“ဘီလူးမွေးတဲ့ရွာ”(စ/ဆုံး)

“ဘီလူးမွေးတဲ့ရွာ”(စ/ဆုံး)

========================

လောကမှာလူသားတွေမှန်းဆလို့
မရတဲ့အကြောင်းအရာတွေအများကြီး
ရှိနေတယ်လို့ယုံကြည်မိပါသည်။
ဤကဲ့သို့ထူးဆန်းလှသည့်အဖြစ်အပျက်
မျိုးစုံသည်လည်းလူ့ပတ်ဝန်းကျင်မှာ
ဖြစ်ခဲ့ဖူးပါသည်။
သိပ္ပံပညာရှင်များတောင်မဖော်ထုတ်နိုင်
တဲ့ကိစ္စရပ်များလည်းများစွာရှိနေပါလိမ့်မည်။
ထိုသို့ထူးဆန်းလှသည့်အကြောင်းအရာ
များထဲကမှ လူသားစင်စစ်ကနေ
ဘီလူးမွေးသည့်အကြောင်းလေးအား
စာဖတ်သူများသို့တင်ပြချင်ပါသည်။

အချိန်ကာလသည်ကား
၁၉၇၈ခန့်ကဖြစ်သည်။
ရွာနာမည်ကဇီးချိုတောရွာဟုခေါ်လေ
သည်။
အိမ်ခြေနှစ်ရာခန့်ရှိသည့်ရွာကြီးတစ်ရွာ
လည်းဖြစ်ပေသည်၊မွေးမြူရေးနှင့်စိုက်ပျိုးရေးကိုသာ
အဓိကထားလုပ်ကိုင်ကြသည့်ရွာတစ်ရွာလည်းဖြစ်သည်။

“မွေးတော့မယ် ညှစ်ညှစ် ချိုမာ အားစိုက်ပြီးညှစ်လိုက်”

“အား…အင်း”

“ခေါင်းကိုမြင်နေရပြီ ချိုမာ
ညှစ်ထား ထပ်ညှစ်လိုက်”

“အား အေမ့”

မချိုမာလည်းအားစိုက်ကာ
ညှစ်မွေးလိုက်လေသည်။
လက်သည်ဒေါ်သုံလည်းမွေးလာသည့်
ကလေးမှာအသံမထွက်သဖြင့်
ပွေ့ချီပြီးအသေအချာကြည့်မိလိုက်သည်။

“ဟင်…”

လက်သည်ဒေါ်သုံ၏မျက်လုံးတို့
ပြူးကျယ်သွားရလေသည်။
အကြောင်းရင်းမှာမချိုမာမွေးသည့်
ကလေးမှာတခြားကလေးများနှင့်မတူပဲ
မွေးဖွားကတည်းက သွားများပေါက်နေသည်။
ရိုးရိုးသာမာန်သွားဆိုလျှင် ဒေါ်သုံ
အံ့သြထိတ်လန့်မည်မဟုတ်ချေ
ယခုမူမချိုမာ၏ကလေးမှာ အစွယ်နှစ်ချောင်းကပါးစပ်အပြင်သို့
ငေါ့ထွက်၍နေလေသည်။
ကလေး၏ရုပ်အဆင်းသဏ္ဌာန်မှာလည်း
အလွန်ပင်ကြောက်မက်ဖွယ်
ကောင်းလှပေသည်။
မျက်လုံးနှစ်လုံးမှာအပြင်သို့
ထွက်ကျတော့မည့်အလားပြူးကျယ်နေ
ပြီး၊ကလေး၏ခေါင်းသည်လည်း
သာမာန်လူခေါင်းနှင့်မတူပဲ
ခေါင်းမှာနှစ်ဆင့်ဖြစ်နေသည်။
ခေါင်းတစ်လုံးပေါ်နောက်ထပ်ခေါင်း
တစ်လုံးကထပ်နေသည်။
ခေါင်းနှစ်လုံးဆင့်ဖြစ်နေပေမယ့်
မျက်လုံးကနှင့်ပါးစပ်ကတော့ပုံမှန်လူလိုမျိုးပါလေသည်။
ကလေးကယောက်ျားလေးဖြစ်သည်
လက်သည်ဒေါ်သုံလည်း ကလေးငယ်အားကြည့်ကာ စိုးရိမ်ထိတ်လန့်နေတော့သည်။

“ဒေါ်သုံ ကျွန်မဘာလေးမွေးလဲဟင်
သားလေးလား သမီးလေးလား”

မချိုမာမေးလိုက်သည့်မေးခွန်းကြောင့်
လက်သည်ဒေါ်သုံမည်သို့ပြန်ပြောရ
မည်မသိချေ။

“ဟို…ဟို…ဟိုလေ
ညည်းမွေးတာယောက်ျားလေးအေ့
ယောက်ျားလေး…”

“သားလေးရပြီဆိုတော့
ကျွန်မယောက်ျားကိုဖေစိန်တော့
ဘယ်လောက်ဝမ်းသာနေမလဲ
မသိဘူး။
ကလေးကိုပြပါအုံး ဒေါ်သုံ……”

“ဟင်…”

“ဘာတွေလန့်နေတာလဲ ဒေါ်သုံရဲ့
ကျွန်မသားလေးကိုကြည့်ချင်လို့
ကျွန်မကိုပြပါအုံး။

“ဟို သြော် နေဦးလေ
ချိုမာရဲ့အပြင်က ချိုမာမိဘတွေနဲ့
ညည်းယောက်ျားဖေစိန်ကို
အရင်သွားပြလိုက်ဦးမယ်။
ပြီးမှနင့်ကိုပြတော့မယ်အေ
သူတို့လည်းအပြင်မှာ ဘာလေးမွေးလဲ
ဆိုပြီးစောင့်နေကြရော့မယ်”

“အင်း အင်း ဒါဆိုလည်း သူတို့ကိုအရင်ပြလိုက်ပါ”

လက်သည်ဒေါ်သုံလည်း ကလေးအား
ပွေ့ချီပြီးအခန်းထဲမှထွက်လာခဲ့သည်။
အခန်းအပြင်သို့ရောက်တော့
မချိုမာ၏ခင်ပွန်းနှင့်မချိုမာ၏
မိဘများကမျှော်လင့်တကြီးဖြင့်
ကလေးကိုစောင့်နေကြလေသည်။
လက်သည်ဒေါ်သုံလည်းရှောင်လွဲ
မရတော့သည့်အချိန်ပေမို့
ကလေးအားပြရန်သာရှိတော့သည်။

“ဒေါ်သုံ ဘာလေးမွေးတာလဲဗျ
ကျုပ်မိန်းမကရော ကျန်းမာရဲ့လား”

“ဘာလေးမွေးလဲ မသုံ
ကျုပ်တို့တော့မြေးဦးလေးချီရပြီတော့်။

“ငါကတော့သားလေးမွေးမွေး
သမီးလေးမွေးမွေး ငါ့မြေးဦးလေးကို
တုန်နေအောင်ချစ်မှာပဲဟေ့။

မချိုမာ၏ယောက်ျားနှင့်
မချိုမာ၏မိဘများကလည်း မချိုမာ
မွေးလာသည့်ကလေးအား
ဝမ်းပန်းတသာကြည့်ချင်နေကြသည်။
လက်သည်ဒေါ်သုံလည်း စိတ်မကောင်း
သည့်မျက်နှာအမူအယာဖြင့်
ကလေးအားပြသလိုက်သည်။

“စိတ်ကိုထိန်းပြီး ကြည့်ဖို့ပြောပါရစေ”

“ဟာ…ကိုယ့်သားသမီးကို
ကြည့်တာများဘာလို့စိတ်ထိန်းနေရ
မှာလဲဒေါ်သုံရ။

“အေးလေဟယ်
ကိုယ့်မြေးကိုကြည့်ရမှာ စိတ်တွေထိန်းဖို့
မလိုပါဘူး။

“ပြပါအုံး ကလေးကို”

“ဒီမှာပါ…”

လက်သည်ဒေါ်သုံလည်းကလေးအား
အနှီးလှန်ကာပြသလိုက်တော့သည်။

“ဟင်…”

“အလိုလေး…”

“အောင်မယ်လေး”

ကိုဖေစိန်နှင့်မချိုမာ၏ မိဘများလည်း
အံ့သြထိတ်လန့်သွားကြလေသည်။

“ဒါ ဒါ ဒါကျုပ်မိန်းမမွေးတဲ့ကလေးလား”

“ရှူး တိုးတိုးပြောပါ ဖေစိန်
အခန်းထဲက ချိုမာကြားသွားလိမ့်မယ်
သူ့ကလေးကဘာလေးလဲဆိုတာ
သူသိသေးတာမဟုတ်ဘူး။
အခုအချိန်သူသာသိသွားရင်
လန့်ပြီးတစ်ခုခုဖြစ်မှာစိုးရတယ်
အခုအချိန်ကသွေးနုသားနုဖြစ်နေတဲ့
အချိန် သူ့ကလေးကိုသွားပြလိုက်ရင်
သေတောင်သေသွားလိမ့်မယ်ကွဲ့။

“ဟုတ်တယ် မသုံပြောတာမှန်တယ်
အခုအချိန်မှာသာ သမီးကိုကလေးသွား
ပြလိုက်ရင် တစ်ခုခုဖြစ်သွားလိမ့်မယ်။
ကလေးကိုပြလိုက်လို့မဖြစ်ဘူး”

“ဒါ ဒါဖြင့်ကျုပ်တို့ဘယ်လိုလုပ်သင့်လဲ
ဒေါ်သုံပြောပါအုံးဗျာ ”

“အန်တီသုံပြောချင်တာကတော့
ဒီကလေးကိုမွေးဖို့မသင့်တော်ဘူးလို့
ထင်တယ်၊ရပ်ရွာကလည်းလက်ခံမှာ
မဟုတ်ဘူး။
အကောင်းဆုံးကတော့ ဒီကလေးကို
ဒီကလေးကို ……”

“ပြောမှာသာပြောစမ်းပါ
ဒေါ်သုံရာ ဘာလုပ်ရမလဲသာပြောပါ”

“မင်းစိတ်တော့မဆိုးနဲ့ဖေစိန်
ဒီကလေးကိုနားလည်တတ်ကျွမ်းတဲ့
သူတွေဆီပို့လိုက်တာ အကောင်းဆုံးပဲ၊ကျန်တာတော့အန်တီသုံလည်း
မသိဘူးဖေစိန်,

“သား ဖေစိန် မသုံပြောသလိုလုပ်ကြတာပေါ့ကွာ
ဖြစ်လာမှတော့ ဖြေရှင်းရတော့မှာပေါ့။

“မသုံ သမီးလေးကိုသင့်တော်သလို
ပြောပြီးဒီကိစ္စကိုလျှို့ဝှက်ထားပေးပါ။
သမီးလေးပုံမှန်လူလိုကျန်းမာလာမှ
ဒီကိစ္စကိုဖွင့်ပြောကြတာပေါ့ရှင်…”

“ကောင်းပါပြီရှင်…”

“ဖေစိန် ကလေးကိုခေါ်သွား
ကိုသာထူးရှင်လည်းလိုက်သွား
နားလည်တတ်ကျွမ်းတဲ့သူတွေဆီမှာ
ဒီကလေးကိုသေသေချာချာအပ်ပါ။

“အေးပါ…လာသား ဖေစိန်
သွားကြရအောင်………”

“ဟုတ်ကဲ့…”

ကိုဖေစိန်လည်းယောက္ခထီးဖြစ်သူနှင့်
အတူနားလည်တတ်ကျွမ်းသောသူများ
ထံသို့ရောက်လာခဲ့ကြသည်။

“မင်းတို့ရောက်တာမြန်ပေလို့ပေါ့
မဟုတ်ရင် ဒီကလေးကမင်းတို့ကိုရော
အားလုံးကိုပါ ဒုက္ခအကြီးအကျယ်ပေးလိမ့်မယ်။
မယုံရင်ဒီမှာကြည့်…”

ဆရာကပြောပြောဆိုဆို
ကလေးငယ်၏ပါးစပ်အနားသို့
လက်ညှိုးဖြင့်ထိလိုက်ရာ
ကလေးငယ်ကချက်ချင်းမျက်လုံးဖွင့်ပြီး
ဆရာ၏လက်ညှိုးအားကိုက်လေသည်။

“ဟင်…”

“ဟာ……ဆရာကူညီပါအုံးဗျာ
ကျုပ်တို့ဘယ်လိုလုပ်သင့်လဲ
ဒီကလေးကိုတော့ဆက်ပြီးမွေးမထားချင်ဘူးဗျာ…”

“ကောင်းပြီလေ
ဆရာတို့အစီအရင်လုပ်ပြီး
ဒီကလေးကိုလာရာလမ်းအတိုင်း
ပြန်ပို့ပေးကြတာပေါ့ကွာ။

“ဒါနဲ့ဆရာ ဘာဖြစ်လို့ကျုပ်တို့ကြမှ
ဒီလိုဘီလူးကလေးမွေးလာရတာလဲဗျာ။

“ဒါကတော့သူ့အကြောင်းနဲ့သူရှိလိမ့်မယ်
တချို့ ကဘဝဟောင်းကတော်စပ်ခဲ့တဲ့
သံယောဇဉ်တွေကြောင့် နောင်ဘဝထိ
လိုက်လာကြတာမျိုးပေါ့၊ဥပမာဆိုပါစို့
မင်းရဲ့ဇနီးမယားဟာအရင်ဘဝက
ဘီလူးတစ်ကောင်ဖြစ်ခဲ့မယ်
ဒီကလေးဟာလည်းအရင်ဘဝက
ဘီလူးတစ်ကောင်ဖြစ်ခဲ့မယ်
သူတို့ဟာအရင်ဘဝက မောင်နှမဖြစ်ချင်ဖြစ်ခဲ့မယ်၊လင်မယားဖြစ်ချင်ဖြစ်ခဲ့လိမ့်မယ်။
သူတို့သေလွန်တဲ့အခါ သူတို့ရဲ့
ကုသိုလ်အကုသိုလ်အပေါ်မူတည်ပြီး
ဘုံဘဝတွေမှာကျင်လည်ကြရတယ်
ဘီလူးဆိုတာ ရက်စက်တတ်၊ကြမ်းကြုတ်တတ်တဲ့သူတွေဖြစ်တာ
ကြောင့်လူ့ဘဝကိုရောက်ပြန်လည်း
အသက်ရှည်ရှည်နေခွင့်မရဘူး။
လူသားတစ်ယောက်နဲ့တစ်ယောက်
ချစ်လို့ရင်ကနေဖြစ်လာတဲ့သွေးသားဟာ
ဘီလူးတစ်ကောင်အဖြစ် မွေးဖွားလာစရာ အကြောင်းမရှိပါဘူး။
မိခင်ဘက်ကိုတူရင်တူ မတူရင်ဖခင်ဘက်ကို တူလို့မွေးဖွားလာတာပဲလို့ ဆရာမြင်တယ်ကွယ်………”

“ဒါဖြင့်ရင်ဆရာပြောချင်တဲ့သဘောက
ကျုပ်ကအရင်ဘဝတုန်းကဘီလူးဖြစ်
ရင်ဖြစ်ခဲ့မယ်၊ဒါမှမဟုတ် ကျုပ်မိန်းမက
ဘီလူးဖြစ်ရင်ဖြစ်ခဲ့မယ်လို့ဆိုလိုတာလားဆရာ။

“အမှန်ပါပဲ…”

“ကျုပ်သားမက်နဲ့ကျုပ်သမီးကတော့
ဆရာကြီးပြောသလိုမျိုးတော့
ဘီလူးတို့ရဲ့စရိုက်လက္ခဏာမျိုး
မတွေ့မိဘူးဆရာကြီးရဲ့…”

“ဆရာကြီးပြောပြီးပြီပဲ
သူတို့ပြုခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံ
တွေပေါ်မူတည်ပြီး လားရာဘုံဘဝကို
ရောက်စေတယ်လို့ပြောခဲ့ပါတယ်။
မောင်ဖေစိန်နဲ့မချိုမာတို့နှစ်ယောက်
ထဲကအရင်ဘဝက ဘီလူးဖြစ်ခဲ့တယ်ဆိုရင်တောင်မှ
သူတို့ပြုခဲ့တဲ့ကုသိုလ်ကံတရားက
များပြားခဲ့လို့ ယခုလိုလူသားစစ်စစ်
အဖြစ်မွေးဖွားလာကြတာပေါ့။
ဒီကလေးဆိုရင်လည်း အရင်ဘဝက
ဘယ်လောက်တောင် ရိုင်းစိုင်းကြမ်းကြုတ်ခဲ့သလဲမသိဘူး
အခုဘဝရောက်တော့ သူ့ရဲ့အရင်ဘဝကနဂိုရုပ်အဆင်း
သဏ္ဌာန်ကို ပြန်ရတာပဲကြည့်လေ။
ဒါကုသိုလ်ကံအကုသိုလ်ကံတွေရဲ့
အကျိုးဆက်ပေါ့ဗျာ………”

“သြော် ဟုတ်ကဲ့ဆရာကြီးပြောတာ
နားလည်ပါပြီ ………”

“ကဲဒီကလေးကို လုပ်စရာရှိတာလုပ်ကြဦးစို့
ခင်ဗျားတို့နှစ်ယောက်လည်း ဆရာကြီးနဲ့အတူ သင်္ချိုင်းထဲလိုက်ခဲ့ကြပေတော့။

“ဟုတ်ကဲ့ ဆရာကြီး”

ကိုဖေစိန်နှင့်ဦးသာထူးလည်း
ဆရာကြီးနှင့်အတူသင်္ချိုင်းထဲသို့
လိုက်လာခဲ့ကြသည်။
သင်္ချိုင်းထဲရောက်တော့ဆရာကြီးက
ကလေးငယ်အားအုတ်ဂူပေါ်သို့
တင်လိုက်သည်။

ပြီးနောက်လွယ်အိတ်ထဲမှ
အင်းတစ်ချပ်ကိုထုပ်ကာ ပါးစပ်မှ
ဂါထာမန္တာန်များရွတ်ဆိုလိုက်သည်။
ထို့နောက်အင်းချပ်အားမီးရှို့လိုက်သည် ပြာကျသွားသောအမှုန့်များအား
ရေခွက်ထဲထည့်ကာ ဖျော်လိုက်သည်။

“မောင်ဖေစိန်နဲ့ဦးသာထူးက
ဒီကလေးရဲ့ခြေတွေလက်တွေကို
ချုပ်ထိန်းထားပါ။
ကလေးဆိုပြီးအထင်မသေးနဲ့
ရှိသမျှအားနဲ့အသားကုန်သာချုပ်ကြပေ
တော့………”

“ဟုတ်ကဲ့ ဆရာကြီး”

ကိုဖေစိန်နဲ့ဦးသာထူးလည်း
အုတ်ဂူပေါ်မှကလေးငယ်၏
ခြေလက်များအားချုပ်ထားကြလေသည်
ထို့နောက်ဆရာကြီးက ကလေး၏
ပါးစပ်အားဖြဲကာ အရည်ဖျော်ထားသည့်
အင်းချပ်အားပါးစပ်ထဲသို့
လောင်းထည့်တော့သည်။

“အား…အား”

“ဂါး အီး ”

“ဟင်…”

“ဟာ…”

စောစောကမျက်လုံးမှိတ်ကာ
ငြိမ်နေသလောက် ဆရာကြီးက
အင်းချပ်တိုက်မည်လည်းအပြု
အသံဆိုးကြီးဖြင့်အသားကုန်ရုန်းတော့
သည်။
ကိုဖေစိန်နဲ့ဦးသာထူးလည်း ရှိသမျှအားကို အသားကုန်သုံးပြီး
ဘီလူးကလေးအားမနည်းချုပ်နေရသည်.

ဆရာကြီးလည်းရေခွက်ထဲမှ
ရေများကုန်သင်သည်အထိဘီလူးလေး
အားတိုက်လိုက်သည်။
ရေကုန်သွားသည်နှင့်ဘီလူးကလေး၏
ခန္ဓာကိုယ်မှမီးခိုးငွေ့များထွက်လာသည်.

“ရပြီလွှတ်လိုက်တော့”

ကိုဖေစိန်နဲ့ဦးသာထူးလည်း
ဘီလူးကလေးအားချုပ်ထားရာမှ
လွှတ်ပေးလိုက်သည်။

“အား ဟား အား”

“ဟာ ဆရာဘီလူးလေးထွက်ပြေးပြီ”

“လိုက်မနေနဲ့ မောင်ဖေစိန်
ခဏလေးအတွင်းမှာ သူပျောက်ကွယ်သွားလိမ့်မယ် ကြည့်နေ”

ဘီလူးကလေးမှာ ဆိုးဆိုးရွားရွား
အော်ဟစ်ရင်းလှည့်ပတ်ပြေးနေသည်။
ခေတ္တခဏမျှကြာသောအခါ
ဘီလူးကလေး၏ခန္ဓာကိုယ်မှာ
ပြာမှုန်များအဖြစ်သို့ရောက်ရှိသွားတော့သည်။

ကိုဖေစိန်နဲ့ဦးသာထူးလည်း
ဖြစ်ပျက်သမျှအကြောင်းအရာများအား
တအံ့တသြဖြစ်ကာနေတော့သည်။

ထို့နောက်ဆရာကြီးအား
ကျေးဇူးတင်စကားပြောပြီး အိမ်သို့
ပြန်ခဲ့ကြသည်။
အိမ်သို့ရောက်သည်နှင့်မိသားစုများရော
လက်သည်ဒေါ်သုံကပါ မချိုမာအား
ကလေးနေမကောင်း၍ ဆေးဆရာအား
ပြနေရကြောင်း၊ဘာမှစိတ်မပူပဲ အိမ်မှာသာနေစေဖို့ ဆရာကမှာလိုက်ကြောင်းလိမ်လည်၍
ဖျောင်းဖျကြလေသည်။

ကိုဖေစိန်နဲ့ ဦးသာထူးလည်း
သုံးလေးရက်ခန့် အိမ်မှထွက်ကာ
ဆေးဆရာကြီးထံသို့ သွားသည့်အလား
ဟန်မပျက်နေခဲ့ကြလေသည်။
ဤသို့ဖြင့် တစ်ပတ်ခန့်ကျော်မှသာ
မချိုမာအားဖြစ်ခဲ့သမျှအစုံအား
ရှင်းပြလိုက်လေသည်။

မချိုမာလည်းကြားကြားခြင်း
ချုံးပွဲချကာငိုကြွေးလေသည်။
ကိုဖေစိန်နှင့်မိဘများကဝိုင်း၍
တရားချမှသာလျှင် အနည်းငယ်ဖြေသာ
နိုင်ခဲ့လေသည်။
မချိုမာလည်းဆုံးရှုံးသွားသည့်
သားဖြစ်သူအတွက် အလှူအတန်းပြုလုပ်ကာ အမျှအတန်းပေးဝေခဲ့လေသည်။
ဖြစ်လေရာဘဝတိုင်းမှာ ယခုလိုအဖြစ်မျိုးမိမိသားလေးထပ်မကြုံ
စေဖို့ဘုရား၌ဆုတောင်းနေမိတော့သည်။

ဒါသည်လည်းမိခင်တစ်ယောက်၏
မေတ္တာအားပုံဖော်ပြသနေခြင်း
မဟုတ်ပါလား။

လိုအပ်ချက်များအားနားလည်ပေးပါ
စာရေးသူအတွက်ရေးရကျိုးနပ်အောင်
Like.&.Shareလေးနဲ့ အားပေးပါအုံး။

#အောင်ဓူဝံ #ဖြစ်ရပ်မှန် #ပရလောက
#followers #Highlight #everyone