ဖောက်ပြန်သူ(စ/ဆုံး)

Unicode Version

ဖောက်ပြန်သူ(စ/ဆုံး)
—————————-
မင်းဟန်အဝေးပြေးကားစီးလာရင်းအတွေးနယ်ချဲ့ လာသည်ကားမထွက်ခင်ပြောလိုက်သော
သူ၏ချစ်လှစွာသောမယားငယ်စကားအားကြားယောင်နေမိပြန်သည်။
””’ရှင်ကျွန်မဆီကယူသွားတဲ့သနပ်ခါးတုံးတွေကို—-ရှင့်အမေပေးမယ်ဆိုလ့ိုပေးလိုက်တာ—–အကယ်၍များရှင့်မယားကြီးပေးလို့ကတော့—–သနပ်ခါးလိမ်းတဲ့နေရာယားပြီးအဖုတွေထွက်လာလိမ့်မယ်—–မယုံရင်စမ်းကြည့်လိုက်လေ”””
သနပ်ခါးတုံးတွေမယားငယ်ဆီကယူလာတုန်းကတော့မယားကြီးပေးရန်ဖြစ်သည်မယားငယ်ကအကင်းပါးသည်
တစ်ကယ်တော့မင်းဟန်တွင်မယားနှစ်ယောက်ရှိနေသည်ပန်းရံခေါင်းဆောင်လုပ်သော
မင်းဟန်ကသူ့အလုပ်ထဲမှပန်းရံလာဆင်းသောတင်တင်ဆိုသောမိန်းကလေးနှင့်
ခိုးရာလိုက်ပြေးလာခြင်းဖြစ်သည်အမှန်တော့သူတို့နှစ်ယောက်လုံးတွင်အိမ်ထောင်ကိုယ်ဆီရှိနေသည်။
မယားကြီးနှင့်ဝေးရာမြို့တွင်နေရင်းမင်းဟန်ပထမတော့သာယာနေသည်
နောက်တော့မယားငယ်အားသူတဖြေးဖြေးကြောက်၍လာမိသည်။
သူယူထားသောမယားငယ်သည်ပါးစပ်ကကျိန်လိုက်တိုင်းဖြစ်၍နေသည်ကိုသူသတိထားလာမိသည်။
တစ်နေ့တွင်မင်းဟန်အလုပ်လုပ်သောဆိုက်ထဲမှသဌေးကမင်းဟန်တို့အုပ်စုအားဘောက်ဆူးပေးလိုက်သည်။
သူတို့အုပ်စုဘယ်ပြောကောင်းမလဲအရက်ဆိုင်ကောင်းကောင်းတွင်အမြည်းကောင်းကောင်းနှင့်အဝဆွဲလိုက်တာ
သဌေးပေးတဲ့ဘောက်ဆူးအပြင်ရှိသမျှပိုက်စံကလေးပါအဆစ်ပါသွားခဲ့လေသည်။
မိုးအတော်ချူပ်မှအိမ်သို့သိုင်းကွက်နင်းကာပြန်လာသောမင်းဟန်ကိုမယားငယ်ကပိုက်စံဆီးတောင်းလိုက်သည်။
””’ကဲပါလာတဲ့ပိုက်စံပေး——အကြွေးပေးစရာရှိတယ်””
””ကုန်ပြီ—တပြားမှမပါလာတော့ဘူး””
ထိုအခါသူ့မိန်းမသည်အလွန်ဒေါသထွက်စွာဖြင့်သူ့အားကျိန်လိုက်သည်။
””ရှင့်အရက်သောက်ပြီးနေထမင်းမစားနဲ့—–ရှင့်အရည်တွေတညလုံးရှိသမျှအပေါက်ကအန်ပြီးမအိပ်ရပါစေနဲ့တော်—–””
သူမိန်းမကျိန်စာသည်အလွန်ပင်စွမ်းသည်လားမသိပါမင်းဟန်တစ်ယောက်အထက်လန်အောက်ရှောဖြစ်ကာ
တညလုံးမအိပ်ရပဲနောက်တစ်နေ့ဆေးခန်းရောက်သွားလေသည်။
ဒါဟာတိုက်ဆိုင်လို့ဖြစ်တယ်ထင်ထားပေမဲ့နောက်တစ်ခါသူမိန်းမနဲ့သူနဲ့စကားများပြန်ရာကျိန်ပြန်သည်။
ဒီတစ်ခါတော့သူငယ်ချင်းတစ်ယောက်ကိုငွေချေးလိုက်တာပြန်မရ၍ထမင်းစားရင်းရန်ဖြစ်ကြတာဖြစ်သည်။
””ရှင်အဲလောက်ချစ်နေရင်သူ့နှမယူထားပါလားးးးးးးးဒါမှမဟုတ်ရှင့်နှမပေးထားပါလားးးးး””’
မယားငယ်စကားကြောင့်သူဒေါသထွက်ကာစားနေသောထမင်းစာပွဲအားလှန်ပစ်လိုက်သည်။
””ဝုန်း”ထမင်းပွဲမှောက်၍ထမင်းဟင်းများဖွာလန်ကျဲသွားလေသည်။
သူဒေါသဖြစ်ဖြစ်နှင်အိမ်ကထွက်လာခဲ့သည်ကြာကြာနေရင်လက်ပါမှာစိုးရသည်။
သို့ပေမဲ့သူမိန်းမရဲ့ကျယ်လောင်သောကျိန်လိုက်သံကသူ့နောက်ကပ်ပါလာသည်။
””ရှင့်ကအိမ်ထမင်းမစားချင်တော့—-ရှင့်ယောက်ဖနဲ့ထောင်ထမင်းထောင်ဟင်းသွားစားကြပေါ့””’
အဲဒီညကသူနှင့်သူ့သူ့ငယ်ချင်းဆိုက်ထဲကပစ္စည်းများပျောက်မှု့ဖြင့်အဖမ်းခံရသည်။
ဘုမသိဘမသိဖြင့်အချူပ်ထဲ၃ရက်၄ရက်လောက်နေပြီးမှခိုးတဲ့သခိုးမိလေသည်။
မယားငယ်ကျိန်သလိုအချူပ်ထဲကကြွေးသောထောင်ထမင်းဟင်းစားလိုက်ရသည်။
မင်းဟန်အဲဒီကထဲကမယားငယ်ကျိန်မှာကြောက်နေမိသည်သူများကိုကျိန်လဲသူကျိန်နေသလိုဖြစ်နေတတ်သည်။
” ”’ ( )မြို့ရောက်ပါပြီဆင်းမဲ့ခရီးသည်များထွက်ထားကြပါ””’
ကားစပယ်ယာအသံကြောင့်သူအတွေးပြတ်သွာသည်။
ဒီလိုနဲ့သူဆင်းရမဲ့မြို့ရောက်တာနဲ့မယားကြီးဆီတန်းသွားသည်သူ့တွင်သမီးလေးလဲရှိနေသေးသည်မဟုတ်လား
သံယောစဉ်ကအမျှင်တန်းတယ်ပြောပြောသူနောင်တရချင်နေပေမဲ့ဝေခွဲရခက်နေသည်။
သူမယားကြီးအားတောင်းပန်၍သမီးကိုခေါ်ကာသူ့အမေအိမ်ခဏသွားလိုက်သည်။
သူပြန်လာတော့သနပ်ခါးအဖွေးသားနဲ့မယားကြီးအားတွေ့လိုက်ရသည်။
””ကိုမင်းဟန်ရှင့်အိတ်ထဲကသနပ်ခါးတုံးတွေကကျွန်မအတွက်မဟုတ်လားးးးးးအဲဒါကျွန်မသွေးလိမ်းလိုက်တယ်မွှေးသား””’
မယားကြီးစကားကြောင့်သူလန့်သွားမိသည်ဒီသနပ်ခါးတုံးကိုမယားငယ်ကျိန်စာတိုက်လိုက်တာ
သွားသတိရမိသည်သူလဲအမေအိမ်ယူသွားဘို့မေ့သွားခြင်းဖြစ်သည်ဒါပေမဲ့ဘာမှမဖြစ်လောက်လို့သူထင်သည်။
ညဘက်မှာတော့မင်ဟန်ထင်တာလွဲနေသည်မယားကြီးမျက်နှာတစ်ခုလုံးယားသည်ဆိုကာကုတ်နေသည်။
””မင်းဟန့်—-ရှင့်သနပ်ခါးကဘာတွေလဲယားလိုက်တာ””
””’မင်းနဲ့မတည့်ဘူးထင်တယ်မျက်နှာမြန်မြန်သွားသစ်လိုက်ပါလား”””
သူ့မိန်းမလဲမျက်နှာအပြေးအလွှားသစ်ပေမဲ့ခဏအတွင်းပင်မျက်နှာတစ်ခုလုံးအင်ပြင်လို
အဖုတွေအပိန့်တွေထွက်လာကာနီရဲမို့အစ်၍လာသည်မှာကြောက်စရာပင်ကောင်းတော့သည်။
မင်းဟန်လဲအတော်လန့်သွားသည်သူ့မယားငယ်ကိုအစွမ်းကိုလဲအထင်မသေးရဲ
ဒါနဲ့မိုးလင်းတော့မယားကြီးအားဆေးခန်းသွားပြရသည်ဒါပေမဲ့သိပ်မသက်သာတာကြောင့်
အရေပြားအထူးကုဆီပြေးရပြန်သည်နောက်ဆုံးအထက်လမ်းဆရာကြီးတစ်ဦးဆီရောက်သွားကြသည်။
အထက်လမ်းဆရာကြီးကသူတို့လင်မယားအားအရင်ဘုရားရှိခိုးကာအာရုံခံကြည့်ရာဝယ်
””’အော်မင်းတို့ကအနာတစ်ခြားဆေးတခြားဖြစ်နေတာကွ—-‘တကယ်တော့မင်းယူထားတဲ့မယားငယ်ဟာ——ဝမ်းတွင်းစုန်းတစ်ယောက်ပဲကွဲ့——
——သူပြောတာကျိန်တာတွေကတကယ်ဖြစ်နေတဲ့ဝမ်းတွင်းစုန်းအာဏာစက်သူ့မှာပါနေတယ်——မင်းကဝမ်းတွင်းစုန်းနဲ့မှသွားပတ်သတ်မိသကိုးးးး——-”””
”’ ဒါဆိုကျွန်တော်ဘာဆက်လုပ်ရမလဲဆရာ—–ကျွန်တော်သူ့ကိုဆက်မပေါင်းရဲတော့ဘူးးး—–ကျွန်တော့်ကိုကယ်ပါအုံးဆရာ—””
””အဲဒါမင်းအတွက်အိမ်ထောင်ရေးဖောက်ပြန်သူရဲ့သင်ခန်းစာပဲကွ—–ဝမ်းတွင်းစုန်းတွေကသူတို့ဝမ်းတွင်းစုန်းဖြစ်မှန်း—-
သိတဲ့သူရှိသလိုမသိတဲ့သူလဲရှိတယ်——–မင်းမယားငယ်ကမသိဘူးဆိုရင်ငါ့ဆီခေါ်လာခဲ့ငါသူ့ပညာကိုလူ ခိုင်းလိုက်မယ်”””’
””မဟုတ်ရင်မင်းမှာအန္တရယ်အကြီးကြီးဖြစ်နိုင်တယ်””’
ထိုဆရာကြီးဆေးကြောင့်မယားကြီးသက်သာပျောက်ကင်းသွားပေမဲ့မင်းဟန်စိတ်မအေးနိုင်ပေ
နောက်တစ်နေ့ညတွင်မင်းဟန်ထံသို့မယားငယ်ဖုန်းဆက်သည်အသံကမကျေနပ်သံ
””ရှင်ပြောတော့ရှင့်အမေအိမ်ခဏပြန်မှာဆို—–တစ်ပတ်၁၀ရက်ဆိုအခုတော့—–ရှင့်မယားကြီးနဲ့အကြည့်စိုက်နေတယ်ပေါ့—–ရှင်၃ရက်အတွင်းပြန်မလာရင်ကျွန်မအဆိုးမဆိုနဲ့”’
””အေးပါကွာ—အေးပါ””
မင်းဟန်မယားစကားကြားတော့မပြန်ပဲမနေရဲပေပြန်မှဖြစ်မည်မဟုတ်ရင်ဘာဖြစ်မလဲမတွေးရဲပေ
ဒီလိုနဲ့မင်းဟန်မယားငယ်ဆီပြန်လာရင်းတွေးလာမိသည်မယားငယ်အားဆရာကြီးဆီချော့ခေါ်သွားကာ
သူ့ပညာတွေလူ ခိုင်းမှသူနဲ့မယားငယ်ဇတ်လမ်းအေးမည်သူလဲအန္တရယ်ကင်းမည်ဖြစ်သည်။
သို့ပေမဲ့မယားငယ်သည်သူထင်သလိုမဟုတ်ပေဘယ်လိုမှစည်းရုံး၍ခေါ်မရပေ
ပတ်ဝန်းကျင်ကလူများကလဲသူ့မယားငယ်အားဝေးဝေးကရှောင်လာကြသည်။
သူမနှင့်ရန်ဖြစ်သူတိုင်းသူမကျိန်သလိုဖြစ်နေကြသည့်အတွက်ကွယ်ရာတွင်
မိစ္ဆာမလို့ခေါ်နေကြသလိုအာကြမ်းလျှာကြမ်းအလွန်နိုင်သဖြင့်မင်းဟန်တောင်ရန်မဖြစ်အောင်ရှောင်နေရသည်။
သူ့မယားငယ်ကလဲသူမအားလူတွေကြောက်ကြသည်ကိုအလွန်သဘောကျနေပုံရသည်
သူမပညာအားစွန့်လွှတ်ဘို့ပြော၍ရမည်မထင်သူမ~သိသလား~မသိသလား~မသိပေမဲ့
ပြောပြလိုက်မှပိုဆိုးသွားမှာသူကြောက်မိသည်ထိုင်နေအကောင်းသားထသွားမှကျိူ းမှန်းသိဆိုသလိုဖြစ်မှာစိုးသည်။
ကိုယ်ရှုးကိုယ်ပတ်ဆိုသလိုမယားငယ်ဆီကလွတ်လမ်းကလဲမမြင်ပေဘာလုပ်ရမှန်းမသိ
တစ်နေ့သူ့မယားငယ်သည်သူမအဖေဆုံး၍တခြားနယ်သိုပြန်ရလေသည်။
ထိုအခါမင်းဟန်ကအလုပ်အကြောင်းပြကာကျန်နေခဲ့လိုက်သည်သူ့စိတ်ထဲအလွန်ပျော်နေသည်
သူမယားငယ်မရှိတုန်းမယားကြီးဆီအပြေးသွားရန်စိတ်ကူးမိသည်အထက်လမ်းဆရာဆီလဲသွား၍
အကျိူ းအကြောင်းပြောပြကာသူအတွက်ကျိန်စာလွတ်ရန်အကာအကွယ်တောင်းမည်ဟုအကြံနှင့်ဖြစ်သည်။
သူ့မယားငယ်အိမ်ကထွက်ပြီးမကြာခင်သူလဲအိမ်ကထွက်ကာမယားကြီးဆီအပြေးပြန်လေသည်။
ကံဆိုးချင်တော့အရေးကြီးပစ္စည်းမေ့ကျန်ခဲ့၍အိမ်ပြန်ယူသောမယားငယ်သည်အိမ်ရောက်သော်
တံခါးပိတ်ထား၍မင်းဟန်အလုပ်ထဲလိုက်သွားရာခွင့်ယူသွားသည်ဆို၍ဒေါသဖြစ်ကာကျိန်လိုက်လေသည်။
””ငါ့ကိုလိမ်တဲ့အကောင်——လမ်းသွားရင်းကားမှောက်သေပါစေတော်—”’ ‘
ထိုသိုကျိန်ပြီးဒေါနှင့်မောနှင့်ထွက်သွားသောမင်းဟန်မိန်းမအားအလုပ်ထဲကလူများစိတ်ပျက်စွာကြည့်ရင်းကျန်ခဲ့လေသည်။
နောက်တစ်နေ့မှာတော့မင်းဟန်စီးသွားသောကားသည်လမ်းတွင်မှောက်၍မင်းဟန်တစ်ယောက်
နေရာတွင်ပွဲချင်းပြီးဆုံးသွားသည်ဆိုသောသတင်းပင်ဖြစ်လေသည်။
မင်းဟန်မယားငယ်ဆီကရာသက်ပန်လွတ်မြောက်သွားပြီဖြစ်သည်။
သို့ပေမဲ့သူမှာလွတ်မြောက်ရန်လမ်းမရှိသောနေရာလဲရှိနေသည်ကိုသူမသိရှာပေ
ပြီး
D Moe Moe

Zawgyi Version

ေဖာက္ျပန္သူ(စ/ဆံုး)
—————————-
မင္းဟန္အေဝးေျပးကားစီးလာရင္းအေတြးနယ္ခ်ဲ႕ လာသည္ကားမထြက္ခင္ေျပာလိုက္ေသာ
သူ၏ခ်စ္လွစြာေသာမယားငယ္စကားအားၾကားေယာင္ေနမိျပန္သည္။
””’ရွင္ကြၽန္မဆီကယူသြားတဲ့သနပ္ခါးတုံးေတြကို—-ရွင့္အေမေပးမယ္ဆိုလ့ိုေပးလိုက္တာ—–အကယ္၍မ်ားရွင့္မယားႀကီးေပးလို႔ကေတာ့—–သနပ္ခါးလိမ္းတဲ့ေနရာယားၿပီးအဖုေတြထြက္လာလိမ့္မယ္—–မယုံရင္စမ္းၾကည့္လိုက္ေလ”””
သနပ္ခါးတုံးေတြမယားငယ္ဆီကယူလာတုန္းကေတာ့မယားႀကီးေပးရန္ျဖစ္သည္မယားငယ္ကအကင္းပါးသည္
တစ္ကယ္ေတာ့မင္းဟန္တြင္မယားႏွစ္ေယာက္ရွိေနသည္ပန္းရံေခါင္းေဆာင္လုပ္ေသာ
မင္းဟန္ကသူ႔အလုပ္ထဲမွပန္းရံလာဆင္းေသာတင္တင္ဆိုေသာမိန္းကေလးႏွင့္
ခိုးရာလိုက္ေျပးလာျခင္းျဖစ္သည္အမွန္ေတာ့သူတို႔ႏွစ္ေယာက္လုံးတြင္အိမ္ေထာင္ကိုယ္ဆီရွိေနသည္။
မယားႀကီးႏွင့္ေဝးရာၿမိဳ႕တြင္ေနရင္းမင္းဟန္ပထမေတာ့သာယာေနသည္
ေနာက္ေတာ့မယားငယ္အားသူတေျဖးေျဖးေၾကာက္၍လာမိသည္။
သူယူထားေသာမယားငယ္သည္ပါးစပ္ကက်ိန္လိုက္တိုင္းျဖစ္၍ေနသည္ကိုသူသတိထားလာမိသည္။
တစ္ေန႔တြင္မင္းဟန္အလုပ္လုပ္ေသာဆိုက္ထဲမွသေဌးကမင္းဟန္တို႔အုပ္စုအားေဘာက္ဆူးေပးလိုက္သည္။
သူတို႔အုပ္စုဘယ္ေျပာေကာင္းမလဲအရက္ဆိုင္ေကာင္းေကာင္းတြင္အျမည္းေကာင္းေကာင္းႏွင့္အဝဆြဲလိုက္တာ
သေဌးေပးတဲ့ေဘာက္ဆူးအျပင္ရွိသမွ်ပိုက္စံကေလးပါအဆစ္ပါသြားခဲ့ေလသည္။
မိုးအေတာ္ခ်ဴပ္မွအိမ္သို႔သိုင္းကြက္နင္းကာျပန္လာေသာမင္းဟန္ကိုမယားငယ္ကပိုက္စံဆီးေတာင္းလိုက္သည္။
””’ကဲပါလာတဲ့ပိုက္စံေပး——အေႂကြးေပးစရာရွိတယ္””
””ကုန္ၿပီ—တျပားမွမပါလာေတာ့ဘူး””
ထိုအခါသူ႔မိန္းမသည္အလြန္ေဒါသထြက္စြာျဖင့္သူ႔အားက်ိန္လိုက္သည္။
””ရွင့္အရက္ေသာက္ၿပီးေနထမင္းမစားနဲ႔—–ရွင့္အရည္ေတြတညလုံးရွိသမွ်အေပါက္ကအန္ၿပီးမအိပ္ရပါေစနဲ႔ေတာ္—–””
သူမိန္းမက်ိန္စာသည္အလြန္ပင္စြမ္းသည္လားမသိပါမင္းဟန္တစ္ေယာက္အထက္လန္ေအာက္ေရွာျဖစ္ကာ
တညလုံးမအိပ္ရပဲေနာက္တစ္ေန႔ေဆးခန္းေရာက္သြားေလသည္။
ဒါဟာတိုက္ဆိုင္လို႔ျဖစ္တယ္ထင္ထားေပမဲ့ေနာက္တစ္ခါသူမိန္းမနဲ႔သူနဲ႔စကားမ်ားျပန္ရာက်ိန္ျပန္သည္။
ဒီတစ္ခါေတာ့သူငယ္ခ်င္းတစ္ေယာက္ကိုေငြေခ်းလိုက္တာျပန္မရ၍ထမင္းစားရင္းရန္ျဖစ္ၾကတာျဖစ္သည္။
””ရွင္အဲေလာက္ခ်စ္ေနရင္သူ႔ႏွမယူထားပါလားးးးးးးးဒါမွမဟုတ္ရွင့္ႏွမေပးထားပါလားးးးး””’
မယားငယ္စကားေၾကာင့္သူေဒါသထြက္ကာစားေနေသာထမင္းစာပြဲအားလွန္ပစ္လိုက္သည္။
””ဝုန္း”ထမင္းပြဲေမွာက္၍ထမင္းဟင္းမ်ားဖြာလန္က်ဲသြားေလသည္။
သူေဒါသျဖစ္ျဖစ္ႏွင္အိမ္ကထြက္လာခဲ့သည္ၾကာၾကာေနရင္လက္ပါမွာစိုးရသည္။
သို႔ေပမဲ့သူမိန္းမရဲ႕က်ယ္ေလာင္ေသာက်ိန္လိုက္သံကသူ႔ေနာက္ကပ္ပါလာသည္။
””ရွင့္ကအိမ္ထမင္းမစားခ်င္ေတာ့—-ရွင့္ေယာက္ဖနဲ႔ေထာင္ထမင္းေထာင္ဟင္းသြားစားၾကေပါ့””’
အဲဒီညကသူႏွင့္သူ႔သူ႔ငယ္ခ်င္းဆိုက္ထဲကပစၥည္းမ်ားေပ်ာက္မႈ႕ျဖင့္အဖမ္းခံရသည္။
ဘုမသိဘမသိျဖင့္အခ်ဴပ္ထဲ၃ရက္၄ရက္ေလာက္ေနၿပီးမွခိုးတဲ့သခိုးမိေလသည္။
မယားငယ္က်ိန္သလိုအခ်ဴပ္ထဲကေႂကြးေသာေထာင္ထမင္းဟင္းစားလိုက္ရသည္။
မင္းဟန္အဲဒီကထဲကမယားငယ္က်ိန္မွာေၾကာက္ေနမိသည္သူမ်ားကိုက်ိန္လဲသူက်ိန္ေနသလိုျဖစ္ေနတတ္သည္။
” ”’ ( )ၿမိဳ႕ေရာက္ပါၿပီဆင္းမဲ့ခရီးသည္မ်ားထြက္ထားၾကပါ””’
ကားစပယ္ယာအသံေၾကာင့္သူအေတြးျပတ္သြာသည္။
ဒီလိုနဲ႔သူဆင္းရမဲ့ၿမိဳ႕ေရာက္တာနဲ႔မယားႀကီးဆီတန္းသြားသည္သူ႔တြင္သမီးေလးလဲရွိေနေသးသည္မဟုတ္လား
သံေယာစဥ္ကအမွ်င္တန္းတယ္ေျပာေျပာသူေနာင္တရခ်င္ေနေပမဲ့ေဝခြဲရခက္ေနသည္။
သူမယားႀကီးအားေတာင္းပန္၍သမီးကိုေခၚကာသူ႔အေမအိမ္ခဏသြားလိုက္သည္။
သူျပန္လာေတာ့သနပ္ခါးအေဖြးသားနဲ႔မယားႀကီးအားေတြ႕လိုက္ရသည္။
””ကိုမင္းဟန္ရွင့္အိတ္ထဲကသနပ္ခါးတုံးေတြကကြၽန္မအတြက္မဟုတ္လားးးးးးအဲဒါကြၽန္မေသြးလိမ္းလိုက္တယ္ေမႊးသား””’
မယားႀကီးစကားေၾကာင့္သူလန႔္သြားမိသည္ဒီသနပ္ခါးတုံးကိုမယားငယ္က်ိန္စာတိုက္လိုက္တာ
သြားသတိရမိသည္သူလဲအေမအိမ္ယူသြားဘို႔ေမ့သြားျခင္းျဖစ္သည္ဒါေပမဲ့ဘာမွမျဖစ္ေလာက္လို႔သူထင္သည္။
ညဘက္မွာေတာ့မင္ဟန္ထင္တာလြဲေနသည္မယားႀကီးမ်က္ႏွာတစ္ခုလုံးယားသည္ဆိုကာကုတ္ေနသည္။
””မင္းဟန႔္—-ရွင့္သနပ္ခါးကဘာေတြလဲယားလိုက္တာ””
””’မင္းနဲ႔မတည့္ဘူးထင္တယ္မ်က္ႏွာျမန္ျမန္သြားသစ္လိုက္ပါလား”””
သူ႔မိန္းမလဲမ်က္ႏွာအေျပးအလႊားသစ္ေပမဲ့ခဏအတြင္းပင္မ်က္ႏွာတစ္ခုလုံးအင္ျပင္လို
အဖုေတြအပိန႔္ေတြထြက္လာကာနီရဲမို႔အစ္၍လာသည္မွာေၾကာက္စရာပင္ေကာင္းေတာ့သည္။
မင္းဟန္လဲအေတာ္လန႔္သြားသည္သူ႔မယားငယ္ကိုအစြမ္းကိုလဲအထင္မေသးရဲ
ဒါနဲ႔မိုးလင္းေတာ့မယားႀကီးအားေဆးခန္းသြားျပရသည္ဒါေပမဲ့သိပ္မသက္သာတာေၾကာင့္
အေရျပားအထူးကုဆီေျပးရျပန္သည္ေနာက္ဆုံးအထက္လမ္းဆရာႀကီးတစ္ဦးဆီေရာက္သြားၾကသည္။
အထက္လမ္းဆရာႀကီးကသူတို႔လင္မယားအားအရင္ဘုရားရွိခိုးကာအာ႐ုံခံၾကည့္ရာဝယ္
””’ေအာ္မင္းတို႔ကအနာတစ္ျခားေဆးတျခားျဖစ္ေနတာကြ—-‘တကယ္ေတာ့မင္းယူထားတဲ့မယားငယ္ဟာ——ဝမ္းတြင္းစုန္းတစ္ေယာက္ပဲကြဲ႕——
——သူေျပာတာက်ိန္တာေတြကတကယ္ျဖစ္ေနတဲ့ဝမ္းတြင္းစုန္းအာဏာစက္သူ႔မွာပါေနတယ္——မင္းကဝမ္းတြင္းစုန္းနဲ႔မွသြားပတ္သတ္မိသကိုးးးး——-”””
”’ ဒါဆိုကြၽန္ေတာ္ဘာဆက္လုပ္ရမလဲဆရာ—–ကြၽန္ေတာ္သူ႔ကိုဆက္မေပါင္းရဲေတာ့ဘူးးး—–ကြၽန္ေတာ့္ကိုကယ္ပါအုံးဆရာ—””
””အဲဒါမင္းအတြက္အိမ္ေထာင္ေရးေဖာက္ျပန္သူရဲ႕သင္ခန္းစာပဲကြ—–ဝမ္းတြင္းစုန္းေတြကသူတို႔ဝမ္းတြင္းစုန္းျဖစ္မွန္း—-
သိတဲ့သူရွိသလိုမသိတဲ့သူလဲရွိတယ္——–မင္းမယားငယ္ကမသိဘူးဆိုရင္ငါ့ဆီေခၚလာခဲ့ငါသူ႔ပညာကိုလူ ခိုင္းလိုက္မယ္”””’
””မဟုတ္ရင္မင္းမွာအႏၲရယ္အႀကီးႀကီးျဖစ္ႏိုင္တယ္””’
ထိုဆရာႀကီးေဆးေၾကာင့္မယားႀကီးသက္သာေပ်ာက္ကင္းသြားေပမဲ့မင္းဟန္စိတ္မေအးႏိုင္ေပ
ေနာက္တစ္ေန႔ညတြင္မင္းဟန္ထံသို႔မယားငယ္ဖုန္းဆက္သည္အသံကမေက်နပ္သံ
””ရွင္ေျပာေတာ့ရွင့္အေမအိမ္ခဏျပန္မွာဆို—–တစ္ပတ္၁၀ရက္ဆိုအခုေတာ့—–ရွင့္မယားႀကီးနဲ႔အၾကည့္စိုက္ေနတယ္ေပါ့—–ရွင္၃ရက္အတြင္းျပန္မလာရင္ကြၽန္မအဆိုးမဆိုနဲ႔”’
””ေအးပါကြာ—ေအးပါ””
မင္းဟန္မယားစကားၾကားေတာ့မျပန္ပဲမေနရဲေပျပန္မွျဖစ္မည္မဟုတ္ရင္ဘာျဖစ္မလဲမေတြးရဲေပ
ဒီလိုနဲ႔မင္းဟန္မယားငယ္ဆီျပန္လာရင္းေတြးလာမိသည္မယားငယ္အားဆရာႀကီးဆီေခ်ာ့ေခၚသြားကာ
သူ႔ပညာေတြလူ ခိုင္းမွသူနဲ႔မယားငယ္ဇတ္လမ္းေအးမည္သူလဲအႏၲရယ္ကင္းမည္ျဖစ္သည္။
သို႔ေပမဲ့မယားငယ္သည္သူထင္သလိုမဟုတ္ေပဘယ္လိုမွစည္း႐ုံး၍ေခၚမရေပ
ပတ္ဝန္းက်င္ကလူမ်ားကလဲသူ႔မယားငယ္အားေဝးေဝးကေရွာင္လာၾကသည္။
သူမႏွင့္ရန္ျဖစ္သူတိုင္းသူမက်ိန္သလိုျဖစ္ေနၾကသည့္အတြက္ကြယ္ရာတြင္
မိစာၦမလို႔ေခၚေနၾကသလိုအာၾကမ္းလွ်ာၾကမ္းအလြန္ႏိုင္သျဖင့္မင္းဟန္ေတာင္ရန္မျဖစ္ေအာင္ေရွာင္ေနရသည္။
သူ႔မယားငယ္ကလဲသူမအားလူေတြေၾကာက္ၾကသည္ကိုအလြန္သေဘာက်ေနပုံရသည္
သူမပညာအားစြန႔္လႊတ္ဘို႔ေျပာ၍ရမည္မထင္သူမ~သိသလား~မသိသလား~မသိေပမဲ့
ေျပာျပလိုက္မွပိုဆိုးသြားမွာသူေၾကာက္မိသည္ထိုင္ေနအေကာင္းသားထသြားမွက်ိဴ းမွန္းသိဆိုသလိုျဖစ္မွာစိုးသည္။
ကိုယ္ရႈးကိုယ္ပတ္ဆိုသလိုမယားငယ္ဆီကလြတ္လမ္းကလဲမျမင္ေပဘာလုပ္ရမွန္းမသိ
တစ္ေန႔သူ႔မယားငယ္သည္သူမအေဖဆုံး၍တျခားနယ္သိုျပန္ရေလသည္။
ထိုအခါမင္းဟန္ကအလုပ္အေၾကာင္းျပကာက်န္ေနခဲ့လိုက္သည္သူ႔စိတ္ထဲအလြန္ေပ်ာ္ေနသည္
သူမယားငယ္မရွိတုန္းမယားႀကီးဆီအေျပးသြားရန္စိတ္ကူးမိသည္အထက္လမ္းဆရာဆီလဲသြား၍
အက်ိဴ းအေၾကာင္းေျပာျပကာသူအတြက္က်ိန္စာလြတ္ရန္အကာအကြယ္ေတာင္းမည္ဟုအႀကံႏွင့္ျဖစ္သည္။
သူ႔မယားငယ္အိမ္ကထြက္ၿပီးမၾကာခင္သူလဲအိမ္ကထြက္ကာမယားႀကီးဆီအေျပးျပန္ေလသည္။
ကံဆိုးခ်င္ေတာ့အေရးႀကီးပစၥည္းေမ့က်န္ခဲ့၍အိမ္ျပန္ယူေသာမယားငယ္သည္အိမ္ေရာက္ေသာ္
တံခါးပိတ္ထား၍မင္းဟန္အလုပ္ထဲလိုက္သြားရာခြင့္ယူသြားသည္ဆို၍ေဒါသျဖစ္ကာက်ိန္လိုက္ေလသည္။
””ငါ့ကိုလိမ္တဲ့အေကာင္——လမ္းသြားရင္းကားေမွာက္ေသပါေစေတာ္—”’ ‘
ထိုသိုက်ိန္ၿပီးေဒါႏွင့္ေမာႏွင့္ထြက္သြားေသာမင္းဟန္မိန္းမအားအလုပ္ထဲကလူမ်ားစိတ္ပ်က္စြာၾကည့္ရင္းက်န္ခဲ့ေလသည္။
ေနာက္တစ္ေန႔မွာေတာ့မင္းဟန္စီးသြားေသာကားသည္လမ္းတြင္ေမွာက္၍မင္းဟန္တစ္ေယာက္
ေနရာတြင္ပြဲခ်င္းၿပီးဆုံးသြားသည္ဆိုေသာသတင္းပင္ျဖစ္ေလသည္။
မင္းဟန္မယားငယ္ဆီကရာသက္ပန္လြတ္ေျမာက္သြားၿပီျဖစ္သည္။
သို႔ေပမဲ့သူမွာလြတ္ေျမာက္ရန္လမ္းမရွိေသာေနရာလဲရွိေနသည္ကိုသူမသိရွာေပ
ၿပီး
D Moe Moe