မကောင်းဆိုးဝါးမွေးတဲ့ဘုန်းကြီး(စ/ဆုံး)

Unicode Version

မကောင်းဆိုးဝါးမွေးတဲ့ဘုန်းကြီး(စ/ဆုံး)
—————————————-
မကောင်းဆိုးဝါးမွေးမိတဲ့ ဘုန်းကြီးတပါးရဲ့အဖြစ်အပျက်က လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ဖြစ်ခဲ့တာပါ။ထိုစဉ်အခါတုန်းက သံဃာတော်အများစုဟာ သာသနာ့ဘောင်ဝင်ပြီးတာနဲ့ တရားအားထုတ်ဖို့တခုတည်းအတွက် ရည်မှန်းချက်နဲ့ ဝေးလံခေါင်သီတဲ့ တောတွင်းနေရာတွေကို အပင်ပန်းခံကြွချီတော်မူကြတဲ့ အလေ့အထရှိကြတယ်။

ဦးဇင်းသုမနနဲ့သူငယ်ချင်းရဟန်းဖြစ်တဲ့ ဦးဇင်းဇောတိက တို့နှစ်ပါးဟာလည်း ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရနဲ့ အတူ တောနက်ကြီးတခုထဲက ကျောက်ဂူကြီးလို့အမည်ရတဲ့ လှိုဏ်ဂူကြီးတခုအတွင်းမှာ ဝါတွင်းသုံးလတိတိ တရားအားထုတ်ဖို့အစီအစဉ်နဲ့ ခရီးထွက်လာခဲ့ကြတယ်။

တနေ့သောအခါမှာ ညနေစောင်းပြီဖြစ်လို့ စမ်းချောင်းလေးတခုအနားမှာ နေရာချပြီး တညတာကျိန်းစက်ဖို့်အတွက် စီစဉ်ကြရလေတယ်။တောတွင်းက သားရဲတိရိစ္ဆာန်တွေ မလာရဲစေဖို့ မီးဖိုပြီးတဲ့အချိန်မှာတော့ သစ်ရွက်ခြောက်တွေကို နင်းဖြတ်ပြီး ခပ်သွက်သွက် လျောက်လာတဲ့ ခြေသံကိုကြားလိုက်ကြရတယ်။

အားလုံးဓါတ်မီးတွေဖွင့်ပြီး ရှာကြည့်တဲ့အခါမှာတော့ သင်္ကန်းခပ်နွမ်းနွမ်းကိုခြုံထားတဲ့ ဘုန်းကြီးအိုတပါးကို တွေ့လိုက်ကြရတယ်။အဆိုပါဘုန်းကြီးအိုဟာ အသက်အရွယ်အတော်ရနေပြီး ညိုမှောင်တဲ့အသားအရေရှိပေမယ့် သူ့ပုံစံက အားပြည့်အင်ပြည့်နဲ့ ကြံခိုင်တဲ့ ပုံစံရှိနေတာကို အကဲခတ်လိုက်မိတယ်။ထိုအချိန်မှာပဲကျောင်းထိုင်ဆရာတော်ကြီးဖြစ်တဲ့ ဦးဉာဏိဿရရောက်လာပြီး ဘုန်းကြီးအိုကို ခုလိုမေးလိုက်တယ်။

“အရှင်ဘုရား တပါးတည်း အဖော်မပါ ဘာမပါနဲ့ ဘယ်ကိုကြွချီတော်မူမလို့ပါလဲဘုရာ့”
ဘုန်းကြီးအိုက ပြန်ဖြေတာက
“တင်ပါ့ … တပည့်တော်က နေရာအနှံ့တပါးတည်း လှည့်လည်တရားအားထုတ်နေတာပါ။ခုလည်း ဒီနားကနာမည်ကြီးကျောက်ဂူကြီးလှိုဏ်ဂူဟာ အလွန်ငြိမ်းချမ်းပြီး တရားအားထုတ်တဲ့ကိုယ်တော်တွေအတွက် အထူးသင့်တော်တယ်လို့ ကြားမိလို့ ဒီဖက်ကိုရောက်လာရတာပါပဲ”
“အရှင်ဘုရားတို့ကော ဘယ်ကိုကြွချီကြမှာလဲဘုရာ့”
ဖြေပြီးတာနဲ့ တဆက်တည်းမေးလာတဲ့ ဘုန်းကြီးအိုကို ဦးဉာဏိဿရက ခုလိုပြန်ဖြေလိုက်လေတယ်။

“ဪ … ဒါဖြင့်အဆင်သင့်တာပဲဘုရာ့ တပည့်တော်တိုလည်း ကျောက်ဂူကြီးလှိုဏ်ဂူကိုပဲ ကြွကြမလို့ပါဘုရား။တပည့်တော်တို့နဲ့ အတူတူပဲကြွကြတာပေါ့။ဒီညတော့ ဒီမှာပဲအတူအနားယူကျိန်းစက်ဖို့ဖိတ်ပါတယ်ဘုရား”
အဲ့ဒီအခါမှာ ဘုန်းကြီးအိုကလည်း ဖိတ်ကြားချက်ကို အသာတကြည်ပဲလက်ခံပါတယ်။

ထို့နောက်မှာတော့ ဘုန်းကြီးတွေဟာ အသီးသီးကိုယ်စီ တရားမှတ်ပြီး နေကြတော့တယ်။ဘေးနားကစမ်းချောင်းလေးဆီက ရေစီးသံတွေသာ ပတ်ဝန်းကျင်တခုလုံးမှာ ကြားနေရပြီး အားလုံးငြိမ်သက်တိတ်ဆိတ်နေလို့ပါပဲ။ညနက်ပိုင်းရောက်လာတဲ့အခါမှာတော့ အဝေးတနေရာက နာကျင်စွာအော်ဟစ်နေတဲ့ တိရိစ္ဆာတကောင်ရဲ့ အသံကို ဦးဇင်းသုမနနဲ့ဦးဇင်းဇောတိကတို့ သေချာကြားလိုက်ကြရတယ်။

မနက်လင်းတဲ့အခါမှာတော့ စမ်းချောင်းဘေးတနေရာမှာ တောဝက်တကောင်ကို ဗိုက်ဖောက်ပြီး အူအသဲတွေထုတ်ယူခံထားရတာကို တွေ့ကြရတယ်။ညကနာကျင်စွာအော်နေတဲ့အသံဟာ ဒီတောဝက်ရဲ့အသံဆိုတာ သေချာသိသွားရတယ်။ဒါပေမယ့် … သားကောင်ကိုအခြားနေရာတွေကို မကိုက်စားပဲ အူအသဲတွေကိုပဲဖောက်စားခဲ့တာ ဆိုတော့ ဦးဇင်းနှစ်ပါးလည်း ထိတ်လန့်အံ့ဩနေရတယ်။ပြီးတော့ ကျောင်းထိုင်ဆရာတော်ကြီးဆီအပြေးသွားပြီး လျောက်တင်ကြတော့တယ်။

“အရှင်ဘုရား တောဝက်ကြီးက ဗိုက်ဖောက်ခံရပြီး အူအသဲတွေကို ထုတ်ယူစားသုံးခံရတာပဲ။ညတုန်းကအော်သံကိုတပည့်တော်တို့ သေသေချာချာကြားခဲ့တယ်။ဒါမကောင်းဆိုးဝါးက ဖမ်းပြီးစားခံရတာပဲဖြစ်မှာဘုရာ့။”
“မကောင်းဆိုးဝါးတကောင်သာဆို တပည့်တော်တို့ကိုလည်း မကြာခင်ဖမ်းစားလိုက်မှာ ကြောက်တယ်ဘုရာ့ ကယ်ပါဦး။”
ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရက အေးဆေးတဲ့လေသံနဲ့ မိန့်တော်မူတယ်။

“အင်း မကောင်းဆိုးဝါးလား ဘာလားတော့ သေချာမသိနိုင်ဘူးပေါ့။ဒါပေမယ့် တောဝက်ကြီးကတော့ သူ့ဝဋ်ကြွေးသူဆပ်ရတာပဲ… သတ္တဝါတွေအားလုံးဟာ ဝဋ်ဆိုတဲ့အရာကနေ ဘယ်လိုမှပြေးမလွတ်နိုင်ဘူးဆိုတာ နှလုံးသွင်းထားကြပါ ငါ့ရှင်တို့”
ခုလိုကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရ ရဲ့တရားစကားကို ဘုန်းကြီးအိုလည်းနားထောင်နေခဲ့ပြီး ဘာတခုမှတော့ ဝင်မပြောခဲ့ပါဘူး။

နောက်တရက်မှာလည်း ဦးဇင်းသုမနက ဝမ်းလျှောဝေဒနာခံစားနေရပြန်တာကြောင့် ခရီးမဆက်နိုင်ပဲ ထိုနေရာမှာပဲနောက်ထပ်တညတာ ကျိန်းစက်ကြရပြန်တာပေါ့။တခါမှာတော့ ညပိုင်းဗိုက်နာလာတာကြောင့် အပြင်ဖက်ကခြုံနားဆီကို ထွက်လာခဲ့တယ်။ဒါပေမယ့် ရုတ်တရတ် ခြေလှမ်းတွေတုန့်ခနဲ ဖြစ်သွားရတယ်။ ရှေ့နားမှာ မဲမဲအရိပ်တခု လှုပ်လှုပ်နဲ့ဖြစ်နေတယ်။အနားကိုရောက်မှ အသင့်ပါလာတဲ့ ဓါတ်မီးနဲ့ကြည့်တော့လည်း ဓါတ်ခဲကုန်ခါနီးဓါတ်မီးရောင်က မှိန်ဝါးဝါးဖြစ်နေတာ သေသေချာချာမမြင်ရပြန်ဘူး။ ဒါကြောင့် အသံထွက်ပြီး လှမ်းအော်မေးကြည့်လိုက်တယ်။

“ဘယ်သူလဲ… လူလား.. ဘုန်းကြီးလား..”
မေးလိုက်တဲ့အသံအဆုံးမှာ အရိပ်မည်းကြီးက လှည့်ကြည့်တာကိုမြင်လိုက်ပြီး လိပ်ပြာလွင့်မတတ်ဖြစ်သွားရတယ်။သူမြင်လိုက်ရတာက ဘုန်းကြီးတပါးက သွေးတရဲရဲကြက်သေကောင်ကို ကိုထားလျက်သားနဲ့။ပြီးတော့လည်း သူ့ပါးစပ်နဲ့ မျက်နှာတွေမှာလဲ သွေးတွေနီရဲတောက်လို့ပဲ။ပြီးတော့ မကြာခင်မှာပဲ တောတွင်းကိုထွက်ပြေးပျောက်ကွယ်သွားလေတော့တယ်။

ဦးဇင်းသုမနက ဦးဇင်းဇောတိကဆီအမြန်သွားပြီးခုလို ပြောပြလိုက်တယ်။
“ဦးဇောတိကရေ … သရဲဗျ ဘုန်းကြီးသရဲ… ကျုပ်သေချာတွေ့ခဲ့တယ်။ကြက်သေကောင်ကို ကိုက်စားနေတာ သွေးတွေရွှဲနေတာပဲ။ကြောက်လွန်းလို့  ဝမ်းလျှောရောဂါတောင်ပျောက်ပြီထင်တယ်ဗျာ”
ဦးဇောတိကလည်း မနက်မိုးလင်းတဲ့အခါမှာ ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရကို တဆင့်လျောက်လိုက်တဲ့ အခါမှာတော့ သူတို့အားလုံးဟာ ဘုန်းကြီးအိုကို သံသယဝင်လာကြတော့တယ်။

“အင်း… ဒီအတိုင်းဆို ဘုန်းကြီးအိုက မသင်္ကာစရာပဲ။သူကမကောင်းဆိုးဝါးဖြစ်နေနိုင်တယ်။သူ့ကို သေချာစောင့်ကြည့်ထားကြပေတော့”
ညပိုင်းရောက်ပြန်တဲ့အခါမှာတော့ ဦးဇင်းနှစ်ပါးဟာ ဘုန်းကြီးအိုကိုနောက်လိုက်ချောင်းမြောင်း ကြတော့တာပါပဲ။

နောက်ယောင်ခံလိုက်နေရင်း မကြာခင်မှာပဲ ဘုန်းကြီးအိုဟာ သူတို့မြင်ကွင်းကနေပျောက်သွားတော့တယ်။
“ခုနကပဲ မြင်နေတာ ချက်ခြင်းဘယ်ပျောက်သွားတာလဲ…. ထူးဆန်းလှချည်လား”
“ဟုတ်တယ် ကျုပ်တို့လိုက်နေတာသိလို့ မျက်ခြေဖြတ်သွားတာလားမသိဘူး။”
ဦးဇင်းနှစ်ပါးဟာ တဖြည်းဖြည်းရှေ့ဆက်လာရင်း တနေရာမှာ လှုပ်ရှားမှုတခုကိုတွေ့သွားကြတယ်။

ခြေသံဖွဖွနင်းပြီးအနားရောက်တဲ့အခါမှာတော့ ဘုန်းကြီးတပါး သူတို့ကိုကျောခိုင်းထားပြီး တခုခုကိုအငမ်းမရ ကိုက်စားနေတာကို မြင်လိုက်ကြရတယ်။ဦးဇင်းတွေရဲ့စိတ်ထဲမှာတော့ ဒါဟာ မကောင်းဆိုးဝါးဘုန်းကြီးအိုပဲလို့ အသေအချာထင်မိလိုက်ကြတယ်။

“ဟေ့ ဘယ်သူလဲ … ဘုန်းကြိးအိုမဟုတ်လား ဒီဖက်လှည့်စမ်းပါ။” လို့ ဦးဇောတိက ကလှမ်းအော်လိုက်တဲ့အခါမှာ အဆိုပါဘုန်းကြီးဟာ ပြန်လှည့်တောင်မကြည့်ပဲ တဟုန်ထိုး ထွက်ပြေးလေတော့တယ်။ဦးဇင်းနှစ်ပါးလည်း နောက်ကနေ ထပ်ချပ်မကွာအတင်းပြေးလိုက်ခဲ့ကြတယ်။နောက်ဆုံးဘယ်လိုမှ ပြေးမလွတ်မှန်းသိတဲ့အချိန်မှာတော့ သူတို့ရှေ့က ဘုန်းကြီးဟာသူတို့ဖက်ကို ပြန်လှည့်ပြီး မကောင်းဆိုးဝါးတကောင်လို မာန်ဖီနေတော့တယ်။ဦးဇင်းနှစ်ပါးမြင်လိုက်ရတာက ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရပဲဖြစ်ပါတယ်။

ကျောင်းထိုင်ဆရာတော်ကြီးဟာ တကိုယ်လုံးသွေးအလိမ်းလိမ်းနဲ့ ဖြစ်ပြီး တောဝက်တကောင်ရဲ့ အူအသဲတွေကိုလက်ထဲမှာဆုပ်ကိုင်ထားလျက်သားနဲ့ သူတို့ကိုရန်ပြုဖို့ ပြင်ဆင်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်ကလဲ သွေးညှီနံတွေထောင်းထောင်းထအောင် ထွက်နေခဲ့တယ်။

ဦးဇင်းတွေက အံဩ ကြောက်လန့်ပြီး ရုတ်တရတ်ငြိမ်ကျသွားတယ်။သူတို့ရဲ့ ကျောင်းထိုင်ဆရာတော်က ဘယ်လိုမကောင်းဆိုးဝါးကြီးဖြစ်နေရသလဲ ဆိုတာကို မတွေးတတ်သလို မယုံချင်အောင်ပဲဖြစ်နေတယ်။ မကောင်းဆိုးဝါးဖြစ်နေတဲ့ ဦးဉာဏိဿရကတော့ ဦးဇင်းနှစ်ပါးကိုပါ ကိုက်ဖြတ်စားသောက်ဖို့ အနားကိုတဖြည်းဖြည်း တိုးကပ်လာနေတယ်။ထိုအချိန်မှာပဲ ဘုန်းကြီးအိုဟာ နောက်ကနေရုတ်တရတ်ထွက်ပေါ်လာပြီး  နမောသုံးချက်ရွတ်ပြီး နဖူးကို သပ်ပေးလိုက်တဲ့အခါမှာဦးဉာဏိဿရက ချက်ခြင်းမေ့လဲကျသွားတော့တယ်။

ဒါပေမယ့် မကြာခင်မှာပဲ သတိပြန်ဝင်လာပြီး ဘုန်းကြီးအိုကိုလည်ပင်းညှစ်ဖို့ကြိုးစားနေခဲ့ပေမယ့် ဘုန်းကြီးအိုက ဂါထာမန္တန်တွေနဲ့ အချိန်ကြာမြင့်စွာရွတ်ဖတ်ပြီး မန်းမှုတ်လိုက်တဲ့အခါမှာတော့ ကျောင်းထိုင်ဆရာတော်ဦးဉာဏိဿရဟာ ချက်ခြင်းပဲ ငြိမ်သက်သွားတော့တယ်။သူ့ရဲ့ ခန္ဓာကိုယ်ကနေ အရိပ်မည်းတွေ ထွက်ခွာလွင့်ပြယ်ပုံကို တွေ့လိုက်ရပြီး အလောင်းဟာလည်း မည်းနက်ခြောက်သွေ့ပြီး အနံဆိုးတွေချက်ခြင်းထွက်လာခဲ့တယ်။

အံဩထိတ်လန့်နေတဲ့ ဦးဇင်းနှစ်ပါးကို ဘုန်းကြီးအိုက ခုလိုရှင်းပြလိုက်တယ်။
“တကယ်တော့ ကျောင်းထိုင်ဆရာတော်ကြီးဦးဉာဏိဿရဟာ အောက်လမ်းဆရာတယောက်နဲ့ ရင်းနှီးခဲ့ပြီး အောက်လမ်းပညာတွေလေ့လာနေခဲ့တာ။တနေ့တော့ အောက်လမ်းဆရာမွေးထားတဲ့ မကောင်းဆိုးဝါးတကောင်ကို သူကိုယ်တိုင်အပိုင်လိုချင်လို့ တောင်းယူပြီးမွေးထားခဲ့တယ်။

ဒါပေမယ့် နှစ်တွေကြာလာတဲ့အခါမှာ မကောင်းဆိုးဝါးက သက်တမ်းရင့်လာပြီး ဦးဉာဏိဿရကကောင်းကောင်းထိန်းမနိုင်တော့ဘူး။နောက်ဆုံးတော့ မကောင်းဆိုးဝါးကသူ့ကိုသတ်ပြီး သူ့ကိုယ်ထဲဝင်သွားပြီး ကျောင်းထိုင်ဆရာတော်ပုံစံ ဟန်ဆောင်နေထိုင်ခဲ့တာ။မကောင်းဆိုးဝါးဆိုတာက ဘုန်းကြီးကျောင်းထဲ ရေရှည်နေဖို့အဆင်မပြေဘူးလေ။ဒါကြောင့် ဦးဇင်းတို့နှစ်ပါးကို သတ်စားဖို့ တရားအားထုတ်မယ်ဆိုပြီး တောထဲကိုခေါ်လာခဲ့တာပဲ။ကံကောင်းလို့ ဘုန်းကြီးနဲ့တွေ့လို့ပေါ့။”

ဘုန်းကြီးအို ရှင်းပြတာနားထောင်ပြီး ဦးဇင်းသုမနကလျောက်တင်တယ်။
“ဪ.. ဒီလိုကိုး ကြောက်စရာကြီးပဲဘုရား။ဒါပေမယ့် တပည့်တော်မရှင်းတာတခုရှိတယ်ဘုရာ့။”

“အင်း… သိတယ် …. သိတယ်။မရှင်းတာက ဘုန်းကြီးက ဒီအဖြစ်အပျက်တွေကို ဘယ်လိုသိနေတာလဲလို့ မေးမှာမဟုတ်လား။အင်း….. အစဖော်မိမှတော့ ပြောပြရတော့မှာပေါ့လေ။အဲ့ဒီ ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရနဲ့ ရင်းနှီးခဲ့တဲ့အောက်လမ်းဆရာဆိုတာ ဘုန်းကြီးကိုယ်တိုင်ဖြစ်နေလို့ပဲ ဦးဇင်းတို့…. ဟိုးတုန်းကအကုသိုလ်တွေလုပ်မိတဲ့ အောက်လမ်းဆရာဘဝက အပြစ်တွေကို ကြိုးစားဆေးကျောဖို့ ခုလိုသာသနာ့ဘောင်ဝင်ပြီးတရားလှည့်လည်အားထုတ်နေခဲ့တာပဲ။ဒါပေမယ့် …. ကျောင်းထိုင်ဆရာတော်ကြီး ဦးဉာဏိဿရ ကိုဒီလိုအဖြစ်မျိုးနဲ့ကြုံရမယ်လို့ မထင်ခဲ့မိတာကတော့ အမှန်ပါပဲ။”

ဘုန်းကြီးအိုစကားအဆုံးမှာ ဦးဇင်းနှစ်ပါးဟာ တယောက်မျက်နှာတယောက်ကြည့်ပြီး ဘာပြောရမှန်းမသိပဲ ငြိမ်သက်သွားမိကြပါတော့တယ်။

”””  ပြီးပါပြီ ‘

Zawgyi Version

မေကာင္းဆိုးဝါးေမြးတဲ့ဘုန္းႀကီး(စ/ဆုံး)
—————————————-
မေကာင္းဆိုးဝါးေမြးမိတဲ့ ဘုန္းႀကီးတပါးရဲ႕အျဖစ္အပ်က္က လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာတုန္းက ျဖစ္ခဲ့တာပါ။ထိုစဥ္အခါတုန္းက သံဃာေတာ္အမ်ားစုဟာ သာသနာ့ေဘာင္ဝင္ၿပီးတာနဲ႔ တရားအားထုတ္ဖို႔တခုတည္းအတြက္ ရည္မွန္းခ်က္နဲ႔ ေဝးလံေခါင္သီတဲ့ ေတာတြင္းေနရာေတြကို အပင္ပန္းခံႂကြခ်ီေတာ္မူၾကတဲ့ အေလ့အထရွိၾကတယ္။

ဦးဇင္းသုမနနဲ႔သူငယ္ခ်င္းရဟန္းျဖစ္တဲ့ ဦးဇင္းေဇာတိက တို႔ႏွစ္ပါးဟာလည္း ေက်ာင္းထိုင္ဆရာေတာ္ႀကီးဦးဉာဏိႆရနဲ႔ အတူ ေတာနက္ႀကီးတခုထဲက ေက်ာက္ဂူႀကီးလို႔အမည္ရတဲ့ လႈိဏ္ဂူႀကီးတခုအတြင္းမွာ ဝါတြင္းသုံးလတိတိ တရားအားထုတ္ဖို႔အစီအစဥ္နဲ႔ ခရီးထြက္လာခဲ့ၾကတယ္။

တေန႔ေသာအခါမွာ ညေနေစာင္းၿပီျဖစ္လို႔ စမ္းေခ်ာင္းေလးတခုအနားမွာ ေနရာခ်ၿပီး တညတာက်ိန္းစက္ဖို႔္အတြက္ စီစဥ္ၾကရေလတယ္။ေတာတြင္းက သားရဲတိရိစာၦန္ေတြ မလာရဲေစဖို႔ မီးဖိုၿပီးတဲ့အခ်ိန္မွာေတာ့ သစ္႐ြက္ေျခာက္ေတြကို နင္းျဖတ္ၿပီး ခပ္သြက္သြက္ ေလ်ာက္လာတဲ့ ေျခသံကိုၾကားလိုက္ၾကရတယ္။

အားလုံးဓါတ္မီးေတြဖြင့္ၿပီး ရွာၾကည့္တဲ့အခါမွာေတာ့ သကၤန္းခပ္ႏြမ္းႏြမ္းကိုၿခဳံထားတဲ့ ဘုန္းႀကီးအိုတပါးကို ေတြ႕လိုက္ၾကရတယ္။အဆိုပါဘုန္းႀကီးအိုဟာ အသက္အ႐ြယ္အေတာ္ရေနၿပီး ညိဳေမွာင္တဲ့အသားအေရရွိေပမယ့္ သူ႔ပုံစံက အားျပည့္အင္ျပည့္နဲ႔ ႀကံခိုင္တဲ့ ပုံစံရွိေနတာကို အကဲခတ္လိုက္မိတယ္။ထိုအခ်ိန္မွာပဲေက်ာင္းထိုင္ဆရာေတာ္ႀကီးျဖစ္တဲ့ ဦးဉာဏိႆရေရာက္လာၿပီး ဘုန္းႀကီးအိုကို ခုလိုေမးလိုက္တယ္။

“အရွင္ဘုရား တပါးတည္း အေဖာ္မပါ ဘာမပါနဲ႔ ဘယ္ကိုႂကြခ်ီေတာ္မူမလို႔ပါလဲဘုရာ့”
ဘုန္းႀကီးအိုက ျပန္ေျဖတာက
“တင္ပါ့ … တပည့္ေတာ္က ေနရာအႏွံ႔တပါးတည္း လွည့္လည္တရားအားထုတ္ေနတာပါ။ခုလည္း ဒီနားကနာမည္ႀကီးေက်ာက္ဂူႀကီးလႈိဏ္ဂူဟာ အလြန္ၿငိမ္းခ်မ္းၿပီး တရားအားထုတ္တဲ့ကိုယ္ေတာ္ေတြအတြက္ အထူးသင့္ေတာ္တယ္လို႔ ၾကားမိလို႔ ဒီဖက္ကိုေရာက္လာရတာပါပဲ”
“အရွင္ဘုရားတို႔ေကာ ဘယ္ကိုႂကြခ်ီၾကမွာလဲဘုရာ့”
ေျဖၿပီးတာနဲ႔ တဆက္တည္းေမးလာတဲ့ ဘုန္းႀကီးအိုကို ဦးဉာဏိႆရက ခုလိုျပန္ေျဖလိုက္ေလတယ္။

“ဪ … ဒါျဖင့္အဆင္သင့္တာပဲဘုရာ့ တပည့္ေတာ္တိုလည္း ေက်ာက္ဂူႀကီးလႈိဏ္ဂူကိုပဲ ႂကြၾကမလို႔ပါဘုရား။တပည့္ေတာ္တို႔နဲ႔ အတူတူပဲႂကြၾကတာေပါ့။ဒီညေတာ့ ဒီမွာပဲအတူအနားယူက်ိန္းစက္ဖို႔ဖိတ္ပါတယ္ဘုရား”
အဲ့ဒီအခါမွာ ဘုန္းႀကီးအိုကလည္း ဖိတ္ၾကားခ်က္ကို အသာတၾကည္ပဲလက္ခံပါတယ္။

ထို႔ေနာက္မွာေတာ့ ဘုန္းႀကီးေတြဟာ အသီးသီးကိုယ္စီ တရားမွတ္ၿပီး ေနၾကေတာ့တယ္။ေဘးနားကစမ္းေခ်ာင္းေလးဆီက ေရစီးသံေတြသာ ပတ္ဝန္းက်င္တခုလုံးမွာ ၾကားေနရၿပီး အားလုံးၿငိမ္သက္တိတ္ဆိတ္ေနလို႔ပါပဲ။ညနက္ပိုင္းေရာက္လာတဲ့အခါမွာေတာ့ အေဝးတေနရာက နာက်င္စြာေအာ္ဟစ္ေနတဲ့ တိရိစာၦတေကာင္ရဲ႕ အသံကို ဦးဇင္းသုမနနဲ႔ဦးဇင္းေဇာတိကတို႔ ေသခ်ာၾကားလိုက္ၾကရတယ္။

မနက္လင္းတဲ့အခါမွာေတာ့ စမ္းေခ်ာင္းေဘးတေနရာမွာ ေတာဝက္တေကာင္ကို ဗိုက္ေဖာက္ၿပီး အူအသဲေတြထုတ္ယူခံထားရတာကို ေတြ႕ၾကရတယ္။ညကနာက်င္စြာေအာ္ေနတဲ့အသံဟာ ဒီေတာဝက္ရဲ႕အသံဆိုတာ ေသခ်ာသိသြားရတယ္။ဒါေပမယ့္ … သားေကာင္ကိုအျခားေနရာေတြကို မကိုက္စားပဲ အူအသဲေတြကိုပဲေဖာက္စားခဲ့တာ ဆိုေတာ့ ဦးဇင္းႏွစ္ပါးလည္း ထိတ္လန႔္အံ့ဩေနရတယ္။ၿပီးေတာ့ ေက်ာင္းထိုင္ဆရာေတာ္ႀကီးဆီအေျပးသြားၿပီး ေလ်ာက္တင္ၾကေတာ့တယ္။

“အရွင္ဘုရား ေတာဝက္ႀကီးက ဗိုက္ေဖာက္ခံရၿပီး အူအသဲေတြကို ထုတ္ယူစားသုံးခံရတာပဲ။ညတုန္းကေအာ္သံကိုတပည့္ေတာ္တို႔ ေသေသခ်ာခ်ာၾကားခဲ့တယ္။ဒါမေကာင္းဆိုးဝါးက ဖမ္းၿပီးစားခံရတာပဲျဖစ္မွာဘုရာ့။”
“မေကာင္းဆိုးဝါးတေကာင္သာဆို တပည့္ေတာ္တို႔ကိုလည္း မၾကာခင္ဖမ္းစားလိုက္မွာ ေၾကာက္တယ္ဘုရာ့ ကယ္ပါဦး။”
ေက်ာင္းထိုင္ဆရာေတာ္ႀကီးဦးဉာဏိႆရက ေအးေဆးတဲ့ေလသံနဲ႔ မိန႔္ေတာ္မူတယ္။

“အင္း မေကာင္းဆိုးဝါးလား ဘာလားေတာ့ ေသခ်ာမသိႏိုင္ဘူးေပါ့။ဒါေပမယ့္ ေတာဝက္ႀကီးကေတာ့ သူ႔ဝဋ္ေႂကြးသူဆပ္ရတာပဲ… သတၱဝါေတြအားလုံးဟာ ဝဋ္ဆိုတဲ့အရာကေန ဘယ္လိုမွေျပးမလြတ္ႏိုင္ဘူးဆိုတာ ႏွလုံးသြင္းထားၾကပါ ငါ့ရွင္တို႔”
ခုလိုေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးဉာဏိႆရ ရဲ႕တရားစကားကို ဘုန္းႀကီးအိုလည္းနားေထာင္ေနခဲ့ၿပီး ဘာတခုမွေတာ့ ဝင္မေျပာခဲ့ပါဘူး။

ေနာက္တရက္မွာလည္း ဦးဇင္းသုမနက ဝမ္းေလွ်ာေဝဒနာခံစားေနရျပန္တာေၾကာင့္ ခရီးမဆက္ႏိုင္ပဲ ထိုေနရာမွာပဲေနာက္ထပ္တညတာ က်ိန္းစက္ၾကရျပန္တာေပါ့။တခါမွာေတာ့ ညပိုင္းဗိုက္နာလာတာေၾကာင့္ အျပင္ဖက္ကၿခဳံနားဆီကို ထြက္လာခဲ့တယ္။ဒါေပမယ့္ ႐ုတ္တရတ္ ေျခလွမ္းေတြတုန႔္ခနဲ ျဖစ္သြားရတယ္။ ေရွ႕နားမွာ မဲမဲအရိပ္တခု လႈပ္လႈပ္နဲ႔ျဖစ္ေနတယ္။အနားကိုေရာက္မွ အသင့္ပါလာတဲ့ ဓါတ္မီးနဲ႔ၾကည့္ေတာ့လည္း ဓါတ္ခဲကုန္ခါနီးဓါတ္မီးေရာင္က မွိန္ဝါးဝါးျဖစ္ေနတာ ေသေသခ်ာခ်ာမျမင္ရျပန္ဘူး။ ဒါေၾကာင့္ အသံထြက္ၿပီး လွမ္းေအာ္ေမးၾကည့္လိုက္တယ္။

“ဘယ္သူလဲ… လူလား.. ဘုန္းႀကီးလား..”
ေမးလိုက္တဲ့အသံအဆုံးမွာ အရိပ္မည္းႀကီးက လွည့္ၾကည့္တာကိုျမင္လိုက္ၿပီး လိပ္ျပာလြင့္မတတ္ျဖစ္သြားရတယ္။သူျမင္လိုက္ရတာက ဘုန္းႀကီးတပါးက ေသြးတရဲရဲၾကက္ေသေကာင္ကို ကိုထားလ်က္သားနဲ႔။ၿပီးေတာ့လည္း သူ႔ပါးစပ္နဲ႔ မ်က္ႏွာေတြမွာလဲ ေသြးေတြနီရဲေတာက္လို႔ပဲ။ၿပီးေတာ့ မၾကာခင္မွာပဲ ေတာတြင္းကိုထြက္ေျပးေပ်ာက္ကြယ္သြားေလေတာ့တယ္။

ဦးဇင္းသုမနက ဦးဇင္းေဇာတိကဆီအျမန္သြားၿပီးခုလို ေျပာျပလိုက္တယ္။
“ဦးေဇာတိကေရ … သရဲဗ် ဘုန္းႀကီးသရဲ… က်ဳပ္ေသခ်ာေတြ႕ခဲ့တယ္။ၾကက္ေသေကာင္ကို ကိုက္စားေနတာ ေသြးေတြ႐ႊဲေနတာပဲ။ေၾကာက္လြန္းလို႔  ဝမ္းေလွ်ာေရာဂါေတာင္ေပ်ာက္ၿပီထင္တယ္ဗ်ာ”
ဦးေဇာတိကလည္း မနက္မိုးလင္းတဲ့အခါမွာ ေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးဉာဏိႆရကို တဆင့္ေလ်ာက္လိုက္တဲ့ အခါမွာေတာ့ သူတို႔အားလုံးဟာ ဘုန္းႀကီးအိုကို သံသယဝင္လာၾကေတာ့တယ္။

“အင္း… ဒီအတိုင္းဆို ဘုန္းႀကီးအိုက မသကၤာစရာပဲ။သူကမေကာင္းဆိုးဝါးျဖစ္ေနႏိုင္တယ္။သူ႔ကို ေသခ်ာေစာင့္ၾကည့္ထားၾကေပေတာ့”
ညပိုင္းေရာက္ျပန္တဲ့အခါမွာေတာ့ ဦးဇင္းႏွစ္ပါးဟာ ဘုန္းႀကီးအိုကိုေနာက္လိုက္ေခ်ာင္းေျမာင္း ၾကေတာ့တာပါပဲ။

ေနာက္ေယာင္ခံလိုက္ေနရင္း မၾကာခင္မွာပဲ ဘုန္းႀကီးအိုဟာ သူတို႔ျမင္ကြင္းကေနေပ်ာက္သြားေတာ့တယ္။
“ခုနကပဲ ျမင္ေနတာ ခ်က္ျခင္းဘယ္ေပ်ာက္သြားတာလဲ…. ထူးဆန္းလွခ်ည္လား”
“ဟုတ္တယ္ က်ဳပ္တို႔လိုက္ေနတာသိလို႔ မ်က္ေျချဖတ္သြားတာလားမသိဘူး။”
ဦးဇင္းႏွစ္ပါးဟာ တျဖည္းျဖည္းေရွ႕ဆက္လာရင္း တေနရာမွာ လႈပ္ရွားမႈတခုကိုေတြ႕သြားၾကတယ္။

ေျခသံဖြဖြနင္းၿပီးအနားေရာက္တဲ့အခါမွာေတာ့ ဘုန္းႀကီးတပါး သူတို႔ကိုေက်ာခိုင္းထားၿပီး တခုခုကိုအငမ္းမရ ကိုက္စားေနတာကို ျမင္လိုက္ၾကရတယ္။ဦးဇင္းေတြရဲ႕စိတ္ထဲမွာေတာ့ ဒါဟာ မေကာင္းဆိုးဝါးဘုန္းႀကီးအိုပဲလို႔ အေသအခ်ာထင္မိလိုက္ၾကတယ္။

“ေဟ့ ဘယ္သူလဲ … ဘုန္းႀကိးအိုမဟုတ္လား ဒီဖက္လွည့္စမ္းပါ။” လို႔ ဦးေဇာတိက ကလွမ္းေအာ္လိုက္တဲ့အခါမွာ အဆိုပါဘုန္းႀကီးဟာ ျပန္လွည့္ေတာင္မၾကည့္ပဲ တဟုန္ထိုး ထြက္ေျပးေလေတာ့တယ္။ဦးဇင္းႏွစ္ပါးလည္း ေနာက္ကေန ထပ္ခ်ပ္မကြာအတင္းေျပးလိုက္ခဲ့ၾကတယ္။ေနာက္ဆုံးဘယ္လိုမွ ေျပးမလြတ္မွန္းသိတဲ့အခ်ိန္မွာေတာ့ သူတို႔ေရွ႕က ဘုန္းႀကီးဟာသူတို႔ဖက္ကို ျပန္လွည့္ၿပီး မေကာင္းဆိုးဝါးတေကာင္လို မာန္ဖီေနေတာ့တယ္။ဦးဇင္းႏွစ္ပါးျမင္လိုက္ရတာက ေက်ာင္းထိုင္ဆရာေတာ္ႀကီးဦးဉာဏိႆရပဲျဖစ္ပါတယ္။

ေက်ာင္းထိုင္ဆရာေတာ္ႀကီးဟာ တကိုယ္လုံးေသြးအလိမ္းလိမ္းနဲ႔ ျဖစ္ၿပီး ေတာဝက္တေကာင္ရဲ႕ အူအသဲေတြကိုလက္ထဲမွာဆုပ္ကိုင္ထားလ်က္သားနဲ႔ သူတို႔ကိုရန္ျပဳဖို႔ ျပင္ဆင္ေနတယ္။သူ႔ရဲ႕ခႏၶာကိုယ္ကလဲ ေသြးညႇီနံေတြေထာင္းေထာင္းထေအာင္ ထြက္ေနခဲ့တယ္။

ဦးဇင္းေတြက အံဩ ေၾကာက္လန႔္ၿပီး ႐ုတ္တရတ္ၿငိမ္က်သြားတယ္။သူတို႔ရဲ႕ ေက်ာင္းထိုင္ဆရာေတာ္က ဘယ္လိုမေကာင္းဆိုးဝါးႀကီးျဖစ္ေနရသလဲ ဆိုတာကို မေတြးတတ္သလို မယုံခ်င္ေအာင္ပဲျဖစ္ေနတယ္။ မေကာင္းဆိုးဝါးျဖစ္ေနတဲ့ ဦးဉာဏိႆရကေတာ့ ဦးဇင္းႏွစ္ပါးကိုပါ ကိုက္ျဖတ္စားေသာက္ဖို႔ အနားကိုတျဖည္းျဖည္း တိုးကပ္လာေနတယ္။ထိုအခ်ိန္မွာပဲ ဘုန္းႀကီးအိုဟာ ေနာက္ကေန႐ုတ္တရတ္ထြက္ေပၚလာၿပီး  နေမာသုံးခ်က္႐ြတ္ၿပီး နဖူးကို သပ္ေပးလိုက္တဲ့အခါမွာဦးဉာဏိႆရက ခ်က္ျခင္းေမ့လဲက်သြားေတာ့တယ္။

ဒါေပမယ့္ မၾကာခင္မွာပဲ သတိျပန္ဝင္လာၿပီး ဘုန္းႀကီးအိုကိုလည္ပင္းညႇစ္ဖို႔ႀကိဳးစားေနခဲ့ေပမယ့္ ဘုန္းႀကီးအိုက ဂါထာမႏၲန္ေတြနဲ႔ အခ်ိန္ၾကာျမင့္စြာ႐ြတ္ဖတ္ၿပီး မန္းမႈတ္လိုက္တဲ့အခါမွာေတာ့ ေက်ာင္းထိုင္ဆရာေတာ္ဦးဉာဏိႆရဟာ ခ်က္ျခင္းပဲ ၿငိမ္သက္သြားေတာ့တယ္။သူ႔ရဲ႕ ခႏၶာကိုယ္ကေန အရိပ္မည္းေတြ ထြက္ခြာလြင့္ျပယ္ပုံကို ေတြ႕လိုက္ရၿပီး အေလာင္းဟာလည္း မည္းနက္ေျခာက္ေသြ႕ၿပီး အနံဆိုးေတြခ်က္ျခင္းထြက္လာခဲ့တယ္။

အံဩထိတ္လန႔္ေနတဲ့ ဦးဇင္းႏွစ္ပါးကို ဘုန္းႀကီးအိုက ခုလိုရွင္းျပလိုက္တယ္။
“တကယ္ေတာ့ ေက်ာင္းထိုင္ဆရာေတာ္ႀကီးဦးဉာဏိႆရဟာ ေအာက္လမ္းဆရာတေယာက္နဲ႔ ရင္းႏွီးခဲ့ၿပီး ေအာက္လမ္းပညာေတြေလ့လာေနခဲ့တာ။တေန႔ေတာ့ ေအာက္လမ္းဆရာေမြးထားတဲ့ မေကာင္းဆိုးဝါးတေကာင္ကို သူကိုယ္တိုင္အပိုင္လိုခ်င္လို႔ ေတာင္းယူၿပီးေမြးထားခဲ့တယ္။

ဒါေပမယ့္ ႏွစ္ေတြၾကာလာတဲ့အခါမွာ မေကာင္းဆိုးဝါးက သက္တမ္းရင့္လာၿပီး ဦးဉာဏိႆရကေကာင္းေကာင္းထိန္းမႏိုင္ေတာ့ဘူး။ေနာက္ဆုံးေတာ့ မေကာင္းဆိုးဝါးကသူ႔ကိုသတ္ၿပီး သူ႔ကိုယ္ထဲဝင္သြားၿပီး ေက်ာင္းထိုင္ဆရာေတာ္ပုံစံ ဟန္ေဆာင္ေနထိုင္ခဲ့တာ။မေကာင္းဆိုးဝါးဆိုတာက ဘုန္းႀကီးေက်ာင္းထဲ ေရရွည္ေနဖို႔အဆင္မေျပဘူးေလ။ဒါေၾကာင့္ ဦးဇင္းတို႔ႏွစ္ပါးကို သတ္စားဖို႔ တရားအားထုတ္မယ္ဆိုၿပီး ေတာထဲကိုေခၚလာခဲ့တာပဲ။ကံေကာင္းလို႔ ဘုန္းႀကီးနဲ႔ေတြ႕လို႔ေပါ့။”

ဘုန္းႀကီးအို ရွင္းျပတာနားေထာင္ၿပီး ဦးဇင္းသုမနကေလ်ာက္တင္တယ္။
“ဪ.. ဒီလိုကိုး ေၾကာက္စရာႀကီးပဲဘုရား။ဒါေပမယ့္ တပည့္ေတာ္မရွင္းတာတခုရွိတယ္ဘုရာ့။”

“အင္း… သိတယ္ …. သိတယ္။မရွင္းတာက ဘုန္းႀကီးက ဒီအျဖစ္အပ်က္ေတြကို ဘယ္လိုသိေနတာလဲလို႔ ေမးမွာမဟုတ္လား။အင္း….. အစေဖာ္မိမွေတာ့ ေျပာျပရေတာ့မွာေပါ့ေလ။အဲ့ဒီ ေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးဉာဏိႆရနဲ႔ ရင္းႏွီးခဲ့တဲ့ေအာက္လမ္းဆရာဆိုတာ ဘုန္းႀကီးကိုယ္တိုင္ျဖစ္ေနလို႔ပဲ ဦးဇင္းတို႔…. ဟိုးတုန္းကအကုသိုလ္ေတြလုပ္မိတဲ့ ေအာက္လမ္းဆရာဘဝက အျပစ္ေတြကို ႀကိဳးစားေဆးေက်ာဖို႔ ခုလိုသာသနာ့ေဘာင္ဝင္ၿပီးတရားလွည့္လည္အားထုတ္ေနခဲ့တာပဲ။ဒါေပမယ့္ …. ေက်ာင္းထိုင္ဆရာေတာ္ႀကီး ဦးဉာဏိႆရ ကိုဒီလိုအျဖစ္မ်ိဳးနဲ႔ႀကဳံရမယ္လို႔ မထင္ခဲ့မိတာကေတာ့ အမွန္ပါပဲ။”

ဘုန္းႀကီးအိုစကားအဆုံးမွာ ဦးဇင္းႏွစ္ပါးဟာ တေယာက္မ်က္ႏွာတေယာက္ၾကည့္ၿပီး ဘာေျပာရမွန္းမသိပဲ ၿငိမ္သက္သြားမိၾကပါေတာ့တယ္။

”””  ၿပီးပါၿပီ ‘