မိန်းမရှုပ်တစ်ဦး(စ/ဆုံး)

Unicode Version

မိန်းမရှုပ်တစ်ဦး(စ/ဆုံး)
—————————–
တစ်ခုသော နွေရာသီ နေ့လယ်ပိုင်းတွင် အိုက်စပ်လွန်းလှသဖြင့် ကျွန်ုပ် ငှားရမ်းနေထိုင်သော တိုက်တန်းလျား၏ အရှေ့အရိပ်တွင် ကုလားထိုင်တစ်လုံးချကာ ရေနွေးကြမ်းတစ်ကရားဖြင့် တစ်ဖက်လမ်းသို့ လှမ်းမျှော်ကြည့်ရင်း အချိန်ဖြုန်းနေလေ၏။

ထိုအချိန်၌ လမ်းအတွင်းမှ မိတ်ဆွေတစ်ဦး အနီးသို့ရောက်လာပြီးလျှင်…
“ဘယ်လိုလဲ ကိုအောင်ထွန်း၊ ရေနွေးတစ်ခရားနဲ့ ဇိမ်ကျနေပါလား” ဟုပြောလေ၏။

“ဇိမ်ကျတယ်ရယ် မဟုတ်ပါဘူးဗျာ၊ ဟိုကြည့် ဒီကြည့် ကြည့်နေတာပါ” ဟုပြန်၍ ပြောလိုက်လေ၏။ ထိုအခါ ထိုလူက…

“ဒါနဲ့ နေပါဦး ကိုအောင်ထွန်းရဲ့။ ခင်ဗျားနဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းက လူငှားရသွားပြီနဲ့တူတယ်။ ပြတင်းပေါက်မှာ ရောင်စုံလိုက်ကာလေးတွေ တပ်ထားတာ တွေ့ရတယ်” ဟု ကျွန်ုပ်အား ပြောလိုက်ပြန်စဉ် ထိုအခန်းမှ မိန်းမသည် ဆင်းလာ၏။

ကျွန်ုပ်အနီးမှ မိတ်ဆွေသည် ထိုမိန်းမကို လှမ်း၍ကြည့်ပြီးလျှင်…
“အလို.. ဘယ်သူများလဲမှတ်တယ် လေဒီဂျစ်ခင်ခင်ပါလား” ဟု ပြောလိုက်သဖြင့် ကျွန်ုပ်က

“ခင်ဗျားသိသလား” ဟု မေးလိုက်ရာ ထိုသူက…
“လေဒီဂျစ်ခင်ခင်ကို မသိတဲ့သူမရှိပါဘူး။ မြစ်နားမှာ သူ ရပ်နေတုန်း မျောလာတဲ့ သပွတ်အူက အလေးပြုသွားရတဲ့မိန်းမပေါ့၊ ရှုပ်တဲ့နေရာမှာ နှစ်ယောက်မရှိဘူး” ဟုပြောလိုက်၏။

ထို့နောက် ရက်များမကြာမှီ၌ လေဒီဂျစ်ခင်ခင်အိမ်၌ အိမ်တက်မင်္ဂလာ ဖိတ်ကြားသဖြင့် ကျွန်ုပ်လည်း ရောက်ရှိသွားရလေ၏။ ထိုအိမ်တက်ပွဲတွင် မန္တလေးကြာဆံချက်ကျွေး၏။ လက်ဖက်ရည် ကော်ဖီတိုက်၏။

လေဒီဂျစ်ခင်ခင်သည် စားသောက်နေသော စားပွဲဝိုင်းတိုင်းသို့ သွားရောက်၍ ဧည့်ခံစကားပြော၏။ ကျွန်ုပ်တို့ ဝိုင်းသို့လည်းရောက်လာ၏။
“ဪ .. ဒီကအစ်ကိုက ကိုအောင်ထွန်းဆိုတာမှတ်တယ်” ဟု ပြောလိုက်သဖြင့် ကျွန်ုပ်က ..
“ဟုတ်ကဲ့… ဟုတ်ကဲ့” ဟုပြန်၍ ဖြေရလေ၏။

ထိုအခါ ခင်ခင်က…
“နာမည်ကိုသိနေလို့ အံ့သြသွားသလား။ ခုံလေးချပြီး ရေနွေးကြမ်းသောက်ရင်း ခင်ခင်တို့ အိမ်ဘက်ကို ကြည့်ကြည့်နေတတ်လို့ ဘယ်သူလဲလို့ စုံစမ်းရင်း သိသွားတာပါ။

ခင်ခင်က ခင်ခင်ဆိုတဲ့အတိုင်း ခင်တတ်မင်တတ်ပါတယ်။ အဲဒီလို ခင်တတ်တာကိုပဲ အချို့ ရှုပ်တယ်လို့ ထင်တတ်ကြတယ်။ ရှုပ်တာက လွယ်ပါတယ်။ ခင်တတ်ဖို့က ခက်တယ်” ဟု ပြောလေ၏။

ကျွန်ုပ်လည်း သွက်လက်လှသော ခင်ခင်၏ ပြောပုံဆိုပုံကို သဘောကျမိလေ၏။
“ဒါနဲ့ နေစမ်းပါဦး ခင်ခင်ရယ်၊ သိရတာလည်း ဝမ်းသာပါတယ်။ ဘာအလုပ်လုပ်ပါသလဲဗျာ” ဟု မေးလိုက်ရာ…
“အမှန်အတိုင်းပြောရရင် ခင်ခင့်မှာအလုပ်မရှိပါဘူး။

တကယ် ခင်ခင်လုပ်နေတဲ့အလုပ်ကတော့ လူတွေကို လိုက်ပြီး ကူညီတဲ့အလုပ်ပါပဲ။ ဥပမာပြောရရင် အစ်ကိုထွန်းအောင် အခုအမှုဖြစ်နေတယ်ဆိုပါစို့ အဲဒီအမှုနဲ့ သင့်တော်တဲ့ ရှေ့နေရအောင် ရှာပေးတယ်။ သမီးပျောက်သွားတယ် ဆိုပါတော့ အဲဒီသမီးကို မတွေ့တွေ့အောင် ရှာပေးတယ်။

အဲဒီသမီးဟာ ရိုးရိုးပျောက်တာ မဟုတ်ဘဲ ယောက်ျားနောက် လိုက်သွားတာဆိုရင်တော့ သူ့ယောက်ျားဆီကလုယူပြီး မိဘဆီ ပြန်ပို့ပေးတယ်” ဟု ခင်ခင်ကပြောလိုက်လျှင် ကျွန်ုပ်က ..
“ခင်ဗျားပြောတဲ့အတိုင်းဆိုရင် မခင်ခင်ရေ .. ခင်ဗျားဟာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်တွေ လုပ်မိတတ်တယ်” ဟု ပြောလိုက်ရာ ခင်ခင်က…

“မှန်တာပေါ့ အကိုရယ်.. တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်းရှိတယ်။ ကျန်တဲ့နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏။ ထို့နောက် ခင်ခင်က…

“ဒါနဲ့ အကိုရယ် .. မေးရမှာတော့ အားနာပါတယ်။ အစ်ကို ဘာအလုပ်လုပ်လဲ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က..
“အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင်ရေ” ဟု ပြန်ဖြေလိုက်လျှင်…

“ဒီလိုဆိုရင်တော့ ခင်ခင်က အကူအညီ တောင်းချင်တယ်။ ခင့်အစ်ကို ဝမ်းကွဲတစ်ယောက်ဟာ ဆေးရုံတက်နေတယ်။ ညစောင့်ပေးမယ့် လူမရှိဘူး။ ယောက်ျားအဆောင်ဆိုတော့ ခင်ခင်ကိုယ်တိုင် သွားစောင့်လို့မရဘူး။

အဲဒါလေး တစ်ဆိတ်လောက် ခင်ခင်ကို ကူညီတဲ့အနေနဲ့ လူနာကို သွားစောင့်ပေးပါလား” ဟု အကူအညီတောင်းလေ၏။

ထိုအခါ ကျွန်ုပ်က..
“ခင်ခင်ရယ် အကူအညီပေးချင်ပါတယ်၊ ဒါပေမဲ့ ဆေးရုံတွေ ဘာတွေဟာ အခြောက်အလှန့်ရှိတယ်။

အဲဒါမျိုးတွေကို ကျုပ်က သိပ်ကြောက်တယ်ဗျာ။ ဒါကြောင့် ညဘက်ဆေးရုံမှာ စောင့်ရတဲ့အလုပ်ကတော့ မလုပ်ဝံ့ပါဘူးဗျာ” ဟု ပြောလိုက်လျှင် ခင်ခင်က ဟက်ဟက်ပက်ပက် ရယ်လေ၏။

“အစ်ကိုက တကယ် သတ္တိကောင်းတာပဲနော်၊ မဟာဗန္ဓုလနဲ့ဘယ်လိုများ တော်သလဲ” ဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က..
“ခင်ခင်ပြောချင်သလိုသာပြောတော့ ကျုပ်ကတော့ ကြောက်တတ်တာအမှန်ပဲ” ဟု ပြောလိုက်ရာ ခင်ခင်က သနားသောမျက်လုံးဖြင့် ကျွန်ုပ်ကိုကြည့်လေ၏။

“တကယ်ကြောက်တတ်တယ်ဆိုရင်တော့ ခင်ခင်က မကြောက်ရတဲ့နည်းတစ်ခုပေးမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်က…
“ပေးစမ်းပါဗျာ..” ဟု ဝမ်းသာအားရတောင်းမိလေ၏။

“ဒီမှာ အစ်ကိုရေ.. အခြောက်အလှန့် ရှိတယ်ဆိုတဲ့နေရာမှာ ညအိပ်ရမယ်ဆိုရင် ကတ်ကြေးတစ်လက် ယူသွား၊ ကတ်ကြေးကို ပါးစပ်ဖြဲလိုက် စေ့လိုက် အကြိမ်ကြိမ်လုပ်ပြီး နောက်ဆုံးမှာ ပါးစပ်ဖြဲပြီးအနားမှာ ချထားလိုက်၊ အခြောက်အလှန့်တွေ မလာတော့ဘူး။

နောက်တစ်ခုကတော့ ကုလားပဲ လက်တစ်ဆုပ်နဲ့ သဲလက်တစ်ဆုပ်ယူသွား အနားမှာပုံထား၊ ပျင်းလို့ အခြောက်ခံချင်ပါတယ် ဆိုရင်တောင် မလာတော့ဘူး” ဟု ခင်ခင်က ပြောလေ၏။

ကျွန်ုပ်လည်း မှတ်သားလိုက်ရလေ၏။ ထို့နောက်ခင်ခင်၏ အစ်ကိုလူနာအတွက် စောင့်ပေးရန် တာဝန်ယူလိုက်၏။ ကတ်ကြေးတစ်လက်လည်း ယူသွား၏။ သဲတစ်ဆုပ် ပဲတစ်ဆုပ်လည်း ယူသွား၏။

ခင်ခင်ပြောသည့်အတိုင်း လုပ်ထားလိုက်၏။ မည်သည့် အခြောက်အလှန့်မျှ မလာတော့ပေ။ ကျွန်ုပ်သည် ခင်ခင်ကို လွန်စွာ ကျေးဇူးတင်ရ၏။ လူနာဆေးရုံမှ ဆင်းသွားသောအခါ၌ ခင်ခင်သည် ကျွန်ုပ်အား တိုက်ပုံအင်္ကျီတစ်ထည်၊ ယောပုဆိုးတစ်ထည်နှင့် ငွေ ၅၀ဝ ကန်တော့လိုက်လေ၏။
ကျွန်ုပ်ကလည်း “နေပါစေ နေပါစေ” ဟု ဆိုကာ ယူထားလိုက်လေ၏။

တစ်နေ့တွင် ခင်ခင်နှင့် ကျွန်ုပ်သည် တွေ့ကြပြန်၏။ ၎င်းက ကျွန်ုပ်အား…
“ဘာတွေ အလုပ်များနေတာလဲ အစ်ကို ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က…
“ဘာမျှအလုပ်မများပါဘူး ခင်ခင်ရယ် ကျုပ်ရဲ့ရင်ဘတ်မှာ အနာကလေးတစ်လုံး ပေါက်နေတယ်။ အဲဒီအနာကို ဆရာဝန်ပြကြည့်တော့ ဆရာဝန်က ဒီနေ့ဆေးရုံမှာ ခွဲပေးမယ်လို့ ပြောတယ်။

ကျုပ်ကလည်း နာမှာသိပ်ကြောက်တဲ့လူသားဗျ။ အဲဒါအတွက် ယောက်ယပ်ခတ်နေတာပါ” ဟု ပြောလိုက်ရာ ခင်ခင်က…
“အစ်ကို့ကို အနာသက်သာတဲ့ ဂါထာတစ်ခု သင်ပေးမယ်။ အဲဒါက ဘာလဲဆိုတော့ ‘ဆွာဆွန်း’ ဆိုတဲ့ ဂါထာကို (၈) ကြိမ်ရွတ်ပြီး အခွဲခံလိုက်ပါ။ အစ်ကို မနာဘဲ ခွဲပြီးတာကို အံ့သြဖွယ်ရာကို တွေ့စေရပါလိမ့်မယ်” ဟု ပြောလေ၏။

ကျွန်ုပ်လည်း ထိုနေက ဆေးရုံ၌ ခင်ခင်ပြောသည့်အတိုင်း ‘ဆွာဆွန်း’ (၈) ကြိမ်ရွတ်၍ အခွဲခံ၏။

မည်သို့ဖြစ်သည်မသိ၊ ခွဲလို့ခွဲမှန်းပင် မသိပေ။ အနာအကျင် လုံးဝမရှိဘဲ ပြီးသွား၏။ ထို့ကြောင့် ကျွန်ုပ်စိတ်၌ ဒီမိန်းကလေးသည် အလွန်တော်သော မိန်းကလေးဖြစ်၏။ သို့သော် အများက ရှုပ်တယ်ဟု ပြောဆိုနေကြ၏။

ရှုပ်ရှုပ် မရှုပ်ရှုပ် ကျွန်ုပ် သူ့ကိုခင်၏။

🙏 သဗေ သတာ ကမသကာ 🙏
✍  မင်းသိင်္ခ
📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ

Zawgyi Version

မိန္းမရႈပ္တစ္ဦး(စ/ဆုံး)
—————————–
တစ္ခုေသာ ေႏြရာသီ ေန႔လယ္ပိုင္းတြင္ အိုက္စပ္လြန္းလွသျဖင့္ ကြၽႏ္ုပ္ ငွားရမ္းေနထိုင္ေသာ တိုက္တန္းလ်ား၏ အေရွ႕အရိပ္တြင္ ကုလားထိုင္တစ္လုံးခ်ကာ ေရေႏြးၾကမ္းတစ္ကရားျဖင့္ တစ္ဖက္လမ္းသို႔ လွမ္းေမွ်ာ္ၾကည့္ရင္း အခ်ိန္ျဖဳန္းေနေလ၏။

ထိုအခ်ိန္၌ လမ္းအတြင္းမွ မိတ္ေဆြတစ္ဦး အနီးသို႔ေရာက္လာၿပီးလွ်င္…
“ဘယ္လိုလဲ ကိုေအာင္ထြန္း၊ ေရေႏြးတစ္ခရားနဲ႔ ဇိမ္က်ေနပါလား” ဟုေျပာေလ၏။

“ဇိမ္က်တယ္ရယ္ မဟုတ္ပါဘူးဗ်ာ၊ ဟိုၾကည့္ ဒီၾကည့္ ၾကည့္ေနတာပါ” ဟုျပန္၍ ေျပာလိုက္ေလ၏။ ထိုအခါ ထိုလူက…

“ဒါနဲ႔ ေနပါဦး ကိုေအာင္ထြန္းရဲ႕။ ခင္ဗ်ားနဲ႔ မ်က္ႏွာခ်င္းဆိုင္တိုက္ခန္းက လူငွားရသြားၿပီနဲ႔တူတယ္။ ျပတင္းေပါက္မွာ ေရာင္စုံလိုက္ကာေလးေတြ တပ္ထားတာ ေတြ႕ရတယ္” ဟု ကြၽႏ္ုပ္အား ေျပာလိုက္ျပန္စဥ္ ထိုအခန္းမွ မိန္းမသည္ ဆင္းလာ၏။

ကြၽႏ္ုပ္အနီးမွ မိတ္ေဆြသည္ ထိုမိန္းမကို လွမ္း၍ၾကည့္ၿပီးလွ်င္…
“အလို.. ဘယ္သူမ်ားလဲမွတ္တယ္ ေလဒီဂ်စ္ခင္ခင္ပါလား” ဟု ေျပာလိုက္သျဖင့္ ကြၽႏ္ုပ္က

“ခင္ဗ်ားသိသလား” ဟု ေမးလိုက္ရာ ထိုသူက…
“ေလဒီဂ်စ္ခင္ခင္ကို မသိတဲ့သူမရွိပါဘူး။ ျမစ္နားမွာ သူ ရပ္ေနတုန္း ေမ်ာလာတဲ့ သပြတ္အူက အေလးျပဳသြားရတဲ့မိန္းမေပါ့၊ ရႈပ္တဲ့ေနရာမွာ ႏွစ္ေယာက္မရွိဘူး” ဟုေျပာလိုက္၏။

ထို႔ေနာက္ ရက္မ်ားမၾကာမွီ၌ ေလဒီဂ်စ္ခင္ခင္အိမ္၌ အိမ္တက္မဂၤလာ ဖိတ္ၾကားသျဖင့္ ကြၽႏ္ုပ္လည္း ေရာက္ရွိသြားရေလ၏။ ထိုအိမ္တက္ပြဲတြင္ မႏၲေလးၾကာဆံခ်က္ေကြၽး၏။ လက္ဖက္ရည္ ေကာ္ဖီတိုက္၏။

ေလဒီဂ်စ္ခင္ခင္သည္ စားေသာက္ေနေသာ စားပြဲဝိုင္းတိုင္းသို႔ သြားေရာက္၍ ဧည့္ခံစကားေျပာ၏။ ကြၽႏ္ုပ္တို႔ ဝိုင္းသို႔လည္းေရာက္လာ၏။
“ဪ .. ဒီကအစ္ကိုက ကိုေအာင္ထြန္းဆိုတာမွတ္တယ္” ဟု ေျပာလိုက္သျဖင့္ ကြၽႏ္ုပ္က ..
“ဟုတ္ကဲ့… ဟုတ္ကဲ့” ဟုျပန္၍ ေျဖရေလ၏။

ထိုအခါ ခင္ခင္က…
“နာမည္ကိုသိေနလို႔ အံ့ၾသသြားသလား။ ခုံေလးခ်ၿပီး ေရေႏြးၾကမ္းေသာက္ရင္း ခင္ခင္တို႔ အိမ္ဘက္ကို ၾကည့္ၾကည့္ေနတတ္လို႔ ဘယ္သူလဲလို႔ စုံစမ္းရင္း သိသြားတာပါ။

ခင္ခင္က ခင္ခင္ဆိုတဲ့အတိုင္း ခင္တတ္မင္တတ္ပါတယ္။ အဲဒီလို ခင္တတ္တာကိုပဲ အခ်ိဳ႕ ရႈပ္တယ္လို႔ ထင္တတ္ၾကတယ္။ ရႈပ္တာက လြယ္ပါတယ္။ ခင္တတ္ဖို႔က ခက္တယ္” ဟု ေျပာေလ၏။

ကြၽႏ္ုပ္လည္း သြက္လက္လွေသာ ခင္ခင္၏ ေျပာပုံဆိုပုံကို သေဘာက်မိေလ၏။
“ဒါနဲ႔ ေနစမ္းပါဦး ခင္ခင္ရယ္၊ သိရတာလည္း ဝမ္းသာပါတယ္။ ဘာအလုပ္လုပ္ပါသလဲဗ်ာ” ဟု ေမးလိုက္ရာ…
“အမွန္အတိုင္းေျပာရရင္ ခင္ခင့္မွာအလုပ္မရွိပါဘူး။

တကယ္ ခင္ခင္လုပ္ေနတဲ့အလုပ္ကေတာ့ လူေတြကို လိုက္ၿပီး ကူညီတဲ့အလုပ္ပါပဲ။ ဥပမာေျပာရရင္ အစ္ကိုထြန္းေအာင္ အခုအမႈျဖစ္ေနတယ္ဆိုပါစို႔ အဲဒီအမႈနဲ႔ သင့္ေတာ္တဲ့ ေရွ႕ေနရေအာင္ ရွာေပးတယ္။ သမီးေပ်ာက္သြားတယ္ ဆိုပါေတာ့ အဲဒီသမီးကို မေတြ႕ေတြ႕ေအာင္ ရွာေပးတယ္။

အဲဒီသမီးဟာ ႐ိုး႐ိုးေပ်ာက္တာ မဟုတ္ဘဲ ေယာက္်ားေနာက္ လိုက္သြားတာဆိုရင္ေတာ့ သူ႔ေယာက္်ားဆီကလုယူၿပီး မိဘဆီ ျပန္ပို႔ေပးတယ္” ဟု ခင္ခင္ကေျပာလိုက္လွ်င္ ကြၽႏ္ုပ္က ..
“ခင္ဗ်ားေျပာတဲ့အတိုင္းဆိုရင္ မခင္ခင္ေရ .. ခင္ဗ်ားဟာ ဥပေဒနဲ႔ မလြတ္ကင္းတဲ့ အလုပ္ေတြ လုပ္မိတတ္တယ္” ဟု ေျပာလိုက္ရာ ခင္ခင္က…

“မွန္တာေပါ့ အကိုရယ္.. တစ္ပတ္မွာ ငါးရက္ေလာက္ အမႈခ်ိန္းရွိတယ္။ က်န္တဲ့ႏွစ္ရက္ကလည္း ႐ုံးပိတ္ထားလို႔ မသြားရတာ” ဟု ျပန္၍ ေျဖလွ်င္ ကြၽႏ္ုပ္သည္ ရယ္မိေသးေတာ့၏။ ထို႔ေနာက္ ခင္ခင္က…

“ဒါနဲ႔ အကိုရယ္ .. ေမးရမွာေတာ့ အားနာပါတယ္။ အစ္ကို ဘာအလုပ္လုပ္လဲ” ဟု တဲ့တိုးႀကီး ေမးလိုက္ေလ၏။ ထိုအခါ ကြၽႏ္ုပ္က..
“အလုပ္ရယ္လို႔ မည္မည္ရရ မရွိပါဘူး မခင္ခင္ေရ” ဟု ျပန္ေျဖလိုက္လွ်င္…

“ဒီလိုဆိုရင္ေတာ့ ခင္ခင္က အကူအညီ ေတာင္းခ်င္တယ္။ ခင့္အစ္ကို ဝမ္းကြဲတစ္ေယာက္ဟာ ေဆး႐ုံတက္ေနတယ္။ ညေစာင့္ေပးမယ့္ လူမရွိဘူး။ ေယာက္်ားအေဆာင္ဆိုေတာ့ ခင္ခင္ကိုယ္တိုင္ သြားေစာင့္လို႔မရဘူး။

အဲဒါေလး တစ္ဆိတ္ေလာက္ ခင္ခင္ကို ကူညီတဲ့အေနနဲ႔ လူနာကို သြားေစာင့္ေပးပါလား” ဟု အကူအညီေတာင္းေလ၏။

ထိုအခါ ကြၽႏ္ုပ္က..
“ခင္ခင္ရယ္ အကူအညီေပးခ်င္ပါတယ္၊ ဒါေပမဲ့ ေဆး႐ုံေတြ ဘာေတြဟာ အေျခာက္အလွန႔္ရွိတယ္။

အဲဒါမ်ိဳးေတြကို က်ဳပ္က သိပ္ေၾကာက္တယ္ဗ်ာ။ ဒါေၾကာင့္ ညဘက္ေဆး႐ုံမွာ ေစာင့္ရတဲ့အလုပ္ကေတာ့ မလုပ္ဝံ့ပါဘူးဗ်ာ” ဟု ေျပာလိုက္လွ်င္ ခင္ခင္က ဟက္ဟက္ပက္ပက္ ရယ္ေလ၏။

“အစ္ကိုက တကယ္ သတၱိေကာင္းတာပဲေနာ္၊ မဟာဗႏၶဳလနဲ႔ဘယ္လိုမ်ား ေတာ္သလဲ” ဟု ေမးေလေတာ့၏။ ထိုအခါ ကြၽႏ္ုပ္က..
“ခင္ခင္ေျပာခ်င္သလိုသာေျပာေတာ့ က်ဳပ္ကေတာ့ ေၾကာက္တတ္တာအမွန္ပဲ” ဟု ေျပာလိုက္ရာ ခင္ခင္က သနားေသာမ်က္လုံးျဖင့္ ကြၽႏ္ုပ္ကိုၾကည့္ေလ၏။

“တကယ္ေၾကာက္တတ္တယ္ဆိုရင္ေတာ့ ခင္ခင္က မေၾကာက္ရတဲ့နည္းတစ္ခုေပးမယ္” ဟု ေျပာလိုက္ရာ ကြၽႏ္ုပ္က…
“ေပးစမ္းပါဗ်ာ..” ဟု ဝမ္းသာအားရေတာင္းမိေလ၏။

“ဒီမွာ အစ္ကိုေရ.. အေျခာက္အလွန႔္ ရွိတယ္ဆိုတဲ့ေနရာမွာ ညအိပ္ရမယ္ဆိုရင္ ကတ္ေၾကးတစ္လက္ ယူသြား၊ ကတ္ေၾကးကို ပါးစပ္ၿဖဲလိုက္ ေစ့လိုက္ အႀကိမ္ႀကိမ္လုပ္ၿပီး ေနာက္ဆုံးမွာ ပါးစပ္ၿဖဲၿပီးအနားမွာ ခ်ထားလိုက္၊ အေျခာက္အလွန႔္ေတြ မလာေတာ့ဘူး။

ေနာက္တစ္ခုကေတာ့ ကုလားပဲ လက္တစ္ဆုပ္နဲ႔ သဲလက္တစ္ဆုပ္ယူသြား အနားမွာပုံထား၊ ပ်င္းလို႔ အေျခာက္ခံခ်င္ပါတယ္ ဆိုရင္ေတာင္ မလာေတာ့ဘူး” ဟု ခင္ခင္က ေျပာေလ၏။

ကြၽႏ္ုပ္လည္း မွတ္သားလိုက္ရေလ၏။ ထို႔ေနာက္ခင္ခင္၏ အစ္ကိုလူနာအတြက္ ေစာင့္ေပးရန္ တာဝန္ယူလိုက္၏။ ကတ္ေၾကးတစ္လက္လည္း ယူသြား၏။ သဲတစ္ဆုပ္ ပဲတစ္ဆုပ္လည္း ယူသြား၏။

ခင္ခင္ေျပာသည့္အတိုင္း လုပ္ထားလိုက္၏။ မည္သည့္ အေျခာက္အလွန႔္မွ် မလာေတာ့ေပ။ ကြၽႏ္ုပ္သည္ ခင္ခင္ကို လြန္စြာ ေက်းဇူးတင္ရ၏။ လူနာေဆး႐ုံမွ ဆင္းသြားေသာအခါ၌ ခင္ခင္သည္ ကြၽႏ္ုပ္အား တိုက္ပုံအက်ႌတစ္ထည္၊ ေယာပုဆိုးတစ္ထည္ႏွင့္ ေငြ ၅၀ဝ ကန္ေတာ့လိုက္ေလ၏။
ကြၽႏ္ုပ္ကလည္း “ေနပါေစ ေနပါေစ” ဟု ဆိုကာ ယူထားလိုက္ေလ၏။

တစ္ေန႔တြင္ ခင္ခင္ႏွင့္ ကြၽႏ္ုပ္သည္ ေတြ႕ၾကျပန္၏။ ၎က ကြၽႏ္ုပ္အား…
“ဘာေတြ အလုပ္မ်ားေနတာလဲ အစ္ကို ..” ဟု ေမးေလ၏။ ထိုအခါ ကြၽႏ္ုပ္က…
“ဘာမွ်အလုပ္မမ်ားပါဘူး ခင္ခင္ရယ္ က်ဳပ္ရဲ႕ရင္ဘတ္မွာ အနာကေလးတစ္လုံး ေပါက္ေနတယ္။ အဲဒီအနာကို ဆရာဝန္ျပၾကည့္ေတာ့ ဆရာဝန္က ဒီေန႔ေဆး႐ုံမွာ ခြဲေပးမယ္လို႔ ေျပာတယ္။

က်ဳပ္ကလည္း နာမွာသိပ္ေၾကာက္တဲ့လူသားဗ်။ အဲဒါအတြက္ ေယာက္ယပ္ခတ္ေနတာပါ” ဟု ေျပာလိုက္ရာ ခင္ခင္က…
“အစ္ကို႔ကို အနာသက္သာတဲ့ ဂါထာတစ္ခု သင္ေပးမယ္။ အဲဒါက ဘာလဲဆိုေတာ့ ‘ဆြာဆြန္း’ ဆိုတဲ့ ဂါထာကို (၈) ႀကိမ္႐ြတ္ၿပီး အခြဲခံလိုက္ပါ။ အစ္ကို မနာဘဲ ခြဲၿပီးတာကို အံ့ၾသဖြယ္ရာကို ေတြ႕ေစရပါလိမ့္မယ္” ဟု ေျပာေလ၏။

ကြၽႏ္ုပ္လည္း ထိုေနက ေဆး႐ုံ၌ ခင္ခင္ေျပာသည့္အတိုင္း ‘ဆြာဆြန္း’ (၈) ႀကိမ္႐ြတ္၍ အခြဲခံ၏။

မည္သို႔ျဖစ္သည္မသိ၊ ခြဲလို႔ခြဲမွန္းပင္ မသိေပ။ အနာအက်င္ လုံးဝမရွိဘဲ ၿပီးသြား၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္စိတ္၌ ဒီမိန္းကေလးသည္ အလြန္ေတာ္ေသာ မိန္းကေလးျဖစ္၏။ သို႔ေသာ္ အမ်ားက ရႈပ္တယ္ဟု ေျပာဆိုေနၾက၏။

ရႈပ္ရႈပ္ မရႈပ္ရႈပ္ ကြၽႏ္ုပ္ သူ႔ကိုခင္၏။

🙏 သေဗ သတာ ကမသကာ 🙏
✍  မင္းသိခၤ
📒 မင္းနန္သူႏွင့္ ဂမၻီရေလာကဝတၳဳတိုမ်ား