မသေသင့်ပဲသေရတယ်

မသေသင့်ပဲသေရတယ်(စ/ဆုံး)

—————————

မြန်မာနိုင်ငံထဲက ရွာလေးတစ်ရွာ ရဲ့ အဖြစ်အပျက် အမှန်လေးပါ။
ရွာနာမည်တော့ မပြောတော့ပါဘူး။

တစ်နေ့ တင်အောင် မိန်းမ လှရီ ကိုယ်ဝန် ဗိုက်နာပါလေရော ။ည ၉ နာရီ ၁၀ နာရီလောက်ရှိမယ်၊ တင်အောင်တစ်ယောက်လည်း လက်သည် ဒေါ်ဖွားမေဆီ ပြေးခေါ် ရတာပေါ့။ဒေါ်ဖွားမေ နဲ့ အတူ အိမ်ပြန်ပြေးလာပြီး တင်အောင်က အိမ်အောက်မှာ စောင့်နေရတာပေါ့။ တတ်မှတ်သလောက် ဘုရားစာတွေ ရွတ်နေရင် အိမ်ပေါ်က အသံတွေ တိတ်သွားခဲ့တယ်။
တင်အောင်လည်း တိတ်ဆိတ်စွာနဲ့ ငြိမ်ပြီးနားထောင်နေတယ်။

ဒေါ်ဖွားမေ အိမ်ထဲက ထွက်လာပြီး တင်အောင်ကို အသာလေး ကပ်ပြောတယ်။
လှရီ ကလေးမွေးရခက်လို့ ဆုံးပြီတဲ့ ၊ တင်အောင်ခမျာ အရူးတစ်ပိုင်း ဖြစ်ရော၊ မိန်းမရော ကလေးရော တစ်ခါတည်း ဆုံးပြီ ဆိုတော့၊
ဒေါ်ဖွားမေ ကစိတ်ကိုထိန်းဖို့ ဖြောင်ဖျပြီး၊ လူကြီးတွေကို အကြောင်းကြားတာပေါ့။ လူကြီးတွေကလဲ ချက်ချင်း မြေချဖို့ စီစဉ်ကြတာပေါ့။

တင်အောင်ခမျာ လှရီ အလောင်းဘေးမှ ထိုင်ငိုနေလိုက်တာဗျာ။ လူကြီးတွေ မနည်း ပြောယူရတယ်။
လှရီကို မြေချပြီး။ မနက်မိုးလင်းမှ ဘုန်းကြီးပင့် အလှူလုပ်ကြမယ်ပေါ့။ လူကြီး နှစ်ယောက်သုံးယောက်လောက် တင်အောင်နဲ့ အတူ အိပ်ကြတယ်။စိတ်ထိခိုက်နေတဲ့ တင်အောင်ကို စိုးရိမ်ကြလို့ပေါ့။
အိပ်နေရင်း ညနှစ်နာရီလောက် တင်အောင် အလန့်တကြားနဲ့ ထလာပြီး လှရီဆီသွားမယ် ၊လှရီဆီသွားမယ်၊ လှရီ အသက်ရှုကျပ်နေပြီ ၊ ကျနော်မသွားရင်သူသေလိမ့်မယ်။ သူကျနော့်ကို ခေါ်နေတယ် ၊ သူ့ကို လာကယ်ပါအုံးတဲ့ ၊ မှောင်မဲ နေရော သူကြောက်တယ်တဲ့။ ပြီးတော့ အသက်ရှုကျပ်နေပြီတဲ့ ၊ လက်တွေလည်း နာလိုက်တာတဲ့။ သူခေါ်တာ ဘယ်သူမှ မကြားဘူးတဲ့။

လူကြီးသုံးယောက် ဝိုင်းထိန်းနေတဲ့ ကြားက အတင်းရုန်းပြီး သင်္ချုင်္ိင်း ကုန်းကို ပြေးပါလေရော။
လှရီ မြေပုံရှေ့ ရောက်တော့ ။

ပေါက်ပြားနဲ့ တူးပါလေရော။
လူကြီးသုံးယောက်လည်း ရွာသားတွေကို ပြန်ခေါ်ပြီး လိုက်လာကြတာပေါ့။
တင်အောင်က တူးပြီး အခေါင်းကို ဖွင့်ပြီး လှရီကို အပြင်ထုတ်လိုက်တယ်။
အသက်ရှုသံ သဲ့သဲ့လေးကြားလိုက်ရတယ်။
နှလုံးနား ကပ်နားထောင်တော့ နှလုံး ခုန်နေသေးတယ်။

သူကို အိမ်မက်လာပေးတာ မှန်နေပြီပေါ့။လှရီရဲ့ လက်သည်းတွေ ကြားထဲမှာ အခေါင်းကို ကုတ်ထားလို့ သစ်စတွေ ဝင်ပြီး သွေးတွေ ထွက်နေတယ်။
ရွာသားတွေလည်း တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။

တင်အောင်က လှရီကို အိမ်ခေါ် ပြန်ဖို့လုပ်သေးတယ်။ရွာသားတွေက ဝိုင်းတားကြတယ်။သင်္ချုင်္ိင်းက လူကို ရွာထဲ ယူရင် ရွာနာတယ်လေး ဘာလေးပေါ့။
ရွာတွေ ရဲ့ အယူသီးမှုတစ်ခုပေါ့ဗျာ။
အပြန်အလှန် ငြင်းခုံနေရင်း လှရီ တစ်ယောက် ဇတ်လေး ကျိုးကျသွားခဲ့တယ်။

နှလုံးမခုန်တော့ဘူး။အသက်လည်း မရှုတော့ဘူး။
်သေပြီ၊ လှရီ တစ်ကယ်သေသွားခဲ့ပြီ ၊လှရီ
လှရီ နဲ့ တစ်ကြော်ကြော် အော်ရင်း တင်အောင် တစ်ယောက် အသိစိတ်လုံးလုံး ပျောက်သွားခဲ့တယ်။

အခုထိ အရူးတစ်ယောက်အဖြစ်နဲ့ ရွာပြင် သင်္ချုင်္ိင်းမှာ ရှိနေတုန်းပါပဲ။ လှရီရဲ့ အုတ်ဂူလေးဘေးမှာ နေတုန်းပါပဲ၊

မျောနေတာကို သေပြီဆိုပြီး ဘုမသိ ဘမသိ မြေမြှုပ်လိုက်လို့ အသက်နှစ်ချောင်း ဆုံးတဲ့ အပြင် ယောင်္ကျားလဲ အရူးတစ်ပိုင်းနဲ့ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်လေးတစ်ခုပါ။

ပြီးပါပြီ…….

#လေးစားစွာcreditပေးပါသည်