ဘွားမယ်စိန်နှင့် စုန်းမရင်သွေး(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့် စုန်းမရင်သွေး(စ/ဆုံး)
——————————————-
မိုးကအတော်သည်းထန်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်းမိုးသည်းနေခြင်းကြောင့်
အမှောင်ကျနေခဲ့သည်။
ထိုသို့မိုးသည်းထန်နေသည့်အချိန်၌
ညောင်ကုန်းရွာ၏သင်္ချိုင်းထဲရှိဇရပ်ပေါ်တွင်
မီးအလင်းရောင်များရှိနေခဲ့၏။
ထိုသင်္ချိုင်းအတွင်းရှိဇရပ်အပေါ်၌
သုဘရာဇာကြီးဦးသောင်းအပြင်တိုက်ပုံအနီဖြင့်
ဘိုးတော်ကြီးတစ်ယောက်လည်းရှိနေခဲ့သည်။
“ဆရာကြီး…ကျူပ်ဘာလုပ်ပေးရဦးမလဲ”
“ရပြီ…ကလေးအတွက်ရွာထဲသွားပြီး
ဆိတ်နို့ရှာပေးတာနဲ့တင်ခင်ဗျားကိုကျေးဇူးတင်နေပြီ”
“ဟုတ်ကဲ့ဆရာကြီး…တစ်ခုခုလိုရင်
ကျူပ်တဲထဲမှာရှိနေပါ့မယ်…လှမ်းခေါ်လိုက်ပါ”
“ဟုတ်ပြီ…”
သုဘရာဇာကြီးက ဝါးလုံးတိုလေးကို
တောင်ဝှေးသဖွယ်သုံးပြီး ဇရပ်ဘေးရှိ တဲလေးထဲသို့
ဝင်သွားတော့သည်။
တိုက်ပုံနီဖြင့် ဘိုးတော်ကြီးကတော့ သုဘရာဇာကြီးကို
တစ်ချက်လှမ်းကြည့်ပြီးပြုံးသည်။
ပြီးနောက်သူ၏အရှေ့၌ရှိနေသာ ကလေးငယ်လေးကို
လေးနက်သောဟန်ဖြင့်စိုက်ကြည့်နေခဲ့သည်။
ကလေးကလည်း တစ်နှစ်ကျော်နှစ်နှစ်သားအရွယ်လေးပင်။
စောင်လေးအတွင်း၌ အိပ်ပျော်နေရှာ၏။
အချိန်အားဖြင့်
ညသန်းခေါင်ကျော်လေပြီ။
“ဝူးးးးအူးးးး….အူ………”
ဆွဲဆွဲငယ်ငယ်အူလိုက်သော ခွေးအူသံများကြောင့်
ဘိုးတော်ကြီးကသူ၏နဖူးကြောများကိုကျုံ့၍
အလိုမကျဟန်ဖြင့် ဇရပ်အပြင်ကိုကြည့်သည်။
ဘိုးတော်ကြီးကအသက်အားဖြင့်၇၀ ကျော်ဟုထင်ရပေမည်။
ရှည်လျားသောဆံပင်ဖြူကြီးကိုသျှောင်ထုံးထုံးဖွဲ့လို့ထားပြီး
မုတ်ဆိတ်များကလည်းဖြူကာဖွေးလို့နေခဲ့၏။
သို့သော် သူ၏ရုပ်သွင်သည်အပြစ်ကင်းစင်သူပမာ
ရှင်းလင်းလို့နေပြီးတည်ကြည်လေးနက်သူတစ်ယောက်ဟု
မှတ်ချက်ပြုရပေမည်။
အသားအရည်မှာလည်းဖြူသည်လည်းမဟုတ်….
ရွှေဝါရောင်သန်းနေသည့်အသားအရည်မျိုးရှိသည်။
“တောက်…”
ဘိုးတော်ကြီးကတောက်ခေါက်လိုက်သည်။
ဇရပ်အပြင်ကိုသေချာလေးစိုက်ကြည့်၍အလိုမကျဖြစ်နေ၏။
“ဘယ်အကောင်…ဘယ်ကောင်မက
နှောက်ယှက်ခိုင်းလိုက်တာလဲဟေ့…
ကိုယ့်လာရာလမ်းကိုပြန်ချင်ပြန်ပေါ့ကွာ…
မဟုတ်ရင် ဘကောင်းအကြောင်းသိစေရမယ်…”
ဇရပ်အပြင်၌ ဆံပင်ဖျားလျားကြီးဖြင့်မိန်းမကြီးနှစ်ယောက်
မတ်တပ်ရပ်နေခဲ့သည်။
မိုးများရွာနေသည်ကိုပင်မှုဟန်မရှိပေ။
“ဟဲ့ဘကောင်း…မသေချရင်အခုထွက်လာခဲ့…
နင်ယူသွားတဲ့ ကလေးကိုအခုပြန်ပေးစမ်း…”
အမျိုးသမီးကြီးတွေက ခါးကြီးတွေထောက်၍
ဒေါသတကြီးပြောနေကြသည်။
ထဘီကိုတိုတိုသာဝတ်ထားကြပြီးမိုးသည်းတာကိုပင်
ဂရုမစိုက်နိုင်ဘဲ ဘိုးတော်ကြီးကိုဒေါသတကြီးကြည့်နေခဲ့သည်။
“တောက်…အတော်ဇွဲကောင်းကြတာကိုး…
အေး…ငါလာပြီ…နင်တို့ကလည်းသေပွဲဝင်ဖို့
ငါ့ဆီလာကြတာကိုး….ဟင်း…ဟင်း…”
ဘိုးတော်ကြီးက ကလေးငယ်ကိုတစ်ချက်ကြည့်ပြီး
ဇရပ်အပြင်ကိုခြေဗလာဖြင့်ထွက်လာခဲ့သည်။
“ငါတို့ကလေးပြန်ပေးစမ်း…
နင်ငါ့တပည့်တွေကိုသာနိုင်မယ်…
စုန်းမ မိသန်းကိုနင်နိုင်မလားစမ်းကြည့်လေ”
“ကဲ…နင်တို့ငါ့ကိုနိုင်ရင်နင်တို့ကလေးကိုပြန်ရလိမ့်မယ်…
ပြစမ်းဟဲ့ နင့်ပညာ…”
စုန်းမ တွေကဒေါသတကြီးဖြင့် ဘိုးတော်ကြီးကို
တိုက်ခိုက်ကြသည်။
မိုးရေထဲ၌တိုက်ပွဲကပြင်းထန်လှ၏။
နောက်ဆုံး၌ဘိုးတော်ကြီးကို သူတို့၏စက်များထုတ်၍
ပစ်ကြပြန်သည်။
ဘိုးတော်ကြီးကထိုစက်များကိုသူ၏ လက်တစ်ဖက်ဖြင့်
ကာစီးပြီးနှုတ်မှဂါထာများရွှတ်နေသည်။
စုန်းမနှစ်ယောက်၏ စက်တန်းများကိုကာစီးထားရင်း
ကျန်သောလက်တစ်ဖက်ကသူ၏အိတ်ကပ်ထဲရှိ
အင်းချပ်ကိုဆွဲယူလိုက်ပြီး
“ကဲ…လာရာလမ်းကို သွားကြ ပေတော့ဟဲ့…”
ဟုပြောကာ စုန်းမနှစ်ယောက်ဆီကိုပစ်သွင်းလိုက်သည်။
“ဝုန်း…”
“အားးး”
အင်းချပ်ထိမှန်သွားသော စုန်းမနှစ်ယောက်မှာ
အနောက်သို့လွှင့်စင်ကုန်ကြသည်။
မြေပြင်ပေါ်၌ အကြောများတဆတ်ဆတ်လှုပ်ခါနေကြပြီး
“ဝေါ့…”ခနဲသွေးများကိုထိုးအန်ကြသည်။
ပြီးနောက်ဇတ်များကျိုပြီးငြိမ်သက်သွားကြတော့သည်။
ဘိုးတော်ကြီးသည် စုန်းမနှစ်ယောက်ကို
စိတ်မကောင်းစွာတစ်ချက်ကြည့်ပြီး ဇရပ်ထဲသို့ဝင်လာခဲ့သည်။
ထိုစဉ်တဲအတွင်းမှရပ်ကြည့်နေသော သုဘရာဇာကြီး
ထွက်လာခဲ့ပြီး…
“ဆရာကြီး…”
“ဟော…ခင်ဗျားမအိပ်သေးဘူးပဲ…”
“ဟုတ်ကဲ့”
ဘိုးတော်ကြီးက ပုဆိုးတစ်ထည်ကိုယူ၍
သူ၏ကိုယ်၌စိုနေသော ရေစက်များကိုသုတ်လိုက်သည်။
သုဘရာဇာကြီးကကြည့်နေသည်ကိုသိတော့…
“ဦးသောင်း…ကျုပ်ကိုဘာပြောချင်လို့လဲ”
ဟုမေးရင်းကြည့်လိုက်တော့ သုဘရာဇာကြီးက
အနေခက်သွားပြီး…
“တခြားမဟုတ်ပါဘူးဆရာကြီးရယ်…
ကျုပ်စိတ်ထဲသိချင်လွန်းနေလို့ပါ…”
“ဘာများသိချင်တာလဲဦးသောင်းရဲ့…”
ဘိုးတော်ကြီးကထပ်မေးလေတော့ သုဘရာဇာကြီးကို
စောင်လေးထဲ၌အိပ်နေသော ကလေးမလေးကို
လက်ညိုးထိုးပြပြီး…
“ဒီကလေးလေးက ဘယ်သူလဲဆရာကြီး…
နောက်ပြီး…စောစောကမိန်းမတွေကရောဘယ်သူတွေလဲဗျ”
ဟုမေးတော့ ဘိုးတော်ကြီးကပြုံးသွားသည်။
“ကဲ…ခင်ဗျားသိချင်ရင်ကျုပ်ပြောပြမှာပေါ့…
အခုတော့ ကျုပ်ရေနွေးလေးသောက်ချင်တယ်…”
“ရတာပေါ့ဆရာကြီးရယ်…ခဏလေးစောင့်ပေးပါ
ကျုပ်သွားယူခဲ့ပါ့မယ်…”
သုဘရာဇာကြီးက ထော့နင့်..ထော့နင့်ဖြင့်သူ၏
တဲဆီထွက်သွားသည်။
သိလိုစိတ်များနေတာကြောင့်ခြေလှမ်းများပင်
သွက်လက်နေခဲ့သည်။
ဇရပ်၌ကျန်ခဲ့သောဘိုးတော်ကြီးကတော့
မိုးရေစိုထားသာအဝတ်အစားများကိုလဲလှယ်ပြီး
ကလေးလေး၏နံဘေး၌ဝင်ထိုင်လိုက်သည်။
ရေနံဆီမီးအိမ်အလင်းဖြင့် မြင်နေရသော
ကလေးလေး၏မျက်နှာလေးကိုကြည့်ပြီး ဘိုးတော်ကြီးက
ပြုံးလိုက်ပြန်သည်။
“ဆရာကြီး…ရေနွေးရပြီ”
သုဘရာဇာကြီးက ရေနွေးကြမ်းအိုးနှင့်
ကြွေပန်းကန်တစ်လုံးယူလာခဲ့သည်။
ဘိုးတော်ကြီး၏အရှေ့၌ချပေးပြီး…
“ဆရာကြီး…ဒါက ထန်းလျက်…”
ဖက်ရွက်လေးဖြင့်လိပ်ထားသော
ထန်းလျက်ခဲထုပ်လေးကိုလည်းချပေးပြန်တော့
ဘိုးတော်ကြီးကခေါင်းကိုညိတ်၍…
“ခင်ဗျားလည်း…သားသမီးမရှိ…ဆွေမျိုးမရှိနဲ့
သုဘရာဇာအဖြစ်ဘယ်အချိန်ထိလုပ်နေဦးမှာတုန်း…”
“ကျုပ်ကဒီအလုပ်သာမလုပ်ရင်
ထမင်းစားရမှာကိုမဟုတ်ဘူးဆရာကြီးရဲ့…
ဒီအလုပ်လေးရှိနေလို့သာ ဝမ်းဝနေရတာ…”
“ဒါလည်းဟုတ်တာပါပဲ…
မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်တဲ့…
အခုလိုလုပ်ကိုင်တာလည်းကုသိုလ်ပဲဗျ…
ဒီဘဝတော့ခင်ဗျားထမင်းမငတ်နိုင်ပါဘူး”
“ဒါပေါ့ဆရာကြီးရယ်…
အယ်…ကျုပ်အကြောင်းထားပါဗျာ…
ဒီကလေးအကြောင်းကျူပ်သိချင်လို့ပါ…
ဆရာကြီးကျူပ်ဆီမှာတည်းတော့လည်းကျုပ်ခွင့်ပြုခဲ့သလို…
ဒီကလေးခေါ်လာပြန်တော့လည်း လိုတာတွေရွာထဲကျုပ်သွား
တောင်းပေးခဲ့တယ်မဟုတ်ဘူးလားဗျ…
ဒါကြောင့်…ဒီကလေးက ဘယ်သူလဲ…
ဘယ်ကလဲဆိုတာတော့ကျုပ်သိချင်တာပေါ့ဗျာ…”
“ကျုပ်ပြောမှာပါ…ကျုပ်ဒီကလေးကိုခေါ်ဖို့
ဒီကိုလာခဲ့တာပါ…
ဒီကလေးက စောစောက ကျုပ်လက်ချက်နဲ့သေသွားတဲ့
စုန်းမမိသန်းရဲ့ကလေးပဲ…”
“စုန်းမ မိသန်းကဘယ်ကလဲဗျ…
ကျုပ်ဒီနာမည်ကိုမကြားဖူးပါဘူး”
” ခက်လိုက်ပါဘိ ဦးသောင်းရယ်…
လူသတင်းလူချင်းဆောင်ဆိုသလို…
စုန်းကဝေသတင်းကိုတော့ကျုပ်တို့လိုဆရာတွေသိတာပေါ့”
“ဟုတ်ပါပြီဆရာကြီး…ဆက်ပါဦးဗျာ…”
“တကယ်တော့ ကျုပ်က စုန်းမ မိသန်းကို
အနာတရမဖြစ်စေချင်လို့ သူမရှိချိန်သူ့တပည့်တွေကို
အနိုင်ယူပြီး ဒီကလေးကိုခေါ်ထုတ်လာတာ…
အခုခင်ဗျားလည်းမြင်မှာပေါ့…
ဒင်းလိုက်လာတော့ ကျုပ်လည်း
လက်ရှောင်မရတော့ဘူးလေ…
သူသေကိုယ်သေတိုက်ရမယ့်အရေးဆိုတော့
အဆုံးသတ်ပေးရတာပေါ့ဗျာ…”
“ဒါကတော့ကျုပ်ကပညာမတတ်တော့မသိပါဘူးဗျာ…
ဆရာကြီးကဘာလို့ဒီကလေးကို
ခေါ်လာရသလဲဆိုတာတော့သိချင်တယ်ဗျ…”
“သိရမှာပေါ့ဗျာ…
ဒီကလေးက တကယ့်ထူးမယ့်ပုဂ္ဂိုလ်ဗျ…
ကျုပ်သာခေါ်မလာရင်သူလည်းသူ့အမေလိုပဲ
ဖြစ်လာမှာ…ဒါကြောင့်လည်းကျုပ်ကိုယ်တိုင်
အရခေါ်လာရတာပေါ့ဗျာ…”
“ပုဂ္ဂိုလ်ထူးဖြစ်လာမှာမလို့ဆရာကြီးကခေါ်လာတယ်…
အင်းဗျာ…ဒါတော့ဆရာကြီးပဲသိမှာပေါ့…
ဆရာကြီးဒီကလေးကိုခေါ်ပြီးဘယ်ကိုဆက်သွားမှာလဲ…”
“သူရှိရမယ့်နေရာကိုကျူပ်ခေါ်သွားရမှာပေါ့”
“ဆရာကြီးနောက်ထပ်ကောဒီရွာကိုမလာတော့ဖူးလား”
“ကျုပ်အတွက်က နောက်တစ်ခေါက်ဆိုတာ
ရှိချင်မှရှိမှာ…ကျုပ်တာဝန်ပြီးရင်
ကျုပ်အရပ်ကိုကျုပ်ပြန်ရတော့မယ်လေ… ”
“ဒါဆိုကျုပ်တော့ ဆရာကြီးကိုသတိရနေတော့မှာပဲဗျာ…”
“ဒီလိုပါပဲဦးသောင်း…
ကျုပ်တို့လူ့ဘဝဆိုတာတွေ့ကြုံဆုံကွဲတဲ့ဗျ…
ရေစက်ရှိလို့ဆုံတယ်…
ရေစက်ကုန်လို့ကွဲတယ်….
ဒါပေမယ့် သံသရာစက်ဝန်းရဲ့တစ်ထောင့်ထောင့်မှာတော့
ဆုံရဦးမှာပေါ့ဗျာ…”
“ဟုတ်တာပေါ့ဆရာကြီးရယ်…”
“ကဲဗျာ…စကားလည်းကောင်းနေတယ်…
ခင်ဗျားလည်းသွားအိပ်ပေတော့…
ကျုပ်တို့လည်းမနက်မိုးလင်းရင်ခရီးဆက်ရဦးမယ်…”
“ဟုတ်ကဲ့ဆရာကြီး…”
သုဘရာဇာကြီးကခေါင်းတစ်ချက်ညိတ်ပြီး
ဇရပ်ပေါ်မှဆင်းသွားသည်။
ဘိုးတော်ကြီးကတော့ ကလေးလေးကိုတစ်ချက်ကြည့်ပြီး
တင်ပုလ္လင်ခွေကာထိုင်လိုက်သည်။
ပြီးနောက်ပုတီးကိုယူ၍ တရားထိုင်ခြင်းကိုအစပြုတော့၏။
နောက်တစ်နေ့နံနက်မိုးလင်းတော့
သုဘရာဇာကြီးလည်းနိုးလာခဲ့သည်။
ဇရပ်ပေါ်ရှိဘိုးတော်ကြီးနှင့်ကလေးငယ်ကိုသတိရ၍
အမြန်သွားကြည့်တော့…
“ဟင်…”
ဇရပ်ပေါ်၌ ဘိုးတော်ကြီးလည်းမရှိတော့သလို…
ကလေးငယ်လေး၏အရိပ်အယောင်ကိုပင်မမြင်ရ။
ရှင်းလင်းနေသော ဇရပ်အပေါ်တွင်
ရေနံဆီမီးအိမ်တစ်လုံးသာရှိနေသည်။
ထိုမီးအိမ်သည် သုဘရာဇာကြီးရဲ့မီးအိမ်ဖြစ်ပြီး
ထိုရေနံဆီမီးအိမ်အောက်ခြေ၌ ဒင်္ဂါးပြားတစ်ချို့ကိုလည်း
တွေ့လိုက်ရ၏။
ဒင်္ဂါးပြားများကို သုဘရာဇာကြီးကကောက်ယူပြီး…
“သြော်…လာတော့လည်းဘယ်ကလာမှန်းမသိ…
ပြန်တော့လည်းဘယ်ကိုပြန်မှန်းမသိ…
အင်းလေ…သူပြောသလိုပဲရေစက်ပေါ့…
ဟူးးး…ဟိုအလောင်းတွေကိုငါပဲမြုပ်ရတော့မယ်…”
ဟု…တွေးတွေးစစပြောရင်းဇရပ်ပေါ်မှဆင်းသွားခဲ့တော့သည်။
*****************************
တောင်ခြေရွာဆီသို့ ကလေးတစ်ယောက်
ကိုကျော၌ပုဆိုးတစ်ထည်ဖြင့် ပိုးထားပြီး
ချည်လွယ်အိတ်ကြီးကိုပါလွယ်ထားသော
ဘိုးတော်ကြီးတစ်ယောက်ရောက်လာခဲ့သည်။
ရွာသူ၊ရွာသားများကထိုဘိုးတော်ကြီးကိုအထူးအဆန်းသဖွယ်ကြည့်နေခဲ့ကြ၏။
“ဟေ့…ဒီရွာက နော်ခမ်းဆိုတဲ့အမျိုးသမီးရဲ့
အိမ်ဘယ်နားမှာရှိသလဲကွဲ့…”
ဟု…လမ်း၌ဆုံသောရွာသားကိုမေးတော့ ရွာသားက
မဖြေသေးဘဲအထူးအဆန်းသဖွယ်ကြည့်နေခဲ့သည်။
“ဟေ့မောင်ရင်…အဘမေးနေတာကြားရဲ့လား”
“သြော်…ဟုတ်…ကျုပ်လိုက်ပို့ပေးပါ့မယ်…”
ဘိုးတော်ကြီးကခေါင်းတစ်ချက်ညိတ်ပြီး
ရွာသား၏အနောက်မှလိုက်လာခဲ့သည်။
“ဟဲ့မိညှပ်…”
“ဗျို့…”
“ဒီမှာ…နင်တို့အိမ်ကိုလာတဲ့ဧည့်သည်…”
မိညှပ်နှင့်လမ်းမှာဆုံတော့ရွာသားကမိညှပ်ကိုပြောလိုက်သည်။
မိညှပ်ကဘိုးတော်ကြီးကိုသေချာကြည့်၏။
ချီပိုးထားသောကလေးငယ်ကိုလည်းကြည့်ရင်း…
“အဘက ကျုပ်အရီးဆီကိုလာတဲ့ဧည့်သည်လား”
“အေးဟုတ်တယ်ကွဲ့…”
“ဒါဆို ကျုပ်နဲ့လိုက်ခဲ့လေ…
အရီးအိမ်မှာရှိတယ်…”
“အေး…အေး…အေး…”
မိညှပ်ကိုယ်တိုင်အိမ်သို့ခေါ်လာတော့သည်။
“အရီး…ဧည့်သည်…”
ဆေးများကြိတ်နေသော ဒေါ်နော်ခမ်းကိုမိညှပ်က
လှမ်းသတိပေးလိုက်သည်။
ဒေါ်နော်ခမ်းကလည်းဆေးကြိတ်နေရင်းမှမော့ကြည့်၏။
ဘိုးတော်ကြီးကိုတွေ့သွားတော့ သေချာကြည့်ရင်း
သတိရသွားဟန်ဖြင့်…
“အဘဆရာ…”
ဟုခေါ်၍အနီးရောက်လာခဲ့သည်။
“အဘဆရာ…လာပါ…ထိုင်ပါဦးအဘဆရာ…”
“အေး…အေးသမီး…နေကောင်းတယ်နော်…”
“ဟုတ်ကဲ့…ကောင်းပါတယ်အဘဆရာ…”
ဒေါ်နော်ခမ်းက ဘိုးတော်ကြီးကို
အတော်လေးရိုသေဟန်ရှိသည်။
စကားအပြောအဆိုနှင့်အမူရာကိုကြည့်ပြီး မိညှပ်လည်း
ပို၍သတိထားနရေ၏။
“မိညှပ်…ရေနွေးအိုးယူခဲ့”
“ဟုတ်ကဲ့အရီး…”
ဘိုးတော်ကြီးက သစ်သားခုံတန်း၌ထိုင်သည်။
သူ၏ကျော၌ချီပိုးထားသော ကလေးငယ်လေးကိုပုဆိုးမှ
ဖြုတ်၍ နေရာချပေးသည်။
ဒေါ်နော်ခမ်းကတော့ဖျာကြမ်းယူကာခင်းပြီး
အောက်၌သာထိုင်၏။
“ရပါတယ်သမီးရယ်…အပေါ်မှာထိုင်ပါ…”
“ကျုပ်မထိုင်ဝံ့ပါဘူးအဘဆရာ…”
ဒေါ်နော်ခမ်းစကားကြောင့်ဘိုးတော်ကြီးကပြုံး၍
ခေါင်းညိတ်သည်။
ဒေါ်နော်ခမ်းက ကလေးလေးကိုလှမ်းကြည့်ပြီး…
“အဘဆရာ…ဒီကလေးက”
ဟု…မေးလေတော့…
“ဒါအဘကယ်လာတဲ့လူသားလေးပဲသမီးရဲ့…
သူ့ဘဝအမှောင်ထဲရောက်မယ့်လမ်းကနေအဘကိုယ်တိုင်
အလင်းထဲခေါ်လာခဲ့တာ…ထူးမယ့်ကလေးသမီးရဲ့”
“သြော်…”
ဒေါ်နော်ခမ်းကအံသြဟန်ဖြင့်ကလေးငယ်ကိုကြည့်နေသည်။
“အဘဆရာမှာ…အချိန်မရှိဘူးသမီး…
အထက်ကအဘဆရာကြီးတွေရဲ့အမိန့်တွေနဲ့…
ဒီကလေးကိုအဘသွားကယ်လာခဲ့ရတာ…
အခုလည်းအထက်အမိန့်အာဏာအတိုင်းပဲ
ဒီကလေးကိုသမီးဆီမှာအဘအပ်ခဲ့မယ်…
သောင်ထွန်းရွာကဘွားမယ်စိန်ဆီမှာ
ဒီကလေးကိုသွားထားပေးပါကွယ်…”
“ရှင်…အမေကြီးဆီကိုပို့ပေးရမယ်ဆိုတော့
ဖြစ်…ဖြစ်ပါ့မလားအဘဆရာ…”
“မဖြစ်နိုင်စရာမရှိဘူးသမီး…
ဘွားမယ်စိန်ကိုပြောလိုက်…
ဒီကလေးဟာ သာသနာကိုအကျိုးပြုမယ့်
ကလေးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့…
သူအရွယ်ရောက်တာနဲ့သူတို့ရွာကျောင်းကဆရာတော်ကြီးဆီ
အပ်လိုက်ဖို့ကိုပါပြောလိုက်ကွဲ့…
ဒီကြားသူတို့ရွာမှာမွေးစားချင်သူရှိရင်လည်းမွေးစားခိုင်းပေါ့
အဓိကအကြောင်းကတော့ ဒီကလေးကိုအချိန်တန်ရင်သာ
သာသနဘောင်ထဲသွတ်သွင်းပေးဖို့ပဲသမီးရဲ့…”
“ဟုတ်ကဲ့…အဘဆရာကြီးပြောတာ
ကျုပ်နားလည်ပါပြီ…စိတ်ချပါအဘဆရာကြီး…
ကျုပ်သေချာပို့ပေးလိုက်ပါ့မယ်…”
“အေး…အေး…အေး…”
“ဒါနဲ့အဘဆရာကြီးထမင်းစားဖို့
ကျုပ်ပြင်ပေးရမလား”
“နေ…နေ…အဘဗိုက်မဆာဘူး…
အခုလာရင်းကိစ္စလည်းသမီးသိပြီဆိုတော့
အဘလည်းခရီးဆက်စရာတွေရှိသေးတယ်…
ဒီကလေးကိုသမီးလက်ထဲအပ်ခဲ့ပြီနော်…”
“ဟုတ်ကဲ့အဘဆရာ…
ကျုပ်ဦးချပါတယ်…”
“အေး…ငါ့သမီးနော်ခမ်းကျန်းမာပါစေ…ဘေးရန်ကင်းပါစေ…
ရန်မှန်သမျှကိုချေမှုန်းနိုင်ပါစေကွယ်…”
“ပေးတဲ့ဆုနဲ့ပြည့်ပါရစေ”
“အေး…အေး…အေး…ဒါဆိုရင်အဘသွားပြီ…”
ဘိုးတော်ကြီးက ကလေးငယ်ကို
ဒေါ်နော်ခမ်းဆီမှာထားခဲ့ပြီးထွက်သွားတော့သည်။
အသက်ကြီးရင့်လှသော်လည်းသန်မာဖျတ်လတ်လှသော
ဘိုးတော်ကြီးကိုကြည့်ပြီးဒေါ်နော်ခမ်းပြုံးလိုက်သည်။
ပြီးနောက် ကလေးငယ်လေးဆီကိုသွားပြီး…
“ကလေးရေ…နင်ကဘယ်ကလာတဲ့
ဘယ်သူ့သွေးသားလဲဆိုတာတော့ငါမသိဘူး…
သေချာတာကတော့နင်ကအတော်ကံကောင်းတဲ့
ကလေးလေးပဲ…
အထက်ပုဂ္ဂိုလ်တွေကိုယ်တိုင်ကတောင်နင့်အတွက်
အခုလိုတွေစီစဉ်ပေးနေကြတာဆိုတော့ကံကောင်းလိုက်တာ
ကလေးရယ်…”
ဟုပြောလိုက်သည်။
မိညှပ်ကတော့နားမလည်ဟန်ဖြင့်
ဒေါ်နော်ခမ်းကိုလှမ်းကြည့်နေခဲ့သည်။
ထိုသို့ဖြင့်မိညှပ်နှင့်ဒေါ်နော်ခမ်းတို့လည်းကလေးလေးကို
ခေါ်၍နွားလှည်းဖြင့်သောင်ထွန်းရွာသို့
ရောက်လာခဲ့ကြတော့သည်။
သောင်ထွန်းရွာသို့ရောက်တော့အဖြစ်အပျက်အစုံကို
ဘွားမယ်စိန်အားပြောပြလိုက်၏။
ဘွားမယ်စိန်သည်ကလေးငယ်လေးကိုကြည့်ပြီး…
“အင်းပေါ့လေ…ဘွားဆီကိုရောက်လာပြီဆိုတော့လည်း
ဘွားစီစဉ်ပေးရမှာပေါ့…”
ဟုပြော၏။
ကလေးငယ်လေးကိုဒေါ်ဝင်းတို့သားအမိနှင့်မိညှပ်က
ထိန်းပေးကြရှာသည်။
“အမယ်…ရယ်တယ်တော့်…
သားလေးကချစ်စရာလေးပါလား…”
“အရီး…ကျုပ်တော့ကောင်းကောင်းလေးကို
ချစ်တယ်တော့်…”
“သူ့နာမည်ကကောင်းကောင်းတဲ့လား”
“ကျုပ်အရီးကအဲ့လိုခေါ်တာပဲတော့်”
မိညှပ်အပြောကြောင့် ဒေါ်ဝင်းတို့မှာ
ကောင်းကောင်းလေးဟုခေါ်ကြတော့သည်။
ကောင်းကောင်းလေးကိုလည်းအားလုံးကချစ်သလို
ကလေးကလည်းမျက်နှာရွှင်လေးမို့ချစ်စရာ
အလွန်ကောင်းပေသည်။
“ကောင်းကောင်းလေးကိုဆိတ်နို့လေးတိုက်မယ်…”
ဒေါ်ဝင်းကရွာထဲမှဆိတ်နို့ရှာပြီးကလေးကိုတိုက်သည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ကတော့
သူတို့ကိုကြည့်ပြီးပြုံးနေခဲ့ကြသည်။
“အစ်မဝင်းဒီကလေးကိုမွေးနိုင်မလား
မသိဘူးနော်အမေကြီး”
“ညည်းအစ်မနဲ့အဆင်မပြေလောက်ပါဘူးသမီးရယ်…
သူ့မှာသူ့သမီးတစ်ယောက်နဲ့တင်အလုပ်များနေတာ…
နောက်ပြီးအခုကလေးကငယ်သေးတယ်
သူကထိန်းကျောင်းတတ်မှာမဟုတ်ပါဘူးအေ…”
ဘွားမယ်စိန်စကားကြောင့် ဒေါ်နော်ခမ်းခေါင်းညိတ်သည်။
“ဒီလိုဆိုဘယ်လိုဆက်လုပ်ကြမလဲအမေကြီး”
“ဘွားတို့ရွာကသူကြီးကိုခေါ်ထားတယ်…
ဒီကလေးအတွက်အဲ့သည်တော့မှဆုံးဖြတ်ကြတာပေါ့”
“အဲ့သည်လိုပဲလုပ်ကြရတော့မှာပေါ့အမေကြီးရယ်…”
ဘွားမယ်စိန်ကရွာသူကြီးဦးနောင်ချိုတို့ကိုခေါ်ယူပြီး
ကလေး၏အကြောင်းကိုပြောပြလေသည်။
“ဒါဆိုရင်ဒီကလေးက အထက်ပုဂ္ဂိုလ်တွေက
ပေးတဲ့ကလေးပေါ့…”
“အဲ့သည်လိုပဲပြောရမှာပေါ့မောင်နောင်ချိုရယ်…
ပြောပြခဲ့တဲ့အတိုင်းပဲသူဆယ်နှစ်ပြည့်တာနဲ့
သာသနဘောင် ထဲသွတ်သွင်းပေးရမှာပေါ့ကွယ်…”
သူကြီးဦးနောင်ချိုကစဉ်းစားနေပုံရသည်။
ပြီးလေမှ…
“ကျုပ်အကြံရပြီဗျ”
“ဘာများလဲကွဲ့…”
“ဒီကလေးကိုကျုပ်သားတို့လင်မယားမွေးစားလိမ့်မယ်…
အားလုံးလည်းသိတဲ့အတိုင်း ကျုပ်သားတို့မှာက
ကလေးမရှိကြဘူးလေ…သူတို့ကလေးလိုချင်နေတာ
ကျုပ်အသိပဲ….ဒီတော့ ဒီကလေးကိုသူတို့
မွေးစားနိုင်ပါလိမ့်မယ်ဗျာ…”
“ဖြစ်ပါ့မလားကွယ်…
ကလေးရချင်တာနဲ့ကလေးမွေးစားတာက
မတူဘူးမောင်နောင်ချိုရဲ့”
“ဖြစ်ပါတယ်ဘွားရယ်…
ဘွားတို့ဆန္ဒအတိုင်းဒီကလေးအသက်ပြည့်ရင်
သာသနဘောင်ထဲသွင်းပေးရင်ရပြီမဟုတ်လားဗျ…
ကျန်တဲ့ကိစ္စအဝဝကို ကျုပ်ကိုယ်တိုင်တာဝန်ယူပါတယ်ဗျာ
စိတ်ချပါ….”
“အေးပါကွယ်…ဒီလိုဆိုမှလည်း
ဘွားတို့ဘက်ကသဘောမတူစရာဘာရှိလို့လဲ…
ဟုတ်တယ်နော်သမီး…”
“ကျုပ်သဘောတူပါတယ်အမေကြီး”
သူကြီးဦးနောင်ချိုကဝမ်းသာသွားသည်။
ဘွားမယ်စိန်တို့ကလည်းကျေနပ်အပြုံးများပြုံးနေကြ၏။
ဒေါ်ဝင်းတို့မိညှပ်တို့မှာ ကလေးကိုကြည့်ပြီး
မျက်ရည်ဝဲနေကြရှာသည်။
သူကြီးရဲ့သားဖြစ်သူလင်မယားကလည်း
ချက်ချင်းရောက်လာပြီးကလေးကိုကြည့်ကြသည်။
“ဟယ်…ကလေးလေးကချစ်စရာလေးတော့်”
“ဟုတ်ပါ့ဗျာ…ချစ်စရာလေး…”
သူတို့ကလည်းကလေးကိုမြင်မြင်ချင်းချစ်ခင်ကြသည်။
မွေးစားဖို့လည်းဆုံးဖြတ်ကြ၏။
သို့သော်ဘွားမယ်စိန်က ပေးထားသောကတိကို
တည်ဖို့ရန်လည်းသေချာထပ်…မှာကြားရသေးသည်။
“စိတ်ချပါဘွားရယ်…
ကျုပ်တို့လင်မယား ဟောသည်တစ်ရွာလုံးကို
သက်သေထားပြီးကတိပေးပါတယ်ဗျာ…
ဒီကလေးလေးကိုကျုပ်တို့ရင်သွေးလေးလို့မွေးပြီး
သူဖြစ်ချင်တာအကုန်ဖြည့်ဆည်းပေးမှာပါဗျ”
“အေးကွယ်…မောင်ရင်လေးတို့ကဒီလိုပြောမှတော့
ဘွားတို့စိတ်ချပါပြီ…”
သူကြီးသားတို့လင်မယားက ကလေးကိုခေါ်သွားကြတော့သည်။
ကွပ်ပျစ်ခင်း၌ ဘွားမယ်စိန်နှင့်
ဒေါ်နော်ခမ်းသာကျန်ရစ်ခဲ့ချိန်…
“ဘွား”
“မြေးလေးဘာဖြစ်လို့လဲ”
မီးဖိုထဲမှထွက်လာသောနန်းကြိုင်လေးက
မျက်ရည်အဝဲသားဖြင့်ဘွားမယ်စိန်ကိုခေါ်၍ဘွားမယ်စိန်ကစိုးရိမ်တကြီးမေးလိုက်၏။
“အမေနဲ့မမမိညှပ်တို့ငိုနေကြတယ်”
ဟုပြောလေတော့မှသက်ပြင်းကိုချ၍…
“အင်း…ငါ့သမီးကသံယောဇဉ်များပါဘိနဲ့…
ငိုပါစေမြေးလေးရယ်…
ငိုလို့ဝမှသူတို့နေသာမှာကွဲ့”
“ဟုတ်ကဲ့”
နန်းကြိုင်လေးက ကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်သည်။
ဒေါ်နော်ခမ်းက ရေနွေးကြမ်းလေးသောက်ရင်း…
“ကလေးလေးရဲ့ကံကဒီလိုလာမှတော့
ကျုပ်တို့ဘာတတ်နိုင်မှာလဲအမေကြီးရယ်…”
“ဒါပေါ့အေ…အခုလည်းသူ့အတွက်ကောင်းတဲ့လမ်းကို
ဘွားတို့တင်ပေးထားတာပဲ…
ဒီလောက်ဆိုဘွားတို့တာဝန်ကျေပါပြီလေ… ”
“ဒီကလေးကိစ္စပြီးပြီဆိုတော့
ကျုပ်တို့လည်းမနက်ဖြန်ရွာကိုပြန်တော့မယ်အမေကြီး…
ဟိုမှာလည်းဆေးဖော်စရာကိစ္စတွေကရှိနေသေးတယ်လေ…
သြော်…ကျုပ်မေ့နေလိုက်တာဆေးဆိုမှ…
အမေကြီးအတွက် ဆေးတစ်မျိုးကျုပ်ဖော်လာပေးတယ်…”
“ဘာဆေးများလဲအေ့”
“တခြားမဟုတ်ပါဘူးအမေကြီးကရွာစဉ်လှည့်
သွားလာနေသူဆိုတော့ ကိုယ်ခံအားကောင်းစေတဲ့
ဆေးပါပဲ…”
“အေး…အေး…အေး…ကျေးဇူးပါပဲသမီးရယ်…”
.ထိုသို့ဖြင့်ဒေါ်နော်ခမ်းတို့လည်းနောက်ရက်မနက်၌
တောင်ခြေရွာသို့ပြန်သွားကြတော့သည်။
ကောင်းကောင်းလေးသည်လည်းသူကြီးသားတို့လင်မယားထံ၌
ကောင်းမွန်စွာနေထိုင်နေပြီဖြစ်၏။
သို့ဖြစ်၍ စာမူလေးလည်းပြီးဆုံးသွားပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္ႏွင့္ စုန္းမရင္ေသြး(စ/ဆံုး)
——————————————-
မိုးကအေတာ္သည္းထန္ေနသည္။
ပတ္ဝန္းက်င္တစ္ခုလုံးလည္းမိုးသည္းေနျခင္းေၾကာင့္
အေမွာင္က်ေနခဲ့သည္။
ထိုသို႔မိုးသည္းထန္ေနသည့္အခ်ိန္၌
ေညာင္ကုန္း႐ြာ၏သခ်ႋဳင္းထဲရွိဇရပ္ေပၚတြင္
မီးအလင္းေရာင္မ်ားရွိေနခဲ့၏။
ထိုသခ်ႋဳင္းအတြင္းရွိဇရပ္အေပၚ၌
သုဘရာဇာႀကီးဦးေသာင္းအျပင္တိုက္ပုံအနီျဖင့္
ဘိုးေတာ္ႀကီးတစ္ေယာက္လည္းရွိေနခဲ့သည္။
“ဆရာႀကီး…က်ဴပ္ဘာလုပ္ေပးရဦးမလဲ”
“ရၿပီ…ကေလးအတြက္႐ြာထဲသြားၿပီး
ဆိတ္ႏို႔ရွာေပးတာနဲ႔တင္ခင္ဗ်ားကိုေက်းဇူးတင္ေနၿပီ”
“ဟုတ္ကဲ့ဆရာႀကီး…တစ္ခုခုလိုရင္
က်ဴပ္တဲထဲမွာရွိေနပါ့မယ္…လွမ္းေခၚလိုက္ပါ”
“ဟုတ္ၿပီ…”
သုဘရာဇာႀကီးက ဝါးလုံးတိုေလးကို
ေတာင္ေဝွးသဖြယ္သုံးၿပီး ဇရပ္ေဘးရွိ တဲေလးထဲသို႔
ဝင္သြားေတာ့သည္။
တိုက္ပုံနီျဖင့္ ဘိုးေတာ္ႀကီးကေတာ့ သုဘရာဇာႀကီးကို
တစ္ခ်က္လွမ္းၾကည့္ၿပီးၿပဳံးသည္။
ၿပီးေနာက္သူ၏အေရွ႕၌ရွိေနသာ ကေလးငယ္ေလးကို
ေလးနက္ေသာဟန္ျဖင့္စိုက္ၾကည့္ေနခဲ့သည္။
ကေလးကလည္း တစ္ႏွစ္ေက်ာ္ႏွစ္ႏွစ္သားအ႐ြယ္ေလးပင္။
ေစာင္ေလးအတြင္း၌ အိပ္ေပ်ာ္ေနရွာ၏။
အခ်ိန္အားျဖင့္
ညသန္းေခါင္ေက်ာ္ေလၿပီ။
“ဝူးးးးအူးးးး….အူ………”
ဆြဲဆြဲငယ္ငယ္အူလိုက္ေသာ ေခြးအူသံမ်ားေၾကာင့္
ဘိုးေတာ္ႀကီးကသူ၏နဖူးေၾကာမ်ားကိုက်ဳံ႕၍
အလိုမက်ဟန္ျဖင့္ ဇရပ္အျပင္ကိုၾကည့္သည္။
ဘိုးေတာ္ႀကီးကအသက္အားျဖင့္၇၀ ေက်ာ္ဟုထင္ရေပမည္။
ရွည္လ်ားေသာဆံပင္ျဖဴႀကီးကိုေသွ်ာင္ထုံးထုံးဖြဲ႕လို႔ထားၿပီး
မုတ္ဆိတ္မ်ားကလည္းျဖဴကာေဖြးလို႔ေနခဲ့၏။
သို႔ေသာ္ သူ၏႐ုပ္သြင္သည္အျပစ္ကင္းစင္သူပမာ
ရွင္းလင္းလို႔ေနၿပီးတည္ၾကည္ေလးနက္သူတစ္​ေယာက္ဟု
မွတ္ခ်က္ျပဳရေပမည္။
အသားအရည္မွာလည္းျဖဴသည္လည္းမဟုတ္….
ေ႐ႊဝါေရာင္သန္းေနသည့္အသားအရည္မ်ိဳးရွိသည္။
“ေတာက္…”
ဘိုးေတာ္ႀကီးကေတာက္ေခါက္လိုက္သည္။
ဇရပ္အျပင္ကိုေသခ်ာေလးစိုက္ၾကည့္၍အလိုမက်ျဖစ္ေန၏။
“ဘယ္အေကာင္…ဘယ္ေကာင္မက
ေႏွာက္ယွက္ခိုင္းလိုက္တာလဲေဟ့…
ကိုယ့္လာရာလမ္းကိုျပန္ခ်င္ျပန္ေပါ့ကြာ…
မဟုတ္ရင္ ဘေကာင္းအေၾကာင္းသိေစရမယ္…”
ဇရပ္အျပင္၌ ဆံပင္ဖ်ားလ်ားႀကီးျဖင့္မိန္းမႀကီးႏွစ္ေယာက္
မတ္တပ္ရပ္ေနခဲ့သည္။
မိုးမ်ား႐ြာေနသည္ကိုပင္မႈဟန္မရွိေပ။
“ဟဲ့ဘေကာင္း…မေသခ်ရင္အခုထြက္လာခဲ့…
နင္ယူသြားတဲ့ ကေလးကိုအခုျပန္ေပးစမ္း…”
အမ်ိဳးသမီးႀကီးေတြက ခါးႀကီးေတြေထာက္၍
ေဒါသတႀကီးေျပာေနၾကသည္။
ထဘီကိုတိုတိုသာဝတ္ထားၾကၿပီးမိုးသည္းတာကိုပင္
ဂ႐ုမစိုက္ႏိုင္ဘဲ ဘိုးေတာ္ႀကီးကိုေဒါသတႀကီးၾကည့္ေနခဲ့သည္။
“ေတာက္…အေတာ္ဇြဲေကာင္းၾကတာကိုး…
ေအး…ငါလာၿပီ…နင္တို႔ကလည္းေသပြဲဝင္ဖို႔
ငါ့ဆီလာၾကတာကိုး….ဟင္း…ဟင္း…”
ဘိုးေတာ္ႀကီးက ကေလးငယ္ကိုတစ္ခ်က္ၾကည့္ၿပီး
ဇရပ္အျပင္ကိုေျခဗလာျဖင့္ထြက္လာခဲ့သည္။
“ငါတို႔ကေလးျပန္ေပးစမ္း…
နင္ငါ့တပည့္ေတြကိုသာႏိုင္မယ္…
စုန္းမ မိသန္းကိုနင္ႏိုင္မလားစမ္းၾကည့္ေလ”
“ကဲ…နင္တို႔ငါ့ကိုႏိုင္ရင္နင္တို႔ကေလးကိုျပန္ရလိမ့္မယ္…
ျပစမ္းဟဲ့ နင့္ပညာ…”
စုန္းမ ေတြကေဒါသတႀကီး​ျဖင့္ ဘိုးေတာ္ႀကီးကို
တိုက္ခိုက္ၾကသည္။
မိုးေရထဲ၌တိုက္ပြဲကျပင္းထန္လွ၏။
ေနာက္ဆုံး၌ဘိုးေတာ္ႀကီးကို သူတို႔၏စက္မ်ားထုတ္၍
ပစ္ၾကျပန္သည္။
ဘိုးေတာ္ႀကီးကထိုစက္မ်ားကိုသူ၏ လက္တစ္ဖက္ျဖင့္
ကာစီးၿပီးႏႈတ္မွဂါထာမ်ား႐ႊတ္ေနသည္။
စုန္းမႏွစ္ေယာက္၏ စက္တန္းမ်ားကိုကာစီးထားရင္း
က်န္ေသာလက္တစ္ဖက္ကသူ၏အိတ္ကပ္ထဲရွိ
အင္းခ်ပ္ကိုဆြဲယူလိုက္ၿပီး
“ကဲ…လာရာလမ္းကို သြားၾက ေပေတာ့ဟဲ့…”
ဟုေျပာကာ စုန္းမႏွစ္ေယာက္ဆီကိုပစ္သြင္းလိုက္သည္။
“ဝုန္း…”
“အားးး”
အင္းခ်ပ္ထိမွန္သြားေသာ စုန္းမႏွစ္​ေယာက္မွာ
အေနာက္သို႔လႊင့္စင္ကုန္ၾကသည္။
ေျမျပင္ေပၚ၌ အေၾကာမ်ားတဆတ္ဆတ္လႈပ္ခါေနၾကၿပီး
“ေဝါ့…”ခနဲေသြးမ်ားကိုထိုးအန္ၾကသည္။
ၿပီးေနာက္ဇတ္မ်ားက်ိဳၿပီးၿငိမ္သက္သြားၾကေတာ့သည္။
ဘိုးေတာ္ႀကီးသည္ စုန္းမႏွစ္ေယာက္ကို
စိတ္မေကာင္းစြာတစ္ခ်က္ၾကည့္ၿပီး ဇရပ္ထဲသို႔ဝင္လာခဲ့သည္။
ထိုစဥ္တဲအတြင္းမွရပ္ၾကည့္ေနေသာ သုဘရာဇာႀကီး
ထြက္လာခဲ့ၿပီး…
“ဆရာႀကီး…”
“ေဟာ…ခင္ဗ်ားမအိပ္ေသးဘူးပဲ…”
“ဟုတ္ကဲ့”
ဘိုးေတာ္ႀကီးက ပုဆိုးတစ္ထည္ကိုယူ၍
သူ၏ကိုယ္၌စိုေနေသာ ေရစက္မ်ားကိုသုတ္လိုက္သည္။
သုဘရာဇာႀကီးကၾကည့္ေနသည္ကိုသိေတာ့…
“ဦးေသာင္း…က်ဳပ္ကိုဘာေျပာခ်င္လို႔လဲ”
ဟုေမးရင္းၾကည့္လိုက္ေတာ့ သုဘရာဇာႀကီးက
အေနခက္သြားၿပီး…
“တျခားမဟုတ္ပါဘူးဆရာႀကီးရယ္…
က်ဳပ္စိတ္ထဲသိခ်င္လြန္းေနလို႔ပါ…”
“ဘာမ်ားသိခ်င္တာလဲဦးေသာင္းရဲ႕…”
ဘိုးေတာ္ႀကီးကထပ္ေမးေလေတာ့ သုဘရာဇာႀကီးကို
ေစာင္ေလးထဲ၌အိပ္ေနေသာ ကေလးမေလးကို
လက္ညိဳးထိုးျပၿပီး…
“ဒီကေလးေလးက ဘယ္သူလဲဆရာႀကီး…
ေနာက္ၿပီး…ေစာေစာကမိန္းမေတြကေရာဘယ္သူေတြလဲဗ်”
ဟု​ေမးေတာ့ ဘိုးေတာ္ႀကီးကၿပဳံးသြားသည္။
“ကဲ…ခင္ဗ်ားသိခ်င္ရင္က်ဳပ္ေျပာျပမွာေပါ့…
အခုေတာ့ က်ဳပ္ေရေႏြးေလးေသာက္ခ်င္တယ္…”
“ရတာေပါ့ဆရာႀကီးရယ္…ခဏေလးေစာင့္ေပးပါ
က်ဳပ္သြားယူခဲ့ပါ့မယ္…”
သုဘရာဇာႀကီးက ေထာ့နင့္..ေထာ့နင့္ျဖင့္သူ၏
တဲဆီထြက္သြားသည္။
သိလိုစိတ္မ်ားေနတာေၾကာင့္ေျခလွမ္းမ်ားပင္
သြက္လက္ေနခဲ့သည္။
ဇရပ္၌က်န္ခဲ့ေသာဘိုးေတာ္ႀကီးကေတာ့
မိုးေရစိုထားသာအဝတ္အစားမ်ားကိုလဲလွယ္ၿပီး
ကေလးေလး၏နံေဘး၌ဝင္ထိုင္လိုက္သည္။
ေရနံဆီမီးအိမ္အလင္း​ျဖင့္ ျမင္ေနရေသာ
ကေလးေလး၏မ်က္ႏွာေလးကိုၾကည့္ၿပီး ဘိုးေတာ္ႀကီးက
ၿပဳံးလိုက္ျပန္သည္။
“ဆရာႀကီး…ေရေႏြးရၿပီ”
သုဘရာဇာႀကီးက ေရေႏြးၾကမ္းအိုးႏွင့္
ေႂကြပန္းကန္တစ္လုံးယူလာခဲ့သည္။
ဘိုးေတာ္ႀကီး၏အေရွ႕၌ခ်ေပးၿပီး…
“ဆရာႀကီး…ဒါက ထန္းလ်က္…”
ဖက္႐ြက္ေလး​ျဖင့္လိပ္ထားေသာ
ထန္းလ်က္ခဲထုပ္ေလးကိုလည္းခ်ေပးျပန္ေတာ့
ဘိုးေတာ္ႀကီးကေခါင္းကိုညိတ္၍…
“ခင္ဗ်ားလည္း…သားသမီးမရွိ…ေဆြမ်ိဳးမရွိနဲ႔
သုဘရာဇာအျဖစ္ဘယ္အခ်ိန္ထိလုပ္ေနဦးမွာတုန္း…”
“က်ဳပ္ကဒီအလုပ္သာမလုပ္ရင္
ထမင္းစားရမွာကိုမဟုတ္ဘူးဆရာႀကီးရဲ႕…
ဒီအလုပ္ေလးရွိေနလို႔သာ ဝမ္းဝေနရတာ…”
“ဒါလည္းဟုတ္တာပါပဲ…
မသာတစ္ေခါက္…ေက်ာင္းဆယ္ေခါက္တဲ့…
အခုလိုလုပ္ကိုင္တာလည္းကုသိုလ္ပဲဗ်…
ဒီဘဝေတာ့ခင္ဗ်ားထမင္းမငတ္ႏိုင္ပါဘူး”
“ဒါေပါ့ဆရာႀကီးရယ္…
အယ္…က်ဳပ္အေၾကာင္းထားပါဗ်ာ…
ဒီကေလးအေၾကာင္းက်ဴပ္သိခ်င္လို႔ပါ…
ဆရာႀကီးက်ဴပ္ဆီမွာတည္းေတာ့လည္းက်ဳပ္ခြင့္ျပဳခဲ့သလို…
ဒီကေလးေခၚလာျပန္ေတာ့လည္း လိုတာေတြ႐ြာထဲက်ဳပ္သြား
ေတာင္းေပးခဲ့တယ္မဟုတ္ဘူးလားဗ်…
ဒါေၾကာင့္…ဒီကေလးက ဘယ္သူလဲ…
ဘယ္ကလဲဆိုတာေတာ့က်ဳပ္သိခ်င္တာေပါ့ဗ်ာ…”
“က်ဳပ္ေျပာမွာပါ…က်ဳပ္ဒီကေလးကိုေခၚဖို႔
ဒီီကိုလာခဲ့တာပါ…
ဒီကေလးက ေစာေစာက က်ဳပ္လက္ခ်က္နဲ႔ေသသြားတဲ့
စုန္းမမိသန္းရဲ႕ကေလးပဲ…”
“စုန္းမ မိသန္းကဘယ္ကလဲဗ်…
က်ဳပ္ဒီနာမည္ကိုမၾကားဖူးပါဘူး”
” ခက္လိုက္ပါဘိ ဦးေသာင္းရယ္…
လူသတင္းလူခ်င္းေဆာင္ဆိုသလို…
စုန္းကေဝသတင္းကိုေတာ့က်ဳပ္တို႔လိုဆရာေတြသိတာေပါ့”
“ဟုတ္ပါၿပီဆရာႀကီး…ဆက္ပါဦးဗ်ာ…”
“တကယ္ေတာ့ က်ဳပ္က စုန္းမ မိသန္းကို
အနာတရမျဖစ္ေစခ်င္လို႔ သူမရွိခ်ိန္သူ႔တပည့္ေတြကို
အႏိုင္ယူၿပီး ဒီကေလးကိုေခၚထုတ္လာတာ…
အခုခင္ဗ်ားလည္းျမင္မွာေပါ့…
ဒင္းလိုက္လာေတာ့ က်ဳပ္လည္း
လက္ေရွာင္မရေတာ့ဘူးေလ…
သူေသကိုယ္ေသတိုက္ရမယ့္အေရးဆိုေတာ့
အဆုံးသတ္ေပးရတာေပါ့ဗ်ာ…”
“ဒါကေတာ့က်ဳပ္ကပညာမတတ္ေတာ့မသိပါဘူးဗ်ာ…
ဆရာႀကီးကဘာလို႔ဒီကေလးကို
ေခၚလာရသလဲဆိုတာေတာ့သိခ်င္တယ္ဗ်…”
“သိရမွာေပါ့ဗ်ာ…
ဒီကေလးက တကယ့္ထူးမယ့္ပုဂၢိဳလ္ဗ်…
က်ဳပ္သာေခၚမလာရင္သူလည္းသူ႔အေမလိုပဲ
ျဖစ္လာမွာ…ဒါေၾကာင့္လည္းက်ဳပ္ကိုယ္တိုင္
အရေခၚလာရတာေပါ့ဗ်ာ…”
“ပုဂၢိဳလ္ထူးျဖစ္လာမွာမလို႔ဆရာႀကီးကေခၚလာတယ္…
အင္းဗ်ာ…ဒါေတာ့ဆရာႀကီးပဲသိမွာေပါ့…
ဆရာႀကီးဒီကေလးကိုေခၚၿပီးဘယ္ကိုဆက္သြားမွာလဲ…”
“သူရွိရမယ့္ေနရာကိုက်ဴပ္ေခၚသြားရမွာေပါ့”
“ဆရာႀကီး​ေနာက္ထပ္ေကာဒီ႐ြာကိုမလာေတာ့ဖူးလား”
“က်ဳပ္အတြက္က ေနာက္တစ္ေခါက္ဆိုတာ
ရွိခ်င္မွရွိမွာ…က်ဳပ္တာဝန္ၿပီးရင္
က်ဳပ္အရပ္ကိုက်ဳပ္ျပန္ရေတာ့မယ္ေလ… ”
“ဒါဆိုက်ဳပ္ေတာ့ ဆရာႀကီးကိုသတိရေနေတာ့မွာပဲဗ်ာ…”
“ဒီလိုပါပဲဦးေသာင္း…
က်ဳပ္တို႔လူ႔ဘဝဆိုတာေတြ႕ႀကဳံဆုံကြဲတဲ့ဗ်…
ေရစက္ရွိလို႔ဆုံတယ္…
ေရစက္ကုန္လို႔ကြဲတယ္….
ဒါေပမယ့္ သံသရာစက္ဝန္းရဲ႕တစ္ေထာင့္ေထာင့္မွာေတာ့
ဆုံရဦးမွာေပါ့ဗ်ာ…”
“ဟုတ္တာေပါ့ဆရာႀကီးရယ္…”
“ကဲဗ်ာ…စကားလည္းေကာင္းေနတယ္…
ခင္ဗ်ားလည္းသြားအိပ္ေပေတာ့…
က်ဳပ္တို႔လည္းမနက္မိုးလင္းရင္ခရီးဆက္ရဦးမယ္…”
“ဟုတ္ကဲ့ဆရာႀကီး…”
သုဘရာဇာႀကီးကေခါင္းတစ္ခ်က္ညိတ္ၿပီး
ဇရပ္ေပၚမွဆင္းသြားသည္။
ဘိုးေတာ္ႀကီးကေတာ့ ကေလးေလးကိုတစ္ခ်က္ၾကည့္ၿပီး
တင္ပုလႅင္ေခြကာထိုင္လိုက္သည္။
ၿပီးေနာက္ပုတီးကိုယူ၍ တရားထိုင္ျခင္းကိုအစျပဳေတာ့၏။
ေနာက္တစ္ေန႔နံနက္မိုးလင္းေတာ့
သုဘရာဇာႀကီးလည္းႏိုးလာခဲ့သည္။
ဇရပ္ေပၚရွိဘိုးေတာ္ႀကီးႏွင့္ကေလးငယ္ကိုသတိရ၍
အျမန္သြားၾကည့္ေတာ့…
“ဟင္…”
ဇရပ္ေပၚ၌ ဘိုးေတာ္ႀကီးလည္းမရွိေတာ့သလို…
ကေလးငယ္ေလး၏အရိပ္အေယာင္ကိုပင္မျမင္ရ။
ရွင္းလင္းေနေသာ ဇရပ္အေပၚတြင္
ေရနံဆီမီးအိမ္တစ္လုံးသာရွိေနသည္။
ထိုမီးအိမ္သည္ သုဘရာဇာႀကီးရဲ႕မီးအိမ္ျဖစ္ၿပီး
ထိုေရနံဆီမီးအိမ္ေအာက္ေျခ၌ ဒဂၤါးျပားတစ္ခ်ိဳ႕ကိုလည္း
ေတြ႕လိုက္ရ၏။
ဒဂၤါးျပားမ်ားကို သုဘရာဇာႀကီးကေကာက္ယူၿပီး…
“ေၾသာ္…လာေတာ့လည္းဘယ္ကလာမွန္းမသိ…
ျပန္ေတာ့လည္းဘယ္ကိုျပန္မွန္းမသိ…
အင္းေလ…သူေျပာသလိုပဲေရစက္ေပါ့…
ဟူးးး…ဟိုအေလာင္းေတြကိုငါပဲျမဳပ္ရေတာ့မယ္…”
ဟု…ေတြးေတြးစစေျပာရင္းဇရပ္ေပၚမွဆင္းသြားခဲ့ေတာ့သည္။
*****************************
ေတာင္​ေျခ႐ြာဆီသို႔ ကေလးတစ္ေယာက္
ကိုေက်ာ၌ပုဆိုးတစ္ထည္​ျဖင့္ ပိုးထားၿပီး
ခ်ည္လြယ္အိတ္ႀကီးကိုပါလြယ္ထားေသာ
ဘိုးေတာ္ႀကီးတစ္ေယာက္ေရာက္လာခဲ့သည္။
႐ြာသူ၊႐ြာသားမ်ားကထိုဘိုးေတာ္ႀကီးကိုအထူးအဆန္းသဖြယ္ၾကည့္ေနခဲ့ၾက၏။
“ေဟ့…ဒီ႐ြာက ေနာ္ခမ္းဆိုတဲ့အမ်ိဳးသမီးရဲ႕
အိမ္ဘယ္နားမွာရွိသလဲကြဲ႕…”
ဟု…လမ္း၌ဆုံေသာ႐ြာသားကိုေမးေတာ့ ႐ြာသားက
မေျဖေသးဘဲအထူးအဆန္းသဖြယ္ၾကည့္ေနခဲ့သည္။
“ေဟ့ေမာင္ရင္…အဘေမးေနတာၾကားရဲ႕လား”
“ေၾသာ္…ဟုတ္…က်ဳပ္လိုက္ပို႔ေပးပါ့မယ္…”
ဘိုးေတာ္ႀကီးကေခါင္းတစ္ခ်က္ညိတ္ၿပီး
႐ြာသား၏အေနာက္မွလိုက္လာခဲ့သည္။
“ဟဲ့မိညႇပ္…”
“ဗ်ိဳ႕…”
“ဒီမွာ…နင္တို႔အိမ္ကိုလာတဲ့ဧည့္သည္…”
မိညႇပ္ႏွင့္လမ္းမွာဆုံေတာ့႐ြာသားကမိညႇပ္ကိုေျပာလိုက္သည္။
မိညႇပ္ကဘိုးေတာ္ႀကီးကိုေသခ်ာၾကည့္၏။
ခ်ီပိုးထားေသာကေလးငယ္ကိုလည္းၾကည့္ရင္း…
“အဘက က်ဳပ္အရီးဆီကိုလာတဲ့ဧည့္သည္လား”
“ေအးဟုတ္တယ္ကြဲ႕…”
“ဒါဆို က်ဳပ္နဲ႔လိုက္ခဲ့ေလ…
အရီးအိမ္မွာရွိတယ္…”
“ေအး…ေအး…ေအး…”
မိညႇပ္ကိုယ္တိုင္အိမ္သို႔ေခၚလာေတာ့သည္။
“အရီး…ဧည့္သည္…”
ေဆးမ်ားႀကိတ္ေနေသာ ေဒၚေနာ္ခမ္းကိုမိညႇပ္က
လွမ္းသတိေပးလိုက္သည္။
ေဒၚေနာ္ခမ္းကလည္းေဆးႀကိတ္ေနရင္းမွေမာ့ၾကည့္၏။
ဘိုးေတာ္ႀကီးကိုေတြ႕သြားေတာ့ ေသခ်ာၾကည့္ရင္း
သတိရသြားဟန္ျဖင့္…
“အဘဆရာ…”
ဟုေခၚ၍အနီးေရာက္လာခဲ့သည္။
“အဘဆရာ…လာပါ…ထိုင္ပါဦးအဘဆရာ…”
“ေအး…ေအးသမီး…ေနေကာင္းတယ္ေနာ္…”
“ဟုတ္ကဲ့…ေကာင္းပါတယ္အဘဆရာ…”
ေဒၚေနာ္ခမ္းက ဘိုးေတာ္ႀကီးကို
အေတာ္ေလး႐ိုေသဟန္ရွိသည္။
စကားအေျပာအဆိုႏွင့္အမူရာကိုၾကည့္ၿပီး မိညႇပ္လည္း
ပို၍သတိထားနေရ၏။
“မိညႇပ္…ေရေႏြးအိုးယူခဲ့”
“ဟုတ္ကဲ့အရီး…”
ဘိုးေတာ္ႀကီးက သစ္သားခုံတန္း၌ထိုင္သည္။
သူ၏ေက်ာ၌ခ်ီပိုးထားေသာ ကေလးငယ္ေလးကိုပုဆိုးမွ
ျဖဳတ္၍ ေနရာခ်ေပးသည္။
ေဒၚေနာ္ခမ္းကေတာ့ဖ်ာၾကမ္းယူကာခင္းၿပီး
ေအာက္၌သာထိုင္၏။
“ရပါတယ္သမီးရယ္…အေပၚမွာထိုင္ပါ…”
“က်ဳပ္မထိုင္ဝံ့ပါဘူးအဘဆရာ…”
ေဒၚေနာ္ခမ္းစကားေၾကာင့္ဘိုးေတာ္ႀကီးကၿပဳံး၍
ေခါင္းညိတ္သည္။
ေဒၚေနာ္ခမ္းက ကေလးေလးကိုလွမ္းၾကည့္ၿပီး…
“အဘဆရာ…ဒီကေလးက”
ဟု…ေမးေလေတာ့…
“ဒါအဘကယ္လာတဲ့လူသားေလးပဲသမီးရဲ႕…
သူ႔ဘဝအေမွာင္ထဲေရာက္မယ့္လမ္းကေနအဘကိုယ္တိုင္
အလင္းထဲေခၚလာခဲ့တာ…ထူးမယ့္ကေလးသမီးရဲ႕”
“ေၾသာ္…”
ေဒၚေနာ္ခမ္းကအံၾသဟန္ျဖင့္ကေလးငယ္ကိုၾကည့္ေနသည္။
“အဘဆရာမွာ…အခ်ိန္မရွိဘူးသမီး…
အထက္ကအဘဆရာႀကီးေတြရဲ႕အမိန္႔ေတြနဲ႔…
ဒီကေလးကိုအဘသြားကယ္လာခဲ့ရတာ…
အခုလည္းအထက္အမိန္႔အာဏာအတိုင္းပဲ
ဒီကေလးကိုသမီးဆီမွာအဘအပ္ခဲ့မယ္…
ေသာင္ထြန္း႐ြာကဘြားမယ္စိန္ဆီမွာ
ဒီကေလးကိုသြားထားေပးပါကြယ္…”
“ရွင္…အေမႀကီးဆီကိုပို႔ေပးရမယ္ဆိုေတာ့
ျဖစ္…ျဖစ္ပါ့မလားအဘဆရာ…”
“မျဖစ္ႏိုင္စရာမရွိဘူးသမီး…
ဘြားမယ္စိန္ကိုေျပာလိုက္…
ဒီကေလးဟာ သာသနာကိုအက်ိဳးျပဳမယ့္
ကေလးျဖစ္တယ္ဆိုတဲ့အေၾကာင္းနဲ႔…
သူအ႐ြယ္ေရာက္တာနဲ႔သူတို႔႐ြာေက်ာင္းကဆရာေတာ္ႀကီးဆီ
အပ္လိုက္ဖို႔ကိုပါေျပာလိုက္ကြဲ႕…
ဒီၾကားသူတို႔႐ြာမွာေမြးစားခ်င္သူရွိရင္လည္းေမြးစားခိုင္းေပါ့
အဓိကအေၾကာင္းကေတာ့ ဒီကေလးကိုအခ်ိန္တန္ရင္သာ
သာသနေဘာင္ထဲသြတ္သြင္းေပးဖို႔ပဲသမီးရဲ႕…”
“ဟုတ္ကဲ့…အဘဆရာႀကီးေျပာတာ
က်ဳပ္နားလည္ပါၿပီ…စိတ္ခ်ပါအဘဆရာႀကီး…
က်ဳပ္ေသခ်ာပို႔ေပးလိုက္ပါ့မယ္…”
“ေအး…ေအး…ေအး…”
“ဒါနဲ႔အဘဆရာႀကီးထမင္းစားဖို႔
က်ဳပ္ျပင္ေပးရမလား”
“ေန…ေန…အဘဗိုက္မဆာဘူး…
အခုလာရင္းကိစၥလည္းသမီးသိၿပီဆိုေတာ့
အဘလည္းခရီးဆက္စရာေတြရွိေသးတယ္…
ဒီကေလးကိုသမီးလက္ထဲအပ္ခဲ့ၿပီေနာ္…”
“ဟုတ္ကဲ့အဘဆရာ…
က်ဳပ္ဦးခ်ပါတယ္…”
“ေအး…ငါ့သမီးေနာ္ခမ္းက်န္းမာပါေစ…ေဘးရန္ကင္းပါေစ…
ရန္မွန္သမွ်ကိုေခ်မႈန္းႏိုင္ပါေစကြယ္…”
“ေပးတဲ့​ဆုနဲ႔ျပည့္ပါရေစ”
“ေအး…ေအး…ေအး…ဒါဆိုရင္အဘသြားၿပီ…”
ဘိုးေတာ္ႀကီးက ကေလးငယ္ကို
ေဒၚေနာ္ခမ္းဆီမွာထားခဲ့ၿပီးထြက္သြားေတာ့သည္။
အသက္ႀကီးရင့္လွေသာ္လည္းသန္မာဖ်တ္လတ္လွေသာ
ဘိုးေတာ္ႀကီးကိုၾကည့္ၿပီးေဒၚေနာ္ခမ္းၿပဳံးလိုက္သည္။
ၿပီးေနာက္ ကေလးငယ္ေလးဆီကိုသြားၿပီး…
“ကေလးေရ…နင္ကဘယ္ကလာတဲ့
ဘယ္သူ႔ေသြးသားလဲဆိုတာေတာ့ငါမသိဘူး…
ေသခ်ာတာကေတာ့နင္ကအေတာ္ကံေကာင္းတဲ့
ကေလးေလးပဲ…
အထက္ပုဂၢိဳလ္ေတြကိုယ္တိုင္ကေတာင္နင့္အတြက္
အခုလိုေတြစီစဥ္ေပးေနၾကတာဆိုေတာ့ကံေကာင္းလိုက္တာ
ကေလးရယ္…”
ဟုေျပာလိုက္သည္။
မိညႇပ္ကေတာ့နားမလည္ဟန္ျဖင့္
ေဒၚေနာ္ခမ္းကိုလွမ္းၾကည့္ေနခဲ့သည္။
ထိုသို႔ျဖင့္မိညႇပ္ႏွင့္ေဒၚေနာ္ခမ္းတို႔လည္းကေလးေလးကို
ေခၚ၍ႏြားလွည္း​ျဖင့္ေသာင္ထြန္း႐ြာသို႔
ေရာက္လာခဲ့ၾကေတာ့သည္။
ေသာင္ထြန္း႐ြာသို႔ေရာက္ေတာ့အျဖစ္အပ်က္အစုံကို
ဘြားမယ္စိန္အားေျပာျပလိုက္၏။
ဘြားမယ္စိန္သည္ကေလးငယ္ေလးကိုၾကည့္ၿပီး…
“အင္းေပါ့ေလ…ဘြားဆီကိုေရာက္လာၿပီဆိုေတာ့လည္း
ဘြားစီစဥ္ေပးရမွာေပါ့…”
ဟုေျပာ၏။
ကေလးငယ္ေလးကိုေဒၚဝင္းတို႔သားအမိႏွင့္မိညႇပ္က
ထိန္းေပးၾကရွာသည္။
“အမယ္…ရယ္တယ္ေတာ့္…
သားေလးကခ်စ္စရာေလးပါလား…”
“အရီး…က်ဳပ္ေတာ့ေကာင္းေကာင္းေလးကို
ခ်စ္တယ္ေတာ့္…”
“သူ႔နာမည္ကေကာင္းေကာင္းတဲ့လား”
“က်ဳပ္အရီးကအဲ့လိုေခၚတာပဲေတာ့္”
မိညႇပ္အေျပာေၾကာင့္ ေဒၚဝင္းတို႔မွာ
ေကာင္းေကာင္းေလးဟုေခၚၾကေတာ့သည္။
ေကာင္းေကာင္းေလးကိုလည္းအားလုံးကခ်စ္သလို
ကေလးကလည္းမ်က္ႏွာ႐ႊင္ေလးမို႔ခ်စ္စရာ
အလြန္ေကာင္းေပသည္။
“ေကာင္းေကာင္းေလးကိုဆိတ္ႏို႔ေလးတိုက္မယ္…”
ေဒၚဝင္းက႐ြာထဲမွဆိတ္ႏို႔ရွာၿပီးကေလးကိုတိုက္သည္။
ဘြားမယ္စိန္ႏွင့္ေဒၚေနာ္ခမ္းတို႔ကေတာ့
သူတို႔ကိုၾကည့္ၿပီးၿပဳံးေနခဲ့ၾကသည္။
“အစ္မဝင္းဒီကေလးကိုေမြးႏိုင္မလား
မသိဘူးေနာ္အေမႀကီး”
“ညည္းအစ္မနဲ႔အဆင္မေျပေလာက္ပါဘူးသမီးရယ္…
သူ႔မွာသူ႔သမီးတစ္ေယာက္နဲ႔တင္အလုပ္မ်ားေနတာ…
ေနာက္ၿပီးအခုကေလးကငယ္ေသးတယ္
သူကထိန္းေက်ာင္းတတ္မွာမဟုတ္ပါဘူးေအ…”
ဘြားမယ္စိန္စကားေၾကာင့္ ေဒၚေနာ္ခမ္းေခါင္းညိတ္သည္။
“ဒီလိုဆိုဘယ္လိုဆက္လုပ္ၾကမလဲအေမႀကီး”
“ဘြားတို႔႐ြာကသူႀကီးကိုေခၚထားတယ္…
ဒီကေလးအတြက္အဲ့သည္ေတာ့မွဆုံးျဖတ္ၾကတာေပါ့”
“အဲ့သည္လိုပဲလုပ္ၾကရေတာ့မွာေပါ့အေမႀကီးရယ္…”
ဘြားမယ္စိန္က႐ြာသူႀကီးဦးေနာင္ခ်ိဳတို႔ကိုေခၚယူၿပီး
ကေလး၏အေၾကာင္းကိုေျပာျပေလသည္။
“ဒါဆိုရင္ဒီကေလးက အထက္ပုဂၢိဳလ္ေတြက
ေပးတဲ့ကေလးေပါ့…”
“အဲ့သည္လိုပဲ​ေျပာရမွာေပါ့ေမာင္ေနာင္ခ်ိဳရယ္…
ေျပာျပခဲ့တဲ့အတိုင္းပဲသူဆယ္ႏွစ္ျပည့္တာနဲ႔
သာသနေဘာင္ ထဲသြတ္သြင္းေပးရမွာေပါ့ကြယ္…”
သူႀကီးဦးေနာင္ခ်ိဳကစဥ္းစားေနပုံရသည္။
ၿပီးေလမွ…
“က်ဳပ္အႀကံရၿပီဗ်”
“ဘာမ်ားလဲကြဲ႕…”
“ဒီကေလးကိုက်ဳပ္သားတို႔လင္မယားေမြးစားလိမ့္မယ္…
အားလုံးလည္းသိတဲ့အတိုင္း က်ဳပ္သားတို႔မွာက
ကေလးမရွိၾကဘူးေလ…သူတို႔ကေလးလိုခ်င္ေနတာ
က်ဳပ္အသိပဲ….ဒီေတာ့ ဒီကေလးကိုသူတို႔
ေမြးစားႏိုင္ပါလိမ့္မယ္ဗ်ာ…”
“ျဖစ္ပါ့မလားကြယ္…
ကေလးရခ်င္တာနဲ႔ကေလး​ေမြးစားတာက
မတူဘူးေမာင္ေနာင္ခ်ိဳရဲ႕”
“ျဖစ္ပါတယ္ဘြားရယ္…
ဘြားတို႔ဆႏၵအတိုင္းဒီကေလးအသက္ျပည့္ရင္
သာသနေဘာင္ထဲသြင္းေပးရင္ရၿပီမဟုတ္လားဗ်…
က်န္တဲ့ကိစၥအဝဝကို က်ဳပ္ကိုယ္တိုင္တာဝန္ယူပါတယ္ဗ်ာ
စိတ္ခ်ပါ….”
“ေအးပါကြယ္…ဒီလိုဆိုမွလည္း
ဘြားတို႔ဘက္ကသေဘာမတူစရာဘာရွိလို႔လဲ…
ဟုတ္တယ္ေနာ္သမီး…”
“က်ဳပ္သေဘာတူပါတယ္အေမႀကီး”
သူႀကီးဦးေနာင္ခ်ိဳကဝမ္းသာသြားသည္။
ဘြားမယ္စိန္တို႔ကလည္းေက်နပ္အၿပဳံးမ်ားၿပဳံးေနၾက၏။
ေဒၚဝင္းတို႔မိညႇပ္တို႔မွာ ကေလးကိုၾကည့္ၿပီး
မ်က္ရည္ဝဲေနၾကရွာသည္။
သူႀကီးရဲ႕သားျဖစ္သူလင္မယားကလည္း
ခ်က္ခ်င္းေရာက္လာၿပီးကေလးကိုၾကည့္ၾကသည္။
“ဟယ္…ကေလးေလးကခ်စ္စရာေလးေတာ့္”
“ဟုတ္ပါ့ဗ်ာ…ခ်စ္စရာေလး…”
သူတို႔ကလည္းကေလးကိုျမင္ျမင္ခ်င္းခ်စ္ခင္ၾကသည္။
ေမြးစားဖို႔လည္းဆုံးျဖတ္ၾက၏။
သို႔ေသာ္ဘြားမယ္စိန္က ေပးထားေသာကတိကို
တည္ဖို႔ရန္လည္းေသခ်ာထပ္…မွာၾကားရေသးသည္။
“စိတ္ခ်ပါဘြားရယ္…
က်ဳပ္တို႔လင္မယား ေဟာသည္တစ္႐ြာလုံးကို
သက္ေသထားၿပီးကတိေပးပါတယ္ဗ်ာ…
ဒီကေလးေလးကိုက်ဳပ္တို႔ရင္ေသြးေလးလို႔ေမြးၿပီး
သူျဖစ္ခ်င္တာအကုန္ျဖည့္ဆည္းေပးမွာပါဗ်”
“ေအးကြယ္…ေမာင္ရင္ေလးတို႔ကဒီလိုေျပာမွေတာ့
ဘြားတို႔စိတ္ခ်ပါၿပီ…”
သူႀကီးသားတို႔လင္မယားက ကေလးကိုေခၚသြားၾကေတာ့သည္။
ကြပ္ပ်စ္ခင္း၌ ဘြားမယ္စိန္ႏွင့္
ေဒၚေနာ္ခမ္းသာက်န္ရစ္ခဲ့ခ်ိန္…
“ဘြား”
“ေျမးေလးဘာျဖစ္လို႔လဲ”
မီးဖိုထဲမွထြက္လာေသာနန္းႀကိဳင္ေလးက
မ်က္ရည္အဝဲသားျဖင့္ဘြားမယ္စိန္ကိုေခၚ၍ဘြားမယ္စိန္ကစိုးရိမ္တႀကီးေမးလိုက္၏။
“အေမနဲ႔မမမိညႇပ္တို႔ငိုေနၾကတယ္”
ဟုေျပာေလေတာ့မွသက္ျပင္းကိုခ်၍…
“အင္း…ငါ့သမီးကသံေယာဇဥ္မ်ားပါဘိနဲ႔…
ငိုပါေစေျမးေလးရယ္…
ငိုလို႔ဝမွသူတို႔ေနသာမွာကြဲ႕”
“ဟုတ္ကဲ့”
နန္းႀကိဳင္ေလးက ကြပ္ပ်စ္ခင္း၌ဝင္ထိုင္လိုက္သည္။
ေဒၚေနာ္ခမ္းက ေရေႏြးၾကမ္းေလးေသာက္ရင္း…
“ကေလးေလးရဲ႕ကံကဒီလိုလာမွေတာ့
က်ဳပ္တို႔ဘာတတ္ႏိုင္မွာလဲအေမႀကီးရယ္…”
“ဒါေပါ့ေအ…အခုလည္းသူ႔အတြက္ေကာင္းတဲ့လမ္းကို
ဘြားတို႔တင္ေပးထား​တာပဲ…
ဒီေလာက္ဆိုဘြားတို႔တာဝန္ေက်ပါၿပီေလ… ”
“ဒီကေလးကိစၥၿပီးၿပီဆိုေတာ့
က်ဳပ္တို႔လည္းမနက္ျဖန္႐ြာကိုျပန္ေတာ့မယ္အေမႀကီး…
ဟိုမွာလည္းေဆးေဖာ္စရာကိစၥေတြကရွိေနေသးတယ္ေလ…
ေၾသာ္…က်ဳပ္ေမ့ေနလိုက္တာေဆးဆိုမွ…
အေမႀကီးအတြက္ ေဆးတစ္မ်ိဳးက်ဳပ္ေဖာ္လာေပးတယ္…”
“ဘာေဆးမ်ားလဲေအ့”
“တျခားမဟုတ္ပါဘူးအေမႀကီးက႐ြာစဥ္လွည့္
သြားလာေနသူဆိုေတာ့ ကိုယ္ခံအားေကာင္းေစတဲ့
ေဆးပါပဲ…”
“ေအး…ေအး…ေအး…ေက်းဇူးပါပဲသမီးရယ္…”
.ထိုသို႔ျဖင့္ေဒၚေနာ္ခမ္းတို႔လည္းေနာက္ရက္မနက္၌
ေတာင္​ေျခ႐ြာသို႔ျပန္သြားၾကေတာ့သည္။
ေကာင္းေကာင္းေလးသည္လည္းသူႀကီးသားတို႔လင္မယားထံ၌
ေကာင္းမြန္စြာေနထိုင္ေနၿပီျဖစ္၏။
သို႔ျဖစ္၍ စာမူေလးလည္းၿပီးဆုံးသြားပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)