မကောင်းဆိုးဝါးစီးတဲ့ကျား

*မကောင်းဆိုးဝါးစီးသည့်ကျား*📖📖📖

********************************

ရေးသားသူ—-ရဲဝင်းထွန်း

ရာသီကလည်းမိုးကုန်လို့ဆောင်းသို့ကူးလာခဲ့တယ် အခြားဒေသတွေမှာတော့ ဆောင်းဝင်စမှာ နှင်းအရမ်းမကျပေမယ့် ကျုပ်တို့ဆီမှာကတော့ အခြားဒေသများထက်ပိုပြီးနှင်းကျတတ်တယ် နွေရာသီပူရင်လည်းအခြားဒေသ အခြားနယ်များထက်ပိုပြီးတော့လည်းပူတတ်သလို ဆောင်းဝင်လို့​အေးပြီဆိုရင်လည်း အသဲခိုက်မတတ်အေးတတ်တယ် ကျုပ်လည်း နှင်းကျပြီးအေးစက်နေတဲ့ရာသီဉတု​ကြောင့်လဲ စောင်ခြုံပြီးကေ​ွးနေရာမှ တေအတော်မြင့်မှသာအိပ်ယာမှထခဲ့တယ် အဖေနဲ့အမေကတော့ မနက်စောစောတည်းကနိုးနေပြီဖြစ်၍ ကျုပ်တစ်ယောက်သာယခုမှနိုးခြင်းဖြစ်ပါတယ် အမေကတော့မီးဖိုထည်းမှာချက်ပြုတ်နေတာဗျ အဖေကတော့ရေနွေးကြမ်းကိုသောက်နေတယ်
“သားနိုးရင်လည်းမျက်နှာသစ်ပြီးထမင်းစားတော့လေ”  အဖေကလည်းသောက်လက်စရေနွေးပန်ကန်ကိုကိုင်ရင်းနဲ့ကျုပ်ကိုပြောလိုက်တယ်  “ဒါဆိုလည်းသားမျက်နှာသစ်လိုက်အုံးမယ်” ကျုပ်ကလည်းမျက်နှာသစ်ပြီးတော့မနက်စာကိုစားခဲ့တယ် ဆောင်းဉီးမှာတော့လုပ်စရာအလုပ်ထွေထွေထူးထူးမရှိတာနဲ့ရွာထည်းလျှောက်လာလိုက်တယ်  “သာလှပါလားဘယ်ကိုသွားမလို့လည်းကွ” ဖိုးတုတ်ကတော့ရွာလမ်းအတိုင်းလျှောက်လာတဲ့ကျုပ်ကိုမြင်တော့နှုတ်ဆက်တာဗျ  “ဘယ်ကိုမှမဟုတ်ပါဘူးကွာမင်းဆီကိုလာတာ” ကျုပ်ကလည်းပြောရင်းနဲ့ဖိုးတုတ်ရဲ့ခြံထည်းကိုဝင်လာခဲ့တယ်   “ငါ့ဆီကိုလားမလာစဖူးအလာထူးပါလား လာကွာရေနွေးကြမ်းလေးသောက်အုံးရေနွေးကြမ်းကတော့ခုရာသီနဲ့အလိုက်ဆုံးပဲကွ”  ဖိုးတုတ်ကတော့ပြောရင်းနဲ့ ရေနွေးကြမ်းလင်ဗန်းလေးကိုကျုပ်ရှေ့ကိုချပေးတယ်   “ဒါနဲ့မြဒင်ကတော့မင်းကိုပဲအပြစ်တွေဖို့နေတော့တာဟ”  “ငါကလည်းတမင်မလိုက်ချင်တာမှမဟုတ်တာကွာပဲဟင်းအစွမ်းပြလို့မလိုက်ရတာပဲ”   “ငါကတော့ကျေးဇူးတင်တယ်ကွာသိပ်ကိုကျေးဇူးတင်တယ်”   ကျုပ်နဲ့ဖိုးတုတ်စကားပြောနေတုန်း ခြံထည်းသို့မြဒင်ကအော်ပြောရင်းဝင်လာတယ်ဗျ “ဘာကိုကျေးဇူးတင်တာလည်းကွငါကတော့မင်းငါ့ကိုကြိတ်မုန်းနေပြီထင်တာ”  ကျုပ်ကလည်းမြဒင်ရဲ့စကားကိုနားမလည်ဟန်နဲ့ပြန်မေးလိုက်ပါတယ် “ကျေးဇူးတင်တာပေါ့ကွာခုဆိုရင်ကိုကြွက်သိုးကြီးကငါ့ကိုခေါ်ပြောတယ်ကွ ကုက္ကိုပင်ပေါ်ကသရဲကြီးကောင်းမူ​့ကြောင် ငါနဲ့ငွေနှင်းဖြူကိုတွေ့သွားပြီးနောက်နေ့ငါ့ကိုခေါ်ပြောတာကွ”  ကျုပ်နဲဖိုးတုတ်လည်းမြဒင်အနားတိုးသွားပြီး “​ဘာတွေပြောလို့လည်းမြဒင်ရဲ့”    “ငါ့ကိုအလုပ်ကြိုးစားတဲ့ သူ့ညီမလေးကလည်းငါမှငါဖြစ်နေလို့မခွဲလိုဘူးတဲ့သူ့ညီမလေးကိုထားခဲ့ရင်တော့​ဟောဟိုမှာတွေ့လားဆိုပြီးငှက်ကြီးတောင်ဓားကြီးကိုလက်ညိုးနဲ့ထိူးပြတာကွ”      “မင်းကကောမကြောက်ဘူးလား”  “ကြောက်တာမှပြောမနေပါနဲ့ကွာငါ့ကိုစခေါ်ကတည်းကဒူးတွေတုန်နေရတာမင်းတို့လည်းသိပါတယ်ကိုကြွက်သိုးကြီးကဘယ်လောက်စိုးလည်းဆိုတာ” ဟုတ်လည်းဟုတယ်ဗျ ရွာမှာဆိုကိုကြွက်သိုးကိုမသိတဲ့သူမရှိဘူးအရမ်းစိုးလွန်းလို့လည်း ရွာသားတွေကခပ်ကင်းကင်းဆက်ဆံကြတယ်  “ဒါဆိုလည်းမင်းရဲ့အချစ်ရေးကမင်းပေါ်မှာပဲမူတည်နေတာပေါ့”   “ဒါပေါ့ကွာငါလည်းနောက်အပတ်ရောက်ရင်ငွေနှင်းဖြူကိုသွားတောင်းတော့မှာကွ”  “ဟေကိုကြွက်သိုးကြီးကမင်းကိုအလုပ်ကြိုးစားအုံးလို့ပြောတယ်မလားသူပြောပြီးတစ်ပတ်ကြာတုန်းရှိသေးတယ်သွားတောင်းမယ်ဆိုတော့ဓားနဲ့လည်းလိုက်နေပါအုံးမယ်ကွာ” ကျုပ်ပြောလိုက်တော့ မြဒင်ကပြုံး​ဖြီးဖြီးနဲ့  “ခုအပတ်အတွင်းအလုပ်ကြိုးစားပြလိုက်မှာပေါ့ကွာ ငါလည်းစုထားစောင်းထားတာတွေလည်းရှိပါတယ် အမေနဲ့အဖေကလည်းငါ့ကိုသဘောတူတယ်တဲ့” “အေးပေါ့ကွာမင်းသွားတောင်းရင်တော့ငါတို့ပါလိုက်ခဲ့မယ်” ကျုပ်တို့စကားဝိုင်းကလည်း နေ့လည်စာစားချိန်ရောက်မှာတော့ဖြုတ်ခဲ့ကြတယ် ကျုပ်လည်းဉီးကြီးမောင်အိမ်ကိုမရောက်တာကြာပြီဗျ တစ်ပတ်ဆိုတဲ့အချိန်ကလည်းဘာလိုလိုနဲ့ကုန်သွားတာပါပဲဗျာ မြဒင်ရဲ့ငွေနှင်း​ဖြူကိုတောင်းတဲ့တောင်းရမ်းပွဲကလည်းအောင်အောင်မြင်မြင်ပြီးဆုံးခဲ့တယ် မြဒင်တို့ကလည်းပြေပြေလည်လည်ရှိကြတယ် မိဘများကလည်းမဂ်လာပွဲအတွက် ရွေငွေများသာမကလှည်းနွားများထည့်ကြတဲ့အတွက်လည်းပိုမိုအဆင်ပြေခဲ့တယ် မဂ်လာရက်ကိုလည်းလာမယ့်လမှာကျင်းပဖို့သဘောတူခဲ့ကြတယ်

  “အဖေ့ကြားလို်က်လားဗျဘာသံလည်းမသိဘူး”  ကျုပ်ကလည်းညစာထမင်းစားနေတုန်း ဟိန်းဟောက်သံအကျယ်ကြိီးကြားလိုက်ရတာကြောင့်အဖေ့ကိုမေးလိုက်ခြင်းဖြစ်ပါတယ်  အဖေကလည်း ငြိမ်သက်စွာဖြင့် “ကြားလိုက်တယ်သားရဲ့ဘာအကောင်ဟိန်းတာလည်းမသိဘူးအသံကလည်းကြီးလိုက်တာကွာ”    အသံကလည်းတိတ်ဆိတ်နေတဲ့ညအချိန်မှာတော့နောက်တစ်ခါထွက်လာခဲ့တယ်
“သားကောင်ကြီးတွေများရွာအနားကိုရောက်နေလားမသိပါဘူးတော်”  အမေကလည်းထမင်းစာ​းနေရင်းနဲ့ပြောလိုက်ပါတယ်  “ဖြစ်နိုင်တယ်တင်စိန်ရဲ့ဒါပေမယ့်ဒီလောက်အသံကြီးတဲ့သားကောင်မျိုးငါမကြားဖုးဘူး ကျားတွေ ခြသေ့်တွေဟိန်းတာတောင်ဒီလောက်မကျယ်ဘူးထင်တယ်”  အဖေကတော့အသံကြီးလွန်းလှသည်ကိုအံသြ၍လည်း မကြားဖူးကြောင်းအမေ့ကိုပြောနေပါတယ် အသံကလည်းရွာမြောက်ကထွက်လာလိုက်အရှေ့ကထွက်လာလိုက်ရွာရဲ့ဘေးပတ်လည်ကိုလှည့်နေလိုဖြစ်နေတာဗျ ကျုပ်တို့လည်းအသံကိုအလေးမထားတော့ပဲထမင်းကိုသာပြန်ပြီးစားနေကြပါတယ်

“သူကြီးအုန်း သူကြိီးအုန်း”  မနက်မိုးလင်းလို့ကျုပ်မျက်နှာသစ်နေတုန်း သူကြီးအုန်းနာမည်ကိုခေါ်ရင်းနဲ့ မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်​ယောက်ကတော့ သူကြီးအုန်းအိမ်ထည်းကိုပြေးဝင်လာတာဗျ နှင်းများကျနေတာကြောင့်လဲ့ဘယ်သူဘယ်ဝါဆိုတာမသိရ ဘာအ​ကြောင်းထူးလို့လည်းသိချင်တာနဲ့ မျက်နှာအမြန်သစ်ပြီး ကျုပ်လည်းသူကြီးအုန်းအိမ်ကိုထွက်လာခဲ့တယ် သူကြီးအုန်းရဲ့အိမ်ထည်းမှာတော့မိန်းမတစ်ယောက်နဲ့​ယောက်ျားတစ်​ယောက်ကတော့ငိုနေရင်းနဲ့တန်းလျားပေါ်မှာထိုင်နေကြတယ် ကျုပ်လည်းထိုသူတွေကိုကြည့်လိုက်တော့ ကိုစိုးသူနဲ့မပုလဲဖြစ်နေတယ်  သူကြီးအုန်းကတော့သူတို့ရဲ့ရှေ့မှာထိုင်နေတယ်   “ညကကျမတို့သားလေးပြောက်သွားလို့ပါရှင်”   “ဘယ်လိူဖြစ်ပြိးပြောက်သွားတာလည်းငါ့ကိုပြောပြကြအုံး”  သူကြီးအုန်းကမေးလိုက်တော့ ထိုအမျိုးသမီးရဲ့ဘေးကအမျိူးသားကလည်း “ညကသားလေးကအပေါ့သွားချင်တယ်ဆိုပြီး နောက်ဖေးကိုထွက်သွားပါတယ် ကျုပ်တို့ခြံအနားကနေ ကျားဟိန်းသံအကျယ်ကြီးကိုကြားရတာကြောင့်လဲသားလေးကိုစိတ်ပူပြီးအိမ်နောက်ဖေးကိုထွက်ကြည့်တော့သားလေးကိုမတွေ့ရတော့ပါဘူးသားလေးအပေါ့သွားခဲ့တဲ့နေရာအနားမှာလည်းသွေးကွက်တွေနဲ့ကျားခြေရာတွေ မြင်ရတော့တာပါပဲသူကြီးအုန်းရယ်”
သူကြီးအုန်း ကလည်းစိတ်မကောင်းဖြစ်သွားတယ် မျက်မှောင်ကြီးကျုပ်ပြီး  “ရွာကယောက်ျားသားတွေကိုစုပြီးနေ့လည်၂နာရီငါ့အိမ်ကိုလာခဲ့ဖို့ပြောလိုက်သာလှ” ကျုပ်ကလည်းရွာထည်းကိုလှည့်ရတော့တာပေါ့ နေ့လည်၂နာရီရောက်တော့လည်းရွာကအသက်အရွယ်ကောင်းကောင်းယောက်ျားသားတွေအကုန်သူကြီးအုန်းအိမ်မှာစုနေကြတယ်   “ဒီနေ့အားလူံးကိုအစည်းအဝေးခေါ်တာကတော့ရွာအနီးအနားမှာကျားတစ်ကောင်သောင်းကျန်းနေတယ်ဒီတော့ရွာကယောက်ျားသားတွေအကုန်ကင်းစောင့်ကြရမယ် ငါတု့ိရွာကအဝင်လမ်းက လေးလမ်းရှိတာမို့ အဖွဲ့ရှစ်ခုဖွဲ့မယ် အဖွဲ့လေးခုကတစ်လှည့်နောက်အဖွဲ့လေးခုကတစ်လှည့်ကင်းစောင့်ကြရမယ်တစ်ခုခုထူးတာနဲ့သံချောင်းတွေကိုခေါက်ပြီးအချက်ပေးပါ”  သူကြီးအုန်းကလည်း သံချောင်းများကိုထုတ်ပေးတယ် ဒီလိူနဲ့ကျုပ်တို့လည်းညဘက်ကင်းစောင့်ကြရတာပေါ့ အဖွဲ့တစ်ဖွဲ့မှာတော့လူကြီးတစ်ယောက်ကိုခေါင်းဆောင်ခိုင်းတယ် ကျုပ်ကတော့ရွာအလယ်မှာမို့ဘယ်အဖွဲ့ထည်းဝင်ဝင်ရတယ်လေ ဒါနဲ့ဉီးမှူးဉီးဆောင်တဲ့အဖွဲ့ထည်းကိုဝင်လာခဲ့တယ် ဉီးမှူးဉီးဆောင်တာကမြောက်ဘက်ရွာအထွက်မှာဆိုတော့ဉီးကြီးမောင်ရဲ့အိမ်နဲ့နီးတယ်လေဗျာ ကျုပ်တို့စောင့်နေ၍လားမသိကျားကရောက်မလာပါဘူး ၃ရက်လောက်အထိကျားကလည်းပေါ်မလာတော့အားလုံးကလည်းစိတ်အေးစပြုနေပြီ ကျုပ်တို့ကင်းစောင့်မယ်နေ့ကိုရောက်လာခဲ့တယ် ဉီးကြီးမောင်ကလည်းကျုပ်တို့ကင်းတဲကိုရောက်လာတယ် လေ အိမ်နဲ့နီးတော့လည်း စကားပြောဖို့လာခြင်းဖြစ်ပါတယ် ကျုပ်တို့ရဲ့အဖွဲ့ခေါင်းဆောင်ဉီးမှူးနဲ့လည်းစကားတွေပြောနေကြတယ် ကျုပ်တို့လူငယ်တွေကတော့ လက်ဖက်သုပ်လေးစားလိုက်စကားလေးပြောလိုက်နဲ့ ကင်းစောင့်နေကြတာပေါ့ “ဟောဟိုကဘာကောင်ကြီးလည်းကွ”  ကျုပ်တို့အဖွဲ့ထည်းကမောင်တင့်ဆိုသူကပြောလိုက်တော့ကျုပ်တို့လည်းသူပြတဲ့နေရာကိုကြည့်လိုက်ကြတယ်  “ဟာဘာကောင်ကြီးကကျားကိုစီးထားတာလညး်ကွ”    “သရဲကြီးလား”   “သရဲမဟုဘူးကွသဘက်ကြီးဖြစ်မယ်ဒီလောက်ကြီးတာသဘက်ကြီးပဲဖြစ်မယ်ကွ”  ကျုပ်တို့အဖွဲ့သားတွေကလည်းမောင်တင့်ပြတဲ့အကောင်ကြီးကိုကြည့်ရင်းတစ်ယောက်တစ်ပေါက်ပြောနေကြတယ် အကြောင်းကတော့ လူဝံ၂ကောင်စာလောက်ရှိတယ့်ခန္ဓာကိုယ်နဲ့ အမွှေးအမျှင်များကရှုပ်ပွနေသောသရဲကြီးနဲ့အတူ ကိုးတောင်လောက်ရှိတဲ့ကျားကြီး ကိုမြင်လို်က်ရခြင်းကြောင့်လည်းဖြစ်ပါတယ် ဉီးကြီးမောင်နဲ့ဉီးမှူးကလည်းကင်းတဲထဲကထွက်လာတယ် ကျားဆိုတဲ့အသံကြားတာနဲ့ဉီးမှူးကလည်းသူယူလာနဲ့သေနတ်ကိုကိုင်ရင်းထွက်လာတယ် “ဟာလာပြီကွပြေးကြခေါက်ကြ”  ထိုအကောင်ကြီးစီးထားတယ့်ကျားကြီးကလည်း ကျုပ်တို့ ဘက်ကိုတရှိန်ထိုးပြေးလာတယ် ကင်းတဲကအဖွဲ့သားတွေကလည်းကြောက်အားလန့်အားနဲ့သံချောင်းတွေခေါက်ကြ ပြေးကြနဲ့ ရှိနေကြတယ် တစ်ချို့ကတော့ကင်းတဲထဲကဓားတွေကိုသွားယူကြီးခုခံရန်အသင့်ရှိနေကြတယ် ကျားကြီးနဲ့ကျုပ်တို့ကလည်းလယ်နှစ်ခွက်ကျော်ကျော်လောက်အကွာမှာရှိနေတယ်  “လာလေ့ရော့”   ဉီးကြီးမောင်ကလည်းတစ်ချက်အော်လိုက်ပြီးကျားကြီးကိုလက်ညှိုးထိုးကာဘေးကိုဆွဲဖယ်လိုက်တယ် ကျားကြီးကတော့ဘာမှမဖြစ်ပေမယ့်ကျားပေါ်ကအကောင်ကြီးကတော့မြေပေါ်ကိုလွင့်ကျသွားတယ် ဒါပေမယ့်လည်းပြန်ထလာပြီးလေးဘက်ထောက်ကြီးကျုပ်တို့ဆီကိုပြေးလာပြန်တယ်
“ဉီးမှူးခဗျားကျားကိုသေအောင်ပြစ်ဗျာကျုပ်ဟိုကောင်ကိုထိန်းထားမယ်” ကျယ်လောင်လှတဲ့သေနတ်သံထွက်လာတဲ့နောက်မှာတော့ကျားကြီးကတော့ကျုပ်တို့ရှေ့ဝါးတိုတစ်ပြန်စာလောက်မှာတော့အရှိန်နဲ့လဲကျသွားတယ် ဉီးကြီးမောင်ကတော့ သရဲကြီးနဲ့ရင်ဆိုင်နေရတယ် သရဲကြီးကလည်း ပါးစပ်ကြီးဟလိုက်တော့ပါးစပ်ထည်းက မြွေကြိးတွေထွက်လာတာဗျ  “အားလုံး ပဲသေးနဲ့စည်းဝိုင်းတားလိုက်ကြ”  ကျုပ်တို့တွေအကုန်လူံးရှိတာကိုထုတ်ပြီး သေးနဲ့ဘေးပတ်လည်ကိုစည်းဝိုင်းလိုက်ကြတယ် ယောက်ျားသားတွေပဲရှိတာမို့လည်းတော်သေးသည်ပြောရမယ် တစ်ချို့အပေါ့မသွားချင်တဲ့သူတွေကလည်းစည်းဝို်င်းရှိတဲ့သူအထည်းကိုဝင်ကြတာပေါ့ ကျုပ်တို့တင်မကဘူးဗျဉီးမှူးကောစည်းဝိုင်းထားတာဗျ​မြွေကြီးတွေကလည်းကျုပ်တို့စည်းဝိုငး်ကိုထိတာနဲ့သစ်ကို်င်းခြောက်တွေအကုန်ဖြစ်သွားတယ် “သေစမ်းမကောင်းစိုးဝါးကောင်” ဉီးကြီးမောင်ကလည်းပြောလိုက်ရင်းအလင်းတန်းကြီးတွေထုတ်တာဗျ အလင်းတန်းကြီးတွေကလည်း မကောင်းစိုးဝါးကြီးကိုထိတာနဲ့ မကောင်းစိုးဝါးကြီးကကျယ်လောင်စွာအော်ဟစ်ရင်း မြူမှုန်တွေအဖြစ်ပြောက်ပြက်သွားတယ် အခြားကင်းတဲကသူတွေလည်းခုမရောက်လာကြတယ် ကျုပ်တို့တွေကတော့ဉီးကြီးမောင်နဲ့ဉီးမှူးကိုကျေးဇူတင်စကားတွေပြောနေကြတာပေါ့  “ဒီကောင်ကဉိးမှူးနဲ့ဉီးကြီးမောင်ရှိတဲ့ကင်းတဲကိုမှဝင်တော့ဘဝကူးရတာပေါ့” ကျုပ်ပြောလိုက်တော့လည်းဉီးမှူးနဲ့ဉီးကြီးမောင်ကပြုံးနေကြတယ် ေနာက်နေ့မှာတော့သူကြီးအုန်းကိုယ်တိုင် ဉီးမှူးနဲ့ဉီးကြီးမောင်နှစ်​ယောက်ကို တစ်ယောက်ကိုငွေ၁၀၀၀၀ဆု ချပေမယ့် ဉီးမှူးကပြေပြေလည်လည်ရှိတာကြောင့်ဉီးကြီးမောင်ကိုအကနု်လွဲအပ်လိုက်တယ်  “မယူပါရစေနဲ့သူ​ကြီးအုန်းကျုပ်ကငွေလိုချင်လို့ကူညီတာမဟုပါဘူးကျုပ်မယူပါရစေနဲ့”  ဉီးကြီးမောင်ကတော့ငြင်းဆန်နေတာကြောင့်လည်းရွာသားများအားလုံးကယူရန်အတင်းပြောနေကြတယ်   “ဘာပဲဖြစ်ဖြစ်ပေါ့ဗျာကျုပ်တို့ရွာကဉီးကြီးမောင်ပေးတဲ့အသက်ပဲရှိပါတော့တယ်ဗျာယူပါ”     “ဟုတ်တယ်ဗျို့ယူလိုက်ပါဉီးကြီးမောင်ရေ” ရွာသားများကလည်းဟစ်အော်နေကြတော့နောကိဆုံးဉီးကြီးမောင်ကလက်ခံပေမယ့်ငွေ၂၀၀၀၀ထည်းကတစ်သောင်းကိုရွာမှာနတ်လမ်းလုပ်ဖို့အလှူငွေပြန်ထည့်ခဲ့တာကြောင့်ရွာသားတွေရဲ့လေးစားခြင်းကိုအရင်ကထက်ပိုရသွားကာလက်ခုပ်တီးသံများကမိုးမွှန်သွားခဲ့ပါတယ်

(  အမှာစာ )

ကျနော်ကတော့စာရေးသူရဲဝင်းထွန်းပါ ကျွန်ုပ်ရဲ့ဉီးကြီးမောင်ဇာတ်လမ်းတွဲဟာ ဆရာအဂ္ဂဇော်ရဲ့ဉီးဘသာဇတ်လမ်းကို Copy ယူထားခြင်း ခိုးကူးခြင်းများမလုပ်ခဲ့ပါ ဆရာအဂ္ဂဇော်ရဲ့ရေးဟန်ကိုသာတုပ၍ရေးခဲ့ခြင်းဖြစ်ပါသည် ဇာတ်လမ်းပါအကြောင်းအရာများအဖြစ်ပြက်များသည် ဆရာအဂ္ဂဇော်ရေးသားထားသည့် ဉီးဘသာ စာစဉ်နှင့်လုံးဝတူခြင်းမရှိပါ ထိုအကြောင်းကိုတော့ဉီးဘသာစာစဉ်ကိုသေချာဖတ်ထားသည့်သူများသိပါသည်  ကျွန်ုပ်လိုတက်သစ်စစာရေးသူတစ်ယောက်က ဆရာအဂ္ဂဇော်ရဲ့အရေးအသားကိုမှီနိုင်ရန်အကြောင်းမရှိပါ ဆရာအဂ္ဂဇော်နှင့် စာရေးဆရာအားလုံးအားလေးစားလျှက်ရှိပါသည် )