” ပြန်ပေး လုပ်ခဲ့တဲ့ ကျွန်တော် “(စ/ဆုံး)

Unicode Version

” ပြန်ပေး လုပ်ခဲ့တဲ့ ကျွန်တော် “(စ/ဆုံး)
——————————————-
မင်းသိင်္ခ

ဒီလိုပါဗျာ ။ အဲဒီတုန်း က ကျုပ် ရဲ့ အသက် ဟာ ၂၀ ကျော်ကျော်လေး ပဲ ရှိပါသေးတယ် ။ ကျုပ် ရဲ့ သူငယ်ချင်း ဖိုးထောင် ဟာလည်း ကျုပ် ထက် ကြီးရင် ( ၆ ) လ ပေါ့ဗျာ ။ ရွယ်တူတွေပဲ ဆိုကြပါစို့ရဲ့ ။ ပြီးတော့ ပြောရဦးမယ် ။ ကျုပ် ရဲ့ သူငယ်ချင်း ဖိုးထောင် ဟာ ရုပ်ရှင်မင်းသား ရူး ရူးနေတာ ။

သူ့ အကြောင်း ပြောရသလို ကျုပ် အကြောင်း လည်း ပြောရဦးမယ် ။ ကျုပ် ကလည်း စာရေးဆရာ ရူး ရူးနေတာ ။ စာရေးဆရာ ဆိုတာ ခေါင်းစုတ်ဖွား နဲ့ ဆံပင် ဘယ်တော့မှ မဖြီးဘူး ဆိုတာ ကြားဖူးတာ နဲ့ ကျုပ် ကလည်း ဆံပင်ကို စုတ်ဖွား ထားတယ် ။ ကျွဲကော်ကိုင်း မျက်မှန် တပ်လေ့ ရှိတယ်လို့ ကြားဖူးတာ နဲ့ ကျုပ်လည်း မျက်စိမမှုန်ပါဘဲလျက် ကျွဲကော်ကိုင်းမျက်မှန် တပ်ထားတယ် ။ ဒါပေမဲ့ မှန် ကတော့ ပါဝါ တော့ မပါဘူး ။ တိုက်ပုံ အင်္ကျီ ဝတ်လေ့ ရှိတယ်လို့ ကြားဖူးတာ နဲ့ အပေါင်ဆုံးဆိုင်က ဝယ်ထားတဲ့ သက္ကလပ်တိုက်ပုံကို မချွတ်တော့ဘူး ။ အဲဒီ တိုက်ပုံ ကလည်း ကျုပ်နဲ့ မတော်ဘူး ။ ဖားဖားကြီး ဖြစ်နေတယ် ။

ကျုပ် က အဲဒီလို အရူး ထနေသလို ဖိုးထောင် ကလည်း ဇာတ်လိုက် ရူး ရူးနေတယ် ။ သူ က အဲဒီ ခေတ် မှာ နာမည်ကြီး တဲ့ ဖိုက်တင်မင်းသား ရွှေဘ ကို အလွန် သဘောကျတယ် ။ သူ့ တအိမ်လုံး မှာ ကာ ထားတဲ့ ဝါးထရံ မှာ ရွှေဘ ပုံတွေ ချည်း ကပ် ထားတယ် ။ သူ့ အမေ အကြော်သည် ဒေါ်ဘုတ်လုံး က သူ့ သား အဲဒီလို ရွှေဘ ပုံတွေ လျှောက်ပြီး ကပ် ထားတာကို အလွန်ပဲ ကျေနပ်နေတယ် ။

“ ဆောင်းတွင်း မှာ ထရံပေါက် ကနေ လေ တိုးရင် သိပ်ပြီး ချမ်းတာ ။ ငါ့ သား ဖိုးထောင် အခုလို ဘိုင်စကုပ်ကြော်ငြာတွေ လျှောက်ပြီး ကပ်ထားတော့ လေ မတိုးတော့ဘူး ”

လို့ ကြံဖန်ပြီး ချီးမွမ်းရှာ တယ် ။

ဖိုးထောင် ဟာ ဆံပင် အရှည် ထားတယ် ။ သူ့ ရဲ့ ပုခုံး ပေါ် ရောက်နေပြီ ။ လူ ကလည်း အလွန် အရပ် ပုတာ ဆိုတော့ အတော့် ကို ကြည့်ရ ဆိုးပါတယ် ။ ပြီးတော့ ဘောင်းဘီ အမြဲ ဝတ်တယ် ။ ဖိနပ် ကလည်း လည်ရှည် သားရေဖိနပ် ကို စီးလေ့ ရှိတယ် ။ လည်ပင်း မှာ လည်း ပုဝါပြောက် တထည်ကို အမြဲ ချည် ထားတယ် ။ ခါး မှာ တော့ သားရေအိတ် နဲ့ ဓားမြှောင် တလက်ကို ချိတ်ထားတယ် ။ ပြီးတော့ ဒီကောင် က ကျွမ်းထိုး အမြဲ ကျင့်တယ် ။ ထားကြပါတော့လေ ။ ကျုပ် က သူ့ ကို

“ မင်းဟာ တကယ့်ကို ဖိုက်တင်မင်းသားဖြစ်မှာ ကွ ”

လို့ အားပေးတယ် ။

သူ ကလည်း ကျုပ် ကို –

“ ဟေ့ အောင်ထွန်း ၊ မင်း ကလည်း တကယ့်ကို စာရေးဆရာကြီး ဖြစ်မှာ ကွ ။ ငါ ဖိုက်တင် မင်းသား ဖြစ်တဲ့ အချိန် မှာ မင်း ရဲ့ ဝတ္ထု ကို ရုပ်ရှင် ရိုက်မယ်ကွ ။ ငါ ကတော့ မင်း ရေးတဲ့ ဝတ္ထု ထဲ က ဇာတ်လိုက် ပေါ့ ကွာ ”

လို့ ပြောလေ့ရှိတယ် ။

တကယ် ပြောရရင် ကျုပ်တို့ နှစ်ယောက် ဟာ အခြောက် တိုက် ကြောင် နေကြတဲ့ ငကြောင် နှစ်ကောင် ပါပဲ ။ ဒါကြောင့် လမ်းထိပ် ကွမ်းယာဆိုင် က မာမွတ်ကြီး က ကျုပ်တို့ နှစ်ယောက် ကို “ ဒိုးပတ်ကုလား ” လို့ ခေါ်တယ် ။ အဓိပ္ပာယ် ကတော့ “ အရူး နှစ်ယောက်ပေါ့ ဗျာ ။

ဖိုးထောင် ရဲ့ အမေ က မုဆိုးမ ဖြစ်သလို
ကျူပ် အမေ ကလည်း မုဆိုးမ ပါပဲ ။ ဖိုးထောင် ရဲ့ အမေ က အကြော်စုံ ရောင်းတယ် ။ ကျုပ် ရဲ့ အမေ က ကုန်စိမ်း ရောင်းတယ် ။ ကျုပ်တို့ နှစ်ယောက် ဟာ တခြား ကလေးတွေ လို ကျောင်း လည်း မနေကြတော့ဘူး ။ စေတနာ ထားပြီး ကျုပ်တို့ ကို တစုံတယောက်က ကျောင်းလေး ဘာလေး တက်ပါလား လို့ လာပြောတဲ့အခါ ကျုပ်တို့ဟာ ကောင်းကောင်း မွန်မွန် ပြန်မပြောဘူး “ ကိုလိုနီပညာရေး အလိုမရှိ ” လို့ ထပြီး အော်လေ့ရှိတယ် ။ ရှေ့လည်း ဆက်ပြီး မပြော တတ်လို့ မပြောတော့ပါဘူး ။

ကျုပ်တို့ နှစ်ယောက်စလုံး ဟာ ဆင်းရဲတဲ့ မုဆိုးမ သား တွေ ဖြစ်ကြလေတော့ မသုံးနိုင် မစွဲနိုင်ကြပါဘူး ။ အတော့်ကိုပဲ ကျပ်တည်းပါတယ် ။ မိခင်ကြီး တွေဈေး မရောင်းနိုင်တဲ့နေ့ မှာ ငတ်ကြတော့တာပါပဲ ။ ဒါပေမဲ့ ကျုပ်ဟာ မိခင်ကြီးကို ဘယ်နေရာမှာမှ မကူညီပါဘူး ။ ဆင်းရဲတာကို ကြည့်ပြီး ညည်းတွားလေ့ ရှိတယ် ။ ကျုပ် ရဲ့ စကား ဆယ်ခွန်းမှာ ခုနှစ်ခွန်း ဟာ “ ဘဝ ” ဆိုတဲ့ စကားလုံး ဖြစ်ပြီး ကျန်တဲ့ သုံးခွန်း ဟာ “ လူတန်းစား ” ဆိုတဲ့ စကားလုံးတွေ ဖြစ်နေတတ်ပါတယ် ။ ဖိုးထောင် ပြောတဲ့ စကား တွေမှာ လည်း “ စတန့် ” ဆိုတဲ့ စကား ဟာ အတော်များများ နေရာယူထားပါတယ် ။

တနေ့မှာ သူငယ်ချင်း နှစ်ယောက်သား မလွှကုန်းဘူတာနားက ချောင်းကူးတံတားလေးပေါ် ထိုင်ပြီး အခုလို ဆင်းရဲကျပ်တည်းနေတဲ့ အဖြစ်ကနေ ဘယ်လို ထွက်ပေါက် ရှာမလဲလို့ စဉ်းစားကြပါတယ် ။ အဲဒီမှာ ဖိုးထောင်က ကိုယ့်ကိုယ်ကိုယ်လည်း ဘာမှ ပြန် မလုပ်နိုင်တဲ့ ကလေးအရွယ် သူဌေးသားလေး တယောက် ကို ပြန်ပေးဆွဲဖို့ အကြံ ပေးပါတယ် ။ ဒီအခါမှာ ကျုပ် က –

ပြီးတော့ ဖတ်ဖူးတဲ့ ဝတ္ထုဇာတ်လမ်းတွေထဲက ပြန်ပေး ဆွဲ နည်းကို ဖိုးထောင်ကို ပြောပြလိုက်သေးတယ် ။ အဲဒီတော့ ဖိုးထောင်က

“ အခု မင်း ပြောတဲ့ အကွက်တိုင်းသာ ဆွဲလို့ကတော့ စုံထောက်ကြီး ဦးစံရှားကိုယ်တိုင် လိုက်တောင် ဒီ အမှုက ပေါ်နိုင်မှာ မဟုတ်ဘူး ကွ ” လို့ ပြောပါတယ် ။

ဖိုးထောင် ဆိုတဲ့ အကောင်က စတန့်မင်းသား မဖြစ်ပေမယ့် စတန့်ဇာတ်ကားတွေကို ရိုက်တဲ့ကုမ္ပဏီတွေ ကိုတော့ နေ့တိုင်း သွားလေ့ ရှိတယ် ။ တကယ့် မင်းသားက အဲဒီ ကုမ္ပဏီကို နေ့တိုင်း မရောက်ဘူး ။ ဖိုးထောင်ကတော့ နေ့တိုင်း ရောက်တယ် ။ အဲဒီ ကုမ္ပဏီက ဝန်ထမ်းတွေ က သူ့ ရဲ့ ပုကွကွ နိုင်ပုံကို အကြောင်းပြုပြီး –

“ တို့ ကုမ္ပဏီ ရဲ့ ဇာတ်လိုက် ရွှေဘ ပြီးရင် မင်း အလှည့်ပါပဲ ။ မင်း ကတော့ ရွှေကွ ပေါ့ ကွာ ” လို့ နောက်ပြောင်ကြတယ် ။ ဖိုးထောင် က စိတ်မဆိုးပါဘူး ။

ရွှေကွ ပဲ ဖြစ်ဖြစ် ၊ ရွှေကုန်း ပဲ ဖြစ်ဖြစ် အရေးကြီးတာ က စတန့်မင်းသား ဖြစ်ဖို့ ပဲ ။ အဲဒီ ကုမ္ပဏီ မှာ အလုပ် လုပ်တဲ့ စာရေးတွေ ၊ စာရေးမ တွေ က ဖိုးထောင် ကို သူတို့ ခိုင်းဖို့ ခေါ်ထားတဲ့ အတိုင်းပဲ ၊ လက်ဖက်ရည် ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း ၊ မုန့်ဟင်းခါး ဝယ်ခိုင်းတဲ့ လူ က ဝယ်ခိုင်း နဲ့ ပေါ့ ။ ဖိုးထောင် ကလည်း အဲဒီလို အခိုင်း ခံနေရတာကိုပဲ ဂုဏ်ယူနေတယ် ။ ဒီ ကုမ္ပဏီ မှာ သူ မရှိရင် မဖြစ်ဘူး တဲ့ ။ သူ မင်းသား ဖြစ်လာတဲ့ အခါ မှာ မိုးကျရွှေကိုယ် မင်းသား မဟုတ်ဘူး တဲ့ ။ အောက်ခြေက တက်လာတဲ့ အောက်ခြေ ခိုင်တဲ့ မင်းသား ဖြစ်မှာ တဲ့ ။ ဒါကြောင့် ပဲ အဲဒီ ကုမ္ပဏီ မှာ ထမ်းစရာ ပိုးစရာ ရှိရင် သူပဲ ထမ်းပိုးရတယ် ။

အဲဒီ ရုပ်ရှင်ကုမ္ပဏီ ရဲ့ နာမည် က “ ဒီဖိုး ” ရယ်လို့ ဖြစ်ပါတယ် ။ ကုမ္ပဏီပိုင်ရှင်ကြီး က မုဆိုးဖို လူရိုးကြီး ပါ ။ သူ က ဘုရားတရား လည်း အလွန် ကြည်ညို ပါတယ် ။ တပတ်တခါ သူ့ ရဲ့ မွေးနေ့ ကြုံတိုင်း မြတ်စွာဘုရား ကို ဓာတ်ကြီးလေးပါး ကပ်လေ့ ရှိပါတယ် ။ စကား ပြောရင်လည်း ဓာတ်လေးပါး မပါရင် စကား မပြောတတ်ပါဘူး ။ ဒါကြောင့် သူ့ ရဲ့ ဝန်ထမ်း တွေ က သူ့ ကို ဓာတ်လေးပါး ဆို တော့ “ ဒီဖိုး ” လို့ သူ့ကွယ်ရာမှာ ခေါ်လေ့ ရှိပါတယ် ။ သူ ကလည်း ကုမ္ပဏီ ရဲ့ နာမည် ကို “ ဒီဖိုး ” လို့ ပဲ ပေးထားပါတယ် ။ သူ့ ကုမ္ပဏီ က ရိုက်တဲ့ ကား တိုင်းမှာ သူ့ အိမ် က ဘုရားစင် ကို အရင် ရိုက်ပြပါတယ် ။ အဲဒီလို ရိုက်ပြီးရင် ဘုရားစင် မှာ ကပ်လှူပူဇော်ထားတဲ့ ဆွမ်းပွဲ ( ၂၀ ) ပွဲ ( မြေဓာတ်နှစ်ဆယ် ) ၊ သောက်တော်ရေ ( ၁၂ ) ခွက် ( ရေဓာတ် ဆယ့်နှစ်ပါး ) ဖယောင်းတိုင် ( ၄ ) တိုင် ( မီးဓာတ်လေးပါး ) ၊ ယပ် ( ၆ ) လက် ( လေဓာတ်ခြောက်ပါး ) ကို အကြာကြီး ရိုက်ပြပါတယ် ။ ပြီးတော့မှ ဒီဖိုး ရုပ်ရှင်ကုမ္ပဏီ ဆိုတဲ့ တံဆိပ်ကြီးကို ရိုက်ပြပါတယ် ။ အဲဒါ ပြီးတော့မှ ဇာတ်လမ်း စပါတယ် ။

ဘာပဲဖြစ်ဖြစ် သူ့ ရဲ့ ကုမ္ပဏီ ဟာ စတန့်မင်းသားပေါင်းစုံ နဲ့ ဖိုက်တင်ဇာတ်လမ်းပေါင်းများစွာကို ရိုက်ကူးခဲ့ပါတယ် ။ သူ့ ရဲ့ ဇာတ်လမ်းတွေ ဟာ ရန်ကုန် ၊ မန္တလေး စတဲ့ မြို့တွေ မှာ လူကြိုက်များ တယ်လို့ မဆိုနိုင်ပေမယ့် နယ်ဘက် ရုံတွေ မှာ တော့ ရုံပြည့်ပြီ ဆိုတဲ့ စာတမ်း ချိတ်ရလေ့ ရှိပါတယ် ။ ဒါကြောင့် လည်း ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ဟာ အတော့် ကို ချမ်းသာ နေပြီပေါ့ ။

ဖိုးထောင် နဲ့ ကျုပ် ရဲ့ အကြံ ကတော့ အဲဒီ ကုမ္ပဏီပိုင်ရှင် ဦးဒီဖိုးကြီး ရဲ့ တဦးတည်းသော မြေး လေး “ ဆန်နီဖိုး ” ဆိုတဲ့ ငတိလေး ကို ပြန်ပေး ဆွဲဖို့ ပါပဲ ။

ဖိုးထောင် နဲ့ ကျုပ် ဟာ အဲဒီ ကိစ္စအတွက် အကွက် ချရတော့တာပေါ့လေ ။ ဖိုးထောင် က ဆန်နီဖိုး ကို ချော့ပြီး ထုတ် လာမယ် ။ ကျုပ် က တက္ကစီကား ငှားပြီး ဆက်ပြီး သယ်လာမယ် ။ ပြီးတော့ မလွှကုန်း ဘူတာနား အရောက် မှာ နောက်သလိုလို ကစားသလိုလို နဲ့ ငတိလေး မျက်နှာ ကို အဝတ် စည်းလိုက်မယ် ။ ပြီးတော့မှ တွဲဟောင်းတွေ ထားတဲ့ဘက်ကို ခေါ်သွားပြီး တွဲတတွဲထဲမှာ ထည့်ထားလိုက်မယ် ။

တကယ် လုပ်တော့လည်း အဲဒီအတိုင်းပါပဲ ။ ဖိုးထောင် က ဆန်နီဖိုးလေး ကို –

“ ငါ နဲ့ လိုက်မလား ၊ ကန်တော်ကြီး ကျရင် သူ ခိုးပုလိပ် လုပ်တမ်း ကစားမယ် ကွာ ။ ငါ က ပုလိပ် လုပ်မယ် ၊ မင်း ကသူခိုးလုပ် ” လို့ ပြောတဲ့ အခါ မှာ ဆန်နီဖိုး က

“ သူခိုး မလုပ်ချင်ဘူး ၊ အဖေ က မခိုးရဘူးတဲ့
လူဆိုတာ လေးပါးသီလ လုံရမယ်တဲ့ ”

လို့ ပြန်ပြီးပြောတယ် ။ အဲဒီအခါ မှာ ဖိုးထောင် က

“ ဘယ်ကလာ လေးပါး ရမှာ လဲ ၊ ငါးပါး ပါ ”

လို့ ပြောတဲ့ အခါမှာ ဆန်နီဖိုးလေး က –

“ ဦးဖိုးထောင် ပြောတာ ဖြစ်နိုင်ပါတယ် ၊ ကျွန်တော့် အဖေ က လေးပါး အပြင် ကာမေသုမိစ္ဆာ ဆိုတာ ပြောသေးတယ် ၊ ဒါပေမဲ့ အဓိပ္ပာယ်ကိုတော့ ပြော မပြဘူး ၊ ဒါကြောင့် ကျွန်တော် က လေးပါး လို့ ပြောတာ ။ အဲဒီတော့ ခင်ဗျား နဲ့ ကန်တော်ကြီးကို လိုက်မယ် ။ ဒါပေမဲ့ သူခိုး ပုလိပ် မကစားဘူး ။ ကျွန်တော်တို့ ကျောင်းမှာ ကစားတာက သိဖ်အင်ပုလိစ် လို့ ကစားတယ် ၊ အဲဒီအတိုင်း ကစားမယ် ၊ ပြီးတော့ ဂိုင်းဖောက် ကစားနည်း လည်း ရှိသေးတယ် ၊ “ ဂိုင်းဖောက် ” ဆို တာ လူဆိုး ရဲ့ နာမည် ၊ သူ က မြင်းတကောင် နဲ့ မြို့ကို တက် လာပြီး မြို့စောင့်တပ်တွေ နဲ့ ဖိုက်တင် လုပ်တာ ။ အဲဒီတော့ အဲဒီ ကစားနည်း အတွက် မြင်း လိုတယ် ၊ မြင်း ကတော့ ဦးဖိုးထောင် လုပ်ရမယ် ။ မြင်း လုပ်တဲ့ အခါမှာ မတ်တပ် ရပ်ထားလို့ မရဘူး ။ လေးဘက် ထောက် ထားရမယ် ၊ ကျွန်တော် က ခွပြီး စီးမယ် ။ ကျွန်တော် က ဂိုင်းဖောက် လေ ”

လို့ ဆန်နီဖိုးလေး က ပြောလိုက်တယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဟုတ်ပါပြီ ကိုဂိုင်းဖောက် ရယ် ။ ခင်ဗျား လာမယ့် မြို့ နဲ့ ခင်ဗျား တိုက်မယ့် ခံတပ်မြို့ နဲ့ က ဘယ်နှမိုင် ဝေးသလဲ ”

လို့ မေးလိုက်တော့

မကောင်းဆိုးဝါးလေး က –

“ မိုင် ( ၉၀ ) ဝေးတယ် ” လို့ ပြောပါတယ် ။ အဲဒီ အခါမှာ ဖိုးထောင် က

“ အလိုလေး မင်း က ငါ့ ကျော ပေါ်မှာ နာရီပေါင်း များ စွာ စီးမယ် ဆိုတဲ့ သဘောပေါ့ ။ မလုပ်ပါနဲ့ ကိုဂိုင်းဖောက် ရယ် ။ နာရီလေး နည်းနည်း လျှော့ပါဦး ”

လို့ တောင်းပန် လိုက်တယ် ။

အဲဒီ အခါမှာ ငတိလေး က –

“ ဟင့်အင်း လျှော့လို့ မရဘူး ၊ ကျွန်တော်တို့ ကုမ္ပဏီ ကို အမြဲ လာနေတဲ့ ဒါရိုက်တာအဘိုးကြီး က ခဏခဏ ပြောဖူးတယ် ၊ “ ဂျပန် လုပ် တရုတ် နဲ့ တူရမယ် ” တဲ့ ”

လို့ ပြောလိုက်တဲ့ အခါမှာ ဖိုးထောင် က

“ မဟုတ်တာတွေ မပြောပါနဲ့ ကိုဂိုင်းဖောက်ကလေး ရယ် ။ သဏ္ဌာန် လုပ် သရုပ် နဲ့ တူရမယ်လို့ ပြောတာ ဖြစ်ပါလိမ့်မယ် ”

လို့ ပြန်ပြီး ပြောလိုက်တယ် ။

တိုတိုပဲ ပြောကြပါစို့ ရဲ့ ။ အဲဒီ မကောင်းဆိုးဝါးလေး ကို မလိမ့်တပါတ်နဲ့ ပြန်ပေးဆွဲလာခဲ့ပြီး မလွှကုန်းဘူတာမှာ ရပ်ထားတဲ့ တွဲပျက်တွေထဲက တွဲတတွဲကို ထည့်ထားလိုက်တယ် ။ ထမင်းစားချိန် ရောက်တော့ အဲဒီ ရပ်ကွက်မှာ ရှိတဲ့ ခွေးနီဆိုင်က ဖက် နဲ့ ထုပ် ထားတဲ့ ထမင်း သုံးထုပ် သွား ဝယ် တယ် ။ အဲဒီမှာ ထမင်း နဲ့ အခေါက်ကင် ထည့်ထားတယ် ။ ကျုပ် နဲ့ ဖိုးထောင် က စားပြီးသွားပြီ ။ ငတိလေး က ထမင်းထုပ်ကို ဖြည်ပြီး မစားဘူး ။

“ လူ ဆိုတာ ဖက် နဲ့ မစားရဘူး တဲ့ ။ ပန်းကန် နဲ့ စားရမယ်တဲ့ ။ ဖက် နဲ့ စားရင် “ ဖက်ခွက်စား ” ဖြစ်တတ်တယ် လို့ ကျွန်တော့် အဖေ က ပြောဖူးတယ် ”

လို့ အကျပ်ကိုင်တာ နဲ့ ကျုပ်ကိုယ်တိုင် အဲဒီ ရပ်ကွက် မှာ ရှိတဲ့ တရုတ်စိန်အောင်မင်း ရဲ့ ဆိုင် ကို သွားပြီး သံကြွေရည်သုတ် ဇလုံကလေးကို ငါးမတ် နဲ့ ဝယ်ခဲ့ပြီး ထည့် ကျွေးရတယ် ။ အဲဒီတော့မှ ငတိလေး က ပွဲတော် တည်တော့တယ် ။

ဆောင်းတွင်း ဆိုတော့ အတော့်ကိုပဲ ချမ်းပါတယ် ။ အဲဒါကြောင့် တွဲဘေးမှာ မီးဖိုပြီး သုံးယောက်သား မီးလှုံကြတယ် ။ အိပ်ခါနီး အချိန် ရောက်တော့ မကောင်းဆိုးဝါးလေး က

“ ဒီအတိုင်း အအိပ်မခိုင်းနဲ့ နော် ။ အိပ်ခါနီးမှာ ဘက်တီး တခါ တိုက်ရဦးမယ် ”

လို့ ပြောပါတယ် ။ အဲဒီတော့ ဖိုးထောင် က

“ ဘာလဲကွ ဘက်တီး ဆိုတာ ”

လို့ မေးတဲ့ အခါ

“ ဘာရမှာ လဲ ဦးဖိုးထောင် ရယ် ၊ ဘက်တီး ဆိုတာ အိပ်ရာထဲ ရောက်မှ သောက်တဲ့ လက်ဖက်ရည်ပေါ့ ။ ကျွန်တော်က အမြဲတမ်း သောက်နေကျ ”

လို့ ကောင်လေး က ပြန်ပြောတယ် ။ အဲဒီအခါမှာ ကျုပ် က

“ ဘက်တီး တော့ မရဘူး ၊ လက်သီး ပဲ ရမယ် ”

လို့ ပြောလိုက်တဲ့ အခါ ငှက်ဆိုးကလေး က

“ လက်သီး ဆိုရင် ဒီက မီးစ လာမယ် ”

ဆိုပြီး မီးပုံ ထဲက ထင်းစ တစကို ယူပြီး ကျုပ် ရဲ့ မျက်နှာကို ထိုး လိုက်ပါလေရော ။ ကျုပ် ရဲ့ ပါး မှာ မီးလောင်ဖုကြီး ထ သွားတယ် ။

ကျုပ် ကလည်း စိတ် မထိန်းနိုင်တော့ဘဲ ကောင်လေး ရဲ့ တင်ပါးကို နှစ်ချက်သုံးချက် ရိုက်လိုက် တယ် ။ အဲဒီတော့ ကောင်လေး က

“ ရိုက်ထား ရိုက်ထား ၊ မနက်ကျရင် ဂိုင်းဖောက် လာမယ် ။ သေနတ် နဲ့ ပစ်မယ် ၊ ခါးပတ် နဲ့ ရိုက်မယ် ၊ သေဖို့ သာ ပြင်ထား ”

လို့ ကြိမ်းတယ် ။ ကောင်လေး အိပ်သွားတဲ့ အခါမှာ ဖိုးထောင် နဲ့ ကျုပ် ဟာ တိုင်ပင်ကြရတော့တယ် ။ ကျုပ် က ဖိုးထောင် ကို

“ မနက်ကျရင် သူ့ အဖေ ဆီ ကို ငွေ တောင်းတဲ့ စာ ပို့ ကွာ ။ ငွေနှစ်သိန်း ကို ဘယ်နေရာမှာ လာထားရမယ် လို့ ရေးကွာ ။ ငွေနှစ်သိန်း ရရင် လူကြီးမင်း ရဲ့ ကလေးကို ခြံဝ အထိ ခလုတ်မထိ ဆူးမငြိ ဘဲ ပြန်ပို့ပါ့မယ် ၊ အဲဒီလို မလုပ်ဘဲ ရဲဘက် ကို တိုင်ကြားမယ် ဆိုရင်တော့ လူကြီးမင်း ရဲ့ ကလေး ဟာ သေပွဲ ဝင်ပြီ မှတ်ပေတော့လို့ ခြိမ်းခြောက် လိုက်ကွာ ”

လို့ ပြောတဲ့ အခါ ဖိုးထောင် က

“ စာ မှာ တော့ အဲဒီလို ရေးမှာ ပေါ့ကွာ ၊ ဒါပေမဲ့ တကယ် သေ မှာ က တို့ နှစ်ယောက် ကွ ။ ဒီကောင်လေး က တို့ ကို နှိပ်စက်လိမ့်မယ် ။ အခုတောင် မင်း ပါး ပေါ် က ဒဏ်ရာကြီး က နည်းတာကြီး မဟုတ်ဘူး ” လို့ ပြောပါတယ် ။

ပြီးတော့ ကျုပ် ကိုယ်တိုင် ပဲ စာတစောင် ရေးလိုက်တယ် ။

နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

လေးစားအပ်သော သူဌေးကြီး ဦးဒီဖိုး ခင်ဗျား ..

လူကြီးမင်း ရဲ့ သြရဿ မည်သော ၊ ရင် ၌ ဖြစ်သော သားရတနာ ဆန်နီဖိုး ကို ကျွန်တော်များ အမျိုးကောင်းသား ပြန်ပေးတစု က ပြန်ပေး ဆွဲ ထားပါတယ် … လူကြီးမင်း ထံ မှ ငွေနှစ်သိန်း လက်ခံ ရရှိလျှင် ဆန်နီဖိုး ကို ခြံဝ အရောက် … ပိန်းကြာဖက် တွင် ရေ မတင်သကဲ့သို့ ဘေးမသီ ရန်မခစေဘဲ ပြန်လည် ပို့ပေးပါမယ် ၊ လူကြီးမင်း ဦးဒီဖိုး အနေနဲ့ စာ ပါအကြောင်းအရာ တခုလုံး ကို ဖြစ်စေ ၊ တစိတ်တဒေသကို ဖြစ်စေ ငြင်းဆိုခဲ့ပါလျှင် ဆန်နီဖိုးလေး ခမျာ သေပွဲ ဝင်ရပါလိမ့်မယ် … ကျွန်တော်တို့ တစု မှာလည်း ပြန်ပေးသာ လုပ်ရပါတယ် ၊ ပါဏာတိပါတကံ လုံခြုံ လိုပါသော ကြောင့် ငွေနှစ်သိန်းဖြင့် ရွေးယူရန် ကို လည်း မေတ္တာရပ်ခံအပ်ပါတယ် ၊ ဒီ စာကို အကြောင်းပြန်လိုပါက စတော့ဂိတ် ကုန်းတံတားကြီး အောက် အလယ်ဘက် ၊ ပထမ တိုင် ပေါ် ရှိ ကလိုဏ် တွင် ပြန်စာကို လာ၍ ထည့်ထားနိုင်ပါတယ် …

ပြန်ပေးအဖွဲ့

( ပုဒိအာနှင့် ပြည့်စုံစေသော်ဝ် … )

ကျုပ် ဟာ အဲဒီ စာကို ရေးပြီး ဖိုးထောင် ရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ် ။ ဖိုးထောင် က အဲဒီ စာ ကို ခေါက်ထည့်ပြီး ဒီဖိုးကုမ္ပဏီ ကို သွားပါတယ် ။ ဒီဖိုးကုမ္ပဏီ ကို ရောက်တဲ့ အခါမှာ ဒီဖိုးကုမ္ပဏီ ရဲ့ ဝန်ထမ်းတွေ ဟာ ဆန်နီဖိုးလေး ပြန်ပေးအဆွဲ ခံရတဲ့ အကြောင်း ကျွက်ကျွက်ညံအောင် ပြောဆိုနေကြ ပါတယ် ။

ဒါပေမဲ့ ပြောတဲ့ စကားတွေ ထဲ မှာ ဝမ်းသာတဲ့ အကြောင်း ပါ ပါတယ် ၊ စာရေးတွေ ရဲ့ အံဆွဲ ထဲ မှာ ဖားတွေ ၊ ကြက်တွေ ကောင်လေး က ထည့်လေ့ ရှိတဲ့ အတွက် စာရေးမတွေ က ကောင်လေး ပြန်ပေးဆွဲ ခံရတဲ့ ကိစ္စမှာ အခုမှ ဆွဲရသလား ဆိုပြီး ပြန်ပေးတွေ ကို ကျိန်ဆဲနေကြပါတယ် ။

စာရေးတွေ ကလည်း နေ့လယ်နေ့ခင်း အိပ်တဲ့ အခါ တိုက်ပုံအင်္ကျီ ကို ချွတ်ပြီး ကုလားထိုင် နောက်မှီ မှာ ချိတ်ထား လေ့ရှိတယ် ။ အဲဒီ ထဲ ကို မီး ပါတဲ့ စီးကရက်တို တွေ ကို ကောင်လေး က လာပြီး ထည့် တတ်လေတော့ အင်္ကျီတွေ ပေါက်ပြဲကုန်ပါတယ် ။ ဒါကြောင့် .. သူဌေးဦးဒီဖိုး ငွေနှစ်သိန်း နဲ့ မရွေးပါစေ နဲ့ … ဒါမှ ဒီကောင်လေး ကိစ္စတုံး မှာ လို့ ဆုတောင်း နေကြပါတယ် ။

အဲဒီ အချိန်မှာ ပဲ ဖိုးထောင် ဟာ မယောင်မလည် နဲ့ ဦးဒီဖိုး ရဲ့ စားပွဲပေါ် ကို ကျွန်တော် ရေး တဲ့ စာ ကို တင်ထားလိုက်တယ် ။ ဦးဒီဖိုး ဟာ စာ ကို ဖတ်ကြည့်ပြီး

“ ပြန်ပေး ဟာ အတော့် ကို အတင့် ရဲတာပဲ ၊ ငွေ တောင်းတဲ့ စာ ကို စားပွဲပေါ် အရောက် လာပြီး တင် ထားတယ် ၊ မဟုတ်မှ လွဲရော ဒီ အမှု မှာ အတွင်း လူ ပါနေပြီ ”

ဆိုပြီး စာ တစောင် ကောက်ရေးတယ် ။ စာ ကတော့ ငွေနှစ်သိန်း နဲ့ မရွေးနိုင် ကြောင်း ၊ ကုမ္ပဏီ ဟာ အရှုံး ပေါ်နေလို့ ငွေနှစ်သိန်း လည်း မရှိကြောင်း ပြန်တဲ့ စာပါပဲ ။ အဲဒီ စာ ကို စာအိတ်ထဲ ထည့်ပြီးတဲ့ နောက်

“ ဖိုးထောင်ရေ စတော့ဂိတ်ကုန်းအောက် ၊ အလယ်တိုင် ရဲ့ အထက် မှာ ကလိုဏ် ရှိတယ် လို့ ပြန်ပေး က သူ့ စာ ထဲ မှာ ရေးထားတယ် ၊ အဲဒီ ထဲ ကို သွား ထည့်ကွာ ”

လို့ ပြောပြီး စာအိတ် ကို ပေးလိုက်တယ် ။

ဖိုးထောင် က အဲဒီ နေရာ ကို သွား မထည့်ဘဲ အဲဒီ စာ ကို ကျုပ်တို့ ရှိတဲ့ ဆီကို ယူလာတယ် ။ ကျုပ် လည်း အဲဒီ စာ ကို ဖတ်ကြည့်ပြီး

“ အမျိုးယုတ် ဒီဖိုးကြီး ၊ သူ့ ကလေးကိုတောင် မရွေးဘူး ၊ မရွေးတာ က ကိစ္စ မရှိဘူး ၊ ငါ့ ဒူး တွေ လည်း ပြဲ ကုန်ပြီကွ ၊ ဒီ မသာလေး က ငါ့ ကို လေးဘက်ထောက် ခိုင်းပြီး “ ဂိုင်းဖောက်ကွ ” ဆိုပြီး ကျောပေါ် ကို ခုန် တက်တယ် ကွ ၊ ငါ က လှုပ် နေရတယ် ၊ မလှုပ်ရင် အပေါ်ကနေ တုတ် နဲ့ ရိုက် သေးတယ် ကွ ၊ ငါ့ ကျော မှာ လည်း အရှိုး တွေချည်းနေမှာ ပါကွာ ၊ ဒီထက် ဆိုးတာက မီးစ နဲ့ ထိုး မှာ စိုးလို့ မီးဖို က မီးကြွင်းမီးကျန် တွေ ကို ရေ နဲ့ ငြိမ်း ပစ်လိုက်ရတယ် ၊ ဒီ သရဲလေး ကို အမြန်ဆုံး ပြန် ပို့ရအောင်ကွာ ၊ ဦးဒီဖိုး က နှစ်သိန်း မပေးနိုင်ဘူး ဆိုလည်း “ တသိန်း ” ဆိုတဲ့ စာ ရေးပြီး သူ့ ဆီ အရောက် ပို့လိုက်ကွာ ၊ တကယ်လို့ သူ က တသိန်း မပေးနိုင်ဘူး ဆိုလည်း အဲဒီ စာကို ငါ့ ဆီ ယူ မလာနဲ့ တော့ ၊ မင်း ဟာ မင်း ငါးသောင်း လို့ ပြင် ရေးပြီး ပို့လိုက်တော့ ”

လို့ ကျုပ် က ပြော လိုက်တယ် ။

အဲဒီအခါ မှာ ဖိုးထောင် က

“ နေပါဦး ဟေ့ကောင် ရ ၊ ဦးဒီဖိုးကြီး က ငါးသောင်း လည်း မပေးနိုင်ဘူး ဆိုရင် ဘယ်နှယ့်လုပ်မလဲ ”

လို့ မေး ပါတယ် ။

အဲဒီတော့ ကျုပ် က

“ ငါးသောင်း မပေးနိုင်ရင် နှစ်သောင်းခွဲ ”

“ မပေးနိုင်ရင် ”

“ တသောင်း နှစ်ထောင့်ငါးရာ ”

“ မပေးနိုင်ရင် ”

“ ခြောက်ထောင့်နှစ်ရာ့ငါးဆယ်ကျပ် ”

“ မပေးနိုင်ရင် ”

“ သုံးထောင့်တရာ နှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ တထောင့်ကိုးရာ ခုနှစ်ဆယ့်ငါးကျပ် ”

“ မပေးနိုင်ရင် ”

“ ခုနှစ်ရာရှစ်ဆယ့် ခုနှစ်ကျပ်ခွဲ ”

“ မပေးနိုင်ရင် ”

“ သုံးရာကိုးဆယ့်သုံးကျပ် ခုနှစ်ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ တရာ့ကိုးဆယ့်ခြောက်ကျပ်ရှစ်ဆယ့် ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ ရှစ်ဆယ့်ကိုးကျပ် လေးဆယ့်သုံးပြား ”

“ မပေးနိုင်ရင် ”

“ လေးဆယ့်ကိုးကျပ် ပြားနှစ်ဆယ် ”

“ မပေးနိုင်ရင် ”

“ နှစ်ဆယ့်ငါးကျပ် ပြားခြောက်ဆယ် ”

“ မပေးနိုင်ရင် ”

“ တဆယ့်နှစ်ကျပ် သုံးပြား ”

“ မပေးနိုင်ရင် ”

“ ခြောက်ကျပ် ဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

“ သုံးကျပ်နဲ့ ခုနှစ်ပြားခွဲ ”

“ မပေးနိုင်ရင် ”

“ တကျပ်ငါးဆယ့်ငါးပြား ”

“ မပေးနိုင်ရင် ”

လို့ ဖိုးထောင် ပြောတဲ့ အခါမှာ

“ အဲဒါမပေးနိုင်လို့ ကတော့ မဖြစ်ဘူးကွာ ၊ ဒီ မှင်စာလေး စားဖို့ ကြွေရည်သုတ်သံဇလုံ ဝယ်ရတာကိုက တကျပ် ကျော်တယ်ကွ ၊ အဲဒါမှ မပေးရင်တော့ တို့ ရှုံးပြီ ၊ ထမင်းထုပ်ကလည်း ဒီငတိလေး စားတာ သုံးထုပ် ရှိပြီကွ ၊ လက်ဖက်ရည် ကလည်း တိုက်ရသေးတယ် ၊ ဒီကြားထဲ ဒီငတိ က ဘက်တီးတွေ ဘာတွေ လာသေးတယ် ”

လို့ ကျုပ် က ပြောလိုက်တယ် ။ ဖိုးထောင် က ကျူပ် ပြောသလိုပဲ ဦးဒီဖိုး ဆီ ကို စာ သွားပို့ခဲ့ပါတယ် ။

အပြန်အလှန် ဈေး ဆစ်တာပဲ ။ ကျုပ် ပြောတဲ့ အတိုင်းပါပဲ ။ နောက်ဆုံး တကျပ် ငါးဆယ့်ငါးပြား အထိ ဦးဒီဖိုး က မပေးနိုင်ဘူးလို့ ကတ် နေပါတယ် ။ နောက်ဆုံးမှာ ဘယ်လို ရေးထားသလဲ ဆို တော့

“ လေးစားအပ်သော သူတော်ကောင်း ပြန်ပေးများ ခင်ဗျာ ကျွန်တော့်ဆီက ပြန်ပေး ဆွဲသွားတဲ့ ဆန်နီဖိုး ဟာ တကယ်တော့ ကျွန်တော့် သားအရင်း မဟုတ်ပါဘူး ၊ လင်ကောင် မပေါ်ဘဲ မွေးထားတဲ့ ကလေးကို ကျွန်တော့် ခြံ ထဲ မှာ လာပြီး ပစ်ထားပြီး ကျွန်တော် လည်း မွေး ထားခဲ့တာပါ ။ ဒီ ကလေး ဆိုးလွန်း လို့ ကျွန်တော့် မိန်းမ လည်း အစောကြီး သေသွားပါပြီ ။ အခုအခါမှာ ကျွန်တော်က မုဆိုးဖို ဖြစ်နေတဲ့ အတွက် မကြာခင်မှာပဲ မီးပေးမီးယူ သဘောနဲ့ ရုပ်ရှင်ဆိုက်ပတ် တယောက်နဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ် ။ ဒီကလေး ပါလာရင် ကျုပ်ကို လက်မထပ်နိုင်ဘူးလို့ မိန်းကလေးဘက်က အတိအလင်း ကြော်ငြာ ထားတာကြောင့် ဆန်နီဖိုး ကို ကျုပ် ပြန် မလိုချင်တော့ပါဘူး ။ ခင်ဗျားတို့ လည်း သူ့ ကို မသတ်ရက်ရင် မိဘမဲ့ကျောင်းကို ဖြစ်တဲ့ နည်းနဲ့ ပို့ပေးလိုက်ပါ

မေတ္တာပို့သလျက်
ဒီဖိုး

ဒီ စာ ရတဲ့ အခါမှာ ကျုပ် နဲ့ ဖိုးထောင် ဟာ ခေါင်းချင်း ဆိုင်ပြီး ဘယ်လို လုပ်ကြမလဲလို့ တွေး ပါ တယ် ။ အဲဒီတော့ ဖိုးထောင် က –

“ အလုပ်ရှုပ် ခံပြီး မိဘမဲ့ကျောင်းတွေ ဘာတွေ သွား ပို့မနေပါနဲ့ ကွာ ၊ ဒီကောင်လေးကို ဒီတိုင်း ထားပြီး တို့ နှစ်ယောက် လစ် ကြရအောင် ”

လို့ ပြော ပြီး လစ်လာခဲ့ကြပါတယ် ။

ကောင်လေး ကို တော့ –

“ ကိုဂိုင်းဖောက်ကြီး စီးဖို့ မြင်း သွား ရှာလိုက်ဦးမယ် ”

လို့ ပြောပြီး ထားခဲ့ပါတယ် ။

ကျုပ်တို့ နှစ်ယောက် အိမ်ပြန် ရောက်ပြီး တနာရီ လောက် ကြာတဲ့ အခါ မှာ တွဲပြင် လုပ်သား တယောက်ဟာ ဒီကောင်လေးကို ခေါ်လာပြီး ဖိုးထောင် ရဲ့ အိမ်ကို လာပို့ပါတယ် ။

ကောင်လေးက သူ့ ကို ထားခဲ့မှန်းလည်း သိရော တွဲတွေ ရဲ့ ဟိုးအဆုံးဘက်ကို လျှောက်သွားတယ် ။
တွဲပြင်လုပ်သား ကြီး တယောက်နဲ့ တွေ့တော့ ငိုပြီး အကူအညီတောင်းတယ် ။ သူ့ ကို ခေါ်လာတဲ့ ဖိုးထောင် ရဲ့ ပုံပန်း ကိုလည်း အကျအန ပြောပြတယ် ။ အဲဒီတော့ တွဲပြင် လုပ်သားကြီး က

“ သိပြီ သိပြီ ဒီကောင့်ကို ကောင်းကောင်း သိတယ် ၊ ဒီကောင်က လည်ပင်းမှာ ပုဝါပြောက် စည်းထားတယ် ၊ အရပ်က တော်တော် ပုတယ် ၊ ဆံပင်က ပုခုံးကို ထောက်နေတယ် ၊ စတန့်မင်းသား ဂိုက် ဖမ်းနေတဲ့ ကောင် ၊ ဟိုနေ့ကတောင် ဒီကောင့်ကို ဟို တွဲနား မှာ တွေ့သေးတယ် ၊ ဒီကောင့် အိမ်က ဗလီ နားမှာ ငါလိုက်ပို့မယ် ”

ဆိုပြီး တွဲပြင်လုပ်သားကြီး က အဲဒီအသုဘလေးကို ဖိုးထောင်ရဲ့ အိမ်ကို လာပို့တာ ။ ဖိုးထောင် ကလည်း မလွှဲမရှောင်သာ လက်ခံ ထားလိုက်ရတယ် ။

အဲဒီလို လက်ခံထားပြီး နာရီဝက်တောင် မပြည့်သေးဘူး ။ ဒီကောင်လေးကြောင့် ဖိုးထောင် အမေ ဒေါ်ဘုတ်လုံးကြီး ထိပ်ပေါက်သွားတယ် ၊ အဲဒီတော့ ဖိုးထောင်လည်း သူ့အိမ်မှာ ဆက် မထားရဲတော့ဘဲ ကျုပ်အိမ်ကို လာပို့တယ် ။

ကျုပ် အိမ်ကို ရောက်ပြီး တနာရီ မပြည့်သေးဘူး ။ ကျုပ် အမေကြီး ရဲ့ မရှိမဲ့ ရှိမဲ့ လုံချည်တွေကို မီး ရှို့ပစ်လိုက်တယ် ။

ကျုပ် ပြောချင်တာက ဒါပါပဲ ၊ ပြန်ပေးမှု နဲ့ ထောင် ကျရင် ကျပါစေ ၊ ဒီ သရဲလေးကို ဘယ်ကို ပို့ရမယ် ဆိုတာ ဝိုင်းပြီး အကြံ ပေးကြပါဦး

သဗ်ဗသေတ်တာ ကမ်မဿကာ

#မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ် အမှတ် ( ၂ )
၁၁ – ၁ – ၂၀၀၅
📖 ဖတ်စရာဂျာနယ် အမှတ် ( ၃ )
၁၈ – ၁ – ၂၀၀၅

Zawgyi Version

” ျပန္ေပး လုပ္ခဲ့တဲ့ ကြၽန္ေတာ္ “(စ/ဆုံး)
——————————————-
မင္းသိခၤ

ဒီလိုပါဗ်ာ ။ အဲဒီတုန္း က က်ဳပ္ ရဲ႕ အသက္ ဟာ ၂၀ ေက်ာ္ေက်ာ္ေလး ပဲ ရွိပါေသးတယ္ ။ က်ဳပ္ ရဲ႕ သူငယ္ခ်င္း ဖိုးေထာင္ ဟာလည္း က်ဳပ္ ထက္ ႀကီးရင္ ( ၆ ) လ ေပါ့ဗ်ာ ။ ႐ြယ္တူေတြပဲ ဆိုၾကပါစို႔ရဲ႕ ။ ၿပီးေတာ့ ေျပာရဦးမယ္ ။ က်ဳပ္ ရဲ႕ သူငယ္ခ်င္း ဖိုးေထာင္ ဟာ ႐ုပ္ရွင္မင္းသား ႐ူး ႐ူးေနတာ ။

သူ႔ အေၾကာင္း ေျပာရသလို က်ဳပ္ အေၾကာင္း လည္း ေျပာရဦးမယ္ ။ က်ဳပ္ ကလည္း စာေရးဆရာ ႐ူး ႐ူးေနတာ ။ စာေရးဆရာ ဆိုတာ ေခါင္းစုတ္ဖြား နဲ႔ ဆံပင္ ဘယ္ေတာ့မွ မၿဖီးဘူး ဆိုတာ ၾကားဖူးတာ နဲ႔ က်ဳပ္ ကလည္း ဆံပင္ကို စုတ္ဖြား ထားတယ္ ။ ကြၽဲေကာ္ကိုင္း မ်က္မွန္ တပ္ေလ့ ရွိတယ္လို႔ ၾကားဖူးတာ နဲ႔ က်ဳပ္လည္း မ်က္စိမမႈန္ပါဘဲလ်က္ ကြၽဲေကာ္ကိုင္းမ်က္မွန္ တပ္ထားတယ္ ။ ဒါေပမဲ့ မွန္ ကေတာ့ ပါဝါ ေတာ့ မပါဘူး ။ တိုက္ပုံ အက်ႌ ဝတ္ေလ့ ရွိတယ္လို႔ ၾကားဖူးတာ နဲ႔ အေပါင္ဆုံးဆိုင္က ဝယ္ထားတဲ့ သကၠလပ္တိုက္ပုံကို မခြၽတ္ေတာ့ဘူး ။ အဲဒီ တိုက္ပုံ ကလည္း က်ဳပ္နဲ႔ မေတာ္ဘူး ။ ဖားဖားႀကီး ျဖစ္ေနတယ္ ။

က်ဳပ္ က အဲဒီလို အ႐ူး ထေနသလို ဖိုးေထာင္ ကလည္း ဇာတ္လိုက္ ႐ူး ႐ူးေနတယ္ ။ သူ က အဲဒီ ေခတ္ မွာ နာမည္ႀကီး တဲ့ ဖိုက္တင္မင္းသား ေ႐ႊဘ ကို အလြန္ သေဘာက်တယ္ ။ သူ႔ တအိမ္လုံး မွာ ကာ ထားတဲ့ ဝါးထရံ မွာ ေ႐ႊဘ ပုံေတြ ခ်ည္း ကပ္ ထားတယ္ ။ သူ႔ အေမ အေၾကာ္သည္ ေဒၚဘုတ္လုံး က သူ႔ သား အဲဒီလို ေ႐ႊဘ ပုံေတြ ေလွ်ာက္ၿပီး ကပ္ ထားတာကို အလြန္ပဲ ေက်နပ္ေနတယ္ ။

“ ေဆာင္းတြင္း မွာ ထရံေပါက္ ကေန ေလ တိုးရင္ သိပ္ၿပီး ခ်မ္းတာ ။ ငါ့ သား ဖိုးေထာင္ အခုလို ဘိုင္စကုပ္ေၾကာ္ျငာေတြ ေလွ်ာက္ၿပီး ကပ္ထားေတာ့ ေလ မတိုးေတာ့ဘူး ”

လို႔ ႀကံဖန္ၿပီး ခ်ီးမြမ္းရွာ တယ္ ။

ဖိုးေထာင္ ဟာ ဆံပင္ အရွည္ ထားတယ္ ။ သူ႔ ရဲ႕ ပုခုံး ေပၚ ေရာက္ေနၿပီ ။ လူ ကလည္း အလြန္ အရပ္ ပုတာ ဆိုေတာ့ အေတာ့္ ကို ၾကည့္ရ ဆိုးပါတယ္ ။ ၿပီးေတာ့ ေဘာင္းဘီ အၿမဲ ဝတ္တယ္ ။ ဖိနပ္ ကလည္း လည္ရွည္ သားေရဖိနပ္ ကို စီးေလ့ ရွိတယ္ ။ လည္ပင္း မွာ လည္း ပုဝါေျပာက္ တထည္ကို အၿမဲ ခ်ည္ ထားတယ္ ။ ခါး မွာ ေတာ့ သားေရအိတ္ နဲ႔ ဓားေျမႇာင္ တလက္ကို ခ်ိတ္ထားတယ္ ။ ၿပီးေတာ့ ဒီေကာင္ က ကြၽမ္းထိုး အၿမဲ က်င့္တယ္ ။ ထားၾကပါေတာ့ေလ ။ က်ဳပ္ က သူ႔ ကို

“ မင္းဟာ တကယ့္ကို ဖိုက္တင္မင္းသားျဖစ္မွာ ကြ ”

လို႔ အားေပးတယ္ ။

သူ ကလည္း က်ဳပ္ ကို –

“ ေဟ့ ေအာင္ထြန္း ၊ မင္း ကလည္း တကယ့္ကို စာေရးဆရာႀကီး ျဖစ္မွာ ကြ ။ ငါ ဖိုက္တင္ မင္းသား ျဖစ္တဲ့ အခ်ိန္ မွာ မင္း ရဲ႕ ဝတၳဳ ကို ႐ုပ္ရွင္ ႐ိုက္မယ္ကြ ။ ငါ ကေတာ့ မင္း ေရးတဲ့ ဝတၳဳ ထဲ က ဇာတ္လိုက္ ေပါ့ ကြာ ”

လို႔ ေျပာေလ့ရွိတယ္ ။

တကယ္ ေျပာရရင္ က်ဳပ္တို႔ ႏွစ္ေယာက္ ဟာ အေျခာက္ တိုက္ ေၾကာင္ ေနၾကတဲ့ ငေၾကာင္ ႏွစ္ေကာင္ ပါပဲ ။ ဒါေၾကာင့္ လမ္းထိပ္ ကြမ္းယာဆိုင္ က မာမြတ္ႀကီး က က်ဳပ္တို႔ ႏွစ္ေယာက္ ကို “ ဒိုးပတ္ကုလား ” လို႔ ေခၚတယ္ ။ အဓိပၸာယ္ ကေတာ့ “ အ႐ူး ႏွစ္ေယာက္ေပါ့ ဗ်ာ ။

ဖိုးေထာင္ ရဲ႕ အေမ က မုဆိုးမ ျဖစ္သလို
က်ဴပ္ အေမ ကလည္း မုဆိုးမ ပါပဲ ။ ဖိုးေထာင္ ရဲ႕ အေမ က အေၾကာ္စုံ ေရာင္းတယ္ ။ က်ဳပ္ ရဲ႕ အေမ က ကုန္စိမ္း ေရာင္းတယ္ ။ က်ဳပ္တို႔ ႏွစ္ေယာက္ ဟာ တျခား ကေလးေတြ လို ေက်ာင္း လည္း မေနၾကေတာ့ဘူး ။ ေစတနာ ထားၿပီး က်ဳပ္တို႔ ကို တစုံတေယာက္က ေက်ာင္းေလး ဘာေလး တက္ပါလား လို႔ လာေျပာတဲ့အခါ က်ဳပ္တို႔ဟာ ေကာင္းေကာင္း မြန္မြန္ ျပန္မေျပာဘူး “ ကိုလိုနီပညာေရး အလိုမရွိ ” လို႔ ထၿပီး ေအာ္ေလ့ရွိတယ္ ။ ေရွ႕လည္း ဆက္ၿပီး မေျပာ တတ္လို႔ မေျပာေတာ့ပါဘူး ။

က်ဳပ္တို႔ ႏွစ္ေယာက္စလုံး ဟာ ဆင္းရဲတဲ့ မုဆိုးမ သား ေတြ ျဖစ္ၾကေလေတာ့ မသုံးႏိုင္ မစြဲႏိုင္ၾကပါဘူး ။ အေတာ့္ကိုပဲ က်ပ္တည္းပါတယ္ ။ မိခင္ႀကီး ေတြေဈး မေရာင္းႏိုင္တဲ့ေန႔ မွာ ငတ္ၾကေတာ့တာပါပဲ ။ ဒါေပမဲ့ က်ဳပ္ဟာ မိခင္ႀကီးကို ဘယ္ေနရာမွာမွ မကူညီပါဘူး ။ ဆင္းရဲတာကို ၾကည့္ၿပီး ညည္းတြားေလ့ ရွိတယ္ ။ က်ဳပ္ ရဲ႕ စကား ဆယ္ခြန္းမွာ ခုႏွစ္ခြန္း ဟာ “ ဘဝ ” ဆိုတဲ့ စကားလုံး ျဖစ္ၿပီး က်န္တဲ့ သုံးခြန္း ဟာ “ လူတန္းစား ” ဆိုတဲ့ စကားလုံးေတြ ျဖစ္ေနတတ္ပါတယ္ ။ ဖိုးေထာင္ ေျပာတဲ့ စကား ေတြမွာ လည္း “ စတန႔္ ” ဆိုတဲ့ စကား ဟာ အေတာ္မ်ားမ်ား ေနရာယူထားပါတယ္ ။

တေန႔မွာ သူငယ္ခ်င္း ႏွစ္ေယာက္သား မလႊကုန္းဘူတာနားက ေခ်ာင္းကူးတံတားေလးေပၚ ထိုင္ၿပီး အခုလို ဆင္းရဲက်ပ္တည္းေနတဲ့ အျဖစ္ကေန ဘယ္လို ထြက္ေပါက္ ရွာမလဲလို႔ စဥ္းစားၾကပါတယ္ ။ အဲဒီမွာ ဖိုးေထာင္က ကိုယ့္ကိုယ္ကိုယ္လည္း ဘာမွ ျပန္ မလုပ္ႏိုင္တဲ့ ကေလးအ႐ြယ္ သူေဌးသားေလး တေယာက္ ကို ျပန္ေပးဆြဲဖို႔ အႀကံ ေပးပါတယ္ ။ ဒီအခါမွာ က်ဳပ္ က –

ၿပီးေတာ့ ဖတ္ဖူးတဲ့ ဝတၳဳဇာတ္လမ္းေတြထဲက ျပန္ေပး ဆြဲ နည္းကို ဖိုးေထာင္ကို ေျပာျပလိုက္ေသးတယ္ ။ အဲဒီေတာ့ ဖိုးေထာင္က

“ အခု မင္း ေျပာတဲ့ အကြက္တိုင္းသာ ဆြဲလို႔ကေတာ့ စုံေထာက္ႀကီး ဦးစံရွားကိုယ္တိုင္ လိုက္ေတာင္ ဒီ အမႈက ေပၚႏိုင္မွာ မဟုတ္ဘူး ကြ ” လို႔ ေျပာပါတယ္ ။

ဖိုးေထာင္ ဆိုတဲ့ အေကာင္က စတန႔္မင္းသား မျဖစ္ေပမယ့္ စတန႔္ဇာတ္ကားေတြကို ႐ိုက္တဲ့ကုမၸဏီေတြ ကိုေတာ့ ေန႔တိုင္း သြားေလ့ ရွိတယ္ ။ တကယ့္ မင္းသားက အဲဒီ ကုမၸဏီကို ေန႔တိုင္း မေရာက္ဘူး ။ ဖိုးေထာင္ကေတာ့ ေန႔တိုင္း ေရာက္တယ္ ။ အဲဒီ ကုမၸဏီက ဝန္ထမ္းေတြ က သူ႔ ရဲ႕ ပုကြကြ ႏိုင္ပုံကို အေၾကာင္းျပဳၿပီး –

“ တို႔ ကုမၸဏီ ရဲ႕ ဇာတ္လိုက္ ေ႐ႊဘ ၿပီးရင္ မင္း အလွည့္ပါပဲ ။ မင္း ကေတာ့ ေ႐ႊကြ ေပါ့ ကြာ ” လို႔ ေနာက္ေျပာင္ၾကတယ္ ။ ဖိုးေထာင္ က စိတ္မဆိုးပါဘူး ။

ေ႐ႊကြ ပဲ ျဖစ္ျဖစ္ ၊ ေ႐ႊကုန္း ပဲ ျဖစ္ျဖစ္ အေရးႀကီးတာ က စတန႔္မင္းသား ျဖစ္ဖို႔ ပဲ ။ အဲဒီ ကုမၸဏီ မွာ အလုပ္ လုပ္တဲ့ စာေရးေတြ ၊ စာေရးမ ေတြ က ဖိုးေထာင္ ကို သူတို႔ ခိုင္းဖို႔ ေခၚထားတဲ့ အတိုင္းပဲ ၊ လက္ဖက္ရည္ ဝယ္ခိုင္းတဲ့ လူ က ဝယ္ခိုင္း ၊ မုန႔္ဟင္းခါး ဝယ္ခိုင္းတဲ့ လူ က ဝယ္ခိုင္း နဲ႔ ေပါ့ ။ ဖိုးေထာင္ ကလည္း အဲဒီလို အခိုင္း ခံေနရတာကိုပဲ ဂုဏ္ယူေနတယ္ ။ ဒီ ကုမၸဏီ မွာ သူ မရွိရင္ မျဖစ္ဘူး တဲ့ ။ သူ မင္းသား ျဖစ္လာတဲ့ အခါ မွာ မိုးက်ေ႐ႊကိုယ္ မင္းသား မဟုတ္ဘူး တဲ့ ။ ေအာက္ေျခက တက္လာတဲ့ ေအာက္ေျခ ခိုင္တဲ့ မင္းသား ျဖစ္မွာ တဲ့ ။ ဒါေၾကာင့္ ပဲ အဲဒီ ကုမၸဏီ မွာ ထမ္းစရာ ပိုးစရာ ရွိရင္ သူပဲ ထမ္းပိုးရတယ္ ။

အဲဒီ ႐ုပ္ရွင္ကုမၸဏီ ရဲ႕ နာမည္ က “ ဒီဖိုး ” ရယ္လို႔ ျဖစ္ပါတယ္ ။ ကုမၸဏီပိုင္ရွင္ႀကီး က မုဆိုးဖို လူ႐ိုးႀကီး ပါ ။ သူ က ဘုရားတရား လည္း အလြန္ ၾကည္ညိဳ ပါတယ္ ။ တပတ္တခါ သူ႔ ရဲ႕ ေမြးေန႔ ႀကဳံတိုင္း ျမတ္စြာဘုရား ကို ဓာတ္ႀကီးေလးပါး ကပ္ေလ့ ရွိပါတယ္ ။ စကား ေျပာရင္လည္း ဓာတ္ေလးပါး မပါရင္ စကား မေျပာတတ္ပါဘူး ။ ဒါေၾကာင့္ သူ႔ ရဲ႕ ဝန္ထမ္း ေတြ က သူ႔ ကို ဓာတ္ေလးပါး ဆို ေတာ့ “ ဒီဖိုး ” လို႔ သူ႔ကြယ္ရာမွာ ေခၚေလ့ ရွိပါတယ္ ။ သူ ကလည္း ကုမၸဏီ ရဲ႕ နာမည္ ကို “ ဒီဖိုး ” လို႔ ပဲ ေပးထားပါတယ္ ။ သူ႔ ကုမၸဏီ က ႐ိုက္တဲ့ ကား တိုင္းမွာ သူ႔ အိမ္ က ဘုရားစင္ ကို အရင္ ႐ိုက္ျပပါတယ္ ။ အဲဒီလို ႐ိုက္ၿပီးရင္ ဘုရားစင္ မွာ ကပ္လႉပူေဇာ္ထားတဲ့ ဆြမ္းပြဲ ( ၂၀ ) ပြဲ ( ေျမဓာတ္ႏွစ္ဆယ္ ) ၊ ေသာက္ေတာ္ေရ ( ၁၂ ) ခြက္ ( ေရဓာတ္ ဆယ့္ႏွစ္ပါး ) ဖေယာင္းတိုင္ ( ၄ ) တိုင္ ( မီးဓာတ္ေလးပါး ) ၊ ယပ္ ( ၆ ) လက္ ( ေလဓာတ္ေျခာက္ပါး ) ကို အၾကာႀကီး ႐ိုက္ျပပါတယ္ ။ ၿပီးေတာ့မွ ဒီဖိုး ႐ုပ္ရွင္ကုမၸဏီ ဆိုတဲ့ တံဆိပ္ႀကီးကို ႐ိုက္ျပပါတယ္ ။ အဲဒါ ၿပီးေတာ့မွ ဇာတ္လမ္း စပါတယ္ ။

ဘာပဲျဖစ္ျဖစ္ သူ႔ ရဲ႕ ကုမၸဏီ ဟာ စတန႔္မင္းသားေပါင္းစုံ နဲ႔ ဖိုက္တင္ဇာတ္လမ္းေပါင္းမ်ားစြာကို ႐ိုက္ကူးခဲ့ပါတယ္ ။ သူ႔ ရဲ႕ ဇာတ္လမ္းေတြ ဟာ ရန္ကုန္ ၊ မႏၲေလး စတဲ့ ၿမိဳ႕ေတြ မွာ လူႀကိဳက္မ်ား တယ္လို႔ မဆိုႏိုင္ေပမယ့္ နယ္ဘက္ ႐ုံေတြ မွာ ေတာ့ ႐ုံျပည့္ၿပီ ဆိုတဲ့ စာတမ္း ခ်ိတ္ရေလ့ ရွိပါတယ္ ။ ဒါေၾကာင့္ လည္း ကုမၸဏီပိုင္ရွင္ ဦးဒီဖိုးႀကီး ဟာ အေတာ့္ ကို ခ်မ္းသာ ေနၿပီေပါ့ ။

ဖိုးေထာင္ နဲ႔ က်ဳပ္ ရဲ႕ အႀကံ ကေတာ့ အဲဒီ ကုမၸဏီပိုင္ရွင္ ဦးဒီဖိုးႀကီး ရဲ႕ တဦးတည္းေသာ ေျမး ေလး “ ဆန္နီဖိုး ” ဆိုတဲ့ ငတိေလး ကို ျပန္ေပး ဆြဲဖို႔ ပါပဲ ။

ဖိုးေထာင္ နဲ႔ က်ဳပ္ ဟာ အဲဒီ ကိစၥအတြက္ အကြက္ ခ်ရေတာ့တာေပါ့ေလ ။ ဖိုးေထာင္ က ဆန္နီဖိုး ကို ေခ်ာ့ၿပီး ထုတ္ လာမယ္ ။ က်ဳပ္ က တကၠစီကား ငွားၿပီး ဆက္ၿပီး သယ္လာမယ္ ။ ၿပီးေတာ့ မလႊကုန္း ဘူတာနား အေရာက္ မွာ ေနာက္သလိုလို ကစားသလိုလို နဲ႔ ငတိေလး မ်က္ႏွာ ကို အဝတ္ စည္းလိုက္မယ္ ။ ၿပီးေတာ့မွ တြဲေဟာင္းေတြ ထားတဲ့ဘက္ကို ေခၚသြားၿပီး တြဲတတြဲထဲမွာ ထည့္ထားလိုက္မယ္ ။

တကယ္ လုပ္ေတာ့လည္း အဲဒီအတိုင္းပါပဲ ။ ဖိုးေထာင္ က ဆန္နီဖိုးေလး ကို –

“ ငါ နဲ႔ လိုက္မလား ၊ ကန္ေတာ္ႀကီး က်ရင္ သူ ခိုးပုလိပ္ လုပ္တမ္း ကစားမယ္ ကြာ ။ ငါ က ပုလိပ္ လုပ္မယ္ ၊ မင္း ကသူခိုးလုပ္ ” လို႔ ေျပာတဲ့ အခါ မွာ ဆန္နီဖိုး က

“ သူခိုး မလုပ္ခ်င္ဘူး ၊ အေဖ က မခိုးရဘူးတဲ့
လူဆိုတာ ေလးပါးသီလ လုံရမယ္တဲ့ ”

လို႔ ျပန္ၿပီးေျပာတယ္ ။ အဲဒီအခါ မွာ ဖိုးေထာင္ က

“ ဘယ္ကလာ ေလးပါး ရမွာ လဲ ၊ ငါးပါး ပါ ”

လို႔ ေျပာတဲ့ အခါမွာ ဆန္နီဖိုးေလး က –

“ ဦးဖိုးေထာင္ ေျပာတာ ျဖစ္ႏိုင္ပါတယ္ ၊ ကြၽန္ေတာ့္ အေဖ က ေလးပါး အျပင္ ကာေမသုမိစာၦ ဆိုတာ ေျပာေသးတယ္ ၊ ဒါေပမဲ့ အဓိပၸာယ္ကိုေတာ့ ေျပာ မျပဘူး ၊ ဒါေၾကာင့္ ကြၽန္ေတာ္ က ေလးပါး လို႔ ေျပာတာ ။ အဲဒီေတာ့ ခင္ဗ်ား နဲ႔ ကန္ေတာ္ႀကီးကို လိုက္မယ္ ။ ဒါေပမဲ့ သူခိုး ပုလိပ္ မကစားဘူး ။ ကြၽန္ေတာ္တို႔ ေက်ာင္းမွာ ကစားတာက သိဖ္အင္ပုလိစ္ လို႔ ကစားတယ္ ၊ အဲဒီအတိုင္း ကစားမယ္ ၊ ၿပီးေတာ့ ဂိုင္းေဖာက္ ကစားနည္း လည္း ရွိေသးတယ္ ၊ “ ဂိုင္းေဖာက္ ” ဆို တာ လူဆိုး ရဲ႕ နာမည္ ၊ သူ က ျမင္းတေကာင္ နဲ႔ ၿမိဳ႕ကို တက္ လာၿပီး ၿမိဳ႕ေစာင့္တပ္ေတြ နဲ႔ ဖိုက္တင္ လုပ္တာ ။ အဲဒီေတာ့ အဲဒီ ကစားနည္း အတြက္ ျမင္း လိုတယ္ ၊ ျမင္း ကေတာ့ ဦးဖိုးေထာင္ လုပ္ရမယ္ ။ ျမင္း လုပ္တဲ့ အခါမွာ မတ္တပ္ ရပ္ထားလို႔ မရဘူး ။ ေလးဘက္ ေထာက္ ထားရမယ္ ၊ ကြၽန္ေတာ္ က ခြၿပီး စီးမယ္ ။ ကြၽန္ေတာ္ က ဂိုင္းေဖာက္ ေလ ”

လို႔ ဆန္နီဖိုးေလး က ေျပာလိုက္တယ္ ။ အဲဒီေတာ့ ဖိုးေထာင္ က

“ ဟုတ္ပါၿပီ ကိုဂိုင္းေဖာက္ ရယ္ ။ ခင္ဗ်ား လာမယ့္ ၿမိဳ႕ နဲ႔ ခင္ဗ်ား တိုက္မယ့္ ခံတပ္ၿမိဳ႕ နဲ႔ က ဘယ္ႏွမိုင္ ေဝးသလဲ ”

လို႔ ေမးလိုက္ေတာ့

မေကာင္းဆိုးဝါးေလး က –

“ မိုင္ ( ၉၀ ) ေဝးတယ္ ” လို႔ ေျပာပါတယ္ ။ အဲဒီ အခါမွာ ဖိုးေထာင္ က

“ အလိုေလး မင္း က ငါ့ ေက်ာ ေပၚမွာ နာရီေပါင္း မ်ား စြာ စီးမယ္ ဆိုတဲ့ သေဘာေပါ့ ။ မလုပ္ပါနဲ႔ ကိုဂိုင္းေဖာက္ ရယ္ ။ နာရီေလး နည္းနည္း ေလွ်ာ့ပါဦး ”

လို႔ ေတာင္းပန္ လိုက္တယ္ ။

အဲဒီ အခါမွာ ငတိေလး က –

“ ဟင့္အင္း ေလွ်ာ့လို႔ မရဘူး ၊ ကြၽန္ေတာ္တို႔ ကုမၸဏီ ကို အၿမဲ လာေနတဲ့ ဒါ႐ိုက္တာအဘိုးႀကီး က ခဏခဏ ေျပာဖူးတယ္ ၊ “ ဂ်ပန္ လုပ္ တ႐ုတ္ နဲ႔ တူရမယ္ ” တဲ့ ”

လို႔ ေျပာလိုက္တဲ့ အခါမွာ ဖိုးေထာင္ က

“ မဟုတ္တာေတြ မေျပာပါနဲ႔ ကိုဂိုင္းေဖာက္ကေလး ရယ္ ။ သဏၭာန္ လုပ္ သ႐ုပ္ နဲ႔ တူရမယ္လို႔ ေျပာတာ ျဖစ္ပါလိမ့္မယ္ ”

လို႔ ျပန္ၿပီး ေျပာလိုက္တယ္ ။

တိုတိုပဲ ေျပာၾကပါစို႔ ရဲ႕ ။ အဲဒီ မေကာင္းဆိုးဝါးေလး ကို မလိမ့္တပါတ္နဲ႔ ျပန္ေပးဆြဲလာခဲ့ၿပီး မလႊကုန္းဘူတာမွာ ရပ္ထားတဲ့ တြဲပ်က္ေတြထဲက တြဲတတြဲကို ထည့္ထားလိုက္တယ္ ။ ထမင္းစားခ်ိန္ ေရာက္ေတာ့ အဲဒီ ရပ္ကြက္မွာ ရွိတဲ့ ေခြးနီဆိုင္က ဖက္ နဲ႔ ထုပ္ ထားတဲ့ ထမင္း သုံးထုပ္ သြား ဝယ္ တယ္ ။ အဲဒီမွာ ထမင္း နဲ႔ အေခါက္ကင္ ထည့္ထားတယ္ ။ က်ဳပ္ နဲ႔ ဖိုးေထာင္ က စားၿပီးသြားၿပီ ။ ငတိေလး က ထမင္းထုပ္ကို ျဖည္ၿပီး မစားဘူး ။

“ လူ ဆိုတာ ဖက္ နဲ႔ မစားရဘူး တဲ့ ။ ပန္းကန္ နဲ႔ စားရမယ္တဲ့ ။ ဖက္ နဲ႔ စားရင္ “ ဖက္ခြက္စား ” ျဖစ္တတ္တယ္ လို႔ ကြၽန္ေတာ့္ အေဖ က ေျပာဖူးတယ္ ”

လို႔ အက်ပ္ကိုင္တာ နဲ႔ က်ဳပ္ကိုယ္တိုင္ အဲဒီ ရပ္ကြက္ မွာ ရွိတဲ့ တ႐ုတ္စိန္ေအာင္မင္း ရဲ႕ ဆိုင္ ကို သြားၿပီး သံေႂကြရည္သုတ္ ဇလုံကေလးကို ငါးမတ္ နဲ႔ ဝယ္ခဲ့ၿပီး ထည့္ ေကြၽးရတယ္ ။ အဲဒီေတာ့မွ ငတိေလး က ပြဲေတာ္ တည္ေတာ့တယ္ ။

ေဆာင္းတြင္း ဆိုေတာ့ အေတာ့္ကိုပဲ ခ်မ္းပါတယ္ ။ အဲဒါေၾကာင့္ တြဲေဘးမွာ မီးဖိုၿပီး သုံးေယာက္သား မီးလႈံၾကတယ္ ။ အိပ္ခါနီး အခ်ိန္ ေရာက္ေတာ့ မေကာင္းဆိုးဝါးေလး က

“ ဒီအတိုင္း အအိပ္မခိုင္းနဲ႔ ေနာ္ ။ အိပ္ခါနီးမွာ ဘက္တီး တခါ တိုက္ရဦးမယ္ ”

လို႔ ေျပာပါတယ္ ။ အဲဒီေတာ့ ဖိုးေထာင္ က

“ ဘာလဲကြ ဘက္တီး ဆိုတာ ”

လို႔ ေမးတဲ့ အခါ

“ ဘာရမွာ လဲ ဦးဖိုးေထာင္ ရယ္ ၊ ဘက္တီး ဆိုတာ အိပ္ရာထဲ ေရာက္မွ ေသာက္တဲ့ လက္ဖက္ရည္ေပါ့ ။ ကြၽန္ေတာ္က အၿမဲတမ္း ေသာက္ေနက် ”

လို႔ ေကာင္ေလး က ျပန္ေျပာတယ္ ။ အဲဒီအခါမွာ က်ဳပ္ က

“ ဘက္တီး ေတာ့ မရဘူး ၊ လက္သီး ပဲ ရမယ္ ”

လို႔ ေျပာလိုက္တဲ့ အခါ ငွက္ဆိုးကေလး က

“ လက္သီး ဆိုရင္ ဒီက မီးစ လာမယ္ ”

ဆိုၿပီး မီးပုံ ထဲက ထင္းစ တစကို ယူၿပီး က်ဳပ္ ရဲ႕ မ်က္ႏွာကို ထိုး လိုက္ပါေလေရာ ။ က်ဳပ္ ရဲ႕ ပါး မွာ မီးေလာင္ဖုႀကီး ထ သြားတယ္ ။

က်ဳပ္ ကလည္း စိတ္ မထိန္းႏိုင္ေတာ့ဘဲ ေကာင္ေလး ရဲ႕ တင္ပါးကို ႏွစ္ခ်က္သုံးခ်က္ ႐ိုက္လိုက္ တယ္ ။ အဲဒီေတာ့ ေကာင္ေလး က

“ ႐ိုက္ထား ႐ိုက္ထား ၊ မနက္က်ရင္ ဂိုင္းေဖာက္ လာမယ္ ။ ေသနတ္ နဲ႔ ပစ္မယ္ ၊ ခါးပတ္ နဲ႔ ႐ိုက္မယ္ ၊ ေသဖို႔ သာ ျပင္ထား ”

လို႔ ႀကိမ္းတယ္ ။ ေကာင္ေလး အိပ္သြားတဲ့ အခါမွာ ဖိုးေထာင္ နဲ႔ က်ဳပ္ ဟာ တိုင္ပင္ၾကရေတာ့တယ္ ။ က်ဳပ္ က ဖိုးေထာင္ ကို

“ မနက္က်ရင္ သူ႔ အေဖ ဆီ ကို ေငြ ေတာင္းတဲ့ စာ ပို႔ ကြာ ။ ေငြႏွစ္သိန္း ကို ဘယ္ေနရာမွာ လာထားရမယ္ လို႔ ေရးကြာ ။ ေငြႏွစ္သိန္း ရရင္ လူႀကီးမင္း ရဲ႕ ကေလးကို ၿခံဝ အထိ ခလုတ္မထိ ဆူးမၿငိ ဘဲ ျပန္ပို႔ပါ့မယ္ ၊ အဲဒီလို မလုပ္ဘဲ ရဲဘက္ ကို တိုင္ၾကားမယ္ ဆိုရင္ေတာ့ လူႀကီးမင္း ရဲ႕ ကေလး ဟာ ေသပြဲ ဝင္ၿပီ မွတ္ေပေတာ့လို႔ ၿခိမ္းေျခာက္ လိုက္ကြာ ”

လို႔ ေျပာတဲ့ အခါ ဖိုးေထာင္ က

“ စာ မွာ ေတာ့ အဲဒီလို ေရးမွာ ေပါ့ကြာ ၊ ဒါေပမဲ့ တကယ္ ေသ မွာ က တို႔ ႏွစ္ေယာက္ ကြ ။ ဒီေကာင္ေလး က တို႔ ကို ႏွိပ္စက္လိမ့္မယ္ ။ အခုေတာင္ မင္း ပါး ေပၚ က ဒဏ္ရာႀကီး က နည္းတာႀကီး မဟုတ္ဘူး ” လို႔ ေျပာပါတယ္ ။

ၿပီးေတာ့ က်ဳပ္ ကိုယ္တိုင္ ပဲ စာတေစာင္ ေရးလိုက္တယ္ ။

နေမာတႆ ဘဂ၀ေတာ အရဟေတာ သမၼာသမၺဳဒၶႆ

ေလးစားအပ္ေသာ သူေဌးႀကီး ဦးဒီဖိုး ခင္ဗ်ား ..

လူႀကီးမင္း ရဲ႕ ၾသရႆ မည္ေသာ ၊ ရင္ ၌ ျဖစ္ေသာ သားရတနာ ဆန္နီဖိုး ကို ကြၽန္ေတာ္မ်ား အမ်ိဳးေကာင္းသား ျပန္ေပးတစု က ျပန္ေပး ဆြဲ ထားပါတယ္ … လူႀကီးမင္း ထံ မွ ေငြႏွစ္သိန္း လက္ခံ ရရွိလွ်င္ ဆန္နီဖိုး ကို ၿခံဝ အေရာက္ … ပိန္းၾကာဖက္ တြင္ ေရ မတင္သကဲ့သို႔ ေဘးမသီ ရန္မခေစဘဲ ျပန္လည္ ပို႔ေပးပါမယ္ ၊ လူႀကီးမင္း ဦးဒီဖိုး အေနနဲ႔ စာ ပါအေၾကာင္းအရာ တခုလုံး ကို ျဖစ္ေစ ၊ တစိတ္တေဒသကို ျဖစ္ေစ ျငင္းဆိုခဲ့ပါလွ်င္ ဆန္နီဖိုးေလး ခမ်ာ ေသပြဲ ဝင္ရပါလိမ့္မယ္ … ကြၽန္ေတာ္တို႔ တစု မွာလည္း ျပန္ေပးသာ လုပ္ရပါတယ္ ၊ ပါဏာတိပါတကံ လုံၿခဳံ လိုပါေသာ ေၾကာင့္ ေငြႏွစ္သိန္းျဖင့္ ေ႐ြးယူရန္ ကို လည္း ေမတၱာရပ္ခံအပ္ပါတယ္ ၊ ဒီ စာကို အေၾကာင္းျပန္လိုပါက စေတာ့ဂိတ္ ကုန္းတံတားႀကီး ေအာက္ အလယ္ဘက္ ၊ ပထမ တိုင္ ေပၚ ရွိ ကလိုဏ္ တြင္ ျပန္စာကို လာ၍ ထည့္ထားႏိုင္ပါတယ္ …

ျပန္ေပးအဖြဲ႕

( ပုဒိအာႏွင့္ ျပည့္စုံေစေသာ္ဝ္ … )

က်ဳပ္ ဟာ အဲဒီ စာကို ေရးၿပီး ဖိုးေထာင္ ရဲ႕ လက္ထဲကို ထည့္ေပးလိုက္ပါတယ္ ။ ဖိုးေထာင္ က အဲဒီ စာ ကို ေခါက္ထည့္ၿပီး ဒီဖိုးကုမၸဏီ ကို သြားပါတယ္ ။ ဒီဖိုးကုမၸဏီ ကို ေရာက္တဲ့ အခါမွာ ဒီဖိုးကုမၸဏီ ရဲ႕ ဝန္ထမ္းေတြ ဟာ ဆန္နီဖိုးေလး ျပန္ေပးအဆြဲ ခံရတဲ့ အေၾကာင္း ကြၽက္ကြၽက္ညံေအာင္ ေျပာဆိုေနၾက ပါတယ္ ။

ဒါေပမဲ့ ေျပာတဲ့ စကားေတြ ထဲ မွာ ဝမ္းသာတဲ့ အေၾကာင္း ပါ ပါတယ္ ၊ စာေရးေတြ ရဲ႕ အံဆြဲ ထဲ မွာ ဖားေတြ ၊ ၾကက္ေတြ ေကာင္ေလး က ထည့္ေလ့ ရွိတဲ့ အတြက္ စာေရးမေတြ က ေကာင္ေလး ျပန္ေပးဆြဲ ခံရတဲ့ ကိစၥမွာ အခုမွ ဆြဲရသလား ဆိုၿပီး ျပန္ေပးေတြ ကို က်ိန္ဆဲေနၾကပါတယ္ ။

စာေရးေတြ ကလည္း ေန႔လယ္ေန႔ခင္း အိပ္တဲ့ အခါ တိုက္ပုံအက်ႌ ကို ခြၽတ္ၿပီး ကုလားထိုင္ ေနာက္မွီ မွာ ခ်ိတ္ထား ေလ့ရွိတယ္ ။ အဲဒီ ထဲ ကို မီး ပါတဲ့ စီးကရက္တို ေတြ ကို ေကာင္ေလး က လာၿပီး ထည့္ တတ္ေလေတာ့ အက်ႌေတြ ေပါက္ၿပဲကုန္ပါတယ္ ။ ဒါေၾကာင့္ .. သူေဌးဦးဒီဖိုး ေငြႏွစ္သိန္း နဲ႔ မေ႐ြးပါေစ နဲ႔ … ဒါမွ ဒီေကာင္ေလး ကိစၥတုံး မွာ လို႔ ဆုေတာင္း ေနၾကပါတယ္ ။

အဲဒီ အခ်ိန္မွာ ပဲ ဖိုးေထာင္ ဟာ မေယာင္မလည္ နဲ႔ ဦးဒီဖိုး ရဲ႕ စားပြဲေပၚ ကို ကြၽန္ေတာ္ ေရး တဲ့ စာ ကို တင္ထားလိုက္တယ္ ။ ဦးဒီဖိုး ဟာ စာ ကို ဖတ္ၾကည့္ၿပီး

“ ျပန္ေပး ဟာ အေတာ့္ ကို အတင့္ ရဲတာပဲ ၊ ေငြ ေတာင္းတဲ့ စာ ကို စားပြဲေပၚ အေရာက္ လာၿပီး တင္ ထားတယ္ ၊ မဟုတ္မွ လြဲေရာ ဒီ အမႈ မွာ အတြင္း လူ ပါေနၿပီ ”

ဆိုၿပီး စာ တေစာင္ ေကာက္ေရးတယ္ ။ စာ ကေတာ့ ေငြႏွစ္သိန္း နဲ႔ မေ႐ြးႏိုင္ ေၾကာင္း ၊ ကုမၸဏီ ဟာ အရႈံး ေပၚေနလို႔ ေငြႏွစ္သိန္း လည္း မရွိေၾကာင္း ျပန္တဲ့ စာပါပဲ ။ အဲဒီ စာ ကို စာအိတ္ထဲ ထည့္ၿပီးတဲ့ ေနာက္

“ ဖိုးေထာင္ေရ စေတာ့ဂိတ္ကုန္းေအာက္ ၊ အလယ္တိုင္ ရဲ႕ အထက္ မွာ ကလိုဏ္ ရွိတယ္ လို႔ ျပန္ေပး က သူ႔ စာ ထဲ မွာ ေရးထားတယ္ ၊ အဲဒီ ထဲ ကို သြား ထည့္ကြာ ”

လို႔ ေျပာၿပီး စာအိတ္ ကို ေပးလိုက္တယ္ ။

ဖိုးေထာင္ က အဲဒီ ေနရာ ကို သြား မထည့္ဘဲ အဲဒီ စာ ကို က်ဳပ္တို႔ ရွိတဲ့ ဆီကို ယူလာတယ္ ။ က်ဳပ္ လည္း အဲဒီ စာ ကို ဖတ္ၾကည့္ၿပီး

“ အမ်ိဳးယုတ္ ဒီဖိုးႀကီး ၊ သူ႔ ကေလးကိုေတာင္ မေ႐ြးဘူး ၊ မေ႐ြးတာ က ကိစၥ မရွိဘူး ၊ ငါ့ ဒူး ေတြ လည္း ၿပဲ ကုန္ၿပီကြ ၊ ဒီ မသာေလး က ငါ့ ကို ေလးဘက္ေထာက္ ခိုင္းၿပီး “ ဂိုင္းေဖာက္ကြ ” ဆိုၿပီး ေက်ာေပၚ ကို ခုန္ တက္တယ္ ကြ ၊ ငါ က လႈပ္ ေနရတယ္ ၊ မလႈပ္ရင္ အေပၚကေန တုတ္ နဲ႔ ႐ိုက္ ေသးတယ္ ကြ ၊ ငါ့ ေက်ာ မွာ လည္း အရႈိး ေတြခ်ည္းေနမွာ ပါကြာ ၊ ဒီထက္ ဆိုးတာက မီးစ နဲ႔ ထိုး မွာ စိုးလို႔ မီးဖို က မီးႂကြင္းမီးက်န္ ေတြ ကို ေရ နဲ႔ ၿငိမ္း ပစ္လိုက္ရတယ္ ၊ ဒီ သရဲေလး ကို အျမန္ဆုံး ျပန္ ပို႔ရေအာင္ကြာ ၊ ဦးဒီဖိုး က ႏွစ္သိန္း မေပးႏိုင္ဘူး ဆိုလည္း “ တသိန္း ” ဆိုတဲ့ စာ ေရးၿပီး သူ႔ ဆီ အေရာက္ ပို႔လိုက္ကြာ ၊ တကယ္လို႔ သူ က တသိန္း မေပးႏိုင္ဘူး ဆိုလည္း အဲဒီ စာကို ငါ့ ဆီ ယူ မလာနဲ႔ ေတာ့ ၊ မင္း ဟာ မင္း ငါးေသာင္း လို႔ ျပင္ ေရးၿပီး ပို႔လိုက္ေတာ့ ”

လို႔ က်ဳပ္ က ေျပာ လိုက္တယ္ ။

အဲဒီအခါ မွာ ဖိုးေထာင္ က

“ ေနပါဦး ေဟ့ေကာင္ ရ ၊ ဦးဒီဖိုးႀကီး က ငါးေသာင္း လည္း မေပးႏိုင္ဘူး ဆိုရင္ ဘယ္ႏွယ့္လုပ္မလဲ ”

လို႔ ေမး ပါတယ္ ။

အဲဒီေတာ့ က်ဳပ္ က

“ ငါးေသာင္း မေပးႏိုင္ရင္ ႏွစ္ေသာင္းခြဲ ”

“ မေပးႏိုင္ရင္ ”

“ တေသာင္း ႏွစ္ေထာင့္ငါးရာ ”

“ မေပးႏိုင္ရင္ ”

“ ေျခာက္ေထာင့္ႏွစ္ရာ့ငါးဆယ္က်ပ္ ”

“ မေပးႏိုင္ရင္ ”

“ သုံးေထာင့္တရာ ႏွစ္ဆယ့္ငါးက်ပ္ ”

“ မေပးႏိုင္ရင္ ”

“ တေထာင့္ကိုးရာ ခုႏွစ္ဆယ့္ငါးက်ပ္ ”

“ မေပးႏိုင္ရင္ ”

“ ခုႏွစ္ရာရွစ္ဆယ့္ ခုႏွစ္က်ပ္ခြဲ ”

“ မေပးႏိုင္ရင္ ”

“ သုံးရာကိုးဆယ့္သုံးက်ပ္ ခုႏွစ္ဆယ့္ငါးျပား ”

“ မေပးႏိုင္ရင္ ”

“ တရာ့ကိုးဆယ့္ေျခာက္က်ပ္ရွစ္ဆယ့္ ခုႏွစ္ျပားခြဲ ”

“ မေပးႏိုင္ရင္ ”

“ ရွစ္ဆယ့္ကိုးက်ပ္ ေလးဆယ့္သုံးျပား ”

“ မေပးႏိုင္ရင္ ”

“ ေလးဆယ့္ကိုးက်ပ္ ျပားႏွစ္ဆယ္ ”

“ မေပးႏိုင္ရင္ ”

“ ႏွစ္ဆယ့္ငါးက်ပ္ ျပားေျခာက္ဆယ္ ”

“ မေပးႏိုင္ရင္ ”

“ တဆယ့္ႏွစ္က်ပ္ သုံးျပား ”

“ မေပးႏိုင္ရင္ ”

“ ေျခာက္က်ပ္ ဆယ့္ငါးျပား ”

“ မေပးႏိုင္ရင္ ”

“ သုံးက်ပ္နဲ႔ ခုႏွစ္ျပားခြဲ ”

“ မေပးႏိုင္ရင္ ”

“ တက်ပ္ငါးဆယ့္ငါးျပား ”

“ မေပးႏိုင္ရင္ ”

လို႔ ဖိုးေထာင္ ေျပာတဲ့ အခါမွာ

“ အဲဒါမေပးႏိုင္လို႔ ကေတာ့ မျဖစ္ဘူးကြာ ၊ ဒီ မွင္စာေလး စားဖို႔ ေႂကြရည္သုတ္သံဇလုံ ဝယ္ရတာကိုက တက်ပ္ ေက်ာ္တယ္ကြ ၊ အဲဒါမွ မေပးရင္ေတာ့ တို႔ ရႈံးၿပီ ၊ ထမင္းထုပ္ကလည္း ဒီငတိေလး စားတာ သုံးထုပ္ ရွိၿပီကြ ၊ လက္ဖက္ရည္ ကလည္း တိုက္ရေသးတယ္ ၊ ဒီၾကားထဲ ဒီငတိ က ဘက္တီးေတြ ဘာေတြ လာေသးတယ္ ”

လို႔ က်ဳပ္ က ေျပာလိုက္တယ္ ။ ဖိုးေထာင္ က က်ဴပ္ ေျပာသလိုပဲ ဦးဒီဖိုး ဆီ ကို စာ သြားပို႔ခဲ့ပါတယ္ ။

အျပန္အလွန္ ေဈး ဆစ္တာပဲ ။ က်ဳပ္ ေျပာတဲ့ အတိုင္းပါပဲ ။ ေနာက္ဆုံး တက်ပ္ ငါးဆယ့္ငါးျပား အထိ ဦးဒီဖိုး က မေပးႏိုင္ဘူးလို႔ ကတ္ ေနပါတယ္ ။ ေနာက္ဆုံးမွာ ဘယ္လို ေရးထားသလဲ ဆို ေတာ့

“ ေလးစားအပ္ေသာ သူေတာ္ေကာင္း ျပန္ေပးမ်ား ခင္ဗ်ာ ကြၽန္ေတာ့္ဆီက ျပန္ေပး ဆြဲသြားတဲ့ ဆန္နီဖိုး ဟာ တကယ္ေတာ့ ကြၽန္ေတာ့္ သားအရင္း မဟုတ္ပါဘူး ၊ လင္ေကာင္ မေပၚဘဲ ေမြးထားတဲ့ ကေလးကို ကြၽန္ေတာ့္ ၿခံ ထဲ မွာ လာၿပီး ပစ္ထားၿပီး ကြၽန္ေတာ္ လည္း ေမြး ထားခဲ့တာပါ ။ ဒီ ကေလး ဆိုးလြန္း လို႔ ကြၽန္ေတာ့္ မိန္းမ လည္း အေစာႀကီး ေသသြားပါၿပီ ။ အခုအခါမွာ ကြၽန္ေတာ္က မုဆိုးဖို ျဖစ္ေနတဲ့ အတြက္ မၾကာခင္မွာပဲ မီးေပးမီးယူ သေဘာနဲ႔ ႐ုပ္ရွင္ဆိုက္ပတ္ တေယာက္နဲ႔ လက္ထပ္ေတာ့မွာ ျဖစ္ပါတယ္ ။ ဒီကေလး ပါလာရင္ က်ဳပ္ကို လက္မထပ္ႏိုင္ဘူးလို႔ မိန္းကေလးဘက္က အတိအလင္း ေၾကာ္ျငာ ထားတာေၾကာင့္ ဆန္နီဖိုး ကို က်ဳပ္ ျပန္ မလိုခ်င္ေတာ့ပါဘူး ။ ခင္ဗ်ားတို႔ လည္း သူ႔ ကို မသတ္ရက္ရင္ မိဘမဲ့ေက်ာင္းကို ျဖစ္တဲ့ နည္းနဲ႔ ပို႔ေပးလိုက္ပါ

ေမတၱာပို႔သလ်က္
ဒီဖိုး

ဒီ စာ ရတဲ့ အခါမွာ က်ဳပ္ နဲ႔ ဖိုးေထာင္ ဟာ ေခါင္းခ်င္း ဆိုင္ၿပီး ဘယ္လို လုပ္ၾကမလဲလို႔ ေတြး ပါ တယ္ ။ အဲဒီေတာ့ ဖိုးေထာင္ က –

“ အလုပ္ရႈပ္ ခံၿပီး မိဘမဲ့ေက်ာင္းေတြ ဘာေတြ သြား ပို႔မေနပါနဲ႔ ကြာ ၊ ဒီေကာင္ေလးကို ဒီတိုင္း ထားၿပီး တို႔ ႏွစ္ေယာက္ လစ္ ၾကရေအာင္ ”

လို႔ ေျပာ ၿပီး လစ္လာခဲ့ၾကပါတယ္ ။

ေကာင္ေလး ကို ေတာ့ –

“ ကိုဂိုင္းေဖာက္ႀကီး စီးဖို႔ ျမင္း သြား ရွာလိုက္ဦးမယ္ ”

လို႔ ေျပာၿပီး ထားခဲ့ပါတယ္ ။

က်ဳပ္တို႔ ႏွစ္ေယာက္ အိမ္ျပန္ ေရာက္ၿပီး တနာရီ ေလာက္ ၾကာတဲ့ အခါ မွာ တြဲျပင္ လုပ္သား တေယာက္ဟာ ဒီေကာင္ေလးကို ေခၚလာၿပီး ဖိုးေထာင္ ရဲ႕ အိမ္ကို လာပို႔ပါတယ္ ။

ေကာင္ေလးက သူ႔ ကို ထားခဲ့မွန္းလည္း သိေရာ တြဲေတြ ရဲ႕ ဟိုးအဆုံးဘက္ကို ေလွ်ာက္သြားတယ္ ။
တြဲျပင္လုပ္သား ႀကီး တေယာက္နဲ႔ ေတြ႕ေတာ့ ငိုၿပီး အကူအညီေတာင္းတယ္ ။ သူ႔ ကို ေခၚလာတဲ့ ဖိုးေထာင္ ရဲ႕ ပုံပန္း ကိုလည္း အက်အန ေျပာျပတယ္ ။ အဲဒီေတာ့ တြဲျပင္ လုပ္သားႀကီး က

“ သိၿပီ သိၿပီ ဒီေကာင့္ကို ေကာင္းေကာင္း သိတယ္ ၊ ဒီေကာင္က လည္ပင္းမွာ ပုဝါေျပာက္ စည္းထားတယ္ ၊ အရပ္က ေတာ္ေတာ္ ပုတယ္ ၊ ဆံပင္က ပုခုံးကို ေထာက္ေနတယ္ ၊ စတန႔္မင္းသား ဂိုက္ ဖမ္းေနတဲ့ ေကာင္ ၊ ဟိုေန႔ကေတာင္ ဒီေကာင့္ကို ဟို တြဲနား မွာ ေတြ႕ေသးတယ္ ၊ ဒီေကာင့္ အိမ္က ဗလီ နားမွာ ငါလိုက္ပို႔မယ္ ”

ဆိုၿပီး တြဲျပင္လုပ္သားႀကီး က အဲဒီအသုဘေလးကို ဖိုးေထာင္ရဲ႕ အိမ္ကို လာပို႔တာ ။ ဖိုးေထာင္ ကလည္း မလႊဲမေရွာင္သာ လက္ခံ ထားလိုက္ရတယ္ ။

အဲဒီလို လက္ခံထားၿပီး နာရီဝက္ေတာင္ မျပည့္ေသးဘူး ။ ဒီေကာင္ေလးေၾကာင့္ ဖိုးေထာင္ အေမ ေဒၚဘုတ္လုံးႀကီး ထိပ္ေပါက္သြားတယ္ ၊ အဲဒီေတာ့ ဖိုးေထာင္လည္း သူ႔အိမ္မွာ ဆက္ မထားရဲေတာ့ဘဲ က်ဳပ္အိမ္ကို လာပို႔တယ္ ။

က်ဳပ္ အိမ္ကို ေရာက္ၿပီး တနာရီ မျပည့္ေသးဘူး ။ က်ဳပ္ အေမႀကီး ရဲ႕ မရွိမဲ့ ရွိမဲ့ လုံခ်ည္ေတြကို မီး ရႈိ႕ပစ္လိုက္တယ္ ။

က်ဳပ္ ေျပာခ်င္တာက ဒါပါပဲ ၊ ျပန္ေပးမႈ နဲ႔ ေထာင္ က်ရင္ က်ပါေစ ၊ ဒီ သရဲေလးကို ဘယ္ကို ပို႔ရမယ္ ဆိုတာ ဝိုင္းၿပီး အႀကံ ေပးၾကပါဦး

သဗ္ဗေသတ္တာ ကမ္မႆကာ

#မင္းသိခၤ
📖 ဖတ္စရာဂ်ာနယ္ အမွတ္ ( ၂ )
၁၁ – ၁ – ၂၀၀၅
📖 ဖတ္စရာဂ်ာနယ္ အမွတ္ ( ၃ )
၁၈ – ၁ – ၂၀၀၅