မောင့်မဟေသီ

မောင့်မဟေသီ(စ/ဆုံး)
———————–
ဂျိန်း °°°°
တစ်ချက်တစ်ချက်လင်းလာသော လျှပ်စီးနဲ့အတူ
သချိုင်းပေါ်မှာ အရိပ်တစ်ခုက တစ်စုံတစ်ခုကို
မြူပ်နှံနေသည်ကို မသဲမကွဲမြင်ရ၏
မိုးကညနေကတည်းကအဆက်မပြတ်ရွာသည်မှာ
ယခုထဲမစဲသေး

အေးမောင်တစ်ယောက် အကြောက်တရားကားမည်ကဲ့သို့ရှိသည်ကိုမသိတော့ချေ
အဓိက ယခုလက်စမြန်မြန်သတ်ပြီး အမှုမပေါ်အောင်ပိပိရိရိနေဖို့က အရေးကြီးသည်

သချိုင်းမြေက မိုးရွာထားသောကြောင့် တူးဆွထားသမျှမြေက ကျင်းထဲကိုပြန်၀င်ကြနေဆဲ

“တောက်

နင်ငါ့ကို အစကတည်းက
မပတ်သတ်မိအောင်နေခဲ့ရမှာ ခုငါလည်းမတတ်နိုင်ဘူး ”

တစ်ယောက်ထဲရေရွတ်ရင်း ရွံ့အလိမ်းလိမ်းကတ်နေသော အလောင်းတစ်ခုအား ကျင်းထဲသို့ပစ်ထည့်လိုက်သည်

အေးမောင်သူလုပ်ခဲ့အလုပ်ကိုတွေးပြီး စိတ်ကစိိုးရိမ်သော်လည်း
သူ့မိသားစုအဆင်ပြေဖို့အတွက် ယခုနည်းလမ်းကသာသူ့အတွက် ဖြေရှင်းချက်ဟုထင်ခဲ့၏

မြေဖို့ပြီး ထမည်အပြု ရုတ်တရက် သချိုင်းဇရပ်ပေါ်မှာ လမ်းလျှောက်နေသော မိန်းမတစ်ယောက်ကို မျက်၀ါးထင်ထင်တွေ့လိုက်ရသည်

အမြင်မှားခြင်းလားလို့ သေချာကြည့်လိုက်ပေမယ့်
ထိုမိန်းမက မကျေနပ်သော မျက်လုံးအစုံနှင့်အတူ
စိမ်းစိမ်းကြီးကြည့်နေ၏
အေးမောင် ဆက်ပြီးမကြည့်တော့ဘဲ ထိုနေရာမှသွားဖို့လှမ်းမည်ပြင်ခိုက်
တစ်စုံတစ်ခုကဆွဲထားသဖြင့် ငုံ့ကြည့်လိုက်ရာ
သူမြှုပ်ခဲ့တဲ့ အလောင်းက သူ့အားလှမ်းဆွဲထားခြင်းပင်
အေးမောင်သွေးပျက်မတတ်ကြောက်လန့်သွားသည်

*************

” မောင်မနေ့ညက ဘယ်တွေသွားနေတာလဲ

စိတ်ပူလို့သေတော့မယ်
သမီးလည်းက မောင့်ကိုပဲမေးနေတာ”

အိမ်ကို၀င်၀င်ချင်း ဇနီးဖြစ်သူ သူဇာလွင်က ဆီးကြိုမေးလိုက်သည်

” ဘယ်မှမသွားပါဘူး ရုံးကပြန်လာပြီး
သူငယ်ချင်းက ညစာစားမလို့ခေါ်ပြီးပါသွားတာ
မိုးကတအားရွာတော့ အဲ့မှာပဲအိပ်ဖြစ်သွားလို့”

” အဲ့တာဆိုလည်း ဖုန်းလေးဘာလေးကြိုဆက်ပေါ့
ဒီမှာက တစ်ညလုံးစိတ်ပူနေရတာ ဖုန်းလဲပိတ်ထားတယ်”
” အေးပါကွာ ငါနောက်ဆို ပြောပါ့မယ် ဖုန်း ကအားကုန်သွားလို့ ပိတ်ထားတာ”

” အဲ့တာဆိုလဲပြီးရော ”

“သမီးလေးရော နိုးပြီလား”

” အခန်းထဲဆော့နေတယ်”

အေးမောင်အခန်းထဲ၀င်သွားသည် သမီးလေးမျက်နှာမြင်မှပဲ သူ့ရင်ထဲ သောကများတစ်ဖြည်းဖြည်းသက်သာသွားသလိုပင်

သမီးလေးအားဖက်ရင်းစကားပြောမည်အပြု
ပြတင်းမှန်ပေါ်မှ စိမ်းစိမ်းကြီးကြည့်နေသော မျက်နှာတစ်ခုကို အေးမောင်မြင်လိုက်သည်
ပြတင်းပေါက်နားသွားပြီး သေချာကြည့်လိုက်ပေမယ့် မည်သည်မျှမတွေ့
ညတည်းက ပင်ပန်းလာပြီဖြစ်သောကြောင့် သမီးဖြစ်သူနဲ့စကားမဆုံးခင်မှာပင် အိပ်ပျော်သွားလေသည်

” ငါသေသလို နင့်သမီးသေစေရမယ်”

အေးမောင်အလန့်တကြားရုတ်တရက် ထထိုင်လိုက်သည်
ခုနကအသံက အိပ်မက်ထဲကလား အပြင်ကလား စဥ်းစားလို့မရ ဆက်ပြီးမအိပ်ရဲတော့သဖြင့် ကော်ဖီတစ်ခွက်ဖျော်သောက်ပြီး ထိုင်နေလိုက်၏

*****

လူတွေစိတ်၀င်တစား ပြောနေကြသောကြောင့် သူဇာလွင်၀င်စပ်စုကြည့်လိုက်သည်

” ခုနက အစ်မတို့ပြောတဲ့ မဟေသီဆိုတဲ့မိန်းကလေးဘာဖြစ်တာလဲရှင့်”

ကြားထဲက ပျာပျာသလဲနဲ့တစ်ယောက်က

” အဲ့ မဟေသီ ဆိုတဲ့မိန်းကလေး ပျောက်သွားတယ်တဲ့
ဘယ်ရောက်မှန်းခုထိ ရှာမတွေ့သေးဘူး
အဲ့မိန်းမက တတ်ကာစ မော်ဒယ်မင်းသမီး
ဖလန်းဖလန်းနဲ့ ငါနဲ့လမ်းမှာဆုံတိုင်း ကြည့်လိုကိုမရဘူး
မော်ဒယ်မလုပ်ခင်တုန်းက ယောကျ်ားတကာနဲ့ပါဟယ် ”

“ဟုတ်တယ် ခုက အဲ့မဟေသီပျောက်သွားတဲ့သတင်းနာမည်ကြီးနေတယ်
အဲ့ကောင်မ မပျောက်ခင်တုန်းက

သူဌေးတစ်ယောက်နဲ့ တူတူတွေ့တယ်ဆိုပဲ
ရဲတွေကလဲ တော်ရုံအမှုဆို စုံစမ်းမရတာနဲ့ အမှုနားလိုက်မှာ
ခုက မော်ဒယ်မင်းသမီးဆိုတော့ ပြီးတော့ သူ့မိသားစုကလည်း စိတ်ပူနေကြလို့ဆိုပဲ”

” သြော် ဒါနဲ့ ငါ့ညီမက မဟေသီနဲ့သိလို့လား”

” တစ်ခါတော့ဆုံဖူးတယ် ရင်းတော့မရင်းနှီးပါဘူး”
” ကျွန်မလည်း မဟေသီဆိုတဲ့အသံကြားလို့၀င်မေးကြည့်တာပါ ပြန်လိုက်အုံးမယ်နော်အစ်မ”

” အေး အေး”

****

ဒီနေ့ အိမ်မှာသူဇာလွင်တစ်ယောက်ထဲ သမီးဖြစ်သူနဲ့ ခင်ပွန်းသည်က အဒေါ်ထံ အလည်သွားကြသည်
ဒီနေ့မှဘာဖြစ်သည်မသိ စိတ်များလေးလံပြီး မဟေသီပျောက်သွားတဲ့ အကြောင်းကခေါင်းထဲရောက်လာ၏
” ဟူး ငါဒီနေ့ဘာဖြစ်နေတာလဲ ကိုယ်နဲ့မဆိုင်တဲ့အကြောင်းကိုများ ခေါင်းထဲရောက်လာတယ်လို့”

စိတ်လေးနေသည်ကိုပြေဖို့ သံပုရာရည်တစ်ခွက်ဖျော်သောက်ရန် ဗီရိုကို လှမ်းဖွင့်လိုက်သည်

” အား အမယ်လေး ”

ကြောက်လွန်းလို့ နောက်ကိုတောင်လဲကျသွား၏
သူမသေချာပြန်ကြည့်လိုက်သည် ဗီရိုထဲတွင် ဘာမျှမတွေ့
” ဟင် ခုနကငါသေချာတွေ့လိုက်ပါတယ် ငါစိတ်ထင်လို့ဖြစ်မှာပါ ”
လို့တွေးရင်း ခနအနားယူလိုက်သည်
“မောင်တို့ ညနေပြန်ရောက်တော့မှာပဲ ထမင်းသွားချက်အုံးမှ”

မီးဖိုချောင်ထဲထမင်းချက်ရန်၀င်လိုက်သည်နှင့် ရေချိုးခန်းထဲမှ ရေကျသံတစ်ချို့ကြားလိုက်၏
သူဇာလွင် တံခါးဖွင့်ပြီ၀င်ကြည့်သောအခါ ရေကသူ့အလိုလိုကျနေသည်

” ငါလည်းမဖွင့်ထားပါဘူး ”

စိတ်ထဲဒွိဟတစ်ချို့ကသူဇာလွင်ကိုရူပ်ထွေးလာစေ၏
” ဒီနေ့ဘာဖြစ်နေတာလဲ”

ဆက်ပြီးမတွေးတော့ဘဲ ထမင်းချက်နေလိုက်သည်

***
” ဟော မောင်တို့လာကြပြီလား ဘယ်လိုလဲသမီးလေးရောပျော်ခဲ့ရဲ့လား”
” သမီးလေးက ပျော်တာမှ သူ့အဒေါ်နဲ့နေချင်တယ်လို့တောင်ပြောသေး”
” အမယ် ”
” ကဲ ရေမိုးချိုး ပြီးရင် ထမင်းစားမယ်”
” ဟုတ် မာမီ”

” မောင် မဟေသီပျောက်သွားတဲ့ကိစ္စသိပြီလား”
ရုတ်တရက်မေးလာသော သူဇာလွင်အမေးကြောင့်အေးမောင် ပြန်မဖြေနိုင်ပေ

” မောင် သူဇာမေးတာဖြေလေ”
” သြော် သိ သိပါတယ်”

“လူတွေပြောနေကြတာက မဟေသီမပျောက်ခင်
သူဌေးတစ်ယောက်နဲ့ တူတူရှိခဲ့ကြတယ်တဲ့

အဲ့ကောင်မ ပတ်သတ်တဲ့ သူဌေးကအများကြီး
မောင်လည်းသူနဲ့ကင်းကင်းရှင်းရှင်းနေနော် တော်ကြာ
ဘာမှမဆိုင်ဘဲ ရဲတွေလာမေးနေအုံးမယ်”

” အေးပါ မင်းကလဲ မဟုတ်တာတွေတွေးကြောက်နေတယ်
ဘာမှမဖြစ်ဘူး မောင်နဲ့ မဟေသီက အဆက်အသွယ်ပြတ်တာ တစ်ပတ်လောက်ရှိပြီ”

ပါးစပ်ကပြောနေသော်လည်း ရင်ထဲမှာတော့ စိုးရိမ်မှုအပြည့် တစ်ခုခုသာ ပေါ်ပေါက်ခဲ့ပါက အေးမောင်ထောင်နန်းစံရမည်
သူ့မိသားစုကို ဒီတိုင်းထားခဲ့ပြီး ဖြောင့်ချက်ပေး၀န်ခံလိုက်ပါက
ကုမ္ပဏီ ကိုဦးဆောင်မည့်သူမရှိချေ စီးပွားရေး
လုံးလုံးကျဆင်းသွားမည်ဖြစ်သည်

“မောင် ဘာဖြစ်နေတာလဲ ရေသွားချိုးတော့လေ”

” သြော် အေး အေး”

ရေမိုးချိုးထမင်းစားပြီး မိသားစုစကားထိုင်ပြောနေကြသည်မှာ ညကိုးနာရီတောင်ထိုးပြီးနေပြီဖြစ်၏
” သူဇာ သမိီးလးအိပ်ပြီလား”

” အိပ်တော့မယ် မောင်လဲအိပ်တော့လေ မနက် ရုံးသွားရအုံးမှာ”

” အင်း ”
*******

အချိန်က ညတစ်နာရီထိုးနေပြီ

” တောက် တောက် တောက် တောက်”
သူဇာနိုးလာသည်
” ဟင် ရေကျနေပြန်ပြီလား ရေပိတ်က ဘာဖြစ်နေတာလဲ”

တစ်ယောက်ထဲ ရေချိုးခန်းထဲသို့၀င်လာသည်နှင့်

” ရှဲ ရှဲ ရှဲ ”

သူ့နောက်မှ ခြေသံကြားလိုက်သဖြင့်လှည့်ကျည့်လိုက်ရာ
မျက်နှာကျပ်ပေါ်မှ ဇောက်ထိုးကြီး ကြည့်နေသော သရဲမအားမြင်တွေ့လိုက်စဥ်

” အားးးးးးးး”

သူဇာလွင်ငယ်သံပါအောင်အော်ဟစ်ပြီး အခန်းထဲသို့ပြေး၀င်လာသည်

” သူဇာ ဘာဖြစ်တာလဲ ဘာဖြစ်လာလို့လည်း”

” သရဲ သရဲ သရဲ ရေချိုးခန်းပေါ်မှာသရဲရှိတယ်
ဟီး ဟီး ”
သူဇာလွင် ကြောက်ပြီးငိုနေတော့၏

” ဟုတ်လို့လား သူဇာရာ မောင်တို့အိမ်မှာ သရဲမရှိပါဘူး သူဇာအမြင်မှားတာလား”

” မမှားဘူး သူဇာ့မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ”

” မောင် သွားကြည့်မယ် ”
” မောင်မသွားနဲ့ သူဇာကြောက်တယ်”
အေးမောင် ဘာလုပ်ရမှန်းမသိတော့ သူ့စိတ်ထဲ

ရုတ်တရက်၀င်လာသည်က မဟေသီ

” မဟေသီ များလား”

အေးမောင်တွေးနေစဥ်

” မောင် သမီးလေးရော ”

” ဟင် သမီးလေး ဘယ်ရောက်သွားတာလဲ”
” သမီးလေး အိပ်နေတာမလား ခုဘယ်ရောက်သွားတာလဲ”

လင်မယားနှစ်ယောက် ဟိုဟိုဒီလိုက်ရှာကြသော်လဲ သမီးအားမတွေ့ပေ

” သမီးလေး သမီးလေး ဘယ်မှာလဲ မာမီခေါ်တာကြားလား သမီးလေး”

သူဇာအကြီးအကျယ်စိတ်ပူနေပြီ တစ်အိမ်လုံးမွှေနှောက်ရှာဖွေသော်လည်း မောခြင်းသာအဖက်တင်သည်

” မောင် ဘယ်လိုလုပ်ကြမလဲ သမီးလေး ဘယ်လိုပျောက်သွားရတာလဲ”

” မောင်လဲ မသိဘူး သူဇာအော်ပြီးလာတကည်းက

ထိသမီး အိပ်ယာပေါ်မှာရှိသေးတယ်
ခုရုတ်တရက်ပျောက်သွားတာ”

” သမီးလေး ဘာဖြစ်နေပြီလဲ မသိဘူး မောင်ကယ်ပါအုံး အီး ဟီး ဟီး”

သူဇာရိူက်ကြီးတငင်ငိုနေသည်ကိုမြင်သဖြင့် အေးမောင်လည်း ဘာလုပ်ရမှန်းမသိတော့

တဖြည်းဖြည်း အာရုံတတ်ချိန်ကိုသာရောက်လာသည် သမီးဖြစ်သူအား အစအနတောင်မတွေ့ပေ

သူဇာစိတ်ပူးပြီးငိုနေစဥ် အိမ်နောက်ဖေးမှ

” မာမီ မာမီ°°°°°°°°°”

“ဟင် သမီး မောင် သမီးအသံကြားလိုက်လား”

” အင်း အိမ်နောက်ဖေးကလာတာ
သွာကြည့်ကြမယ်”

လင်မယားနှစ်ယောက် အိမ်နောက်ဖေးကိုအပြေး၀င်သွားကြရာ
ခြံတံခါးနားတွင် အသက်၀ိညာဥ်ကင်းမဲ့နေပြီဖြစ်သော သမီးဖြစ်သူကိုတွေ့လိုက်ရ၏

” ဟာ သမီးလေး !”
” သမီး ငါ့သမီးလေးဘယ်လိုဖြစ်ရတာလဲ မောင်လုပ်ပါအုံး ”

အေးမောင်စိတ်မကောင်းကြီးစွာဖြင့်ငိုနေစဥ်
“ငါသေသလို နင့်သမီးစေရမယ်”

ဟူသည့် မဟေသီစကားအားပြန်သတိရသွားသည်
ထိုအခါမှ

” သူဇာ မောင့်အမှားတွေပါ သမီးလေးသေရတာမောင့်ကြောင့် မောင့်ကြောင့်”

သူဇာ ငိုနေရာမှ နားမလည်စွာ ကြည့်လိုက်၏

” မဟေသီ သမီးလေးကိုသတ်သွားတာ”
“ဘာ
ဘာပြောတယ် မောင်
သူကဘာလို့သမီးလေးကိုသတ်ရမှာလဲ
မဟေသီက ပျောက်နေတာမဟုတ်လား”

အေးမောင်ပြောမထွက်တော့ ရင်ထဲတွင် သောကမီးအပြည့် အေးမောင်တွေးရင်း ဒေါသထွက်လာသည်
ပြီးနောက် အိမ်ရှေ့မှ ကားကိုယူကာ မြို့ပြင်ကိုအရှိန်ပြင်းစွာမောင်းထွက်လာခဲ့သည်

မိုးချိန်းသံများနဲ့အတူ လျှပ်စီးများက အသံပေးနေကြ၏
အေးမောင် မြေစာပုံအား စေ့စေ့ကြည့်ကာ
” နင် ဘယ်အချိန်ထိ ငါတို့မိသားစုကိုဒုက္ခပေးအုံးမှာလဲ ”
မိုးချိန်းသံနှင့်အတူ အေးမောင်ကျယ်လောင်စွာအော်ဟစ်လိုက်သည်
သူလုပ်ခဲ့တဲ့အမှားအားနောင်တရမိ၏

************

မဟေသီ က သမီးတစ်ဦးတည်းရှိသောကြောင့် မိဘများ အလိုက်လိုက်ထားသဖြင့်ပျက်စီးနေသောမိန်းကလေးတစ်ယောက်

သူမမိဘများက ဆုံးမမှုမရှိသည့်အပြင် မီးလောင်ရာလေပင့်ဆိုသလို မဟေသီလုပ်သမျှကိုအားပေးကြ၏

မဟေသီက ချမ်းသာတဲ့ သူဌေးတွေကို အဓိက ပစ်မှတ်ထားပြီးကပ်တွယ်သည်

တစ်နေ့
အေးမောင်တစ်ယောက် စိတ်ညစ်စွာဖြင့် bar သို့ရောက်လာသည်
လူကုံထံသူဌေးများအလာများသည့် bar ဖြစ်သောကြောင့် ဤနေရာကား မဟေသီရဲ့ အဓိကစီးပွားရေးနေရာဖြစ်၏
အေးမောင် စိတ်ညစ်ညစ်ဖြင့်ဘီယာသောက်နေစဥ်

” ဘာတွေ စိတ်ညစ်နေတာလဲ မဟေသီ ဘာကူညီပေးရမလဲ”

အေးမောင် စကားလာပြောသောမိန်းကလေးအားကြည့်လိုက်သည် သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့မိန်းကလေး

အေးမောင်ကြောင်ပြီးကြည့်နေရာ မဟေသီက

” အဲ့လိုကြီးပဲကြည့်နေတော့မှာလား ခစ် ခစ်”

” နေစမ်းပါအုံး မင်းက ငါစိတ်ညစ်နေတာဘယ်လိုသိလဲ”

“သြော် ရှင့်မျက်နှာမှာ ရှင့်ရဲ့စိတ်ကပေါ်နေတာမလို့
ဟင်း ဟင်း”

နှစ်နှစ်ခြိုက်ခြိုက်ရယ်မောရင်း အေးမောင်အနားကပ်လာကာ မိန်းမတို့ရဲ့မာယာအတိုင်း အေးမောင်
အား ဆွဲဆောင်တော့သည်

အေးမောင်လည်း ယောကျာ်းတစ်ယောက် ဒီလောက်ချောမောလှပတဲ့မဟေသီရဲ့အောက်မှာ အရည်ပျော်၀င်သွားလေ၏

***
ထိုနေ့မှစပြီး မဟေသီ အေးမောင်ရဲ့ရုံးကိုလာသည်
အေးမောင်လည်း ဘာမျှမပြော အချိန်ကြာလာသည်နှင့်အမျှ မဟေသီပြောသမျှလက်ခံပြီး မဟေသီကြိုးကိုင်တဲ့ရုပ်သေးရုပ်လိုဖြစ်လာသည်

သည်လိုနှင့် အချိန်တစ်လကျော်နီးပါးကြာသွားခဲ့၏
တစ်နေ့
ရုံးမှအေးမောင်သူငယ်ချင်း ရာဇာမင်းမောင်က

” အေးမောင် မင်းအခုလို မဟေသီနဲ့တွဲနေတာ မသင့်တော်ဘူးထင်တယ်
မင်းမှာလည်း အိမ်ထောင်ရှိနေတာပဲ မင်း သူဇာ့မျက်နှာကိုမထောက်တောင်မှ
မင်းသမီးလေး မျက်နှာကိုတော့ထောက်သင့်တယ်”

အေးမောင်တွေ​ေ၀သွားသည် မဟေသီနှင့်အချိန်တစ်ခုထိပတ်သတ်ပြီးမှ ထွက်သွားဖို့ပြောဖို့က အခက်
” အေးမောင် မင်းအဲ့လိုတွေ​ေ၀လို့မရဘူးနော်
အစက မင်းသဘောဆိုပြီး
ငါဘာမှမပြောပေမယ့်
မင်းမိသားစုကိုငဲ့ပြီးခုငါပြောနေတာ”

” အေးကွာ ခုလိုသတိပေးတာကျေးဇူးတင်တယ်
သူငယ်ချင်း
ငါလည်း မဟေသီကိုပြောကြည့်အုံးမယ်”

” အေး အေး မင်းဆုံးဖြတ်ချက်မှန်ကန်ပါစေနော်”

အခန်းထဲမှာထွက်သွားသော် သူငယ်ချင်းကိုကြည့်ပြီး အေးမောင်သက်ပြင်းချလိုက်သည်
သူကိုယ်တိုင်ထောင်တဲ့ဇာတ်ကိုသူပြီးအောင်ကရမည်မှအမှန်ပင်

*****
” ဘာ ရှင်ကျွန်မကို
ဘယ်လိုမိန်းမစားလို့ထင်တာလဲ ကိုအေးမောင်”

” ငါပြောပြီးပြီ ငါ့မှာမိသားစုရှိတယ် မင်းကိုငါဒီလောက်ထိပဲ ပတ်သတ်နိုင်တယ်”

” သြော် ရှင်က ကျွန်မကကို လွယ်လွယ်နဲ့ကန်ထုတ်မယ်ပေါ့
ရှင်တို့ယောကျာ်းတွေကြောက်ဖို့ကောင်းလှချည်လား
စားပြီးနားမလည်မလုပ်နဲ့ ကျွန်မဘယ်နည်းနဲ့မှ ရှင့်ကိုမပြတ်ပေးဘူး”

” ဒီမှာ မင်းအတွက်နစ်နာကြေး သိန်းနှစ်ဆယ် မကျေနပ်လဲ
မတတ်နိုင်ဘူး မင်းငါ့ဘ၀က ထွက်သွားပေး”

” လုံး၀မထွက်ပေးနိုင်ဘူး ရှင်ထွက်သွားစေချက်ရင် ဒီကုမ္ပဏီရဲ့ရှယ်ယာတစ်၀က်ကို
ကျွန်မနာမည်နဲ့လွှဲပေး”

” ဘာ ရှယ်ယာတစ်၀က်ကို
မင်းကိုလွှဲပေးရမယ် မင်းရူးနေလား
ဒါက မင်းနဲ့ဘာမှမဆိုင်ဘူး
မင်းထွက်သွားတော့ ငါဒေါသမထွက်ခင် မင်းထွက်သွားတော့”

” မသွားဘူး ဒီနေ့ ရှင့်မိန်းမ ရုံးကိုလာမယ်လို့
ကြားတယ် ရှင့်မိန်းမရှေ့မှာ
ရှင့်ကိုအရှက်မကွဲစေချင်ရင် ကျွန်မကို ခုချက်ချင်းလွှဲပေး”

” မင်း ကိုငါသွားတော့လို့ပြောနေတယ်နော်”
အေးမောင်သံတဖြည်းဖြည်းမာလာသည်

” မသွားဘူး ကျွန်မပြောတဲ့အတိုင်းမလုပ်ရင် ရှင့်ကို ရှင့်မိန်းမရှေ့မှာရော
လူတွေကြားထဲမှာ မျက်နှာမပြရဲအောင်လုပ်မှာ”

” မင်း ”

အေးမောင်ဒေါသ အလိပ်လိပ်ထွက်ကာ မဟေသီကိုလည်ပင်းညစ်တော့သည်

” အစ် အစ် ရှင်ကျွန်မကုသတ်ရဲရင်သတ်ကြည့်လေ”

” ငါ မရဲဘူးထင်နေလား ကဲ”

အေးမောင်လက်လွန်သွားသည် သူ့ဒေါသ သူမထိန်းနိုင်ဘဲ အနားတွင်ရှိသောအသီးလှီးဓားဖြင့် မဟေသီအားထိုးမိသွားပြီ

” ရှင် ရှင် ”

မဟေသီ အသက်ပျောက်သွားလေပြီ
အေးမောင် ခုမှသတိပြန်၀င်လာကာ သူ့လုပ်ရပ်ကိုမယုံနိုင်အောင်ဖြစ်နေ၏

အခန်းထဲသို့လာသောခြေသံများကြားသဖြင့် အေးမောင်ထူပူသွားကာ မဟေသီအလောင်းအား ဘေးအခန်းသို့ယူကာ ဖွက်ထားလိုက်သည်

*******

မိုးချိန်းသံနှင့်အတူ လျှပ်စီးများက အာကာတစ်ခွင်နေရာယူနေဆဲ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားကာ အေးမောင် မဟေသီအားလောင်းဖျောက်ရန် သချိုင်းဆီကို ဦးတည်မောင်းလာခဲ့သည်
အကြောက်တရားက ယခုအချိန်မှာ အေးမောင်ထံတွင်မရှိတော့
****-******

မိမိလုပ်ခဲ့သမျှနောင်တရကာ အေးမောင်ပူဆွေးနေရဆဲ ယခုဘာမျှမဆိုင်သည့် သမီးလေးအားဆုံးရူံးခဲ့ရပြီ

“ဟား ဟား ဟား ”

သချိုင်းဇရပ်နားက မိန်းမတစ်ယောက်ရယ်သံထွက်ပေါ်လာသောကြောင့် လှည့်ကြည့်ရာ
မဟေသီ
မဟေသီက သူ့သမီးရဲ့၀ိညဥ်နှင့်အတူမကျေနပ်သောမျက်၀န်းတို့ဖြင့်

“မိန်းမယုတ် နင့်ငါ့သမီးကိုမှ ဘာလို့သတ်ရတာလဲနင်သတ်ချင်ရင်ငါ့ကိုဘာလို့မသတ်တာလဲ”

” ဒက်ဒီ သမီးကြောက်တယ် အစ် အစ် အစ်”

ရုတ်ရက် ပျောက်သွားသော မဟေသီနဲ့သမီးလေးအား
မိုးရေထဲ အရူးတစ်ယောက်ပမာ လိုက်ရှာနေရင်း

ဂျိန်း°°°°°!
မိုးချိန်းသံတို့လျှပ်စီးတို့နှင့်အတူ

ခိုကိုးရာမဲ့နေသော သချိုင်းအလယ်တွင်အေးမောင်တစ်ယောက် မောပန်းလွန်းလှပြီ
သတိလစ်တစ်ချက်မလစ်တစ်ချက်အချိန်အတွင်းမှာ အသက်ရူဖို့မေ့လျော့နေ၏

” မောင်”

ဘယ်တုန်းကရောက်နေမှန်းမသိသော သူဇာလွင်

” သူဇာ ”

” မခေါ်နဲ့ မောင့်ကြောင့်သမီးလေးသေရတာ”

လျှပ်စီးအောက်မှသူဇာလွင်ရဲ့မျက်နှာက သရဲမကြီးပမာ ခက်ထန်နေသည်

” မော့င်လို လူလိမ်တစ်ယောက်ရဲ့ဇနီးဖြစ်ဖို့မတန်ဘူး ဒီမှာကြည့်”

သူဇာလွင်လက်ထဲတွင်ကိုင်ဆောင်လာသော ဓားမြှောင်ဖြင့် မိမိရင်၀အားထိုးစိုက်လိုက်တော့၏

” ဟာ သူဇာ မလုပ်နဲ့”

လောကကြီး မှောင်အတိကျသွားခဲ့ပြီ
အရာရာအားလုံး အကောင်းမဖြစ်တော့

“ဟိုမှာ”

ရဲတစ်ချို့က

“ကိုအေးမောင် ခများကို မဟေသီကိုသတ်ပြီး အလောင်းဖျောက်မှုနဲ့ဖမ်းရလိမ့်မယ်”

အေးမောင် မဟေသီရဲ့မြေစာပုံအားလှည့်ကြည့်လိုက်သည်

ကံစီမံရာအတိုင်းပဲပေါ့ နှုတ်ဆက်ပါတယ် မဟေသီရယ်

&&&&&&&&&