မကျွက်တဲ့ဘုန်းကြီး(စ/ဆုံး)

Unicode Version

မကျွက်တဲ့ဘုန်းကြီး(စ/ဆုံး)
——————————
သတ္တဝါမှန်သမျှတို့သည်တည်ရာမှီတွယ်ရာမရှိရင်ဘဝမရှိနိုင်တဲ့အဲဒီနှစ်ခုကိုမက်မောတွယ်တာစွာလိုက်ရှာနေရခြင်းကိုကသတ္တဝါတွေရဲ့ဘဝဖြစ်တည်မှု့အဘိဓမ္မာလို့ဖတ်ဖူးတယ်
အခုလည်းတွယ်တာစရာအပိုတွေထားရင်အငိုတွေများတတ်တာသင်ခန်းစာပါပဲ
ကိုယ်နေတဲ့နားကရွာတစ်ရွာမှာဘုန်းကြီးတစ်ကျောင်းရှိတယ်အခြားဘုန်းကြီးကျောင်တွေရှိပေမဲ့အဲဒီဘုန်းကြီးကျောင်းကသရဲခြောက်တယ်လို့နံမည်ကြီးနေတာ
ကျောင်ထိုင်ဘုန်းကြီးကပျံလွန်တော်မူသွားတာမကြာသေးဘူးဘုန်းကြီးကသူရသမျှအလှုူ ငွေတွေကိုမသုံးရက်မစွဲရက်နဲ့ဘဏ်မှာစုထားတာတဲ့
ကပ်စီးနဲ၍တွန့်တိုသောဘုန်းကြီးဆိုပါတော့အလှုူ အတန်းလည်းနည်းတယ်ပြန်စွန့်တာမရှိသလောက်ပဲဒကာတွေဒကာမတွေလာလှုူတာတွေကိုဆိုင်ပြန်သွင်းတယ်ဆိုပဲ
သူ့ကျောင်းဝင်းကြီးကလည်းအကျယ်ကြီးပဲကျောင်းကြီးကလည်းအခိုင်အခန့်ပဲအဆောက်အဦးတွေကလည်းပေါအရင်ကျောင်းထိုင်ဘုန်းကြီးပျံလွန်တော်မူလို့သူကကျောင်းထိုင်ဖြစ်လာတာမကြာသေးဘူး
တစ်နေ့တော့ဘုန်းကြီးကရုတ်တရက်ဦးနှောက်သွေးကြောပြတ်ကာပျံလွန်တော်မူသွားတယ်
အဲဒီမှာသူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းဥစ္စာနဲ့ကျောင်းကြီးကိုစွဲပြီးမကျွတ်ရှာဘူးကျောင်မှာလာတည်းတဲ့သူတွေကိုခြောက်လှန့်သတဲ့
ဘုန်းကြီးကျောင်းဝင်းထဲမှာသွားလာနေတာမြင်တဲ့သူကလည်းမြင်ကြတာပေါ့
ထိုဘုန်းကြီးကျောင်းဘေးမှာချောင်းတစ်ခုရှိတယ်အဲဒီချောင်းမှာလည်းလူတွေသေဖူးသလိုကိုရင်လေးတစ်ပါးလည်းချောင်းထဲကျ၍ပျံလွန်တော်မူဖူးတော့မကျွတ်သူတွေစုနေကြတယ်ထင်ပါ့
တလောကတော့ကပ်ဘေးတွေဖြစ်နေတော့ရွာစဉ်အလိုက်ဘုန်းကြီးကျောင်းတွေအကုန်လုံးပဋ္ဌာန်းတွေရွတ်လိုက်ကြတာဆူညံလို့ဘယ်ကျောင်းကပဋ္ဌာန်းနာရမှန်းတောင်မသိဘူး
သုံးကျောင်းလောက်ပြိုင်ရွတ်လိုက်တာနားတွေလည်းကွဲမတတ်ပါပဲအတော်လေးတရားနာလိုက်ရပါတယ်
သရဲခြောက်တဲ့ဘုန်းကြီးကျောင်းကလည်းပဋ္ဌာန်းမရွတ်တာကြာတော့သူများရွတ်သလိုထရွတ်ကြတာပေါ့
အဲဒီမှာပဋ္ဌာန်းသိမ်းပွဲနောက်ဆုံးညမှာတော့အမျှမဝေခင်တရားလာနာတဲ့ရွာထဲကလူတွေကိုဝင်ပူးပြီးဝူးဝူးဝါးဝါးနဲ့အသံစုံအော်နေတာကိုလော်စပီကာကနေရွာကလူတွေအကုန်ကြားလို့ရွာထဲကလူတွေအပြေးအလွှားသွားကြည့်ကြပေသည်။
ထိုအခါဝင်ပူးခံရသူတစ်ယောက်ကျောင်ထိုင်ဘုန်းကြီးအသံနဲ့
”’ငါ့ကိုရည်စူးပြီးအမျှဝေပေးပါငါအခုသာဓုခေါ်လို့မရဘူး”’
ဘုန်းကြီးကဘယ်လိုကြောင့်သာဓုခေါ်မရတာလည်းဆိုတာဂဃနဏမသိကြပေမဲ့အကျိူးကြောင့်အကြောင်းဖြစ်လာတယ်ဆိုတာတော့သဘောပေါက်ကြတယ်
အခြားဝင်ပူးသူတွေကလည်သူတို့ဘယ်သူဘယ်ဝါပါပြောပြီးနံမည်တပ်ပြီးအမျှဝေခိုင်းကြတယ်အဲဒီမှာမကျွတ်သူတွေရဲ့သက်ဆိုင်သူတွေနဲ့ဆူဆူညံညံအုန်းအုန်းကြွက်ကြွက်ဖြစ်သွားတာပေါ့လေ
အဲဒီမှာထူးခြားတာကတချို့ဝင်ပူးသူတွေကလေးဖက်ထောက်ကြီးတွေနဲ့ဝူးဝူးဝါးဝါးမပီမသတွေအော်ပြီးထွက်သွားသတဲ့ဘယ်ဘဝရောက်နေကြတယ်မဆိုနိုင်ဘူးသံဝေဂရစရာပါပဲ
အဲဒီညကပဋ္ဌာန်းသိမ်းပွဲကတော့ရုတ်ရုတ်သဲသဲနဲ့ပြီးသွားပေမဲ့ရွာသူရွာသားတွေရင်ထဲမှာတော့ဘုန်းကြီးနှင်မကျွတ်သူများ၏ဖြစ်စဉ်ကိုရှင်းရှင်းလင်းလင်းသိသွားကြပေသည်။
အသေးစိတ်ကိုတော့မဂ္ဂဇင်းများတွင်ပါသည့်အခါဖတ်ပါ
အခုအချိန်မှာစိတ်ညစ်ပြေလိုပြေညားတောင်းဆိုနေသောဘော်ဒါများအတွက်အကြမ်းဖျင်းရေးပေးတာပါ
တိမ်လွှာမိုး

Zawgyi Version

မကြၽက္တဲ့ဘုန္းႀကီး(စ/ဆုံး)
——————————
သတၱဝါမွန္သမွ်တို႔သည္တည္ရာမွီတြယ္ရာမရွိရင္ဘဝမရွိႏိုင္တဲ့အဲဒီႏွစ္ခုကိုမက္ေမာတြယ္တာစြာလိုက္ရွာေနရျခင္းကိုကသတၱဝါေတြရဲ႕ဘဝျဖစ္တည္မႈ႕အဘိဓမၼာလို႔ဖတ္ဖူးတယ္
အခုလည္းတြယ္တာစရာအပိုေတြထားရင္အငိုေတြမ်ားတတ္တာသင္ခန္းစာပါပဲ
ကိုယ္ေနတဲ့နားက႐ြာတစ္႐ြာမွာဘုန္းႀကီးတစ္ေက်ာင္းရွိတယ္အျခားဘုန္းႀကီးေက်ာင္ေတြရွိေပမဲ့အဲဒီဘုန္းႀကီးေက်ာင္းကသရဲေျခာက္တယ္လို႔နံမည္ႀကီးေနတာ
ေက်ာင္ထိုင္ဘုန္းႀကီးကပ်ံလြန္ေတာ္မူသြားတာမၾကာေသးဘူးဘုန္းႀကီးကသူရသမွ်အလႈူ ေငြေတြကိုမသုံးရက္မစြဲရက္နဲ႔ဘဏ္မွာစုထားတာတဲ့
ကပ္စီးနဲ၍တြန႔္တိုေသာဘုန္းႀကီးဆိုပါေတာ့အလႈူ အတန္းလည္းနည္းတယ္ျပန္စြန႔္တာမရွိသေလာက္ပဲဒကာေတြဒကာမေတြလာလႈူတာေတြကိုဆိုင္ျပန္သြင္းတယ္ဆိုပဲ
သူ႔ေက်ာင္းဝင္းႀကီးကလည္းအက်ယ္ႀကီးပဲေက်ာင္းႀကီးကလည္းအခိုင္အခန႔္ပဲအေဆာက္အဦးေတြကလည္းေပါအရင္ေက်ာင္းထိုင္ဘုန္းႀကီးပ်ံလြန္ေတာ္မူလို႔သူကေက်ာင္းထိုင္ျဖစ္လာတာမၾကာေသးဘူး
တစ္ေန႔ေတာ့ဘုန္းႀကီးက႐ုတ္တရက္ဦးေႏွာက္ေသြးေၾကာျပတ္ကာပ်ံလြန္ေတာ္မူသြားတယ္
အဲဒီမွာသူ႔ရဲ႕က်န္ခဲ့တဲ့ပစၥည္းဥစၥာနဲ႔ေက်ာင္းႀကီးကိုစြဲၿပီးမကြၽတ္ရွာဘူးေက်ာင္မွာလာတည္းတဲ့သူေတြကိုေျခာက္လွန႔္သတဲ့
ဘုန္းႀကီးေက်ာင္းဝင္းထဲမွာသြားလာေနတာျမင္တဲ့သူကလည္းျမင္ၾကတာေပါ့
ထိုဘုန္းႀကီးေက်ာင္းေဘးမွာေခ်ာင္းတစ္ခုရွိတယ္အဲဒီေခ်ာင္းမွာလည္းလူေတြေသဖူးသလိုကိုရင္ေလးတစ္ပါးလည္းေခ်ာင္းထဲက်၍ပ်ံလြန္ေတာ္မူဖူးေတာ့မကြၽတ္သူေတြစုေနၾကတယ္ထင္ပါ့
တေလာကေတာ့ကပ္ေဘးေတြျဖစ္ေနေတာ့႐ြာစဥ္အလိုက္ဘုန္းႀကီးေက်ာင္းေတြအကုန္လုံးပ႒ာန္းေတြ႐ြတ္လိုက္ၾကတာဆူညံလို႔ဘယ္ေက်ာင္းကပ႒ာန္းနာရမွန္းေတာင္မသိဘူး
သုံးေက်ာင္းေလာက္ၿပိဳင္႐ြတ္လိုက္တာနားေတြလည္းကြဲမတတ္ပါပဲအေတာ္ေလးတရားနာလိုက္ရပါတယ္
သရဲေျခာက္တဲ့ဘုန္းႀကီးေက်ာင္းကလည္းပ႒ာန္းမ႐ြတ္တာၾကာေတာ့သူမ်ား႐ြတ္သလိုထ႐ြတ္ၾကတာေပါ့
အဲဒီမွာပ႒ာန္းသိမ္းပြဲေနာက္ဆုံးညမွာေတာ့အမွ်မေဝခင္တရားလာနာတဲ့႐ြာထဲကလူေတြကိုဝင္ပူးၿပီးဝူးဝူးဝါးဝါးနဲ႔အသံစုံေအာ္ေနတာကိုေလာ္စပီကာကေန႐ြာကလူေတြအကုန္ၾကားလို႔႐ြာထဲကလူေတြအေျပးအလႊားသြားၾကည့္ၾကေပသည္။
ထိုအခါဝင္ပူးခံရသူတစ္ေယာက္ေက်ာင္ထိုင္ဘုန္းႀကီးအသံနဲ႔
”’ငါ့ကိုရည္စူးၿပီးအမွ်ေဝေပးပါငါအခုသာဓုေခၚလို႔မရဘူး”’
ဘုန္းႀကီးကဘယ္လိုေၾကာင့္သာဓုေခၚမရတာလည္းဆိုတာဂဃနဏမသိၾကေပမဲ့အက်ိဴးေၾကာင့္အေၾကာင္းျဖစ္လာတယ္ဆိုတာေတာ့သေဘာေပါက္ၾကတယ္
အျခားဝင္ပူးသူေတြကလည္သူတို႔ဘယ္သူဘယ္ဝါပါေျပာၿပီးနံမည္တပ္ၿပီးအမွ်ေဝခိုင္းၾကတယ္အဲဒီမွာမကြၽတ္သူေတြရဲ႕သက္ဆိုင္သူေတြနဲ႔ဆူဆူညံညံအုန္းအုန္းႂကြက္ႂကြက္ျဖစ္သြားတာေပါ့ေလ
အဲဒီမွာထူးျခားတာကတခ်ိဳ႕ဝင္ပူးသူေတြကေလးဖက္ေထာက္ႀကီးေတြနဲ႔ဝူးဝူးဝါးဝါးမပီမသေတြေအာ္ၿပီးထြက္သြားသတဲ့ဘယ္ဘဝေရာက္ေနၾကတယ္မဆိုႏိုင္ဘူးသံေဝဂရစရာပါပဲ
အဲဒီညကပ႒ာန္းသိမ္းပြဲကေတာ့႐ုတ္႐ုတ္သဲသဲနဲ႔ၿပီးသြားေပမဲ့႐ြာသူ႐ြာသားေတြရင္ထဲမွာေတာ့ဘုန္းႀကီးႏွင္မကြၽတ္သူမ်ား၏ျဖစ္စဥ္ကိုရွင္းရွင္းလင္းလင္းသိသြားၾကေပသည္။
အေသးစိတ္ကိုေတာ့မဂၢဇင္းမ်ားတြင္ပါသည့္အခါဖတ္ပါ
အခုအခ်ိန္မွာစိတ္ညစ္ေျပလိုေျပညားေတာင္းဆိုေနေသာေဘာ္ဒါမ်ားအတြက္အၾကမ္းဖ်င္းေရးေပးတာပါ
တိမ္လႊာမိုး