မိဘကိုစော်ကားသူ(စ/ဆုံး)

Unicode Version

မိဘကိုစော်ကားသူ(စ/ဆုံး)
———————————-
ပဲခူးတိုင်းအတွင်းသာယာဝတီဘက်ကရွာတရွာမှာလွန်ခဲ့တဲ့၁၀စုနှစ်လောက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းပါ အခုတော့ဒီအဖြစ်အပျက်ကလူတွေတယောက်မှမရှိကြတော့ပါဘူး ဒါကြောင့်သံဝေဂရအောင်တင်ပေးတာပါ့ ရွာကသာသာယာယာမို့ရွာသာယာလို့ပဲမှတ်လိုက်ပါ ရွာသာယာမှာဒေါ်စိန်ဆိုတဲ့အမျိုးသမီးတယောက်ရှိတယ်သူမသည်ချောမောလှပလေသည် သူ့မမှာသမီးအပျိုကလေးနှစ်ယောက်လဲရှိသည် ဒေါ်စိန်ယောင်္ကျားကကုန်သည်ဆိုတော့အိမ်မှာသိပ်မရှိနယ်တကာလှည့်သွားနေရသည် ဒါကြောင့်ဒေါ်စိန်ကသမီးကလေးနှစ်ယောက်တာဝန်ကိုယူထားရလေသည့် ဒေါ်စိန်အမျိုးသားကအရှာအဖွေကောင်းတော့ဒေါ်စိန်ကရွာမှာပြေပြေလည်လည်နေနိုင်လေသည် ပိုလျှံသောပိုက်စံများဖြင့်လယ်များဝယ်ကာအဌားချထားသည်အဲတော့ တောဓလေ့အတိုင်းစားရင်းဌားများလဲအဝင်အထွက်ရှိသည်လေအဲမှာဇတ်လမ်းကစလေသည် ဒေါ်စိန်ကချောတော့သမီးနှစ်ယောက်ကလဲရွာရဲ့ကွမ်းတောင်ကိုင်များဖြစ်လာသည် ရုပ်ရည်မှာအမေထက်သာချင်သောဒေါ်စိန်သမီးနှစ်ယောက်ကအကြီးမကကြည်ကြည်ဟုခေါ်ကာအငယ်မကခင်ခင်ဟုခေါ်လေသည့် ရွာအလူပွဲတွင်ဒေါ်စိန်သမီးများကနေရာအရဆုံးကာလသားများမျက်စိအကျဆုံးဆိုလဲမမှားဘူးပေါ့ ဒါ့ကြောင့်ဒေါ်စိန်ကသမီးများကိုချမ်းသာသောသဌေးသားများနှင့်နေရာချပေးရန်မျှော်လင့်ထားသည် အဖေနဲ့အမေကလိုလေသေးမရှိထားတော့ကြည်ကြည်နဲ့ခင်ခင်ကလဲအားနေအလှပဲပြင်နေတတ်သည့် အတိတ်ကံဆိုတာပြောရခက်သားကိုယ်ဖြစ်ချင်သလိုဖြစ်ခွင့်မရှိတဲ့ကံကြမ္မာကဒေါ်စိန်ကိုစိတ်ဒုခ္ခပေးလေပြီ ဒေါ်စိန်သမီးအကြီးမကြည်ကြည်တယောက်အိမ်ကခိုင်းသောလယ်စာရင်းဌားနဲ့လိုက်ပြေးလေသည် ဒီမှာတင်ဒေါ်စိန်တယောက်ယမ်းပုံမီးကြဖြစ်ကာဒေါသပုန်ထတော့သည်သူမှန်းထားတာကအချီကြီး အခုတော့ဘာမဟုတ်တဲ့လယ်စာရင်းဌားနဲ့လိုက်ပြေးရမလားဆိုပြီးလိုက်ရှာလေသည့် ဒေါ်စိန်အမျိုးသားကနားချပေမဲ့မရပေဒီလိုနဲ့ကြည်ကြည်ကိုပြန်တွေ့တော့ဒေါ်စိန်ကနှစ်ယောက်လုံးပြောဆိုပြီးသူ့သမီးကိုရိုက်နှက်ကာပြန်ခေါ်သည် မလိုက်တဲ့အဆုံးကြည့်ကြည့်ဆံပင်ကိုဆွဲ၍ခေါ်ရာ ကြည်ကြည်တယောက်အမေကိုပါးပြန်ရိုက်လိုက်သည် ထင်မှတ်မထားသောဖြစ်ရပ်မို့အားလုံးအံ့အားသင့်ကုန်၍ဒေါ်စိန်တယောက်အရှက်ကြီးရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည့် သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည် ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ့ မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သောကြည်ကြည်ဝဠ်လည်ပြီ ီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာပါးပေါက်နာကြီးဖြစ်သွားလေသည့် အားလုံးကအမေကိုစော်ကားလို့ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့ ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည့် မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့ အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည် ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည် အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍အော်ရင်းဆုံးပါးသွားလေသည့် သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည့် ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်းအပုတ်နံ့ကြီးနံကာလန့်နိုးသွားသည် ်ဒီအချိန်အိပ်ယာဘေးတွင်ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည် ””အမေသမီးမကျွတ်သေးဘူး””’ ”””’ကြည်ကြည်သမီးမကျွတ်ဘူးလားအမေအမျှပေးတာမရဘူးလား—-”’ ””အမေသမီးသာဓုမခေါ်နိုင်ဘူး——–”” ””””ဒါဆိုမနက်ဘုရားမှာအမေသွားလူပေးမယ်သမီးလိုက်ခဲ့’—–””” ””သမီးဘုရားတွေဘုန်းကြီးကျောင်းတွေလိုက်လို့မရဘူးအမေသမီးအကုသိုလ်ကကြီးတော့သာဓုမခေါ်နိုင်ဘူး’—–”””” ””’သမီးအမိုက်မရယ်ဒုခ္ခတွေကြီးလိုက်တာအမေဘာလုပ်ပေးရမလဲ” ” ””’အမေသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးတပါးပင့်ပြီးကုသိုလ်လုပ်ကာအမျှဝေပါဒါမှသမီးဘဝကူးနိုင်မှာအမေ” ‘ ကြည်ကြည်ပြောပြီးပျောက်သွားးတော့ဒေါ်စိန်ငိုလေသည် နောက်နေ့မှာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုန်းကြီးပင့်ကာကြည်ကြည်အတွက်ကောင်းမှု့ကုသိုလ်လုပ်ကာအမျှဝေလေသည် အဲဒီနောက်ပိုင်းကြည်ကြည်ခြောက်တဲ့အသံမကြားရတော့ပေ ကြည်ကြည်တစ်ယောက်ဘယ်ဘဝရောက်သွားသည်ကိုတော့ဘယ်သူမှမသိနိုင်ပါ ဒေါ်စိန်လဲဖြစ်ချင်းတိုင်းမဖြစ်သောကံတရားကြောင့်အသိတရားတွေရကာရိပ်သာဝင်လေသည် ——ပြီး——— **********D Moe Moe*********့

Zawgyi Version

———————————-
ပဲခူးတိုင်းအတွင်းသာယာဝတီဘက်ကရွာတရွာမှာလွန်ခဲ့တဲ့၁၀စုနှစ်လောက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းပါ အခုတော့ဒီအဖြစ်အပျက်ကလူတွေတယောက်မှမရှိကြတော့ပါဘူး ဒါကြောင့်သံဝေဂရအောင်တင်ပေးတာပါ့  ရွာကသာသာယာယာမို့ရွာသာယာလို့ပဲမှတ်လိုက်ပါ ရွာသာယာမှာဒေါ်စိန်ဆိုတဲ့အမျိုးသမီးတယောက်ရှိတယ်သူမသည်ချောမောလှပလေသည် သူ့မမှာသမီးအပျိုကလေးနှစ်ယောက်လဲရှိသည် ဒေါ်စိန်ယောင်္ကျားကကုန်သည်ဆိုတော့အိမ်မှာသိပ်မရှိနယ်တကာလှည့်သွားနေရသည် ဒါကြောင့်ဒေါ်စိန်ကသမီးကလေးနှစ်ယောက်တာဝန်ကိုယူထားရလေသည့့်  ဒေါ်စိန်အမျိုးသားကအရှာအဖွေကောင်းတော့ဒေါ်စိန်ကရွာမှာပြေပြေလည်လည်နေနိုင်လေသည် ပိုလျှံသောပိုက်စံများဖြင့်လယ်များဝယ်ကာအဌားချထားသည်အဲတော့ တောဓလေ့အတိုင်းစားရင်းဌားများလဲအဝင်အထွက်ရှိသည်လေအဲမှာဇတ်လမ်းကစလေသည် ဒေါ်စိန်ကချောတော့သမီးနှစ်ယောက်ကလဲရွာရဲ့ကွမ်းတောင်ကိုင်များဖြစ်လာသည် ရုပ်ရည်မှာအမေထက်သာချင်သောဒေါ်စိန်သမီးနှစ်ယောက်ကအကြီးမကကြည်ကြည်ဟုခေါ်ကာအငယ်မကခင်ခင်ဟုခေါ်လေသည့့်  ရွာအလူပွဲတွင်ဒေါ်စိန်သမီးများကနေရာအရဆုံးကာလသားများမျက်စိအကျဆုံးဆိုလဲမမှားဘူးပေါ့ ဒါ့ကြောင့်ဒေါ်စိန်ကသမီးများကိုချမ်းသာသောသဌေးသားများနှင့်နေရာချပေးရန်မျှော်လင့်ထားသည် အဖေနဲ့အမေကလိုလေသေးမရှိထားတော့ကြည်ကြည်နဲ့ခင်ခင်ကလဲအားနေအလှပဲပြင်နေတတ်သည့့်  အတိတ်ကံဆိုတာပြောရခက်သားကိုယ်ဖြစ်ချင်သလိုဖြစ်ခွင့်မရှိတဲ့ကံကြမ္မာကဒေါ်စိန်ကိုစိတ်ဒုခ္ခပေးလေပြီ ဒေါ်စိန်သမီးအကြီးမကြည်ကြည်တယောက်အိမ်ကခိုင်းသောလယ်စာရင်းဌားနဲ့လိုက်ပြေးလေသည် ဒီမှာတင်ဒေါ်စိန်တယောက်ယမ်းပုံမီးကြဖြစ်ကာဒေါသပုန်ထတော့သည်သူမှန်းထားတာကအချီကြီး အခုတော့ဘာမဟုတ်တဲ့လယ်စာရင်းဌားနဲ့လိုက်ပြေးရမလားဆိုပြီးလိုက်ရှာလေသည့့်  ဒေါ်စိန်အမျိုးသားကနားချပေမဲ့မရပေဒီလိုနဲ့ကြည်ကြည်ကိုပြန်တွေ့တော့ဒေါ်စိန်ကနှစ်ယောက်လုံးပြောဆိုပြီးသူ့သမီးကိုရိုက်နှက်ကာပြန်ခေါ်သည် မလိုက်တဲ့အဆုံးကြည့်ကြည့်ဆံပင်ကိုဆွဲ၍ခေါ်ရာ ကြည်ကြည်တယောက်အမေကိုပါးပြန်ရိုက်လိုက်သည် ထင်မှတ်မထားသောဖြစ်ရပ်မို့အားလုံးအံ့အားသင့်ကုန်၍ဒေါ်စိန်တယောက်အရှက်ကြီးရှက်ကာ သမီးက်ုစိတ်နာ၍လှည့်ပြန်သွားတော့သည့့်  သမီးကလဲမိုက်ရိုင်းပြီးလင်စိတ်မွန်နေတော့ကိုယ်ဘာလုပ်လို့လုပ်မှန်းမသိအောင်မိုက်မဲလေသည် ဒီလိုနဲ့ဒေါ်စိန်သမီးအကြီးမကိုအမွေဖြတ်၍အငယ်မကိုတော့သဌေးသားတယောက်နှင့်ပေးစားလိုက်သည် ကြည်ကြည်တယောက်မပြေလည်ဒုခ္ခရောက်နေသည်သတင်းကြားတော့ဒေါ်စိန်စိတ်နာ၍သတင်းနားမထောင်ပါ့  မိဘကိုကိုယ်ထိလက်ရောက်ပါးရိုက်ခဲ့သောကြည်ကြည်ဝဠ်လည်ပြီဒေါ်စိန်ကိုဘယ်ဘက်ပါးရိုက်မိသောကြည်ကြည်ရဲ့ဘယ်ဘက်ပါးတွင်အနားကြီးတလုံးပေါာက်လာကာ ဆေးမီးတိုတွေနဲ့ကုပေမဲ့အနာကမသက်သာတနေ့တခြားဆိုးလာကာပါးပေါက်နာကြီးဖြစ်သွားလေသည့့်  အားလုံးကအမေကိုစော်ကားလို့ကံကြီးထိုက်တယ်ဝိုင်းပြောတော့ ကြည်ကြည်ဒေါ်စိန်ကိုသွားကန်တော့ရန်သတိရသွားသည် ဒီလိုနဲ့အနာကြီးကအရည်တရွဲရွဲနဲ့ညတိုင်းအိပ်မရအောင်ကိုက်လာသည့်ကြည်ကြည်ကန်တော့ပွဲရွက်ကာသူ့အမေကိုလာတောင်းပန်တော့ ဒေါ်စိန်စိတ်မကောင်းဖြစ်ကာခွင့်လွတ်လိုက်သည့့်  မိဘဆိုတော့သားသမီးဘယ်လောက်ဆိုးဆိုးခွင့်လွှတ်စမြဲမို့အခုလဲဒေါ်စိန်ကြည်ကြည်ကိုတတ်နိုင်သလောက်ကုပေးပေမဲ့ အစားမစားနိုင်သောကြည်ကြည်အိပ်ယာထဲလဲတော့သည် ဆေးကုသူများအားလုံးလက်ရှော့ကာဝဠ်နာကံနာလို့သတ်မှတ်လိုက်လေသည် အရင်ကချောလှပါတယ်ဆိုသောရုပ်သည်ပိန်ချုံးကာအနာကိုက်၍အော်ရင်းဆုံးပါးသွားလေသည့့်  သမီးသေတော့ဒေါ်စိန်သံဝေဂများစွာရသွားလေသည်သမီးအလောင်းကိုကြည့်ကာဒေါ်စိန်ပြောလိုက်သည်” ”သမီးအမိုက်မရေအိပ်ရေးမဝတာကြာပြီဆိုတော့အခုတော့အိပ်တော့ဝအောင်အိပ်ပါတော့” ကြည်ကြည်ဆုံးတော့အနံ့အသက်မကောင်းပိုးများတွယ်နေတာကြောင့်နေချင်းချလိုက်သည့့်  ကြည်ကြည်ဆုံးပြီးတော့အခြောက်အလှန့်ကြမ်းတယ်လို့ပြောကြတော့ဒေါ်စိန်စိတ်မကောင်းပြန် ဒေါ်စိန်တညမှာတော့အိပ်နေရင်းအပုတ်နံ့ကြီးနံကာလန့်နိုးသွားသည်ဒီအချိန်အိပ်ယာဘေးတွင်ရပ်နေသောကြည်ကြည်ကိုမြင်တော့ရင်တုန်ပန်းတုန်ဖြစ်သွားသည် ””အမေသမီးမကျွတ်သေးဘူး””’ ”””’ကြည်ကြည်သမီးမကျွတ်ဘူးလားအမေအမျှပေးတာမရဘူးလား—-”’ ””အမေသမီးသာဓုမခေါ်နိုင်ဘူး——–”” ””””ဒါဆိုမနက်ဘုရားမှာအမေသွားလူပေးမယ်သမီးလိုက်ခဲ့’—–””” ””သမီးဘုရားတွေဘုန်းကြီးကျောင်းတွေလိုက်လို့မရဘူးအမေသမီးအကုသိုလ်ကကြီးတော့သာဓုမခေါ်နိုင်ဘူး’—–”””” ””’သမီးအမိုက်မရယ်ဒုခ္ခတွေကြီးလိုက်တာအမေဘာလုပ်ပေးရမလဲ” ” ””’အမေသီလနဲ့ပြည့်စုံတဲ့ဘုန်းကြီးတပါးပင့်ပြီးကုသိုလ်လုပ်ကာအမျှဝေပါဒါမှသမီးဘဝကူးနိုင်မှာအမေ” ‘ ကြည်ကြည်ပြောပြီးပျောက်သွားးတော့ဒေါ်စိန်ငိုလေသည် နောက်နေ့မှာသီလသမာဓိနဲ့ပြည့်စုံတဲ့ဘုန်းကြီးပင့်ကာကြည်ကြည်အတွက်ကောင်းမှု့ကုသိုလ်လုပ်ကာအမျှဝေလေသည် အဲဒီနောက်ပိုင်းကြည်ကြည်ခြောက်တဲ့အသံမကြားရတော့ပေ ကြည်ကြည်တစ်ယောက်ဘယ်ဘဝရောက်သွားသည်ကိုတော့ဘယ်သူမှမသိနိုင်ပါ ဒေါ်စိန်လဲဖြစ်ချင်းတိုင်းမဖြစ်သောကံတရားကြောင့်အသိတရားတွေရကာရိပ်သာဝင်လေသည် ——ပြီး——— **********D Moe Moe*********့