ဖောက်ပြန်မိတဲ့ဆိုးကျိုး

ဖောက်ပြန်မိတဲ့ဆိုးကျိုး(စ/ဆုံး)

——————————-

ကိုအောင်ငြိမ်းနဲ့ မသဇင်ဖူးတို့က အိမ်ထောင်ပြုတာ အနှစ်20ကျော်ပြီး သားနှစ်ယောက်နဲ့အတူမြို့အစွန်းက ရပ်ကွက်တစ်ခုမှာ
အခြေချနေထိုင်ကြပါတယ် သားအကြီးက အသက်13နှစ်နဲ့ သားအငယ်က အသက်6နှစ်အရွယ်
ရှိကြပြီး အရမ်းလိမ္မာတဲ့ခလေးမို့ မိဘအပြင်
ပတ်ဝန်ကျင်ကပါ အချစ်ခံရတဲ့ ခလေးတွေဖြစ်ကြတယ်
ကိုအောင်ငြိမ်းက အနေအေးတဲ့သူမို့
အလုပ်အကိုင်မှာပဲဖြစ်စ်
အပေါင်းအသင်းတွေနဲ့ပဲဖြစ်စ်
မကျေနပ်မူတွေရှိနေရင်တောင်
အပစ်တင်ပြောဆိုမူမရှိပဲ စိတ်ထဲမှာပဲမြိုသိပ်ထားပြီး
အိမ်ရောက်မှ တစ်နေ့တာအဆင်မပြေမူတွေ စိတ်ဖိစီးမူတွေကို မိန်းမနဲ့ပဲရင်ဖွင့်လေ့ရှိတယ်
ကိုအောင်ငြိမ်းနဲ့မသဇင်ဖူးတို့က
ဘာမှမရှိတဲ့ဘဝ သုညကနေ စပြီး
ကြိုးစားရုန်းကန်ခဲ့တာမို့ တစ်ယောက်အပေါ်
တစ်ယောက် နာလည်းကြပြီး အရမ်းချစ်ကြတယ်
ကိုအောင်ငြိမ်းက မြို့ထဲက တရုတ်နိုင်ငံသား
ဖွင့်ထားတဲ့ ကုမဏီတစ်ခုမှာ အလုပ်ဝင်လုပ်နေပြီး
ယောကျာ်ဖြစ်သူကို အနောက်ကနေ လစ်ဟမူမရှိ
အဘက်က်ကနေ မသဇင်ဖူးတစ်ယောက်
ပံ့ပိုးနေတာမို့ ကိုအောင်ငြိမ်းလဲ
အချိန်ခဏအတွင်းမှာပဲ နေရာကောင်းတစ်ခုမှာ
ရပ်တည်နိုင်ခဲ့ပါတယ်
အလုပ်အကိုင်ကောင်းတွေရှိလာရင်
ကောင်းတဲ့ပတ်ဝန်းကျင်တွေရှိလာပြီး
ကောင်းတဲ့အပေါင်းအသင်း
မိတ်ဆွေတွေလဲရှိလာတက်တယ်
အရမ်းကြီးချမ်းသာတဲ့ မိသားစုမဟုတ်ပေမဲ့
ကောင်းးနေထိုင်စားသောက်နိုင်ပြီး
ခလေးတွေကိုလဲ ကောင်းတဲ့ကျောင်းမှာထားနိုင်သလို
အခြားသူနဲ့ ယုဥ်ရင် မျက်နှာလဲ မငယ်ရတဲ့အနေထား
မှာရပ်တည်နိုင်လို့ မသဇင်ဖူးက
ကိုယ့်ကိုလဲ ဂုဏ်ယူနေပါတယ်
မိသားစုတစ်စုမှာ လင်ဖြစ်သူဘယ်လောက်ပဲ
ပိုက်ဆံရှာတော်နေပါစေ အိမ်ကမိန်းမ
စီမံခန်ခွဲမတက်ရင် အဆင်မပြေပြန်ဘူး
ဒါ‌ေပမဲ့မသဇင်ဖူးက စည်းကမ်းအရမ်းရှိတဲ့ မိန်းခလေးမို့
ဒီမိသားစုက အရာရာပြည့်စုံနေတဲ့
မိသားစုတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့တာ
ကိုငြိမ်းမရှိရင်လဲ ဒီမိသာစု ပြိုလဲသွားနိုင်သလို
မသဇင်ဖူးမရှိရင်လဲ ဒီမိသာစုဒီလိုမရပ်တည်နိုင်ဘူး

မနက်မိုးလင်းတာနဲ့ မသဇင်ဖူး ချက်ပြုတ်
ကိုအောင်ငြိမ်းအလုပ်သွားဖို့ အလုပ်ယူနီဖောင်းတွေ
ခြေအိတ်နဲ့ အတွင်းဘောင်ဘီအစ အဆင်သင့်
ပြင်ထားပြီး ကိုငြိမ်းရေချိုးပြီးတာနဲ့
အဝတ်အစားတွေဝတ် အဆာပြေ‌ေလးစား
အိမ်ရှေ့က အလုပ်ရုံက ကြိုပို့ကားလဲ ကိုအောင်ငြိမ်းကိုလာကြိုဖို့ရောက်နေပါပြီး
မသဇင်ဖူးနဲ့ သားနှစ်ယောက်ကို နုတ်ဆက်စကားပြောပြီးတာနဲ့ ကိုအောင်ငြိမ်းလဲ အလုပ်ရုံက
လာကြိုတဲ့ကားနဲ့အလုပ်သွားတယ်
အိမ်မှာကျန်နေတဲ့ မသဇင်းဖူးကလဲ
ခလေးတွေကို ကျောင်းပို့ပြီးရင်
အိမ်မှာမပြီး​မပြတ်သေးတဲ့ အလုပ်တွေဆက်လုပ်
ညနေ6နာရီမှ ကိုငြိမ်းကအလုပ်ကနေပြန်ရောက်
တစ်ခါတစ်လေကြရင် သူငယ်ချင်းကားနဲ့ လိုက်ပြန်
ဒါမှမဟုတ် ရပ်ကွက်အထိ ရောက်တဲ့လိုင်းကားနဲ့
စီးပြန်ပြီ ရပ်ကွက်ထဲရောက်ရင် မသဇင်းဖူးကို
ဖုန်းဆက်​ပြီး လာကြိုခိုင်း
အိမ်ရောက်လို့ ကိုငြိမ်း ခဏ အနားယူပြီး
ရေချိုးထမင်းစား မသဇင်းဖူးက အိမ်အလုပ်တွေ
လုပ်ရင်းနဲ့ လင်မယားနှစ်ယောက်စကားပြောကြ
ည 8နာရီလောက်မှ ကိုငြိမ်းအိပ်ယာဝင်တယ်
မသဇင်းဖူးက ည9နာရီလောက်ဆို ခလေးတွေ
ကျောင်းက အိမ်စာတွေ လုပ်ပြီးရင် တူတူအိပ်ယာဝင်
ဒါက ဒီမိသားစုရဲ့ ပုံမှန်တစ်နေ့တာပေါ့
တစ်နေ့ကြတော့ ကိုငြိမ်းအလုပ်ကပြန်လာတယ်
ဒါ‌ေပမဲ့ ခါတိုင်းလို မသဇင်းဖူးနဲ့လဲ စကားမပြောဘူး
တစ်ခွန်းမေးမှ တစ်ခွန်းပြန်ဖြေတယ်
မေးမှ နည်းးပဲပြန်ဖြေပြီး ခလေးတွေနဲ့လဲ မကစာဘူး
ရေးချိုးပြီးတာနဲ့ ည7နာရီကနေ အစောကြီးအိပ်ယာဝင်သွားတယ် ကိုငြိမ်း ဒီလိုဖြစ်လေ့မရှိ
ဘယ်လောက်ပင်ပန်နေပါစေ
ခလေးတွေနဲ့တူတူကစား ခလေးတွေကိုပုံပြင်ပြောပြ
အလုပ်မှာ အဆင်ပြေတာ မပြေတာ မိန်းမနဲ့ရင်ဖွင့်
ပြောဆိုပြီးမှ အိပ်ယာဝင်တက်တာ
ဒီလိုမျိုး 3ရက်ဆက်တိုက်ဖြစ်နေတာ
မသဇင်းဖူးလဲ ဒီနေ့ ကိုငြိမ်းထူးဆန်းနေတယ်
အလုပ်ကနေ စိတ်ဖိစီးမူများလို့ အရမ်းပင်ပန်လို့
စောစောအနားယူတာပဲ ဖြစ်မယ်ဆိုပြီး
စိတ်ထဲမထားပဲ လုပ်စရာရှိတာ လုပ်ပြီး ည9နာရီမှ
အိပ်ယာဝင်လာတယ် ကိုငြိမ်းက ပုံမှန်အိပ်ပျော်နေချိန်ဆိုအရမ်းဟောက်တက်တာ
ဒါပေမဲ့ ဒီည ကိုငြိမ်းအိပ်ပျော်နေပေမဲ့
ဟောက်သံလုံးဝမထွက်ဘူး ထူးဆန်းတာက
ကိုငြိမ်း မျက်စိမှိတ်ထားပေမဲ့ ဟိုဘက်လှည့်လိုက်
ဒီဘက်လှည့်လိုက် ခဏခဏလူပ်နေတာ
ကြည့်ရတာ ကိုငြိမ်းအိပ်ရတာ အဆင်မပြေတဲ့ပုံပဲ
ဘာဖြစ်နေတာလဲတော့ မသဇင်းဖူးနာမလည်း
မသဇင်းဖူးက ဖေကြီးဖေကြီး
အိပ်ရတာ သက်တောင့်သက်သာမရှိလို့လား
ကိုငြိမ်းကို နှိုးပြီးမေးပေမဲ့ ကိုငြိမ်းက ဘာမဖြစ်ဘူးတဲ့
ခဏအကြာတော့ ကိုငြိမ်းပြန်အိပ်ပျော်သွားတယ်
ပိုဆိုးတာက ကိုငြိမ်း အိပ်ပျော်ရင်
ယောင်ပြီးစကားပြောနေတယ်
မသဇင်းဖူးက ဒီနေ့ ယောကျာ်းဖြစ်သူ
တော်တော်ပင်ပန်လို့ဖြစ်မယ် အိပ်ပျော်နေတာတောင်
ယောင်ပြီးစကားပြောတဲ့အထိဆိုတော့ မသဇင်းဖူး
ဘာမှရှည်းးဝေးးမတွေးတော့ပဲ
အိပ်ယာဝင်လိုက်တယ်
( အဖေကြီး အမေကြီး)လင်မယားနှစ်ယောက်
စကားပြောကြရင်းသုံးတဲ့စကားလုံး

နောက်နေ့မနက် ကိုငြိမ်း ပုံမှန်းပဲ အလုပ်သွားတယ်
ညနေ3နာရီလောက် မသဇင်းဖူးကို ဖုန်းဆက်လာပြီး
အမေကြီး ဖေကြီးအတွက် ညစား မပြင်ထားနဲ့တော့
ဖေကြီးပြန်တာနောက်ကျမယ်တဲ့ ကိုငြိမ်းကပြောလို့
မသဇင်းဖူးက ပြန်မေးလိုက်တယ်
အဖေကြီး ပါတီသွားမလို့လား ဟုတ်ကဲ့အမေကြီး
အလုပ်ရုံကလူတွေနဲ့ ပါတီရှိလို့ အပြန်ကျရင်
အမေကြီးလာမကြိုနဲ့ ငယ်ချင်းကိုအိမ်ပြန်ပို့ခိုင်းလိုက်မယ်
ပြောပြီး ဖုန်းချသွားတယ်
မသဇင်းဖူးဘာမှမတွေးပါဘူး အရင်လိုပဲ
ကိုငြိမ်း အလုပ်ကလူနဲ့ပါတီလုပ်ပြီး မနက်ဖြန်အလုပ်နားရက်ဆိုတော့ မနက်အစောကြီးမှ ပြန်ရောက်မယ်
ဒါတွေက ကိုငြိမ်းအလုပ်နားရက်နဲ့ဆုံရင်
ပုံမှန်အချိန်တွေလိုပဲဆိုပြီး စိတ်ထဲမထားပါဘူး

ဒီလိုနဲ့ 3ရက်လောက် ထပ်ကြာလာတော့
ကိုငြိမ်း အိပ်ပျော်နေတုန်းယောင်ပြီးစကားပြောတာ
ပိုများလာတယ် ပိုဆိုးတာက
ကိုငြိမ်းယောင်ပြီး ပြောတဲ့စကားကို
အစက သိပ်မပီလို့ မသဇင်ဖူးနာမလည်ပေမဲ့
ဒီည ယောင်ပြီပြောတဲ့စကားက ရှင်းးလင်းးဖြစ်လာလို့ မသဇင်ဖူး ကောင်းးသဘောပေါက်လာတယ်
ကိုငြိမ်းယောင်ပြီး ပြောတဲ့စကားက

ညီမ အကိုအရမ်းကို သောကရောက်နေတာပဲ
ညီမနဲ့အတူရှိချင်တယ် အရမ်းသတိရလိုက်တာ
အကိုအရမ်းပင်ပန်းနေပြီး ညီမရယ်

မသဇင်းဖူးတစ်ယောက် ညတိုင်း ကိုငြိမ်းယောင်ပြီး
​ပြောတဲ့စကားကို နာထောင်းပြီးအိပ်ရတာများတော့
ယောကျာ်းဖြစ်သူက အရင်လို ဦးခေါင်း ခေါင်းအုံးပေါ်
တင်လိုက်တာနဲ့ တန်းအိပ်ပျော်ပြီး
ဟောက်တော့တာပဲ အခုကိုငြိမ်းအိပ်ပျော်ရင်
ဟောက်တဲ့အသံကိုမကြားရပဲ ဟောက်မဲ့အသံအစား
ကိုငြိမ်း ဘယ်ကမသိတဲ့ မိန်းခလေးကို ယောင်ပြီး
တမ်းတနေတာကို မသဇင်းဖူး
ကိုငြိမ်းအပေါ် သံတယဝင်မိပေမဲ့
ဘယ်လို လျိုဝှက်ချက်မဆို ထာဝရမရှိနိုင်ဘူး
တစ်နေ့ ပေါ်မှာပဲလို့ မသဇင်းဖူး ယုံကြည်တာမို့
ဘာမဖြစ်သလိုပဲ ဟန်ဆောင်ပြီး တစ်နေ့ပြီးတစ်နေ့
ကျော်ဖြတ်လာတယ် အရင်က ပျော်စရာကောင်းတဲ့
မိသားစုက အခုဆို အရင်ကလို မနွေးထွေးတော့ဘူး
ကိုငြိမ်းလဲ သားသားတွေနဲ့ အရင်လိုပြောဆို
အတူတူမကစားဖြစ်တော့ဘူး
သားးတွေလဲ မသဇင်ဖူးကို
မေမေ အခုတလော ဖေကြီးက သားးတို့နဲ့လဲ
အရင်လိုမကစားတော့ဘူး သားတိုကိုလဲ
အရင်လို မချစ်တော့သလိုပဲ
ဒီလိုကြားတော့ အမေဖြစ်သူကစိတ်မကောင်းဖြစ်ပေမဲ့
အဖေကြီးက အခုတလော အလုပ်အရမ်းပင်ပန်းလို့ပါ
အဖေကြီးကို ကောင်းးအနာယူပါစေသားရေဆိုပြီး
ခလေးတွေ စိတ်မကောင်းမဖြစ်အောင်
ကာကွယ်ပြီးပြောလိုက်ရတာလဲ အကြိမ်မနည်းဘူး
တစ်ပတ်လောက်ကြာလာတော့
အလုပ်နားရက်နဲ့ဆုံတော့ ကိုငြိမ်း မသဇင်းဖူးကို
ဖုန်းဆက်ပြီး ကိုငြိမ်းအတွက်ညစာ မပြင်ထားဖို့နဲ့
ပြန်လာတာနောက်ကျမယ် အပြန်ကျ
အမေကြီးလာမကြိုနဲ့ ငယ်ချင်းကိုပို့ခိုင်းလိုက်မယ်မှာပြီး
ဖုန်းချသွားတယ်
ခါတိုင်းဆို အလုပ်ရုံက တစ်ပတ်နဲ့တစ်ပတ်
တစ်ဆက်ထဲ ပါတီလုပ်လေ့မရှိ လွန်ခဲ့တဲ့အပတ်ကပဲ
ပါတီလုပ်ထားတာ ဒီအပတ် ထပ်လုပ်ပြန်ပြီးဆိုတော့
မသဇင်းဖူးစိတ်ထဲမှာ မသင်ကာ ဖြစ်နေပေမဲ့
ဘာမှမတွေးပဲ လုပ်စရာရှိတာလုပ်နေခဲ့တယ်
ည9နာရီလောက်ပဲရှိမယ် ကိုငြိမ်းဖုန်း
ဝင်လာတယ် မေကြီး အိပ်ပြီးလား အသံအေးးနဲ့မေးလာတယ် မအိပ်သေးပါဘူးဖေကြီး ဘာဖြစ်လို့လဲ
မေးတော့ မေကြီး အဖေကြီးကို ရပ်ကွက်ထိပ်မှာလာကြိုအုံးပြောပြီး ချသွားတယ်
မသဇင်းဖူးက ပါတီရှိတယ်ပြောပြီး
ဘာလို့အစောကြီးပြန်လာတာလဲ နာမလည်ဘူး
မေးချိန်တောင်မရပဲ ကိုငြိမ်းဖုန်းချသွားတယ်
ပြန်ရောက်လာမှမေးမယ်ဆိုပြီး

ဆိုင်ကယ်ထုတ်ပြီး ရပ်ကွက်ထိပ်ကိုထွက်လာခဲ့တယ်
မသဇင်းဖူး လမ်းတစ်ဝက်လောက်ရောက်တော့
အဝေးကနေ ယောကျာ်တစ်ယောက် လမ်းလျှောက်
လာနေတာကို တွေ့တော့ ကိုငြိမ်းမှန်းမသဇင်းဖူးသိတယ် အနီးရောက်တော့ ဆိုင်ကယ်လှည့်ပြီး
ကိုငြိမ်းလဲ မသဇင်းဖူးဆိုင်ကယ်အနောက်ကို
ဘာမှမပြောမဆိုပဲ တက်ခွလိုက်တယ်
မသဇင်းဖူးရဲ့အနောက်ကို တိတ်တ်လေး
ခါးဖက်ပြီးလိုက်လာတယ်
ခဏနေမှ ကိုငြိမ်း ငိုနေမှန်း
မသဇင်းဖူးသတိထားမိတယ်
ခဏနေတော့ အမေကြီးကို အရမ်းချစ်တယ်နော်
ကိုငြိမ်းပါစပ်က ထွက်လာတော့
မသဇင်းဖူး​က ဘာဖြစ်လို့လဲ မရင်ငယ်ကနေ
အသဲကွဲလာလို့လား
တစ်ခြားမိန်းမကနေအသဲကွဲလာလို့ အိမ်ကမိန်းမကို
ချစ်တယ်လို့ လာပြောတာ မမိုက်ဘူးနော်ဖေကြီးဆိုပြီး
မသဇင်းဖူးက စသလိုလိုနဲ့ပြောလိုက်တော့
ကိုငြိမ်းက ဘာမှဆက်မပြောပဲ
တိတ်တ်‌ေလးငိုနေတာ မသဇင်းဖူးအနေနဲ့
အိမ်ထောင်သက်တမ်းနှစ်20ကျော် အတွင်းမှာ
ကိုငြိမ်းငိုတာ တစ်ခါမှမမြင်ဖူးဘူး ဒါပထမဆုံးပဲ

ဖေကြီး ဘာ​ဖြစ်လို့လဲ အသဲကွဲလာရင်
ပြောပြလို့ရတယ်နော်
မသဇင်းဖူးက စသလိုလိုနဲ့ မေးတော့
အင်းလို့ ကိုငြိမ်းကပြန်ဖြေလိုက်တယ်
မသဇင်ဖူးက ကိုငြိမ်းရဲ့အဖြေကို ရိပ်မိနေလို့
ဒီလိုကြားရတာ မသဇင်ဖူး မအံ့သြသွားပါဘူး
အခုတလော ကိုငြိမ်းရဲ့ အပြုအမူတွေက
အရင်က ကိုငြိမ်းနဲ့ တော်တော်ကွာခြားနေသလို
မသဇင်ဖူးက အစကတည်းရိပ်မိနေပြီးသားပါပဲ
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့
ဖေကြီးဘာစားလာပြီးးလဲ ထမင်းပြင်ပေးရမှာလား
မစားတော့ဘူး မေကြီး အရမ်းပင်ပန်းနေလို့
အိပ်တော့မယ်တဲ့
ကိုငြိမ်းအိပ်ယာထဲဝင်အိပ်လိုက်တယ်
မသဇင်းဖူးကအပြင်မှာအကြာကြီးထိုင်စဥ်းစားနေတာ
မသဇင်ဖူးက စိတ်ကိုအေးးထားပြီး
ဖြစ်သမျှရင်ဆိုင်ရမှာပေါ့ သူငယ်ချင်းနဲ့တာ
မသဇင်းဖူးက အပြောအဆိုကြမ်းတမ်းတာ
အိမ်ကမိသားစုမှာကြ အပြောအဆို သိမ်မွှေ့တယ်
ည11နရီလောက်ရှိမယ် မသဇင်ဖူးအိပ်ယာဝင်တာ
ကိုငြိမ်းတစ်ယောက် ယောင်ပြီစကားပြောတာ
ပိုပိုဆိုးလားတယ်
အရင်က ညီမ ညီမလို့ ယောင်ပြီး ခေါ်ပြောရာကနေ
ညီမ ယွန်း နာမည်ပါ ယောင်ပြီးထည့်ပြောလာတယ်
ယွန်းရယ် အကိုအရမ်းသောကရောက်တယ်
အကိုနေလို့မရတော့ဘူး ယွန်းနဲ့အတူရှိချင်တယ်
အကိုနေလို့မရတော့ဘူး အကို ယွန်းကိုသတိရလိုက်တာ ကို အရမ်းပင်ပန်တယ် ယွန်းရယ်
ကိုငြိမ်းယောင်ပြီး ပြောပါများတော့
မသဇင်းဖူး သည်းမခံနိုင်တဲ့အဆုံး ကိုငြိမ်းကို
နိုးလိုက်တယ် အဖေကြီးထ ထဖေကြီး
မေကြီးပြောစရာရှိတယ် ဆိုပြီးနိုးလိုက်တော့
ကိုငြိမ်းလဲ နိုးလားပြီ နှစ်ယောက်တူတူ
ကုတင် ပေါ် မှာထ ထိုင်လိုက်တယ်
မသဇင်းဖူးက စပြီးမေးလိုက်တယ်
ဖေကြီး ဖေကြီးတစ်ယောက်ယောက်နဲ့
တွေ့နေတာလား ဖေကြီးတစ်ခြားမိန်းခလေးနဲ့
ချစ်နေတာလား ဆိုပြီးမေးလိုက်တော့
ကိုငြိမ်းက ဟုတ်ကဲ့ အဲလိုရှိနေတယ် မေကြီး

ဖေကြီး ဒီလိုလုပ် အတူတူရှိနေတာကို
မပျော်ရွှင်တော့ဘူးဆိုရင် ဖေကြီး သူနဲ့အတူ
အချိန်တစ်ခုအထိ သွားနေကြည့်ပါလာ
တစ်ကယ်ချစ်တယ် သေချာတယ်ဆိုရင်
ပြန်လာခဲ့ မေကြီးကွာရှင်းပေမယ်
ခလေးတွေအားလုံး မေကြီးတာဝန်ယူမယ်
ဖေကြီးဒီ့လိုပြောင်းလဲသွားတာ
အချိန်တိုအတွင်းပဲဆိုပေမဲ့ ဖေကြီးကို
ဒီလိုမြင်နေရတာ အမေကြီးတစ်ကယ်နာကျင်ရတယ်
ကိုငြိမ်းက မသွားဘူးတဲ့
နောက် 3မိနစ်လောက်ပဲရှိမယ် ကိုငြိမ်းက
ထပ်မေးလိုက်တယ် တစ်ကယ်ပေးသွားမယ်ဟုတ်
မသဇင်ဖူးက အံသြတဲ့ အကြည့်နဲ့
ကိုငြိမ်းကိုမေးလိုက်တယ် ဖေကြီးသွားမလို့လား
ကိုငြိမ်းက ခေါင်းညိတ်ပြတယ်
အခုမပေးသွားဘူးအဖေကြီး
ကိုငြိမ်းကစိတ်တိုတဲ့ပုံစံနဲ့ စိတ်တိုတဲ့အသံနဲ့
ပြန်မေးလိုက်တယ် ဘာဖြစ်လို့ မပေးသွားတာလဲ မေကြီး
အခုည သံခေါင်းယံကျော်နေပြီး ဖေကြီး
သွားချင်ရင် မနက်ဖြန်မှသွား
မေကြီးမမေးဘူး မိန်းခလေးကဘယ်သူလဲဆိုတာ
ဖေကြီး သွားသင်ယူပါ တစ်ကယ်သေချာတယ်
သူနဲ့အတူရှိတာက ပျော်ရွှင်တယ်ထင်ရင်
ပြန်လာခဲ့ ကွာရှင်းပေမယ်
ဒါမဲ့ တစ်ခုတော့မမေ့လိုက်နဲ့ အရင်က
မေကြီးတို့ချစ်ခဲ့ကြတဲ့အချိန်ကိုတော့
နောက်နေ့မိုးလင်းတော့ ကိုငြိမ်းလောလောနဲ့
အဆာပြေစားပြီး ပြင်ထားတဲ့အဝတ်အစားအိတ်ကို
ဆွဲပြီး ဘာတစ်ခွန်းမှမပြောပဲ လာကြိုးတဲ့ကားနဲ့
လိုက်သွားတယ် မသဇင်ဖူးတစ်ယောက်
ဒီလောက် အနှစ်20လောက် အတူပေါင်းသင်းပြီး
အတွင်းဘောင်ဘီကအစ လိုလေမရှိအောင်
လုပ်ပေးတဲ့လူကို ကိုငြိမ်းက ဂရုမစိုက်သလို
စိတ်လဲမပူတာ မသဇင်ဖူးအတွက်
စိတ်မကောင်းဖြစ်မိတာ အမှန်ပဲ
ကိုငြိမ်း ထွက်သွားတာနဲ့ မသဇင်ဖူးအိမ်ရှေ့
ခြံတံခါးထွက်ပိတ်ဖို့ လုပ်နေတုန်း
ဘေးအိမ်က အန်တီကြီး ခေါ်သံကြောင့်
လှည့်ကြည့်တော့ ဘေးအိမ်က အန်တီကြီးလောလောနဲ့
လျှောက်လာနေတာကိုတွေ့တော့ မသဇင်ဖူးက
ရပ်စောင့်နေလိုက်တယ်
ဒေါ် မြက ရောက်တော့ ညီမ ညီမ
ညက ညီမအိမ်ရှေ့က ဘယ်သူလဲ ကိုငြိမ်းနာမည်ကို
အော်ခေါ်နေတာ အန်တီလဲ ညကခွေးအရမ်းအူးနေလို့
ထွက်ချောင်းကြည့်တာ ညီမမနိုးဘူးထင်တယ်
သူအကြာကြီး ညီမအိမ်ရှေ့မှာ မတ်တပ်ရပ်နေတာ
မသဇင်းဖူးက မကြားမိပါဘူးအန်တီ
ညီမလဲ ညကနောက်ကျမှအိပ်ရတာ
ဟုတ်လာ အန်တီလဲထူးဆန်းနေတာ ညီမအိမ်မှာ
လာလည်ဖူးတဲ့ လူနဲ့တစ်ယောက်မှမတူဘူး
အသက်လဲ 15 16လောက်ပဲရှိမယ် အန်တီကြည့်ရတာ
အကောင်သေးး အသားမဲမဲမိန်းခလေးတစ်ယောက်ပဲ
အဲလိုနဲ့ ဒေါ်မြ လာပြောပြပြီး ပြန်သွားတယ်
မသဇင်းဖူးတစ်ယောက် ဘယ်လောက်တွေးး
ဒေါ် မြပြောတဲ့ မိန်းခလေးနဲ့ကိုယ့်အသိမှာ
တူတာ တစ်ယောက်မှမရှိနေပြန်ဘူး

နောက်2ရက်နေတော့ ကိုငြိမ်းပြန်လာတယ်
ဘာဖြစ်လို့ပြန်လာတာလဲဖေကြီး
မသဇင်းဖူးကမေးတော့ ကိုငြိမ်းက
အစက ဖေကြီး ပျော်မယ်လို့ ထင်ထားပေမဲ့
သူနဲ့အတူရှိတဲ့အချိန်ကြ မေကြီးနဲ့ သားးတွေကိုပဲ
သတိရနေတာတဲ့ ကိုငြိမ်းက
စိတ်နဲ့လူနဲ့မကပ်နေသလို မိူင်းးနဲ့ပြန်ဖြေနေတာ
ဒီလိုလုပ် ဖေကြီး သွားသူငယ်ချင်းတွေစုပြီး
သွားသောက်ကြ သွားလည်ကြ
ဒါမှမဟုတ် စိတ်ငြိမ်အောင် တစ်နေရာမှာဖြစ်စ်
ခရီးထွက်ပါလား မသဇင်းဖူးက အကြံပေးပေမဲ့
ကိုငြိမ်းက ဟအင့်မသွားဘူးမေကြီး
အိမ်မှာပဲ နေမယ်ပြောပြီး ကိုငြိမ်းက
အိမ်ပေါ်တက်သွားတယ်
နောက်နေ့ ကိုငြိမ်းက အလုပ်ပုံမှန်သွားတယ်
နေလယ် 1နာရီလောက်တော့ ကိုငြိမ်းအလုပ်ထဲက
ကိုငြိမ်းနဲ့ အရမ်းခင်တဲ့ ငယ်ချင် မသဇင်ဖူးအိမ်ရှေ့
ရောက်လာတယ် ကိုငြိမ်း ငယ်ချင်းနာမည်က
ကိုဝင်းမောင်
အိမ်ရှေ့က ခေါ်သံကြောင့်မသဇင်းဖူးထွက်လာတယ်
အိမ်ရှေ့ရောက်တော့ကိုငြိမ်းရဲ့ ငယ်ချင်းကိုဝင်းမောင်
ရောက်နေတာ သဇင်းဖူး စကားပြောဖို့အချိန်ရလား
ကိုဝင်းမောင် မေးတော့
ရတယ်လေး ကိုဝင်းမောင် ဘာကိစ္စရှိလို့လဲ
နင်နဲ့အငြိမ်းနဲ့ ဘာပြသာနာရှိလို့လဲ
သူအလုပ်မှာဆို ဘာမှမလုပ်ဘူး မိူင်းးနဲ့ထိုင်နေတာ
သူဘာဖြစ်နေတာလဲ 3ခွန်းလောက်မေးမှ
တစ်ခွန်းလောက်ပြန်ဖြေတာ အငြိမ်းကိုကြည့်ရတာ
ပုံမှန်မဟုတ်သလိုပဲ သူမျက်နှာဆိုလဲ
မသိရင် 3ညလောက် အိပ်‌ေရးပျက်နေတဲ့အတိုင်းပဲ
ကိုဝင်းမောင်ဆက်ပြောတယ်
အငြိမ်းကို ကြည့်ရတာ အောက်လမ်းနဲ့
ပြုစားခံထားရသလိုပဲ
နောက်မကျခင် တစ်ခုခုတော့ လုပ်သင့်တယ်နော်
ကိုဝင်းမောင် ပြောတော့
မသဇင်ဖူးက
ကိုဝင်မောင်လဲ သိနေတာပဲလေး ညီမတို့က
ဒီလိုဟာတွေ အယုံအကြည်မှမရှိတာ
နောက်ပြီး ဘယ်မှာသွားကု သွားပြရမှာတောင်
ညီမမသိဘူး
ဒီလိုလုပ် သဇင်းဖူး ငါသိတဲ့ ဆရာတော် တပါးနဲ့
အရင်သွားပြကြည့်ဆိုပြီး
ကိုဝင်းမောင်က လိပ်စာပေးလိုက်တယ်
နောက်နေ့ရောက်တော့ မသဇင်းဖူးက
ကိုဝင်းမောင်ပြောပြတဲ့ ဆရာတော်ကျောင်းကို
သွားဖို့ ခေါ် ပေမဲ့ ကိုငြိမ်းက မသွားဘူးပဲ ငြင်းနေတာ
မသဇင်းဖူးအတင်းခေါ်မှ ကိုငြိမ်းလဲမလိုက်ချင်ပဲ
လိုက်သွားရတယ်
ကိုဝင်းမောင် ပြောတဲ့ဘုန်းကြီးကျောင်းကို
ရောက်တော့ ဆရာတော်နဲ့တွေ့ဖို့ ထိုင်စောင့်နေတာ
ခဏနေတော့ ဆရာတော်ကထွက်လာတော့
မသဇင်ဖူးနဲ့ ကိုငြိမ်း လက်အုပ်ချီရုံပဲရှိသေးတယ်
ဆရာတော်က ကိုငြိမ်းကို ကြည့်ပြီး
ဘာတွေစားလာတာလဲ ဒကာ
ဆရာတော်က မေးတော့ ကို​ငြိမ်းက နည်းးပြုံးနေတာ
ဆရာတော်က ထပ်မေးလိုက်တယ်
ဘာတွေစားလာသလဲလို့
ကိုငြိမ်းက ဘာမှမစားလာပါဘူး ဘုရာ
ဝဠ်ကြွေးဝဠ်ကြွေးတွေနော် လို့ပြောပြီး ဆရာ်တော်က
ငါလဲ ဘယ်သူရဲ့ ကံကြမ္မာကို ဝင်ကာလို့မရသလို
ဘယ်သူရဲ့ ဝဠ်ကြွေးကိုလဲ ဝင်တားလို့မရဘူး
ငါလုပ်နိုင်တာ​က အရမ်းကြီးဆိုးတဲ့ အခြေနေကနေ
ပေါ့ပါးအောင်ပဲ လုပ်ပေးလို့ရတာ
ဆရာတော်က ပြောပြီးတာနဲ့ ရေသန့်ဗူးတစ်ဗူး
ယူပြီး ပါစပ်နဲ့ ဆရာတော်က ဘာတွေရွတ်ဆိုနေမသိ
ခဏအကြာတော့ မသဇင်းဖူးကိုရေးသန့်ဗူး
ကမ်းပေးနေတုန်း ဆရာတော်က ထပ်ပြောလိုက်တယ်
ညမအိပ်ခင် ညတိုင်း တစ်ညတစ်ခွက်တိုက်လိုက်
ပြီးတော့ ဒကာမ အိမ်ရောက်ရင် အိမ်ကပစ္စည်းတွေ
အိမ်ထဲကဟာတွေ သေချာကြည့် သေချာစစ်
ကိုယ့်ပစ္စည်းမဟုတ်ဘူးထင်တဲ့ အရာတွေ့ရင်
အဝတ်အစနဲ့ သေချာပိတ်ချီပြီး ရေစီးနေတဲ့
ချောင်းထဲပြစ်ချ မပြစ်ချခင် ဆရာတော်ပေးတဲ့
ဂါထာကို အသက်အောင့်ရွတ်ပြီးပစ်ချ
ပစ်ချပြီး ပြန်မလှည့်ကြည့်နဲ့ ဆိုပြီး ဂါထာရေးထားတဲ့
စာရွက်သေးးတစ်ရွက် ဆရာတော်က ကမ်းပေးပြီး
ထပ်မေးလိုက်တယ် ကိုယ်အိမ်က ပစ္စည်း
ဘယ်ဟာကိုယ့်ဟာ ဟုတ်မဟုတ်သိတယ်မလား
မသဇင်းဖူးက သိတယ်အရှင့်ဘုရားပြန်ဖြေပြီး
ဆရာတော်က အသက်ကို အရှည်ကြီး ရှူထုတ်ပြီး
ဆရာတော်လဲ အများကြီးလုပ်ပေးလို့မရဘူး
အဆိုးဆုံးကနေ အကောင်းဖြစ်အောင်ပဲလုပ်ပေးနိုင်တာ ကျန်တာ ကိုယ့်ဝဠ်ကြွေးရှိသလိုပဲခံရမယ်
ဒကာတဲ့ ဆရာတော်ကပြောပြီး
မသဇင်ဖူးနဲ့ကိုငြိမ်းလဲ ဆရာတော်ကိုနူတ်ဆက်ပြီး
ပြန်လာကြတယ်
ဒီနေ့ကိုငြိမ်းက အလုပ်ရုံကကားကို
မမှီလိုက်ဘူး မသဇင်းဖူးက ကိုငြိမ်းကို
အလုပ်သွားပို့ပြီး အိမ်ပြန်ရောက်တော့
ဆရာတော်ပြောတဲ့အတိုင်း အိမ်က ပစ္စည်းတွေကို
လိုက်စစ်ကြည့်ပေမဲ့ ထူးဆန်းတာ ဘာမှမတွေ့ပါဘူး.
အဲလိုနဲ့ ကုတင်ပေါ်ကအိပ်ယာထဲမှာ တက်ထိုင်နေတုန်း
မသဇင်းဖုန်း ပြုတ်ကျပြီး ကုတင်အောက်
ဝင်သွားတယ် မသဇင်ဖူးက အိမ်လှည်းတဲ့
တံမြတ်စီးနဲ့ လှမ်းယူတော့ ဖုန်းနဲ့အတူ
ဆံပင် အဝါးရောင် 3ချောင်းလဲပါလာတယ်
မသဇင်ဖူးက သေချာကြည့်တော့ ဆံပင်က
အရမ်းရှည်လွန်းတယ် မသဇင်ဖူးဆံပင်လဲ
မဟုတ်သလို အရောင်ကလဲ အဝါရောင်ဖြစ်နေတာ
ခဏနေတော့ ဆရာတော်ပြောတဲ့စကားကို
သတိရလာမှ ဆံပင်ကို အဝတ်အစထဲ ထည့်ပြီး
ဆရာ်တော်ပြောတဲ့အတိုင်း ချောင်းမှာပစ်ချလိုက်တယ်
အဲနေ့ကစပြီး ကိုငြိမ်းလဲ ချက်ချင်းဆိုသလို
အရင်က ကိုငြိမ်းအတိုင်ပဲ မေကြီးမေကြီးနဲ့
ဟိုနေရာသွားမှာလား ဒီနေရာသွားမှာလား
မသဇင်ဖူးကို မေးနေတာ အရင်က ကိုငြိမ်း မိူင်းးနဲ့
ထိုင်ဆွေးနေတာလဲ ပျောက်ပြီး ပါကတိအတိုင်းပြန်
ကောင်းလားတယ် မသဇင်းဖူးက ကိုယ့်မိသားစုလေ
ပြန်ရပြီးလို့ ပျော်နေတာ အခုမှ ပုံမှန် ဘဝအတိုင်း
ပြန်ရောက်သွားတာ
ဒီလိုနဲ့ 2လလောက်နေတော့ ကိုငြိမ်းက
ဖြစ်နေကျအခြေ‌ေနထပ် ပိုဆိုးလာတယ်
ထမင်းလဲစားမဝင် ဘာလဲစားမဝင်နဲ့
ယောင်ပြီး စကားပြောနေတာ ပိုဆိုးလာတယ်
ဆေးရုံတက်ပြီး ဆရာဝန်နဲ့ ပြလဲ မထူးခြားပါဘူး
ဆရာဝန်က စစ်ဆေးပြီး ကိုငြိမ်းက ဆီးချိုးရှိပေမဲ့
ယောင်ပြီးစကားပြောနေတာနဲ့မဆိုင်ဘူး
ဆရာဝန်က ဘာမှမဖြစ်ဘူးဆိုပြီး
ဆေးရုံက ဆင်းခိုင်းပေမဲ့ ကိုငြိမ်းက
အခြေနေပိုဆိုးလာတယ် အလုပ်ကနေလဲ
ထွက်လိုက်ရတယ် 3လအတွင်းမှာ
ကိုငြိမ်းရဲ့ ကိုယ်အလေချိန် ပေါင်180ကနေ
120အထိကျသွားတယ် ပိန်သွားတယ်
ဘာဆိုဘာမှသိပ်စားမဝင်ဘူး
သားးတွေလဲ စကားမပြောသလို ဘယ်သူနဲ့လဲ
ကိုငြိမ်းစကားမပြောဘူး
တစ်နေ့ ကိုငြိမ်ရဲ့
ညီလေး ရောက်လာတယ်
ကိုငြိမ်းတူမလေးလဲပါလာတယ် ကိုငြိမ်းက
တူမလေးကို အရမ်းချစ်တာ တူးမလေးအသက်က
4နှစ်လောက်ပဲရှိမယ် ခလေးကလဲ အရမ်းစကားများ
မသဇင်ဖူး အကြံတစ်ခုရပြီး ကိုငြိမ်းအရမ်းချစ်တဲ့
တူမလေးကို ကိုငြိမ်းအိပ်နေတဲ့ အခန်းထဲ
ပေးဝင်ကစားခိုင်တာ ခဏနေတော့ ခလေးမလေးက
မျက်နာပုပ်ပ်နဲ့ထွက်လာတယ်
မသဇင်းဖူးက ခလေးမလေးကို ဘာဖြစ်လို့ ဦးလေးနဲ့
မကစားတာလဲ သမီး ဦးလေး မုန့်ကျွေးရအောင်လေး
ခလေးမလေးက ဦးလေးနဲ့မကစားချင်ဘူး
ဦးလေးအနားမှာရှိနေတဲ့ အဒေါ်တစ်ယောက်က
အရမ်းစိတ်ပုပ်တာ မဲလဲမဲ ရေလဲမချိုးဘူး
အရမ်းညစ်ပတ်တာ သမီးအဲ့ အဒေါ်ကို မကြိုက်ဘူး
ခလေးမလေးက မသဇင်းဖူးကို အဲ့လိုပြန်ဖြေလိုက်တော့ မသဇင်းဖူးလဲ လန့်သွားတယ်
ဟုတ်လားသမီး အဲ့ အဒေါ်က ဘာလုပ်နေတာလဲ
သမီး မသဇင်းဖူးထပ်မေးတော့
အရမ်းညစ်ပတ်တဲ့ အဒေါ်လေးက ဦးလေးရင်ဘက်ကို
ခြေတောက်နဲတက်နင်းနေတာ အရမ်းစိတ်ပုပ်တာ
ခလေးက မုန့်စားရင်း ပြန်ဖြေလိုက်တာ
မသဇင်းဖူးလဲ ဘယ်လိုဆက်လုပ်ရမှာမသိ
သူများကောင်းတယ် ပြောတဲ့ ဘုန်ကြီးနဲ့
အထက်လမ်းဆရာတွေလဲ တစ်ခုပြီး တစ်ခုပြနေတာ
ပိုက်ဆံလဲကုန် ကိုငြိမ်းလဲ အခြေနေဆိုးတာထက်
ပိုဆိုးလာတယ် ဒီလိုနဲ့ နောက်7လလောက်
နေတော့ ကိုငြိမ်းလဲ ဆုံးသွားတယ်
ဆရာဝန်စစ်ဆေးချက်အရ နှလုံးရပ်တာလို့
အဖြေထွက်တယ် ……….(K.T.Z)

ဖောက်ပြန်မိတဲ့ဆိုးကျိုး( ဇတ်သိမ်း)

ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပဲပြန်လာမှာပါ(မသဇင်ဖူး)

ကိုငြိမ်းအနေနဲ့(ယွန်းနဒီ) မယားငယ်ရဲ့
အောက်လမ်းပညာနဲ့ တိုက်ခိုက်မူကြောင့်
7လလောက်အိပ်ယာထဲမှာပဲ
ဖျားနာရင်း ဆုံးသွားပါတယ်
အစက ပြောထားသလိုပဲ ဒီမိသားစုက
တစ်ယောက်ကို တစ်ယောက် မှီခိုပြီး တည်ဆောက်ထားတဲ့မိသားစုပါ ကိုငြိမ်းမရှိရင် ပြိုလဲနိုင်သလို
မသဇင်ဖူးမရှိရင်လဲ ဒီမိသားစုက ပြိုလဲသွားမှာပါ

ကိုငြိမ်းဆုံးသွားတော့
ကိုငြိမ်းရဲ့ သားလေးနှစ်ယောက်လဲ အရင်က
စာအရမ်းတော်သလောက် အခုတော့အဆင့်တွေကျလာတယ် ခလေးတွေလဲ ကျောင်းမှာမပျော်တော့ဘူး
ခလေးတွေ အရင်ကအဖေနဲ့ တူတူကစားပြီး
အိမ်စာတွေဝိုင်းလုပ်ရင်း အဖေရဲ့ပွေ့ဖက်မူအောက်မှာ
ကြီးပြင်းလာတော့ အဖေပြန်သက်သာလာမယ်လို့
မျှော်လင့်ချက်ရှိ နေချိန် အဖေကရုတ်တရက်ထွက်သွားတော့ ခလေးတွေလဲစိတ်ဒဏ်ရာကိုယ်စီရသွားကြတယ်

မသဇင်းဖူးလဲ စိတ်ဓာတ်ကျတဲ့ ရောဂါကို
ခံစားနေရတယ် စိတ်ကျန်းမာရေး ကုတဲ့ဆရာဝန်နဲ့
မကြာမကြာ သွားတွေ့နေရတယျ ဆရာဝန်နဲ့
ဆွေးနွေးတိုင်ပင်ပြီး ဆရာဝန်ရဲ့အကြံပြုချက်အတိုင်းနေထိုင်ရတယ်
သားနှစ်ယောက်အတွက် အသက်ဆက်ရှင်မှ
ရမယ်ဆိုတဲ့စိတ်နဲ့ မသဇင်ဖူးအတွက်
အားအင်းတွေရှိနေသေးတာပါ
မဟုတ်ရင် မသဇင်းဖူးလဲ ရူးနေလောက်ပြီးလို့
ဝန်ခံထားပါတယ်

အိပ်ယာထဲမှာ လဲနေတဲ့ကိုငြိမ်းဘေးမှာ
မသဇင်ဖူး ညတိုင်းနီးပါး 24နာရီပြုစုနေရလို့
မသဇင်ဖူးအတွက် နေ့နဲ့ညအချိန်တွေလွှဲပြီး
အချိန်7လလောက် နေလိုက်တော့
အခုဆိုကိုငြိမ်းဆုံးသွားပေမဲ့ မသဇင်ဖူးက
ညဆိုအိပ်လို့မပျော် ညဘက်အိပ်ရမှာတောင်
ကြောက်နေတာ ခြောက်ခြားနေ တော့တာ
ခလေးတွေကျောင်းပို့ပြီးမှ နေ့လယ်ဘက်မှာမှ တမှေးလေးအိပ်ရတာ
ခလေးတွေအရှေ့မှာကျတော့ မသဇင်ဖူးက
အရမ်းသန်မာတဲ့ မိခင်တစ်ယောက်ပေါ့
တစ်ကယ်တော့ မသဇင်ဖူးက စိတ်ပိုင်းဆိုင်ရာ
ရုပ်ပိုင်းဆိုင်ရာ ဘာဆိုဘာမှအကောင်းမရှိတော့ဘူး
ခလေးတွေမရှိချိန်ဆို မသဇင်းဖူး ခံစားရပြီး
ငိုလိုက်ရတာကျစရာမျက်ရည်တောင်မရှိတော့သလောက်ပါပဲ

မသဇင်ဖူးအရင်က မိသားစု စုံစုံလင်လင်နဲ့
ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တဲ့ အိမ်ကို
အခုဆို တစ်ယောက်ထဲရှိနေဖို့တောင်ကြောက်လာခဲ့တယ် အတိတ်က ပုံရိပ်တွေကိုပဲ
ပြန်န်မြင်နေရလို့ ဒီအတိုင်းသာဆက်နေသွားမယ်ဆိုရင်
အခြေနေပိုဆိုးလာဖို့ပဲရှိမယ်ဆိုပြီး တွေးလိုက်ရင်း

လက်ရှိနေထိုင်တဲ့အိမ်ကိုရောင်းပြီး
မိဘတွေနေထိုင်တဲ့ နယ်မြို့ဘက်ကို ပြောင်းရွှေ့ရတဲ့
အထိဖြစ်သွားရတယ် ခလေးတွေကိုလဲ
ပတ်ဝန်းကျင်အသစ်နဲ့ထိတွေ့စေချင်လို့
ကျောင်းပြောင်းပေးခဲ့ပါတယ်
ကုန်းးပြောရင် ဒီမိသားစုက အခုချိန်ဆိုအဆိုးဆုံး
အခြေနေမှာရပ်နေတယ်လို့ပြောလို့ရတယ်

ကိုငြိမ်းဆုံးပြီး 1လကျော်တော့
ကိုငြိမ်းအလုပ်ရုံးက သူငယ်ချင်းတွေလဲ
မသဇင်ဖူးနဲ့ သားနှစ်ယောက်ကိုလာရောက်
အားပေးစကားပြောကြရင်း ကိုငြိမ်းငယ်ချင်းထဲက
ကိုဂျပု ဆိုတဲ့တစ်ယောက်နဲ့ မသဇင်ဖူး
စကားပြောနေတုန်း
မသဇင်းဖူး စိတ်ထဲမှာ မွမ်းကြပ်လွန်းလို့
အမြဲတမ်းသိချင်နေတဲ့ မေးခွန်းကို မေးဖို့ဆုံးဖြတ်လိုက်တယ်
ကိုဂျပု ကျွန်မအမြဲ သိချင်နေတာတစ်ခုရှိလို့
နည်းးမေးလို့ရမလား ကိုဂျပုဘာမှမပြောခင်
ယွန်းနဒီ ဆိုတဲ့မိန်းခလေးကိုသိလား ဆိုပြီး
မသဇင်းဖူးက တစ်ဆက်ထဲမေးလိုက်တယ်
(ကိုငြိမ်းအိပ်ပျော်တိုင်း ယောင်ပြီး ခေါ်တဲ့ နာမည်)

ကိုဂျပုက သိတာပေါ့ ဘာလို့မသိရမှာလဲ
အငြိမ်းနဲ့လဲခင်တယ် အကိုကပဲ
သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့တာ

သူနယ်ကနေ ဒီမြို့ကိုအလုပ်လာလုပ်တာလေး
ဒါပေမဲ့ အခုအလုပ်ထွက်သွားပြီ သူ့ဇာတိကိုပြန်သွားတယ်လို့သတင်းကြားတာပဲ
ဘာဖြစ်လို့လဲ သဇင်ဖူး ကိုဂျပုကပြောရင်း ပြန်မေးလိုက်တယ်
ဘာမဖြစ်ဘူးအကို မသဇင်ဖူးက ပြန်ဖြေပြီ
မသဇင်ဖူးဖုန်းကနေ ကိုဂျပုကို ယွန်းဆိုတဲ့မိန်းခလေး
fbအကောင့်က ဒါလားအကို
ကိုဂျပုက ဟုတ်တယ်
ဟုတ်တယ် အဲတာသူ့အကောင့်ပဲ

အဲလိုနဲ့ ညဘက်ရောက်တော့ မသဇင်ဖူး
ယွန်းကိုမေးချင်တဲ့မေးခွန် ရှိနေပေမဲ့
ဒီအတိုင်းသွားမေးဖို့က မသဇင်ဖူးအဆင်သင့်မဖြစ်သေးလို့
သိချင်တာ ရှိပေမဲ့ မပြောသေးဘူးလို့ ဆုံးဖြတ်ထားလိုက်တယ် မသဇင်ဖူးက ယွန်းအကောင့်ကို သိပေမဲ့
စကားသွားပြောဖို့ အဆင်သင့်မဖြစ်သေးတာပါ

နောက်2လ လောက်ကြာမှ ယွန်းနဲ့
စကားပြောဖို့ဆုံးဖြတ်ချက် ချလိုက်တယ်
မသဇင်ဖူးက မဂ်လာပါကျွန်မက ကိုငြိမ်းမယားပါ
ဒါပေမဲ့အခု ကိုငြိမ်းမရှိတော့ဘူး ဆုံးသွားပြီးနော်
စာပို့လိုက်ပေမဲ့
ယွန်းက ချက်ချင်းမဖတ်သေးပါဘူး
နောက်15မိနစ်လောက်နေတော့
ယွန်းက စာပြန်လာတယ်
ယွန်းက အော် ဟုတ်လားဆိုပြီး 😂😂😂ဟားး
စတေကာနဲ့ ပြန်ပို့လာပြီး ယွန်းကကျေနပ်နေပုံရတယ်
ဘယ်တုန်းကလဲ သေတာကြာပြီးလား

မသဇင်းဖူးက ဟုတ်ကဲ့ 3လလောက်ပြည့်တော့မယ်
ကိုငြိမ်းဆုံးတာ
ငါ့ကို လူကောင်းလိုလို လူရိုးလိုလို လာဟန်ဆောင်မပြနေနဲ့ ယွန်းက မသဇင်ဖူးကိုမကျေနပ်တဲ့ လေသံနဲ့
အော်ဟောက်ပြီး စာပြန်ရေးလိုက်တယ်

မသဇင်ဖူးက ဖုန်းဆက်ပြီးစကားပြောလို့ရမလား
ဖုန်းမဆက်လာနဲ့ ငါနင့်နဲပြောစရာအကြောင်းမရှိဘူးဆိုပြီး ယွန်းက လိုင်းကနေဆင်းသွားတယ်

ယွန်းရဲ့ အပြောအဆိုနဲ့အပြုအမူတွေကြောင့်
မသဇင်ဖူး သံတယဝင်နေတဲ့ ကိုငြိမ်းရဲ့မယားငယ်က
ယွန်းပဲဆိုတာ မသဇင်းဖူး သဘောပေါက်သွားတယ်
ယွန်းလိုင်းကနေဆင်းသွားပေမဲ့ မသဇင်းဖူးက

ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပဲပြန်လာမှာပါ

ဆိုတဲ့ စာတစ်ကြောင်း
ထပ်ပို့လိုက်တယ်
နောက် 3နာရီထပ်ကြာတော့ ယွန်း မသဇင်းဖူးကို
ဖုန်းဆက်လာတယ် မသဇင်းဖူးဘာမပြောခင်
ယွန်းက အရင်ပြောလာတယ်

နင့်လင်က ကတိမတည်လို့လေ ငါ့ကိုပြောတော့
နင်နဲ့ကွာရှင်းမယ်တဲ့ အိမ်ရောင်းကားရောင်း
ဘဏ်ထဲက
ပိုက်ဆံတွေထုတ်ပြီး ငါနဲ့အတူနယ်ဘက်မှာ
လာပြောင်းနေမယ်တဲ့ ငါ့ကိုအလုပ်ကနေ
ထွက်ဖြစ်အောင်လဲ ငါ့ကိုလိမ်ပြောတယ်
နင့်ယောကျာ်းက အချိန်နည်းးထပ်စောင့်အုံး
နင်နဲ့ကွာရှင်းမယ်
ခဏစောင့်ပါအုံး စောင့်အုံး စောင့်ပါအုံး
ငါ့ကိုစောင့်ခိုင်းပြီး ကတိမတည်လို့လေ
စောင့်ပါ ဆိုတဲ့စကားတစ်ခွန်းနဲ့ ငါ့ဘဝပျက်အောင်
နင့်လင်က လုပ်ခဲ့တာ ဆိုပြီး ယွန်းက လေသံမာမာနဲ့
ပြောလာတယ်
မသဇင်ဖူးက အခုသူဆုံးသွားပြီးလေ ညီမ
အစ်မယောကျာ်းနဲ့ညီမက ဘယ်လိုကတိ
အမျိုးအစားတွေပေးပြီး ညီမတို့ဘယ်လို
သဘောတူညီထားကြတာလဲဆိုတာ အစ်မ မသိပါဘူးညီမရယ်

ဒါမဲ့ အခု အစ်မယောကျော်းလဲဆုံးသွားပြီးဆိုတော
သူသွားရမယ့်လမ်းကို သူဖြောင့်ဖြောင့်ရောက်အောင်
ညီမ သူ့ကိုခွင့်လွှတ်ပေးလိုက်ပါနော် မသဇင်းဖူးက
ကိုငြိမ်းကို ခွင့်လွှတ်ပေးဖို့ အနူအညွတ်ပြောနေပေမဲ့

ယွန်းက ငါခွင့်မလွှတ်ဘူး စောင့်ပါဆိုတဲ့
စကားတစ်ခွန်းထဲနဲ့ ငါဘဝ ပျက်အောင်လုပ်ပြီး
ငါဘဝပြိုလဲအောင်လုပ်တာ
နောက်နင်တစ်ခုထပ်သိဖို့က နင့်လင်က
ငါ့အမေ ကျွေးတဲ့အစားအစာကို စားလို့သူထိုက်တန်တာနဲ့ သူရသွားတာ

(ယွန်းအမေ ကျွေးတဲ့အစားအစာဆိုတာက
ဘုန်းကြီးကျောင်းမှာ ဆရာတော်က ကိုငြိမ်းကို
မေးတဲ့အရာနဲ့တူတူပဲ ဘာတွေစားလာသလဲ ဒကာ
ဆရာတော်က မေးပေမဲ့ ကိုငြိမ်းက မသိခဲ့ပါဘူး
ယွန်းအမေက ထိုင်းမြန်မာနယ်စပ်က ရွာတစ်ခုမှာ
အောက်လမ်းဆရာနဲ့ သွားတွေ့ပြီး
မကောင်းတဲ့အောက်လမ်းပညာနဲ လုပ်ထားတဲ့အရာ ကို ကိုငြိမ်းစားမယ့်အစာထဲ
ထည့်လိုက်တာ ဒါကြောင့် မသဇင်ဖူး
ဆရာစုံ ဘုန်းကြီးအစုံနဲ့ ကုခဲ့ပေမဲ့ ကုမနိုင်ခဲ့တာ)

ယွန်းဒီလိုပြောတော့ မသဇင်းဖူးရဲ့ခံစားချက်မှာ
မိန်းခလေးတစ်ယောက်ရဲ့ အမျက်ဒေါသကြီးမူနဲအငြိုကြီးမူကို ခံစားမိ​ေနပါတယ်

ကိုငြိမ်းပေးတဲ့ ကတိကို
ယွန်းကယုံစားမိလို့ အလုပ်ကနေထွက်ခိုင်းပြီး
စောင့်နေစေခဲ့တာ ယွန်းကတစ်ရက်ပြီးတစ်ရက်
တစ်လပြီးတစ်လ စောင့်နေခဲ့ပေမယ့်
မသဇင်ဖူးနဲ့ကိုငြိမ်းတို့ ကွာရှင်းမူမဖြစ်လာခဲ့
ယောကျာ်းတစ်ယောက်ရဲ့ ကတိမတည်မူကြောင့်
ယွန်းစိတ်းဆိုး ဒေါသထွက်နေတာ မသဇင်းဖူး
နားလည်ပါတယ်
ဒါပေမဲ့ ယွန်းကို ကတိမတည်တဲ့ ယောကျာ်းက
အိမ်ထောင်ရှိတဲ့ ခလေးအဖေ ဖြစ်နေတာကို
ယွန်းမေ့နေပုံရတယ် မသဇင်းဖူးဘယ်လို
ပြောလို့မရတဲ့အဆုံး မသဇင်ဖူးကပဲ ဖုန်းအရင်ချလိုက်ရတယ်

ဒီလိုနဲ့ ကိုငြိမ်းဆုံးတာ 3နှစ်ပြည့်လို့
မသဇင်ဖူး ကိုငြိမ်းအတွက် ရည်စူးပြီး
အလှူလုပ်မလို့ ကိုငြိမ်းရဲ့သူငယ်ချင်းတွေနဲ့
မသဇင်းဖူးပြန်ဆုံကြပါတယ်
ကိုဂျပုနဲ့ မသဇင်ဖူးပြန်ဆုံကြတော့
ယွန်းနဒီ ဆိုတဲ့မိန်းခလေးအကြောင်း ကိုဂျပုကိုထပ်မေးဖြစ်ပါတယ်
ကိုဂျပုက အော်ယွန်းလာ သူရူးသွားပြီးထင်တယ်
အဝတ်အစားတွေ ချွတ်ပြီး လမ်းထွက်လျှောက်နေတာ
သူအဖေမေက အခုသူ့ကို စိတ်ကျန်းမာရေးဆေးရုံကိုပို့ထားတယ်လို့ သတင်းကြားတာပဲ ယွန်းမိဘတွေလဲ
ကွာရှင်းလိုက်ကြတယ်လေ သူ့အမေက သီလရှင်ဝတ်နေတယ် သူအဖေက သူဇာတိမြေကိုပြန်သွားတာ ပြန်မလာတော့ဘူး ယွန်းရှိနေတဲ့ဆေးရုံကလဲ
မသဇင်းဖူး အခုအိမ်ဝယ်ပြီး
လာနေထိုင်တဲ့မြို့မှာပဲလေ
မသဇင်ဖူးအဲလို ကြားတော့ တော်တော်စိတ်မကောင်း
ဖြစ်မိတယ်
ကိုဂျပုကို ကျွန်မတစ်ခုပြောပြမယ်နော်
ကိုငြိမ်းကို အောက်လမ်းနဲ့တိုက်တာ ယွန်းပဲအစ်ကို
ကိုဂျပုတစ်ယောက် လန့်ပြီးမဖြစ်နိုင်တာ နင်ကလဲ
မသဇင်ဖူးက ကိုဂျပုကို ဖြစ်စဥ်အကုန်ရှင်းပြတော့
ကိုဂျပုက ငါသူတို့နှစ်ယောက်ခင်သွားအောင်
ငါကပဲ မိတ်ဆက်ပေးတာပြောပြီး
မသဇင်ဖူးကို ကိုဂျပုက တောင်းပန်ပါတယ်
ငါဘာမှမသိခဲ့ဘူး
မသဇင်ဖူးကလဲ ကိုဂျပုကို စိတ်မဆိုးပါဘူး
ကိုဂျပုက မိတ်ဆွေအနေနဲ့ မိတ်ဆက်ပေးခဲ့ပေမဲ့
ကိုငြိမ်းနဲ့ ယွန်းက မိတ်ဆွေထက်ပိုချင်တဲ့
ဆက်ဆံရေးကို သူတို့နှစ်ယောက်လုပ်ရှေ့တိုချင်လို့
ကိုဂျပုအမှားမဟုတ်ပါဘူးဆိုပြီး နာလည်းပေးပါတယ်။

(K.T.Z)ဇာတ်သိမ်း

မသဇင်းဖူးစိတ်ထဲမှာတွေးမိတာက
ယွန်းရဲ့ အမေက သမီးကိုချစ်တဲ့ပုံကမှားနေတယ်
မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးနဲ့
ပျော်ရွှင်ဆုံးအရာကိုပဲ ပေးချင်ကြတယ်
သားသမီး သောကရောက်ရင် မိဘကလဲ
အဆပေါင်းများစွာ ပိုသောကရောက်ရတယ်
ကိုငြိမ်းရဲ့ ကတိမတည်မူကြောင့်
သူသမီး နာကျင်နေတာကို မမြင်ရက်မကြည့်ရက်လို့
ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ရွာတစ်ရွာက
အောက်လမ်းဆရာကို ပိုက်ဆံအများကြီး
ပေးပြီ ကိုငြိမ်းကိုတိုက်ခိုက်ခိုင်းတယ် ဒါပေမဲ့
အများအမြင်မှာ ယွန်းအမေက ဘာမှမဖြစ်ပဲ ဘာလို့
ယွန်းပဲ ရူးသွားတာလဲမေးရင်တော့
ဝဠ်ဆိုတဲ့ အရာက သူ့အလုပ် သူလုပ်တဲ့အချိန်ကျရင်
ကျွန်တော်တို့ ပြင်ဆင်ချိန်တောင်ရမှာမဟုတ်ဘူး
ယွန်းအမေက ဘာမှမဖြစ်ဘူးဆိုပေမဲ့
သူချစ်တဲ့သမီးကို အမေဖြစ်သူရဲ့လုပ်ရပ်ကြောင့်ပဲ
အခုလိုရူးသွားတာ သူ့ယောကျာ်းလဲဒါကိုသိသွားလို့
သူနဲ့ကွာရှင်းသွားတာ သူ့နေရာကို ဝင်ကြည့်ရင်တော့
သူလဲသေလောက်အောင်နာကျင်နေရပြီး
ဝဠ်ဆိုတဲ့အရာက အရမ်းကြောက်ဖို့ကောင်းပါတယ်။

သရဲတစ်ကောင်မှမပါတဲ့ သရဲအကြောင်းဖြစ်သွားလို့ စာဖတ်သူတွေကို အားနာမိပါတယ်
မရေးတက် ရေးတက်နဲ ရေးလိုက်မိတာ
ဖတ်ရတာအခက်အခဲဖြစ်သွားရင်
အားလုံးကို တောင်းပန်းပါတယ်
ဖတ်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ဗျာ