မောင့်အနားကဝိညာဉ်ဖြူ

မောင့်အနားကဝိညာဉ်ဖြူ(စ/ဆုံး)

—————————-

မောင်နဲ့ကျမစသိခဲ့တာ facebook မှာပါ…hi ဆိုတဲ့မိတ်ဆက်စာလေးတစ်လုံးကနေတဆင့်မောင်နဲ့ကျမခင်မင်ခဲ့တယ်…အဲ့ဒီကမှတစ်ဆင့့်ချစ်သူတွေဖြစ်သွားခဲ့ကြတယ်….အခုဆိုမောင်နဲ့ကျမချစ်သူဖြစ်တာ(၆)လပြည့်ခဲ့ပါပြီ…ကျမလေမောင့်ကိုသိပ်ချစ်တာပဲ။

ည၁၀နာရီရှိပြီ…ဒီအချိန်မှမောင်အလုပ်ပြီးမှာမို့စကားပြောဖို့အတွက်လိုင်းဖွင့်ပြီးမောင်လိုင်းတက်အလာကိုကျမစောင့်နေလိုက်ပါတယ်။ မကြာပါ messenger ကစာ၀င်သံကြားတာနှင့့်ကျမဖွင့်ကြည့့်လိုက်သည်။

…. စောင့်နေတာကြာပြီလားဖြူ ….

….. မကြာသေးပါဘူး မောင်အလုပ်ပြီးပြီလား …

…. ပြီးပါပြီ ဖြူ ကို၀မ်းသာစရာတစ်ခုပြောဖို့ရှိတယ် ….

…. ဘာလဲဟင်မောင် ….

…. ဒီလကုန်ရင်မောင်မြန်မာပြည်ကိုပြန်လာတော့မလို့ ….

…. တစ်ကယ်လားမောင် ၀မ်းသာလိုက်တာ ဖြူ လေမောင့်ကိုအပြင်မှာတွေ့ဖူးချင်နေတာ ….

မောင်ပြန်လာတော့မည်ဆိုသဖြင့်ရင်ထဲမှာအတိုင်းမသိ၀မ်းသာသွားရသည်။

…. မောင်လဲဖြူ ကိုအရမ်းတွေ့ချင်တာ ….

online မှာချစ်သူဖြစ်ခဲ့ကြပေမယ့် အပြင်မှာတွေ့ပြီးချစ်တာထက်ပိုပြီးမောင်နဲ့ကျမတို့ချစ်ခဲ့ကြတယ်…မောင်က Malaysia မှာအလုပ်လုပ်နေတဲ့အတွက် မြန်မာနိုင်ငံပြန်ပြီးကျမကိုလာတွေ့မယ့်အချိန်ကိုပဲကျမအမြဲတမ်းမျှော်လင့်နေခဲ့ရတယ် အခုမောင်ပြန်လာတော့မည်ဆိုတဲ့စကားနဲ့တင်ကျမတိုင်းမသိ၀မ်းသာပျော်ရွှင်နေရပြီ။
သည်လိုနဲ့မောင်နဲ့အကြာစကားဆက်ပြောပြီးမှကျအိပ်ယာ၀င်လိုက်သည်။

ယခုမှကျမရဲ့မနက်ခင်းတိုင်းကအဓိပ္ပါယ်ရှိလာသလို မနက်ခင်းရဲ့လက်ဆက်တဲ့လေအေးလေးတွေနဲ့လှပတဲ့ရှူ ခင်းလေးတွေကိုလဲအိမ်ပြတင်းပေါက်မှနေ၍ကြည့့်ရှုခံစားတတ်ခဲ့ပြီ ဒါဟာအချစ်ကြောင့်လား…
ထိုသို့သဘာ၀ရှုခင်းတွေကိုကြည့်ရှုခံစားနေတုန်းဘောင်းဘီအိတ်ထဲထည့်ထားသောဖုန်းမြည်လာသဖြင့့်ကြည့်လိုက်သောအခါသူငယ်ချင်းသီတာဆီကဖြစ်သည်။

” ဟဲလို သီတာပြော ”

” နင်အားတယ်မဟုတ်လား ”

” အားတယ်ဟ ဘာဖြစ်လို့လဲ ”

” နင်အားရင်ဆုံနေကြဆိုင်ကိုထွက်လာခဲ့ ဒီနေ့၀ဏ္ဏမွေးနေ့တဲ့ဟာ အဲ့ဒါသူကပြုစုချင်လို့တဲ့ ”

” အေးအေး ငါထွက်လာခဲ့မယ် ”

” အို​ေက ”

ဖုန်းချပြီးအ၀တ်စားလဲကာသူငယ်ချင်းတွေနှင့့်ဆုံနေကြဆိုင်သို့ဆိုင်ကယ်မောင်းပြီးထွက်လာလိုက်သည်။ဆိုင်ရောက်တော့မွေးနေ့ရှင်၀ဏ္ဏနှင့်အတူသူငယ်ချင်းအားလုံးလူစုံတက်စုံရှိနေကြပြီဖြစ်သည်။
ကျမတို့သူငယ်ချင်းအဖွဲ့ကယောက်ျားလေး၅ယောက်မိန်းခလေး၃ယောက် အားလုံးပေါင်း၈ယောက်ရှိပြီးငယ်ငယ်တည်းကတွဲလာကြသည်မှာယခုအထိပင်။

” ၀ဏ္ဏ ဒီနေ့နင့်မွေးနေ့ဆို ”

” ဟုတ်တယ် အဲ့ဒါကြောင့်ဒီနေ့ငါဒကာခံမှာ ”

” ကဲ ဒါဆိုထုံးစံအတိုင်းပဲပေါ့ အမူးသောက်ရမှာနော် ”

” အဲ့ဒါတော့မပူနဲ့ ”

” နင်သောက်နိုင်တာငါသိတယ် မူးလာရင်တော့မရစ်နဲ့ဒါပဲ ”

” သီတာစုတ် နင်ကပိုဆိုးတာ ”

” ကဲ မှာထားတာတွေရပြီ ဆွဲတော့ ”

” နေအုံးဟ မွေးနေ့ရှင်၀ဏ္ဏအတွက်ငါတို့ဆုတောင်းပေးရအုံးမယ် အမှတ်တရလဲဖြစ်အောင် live လွှင့်မယ် ”

ပြောရင်းမင်းမင်းစိုးဖုန်းထုတ်ကာ live လွှင့်ရန်ကင်မရာကိုသူငယ်ချင်းတွေဘက်ချိန်ထားလိုက်သည်။

” မိဖြူ နင်စပြောဟာ ”

” ပြောဆိုလဲပြောရတာပေါ့… သူငယ်ချင်း၀ဏ္ဏတစ်ယောက်မွေးနေ့မှစ၍နောက်နှစ်ပေါင်းများစွာတိုင်အောင်သက်ရှည်ကျန်းမာပြီးဘ၀ကိုအပျော်တွေနဲ့ပဲဖြတ်သန်းနိုင်ပါစေ အခုလိုလဲများများတိုက်နိုင်ပါစေဟာ ”

” ဝေးးး ”

” ဖြောင်း ဖြောင်း ဖြောင်း ”

ကျမဆုတောင်းအပြီးမှာတော့သူငယ်ချင်းတွေအားရပါးရလက်ခုပ်တီးလိုက်ကြသည်။
ယခုလိုပဲသူငယ်ချင်းတွေဆုံကြလျှင်အားလုံးလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေနေကြပင်။ထို့နောက်တစ်ယောက်တစ်လှည့်စီဆုတောင်းပေးကြပြီးစားလိုက်သောက်လိုက် စကားပြောလိုက်နှင့်အချိန်ကုန်မှန်းမသိကုန်သွားခဲ့သည် ထို့ကြောင့်အားလုံးလမ်းခွဲလိုက်ကြပြီးကို့အိမ်ကိုယ်အသီးသီးပြန်သွားကြသည် ကျမလဲအိမ်ပြန်လာလိုက်ပြီး အိမ်ရောက်သည်နှင့်အိပ်လိုက်တော့သည်။အချိန်ဘယ်လောက်ထိအိပ်ပျော်သွားသည်မသိရုတ်တရက်မျက်လုံးပွင့်လာပြီးနာရီကိုလှမ်းကြည့်လိုက်တော့ည၁၀နာရီထိုးတော့မည် ထို့ကြောင့်အနားချထားသောဖုန်းကိုယူကာလိုင်းဖွင့်လိုက်ပြီးမောင့်ကိုစောင့်နေလိုက်မိသည်။ခဏအကြာ messenger ကနေမောင့်ဖုန်း၀င်လာခဲ့သည်။

” ဟဲလို မောင်အခုမှအလုပ်ပြီးတာလား ”

” မင်းဒီနေ့ဘာတွေလုပ်ခဲ့လဲ ”

တစ်ခါမှမင်းလို့မသုံးဖူးသောမောင်ကအသံမာမာဖြင့့်ကျမကိုမင်းလို့ပြောလိုက်သည့်အတွက်အံ့ဩသွားပြီးနားမလည်နိုင်ဖြစ်သွားရသည်။

” ဖြူ ဘာမှမလုပ်ပါဘူးမောင် ဘာလို့အသံကမာနေရတာလဲ မောင်ဘာဖြစ်နေတာလဲ ”

” ဘာမှမလုပ်ခဲ့ဘူးဟုတ်လား ဟဟ မင်းငါ့ကိုပတ်ဖို့မကြိုးစားနဲ့ ”

မောင်ဘာကိုဆိုလိုမှန်းကျမမသိ ဘာကိုမှနားမလည်နိုင်တော့ပဲစိတ်ညစ်လာမိသည်။

” မောင်ဘာကိုဆိုလိုတာလဲ ”

” မင်းကမိန်းကလေးဖြစ်ပြီးယောက်ျားလေးတွေနဲ့သောက်စားပျော်ပါးနေငါအကုန်တွေ့ပြီးပြီကွ ”

…မင်းမင်းစိုး live လွှင့်တာမောင်တွေ့သွားပြီထင်တယ် ဒါကြောင့်မောင်စိတ်တိုနေတာကိုး မတတ်နိုင်ဘူး ရှင်းပြရတော့မှာပေါ့ ….

” မောင့်ကိုဖြူ ရှင်းပြမယ် သူတို့တွေကဖြူ နဲ့ငယ်ပေါင်းတွေ တခါတလေဒီလိုပဲဆုံပြီးဖြူ တို့ပျော်ပျော်နေနေကြပါ ”

” တော်စမ်းပါ ဒါကမိန်းကလေးတစ်ယောက်နေထိုင်ရမဲ့ပုံစံလား ငါကမင်းကိုအိနြေ္ဒရှိတဲ့မိန်းကလေးတစ်ယောက်လို့ထင်ထားတာ အခုတော့သွားပြီကွာ မင်းကိုစောက်ရမ်းရွံသွားပြီ ”

” ဘာ…မောင် မောင် ”

မောင့်စကားကြောင့်ရင်ဘက်တစ်ခုလုံးနာကျင်သွားမိသည် ဆက်ပြီးရှင်းပြရန်ကြိုးစားပေမယ့်မောင်ဖုန်းချသွားခဲ့ပြီ ပြန်ခေါ်သော်လည်းမရတော့ မောင်ကျမကို block သွားခဲ့ပြီ
ထို့ကြောင့်ရင်တစ်ခုလုံးပူလောင်လို့သွားခဲ့ရသည်။နောက်ဆုံးမောင့်ဖုန်းနံပါတ်ကိုနှိတ်ပြီးဖုန်းခေါ်လိုက်သည် သို့ပေမယ့်ခေါ်မရခဲ့ ကျမခေါ်မရအောင်မောင်ဖုန်းပိတ်ထားခြင်းဖြစ်မည်။အချစ်နှင့်ပတ်သတ်၍တစ်ခါမျက်ရည်မကျဖူးသောကျမ အခုအဝေးကအချစ်တစ်ခုအတွက်သောကမျက်ရည်တွေကျဆင်းနေရပြီ မောင်သိပ်ရက်စက်တယ်။
နောက်နေ့မှစ၍ကျမရဲ့မနက်ခင်းတိုင်းဟာအရင်လိုမလန်းဆန်းမသာယာတော့ပဲခြောက်ကပ်ကပ်ဖြစ်နေသည်ဟုပဲစိတ်ထဲထင်မိသည်။သည်လိုနှင့်ရက်အတန်ကြာလာခဲ့ပြီ မောင်ကျမကိုအဆက်သွယ်မလုပ်သည်မှာလဲကြာခဲ့ပြီ။
အတွေးတွေအဝေးကိုလွင့်ပြယ်နေတုန်းဖုန်း၀င်လာသဖြင့်၀မ်းသားအားရဖုန်းကိုကြည့့်လိုက်မိသည် သို့ပေမယ့်သူငယ်ချင်းသီတာဆီကဖုန်းဖြစ်နေသည်။

” ဟဲလို ပြောသီတာ ”

” ဟဲ့…နင်ခုတလောငါတို့ဆီလဲဖုန်းလဲမဆက်လူလဲပေါ်မလာလို့ဆက်လိုက်တာ နင်ဘာတွေဖြစ်နေလဲ ”

” စိတ်ညစ်နေလို့ပါဟာ ”

” ဒါဆိုရင်ထွက်လာခဲ့လေဟာ ငါတို့ဆုံနေကြဆိုင်မှာရှိနေမယ် ”

ကျမလဲမငြင်းတော့ စိတ်ညစ်မှုတွေခဏတာပြေပျောက်ဖို့သူငယ်ချင်းတွေနှင့်တွေ့ရန်ဆုံးဖြတ်လိုက်သည်။

” အိုကေ ငါလာခဲ့မယ် ”

ဖုန်းချလိုက်ပြီးသူငယ်ချင်းတွေဆီထွက်လာလိုက်သည်။ဟိုရောက်တော့သူငယ်ချင်းအားလုံးရောက်နေကြပြီဖြစ်သည်။

” နင်နေမကောင်းဘူးလား ”

” ကောင်းပါတယ်ဟ ”

ထိုသို့သာပြန်ဖြေရင်းထိုင်ခုံတစ်ခုသို့၀င်ထိုင်လိုက်သည်။

” ဒါဆိုဘာဖြစ်နေတာလဲ ”

” နင်တို့သိချင်နေလဲပြောပြရတာပေါ့ ”

ထို့နောက်မောင်အဆက်သွယ်ဖြတ်ခဲ့အကြောင်းကိုပြန်ပြောပြလိုက်သည်။

” ဒါများကွာ ဒီလောက်လေးတောင်နားလည်မပေးနိုင်တဲ့လူကိုဘာလို့စွဲလမ်းနေတာလဲ မေ့ပစ်လိုက်စမ်းပါကွာ ”

” အေးဟယ် နင့်လူအရမ်းလွန်တယ် မေ့လိုက်ပါ နင့်နားမှာဝိုင်းနေတဲ့သူတွေနဲ့တွဲပြလိုက်စမ်းပါဟာ ”

” ငါ့သူငယ်ချင်းကိုရက်ရက်စက်စက်ပြောခဲ့တဲ့အဲ့လူ အနားမှာရှိရင်ငါဆွဲထိုးတယ် ”

သူငယ်ချင်းတွေမခံချင်စိတ်နဲ့ပြောနေကြသံကိုမကြားချင်ယောင်ဆောင်လိုက်ပြီးစားပွဲပေါ်ရှိစီးကရက်တစ်လိပ်ကိုမီးညှိရှိုက်ဖွာရင်းစိတ်ညစ်မှုတွေကိုမီးခိုးတွေနဲ့အတူမှုတ်ထုတ်လိုက်သည်။

” နင်တော်တော်ညစ်နေလား ရော့သောက်လိုက် ”

သူငယ်ချင်းသူသူကမ်းပေးလာသောဘီယာခွက်ကိုကျမပြန်တွန်းပေးလိုက်သည်။

” ငါမသောက်ချင်ဘူး မဟုတ်ဘူး ငါဒီနေ့ကစပြီးမသောက်တော့ဘူး မောင်မကြိုက်တာကိုငါမလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ နောက်တစ်ခါနင်တို့ဆုံကြရင်ငါ့ကိုမခေါ်နဲ့တော့
ကဲ ငါလစ်ပြီ ”

” နင်တော်တော်ရူးတာပဲ ”

” အဲ့ကောင်အတွက်နင်ကငါတို့ကိုသံယောဇဉ်ပြတ်တယ်ပေါ့ဟုတ်လား ”

သူငယ်ချင်းတွေရဲ့ပြောစကားကိုကျမဂရုမစိုက် သူတို့နှင့်ဝေးရာသို့ထွက်လာလိုက်မိသည်။

….. တခါတလေသူငယ်ချင်းတွေနဲ့သောက်စားပြီးလွတ်လွတ်လပ်လပ်နေတတ်တာကလွဲရင်မောင်ထင်သလိုဖြူ ကမိန်းမပျက်မဟုတ်ပါဘူးမောင် ဒါပေမယ့်အခုမောင်မကြိုက်တဲ့အရာတွေကိုဖြူ မလုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ အဲ့ဒါမောင့်ကိုသိစေချင်တယ် …..

မောင့်ကိုပြောချင်တဲ့စကားလုံးတွေစိတ်ထဲရေရွတ်ရင်းစိတ်သစ်လူသစ်နဲ့အိနြေ္ဒရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်နေထိုင်ရန်ဆုံးဖြတ်ပြီးအိမ်သို့ပြန်လာလိုက်သည်။
နောက်နေ့မှစ၍အမေ့ကိုအိမ်မှုကိစ္စကူလုပ်ရင်းတစ်ဖြည်းဖြည်းနဲ့လိမ္မာယဉ်ကျေးပြီးအိနြေ္ဒရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်အောင်ကျမနေထိုင်နေခဲ့ပြီ ဒါဟာကျမကိုမောင်ပြု ပြင်ပေးလိုက်ခြင်းပါပဲ။သည်လိုနှင့်လအနည်းငယ်ကြာခဲ့လေပြီ။
မီးဖိုခန်းတွင်ဟင်းချက်နေတုန်းသူငယ်ချင်းသူသူဆီမှဖုန်း၀င်လာသဖြင့်ကိုင်လိုက်သည်

” ဟဲလို ပြောသူသူ ”

” နင်ဘာလုပ်နေလဲ ”

” ဟင်းချက်နေတာဟမအားဘူး ”

ခါတိုင်းလိုခေါ်မည်ထင်၍ကြိုပိတ်ထားလိုက်ရသည်။

” ကောင်မ ကြို ပြီးငြင်းတာလား ငါလဲနင့်ကိုခေါ်မလို့မဟုတ်ပါဘူးနော် ”

” ဒါဆိုဘာကိစ်စလဲ ”

” နင့်အိမ်ရှေ့မှာငါရောက်နေတယ် နင့်ဧည့်သည်ကိုနင့်အိမ်လိုက်ပြတာ အပြင်ထွက်လာခဲ့အခု ”

” ဘယ်ကဧည့်သည်လဲ ငါ့မှာဘယ်ကအသိမှမရှိဘူး မနောက်နဲ့ဟာ ”

” နင်မရှည်နဲ့ ထွက်ဆိုထွက်ခဲ့ ”

သူသူစိတ်မရှည်စွာပြောပြီးဖုန်းချလိုက်သဖြင့့်မထွက်ချင်ထွက်ချင်နှင့်အိမ်ရှေ့သို့ကျမထွက်လာလိုက်ရသည်။အိမ်ရှေ့ရောက်သည်နှင့့်ခြံ၀တွင်သူသူနှင့်အတူမထင်မှတ်ထားသောသူပါရှိနေသဖြင့်အံ့ဩမှု၀မ်းသာမှုတို့ကအတိုင်းမသိဖြစ်သွားရပြီးလောကကြီးခဏမျှရပ်တန့့်သွားသလိုကျမလဲငြိမ်သက်စွာကြောင်ကြည့်နေမိသည်

” ဟဲ့ နင်ဘာကြောင်ကြည့်နေတာလဲ ဧည့်သည်ကိုအိမ်ထဲခေါ်အုံးလေ ”

သူသူအသံကြားမှအသိစိတ်ပြန်၀င်လာပြီးကျမပြာယာခက်သွားတော့သည်။

” လာ အိမ်ထဲ၀င်လေမောင် ”

မောင်ကျမကိုပြုံးပြကာအိမ်ထဲ၀င်လာလိုက်ပြီးကုလားထိုင်တစ်ခုတွင်ထိုင်လိုက်သည်။

” ဟဲ့ ငါအလုပ်ရှိသေးလို့ပြန်တော့မယ် အေးဆေးနေကြ ”

” အေးအေး ”

သူသူနှုတ်ဆက်ပြန်သွားပြီးတစ်အောက်ကြာသည်အထိမောင်ရောကျမပါဘာစကားမှမပြောပဲတိတ်ဆိတ်နေမိသည်။ရင်ထဲမှာတော့ရင်ခုန်သံတွေကဗြောင်းဆန်နေသည့်အတွက်မောင်ကြားသွားမလားလို့တောင်စိတ်ပူနေရသေး။

” ဖြူ ကအပြင်မှာပိုပြီးချစ်စရာကောင်းတယ် ”

အပြုံးလေးဖြင့်ကျမကိုကြည့်ပြီးပြောကာတိတ်ဆိတ်မှုကိုမောင်ကပဲစတင်ဖြိုခွင်းလိုက်သည်။

” မောင်လဲအပြင်မှာပိုခန့်တယ်နော် ဒါနဲ့ဘယ်လိုလုပ်ပြီးအိမ်အထိရောက်လာရတာလဲ ”

” ဖြူ ကိုစိတ်ဆိုးလို့စကားမပြောတော့ပေမယ့်ဖြူ အကြောင်းတွေကိုအမြဲတမ်းစုံစမ်းနေခဲ့တယ် နောက်တော့ဖြူ ရဲ့သူငယ်ချင်းတွေဆီကတစ်ဆင့်ဖြူ အရင်လိုမဟုတ်တော့ဘူးဆိုတာသိလိုက်ရတယ် ဖြူ ကိုပြောခဲ့မိ တာတွေကိုဖြူ နဲ့အပြင်မှာတွေ့ပြီးတောင်းပန်ချင်လို့ရော ဖြူ ကိုတစ်ရက်မှမေ့လို့မရပဲအရမ်းချစ်တယ်ဆိုတဲ့အကြောင်းပါပြောချင်လို့လာခဲ့တာပါ ”

မောင်ကကျမကိုမေ့လို့မရပဲအရမ်းချစ်တယ်တဲ့ ပျော်လွန်း၍ကျမမျက်ရည်ကျလာမိသည်။

” ဖြူ ဘာလို့ငိုတာလဲ မောင့်ကိုစိတ်ဆိုးနေလား ”

မောင့်ကိုဘာလို့စိတ်ဆိုးရမှာလဲမောင်ရယ် ကျမခေါင်းခါယမ်းလိုက်သည်။

” ဖြူ ၀မ်းသာလို့ငိုမိတာပါမောင် ဖြူ လေအရမ်းပျော်တယ်သိလား ”

” ဒါဆိုရင်မငိုနဲ့တော့နော် ”

မောင်ကကျမရဲ့မျက်ရည်တွေကိုတယုတယသုတ်ပေးလိုက်သည်။
သည်နေ့ဟာကျမဘ၀မှာအပျော်ဆုံးနဲ့အဓိပ္ပါယ်အရှိဆုံးနေ့ပါပဲ။သည်လိုနှင့်မောင့်ကိုမေမေနဲ့မိတ်ဆက်ပေးလိုက်သည် မေမေကလဲကျမပျော်နေသည့်အတွက်ဘာမှမပြောပဲမောင့်ကိုဖော်ဖော်ရွေရွေဆက်ဆံပေးသည်။
မောင်မရောက်ဖူးတဲ့ကျမတို့မြို့ရဲ့ဘုရားတွေ လည်ပတ်စရာနေရာတွေကိုတစ်နေ့တစ်နေ့လိုက်ပို့လည်ပတ်ရင်း(၅)ရက်ပင်ရှိခဲ့ပြီ။

” ဖြူ ”

” ပြောလေမောင် ”

” မနက်ဖြန်မောင်ပြန်တော့မယ် ”

” ဟင် ပြန်တော့မယ်ပေါ့လေမောင် ”

ခွဲရတော့မည်ဆိုတဲ့အသိကရင်ထဲမှာနာကျင်ပြီးဆို့နစ်ကြေကွဲသွားရသည်။

” ဟုတ်တယ်ဖြူ ၂နှစ်လောက် Malaysia မှာအလုပ်ပြန်လုပ်ပြီးအမေနဲ့အဖေကိုလုပ်ကျွေးချင်သေးလို့ပါ ပြီးတော့ဖြူ နဲ့မင်္ဂလာဆောင်ဖို့လဲပိုက်ဆံစုရအုံးမယ် ”

မောင့်ရဲ့ဆန္ဒတွေကိုမတားရက် ဒါကြောင့့်ဘယ်လောက်ပဲနာကျင်နေပါစေခွင့့်ပြုဖို့ဆုံးဖြတ်လိုက်သည်

” မောင့်သဘောပါ ”

” မောင့်ကိုဖြူ စောင့်နေနော် မောင်ပြန်လာခဲ့မယ် ”

….မောင့်ကိုစောင့်နိုင်ပါတယ် ဒါပေမယ့်၂နှစ်အတွင်းမှာခွဲခွါခြင်းရဲ့ဒဏ်ကိုဖြူ ဘယ်လိုကျော်ဖြတ်ရမလဲမောင်…

ရင်ထဲမှာတိုးတိုးလေးရေရွတ်မိတဲ့စကားလုံးတွေကိုမောင်ကြားနိုင်မယ်မထင်။
နောက်တစ်နေ့မှာမောင့်ကိုကားဂိတ်လိုက်ပို့အပြီး အပြန်လမ်းမှာကျခဲ့တဲ့မျက်ရည်တွေကိုမောင်တစ်ယောက်မြင်နိုင်မှာမဟုတ် အချစ်ကသည်လောက်ထိနာကျင်စေတတ်သလား ရင်ထဲကသတိရခြင်း လွမ်းဆွတ်ခြင်းတွေကိုမျက်ရည်အဖြစ်ပြောင်းလဲပြီးနောက်အနည်းငယ်စိတ်သက်သာရာရသွားပေမယ့်မောင်ပြန်လာမည့်၂နှစ်ဆိုသည့်အချိန်ကိုသည်အတိုင်းထိုင်ပြီးမစောင့်ချင် ထို့ကြောင့်အလုပ်တစ်ခုခုလုပ်ရန်ဆုံးဖြတ်လိုက်ပြီးမေမေ့ကိုတိုင်ပင်ကာအမရှိတဲ့ Bangkok ကိုအမရဲ့အကူညီနဲ့သွားပြီးအလုပ်လုပ်နေလိုက်တယ် မောင်ကလဲသဘောတူပါသည် အလုပ်အားချိန်တိုင်းမောင်နဲ့အမြဲဖုန်းပြောဖြစ်ခဲ့တယ်။

သည်လိုနဲ့၁နှစ်ပင်ကျော်လာခဲ့လေပြီ ညနေအလုပ်ဖြုတ်ချိန်ရောက်လို့စက်ဘီးလေးကိုနင်းကာအခန်းရှိရာသို့ပြန်လာရင်းလမ်းကွေ့တစ်ခုအရောက်တွင်ရုတ်တရက်အရှိန်ဖြင့်ကားတစ်စင်းထိုးကွေ့လာသည်ကိုမြင်လိုက်ရသည့်အတွက်စက်ဘီးကိုလမ်းဘေးသို့ထိုးကပ်ရန်ပြင်လိုက်စဉ်မှာပင်

” ဒုန်းး ”

ဒုန်းဟူသောအသံနှင့်အတူ ခန္တာကိုယ်တစ်ခုလုံးပြောမပြတတ်အောင်နာကျင်သွားပြီးတစ်ကိုယ်လုံးပေါ့ပါးလွတ်လပ်သွားသလိုခံစားလိုက်ရကာအဝေးတစ်နေရာသို့ကျမရောက်သွားတော့သည်။
မှောင်မဲနေသည့်ညမှာဘယ်နေရာမှန်းမသိသောလမ်းတစ်နေရာတွင်ရောက်နေသည့်အတွက်ကြောက်လာတော့သည်။အကူညီတောင်းဖို့လမ်းသွားလမ်းလာလူကိုကြည့်လိုက်သော်လည်းကို့လူမျိုးတွေမဟုတ်သည့်အတွက်အားငယ်သွားပြီးမပြောတော့ပဲကို့လူမျိုးတွေ့လိုငြားလိုက်ကြည့်နေမိသည်။
အားငယ်စိတ်ကြောက်စိတ်တွေနှင့်ဟိုကြည့်ဒီကြည့်လုပ်နေတုန်းဂျင်းဘောင်းဘီနှင့်တီရှပ်အပြာကို၀တ်ဆင်ထားပြီကျောပိုးအိတ်ကိုလွယ်ကာလမ်းလျှောက်လာနေသောမောင့်ကိုတွေ့လိုက်ရသည့်အတွက်အံ့ဩ၀မ်းသာသွားရသည်။

…. ငါဘယ်လိုလုပ်မောင်ရှိတဲ့နေရာကိုရောက်လာရတာလဲ ထူးဆန်းတယ်….

တွေးနေတုန်းမှာကျမအရှေ့သို့မောင်ရောက်လာခဲ့သည်။

” မောင်…မောင် ”

၀မ်းသာအားရခေါ်လိုက်ပေမယ့်ခေါ်တာကိုမောင်မကြားသည့်အလားကျမရှေ့ကမသိသလိုဖြတ်သွားသည်။

” မောင် မောင်ရပ်ပါအုံး ”

ကျမဘယ်လိုခေါ်ခေါ်မောင်လှည့်မကြည့်သည့်အတွက်၀မ်းနည်းသွားမိသည်။

…မောင်ဘာလို့မသိချင်ယောင်ဆောင်နေရတာလဲ မောင်ပြောင်းလဲသွားတာလား ဧကန္တငါနဲ့မပတ်သတ်ချင်တော့လို့များလား….

တွေးရင်းနှင့်ငိုချင်စိတ်ပေါက်သွားသည် ဘယ်နေရာမှန်းမသိသော အသိမရှိသောသည်နေရာတွင်ဘယ်လိုဆက်နေရမလဲ ထို့ကြောင့်မောင့်နောက်ကနေတိတ်တဆိတ်လိုက်လာခဲ့လိုက်သည်။
အထပ်များစွာရှိသောတိုက်ထဲသို့မောင်၀င်သွားပြီးလှေကားအတိုင်းတက်ကာအခန်းတစ်ခုကိုသော့ဖွင့်ပြီး၀င်လိုက်သည် ကျမလဲအခန်းအပြင်ဘက်တွင်မောင်မမြင်အောင်ကွယ်နေပြီးတစ်အောက်အကြာမှကွယ်နေရာမှထွက်လာကာအခန်းတံခါးမှာပိတ်မထားသည့်အတွက်အခြေနေကြည့်ပြီးနောက်အထဲသို့တိတ်တဆိတ်၀င်လာခဲ့လိုက်သည်။ထိုစဉ်ရေချိုးခန်းထဲမှမောင်ထွက်လာသံကြားသဖြင့်ကျမကိုတွေ့မည်စိုးကာကုတင်အောက်သို့တိုး၀င်ပြီးပုန်းလိုက်ရသည်။

” မင်းခုမှပြန်ရောက်တာလား ”

” ဟုတ်တယ်ကွ ot လုပ်နေရလို့ပြန်တာနောက်ကျသွားတယ် ခုပဲရေချိုးပြီးတာ ”

” ငါလဲပျင်းလို့မင်းဆီလာတာပါ ”

” ပျင်းရင်လဲအဖေါ်ရအောင်မိန်းမယူလိုက်ပေါ့ကွာ ”

” တော်စမ်းပါဟျောင့် မိန်းမတွေကအလကားအရှုပ်ထုပ်တွေ ငါ့ပါသာဒီတိုင်းနေပါရစေနော် ”

မောင်နဲ့မောင့်ရဲ့သူငယ်ချင်းစကားသံကိုကုတင်အောက်မှနေ၍ကျမအတိုင်းသားကြားနေရသည် ဒီပုံစံအတိုင်းအကြာကြီးနေရရင်တော့အသက်ရှူ ကျပ်ပြီးသေရချည်ရဲ့ တွေးရင်းစိတ်မောသွားမိသည်။

” ဟာ မင်းနဲ့စကားပြောနေတာနဲ့အချိန်တောင်လွန်နေပြီ ”

” ဘာအချိန်လွန်တာလဲ ”

” ဖြူ ဆီဖုန်းဆက်ရမယ်လေ ဒီအချိန်ဆိုဖြူ စောင့်နေလောက်ပြီ တော်ကြာနောက်ကျသွားလို့စိတ်ကောက်နေအုံးမယ် ခဏနော်ဟျောင့် ”

မောင့်အပြောကြောင့်ကျမထိန့်လန့်အံ့ဩသွားမိသည် မောင်ကျမကိုမမြင်ချင်ယောင်ဆောင်ခဲ့တာမဟုတ်ဘူးလား ဘာကြောင့်အခုကျမဆီဖုန်းဆက်ရမှာလဲ ဘယ်လိုနားလည်ရမည်မသိတော့။

” ဟာ ဖုန်းကလဲခေါ်လို့မရဘူး နောက်ကျလို့စိတ်ဆိုးပြီးဖုန်းပိတ်ထားတာလားမသိဘူး ဖြူ အမဆီကိုဆက်ပြီးရှင်းပြရတော့မှာပဲ ”

” ဟူး မင်းကိုကြည့်ရတာနဲ့တင်ငါစိတ်ကုန်နေပြီ အလုပ်ကပြန်လာလဲမနားနိုင် ကောင်းမလေးစိတ်ဆိုးရင်ချော့ရတာနဲ့ ”

” စိတ်ကုန်ရင်ဝေးဝေးသာလစ် ငါအခုဖုန်းပြောမလို့တိတ်တိတ်နေ ”

” ဟဲလို ဖြူ ရဲ့အမလား ”

” အေး ဟုတ်တယ်ကွဲ့ ”

” ဟိုလေ ဖြူ ရှိလား ”

” မင်းမသိသေးဘူးလား ဖြူ ဆုံးပြီ ဟင့်ဟင့် ”

” ဗျာ ဖြူ ဆုံးပြီဟုတ်လား ဘယ်လိုဖြစ်ရတာလဲ ကျနော့ကိုမညာနဲ့ဗျာ ”

မောင့်ထံမှကျမဆုံးပြီဟူသောစကားကကို့နားကိုယ်မယုံနိုင်အောင်ဖြစ်သွားရသည်။

” ဒီကိစ္စဘာလို့ညာရမှာလဲ ညနေကအလုပ်ကအပြန်ကားတိုက်ပြီးပွဲချင်းပြီးဆုံးသွားတာ အဲ့ကိစ္စအတွက်အခုအလုပ်ရှုပ်နေတာ ဒါပဲဖုန်းချလိုက်တော့မယ် ”

” ဖြူ ကားတိုက်ခံရပြီးဆုံးသွားပြီတဲ့ကွာ ငါဘယ်လိုယုံရမှာလဲပြောပါအုံးသူငယ်ချင်း အီးဟီးး ”

သူငယ်ချင်းဖြစ်သူကိုဖက်ကာပြောရင်းမောင်နေသည့်အတွက်ကျမလဲကုတင်အောက်မှထွက်လာလိုက်သည်။

” ဖြူ ဆုံးလို့မောင်ငိုနေတယ် မဟုတ်ဘူး ဖြူ မသေဘူး အခုမောင့်နားမှာဖြူ ရှိနေတယ်လေ ”

ကျမစကားသံကိုမောင်မကြား ကျမကိုလဲမောင်မမြင်တာဘာကြောင့်လဲ အော်ငိုချင်စိတ်ပေါက်သွားသည်။

” ငါလဲမယုံနိုင်ဘူးဟာ သေရောသေချာလို့လား ”

” ဖြူ အမကိုယ်တိုင်ပြောတာဟ ငါလဲမယုံချင်ဘူး ”

” သူ့အမကိုယ်တိုင်ပြောတာဆိုတော့ညာတာမဟုတ်လောက်ပါဘူး တရားနဲ့သာဖြေပါကွာ မင်းအစားစိတ်မကောင်းဘူး ”

” မဟုတ်ဘူး ဖြူ မသေဘူးလေမောင် ဖြူ ပြောတာကြားလား ”

ကျမမယုံနိုင် ထို့ကြောင့်မောင့်လက်ကိုကိုင်လိုက်သည် သို့ပေမယ့်ကျမ၏လက်ကမောင့်လက်ကိုဖြတ်သွားပြီးကိုင်၍မရခဲ့ ထိုအခါမှပို၍တုန်လှုပ်သွားမိသည်။

….မောင့်လက်ကိုကိုင်လို့မရဘူး ငါပြောတာလဲမောင်မကြားဘူးမြင်လဲမမြင်ရဘူး ဒါ ဒါဆိုငါတစ်ကယ်ပဲသေသွားပြီလား အခုငါကဘယ်သူမှမမြင်ရတဲ့ဝိဥာဉ်ဘဝရောက်နေတာလား …..

၀မ်းနည်ပူဆွေးစွာမျက်ရည်ကျလာမိသည် ငိုနေသောမောင့်ကိုလဲသနားသည် ဘာလုပ်ရမည်ကိုလဲစဉ်းစားမရ မောင့်သူငယ်ချင်းပြန်သွားပေမယ့်ကုတင်ပေါ်တွင်မအိပ်ပဲငုတ်တုတ်ထိုင်ကာမျက်ရည်ကျနေသောမောင့်ဘေးတွင်ကျမထိုင်နေမိသည် မောင့်မျက်ရည်တွေကကျမကိုပိုပြီးနာကျင်စေသလိုခံစားရသည်။
သည်လိုနှင့်တစ်ညလုံးမအိပ်ပဲငုတ်တုတ်ထိုင်နေပြီးမိုးလင်းခါနီးမှမောင်အိပ်ချလိုက်သည်။
ကျမကတော့အိပ်စက်နေသောအပြစ်ကင်းစင်သည့်မောင့်မျက်နှာကိုသာငေးကြည့်နေမိသည်။

” ဒေါက် ဒေါက် ”

” ဟျောင့်မင်းအိပ်နေတုန်းလား အလုပ်မသွားဘူးလား ”

တံခါးခေါက်ပြီးမောင့်သူငယ်ချင်းအော်ပြောလိုက်သည့်အတွက်မောင်အိပ်ယာထလိုက်သည်။

” ငါညစ်နေလို့မသွားတော့ဘူးမင်းပဲသွားတော့ ”

” အေးပါကွာငါနားလည်ပါတယ် ဒါဆိုငါလစ်ပြီ ”
သူငယ်ချင်းဖြစ်သူထွက်သွားသည်နှင့်အခန်းပြင်သို့မောင်ထွက်သွားသည် ခဏအကြာတွင်လက်ထဲတွက်အရက်တစ်ပုလင်းကိုင်၍ပြန်ရောက်လာခဲ့သည်။

” မောင်အရက်သောက်မလို့လား မသောက်ပါနဲ့မောင်ရယ် ဖြူ သောက်တုန်းကမောင်တားခဲ့တယ်လေ မောင်လဲမသောက်ပါနဲ့နော် ”

ကျမတားပေမယ့်မောင်မကြားနိုင် ထို့ကြောင့့်အရက်ကိုသာတစ်ခွက်ပြီးတစ်ခွက်မော့သောက်နေလိုက်သည် တစ်ခဏအကြာမှတော့တစ်ပုလင်းလုံးကုန်စင်သွားပြီးမောင်လဲထိုနားမှာပင်အမူးလွန်ကာအိပ်ချလိုက်သည်။ကျမလဲမောင့်အနားတွင်သာငုတ်တုတ်လေးထိုင်နေမိသည်။
သည်လိုနှင့်မောင်အလုပ်မသွားပဲနေ့စဉ်နေ့တိုင်းမူးနေခဲ့သည်မှာ(၁၀)ရက်ပင်ရှိချေခဲ့ပြီ။ ကျမလဲမောင်နဲ့အဝေးမှာအသက်ရှင်နေပြီးလွမ်းနေရတာထက်စာရင်အခုလိုမောင့်ရဲ့ဘေးမှာမောင့်ကိုအမြဲတမ်းမြင်တွေ့နေရတဲ့ဝိဥာဉ်ဘဝြဖစ်နေတာကိုပဲကျေနပ်မိလာသလိုဖြစ်မိသည်။

” ဒေါက်ဒေါက် ”

” ဟျောင့် ငါတို့၀င်လာမယ် ”

ပြောရင်းမောင့်သူငယ်ချင်းနှင့်တခြားလူ၃ယောက်ပါအခန်းထဲသို့၀င်လာခဲ့သည်။

” မင်းအိပ်နေတုန်းလား အရက်နံ့လဲမွှန်ထူနေတာပဲ ”

သူငယ်ချင်း၏အသံကြောင့်မောင်နိုးသွားသည်။

” ငါနဲနဲများသွားတာ မင်းအလုပ်ကပြန်လာပြီလား ”

” အေး ငါပြန်လာတာတစ်အောက်လောက်ရှိပြီ မင်းအခန်းထဲ၀င်မရဲလို့ငါသူတို့ကိုအဖော်ခေါ်လာတာ ”

ခေါ်လာသောလူ၃ယောက်ကိုကြည့်ပြီးမောင့့်သူငယ်ချင်းပြောလိုက်သည်။

” မင်းကဘာလို့ငါ့အခန်း၀င်မရဲတာလဲ ၀င်နေကြပဲကို ”

” အေး အဲ့ဒါကိုပဲငါပြောချင်လို့ လာ ငါ့အခန်းခဏလိုက်ခဲ့ ”

မောင်နှင့်မောင့်သူငယ်ချင်းတို့ထွက်သွားကြသဖြင့်ကျမတစ်ယောက်တည်းအခန်းထဲတွင်ကျန်ခဲ့သည်။

” ဒီလိုကွ ခုဏကငါအလုပ်ကပြန်လာတော့မင်းအခန်းထဲ၀င်မလို့ကြည့်လိုက်တော့အိပ်နေတဲ့မင်းအနားမှာမိန်းကလေးတစ်ယောက်ထိုင်နေတာတွေ့တယ်ကွ ကျောဘက်ပဲတွေ့ရတော့ဘယ်သူဆိုတာမသိဘူး ငါလဲဆက်ကြည့်နေရင်းကြက်သီးထလာတယ် အဲ့ဒါနဲ့သူတို့ကိုသွားခေါ်ပြီးငါပြန်လာခဲ့တာ ”

” ဟင် ငါ့နားမှာမိန်းကလေးတစ်ယောက်ထိုင်နေတယ်ဟုတ်လား ဟာသတွေမပြောပါနဲ့ကွာ ငါ့မှာမိန်းကလေးအသိမရှိဘူး ”

” အေး ငါလဲအဲ့ဒါကြောင့်သူတို့ကိုဆင်းခေါ်ရတာပေါ့ မင်းအနားကမိန်းကလေးကလူမဟုတ်ဘူးထင်လို့ ”

” ရှင်းရှင်းပြောစမ်းပါ ငါနားမလည်တော့ဘူး ”

” ငါ့အထင်အဲ့ဒီမိန်းကလေးကသရဲဖြစ်မယ်ထင်တယ် မင်းရဲ့ကောင်မလေးမကျွတ်ပဲနဲ့မင်းအနားလာနေနေတာလားမသိဘူး ပြောနေရင်းနဲ့ကြက်သီးထလာပြီ ”

” ဟာ မဖြစ်နိုင်တာ ဖြူ ကဒီနေရာကိုရောက်မှမရောက်ဖူးတာ ”

” လူတွေသေပြီးရင်စိတ်စွဲနေတဲ့လူဆီနေရာတွေဆီကိုဝိဥာဉ်အဖြစ်နဲ့ရောက်သွားတတ်ကြတယ်တဲ့ကွ မင်းကောင်မလေးကမင်းကိုစိတ်စွဲနေလို့ရောက်လာတာလားမှမသိတာ ”

” ဒါဆိုရင်ဖြူ ကသနားစရာပဲ ဖြူ အတွက်ငါဘာလုပ်ပေးရမလဲ ငါ့ရင်ထဲမှာအရမ်းနာကျင်နေတယ်ကွာ ”

” သူ့ကိုကျွတ်လွတ်သွားအောင်သူ့အတွက်ရည်စူးပြီးအလှူတစ်ခုလုပ်ပေးပေါ့ကွာ မင်းသူ့အတွက်လုပ်ပေးနိုင်တာအဲ့ဒါပဲရှိတယ် ”

” အေးပါကွာ ဒီမှာကလုပ်ရအဆင်မပြေတော့ဖြူ ရဲ့အမကိုဖုန်းဆက်ပြီးငါအကျိုးကြောင်းပြောပြပြီးလုပ်ခိုင်းလိုက်မယ်ကွာ ငါအခန်းပြန်တော့မယ် ”

” အေးကွာ မင်းလဲသိပ်မသောက်နဲ့တော့အလုပ်ပျက်တာများနေပြီ ”

” စိတ်ချပါကွာ ”

မောင်ပြန်မလာသေးသဖြင့်ကျမလဲအခန်း၀မှတမျှော်မျှော်ဖြစ်နေသည်။တစ်အောက်အကြာမှမျက်နှာညှိုးငယ်စွာဖြင့်မောင်ပြန်လာခဲ့သည်။

” ဖြူ …. ဖြူ ရှိနေလား ”

…. ဟင် မောင်ကငါ့ကိုခေါ်နေပါလား ငါရှိတာမောင်သိသွားပြီထင်တယ်…..

ကျမအံ့ဩသွားမိသည်။

” မောင့်အနားမှဖြူ တစ်ချိန်လုံးရှိနေတာလား မောင့်ကိုအဲ့လောက်တောင်ချစ်ရလားဖြူ ရယ် မောင်ဘယ်လိုဖြေရမလဲကွာ ”

ပြောရင်းမောင်မျက်ရည်ကျလာသဖြင့့်ကျမလဲ၀မ်းနည်းစွာငိုနေမိသည်။

” မောင့်ကိုဖြူ အရမ်းချစ်တာပေါ့မောင်ရယ် အဲ့ဒါကြောင့်လဲမောင့်အနားမှာဝိဥာဉ်အဖြစ်နဲ့အမြဲရှိနေရတာပေါ့ ”

ကျမစကားတွေကိုတော့မောင်ကြားနိုင်မယ်မထင်။

” ဖြူ ကိုဒီလိုဘ၀နဲ့မနေစေချင်ဘူး ဒါကြောင့်ဖြူ ရဲ့အမကိုဖြူ အတွက်အမျှဝေပေးဖို့မောင်ပြောလိုက်ပြီ မနက်ဖြန်ဖြူ အတွက်လုပ်မဲ့အလှူမှာအမျှဝေရင်ဖြူ သာဓုခေါ်ပေးပါနော် ”

” ဟင် ဖြူ သာဓုခေါ်ရမယ် ဒါဆိုမောင့်အနားမှာဖြူ နေခွင့်ဘယ်ရတော့မလဲ ဖြူ မောင်နဲ့မခွဲနိုင်ဘူး ”

ကျမမောင်နဲ့မခွဲနိုင်ပါ အခုလိုမောင့်အနားမှာဝိဥာဉ်ဘ၀နဲ့ရှိနေရတာကိုကျေနပ်တယ်။

” မောင်ပြောတာဖြူ ကြားတယ်မဟုတ်လားဟင် ကြားတယ်ဆိုရင်ဖြူ သာဓုခေါ်ပေးပါနော် ဒါမောင့်ရဲ့အဖြစ်ချင်ဆုံးဆန္ဒလေးပါ ”

” မောင်ရယ် မောင့်ကိုချစ်လို့မောင်ရဲ့ဆန္ဒအတိုင်းဖြူ အမြဲနေနေကြပါ အခုလဲဖြူ လက်ခံပေးရမှာပေါ့ ဖြူ သာဓုခေါ်ပေးပါ့မယ် စိတ်ချပါမောင် ”

မောင်နဲ့ဝေးရာကိုသွားရတော့မည့်အသိကနာကျင်အောင်ခံစားရပေမယ့်မောင့်ရဲ့ဆန္ဒကိုကျမမငြင်းရက်ခဲ့ပါ။
နောက်ဆုံးအနေနဲ့မောင့်ကိုနှုတ်ဆက်ချင်သေးသည် ထို့ကြောင့်မောင့်ရဲ့အိမ်မက်ထဲကိုကျမ၀င်လိုက်သည်။

စိမ်းလန်းစိုပြည်နေသည့်မြက်ခင်းပေါ်တွင်ပန်းပင်ပေါင်းစုံကဖူးဖွင့်နေကြပြီးကျေးငှက်လေးများတေးသီနေကြသည်မှာအလွန်သာယာနာပျော်ဖွယ်ကောင်းလှသည်။ ထိုပန်းဥယျာဉ်ထဲမှာတော့ကျမနှင့်မောင်(၂)ယောက်တည်း မောင်ကကျမကိုအံ့ဩစွာကြည့်နေသည်။

” ဘာလို့ဒီလောက်တောင်ကြည့်နေရတာလဲ ”

” ဖြူ အစစ်လားဟင် ”

မောင့်အမေးကိုကျမသဘောကျစွာပြုံးလိုက်မိသည်။

” ဖြူ အစစ်ပဲပေါ့မောင်ရဲ့ ”

” တစ်ကယ်လား ၀မ်းသာလိုက်တာဖြူ ရယ် ”

အားရ၀မ်းသာစွာမောင်ကကျမကိုတင်းကျပ်စွာဖက်ထားလိုက်သည့်အတွက်ကျမလဲပြန်ဖက်ထားလိုက်မိသည်။ တစ်အောက်အကြာမှာတော့မောင့်ရင်ခွင်ထဲကနေကျမရုန်းထွက်လိုက်ပြီး

” မောင့်ကိုနှုတ်ဆက်မလိုဖြူ လာခဲ့တာပါ ”

” ဟင် ဖြူ ကဘယ်သွားမလို့လဲ ”

” မောင့်အနားကနေဖြူ ထွက်သွားရတော့မယ် ”

” ဘာလိုလဲဖြူ အခုလိုမောင်နဲ့နေပေးလို့မရတော့ဘူးလား ”

” အိမ်မက်ဆိုတာကအိပ်ပျော်နေတုန်းပဲအခုလိုမက်ခွင့်ရတာ နိုးသွားရင်ပြယ်ပျက်သွားတတ်ကြတယ်လေမောင် အခုဖြူ နဲ့မောင်ကအိမ်မက်ထဲမှာဆုံတွေ့နေကြတာ မောင်နိုးသွားရင်ဒါတွေကပြန်လည်ပျောက်ကွယ်သွားမှာ ”

” ဖြူ ဘာတွေပြောနေတာလဲ မောင်နားမလည်တော့ဘူး ”

” ဖြူ သွားဖို့အချိန်ကျပြီ ဖြူ နှုတ်ဆက်ခဲ့တယ်နော်မောင် ”

မောင့်အနားမှကျမထွက်လာလိုက်တော့သည်

” ဖြူ … ဖြူ မောင့်ဆီပြန်လာပါဖြူ ရယ် ”

မောင်ခေါ်ပေမယ့်ကျမလှည့်မကြည့်တော့ပဲမောင်နဲ့ဝေးရာကိုထွက်သွားနေမိသည်။

….. ဒါကမောင်ဖြစ်စေချင်နဲ့ဆန္ဒလေမောင် ဒါတွေအားလုံးကိုအိပ်ယာကနိုးရင်မောင်နားလည်သွားမှာပါ ကံကြမ္မာကဖြူ နဲ့မောင်ကိုဆုံတွေ့ခွင့်သာပေးခဲ့ပြီးပေါင်းစပ်ခွင့်မပေးခဲ့ဘူးနော် နောက်ဘ၀ဆိုတာရှိခဲ့ရင်မောင်နဲ့ဆုံတွေ့ချင်ပါသေးတယ် အဲ့ဒီအခါကျရင်မောင်ရဲ့အဝေးမှာအသက်ရှင်နေရမဲ့သူမဖြစ်ပါစေနဲ့လို့ဖြူ ဆုတောင်းနေပါတယ် ဒါကဖြူ ရဲ့အဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုပါပဲ…

ပြီးပါပြီ

(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)

#နေဇင်မင်းသော်

မူရင်းရေးသားသူ ဆရာနေဇင်မင်းသော် အား လေးစားစွာ Credit ပေးပါသည်။