ဘီလူးတစ်ပိုင်းအရူးတစ်ပိုင်း(စဆုံး)

Unicode Version

ဘီလူးတစ်ပိုင်းအရူးတစ်ပိုင်း(စဆုံး)
—————————————–
မိုးတွေအုံ့နေသည်။ ကောင်းကင်၌ မိုးတိမ်မိုးသားများက ‌နေရောင်ခြည်ထိုးမဖောက်နိုင်အောင် ‌နေရာအပြည့်ယူလိုက်ကြ၏။ ထို့နောက်တွင် မိုးပေါက်ကလေးများအရင်ကျလာကာ တဖြည်းဖြည်း သည်းထန်စွာမိုးများရွာသွန်းတော့လေ၏။ မိုးများရွာသွန်းနေသည့် နေ့လယ်ပိုင်းအချိန်အခါ၌ ကန်တော်လေးကျေးတော်ရွာသား မုဆိုးကြီးဦးဘကောင်းတစ်‌ယောက် တောထဲရှိနေချိန်ဖြစ်လေ၏။ ဦးဘကောင်းသည် မိုးမရွာနိုင်ဘူးဟုကောက်ချက်ချ၍ အမဲပစ်ထွက်လာခဲ့ရာမှ ရာသီဥတုဖောက်ပြန်ပြီး ရွာချလိုက်သောမိုးကြောင့် တောထဲ၌ ခိုစရာမရှိ၊ နားစရာမရှိ ဒုက္ခရောက်နေရ၏။ ဦးဘကောင်းသည် လက်ထဲကဒူးလေးကိုကျော၌လွယ်လိုက်ကာ မိုးခိုလို့ရမည့်အပင်ကောင်းကောင်း တစ်ပင်ကိုလိုက်ရှာနေ၏။ ဦးဘကောင်းသည် အပင်ကြီးတစ်ပင်ကိုတွေ့ရှိသွားကာ ထိုအပင်အောက်သို့ဝင်မည်အပြု ချုံတွေနွယ်တွေထူထပ်စွာ ဖုံးအုပ်နေသည့် ဂူတစ်လုံးကို အမှတ်တမဲ့တွေ့ရှိသွားခဲ့သည်။
ထိုဂူအား ဤတောထဲ၌ သူတစ်ခါမျှမမြင်တွေ့ခဲ့ဖူးပေ။ ယခုမှတွေ့ရခြင်းသည် ထူးဆန်းနေ၏။ သို့သော်လည်း ဦးဘကောင်းတစ်ယောက် ကြာကြာမစဉ်းစားနိုင်၊ မိုးခိုမည့်အရေးကိုသာ ဂရုစိုက်နေသောကြောင့် ချုံနွယ်များကို အတင်းတိုးကာ ဂူထဲကိုဝင်လာခဲ့၏။ အပြင်ကနေကြည့်ပါက ဂူကိုချုံနွယ်တွေဖုံးအုပ်ထားသော်လည်း ဂူအတွင်း၌ မြက်တစ်ပင်တောင် ပေါက်ရောက်ခြင်းမရှိတာကို ထူးဆန်းစွာမြင်တွေ့လိုက်ရ၏။ ဦးဘကောင်းသည် သူ၏ခန္ဓာကိုယ်မှ ရေများကို ခါချလိုက်ကာ ဂူအတွင်းကိုလှည့်ပတ်ကြည့်မိ၏။ ဂူသည် သိပ်တော့မကျယ်ဝန်းလှပေ။ လူတစ်ရပ်အမြင့်ရှိကာ အလျားလိုက်ဆယ်ပေခန့်ရှိ၍ အနံမှာခုနှစ်ပေခန့်သာရှိမည်ဟု ကောက်ချက်ချမိလိုက်၏။ သို့သော် အတိအကျတော့မဟုတ်လှ။
ထိုစဉ် သူ၏‌ဗိုက်သည် တဂွီဂွီမြည်ကာ ဆာလာခဲ့၏။ နံနက်က ထမင်းကြမ်းကိုအဝစားလာခဲ့သော်လည်း ယခုမူ နေ့လယ်အချိန်ကျော်လာသောအခါ ဗိုက်ကဆာလောင်လာ၏။ တောတက်ပါက ထမင်းထုပ်တတ်သည့် အကျင့်မရှိပေ။ နံနက်စာကိုအိမ်မှာသာစား၍ နေ့လယ်စာကို သူပစ်လို့မိသည့်သားကောင်၏အသားကိုသာ စားပေ၏။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိနေ‌သူပေမို့ ယနေ့လည်းနေ့လယ်စာကို ရမည့်သားကောင်အား စားသောက်ပါမည်ဟုတွေးထားသော်လည်း နံနက်ကတည်းက သားကောင်မတွေ့သေးပေ။ သည်ကြားထဲ အဖျက်မိုးကြောင့် မိုးခိုမည့်နေရာရှာရင်း ပြေးလွှားခဲ့တာ‌မို့ ဗိုက်ကအလွန်အမင်းဆာလောင်လာ၏။ အနီးအနားကို မျက်လုံးကစားကြည့်သော်လည်း စားလို့ရမည့် သစ်သီးသစ်ဥအပင်ဟူ၍ မတွေ့ရ။ စိတ်ဓာတ်များကျသွားကာ ဂူနံရံကို မှီ၍ထိုင်ချလိုက်ချိန် ဝုန်းခနဲဆိုသလို သူ၏ကျောဘက်က ဂူနံရံကကျောက်တုံးတစ်တုံးသည် အထဲကိုကျွံဝင်သွားကာ တကျွီကျွီနှင့် ဆူညံနေသည့်အသံများကိုကြားလိုက်ရ၏။
မုဆိုးပီပီ ရောက်လာမည့်အန္တာရယ်ကို ရင်ဆိုင်ရန် ခါးကြားကဓားမြှောင်ကို အဆင်သင့်ဆွဲထုတ်ထားလိုက်၏။ သက်ရှိလူတစ်ဦးမျှပေါ်မလာသော်လည်း ဂူအဆုံးနားကမြေကြီးက ဘေးကိုရွေ့လျားသွားကာ လှေခါးထစ်များပေါ်လာတာကို သူတွေ့သွား၏။ သတိဝီရိယရှိရှိဖြင့် အနီးကပ်တိုးကြည့်သော်လည်း မည်သည့်အန္တာရာယ်မှမရှိတာကြောင့် ခါးကြားထဲကို ဓားမြှောင်ပြန်ထိုးလိုက်၏။ အောက်ကိုဆင်းဖို့ ပြုလုပ်ထားသည့် လှေကားကိုကြည့်ကာ ဆင်းကြည့်ရန် သင့်မသင့် သူစဉ်းစားနေခဲ့၏။ သို့သော်လည်း လူ့စိတ်သဘောသဘာဝအရ စူးစမ်းတတ်ကြသည်ပေမို့ ဦးဘကောင်းသည်လည်း သတိဝီရိယရှိရှိဖြင့် အောက်ကိုဆင်းလာခဲ့လေ၏။
အောက်မြေသားလမ်းသည် လူတစ်ကိုယ်စာသွားလို့ရရန်သာ ကျယ်ဝန်းပေ၏။ မြေသားလမ်းအတိုင်း လျှောက်လာခဲ့ရာတွင် နောက်ဆုံး၌ လေးထောင့်အခန်းကြီးတစ်ခုထဲကို ရောက်သွားခဲ့၏။ ထိုအခန်းကြီးထဲ၌ မတ်တပ်ရပ်ကာ သန်လက်ထမ်းထားကြသော ဘီလူးရုပ်ကြီးလေးခုက ထောင့်လေးခု၌ရှိနေ၏။ အခန်း၏အလယ်၌ အလွန်ကြီးမားသော သေတ္တာကြီးတစ်လုံးကလည်းရှိနေ၏။ သေတ္တာကို သံကြိုးများ၊ အပ်ချည်ကြိုးများနှင့် ရစ်ပတ်ထားသလို သေတ္တာကိုယ်ပေါ်၌လည်း စမအက္ခရာဟုထင်ရသည့်အရာများကို ရေးဆွဲထားလေ၏။ ဦးဘကောင်းက သေတ္တာကိုလှည့်ပတ်ကြည့်လိုက်ရာ သေတ္တာ၏အနောက်၌ စင်ကလေးတစ်ခုပေါ်တွင် တင်ထားသည့် အသားတစ်တုံးကိုတွေ့ရှိသွား၏။
သူ၏မျက်လုံးများ ဝင်းလတ်သွားကာ ထိုအနားကိုတိုးကပ်သွားချိန်၌ သေတ္တာကသံကြိုးများ လှုပ်ခတ်သွားကာ အသံနက်ကြီးဖြင့်အော်လိုက်သည့်အသံကိုလည်း ကြားလိုက်ရ၏။ ဦးဘကောင်းတစ်ယောက် မကြောက်တတ်သော်လည်း ထူးဆန်းသည့်နေရာတစ်ခုမှာ ရောက်ရှိနေတာကြောင့် အနည်းငယ်လန့်မိသွားကာ ပြန်ထွက်မည်အပြု အသားတုံးကိုကြည့်၍ နှုတ်ခမ်းကိုသပ်ကာ စိတ်ကိုဒုံးဒုံးချပြီး အသားကိုယူ၍ ပြေးထွက်သွားလေ၏။ ထိုအသားတုံး၏အောက်က စင်ပေါ်၌ စလုံးမဲကြီးများနှင့် ရေးသားထားသည့် “ခုတ်ထစ်ထားသည့် ယက္ခ၏အသားအား စားသောသူသည် သေတန်သော်လည်းမသေ၍ စရိုက်ဆိုးကာ ဘီလူးတစ်ပိုင်းအရူးတစ်ပိုင်း ဖြစ်ရော့လတ္တံ”ဟူသော စာသားအားတွေ့ခဲ့ပါက ထိုအသားတုံးအား ဦးဘကောင်းယူပြေးမှာ မဟုတ်နိုင်ပေ။
&&& &&&
ညတွင်ချမ်း၍ နေ့တွင်ပူသော တပေါင်းလရဲ့အချိန်အခါကလေး၌ သဲပုံစေတီကလေးများလုပ်ကာ ပူဇော်ကြသည့်မြန်မာတို့၏ထုံးတမ်းအစဉ်အလာရ ဘုရားကျောင်းကန်သိမ်ဇရပ်နှင့် ချောင်းရေမြစ်ရေတို့၏ အနီးတဝှိုက်မှာ သဲပုံစေတီကလေးများကို မြင်တွေ့နေရ၏။ သဲပုံစေတီကလေးတစ်ခု၏ မနီးမဝေးက ဇရပ်တစ်ခုပေါ်၌ အင်းဖယောင်းတိုင်များထွန်း၍ ယောဂီဝတ်နှင့်လူသုံးဦးဟာ အေးချမ်စွာတရားရှူ့မှတ်နေကြလေ၏။ ထိုသူတို့သည် ပါရမီရှင်မောင်သူရဟုခေါ်သော အထက်လမ်းဆရာကလေးနှင့် သူ့ဆီ၌ ပညာခံသင်ယူနေကြသော ညီအစ်ကိုနှစ်ဦးဖြစ်သည့် စောသနှင့်ခွန်းသတို့ပင် ဖြစ်လေတော့၏။ အရုဏ်တက်ချိန်၌ တိုက်ခိုက်လာသော လေတချို့ကြောင့် ဖယောင်းတိုင်မီးကလေးများ ရိမ်းခါသွားချိန်၌ သူရတစ်ယောက် တရားဖြုတ်၍ ဇရပ်ပေါ်ကနေဆင်းကာ စင်္ကြန်လျှောက်နေလေ၏။
ထိုအချိန်၌ ညဉ့်ငှက်ဆိုးတစ်ကောင်၏ ငှက်ဆိုးထိုးသံကိုကြားလိုက်ရကာ တဘုန်းဘုန်းနှင့် လမ်းလျှောက်လာသည့် အသံကိုလည်းကြားလိုက်ရ၏။ သူရက အသံကိုနားစွင့်၍ကြည့်မိသောအခါ ထန်းပင်လောက်ရှိသည့်အရပ်ကြီးနှင့် ပြူးကျယ်ထွက်နေသောမျက်လုံးနီကြီးများနှင့် အစွယ်နှစ်ချောင်းကို အထင်းသားမြင်နေရသည့် သဘက်ကြီးတစ်ကောင်က သူရဆီကိုလျှောက်လှမ်းလာနေလေ၏။ သူရသည် လယ်ကွင်းများဘက်ကနေ လျှောက်လှမ်းလာနေသော သဘက်ကြီးကိုကြည့်၍ တည့်တည့်ရပ်နေခဲ့၏။ သဘက်ကြီးက သူ၏အနားကိုရောက်ချိန်၌ ဒူးထောက်ထိုင်ချကာ လက်အုပ်ချီ၍ သူရကိုကြည့်လေ၏။
”ကွင်းပိုင်ကြီးစံမဲက ကျွန်တော့်ဆီ ဘယ်အရေးကိစ္စရှိလို့ လာတွေ့ရတာလဲ။”
“အရေးကိစ္စကြီးတာမလို့ ဆရာလေးသူရဆီ အကူညီလာတောင်းရတာပါ။ ကန်တော်လေးကျေးရွာဆိုတဲ့ရွာတစ်ရွာမှာ ဘီလူးတစ်ပိုင်းအရူးတစ်ပိုင်း ဖြစ်နေရှာတဲ့ မုဆိုးကြီးဦးဘကောင်းဆိုတာရှိပါတယ်။ သူကအခုတောထဲမှာ နေထိုင်စားသောက်ရင်းကနေ တောထဲလာတဲ့လူမှန်သမျှကို သတ်ဖြတ်စားသောက်နေပါတယ်။ တစ်နေ့တော့ အဲဒီလူက ကျွန်ုပ်ပိုင်နက်ဖြစ်တဲ့ကွင်းပြင်ထဲကိုရောက်လာပြီး ကွင်းထဲမှာကောက်သိမ်းနေကြတဲ့ လူတွေကိုအကုန်သတ်ပြစ်လိုက်တယ်။ ကျွန်ုပ်လည်း အောက်လက်ငယ်သားတွေအသိပေးမှုကြောင့်သိရှိပြီး သူ့ကိုသွားဆုံးမခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တန်ခိုးဣဒ္ဓိက ကျွန်ုပ်ထက် ပိုစွမ်းနေတာကြောင့် မနိုင်ပါဘူး။ အထက်ပိုင်ရာဆိုင်ရာတွေကို တိုင်တန်းတဲ့အခါမှာလည်း ဆရာလေးသူရကိုအကူညီတောင်းဖို့ ပြောလိုက်ကြလို့ ဆရာလေးဆီအကူညီလာတောင်းတာပါ။ ဒီဦးဘကောင်းက အခုအတော်ဆိုးနေပါပြီ။ သူ့ရဲ့အသိစိတ်လွတ်သွားတဲ့အချိန်မှာ ရွာထဲကိုဝင်ပြီး မြင်တဲ့သက်ရှိမှန်သမျှကိုသတ်ဖြတ်စားသောက်နေတယ်။”
“အင်း။ ကျွန်တော် ကူညီပေးပါ့မယ်။ ကန်တော်လေးရွာရှိမဲ့အရပ်ကို ပြောပါကွင်းပိုင်ကြီးစံမဲ။”
“ဒီကနေ မြောက်စူးစူးအရပ်ကိုသွားရင် ကန်တော်ကြီးရွာကိုတွေ့ရပါလိမ့်မယ်။ အဲဒီရွာထဲကနေဖြတ်ပြီး အနောက်ဘက်အတိုင်း ရှစ်မိုင်ခန့်သွားရင် ကန်တော်လေးရွာကိုတွေ့ပါလိမ့်မယ်ဆရာလေး။”
“ကောင်းပါပြီ ဒါဆိုရင် သင်စိတ်ချလက်ချပြန်ပါတော့။”
“ဆရာလေးအကူညီလိုအပ်တဲ့အခါ ကျွန်ုပ်ကိုတလိုက်ပါ။ ကျွန်ုပ်ချက်ချင်းအရောက်လာခဲ့ပါ့မယ်။”
သူရက ကွင်းပိုင်ကြီးစံမဲကိုခေါင်းညိမ့်ပြအပြီးမှာတော့ ဇရပ်ပေါ်ကိုပြန်တက်ကာ အိပ်စက်အနားယူခဲ့လေ၏။ သူရသည် အိပ်ပျော်သွားချိန်၌ အိပ်မက်တစ်ခုအား မက်လေ၏။ နန်းဆောင်ကြီးတစ်ခုအား မြင်တွေ့ရကာ အတွင်းထဲ၌ ဘုန်းကံမြင့်မားသော ရှင်ဘုရင်တစ်ဦးသည် သူ၏ရှေ့တော်မောက်က ရာဇဝတ်သားတစ်ဦးအား တရားစီရင်နေလေ၏။
“လူအများကိုအကြောင်းမဲ့သတ်၍ လူသားကို စားသုံးနေသည်မှာ သေချာပါသလော မောင်မင်းယက္ခ။”
ကြိုးတုပ်ကာ ရဲမက်များဝန်းရံထားခံရသည် အလယ်ကလူသည် ခေါင်းကိုငုံ့၍..
“မှန်ပါ အရှင်မင်းကြီးဘုရား။ ကျွန်တော်မျိုးသည် မင်းခယောက်ျားစစ်စစ်ဖြစ်သောကြောင့် ဟုတ်မှန်ကြောင်းကိုဝန်ခံပါသည်။ သို့သော်လည်း ကျွန်တော်မျိုးအဘယ့်ကြောင့် ဤကဲ့သို့လုပ်နေရသည်ကိုတော့ လျှောက်ထားခွင့်ပြုပါဘုရား။”
“သင်၏အပြစ်ကိုဝန်ခံရဲတဲ့သတ္တိကို ငါကိုယ်တော်မြတ်အသိမှတ်ပြုတဲ့အနေနဲ့ သင်လျှောက်တင်ချင်တာကိုခွင့်ပြုသဟဲ့။”
“မှန်ပါ ကျွန်တော်မျိုးသည် ငယ်စဉ်အခါက လေတိုက်ရင်လွင့်ပါသွားမည်ကိုတောင် ကြောက်ရသည်အထိသာ ထွားကြိုင်းလှပါတယ်ဘုရား။ အမိအဖနှစ်ဦးက ဆေးသမားတော်တို့ကို ပြသခဲ့သော်လည်း အဖြေမပေါ်ပဲရှိခဲ့ကာ ဗေဒင်ဆရာကြီးဦးပိန်နထံမေးခဲ့ရာမှာ အသွေးအသားက အသားတစ်မျိုးကို တောင့်တနေတယ်လို့ပြောခဲ့ပါတယ်ဘုရား။ အသားတွေစုံအောင် စားခဲ့သော်လည်း ခန္ဓာကိုယ်က မထူးခြားတာဖြစ်လို့ နောက်ဆုံးလူသားစတင်စမ်းစားကြည့်ရာကနေ ယခုလိုထွားကြိုင်းသန်မာလှတဲ့ မင်းခယောက်ျားအဖြစ်ကိုရောက်ရှိခဲ့ပါတယ်ဘုရား။ သို့သော်လည်း လူသားကိုအင်မတန်ကြိုက်နှစ်စွဲလမ်းသွားပြီး ယခုကဲ့သို့စားသုံးနေရခြင်းဖြစ်ပါတယ်။”
“တယ် သင့်လိုဇာတ်တူသားကြိုက်တဲ့သူကို ငါကိုယ်တော်မြတ်အလွန်မုန်းတီးသဟေ့။ သို့သော်လည်းပဲ သင်၏ထွားကြိုင်းသောကိုယ်ခန္ဓာနှင့် သတ္တိတို့ကြောင့် စစ်တိုက်သည့်အခါမှာ ရှေ့ဆုံးကနေထိုးဖောက်တိုက်ဖို့ သင့်အားငါတာဝန်ပေးမည်။ လူသားစားသုံးခြင်းကိုလည်း ရာသက်ပန်စွန့်လွှတ်ရမယ်။ ငါ၏အမိန့်ကိုငြင်းဆန်ခဲ့ရင်တော့ သင့်အားယခုပင်ကားစင်တင်၍ တံစို့ထိုးသတ်ရလိမ့်မည်။”
“မှန်ပါ အရှင်မင်းကြီး၏ ဂရုဏာကြီးမားလှပါတယ်။ ကျွန်တော်မျိုးသည် အရှင်မင်းကြီး၏ အမိန့်တော်ကိုနာခံလျှက်ရှိကြောင်းပါ။ ကျေးဇူးကြီးလှပါတယ်ဘုရား။”
ဤသို့ဖြင့် မင်းယက္ခသည် သူ၏ထွားကြိုင်းသန်မာလှသောကိုယ်ခန္ဓာနှင့် စစ်တိုက်သည့်အခါ၌ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ပွဲများအောင်နိုင်ခဲ့၏။ မင်းယက္ခသည် တစ်ဖက်ရန်သူတော်တို့၏အလောင်းကောင်တို့မှ ခြေလက်စသည့် ကိုယ်ခန္ဓာများကို အခြားလူများမသိအောင် ခုတ်ထစ်ယူ၍ စားသုံးလာခဲ့၏။ နောင်အခါများ၌ မင်းယက္ခသည် တစ်ကိုယ်လုံးအမွှေးအမှင်များထူထည်စွာပေါက်လာကာ လက်သည်ခြေသည်းများရှည်လာခဲ့၏။ မျက်လုံးများကလည်းနီရဲလာကာ တစ်ချက်ချက်အသိစိတ်လွတ်ကာ အချင်းချင်းပြန်တိုက်ခိုက်လေ၏။ ထိုသတင်းသည် ရှင်ဘုရင်၏ရွှေနားတော်သို့ ပေါက်ကြားသောအခါ မင်းယက္ခကိုစစ်မေးပြန်၏။ မင်းယက္ခသည် ဤတစ်ခါ၌ ရှင်ဘုရင်အား မချေမငံပြန်လုပ်သောကြောင့် မင်းယက္ခအား ကားစင်တင်၍ သတ်ကြလေ၏။
သို့သော် မင်းယက္ခ၏ အသားသည် လှံမတိုးဓားမပေါက်သောကြောင့် ရဲမက်များ အံ့ဩသွားကြ၏။ ရှင်ဘုရင်အား ပြန်လျှောက်သောအခါ မီးရှို့သတ်ခိုင်းသောကြောင့် သတ်ပါသော်လည်း မင်းယက္ခ၏ ခန္ဓာကိုယ်သည် မည်းတူး လောင်ကျွမ်းသာသွားခဲ့၏။ အသက်မသေပေ။ ရှင်ဘုရင်အားပြန်လည်လျှာက်တင်သောအခါ ရှင်ဘုရင်သည် နန်းတွင်းပညာသည်များကိုခေါ်၍ စီရင်ခိုင်းလေ၏။ နန်းတွင်းပညာသည်များသည် မင်းယက္ခ၏အပေါ်အနည်းငယ်မကျေနပ်ဖြစ်နေတာများ ရှိဖူးတာကြောင့် မင်းယက္ခအား လက်စားချေကြလေ၏။ ချက်ချင်းသတ်ပါက သေမည့်အဖြစ်ကိုမလိုလားသောကြောင့် လူသားအစားများကာ မကောင်းဆိုးဝါးဝင်ပူး၍ မည်သည့်လက်နက်နှင့်မျှသတ်မရပဲ အစီအရင်တို့နှင့် ပိတ်လှောင်ထားမှ ရမည်ဖြစ်ကြောင်း ရှင်ဘုရင်ကိုလိမ်လည်လျှောက်တင်ခဲ့၏။
ရှင်ဘုရင်သည်လည်း သင့်တော်သလိုစီရင်ခိုင်းကာ မျက်နှာလွဲှ၍နေခဲ့လေ၏။ ထိုပညာသည်များသည် ဂူတစ်လုံးအောက်၌ မြေအောက်ကျင်းတစ်ခုလုပ်လိုက်ကြ၏။ ထောင့်များ၌ ဘီလူးလေးရုပ်ကို မတ်တပ်ရပ်ကာသန်လက်ထမ်းထားကြသော ပုံစံလုပ်၍ထားကြလေ၏။ ထို့နောက် သေတ္တာကြီးတစ်လုံးကိုယူ၍့အင်းစမများရေးဆွဲလိုက်ကြ၏။ ရဲမက်များကို အပြင်ကိုထွက်ခိုင်းကာ မင်းယက္ခအားဒူးထောက်ထိုင်ခိုင်း၍ အစီအရင်ဓားတစ်လက်နှင့် မင်းယက္ခ၏ ဝမ်းဗိုက်အသားကိုလှီးထုတ်ပြီး မီးတိုင်ပေါ်ထည့်ကင်ပြလိုက်၏။
“မောင်မင်းယက္ခ အသင့်လိုလူမိုက်အား ကျွန်ုပ်တို့ယခုပင်သတ်လိုက်လို့ရသော်ငြားလည်း အသင့်ရဲ့ရက်စက်ယုတ်မာမှုတွေကြောင့် နှစ်ပေါင်းများစွာဒီသေတ္တာထဲမှာ ပိတ်လှောင်ပြီးနေပေတော့။ အသင်ဟာ သူတစ်ပါးအသားကို စားသုံးရတာကြိုက်နှစ်သက်သူပေမို့ အသင့်ရဲ့ဟောဒီအသားကို တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်ကပြန်လည်စားသုံးခံရဖို့ကျွန်ုပ်တို့ထားခဲ့မယ်။ အသင်ဟာ လူစင်စစ်ကနေ ဘီလူးသဘက်အဖြစ်ပြောင်းသွားတာကြောင့် နှစ်ပေါင်းများစွာ သေမှာမဟုတ်ပဲ သေတာထက်ဆိုးသည့် ဒုက္ခဝေဒနာကိုခံစားစေရမယ်။ သင့်ရဲ့အသားကိုစားမိသူကိုလည်း ကျွန်ုပ်တို့ဟာ အသင့်လိုဘီလူးတစ်ပိုင်းအရူးတစ်ပိုင်းဖြစ်အောင်ကျိန်စာတိုက်ခဲ့မယ်။ အဲဒီသူက သူဒီအသားကိုစားမိလို့ဖြစ်တာဆိုပြီး သင့်ကိုအမြဲကျိန်ဆဲနေလိမ့်မယ်။ ဒါတွေဟာ သင်ခံရမဲ့ဒုက္ခတွေပဲ။ ဟဲ့အပြင်ကရဲမက်တွေ လာကြစမ်း ဒီသကောင့်သားကိုသေတ္တာထဲကန်သွင်းကြစမ်း။”
မင်းယက္ခအား သေတ္တာထဲထည့်၍ ပိတ်လှောင်အကျဉ်းချခဲ့ကြလေ၏။ ဤသို့ဖြင့် ရာစုနှစ်ပေါင်းများအကြာ၌ မုဆိုးတစ်ဦးဟာ မိုးခိုရင် ထိုအသားတုံးအား စားသုံးမိသွားတာကို သူရတစ်ယောက် မြင်မက်ခဲ့လေ၏။ ထိုစဉ်သူ၏ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်လာထိသလိုခံစားရ၍ မျက်ခွံလွှာကို အသာအယာဖွင့်ကြည့်သောအခါ စောသနှင့်ခွန်းသက သူ၏ဘေး၌ထိုင်နေကြလေ၏။
“ဆရာ နေသိပ်မကောင်းဘူးလား။”
“ဘာလို့လဲခွန်းသရဲ့ ငါနေကောင်းပါတယ်။”
“ပုံမှန်ဆိုဆရာက ဒီအချိန်အထိမအိပ်တတ်ဘူးလေ… အခု နေကထန်းတစ်ပင်နီးပါးရှိပြီလေဆရာရဲ့ ကျွန်တော်တို့က စိတ်ပူသွားလို့ပါ။”
သူရက ပါးချိုင့်ကလေးများပေါ်သည်အထိပြုံးလိုက်ကာ..
“အမြင်အာရုံတစ်ခုကို မြင်မက်နေလို့ ငါမထသေးပဲနေနေတာပါ။ စိတ်မပူကြနဲ့။ ငါတို့အခုရွာတစ်ရွာသွားကူညီပေးရမယ် ဒီတစ်ခါလည်း မင်းတို့အတွက်ထူးဆန်းတာတစ်ခုကြုံရအုံးမယ်ထင်တယ်။”
ဤသို့ဖြင့် သူရတို့ဆရာတပည့်သုံးဦးသည် မြောက်ဘက်အရပ်ကိုဦးတည်ကာ ခရီးထွက်လာခဲ့ကြလေ၏။ ခရီးသည် ထင်သလောက် ခရီးမပေါက်ပေ။ ကွင်းပိုင်ကြီးစံမဲ၏စကားအရ ကန်တော်ကြီးရွာထဲကနေဖြတ်၍ အနောက်ဘက်အတိုင်းရှစ်မိုင်ခန့်သွားမှသာ ကန်တော်လေးရွာကို ရောက်ပေလိမ့်မည်။ ဤသို့ဆိုလျှင်ဖြင့် နှစ်ညတန်၊ သုံးည ကြာအုံးမည်ဆိုတာကို သူရတွေးတောမိလိုက်၏။ သူရသည် စိတ်အစဉ်ကနေ “အင်း…. ဝဋ်ကြွေးရှိသူတွေကတော့ ဝဋ်ကြွေးဆပ်ကြရတော့မယ်။”ဟု ရေရွတ်မိလိုက်လေ၏။
&&& &&&
ကန်တော်လေးကျေးရွာ ဟု ကပ္ပည်းထိုးထားသော ရွာလေး၌ အိမ်ခြေပေါင်း၂၀၀ကျော်ခန့်သာ နေထိုင်၍ လယ်ယာမြေအလုပ်ကိုသာ အဓိကထားပြီးအသက်မွေးဝမ်းကြောင်းပြုနေသော ရွာတစ်ရွာဖြစ်သည်။ ထိုရွာကလေး၌ လွန်ခဲ့သောရက်ပိုင်းအတွင်းက အိမ်တစ်အိမ်တွင် သက်ကြီးခေါင်းချချိန်လောက်က ခန္ဓာကိုယ်ထွားကြိုင်းသန်မာပြီး အစွယ်နှစ်ချောင်းအပြင်ကိုငေါ့ထွက်နေသော လူတစ်ယောက်က အိမ်ဝန်းတံခါးကိုဆောင့်ကန်ဖျက်စီး၍ ဝင်လာခဲ့ကာ တစ်အိမ်လုံးကိုရစရာမရှိအောင် ချိုးဖဲ့ဖျက်စီးပြီး အိမ်သူအိမ်သားများကို ဇက်ကိုလိမ်ချိုး၍တစ်ဖုံ၊ လည်ပင်းကိုအစွယ်ဖြင့်ကိုက်၍တစ်ဖုံ၊ ဦးခေါင်းတစ်ခုလုံးရစရာမရှိအောင် ခြေဖြင့်နင်းခြေသတ်၍တစ်ဖုံ ရက်ရက်စက်စက်သတ်ကာ အလောင်းများကိုလည်း ဟိုတစ်စဒီတစ်စ ကိုက်ဖဲ့စားသောက်သွားသောကြောင့် အလောင်းများ၏ခန္ဓာကိုယ်မှာ အစွယ်ရာအကြီးကြီးတွေကိုမြင်တွေ့ရ၏။
ထိုကနေ့ညက သေဆုံးသည့်သူများနေအိမ်က အော်သံ၊ ဟစ်သံများကြောင့် ရပ်ရွာကနိုးလာကြပြီး တုတ်ဓားလက်နက်ကိုင်၍ ရောက်လာခဲ့၏။ ထိုသို့ အစွယ်အဖွေးအသားနဲ့ ထွားကြိုင်းသန်မာလှသော ခန္ဓာကိုယ်ကြီးနှင့်လူ၏ ပုံစံကိုကြည့်၍ ကြောက်လန့်ကာ အနားသို့မကပ်ဝံ့ကြပေ။ ထိုလူအားကြည့်၍ ရွာသူတစ်ဦးက “ဟာ.. ဒါ..ဒါ.. မုဆိုးကြီးဦးဘကောင်းပဲ” ဟုရေရွတ်သံကြောင့် တစ်ရွာလုံးလည်း ပုံပျက်ပန်းပျက်နှင့် အကျည်းတန်အရုပ်ဆိုးသည့် ဦးဘကောင်း၏ရုပ်ကို ယခုမှဖမ်းတတ်သွားကြ၏။ တစ်အိမ်လုံးကိုသတ်၍ သွေးသံရဲရဲနှင့် အသားတစ်တုံးကိုကိုက်ကာ အပြင်ကိုထွက်လာသော ဦးဘကောင်းသည် လူတွေအုပ်လိုက်ကြီးကိုတွေ့ကာ အနည်းငယ်တွေဝေသွားခဲ့၏။ ထို့နောက်မှတဆင့် သူ၏အသံကြီးနှင့်ဖြဲချောက်ကာ လူတွေကို ဝုန်းခနဲဝင်တိုက်ပြီး လျှင်မြန်လွန်းလှသည့်အရှိန်နှင့် ပြေးသွားလေ၏။ ဝင်အတိုက်ခံလိုက်ရသော လူတွေက လေပေါ်ကိုတံတောင်ခန့်မျှမြှောက်တက်သွားကာ တအွတ်အွတ်ပင်အသံမြည်၍ ပြန်ပြုတ်ကျပြီး ထိခိုက်မိသွားကြ၏။
ထိုကနေ့ညက ဖြစ်ရပ်ဆိုးကြီးကြောင့် တစ်ရွာလုံးကျီးလန့်စာစားကာ ဘယ်နေ့များ သရဲကြီးဦးဘကောင်းက ရွာထဲကိုဝင်ပြီး ဘယ်သူ့အိမ်ကိုများ သတ်ဖြတ်စားသောက်အုံးမလဲဆိုတာကို ရင်တထိတ်ထိတ်ဖြစ်နေကြရရှာ၏။ တချို့ အလွန်အမင်းကြောက်တတ်သောသူများက “အသက်ကိုဉာဏ်စောင့်တယ် သရဲတစ္ဆေဆိုတာ စားရမှန်းသိရင်ထပ်လာအုံးမှာပဲ.. တို့ရွာကဦးဘကောင်းကြီးက တောထဲမှာသေပြီးသရဲဘဝနဲ့ ငါတို့ကိုသတ်နေပြီ.. ဒါကိုမှဒီရွာမှာနေရဲကြသေးရင်နေကြဟေ့ ငါတို့ကတော့ သရဲသတ်စားတာတော့မခံနိုင်ဘူး ပြောင်းပြီဟေ့။” ဟူ၍ ရွာထဲကနေအထွက်မှာ အော်သွားကြလေ၏။ ရွာ၌ကျန်ခဲ့သောရွာသူရွာသားတွေလည်း သရဲသတ်စားတာကိုတော့ မခံနိုင်ပေ။ သို့သော်လည်း ဘိုးစဉ်ဘောင်ဆက် ခေါင်းချ၍သွားခဲ့သော ဤရွာကလေးကိုစွန့်ခွာဖို့အတွက်ကြ မဝံ့ရဲကြ။ သံယောဇဉ်ကြိုးတစ်ချောင်းဟာ အသက်ပင်သေအံ့စဲစဲဖြစ်နေလည်း ဖြတ်ဖို့ရာမှာ အလွန်ခက်ပေ၏။
သေချင်လည်းသေပါစေတော့ ဒီရွာမှာပဲ ငါတို့မျိုးရိုးခေါင်းချသွားမယ်ဟေ့ဆိုသော လူတွေကလည်း ရှိလေ၏။ ဤကိစ္စများနှင့်ပတ်သက်ပြီးတော့ သူကြီးဦးမင်းနိုင်တစ်ယောက် ဦးနှောက်ချောက်ရသည်။ ရဟန်းသံဃာတော်များအား ပရိတ်ပဌာန်း အန္တရာယ်ကင်း ကမ္မဝါစာပေ ကျမ်းဂန်များနှင့် တစ်ရွာလုံးအနှံ့ရွတ်ဖတ်၍ သဲမန်းများကိုလည်းနေရာအနှံ့ကျဲကာ ရွာခြံစည်းရိုးကိုလည်း ပရိတ်ကြိုးများဖြင့်တားထားသော်လည်း သူ၏စိတ်ထဲ ထိုမျှလောက်နဲ့ သရဲကြီးဦးဘကောင်း ရွာထဲမဝင်နိုင်ဖို့ဆိုတာ သိပ်တော့မသေချာလှ။ ရွာနီးချောင်းစပ်၌လည်း သာမာန်ဆေးဆရာများသာရှိပြီး အထက်လမ်းကို သေချာလေ့လာလိုက်စားသည့်သူမရှိပေ။ ထို့ကြောင့် အခက်ကြုံရပြီပေမို့ ကန်တော်ကြီးကျေးရွာက သူ၏ညီ မင်းခိုင်ထံ လူကြုံပါး၍ တကယ်စွမ်းသည့်အထက်ဆရာများတွေ့ခဲ့ရင် သူ၏ရွာကိုပင့်ခဲ့ဖို့နဲ့ ရွာကအကျိုးအကြောင်းကိုပြောပြခိုင်းလိုက်၏။
အနောက်ဘက်အရပ်က တောင်စောင်းကလေးပေါ် နေမင်းကြီးကျရောက်သွားတာနဲ့ အမှောင်ထုကဝင်ရောက်လာခဲ့လေ၏။ နေရောင်ပျောက်ကွယ်၍ လောကကိုအမှောင်ထုကကြီးစိုးသွားသောအခါ ကန်တော်လေးရွာ၏အိမ်တွေထဲကနေ ရေနံဆီမီးခွက်အရောင်လေးတွေက ထွန်းလင်းလာကြလေ၏။ ကန်တော်လေးရွာထဲ၌ရှိသော ခွေးလေခွေးလွင့်များသည် ဤကနေ့ည ဟောင်ဖို့ပင်မပြောနှင့် လမ်းမပေါ်၌ပင် တစ်ကောင်တစ်မြှီးမျှမတွေ့ရပေ။ လေပြေလေညင်းများကလည်း သည်ကနေ့ညကြမှ တိတ်ဆိတ်ညိမ်သက်နေခါ ပိုးကောင်ငယ်တို့၏ အော်သံတွန်သံများလည်း ကြားရခြင်းမရှိသောကြောင့် ကန်တော်လေးရွာသည် တစပြင်ကဲ့သို့ တိတ်ဆိတ်မှောင်မိုက်ကာ ကျောချမ်းဖွယ်ရာအတိကောင်းနေပေလေ၏။
ရွာအဝင်ထိပ်က သစ်ပင်အောက်သို့ မည်းမည်းအရိပ်ကြီးတစ်ခုက ဖြတ်ခနဲဆိုသလို လျှင်မြန်သည့်အရှိန်နှင့်ရောက်လာသောကြောင့် သူ၏နောက်၌ လေပြင်းများဝုန်းခနဲကပ်ပါလာခဲ့တာမို့ အနီးရှိသစ်ပင်ငယ်များပင်ရိမ်းခါသွားသလို ဖုန်တွေလည်းအလိပ်လိုက်ထသွားခဲ့၏။ ထိုသူသည် အစွယ်နှစ်ချောင်းကိုလျှာဖြင့်သပ်ကာ နီရဲတောက်နေသော မျက်လုံးနီနီများဖြင့် ရွာထဲကအိမ်များကိုကြည့်၍ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ ခြေတစ်ချက်ဆောင့်၍ လေကဲ့သို့အဟုန်နဲ့ တရှိန်ထိုးပြေးဝင်သွားခဲ့လေ၏။ မကြာပေ ရွာထဲက အိမ်တစ်အိမ်ဆီကနေ ကြောက်လန့်တကြား အော်သံ၊ ဟစ်သံတွေ၊ ငိုယိုသံတွေ၊ တောင်းပန်နေသည့်အသံတွေထွက်လာခဲ့၏။
ထိုအော်သံများကို တစ်ရွာလုံးကြားလိုက်ရဘိသကဲ့သို့ တုတ်ဓားလက်နက်များအပြင် သံပုံများကိုင်သူကကိုင်၊ ပုတီး၊ ပရိတ်ချည်၊ ပရိတ်ရေများ ကိုင်သူကကိုင်နှင့် တစ်ရွာလုံးကလူများ လမ်းပေါ်ကိုပြေးထွက်လာကြကာ အော်သံကြားရသည့်အိမ်သို့ စုဝိုင်းလိုက်ကြ၏။ လူများသည် အော်သံဟစ်သံပေးသောအခါ အိမ်ထဲကနေ ဘီလူးသဘက်ကဲ့သို့ ပုံစံမျိုးနှင့် မုဆိုးကြီးဦးဘကောင်းက ထွက်လာခဲ့၏။ သံပုံးတီးသူများကလည်းတီး၊ ပရိတ်ရေဖြင့်ပက်သူကပက်ကြလေ၏။ ပရိတ်ရေဖြင့်အပက်ခံရသော ဦးဘကောင်းက အနောက်ကိုဆုတ်သွားကာ နီရဲတောက်နေသော မျက်လုံးများဖြင့် ရွာသူရွာသားတွေကိုစိုက်ကြည့်ပြီး သူ၏ညာခြေကိုပေါက်လိုက်ရာ ရွာသူရွာသားတွေသည် အလွန်အားပြင်းသည့်စွမ်းအင်တစ်ခုက ခါးစောင်းကိုရိုက်ချလိုက်သလို အနောက်ကိုပစ်လဲကျသွားကြ၏။
တချို့သတ္တိအတော်ကောင်းသည့်ရွာသားငါးယောက်နှင့် ရွာခံလူမိုက်နှစ်ယောက်က ဓားတွေကိုယ်စီကိုင်ကာ ပြန်ထလာကြပြီး ဦးဘကောင်းကို ဝိုင်းလိုက်ကြ၏။ ထို့နောက် တိုင်ပင်ထားသည့်အလား အကုန်လုံးတစ်ပြိုင်တည်းဝင်ခုတ်ကြလေ၏။ သို့သော် ဦးဘကောင်း၏ ကိုယ်ခန္ဓာသည် ဓားနှင့်အခုတ်ခံရသော်လည်း ခြစ်ရာလေးပင်မထင်ကာ မတ်တပ်ရပ်နေစမြဲပင်။ ဓားနှင့်ခုတ်တဲ့သူတွေအံ့ဩနေခိုက် ဦးဘကောင်းက အသံနက်ကြီးဖြင့်အော်ကာ သူ၏ရှေ့ကလူ၏လက်ကိုဆွဲ၍ ဝှေ့ရမ်းလိုက်ရာ၌ သူ့ကိုဝိုင်းထားကြသည့်လူတွေအကုန် လဲကျသွားကြ၏။ ထို့နောက် သူ၏လက်ထဲကတစ်ယောက်ကို ဝမ်းဗိုက်အား လက်သည်းများဖြင့်ထိုးဖောက်ပြီး အူတွေကို ဆွဲထုတ်ကာ ပါးစပ်ထဲကိုထည့်၍ စားနေလေ၏။
ထိုအဖြစ်အပျက်အား နဖူးတွေ့ဒူးတွေ့မြင်လိုက်ရသော ရွာသူရွာသားများသည် ကြောက်လန့်သွားကြကာ အနောက်ကိုလှည့်၍ ခြေဦးတည့်ရာပြေးလေတော့သည်။ ဦးဘကောင်းသည် လေအဟုန်ကဲ့သို့ပြေးသွားကာ လူတစ်ယောက်ကို လည်ပင်းကနေကိုက်မလိုက်ပြီး ခန္ဓာကိုယ်ကို ခြေဖြင့်ဆောင့်ကန်လိုက်ရာ ခန္ဓာကိုယ်ကြီးကလွင့်ထွက်သွားပြီး သူ၏လက်ထဲကဦးခေါင်းက သည်အတိုင်းကျန်နေခဲ့လေ၏။ အသံနက်ကြီးဖြင့်ဟားတိုက်ရယ်မောကာ သူ၏လက်ထဲကခေါင်းကို လွင့်ပြစ်ပြီး နောက်တစ်ယောက်ထံကို ပြေးမည်အပြု ကောင်းကင်ကနေ အဖြူရောင်အလင်းတန်းတစ်ခုက ဝုန်းခနဲဆိုသလို ကျရောက်လာကာ ခြံအပြင်၌လည်း ယောဂီဝမ်းဆက်နှင် လူနှစ်ယောက်က အင်းပြားတစ်ခုဆီကိုင်၍ ပြေးဝင်လာကြ၏။ အလင်းတန်းကျရောက်သောနေရာ၌ တည်ကြည်ခံ့ညားသည့် ဥပဓိရုပ်အသွင်နှင့် လူငယ်တစ်ဦးက မတ်တပ်ရပ်နေလေ၏။
“စိတ်ကိုထိန်းပါ ဦးဘကောင်း.. သင်က ကျိန်စာမိနေတဲ့လူသားကိုစားမိပြီး ယခုလို ဘီလူးတစ်ပိုင်းအရူးတစ်ပိုင်း ဘဝကိုရောက်သွားတာပါ။ သင့်အနေနဲ့ လူအများကိုထိခိုက်နစ်နာစေမယ့်အလုပ် လုပ်မည့်သူမဟုတ်ပါဘူး။ သင်အခုလို လုပ်မိနေတာတွေက သင်စားသုံးမိခဲ့တဲ့အသားကြောင့် မကောင်းတဲ့အမှောင့်ပယောကဓာတ်က သင့်ကိုဝင်ရောက်စီးနင်းပြီး အခုလိုတွေဖြစ်နေတာ။ သင့်စိတ်ကို သင်နိုင်အောင်ထိန်းပါအုံး။”
ထိုလူငယ်၏စကားသံများက ဦးဘကောင်း၏နားထဲကိုရောက်သည့်ပုံ မပေါ်ပေ။ ဦးဘကောင်းက ထိုလူငယ်ကိုကြည့်၍ အံကိုကြိတ်လျှက်ရှိနေလေ၏။ ဦးဘကောင်းသည် ဖနောင့်တစ်ချက်ပေါက်၍ လေအဟုန်နှင့်ပြေးလိုက်ကာ ထိုလူငယ်၏အနောက်ကိုရောက်ရှိသွားပြီး သူ၏လက်ဝါးကြီးနှင့် ကျောကုန်းကိုရိုက်ဟန်ပြင်လိုက်၏။ သို့သော် အလွန်အားပြင်းလှသော ပညာစက်တစ်မျိုးက သူ၏ရင်ဝကိုရိုက်ခတ်လိုက်သောကြောင့် အနောက်သို့လွင့်စင်သွားကာ မြေပေါ်သို့ပက်လက်လှန်လဲကျသွား၏။ ထိုလူငယ်က အနောက်ကိုလှည့်၍..
“ငါ ပြောဆိုဆုံးမလည်း ရမယ့်ဟန်ပုံမပေါ်ဘူး စောသနဲ့ခွန်းသ အချုပ်အင်းနဲ့ပစ်လိုက်စမ်း။”
ထိုလူငယ်၏စကားအဆုံး၌ ခြံထဲကိုဝင်လာကြသည့်လူငယ်နှစ်ဦးအနက် တစ်ဦးက လက်ထဲကအင်းပြားနှင့် ဦးဘကောင်းထံကိုပစ်လွှတ်လိုက်၏။ ဦးဘကောင်းသည် ထိုင်နေရာမှာတင်လှုပ်မရဖြစ်သွားကာ အတင်းရုန်း၍ တဝူးဝူးတဝါးဝါးအော်ဟစ်လေ၏။ ထိုအဖြစ်ပျက်ကို ရွာသူရွာသားတွေသည် မလှမ်းမကမ်းကနေ ရပ်ကြည့်နေကြ၏။ ထို့နောက် ဥပဓိရုပ်တည်ကြည်လှသောလူငယ်သည် “ခွန်းသ မင်းလက်ထဲကအင်းပြား ပေး။”ဟူ၍ အရပ်မြင့်မြင့်နှင့် ဆံပင်ကိုအလယ်ခွဲထားသော လူငယ်၏ထံမှ တောင်းယူလိုက်၏။ ထိုလူငယ်သည် အင်းပြားကိုရသောအခါ တည်ညိမ်သောခြေလှမ်းများနှင့် ဦးဘကောင်းထံလျှောက်သွားကာ သူ၏လက်ထဲကအင်းပြားနှင့် ဦးဘကောင်း၏နဖူးကိုကပ်၍ ဂါထာတစ်ပုဒ်ကို ဌာန်ကရိုင်းကျကျအခေါက်ခေါက်အခါခါရွတ်ဖတ်နေလေ၏။ ဦးဘကောင်းသည် အစပထမ၌ အတင်းရုန်းကန်လှုပ်ရှားနေသော်လည်း အချိန်ကြာလာသောအခါ ညိမ်ကျသွားကာ တဖြည်းဖြည်းခန္ဓာကိုယ်က သေးသွားပြီး အစွယ်နှစ်ချောင်းလည်းပျောက်ကွယ်သွား၏။
မူလခန္ဓာကိုယ်အရွယ်စားသို့ ရောက်ရှိသွားသည့်အခါ၌ နီရဲတောက်နေသောမျက်လုံးများက အရောင်မှိန်သွားကာ သာမန်မျက်လုံးအဖြစ် ပြောင်းသွားခဲ့၏။ ဦးဘကောင်းသည်လည်း ဘေးကိုလဲကျကာ မေ့မြောသွားတော့သည်။ ဦးဘကောင်းလဲကျသွားချိန်၌ ရွာသူရွာသားတွေသည် ဓားကိုယ်စီကိုင်ကာ သတ်မည်၊ ဖြတ်မည်တကဲကဲနှင့် ပြေးလာကြသောကြောင့် ထိုလူငယ်က တားဆီးပြီး အကျိုးသင့်အကြောင်းသင့်ကို ဖြေရှင်းပြကာ ဦးဘကောင်း၌ ဘာအပြစ်မှမရှိကြောင်း ပြောပြလိုက်၏။
“လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ကျိန်စာမိနေတဲ့အသားကို စားသုံးမိလို့ ဦးဘကောင်းက အခုလိုဘီလူးတစ်ပိုင်းအရူးတစ်ပိုင်းနဲ့ လူတွေကိုဒုက္ခပေးပြီး သတ်ဖြတ်စားသောက်နေတာပါ။ သူ့ရဲ့ပင်ကိုယ်စိတ်ရင်းမှာ လူတွေကိုထိခိုက်လိုစိတ် နှမ်းတစ်စေ့မျှတောင်မရှိပါဘူး။ ရွာသူရွာသားတွေအနေနဲ့ သူ့ကိုခွင့်လွှတ်ပေးလိုက်ကြပါ။ သေဆုံးသွားတဲ့ လူတွေရဲ့အလောင်းကိုသာ ကောင်းကောင်းမွန်မွန်သဂြိုလ်ပြီး အမျှတမ်းသေချာပေးဝေကြပါ။”
ထိုလူငယ်၏စကားအဆုံး၌ သေဆုံးသွားသည့်သူများအနီးကို ဆွေမျိုးတော်သူများနှင့် အပေါင်းအသင်းမိတ်ဆွေများက ရောက်ရှိသွားကြကာ ငိုကြွေးကြလေ၏။ ထိုကနေ့ည၌ ကန်တော်လေးကျေးရွာလေးဟာ ငိုခြင်းချသံတွေနှင့် လွှမ်းခြုံလို့နေလေ၏။ နံနက်မိုးသောက် အချိန်အခါ၌ လူငယ်သုံးဦးဟာ ကန်တော်လေးရွာကို ကျောခိုင်း၍ ထွက်ခွာလာခဲ့ကြ၏။
“ဆရာ ကျွန်တော်တို့ ဘီလူးသဘက်ဖြစ်နေရှာတဲ့မင်းယက္ခကိုရော အချူပ်အနှောင်ကနေ လွှတ်မပေးတော့ဘူးလား။”
အလယ်ကနေလမ်းလျှောက်နေသောလူငယ်အား သူ၏ညာဘက်က အရပ်ပုပု ပိန်ပိန်ပါးပါးနဲ့လူငယ်ကမေးလိုက်ခြင်းဖြစ်သည်။ အလယ်ကလူငယ်သည် ပါးချိုင့်အသေးလေးနှစ်ဖက်ပေါ်အောင်ပြုံးလိုက်ကာ…
“အကုသိုလ်ကံဝဋ်ကြွေးရှိနေရင် ငါတို့ကယ်လို့မရဘူးစောသ။ သူ့ရဲ့အကုသိုလ်ကံကုန်ခဲ့ရင်တော့ ဘယ်လိုပဲချုပ်နှောင်ဖမ်းဆီးထားပါစေ လွတ်မြောက်သွားပါလိမ့်မယ်။ ငါတို့လျှောက်တဲ့လမ်းမှာ ကယ်နိုင်ရင်ကယ်ကိုကယ်ရမယ်၊ မကယ်နိုင်ရင်တော့ မျက်နှာသာလွဲှထားကြရမယ်။ ကျန်တာတွေကိုတော့ သူတို့ရဲ့ကုသိုလ်ကံ အကုသိုလ်ကံကဆုံးဖြတ်ပါလိမ့်မယ်ကွာ။”ဟူ၍ ပြောကြားပြီး တဖြည်းဖြည်းထွက်ပေါ်လာသည့် နေမင်းကြီးရှိရာ အရှေ့အရပ်သို့ ထိုဆရာတပည့်သုံးဦးဟာ ထွက်သွားခဲ့ကြလေတော့သတည်း။
~~~~
ပြီးပါပြီ။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)

Zawgyi Version

ဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္း(စဆုံး)
—————————————–
မိုးေတြအုံ႔ေနသည္။ ေကာင္းကင္၌ မိုးတိမ္မိုးသားမ်ားက ‌ေနေရာင္ျခည္ထိုးမေဖာက္ႏိုင္ေအာင္ ‌ေနရာအျပည့္ယူလိုက္ၾက၏။ ထို႔ေနာက္တြင္ မိုးေပါက္ကေလးမ်ားအရင္က်လာကာ တျဖည္းျဖည္း သည္းထန္စြာမိုးမ်ား႐ြာသြန္းေတာ့ေလ၏။ မိုးမ်ား႐ြာသြန္းေနသည့္ ေန႔လယ္ပိုင္းအခ်ိန္အခါ၌ ကန္ေတာ္ေလးေက်းေတာ္႐ြာသား မုဆိုးႀကီးဦးဘေကာင္းတစ္‌ေယာက္ ေတာထဲရွိေနခ်ိန္ျဖစ္ေလ၏။ ဦးဘေကာင္းသည္ မိုးမ႐ြာႏိုင္ဘူးဟုေကာက္ခ်က္ခ်၍ အမဲပစ္ထြက္လာခဲ့ရာမွ ရာသီဥတုေဖာက္ျပန္ၿပီး ႐ြာခ်လိုက္ေသာမိုးေၾကာင့္ ေတာထဲ၌ ခိုစရာမရွိ၊ နားစရာမရွိ ဒုကၡေရာက္ေနရ၏။ ဦးဘေကာင္းသည္ လက္ထဲကဒူးေလးကိုေက်ာ၌လြယ္လိုက္ကာ မိုးခိုလို႔ရမည့္အပင္ေကာင္းေကာင္း တစ္ပင္ကိုလိုက္ရွာေန၏။ ဦးဘေကာင္းသည္ အပင္ႀကီးတစ္ပင္ကိုေတြ႕ရွိသြားကာ ထိုအပင္ေအာက္သို႔ဝင္မည္အျပဳ ခ်ဳံေတြႏြယ္ေတြထူထပ္စြာ ဖုံးအုပ္ေနသည့္ ဂူတစ္လုံးကို အမွတ္တမဲ့ေတြ႕ရွိသြားခဲ့သည္။
ထိုဂူအား ဤေတာထဲ၌ သူတစ္ခါမွ်မျမင္ေတြ႕ခဲ့ဖူးေပ။ ယခုမွေတြ႕ရျခင္းသည္ ထူးဆန္းေန၏။ သို႔ေသာ္လည္း ဦးဘေကာင္းတစ္ေယာက္ ၾကာၾကာမစဥ္းစားႏိုင္၊ မိုးခိုမည့္အေရးကိုသာ ဂ႐ုစိုက္ေနေသာေၾကာင့္ ခ်ဳံႏြယ္မ်ားကို အတင္းတိုးကာ ဂူထဲကိုဝင္လာခဲ့၏။ အျပင္ကေနၾကည့္ပါက ဂူကိုခ်ဳံႏြယ္ေတြဖုံးအုပ္ထားေသာ္လည္း ဂူအတြင္း၌ ျမက္တစ္ပင္ေတာင္ ေပါက္ေရာက္ျခင္းမရွိတာကို ထူးဆန္းစြာျမင္ေတြ႕လိုက္ရ၏။ ဦးဘေကာင္းသည္ သူ၏ခႏၶာကိုယ္မွ ေရမ်ားကို ခါခ်လိုက္ကာ ဂူအတြင္းကိုလွည့္ပတ္ၾကည့္မိ၏။ ဂူသည္ သိပ္ေတာ့မက်ယ္ဝန္းလွေပ။ လူတစ္ရပ္အျမင့္ရွိကာ အလ်ားလိုက္ဆယ္ေပခန႔္ရွိ၍ အနံမွာခုႏွစ္ေပခန႔္သာရွိမည္ဟု ေကာက္ခ်က္ခ်မိလိုက္၏။ သို႔ေသာ္ အတိအက်ေတာ့မဟုတ္လွ။
ထိုစဥ္ သူ၏‌ဗိုက္သည္ တဂြီဂြီျမည္ကာ ဆာလာခဲ့၏။ နံနက္က ထမင္းၾကမ္းကိုအဝစားလာခဲ့ေသာ္လည္း ယခုမူ ေန႔လယ္အခ်ိန္ေက်ာ္လာေသာအခါ ဗိုက္ကဆာေလာင္လာ၏။ ေတာတက္ပါက ထမင္းထုပ္တတ္သည့္ အက်င့္မရွိေပ။ နံနက္စာကိုအိမ္မွာသာစား၍ ေန႔လယ္စာကို သူပစ္လို႔မိသည့္သားေကာင္၏အသားကိုသာ စားေပ၏။ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအျပည့္အဝရွိေန‌သူေပမို႔ ယေန႔လည္းေန႔လယ္စာကို ရမည့္သားေကာင္အား စားေသာက္ပါမည္ဟုေတြးထားေသာ္လည္း နံနက္ကတည္းက သားေကာင္မေတြ႕ေသးေပ။ သည္ၾကားထဲ အဖ်က္မိုးေၾကာင့္ မိုးခိုမည့္ေနရာရွာရင္း ေျပးလႊားခဲ့တာ‌မို႔ ဗိုက္ကအလြန္အမင္းဆာေလာင္လာ၏။ အနီးအနားကို မ်က္လုံးကစားၾကည့္ေသာ္လည္း စားလို႔ရမည့္ သစ္သီးသစ္ဥအပင္ဟူ၍ မေတြ႕ရ။ စိတ္ဓာတ္မ်ားက်သြားကာ ဂူနံရံကို မွီ၍ထိုင္ခ်လိုက္ခ်ိန္ ဝုန္းခနဲဆိုသလို သူ၏ေက်ာဘက္က ဂူနံရံကေက်ာက္တုံးတစ္တုံးသည္ အထဲကိုကြၽံဝင္သြားကာ တကြၽီကြၽီႏွင့္ ဆူညံေနသည့္အသံမ်ားကိုၾကားလိုက္ရ၏။
မုဆိုးပီပီ ေရာက္လာမည့္အႏၲာရယ္ကို ရင္ဆိုင္ရန္ ခါးၾကားကဓားေျမႇာင္ကို အဆင္သင့္ဆြဲထုတ္ထားလိုက္၏။ သက္ရွိလူတစ္ဦးမွ်ေပၚမလာေသာ္လည္း ဂူအဆုံးနားကေျမႀကီးက ေဘးကိုေ႐ြ႕လ်ားသြားကာ ေလွခါးထစ္မ်ားေပၚလာတာကို သူေတြ႕သြား၏။ သတိဝီရိယရွိရွိျဖင့္ အနီးကပ္တိုးၾကည့္ေသာ္လည္း မည္သည့္အႏၲာရာယ္မွမရွိတာေၾကာင့္ ခါးၾကားထဲကို ဓားေျမႇာင္ျပန္ထိုးလိုက္၏။ ေအာက္ကိုဆင္းဖို႔ ျပဳလုပ္ထားသည့္ ေလွကားကိုၾကည့္ကာ ဆင္းၾကည့္ရန္ သင့္မသင့္ သူစဥ္းစားေနခဲ့၏။ သို႔ေသာ္လည္း လူ႔စိတ္သေဘာသဘာဝအရ စူးစမ္းတတ္ၾကသည္ေပမို႔ ဦးဘေကာင္းသည္လည္း သတိဝီရိယရွိရွိျဖင့္ ေအာက္ကိုဆင္းလာခဲ့ေလ၏။
ေအာက္ေျမသားလမ္းသည္ လူတစ္ကိုယ္စာသြားလို႔ရရန္သာ က်ယ္ဝန္းေပ၏။ ေျမသားလမ္းအတိုင္း ေလွ်ာက္လာခဲ့ရာတြင္ ေနာက္ဆုံး၌ ေလးေထာင့္အခန္းႀကီးတစ္ခုထဲကို ေရာက္သြားခဲ့၏။ ထိုအခန္းႀကီးထဲ၌ မတ္တပ္ရပ္ကာ သန္လက္ထမ္းထားၾကေသာ ဘီလူး႐ုပ္ႀကီးေလးခုက ေထာင့္ေလးခု၌ရွိေန၏။ အခန္း၏အလယ္၌ အလြန္ႀကီးမားေသာ ေသတၱာႀကီးတစ္လုံးကလည္းရွိေန၏။ ေသတၱာကို သံႀကိဳးမ်ား၊ အပ္ခ်ည္ႀကိဳးမ်ားႏွင့္ ရစ္ပတ္ထားသလို ေသတၱာကိုယ္ေပၚ၌လည္း စမအကၡရာဟုထင္ရသည့္အရာမ်ားကို ေရးဆြဲထားေလ၏။ ဦးဘေကာင္းက ေသတၱာကိုလွည့္ပတ္ၾကည့္လိုက္ရာ ေသတၱာ၏အေနာက္၌ စင္ကေလးတစ္ခုေပၚတြင္ တင္ထားသည့္ အသားတစ္တုံးကိုေတြ႕ရွိသြား၏။
သူ၏မ်က္လုံးမ်ား ဝင္းလတ္သြားကာ ထိုအနားကိုတိုးကပ္သြားခ်ိန္၌ ေသတၱာကသံႀကိဳးမ်ား လႈပ္ခတ္သြားကာ အသံနက္ႀကီးျဖင့္ေအာ္လိုက္သည့္အသံကိုလည္း ၾကားလိုက္ရ၏။ ဦးဘေကာင္းတစ္ေယာက္ မေၾကာက္တတ္ေသာ္လည္း ထူးဆန္းသည့္ေနရာတစ္ခုမွာ ေရာက္ရွိေနတာေၾကာင့္ အနည္းငယ္လန႔္မိသြားကာ ျပန္ထြက္မည္အျပဳ အသားတုံးကိုၾကည့္၍ ႏႈတ္ခမ္းကိုသပ္ကာ စိတ္ကိုဒုံးဒုံးခ်ၿပီး အသားကိုယူ၍ ေျပးထြက္သြားေလ၏။ ထိုအသားတုံး၏ေအာက္က စင္ေပၚ၌ စလုံးမဲႀကီးမ်ားႏွင့္ ေရးသားထားသည့္ “ခုတ္ထစ္ထားသည့္ ယကၡ၏အသားအား စားေသာသူသည္ ေသတန္ေသာ္လည္းမေသ၍ စ႐ိုက္ဆိုးကာ ဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္း ျဖစ္ေရာ့လတၱံ”ဟူေသာ စာသားအားေတြ႕ခဲ့ပါက ထိုအသားတုံးအား ဦးဘေကာင္းယူေျပးမွာ မဟုတ္ႏိုင္ေပ။
&&& &&&
ညတြင္ခ်မ္း၍ ေန႔တြင္ပူေသာ တေပါင္းလရဲ႕အခ်ိန္အခါကေလး၌ သဲပုံေစတီကေလးမ်ားလုပ္ကာ ပူေဇာ္ၾကသည့္ျမန္မာတို႔၏ထုံးတမ္းအစဥ္အလာရ ဘုရားေက်ာင္းကန္သိမ္ဇရပ္ႏွင့္ ေခ်ာင္းေရျမစ္ေရတို႔၏ အနီးတဝႈိက္မွာ သဲပုံေစတီကေလးမ်ားကို ျမင္ေတြ႕ေနရ၏။ သဲပုံေစတီကေလးတစ္ခု၏ မနီးမေဝးက ဇရပ္တစ္ခုေပၚ၌ အင္းဖေယာင္းတိုင္မ်ားထြန္း၍ ေယာဂီဝတ္ႏွင့္လူသုံးဦးဟာ ေအးခ်မ္စြာတရားရႉ႔မွတ္ေနၾကေလ၏။ ထိုသူတို႔သည္ ပါရမီရွင္ေမာင္သူရဟုေခၚေသာ အထက္လမ္းဆရာကေလးႏွင့္ သူ႔ဆီ၌ ပညာခံသင္ယူေနၾကေသာ ညီအစ္ကိုႏွစ္ဦးျဖစ္သည့္ ေစာသႏွင့္ခြန္းသတို႔ပင္ ျဖစ္ေလေတာ့၏။ အ႐ုဏ္တက္ခ်ိန္၌ တိုက္ခိုက္လာေသာ ေလတခ်ိဳ႕ေၾကာင့္ ဖေယာင္းတိုင္မီးကေလးမ်ား ရိမ္းခါသြားခ်ိန္၌ သူရတစ္ေယာက္ တရားျဖဳတ္၍ ဇရပ္ေပၚကေနဆင္းကာ စၾကၤန္ေလွ်ာက္ေနေလ၏။
ထိုအခ်ိန္၌ ညဥ့္ငွက္ဆိုးတစ္ေကာင္၏ ငွက္ဆိုးထိုးသံကိုၾကားလိုက္ရကာ တဘုန္းဘုန္းႏွင့္ လမ္းေလွ်ာက္လာသည့္ အသံကိုလည္းၾကားလိုက္ရ၏။ သူရက အသံကိုနားစြင့္၍ၾကည့္မိေသာအခါ ထန္းပင္ေလာက္ရွိသည့္အရပ္ႀကီးႏွင့္ ျပဴးက်ယ္ထြက္ေနေသာမ်က္လုံးနီႀကီးမ်ားႏွင့္ အစြယ္ႏွစ္ေခ်ာင္းကို အထင္းသားျမင္ေနရသည့္ သဘက္ႀကီးတစ္ေကာင္က သူရဆီကိုေလွ်ာက္လွမ္းလာေနေလ၏။ သူရသည္ လယ္ကြင္းမ်ားဘက္ကေန ေလွ်ာက္လွမ္းလာေနေသာ သဘက္ႀကီးကိုၾကည့္၍ တည့္တည့္ရပ္ေနခဲ့၏။ သဘက္ႀကီးက သူ၏အနားကိုေရာက္ခ်ိန္၌ ဒူးေထာက္ထိုင္ခ်ကာ လက္အုပ္ခ်ီ၍ သူရကိုၾကည့္ေလ၏။
”ကြင္းပိုင္ႀကီးစံမဲက ကြၽန္ေတာ့္ဆီ ဘယ္အေရးကိစၥရွိလို႔ လာေတြ႕ရတာလဲ။”
“အေရးကိစၥႀကီးတာမလို႔ ဆရာေလးသူရဆီ အကူညီလာေတာင္းရတာပါ။ ကန္ေတာ္ေလးေက်း႐ြာဆိုတဲ့႐ြာတစ္႐ြာမွာ ဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္း ျဖစ္ေနရွာတဲ့ မုဆိုးႀကီးဦးဘေကာင္းဆိုတာရွိပါတယ္။ သူကအခုေတာထဲမွာ ေနထိုင္စားေသာက္ရင္းကေန ေတာထဲလာတဲ့လူမွန္သမွ်ကို သတ္ျဖတ္စားေသာက္ေနပါတယ္။ တစ္ေန႔ေတာ့ အဲဒီလူက ကြၽႏ္ုပ္ပိုင္နက္ျဖစ္တဲ့ကြင္းျပင္ထဲကိုေရာက္လာၿပီး ကြင္းထဲမွာေကာက္သိမ္းေနၾကတဲ့ လူေတြကိုအကုန္သတ္ျပစ္လိုက္တယ္။ ကြၽႏ္ုပ္လည္း ေအာက္လက္ငယ္သားေတြအသိေပးမႈေၾကာင့္သိရွိၿပီး သူ႔ကိုသြားဆုံးမခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕တန္ခိုးဣဒၶိက ကြၽႏ္ုပ္ထက္ ပိုစြမ္းေနတာေၾကာင့္ မႏိုင္ပါဘူး။ အထက္ပိုင္ရာဆိုင္ရာေတြကို တိုင္တန္းတဲ့အခါမွာလည္း ဆရာေလးသူရကိုအကူညီေတာင္းဖို႔ ေျပာလိုက္ၾကလို႔ ဆရာေလးဆီအကူညီလာေတာင္းတာပါ။ ဒီဦးဘေကာင္းက အခုအေတာ္ဆိုးေနပါၿပီ။ သူ႔ရဲ႕အသိစိတ္လြတ္သြားတဲ့အခ်ိန္မွာ ႐ြာထဲကိုဝင္ၿပီး ျမင္တဲ့သက္ရွိမွန္သမွ်ကိုသတ္ျဖတ္စားေသာက္ေနတယ္။”
“အင္း။ ကြၽန္ေတာ္ ကူညီေပးပါ့မယ္။ ကန္ေတာ္ေလး႐ြာရွိမဲ့အရပ္ကို ေျပာပါကြင္းပိုင္ႀကီးစံမဲ။”
“ဒီကေန ေျမာက္စူးစူးအရပ္ကိုသြားရင္ ကန္ေတာ္ႀကီး႐ြာကိုေတြ႕ရပါလိမ့္မယ္။ အဲဒီ႐ြာထဲကေနျဖတ္ၿပီး အေနာက္ဘက္အတိုင္း ရွစ္မိုင္ခန႔္သြားရင္ ကန္ေတာ္ေလး႐ြာကိုေတြ႕ပါလိမ့္မယ္ဆရာေလး။”
“ေကာင္းပါၿပီ ဒါဆိုရင္ သင္စိတ္ခ်လက္ခ်ျပန္ပါေတာ့။”
“ဆရာေလးအကူညီလိုအပ္တဲ့အခါ ကြၽႏ္ုပ္ကိုတလိုက္ပါ။ ကြၽႏ္ုပ္ခ်က္ခ်င္းအေရာက္လာခဲ့ပါ့မယ္။”
သူရက ကြင္းပိုင္ႀကီးစံမဲကိုေခါင္းညိမ့္ျပအၿပီးမွာေတာ့ ဇရပ္ေပၚကိုျပန္တက္ကာ အိပ္စက္အနားယူခဲ့ေလ၏။ သူရသည္ အိပ္ေပ်ာ္သြားခ်ိန္၌ အိပ္မက္တစ္ခုအား မက္ေလ၏။ နန္းေဆာင္ႀကီးတစ္ခုအား ျမင္ေတြ႕ရကာ အတြင္းထဲ၌ ဘုန္းကံျမင့္မားေသာ ရွင္ဘုရင္တစ္ဦးသည္ သူ၏ေရွ႕ေတာ္ေမာက္က ရာဇဝတ္သားတစ္ဦးအား တရားစီရင္ေနေလ၏။
“လူအမ်ားကိုအေၾကာင္းမဲ့သတ္၍ လူသားကို စားသုံးေနသည္မွာ ေသခ်ာပါသေလာ ေမာင္မင္းယကၡ။”
ႀကိဳးတုပ္ကာ ရဲမက္မ်ားဝန္းရံထားခံရသည္ အလယ္ကလူသည္ ေခါင္းကိုငုံ႔၍..
“မွန္ပါ အရွင္မင္းႀကီးဘုရား။ ကြၽန္ေတာ္မ်ိဳးသည္ မင္းခေယာက္်ားစစ္စစ္ျဖစ္ေသာေၾကာင့္ ဟုတ္မွန္ေၾကာင္းကိုဝန္ခံပါသည္။ သို႔ေသာ္လည္း ကြၽန္ေတာ္မ်ိဳးအဘယ့္ေၾကာင့္ ဤကဲ့သို႔လုပ္ေနရသည္ကိုေတာ့ ေလွ်ာက္ထားခြင့္ျပဳပါဘုရား။”
“သင္၏အျပစ္ကိုဝန္ခံရဲတဲ့သတၱိကို ငါကိုယ္ေတာ္ျမတ္အသိမွတ္ျပဳတဲ့အေနနဲ႔ သင္ေလွ်ာက္တင္ခ်င္တာကိုခြင့္ျပဳသဟဲ့။”
“မွန္ပါ ကြၽန္ေတာ္မ်ိဳးသည္ ငယ္စဥ္အခါက ေလတိုက္ရင္လြင့္ပါသြားမည္ကိုေတာင္ ေၾကာက္ရသည္အထိသာ ထြားႀကိဳင္းလွပါတယ္ဘုရား။ အမိအဖႏွစ္ဦးက ေဆးသမားေတာ္တို႔ကို ျပသခဲ့ေသာ္လည္း အေျဖမေပၚပဲရွိခဲ့ကာ ေဗဒင္ဆရာႀကီးဦးပိန္နထံေမးခဲ့ရာမွာ အေသြးအသားက အသားတစ္မ်ိဳးကို ေတာင့္တေနတယ္လို႔ေျပာခဲ့ပါတယ္ဘုရား။ အသားေတြစုံေအာင္ စားခဲ့ေသာ္လည္း ခႏၶာကိုယ္က မထူးျခားတာျဖစ္လို႔ ေနာက္ဆုံးလူသားစတင္စမ္းစားၾကည့္ရာကေန ယခုလိုထြားႀကိဳင္းသန္မာလွတဲ့ မင္းခေယာက္်ားအျဖစ္ကိုေရာက္ရွိခဲ့ပါတယ္ဘုရား။ သို႔ေသာ္လည္း လူသားကိုအင္မတန္ႀကိဳက္ႏွစ္စြဲလမ္းသြားၿပီး ယခုကဲ့သို႔စားသုံးေနရျခင္းျဖစ္ပါတယ္။”
“တယ္ သင့္လိုဇာတ္တူသားႀကိဳက္တဲ့သူကို ငါကိုယ္ေတာ္ျမတ္အလြန္မုန္းတီးသေဟ့။ သို႔ေသာ္လည္းပဲ သင္၏ထြားႀကိဳင္းေသာကိုယ္ခႏၶာႏွင့္ သတၱိတို႔ေၾကာင့္ စစ္တိုက္သည့္အခါမွာ ေရွ႕ဆုံးကေနထိုးေဖာက္တိုက္ဖို႔ သင့္အားငါတာဝန္ေပးမည္။ လူသားစားသုံးျခင္းကိုလည္း ရာသက္ပန္စြန႔္လႊတ္ရမယ္။ ငါ၏အမိန႔္ကိုျငင္းဆန္ခဲ့ရင္ေတာ့ သင့္အားယခုပင္ကားစင္တင္၍ တံစို႔ထိုးသတ္ရလိမ့္မည္။”
“မွန္ပါ အရွင္မင္းႀကီး၏ ဂ႐ုဏာႀကီးမားလွပါတယ္။ ကြၽန္ေတာ္မ်ိဳးသည္ အရွင္မင္းႀကီး၏ အမိန႔္ေတာ္ကိုနာခံလွ်က္ရွိေၾကာင္းပါ။ ေက်းဇူးႀကီးလွပါတယ္ဘုရား။”
ဤသို႔ျဖင့္ မင္းယကၡသည္ သူ၏ထြားႀကိဳင္းသန္မာလွေသာကိုယ္ခႏၶာႏွင့္ စစ္တိုက္သည့္အခါ၌ ထိုးေဖာက္ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ စစ္ပြဲမ်ားေအာင္ႏိုင္ခဲ့၏။ မင္းယကၡသည္ တစ္ဖက္ရန္သူေတာ္တို႔၏အေလာင္းေကာင္တို႔မွ ေျခလက္စသည့္ ကိုယ္ခႏၶာမ်ားကို အျခားလူမ်ားမသိေအာင္ ခုတ္ထစ္ယူ၍ စားသုံးလာခဲ့၏။ ေနာင္အခါမ်ား၌ မင္းယကၡသည္ တစ္ကိုယ္လုံးအေမႊးအမွင္မ်ားထူထည္စြာေပါက္လာကာ လက္သည္ေျခသည္းမ်ားရွည္လာခဲ့၏။ မ်က္လုံးမ်ားကလည္းနီရဲလာကာ တစ္ခ်က္ခ်က္အသိစိတ္လြတ္ကာ အခ်င္းခ်င္းျပန္တိုက္ခိုက္ေလ၏။ ထိုသတင္းသည္ ရွင္ဘုရင္၏ေ႐ႊနားေတာ္သို႔ ေပါက္ၾကားေသာအခါ မင္းယကၡကိုစစ္ေမးျပန္၏။ မင္းယကၡသည္ ဤတစ္ခါ၌ ရွင္ဘုရင္အား မေခ်မငံျပန္လုပ္ေသာေၾကာင့္ မင္းယကၡအား ကားစင္တင္၍ သတ္ၾကေလ၏။
သို႔ေသာ္ မင္းယကၡ၏ အသားသည္ လွံမတိုးဓားမေပါက္ေသာေၾကာင့္ ရဲမက္မ်ား အံ့ဩသြားၾက၏။ ရွင္ဘုရင္အား ျပန္ေလွ်ာက္ေသာအခါ မီးရႈိ႕သတ္ခိုင္းေသာေၾကာင့္ သတ္ပါေသာ္လည္း မင္းယကၡ၏ ခႏၶာကိုယ္သည္ မည္းတူး ေလာင္ကြၽမ္းသာသြားခဲ့၏။ အသက္မေသေပ။ ရွင္ဘုရင္အားျပန္လည္လွ်ာက္တင္ေသာအခါ ရွင္ဘုရင္သည္ နန္းတြင္းပညာသည္မ်ားကိုေခၚ၍ စီရင္ခိုင္းေလ၏။ နန္းတြင္းပညာသည္မ်ားသည္ မင္းယကၡ၏အေပၚအနည္းငယ္မေက်နပ္ျဖစ္ေနတာမ်ား ရွိဖူးတာေၾကာင့္ မင္းယကၡအား လက္စားေခ်ၾကေလ၏။ ခ်က္ခ်င္းသတ္ပါက ေသမည့္အျဖစ္ကိုမလိုလားေသာေၾကာင့္ လူသားအစားမ်ားကာ မေကာင္းဆိုးဝါးဝင္ပူး၍ မည္သည့္လက္နက္ႏွင့္မွ်သတ္မရပဲ အစီအရင္တို႔ႏွင့္ ပိတ္ေလွာင္ထားမွ ရမည္ျဖစ္ေၾကာင္း ရွင္ဘုရင္ကိုလိမ္လည္ေလွ်ာက္တင္ခဲ့၏။
ရွင္ဘုရင္သည္လည္း သင့္ေတာ္သလိုစီရင္ခိုင္းကာ မ်က္ႏွာလြဲွ၍ေနခဲ့ေလ၏။ ထိုပညာသည္မ်ားသည္ ဂူတစ္လုံးေအာက္၌ ေျမေအာက္က်င္းတစ္ခုလုပ္လိုက္ၾက၏။ ေထာင့္မ်ား၌ ဘီလူးေလး႐ုပ္ကို မတ္တပ္ရပ္ကာသန္လက္ထမ္းထားၾကေသာ ပုံစံလုပ္၍ထားၾကေလ၏။ ထို႔ေနာက္ ေသတၱာႀကီးတစ္လုံးကိုယူ၍့အင္းစမမ်ားေရးဆြဲလိုက္ၾက၏။ ရဲမက္မ်ားကို အျပင္ကိုထြက္ခိုင္းကာ မင္းယကၡအားဒူးေထာက္ထိုင္ခိုင္း၍ အစီအရင္ဓားတစ္လက္ႏွင့္ မင္းယကၡ၏ ဝမ္းဗိုက္အသားကိုလွီးထုတ္ၿပီး မီးတိုင္ေပၚထည့္ကင္ျပလိုက္၏။
“ေမာင္မင္းယကၡ အသင့္လိုလူမိုက္အား ကြၽႏ္ုပ္တို႔ယခုပင္သတ္လိုက္လို႔ရေသာ္ျငားလည္း အသင့္ရဲ႕ရက္စက္ယုတ္မာမႈေတြေၾကာင့္ ႏွစ္ေပါင္းမ်ားစြာဒီေသတၱာထဲမွာ ပိတ္ေလွာင္ၿပီးေနေပေတာ့။ အသင္ဟာ သူတစ္ပါးအသားကို စားသုံးရတာႀကိဳက္ႏွစ္သက္သူေပမို႔ အသင့္ရဲ႕ေဟာဒီအသားကို တစ္ခ်ိန္ခ်ိန္မွာ တစ္ေယာက္ေယာက္ကျပန္လည္စားသုံးခံရဖို႔ကြၽႏ္ုပ္တို႔ထားခဲ့မယ္။ အသင္ဟာ လူစင္စစ္ကေန ဘီလူးသဘက္အျဖစ္ေျပာင္းသြားတာေၾကာင့္ ႏွစ္ေပါင္းမ်ားစြာ ေသမွာမဟုတ္ပဲ ေသတာထက္ဆိုးသည့္ ဒုကၡေဝဒနာကိုခံစားေစရမယ္။ သင့္ရဲ႕အသားကိုစားမိသူကိုလည္း ကြၽႏ္ုပ္တို႔ဟာ အသင့္လိုဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္းျဖစ္ေအာင္က်ိန္စာတိုက္ခဲ့မယ္။ အဲဒီသူက သူဒီအသားကိုစားမိလို႔ျဖစ္တာဆိုၿပီး သင့္ကိုအၿမဲက်ိန္ဆဲေနလိမ့္မယ္။ ဒါေတြဟာ သင္ခံရမဲ့ဒုကၡေတြပဲ။ ဟဲ့အျပင္ကရဲမက္ေတြ လာၾကစမ္း ဒီသေကာင့္သားကိုေသတၱာထဲကန္သြင္းၾကစမ္း။”
မင္းယကၡအား ေသတၱာထဲထည့္၍ ပိတ္ေလွာင္အက်ဥ္းခ်ခဲ့ၾကေလ၏။ ဤသို႔ျဖင့္ ရာစုႏွစ္ေပါင္းမ်ားအၾကာ၌ မုဆိုးတစ္ဦးဟာ မိုးခိုရင္ ထိုအသားတုံးအား စားသုံးမိသြားတာကို သူရတစ္ေယာက္ ျမင္မက္ခဲ့ေလ၏။ ထိုစဥ္သူ၏ခႏၶာကိုယ္အား တစ္စုံတစ္ေယာက္လာထိသလိုခံစားရ၍ မ်က္ခြံလႊာကို အသာအယာဖြင့္ၾကည့္ေသာအခါ ေစာသႏွင့္ခြန္းသက သူ၏ေဘး၌ထိုင္ေနၾကေလ၏။
“ဆရာ ေနသိပ္မေကာင္းဘူးလား။”
“ဘာလို႔လဲခြန္းသရဲ႕ ငါေနေကာင္းပါတယ္။”
“ပုံမွန္ဆိုဆရာက ဒီအခ်ိန္အထိမအိပ္တတ္ဘူးေလ… အခု ေနကထန္းတစ္ပင္နီးပါးရွိၿပီေလဆရာရဲ႕ ကြၽန္ေတာ္တို႔က စိတ္ပူသြားလို႔ပါ။”
သူရက ပါးခ်ိဳင့္ကေလးမ်ားေပၚသည္အထိၿပဳံးလိုက္ကာ..
“အျမင္အာ႐ုံတစ္ခုကို ျမင္မက္ေနလို႔ ငါမထေသးပဲေနေနတာပါ။ စိတ္မပူၾကနဲ႔။ ငါတို႔အခု႐ြာတစ္႐ြာသြားကူညီေပးရမယ္ ဒီတစ္ခါလည္း မင္းတို႔အတြက္ထူးဆန္းတာတစ္ခုႀကဳံရအုံးမယ္ထင္တယ္။”
ဤသို႔ျဖင့္ သူရတို႔ဆရာတပည့္သုံးဦးသည္ ေျမာက္ဘက္အရပ္ကိုဦးတည္ကာ ခရီးထြက္လာခဲ့ၾကေလ၏။ ခရီးသည္ ထင္သေလာက္ ခရီးမေပါက္ေပ။ ကြင္းပိုင္ႀကီးစံမဲ၏စကားအရ ကန္ေတာ္ႀကီး႐ြာထဲကေနျဖတ္၍ အေနာက္ဘက္အတိုင္းရွစ္မိုင္ခန႔္သြားမွသာ ကန္ေတာ္ေလး႐ြာကို ေရာက္ေပလိမ့္မည္။ ဤသို႔ဆိုလွ်င္ျဖင့္ ႏွစ္ညတန္၊ သုံးည ၾကာအုံးမည္ဆိုတာကို သူရေတြးေတာမိလိုက္၏။ သူရသည္ စိတ္အစဥ္ကေန “အင္း…. ဝဋ္ေႂကြးရွိသူေတြကေတာ့ ဝဋ္ေႂကြးဆပ္ၾကရေတာ့မယ္။”ဟု ေရ႐ြတ္မိလိုက္ေလ၏။
&&& &&&
ကန္ေတာ္ေလးေက်း႐ြာ ဟု ကပၸည္းထိုးထားေသာ ႐ြာေလး၌ အိမ္ေျခေပါင္း၂၀၀ေက်ာ္ခန႔္သာ ေနထိုင္၍ လယ္ယာေျမအလုပ္ကိုသာ အဓိကထားၿပီးအသက္ေမြးဝမ္းေၾကာင္းျပဳေနေသာ ႐ြာတစ္႐ြာျဖစ္သည္။ ထို႐ြာကေလး၌ လြန္ခဲ့ေသာရက္ပိုင္းအတြင္းက အိမ္တစ္အိမ္တြင္ သက္ႀကီးေခါင္းခ်ခ်ိန္ေလာက္က ခႏၶာကိုယ္ထြားႀကိဳင္းသန္မာၿပီး အစြယ္ႏွစ္ေခ်ာင္းအျပင္ကိုေငါ့ထြက္ေနေသာ လူတစ္ေယာက္က အိမ္ဝန္းတံခါးကိုေဆာင့္ကန္ဖ်က္စီး၍ ဝင္လာခဲ့ကာ တစ္အိမ္လုံးကိုရစရာမရွိေအာင္ ခ်ိဳးဖဲ့ဖ်က္စီးၿပီး အိမ္သူအိမ္သားမ်ားကို ဇက္ကိုလိမ္ခ်ိဳး၍တစ္ဖုံ၊ လည္ပင္းကိုအစြယ္ျဖင့္ကိုက္၍တစ္ဖုံ၊ ဦးေခါင္းတစ္ခုလုံးရစရာမရွိေအာင္ ေျချဖင့္နင္းေျခသတ္၍တစ္ဖုံ ရက္ရက္စက္စက္သတ္ကာ အေလာင္းမ်ားကိုလည္း ဟိုတစ္စဒီတစ္စ ကိုက္ဖဲ့စားေသာက္သြားေသာေၾကာင့္ အေလာင္းမ်ား၏ခႏၶာကိုယ္မွာ အစြယ္ရာအႀကီးႀကီးေတြကိုျမင္ေတြ႕ရ၏။
ထိုကေန႔ညက ေသဆုံးသည့္သူမ်ားေနအိမ္က ေအာ္သံ၊ ဟစ္သံမ်ားေၾကာင့္ ရပ္႐ြာကႏိုးလာၾကၿပီး တုတ္ဓားလက္နက္ကိုင္၍ ေရာက္လာခဲ့၏။ ထိုသို႔ အစြယ္အေဖြးအသားနဲ႔ ထြားႀကိဳင္းသန္မာလွေသာ ခႏၶာကိုယ္ႀကီးႏွင့္လူ၏ ပုံစံကိုၾကည့္၍ ေၾကာက္လန႔္ကာ အနားသို႔မကပ္ဝံ့ၾကေပ။ ထိုလူအားၾကည့္၍ ႐ြာသူတစ္ဦးက “ဟာ.. ဒါ..ဒါ.. မုဆိုးႀကီးဦးဘေကာင္းပဲ” ဟုေရ႐ြတ္သံေၾကာင့္ တစ္႐ြာလုံးလည္း ပုံပ်က္ပန္းပ်က္ႏွင့္ အက်ည္းတန္အ႐ုပ္ဆိုးသည့္ ဦးဘေကာင္း၏႐ုပ္ကို ယခုမွဖမ္းတတ္သြားၾက၏။ တစ္အိမ္လုံးကိုသတ္၍ ေသြးသံရဲရဲႏွင့္ အသားတစ္တုံးကိုကိုက္ကာ အျပင္ကိုထြက္လာေသာ ဦးဘေကာင္းသည္ လူေတြအုပ္လိုက္ႀကီးကိုေတြ႕ကာ အနည္းငယ္ေတြေဝသြားခဲ့၏။ ထို႔ေနာက္မွတဆင့္ သူ၏အသံႀကီးႏွင့္ၿဖဲေခ်ာက္ကာ လူေတြကို ဝုန္းခနဲဝင္တိုက္ၿပီး လွ်င္ျမန္လြန္းလွသည့္အရွိန္ႏွင့္ ေျပးသြားေလ၏။ ဝင္အတိုက္ခံလိုက္ရေသာ လူေတြက ေလေပၚကိုတံေတာင္ခန႔္မွ်ေျမႇာက္တက္သြားကာ တအြတ္အြတ္ပင္အသံျမည္၍ ျပန္ျပဳတ္က်ၿပီး ထိခိုက္မိသြားၾက၏။
ထိုကေန႔ညက ျဖစ္ရပ္ဆိုးႀကီးေၾကာင့္ တစ္႐ြာလုံးက်ီးလန႔္စာစားကာ ဘယ္ေန႔မ်ား သရဲႀကီးဦးဘေကာင္းက ႐ြာထဲကိုဝင္ၿပီး ဘယ္သူ႔အိမ္ကိုမ်ား သတ္ျဖတ္စားေသာက္အုံးမလဲဆိုတာကို ရင္တထိတ္ထိတ္ျဖစ္ေနၾကရရွာ၏။ တခ်ိဳ႕ အလြန္အမင္းေၾကာက္တတ္ေသာသူမ်ားက “အသက္ကိုဉာဏ္ေစာင့္တယ္ သရဲတေစၦဆိုတာ စားရမွန္းသိရင္ထပ္လာအုံးမွာပဲ.. တို႔႐ြာကဦးဘေကာင္းႀကီးက ေတာထဲမွာေသၿပီးသရဲဘဝနဲ႔ ငါတို႔ကိုသတ္ေနၿပီ.. ဒါကိုမွဒီ႐ြာမွာေနရဲၾကေသးရင္ေနၾကေဟ့ ငါတို႔ကေတာ့ သရဲသတ္စားတာေတာ့မခံႏိုင္ဘူး ေျပာင္းၿပီေဟ့။” ဟူ၍ ႐ြာထဲကေနအထြက္မွာ ေအာ္သြားၾကေလ၏။ ႐ြာ၌က်န္ခဲ့ေသာ႐ြာသူ႐ြာသားေတြလည္း သရဲသတ္စားတာကိုေတာ့ မခံႏိုင္ေပ။ သို႔ေသာ္လည္း ဘိုးစဥ္ေဘာင္ဆက္ ေခါင္းခ်၍သြားခဲ့ေသာ ဤ႐ြာကေလးကိုစြန႔္ခြာဖို႔အတြက္ၾက မဝံ့ရဲၾက။ သံေယာဇဥ္ႀကိဳးတစ္ေခ်ာင္းဟာ အသက္ပင္ေသအံ့စဲစဲျဖစ္ေနလည္း ျဖတ္ဖို႔ရာမွာ အလြန္ခက္ေပ၏။
ေသခ်င္လည္းေသပါေစေတာ့ ဒီ႐ြာမွာပဲ ငါတို႔မ်ိဳး႐ိုးေခါင္းခ်သြားမယ္ေဟ့ဆိုေသာ လူေတြကလည္း ရွိေလ၏။ ဤကိစၥမ်ားႏွင့္ပတ္သက္ၿပီးေတာ့ သူႀကီးဦးမင္းႏိုင္တစ္ေယာက္ ဦးေႏွာက္ေခ်ာက္ရသည္။ ရဟန္းသံဃာေတာ္မ်ားအား ပရိတ္ပဌာန္း အႏၲရာယ္ကင္း ကမၼဝါစာေပ က်မ္းဂန္မ်ားႏွင့္ တစ္႐ြာလုံးအႏွံ႔႐ြတ္ဖတ္၍ သဲမန္းမ်ားကိုလည္းေနရာအႏွံ႔က်ဲကာ ႐ြာၿခံစည္း႐ိုးကိုလည္း ပရိတ္ႀကိဳးမ်ားျဖင့္တားထားေသာ္လည္း သူ၏စိတ္ထဲ ထိုမွ်ေလာက္နဲ႔ သရဲႀကီးဦးဘေကာင္း ႐ြာထဲမဝင္ႏိုင္ဖို႔ဆိုတာ သိပ္ေတာ့မေသခ်ာလွ။ ႐ြာနီးေခ်ာင္းစပ္၌လည္း သာမာန္ေဆးဆရာမ်ားသာရွိၿပီး အထက္လမ္းကို ေသခ်ာေလ့လာလိုက္စားသည့္သူမရွိေပ။ ထို႔ေၾကာင့္ အခက္ႀကဳံရၿပီေပမို႔ ကန္ေတာ္ႀကီးေက်း႐ြာက သူ၏ညီ မင္းခိုင္ထံ လူႀကဳံပါး၍ တကယ္စြမ္းသည့္အထက္ဆရာမ်ားေတြ႕ခဲ့ရင္ သူ၏႐ြာကိုပင့္ခဲ့ဖို႔နဲ႔ ႐ြာကအက်ိဳးအေၾကာင္းကိုေျပာျပခိုင္းလိုက္၏။
အေနာက္ဘက္အရပ္က ေတာင္ေစာင္းကေလးေပၚ ေနမင္းႀကီးက်ေရာက္သြားတာနဲ႔ အေမွာင္ထုကဝင္ေရာက္လာခဲ့ေလ၏။ ေနေရာင္ေပ်ာက္ကြယ္၍ ေလာကကိုအေမွာင္ထုကႀကီးစိုးသြားေသာအခါ ကန္ေတာ္ေလး႐ြာ၏အိမ္ေတြထဲကေန ေရနံဆီမီးခြက္အေရာင္ေလးေတြက ထြန္းလင္းလာၾကေလ၏။ ကန္ေတာ္ေလး႐ြာထဲ၌ရွိေသာ ေခြးေလေခြးလြင့္မ်ားသည္ ဤကေန႔ည ေဟာင္ဖို႔ပင္မေျပာႏွင့္ လမ္းမေပၚ၌ပင္ တစ္ေကာင္တစ္ျမႇီးမွ်မေတြ႕ရေပ။ ေလေျပေလညင္းမ်ားကလည္း သည္ကေန႔ညၾကမွ တိတ္ဆိတ္ညိမ္သက္ေနခါ ပိုးေကာင္ငယ္တို႔၏ ေအာ္သံတြန္သံမ်ားလည္း ၾကားရျခင္းမရွိေသာေၾကာင့္ ကန္ေတာ္ေလး႐ြာသည္ တစျပင္ကဲ့သို႔ တိတ္ဆိတ္ေမွာင္မိုက္ကာ ေက်ာခ်မ္းဖြယ္ရာအတိေကာင္းေနေပေလ၏။
႐ြာအဝင္ထိပ္က သစ္ပင္ေအာက္သို႔ မည္းမည္းအရိပ္ႀကီးတစ္ခုက ျဖတ္ခနဲဆိုသလို လွ်င္ျမန္သည့္အရွိန္ႏွင့္ေရာက္လာေသာေၾကာင့္ သူ၏ေနာက္၌ ေလျပင္းမ်ားဝုန္းခနဲကပ္ပါလာခဲ့တာမို႔ အနီးရွိသစ္ပင္ငယ္မ်ားပင္ရိမ္းခါသြားသလို ဖုန္ေတြလည္းအလိပ္လိုက္ထသြားခဲ့၏။ ထိုသူသည္ အစြယ္ႏွစ္ေခ်ာင္းကိုလွ်ာျဖင့္သပ္ကာ နီရဲေတာက္ေနေသာ မ်က္လုံးနီနီမ်ားျဖင့္ ႐ြာထဲကအိမ္မ်ားကိုၾကည့္၍ လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကာ ေျခတစ္ခ်က္ေဆာင့္၍ ေလကဲ့သို႔အဟုန္နဲ႔ တရွိန္ထိုးေျပးဝင္သြားခဲ့ေလ၏။ မၾကာေပ ႐ြာထဲက အိမ္တစ္အိမ္ဆီကေန ေၾကာက္လန႔္တၾကား ေအာ္သံ၊ ဟစ္သံေတြ၊ ငိုယိုသံေတြ၊ ေတာင္းပန္ေနသည့္အသံေတြထြက္လာခဲ့၏။
ထိုေအာ္သံမ်ားကို တစ္႐ြာလုံးၾကားလိုက္ရဘိသကဲ့သို႔ တုတ္ဓားလက္နက္မ်ားအျပင္ သံပုံမ်ားကိုင္သူကကိုင္၊ ပုတီး၊ ပရိတ္ခ်ည္၊ ပရိတ္ေရမ်ား ကိုင္သူကကိုင္ႏွင့္ တစ္႐ြာလုံးကလူမ်ား လမ္းေပၚကိုေျပးထြက္လာၾကကာ ေအာ္သံၾကားရသည့္အိမ္သို႔ စုဝိုင္းလိုက္ၾက၏။ လူမ်ားသည္ ေအာ္သံဟစ္သံေပးေသာအခါ အိမ္ထဲကေန ဘီလူးသဘက္ကဲ့သို႔ ပုံစံမ်ိဳးႏွင့္ မုဆိုးႀကီးဦးဘေကာင္းက ထြက္လာခဲ့၏။ သံပုံးတီးသူမ်ားကလည္းတီး၊ ပရိတ္ေရျဖင့္ပက္သူကပက္ၾကေလ၏။ ပရိတ္ေရျဖင့္အပက္ခံရေသာ ဦးဘေကာင္းက အေနာက္ကိုဆုတ္သြားကာ နီရဲေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ႐ြာသူ႐ြာသားေတြကိုစိုက္ၾကည့္ၿပီး သူ၏ညာေျခကိုေပါက္လိုက္ရာ ႐ြာသူ႐ြာသားေတြသည္ အလြန္အားျပင္းသည့္စြမ္းအင္တစ္ခုက ခါးေစာင္းကို႐ိုက္ခ်လိုက္သလို အေနာက္ကိုပစ္လဲက်သြားၾက၏။
တခ်ိဳ႕သတၱိအေတာ္ေကာင္းသည့္႐ြာသားငါးေယာက္ႏွင့္ ႐ြာခံလူမိုက္ႏွစ္ေယာက္က ဓားေတြကိုယ္စီကိုင္ကာ ျပန္ထလာၾကၿပီး ဦးဘေကာင္းကို ဝိုင္းလိုက္ၾက၏။ ထို႔ေနာက္ တိုင္ပင္ထားသည့္အလား အကုန္လုံးတစ္ၿပိဳင္တည္းဝင္ခုတ္ၾကေလ၏။ သို႔ေသာ္ ဦးဘေကာင္း၏ ကိုယ္ခႏၶာသည္ ဓားႏွင့္အခုတ္ခံရေသာ္လည္း ျခစ္ရာေလးပင္မထင္ကာ မတ္တပ္ရပ္ေနစၿမဲပင္။ ဓားႏွင့္ခုတ္တဲ့သူေတြအံ့ဩေနခိုက္ ဦးဘေကာင္းက အသံနက္ႀကီးျဖင့္ေအာ္ကာ သူ၏ေရွ႕ကလူ၏လက္ကိုဆြဲ၍ ေဝွ႔ရမ္းလိုက္ရာ၌ သူ႔ကိုဝိုင္းထားၾကသည့္လူေတြအကုန္ လဲက်သြားၾက၏။ ထို႔ေနာက္ သူ၏လက္ထဲကတစ္ေယာက္ကို ဝမ္းဗိုက္အား လက္သည္းမ်ားျဖင့္ထိုးေဖာက္ၿပီး အူေတြကို ဆြဲထုတ္ကာ ပါးစပ္ထဲကိုထည့္၍ စားေနေလ၏။
ထိုအျဖစ္အပ်က္အား နဖူးေတြ႕ဒူးေတြ႕ျမင္လိုက္ရေသာ ႐ြာသူ႐ြာသားမ်ားသည္ ေၾကာက္လန႔္သြားၾကကာ အေနာက္ကိုလွည့္၍ ေျခဦးတည့္ရာေျပးေလေတာ့သည္။ ဦးဘေကာင္းသည္ ေလအဟုန္ကဲ့သို႔ေျပးသြားကာ လူတစ္ေယာက္ကို လည္ပင္းကေနကိုက္မလိုက္ၿပီး ခႏၶာကိုယ္ကို ေျချဖင့္ေဆာင့္ကန္လိုက္ရာ ခႏၶာကိုယ္ႀကီးကလြင့္ထြက္သြားၿပီး သူ၏လက္ထဲကဦးေခါင္းက သည္အတိုင္းက်န္ေနခဲ့ေလ၏။ အသံနက္ႀကီးျဖင့္ဟားတိုက္ရယ္ေမာကာ သူ၏လက္ထဲကေခါင္းကို လြင့္ျပစ္ၿပီး ေနာက္တစ္ေယာက္ထံကို ေျပးမည္အျပဳ ေကာင္းကင္ကေန အျဖဴေရာင္အလင္းတန္းတစ္ခုက ဝုန္းခနဲဆိုသလို က်ေရာက္လာကာ ၿခံအျပင္၌လည္း ေယာဂီဝမ္းဆက္ႏွင္ လူႏွစ္ေယာက္က အင္းျပားတစ္ခုဆီကိုင္၍ ေျပးဝင္လာၾက၏။ အလင္းတန္းက်ေရာက္ေသာေနရာ၌ တည္ၾကည္ခံ့ညားသည့္ ဥပဓိ႐ုပ္အသြင္ႏွင့္ လူငယ္တစ္ဦးက မတ္တပ္ရပ္ေနေလ၏။
“စိတ္ကိုထိန္းပါ ဦးဘေကာင္း.. သင္က က်ိန္စာမိေနတဲ့လူသားကိုစားမိၿပီး ယခုလို ဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္း ဘဝကိုေရာက္သြားတာပါ။ သင့္အေနနဲ႔ လူအမ်ားကိုထိခိုက္နစ္နာေစမယ့္အလုပ္ လုပ္မည့္သူမဟုတ္ပါဘူး။ သင္အခုလို လုပ္မိေနတာေတြက သင္စားသုံးမိခဲ့တဲ့အသားေၾကာင့္ မေကာင္းတဲ့အေမွာင့္ပေယာကဓာတ္က သင့္ကိုဝင္ေရာက္စီးနင္းၿပီး အခုလိုေတြျဖစ္ေနတာ။ သင့္စိတ္ကို သင္ႏိုင္ေအာင္ထိန္းပါအုံး။”
ထိုလူငယ္၏စကားသံမ်ားက ဦးဘေကာင္း၏နားထဲကိုေရာက္သည့္ပုံ မေပၚေပ။ ဦးဘေကာင္းက ထိုလူငယ္ကိုၾကည့္၍ အံကိုႀကိတ္လွ်က္ရွိေနေလ၏။ ဦးဘေကာင္းသည္ ဖေနာင့္တစ္ခ်က္ေပါက္၍ ေလအဟုန္ႏွင့္ေျပးလိုက္ကာ ထိုလူငယ္၏အေနာက္ကိုေရာက္ရွိသြားၿပီး သူ၏လက္ဝါးႀကီးႏွင့္ ေက်ာကုန္းကို႐ိုက္ဟန္ျပင္လိုက္၏။ သို႔ေသာ္ အလြန္အားျပင္းလွေသာ ပညာစက္တစ္မ်ိဳးက သူ၏ရင္ဝကို႐ိုက္ခတ္လိုက္ေသာေၾကာင့္ အေနာက္သို႔လြင့္စင္သြားကာ ေျမေပၚသို႔ပက္လက္လွန္လဲက်သြား၏။ ထိုလူငယ္က အေနာက္ကိုလွည့္၍..
“ငါ ေျပာဆိုဆုံးမလည္း ရမယ့္ဟန္ပုံမေပၚဘူး ေစာသနဲ႔ခြန္းသ အခ်ဳပ္အင္းနဲ႔ပစ္လိုက္စမ္း။”
ထိုလူငယ္၏စကားအဆုံး၌ ၿခံထဲကိုဝင္လာၾကသည့္လူငယ္ႏွစ္ဦးအနက္ တစ္ဦးက လက္ထဲကအင္းျပားႏွင့္ ဦးဘေကာင္းထံကိုပစ္လႊတ္လိုက္၏။ ဦးဘေကာင္းသည္ ထိုင္ေနရာမွာတင္လႈပ္မရျဖစ္သြားကာ အတင္း႐ုန္း၍ တဝူးဝူးတဝါးဝါးေအာ္ဟစ္ေလ၏။ ထိုအျဖစ္ပ်က္ကို ႐ြာသူ႐ြာသားေတြသည္ မလွမ္းမကမ္းကေန ရပ္ၾကည့္ေနၾက၏။ ထို႔ေနာက္ ဥပဓိ႐ုပ္တည္ၾကည္လွေသာလူငယ္သည္ “ခြန္းသ မင္းလက္ထဲကအင္းျပား ေပး။”ဟူ၍ အရပ္ျမင့္ျမင့္ႏွင့္ ဆံပင္ကိုအလယ္ခြဲထားေသာ လူငယ္၏ထံမွ ေတာင္းယူလိုက္၏။ ထိုလူငယ္သည္ အင္းျပားကိုရေသာအခါ တည္ညိမ္ေသာေျခလွမ္းမ်ားႏွင့္ ဦးဘေကာင္းထံေလွ်ာက္သြားကာ သူ၏လက္ထဲကအင္းျပားႏွင့္ ဦးဘေကာင္း၏နဖူးကိုကပ္၍ ဂါထာတစ္ပုဒ္ကို ဌာန္က႐ိုင္းက်က်အေခါက္ေခါက္အခါခါ႐ြတ္ဖတ္ေနေလ၏။ ဦးဘေကာင္းသည္ အစပထမ၌ အတင္း႐ုန္းကန္လႈပ္ရွားေနေသာ္လည္း အခ်ိန္ၾကာလာေသာအခါ ညိမ္က်သြားကာ တျဖည္းျဖည္းခႏၶာကိုယ္က ေသးသြားၿပီး အစြယ္ႏွစ္ေခ်ာင္းလည္းေပ်ာက္ကြယ္သြား၏။
မူလခႏၶာကိုယ္အ႐ြယ္စားသို႔ ေရာက္ရွိသြားသည့္အခါ၌ နီရဲေတာက္ေနေသာမ်က္လုံးမ်ားက အေရာင္မွိန္သြားကာ သာမန္မ်က္လုံးအျဖစ္ ေျပာင္းသြားခဲ့၏။ ဦးဘေကာင္းသည္လည္း ေဘးကိုလဲက်ကာ ေမ့ေျမာသြားေတာ့သည္။ ဦးဘေကာင္းလဲက်သြားခ်ိန္၌ ႐ြာသူ႐ြာသားေတြသည္ ဓားကိုယ္စီကိုင္ကာ သတ္မည္၊ ျဖတ္မည္တကဲကဲႏွင့္ ေျပးလာၾကေသာေၾကာင့္ ထိုလူငယ္က တားဆီးၿပီး အက်ိဳးသင့္အေၾကာင္းသင့္ကို ေျဖရွင္းျပကာ ဦးဘေကာင္း၌ ဘာအျပစ္မွမရွိေၾကာင္း ေျပာျပလိုက္၏။
“လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္းမ်ားစြာက က်ိန္စာမိေနတဲ့အသားကို စားသုံးမိလို႔ ဦးဘေကာင္းက အခုလိုဘီလူးတစ္ပိုင္းအ႐ူးတစ္ပိုင္းနဲ႔ လူေတြကိုဒုကၡေပးၿပီး သတ္ျဖတ္စားေသာက္ေနတာပါ။ သူ႔ရဲ႕ပင္ကိုယ္စိတ္ရင္းမွာ လူေတြကိုထိခိုက္လိုစိတ္ ႏွမ္းတစ္ေစ့မွ်ေတာင္မရွိပါဘူး။ ႐ြာသူ႐ြာသားေတြအေနနဲ႔ သူ႔ကိုခြင့္လႊတ္ေပးလိုက္ၾကပါ။ ေသဆုံးသြားတဲ့ လူေတြရဲ႕အေလာင္းကိုသာ ေကာင္းေကာင္းမြန္မြန္သၿဂိဳလ္ၿပီး အမွ်တမ္းေသခ်ာေပးေဝၾကပါ။”
ထိုလူငယ္၏စကားအဆုံး၌ ေသဆုံးသြားသည့္သူမ်ားအနီးကို ေဆြမ်ိဳးေတာ္သူမ်ားႏွင့္ အေပါင္းအသင္းမိတ္ေဆြမ်ားက ေရာက္ရွိသြားၾကကာ ငိုေႂကြးၾကေလ၏။ ထိုကေန႔ည၌ ကန္ေတာ္ေလးေက်း႐ြာေလးဟာ ငိုျခင္းခ်သံေတြႏွင့္ လႊမ္းၿခဳံလို႔ေနေလ၏။ နံနက္မိုးေသာက္ အခ်ိန္အခါ၌ လူငယ္သုံးဦးဟာ ကန္ေတာ္ေလး႐ြာကို ေက်ာခိုင္း၍ ထြက္ခြာလာခဲ့ၾက၏။
“ဆရာ ကြၽန္ေတာ္တို႔ ဘီလူးသဘက္ျဖစ္ေနရွာတဲ့မင္းယကၡကိုေရာ အခ်ဴပ္အေႏွာင္ကေန လႊတ္မေပးေတာ့ဘူးလား။”
အလယ္ကေနလမ္းေလွ်ာက္ေနေသာလူငယ္အား သူ၏ညာဘက္က အရပ္ပုပု ပိန္ပိန္ပါးပါးနဲ႔လူငယ္ကေမးလိုက္ျခင္းျဖစ္သည္။ အလယ္ကလူငယ္သည္ ပါးခ်ိဳင့္အေသးေလးႏွစ္ဖက္ေပၚေအာင္ၿပဳံးလိုက္ကာ…
“အကုသိုလ္ကံဝဋ္ေႂကြးရွိေနရင္ ငါတို႔ကယ္လို႔မရဘူးေစာသ။ သူ႔ရဲ႕အကုသိုလ္ကံကုန္ခဲ့ရင္ေတာ့ ဘယ္လိုပဲခ်ဳပ္ေႏွာင္ဖမ္းဆီးထားပါေစ လြတ္ေျမာက္သြားပါလိမ့္မယ္။ ငါတို႔ေလွ်ာက္တဲ့လမ္းမွာ ကယ္ႏိုင္ရင္ကယ္ကိုကယ္ရမယ္၊ မကယ္ႏိုင္ရင္ေတာ့ မ်က္ႏွာသာလြဲွထားၾကရမယ္။ က်န္တာေတြကိုေတာ့ သူတို႔ရဲ႕ကုသိုလ္ကံ အကုသိုလ္ကံကဆုံးျဖတ္ပါလိမ့္မယ္ကြာ။”ဟူ၍ ေျပာၾကားၿပီး တျဖည္းျဖည္းထြက္ေပၚလာသည့္ ေနမင္းႀကီးရွိရာ အေရွ႕အရပ္သို႔ ထိုဆရာတပည့္သုံးဦးဟာ ထြက္သြားခဲ့ၾကေလေတာ့သတည္း။
~~~~
ၿပီးပါၿပီ။
တတ္သည့္ပညာတိုင္းအား ေကာင္းတာလုပ္ပါမူ…
ေကာင္းသည့္ပညာသာျဖစ္၏။
တတ္သည့္ပညာတိုင္းအား မေကာင္းတာလုပ္ပါမူ…
မေကာင္းသည့္ပညာသာျဖစ္၏။
အျဖဴနဲ႔အမဲဟာ ဒြန္တြဲေန၏။
(ဆက္လက္ႀကိဳးစားပါအုံးမည္)
#မိုးထြန္း(မေကြး)