” မခေါ်သင့်၊ မခေါ်အပ်ရာ ” (စ/ဆုံး)

Unicode Version

” မခေါ်သင့်၊ မခေါ်အပ်ရာ ” (စ/ဆုံး)
———————————–
(ဖြစ်ရပ်မှန်)

{ ဤဇာတ်လမ်းသည်……. စာဖတ် ပရိသတ် တစ်ဦးမှ Cb ကနေပြီး
ပေးပို့ထားသော ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါသည်။
ပေးပို့သူ၏ ဆန္ဒအတိုင်း နာမည် တို့ကို လွှဲပြောင်းရေးပေးထားပါသည်။
အနည်းငယ် ပြင်ဆင်ရေးသားရုံကလွှဲပြီး၊ အကုန်လုံး ပေးပို့သည့်
အတိုင်း သာ ဖြစ်ပါသည်။ }

wizard { ဝိဇၨာ }
************* ********** *********** ******

ကျွန်တော့ နာမည် အောင်ထိုက် ပါ။
အသက် က ၁၉။
နေတာကတော့ လေတပ်နဲ့ သိပ်မဝေးလှတဲ့ ရွာမှာနေပါတယ်။
{ ပေးပို့သူ၏ ဆန္ဒအရ ရွာနာမည်ကို မဖော်ရခြင်းဖြစ်ပါသည်။ }

ဒီအဖြစ်အပျက်က ” ပြောမယုံ ကြုံမှသိ” ဆိုတဲ့ အဖြစ်မျိုးဗျ။

ပြောရမှာက နည်းနည်းရှည်တော့ လိုရင်းပဲပြောမယ်ဗျာ။

တစ်ခါတော့ ကျွန်တော်တို့ရွာမှာ” ကျားကြီး” လို့ခေါ်တဲ့ လူမိုက်တစ်
ယောက် ယာဉ်မတော်တဆ မှု့နဲ့ဆုံးသွားပါတယ်။

သူစီးလာတဲ့ဆိုင်ကယ်ကို ထရပ် ကားကြီးက ဝင်တိုက်သွားတာပါ။

ကျားကြီး ရဲ့ ရာဇဝင်ကလည်း ဆိုးဆိုးရွားရွားပါပဲ။
တိုတိုပြောရရင် မကောင်းတာမှန်သမျှလုပ်တဲ့သူပါဗျာ။

ရွာသားတွေမပြောနဲ့ မိသားစုအရင်းတွေနဲ့တောင် မတည့်တဲ့သူပါ။

သေတာကလည်း တကယ့်ပိုးစိုးပက်စက်ပါပဲ။

ဆိုင်ကယ်ကို ကားကြီးနဲ့ တိုက်မိပြီး လူက လမ်းဘေးက ဆူးခြုံထဲ
ကျသွားတော့ အဲနေရာမှာပဲ အသက်ပျောက်သွားပြီး၊
ဒဏ်ရာတွေကလည်း အသည်းငယ်သူတွေ မကြည့်ရဲတဲ့အထိ
ဆိုးပါတယ်။

ပါးတစ်ဖက်မှာ ဆိုရင် အရေပြားပြဲသွားတာ သွားတွေကိုတောင်မြင်ရတယ်ဗျ။

ဝဲဘက်လက်က လက်ချောင်းတွေဆိုရင် အရိုးကျိုးပြီး နောက်သို့
လန်ထွက်နေပါတယ်။
တစ်ခန္ဓာလုံးနီးပါး အရိုးတွေ ကျိုးကုန်တာဗျ။

သူ့အလောင်းကို ဒီအတိုင်း သယ်လို့မရတာကြောင်း အိတ်မည်းမည်းကြီးနဲ့ပဲ ခွေခွေလေးထည့်ပြီး
သယ်ရတာဗျ။
ပြောရင်းကြက်သီးထလာပြီ။

သူ့ကို မြေမြုပ်ပြီးတဲ့နေ့ ညရောက်တော့
ကျွန်တော်တို့သူငယ်ချင်းတစ်စု စပ်မိစပ်ရာပြောရာကနေ ကျားကြီး
အကြောင်းသို့ ရောက်သွားပါတယ်။

သူငယ်ချင်းတစ်စု ဆိုတာက ကျွန်တော်အပါအဝင် လေးယောက်
တည်းပါ။
ကျွန်တော် အောင်ထိုက်၊ မင်းမြတ်စံ၊ အောင်နိုင်စိုး၊ ဆန်းနိုင်
တို့ပါ။
ဆန်းနိုင် ရဲ့ မိဘတွေက ဘေထုပ်ရောင်းတော့ တစ်ခါတလေ
အိမ်မှာ သူ တစ်ယောက်တည်းပဲကျန်နေခဲ့တတ်တယ်။

အဲဒီလိုနေ့တွေဆိုရင် ကျွန်တော်နဲ့ ဟိုနှစ်ကောင်က အဖော်အဖြစ်
လာ အိပ်ပေးလေ့ ရှိပါတယ်ဗျ။

ဖြစ်ချင်တော့ အဲဒီနေ့က စကားပြောနေကြရင်း ဆန်းနိုင်က

” ငါ့အထင်တော့ ကျားကြီး ကျွတ်လွတ်မယ် မထင်ဘူး သရဲဖြစ်ပြီး
တစ်ရွာလုံးကို ပတ် ခြောက်နေမှာ အသေအချာပဲ” တဲ့။

ကျွန်တော်တို့ကလည်း
” ငါတို့လည်း ဒီလိုပဲထင်တယ် ” ပြောတော့

မင်းမြတ်စံ က
” ဟေ့ကောင်တွေ….. ကျားကြီး သရဲဖြစ်/မဖြစ်သိရအောင် သရဲ
ခေါ်ကြရင်ကော” ဆိုပြီး၊ ဇာတ်လမ်းစလာပါတယ်။

ကျွန်တော်နဲ့ တစ်ခြား နှစ်ကောင်လည်း စိတ်ဝင်စားသွားတာပေါ့ဗျာ။

အဲဒါနဲ့
” ခေါ်တာတော့ ဟုတ်ပါပြီ၊ ဘယ်လိုခေါ်ရမလဲ၊ မင်းခေါ်တတ်လို့လား”
မေးတော့ …..

မင်းမြတ်စံ က ဆရာကြီး အထာနဲ့ မျက်ခုံးတွေကိုပင့်ပြီး၊

” ငါလည်းတစ်ခါမှ မခေါ်ဖူးဘူးကွ၊ ဒါပေမယ့် ဘယ်လိုခေါ်ရမလဲတော့သိတယ်၊ သရဲ တကယ်လာ/မလာတော့ ငါလည်း အတိအကျတော့
မသိဘူး၊
စမ်းကြည့်ရမှာပေါ့ ” တဲ့ဗျ။

ပြီးတော့” ကြောက်တတ်ရင် ဝင်မပါဖို့ ပြောချင်တယ်” တဲ့။

ကျွန်တော်တို့လည်း တကယ်မကြုံရသေးတော့ မကြောက်တတ်ဘူး
ဘာညာပေါ့ဗျာ။

မင်းမြတ်စံ ပြောတာက
” မေတ္တာရှင် { ရွှေပြည်သာ } အရှင်ဇဝန” ရေးတဲ့ စာအုပ်တစ်အုပ်မှာ
ဖတ်ဖူးတာတဲ့။
အနည်းဆုံး လူသုံးယောက်ဆိုရင် ခေါ်လို့ရတယ်တဲ့ဗျ။

လိုအပ်တာကတော့
လေးထောင့် ခုံလေးတစ်လုံးရယ်၊ အဲဒီ ခုံငယ်လေးရဲ့ မတူညီတဲ့
ထောင့်နှစ်ခုကို ခုတုံးလုပ်ဖို့ အုတ်နီခဲဖြစ်ဖြစ် သစ်တုံးဖြစ်ဖြစ် နှစ်ခု
ရယ်ပါပဲ။
တစ်ဖက်က ထိလိုက်ရင် ခုံလှုပ်အောင်ပေါ့ဗျာ။

{စာအုပ်ထဲမှာတော့ မီးထွန်းဖို့ မပါပေမဲ့ အလင်းရောင်ရအောင်
ကျွန်တော်တို့ ဖယောင်းတိုင် တစ်ချောင်းကို ထွန်းထားလိုက်ကြတယ်။}

လိုအပ်တာတွေပြည့်စုံတော့ လေးယောက်လုံး ခုံကိုဝိုင်းပြီး ထိုင်
လိုက်ကြတယ်ပေါ့ဗျာ။

ပြီးတာနဲ့ လက်မချင်းထိပြီး လက်ကိုကားထားလိုက်ကြတယ်ဗျ။

ကျွန်တော်က မင်းမြတ်စံ ရဲ့ လက်ညိုး နဲ့ လက်ခလယ် ကို ကျွန်
တော့ရဲ့ လက်ညိုး၊ လက်ခလယ် နဲ့ ထပ်လိုက်ပြီး လက်မချင်း ထပ်
လိုက်တယ်။
ပြီးတော့ အောင်နိုင်စိုး က ကျွန်တော့်ရဲ့ လက်ညိုး နဲ့ လက်ခလယ် ကို
လာထပ်တယ်။
အောင်နိုင်စိုး ရဲ့ လက်တွေကို ဆန်းနိုင်ကထပ်ပြီး မင်းမြတ်စံ ရဲ့ လက်
နဲ့ ဆက်ပြီးထပ်လိုက်တယ်။

ခုံပေါ်တော့ ခပ်ရွရွလေးတင်ထားတာပေါ့ဗျာ။

မင်းမြတ်စံက
” မှတ်ထားကြနော်၊ ဘာပဲဖြစ်လာဖြစ်လာ လက်ကိုလုံးဝ မဖြုတ်ရဘူး၊
ငါတို့ သရဲ၊ တစ္ဆေတွေကို စလို့ခေါ်တာနဲ့ လက်ကို မဖြုတ်ရတော့ဘူး၊
ပြန်ပို့ပြီးမှ ဖြုတ်ရမယ်၊
မဟုတ်ရင် သူတို့က ငါတို့နောက်ကိုလိုက်ပြီး ဒုက္ခပေးလိမ့်မယ်၊
အေး သူတို့ ရောက်လာခဲ့ရင်လည်း ပေါက်တတ်ကရတွေ မမေးရဘူး၊

သူတို့ရောက်မရောက် ခုံကိုခေါက်ပြီး အချက်ပေးလိမ့်မယ်၊
စည်းဖောက်ရင်တော့ နောက်ကလိုက်လာလိမ့်မယ်နော်၊
ဘယ်လိုလဲ….. ခေါ်ရဲကြသေးလား ” ပြောတော့

ကျွန်တော်တို့လည်း ဂြိုလ်ကြွနေတာနဲ့
” စိန်လိုက်လေ” လို့ပြောလိုက်တာပေါ့ဗျာ။

မင်းမြတ်စံ က ” ငါ စ ခေါ်တော့မယ် ” ပြောပြီး၊
သူ့လက်မနှစ်ချောင်းကိုဖြုတ်ကာ လမ်းဖွင့်ပေးထားလိုက်တယ်ဗျ။

ပြီးတော့
” ဤရပ် ဤရွာ အတွင်း၌ ရှိကြသော၊ သရဲ၊ တစ္ဆေ၊ ဝိညာဉ်၊ ပြိတ္တာ၊
နာနာဘာဝ၊ ဘီလူး၊ ယက္ခ၊ ဂုမ္ဘဏ္ဍ နှင့် အစိမ်းသရဲ၊ မြေဖုတ်ဘီလူး၊
ကျတ်ပါ မကျန်၊ မမြင်အပ် မမြင်အပ်ရာ အပေါင်းတို့ ငါတို့၏ စကား
ကို နားထောင်ပါ၊
ငါတို့နှင့် ကစားလိုလျှင် ဤ စည်းဝိုင်းထဲဝင်ပါ၊
ငါတို့သည် သင်တို့ကို ဒုက္ခမပေးသလို၊ ငါတို့ကိုလည်း ဒုက္ခမပေးနှင့်၊
ပျော်ပျော်ပါးပါးကစားလိုလျှင် ဤ စည်းဝိုင်းထဲသို့ဝင်ပါ ” ဆိုပြီး
ခေါ်တော့တာပဲ။

သူ့ခေါ်သံကြောင်း ကျွန်တော်တို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်မိကြတာတော့အမှန်ပါပဲဗျာ။

သူက သုံးကြိမ်တိတိခေါ်ပြီး၊
” ငါတို့၊ စည်းကို ပိတ်ပါတော့မယ်” လို့ သုံးကြိမ်အော်ပြီး လက်မ နှစ်
ချောင်းကိုထပ်ကာ ပြန်ပိတ်ထားလိုက်တယ်။

ပြီးတာနဲ့သူက
” ရောက်ပြီလား၊ ရောက်ရင် ခုံကို ခေါက်ပြီး အချက်ပြပါ ” ပြောတော့
ခဏကြာတဲ့အထိ ဘာမှမထူးလာတော့၊

” အလကားပါကွာ၊ ဘာမှဖြစ်မလာဘူး ” ဆိုတဲ့အတွေးနဲ့ တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်မိကြပြန်တယ်။

အဲဒီအချိန်မှာပဲ ထွန်းထားတဲ့ မယောင်းတိုင်က လေမတိုက်ပဲ
ငြိမ်းတော့မလို

ဖြစ်သွားတယ်ဗျ။
ပြီးတော့ တစ်ခြားသူတွေကိုတော့ မသိ ကျွန်တော့် ကျောထဲ စိမ့်
တတ်သွားပြီး၊ အေးစက်စက်ဖြစ်သွားတယ် ဆိုရင်ပဲ

” ဒေါက်၊ ဒေါက်၊ ဒေါက် ” ဆိုပြီး ခုံခေါက်သံ ထွက်လာတော့တာပဲဗျ။
ပထမတော့ လန့်သွားတာ အမှန်ပါပဲ။
ပြီးတော့မှ တစ်ယောက်ကို တစ်ယောက်

” မင်းခေါက်တာလား ” တိုးတိုးလေးမေးကြတာပေါ့ဗျာ။

ဘယ်သူမှ မခေါက်ဘူးဆိုတာ သိရတော့ မင်းမြတ်စံ က
” သင်တို့ရောက်ရှိနေတာ သိရပါပြီ၊ ဘယ်လောက်အရေအတွက်ထိ
ရောက်နေတာပါလဲ၊ ငါးယောက်ကို တစ်ချက်နှုန်းနဲ့ ခေါက်ပြပါ ‘
ပြောတော့

” ဟာ၊ ခေါက်လိုက်တာမှ မရပ်မနားဗျို့ ”
မင်းမြတ်စံ က ” ရပါပြီ၊ ရပါပြီ ” ပြောမှ ရပ်သွားတာ။

အဲဒီအချိန် ကျွန်တော်ခံစားနေရတာက ” အေးစိမ့်ပြီး၊ ကြက်သီး
တဖျန်းဖျန်းထနေတာပါပဲ ”
ကျွန်တော်တို့လည်း ဟိုဟိုဒီဒီမေးပြီး၊ နောက်ဆုံး မင်းမြတ်စံ က

” တစ်နေ့က သေသွားတဲ့ ကျားကြီးရော ပါလား ” မေးတော့
” ဒေါက် ” ဆိုပြီး ခေါက်တာဗျ။

အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်မိတဲ့ ပထမ အမှားက
တစ်ခြား ပုဂ္ဂိုလ်တွေကို ပြန်ပို့ပြီး၊ ကျားကြီး ကို ကျွန်တော်တို့နဲ့ ဆက်က
စားဖို့ ခေါ်ထားခဲ့လိုက်ခြင်းပါပဲ။

မင်းမြတ်စံ က
” တစ်ခြား ပုဂ္ဂိုလ်တွေ နေမြဲနေရာသို့ ပြန်ကြပါ၊ ခုလို ကျွန်တော်တို့
ကစားဖို့ ဖိတ်ခေါ်ရာသို့ လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ကျားကြီးတော့ ကျွန်တော်တို့နဲ့ ဆက်ကစားဖို့ နေရစ်ခဲ့ပါ ” ဟု

သုံးကြိမ်သုံးခါပြောပြီး၊ လက်မကို တစ်ခါဖွင့်ပေးလိုက်တယ်ဗျ။
ပြီးတော့မှ ” ပြန်ပိတ်ပါတော့မယ် ” ပြောပြီး ပိတ်လိုက်ပြန်တယ်။

ပြီးတာနဲ့
” ကျားကြီး ခင်ဗျား ကျုပ်တို့နဲ့ ရှိနေသေးပါသလား ” မေးတော့၊
” ဒေါက် ” ဆိုပြီး ချက်ချင်းခေါက်တာဗျို့။

အဲမှာ အောင်နိုင်စိုး က ” ငါတို့ ဘယ်နှစ်ယောက်ရှိလဲပြောပြပါ ”
ပြောတော့ ” ဒေါက် ဒေါက် ဒေါက် ဒေါက် ” လေးချက်ခေါက်တာဗျ။

ကျွန်တော်လည်း ဘာမေးရမှန်းမသိတာနဲ့
” ကျုပ်တို့ကိုသိလား ” မေးတော့ ” ဒေါက် ” ဆိုပြီး တစ်ချက်ခေါက်ပြန်
တယ်။
အဲဒီအထိတော့ ပုံမှန်ပါပဲ။
အခြေအနေဆိုးသွားစေတာက မင်းမြတ်စံ ရဲ့ မေးခွန်းကြောင်းပါ။

သူမေးတာက
” ကျားကြီး၊ ခင်ဗျား ဘယ်လိုသေခဲ့ရတယ်၊ ဘယ်ဘဝ ရောက်နေ
တယ် ဆိုတာကော သိလား ” တဲ့ဗျ။

သူ့မေးခွန်းလည်း ဆုံးရော ထွန်းထားတဲ့ ဖယောင်းတိုင် ရုတ်တရက်
မီးငြိမ်းသွားပြီး၊
” ဒုန်း ” ဆို ခုံ သုံးလေးပေလောက် မြင့်တတ်သွားတာဗျ။

အဲမှာ လက်တွေလည်းပြုတ်ပြီး အကုန်လုံးလန့်သွားကြတယ်လေ။
ပြီးတော့ ခြေဦးတည့်ရာ ပြေးကြတော့တာပါပဲ။

ဆန်းနိုင် လည်း ကိုယ့်အိမ်ထဲ ကိုယ်မနေရဲတော့ပဲ ပြေးတော့တာဗျ။

တကယ့်ပြဿနာက အဲမှာ စတော့တာဗျို့။

အဲဒီနေ့က ဆန်းနိုင် ဘယ်မှာ အိပ်ခဲ့လဲတော့ မသိ၊
ကျွန်တော်တော့ တစ်ညလုံး လုံးဝ အိပ်မရပါဘူးဗျာ။

အိပ်မယ်လုပ်တိုင်း ကျားကြီးရဲ့ပုံစံကို မြင်ယောင်လာပြီး တစ်ယောက်
ယောက် ကိုယ့်အနားမှာ လာအိပ်နေသလိုလို၊
တစ်ယောက်ယောက်က ကိုယ့်ကို စိုက်ကြည့်နေသလို ခံစားရပြီး
ကြက်သီးတွေထနေတာဗျ။

မိုးလင်းပေါက်ထိုင်နေရတော့တာပါပဲ။
ကိုယ့်အရိပ်ကို ကိုယ်မြင်ပြီးတောင် လန့်မိသေးတယ်။

မီးလည်း မထွန်းရဲ။
တေ်ာကြာ မီးထွန်းလိုက်မှ အနားမှာ လာထိုင်နေရင် ဘယ်လိုလုပ်
မလဲဗ်။
ထိုင်နေတာတောင် အနားမှ ရှိနေသလို ခံစားရတာဗျ။

အဲဒီအချိန် စိတ်ထဲ ဘာမှ သတိမရတော့ပဲ
“မနက်အမြန်ရောက်ပါစေ ” လို့ပဲ ဆုတောင်းနေမိတော့တာပေါ့ဗျာ။

********* ****** ********* ******

မနက်ရောက်တာနဲ့ ဟို အကောင်တွေကို လိုက်ရှာပြီး မေးကြည့်
တော့ သူတို့လည်း တစ်ညလုံး အိပ်မရဘူးတဲ့ဗျ။

အိပ်နေရင်း အလိုလို လန့်နိုးလာပြီး၊ ကိုယ့်ဘေးမှာပဲ အိပ်နေသလိုလို
ခံစားရပြီး၊ ကြက်သီးတဖျန်းဖျန်းထတယ်တဲ့ဗျ။

ဆန်းနိုင် ကို ဘယ်မှာ အိပ်ခဲ့လဲမေးတော့
” မင်းမြတ်စံတို့အိမ်မှာ အိပ်ခဲ့တယ်တဲ့ ”

ကျွန်တော်တို့လည်း ” အကြောက်လွန်ပြီး စိတ်ထင်တာဖြစ်မှာပါ ”
ဆိုပြီး ဒီအတိုင်းထားလိုက်ပါသေးတယ်။

ဒါပေမယ့် ပိုဆိုးလာပါလေရောဗျာ။
အိပ်နေတုန်း ယောင်ယမ်းလာတယ်၊ လာဆွဲနေသလိုမျိုး ခံစားလာ
ရတယ်၊
ပြီးတော့ တစ်ခြားသူတွေကို ကြည့်တိုင်း ကျားကြီး မျက်နှာကိုပဲမြင်
နေရတယ်။

အသံတစ်ခု ချွမ်းကနဲကြားရင်တောင် လန့်နေတာဗျ။
ပြောရရင် ကိုယ်သာမဟုတ် ကိုယ့်ဘေးနားက လူတွေကိုပါ လန့်ဖျတ်
စေမိလာတဲ့အထိပါပဲဗျာ။

ဘယ်လိုမှ မနေသာတော့တဲ့အဆုံး သုံးညမြောက်နေ့မှာပဲ
ဟို အကောင်တွေနဲ့တိုင်ပင်ပြီး ပြန်ဖိတ်ခေါ်ပြီး ပြန်ပို့ကြဖို့ ဆုံးဖြတ်
လိုက်ကြတယ်ပေါ့ဗျာ။

ဒါတောင် ဆန်းနိုင် နဲ့ အောင်နိုင်စိုး ကို မနည်းနားချရသေးတာဗျ။
ကိုယ်သေမလောက်ကြောက်နေတဲ့ကြားထဲ သူတို့ကိုဖြဲခြောက်ရသေး။

ပြန်ပို့ဖို့ ခေါ်တဲ့အခါလည်း မင်းမြတ်စံ ပဲ ခေါ်တာပါ။

ကျားကြီး က ကျွန်တော်တို့ အနားမှာရှိနေတယ် ထင်တယ်ဗျ။
ဆန်းနိုင် တို့ အိမ်သို့ ရောက်ကတည်းက ကျောစိမ့်နေတာဗျ။
ကြက်သီးတောင် တဖျန်းဖျန်းထတယ်ဗျို့။

ကြည့်လိုက်ရင် ကျွန်တော်တို့ လေးယောက်တည်းဆိုပေမဲ့ နောက်တစ်
ယောက်ရှိနေသလိုမျိုးခံစားရတယ်။
ကျွန်တော်တို့လည်း အချိန်မဆွဲတော့ပဲ ချက်ချင်းခေါ်တော့တာပေါ့ဗျာ။

ဒါပေမဲ့ ဒီတစ်ခါတော့ ကျားကြီးကိုပဲ သီးသန့်ခေါ်တာဗျ။

ကျွန်တော်တို့လည်း ပထမ ညက ခေါ်သလိုမျိုး
သုံးကြိမ်ခေါ်လို့ ပြီးတာနဲ့ မင်းမြတ်စံ က လက်မ ကို ထပ်ပြီး ပိတ်လိုက်
တယ်ဗျ။
မင်းမြတ်စံ က ” ကျားကြီး ခင်ဗျားရောက်ပြီလား၊ ခင်ဗျား တစ်ယောက်
တည်းလား၊ ခုံကိုခေါက်၍ အချက်ပြပါ” လို့ မရဲတရဲပြောလိုက်တော့

” ဒေါက် ” ဆို ခပ်ပြင်းပြင်းခေါက်တာဗျ။ ချက်ချင်းကို ခေါက်တာဗျ။

ကျွန်တော်ဆို ကြောက်လွန်းလို့ တံတွေးမျိုချရတာအခါခါပါပဲ။
ကျန်တဲ့သူတွေလည်း တစ်ကိုယ်လုံး ချွဲတွေရွှဲလို့ဗျ။

ဆန်းနိုင် ဆိုရင် ဒူးပါ တုန်နေသေးတာ။
သူ့လက်ချိတ်ထား ပြုတ်မှာစိုးလို့ မနည်းထိန်းထားပေးရသေးတယ်။

ကျွန်တော်တို့လည်း ကျားကြီး ရောက်နေတာကို သိတာနဲ့
လေးယောက်လုံး ကျားကြီး ကို တောင်းပန်ကြတယ်။ အကြိမ်ကြိမ်အခါခါတောင်းပန်ကြတယ်။

မေးခွန်းတွေ သိပ် မမေးတော့ပဲ
” ကျားကြီး၊ ခင်ဗျား နေမြဲနေရာသို့ ပြန်နိုင်ပါပြီ ၊ ကျုပ်တို့ကစားဖို့ ဖိတ်ခေါ်ရာသို့လာတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။” စသဖြင့် ပြောပြီး
မင်းမြတ်စံ ကပဲ ပြန်ပို့လိုက်တာဗျ။

သုံးကြိမ်သုံးခါ ပြောပြီးတာတောင်လက်ထပ်ထားတာကို မဖြုတ်ရဲသေး
” ကျားကြီး၊ ခင်ဗျား ရှိသေးလား ” လို့ အကြိမ်ကြိမ် ခေါ်ကြည့်နေမိကြ
သေးတာဗျ။

အချိန်အနည်းငယ်ကြာတဲ့အထိ ဒီအတိုင်းပဲ မလှုပ်မယှက် ထိုင်နေကြ
သေးတာဗျ။
လုံးဝ စိတ်ချရပြီ ဆိုတော့မှ လက်တွေချိတ်ထားတာကို ဖြုတ်လိုက်ကြ
တာ။
အဲဒီတော့မှ အသက်ရှုဖြောင့်တာဗျို့။

မင်းမြတ်စံ ကတော့ ဆန်းနိုင် ကို မနည်းတောင်းပန်လိုက်ရတယ်ပေါ့
ဗျာ။
အဲ ဒီနေ့က စပြီး ကျွန်တော်တို့ရဲ့ အရာအားလုံးပုံမှန် အတိုင်းဖြစ်သွားပေ
မဲ့၊
သူသေခဲ့တဲ့နေရာနဲ့ သူ့အိမ်အနီးအနားမှာတော့ တစ်ချို့လူတွေက
မြင်ကြရ တွေ့ကြရတယ်လို့တော့ ပြောကြတာပဲဗျ။

ကျားကြီး ကျွတ်လွတ်သွားပြီလား၊ မကျွတ်လွတ်သေးဘူးလားဆိုတာ
တော့ ကျွန်တော်လည်း တိတိကျကျမသိပါဘူးဗျာ။

ဒါပေမဲ့ ဘာပဲဖြစ်ဖြစ်
မှားသည်ဖြစ်စေ/ မှန်သည်ဖြစ်စေ၊ ယုံသည်ဖြစ်စေ/မယုံသည်ဖြစ်စေ
လိုက်ပြီး မစမ်းကြည့်ကြဖို့တော့ ပြောချင်ပါတယ်။

ကျွန်တော်ကတော့ နောင်တ နောက်တစ်ခါ ထပ်ပြီး မရချင်တော့ပါဘူး။
************ ******* ******** ********
**************************************************

တစ်ခါတလေမှာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ အန္တရာယ်တွေထက်
ကိုယ် ဖိတ်ခေါ်လိုက်လို့ ရောက်လာတဲ့ အန္တရာယ်က ပိုမို ကြောက်ဖို့
ကောင်းနေတတ်ပါတယ်။ ။
************************************************

ပြီးပါပြီ။

ပေးပို့သူအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။။

wizard { ဝိဇၨာ }

Zawgyi Version

” မေခၚသင့္၊ မေခၚအပ္ရာ ” (စ/ဆုံး)
———————————–
(ျဖစ္ရပ္မွန္)

{ ဤဇာတ္လမ္းသည္……. စာဖတ္ ပရိသတ္ တစ္ဦးမွ Cb ကေနၿပီး
ေပးပို႔ထားေသာ ျဖစ္ရပ္မွန္ ဇာတ္လမ္းျဖစ္ပါသည္။
ေပးပို႔သူ၏ ဆႏၵအတိုင္း နာမည္ တို႔ကို လႊဲေျပာင္းေရးေပးထားပါသည္။
အနည္းငယ္ ျပင္ဆင္ေရးသား႐ုံကလႊဲၿပီး၊ အကုန္လုံး ေပးပို႔သည့္
အတိုင္း သာ ျဖစ္ပါသည္။ }

wizard { ဝိဇၨာ }
************* ********** *********** ******

ကြၽန္ေတာ့ နာမည္ ေအာင္ထိုက္ ပါ။
အသက္ က ၁၉။
ေနတာကေတာ့ ေလတပ္နဲ႔ သိပ္မေဝးလွတဲ့ ႐ြာမွာေနပါတယ္။
{ ေပးပို႔သူ၏ ဆႏၵအရ ႐ြာနာမည္ကို မေဖာ္ရျခင္းျဖစ္ပါသည္။ }

ဒီအျဖစ္အပ်က္က ” ေျပာမယုံ ႀကဳံမွသိ” ဆိုတဲ့ အျဖစ္မ်ိဳးဗ်။

ေျပာရမွာက နည္းနည္းရွည္ေတာ့ လိုရင္းပဲေျပာမယ္ဗ်ာ။

တစ္ခါေတာ့ ကြၽန္ေတာ္တို႔႐ြာမွာ” က်ားႀကီး” လို႔ေခၚတဲ့ လူမိုက္တစ္
ေယာက္ ယာဥ္မေတာ္တဆ မႈ႕နဲ႔ဆုံးသြားပါတယ္။

သူစီးလာတဲ့ဆိုင္ကယ္ကို ထရပ္ ကားႀကီးက ဝင္တိုက္သြားတာပါ။

က်ားႀကီး ရဲ႕ ရာဇဝင္ကလည္း ဆိုးဆိုး႐ြား႐ြားပါပဲ။
တိုတိုေျပာရရင္ မေကာင္းတာမွန္သမွ်လုပ္တဲ့သူပါဗ်ာ။

႐ြာသားေတြမေျပာနဲ႔ မိသားစုအရင္းေတြနဲ႔ေတာင္ မတည့္တဲ့သူပါ။

ေသတာကလည္း တကယ့္ပိုးစိုးပက္စက္ပါပဲ။

ဆိုင္ကယ္ကို ကားႀကီးနဲ႔ တိုက္မိၿပီး လူက လမ္းေဘးက ဆူးၿခဳံထဲ
က်သြားေတာ့ အဲေနရာမွာပဲ အသက္ေပ်ာက္သြားၿပီး၊
ဒဏ္ရာေတြကလည္း အသည္းငယ္သူေတြ မၾကည့္ရဲတဲ့အထိ
ဆိုးပါတယ္။

ပါးတစ္ဖက္မွာ ဆိုရင္ အေရျပားၿပဲသြားတာ သြားေတြကိုေတာင္ျမင္ရတယ္ဗ်။

ဝဲဘက္လက္က လက္ေခ်ာင္းေတြဆိုရင္ အ႐ိုးက်ိဳးၿပီး ေနာက္သို႔
လန္ထြက္ေနပါတယ္။
တစ္ခႏၶာလုံးနီးပါး အ႐ိုးေတြ က်ိဳးကုန္တာဗ်။

သူ႔အေလာင္းကို ဒီအတိုင္း သယ္လို႔မရတာေၾကာင္း အိတ္မည္းမည္းႀကီးနဲ႔ပဲ ေခြေခြေလးထည့္ၿပီး
သယ္ရတာဗ်။
ေျပာရင္းၾကက္သီးထလာၿပီ။

သူ႔ကို ေျမျမဳပ္ၿပီးတဲ့ေန႔ ညေရာက္ေတာ့
ကြၽန္ေတာ္တို႔သူငယ္ခ်င္းတစ္စု စပ္မိစပ္ရာေျပာရာကေန က်ားႀကီး
အေၾကာင္းသို႔ ေရာက္သြားပါတယ္။

သူငယ္ခ်င္းတစ္စု ဆိုတာက ကြၽန္ေတာ္အပါအဝင္ ေလးေယာက္
တည္းပါ။
ကြၽန္ေတာ္ ေအာင္ထိုက္၊ မင္းျမတ္စံ၊ ေအာင္ႏိုင္စိုး၊ ဆန္းႏိုင္
တို႔ပါ။
ဆန္းႏိုင္ ရဲ႕ မိဘေတြက ေဘထုပ္ေရာင္းေတာ့ တစ္ခါတေလ
အိမ္မွာ သူ တစ္ေယာက္တည္းပဲက်န္ေနခဲ့တတ္တယ္။

အဲဒီလိုေန႔ေတြဆိုရင္ ကြၽန္ေတာ္နဲ႔ ဟိုႏွစ္ေကာင္က အေဖာ္အျဖစ္
လာ အိပ္ေပးေလ့ ရွိပါတယ္ဗ်။

ျဖစ္ခ်င္ေတာ့ အဲဒီေန႔က စကားေျပာေနၾကရင္း ဆန္းႏိုင္က

” ငါ့အထင္ေတာ့ က်ားႀကီး ကြၽတ္လြတ္မယ္ မထင္ဘူး သရဲျဖစ္ၿပီး
တစ္႐ြာလုံးကို ပတ္ ေျခာက္ေနမွာ အေသအခ်ာပဲ” တဲ့။

ကြၽန္ေတာ္တို႔ကလည္း
” ငါတို႔လည္း ဒီလိုပဲထင္တယ္ ” ေျပာေတာ့

မင္းျမတ္စံ က
” ေဟ့ေကာင္ေတြ….. က်ားႀကီး သရဲျဖစ္/မျဖစ္သိရေအာင္ သရဲ
ေခၚၾကရင္ေကာ” ဆိုၿပီး၊ ဇာတ္လမ္းစလာပါတယ္။

ကြၽန္ေတာ္နဲ႔ တစ္ျခား ႏွစ္ေကာင္လည္း စိတ္ဝင္စားသြားတာေပါ့ဗ်ာ။

အဲဒါနဲ႔
” ေခၚတာေတာ့ ဟုတ္ပါၿပီ၊ ဘယ္လိုေခၚရမလဲ၊ မင္းေခၚတတ္လို႔လား”
ေမးေတာ့ …..

မင္းျမတ္စံ က ဆရာႀကီး အထာနဲ႔ မ်က္ခုံးေတြကိုပင့္ၿပီး၊

” ငါလည္းတစ္ခါမွ မေခၚဖူးဘူးကြ၊ ဒါေပမယ့္ ဘယ္လိုေခၚရမလဲေတာ့သိတယ္၊ သရဲ တကယ္လာ/မလာေတာ့ ငါလည္း အတိအက်ေတာ့
မသိဘူး၊
စမ္းၾကည့္ရမွာေပါ့ ” တဲ့ဗ်။

ၿပီးေတာ့” ေၾကာက္တတ္ရင္ ဝင္မပါဖို႔ ေျပာခ်င္တယ္” တဲ့။

ကြၽန္ေတာ္တို႔လည္း တကယ္မႀကဳံရေသးေတာ့ မေၾကာက္တတ္ဘူး
ဘာညာေပါ့ဗ်ာ။

မင္းျမတ္စံ ေျပာတာက
” ေမတၱာရွင္ { ေ႐ႊျပည္သာ } အရွင္ဇဝန” ေရးတဲ့ စာအုပ္တစ္အုပ္မွာ
ဖတ္ဖူးတာတဲ့။
အနည္းဆုံး လူသုံးေယာက္ဆိုရင္ ေခၚလို႔ရတယ္တဲ့ဗ်။

လိုအပ္တာကေတာ့
ေလးေထာင့္ ခုံေလးတစ္လုံးရယ္၊ အဲဒီ ခုံငယ္ေလးရဲ႕ မတူညီတဲ့
ေထာင့္ႏွစ္ခုကို ခုတုံးလုပ္ဖို႔ အုတ္နီခဲျဖစ္ျဖစ္ သစ္တုံးျဖစ္ျဖစ္ ႏွစ္ခု
ရယ္ပါပဲ။
တစ္ဖက္က ထိလိုက္ရင္ ခုံလႈပ္ေအာင္ေပါ့ဗ်ာ။

{စာအုပ္ထဲမွာေတာ့ မီးထြန္းဖို႔ မပါေပမဲ့ အလင္းေရာင္ရေအာင္
ကြၽန္ေတာ္တို႔ ဖေယာင္းတိုင္ တစ္ေခ်ာင္းကို ထြန္းထားလိုက္ၾကတယ္။}

လိုအပ္တာေတြျပည့္စုံေတာ့ ေလးေယာက္လုံး ခုံကိုဝိုင္းၿပီး ထိုင္
လိုက္ၾကတယ္ေပါ့ဗ်ာ။

ၿပီးတာနဲ႔ လက္မခ်င္းထိၿပီး လက္ကိုကားထားလိုက္ၾကတယ္ဗ်။

ကြၽန္ေတာ္က မင္းျမတ္စံ ရဲ႕ လက္ညိဳး နဲ႔ လက္ခလယ္ ကို ကြၽန္
ေတာ့ရဲ႕ လက္ညိဳး၊ လက္ခလယ္ နဲ႔ ထပ္လိုက္ၿပီး လက္မခ်င္း ထပ္
လိုက္တယ္။
ၿပီးေတာ့ ေအာင္ႏိုင္စိုး က ကြၽန္ေတာ့္ရဲ႕ လက္ညိဳး နဲ႔ လက္ခလယ္ ကို
လာထပ္တယ္။
ေအာင္ႏိုင္စိုး ရဲ႕ လက္ေတြကို ဆန္းႏိုင္ကထပ္ၿပီး မင္းျမတ္စံ ရဲ႕ လက္
နဲ႔ ဆက္ၿပီးထပ္လိုက္တယ္။

ခုံေပၚေတာ့ ခပ္႐ြ႐ြေလးတင္ထားတာေပါ့ဗ်ာ။

မင္းျမတ္စံက
” မွတ္ထားၾကေနာ္၊ ဘာပဲျဖစ္လာျဖစ္လာ လက္ကိုလုံးဝ မျဖဳတ္ရဘူး၊
ငါတို႔ သရဲ၊ တေစၦေတြကို စလို႔ေခၚတာနဲ႔ လက္ကို မျဖဳတ္ရေတာ့ဘူး၊
ျပန္ပို႔ၿပီးမွ ျဖဳတ္ရမယ္၊
မဟုတ္ရင္ သူတို႔က ငါတို႔ေနာက္ကိုလိုက္ၿပီး ဒုကၡေပးလိမ့္မယ္၊
ေအး သူတို႔ ေရာက္လာခဲ့ရင္လည္း ေပါက္တတ္ကရေတြ မေမးရဘူး၊

သူတို႔ေရာက္မေရာက္ ခုံကိုေခါက္ၿပီး အခ်က္ေပးလိမ့္မယ္၊
စည္းေဖာက္ရင္ေတာ့ ေနာက္ကလိုက္လာလိမ့္မယ္ေနာ္၊
ဘယ္လိုလဲ….. ေခၚရဲၾကေသးလား ” ေျပာေတာ့

ကြၽန္ေတာ္တို႔လည္း ၿဂိဳလ္ႂကြေနတာနဲ႔
” စိန္လိုက္ေလ” လို႔ေျပာလိုက္တာေပါ့ဗ်ာ။

မင္းျမတ္စံ က ” ငါ စ ေခၚေတာ့မယ္ ” ေျပာၿပီး၊
သူ႔လက္မႏွစ္ေခ်ာင္းကိုျဖဳတ္ကာ လမ္းဖြင့္ေပးထားလိုက္တယ္ဗ်။

ၿပီးေတာ့
” ဤရပ္ ဤ႐ြာ အတြင္း၌ ရွိၾကေသာ၊ သရဲ၊ တေစၦ၊ ဝိညာဥ္၊ ၿပိတၱာ၊
နာနာဘာဝ၊ ဘီလူး၊ ယကၡ၊ ဂုမၻ႑ ႏွင့္ အစိမ္းသရဲ၊ ေျမဖုတ္ဘီလူး၊
က်တ္ပါ မက်န္၊ မျမင္အပ္ မျမင္အပ္ရာ အေပါင္းတို႔ ငါတို႔၏ စကား
ကို နားေထာင္ပါ၊
ငါတို႔ႏွင့္ ကစားလိုလွ်င္ ဤ စည္းဝိုင္းထဲဝင္ပါ၊
ငါတို႔သည္ သင္တို႔ကို ဒုကၡမေပးသလို၊ ငါတို႔ကိုလည္း ဒုကၡမေပးႏွင့္၊
ေပ်ာ္ေပ်ာ္ပါးပါးကစားလိုလွ်င္ ဤ စည္းဝိုင္းထဲသို႔ဝင္ပါ ” ဆိုၿပီး
ေခၚေတာ့တာပဲ။

သူ႔ေခၚသံေၾကာင္း ကြၽန္ေတာ္တို႔ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္
ၾကည့္မိၾကတာေတာ့အမွန္ပါပဲဗ်ာ။

သူက သုံးႀကိမ္တိတိေခၚၿပီး၊
” ငါတို႔၊ စည္းကို ပိတ္ပါေတာ့မယ္” လို႔ သုံးႀကိမ္ေအာ္ၿပီး လက္မ ႏွစ္
ေခ်ာင္းကိုထပ္ကာ ျပန္ပိတ္ထားလိုက္တယ္။

ၿပီးတာနဲ႔သူက
” ေရာက္ၿပီလား၊ ေရာက္ရင္ ခုံကို ေခါက္ၿပီး အခ်က္ျပပါ ” ေျပာေတာ့
ခဏၾကာတဲ့အထိ ဘာမွမထူးလာေတာ့၊

” အလကားပါကြာ၊ ဘာမွျဖစ္မလာဘူး ” ဆိုတဲ့အေတြးနဲ႔ တစ္ေယာက္
မ်က္ႏွာ တစ္ေယာက္ၾကည့္မိၾကျပန္တယ္။

အဲဒီအခ်ိန္မွာပဲ ထြန္းထားတဲ့ မေယာင္းတိုင္က ေလမတိုက္ပဲ
ၿငိမ္းေတာ့မလို

ျဖစ္သြားတယ္ဗ်။
ၿပီးေတာ့ တစ္ျခားသူေတြကိုေတာ့ မသိ ကြၽန္ေတာ့္ ေက်ာထဲ စိမ့္
တတ္သြားၿပီး၊ ေအးစက္စက္ျဖစ္သြားတယ္ ဆိုရင္ပဲ

” ေဒါက္၊ ေဒါက္၊ ေဒါက္ ” ဆိုၿပီး ခုံေခါက္သံ ထြက္လာေတာ့တာပဲဗ်။
ပထမေတာ့ လန္႔သြားတာ အမွန္ပါပဲ။
ၿပီးေတာ့မွ တစ္ေယာက္ကို တစ္ေယာက္

” မင္းေခါက္တာလား ” တိုးတိုးေလးေမးၾကတာေပါ့ဗ်ာ။

ဘယ္သူမွ မေခါက္ဘူးဆိုတာ သိရေတာ့ မင္းျမတ္စံ က
” သင္တို႔ေရာက္ရွိေနတာ သိရပါၿပီ၊ ဘယ္ေလာက္အေရအတြက္ထိ
ေရာက္ေနတာပါလဲ၊ ငါးေယာက္ကို တစ္ခ်က္ႏႈန္းနဲ႔ ေခါက္ျပပါ ‘
ေျပာေတာ့

” ဟာ၊ ေခါက္လိုက္တာမွ မရပ္မနားဗ်ိဳ႕ ”
မင္းျမတ္စံ က ” ရပါၿပီ၊ ရပါၿပီ ” ေျပာမွ ရပ္သြားတာ။

အဲဒီအခ်ိန္ ကြၽန္ေတာ္ခံစားေနရတာက ” ေအးစိမ့္ၿပီး၊ ၾကက္သီး
တဖ်န္းဖ်န္းထေနတာပါပဲ ”
ကြၽန္ေတာ္တို႔လည္း ဟိုဟိုဒီဒီေမးၿပီး၊ ေနာက္ဆုံး မင္းျမတ္စံ က

” တစ္ေန႔က ေသသြားတဲ့ က်ားႀကီးေရာ ပါလား ” ေမးေတာ့
” ေဒါက္ ” ဆိုၿပီး ေခါက္တာဗ်။

အဲဒီအခ်ိန္မွာ ကြၽန္ေတာ္တို႔ လုပ္မိတဲ့ ပထမ အမွားက
တစ္ျခား ပုဂၢိဳလ္ေတြကို ျပန္ပို႔ၿပီး၊ က်ားႀကီး ကို ကြၽန္ေတာ္တို႔နဲ႔ ဆက္က
စားဖို႔ ေခၚထားခဲ့လိုက္ျခင္းပါပဲ။

မင္းျမတ္စံ က
” တစ္ျခား ပုဂၢိဳလ္ေတြ ေနၿမဲေနရာသို႔ ျပန္ၾကပါ၊ ခုလို ကြၽန္ေတာ္တို႔
ကစားဖို႔ ဖိတ္ေခၚရာသို႔ လာေရာက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္
က်ားႀကီးေတာ့ ကြၽန္ေတာ္တို႔နဲ႔ ဆက္ကစားဖို႔ ေနရစ္ခဲ့ပါ ” ဟု

သုံးႀကိမ္သုံးခါေျပာၿပီး၊ လက္မကို တစ္ခါဖြင့္ေပးလိုက္တယ္ဗ်။
ၿပီးေတာ့မွ ” ျပန္ပိတ္ပါေတာ့မယ္ ” ေျပာၿပီး ပိတ္လိုက္ျပန္တယ္။

ၿပီးတာနဲ႔
” က်ားႀကီး ခင္ဗ်ား က်ဳပ္တို႔နဲ႔ ရွိေနေသးပါသလား ” ေမးေတာ့၊
” ေဒါက္ ” ဆိုၿပီး ခ်က္ခ်င္းေခါက္တာဗ်ိဳ႕။

အဲမွာ ေအာင္ႏိုင္စိုး က ” ငါတို႔ ဘယ္ႏွစ္ေယာက္ရွိလဲေျပာျပပါ ”
ေျပာေတာ့ ” ေဒါက္ ေဒါက္ ေဒါက္ ေဒါက္ ” ေလးခ်က္ေခါက္တာဗ်။

ကြၽန္ေတာ္လည္း ဘာေမးရမွန္းမသိတာနဲ႔
” က်ဳပ္တို႔ကိုသိလား ” ေမးေတာ့ ” ေဒါက္ ” ဆိုၿပီး တစ္ခ်က္ေခါက္ျပန္
တယ္။
အဲဒီအထိေတာ့ ပုံမွန္ပါပဲ။
အေျခအေနဆိုးသြားေစတာက မင္းျမတ္စံ ရဲ႕ ေမးခြန္းေၾကာင္းပါ။

သူေမးတာက
” က်ားႀကီး၊ ခင္ဗ်ား ဘယ္လိုေသခဲ့ရတယ္၊ ဘယ္ဘဝ ေရာက္ေန
တယ္ ဆိုတာေကာ သိလား ” တဲ့ဗ်။

သူ႔ေမးခြန္းလည္း ဆုံးေရာ ထြန္းထားတဲ့ ဖေယာင္းတိုင္ ႐ုတ္တရက္
မီးၿငိမ္းသြားၿပီး၊
” ဒုန္း ” ဆို ခုံ သုံးေလးေပေလာက္ ျမင့္တတ္သြားတာဗ်။

အဲမွာ လက္ေတြလည္းျပဳတ္ၿပီး အကုန္လုံးလန္႔သြားၾကတယ္ေလ။
ၿပီးေတာ့ ေျခဦးတည့္ရာ ေျပးၾကေတာ့တာပါပဲ။

ဆန္းႏိုင္ လည္း ကိုယ့္အိမ္ထဲ ကိုယ္မေနရဲေတာ့ပဲ ေျပးေတာ့တာဗ်။

တကယ့္ျပႆနာက အဲမွာ စေတာ့တာဗ်ိဳ႕။

အဲဒီေန႔က ဆန္းႏိုင္ ဘယ္မွာ အိပ္ခဲ့လဲေတာ့ မသိ၊
ကြၽန္ေတာ္ေတာ့ တစ္ညလုံး လုံးဝ အိပ္မရပါဘူးဗ်ာ။

အိပ္မယ္လုပ္တိုင္း က်ားႀကီးရဲ႕ပုံစံကို ျမင္ေယာင္လာၿပီး တစ္ေယာက္
ေယာက္ ကိုယ့္အနားမွာ လာအိပ္ေနသလိုလို၊
တစ္ေယာက္ေယာက္က ကိုယ့္ကို စိုက္ၾကည့္ေနသလို ခံစားရၿပီး
ၾကက္သီးေတြထေနတာဗ်။

မိုးလင္းေပါက္ထိုင္ေနရေတာ့တာပါပဲ။
ကိုယ့္အရိပ္ကို ကိုယ္ျမင္ၿပီးေတာင္ လန္႔မိေသးတယ္။

မီးလည္း မထြန္းရဲ။
ေတ္ာၾကာ မီးထြန္းလိုက္မွ အနားမွာ လာထိုင္ေနရင္ ဘယ္လိုလုပ္
မလဲဗ္။
ထိုင္ေနတာေတာင္ အနားမွ ရွိေနသလို ခံစားရတာဗ်။

အဲဒီအခ်ိန္ စိတ္ထဲ ဘာမွ သတိမရေတာ့ပဲ
“မနက္အျမန္ေရာက္ပါေစ ” လို႔ပဲ ဆုေတာင္းေနမိေတာ့တာေပါ့ဗ်ာ။

********* ****** ********* ******

မနက္ေရာက္တာနဲ႔ ဟို အေကာင္ေတြကို လိုက္ရွာၿပီး ေမးၾကည့္
ေတာ့ သူတို႔လည္း တစ္ညလုံး အိပ္မရဘူးတဲ့ဗ်။

အိပ္ေနရင္း အလိုလို လန္႔ႏိုးလာၿပီး၊ ကိုယ့္ေဘးမွာပဲ အိပ္ေနသလိုလို
ခံစားရၿပီး၊ ၾကက္သီးတဖ်န္းဖ်န္းထတယ္တဲ့ဗ်။

ဆန္းႏိုင္ ကို ဘယ္မွာ အိပ္ခဲ့လဲေမးေတာ့
” မင္းျမတ္စံတို႔အိမ္မွာ အိပ္ခဲ့တယ္တဲ့ ”

ကြၽန္ေတာ္တို႔လည္း ” အေၾကာက္လြန္ၿပီး စိတ္ထင္တာျဖစ္မွာပါ ”
ဆိုၿပီး ဒီအတိုင္းထားလိုက္ပါေသးတယ္။

ဒါေပမယ့္ ပိုဆိုးလာပါေလေရာဗ်ာ။
အိပ္ေနတုန္း ေယာင္ယမ္းလာတယ္၊ လာဆြဲေနသလိုမ်ိဳး ခံစားလာ
ရတယ္၊
ၿပီးေတာ့ တစ္ျခားသူေတြကို ၾကည့္တိုင္း က်ားႀကီး မ်က္ႏွာကိုပဲျမင္
ေနရတယ္။

အသံတစ္ခု ခြၽမ္းကနဲၾကားရင္ေတာင္ လန္႔ေနတာဗ်။
ေျပာရရင္ ကိုယ္သာမဟုတ္ ကိုယ့္ေဘးနားက လူေတြကိုပါ လန္႔ဖ်တ္
ေစမိလာတဲ့အထိပါပဲဗ်ာ။

ဘယ္လိုမွ မေနသာေတာ့တဲ့အဆုံး သုံးညေျမာက္ေန႔မွာပဲ
ဟို အေကာင္ေတြနဲ႔တိုင္ပင္ၿပီး ျပန္ဖိတ္ေခၚၿပီး ျပန္ပို႔ၾကဖို႔ ဆုံးျဖတ္
လိုက္ၾကတယ္ေပါ့ဗ်ာ။

ဒါေတာင္ ဆန္းႏိုင္ နဲ႔ ေအာင္ႏိုင္စိုး ကို မနည္းနားခ်ရေသးတာဗ်။
ကိုယ္ေသမေလာက္ေၾကာက္ေနတဲ့ၾကားထဲ သူတို႔ကိုၿဖဲေျခာက္ရေသး။

ျပန္ပို႔ဖို႔ ေခၚတဲ့အခါလည္း မင္းျမတ္စံ ပဲ ေခၚတာပါ။

က်ားႀကီး က ကြၽန္ေတာ္တို႔ အနားမွာရွိေနတယ္ ထင္တယ္ဗ်။
ဆန္းႏိုင္ တို႔ အိမ္သို႔ ေရာက္ကတည္းက ေက်ာစိမ့္ေနတာဗ်။
ၾကက္သီးေတာင္ တဖ်န္းဖ်န္းထတယ္ဗ်ိဳ႕။

ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ ေလးေယာက္တည္းဆိုေပမဲ့ ေနာက္တစ္
ေယာက္ရွိေနသလိုမ်ိဳးခံစားရတယ္။
ကြၽန္ေတာ္တို႔လည္း အခ်ိန္မဆြဲေတာ့ပဲ ခ်က္ခ်င္းေခၚေတာ့တာေပါ့ဗ်ာ။

ဒါေပမဲ့ ဒီတစ္ခါေတာ့ က်ားႀကီးကိုပဲ သီးသန္႔ေခၚတာဗ်။

ကြၽန္ေတာ္တို႔လည္း ပထမ ညက ေခၚသလိုမ်ိဳး
သုံးႀကိမ္ေခၚလို႔ ၿပီးတာနဲ႔ မင္းျမတ္စံ က လက္မ ကို ထပ္ၿပီး ပိတ္လိုက္
တယ္ဗ်။
မင္းျမတ္စံ က ” က်ားႀကီး ခင္ဗ်ားေရာက္ၿပီလား၊ ခင္ဗ်ား တစ္ေယာက္
တည္းလား၊ ခုံကိုေခါက္၍ အခ်က္ျပပါ” လို႔ မရဲတရဲေျပာလိုက္ေတာ့

” ေဒါက္ ” ဆို ခပ္ျပင္းျပင္းေခါက္တာဗ်။ ခ်က္ခ်င္းကို ေခါက္တာဗ်။

ကြၽန္ေတာ္ဆို ေၾကာက္လြန္းလို႔ တံေတြးမ်ိဳခ်ရတာအခါခါပါပဲ။
က်န္တဲ့သူေတြလည္း တစ္ကိုယ္လုံး ခြၽဲေတြ႐ႊဲလို႔ဗ်။

ဆန္းႏိုင္ ဆိုရင္ ဒူးပါ တုန္ေနေသးတာ။
သူ႔လက္ခ်ိတ္ထား ျပဳတ္မွာစိုးလို႔ မနည္းထိန္းထားေပးရေသးတယ္။

ကြၽန္ေတာ္တို႔လည္း က်ားႀကီး ေရာက္ေနတာကို သိတာနဲ႔
ေလးေယာက္လုံး က်ားႀကီး ကို ေတာင္းပန္ၾကတယ္။ အႀကိမ္ႀကိမ္အခါခါေတာင္းပန္ၾကတယ္။

ေမးခြန္းေတြ သိပ္ မေမးေတာ့ပဲ
” က်ားႀကီး၊ ခင္ဗ်ား ေနၿမဲေနရာသို႔ ျပန္ႏိုင္ပါၿပီ ၊ က်ဳပ္တို႔ကစားဖို႔ ဖိတ္ေခၚရာသို႔လာတဲ့အတြက္ အထူးပင္ေက်းဇူးတင္ရွိပါသည္။” စသျဖင့္ ေျပာၿပီး
မင္းျမတ္စံ ကပဲ ျပန္ပို႔လိုက္တာဗ်။

သုံးႀကိမ္သုံးခါ ေျပာၿပီးတာေတာင္လက္ထပ္ထားတာကို မျဖဳတ္ရဲေသး
” က်ားႀကီး၊ ခင္ဗ်ား ရွိေသးလား ” လို႔ အႀကိမ္ႀကိမ္ ေခၚၾကည့္ေနမိၾက
ေသးတာဗ်။

အခ်ိန္အနည္းငယ္ၾကာတဲ့အထိ ဒီအတိုင္းပဲ မလႈပ္မယွက္ ထိုင္ေနၾက
ေသးတာဗ်။
လုံးဝ စိတ္ခ်ရၿပီ ဆိုေတာ့မွ လက္ေတြခ်ိတ္ထားတာကို ျဖဳတ္လိုက္ၾက
တာ။
အဲဒီေတာ့မွ အသက္ရႈေျဖာင့္တာဗ်ိဳ႕။

မင္းျမတ္စံ ကေတာ့ ဆန္းႏိုင္ ကို မနည္းေတာင္းပန္လိုက္ရတယ္ေပါ့
ဗ်ာ။
အဲ ဒီေန႔က စၿပီး ကြၽန္ေတာ္တို႔ရဲ႕ အရာအားလုံးပုံမွန္ အတိုင္းျဖစ္သြားေပ
မဲ့၊
သူေသခဲ့တဲ့ေနရာနဲ႔ သူ႔အိမ္အနီးအနားမွာေတာ့ တစ္ခ်ိဳ႕လူေတြက
ျမင္ၾကရ ေတြ႕ၾကရတယ္လို႔ေတာ့ ေျပာၾကတာပဲဗ်။

က်ားႀကီး ကြၽတ္လြတ္သြားၿပီလား၊ မကြၽတ္လြတ္ေသးဘူးလားဆိုတာ
ေတာ့ ကြၽန္ေတာ္လည္း တိတိက်က်မသိပါဘူးဗ်ာ။

ဒါေပမဲ့ ဘာပဲျဖစ္ျဖစ္
မွားသည္ျဖစ္ေစ/ မွန္သည္ျဖစ္ေစ၊ ယုံသည္ျဖစ္ေစ/မယုံသည္ျဖစ္ေစ
လိုက္ၿပီး မစမ္းၾကည့္ၾကဖို႔ေတာ့ ေျပာခ်င္ပါတယ္။

ကြၽန္ေတာ္ကေတာ့ ေနာင္တ ေနာက္တစ္ခါ ထပ္ၿပီး မရခ်င္ေတာ့ပါဘူး။
************ ******* ******** ********
**************************************************

တစ္ခါတေလမွာ မဖိတ္ေခၚပဲ ေရာက္လာတဲ့ အႏၲရာယ္ေတြထက္
ကိုယ္ ဖိတ္ေခၚလိုက္လို႔ ေရာက္လာတဲ့ အႏၲရာယ္က ပိုမို ေၾကာက္ဖို႔
ေကာင္းေနတတ္ပါတယ္။ ။
************************************************

ၿပီးပါၿပီ။

ေပးပို႔သူအား အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္း ေဖာ္ျပအပ္ပါသည္။။

wizard { ဝိဇၨာ }