ဖိုးသူတော်၏သေတမ်းစာ(စ/ဆုံး)
——————————–
တခါက
ရွာတရွာရှိ ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့်တကွ
ဦးသူတော်တပါး l ကပ္ပိယကြီးတဦးတို့
နေထိုင်ကြသည်
တနေ့သော်
ကျောင်းထိုင်ကိုယ်တော်ကြီးမှ ကပ္ပိယကြီး
အားခေါ်ယူကာ ဤသို့တိုင်ပင်လေသည်။
”ဒီနေ့ ဒီခေတ်ကြီးထဲမှာ ဘိုလိုမှမတတ်ရင် လူရာမဝင်ဘူးဆိုဟုတ်သလား
ကပ္ပိယကြီးရဲ့”
”မှန်ပါ့ ဘုရာ့”
”ကဲ
အဲ့ဒါဖြင့် မနက်ဖြန် မြို့တက်မယ့်ဒကာ
တစ်ယောက်ကို ဘိုစာမြန်မာစာပါတဲ့
ဘုတ်အုပ်တအုပ်မှာချေအုံးမှပါ”
ထိုမှ
အစပြုကာ ဒကာဝယ်လာသော ဘုတ်အုပ်
ကြီးကို
ကျောင်းထိုင်ဘုန်းကြီးနှင့် ကပ္ပိယကြီးတို့
မှာ နေ့မနား ညမနား လေ့လာပြီး
တစ်ဦးနှင့်တစ်ဦးပညာစမ်းလေသည်
ပေါ့တခါ
မနက်ခင်းတခု အာရုံဆွမ်းကပ်ပြီးသော်
ကျောင်းထိုင်ကိုယ်တော်မှ
ကပ္ပိယကြီးအား ပညာစမ်းရင်းနှုတ်ခွန်း
ဆက်စကားဆိုလေရဲ့
”ဟယ်လယ်လို
ကိုတင်မောင်နီ”
ကပ္ပိယကြီးကလည်း ဘာရမလဲ ဒီဆရာတော် ငါ့ကိုပညာစမ်းပြီးဘိုလို
ပြောနေတာပဲ ငါလည်းပြန်ပြောလိုက်မဟဲ့
ဟု စိတ်ထဲမှ ကြုံးဝါးရင်း
”ကိုတင်မောင်နီ ပါဘုရာ့
ဘလိတ်ဖက်ထုပ် က ဘုန်းပေးလို့ဂွတ်ဒါး
တော်မူပါရဲ့လားဘုရာ့”
”အိမြးးး
ဂွတ်ဒါးးး ဂွတ်ဒါးးးး”
ကပ္ပိယကြီး၏ စိတ်ထဲတွင်
ဟ–ဆရာတော် ဘယ်ဆိုးလို့တုန်း
တော်တော်ခရီးရောက်နေပြီပဲ ဟုအောက်
မေ့ကာ ဆွမ်းပွဲများကို သိမ်းယူပြီးနံက်စာ
စားလေတော့သည်
တဦးနှင့်တစ်ဦး အင်္ဂလိပ်စာကျွမ်းကျင်မှု
ကိုကြိတ်ပြိုင်နေကြသောကြောင့်
နေ့ခင်းဘက်တွင်ပင် မကျိန်းနိုင်ပဲသဲကြီး
မဲကြီး လေ့လာကြသည်
တပတ်ခန့်ကြာသော်
”ဟေ့
ကပၸိယ်ကီး”
”တင်ပါ့ ဘုရာ့”
”မင်း ဘိုလိုကောင်းကောင်းကျွမ်းပလား
ကွဲ့”
”မှန်ပဘုရာ့
အရှင်ဘုရားကိုတော့ဘယ်မီနိုင်ပါ့မလဲ
ဘုရာ့”
ကပ္ပိယကြီးမှ မြှောက်ဖားလေး လျှောက်
တင်သော်
ကျောင်းထိုင်ကိုယ်တော်မှာ မိန့်မိန့်ကြီးပြုံး
တော်မူပြီး
”အေးကွဲ့
ငါလည်း ခေတ်နောက်ကျမှာစိုးလို့သာ
လေ့လာနေရတယ်
တကယ်တမ်းကျ သိပ်ခက်ခဲတဲ့စာမှမဟုတ်
တာကွယ် ဘာအထင်ကြီးစရာရှိလို့လဲ
ကောင်းသောမနက်ခင်းပါဆိုရင်
ကိုတင်မောင်နီ
နေ့လည်ဆို ကိုအာဖာတာနွမ်း ညနေဆို
ကိုအီးပွန်းနီးပဲ
နို့ တခုရှိသေးတယ်လေ
ပစ္စည်းနဲ့ပတ်သတ်ပြီး ထားကြပါစို့ဒီစာအုပ်
လေးနဲ့ ဟိုးကလူနေအိမ်တွေကို
အမေးအဖြေလုပ်ကြည့်မကွဲ့ ဘယ့်နှာ
လဲ ကပ္ပိယကြီးမရရင် ဘုတ်အုပ်
ကြည့်ပြီးဖြေ လကွယ်”
”တင်ပါ့ ဘုရာ့”
ကပ္ပိယကြီးမှာ ဆရာတော်အလိုကျလျှောက်တင်နေသော်
လည်း စိတ်ထဲတွင်တော့ ကြိတ်ပြုံးလေး
ဖြင့် ဒါလောက်ကတော့ ဟင်းး
”ကိုင်း
စမကွဲ့ အဟမ်းးအဟမ်းး”
ဆရာတော်မှ ခံတွင်းတချက်ရှင်းလိုက်ကာ
”ဝှက်တ အစ်စ သစ်စ”
”သစ်စ အစ်စ အေဘုတ်ခ ပါဘုရာ့”
”အိမြးးး
ဂွတ်ဒါးးး ဂွတ်ဒါးးး
နောက်တခု မေးအုံးမကွဲ့”
ခဲတံတချောင်းအားကိုင်၍
”ဝှက်တ အစ်စ သစ်စ”
”သစ်စ အစ်စ အေပဲဆမ်း ပါဘုရာ့”
”အိမြးးး
ဂွတ်ဒါးး ဂွတ်ဒါးး”
ဆရာတော်မှာ ပြုံးပြုံး ပြုံးပြုံး နှင့်
ကျောင်းပေါ်ပြန်ကြွသွားသလို
ကပ္ပိယကြီးမှာလည်း ငါကွ ဟူသောပုံ
စံနှင့် မြောက်ကြွ မြောက်ကြွ
ဆရာတော်နှင့် ကပ္ပိယကြီးတို့ အပေးအ
ယူတည့်နေမှုကို ကြည့်ပြီး သိကြသေး
တာပေါ့ဟု
စိတ်ထဲမှ ကြိမ်းဝါးနေသူကတော့
အခြားသူမဟုတ် ဦးသူတော်ပင်ဖြစ်သည်
ဦးသူတော်မှာ တစ်ယောက်ထဲ ဖယ်ထားခံရ
မှုကြောင့် ကျက်သရေခန်းထဲဝင်မွှေနှောက်ကာ
ရှေးစာ ကျမ်းစောင်ကြီးများကိုယူငင်ဖတ်
ရှူ့လေ့လာပြီး မသိသည်များကိုလည်း
၎င်း၏ အကိုဆရာဖြစ်သူအားသွားရောက်
မေးမြန်းလေ့ရှိသည်
်
အခါတပါးသော်
”ဆရာတော်ဘုရာ့”
”အိမ်း သူတော် ဘာများပြောစရာရှိပါလိမ့်”
”တင်ပါ့ဘုရာ့
တပည့်တော်ရဲ့အမ နာမကျန်းသော
ကြောင့် တဖက်ရွာကိုသွားရမှာမို့
ဆရာတော့်ထံမှာ ခွင့်ပန်တာပါဘုရာ့”
”အမျိုးရေးဆိုတော့လည်း
ဆရာတော် မတားလိုဘူးကွဲ့ သူတော်က
လည်း အသက်ကထောက်နေပြီဆိုတော့
လမ်းခရီးမှာ ဂရုစိုက်စေချင်သကွဲ့
ရော့
ဟောဒါက သူတော့်အမအတွက် လူမမာ
မေးရအောင် စားစရာတွေ ယူသွားကွဲ့”
”တင်ပ့ါဘုရား
တပည့်တော် တစ်ယောက်ထဲမသွားပါဘူး
ကပ္ပိယကြီးရဲ့တူတော်မောင်ကို
အဖော်အဖြစ်ခေါ်သွားမှာပါဘုရာ့”
”အိမြးးး
ဂွတ်ဒါးးးဂွတ်ဒါးးးး”
——
အမဖြစ်သူ၏ ကျန်းမာရေးအခြေအနေမှာ
ထင်သလောက် မဆိုးရွား၍
တစ်ည ်သာလျှင် အိပ်ခဲ့ပြီးနောက်ရက်မနက်
လင်းသော်
တဖက်ရွာရှိ ဘုန်းကြီးကျောင်းသို့ပြန်ခဲ့
လေသည်
အညာ နွေ နေပူပူ ဖုန်ထူထူတွင် ကုန်း
ကြောင်းလျှောက်ကာ ပြန်ခဲ့သောဦးသူတော်
ကြီးမှာ ဇရာလည်းထောက် ခရီးလည်း
ပန်းသောကြောင့် ကျောင်းပြန်ရောက်
ရောက်ချင်း ရေအေးအေးလေးချိုးရာမှ
ညဘက်တွင်
ဆုံးပါးသွားလေတော့သည်
ဘုန်းတော်ကြီးမှာ
စိတ်မကောင်းခြင်းကြီးစွာနှင့် ဦးသူတော်
၏ စျာပနကို ကိုယ်တိုင်ကိုယ်ကျစီစဉ်ပေး
သည်
ဦးသူတော်၏ ရုပ်အလောင်းမြေချပြီးညဘက်၌
ဆရာတော့်ထံသို့ အိမ်မက်ပေးလေရာ
အိမ်မက်မှာ ဤသို့တည်းး
”ဆရာတော်ဘုရာ့ ဆရာတော်ဘုရာ့
တပည့်တော်ကို ကူညီပါအုံးဘုရာ့”
”ဟဲ့သူတော်
မင်း သေပြီးပြီမဟုတ်လား ဘောက်မဲ့
ကြောင့် ငါ့ဆီ လာရသတုန်း”
”တပည့်တော်
လုပ်စရာလေးတွေ ကျန်သေးလို့ပါဘုရာ့’
”ဘာကျန်သေးတာလဲကွဲ့
ရှင်းစမ်းပါအုံး”
”တပည့်တော်ရဲ့ အိပ်ယာအောက်မှာ
သေတမ်းစာ ထားခဲ့ပါတယ်ဘုရာ့
အရှင်ဘုရားတို့လို စာတတ်ပေတတ်သူတွေ
သာဖတ်တတ်မယ့်စာပါဘုရာ့”
”ဟေ လကွယ်”
—–
ဆရာတော်ကြီးလည်း အိပ်ယာမှ နိုးနိုးချင်း
အာရုံဆွမ်း မဘုန်းနိုင်ပဲ
ဦးသူတော်၏ အိပ်ယာဆီသို့ပြေးကာ
သေတမ်းစာကို ရှာဖွေလေတော့သည်
”ဒါပဲဖြစ်ရမယ်
မှန်းစမ်း ထရာဇာ သောသုံဒဿမုနိ
သုတ်ဒါဒဒေးရာတိ ဆိုပါလား
ဂါထာလား သိုက်စာလား ကပ္ပိယကြီး
သွားခေါ်ချေစမ်းဟေ့”
ဆရာတော်မှာ
ဖိုးသူတော်၏ သေတမ်းစာအားဘာသာပြန်
ရန် စစ်ကူအဖြစ် ကပ္ပိယကြီးအားခေါ်စေ
လေရာ
ကပ္ပိယကြီးမှာလည်း တတ်ယောင်ကားဖြင့်
မဖော်နိုင်
”ဆရာတော်ဘုရားကို အိမ်မက်ထဲမှာ
ရိုးတိုးရိပ်တိတ်လေးတောင်ပြောမသွားဘူး
လားဘုရာ့”
”အိမ်းး
ပြောတော့ ပြောသကွဲ့
ဆရာတော်တို့လို စာတတ် ပေတတ်တွေ
ပဲ ဖတ်နိုင်မယ်လို့ ဆိုတယ်”
”ဒါဆိုရင်
ပါဠိဖြစ်ရမယ် ဘုရာ့ ဘာသာပြန်ကြည့်
မယ်ဆိုရင်
ထရာဇာ ဆိုတော့ ရာဇာကတော့ဘုရင်ကို
ပြောတာဘုရာ့ ”
”အိမ်း ဘုရင်ကိုထခိုင်းတာဖြစ်ရမယ်”
”သောသုံဒဿ မှာ
ဒဿ ဆိုတာ ဆယ်ဂဏာန်းဆိုတော့”
”ဘုရင်ကို ဆည်စေချင်တဲ့သဘောလည်း
မဟုတ်တန်ရာဘူး”
”မုနိကတော့ ဘုရားကို ရည်ရွယ်ပုံရတယ်”
”အိမ်းး ဟုတ်ပြီ
ဒါဆို ဘုရင့်ရဲ့ ဘုန်းတော်ကြီးမြတ်
အောင် ငါတို့ကျောင်းနဘေးမှာရှိတဲ့ကန်
ကိုဆည်ပြီး ဘုရားတည်ရမယ်လို့ ဆိုလို
တာပဲ”
”ဂွတ်ဒါးး ဂွတ်ဒါးးး”
ကပ္ပိယကြီးနှင့် ဆရာတော်ကြီးမှာ သံပြိုင်ပင် ဂွတ်ဒါးးး လိုက်လေတော့သည်
———–
”ဆရာတော် ဘုရား ဆရာတော်ဘုရာ့”
”ဟင်
သူတော်ပါ့လား မင်းရဲ့သေတမ်းစာအ
တိုင်း ဘုရားတည်ပေးပါ့မယ်ကွယ်
ကောင်းရာမွန်ရာကိုအေးအေးဆေးဆေး
သွားပါတော့ ပင်ပမ်းလှပါတယ်”
”မှားနေတယ် ဘုရာ့
အဲ့ဒီအဓိပ္ပါယ်မဟုတ်ဖူးဘုရာ့”
”ဟေ
အဲ့ဒါဆိုလည်း ပြောလကွယ်”
”ဆရာတော်ဘုရားတို့လို
စာတတ်ပေတတ် ပုဂ္ဂိုလ်တွေပဲသိနိုင်ပါ
လိမ့်မယ်ဘုရာ့”
အိမ်မက်ထဲတွင်
ဦးသူတော် ပျောက်သွားပြန်လေပြီ
—–
မနက် မိုးလင်းသော်
”ကပ္ပိယ ကြီးရေ
မဟုတ်ပြန် ဘူးတဲ့ကွဲ့”
”ဘာကို မဟုတ်တာလဲ ဘုရာ့”
”သူတော်ရဲ့သေတမ်းစာလေကွယ်
သွား ယူခဲ့ချေအုံးတော့ ထပ်ပြီးကြိုးစား
ကြည့်တာပေါ့”
”တင်ပါ့ဘုရာ့”
ဦးသူတော်၏ စာကို စားပွဲပေါ်တွင်ဖြန့်တင်
ကာ နှစ်ဦးသားခေါင်းချင်းဆိုင်နေခိုက်
”ဟားးးးးဟားးးးဟားးးဟားး
သူတော်ကွ
မှတ်ပြီလား ဖြေကြ ဖြေကြ ရအောင်ဖြေ
ကှ ဟားးးးးးဟားးးးဟားးဟားးး”
”ကြားလား ကပ္ပိယကြီး’
ဆရာတော်မှာ
အိနြေ္ဒကြီးလှသော်လည်း ကပ္ပိယကြီး
မှာ သေးဖျန်းဖျန်းပါလေတော့သည်
——–
ဆရာတော်နှင့် ကပ္ပိယကြီးတို့မှာ
ဦးသူတော်၏သေတမ်းစာကြောင့် အိပ်ကောင်းခြင်းမအိပ်နိုင် စားကောင်း
ခြင်းမစားနိုင်ပဲ
နေ့နေ့ ညည ထရာဇာ သောသုံဒဿနှင့့်
ပင် တနေဝင် တမိုးချုပ်ခဲ့လေပြီ
”ဆရာတော်ဘုရား ဆရာတော်ဘုရာ့”
”ဟေ သူတော်
လာပြန်ပလား ဟ နင့်စာအဓိပ္ပါယ်ကို
ပြောပြလို့ရရဲ့နဲ့ ဘောက်မဲ့ကြောင့်
ငါတို့ကို နှိပ်စက်နေသတုန်း
ကမ္မဝါ အစွမ်းပြလိုက်ရ ဟွန်းး”
”ဆရာတော်ဘုရား
သဘောအတိုင်းပါပဲဘုရာ့ သို့ပေတည့်
စာတတ်ပေတတ်ဆရာတော်က
တပည့်တော်လို ဖိုးသူတော်အဖိုးကြီးရေး
ထားတဲ့ သေတမ်းစာကို မဖတ်တတ်လို့ကမ္မဝါ
နှင်မယ်ဆိုရင်ဖြင့်
ဆရာတော်ရဲ့သိက္ခာမကျပေဘူးလားဘုရာ့
အသက်ရှင်စဉ်ကာလတုန်းကလည်း
ပစ်ပယ်ခံရ အခုလိုဘဝခြားတော့လည်း
ဆရာတော် ရက်စက်လှပါတယ်ဘုရာ့”
”ဝေါ——-
ဝုန်းးးးးဝုန်းးးးဖြောင်းးးးးဒိုင်းးးး”
”ဟ ဟ
ဘာဖြစ်တာလဲ ထကြည့်ကြစမ်းအမောင်
တို့ ရေ”
ကျောင်းတခုလုံးသိမ့်သိမ့်တုန်ကာ ကြောက်မက်ဖွယ်အသံများကြောင့် ဦးသူတော်၏ နာရေးကိုလာရောက်စောင့်ပေး
ကြသည့် ကာလသားများမှာ ကြောက်ဒူးတုန်ချေပြီ။ ဆရာတော်၏စကား
ကိုလည်းမပယ်ရှားဝံ့။
တယောက်နှင့်တယောက် အပြန်အလှန်
ကြည့်ကာ နားလည်မှုယူလိုက်ကြပြီး
ကျောင်းပေါ်ရှိလူကုန် အောက်သို့ဆင်း
ကြည့်ကြရာ
ဦးသူတော် နေထိုင်ခဲ့သည့် တဲအိုလေးမှာ
ပြိုပျက်လျက် ။ ထိုအနီးတွင်လည်း မဲမဲ
အရိပ်ကြီးတစ်ခုက ဆောင့်ကြောင့်ထိုင်
နေသည်။
”ရွာသား လူနောက် တစ်ယောက်ယောက်က
လာ ချောက်လှန့်တာနေမှာပါကွာ
အလကား ဘုန်းကြီးကျောင်းမှာ သရဲ
ချောက်ပါ့မလားကွ ”
”အေးကွ ငါလည်းအဲ့လိုပဲထင်တယ် လာကွာ ဆရာတော်ကို သွားလျှောက်ရအောင်”
အခုနက
ကြောက်ဒူးတုန်နေသည်မှာ သူတို့မဟုတ်တဲ့
အတိုင်းပင် ဆရာတော်အား အကြောင်း
စုံလျှောက်တင်သော် ဆရာတော်ကြီးမှာ
အိနြေ္ဒကို မနည်းထိန်းပြီး
”အိမြးးးးးအိမြးးးအိမြးးး
ရှိစေတော့ အဲ့ဒီရွာသားကိုလည်းစုံစမ်း
မနေကြနဲ့တော့ ကြားလား”
ဟုမိန့်ကာ
ပြန်လည် ကျိန်းစက်လေတော့သည်။
( ကျိန်းနိုင်မည်ဟု ထင်ပါသလား )
——–
ကျောင်း၌စောင့်အိပ်ပေးသော ကာလသား
တို့မှာ ညကအဖြစ်ကိုမမေ့နိုင်။
ဆရာတော်ကြီးမှ အပြစ်မယူဟုပြောသော်
လည်း အခါမဲ့ကာလမှာ ခြောက်လှန့်ခဲ့သော
ရွာသားကို မကျေနပ်၍ စုံစမ်းလေရာ
ဘယ်လိုမှ စုံစမ်းမရ။
ကာလသားတို့ ခေါင်းခြောက်လေပြီ။
ကျောင်းပေါ်တွင်လည်း ဆရာတော်နှင့်
ကပ္ပိယကြီးတို့မှာ
”ကဲ
သူတော် ကိစ္စဘယ်လိုစီမံရမလဲ
ကြန့်ကြာနေလို့တော့မဖြစ်ပေဘူး သန်ဘက်ခါဆိုရင်ပဲ ရက်လည်ပေးရတော့
မယ် သံယောဇဉ်ကဖြစ်နေပေတော့
ကမ္မဝါလည်း မညှပ်ရက်ပေဘူး သူ့သေတမ်းစာလည်း အဓိပ္ပါယ်မဖော်နိုင်
ပေဘူး ကွယ်တို့”
”အရှင်ဘုရား
တပည့်တော် တစ်ခုလောက်လျှောက်တင်
ပါရေစ”
”အိမ်းး ပြောချေအုံးကွဲ့”
”ဒီလိုပါဘုရား
ရွာသားတွေထဲမှာလည်း ပညာတတ်တဲ့
ဗဟုသုတ ကြွယ်ဝတဲ့သူတွေရှိမှာပါ
ဘုရာ့”
”တိတ်စမ်း
ကပ္ပိယကြီး ကျုပ်တို့သိက္ခာကျပေမပေါ့
ကျုပ်တို့လေ့လာထားတဲ့ လောကဓာတ်ပညာ
ဆိုတာတွေ ဂွတ်ဒါးးးဆိုတာတွေမှ
အားမနာ နောက် အဲ့ဒီစကားမျိုးကျုပ်ရှေ့
မှာမပြောမိစေနဲ့ ကြားလား”
ပညာမာန်ဟုဆိုသော
ဝီမံသာ အဓိပတိ ဖုံးနေသည့်ဆရာတော်
၏ စကားကို ကပ္ပိယကြီးမှာ ခွန်းတုံ့
မပြန်နိုင် ခေါင်းငိုက်စိုက်ချလျက်
ထိုစဉ်
”ဆရာတော်ဘုရား ဆရာတော်ဘုရား”
”ဟေ
လာပြန်ပလား သူတော် ”
”မဟုတ်ပါဘူးဘုရာ့ ရွာသားတွေပါ”
ဆရာတော်မှာ
သက်ပြင်းရှည်ကြီးကို လေးတွဲ့စွာချရင်
”အော်
ငါ့နှယ် ခေါ်သံကြားတိုင်း သူတော်ထင်
နေသကိုး”
ညစောင့်အိပ်ပေးကြသော ကာလသား
များမှတဆင့် တရွာလုံးသိရှိပြီးနောက်
ဆရာတော်နှင့်ကပ္ပိယကြီးတို့
ပြောစကားကို ကြားနေသောကပ္ပိယကြီး
၏ တူဖြစ်သူမှ တရွာလုံးအား သတင်း
ဖြန့်ကာ လူစု၍ရောက်လာကြခြင်းဖြစ်သည်။
ဆရာတော်၏ဒေါသကိုသိသောကြောင့်
ရွာသားများမှာ ဝတ်ဖြည့်ပြီးသော်လည်း
မလျှောက်တင်ရဲကြ
သူ့ကိုယ်ကြည့် ကိုယ့်သူကြည့်နှင့်ဖြစ်
နေကြစဉ်
”အဟမြးးး အဟမြးးး
ဟယ်လယ်လို ”
”တင်ပါ့ဘုရာ့”
”အိမ်းးး ဘောက်မဲ့ကြောင့် လူစုံတက်စုံ
ရောက်လာသတုန်း”
ဆရာတော်ကြီးမှ စကားလမ်းကြောင်းဖွင့်
ပေးမှ အသက်အတော်အတန်ကြီးရင့်
သော လူကြီးတစ်ဦးသည် ကြားရသမျှ
အကြောင်းစုံကို လျှောက်တင်ပြီး
သူတို့ပါ ဝိုင်းကူစဉ်းစားပေးမည်ဖြစ်
ကြောင်း ဦးသူတော်၏ သေတမ်းစာအား
ချပြစေလိုကြောင်း မဝံ့မရဲ ဖြင့်တောင်းဆို
လေရာ
ဆရာတော်မှာ ကပ္ပိယကြီးအား မကြည်
သလိုကြည့်ပြီး
”ကပၸိယ်ကီး ”
”ဘုရာ့”
”ကြည့် စီစဉ်ပေးလိုက်ပါ
သူတော် သရဲကနေ သဘက်ဖြစ်သွား
မှာစိုးလို့ ခွင့်ပြုပေးတယ်မှတ်
ဒီစာလောက်ကတော့ အချိန်ပေးနိုင်ရင်
အလွယ်လေးပါ”
ပညာမာန်မချ ပြောဆိုပြီး အတွင်းဆောင်
သို့ ဝင်သွားသော ဆရာတော်အားကြည့်
၍ ကပ္ပိယကြီးမှာ သူ၏ခေါင်းကို တဗျင်းဗျင်းမြည်အောင်ကုပ်လိုက်လေသည်
ဝှက်စာဖော်ပြီ
***********
”ထရာဇာသောသုံဒဿမုနိသုတ်ဒါဒဒေးရာ
တိ”
”ထရာဇာဆိုတော့ ဘုရင်တွေထဲမှာ ထဆင်ထူးပါတဲ့ဘုရင်ကိုပြောတာပဲဖြစ်ရမယ်
ှဗျ အနော်ရထာ ဆိုရင်ရော”
”အဲ့ဒါဆိုရင်
အနော်ရထာ သောသုံဒဿ
ဟေ့ ဒဿ ဆိုတာ ပါဠိလို တစ်ဆယ်လို့
ပြောတာ ဆိုတော့ အနော်ရထာ သောတစ်ဆယ်
မုနိ က ဘုရားကို ကိုယ်စားပြုတယ်”
”အေး
ကိုရင်ပြောတာလည်း ဟုတ်တုတ်တုတ်ပဲဟ
အနော်ရထား မင်းတည်ထားတဲ့ ဘုရား
တွေထဲမှာ တစ်ဆယ်ဂဏာန်းပါတဲ့ဘုရား
ရှိလားဟေ့”
”ဝုန်းးးးဒိုင်းးးးးးဒုန်းးးးးးးခွမ်းးးး”
”ဂါးးးးးးးးဂီးးးးးဂီးးးးးး”
ကျောင်းကြီးတစ်ခုလုံး သိမ့်သိမ့်တုန်သွား
ကာကြောက်မက်ဖွယ်အသံကြီးပါကြားလိုက်
ရသောကြောင့် ရွာသားများမှာ
ကျောင်းပေါ်မှ ဒရောသောပါးပြေးဆင်းကြ
လေတော့သည်။
—————–
”မနက်ဖန်ဆို ရင် သူတော်အတွက်ရက်လည်
ဆွမ်းသွပ်ရတော့မယ်
အခုထိ လည်းဝှက်စာကမဖော်နိုင်သေးဘူး
မကျွတ်ရင် ဘယ်လိုလုပ်ကြမလဲ”
”တင်ပါ့ဘုရား”
”သူတော် သူတော်
တော်တော် တော်တဲ့သူတော်ပဲ
ငါလို အဖက်ဖက်က ဗဟုသုတကြွယ်ဝတဲ့
သူတောင် မဖော်နိုင်တာ သကြားမင်းဆင်းလာ
လည်း မဖော်နိုင်လောက်ပေဘူးနော်”
ဘေးတွင်ရှိနေသော
ကပ္ပိယကြီးမှာ ကြားရသောစကားကြောင့်
စိတ်ထဲတွင်အောင့်သက်သက်
”ဦးလေး ဦးလေး”
”ဟေ အော် ငါ့တူ
ဘာများအရေးကြီးလို့လဲ”
”ဧည့်သည် တစ်ယောက်ရောက်နေတယ်ဦးလေးရဲ့”
”ကျောင်းပေါ် လွှတ်လိုက်ကွာ”
”ဟုတ်ကဲ့”
တူဖြစ်သူပြန်သွားပြီးနောက်
ကျောင်းပေါ်သို့ လူတစ်ဦးတက်လာသည်
ဆရာတော်အား ဝတ်ဖြည့်ပြီးနောက်
”ဆရာတော်ဘုရား
တပည့်တော် မိတ်ဆက်ပါရစေ
တပည့်တော်က အခုကွယ်လွန်သူ ဦးသူတော်ရဲ့ အကို မိုးသီးပါဘုရာ့ ညီဖြစ်သူ
ရဲ့အကြောင်းကိုကြားကြားချင်းလိုက်လာ
ခဲ့တာပါ နည်းနည်းနောက်ကျသွားလို့
ခွင့်လွှတ်ပေးပါဘုရာ့”
”အိမြးးး
ဂွတ်ဒါးးးးဂွတ်ဒါးးးး ”
ကပ္ပိယကြီးမှာ ဦးသူတော်၏ အကိုဟု
ကြားလိုက်ရသောအခါ
ရေငတ်တုန်း ရေတွင်းထဲကျသလို
ဝမ်းသာအားရဖြစ်သွားပြီး
ဆရာတော် ရှိနေသည်ကိုပင် မေ့လျော့ကာ
ဖြစ်ကြောင်းစုံ ခင်းလေတော့သည်
”တောက်”
”ဝုနြးးးးးးဒုနြးးးးးးဒုနြးးးးးးး”
ပြင်းထန်သောတောက်ခေါက်သံကြီးနှင့်အတူ ကျောင်းကြီးပါ တုန်ခါသွားသော
ကြောင့်
ကပ္ပိယကြီး၏ ပြောလက်စ စကားမှာရှေ့
မဆက်နိုင်ပဲ ရှိစဉ်
သကြားမင်းတောင် ဆင်းဖြေလျှင်မရဟု
ပြောထားသော သေတမ်းစာကို သူတော့်
အကိုဖြစ်သူအား အိတ်သွန်ဖာမှောက်ပြောပြနေ
သော ကပ္ပိယကြီးကို ဒေါသပုံချကာ
”မှတ်ပလားကွ
ငါတောင်မဖြေနိုင်တဲ့စာကို ခုမှတွေ့တဲ့သူ
အားကိုးတကြီး အဖေခေါ်ချင်အုံး” ဟု
ပြောကာ
ကပ္ပိယကြီးအား ဖနောင့်စာတချက်ကျွေးပြီး
အတွင်းခန်းသို့ ဝင်သွားလေသည်။
———
ဦးသူတော်၏ သေတမ်းစာကိုဖတ်ပြီး နောက် ဦးသူတော်၏ အကိုဖြစ်သူမှာ
ခေါင်းတငြိမ့်ငြိမ့်
”ကပၸိယ်ကီး”
”ဟုတ် ပြောပါဗျ”
”ဒီကျောင်းမှာ ဒါမှမဟုတ် ကျောင်းပတ်ဝန်းကျင်မှာ သာဒုတ်ဆိုတဲ့သူ
ရှိလား”
”ဗျာ
ကျုပ်တူလေးပါဗျာ ဘာ ဘာဖြစ်လို့လဲ”
”အင်းးးး ဟုတ်ပြီ
ဒါဆို မိနု ဆိုတာရော ရှိလား”
”ရှိပါသော်ကောဗျာ ဘုန်းကြီးရဲ့ငွေရေး
ကြေးရေး အလုံးစုံ စီမံပေးနေတဲ့ ဘုန်းကြီးတူမပါ ”
”သူ့ကိုလည်း ခေါ်လိုက်”
ဦးသူတော်၏ အကိုခေါ်ခိုင်းသော
သာဒုတ်နှင့် မိနုတို့နှင့်အတူ စပ်စုလို
သော ရွာထဲမှ လူများလည်းလိုက်ပါလာ
ကြသည်။
”ကိုမိုးသီးရယ်
စာရဲ့အဓိပ္ပါယ်လေးလည်း လင်းစမ်းပါ
အုံးဗျ ဒီမှာ ခင်များခေါ်ခိုင်းတဲ့ အမည်
ပိုင်ရှင်လည်း ရောက်နေပါပြီ”
ကျောင်းအောက်မှ ဆူညံ ဆူညံအသံ
ကြောင့် ဆရာတော်မှာ ကျောင်းအောက်သို့
ဆင်းလာခဲ့သည်။
ဆရာတော် အားနေရာထိုင်ခင်းပေးကာ
ဝတ်ဖြည့်ပြီးနောက်
ဦးမိုးသီးမှ ဦးသူတော်၏ သေတမ်းစာအား
ရှင်းတမ်းထုတ်လေရာ ဆရာတော်မှာ
ပါးစပ်အဟောင်းသား
————
ထိုညတွင် ဦးသူတော်၏ ခြောက်လှန့်မှုမရှိ
တော့ပဲ
နံက်ခင်းရောက်သော် ရက်လည်ဆွမ်းသွပ်
အမျှဝေ ပြီးသာဓုခေါ်စေသည်။
ဦးသူတော်၏ အကို ဦးမိုးသီးအား ဆရာတော်
မှာ ချီးကျူးမဆုံး
”ဂွတ်ဒါးးးးဂွတ်ဒါးးးး
ဦးသူတော်စာ ကို ဦးသူတော်ပဲဖတ်တတ်
သကိုး”
ဟုပြောလေသည်။ ဦးမိုးသီးမှာတဖက်ရွာ
ဘုန်းတော်ကြီးကျောင်းတွင် သူတော်အဖြစ် လုပ်နေပြီး ဝေယျာဝစ္စ
ဆောင်ရွက်နေသူမို့ ထိုသို့မိန့်ခြင်းဖြစ်သည်
ဦးသူတော်၏ သေတမ်းစာရှင်းတမ်းမှာ
ကားးးးးး
( အချိန်ဆွဲ အတွန့်တက်ခြင်းမဟုတ်ပါ
စာဖတ်သူများအနေဖြင့် စွဲမြဲစွာမှတ်မိနေ
အောင် စေတနာနှင့်တသီးတသန့် ရေးပြလို၍ဖြစ်ပါသည် )
ဦးမိုးသီး၏ အာဘော်ဖြင့်ဖော်ပြရသော်
”ဒီလိုဗ်
ထ ဆိုတာကတော့ ”ထ” ပါပဲ
ရာဇာ ဆိုတာက ”မင်း”
သော ဆိုတာက ပါဠိလို ”၆” လို့အဓိပ္ပါယ် ရပါတယ်
သော ဆိုတာက ”အား”
သုံ ကတော့ ဝစ္စပေါက်ကျန်သွားတဲ့ရိုးရိုး
စကားလုံး ”သုံး” ပါ
ဒဿ ကတော့ ”တစ်ဆယ်”
မုနိ ကတော့ စကားလိမ်ပါ ”မိနု”
သုတ်ဒါ ကလည်း စကားလိမ်ပါ ”သာဒုတ်”
ဒဒေးရာတိ ဆိုတာကတော့
”ပေးရာ၏” တဲ့ဗျ
အားလုံးကို အဓိပ္ပါယ်ပေါင်းလိုက်ရင်
”ထမင်းခြောက်ဖိုး ဆယ့်သုံးကျပ်ကို
သာဒုတ်မှ မိနုအား ပေးရာ၏ ” လို့
အဓိပ္ပါယ် ရပါတယ်
ကဲ ထမင်းခြောက်ရောင်းရငွေ ( ၁၃ ) ကျပ် သာဒုတ်ဆီမှာ ရှိရင် မိနုကိုပေး
လိုက် ပါကွယ်”
———
ဦးသူတော်၏ သေတမ်းစာဖြေရှင်းချက်ထုတ်ပြီးသွားပြီး
နောက်
ခြောက်လခန့်အကြာတွင်
ဘုန်းတော်ကြီးကျောင်းမှ မင်္ဂလာတေး
သံများ ပျံ့လွင့်နေလေသည်
မည်သူ၏ မင်္ဂလာဆောင်ဟု အထူးပြောရန်
လိုအပ်မည် မထင်
( ပြီးပါပြီ )
”အိမ်းးးးးဂွတ်ဒါးးးးဂွတ်ဒါးးးးး”
ရာရာ..
#credit