မေတ္တာလက်နက်စူးကားထက်(စ/ဆုံး)

Unicode Version

မေတ္တာလက်နက်စူးကားထက်(စ/ဆုံး)
———————————————-
ကျွန်မ၏ခင်ပွန်းသည် ၁၉၉၁ခုနှစ်တွင် စကာပူနိုင်ငံ၌ သွားရောက်
အလုပ်လုပ်ကိုင်ပါသည်။ ၁၉၉၄ခုနှစ်တွင် ကျွန်မနှင့် ရှစ်နှစ်သားတို့ စင်္ကာပူ နိုင်ငံသို့လိုက်သွားပါသည်။ ကျွန်မသည်အဲယားကွန်းစက်ရုံတွင်အလုပ်ရပါ သည်။ ကျွန်မ တာဝန်ကျသည့်နေရာသည် ဝါယာကြိုးများ သွယ်တန်း ချိတ် ဆက်ချည်နှောင်ရသည့်နေရာဖြစ်ပါသည်။ဝါယာကြိုးများသပ်ရပ်စွာပြုလုပ် ပြီးလျှင် ဝက်အူများကိုစက်ဖြင့် တပ်ဆင်ပေးရပါသည်။ ထိုင်၍ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ဝါယာကြိုးများသပ်ရပ်စွာပြုလုပ်ပြီးလျှင်ဝက်အူများကိုစက်ဖြင့် တပ်ဆင်ပေးရပါသည်။ထိုင်၍ပြုလုပ်ရခြင်းဖြစ်ပါသည်။လူတစ်ကိုယ်လုံးတွင် လက်နှစ်ဖက်သာ ပင်ပန်းရသော အလုပ်ဖြစ်သည်။
သို့သော်တစ်ခါတစ်ရံအလွန်ကြီးမားသောအဲယားကွန်းများ ပြုလုပ် ပေးရပါသည်။ ထိုအခါတစ်နေ့လုံးမတ်တတ်ရပ်၍ပြုလုပ်ရပါသည်။ ၁၉၉၅ ခုနှစ်တွင် ကျွန်မ ကိုယ်ဝန်ရှိပါသည်။ ကျွန်မသည် အလုပ်အလွန်ကြိုးစား၍ သပ်သပ်ရပ်ရပ် ပြုလုပ်တတ်သောဉာဉ်ကြောင့် အထက်လူကြီးများ ခေါင်းဆောင်များကချစ်ခင်ကြပါသည်။ ကျွန်မ၏ကိုယ်ဝန်ကိုလည်းဂရုစိုက်

ရန် အမြဲသတိပေးပါသည်။ ကိုယ်ဝန် နှစ်လခန့်ရသောအခါ တစ်ည ကျွန်မ အိပ်မက်မက်ပါသည်။ အိပ်မက်ထဲတွင် ကုံလုံဆရာတော်ကြီးသည် ကနုတ် ပန်းများ ဖော်ထားသော ကုလားထိုင်ကြီးပေါ်ထိုင်နေပါသည်။ ကျွန်မသည် ဆရာတော်ကြီး၏ ခြေဖမိုးနှစ်ဖက်ပေါ်တွင် မျက်နှာအပ်၍ ငိုနေပါသည်။ ဆရာတော်ကြီးက ကျွန်မ၏ ဦးခေါင်းပေါ်လက်ဝါးဖြင့်အုပ်၍ တစ်စုံတစ်ရာ ရွတ်ဖတ်နေပါသည်။ ထိုသို့ ကျွန်မ မျက်စိထဲမှာ ရုပ်ရှင်ပြသလို မြင်ရပြီး အိပ်ရာမှ လန့်နိုးသွားပါသည်။ အိပ်မက်သည် ထူးဆန်းသည်ဟု စိတ်ထဲက ထင်သော်လည်း အဓိပ္ပာယ်မဖော်တတ်ပါ။
မနက်ကျွန်မအလုပ်ထဲရောက်သောအခါလိုင်းစမဖွင့်မီခေါင်းဆောင်
က အလုပ်သမားအားလုံးကို ခေါ်ပါသည်။ ဒီနေ့တွင် အလွန်ကြီးမားသော အဲယားကွန်းကြီးများတပ်ဆင်မှာဖြစ်ကြောင်းမိမိကျရာနေရာတွင်မမှားရန် ဂရုစိုက်ရမည်ဖြစ်ကြောင်းပြောကာနေရာချပါသည်။ကျွန်မကထိုအလုပ်များ ကို လုပ်ဖူးသော်လည်း ကျွန်မဘေးမှ အလုပ်သမားအသစ်က မလုပ်ဘူးပါ။ လိုင်းဖွင့်ပြီး ကျွန်မနေရာမှ ကျော်သွားသည့်နှင့် သူ မီအောင် လိုက်မလုပ် နိုင်ပါ။ ခေါင်းဆောင်က သူ့ကို ကူညီပေးသော်လည်း အခြားကိစ္စရှိ၍ ခေါင်းဆောင်ထွက်သွားသည်နှင့် သူ့ကို ကူညီမည့်သူ မရှိပါ။ ထိုအခါ သူ့ကို သနား၍ အဲယားကွန်းတင်ထားသော ခုံကို ဘီးများပေါ်တွင် သူ့ဆီ မရောက်မီ ပြန်ပြန် တွန်းထားလိုက်ပါသည်။
သုံးရက်အကြာတွင်ကျွန်မကိုယ်ဝန်ပျက်ကျပါသည်။စက်ရုံဆေးခန်း ရောက်၊ ထိုမှတစ်ဆင့်ဆေးရုံကြီးသို့ ရောက်သွားပါသည်။ ကျွန်မခင်ပွန်းထံ ဖုန်းဆက်ခေါ်ပါသည်။ ဆေးရုံရောက်ကတည်းက ဝှီးချဲပေါ်တက်ထိုင်လိုက် ရပြီး ဓာတ်လှေကားဖြင့် အပေါ်တက်၊ အောက်ဆင်း တစ်ခန်းဝင် တစ်ခန်း ထွက် စစ်ဆေးလိုက်ရာ ညနေတွင် ပြန်ခိုင်းလိုက်ပါသည်။ နိုင်ငံခြားသား အလုပ်သမားများကို သန္ဓေသား ပြုတ်မကျမီ သားအိမ်ခြစ်ခွင့် မရှိကြောင်း သွေးအများကြီး သွန်လာလျှင် ဖုန်းဆက်ရန် ထိုအခါ လူနာတင်ယာဉ်ဖြင့်

သူတို့လာခေါ်မည်ဖြစ်ကြောင်းမှာလိုက်ပါသည်။ဆေးခွင့်တစ်ပတ်ပေးလိုက် ပါသည်။ ထိုတစ်ပတ်လုံးကျွန်မမှာအိပ်လိုက်စားလိုက်နှင့်မည်သည့်ဝေဒနာ မျှမခံစားရပါ။ သွေးနည်းနည်းသာ ဆင်းပါသည်။ အလုပ်ထဲမှ ခေါင်းဆောင် နှင့် အလုပ်သမားများ သတင်းလာမေးကြပါသည်။ တစ်ပတ်ပြည့်၍ ဆေးရုံ ရောက်သောအခါပထမတစ်ကြိမ်အတိုင်းတစ်ခန်းဝင်တစ်ခန်းထွက်စမ်းသပ် ပြန်ပါသည်။ ပြီးနောက် ပထမတစ်ကြိမ်အတိုင်း မှာကြားကာ ခွင့်တစ်ပတ် ထပ်ပေးလိုက်ပြန်သည်။ကျွန်မသည်အိပ်လိုက်စားလိုက်ဖြင့်နောက်တစ်ပတ် ကုန်သွားပြန်ပါသည်။ တတိယအကြိမ်သည်လည်း ပထမနည်းအတိုင်း ပြန်လွှတ်လိုက်ပြန်သည်။ထိုအခါကျွန်မသူငယ်ချင်းကအပြင်ဆေးခန်းပြရန်
ပြော၍ခေါ်သွားပါသည်။
ထိုဆေးခန်းမှ ဒေါက်တာဂျွန်တီလင်းသည် စင်္ကာပူရောက် မြန်မာ အတော်များများကို ကလေးမွေးပေးနေသော သားဖွားအထူးကုဖြစ်သည်။ ကျွန်မအား အာထရာစောင်းရိုက်ပြီးသောအခါ မနက်ဖြန် (၉)နာရီ လာရန်၊ မေ့ဆေးပေးပြီးသားအိမ်ခြစ်ရန် မှာလိုက်ပါသည်။ နောက်နေ့တွင် (၉)နာရီ ဆေးခန်း ရောက်သွားပါသည်။ ကျွန်မအမျိုးသားကို (၁၂)နာရီ တိတိ လာခေါ်ခိုင်းပါသည်။ (၅)မိနစ်သာ လိုပါသည်။ ကျွန်မသည် လာခေါ် သောခင်ပွန်းနှင့် အိမ်ပြန်လိုက်သွားရပါသည်။ တတိယအကြိမ် ဆေးရုံက ပေးလိုက်သော ဆေးခွင့် တစ်ပတ်ထပ်ရပါသည်။ သားအိမ်ခြစ်သည် ဆိုသော်လည်း စူးခြင်း၊ နာခြင်း အောင့်ခြင်း လုံးဝ မခံစားရပါ။ သုံးပတ် ပြည့်၍ ကျွန်မ အလုပ်ဆင်းသောအခါ စင်္ကာပူနိုင်ငံသူ အလုပ်သမား အမျိုး သမီးများကျွန်မနားဝိုင်းလာကြပါသည်။ တစ်ယောက်တစ်ပေါက်မေးကြပြီး မကျေမနပ်ပြောနေသည်များကို ကျွန်မနားထောင်ကြည့်သောအခါ သူတို့ ကိုယ်ဝန်ပျက်ကျပါက ခွင့်တစ်ပတ်သာရသည်။ ကျွန်မကမူ ခွင့်သုံးပတ် ရလိုက်သည်တဲ့လေ။

ကျွန်မရောခင်ပွန်းသည်ပါအလုပ်အကိုင်အဆင်ပြေပါလျက်နှစ်ဖက်
မိဘများအသက်ကြီးရင့်ကြပြီမို့၁၉၉၇ ခုနှစ်တွင်မြန်မာပြည်သို့အပြီးပြန်လာ
ခဲ့ကြပါသည်။ မြန်မာပြည်ပြန်ရောက်ပြီးမကြာမီကျွန်မကိုယ်ဝန်ရှိပါသည်။ သားကြီးမှာအသက်(၁၁)နှစ်ရှိပါပြီ။ကျွန်မအသက်က(၃၈)နှစ်ကလေးမရ
နိုင်တော့ဟု ထင်ထားရာမှ ကိုယ်ဝန်ရှိလာသဖြင့် အလွန်ဝမ်းသာမိပါသည်။ ကိုယ်ဝန် (၆)လခန့်ရသောအခါ ကျွန်မ မိဘ ညီအစ်ကို မောင်နှမများနှင့် ခင်ပွန်း၊ သားကြီးတို့ ဘုရားဖူးထွက်ရန်စီစဉ်ကြပါသည်။
မော်လမြိုင် သာမညဆရာတော်ကြီးကို ဖူးချင်နေပါသည်။ မိသားစု ဘုရားဖူးထွက်သွားပြီးနောက်တစ်နေ့ညတွင်ကျွန်မအိပ်မက်မက်ပါသည်။ ကျွန်မတို့ကားထဲတွင်ဒရိုင်ဘာကရှေ့မှမောင်း၍ကျွန်မကနောက်မှထိုင်လျက် ကားလမ်းမပေါ်တွင် မောင်းနေပါသည်။ ထိုအချိန်တွင် သာမညဆရာတော် သည် မောင်းနေသည့်ကား၏ ပြတင်းပေါက်မှ ကြွလာကာ ဒရိုင်ဘာဘေးရှိ ခုံပေါ်ထိုင်လိုက်ပါသည်။ ဒရိုင်ဘာသည် အံ့ဩထိတ်လန့်၍ ကားကို ဘရိတ် အုပ်ကာ ရပ်လိုက်ပါသည်။
“ကဲ….ဒကာမကြီး၊ ဖူးချင်နေတာ ဆန္ဒပြည့်သွားပြီမဟုတ်လား။ လှူ ချင်တာရှိရင်လှူလေ”
ကျွန်မသည် အံ့ဩဝမ်းသာလွန်း၍ တုန်ယင်နေသော လက်ဖြင့် လက်ကိုင်အိတ်ကို ဖွင့်လိုက်သောအခါ ပန်းသီးတစ်လုံးနှင့် စံပယ်ကုံးများ တွေ့ရပါသည်။ထိုပန်းသီးနှင့်စံပယ်ပန်းကုံးအား ဆရာတော်ကိုရိုရိုသေသေ လှူပြီးသောအခါ ဆုတွေပေးပြီး ကားတံခါးပင် မဖွင့်ပဲ ပြန်ကြွသွားပါသည်။ အိပ်ရာမှ နိုးသောအခါ ကျွန်မတစ်ကိုယ်လုံး ပီတိများ ဖုံးနေပါသည်။ ထိုသို့ ထူးခြားသောပုဂ္ဂိုလ်များ၊ ထူးခြားသောနေရာများသို့အိပ်မက်ထဲတွင်အကြိမ် ကြိမ်မက်ခဲ့သည်များကိုနောက်မှ အလျဉ်းသင့်သလို ဖော်ပြသွားပါမည်။
ကိုယ်ဝန် (၇)လခန့်တွင်ကျွန်မတို့ကိုးကွယ်သောဆရာတော်မှမွေး ဖွားရန် နေ့ရက် အချိန်နာရီတို့ကို တွက်ချက်ပေးပါသည်။ အချိန်ကိုက် မွေး

ဖွားရန်ခွဲစိတ်ပေးမည့် OG နှင့်တိုင်ပင်ရပါသည်။ ကျွန်မ၏အသက်အရွယ် ကြောင့် ဗဟိုအမျိုးသမီးဆေးရုံကြီးကို ရွေးချယ်လိုက်ပါသည်။ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ တစ်ရက်ကြို၍ ဆေးရုံတက်ရပါသည်။ ဆေးရုံ ရောက်သောအခါ ကျွန်မအား စမ်းသပ်ခန်းအတွင်း ခေါ်သွားပါသည်။ အတူ လိုက်ပါလာသောညီမနှင့်ကျွန်မ၏ခင်ပွန်းကစာရေးမလိုက်ပြသောအခန်း
များကိုလိုက်လံကြည့်ရှုကြပါသည်။
ထို့နောက် ကျွန်မတက်မည့် အခန်းနံပါတ် (၁ဝ)တွင် ဆွေမျိုးမိသား စုများနှင့် ပြည့်နေပါသည်။ အစားသောက်များ စားသောက်၍ တစ်ဦးနှင့် တစ်ဦး နောက်ပြောင်နေကြပါသည်။ ည(၇)နာရီတွင် ညစောင့် ရောက် မလာပါ။ ည (၉)နာရီမှ လူစုခွဲ၍ အသီးသီး အိမ်ပြန်သွားကြပါသည်။ အခန်း ထဲတွင် ကျွန်မ၏ အစ်မအကြီးဆုံး ကျွန်မနှင့် ဆရာမသာ ကျန်ခဲ့ပါသည်။ ကလေးမွေးဖွားပေးသောဆေးရုံဖြစ်သော်လည်းသီးသန့်ခန်းများဖြစ်သဖြင့် ကလေးငိုသံကပင်မကြားရပဲတိတ်ဆိတ်ငြိမ်သက်နေပါသည်။အစ်မကြီးက
ကျွန်မကိုစောစောအိပ်ခိုင်းပါသည်။ ကျွန်မသည်ကုတင်ပေါ်တွင်ခေါင်းရင်း ဘက်သို့ လှည့်ကာ ဘုရားကန်တော့ပြီး အိပ်လိုက်ပါတော့သည်။ ကျွန်မ အိပ်မောကျနေစဉ်…
“ငါ့ကုတင်ပေါ်က အခုဆင်းစမ်း”
ဟု အသံနက်ကြီးဖြင့် အော်ဟစ်၍ ကျွန်မကို ချွန်ထက်သော လက်သည်းကြီးများဖြင့် ကုတ်ခြစ်ပါသည်။ လူကိုတော့ မမြင်ရပါ။ ကျွန်မ၏ မျက်နှာနှင့် လည်ပင်းတို့ကို ကုတ်ခြစ်နေသော လက်သည်းများကို ရှောင် တိမ်းရင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” . အစရှိသည့် သရဏဂုံသုံးပါးကို ရွတ်ဆို နေပါသည်။ ထိုသို့ ရွတ်ဆိုနေရင်း ကျွန်မကို တစ်ချက်မျှ မကုတ်ခြစ်မိပဲ အိပ်ရာမှ လန့်နိုးသွားပါသည်။ ကျွန်မသည် မကြောက်တတ်ပါ။ ထူး တော့ထူးသည်။ သတိထားရမည်ဟုကျွန်မစိတ်ထဲမှတ်ထားလိုက်ပါသည်။

အစ်မကြီးနှင့်ဆရာမတို့သည်ဒရင်းဘက်တစ်ယောက်တစ်လုံးစီနှင့်အိပ်ပျော် နေကြပါသည်။ သမ္ဗုဒ္ဓေဂါထာတော်ကို ရွတ်ဆိုရင်း ကျွန်မ ပြန်အိပ်လိုက် ပါသည်။ မိုးလင်းသည်အထိ နောက်ထပ်အိပ်မက်မမက်တော့ပါ။
နောက်တစ်နေ့ ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့တွင် မိသားစုအားလုံး ကျွန်မအခန်းထဲရှိနေပါသည်။ နေ့လယ် (၁၂)နာရီတွင်ကျွန်မကိုခွဲစိတ်ခန်း ထဲခေါ်သွားပါသည်။ သားငယ်ကိုမွေးရင်းသားကြောပါဖြတ်လိုက်ပါသည်။ နေ့လယ် (၁)နာရီ (၂)မိနစ်တွင် သားငယ်ကို အောင်မြင်စွာ ခွဲစိတ်မွေးဖွား နိုင်ခဲ့ပါသည်။ ကျွန်မသတိရတော့ညနေ(၄)နာရီခန့်ရှိပါပြီ။ သတိရချိန်တွင် ဝမ်းဗိုက်မှ အလွန်နာကျင်သည့်ဝေဒနာကို ခံစားရပါသည်။ လက်မှာလည်း ပိုက်တန်းလန်းနှင့်ဆေးသွင်းထားပါသည်။ ညနေ(၅)နာရီခန့်တွင် သားငယ် ကို ကျွန်မအခန်းထဲ လာပို့ပါသည်။ ကလေးသည် နုနယ်လွန်းသောကြောင့် ဆရာမမှလွဲ၍ မည်သူမျှ မချီပိုးရပါ။ ဆရာမက လှဲလျက် အနေအထားဖြင့် ကလေးကို နို့ဦးရည် တိုက်စေပါသည်။ ထို့နောက် နို့မထွက်မီ နို့ဘူးဖျော် တိုက်ပြီးအိပ်ပျော်သွားသောကလေးကိုကျွန်မကုတင်ရင်းရှိ ကလေးပုခက် ထဲထည့်သိပ်လိုက်ပါသည်။ ထည့်သိပ်ပြီး (၅)မိနစ်မျှပင် မကြာပါ။ ကလေး က စူးစူးဝါးဝါး ထငိုပါသည်။ ကလေးကို ပြန်ချီယူ၍ အိပ်ပျော်သွားသော အခါပုခက်ထဲ ထည့်ပြန်ပါသည်။ ကလေးကငိုပြန်ပါသည်။ကျွန်မအမေနှင့် အစ်မများက အောက်ခံအခင်းများကိုခါ၍ ပုရွတ်ဆိတ်ရှိလား ရှာကြ ပါသည်။ ထို့နောက် အခင်းဖြန့်ခင်းကာ ကလေးကို ပြန်ထည့်ပါသည်။ ငိုပြန် ပါသည်။ ဒီတစ်ခါတော့ ကျွန်မ အိပ်မက်ကိုသွား၍ သတိရလိုက်မိပါသည်။ ကလေးငိုခြင်းသည် ကျွန်မနှင့် ဆက်စပ်နေသည်ဟု ထင်လိုက်ပါသည်။ ထို့ကြောင့် …
“ဆရာမ – ကလေးကိုကျွန်မ ရင်ခွင်ထဲမှာပဲ သိပ်ချင်တယ်” “ဟယ်…ဘယ်ဖြစ်မလဲ.နေနေကဒီတစ်ညလှုပ်လို့မရသေးဘူးလေ။
အနေကျပ်ပါတယ်။ ဆရာမ ရအောင် သိပ်ပေးပါ့မယ်”
“ရပါတယ်ဆရာမ ကျွန်မဘေးမှာပဲလာထားပေးပါနော်”

ကျွန်မအတန်တန်ပြောတော့မှအိပ်ပျော်နေသောကလေးကိုကျွန်မ
ဘေးတွင်ချထားပေးပါသည်။ထိုအခါမှစ၍ငိုသံမကြားရတော့ပဲနှစ်နှစ်ခြိုက် ခြိုက်အိပ်ပျော်နေပါသည်။ ည (၉)နာရီတွင် ကျန်မိသားစုအားလုံးပြန်သွား ပါသည်။အခန်းထဲတွင်အစ်မလတ်ဆရာမနှင့်ကျွန်မတို့သားအမိနှစ်ယောက် ပဲကျန်ပါသည်။ ထိုညက ကျွန်မအိပ်မက်မမက်ပါ။

ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် ဆေးသွင်းထားသော ပိုက်များ အားလုံး ဖြုတ်လိုက်ပါသည်။ သို့သော် ကျွန်မ မထနိုင်သေးပါ။ သားကြော ဖြတ်ထားသောကြောင့်ဟု ဆရာမက ပြောပါသည်။ ကျွန်မတို့ ညီအစ်မငါး ယောက်သည် မိတ်ဆွေအပေါင်းအသင်း အလွန်ပေါသဖြင့် အခန်းထဲတွင် သတင်းလာမေးသော ဧည့်သည်များဖြင့် တစ်နေ့လုံး စည်ကားနေပါသည်။ ဧည့်သည်များနှင့်စကားပြောလိုက်၊ သူတို့ပြောတာတွေနားထောင်လိုက်နှင့် ပင်ပန်းသွားပြီး ညနေ (၆)နာရီခန့်တွင် မှေးခနဲ အိပ်ပျော်သွားပါသည်။ “နင်အခုထိငါ့ခုတင်ဘေးကမဆင်းသေးဘူးလား။ငါအိပ်စရာမရှိဘူး
ဟဲ့…သေပေတော့”
ဟု အသံနက်ကြီးဖြင့် အော်ဟစ်ရင်း ကျွန်မကုတင်ကို တွန်းသွား ပါသည်။ သားငယ်ကို ဆရာမ ချီပိုးထားသဖြင့် ကျွန်မတစ်ယောက်တည်း သရဏဂုံသုံးပါးရွတ်ရင်း ပါသွားပါသည်။ ဆေးရုံကော်ရစ်ဒါအတိုင်း တွန်း သွားရာအတော်ဝေးဝေးပါသွားပါသည်။ထို့နောက်လမ်းခုလတ်တွင် ကျွန်မ ကုတင်ကိုထားခဲ့ကာ ရိပ်ခနဲပြေးသွားသည်ကိုတွေ့လိုက်ရပါသည်။ ကျွန်မ လည်းလန့်နိုးသွားပါသည်။
ကျွန်မမှာ အခန်းထဲတွင် ရှိနေသေး၍ တော်ပါသေးရဲ့ဟု တွေးလိုက် မိသည်။ကျွန်မတစ်ခုခုလုပ်မှဖြစ်တော့မည်ဟုသဘောပေါက်လိုက်ပါသည်။
ထို့ကြောင့် …

“ဆရာမ… ကျွန်မကို ထူပေးပါလား- ထိုင်ချင်တယ်” “အေးအေး – ကောင်းတယ်၊ ဒါမှ ချုပ်ရိုးချောင်ပြီး မြန်မြန်ကျက်မှာ” ဆရာမက ထူပေးပြီး ခေါင်းအုံးခုကာ ထိုင်စေပါသည်။ ဝမ်းဗိုက်ချုပ် ရိုးနေရာမှနာကျင်သည်မှာ စူးစူးဝါးဝါးပင်။ ကျွန်မ၏အမေက

“သမီးထိုင်ရတာအဆင်ပြေရဲ့လား။ သိပ်နာရင်ပြန်လှဲနေလိုက်လေ” “ရပါတယ် အမေ-သမီး ဘုရားစာရွတ်ချင်လို့”
“အော်…အေး-အေး..ရွတ်၊ သမီး – ရွတ်”
ကျွန်မလက်ကလေးကို ကိုင်ထားရာမှ လွတ်၍ အမေထွက်သွားပါ သည်။ ဆက်တီတွင် ဆရာမကလေးချီထားသောအစ်မနှင့်အမေတို့စကား
ပြောနေကြပါသည်။ကုတင်ပေါ်တွင်ထိုင်နေသောကျွန်မသည်နှစ်ကိုယ်ကြား
စကားပြောသလို ပြောလိုက်ပါသည်။
“အခုလိုငါ့ကိုနှောင့်ယှက်နေတဲ့အတွက်ငါစိတ်မဆိုးပါဘူး။ နင့်ကို
သနားတောင်သနားနေမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ဒီကုတင်ကငါလည်း မပိုင်ဘူး။ နင်လည်း မပိုင်ဘူး။ ဆေးရုံကပိုင်တာ- ငါတို့က ခဏလာတဲ့ ဧည့်သည်တွေပါ။ ဒါကို နင်သိစေချင်တယ်။ ကိုယ်မပိုင်တဲ့နေရာကို စွဲလန်း မနေပါနဲ့တော့။ အခု ငါ မေတ္တသုတ် (၃)ခေါက်ရွတ်မယ်။ သေသေချာချာ နားထောင်ပြီးငါမေတ္တာပို့အမျှဝေတဲ့အခါသာဓုခေါ်နော်”
ထိုသို့ ပြောပြီး ကျွန်မသည် ငါးပါးသီးလယူကာ မေတ္တသုတ် စရွတ် ပါသည်။ မျက်စေ့မှိတ်၍ ဘုရားကို အာရုံပြုကာ မေတ္တသုတ် (၃)ခေါက်ရွတ် ပြီး မေတ္တာပို့ အမျှ ဝေလိုက်ပါသည်။ ထိုနေ့မှစ၍ ကျွန်မသည် မည်သည့် အနှောင့်အယှက်မျှ မကြုံရတော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ပါသည်။ ကျွန် မသည်ဆေးရုံတွင်တစ်ပတ်နေရပါသည်။မနက်ဖြန်ဆိုလျှင်ကျွန်မဆေးရုံက
ဆင်းရပါတော့သည်။ ကလေးရောကျွန်မပါကျန်းမာသည်မို့အမေနှင့်အစ်မ
များညနေ(၅)နာရီခွဲကျော်ကျော်တွင်ပြန်သွားကြပါသည်။ ကျွန်မ၏ခင်ပွန်း ကဆေးရုံမှာအိပ်မှာမို့ည(၉)နာရီခန့်ပြန်လာခဲ့မည်ဟုပြောကာအမေတို့နှင့်
ပြန်လိုက်သွားပါသည်။
ဆောင်းရာသီမို့နေဝင်စောလှပါသည်။ ဆေးရုံတစ်ခုလုံးတိတ်ဆိတ် နေပါသည်။ မကြာမီမိုးချုပ်တော့မည်။ ကျွန်မသည်သားငယ်ကိုကုတင်ပေါ်

တွင် နို့တိုက်နေပါသည်။ ဆရာမက ဆက်တီပေါ်တွင်ထိုင်၍တီဗီကြည့်နေပါ သည်။ ထိုအချိန်တွင်…

“ဒေါက် ဒေါက် ”ဟု တံခါးခေါက်သံ ကြားရသည်။ ဆရာမသည် ထိုင်နေရာမှထ၍တံခါးသွားဖွင့်လိုက်ပါသည်။တံခါးဝတွင်အသက်သုံးဆယ် ခန့် ချောမောလှပသော ကုလားမတစ်ယောက်နှင့် သူမ၏ဘေးတွင် ရှစ်နှစ် အရွယ်ခန့် ကုလားမလေးတစ်ယောက်ကိုတွေ့ရပါသည်။
“အစ်မနဲ့ ကလေးကို ကြည့်ချင်လို့ပါ”
ဆရာမက အသိလားဟု ကျွန်မဘက်လှည့်ပြီး မေးဆတ်ပြပါသည်။ ကျွန်မသည် အိမ်ထောင်ကျခါစကကန်တော်ကလေးတွင် နှစ်အတော်ကြာ နေခဲ့ဖူးသဖြင့် အသိတစ်ယောက်များလားဟုတွေးကာ ဆရာမကို ခေါင်း ညိတ်ပြလိုက်သည်။ သူတို့နှစ်ယောက်ဝင်လာပြီးဆရာမက တံခါး ပြန်ပိတ် လိုက်သည်။ပေါင်လယ်အထိရှည်သောအင်္ကျီ၊ဘောင်းဘီရှည်ပုဝါနှင့် သစ် သစ်လွင်လွင်ဝတ်ထားပါသည်။နဖူးပေါ်တွင်အနီစက်နှင့်သေချာကြည့်တော့
ရုပ်ချင်းဆင်သဖြင့် သားအမိမှန်း သိသာလှသည်။
ကျွန်မ၏ကုတင်ဘေးတွင် ရပ်၍ ပြုံးပြီး ကြည့်နေပါသည်။ သူတို့က လည်းဘာမျှမပြော၊ကျွန်မကလည်းဘာမျှမမေးမိပါ။ ဆယ်မိနစ်ခန့်ကြာသွား
သည်ဟုထင်မိပါသည်။ ထို့နောက်-
“အစ်မကို အရမ်း ကျေးဇူးတင်လို့ လာတွေ့တာပါ။ အခု ကျွန်မတို့ သားအမိသွားရတော့မှာမို့လာနှုတ်ဆက်တာပါ”
သူ့စကားဆုံးသည်နှင့်အိပ်မက်ကိုသတိရပြီးတအံ့တဩမော့ကြည့် လိုက်မိသည်။ ကျွန်မအိပ်မက်ထဲက မိန်းကလေးများလားဟု စိတ်ထဲက
တွေးလိုက်မိစဉ်သူမကပြုံး၍ခေါင်းညိတ်ပြပါသည်။ထို့နောက်သူ့သမီးလက် ကိုဆွဲကာတံခါးဆီသို့လျှောက်သွားပါသည်။ကော်ဖီဖျော်နေသောဆရာမက

တံခါးလိုက်ဖွင့်ပေးလိုက်ပါသည်။ အံ့ဩလွန်း၍ကြောင်ငေးနေသောကျွန်မ သည် ဆရာမအသံကြားမှ သတိဝင်လာပါသည်။
“နေနေ့ အသိတွေလား”
“မဟုတ်ပါဘူး ဆရာမ”
“ဟယ် …. ဒါဆို ဘာတွေပြောသွားတာလဲ” “အခန်းမှားဝင်လာတယ်လို့ ပြောပါတယ်”
“အဲငါထင်သားပဲဒါကြောင့် ကော်ဖီမဖျော်သေးပဲကြည့်နေတာ”
ဆရာမပြောသည်ကိုနားထောင်ရင်းကျွန်မပြုံးလိုက်ပါသည်။ဒီတစ်
ခါအပြုံးကတော့ပီတိပြုံးပါ။ ကျွန်မပြုလိုက်သောကုသိုလ်အဖို့ဘာဂကိုရ၍ သာဓုခေါ်ပြီး လွတ်ရာကျွတ်ရာ ရောက်သွားကြပြီဟု မျက်ဝါးထင်ထင် တွေ့ လိုက်ရသောကြောင့် ဖြစ်ပါသည်။

ကျွန်မကလေးမွေးပြီး တစ်လကျော်သောအခါ မိသားစုကို ထိုအကြောင်းပြောပြပါသည်။ ထိုအခါမှ ကျွန်မညီမက
“ဒါကြောင့်မို့ ညီမအခန်းတွေ လိုက်ကြည့်တုန်းက သုံးခန်းလွတ်နေ တယ်။အဲဒီအခန်း(၁ဝ)ကထောင့်ခန်းမို့ဒီအခန်းယူမယ်လို့ပြောလိုက်တော့ လိုက်ပြတဲ့အမျိုးသမီးကတခြားအခန်းယူပါလားအစ်မလို့ပြောသေးတယ်။ ညီမကဒီအခန်းပဲကြိုက်တယ်။ဒါပဲယူမယ်လို့ပြောလိုက်တယ်။ အဲဒီအခန်း (၁ဝ)ကအရင်လူနာတွေလည်းအခြောက်ခံရတယ်လို့သတင်းထွက်တယ်နဲ့ တူပါရဲ့။ အမလေး… ကြက်သီးထလိုက်တာ ညီမသာဆို ကြောက်လွန်းလို့ သေမှာပဲ”ဟုပြောပါသည်။
ထို့ကြောင့်ကျွန်မ၏ကိုယ်တွေ့နှင့်ယှဉ်၍စာဖတ်သူများကိုမှာချင်ပါ
သည်။ ထိုကဲ့သို့ အလားတူ အဖြစ်အပျက်မျိုး ကြုံလာပါက မကြောက်ပါနှင့်။ ပရလောကသားများသည် သူတို့၏မေတ္တာပို့အမျှဝေသည်ကိုလိုချင်သော ကြောင့် ခြောက်လှန့်ခြင်းဖြစ်သည်ဟု ကျွန်မ ယုံကြည်ပါသည်။ ထို့ကြောင့်

မေတ္တာပို့ အမျှဝေပေးကြပါ။ ကျွန်မကတော့ ထိုနေ့မှစ၍ ကုသိုလ်ကောင်းမှု တစ်ခုခု လုပ်တိုင်း မေတ္တာပို့ အမျှဝေခြင်းကို လေးလေးနက်နက် ပြုလုပ်ပါ သည်။
လူတိုင်းမေတ္တာထားနိုင်ကြပါစေ။

Zawgyi Version

ေမတၱာလက္နက္စူးကားထက္(စ/ဆုံး)
———————————————-
ကြၽန္မ၏ခင္ပြန္းသည္ ၁၉၉၁ခုႏွစ္တြင္ စကာပူႏိုင္ငံ၌ သြားေရာက္
အလုပ္လုပ္ကိုင္ပါသည္။ ၁၉၉၄ခုႏွစ္တြင္ ကြၽန္မႏွင့္ ရွစ္ႏွစ္သားတို႔ စကၤာပူ ႏိုင္ငံသို႔လိုက္သြားပါသည္။ ကြၽန္မသည္အဲယားကြန္းစက္႐ုံတြင္အလုပ္ရပါ သည္။ ကြၽန္မ တာဝန္က်သည့္ေနရာသည္ ဝါယာႀကိဳးမ်ား သြယ္တန္း ခ်ိတ္ ဆက္ခ်ည္ေႏွာင္ရသည့္ေနရာျဖစ္ပါသည္။ဝါယာႀကိဳးမ်ားသပ္ရပ္စြာျပဳလုပ္ ၿပီးလွ်င္ ဝက္အူမ်ားကိုစက္ျဖင့္ တပ္ဆင္ေပးရပါသည္။ ထိုင္၍ျပဳလုပ္ရျခင္း ျဖစ္ပါသည္။ ဝါယာႀကိဳးမ်ားသပ္ရပ္စြာျပဳလုပ္ၿပီးလွ်င္ဝက္အူမ်ားကိုစက္ျဖင့္ တပ္ဆင္ေပးရပါသည္။ထိုင္၍ျပဳလုပ္ရျခင္းျဖစ္ပါသည္။လူတစ္ကိုယ္လုံးတြင္ လက္ႏွစ္ဖက္သာ ပင္ပန္းရေသာ အလုပ္ျဖစ္သည္။
သို႔ေသာ္တစ္ခါတစ္ရံအလြန္ႀကီးမားေသာအဲယားကြန္းမ်ား ျပဳလုပ္ ေပးရပါသည္။ ထိုအခါတစ္ေန႔လုံးမတ္တတ္ရပ္၍ျပဳလုပ္ရပါသည္။ ၁၉၉၅ ခုႏွစ္တြင္ ကြၽန္မ ကိုယ္ဝန္ရွိပါသည္။ ကြၽန္မသည္ အလုပ္အလြန္ႀကိဳးစား၍ သပ္သပ္ရပ္ရပ္ ျပဳလုပ္တတ္ေသာဉာဥ္ေၾကာင့္ အထက္လူႀကီးမ်ား ေခါင္းေဆာင္မ်ားကခ်စ္ခင္ၾကပါသည္။ ကြၽန္မ၏ကိုယ္ဝန္ကိုလည္းဂ႐ုစိုက္

ရန္ အၿမဲသတိေပးပါသည္။ ကိုယ္ဝန္ ႏွစ္လခန႔္ရေသာအခါ တစ္ည ကြၽန္မ အိပ္မက္မက္ပါသည္။ အိပ္မက္ထဲတြင္ ကုံလုံဆရာေတာ္ႀကီးသည္ ကႏုတ္ ပန္းမ်ား ေဖာ္ထားေသာ ကုလားထိုင္ႀကီးေပၚထိုင္ေနပါသည္။ ကြၽန္မသည္ ဆရာေတာ္ႀကီး၏ ေျခဖမိုးႏွစ္ဖက္ေပၚတြင္ မ်က္ႏွာအပ္၍ ငိုေနပါသည္။ ဆရာေတာ္ႀကီးက ကြၽန္မ၏ ဦးေခါင္းေပၚလက္ဝါးျဖင့္အုပ္၍ တစ္စုံတစ္ရာ ႐ြတ္ဖတ္ေနပါသည္။ ထိုသို႔ ကြၽန္မ မ်က္စိထဲမွာ ႐ုပ္ရွင္ျပသလို ျမင္ရၿပီး အိပ္ရာမွ လန႔္ႏိုးသြားပါသည္။ အိပ္မက္သည္ ထူးဆန္းသည္ဟု စိတ္ထဲက ထင္ေသာ္လည္း အဓိပၸာယ္မေဖာ္တတ္ပါ။
မနက္ကြၽန္မအလုပ္ထဲေရာက္ေသာအခါလိုင္းစမဖြင့္မီေခါင္းေဆာင္
က အလုပ္သမားအားလုံးကို ေခၚပါသည္။ ဒီေန႔တြင္ အလြန္ႀကီးမားေသာ အဲယားကြန္းႀကီးမ်ားတပ္ဆင္မွာျဖစ္ေၾကာင္းမိမိက်ရာေနရာတြင္မမွားရန္ ဂ႐ုစိုက္ရမည္ျဖစ္ေၾကာင္းေျပာကာေနရာခ်ပါသည္။ကြၽန္မကထိုအလုပ္မ်ား ကို လုပ္ဖူးေသာ္လည္း ကြၽန္မေဘးမွ အလုပ္သမားအသစ္က မလုပ္ဘူးပါ။ လိုင္းဖြင့္ၿပီး ကြၽန္မေနရာမွ ေက်ာ္သြားသည့္ႏွင့္ သူ မီေအာင္ လိုက္မလုပ္ ႏိုင္ပါ။ ေခါင္းေဆာင္က သူ႔ကို ကူညီေပးေသာ္လည္း အျခားကိစၥရွိ၍ ေခါင္းေဆာင္ထြက္သြားသည္ႏွင့္ သူ႔ကို ကူညီမည့္သူ မရွိပါ။ ထိုအခါ သူ႔ကို သနား၍ အဲယားကြန္းတင္ထားေသာ ခုံကို ဘီးမ်ားေပၚတြင္ သူ႔ဆီ မေရာက္မီ ျပန္ျပန္ တြန္းထားလိုက္ပါသည္။
သုံးရက္အၾကာတြင္ကြၽန္မကိုယ္ဝန္ပ်က္က်ပါသည္။စက္႐ုံေဆးခန္း ေရာက္၊ ထိုမွတစ္ဆင့္ေဆး႐ုံႀကီးသို႔ ေရာက္သြားပါသည္။ ကြၽန္မခင္ပြန္းထံ ဖုန္းဆက္ေခၚပါသည္။ ေဆး႐ုံေရာက္ကတည္းက ဝွီးခ်ဲေပၚတက္ထိုင္လိုက္ ရၿပီး ဓာတ္ေလွကားျဖင့္ အေပၚတက္၊ ေအာက္ဆင္း တစ္ခန္းဝင္ တစ္ခန္း ထြက္ စစ္ေဆးလိုက္ရာ ညေနတြင္ ျပန္ခိုင္းလိုက္ပါသည္။ ႏိုင္ငံျခားသား အလုပ္သမားမ်ားကို သေႏၶသား ျပဳတ္မက်မီ သားအိမ္ျခစ္ခြင့္ မရွိေၾကာင္း ေသြးအမ်ားႀကီး သြန္လာလွ်င္ ဖုန္းဆက္ရန္ ထိုအခါ လူနာတင္ယာဥ္ျဖင့္

သူတို႔လာေခၚမည္ျဖစ္ေၾကာင္းမွာလိုက္ပါသည္။ေဆးခြင့္တစ္ပတ္ေပးလိုက္ ပါသည္။ ထိုတစ္ပတ္လုံးကြၽန္မမွာအိပ္လိုက္စားလိုက္ႏွင့္မည္သည့္ေဝဒနာ မွ်မခံစားရပါ။ ေသြးနည္းနည္းသာ ဆင္းပါသည္။ အလုပ္ထဲမွ ေခါင္းေဆာင္ ႏွင့္ အလုပ္သမားမ်ား သတင္းလာေမးၾကပါသည္။ တစ္ပတ္ျပည့္၍ ေဆး႐ုံ ေရာက္ေသာအခါပထမတစ္ႀကိမ္အတိုင္းတစ္ခန္းဝင္တစ္ခန္းထြက္စမ္းသပ္ ျပန္ပါသည္။ ၿပီးေနာက္ ပထမတစ္ႀကိမ္အတိုင္း မွာၾကားကာ ခြင့္တစ္ပတ္ ထပ္ေပးလိုက္ျပန္သည္။ကြၽန္မသည္အိပ္လိုက္စားလိုက္ျဖင့္ေနာက္တစ္ပတ္ ကုန္သြားျပန္ပါသည္။ တတိယအႀကိမ္သည္လည္း ပထမနည္းအတိုင္း ျပန္လႊတ္လိုက္ျပန္သည္။ထိုအခါကြၽန္မသူငယ္ခ်င္းကအျပင္ေဆးခန္းျပရန္
ေျပာ၍ေခၚသြားပါသည္။
ထိုေဆးခန္းမွ ေဒါက္တာဂြၽန္တီလင္းသည္ စကၤာပူေရာက္ ျမန္မာ အေတာ္မ်ားမ်ားကို ကေလးေမြးေပးေနေသာ သားဖြားအထူးကုျဖစ္သည္။ ကြၽန္မအား အာထရာေစာင္း႐ိုက္ၿပီးေသာအခါ မနက္ျဖန္ (၉)နာရီ လာရန္၊ ေမ့ေဆးေပးၿပီးသားအိမ္ျခစ္ရန္ မွာလိုက္ပါသည္။ ေနာက္ေန႔တြင္ (၉)နာရီ ေဆးခန္း ေရာက္သြားပါသည္။ ကြၽန္မအမ်ိဳးသားကို (၁၂)နာရီ တိတိ လာေခၚခိုင္းပါသည္။ (၅)မိနစ္သာ လိုပါသည္။ ကြၽန္မသည္ လာေခၚ ေသာခင္ပြန္းႏွင့္ အိမ္ျပန္လိုက္သြားရပါသည္။ တတိယအႀကိမ္ ေဆး႐ုံက ေပးလိုက္ေသာ ေဆးခြင့္ တစ္ပတ္ထပ္ရပါသည္။ သားအိမ္ျခစ္သည္ ဆိုေသာ္လည္း စူးျခင္း၊ နာျခင္း ေအာင့္ျခင္း လုံးဝ မခံစားရပါ။ သုံးပတ္ ျပည့္၍ ကြၽန္မ အလုပ္ဆင္းေသာအခါ စကၤာပူႏိုင္ငံသူ အလုပ္သမား အမ်ိဳး သမီးမ်ားကြၽန္မနားဝိုင္းလာၾကပါသည္။ တစ္ေယာက္တစ္ေပါက္ေမးၾကၿပီး မေက်မနပ္ေျပာေနသည္မ်ားကို ကြၽန္မနားေထာင္ၾကည့္ေသာအခါ သူတို႔ ကိုယ္ဝန္ပ်က္က်ပါက ခြင့္တစ္ပတ္သာရသည္။ ကြၽန္မကမူ ခြင့္သုံးပတ္ ရလိုက္သည္တဲ့ေလ။

ကြၽန္မေရာခင္ပြန္းသည္ပါအလုပ္အကိုင္အဆင္ေျပပါလ်က္ႏွစ္ဖက္
မိဘမ်ားအသက္ႀကီးရင့္ၾကၿပီမို႔၁၉၉၇ ခုႏွစ္တြင္ျမန္မာျပည္သို႔အၿပီးျပန္လာ
ခဲ့ၾကပါသည္။ ျမန္မာျပည္ျပန္ေရာက္ၿပီးမၾကာမီကြၽန္မကိုယ္ဝန္ရွိပါသည္။ သားႀကီးမွာအသက္(၁၁)ႏွစ္ရွိပါၿပီ။ကြၽန္မအသက္က(၃၈)ႏွစ္ကေလးမရ
ႏိုင္ေတာ့ဟု ထင္ထားရာမွ ကိုယ္ဝန္ရွိလာသျဖင့္ အလြန္ဝမ္းသာမိပါသည္။ ကိုယ္ဝန္ (၆)လခန႔္ရေသာအခါ ကြၽန္မ မိဘ ညီအစ္ကို ေမာင္ႏွမမ်ားႏွင့္ ခင္ပြန္း၊ သားႀကီးတို႔ ဘုရားဖူးထြက္ရန္စီစဥ္ၾကပါသည္။
ေမာ္လၿမိဳင္ သာမညဆရာေတာ္ႀကီးကို ဖူးခ်င္ေနပါသည္။ မိသားစု ဘုရားဖူးထြက္သြားၿပီးေနာက္တစ္ေန႔ညတြင္ကြၽန္မအိပ္မက္မက္ပါသည္။ ကြၽန္မတို႔ကားထဲတြင္ဒ႐ိုင္ဘာကေရွ႕မွေမာင္း၍ကြၽန္မကေနာက္မွထိုင္လ်က္ ကားလမ္းမေပၚတြင္ ေမာင္းေနပါသည္။ ထိုအခ်ိန္တြင္ သာမညဆရာေတာ္ သည္ ေမာင္းေနသည့္ကား၏ ျပတင္းေပါက္မွ ႂကြလာကာ ဒ႐ိုင္ဘာေဘးရွိ ခုံေပၚထိုင္လိုက္ပါသည္။ ဒ႐ိုင္ဘာသည္ အံ့ဩထိတ္လန႔္၍ ကားကို ဘရိတ္ အုပ္ကာ ရပ္လိုက္ပါသည္။
“ကဲ….ဒကာမႀကီး၊ ဖူးခ်င္ေနတာ ဆႏၵျပည့္သြားၿပီမဟုတ္လား။ လႉ ခ်င္တာရွိရင္လႉေလ”
ကြၽန္မသည္ အံ့ဩဝမ္းသာလြန္း၍ တုန္ယင္ေနေသာ လက္ျဖင့္ လက္ကိုင္အိတ္ကို ဖြင့္လိုက္ေသာအခါ ပန္းသီးတစ္လုံးႏွင့္ စံပယ္ကုံးမ်ား ေတြ႕ရပါသည္။ထိုပန္းသီးႏွင့္စံပယ္ပန္းကုံးအား ဆရာေတာ္ကို႐ို႐ိုေသေသ လႉၿပီးေသာအခါ ဆုေတြေပးၿပီး ကားတံခါးပင္ မဖြင့္ပဲ ျပန္ႂကြသြားပါသည္။ အိပ္ရာမွ ႏိုးေသာအခါ ကြၽန္မတစ္ကိုယ္လုံး ပီတိမ်ား ဖုံးေနပါသည္။ ထိုသို႔ ထူးျခားေသာပုဂၢိဳလ္မ်ား၊ ထူးျခားေသာေနရာမ်ားသို႔အိပ္မက္ထဲတြင္အႀကိမ္ ႀကိမ္မက္ခဲ့သည္မ်ားကိုေနာက္မွ အလ်ဥ္းသင့္သလို ေဖာ္ျပသြားပါမည္။
ကိုယ္ဝန္ (၇)လခန႔္တြင္ကြၽန္မတို႔ကိုးကြယ္ေသာဆရာေတာ္မွေမြး ဖြားရန္ ေန႔ရက္ အခ်ိန္နာရီတို႔ကို တြက္ခ်က္ေပးပါသည္။ အခ်ိန္ကိုက္ ေမြး

ဖြားရန္ခြဲစိတ္ေပးမည့္ OG ႏွင့္တိုင္ပင္ရပါသည္။ ကြၽန္မ၏အသက္အ႐ြယ္ ေၾကာင့္ ဗဟိုအမ်ိဳးသမီးေဆး႐ုံႀကီးကို ေ႐ြးခ်ယ္လိုက္ပါသည္။ ၁၉၉၈ ခုႏွစ္ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔ တစ္ရက္ႀကိဳ၍ ေဆး႐ုံတက္ရပါသည္။ ေဆး႐ုံ ေရာက္ေသာအခါ ကြၽန္မအား စမ္းသပ္ခန္းအတြင္း ေခၚသြားပါသည္။ အတူ လိုက္ပါလာေသာညီမႏွင့္ကြၽန္မ၏ခင္ပြန္းကစာေရးမလိုက္ျပေသာအခန္း
မ်ားကိုလိုက္လံၾကည့္ရႈၾကပါသည္။
ထို႔ေနာက္ ကြၽန္မတက္မည့္ အခန္းနံပါတ္ (၁ဝ)တြင္ ေဆြမ်ိဳးမိသား စုမ်ားႏွင့္ ျပည့္ေနပါသည္။ အစားေသာက္မ်ား စားေသာက္၍ တစ္ဦးႏွင့္ တစ္ဦး ေနာက္ေျပာင္ေနၾကပါသည္။ ည(၇)နာရီတြင္ ညေစာင့္ ေရာက္ မလာပါ။ ည (၉)နာရီမွ လူစုခြဲ၍ အသီးသီး အိမ္ျပန္သြားၾကပါသည္။ အခန္း ထဲတြင္ ကြၽန္မ၏ အစ္မအႀကီးဆုံး ကြၽန္မႏွင့္ ဆရာမသာ က်န္ခဲ့ပါသည္။ ကေလးေမြးဖြားေပးေသာေဆး႐ုံျဖစ္ေသာ္လည္းသီးသန႔္ခန္းမ်ားျဖစ္သျဖင့္ ကေလးငိုသံကပင္မၾကားရပဲတိတ္ဆိတ္ၿငိမ္သက္ေနပါသည္။အစ္မႀကီးက
ကြၽန္မကိုေစာေစာအိပ္ခိုင္းပါသည္။ ကြၽန္မသည္ကုတင္ေပၚတြင္ေခါင္းရင္း ဘက္သို႔ လွည့္ကာ ဘုရားကန္ေတာ့ၿပီး အိပ္လိုက္ပါေတာ့သည္။ ကြၽန္မ အိပ္ေမာက်ေနစဥ္…
“ငါ့ကုတင္ေပၚက အခုဆင္းစမ္း”
ဟု အသံနက္ႀကီးျဖင့္ ေအာ္ဟစ္၍ ကြၽန္မကို ခြၽန္ထက္ေသာ လက္သည္းႀကီးမ်ားျဖင့္ ကုတ္ျခစ္ပါသည္။ လူကိုေတာ့ မျမင္ရပါ။ ကြၽန္မ၏ မ်က္ႏွာႏွင့္ လည္ပင္းတို႔ကို ကုတ္ျခစ္ေနေသာ လက္သည္းမ်ားကို ေရွာင္ တိမ္းရင္း “ဗုဒၶံ သရဏံ ဂစာၦမိ ” . အစရွိသည့္ သရဏဂုံသုံးပါးကို ႐ြတ္ဆို ေနပါသည္။ ထိုသို႔ ႐ြတ္ဆိုေနရင္း ကြၽန္မကို တစ္ခ်က္မွ် မကုတ္ျခစ္မိပဲ အိပ္ရာမွ လန႔္ႏိုးသြားပါသည္။ ကြၽန္မသည္ မေၾကာက္တတ္ပါ။ ထူး ေတာ့ထူးသည္။ သတိထားရမည္ဟုကြၽန္မစိတ္ထဲမွတ္ထားလိုက္ပါသည္။

အစ္မႀကီးႏွင့္ဆရာမတို႔သည္ဒရင္းဘက္တစ္ေယာက္တစ္လုံးစီႏွင့္အိပ္ေပ်ာ္ ေနၾကပါသည္။ သမၺဳေဒၶဂါထာေတာ္ကို ႐ြတ္ဆိုရင္း ကြၽန္မ ျပန္အိပ္လိုက္ ပါသည္။ မိုးလင္းသည္အထိ ေနာက္ထပ္အိပ္မက္မမက္ေတာ့ပါ။
ေနာက္တစ္ေန႔ ေဖေဖၚဝါရီလ (၂၇)ရက္ေန႔တြင္ မိသားစုအားလုံး ကြၽန္မအခန္းထဲရွိေနပါသည္။ ေန႔လယ္ (၁၂)နာရီတြင္ကြၽန္မကိုခြဲစိတ္ခန္း ထဲေခၚသြားပါသည္။ သားငယ္ကိုေမြးရင္းသားေၾကာပါျဖတ္လိုက္ပါသည္။ ေန႔လယ္ (၁)နာရီ (၂)မိနစ္တြင္ သားငယ္ကို ေအာင္ျမင္စြာ ခြဲစိတ္ေမြးဖြား ႏိုင္ခဲ့ပါသည္။ ကြၽန္မသတိရေတာ့ညေန(၄)နာရီခန႔္ရွိပါၿပီ။ သတိရခ်ိန္တြင္ ဝမ္းဗိုက္မွ အလြန္နာက်င္သည့္ေဝဒနာကို ခံစားရပါသည္။ လက္မွာလည္း ပိုက္တန္းလန္းႏွင့္ေဆးသြင္းထားပါသည္။ ညေန(၅)နာရီခန႔္တြင္ သားငယ္ ကို ကြၽန္မအခန္းထဲ လာပို႔ပါသည္။ ကေလးသည္ ႏုနယ္လြန္းေသာေၾကာင့္ ဆရာမမွလြဲ၍ မည္သူမွ် မခ်ီပိုးရပါ။ ဆရာမက လွဲလ်က္ အေနအထားျဖင့္ ကေလးကို ႏို႔ဦးရည္ တိုက္ေစပါသည္။ ထို႔ေနာက္ ႏို႔မထြက္မီ ႏို႔ဘူးေဖ်ာ္ တိုက္ၿပီးအိပ္ေပ်ာ္သြားေသာကေလးကိုကြၽန္မကုတင္ရင္းရွိ ကေလးပုခက္ ထဲထည့္သိပ္လိုက္ပါသည္။ ထည့္သိပ္ၿပီး (၅)မိနစ္မွ်ပင္ မၾကာပါ။ ကေလး က စူးစူးဝါးဝါး ထငိုပါသည္။ ကေလးကို ျပန္ခ်ီယူ၍ အိပ္ေပ်ာ္သြားေသာ အခါပုခက္ထဲ ထည့္ျပန္ပါသည္။ ကေလးကငိုျပန္ပါသည္။ကြၽန္မအေမႏွင့္ အစ္မမ်ားက ေအာက္ခံအခင္းမ်ားကိုခါ၍ ပု႐ြတ္ဆိတ္ရွိလား ရွာၾက ပါသည္။ ထို႔ေနာက္ အခင္းျဖန႔္ခင္းကာ ကေလးကို ျပန္ထည့္ပါသည္။ ငိုျပန္ ပါသည္။ ဒီတစ္ခါေတာ့ ကြၽန္မ အိပ္မက္ကိုသြား၍ သတိရလိုက္မိပါသည္။ ကေလးငိုျခင္းသည္ ကြၽန္မႏွင့္ ဆက္စပ္ေနသည္ဟု ထင္လိုက္ပါသည္။ ထို႔ေၾကာင့္ …
“ဆရာမ – ကေလးကိုကြၽန္မ ရင္ခြင္ထဲမွာပဲ သိပ္ခ်င္တယ္” “ဟယ္…ဘယ္ျဖစ္မလဲ.ေနေနကဒီတစ္ညလႈပ္လို႔မရေသးဘူးေလ။
အေနက်ပ္ပါတယ္။ ဆရာမ ရေအာင္ သိပ္ေပးပါ့မယ္”
“ရပါတယ္ဆရာမ ကြၽန္မေဘးမွာပဲလာထားေပးပါေနာ္”

ကြၽန္မအတန္တန္ေျပာေတာ့မွအိပ္ေပ်ာ္ေနေသာကေလးကိုကြၽန္မ
ေဘးတြင္ခ်ထားေပးပါသည္။ထိုအခါမွစ၍ငိုသံမၾကားရေတာ့ပဲႏွစ္ႏွစ္ၿခိဳက္ ၿခိဳက္အိပ္ေပ်ာ္ေနပါသည္။ ည (၉)နာရီတြင္ က်န္မိသားစုအားလုံးျပန္သြား ပါသည္။အခန္းထဲတြင္အစ္မလတ္ဆရာမႏွင့္ကြၽန္မတို႔သားအမိႏွစ္ေယာက္ ပဲက်န္ပါသည္။ ထိုညက ကြၽန္မအိပ္မက္မမက္ပါ။

ေဖေဖာ္ဝါရီလ (၂၈)ရက္ေန႔တြင္ ေဆးသြင္းထားေသာ ပိုက္မ်ား အားလုံး ျဖဳတ္လိုက္ပါသည္။ သို႔ေသာ္ ကြၽန္မ မထႏိုင္ေသးပါ။ သားေၾကာ ျဖတ္ထားေသာေၾကာင့္ဟု ဆရာမက ေျပာပါသည္။ ကြၽန္မတို႔ ညီအစ္မငါး ေယာက္သည္ မိတ္ေဆြအေပါင္းအသင္း အလြန္ေပါသျဖင့္ အခန္းထဲတြင္ သတင္းလာေမးေသာ ဧည့္သည္မ်ားျဖင့္ တစ္ေန႔လုံး စည္ကားေနပါသည္။ ဧည့္သည္မ်ားႏွင့္စကားေျပာလိုက္၊ သူတို႔ေျပာတာေတြနားေထာင္လိုက္ႏွင့္ ပင္ပန္းသြားၿပီး ညေန (၆)နာရီခန႔္တြင္ ေမွးခနဲ အိပ္ေပ်ာ္သြားပါသည္။ “နင္အခုထိငါ့ခုတင္ေဘးကမဆင္းေသးဘူးလား။ငါအိပ္စရာမရွိဘူး
ဟဲ့…ေသေပေတာ့”
ဟု အသံနက္ႀကီးျဖင့္ ေအာ္ဟစ္ရင္း ကြၽန္မကုတင္ကို တြန္းသြား ပါသည္။ သားငယ္ကို ဆရာမ ခ်ီပိုးထားသျဖင့္ ကြၽန္မတစ္ေယာက္တည္း သရဏဂုံသုံးပါး႐ြတ္ရင္း ပါသြားပါသည္။ ေဆး႐ုံေကာ္ရစ္ဒါအတိုင္း တြန္း သြားရာအေတာ္ေဝးေဝးပါသြားပါသည္။ထို႔ေနာက္လမ္းခုလတ္တြင္ ကြၽန္မ ကုတင္ကိုထားခဲ့ကာ ရိပ္ခနဲေျပးသြားသည္ကိုေတြ႕လိုက္ရပါသည္။ ကြၽန္မ လည္းလန႔္ႏိုးသြားပါသည္။
ကြၽန္မမွာ အခန္းထဲတြင္ ရွိေနေသး၍ ေတာ္ပါေသးရဲ႕ဟု ေတြးလိုက္ မိသည္။ကြၽန္မတစ္ခုခုလုပ္မွျဖစ္ေတာ့မည္ဟုသေဘာေပါက္လိုက္ပါသည္။
ထို႔ေၾကာင့္ …

“ဆရာမ… ကြၽန္မကို ထူေပးပါလား- ထိုင္ခ်င္တယ္” “ေအးေအး – ေကာင္းတယ္၊ ဒါမွ ခ်ဳပ္႐ိုးေခ်ာင္ၿပီး ျမန္ျမန္က်က္မွာ” ဆရာမက ထူေပးၿပီး ေခါင္းအုံးခုကာ ထိုင္ေစပါသည္။ ဝမ္းဗိုက္ခ်ဳပ္ ႐ိုးေနရာမွနာက်င္သည္မွာ စူးစူးဝါးဝါးပင္။ ကြၽန္မ၏အေမက

“သမီးထိုင္ရတာအဆင္ေျပရဲ႕လား။ သိပ္နာရင္ျပန္လွဲေနလိုက္ေလ” “ရပါတယ္ အေမ-သမီး ဘုရားစာ႐ြတ္ခ်င္လို႔”
“ေအာ္…ေအး-ေအး..႐ြတ္၊ သမီး – ႐ြတ္”
ကြၽန္မလက္ကေလးကို ကိုင္ထားရာမွ လြတ္၍ အေမထြက္သြားပါ သည္။ ဆက္တီတြင္ ဆရာမကေလးခ်ီထားေသာအစ္မႏွင့္အေမတို႔စကား
ေျပာေနၾကပါသည္။ကုတင္ေပၚတြင္ထိုင္ေနေသာကြၽန္မသည္ႏွစ္ကိုယ္ၾကား
စကားေျပာသလို ေျပာလိုက္ပါသည္။
“အခုလိုငါ့ကိုေႏွာင့္ယွက္ေနတဲ့အတြက္ငါစိတ္မဆိုးပါဘူး။ နင့္ကို
သနားေတာင္သနားေနမိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ဒီကုတင္ကငါလည္း မပိုင္ဘူး။ နင္လည္း မပိုင္ဘူး။ ေဆး႐ုံကပိုင္တာ- ငါတို႔က ခဏလာတဲ့ ဧည့္သည္ေတြပါ။ ဒါကို နင္သိေစခ်င္တယ္။ ကိုယ္မပိုင္တဲ့ေနရာကို စြဲလန္း မေနပါနဲ႔ေတာ့။ အခု ငါ ေမတၱသုတ္ (၃)ေခါက္႐ြတ္မယ္။ ေသေသခ်ာခ်ာ နားေထာင္ၿပီးငါေမတၱာပို႔အမွ်ေဝတဲ့အခါသာဓုေခၚေနာ္”
ထိုသို႔ ေျပာၿပီး ကြၽန္မသည္ ငါးပါးသီးလယူကာ ေမတၱသုတ္ စ႐ြတ္ ပါသည္။ မ်က္ေစ့မွိတ္၍ ဘုရားကို အာ႐ုံျပဳကာ ေမတၱသုတ္ (၃)ေခါက္႐ြတ္ ၿပီး ေမတၱာပို႔ အမွ် ေဝလိုက္ပါသည္။ ထိုေန႔မွစ၍ ကြၽန္မသည္ မည္သည့္ အေႏွာင့္အယွက္မွ် မႀကဳံရေတာ့ပဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ႏိုင္ပါသည္။ ကြၽန္ မသည္ေဆး႐ုံတြင္တစ္ပတ္ေနရပါသည္။မနက္ျဖန္ဆိုလွ်င္ကြၽန္မေဆး႐ုံက
ဆင္းရပါေတာ့သည္။ ကေလးေရာကြၽန္မပါက်န္းမာသည္မို႔အေမႏွင့္အစ္မ
မ်ားညေန(၅)နာရီခြဲေက်ာ္ေက်ာ္တြင္ျပန္သြားၾကပါသည္။ ကြၽန္မ၏ခင္ပြန္း ကေဆး႐ုံမွာအိပ္မွာမို႔ည(၉)နာရီခန႔္ျပန္လာခဲ့မည္ဟုေျပာကာအေမတို႔ႏွင့္
ျပန္လိုက္သြားပါသည္။
ေဆာင္းရာသီမို႔ေနဝင္ေစာလွပါသည္။ ေဆး႐ုံတစ္ခုလုံးတိတ္ဆိတ္ ေနပါသည္။ မၾကာမီမိုးခ်ဳပ္ေတာ့မည္။ ကြၽန္မသည္သားငယ္ကိုကုတင္ေပၚ

တြင္ ႏို႔တိုက္ေနပါသည္။ ဆရာမက ဆက္တီေပၚတြင္ထိုင္၍တီဗီၾကည့္ေနပါ သည္။ ထိုအခ်ိန္တြင္…

“ေဒါက္ ေဒါက္ ”ဟု တံခါးေခါက္သံ ၾကားရသည္။ ဆရာမသည္ ထိုင္ေနရာမွထ၍တံခါးသြားဖြင့္လိုက္ပါသည္။တံခါးဝတြင္အသက္သုံးဆယ္ ခန႔္ ေခ်ာေမာလွပေသာ ကုလားမတစ္ေယာက္ႏွင့္ သူမ၏ေဘးတြင္ ရွစ္ႏွစ္ အ႐ြယ္ခန႔္ ကုလားမေလးတစ္ေယာက္ကိုေတြ႕ရပါသည္။
“အစ္မနဲ႔ ကေလးကို ၾကည့္ခ်င္လို႔ပါ”
ဆရာမက အသိလားဟု ကြၽန္မဘက္လွည့္ၿပီး ေမးဆတ္ျပပါသည္။ ကြၽန္မသည္ အိမ္ေထာင္က်ခါစကကန္ေတာ္ကေလးတြင္ ႏွစ္အေတာ္ၾကာ ေနခဲ့ဖူးသျဖင့္ အသိတစ္ေယာက္မ်ားလားဟုေတြးကာ ဆရာမကို ေခါင္း ညိတ္ျပလိုက္သည္။ သူတို႔ႏွစ္ေယာက္ဝင္လာၿပီးဆရာမက တံခါး ျပန္ပိတ္ လိုက္သည္။ေပါင္လယ္အထိရွည္ေသာအက်ႌ၊ေဘာင္းဘီရွည္ပုဝါႏွင့္ သစ္ သစ္လြင္လြင္ဝတ္ထားပါသည္။နဖူးေပၚတြင္အနီစက္ႏွင့္ေသခ်ာၾကည့္ေတာ့
႐ုပ္ခ်င္းဆင္သျဖင့္ သားအမိမွန္း သိသာလွသည္။
ကြၽန္မ၏ကုတင္ေဘးတြင္ ရပ္၍ ၿပဳံးၿပီး ၾကည့္ေနပါသည္။ သူတို႔က လည္းဘာမွ်မေျပာ၊ကြၽန္မကလည္းဘာမွ်မေမးမိပါ။ ဆယ္မိနစ္ခန႔္ၾကာသြား
သည္ဟုထင္မိပါသည္။ ထို႔ေနာက္-
“အစ္မကို အရမ္း ေက်းဇူးတင္လို႔ လာေတြ႕တာပါ။ အခု ကြၽန္မတို႔ သားအမိသြားရေတာ့မွာမို႔လာႏႈတ္ဆက္တာပါ”
သူ႔စကားဆုံးသည္ႏွင့္အိပ္မက္ကိုသတိရၿပီးတအံ့တဩေမာ့ၾကည့္ လိုက္မိသည္။ ကြၽန္မအိပ္မက္ထဲက မိန္းကေလးမ်ားလားဟု စိတ္ထဲက
ေတြးလိုက္မိစဥ္သူမကၿပဳံး၍ေခါင္းညိတ္ျပပါသည္။ထို႔ေနာက္သူ႔သမီးလက္ ကိုဆြဲကာတံခါးဆီသို႔ေလွ်ာက္သြားပါသည္။ေကာ္ဖီေဖ်ာ္ေနေသာဆရာမက

တံခါးလိုက္ဖြင့္ေပးလိုက္ပါသည္။ အံ့ဩလြန္း၍ေၾကာင္ေငးေနေသာကြၽန္မ သည္ ဆရာမအသံၾကားမွ သတိဝင္လာပါသည္။
“ေနေန႔ အသိေတြလား”
“မဟုတ္ပါဘူး ဆရာမ”
“ဟယ္ …. ဒါဆို ဘာေတြေျပာသြားတာလဲ” “အခန္းမွားဝင္လာတယ္လို႔ ေျပာပါတယ္”
“အဲငါထင္သားပဲဒါေၾကာင့္ ေကာ္ဖီမေဖ်ာ္ေသးပဲၾကည့္ေနတာ”
ဆရာမေျပာသည္ကိုနားေထာင္ရင္းကြၽန္မၿပဳံးလိုက္ပါသည္။ဒီတစ္
ခါအၿပဳံးကေတာ့ပီတိၿပဳံးပါ။ ကြၽန္မျပဳလိုက္ေသာကုသိုလ္အဖို႔ဘာဂကိုရ၍ သာဓုေခၚၿပီး လြတ္ရာကြၽတ္ရာ ေရာက္သြားၾကၿပီဟု မ်က္ဝါးထင္ထင္ ေတြ႕ လိုက္ရေသာေၾကာင့္ ျဖစ္ပါသည္။

ကြၽန္မကေလးေမြးၿပီး တစ္လေက်ာ္ေသာအခါ မိသားစုကို ထိုအေၾကာင္းေျပာျပပါသည္။ ထိုအခါမွ ကြၽန္မညီမက
“ဒါေၾကာင့္မို႔ ညီမအခန္းေတြ လိုက္ၾကည့္တုန္းက သုံးခန္းလြတ္ေန တယ္။အဲဒီအခန္း(၁ဝ)ကေထာင့္ခန္းမို႔ဒီအခန္းယူမယ္လို႔ေျပာလိုက္ေတာ့ လိုက္ျပတဲ့အမ်ိဳးသမီးကတျခားအခန္းယူပါလားအစ္မလို႔ေျပာေသးတယ္။ ညီမကဒီအခန္းပဲႀကိဳက္တယ္။ဒါပဲယူမယ္လို႔ေျပာလိုက္တယ္။ အဲဒီအခန္း (၁ဝ)ကအရင္လူနာေတြလည္းအေျခာက္ခံရတယ္လို႔သတင္းထြက္တယ္နဲ႔ တူပါရဲ႕။ အမေလး… ၾကက္သီးထလိုက္တာ ညီမသာဆို ေၾကာက္လြန္းလို႔ ေသမွာပဲ”ဟုေျပာပါသည္။
ထို႔ေၾကာင့္ကြၽန္မ၏ကိုယ္ေတြ႕ႏွင့္ယွဥ္၍စာဖတ္သူမ်ားကိုမွာခ်င္ပါ
သည္။ ထိုကဲ့သို႔ အလားတူ အျဖစ္အပ်က္မ်ိဳး ႀကဳံလာပါက မေၾကာက္ပါႏွင့္။ ပရေလာကသားမ်ားသည္ သူတို႔၏ေမတၱာပို႔အမွ်ေဝသည္ကိုလိုခ်င္ေသာ ေၾကာင့္ ေျခာက္လွန႔္ျခင္းျဖစ္သည္ဟု ကြၽန္မ ယုံၾကည္ပါသည္။ ထို႔ေၾကာင့္

ေမတၱာပို႔ အမွ်ေဝေပးၾကပါ။ ကြၽန္မကေတာ့ ထိုေန႔မွစ၍ ကုသိုလ္ေကာင္းမႈ တစ္ခုခု လုပ္တိုင္း ေမတၱာပို႔ အမွ်ေဝျခင္းကို ေလးေလးနက္နက္ ျပဳလုပ္ပါ သည္။
လူတိုင္းေမတၱာထားႏိုင္ၾကပါေစ။