မခွဲအတူ

မခွဲအတူ(စ/ဆုံး)

—————

အခန်းပြူတင်းတံခါးအားဖွင့်လိုက်သည်နှင့် ပြင်ပမှနွေအငွေ့အသက်
ကို သူမခံစားမိလိုက်သည်။ခြောက်သွေ့သွေ့ရာသီဥတုနှင့်အတူ
လေနွေးနွေးတိုက်ခတ်လိုက်တိုင်း အိမ်နံဘေးရှိ သစ်ပင်ကြီးမှ
သစ်ရွက်လေးများကတလူလူ လှုပ်ရမ်း၍နေသည်။နွေနှင့်အတူသူမ
၏စိတ်သည်လည်း ခြောက်ခမ်းနေသလိုလို။

သူမဆိုသည်မှာလည်း အမည်က ခေမာရက်ခ်၊အသက် ( ၂၈ )နှစ်
သာရှိသေးပြီး အသားညိုညို ၊ အရပ်မြင့်မြင့်နှင့် မဆွဲပဲပင်ကိုယ်လှနေ
သောမျက်ခုံးတစ်စုံကိုပိုင်ဆိုင်ထားသူ။ဆံပင်ကျောလည်လောက်ကို
ကောက်ထားပြီး တစ်ကိုယ်လုံးနီးပါး တက်တူးမျိုးစုံထိုးထားသူလည်း
ဖြစ်သည်။သူမရူးသွပ်သည်က Country Rock။ထို့ကြောင့်လည်း
Rock နှင့်သက်ဆိုင်သော fashion ပစ္စည်းဆိုင်လေးဖွင့်ထားခြင်း
ဖြစ်သည်။

သူမဆိုင်သို့လာသောသူများကလည်း Rock ကိုရူးသွပ်သူများက
ခပ်များများ။ထိုသူများထဲမှ သူမနှင့်စိတ်တူကိုယ်တူရူးသွပ်သည်ဟု
သူမယူဆသည့် တေဇာကျော် နှင့်ချစ်သူတွေဖြစ်ခဲ့ကြတော့သည်။
တေဇာကျော်ကလည်း rocker ကြီးတစ်ယောက်လည်းဖြစ်ပြန်၊
ဂီတလိုင်းထဲတိုးဝင်နိုင်ဖို့ကြိုးစားနေသူလည်းဖြစ်သည်။

ကိုယ်ပိုင် band တစ်ခုတည်ထောင်နိုင်ရန်ကြိုးစားနေပြီး Death and Grave (DG band) ဟုအမည်ပေးထားလေသည်။သူမတို့
ချစ်သူနှစ်ဦးသည် စိတ်တူကိုယ်တူဖြစ်၍ ပျော်ရွှင်သည်ဟုဆိုနိုင်
သော်လည်း လွန်ခဲ့သည့် တစ်လလောက်မှစ၍ အဆင်မပြေမှုများက
စတင်လာခဲ့တော့၏။

“” မောင်..စိတ်အရမ်းတိုတယ်.. ချစ်ပဲစဉ်းစားကြည့်..ဒီကောင်တွေ
rock sign တောင်မသိပဲ rocker ပုံစံဖမ်းတာ၊ တကယ်rocker
တွေလည်းမဟုတ်ကြဘူး..လိုင်းပူးနေတဲ့ကောင်တွေ..အဲ့ကောင်တွေ
က rock အကြောင်းတစ်လုံးမှလည်းမသိဘူး..ဝေဖန်နေတာများ..
ကြာရင် မောင်ဆွဲထိုးမိမှာစိုးလို့..ဒေါသထွက်ထွက်နဲ့ပြန်လာခဲ့ရတာ””

ချစ်သူဖြစ်သူ၏စကားများကို သူမစိတ်မဝင်စားနေချေ။ခါတိုင်းလိုသာ
ဆို သူမသည် ဒေါသလိုက်ထွက်မိမည်မှာအမှန်ပင်။ယခုအခါထိုအချင်း
အရာထက် သူမတစ်စုံတစ်ရာကိုသာ အာသီသရှိမိနေလေသည်။
ထိုအရာက သူမ၏အသွေးအသားထဲမှ လိုလိုချင်ချင်တောင့်တနေ
သောအရာ။သဲကန္တာရတွင် အိုအေစစ်ကိုအဝေးမှလှမ်းမြင်နေရသလို
ခံစားချက်မျိုး။ချစ်သူဖြစ်သူကို စူးစူးရဲရဲကြည့်ရင်း သူမတံတွေးကို
မျိုချလိုက်သည်။

သူမ၏အမူအရာကြောင့် တေဇာအောင်ဒေါသများကြားမှတစ်ချက်
ပြုံးသွားသည်။ထို့နောက်…
“” ဘာလဲချစ်ရဲ့.. ဟက်..ဟက်.. “”
ချစ်ရသူကိုကြည့်ပြီး သူမမျက်နှာလွဲလိုက်ရသည်။သူမလိုချင်နေသည်
က သပ်သပ်၊ချစ်သူထင်နေသည်ကသပ်သပ်။သက်ပြင်းကိုချရင်း
ဆိုင်ကောင်တာသို့ထထွက်လာလိုက်သည်။တေဇာအောင်က
သဘောကျစွာဖြင့်သူမနောက်သို့လိုက်ပြီး…

“” မောင်နဲ့ဒီည date မလား ချစ် “”
ထိုစကားကြောင့်သူမ နှလုံးခုန်နှုန်းများမြန်လာသလိုရှိ၏။ဒီည date
လိုက်ရင်ကောင်းမလား ဟူသောအတွေးများက ခေါင်းထဲတိုးဝင်၍
နေသည်။သူမ၏စိတ်ထဲတွင် yes or no ကတစ်လှည့်စီနေရာယူ
၍နေ၏။သူမခေါင်းခါရင်း..
“” ဟင့်အင်း..မဖြစ်ဘူးမောင်.. “”
ထိုသို့သာငြင်းဆန်မိလိုက်သည်။ထိုအဖြေပေးရန်အတွက်လည်းသူမ
မလွယ်ကူပေ။အမှန်တကယ်စိတ်ရှိတိုင်းသာဆိုလျှင် သူမ ဒီည
date ချင်သည်ကသေချာနေပြီ။

တေဇာအောင်က ထပ်မံခွင့်တောင်းရန်ဟန်ပြင်စဉ် ဖုန်းဝင်လာ၍
ဆက်မပြောတော့ပဲ ဆိုင်အပြင်ဖက်သို့ဖုန်းပြောရင်းထွက်သွားတော့
သည်။ချစ်သူ၏ကျောပြင်ကိုငေးကြည့်ရင်း သူမခေါင်းကိုသာတွင်တွင်
ခါနေမိချေပြီ။
“” ဟင့်အင်း..မဖြစ်ဘူး.. “”
ထိုကဲ့သို့ အဖြစ်မျိုးက ထိုတစ်လထဲတွင် ခြောက်ကြိမ် ခုနှစ်ကြိမ်ခန့်
ဖြစ်ပေါ်နေသည်။ထိုအဖြစ်အပျက်ကြောင့်သူမ၏စိတ်များညိုးနွမ်း
နေသည်မှာယခုအချိန်ထိဆို တစ်လကျော်ကျော်ခန့်ပင်ရှိလာနေပြီ
ဖြစ်သည်။

သက်ပြင်းကိုချရင်း အတွေးများကိုဖြတ်တောက်ပစ်လိုက်သည်။
သူမအတွက်ထိုအကြောင်းအရာကိုမေ့ပစ်နိုင်ရန် ဆိုင်ဖွင့်ဖို့ပြင်ဆင်
ပြီး အလုပ်ထဲသို့သာ စိတ်နှစ်ထားရုံတတ်နိုင်တော့သည်။သူမ၏စိတ်
ကိုအခြားသောအရာသို့လွဲပြောင်းထားသော်လည်းထိုကြိုးစားမှုသည်
အချည်းနှီးပင်။သူမခေါင်းထဲသို့ပြန်ပြန်ဝင်လာခဲ့သည်။ထိုအတွေးများ
တွေးမိလိုက်တိုင်းသူမသွေးများဆူလာသလိုခံစားရပြီး ထိုသို့တွေးနေ
ရသည်ကိုပင် ကျေနပ်လာနေမိနေသည်။

သူမကိုယ်သူမ ပြန်သုံးသပ်ကြည့်လိုက်၏။မိမိ၏စိတ်ကူးထဲ၌တွေး
နေသောအရာသည်အမှန်တကယ်မဟုတ်သဖြင့် စိတ်တိုင်းကျတွေး
ရန်သင့်လျှော်သည်ဟု သူမခံယူလိုက်တော့သည်။တားဆီးနေခြင်း
သည် သူမကိုထိုင်းမှိုင်းစေပြီး ချုပ်တည်းထားနေရသဖြင့် စိတ်ပင်
ပန်းစေသည်။ထို့ကြောင့်သူမသည် စိတ်ရှိတိုင်းသာတွေးပြီးနေရန်
ဆုံးဖြတ်လိုက်တော့သည်။

ထိုသို့နေရင်း ချစ်သူဖြစ်သူကိုပိုပို၍ လိုအပ်လာသလိုဖြစ်လာသည်။
တစ်ခါတစ်ရံသူမ၏စိတ်သည် လွတ်ထွက်သွားသလိုဖြစ်ပြီး တေဇာ
အောင်ကို စူးစူးရဲရဲကြီးစိုက်ကြည့်နေတတ်လာသည်။တေဇာအောင်
မှာတော့ သူမ၏စိတ်ကူးများကိုမသိဘဲ သူ့အားထိုကဲ့သို့ကြည့်သည်
ကိုပင် သဘောကျနေခဲ့သည်။

ထိုနေ့သည် နွေညနေခင်းဖြစ်ပြီး တစ်နေကုန်ပူအိုက်ထားသမျှ ညနေ
ခင်းလေပြေကြောင့် သူမ၏စိတ်များလန်းဆန်းတက်ကြွလာခဲ့ရသည်။
ဆိုင်သိမ်းပြီးအိမ်သို့ပြန်ရန်ဆိုင်မှအထွက် တေဇာအောင်ကအိမ်
ပြန်ပို့ရန်ရောက်လာခဲ့တော့သည်။တေဇာအောင်ကိုမြင်လိုက်သည်
နှင့်သူမ ရင်တဒိန်းဒိန်းခုန်ကာတုန်လှုပ်လာသလိုဖြစ်လာ၏။

ရေမိုးချိုးပြီးမှထွက်လာဟန်ရှိသောချစ်သူ၏ကိုယ်ရနံ့သည် သူမအား
ဆွဲဆောင်နေသည်။သူမကိုကြည့်ရင်း တေဇာအောင်ကပြုံးလိုက်
သည်။ပြီးနောက်…
“” ဒီည မောင်နဲ့ date မလား ချစ် “”
သူမသည် ယခုအခါမငြင်းဆန်ချင်နေတော့ပေ။ဖြစ်နိုင်လျှင်ယခုပင်
date လိုက်ချင်နေသည်။

“” မောင်နဲ့ dinner သွားစားမယ်လေ ဝိုင်လည်းအတူသောက်ရင်း
ပေါ့.. “”
သူမ ခေါင်းငြိမ့်ပြလိုက်သည်။လက်ခံသည်ဟု နှုတ်မှမပြောနိုင်တော့
လောက်အောင် စိတ်လှုပ်ရှားနေမိသည်။

“” ဒါဆို ချစ်ကိုခုအိမ်ပြန်ပို့မယ်.. ည ၇ နာရီပြန်လာခေါ်မယ်နော် “”
သူမ၏အတွေးထဲ ရုတ်တရက်စိတ်ကူးတစ်ခုဝင်လာပြီး…
“” မဟုတ်ဘူးမောင်.. ချစ်အိမ်မှာပဲ date မယ်..ဒီည ဘယ်သူမှမရှိ
ဘူး.. ချစ်တစ်ယောက်ထဲရှိမှာ “”
တေဇာအောင်က ခေမာရက်ခ်ကို ကြည်လဲ့သောအကြည့်ဖြင့်ကြည့်
ရင်း..
“” မောင်..ဝိုင်ဝယ်လာခဲ့မယ်.. အိုကေ.. “”
သူမကျေနပ်စွာပြုံးပြလိုက်သည်။သူမ၏အတွေးထဲတွင်တော့ … ။

ည ( ၇ )နာရီထိုးရန် ငါးမိနစ်ခန့်သာလိုတော့သည်။အိမ်တွင်သူမ
သေချာပြင်ဆင်ထားပြီးဖြစ်သည်။ထမင်းစားပွဲပေါ်တွင် လိုအပ်သည်
များက အစီအရီချထားသည်။ဝိုင်ပုလင်းထည့်ရန် ရေခဲပုံးလည်း
အဆင်သင့်။ကျွန်းကုလားထိုင်တစ်လုံးနှင့်အတူ အုန်းဆံကြိုးများ၊
ပိတ်စအချို့နှင့် တိတ်ခွေ။သူမ၏အစီအစဉ်များကိုပြန်စစ်နေရင်း
ကျေနပ်နေစဉ် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းလေးမြည်လာတော့
သည်။

သူမစိတ်လှုပ်ရှားစွာဖြင့် အပြေးလေးထွက်ပြီးတံခါးဖွင့်ပေးလိုက်သည်။
တေဇာအောင်သည် အနက်ရောင်ရှပ်အကျီ င်္ပြောင်နှင့် ဂျင်းဘောင်း
ဘီကိုဝတ်ဆင်ထားပြီး သူ၏ဂုတ်ပေါ်ဝဲကျနေသောဆံပင်ကိုစုစည်း
ထားသည်။သူမသဘောကျစွာကြည့်ပြီး အိမ်ထဲသို့ခေါ်ဝင်လိုက်၏။
“” မောင်.. ခဏထိုင်ဦး.. ချစ်..စားစရာပြင်ပေးမယ် “”
“” ချစ်ကို မောင်ကူပေးမှာပေါ့… “”
ဟုဆိုကာ ထမင်းစားခန်းထဲသို့လိုက်ဝင်လာသည်။

“” ဟင် “”
တေဇာအောင်အံ့သြကာခေမာရက်ခ်ကိုကြည့်လိုက်သည်။စားပွဲပေါ်
တွင်မည်သည့်စားစရာမှမရှိချေ။ညစာအစား ရှစ်လက်မအရှည်ခန့်ရှိ
သော ဓါးမြောင်တစ်ချောင်း နှင့်အတူ ပန်းကန်အလွတ်တစ်လုံးနံဘေး
တွင် ဇွန်းခရင်းတစ်စုံ ချထားသည်ကလွဲ၍ မည်သည့်အရာမှမရှိ။
“” ချစ် ဘာမှမပြင်ဆင်ရသေးဘူးလား “”
“” ပြင်ထားပါတယ်မောင်ရဲ့.. မောင့်ကို surprise လုပ်မလို့ “”
ထိုသို့ပြောသောအခါ တေဇာအောင်က ကျေနပ်ကာရယ်လိုက်သည်။

“” ဘယ်လို surprise လုပ်မှာလဲ “”
ခေမာရက်ခ်က ပြုံးရင်း..
“” မောင်.. ဒီခုံမှာလာထိုင် “”
နောက်မှီကျွန်းထိုင်ခုံကို ညွှန်ပြရင်းပြောသည်။တေဇာအောင်ကလည်း
စိတ်ဝင်စားကာ ထိုင်လိုက်သည်။ထို့နောက် တေဇာအောင်၏လက်နှစ်
ဖက်ကို ထိုင်ခုံနောက်သို့ဆွဲယူပြီး ကြိုးဖြင့်တင်းကျပ်စွာချည်နှောင်
လိုက်၏။

“” ချစ်… ဘာလုပ်မလို့လဲ.. ဘာလို့ကြိုးချည်တာလဲ “”
“” မောင်ရယ်.. ချစ်ပြောပြီးပြီလေ.. surprise ပါဆို..ရှုး..တိတ်
တိတ်နေ.. “”
“” အင်းပါ.. “”
ချစ်သူဖြစ်သူ၏လုပ်ရပ်ကိုနားမလည်စွာကြည့်ရင်း အလိုက်သင့်နေ
ပေးလိုက်၏။ထို့နောက်အဝတ်စကိုယူလာပြီးပါးစပ်ကိုစည်းလိုက်
သည်။
“” ဝူး..အု..အု.. “”
တေဇာအောင်က မနှစ်လိုဟန်ပြရင်း ပြန်ဖြည်ပေးရန်ပြောနေဟန်ရှိ
သည်။သို့သော်ခေမာရက်ခ် ကဂရုစိုက်ဟန်မပြသည့်အပြင် အဝတ်
စည်းထားသောပါးစပ်ကို တိတ်ဖြင့်ထပ်မံပိတ်လိုက်သေးသည်။
ထို့နောက်ပြုံးရင်း…

“” မောင်ရယ်.. တိတ်တိတ်နေပါဆို.. ပြောမရဘူး..အဲ့ဒါကြောင့်
ပါးစပ်ပိတ်ထားရတာပါ.. “”
သူမ၏စကားနှင့်အပြုအမူများကိုနားမလည်ဟန်ဖြင့်ကြည့်ရင်း စိတ်
ကျဉ်းကျပ်နေလေသည်။သူမကတော့မျက်လုံးများအရောင်တလက်
လက်တောက်ပနေပြီး စကားများဆက်တိုက်ပြောလာသည်။
“” မောင်သိလား.. ဒီလိုနေ့မျိုးရောက်ဖို့..ချစ်လေ အရမ်းမျှော်လင့်ခဲ့
ရတာ.. မောင်ကတော့ဘာမှသိမှာမဟုတ်ပါဘူး.. ဟင်း..ဟင်း.. “”

သူမတစ်ချက်ရယ်လိုက်ပြီး စားပွဲပေါ်မှ ဓါးကိုလှမ်းယူလိုက်သည်။
“” ချစ်ကလေ.. မောင့်ကိုသိပ်ချစ်တာ.. ချစ်လွန်းလို့..မောင်နဲ့မခွဲ
နိုင်တော့ဘူး.. မောင်နဲ့ချစ်နဲ့ခွဲမသွားပဲ အမြဲအတူရှိဖို့ ချစ်စဉ်းစားထား
တာရှိတယ်.. မောင်သိချင်လား.. “”
သူမ၏ပုံစံနှင့်အပြုအမူများကြောင့် တေဇာအောင်တဖြည်းဖြည်းထိတ်
လန့်လာပြီးချွေးပျံလာတော့သည်။ခေါင်းကိုအသာညိမ့်ပြရင်း အပျော်
အပျက်စနောက်နေခြင်းသာဖြစ်မှာပါဟု ဖြေတွေးနေလိုက်၏။

“” ချစ်စဉ်းစားမိတာကလေ.. မောင့်ကိုစားပစ်ဖို့ပဲ.. “”
ထိုစကားကိုကြားလိုက်သည်နှင့် သွေးနားထင်ဆောင့်တက်သလို
လူတစ်ကိုယ်လုံးထူပူပြီး တုန်ယင်လာမိတော့သည်။
“” မောင့်ဆီက အနံ့ကအရမ်းမွှေးတာ.. ချက်စားရမှာတောင်နှမြော
တယ်.. ဒါပေမယ့်လည်း မောင်နဲ့မခွဲနိုင်လို့ နည်းမျိုးစုံနဲ့စားရမှာပဲ..””

သူမညာဖက်လက်တွင်ကိုင်ထားသောဓါးက တေဇာအောင်၏မျက်နှာ
နားဝဲလာသည်။ဇောချွေးများပျံလာသော်လည်း ခေမာရက်ခ်သည်
သူ့အားစိတ်ဆိုးနေသဖြင့် စနောက်ခြင်းသာဖြစ်ပေမည်ဟု မျှော်လင့်
နေဆဲ။
“” မောင်… ဝိုင်ပုလင်းဖောက်လိုက်မယ်နော်.. “”
သူမသည် ဝိုင်ပုလင်းအဖုံးကိုကျွမ်းကျင်စွာဖောက်လိုက်ပြီး ဝိုင်ခွက်
ထဲသို့ ခွက်တစ်ဝက်ခန့်ငဲ့ထည့်လိုက်သည်။ပြီးနောက်ဝိုင်နံ့လေးကို
တစ်ချက်ရှုလိုက်ကာ ဝိုင်အနည်းငယ်ကိုသောက်လိုက်သည်။

“” ဝါးး..ဝိုင်ကအမိုက်စားပါလား.. ဒီတံဆိပ်လေးကြိုက်တယ်..””
ဟုဆိုပြီး တေဇာအောင်အနားတိုးကပ်လာကာ ဘယ်ဖက်နားရွက်ကို
ဆွဲယူရင်း ဓါးဖြင့်ဖြတ်ထုတ်လိုက်တော့သည်။

“” အူးးးး… အင့်… “”
“” Surprise “”
ထင်မှတ်မထားသောအပြုအမူနှင့်အတူ နာကျင်လွန်းသဖြင့် အံကြိတ်
ရင်း အသက်အောင့်ကာ ငြီးတွားမိလိုက်သည်။ဘယ်ဖက်နားရွက်ဆီ
မှ ခပ်နွေးနွေးပူစပ်ကာနေသည်။သွေးများစီးကျနေပြီမှန်းသူခံစားသိ
ရှိလိုက်၏။ကြောက်ရွံ့မှုက ကြီးစိုးလာကာ နှလုံးသွေးရပ်တန့်သွား
မတတ်တုန်လှုပ်နေတော့သည်။ခေမာရက်ခ်ကတော့ မမှု့ချေ။
သူမလက်ထဲပါလာသော နားရွက်အပိုင်းကိုလျှာဖြင့်တို့ထိနေပြီး
အရသာခံနေသည်။

“” အိုးမိုင်ဂေါ့… မောင့်သွေးကသိပ်ချိုတာပဲကိုး.. ””
ထိုသို့ပြောပြီးကျေနပ်ကာ နားရွက်မှသွေးများကိုကုန်စင်အောင်လျှာ
ဖြင့်လျှက်နေသည်။ထို့နောက်နားရွက်ပြတ်ကို တစ်ကိုက်ကိုက်ကြည့်
သည်။
“” စားလို့မရသေးဘူး.. “”
ဟုဆိုကာမီးပလပ်ဖြင့်အသုံးပြုရသည့်အသားကင်အိုးကိုစားပွဲပေါ်
သို့ယူလာခဲ့သည်။ထို့နောက် အသားကင်အိုးပေါ်သို့နားရွက်ပြတ်ကို
စိမ်ပြေနပြေကင်နေလေသည်။

တေဇာအောင်သည် သူ၏နားရွက်ကိုချစ်သူကအသားကင်သကဲ့သို့
ကင်စားနေသည်ကို ထိတ်လန့်ကြောက်ရွံ့စွာကြည့်ရင်း မျက်ရည်
များစီးကျလာသည်။အသားကင်အနံ့မှာသူ၏စိတ်ကိုပိုမို၍ချောက်
ချားစေခဲ့လေ၏။
“” အရမ်းမွှေးတာပဲ.. “”
သူမသည် ကျက်နေပြီဖြစ်သော နားရွက်ကို တဂျွတ်ဂျွတ်ကိုက်စား
ရင်း ဝိုင်ခွက်ကိုယူကာသောက်နေသည်။ကျေနပ်စွာပြုံးကာ..
“” မောင်.. အခုဆိုရင် မောင်နဲ့ချစ်က တစ်ယောက်ထဲဖြစ်သွား
သလိုပဲသိလား.. မောင့်တစ်ကိုယ်လုံးကိုစားပြီးရင် ချစ်နဲ့မောင်
တစ်ယောက်ထဲဖြစ်သွားတော့မှာ.. အဟင်း.. “”

သူမ၏စကားများကြားလိုက်တိုင်းတုန်လှုပ်နေခဲ့ရသဖြင့် နာကျင်မှု
ကိုပင်မေ့လျှော့နေသလိုဖြစ်လာသည်။သူမကထပ်မံ၍အနားနား
တိုးကပ်လာကာ…
“” မောင်… ချစ်ကိုအရမ်းချစ်တယ်မလားဟင်… “”
သူ့အားစူးစိုက်ကြည့်ရင်းမေးလာသောခေမာရက်ခ်ကို ကြောက်ရွံ့
စွာကြည့်ရင်း မျက်ရည်များကြားမှ ခေါင်းငြိမ့်ပြလိုက်သည်။

နောက်တစ်နေ့မနက်တွင် ခရီးမှပြန်လာကြသောခေမာရက်မိဘများ
သည် ခေါ်မကြားသဖြင့် တံခါးကိုဖျက်ပြီးအိမ်ထဲသို့ဝင်လာကြ၏။
တစ်အိမ်လုံးတိတ်ဆိတ်နေပြီး ညော်နံ့များက ထောင်းထောင်းထနေ
သဖြင့် ထမင်းစားခန်းထဲသို့ဝင်ကြည့်လိုက်ကြသည်။
“” အားးး.. “”
ခေမာရက်ခ် မိခင်၏ ထိတ်လန့်တကြားအော်ဟစ်သံကပတ်ဝန်းကျင်
တစ်ခုလုံးဟိန်းသွားတော့သည်။သူမ၏သမီးဖြစ်သူနှင့်အတူ နံဘေး
တွင် အိုးခွက်ပန်းကန်များအပြည့်အသားများလှီးထုတ်ထားပြီးထည့်
ထားသောလူအသားများ၊သွေးသံရဲရဲနှင့်အသားစအချို့ကျန်ရစ်နေ
သေးသောလူသေအရိုး၊ စားပွဲပေါ်တွင် အသားကင်အချို့နှင့် ဝိုင်ပုလင်း
ခွံတို့ကို ထိတ်လန့်စွာမြင်တွေ့လိုက်ရသောကြောင့် ထိုနေရာမှာပင်
မေ့လဲသွားတော့သည်။

“” ခေမာရက်ခ်..သမီး..ဒါဘာတွေလုပ်နေတာလဲ.. “”
ဖခင်ကို တစ်ချက်လှည့်ကြည့်ပြီး သူမပြုံးရယ်ကာပြောလိုက်သည်။
“” မောင့်ကိုအရမ်းချစ်လို့ပါ ဖေဖေ “”
သူမ၏ဖခင်သည် မိန်းမဖြစ်သူကိုပွေ့ချီရင်း အိမ်အပြင်ဖက်သို့ပြေး
ထွက်ကာ ပတ်ဝန်းကျင်ကိုအော်ဟစ်အကူညီတောင်းနေလေတော့
သတည်း။

သော်တာလမင်းစန္ဒာ