျွန်မကိုယ်တိုင် ဖျက်သိမ်းလိုက်သည်…ယနေ့မှစ၍ ဤတနင်္လာသားအပေါ်၌ ကျိန်စာတစ်ခုမကျန်အကုန်ပျက်ပြယ်စေ…”
” ဖျောဖျောဖျော….”
” ဝုန်း…ဝုန့်း….”
သူမကျိန်စာတိုက်ခဲ့သည့်အချိန်ကကဲ့သို့ပင် ပတ်ဝန်းကျင်တစ်ခွင်မှောင်မဲလာပြီး မိုးသီးမိုးပေါက်များကျလာခဲ့သည်။
” ကဲ..ကျွန်မကျိန်စာအားလုံးကိုဖျက်လိုက်ပြီ…အစ်ကို့ဂတိအတိုင်းအမေ့ရောဂါကိုပျောက်ကင်းအောင်ကုသပေးပါ…”
မောင်ရေခဲလည်းဂတိအတိုင်း နတ်ဘီလူးထံမှရသောနတ်ဆေးတော်ကို ရေစင်ဖြင့်ဖျော်ပြီးပေးလိုက်၏။
” ကဲ..ဘုရားဦးချပြီး နှမပြန်နိူင်ပြီ…ဒီဆေးတော်ကိုနှမရဲ့မိခင်ကိုတိုက်လိုက်ပါ ရောဂါဝေဒနာအားလုံးပျောက်ပြီး ကျန်းမာသက်ရှည်လိမ့်မယ်…”
ထိုမိန်းခလေးလည်းဘုရားကိုဦးချပြီးထွက်သွား၏။ ခင်မောင်လည်း ဘေးသို့လဲကျသွား၏။ မောင်ရေခဲက လူနာကိုရေစင်ဖြင့်တောက်လိုက်ပြီး
” ကဲ…ညီ့အပေါ်ကျရောက်နေတဲ့ကျိန်စာတွေအားလုံးကိုတော့ ဖျက်ပေးလိုက်ပြီ…နောက်ဖြစ်လာမဲ့အရာတွေကတော့ ညီရဲ့ကံတရားအတိုင်းဘဲ…အစ်ကိုလည်းမကယ်တင်နိုင်ဘူး….”
မောင်ရေခဲ ပြောသည့်စကားကိုမည်သူမျှနားမလည်နိုင်ချေ။ လူနာကိုကုသပေးပြီးနောက် အားလုံးကိုနူတ်ဆက်ပြီး မဟူရာကျေးရွာမှထွက်သွားခဲ့ကြ၏။
ခင်မောင်မှာကျိန်စာပျက်သွားပြီးသည့်နောက် လူအများရှေ့မှောက်သူ၏အမှားကို ဝန်ခံသွားပြီး နောင်တများစွာဖြင့် ညင်သာစွာသေဆုံးသွား၏။ ခင်မောင်၏အသုဘမှာမိဘဆွေမျိုးများဖြင့်သာ ခြောက်ကပ်စွာပြီးဆုံးသွား၏။ တစ်ဖက်ရွာမှခက်ခက်မာ၏မိခင်ကြီးသည်ကား ခံစားရသောရောဂါဝေဒနာများ ပျောက်ကင်းသွားပြီး ချစ်ရသည့်သမီးလေးနှင့်အတူ ပျော်ရွှင်စွာနေထိုင်သွားတော့သည်။…….။
(ဖြစ်ရပ်မှန်ကိုအခြေခံထားသည်။ အားပေးဖတ်ရှုသူ တစ်ဦးချင်းစီကိုကျေးဇူးတင်ပါသည်။ ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေသောဝ်)
# ပြီး
# ခွန်း