မောင်ပြည့်စုံနှင့် သန်းခေါင်ယံခေါ်သံ

မောင်ပြည့်စုံနှင့် သန်းခေါင်ယံခေါ်သံ(စ/ဆုံး)

————————————

လပြည့်ညကောင်းကင်သည် လမင်းကြယ်တို့နှင့် စုံလင်စွာဆေးပေါင်းခသဖြင့် လင်းရှင်း၍ သာယာလှပေသည်။
“ဝေါ ဝေါ ဖျော ကျွီးးးးးးး”
ထိုအခိုက် ကောင်းကင်မှ တစ်ဝေါဝေါ တစ်ဖျောဖျောနှင့် ထိုးကျလာကြသောအပြာရောင်အလင်းတန်းကြီးတစ်ခု။
ကျွီးကနဲ့ပင်မြည်က အရှိန်ပါပါနှင့် ထိုးဆင်းလျက်ရှိလေသည်။
တစ်ဖြည်းဖြည်းနှင့် ထိုအရာသည် မြေပြင်ကတောတစ်ခုဆီသို့တစ်ရှိန်ထိုးကျဆင်းသွားလေသည်။
“ဖျောက် ဖျောင်း ”
ထိုအရာသည် တောထဲက သစ်ပင်တစ်ပင်ကိုဖြတ်၍ကျလေရာ သူသွားရာလမ်းတစ်လျှောက် သစ်ကိုင်းသစ်ရွက်တို့တစ်ဖျောဖျောတစ်ဖျောက်ဖျောက် မြည်ကာ ကျိုးကျကုန်သည်။
“ရှူ း အုန်း”
မြေပြင်ပေါ်အရောက်တွင်တော့ မီးရှူ း အမြောက်ပန်းဖောင်လိုက်သည့်အလားရှူ း ကနဲ့လည်းကောင်း အုန်းကနဲ့လည်းကောင်းမြည်ကာကျလေရာ မြေကြီးတွေပင်သိမ့်သိမ့်တုန်သွားလေတော့သည်။အပြာရောင်အလင်းကြီးဟာလဲ တစ်တောလုံးကို ပျံ့နှံ့ခြုံသိုင်းသွားလေပြီး ခဏအကြာ ပြန်လည်စုစည်းသွားရင်း အမှောင်အတိကျသွားလေသည်။

“ဝေါ ဖလပ် ဖလပ် ဖလပ်”
“ကျီး တောက် တောက် ”
“က္ီးးက်လိ က်္လိ”
တော်လဲသံကြီးအလားအလွန်ကျယ်လောင်သဖြင့် ညငှက်တို့ဝေါကနဲ့ထပျံသွားကြသလို တောထဲမှ တောကောင်အချို့လည်းလန့်ဖျန့်ကာအော်ရင်း ထပြေးကုန်ကြလေသည်။ထိုအလင်းကျရာနေရာ၏ တစ်လံပတ်လည်အကွာရှိ သစ်ပင် ခြုံနွယ်အားလုံးညိုးနွမ်း၍ ခြောက်သွေ့သွားကြလေတော့သည်။

*****************

“အူဝူးးးးးးးးးးးးးးးး”
ညသန်းခေါင်ယံအချိန် ဆွဲဆွဲငင်ငင်အူလိုက်သည့် ခွေးအူသံတစ်သံ…….။

“အု အု အူးးးးးးးးးးး။”
၄င်းနောက်တွင်တော့ ထပ်မံ၍ အူလာလိုက်ကြသောခွေးအူသံများသည် ‘ချောင်းတန်း’ရွာခေါ် တစ်ပင်တိုင်ရွာလေးတွင် ပွက်လောရိုက်သွားလေတော့သည်။

“အလို ဘာသံတွေပါလိမ့်”
ခွေးအူသံသည် ရုတ်တရက်ဆန်လှကာ အလွန်ပဲ ကျယ်လောင်ညံစီနေသဖြင့် အိပ်ကောင်းကောင်းအိပ်နေကြသော ချောင်းတန်းရွာသားတို့ ရင်တုန်ပန်းတုန်ဖြင့် နိုးလာကြရလေတော့သည်။

“အမလေး ခွေးတွေအူလှချည်လား ကိုဘခက် ကိုဘခက် ထထပါဦးတော့”
ခွေးအူသံသည် ရွာအပြင်ဘက်နားဆီမှ ရွာအတွင်းသို့ လှိုက်၍ အူလာခြင်းဖြစ်ရာ ရွာအပြင် တောထဲချောင်မှမပူစူး ကိုဘခက်တို့လင်မယားတဲနှင့်အလွန်းနီးနေရာ တဲနားပင်ကပ်၍အူနေသည့်အလားထင်ရပေသည်။
“ဟင် အင်း ဘာ ဘာလဲ မိန်းမ”
ဘခက်သည် တောထဲ ထင်းခုတ် မှိုချိုး ဟင်းရွက်ရှာအလုပ်ဖြင့်အသက်မွေးရသည်ဖြစ်ရာ အလွန်ပင်ပန်းလှသဖြင့် ဘယ်နေရာခေါင်းချချအိပ်ပျော်စမြဲပင်။ခုလည်းအိပ်ကောင်းနေဆဲတွင်မိန်းမလုပ်သူရဲ့အတင်းကာရောလှုပ်နှိုးမှုကြောင့် မနိုးချင်နိုးချင် နိုးလာရလေပြီ။

“ခွေးတွေအူနေလို့တော့”

မိန်းမဖြစ်သူရဲ့ စကားကြောင့် ‘ဟာခွေးအူတာများဘာဆန်းသလဲ’ဆိုသောအကြည့်နှင့် ပါးစပ်ကပြောမယ်ကြံကာရှိသေး
“အူး အူးးးးးးးးးး”
“ဟင်”
ကျယ်လောင်လှသောခွေးအူသံများအားကြားလိုက်ရသော ဘခက်သည် ပြောမယ်ရွယ်ထားသောစကားလုံးများပျောင်ရှကုန်လေသည်။
“အင်း ဟုတ်တယ်ဟ တို့ချောင်းတန်းရွာမှာ ခွေးတွေတစ်ခါမှဒီလိုမအူဖူးဘူးရယ် မှန်းစမ်းမိန်းမ ဓာတ်မီးပေးစမ်း”
“ဘာလုပ်မို့လဲတော့”
“တစ်ခုခုထူးနေလားလို့ဆင်းထိုးကြည့်မို့လေး”
“အယ် ဘာမှန်းမသိညာမှန်းမသိ တဲကခြံစည်းရိုးရှိတာမဟုတ်ဘူးကိုဘခက်ရဲ့ ထရံပေါက်ကနေပဲချောင်းကြည့်စမ်းပါ”
ဆိုရင်းနှစ်ယောက်သား တောထဲဘက်ဆီသို့ထရံပေါက်ကနေချောင်းကြည့်လိုက်ကြလေသည်။

“ဟိ ဟီး ဟား ဟား”
“ဟူ ဟူးးးးး”

တောနက်ထဲမှ တစ်ရိပ်ရိပ်ထွက်လာနေကြသောအရာများအား လပြည့်ညအလင်းရောက်အောက် ရှင်းရှင်းလင်းလင်းမြင်လိုက်ရလေတော့သည်။
အကြီးအငယ်အရွယ်အစုံ ကုန်းကုန်းကွကွပြေးသူပြေး ကင်းမှီးကောက်ထောင်လာသူလာ ဖားခုန်ခုန်၍လာသူများနှင့်။ဒါဘာတွေလဲ။
“ဟင်!!!ကို ကိုဘခက် တော်တွေ့လား”
ဆိုကာ ပူစူးမသည် မျက်လုံးကြီးပြူ းကာ တုန်တုန်ရင်ရင်နှင့်မေးရှာသည်။သို့သော်လေသံလေးမျှသာ။
“ရှူ းးးးးးးဟူးးးး”
ဘခက်သည် မိန်းမလုပ်သူအား တိတ်တိတ်နေရန်အချက်ပြရင်း ဇောချွေးတို့ပျံကာ စိတ်လှုပ်ရှားလွန်းလှသဖြင့် အလိုလိုမောဟိုက်၍လာလေသည်။
သူဟာ တောထဲမှာ နေနေကျမို့ ဒါတွေဟာ ဘာတွေလဲဆိုတာ သူသိပါသည်။
ဘာလုပ်ရမလဲ ငါဘာလုပ်ရမလဲ……။
သူချက်ချင်းပဲ စဉ်းစားအဖြေထုတ်နေသည်။
ဇနီးသည်အားကြည့်လိုက်သောအခါတွင်လဲ ပြိုတော့မည့်မိုးလို ဖြစ်နေပြီ။
မိမိအား အားကိုးတစ်ကြီးကြည့်ကာ တုန်နေချေပြီ။
ဓား ဓား ဟုတ်ပြီ ။
သူချက်ချင်းပဲ ထရံမှာထိုးထားသော ထင်းခုတ် ဓားမအား ဆွဲထုတ်လိုက်သည်။
“ဟီးးး ဟေ့ ဟာ ဟားးးး”
နှစ်ယောက်သား ကြည့်နေရင်းက ထိုအရာများသည် မိမိတို့တဲနားသို့ ကပ်လာကြလျှင်နှစ်ဦးသား ထရံအား ကျောပေး ၍ အသာလေး ထိုင်လိုက်ကြလေပြီ။
ကြမ်းခင်းကလဲဝါးကြမ်းခင်း ခပ်ကျဲကျဲမို့ ဖောက်ထွင်း၍မြင်နေသည်။
“ဝေါ ဝေါ ဖတ် ဖတ် ဖတ် ဒုတ် ဒုတ် ဒုတ်”
ထို့နောက်တွင်တော့ အသံဗလံအစုံပြုကာ မြေပြင်အားနင်း၍ ပြေးလာကြသောခြေသံများ။
“အုန်း ဘုရားး”
“ဒုန်း ဘုရား ကယ်ပါ ”
“ဝှစ် ဖတ် အမလေး”
ကာထားတဲ့ဝါးထရပ်အားကုပ်တက်သံ ခေါင်မိုးပေါ်ခုန်တက်လာကြသံများအားကြားလိုက်ရသဖြင့် ပူစူးမတစ်ယောက် စိတ်တွင်း၌ကော နှုတ်၌ပါ အာမေဋိတ်သံများ ပြုနေမိသည်။
သို့သော်မိမိတစ်ကိုယ်ကြားရုံလေသံသာ ပြုနိုင်သည်။
ခေါင်မိုးပေါ်ခုန်တက်တာကိုလည်းတဲလေးကလရိပ်အားကျောပေးထားသဖြင့် လရောင်က ထရံတွင်ကျနေရာ ထိုအကောင်များရဲ့အရိပ်အားအတိုင်းသားမြင်နေရလေသည်။
တစ်ချို့ကထရံကို ကုပ်တက်၍ ကျော်ခွသွားသည်။
တစ်ချို့က အိမ်အောက်မှ သွားသဖြင့် ကြမ်းခင်းပေါက်မှတစ်ဆင့်အတိုင်းသားမြင်နေရလေသည်။
ထူးခြားသည်က သူတို့ဖြတ်သွားကြစဉ် အော်ဂလီဆန်စရာအပုတ်နံ့တို့ရခြင်းပင်။
ဘခက်သည် ဓားမကြီးအားကျစ်နေအောင်ဆုတ်ထားခါ အံ့ကိုတင်းနေအောင်ကျိတ်ရင်း ဒီအရိပ်တွေကိုမျက်ခြေမပျက်ကြည့်နေလေသည်။ပူစူးကတော့ မျက်လုံးတို့အားမှိတ်ထားကာ လင်ယောက်ျားရဲ့ရင်ခွင်ထဲဝင်ရင်း လင်ယောက်ျားအားတင်းနေအောင်ဖက်ထားမိသည်။
တစ်နာရီ..တစ်မိနစ်..တစ်စက္ကန့်…။
အချိန်တွေဘယ်လောက်ကြာသည်မသိ။
ဘဝတစ်လျှောက်လုံးတွင် ဒီအချိန်သည် သူတို့အတွက်အလွန်ပဲကြာနေသယောင်။
မြန်မြန်ပဲပြီးချင်လှပါပြီ။

တစ်ဖြည်းဖြည်းနှင့် အသံဗလံအားလုံး မိမိတို့ကိုကျော်ကာ ချောင်းတန်းရွာဆီသို့ဦးတည်သွားရင်း ဝေး၍ဝေး၍သွားလေသည်။
“ဟူးးးးးး မိန်းမ မိစူး သွားပြီကျော်သွားပြီ”ခဏအကြာ ဘခက်သည် ရင်ခွင်ထဲမှ ပူစူးအားလှုပ်ကာပြောလေလျှင် မိစူးမှ
“ဟင် သွား သွားပြီလား” အထစ်ထစ်အငေါ့ငေါ့ပြန်မေးလေသည်။
“အေး သွားပြီမိန်းမ မကြောက်တော့နဲ့”

“ဘုရားဘုရားကျုပ်တော့ အသက်ဘယ်ကထွက်ရမှန်းကိုမသိတော့ပါဘူးတော် အဟင့်”
ပူစူးမသည်ပြောရင် သက်ပြင်းမောတို့အား ချမိလေသည်။
“ကံသီပေလို့တော်”
ဆိုကာ ဘုရားအားအာရုံပြုမိလေသည်။
နှစ်ဦးသား ထရံနေရာမှခွာကာထသွားဖို့အပြင် ပူစူးမစိတ်ထဲ မသိုးမသန့်ဖြစ်လာကာ အောက်ကကြမ်းပြင်ကိုငုံ့ကြည့်လိုက်ချိန်မှာတော့
“ဟေး ဟား ဟား ဟား ”
ကြမ်းပြင်အပေါက်မှ မိမိအားပြူ းကြည့်နေလေသည့် အကောင်ကြီး။
ရီပြလိုက်စဉ် ချွန်မြသောသွားများက အထင်းသားပေါ်လာလေတော့သည်။
“ဖျောင်း ဖတ်”
ထို့နောက် ပူစူးမရဲ့ညာခြေအား ကြမ်းခင်းကိုဖောက်၍ဆွဲလိုက်လေတော့သည်။
“အားးးးးးးးကိုဘခကျ”
“ကဲကွာ ဒုန်း”
ဘခက်မှလဲကြောင်ကြည့်နေရာမှသတိဝင်လာကာ လက်ထဲကဓားမနှင့် ကြမ်းပေါက်ကြားက လက်ကြီးအား ခုတ်ချလိုက်လေ့တာ့သည်။
သို့သော်ဓားသွားသည် ဝါးခင်းကိုသာနစ်ဝင်သွားလေသည်။
လက်ကြီးကတော့ အလွန်ပဲလျင်မြန်သယောင် ကြမ်းခင်းအောက်ပြန်ဝင်သွားလေသည်။
“ဟီး ဟား ဟား အီး!!!!!!!!!”
ထိုအကောင်သည် ကြွေးကျော်သံပြုရင်း အီးးးးးကနဲ့ ြ့ပင်းပြစွာအော်လေလျှင်
“ဟေ့ ဟား ဟားး”
“ဝေါ ဖုန်း ဖုန်းးဖုန်း”
ရွာထဲဘက်မှမိမိတို့ဆီပြန်ပြေးလာသောခြေသံများအား ကြားလာရလေတော့သည်။
“ကဲကွာ ဒုန်း ရွှမ်း အုန်း”
ဘခက်သည်လဲ ကြမ်းခင်းအောက်ကအကောင်အား ဓားနဲ့ခုတ်လိုက်ထိုးလိုက်နှင့်ခြောက်လှန့်နေသည်။
“ဝုန်း ဝုန်း ဝုန်း”
“ကျွီးးး ကျွီးးးး”
ခဏအကြာ ဘခက်တို့ခြေတံရှည်တဲလေးသည် အရိပ်မဲများဖြင့် ပြည့်ညှပ်လာကြရာ တဲလေးပဲယိုင်နဲ့၍နေလေပြီ။
“ကို ဘ ခက် ”
“အားးးးးးး”
ပူစူးမရဲ့အော်သံနောက် ဘခက်၏ ငယ်သံပါအောင်အော်လိုက်သောအသံသည် ကြောက်ခမန်းလီလီထွက်ပေါ်လာလေသည်။
“ကယျပါ အားးးးးးး”
ထို့နောက်တွင်တော့ ပူစူးမရဲ့အော်သံသည်လဲ တစ်ဖြည်းဖြည်းတိုးတိတ်သွားလေသည်။
“ဇွတ် ဗျင်း”
“ဖျော ”
“အီး အုန်း ဒုန်း”
ထို့နောက်တွင်တော့ တဲလေးထဲတွင် အစာလုသံထုသံ ဆွဲသံ များဖြင့်ဆူညံကုန်လေသည်။
“အီးးးး ဖုန်း”
ခဏအကြာတဲထဲမှ အကောင်တစ်ကောင်သည် ခြေထောက်တစ်ချောင်းအားဆွဲကာခုန်ချပြီး တောနက်ထဲဝင်ပြေးရာ နောက်မှ ကျန်အကောင်များလဲ ပြေးလိုက်သွားကြသည်။

**********************

နံနက်လင်းသောအခါ အမင်္ဂလာသတင်းတစ်ခုက ရွာထဲပျံ့နှံ့၍သွားလေသည်။
ရွာစွန်က ကိုဘခက်မပူစူးတို့ရဲ့တဲလေးကိုညက တောကောင်တစ်ကောင်ကောင်ဝင်စီးကာ လင်မယားနှစ်ယောက်အား သတ်ဖြတ်စားသောက်သွားသည်တဲ့လေး။
တဲတစ်ခုလုံး သွေးခြင်းခြင်းရဲနေကာ အလောင်းကိုကားရှာမတွေ့ခဲ့ကြပေ။
ဒီအဖြစ်ဟာ တောကောင်လက်ချက်ဆိုတာ ဘယ်နည်းနှင့်မျှမဖြစ်နိုင်သော်လဲ အဖြစ်နိုင်ဆုံးကိုတာစဉ်းစား၍ ကောင်ချက်ခဲ့ကြလေတော့သည်။
တစ်ချို့တွေကလဲ ညက ခွေးအူတဲ့ကိစ္စနဲ့မျက်ဆက်စပ်နေမလားစဉ်းစားမိကြလေသည်။
သို့သော်မည်သူတစ်ဦးတစ်ယောက်ကမျှတော့ ဒီ့ထက်ပို၍ မစဉ်းစားတတ်တော့တာအမှန်ပါ။

*********

ဒီကိစ္စတွေဖြစ်ပြီးတစ်ပတ်ခန့်အကြာ ညတစ်ညတွင်

“သဲ မာ သဲ မာ ။”
အိပ်မောကျနေစဉ် လှိုင်ခေါင်းထဲမှလာသောအသံကဲ့သို့ တိုးလျ၍ပဲ့တင်ရိုက်နေသော အသံတစ်သံသည် သဲမာရဲ့နားထဲသို့တိုးဝင်လာသည်။
အလွန်ပင်တိုးလွန်းနေသော်လဲ ထိုအသံအား သဲမာရှင်းရှင်းလင်းလင်းကြားနေရလေသည်။

“ထ သဲမာ”
“ဟင်”
ရုတ်တရက်သဲမာဆိုသောမိန်းကလေးသည်ငေါက်ကနဲ့ထကာ ဒီအသံအားစူးစမ်းနေမိသည်။
“သဲမာရေ သဲမာ”
“ရှင် အားးးးးးး”
“ဟား ဟား ဟား”

သဲမာပြန်ထူးလိုက်စဉ်
စိတ်လိုလက်ရရီလိုက်သည့်အသံတစ်သံအားကြားလိုက်ရသည်။
ထို့နောက်တွင်တော့စိတ်အာရုံအားလုံးတို့မှောင်မိုက်သွားကာ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ဂလိုင်ခေါင်းတစ်ခုထဲသို့ကျသွားသည့်နှယ်ခံစားလိုက်ရလေတော့သည်။

“ကယ်ကြပါဦးရှင် ကယ်ကြပါဦး”
မှောင်မှောင်မဲမဲထဲတွင်သဲမာလှောင်ပိတ်ခံထားရသလို ခံစားလိုက်ရလေတော့သည်။
စိတ်ကအလိုလိုအားငယ်လာကာ တစ်ခုခုအကူအညီရလို့ရငြား ကြိုးစားကြည့်သော်လဲအချည်းနှီးသာ။
သူမအကူညီတောင်းခံသံသည် ပဲ့တင်ရိုက်၍သူမဆီပြန်လာလေရာ
ခုသူမရောက်နေတာဂလိုင်ခေါင်း(သို့) ဂူတစ်ခုခုထဲမှာလားတွေးမိသည်။
သို့သော်မည်မျှပင် တိုးဝှေ့၍ လှုပ်ရှားသွားလာနေပါစေမူ မည်သည့် အရာမှစမ်းမိခြင်သအလျဉ်းမရှိ လေဟာနယ်ကြီးတစ်ခုပမာဖြစ်လို့နေချေပြီ။
“ဟာ ဟား ဟားးး”
ထိုအခိုက်မိမိဆီသို့ပဲ့တင်ရိုက်ပြန်လာလေသည့်ရီသံတစ်သံ။
စောစောနက သူမဒီလိုအမှောင်မဲထဲမကျမီက ကြားလိုက်ရတဲ့အသံနဲ့တူတူပဲမို့ သူမ ထိတ်လန့်မှုနဲ့အတူ သူမတစ်ဦးတည်မဟုတ်ဘူးဟုသိလိုက်ရချိန် မျှော်လင့်ချက်ရောင်ခြည်လဲအနည်းငယ်တန်းမိပါသည်။
“ဘယ်သူလဲ ခုဏကရီနေတာဘယ်သူလဲနော် ။
ကျမကိုကယ်ပါဦးရှင် ကယ်ကြပါရှင့်”

“သဲ မာ ”
“ရှင် ရှင်ဘယ်သူလဲ”

သဲမာသည် အသံရှင်အား တောင်ကြည့်မြောက်ကြည့်လုပ်ကာရှာဖွေနေမိသည်။
သို့သော် မှောင်မဲနေသော ဒီနေရာတွင် ဘာဆိုဘာမှမတွေ့ရပေ။
ယုတ်စွအဆုံး မိမိလက်ကိုပင်မိမိ ပြန်၍မမြင်နိုင်သည့်အခြေအနေပင်။
“လူ့ဘဝဒီလောက်နေရတာ စိတ်မကုန်သေးဘူးလား ဒီမှာ အေးအေးဆေးဆေးအနားယူပေတော့ ”
အသံသည် တိုးလိုက်ကျယ်လိုက် နီးလိုက်ဝေးလိုက်နှင့် ပဲ့တင်ပါထပ်နေလေရာ ဘယ်ကလာတယ်ဆိုတာခန့်မှန်း၍ပင်မရချေပြီ။

“ဟင့်အင်း ဟင့်အင်း မလုပ်ပါနဲ့ ကယ်တင်ပေးပါရှင် ကျမဒီမှာမနေချင်ဘူး။
ကျမ မရှိရင် ကျမရဲ့ မိခင်နဲ့ဖခင်အိုကြီးနှစ်ယောက်လုံး ငတ်ပြတ်ပြီးသေးပါလိမ့်မယ်ရှင် ကယ်တင်ပေးပါရှင် အဟင့် ဟင့်။”
“ဟေ ဟား ဟား ဟးးးးနေရစ်ခဲ့ချေတော့”
အသံရှင်သည် မိမိနှင့်ဝေး၍ဝေး၍သွားချေပြီ။
“နေပါဦးရှင် ကယ်ပါဦးရှင် အီးဟီး ဟီး ကျမဒီနေရာမှာမနေချင်ဘူး ကျမရဲ့အဖေအမေကိုလုပ်ကျွေးရဦးမယ်ကျမမနေနိုင်ဘူး”
သဲမာလဲအသံရှင်နောက် ရေကုန်ရေခမ်းပြေးလိုက်ရင်းမောဟိုက်လို့နေချေပြီ။
သို့သော် အသံကဘယ်ကလာသည်ကိုတော့မသိရ ရေနစ်သူအတွက် ကောက်ရိုးမျှင်လေးလောင်မျှသည်ပင် အားကိုးစရာဖြစ်သည့်ပမာ သူသည်လဲလက်မလျော့နိုင် ပြေးနေဆဲ အော်နေဆဲ ခေါ်နေဆဲပါပဲ။
ထိုပုံရိပ်တို့အား မျက်လုံးထဲတွင်မြင်နေရလေသူတစ်ဦး။
“အဟင်း”
သဲမာသည် အိပ်ယာခင်းပေါ်ထိုင်နေရာမှတစ်ချက်ပြုံးလိုက်ချိန် မျက်လုံးများသည် အပြာရောင်အလင်းတို့တောက်ပလာကြလေသည်။
ထို့နောက်အောက်သို့လျောကျနေသောစောင်ကိုခါးပေါ်သို့တင်၍ မိမိနောက်ကျောဘက်ဆီမှ အိပ်မောကျနေသော မိခင်ကြီး ဒေါ်ကြင်စိန်အား တစ်ချက်ကြည့်ကာ ပြန်လည်အိပ်စက်လိုက်လေတော့သည်။

***************

“အောက်အီးအီး အွတ်”
နံနက်လင်းကြက်သွန်သံနှင့်အတူ ချောင်းတန်းရွာကြီးသည်လဲ တိတ်ဆိတ်နေရာမှပြန်လည်လှုပ်ရှားသက်ဝင်လာလေတော့သည်။
“ဗျို့ အရီးရေး ”
ဒေါ်ကြင်စိန်တစ်ယောက် နံနက်စာချက်ပြုတ်ကြော်လှော်နေစဉ်
ခြံဝိုင်းအပြင်ဘက်ဆီမှ မိန်းမတစ်စု၏ခေါ်သံအားကြားသဖြင့်
“အေ့ လာကြပြီလားဟေ့ဝင်ဦးလေးသဲမာတော့ သနပ်ခါးလိမ်းနေလေရဲ့ ”
ဆိုကာ လောကွပ်လျှော်လေသည်။
“တော်ပြီအရီးမဝင်တော့ဘူး သဲမာပြီးရင် တစ်ခါတည်းသွားတော့မှာ”
“အေးအေး သဲမာရေး ဟေ့သဲမာလာလေဦးဟဲ့ ဒီမယ် ညည်းအဖော်တွေလာနေလေရဲ့ ပြီးစေတော့လေး”
“ရှင်း ဟုတ်ကဲ့အမေ ပြီးပြီ ပြီးပြီ”
ဆိုကာ သနပ်ခါးဘဲကြား ထမိန်တိုတိုဝတ်လျက် ဝါးခမောက်ကို တင်းတင်းဆောင်းရင်းထွက်လာလေသည့် အညာသူမ ကောက်စိုက်သမ သဲမာရယ်ပါ။
“ကဲ ကောင်မတွေ သွားရအောင်ဟေ့”
ဆိုကာ ထမင်းချိင့်လေးဆွဲရင်းအိမ်ပြင်ကအဖော်မတွေဆီ ပြေးသွားလေရဲ့။
“အမေရေး သွားပြီတော့”
သွားရင်းမတ်တပ်ကမှ အိမ်ထဲကမိခင်အား နှုတ်ဆက်ခဲ့သေးသည်။
“အေးဟေး မြွေပါးကင်းပါး ကြည့်သွားကြဟေ့”
“ဟုတ်ကဲ့ဟုတ်ကဲ့အရီး”
လမ်းတစ်လျှောက် သူမတို့အသံတွေချည်းသာ ညံထွက် လျံထွက်လို့နေလေသည်။

ထို့အတူ ချောင်းတန်းရွာလေးထဲတွင် သူမတို့တစ်စုနည်းတူ ဟိုတစ်စုဒီတစ်စုနှင့် လယ်သူမများသည်လယ်ကွက်တွေဆီဦးတည်ကာသွားနေကြလေရဲ့။
တစ်ချို့ကလဲ ယာကွက်ထဲဆင်းမဲ့သူ ကိုင်းတောထဲဆင်းမဲ့သူတောထဲ သစ်ခုတ် ဝါးခုတ်သွားမည့်သူများနှင့်တစ်ရွာလုံး စည်စည်ညံနေတော့သည်။
ဤသို့ဖြင့်နံနက်ငါးနာရီလောက်ကစ၍ လှုပ်ရှားလာလိုက်ကြတာ ခုနှစ်နာရီထိုးသောအခါ ရွာကြီးသည် တစ်ဖန်ပြန်လည်၍တိတ်ဆိတ်သွားပြန်သည်။
ထိုအချိန် အရွယ်ကောင်းသူအားလုံးရွာတွင်းတွင်ရှိမနေကြတော့ ကိုယ်ဆီ ဆိုင်ရာနိုင်ရာလုပ်ငန်းခွင်တွင်းဝင်နေကြလေသည်။
ရွာအတွင်းတွင်တော့ ကလေးနှင့်သက်ကြီးရွယ်အိုတွေသာကျန်ခဲ့လေသည်။
သက်ကြီးရွယ်အိုနှင့်ကလေးများသည်လဲ အငြိမ်မနေကြ အိမ်တွင်းထဲတွင်ငရုပ်သီးခြောက်ချွေသူချွေ နွားစာစဉ်းသူစဉ်းနှင့် အလေနက်ထ နေသည်ဟူ၍အလျဉ်းမရှိ။ ကိုယ်စီတန်ဖိုးရှိကြသူတွေချည်းသာ။

ဤသို့ဖြင့် ညနေ လေးငါးနာရီလောက်တွင်တော့ လုပ်ငန်းအားလုံးသိမ်းပြီဖြစ်ရာ ချောင်းတန်းရွာကြီးသည် လှုပ်ရှားမှုအဖုံဖုံအစုံစုံနှင့်ပြန်လည်၍အသက်ဝင်လာပြန်သည်။
တစ်ရွာလုံးရေမိုးချိုးသူချိုး အဝတ်လျော်ဖွတ်သူဖွတ်နှင့် လိမ်းဖီးကြရင်း ညနေစာအစောစားကာ တစ်နေ့တာအမောတို့အား အိပ်စက်ခြင်းဖြင့် ဖြေလိုက်ကြလေတော့သည်။

****************
“အူး ဝူးးးးးး”
ညနက်သန်းခေါင်တွင် ထအူလိုက်သောခွေးအူသံတစ်သံ။
ရွာစွန်တွင်နေသော မဲကြီးဝိုင်းနားလေးတွင် နေသော ခွေးတစ်စုသည် ဘာကြောင့်ရယ်မသိ ရုတ်တရက် အူလိုက်ခြင်းပင်။သို့သော် ဒီအသံသည် တစ်နေ့တာ တောင်ယာအလုပ်ဖြင့်ပင်ပန်းစွာအိပ်စက်နေသော မဲကြီးတို့လင်မယားအား နိုးသွားအောင်ထိတော့မစွမ်းနိုင်ပေ။
“အု အု အူးးးးးးးးးးးး”

သို့သော်တစ်စတစ်စဆူညံလာကြလေရာ
“အီး အဟင့် ဟင့် အီးးးး”
မဲကြီးရဲ့သမီးအငယ်ဆုံး ပေါက်ပေါက်လေးက သဲကြီးမဲကြီးငိုလေပြီ။
လင်မယားနှစ်ယောင်ကြား သားကြီး သမီးလတ် သမီးငယ်သုံးဦးအိပ်ကြရာ ပေါက်ပေါက်ငိုသံကြောင့် မဲကြီးမိန်းမနိုးသွားလေသည်။
“ဟင် အင်း သမီးပေါက်ပေါက်လေးလာအမေ့နားကိုလာသမီး ”
ဆိုကာ အိပ်ရင်းက လက်ကမ်းလေလျှင် ပေါက်ပေါက်လေးသည် မိခင်ရင်ခွင်ထဲသို့တိုးဝင်လာချေသည်။
“ကဲသမီးဘာဖြစ်နေတာလဲ ဘာလိုငိုနေတာလဲကွယ့်”
“ဟင့် ဟင့် ဟင့်အင်း”
သမီးလုပ်သူသည် ခေါင်းတွင်တွင်ခါရမ်းကာ ငိုမြဲငိုနေလေသည်။
“အူ ဝူးးးးးး”
“ဟင်း!!!ခွေးတွေကလဲ အူနေလိုက်တာ ကိုမဲကြီး ထပါဦးကိုမဲကြီး”
မဲကြီးသည် နည်းနည်းမှ လှုပ်မလာပဲ အိပ်မြဲအိပ်ဆဲပါပဲ။
“တော့ ကိုမဲကြီး ထပါဆို”
ဆိုကာ ကလေးသုံးယောက်ကိုကျော်၍ လှမ်းကုပ်လိုက်မှ
“ဟင် အင်း ဘာ ဘာလဲ ခင်စန်းရင်”
“တော်ကလဲ အအိပ်မက်ရန်ကော ဒီမယ်တော့်သမီးငိုနေတယ်လေး”
“ဟေ ဟုတ်လား”ဆိုကာ ခင်စန်းဝင်းရင်ခွင်ထဲက သမီးပေါက်ပေါက်ဆီအကြည့်ရောက်သွားလေသည်။
နှစ်ဦးသားအိပ်နေရာမှ ထလိုက်ကြလေသည်။
“အူး အူးးးးးးအုအု အူးးး”
“အမလေးခွေးတွေကလဲအူနေတယ်တော် သမီးကလဲဘာမှမေးမရဘူး အရမ်းငိုနေတယ်ကိုမဲကြီးရယ်”
“လာလာသမီးဖေကြီးဆီလာ “ဆိုကာ လက်ကမ်းပေးစဉ်
“ဟင့်အင်း ဟင့်အင်းအီးးးး”
ပေါက်ပေါက်သည် ခေါင်းတွင်တွင်ခါရမ်းကာ ငိုမြဲငိုနေသည်။
“ဘာဖြစ်တာလဲသမီးရဲ့ကဲမေးလဲမရဘူး”
“အေးလေးသမီးရဲ့ ဖေကြီးကိုပြောဘာဖြစ်လို့ငိုနေလဲ”
မိဘနှစ်ဦးလုံးက အတင်းချော့ကာမေးလေမှ မိခင်ရင်ခွင်ထဲကသမီးပေါက်ပေါက်ခေါင်းထောင်လာလေသည်။
“အီး မျောက်ကြီးတစ်ကောင်က မမပန်းအိကိုဆွဲခေါ်သွားတယ် အီး သမီးကြောက်တယ်”
“ဟင်း သမီးဘာတွေပြောနေတာလဲ”
“ဖေ့သမီးအိပ်မက်မက်နေတာလား”
“အီးးးဟုတ်ဖူးသမီးတကယ်တွေ့လိုက်တာ ”
လင်မယားနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ငြိမ်သက်လိုက်မိကြလေသည်။
“ကဲကဲသမီးအိပ်တော့ မနက်မိုးလင်းမှ ဖေကြီးတို့မမပန်းအိအိမ်ကိုသွားကြည့်ရအောင်လေးနော် သမီးအိပ်တော့ လာဖေကြီးဆီလာ”
မဲကြီးလဲ သမီးလေးအားလက်လွှဲယူကာချော့သိပ်လိုက်ရင်းမိမိပါအိပ်စက်လိုက်သည်။
ခင်စန်းယဉ်မှာလဲ သမီးစကားကြောင့် စိတ်ထဲမတင်မကျ အဖြေတစ်ခုအား သိချင်နေမိလေသည်။
နက်ဖြန် ပန်းအိအိမ်ကိုသွားမေးဦးမှပါလေး……။

****************

နံနက်မိုးသောက်သော်
မျက်နှာသစ်နေတဲ့မိစန်းယဉ်တစ်ယောက်ဘာရယ်မဟုတ်
တစ်ဝိုင်းကျော်က ပန်းအိအိမ်အားလှမ်းကြည့်မိလိုက်သည်။
“ဟင်”
ပန်းအိတို့နှစ်ထပ်အိမ်လေးသည် လူများရှုပ်နေပါလား။
“ဟီး အိ အမလေး မိပန်းအိရဲ့ လုပ်ကြပါဦးတော် ကျမသမီးကို”
အလို ပန်းအိအမေ ဒေါ်ဥာဏ်ခင်ကြီးရဲ့အော်ငိုလိုက်သံသည်
ချောင်းတန်းရွာရဲ့နံနက်ခင်းကိုအကျည်းတန်သွားစေလေပြီ။
ထိုအခိုက် ဘေးအိမ်က မပုသည်လဲ အလန့်တကြား အိမ်ပြင်ထွက်လာစဉ် မျက်နှာသစ်နေသောမစန်းယဉ်အားတွေ့လိုက်ရလေတော့သည်။
ပန်းအိအိမ်နှင့် မပုအိမ်သည်ဘေးကပ်လျက်ဖြစ်ကာ မပုအိမ်ပြီးမှ မစန်းယဉ်အိမ်ဖြစ်ရာ ပန်းအိအိမ်နှင့် မစန်းယဉ်အိပ်ကတစ်အိမ်သာခြားသည်။
“တော် စန်းယဉ် မဥာဏ်ခင်ကြီးဘာဖြစ်တာလဲမသိဘူးနော်”
“ဟုတ်ပ မပုရေလာသွားကြည့်ရအောင်လို့”
“အေးအေး လာသွားရအောင်”
“မေမေ သမီးလဲလိုက်မယ် မမပန်းအိကို ညကမျောက်ကြီးဆွဲသွားတာဘယ်လိုနေလဲမသိဘူး”
ထိုအခိုက် ပေါက်ပေါက်လေးလဲထလာလေရာ ပေါက်ပေါက်အပြောကြောင့်မပုကြီးမှာ ခြံစည်းရိုးကြီးကိုင်ကာ “အေ့ ညည်းသမီးဘာတွေပြောနေတာလဲ”
“အဲ့ဒါထားပါ နောက်မှရှင်းပြတော့မယ် သွားရအောင်မပု လာလာသမီး”
ဆိုကာ သမီးလက်ဆွဲရင်း မပုနဲ့အတူ ပန်းအိအိမ်သို့ရောက်လာလေတော့သည်။
ဒေါ်ဥာဏ်ခင်ကြီးအိပ်ရောက်သောအခါတွင်တော့ ငြိမ်သက်နေသောသမီးအား ဖက်ငိုနေလေသည့် ဒေါ်ဥာဏ်ခင်ကြီးအားတွေ့လိုက်ရလေတော့သည်။
“အမလေး လုပ်ကြပါဦး မနေ့ကမှအကောင်းကြီးကိုတော် ပန်းအိရဲ့ ဟီး အီး ”
“အလိုတော် ဘာဖြစ်ကြတာလဲ”
“ပန်းအိဆုံးပြီဗျာ ဆုံးပြီဗျ”
ပန်းအိရဲ့အကိုစကားကြားသောအခါ မပုနဲ့မစန်းယဉ်တို့အံ့အားသင့်သွားကြလေသည်။
“ဟေ”
“ဟင်”မနေ့ညနေကမှ နှုတ်ဆက်စကားပြောနေကြသေးတယ်မလား။
“အီး ပြောသားပဲမမပန်းအိကို မျောက်ကြီးဆွဲသွားပါတယ်ဆို အမေတို့ကမယုံဘူး အီး မမပန်းအိ”
ပေါက်ပေါက်လေးရဲ့စကားသည် လူအားလုံးအားအံ့အားသင့်သွားစေလေတော့သည်။
“ဒီလိုတော်”
ဆိုကာ မစန်းယဉ်လဲ ညက ကိစ္စအားရှင်းပြလိုက်လေရာတိုက်ဆိုင်လွန်းတဲ့မပန်းအိသေဆုံးမှုနှင့်ပေါက်ပေါက်လေးအိပ်မက်သတင်းသည် ချောင်းတန်းခေါ်တစ်ပင်တိုက်ရွာလေးတွင် ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့သည်။

*************

‘မောင်ပြည့်စုံနှင့် သန်းခေါင်ယံခေါ်သံ

 

(၂)သိမ်း

 

*******

ဒီလိုနှင့် ပန်းအိသေဆုံးမှုသည် သို့လောသို့လောနှင့်လူအများရင်ထဲ အဖြေမသိသောပုဒ်စာတစ်ခုပမာ မချင့်မရဲ အဆုံးသတ်သွားခဲ့လေတော့သည်။

ပန်းအိသေပြီးသည်နောက် နောက်ထပ်ခွေးအူသံများမကြားရသလို ပေါက်ပေါက်လေးသည်လဲနောက်ထပ်ငိုယိုခြင်းမရှိသဖြင့် မစန်းယဉ်နှင့် ကိုမဲကြီးတစ်ယောက် စိုးရိမ်ပူပန်မှုတို့လျော့နည်းစပြုလာပေပြီ။

 

****

 

သို့သော် ပန်းအိရပ်လည်ပြီး နှစ်ပတ်ခန့်အကြာ လပြည့်ညတစ်ညတွင်တော့

“အု အူးးးးးးးး”

တောစပ်က ခွေးတစ်ကောင်၏မပီမပြင် အူလိုက်သောခွေးအူသံကြောင့် သတိကောင်းသောမစန်းယဉ်တစ်ယောက် ဇက်ကနဲ့ တစ်ချက်ဖြစ်သွားကာ မျက်လုံးတို့ပွင့်လာလေသည်။

ချက်ချင်းပဲပေါက်ပေါက်လေးအားကြည့်မိလေသည်။

ပေါက်ပေါက်လေးသည် ကလေးပီပီအပြစ်ကင်း အပူပင်ကင်းစွာအိပ်မောကျနေလေရာ မစန်းယဉ်တစ်ယောက် သက်ပြင်းမောတို့ကျသွားရလေတော့သည်။

“ဟူး!!!”

“အူးးးးးးးးးးး”

သက်ပြင်းတို့ပင်မပြီးဆုံးသေးခင် ထပ်မံ၍ထွက်ပေါ်လာသောခွေးအူသံတစ်သံ။

“အု အူးးးးးးး အူးးးးးး”

တစ်ဖြည်းဖြည်းနှင့်ခွေးအူသံများသည် ရွာလယ်လမ်းအတိုင်းပျံ့နှံ့သွားလေလျှင်

“အီး အဟင့် ဟင့် အမေ အမေ အကောင်ကြီးရွာထဲဝင်လာပြီ ”

ဆိုကာ ပေါက်ပေါက်လေးသည် အိပ်ပျော်နေရာမှ ကောက်ကာငင်ကာထ၍ငိုလေသည်။

“အေ သမီး အမေရှိတယ် အမေရှိတယ် မေ့သမီးလေးအိပ်မက်ယောင်ပြန်ပြီနဲ့တူတယ် အမေ့ဆီလာ ”

ဆို မစန်းယဉ်သည် ပေါကါပေါက်လေးအား ရင်ခွင်ထဲထည့်ဖို့အလုပ်

“ဟင့်အင်း အိပ်မက်မက်တာမဟုတ်ဘူးလို့ မျောက်ကြီး ရွာထဲဝင်လာနေပါတယ်ဆို အီးးး”

“ကိုမဲကြီး ထပါဦး ကိုမဲကြီး”

မစန်းယဉ်သည်အခြေနေမဟန်တော့သဖြင့် လင်ယောက်ျားအားလှမ်းကုပ်ကာနှိုးလိုက်လေသည်။

“ဟေ အေး ဘာတုန်းစန်းယဉ်”

မဲကြီးလဲအိပ်ကောင်းနေတုန်းလှုပ်အနှိုးခံရသဖြင့် လန့်ဖျန့်ကာ ထထိုင်မိသည်။

“ဟင်း ဒီမယ် တော့သမီးကိုကြည့်ပါဦးတော်”ဆိုကာမစန်းယဉ်လဲ ပေါက်ပေါက်အားပွေ့ချီကာ ထထိုင်လေသည်။

“ဟေ သမီး ဖေ့သမီး လာဖေကြီးဆီလာ ပြန်အိပ်တော့နော် ဖေ့သမီးဘာလို့ငိုနေတာလဲကွယ့်”

ဆိုကာလက်ကမ်းစဉ် ပေါက်ပေါက်လေးသည် ခေါင်းတွင်တွင်ခါရမ်းကာ မိခင်ကိုယ်ပေါ်မှ ဆင်းရင်း ကိုယ့်ဘာကိုငုတ်တုတ်ထိုက်ရင်း

“အီး မျောက်ကြီး မမယဉ်မွှေးအိမ်ထဲဝင်သွားပြီ အမေ အဖေ မမကိုကယ်ပါဦး မမပန်းမွှေးလိုပဲ မမယဉ်မွှေးကိုလဲခေါ်သွားတော့မှာအီးး”

“ဟယ် ကိုမဲကြီး သမီးလေးတော့ ပန်းမွှေးတုန်းကလို ဖြစ်ပြန်ပြီ ဆ်ခုခုလုပ်ပါဦးတော်”

“ဟာ ငါတို့က ကလေးစကားနဲ့ သူများအိမ်ညကြီးသွားမကောင်းဘူးကွ”

ဤသို့ဖြင့် မဲကြီးနှင့် မစန်းယဉ်သည် သမီးလေးပေါက်ပေါက်းချော့လိုက်ခြောက်လိုက်နှင့် ဘယ်လိုပင် လုပ်နေသော်ငြား ပေါက်ပေါက်လေးကတော့ အငိုမရပ်သလို ထူးဆန်းတဲ့စကားတွေပြောနေခြင်းမှလဲရပ်မသွားပေ။

ယဉ်မွှေးကိုသာ သွားကယ်ပေးဖို့အတွင်တွင်ပြောနေရှာလေသည်။

 

******

 

တစ်ဖက်တွင်တော့ရွာလယ်အတိုင်း ယဉ်မွှေးအိမ်ဝိုင်းထဲသို့ဝင်သွားလေသောအကောင်ကြီးတစ်ကောင် ။

“ယဉ်မွှေး ယဉ်မွှေး ထ ထခဲ့စမ်း”

ညအိပ်ကောင်းနေချိန် မိမိနာမည်အား နား’နားကပ်ကာခေါ်နေလေသောအသံအားကြားရသဖြင့်အရွယ်ကောင်းသောမိန်းမပျိုလေးတစ်ဦးသည် လန့်ဖျန့်ကာ ထမိလေသည်။

“လာခဲ့ယဉ်မွှေး လာခဲ့”

အသံသည်အလွန်ပဲ လွှမ်းမိုးလွန်းလှကာ ယဉ်မွှေးထလိုက်သွားဖို့ကြံစဉ်

“ရှင်”ဟုထူးလိုက်စဉ် သူမရှေ့တွင်အမွှေးဖွားဖွားနှင့်အကောင်ကြီးတစ်ကောင်ပေါ်လာလေတော့သည်။

 

********

 

“မခေါ်သွားရဘူး မခေါ်သွားရဘူး ဟေးးးး”

ထိုအချိန်တွင်ပေါက်ပေါက်လေးသည် အားနဲ့မာန်နဲ့ထအော်လိုက်လေတော့သည်။ငိုနေရာမှဒေါသတို့ထွက်လာသယောင်ရှေ့တူရှူး အားစိုက်ကြည့်ကာ အသက်ရှုသံတို့ပြင်းနေလေသည်။

 

“သမီး ကိုမဲကြီး လုပ်ပါဦးတော်သမီး သမီး အဟင့် ”

မစန်းယဉ်လဲ သမီးလေးရဲ့အပြုအမူကြောင့် စိုးရိမ်စိတ်တို့ငယ်ထိပ်သို့ပင်တက်စောင့်လေပြီ။

“သမီးရေးး သမီး ”

မဲကြီးလဲ သမီးအားရင်ခွင်ထဲထည့်ဖို့ လက်လှမ်းစဉ် သမီးကိုယ်လေးမှရေနွေးငွေ့ပမာ အပူလှိုင်းတစ်ခူအားခံစားလိုက်ရကာ

“အား ပူတယ် “ဆ်ုကာ လှမ်းနေတဲ့လက်အားနောက်ဆုတ်ရင်း စန်းယဉ်အားကြည့်မိလေသည်။

စန်းယဉ်တစ်ယောက်တော့ ပေါက်ပေါက်အားကြည့်ကာ မျက်ရည်တို့ကျလာကြချေပြီ။

“သမီးတစ်ခုခုဖြစ်နေပြီကိုမဲကြီး အဟင့် လုပ်ပါဦးတော်”

ဆိုကာ ထမိန်အနားစဖြင့်မျက်ရည်တို့အားသုတ်နေသည်။

“အီး အမေ့ ပေါက်ပေါက်လေးကကြောက်စရာကြီး”

ထို့နောက်တွင်တော့ အိပ်ပျော်နေကြသော သားအကြီးကောင်နဲ့သမီးလတ်တို့ပါ နိုးလာကြကာ ပေါက်ပေါက်လေးရဲ့အမူအယာအားကြည့်၍ လန့်ထိတ်ကုန်ကြတော့သည်။

**********

“မလိုက်ဘူး မလိုက်ဘူး အဟင့်ဟင့်”

ယဉ်မွှေးအား အတင်းကာရောဆွဲခေါ်စဉ် ယဉ်မွှေးကိုယ်သည် ဖုန်းကနဲ့လဲကျကာ အသက်ဝိဥာည်သည် အမွှေးဖွားဖွားအကောင်ကြီးလက်တွင်းသို့သက်ဆင်းလေတော့သည်။

“ဟင်း ဟင်း ”

တစ်ဖက်တွင်လဲ မျက်လုံးသေကြီးနှင့်ဒေါသမာန်တင်းနေသည့် ပေါက်ပေါက်ရယ်ပါ။

“အား!!!!!!!”

ဆိုကာ အော်လိုက်ချိန် ပေါက်ပေါက်ကိုယ်လေးသည် တုန်ကနဲ့တစ်ချက်ဖြစ်သွားကာ မျက်လုံးတို့သည် အစိမ်းရောင်အလင်းတို့ပြင်းပြစွာထွက်လာလေတော့သည်။

“အမလေး ဘုရား ကို ကိုမဲကြီး သမီးပေါက်ပေါက်ဘာဖြစ်တာလဲမသိဘူး အဟင့် ဟင့်”

“အီးသမီးကြောက်တယ် သမီးကြောက်တယ်”သမီးလတ်ကလဲ ပေါက်ပေါက်အားကြည့်ကာ လန့်နေရှာပြီ။

“သမီးတိတ်တိတ် စန်းယဉ်နောက်ဆုတ် နောက်ဆုတ်”

ဆိုကာ မဲကြီးသည် သားနဲ့သမီးအားခေါ်ရင်းပေါက်ပေါက်အနားမှခွာကာ ထရံနားသို့ဆုတ်သွားလေသည်။

စန်းယဉ်သည်လဲထိုနည်းလည်းကောင်းပင် ထရံနားကပ်သွားချေပြီ။

“လွှတ်စမ်း ဟဲ့အကောင်”

ပေါက်ပေါက်အသံသည် လူကြီးတစ်ဦးရဲ့အသံကဲ့သို့ဖြစ်နေကာ

ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းအရှိန်တစ်ခုသည် ရွှမ်းကနဲ့ဆို ပွင့်ထွက်သွားလေတော့သည်။

“ဟိ ဟိ ဖုန်း ဖုန်း ဖုန်း”

သဘက်ကြီးသည် ယဉ်မွှေးလေးအားထမ်း၍ပြေးနေရာမှ

“ကျွီးးးးးးဖျောင်း အားးးး”

အစိမ်းရောင်အလင်းတန်းတစ်ခုသည် ၄င်းရဲ့လက်ကုပ်ပေါ်သို့ဖြတ်ကျသွားစဉ် ဖျောင်းကနဲ့မြည်ကာ ခန္ဓာကိုယ်သည် အဝေးအပါးသို့လွင့်ထွက်သွားတော့သည်။

သဘက်ကြီးကိုယ်ပေါ်ကယဉ်မွေးလေးကတော့ လေပေါ်တွင်တန်းလန်းကြီးဖြစ်ကာ လိပ်ပြာကြိုးရဲ့ဆွဲငင်ရာ သူမရဲ့ခန္ဓာကိုယ်ထဲသို့ပြန်လည်ကျသွားလေတော့သည်။

ထို့အတူ ပေါက်ပေါက်လေးရဲ့ကိုယ်သည်လဲအလင်းရောင်တို့ပြန်လည်ချုပ်ငြိမ်းသွားကာ ဖတ်ကနဲ့ဆိုအိပ်ယာပေါ်မေ့လဲကျသွားလေတော့ပြီ။

“သမီးသမီး လုပ်ပါဦးကိုမဲကြီး သမီး အဟင့်ဟင့်”

စန်းယဉ်တစ်ယောက် ပျော့ခွေလဲကျသွားသောပေါက်ပေါက်လေးအားပွေ့ချီလိုက်လေသည်။

*********

“ဖျောင်း ဟင်”

ထိုအချိန် တဲအိမ်ထဲမှမိန်းကလေးတစ်ယောက်ကတော့ မိမိလက်ထဲကအပြာရောင်အလင်းကြိုးတစ်ချို့ပြင်းပြစွာလင်းလက်နေရာမှ ပျက်တောက်သွားကာ အလင်းရောင်တို့ပျောင်ကွယ်သွားသဖြင့် အံ့အားသင့်သွားလေသည်။

“ဘယ်သူကများငါ့အလုပ်ကိုနှောက်ယှက်သလဲ”

ပါးစပ်မှတီးတိုးရေရွတ်ရင်း မျက်လုံးမှအပြာရောင်အလင်းတို့ပွင့်ထွက်ချိန်

“အဟွမ်း!သမီး သဲမာ မအိပ်ဘူးလား မနက်ဖြန် အလုပ်အစောသွားရမှာကို အိပ်တော့”

“ဟင် ဟုတ် အမေ သမီး အပေါ့အပါးဆင်းသွားတာအမေအိပ်ပြီ”

ဆိုကာ စွမ်းအားတို့အားချုပ်ထိန်းလိုက်ချိန် မျက်လုံးအစုံက အပြာရောင်အလင်းတို့ချုပ်ငြိမ်းသွားတော့သည်။

ပြီးနောက် အိပ်ယာထက်အသာလှဲကာစဉ်းစားခန်းဝင်နေမိသည်။

ငါ့အလုပ်ကိုနှောက်ယှက်တဲ့သူတော့ပေါ်နေလေပြီ။

ဘယ်သူပါလိမ့်မလဲ…….။

***********

နံနက်မိုးသောက်အလင်းရောက်သော်

မခင်စန်းယဉ်တို့အိမ်၌ လူတစ်ချို့ ရောက်ရှိလို့နေလေသည်။

ရွာသားသုံးလေးယောက်နှင့်အတူ ရွှေသိုက်ရွာက ဘိုးတော်ဦးဖြူ လည်းရောက်ရှိလို့နေလေသည်။

ဦးဖြူ သည် အသက်အားဖြင့် ခြောက်ဆယ်ခန့် အလွန် သီလသမာဓိနှင့် ပြည့်စုံသောအထက်ရပ်ဆရာကြီးတစ်ဦးဖြစ်ကာ တည်ကြည်လှလေသည်။

ဦးဖြူ သည် ပေါက်ပေါက်၏ခေါင်းပေါ်တွင် ညာလက်အားတင်ကာ ပေါက်ပေါက်ရဲ့ ဇာတိအနွယ်ဟောင်းအား အာရုံခံနေလေသည်။

အားလုံးကလည်းအပ်ကျသံပင်မကြားရလောက်သည်အထိ တိတ်ဆိတ်နေကြကာ ဦးဖြူ ပြောလာမည့်စကားအားမျှော်လင့်စောင့်စားနေကြလေသည်။

ခဏအကြာ “အိမ်း”

အသံပြုသံနှင့်အတူ ဦးဖြူ မျက်လုံး အစုံတို့ပွင့်လာသည်။

ပေါက်ပေါက်ရဲ့ခေါင်းပေါ်မှလက်အားဖယ်ကာ

“ဒီကလေးမလေးက ဘောဂဝတီ နာဂသိုက်ကလာတာပဲ။

တစ်ပင်တိုင် နာဂဒေဝီပေါ့။

နယ်နယ်ရရမဟုတ်ပေဘူး။ နာဂမင်းသမီးကွယ့်”

“ရှင် ”

“အလို”

မစန်းယဉ်မှအပ ကျန်သည့် သူအားလုံး၏မျက်နှာထက်၌ အံ့သြော်သောအမူအရာအား အထင်းသားတွေ့လိုက်ရသည်။

ဦးဖြူ သည် မိမိ၏ ဟောပြောချက်အား မအံ့မသြော်ပဲတည်ငြိမ်၍စဉ်းစားနေဟန်ရှိသည့် မစန်းယဉ်အားတွေ့ရသောအခါ ခေါင်းကိုတစ်ချက်ငြိမ့်ကာ။

“ဒီက သမီးစန်းယဉ်က ဒီကိစ္စကိုသိပြီးရော့ထင်”

ဟုမေးလေလျှင် အတွေးနက်နေသောမစန်းယဉ်တစ်ယောက်

“ရှင်”

ဟု အကြောင်သားပြန်ထူးမိသည်။

“ဟုတ် ဟုတ်ပါတယ် သမီးလေးဟာ နဂါးဝင်စားတယ်ဆိုတာကတော့ သူမဝင်စားခင် အိပ်မက်ပေးအသိပေးမှုအရကျမသိထားပါတယ်”

“ဟမ်း စန်းယဉ် မင်းဒီကိစ္စနဲ့ပက်သက်ပြီးငါ့လဲတစ်ခါမှမပြောပြထားပါလား”

စန်းယဉ်ယောက်ျား မဲကြီးတစ်ယောက်ဒေါကန်နေလေပြီ။

ယောက်ျားလုပ်သူကိုတောင်မပြောပြရကောင်းလားပေါ့။

“စိတ်လျော့မဲ့ကြီး စိတ်လျော့ သမီးစန်းယဉ်စကားလည်းဆုံးအောင်နားထောင်ပါဦး”

ဦးဖြူ က ကြားထဲကဝင်ဟန့်လိုက်မှ မဲကြီးရဲ့ရင်တွင်းကခံစားချက်တို့ရင်ထဲတွင်သာ ပြန်ဝင်သွားရသည်။

“ကျုပ် တော့်ကိုတမင်တကာမပြောပဲနေတာမဟုတ်ပါဘူး။

သမီးလေးရဲ့ ပဌာန်းဆက်တွေက မပြောဖို့တားမြစ်ထားတာကြောင့်ပါ။

သူတို့သမီးလေးကို ကျမဆီလွှတ်ပေးလိုက်တာ အကြောင်းရှိတယ်တဲ့။

သမီးလေးကိုသေချာစောင့်ရှောက်ဖို့နဲ့ သူ့ရဲ့ဇာတိအနွယ်ကိုဘယ်သူ့ကိုမှမပြောပြဖို့အတန်တန်မှာကြားခဲ့တာရှင့်”

“အိမ်းဒီလိုဆိုရင်ဖြင့် အဘရဲ့အာရုံထဲက အကြောင်းအရာတွေမှန်နေပြီပေါ့။

ဒီအတိုင်းဆို မြေးမလေးမှာ အန္တရာယ်ရှိနေပြီကွဲ့”

“ရှင်”

“ဗျာ”

လင်မယားနှစ်ယောက်ဘိုးဖြူ စကားကြောင့် ထိတ်လန့်သွားကြတော့သည်။

“ဘာဖြစ်လို့လဲ အဘရယ် ကျမသမီးလေးကိုကယ်ပါဦးရှင်”

“အင်း အကြောင်းကတော့ ဒီမြေးမလေးရဲ့ စူးရှတဲ့အာရုံနဲ့ အစွမ်းတန်ခိုးတွေဟာ အထိမ်းအချုပ်မရှိ ပွင့်ထွက်နေတတ်လို့ပဲ။

ခုချိန် သူမလေးဟာ အလွန်နုနယ်ငယ်ရွယ်လွန်းတာကြောင့် တာဝန်ထမ်းဆောင်ဖို့အချိန်ကောင်းမဟုတ်သေးပေမဲ့။ အခြေအနေတစ်ခုကတော့ သူမလေးကို တာဝန်အစောယူဖို့ ဖန်နေချေပြီ”

ဘိုးဖြူ စကားအား ကြားလိုက်ကြသော မစန်းယဉ်တို့လင်မယားနှစ်ယောက်အပါအဝင် ကျန်ရွာသားများပါ နားမလည်နိုင်ဖြစ်ရပါသည်။

“သူမဟာ သာမန်နဂါးမဟုတ်ဘူးကွဲ့ ဘောဂဝတီနတ်နဂါးအနွယ်တော်ကလာတဲ့ တမန်တော် နတ်နဂါးမင်းသမီးပဲ။သူမတာဝန်ကတော့ လောကသုံးဘုံမှာနှောက်ယှက်တတ်တဲ့ နတ်မိစ္ဆာတွေကိုသုတ်သင်ဖို့ဖြစ်တယ်။

သူမ ဒီလူ့ပြည်ကိုလာရတာကတော့ လူ့ပြည်မှာသောင်းကျန်းနေတဲ့ မိစ္ဆာတစ်ကောင်ကောင်ကြောင့်ပဲလို့ဘဖြူ ထင်တယ် ဒီတာဝန်ပြီးရင်သူမ ပြန်လိမ့်မယ်”

“ရှင် ”

“ဗျာ”မစန်းယဉ်တို့လင်မယားနှစ်ယောက် ဘိုးဖြူ ပြောတဲ့အဓိပ္ပာယ်အားနာူလည်သယောင် ရင်ထဲစို့နစ်သွားရလေသည်။

 

“ဒီရွာမှာ ထူးခြားမှုတွေဖြစ်ပျက်နေတယ်မဟုတ်လား”

 

ဘဖြူ ရဲ့နောက်ဆုံးစကားကြားသောအခါ သူတို့အပါအဝင် တစ်ရွာလုံးကသိချင်နေကြသော အဖြေတစ်ခုရဲ့သဲလွန်စအား စမ်းမိလိုက်သည့်နှယ်ဖြစ်သွားကြသည်။

“ရှိတယ် ဘဖြူ ရှိတယ် ဒီ့မတိုင်ခင်မှာ ခွေးတွေအရမ်းအူတဲ့ညတစ်ညက ရွာပြင် တောထဲကွက်က ကိုဘခက် မပူစူးတို့လင်မယားနှစ်ယောက်ပျောက်ဆုံးမှု ဖြစ်တယ်ဗျ။

ပျောက်တယ်သာပြောတာ တဲတစ်ခုလုံးသွေးတွေစိုရွှဲပြီးကျန်ခဲ့တာဆိုတော့ သေတာတော့အသေအချာလောက်ပဲ အစားခံရတာလို့ပဲထင်တယ်ဗျ”

“အင်း ပြီးတော့ကော”

ရွာသားတစ်ယောက်ရဲ့စကားအား နားထောင်ကာ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ရင်း ဘဖြူ သည် လိုချင်သောအဖြေမစုံသေးသည်မို့ ထပ်မံ၍အမေးဆင့်လိုက်စဉ်

“နောက်တစ်ခုကတော့ မပန်းအိလေးသေဆုံးမှုပဲဗျ။

ကလေးမလေးမသေခင်ညကလဲ ခွေးတွေအလွှတ်အူဆိုပဲ။”

“အင်းဒီလောက်ဆိုလုံလောက်ပြီကွဲ့။

ဒီချောင်းတန်းရွာမှာ မကောင်းစိုးဝါးတစ်ခုကြီးစိုးနေချေပြီ….။

“ဟာ တကယ်လားဗျာ”

“ဒီလိုဆိုကယ်ပါဦးရှင် ဘဖြူ ရယ်”

နဂိုကမှ လူတွေသေနေလို့လန့်ထိတ်နေတဲ့ဟာ ဘဖြူ စကားကြားသောအခါ အကြောက်ကြီးကြောက်ကုန်ကြတော့သည်။

“အိမ်း ဒါက စည်းတွေဘောင်တွေရှိတယ်ကွဲ့။

လူတွေမှာလဲလူစည်းရှိသလို့။

နတ်တွေပြိတ္တာတွေ ဘီလူးသရဲတွေမှာလဲသူ့စည်းနဲ့သူ။

ဒီလိုပဲဘဖြူ တို့အထက်ရမ်းဂိုဏ်းဟာလဲ စည်းရှိတယ်ကွဲ့။

လူလေးတို့အကူညီမတောင်းခင်တည်းက ဘဖြူ အထက်ရပ်ကို တင်ပြပြီးပါပြီ။

အထက်ဂိုဏ်းချုပ်တွေကအဘကိုခွင့်မပြုတော့ အဘလုပ်ပိုင်ခွင့်မရှိဘူးကွယ်”

“ဒါဆို ကျတော်တို့ဘယ်လိုလုပ်ရမလဲဗျာ”

“ဘယ်တတ်နိုင်မလဲ ဒီ့ထက်အခြေနေတွေဆိုးလာရင်ပြောင်းပြေးရုံပေါ့”

ဘိုးဖြူ သည် ရွာသားတွေစကားနားထောင်ကာ

“ဘဖြူ စကားနားထောင်ပါဦး”

ဆိုလိုက်ချိန် အားလုံးပြန်လည်တိတ်ဆိတ်သွားပြန်သည်။

“ကိစ္စအားလုံးဟာ အကြောင်းကြောင့်အကျိုး ဖြစ်ရသည်ချည်းသာ။

ဒီကိစ္စဟာ အဘအလုပ်မဟုတ်ပေမဲ့တမန်တော်တွေရဲ့အလုပ်သာဖြစ်တယ်။

တရားသော တမန်တော် နတ်နဂါးဒေဝီ ရဲ့အလုပ်မို့အဘလက်ရှောင်ရချေပြီ။”

“အဘဆိုလိုတာက”

မစန်းယဉ်ရဲ့အမေးအား ဘဖြူ သည် ခေါင်းတစ်ချက်ငြိမ့်ကာအဖြေပေးလေသည်။

“ဟုတ်တယ်သမီး ပေါက်ပေါက်လေးသာ ဒီမိစ္ဆာကောင်ကိုနှိမ်နင်းနိူင်လိမ့်မယ်ထင်တယ်။ ”

“အဘရယ် ကျမသမီးအန္တရောယ်ရှိနေပါ့မယ်”

“ဟုတ်ပဗျာ ခုမှ သုံးနှစ်တင်းတင်းပြည့်တဲ့သမီးလေးပါ”

လင်မယားနှစ်ယောက်အတင်းကာရောငြင်းဆန်နေမိသည်။

“မင်းတို့သူ့ကိုဘာမှမလုပ်စေချင်လဲ သူ့ကိုလုပ်ချင်နေတဲ့သူတော့ရှိနေပြီကွဲ့။

မြေးမလေးအသက်အန္တရာယ်နားနီးနေတယ်။

မနေ့ညကအဖြစ်မှာ သူမလေးသာမကယ်ရင် ချောင်းတန်းရွာက မိန်းမပျိုတစ်ဦးထပ်သေဖ်ု့ရှိတယ်။

ဒီမြေးမလေးကယ်လို့သာ မိန်းမပျိုလေးအသက်ရှင်ရတယ်။

ဒီရလဒ်အနေနဲ့ မိစ္ဆာကောင်ဟာ တမန်တော်ကိုသတိပြုမိသွားတယ်ကွဲ့။ဒီနေ့ညကျရင် ရှာဖွေပြီး သုတ်သင်လိမ့်မယ်”

“ဟင် ဒါဆ်ု ကယ်ပါဦးရှင် ကျမသမီးကို ကျမသမီးလေးသေရမှာလားရှင်”

“အိမ်း ဒီလောက်ကတော့အဘတတ်နိုင်တယ်။

တမန်တော်လေးရဲ့အစွမ်းတန်ခိုးတွေကိုခြေရာမခံမိဖို့ အဘစီမံပေးခဲ့မယ်။

အစီအမံမပျက်သ၍ကတော့ မြေးမလေးအေးချမ်းလိမ့်မယ်။နောက်ပြီးသူမလေးစွမ်းအားတွေလဲကွယ်နေလိမ့်မယ်။

ဒီ့ရလဒ်အနေနဲ့ ရွာကြီးထဲက လူသေဆုံးမှုတွေကတော့ရှိလာလိမ့််ယ်။ဒါဟာလဲအခိုက်အတန့်ပါပဲ။သူမလေးမိစ္ဆာကောင်ကိုနှိမ်နင်းဖ်ု့အချိန်ရောက်လာရင်တော့ ငါ့ရဲ့အစီအမံလဲမတတ်နိုင်ပေဘူး။

တစ်ခုပဲအခုကိစ္စကို မင်းတ်ု့လင်မယားအပါ ခုရှိနေတဲ့ရွာသားလေးယောက်ကလွဲ၍မပေါက်ကြားစေနဲ့။

နှုတ်လုံမှာလား”

“ဟုတ်ကဲ့အဘ လုံပါ့မယ်ရှင်”

“ပြန်မပြောပါဘူးဗျာ”

နှင့်အားလုံးကကတိပေးရှာသဖြင့်

ဘဖြူ သည် အပ်ချည်ကြိုးအားဖြတ်ယူ၍ မန်းမှုတ်ကာ ချည်းမန်းကြိုးပြုလျက် ပေါက်ပေါက်ရဲ့ညာလက်ကောက်ဝတ်တွင်ချည်ပေးခြင်းဖြင့် အစီအစဉ်အားလုံးချောမွှေ့ခဲ့လေတော့သည်။

 

ထို့အတူ တမန်တော်အားအာရုံခံနေလေသော မိစ္ဆာကောင်ရဲ့ အာရုံတို့သည်လည်း ရုတ်ချင်းပြတ်သွားခဲ့လေတော့သည်။

 

“ဟင် ခုဏကမှ ငါစွမ်းအားလှိုင်းတစ်ခုကိုခံစားမိပါသေးတယ်။

တောက် ခုတော့လဲ ဘယ်လိုလုပ်ပြတ်သွားပြန်တာလဲ။

ငါပဲအာရုံမှားနေတာလား။

ဒါဆိုညက ငါ့အလုပ်ကိုနှောက်ယှက်ခဲ့တာ ဘယ်သူလဲ”

 

***********

 

ဒီလိုနှင့် လပြည့်ညတိုင်းခွေးအူသံများကြားရကာ နောက်တစ်နေ့နံနက်မှာတော့မိန်းကလေးတစ်ဦးသေ သေသွားကြလေသည်။

သို့သော်ချည်မန်းအစွမ်းကြောင့်ပေါက်ပေါက်လေးသည်ပကတိ အေးချမ်းလျက်ရှိချေတော့သည်။လပြည့်ညခွေးအူသည့်တိုင်သူမလေးကမသိရှာပဲ အိပ်စက်မြဲအိပ်စက်ဆဲပါပဲ။

 

ဤသို့ဖြင့်ငါးလခန့်အကြာမိန်းမပျိုငါဦးသေဆုံးပြီးချိန်မှာတော့

ပေါက်ပေါက်လေးရဲ့ချည်မန်းကွင်းသည် ပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့သည်။ထို့အတူ ပေါက်ပေါက်လေးသည်လဲကလေးမတန်အလွန်ပဲရင့်ကျက်ခဲ့လေတော့သည်။

 

******

 

“ဆွီ ဆွီ ဆွီ”

 

လပြည့်ညရဲ့ကောင်းကင်အောက်တွင် ချောင်းတန်းရွာကြီးသည် ညပိုးကောင်အော်သံများမှအပ ပကတိ တိတ်ဆိတ်လျက်ရှိချေသည်။

“အူ အူးးးးးးးးးးးး”

ထိုအခိုက် ပြည့်ဝနေသော လမင်းကြီးအားမော့ကြည့်ကာ ခွေးတစ်ကောင်သည်စွဲစွဲငင်ငင်အူလိုက်လေရာ

“အုအု အူးးးးး”

“အဝူးးးးးးးးးး”

ကျန်ခွေးများပါ မိုးပေါ်သို့မော့ကာ အူလာကြရာ တိတ်ဆိတ်လှပါသည်ဆိုသည့် ချောင်းတန်းရွာရဲ့လပြည့်ညသန်းခေါင်အချိန်သည် ဆူညံ၍သွားချေသည်။

 

“အင်း အမေ အမေ”

မိခင်ရင်ခွင်ထဲမှ ပေါက်ပေါက် သည်အိပ်နေရာမှ မိခင်အားနှိုးလိုက်သည်။

“ကျွတ် ကျွတ် ကျွတ်အိပ်မေ့သမီးအိပ်”

မစန်းယဉ်ကလဲ ချက်ချင်းပဲကလေးအားဖက်ကာ လေသံလေးဖြင့်ချော့သိပ်လိုက်လေသည်။

“ဟင့်အင်း အမေ့ သမီးတို့ရွာထဲကို အကောင်တွေအများကြီးဝင်လာဖို့လုပ်နေကြပြီ။ မိုးပေါ်အတိုင်းပျံလာကြတဲ့ မဲမဲအကောင်တွေလဲအများကြီးဘဲ။သမီးတားမှဖြစ်မယ် အမေ သမီးတားရမယ် ”

ပေါက်ပေါက်လေးသည် ဘိုးတော်ဖြူ ချည်းမန်းကြိုးပျောက်သွားချိန်မှစကာ မိမိရဲ့အတိတ်ဘဝအားပြန်မှတ်မိ၍ ဒီရွာကြီးကိုကာကွယ်မယ်။

မိစ္ဆာကောင်တွေကိုနှိမ်နင်းမယ်ချည်းပဲတွင်တွင်ပြောနေတတ်လေရာ ဘေးလူကြားမည်ဆိုး၍အတော်ပင်ချော့၍ပြောထားရလေသည်။

ခုလည်း လူကြီးလေးပမာ သူမရဲ့အလုပ်တာဝန်အားကြေပွန်ဖို့ကြိုးပမ်းနေချေပြီ။

“ဟင်း”

အကြောင်းတရားရှိလို့အကျိုးတရားဆိုတာဖြစ်လာသည်မို့မစန်းယဉ်နားလည်ပါသည်။

တစ်နေ့မဟုတ်တစ်နေ့တော့ သူမမှန်းဆထားသည့်အတိုင်းကိစ္စတွေဟာဖြစ်ပျက်လာမှာအမှန်ပင်။

သူမကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ခုချိန်က သူမမှန်းဆထားတဲ့ နောက်ဆုံးအချိန်လားဆိုသာ မြတ်စွာဘုရားသာလျှင်သိနိုင်ပေတော့မည်။

 

“အမေ နောက်ကျသွားရင် ရွာသားတွေသေကြေကြလိမ့်မယ်”

 

ခဏအကြာပေါက်ပေါက်သည်မိခင်ရင်ခွင်ထဲမှရုန်းထွက်ကာ ငုတ်တုတ်ထထိုင်ရင်း အပေါက်ဘက်မျက်နှာမူလိုက်ချိန် သူမခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းတန်းတစ်ခု ပြေးထွက်သွားလေတော့ပြီး ခန္ဓာကိုယ်သည် ဘုတ်ကနဲ့ဆိုအိပ်ယာထဲလဲကျသွားကျသွားတော့သည်။

 

“အမေ့သမီးလေးဘေးကင်းပါစေတော် အဟင့်ရွှတ် သမီးရယ် အမေ့သမီး ”

မစန်းယဉ်သည် မိုးပေါ်သို့ထိုးတက်သွားသော အစိမ်းရောင်အလင်းတန်းကြီးအားကြည့်ကာ မေတ္တာပို့ဆုတောင်းနေမိတော့သည်။

ပေါက်ပေါက်လေးရဲ့မလှုပ်မယှက်ဖြစ်နေတဲ့ခန္ဓာကိုယ်ကိုလဲ ဆွဲယူပွေ့ဖက်ထားမိလေသည်။သူမစိတ်ထဲသမီးလေးသည်မိမိတို့အားခွဲခွာသွားလိမ့်မည်ဟုထင့်နေမိသည်။

 

ထိုအခိုက်သူမရဲ့လက်အားကိုင်လိုက်လေသည့်လက်တစ်စုံ။

“ကိုမဲကြီး ရွှတ်!ရှင်မအိပ်သေးဘူးလား”

မဲကြီးမှာ စန်းယဉ်လက်အားကိုင်ရင်းပါးထက်မှမျက်ရည်စများအားသုပ်ပေးလေသည်။

“ငါဘယ်လိုလုပ်အိပ်နိုင်ပါ့မလဲကွ။ငါ့သမီးအတွက်ငါလဲမင်းနည်းတူစိတ်ပူတာပဲလေး။ ဒါသမီးလေးလူ့ပြည်လာရတဲ့အကြောင်းရင်းဆို သမီးလေး သမီးလေး ရွှတ်”

“တိတ်ပါကိုမဲကြီးရယ် တိတ်ပါတော်သမီးလေးပြန်လာမှာပါ”

 

တဲအိပ်လေးထဲတွင် ကလေးနှစ်ယောက်ဘေးထားကာ ငိုနေကြလေသည့် လင်မယားနှစ်ယောက်နှင့် ၄င်းတို့နှစ်ယောက်ကြားထဲတွင်တော့ ကလေးလေးတစ်ယောက်သည် မလှုပ်မယှက် ငြိမ်သက်၍နေလေသည်။

 

***************

 

“ဟိဟီးးးဟား ဟား ဟား”

မြေပြင်တွင် အော်ဟစ်ကြွေးကျော်ကာ ချောင်းတန်းရွာဘက် ပြေးနေကြလေသည့်အရွယ်အစားစုံ မကောင်းဆိုးဝါးများ။

သူတို့ရဲ့နောက်တွင်တော့ ကောင်းကင်အတိုင်းပျံလာနေကြသော

မဲမဲအရိပ်ကြီးငါးခု။

အဝတ်စအမဲအားလေးထဲလွင့်နေသည့်အလား မျောလွင့်နေကြလေသည်။

 

“ဝေါ ဝေါ ဖုန်း ဖုန်း ဖုန်း”

မြေပြင်မှမကောင်းဆိုးဝါးများသည် တစ်ဖြည်းဖြည်း ပြေးလွှားလာနေကြရင်း ရွာစည်းရိုးအားနင်းမိချိန်

“ဝှစ် ဖျောင်း”

အစိမ်းရောင်အလင်းတန်းကြီးတစ်ခုကျရောက်လာကာ မကောင်းဆိုးဝါးအတော်များများသည် အလင်းတန်းကြီးရဲ့ရိုက်ခတ်မှုကြောင့်လွင့်ထွက်ကုန်ကြလေတော့သည်။ အလင်းရောင်ကျရာနေရာတွင်တော့ အစိမ်းရောင်ချပ်ဝတ်တန်ဆာဝတ်ကာ ရွာစည်းအထက် ကောင်းကင်ပြင်တွင်ရပ်နေလေသည့် ပုဂ္ဂိုလ်တစ်ဦး။

ထိုသူအားတွေ့လိုက်သောအခါ မြေပြင်ကကော ကောင်းကင်ခရီးကပါလာနေကြသော မိစ္ဆာကောင်တွေအားလုံးရောက်ရာအရပ်တွင်ပင်ရပ်တန့်မိကြလေသည်။ထိုသူသည် နတ်သမီးတစ်ဦးပမာချောမောလှကာ ချပ်ဝတ်တန်ဆာများနှင့်တင့်တယ်နေလေသည်။

 

“အတင့်ရဲတဲ့မိစ္ဆာကောင်တွေ မင်းတို့အသက်မခမ်းချင်ရင် ရောက်ရာအရပ်ကပြန်ပေတော့”

ိထိုပုဂ္ဂိုလ်ရဲ့ အသံသည် တည်ကြည်အေးဆေးသော်လဲ အာဏာပြင်းလှသဖြင့် မြေပြင်က မကောင်းဆိုးဝါးတို့လန့်ထိတ်ကာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

“သင်ဘယ်သူလဲ ဘယ်အနွယ်လဲ ဘာကြောင့်ငါတို့အလုပ်ကိုနှောက်ယှက်သလဲ”

လေပြင်တွင်ရပ်နေသော အမဲရောင်အရိပ်ငါးခုထဲမှ အလယ်ကအရိပ်ရှင်က စကားဆိုလေလျှင်

“ငါဟာ မြောက်ဘက်ဘောဂဝတီနတ်နဂါးပြည်က တရားသောတမန်တော်နတ်နဂါးမင်းသမီးပဲ။

သင်တို့ရဲ့မကောင်းတဲ့အလုပ်ကိုသိလို့ငါလာရတယ် မသေချင်ရင်ပြန်ပေတော့”

“ဟား ဟား ဟား ဘယ်ကတမန်တော်နေနေ ငါတို့ကလဲ အမှောင်သခင်မရဲ့ တမန်တော်ငါးဖော်ပဲ။တားနိုင်ရင်တားစမ်း”

ဆိူကာ စိန်ခေါ်လေလျှင်

တမန်တော်ရဲ့မျက်လုံးတို့အစိမ်းရောင်အလင်းတို့ပြင်းပြစွာထွက်လာကြလေတော့သည်။

 

“မကောင်းသူပယ် ကောင်းသူကယ်မဲ့ တမန်တော် နတ်နဂါး”

 

ထို့အတူ သူမရဲ့ ခန္ဓာကိုယ်သည်လဲ အစိမ်းရောင်အလင်းတို့ပြင်းပြစွာထွက်လာကြလေတော့သည်။

 

တမန်တော်သည်လက်ဝါးနှစ်ဖက်အားပွတ်လိုက်လေလျှင်

လက်ဝါးထဲ လျှပ်စီးလျှပ်ပန်းတို့ က’ကြကုန်တော့သည်။

“ချုန်း”

ထိုအလင်းတန်းနှင့် အနက်ရောင်မိစ္ဆာတမန်တော်ငါးဖော်အားပစ်လေလျှင်

“ကန်စမ်းဟဲ့ အောက်နက်မှော်စက်”

မိစ္ဆာတမန်ငါးဖော်ကလဲ အကန်စက်အား ပြိုင်တူခေါ်ကာ နတ်နဂါးတမန်တော်ရဲ့ လျှပ်စီးလျှပ်ပန်းစက်များအား ကာလိုက်ကြလေတော့သည်။

နဂါးတမန်တော်သည် မိစ္ဆာတမန်တော်ငါးဖော်နှင့်အားပြိုင်နေရင်းကဘယ်လက်ဖြင့် စွမ်းအားတစ်မျိုးအားထုတ်လေသည်။

 

အောက်က မကောင်းဆိုးဝါးများကလဲ အခွင့်ကောင်းယူကာ ရွာစည်းကိုဖြတ်ခါနီး၌ “ချုန်း ဝုန်း အား ”

နဂါးမင်းသမီးရဲ့ ဘယ်လက်က မိုးကြိုးများသည် ထိုအကောင်တွေဆီလျံကျကာ မိုးကြိုးကျရာနေရာ၌ ရှိနေသော အကောင်များသည် အတုံးအရုန်းလွင့်ထွက်ကုန်လေသည်။ထို့နောက် ချောင်းတန်းရွာနှင့်ဝေးရာ ဆောက်တည်ရာမရထွက်ပြေးကြကုန်လေသည်။

 

“ကဲဟဲ့”

တမန်တော်ရဲ့ ညာဘက်လျှပ်စီးလျှပ်ပန်းများအား မိစ္ဆာငါးဖော်သည် အလူးအလဲ ခုခံထားရရင်းက ဘယ်ဘက်မိုးကြိုးတွေပါပေါင်းလိုက်လေရာ မကောင်းသောအကာစက်တို့ပေါက်ထွက်၍ မိုးကြိုးစာမိကာမိစ္ဆာတမန်တော်ငါးဖော်သည် လောင်ကျွမ်းပျောက်ကွယ်သွားကြလေသည်။

 

********

ထိုအချိန် ခြေတံရှည်တဲအိမ်လေးထဲတွင် ငုတ်တုပ်ထိုင်ကာအပြာရောင်စက်များကွန့်မြူ းနေသည့် မိန်းကလေးသည် ရုတ်ချင်းအပြာရောင်တောက်တောက်မျက်လုံးတို့ပွင့်လာလေတော့သည်။

 

“ဟင် ငါ့အလုပ်ကိုဝင်ရှုပ်တဲ့ မြောက်ဘက်တမန်တော်သေပေတော့”

 

ဆိုကာ မိုးပေါ်သို့မော့အကြည့်တွင် ခန္ဓာကိုယ်သည်အပြာရောင်အလင်းတန်းကြီးအဖြစ်ပြောင်းသွားပြီးသက်ငယ်ခေါင်းမိုးအား ဖျောကနဲ့ဆိုဖောက်ထွက်သွားလေတော့သည်။

 

******

 

“သေပေတော့ ဟေ့”

“ဝုန်း”

နဂါးမင်းသမီးလေးသည် မိစ္ဆာတမန်တော် ငါးဖော်အားအောင်နိုင်ပြီး ပြန်မယ်ကြံကာရှိသေး မိမိဆီသို့ မျက်တစ်ခတ်အတွင်း ပြေးဝင်လာလေသည့် အပြာရောင်အလင်းတန်းကြီးကြောင့် ညာဘက် လျှပ်ပန်းများဖြင့်အသောပဲကာလိုက်ရသည်။

သူမရဲ့လျှပ်ပန်းစက်နှင့်အပြာရောင်အလင်းတို့ထိတွေကာ ဝုန်းကနဲ့အသံကြီးသည် ကောင်းကင်တစ်ဝိုက်ပဲ့တင်ရိုက်သွားသည်။

ကိုယ်သည်လဲတစ်ချက်ယိုင်သွားကာ မနည်းပြန်ထိန်းလိုက်ရတော့သည်။

“အမှောင်သခင်မဥမ္မာခင် သင့်ကို ငါအမှောက်တိုက်ထဲချုပ်ထားခဲ့တာကိုအဘယ်ကြောင့် ထွက်လာနိုင်သလဲ။”

 

“ဟား ဟား ဟား”

တမန်တော်ရဲ့စကားကြားသောအခါ အော်ရီလိုက်သံနှင့်အတူ အပြာရောင်အလင်းတန်းသည် မိန်းမတစ်ဦးအသွင်ပြောင်းသွားလေတော့သည်။

“ဟင် သဲမာ”

ရုတ်ရည်သည်သဲမာအသွင်မို့ တမန်တော်နဂါးမင်းသမီး အံ့အားသင့်သွားသည်။

ဒီမိစ္ဆာမဟာ သူမမသိလိုက်ခင် ဒီရွာကသဲမာရဲ့ခန္ဓာအားတည်ထားပြီးပြီကိုး။ ဒါ့ကြောင့်ရွာစည်းပေါက်ကာ မကောင်းဆိုးဝါးတွေရွာထဲဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်နေတာကိုးးး။

“ဘယ့်နှယ့်လဲ တရားသောတမန်တော်ကြီး ။ အံ့သြော်သွားသလား။

နင်ငါ့ကိုတစ်ခါပဲချုပ်နိုင်မယ်နှစ်ခါတော့မရဘူး ဟား ဟား ဟား”

ဆိုကာ စွမ်းအားတို့အားနှစ်ဆတင်လိုက်လေသည့်သဲမာရယ်ပါ။

တမန်တော်ရဲ့စွမ်းအားတို့နှင့်အပြိုင်နီးနီးအားကောင်းနေလေရာ

စွမ်းအားနှစ်ခုတို့သူမသာကိုယ်မသာဖြစ်လို့နေချေသည်။

သို့သော်တမန်တော်သည် တရားသောနတ်သမီးပေမို့ မိစ္ဆာမအားအနိုင်ပိုင်းလိုက်လို့ရပေသည်။

သို့သော် သဲမာကိုယ်အားတည်ပင်ထားထားသောကြောင့် လူသားမိန်းကလေးရဲ့ခန္ဓာသည် နတ်တန်ခိုးအားမခံနိုင်လောင်ကျွမ်းပျက်စီးသွားလိမ့်မည်။

 

“ဟား ဟား ဟား သေပေတော့”

မိစ္ဆာမသည် စွမ်းအားတို့အားအထွဋ်အထိပ်သို့တင်လိုက်ချိန်

တမန်တော်သည် မိစ္ဆာမအား တိုက်ခိုက်ဖို့ထက် ထိန်းချုပ်ဖို့ကြိုးစားနေရလေရာ မိစ္ဆာမရဲ့ မကောင်းတဲ့စက်များနှင့်ထိကာ မြေပြင်ပေါ်သို့ပြုတ်ကျလာလေတော့သည်။

သူမဒီမိစ္ဆာမကိုတိုက်ခိုက်ချင်သော်လဲ လူသားမိန်းကလေးရဲ့ခန္ဓာအားငဲ့ကွက်ရသည့်အတွက် စွမ်းအားတို့အားလိုသလိုထုတ်မသုံးနိုင်ဖြစ်ကာ မိစ္ဆာစက်များထိသွားရခြင်းပင်။

 

“တမန်တော်ဘဝကိုပင်ထားပြီးစုတေပေတော့ဟေ့”

 

ဆိုကာ မိစ္ဆာမသည် အောက်သို့ဝေ့ဝဲကျသွားသော တမန်တော်ရဲ့ခန္ဓာအားမြေပေါ်မကျမီပင်ဖျက်ဆီးဖို့ အရှိန်ဖြင့်ထိုးချလိုက်လေတော့သည်။ထိုအခါ အပြာရောင်အလင်းတန်းကြီးအဖြစ်ပြောင်းသွားကာ ပက်လက်ကလေးမျောနေသော တမန်တော်ဆီသို့ထိုးဆင်းလာလေတော့သည်။

“တမန်တော်ကလဲ ညာလက်ဖြင့် လျှပ်ပန်းတို့ကိုဆင်ကာ သဲမာခန္ဓာနှင့် မိစ္ဆာမအားအသေခံပြီး ခွာထုတ်ဖို့ကြံထားလိုက်လေသည်။

 

“လောကသဘာဝသည် ဘယ်သောအခါမှ ပြင်ဆင်ပြောင်းလဲ၍မရ။

မကောင်းသောမိစ္ဆာဆိုးတို့သည် ဘယ်သောအခါမှ ကောင်းသောသူတော်ကောင်းများအား ဖျက်ဆီးနိုင်ရိုးမရှိစေရ။”

 

သြဇာပါပါအသံတစ်သံသည် ကောင်းကင်တစ်ဝိုက်ပဲ့တင်ရိုက်သွားချေပြီ။

အသံအဆုံး ၄င်းတို့နှင့်ငါးလံခန့်အကွာတွင်ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာ ဖြင့် ကောင်းကင်ပြင်တွင်တင့်တယ်စွာ ပေါ်လာလေသည့် ဆေးဝိဇ္ဇာတစ်ဦး။

 

“ဟင် ဆေးဝိဇ္ဇာ ဘိုးလေးပြည့်စုံ”

 

တမန်တော်သည် လူကသာမျောလွင့်နေသော်လည်း စိတ်အာရုံတို့သည်ပကတိ တိကျပြတ်သားလှလေရာ အသံရှင်အား ဘယ်သူဘယ်ဝါဆိုတာ တိတိပပ သိလိုက်လေသည်။ဟုတ်ပါသည် ဤသူသည်ကာ ဆေးဝိဇ္ဇာအချုပ် ထွက်ရပ်ပေါက် မောင်ပြည့်စုံပင်တကား။

 

မောင်ပြည့်စုံသည်ညာဘက်လက်ဝါးအားထောင်ပြလိုက်ချိန်

“အာ့ အား”

နဂါးတမန်တော်အားထိုးဖောက်ဖို့ထိုးဆင်းနေသော အပြာရောင်အလင်းတို့သည်ရောက်ရာအရပ်တွင်တိကနဲ့ရပ်တန့်သွားလေတော့ပြီး လူသားခန္ဓာအဖြစ်ပြန်ပြောင်းသွားလေသည်။

ထို့နောက်လက်ညိုးနှင့်လက်ခလယ်အားပူးကာထောင်လိုက်ရင်းအပေါ်သို့ပင့်တင်လိုက်ချိန်တွင်တော့့ မိစ္ဆာမရဲ့ခန္ဓာသည် သဲမာခန္ဓာနှင့် ကွာသွားလေတော့သည်။

 

သို့သော် လူသားခန္ဓာသည် မိစ္ဆာမကွာသွားသည်နှင့် နာမ်ဓါတ်မဲ့နေသည်ကိုတွေ့လိုက်ရလေတော့သည်။

 

“ဟင် “မောင်ပြည့်စုံသည် အခြေအနေအားသိလိုက်ချိန် မိစ္ဆာမအားလူသားခန္ဓာမှလိပ်ပြာခွဲခြင်းအားရပ်တန့်လိုက်လေတော့သည်။ထိုအခါ သဲမာခန္ဓာထဲ အမှောင်သခင်မသည်ပြန်လည်ပူးကပ်သွားလေတော့သည်။

“ဟား ဟား ဟား နင်တို့ငါ့ကို ဒီလူသားခန္ဓာကထုတ်တာနဲ့ ဒီလူသားလဲသေရပေလိမ့်မည်။”

“သွားစမ်း”

မောင်ပြည့်စုံလဲလက်ညိုးနဲ့လက်ခလယ်ပူးကာ ဝှေ့ရမ်းလိုက်လေလျှင် မိစ္ဆာမသည် နတ်လှောင်ချိုင့်အမှောင်တိုက်ထဲသို့ပြန်လည်ကျရောက်ကာ ပိတ်မိသွားလေတော့သည်။

မိစ္ဆာမအချုပ်မိသည်နှင့် နဂါးတမန်ကိုယ်ပေါ်က မိစ္ဆာစက်လဲကျေပျင်လေရာ နဂါးတမန်တော်သည်အကောင်းပကတိပြန်ဖြစ်ကာ မြေပြင်ပေါ်ညင်သာစွာဆင်းသက်လေသည်။

မောင်ပြည့်စုံသည်လဲ မြေပြင်ပေါ်ဆင်းသက်မိချိန်

နဂါးတမန်တော်သည်မောင်ပြည့်စုံအားရိုသေစွာဦးညွှတ်လေတော့သည်။

“နေနေတမန်တော် သင်နဲ့ကျွန်ုပ်ဟာ လူသားအကျို းအများအကျိုးသယ်ပိုးနေသူချင်းမို့ ဘယ်သူကမှပိုမကြီးမြတ်နေဘူး တူတူချင်းပါ”

ဆိုကာ မောင်ပြည့်စုံလဲ နဂါးမလေးရဲ့ဦးညွှတ်မှုအားလက်မခံပေ။

 

“အား လွှတ်ပေးစမ်းငါ့ကိုဒီလိုပိတ်ထားလို့မရပါဘူး ဟား ဟား ဟား ဒါဆို နင်တို့လဲဒီလူသားမိန်းကလေးကိုသတ်တဲ့လူသတ်မိစ္ဆာတွေနဲ့ဘယ်ခြားနားတော့မလဲ ဟား ဟားဟား”

မိစ္ဆာမသည်အလျော့မပေး အမှောင်တိုက်ထဲရောက်တာတောင်

မောင်ပြည့်စုံတို့အားခြိမ်းခြောက်နေသေးသည်။သို့သော်အမှောင်တိုက်ရဲ့စွမ်းအားကြောင့်ကြာကြာမခြိမ်းခြောက်နိုင်သူမအသံသည် တစ်ဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်သွားချေပြီ။

 

“ဘိုးလေး ပြည့်စုံ ဒီမိစ္ဆာမစီးထားတဲ့ လူသားခန္ဓာရဲ့လိပ်ပြာကို ဘယ်လိုရှာရမလဲ သူမခုထိအသက်ရှင်နေသေးတယ်”

“အင်းလောကကြီးထဲကကိစ္စရပ်အားလုံးဟာအကြောင်းရှိလို့အကျိုးဖြစ်တာချည်းပါ။

လိပ်ပြာရှင်ဟာ အတိတ်ဝဋ်ကြွေးတွေမကုန်သ၍ကတော့ မိစ္ဆာမရဲ အချုပ်အနှောက်ကနေထွက်နိုင်မည်မဟုတ်ချေဘူး။

 

“သင်လဲ တာဝန်ပြီးဆုံးပြီမို့ မြောက်ဘက်ဘောဂဝတီကိုပြန်ရပေမယ်မဟုတ်လား ။သင့်လူ့ဘဝကမိဘတွေကိုနှုတ်ဆက်ချင်သလား”

 

မောင်ပြည့်စုံရဲ့စကားကြားသောအခါ တမန်တော်ရဲ့ မျက်နှာထက် အမျိုးအမည်မသိသောခံစားချက်တို့ ဖြစ်တည်လာရလေတော့သည်။

လူ့ဘဝကအမိနှင့်အဖအား နှုတ်ဆက်ချင်သေးရဲ့။

သို့သော် တမန်တော်ပေမို့ ခံစားချက်တွေမဝင်စကောင်းဟု စိတ်၌မှတ်ကာ

“အသက်ရှိဟူသမျှဟာ တွေ့ဆုံကြုံ ကွဲသဘာဝအားဖြတ်ကျော်နေရတာဓမ္မတာပါ။ပြန်ချေဦးမယ် ဆရာပြည့်စုံ”

ဆိုကာ ဦးခေါင်းအား မော့လိုက်စဉ်

“ဝေါ ဝေါင်းးးး”

ကြီးမားတဲ့အစိမ်းရောင်နဂါးကြီးအသွင်ပြောင်းသွားလေတော့သည်။

“အဲ ဝေါးးးးးး”

ထို့နောက်ကောင်းကင်သို့တစ်ရှိန်းထိုး ထိုးတက်သွားလေတော့သည်။

ထို့နောက် ရွာပေါ်တစ်ပတ်လှည့်ကာ မြောက်ဘက်စူးစူးအရပ်ဆီသို့ပျံသန်းသွားလေတော့သည်။

ထို့အတူ မောင်ပြည့်စုံသည်လဲ ဟိမဝန္တာတောသို့စိတ်ကတ’စဉ်ကိုယ်လည်းပျောက်လေသည်။

 

ထိုအချိန် တဲအိမ်လေးထဲမှလင်မယားနှစ်ယောက်သည်ရွာစပ်ကနေ ရွာနှင့်ဝေးရာသို့ပျံသန်းသွားသောအစိမ်းရောင်အလင်းတန်းကြီးကိုကြည့်ကာ

“အမလေးအမေ့သမီးလေး တာဝန်ကျေပါပြီကွယ်။

သမီးလေး အီးးးးး”

“ဖေကြီးဆီပြန်မလာတော့ဘူးလားသမီးရယ်”

 

တစ်ဦးကိုတစ်ဦးဖက်ရင်းငိုနေကြလေတော့သည်။

သူမတို့နှစ်ဦးကြားထဲတွင်တော့ အေးစက်စပြုလာနေပြီဖြစ်သော သမီးလေးပေါက်ပေါက်ရယ်ပါ။

“အမေ အီးဘာဖြစ်တာလဲ”

“ဖေကြီးဘာလ်ု့ငိုနေတာလဲအဟင့် ဟင့်”

သူတို့နှစ်ဦးငိုသံကြားသောအခါ သားနဲ့သမီးပါနိုးလာကြကာလေးဦးသားဖက်၍ မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြလေသည်။

 

**********

နောက်တစ်နေ့နံနက်တွင်တော့ ချောင်းတန်းရွာစွန်တွင်ပေါက်ပေါက်လေးရဲ့အသုဘပွဲအားစီစဉ်ရင်းအလုပ်ရှုပ်နေကြသလို ရွာလယ်ချောင်ကသဲမာပျောက်ဆုံးသွားမှုအတွက်လဲ လူတစ်ချို့ တောနင်း၍ရှာဖွေနေကြရာ ဒီနေ့ဟာရွာသားတွေအတွက်အလုပ်အရှုပ်ဆုံးနေ့ဖြစ်ခဲ့လေတော့သည်။

ထို့အတူ ထိုနေ့မှစကာလပြည့်ညတိုင်း ကြားတတ်သောခွေးအူသံများကိုလဲမကြားရတော့သလို့မိန်းမပျိုများဟာလဲထပ်မံသေဆုံးခြင်းမရှိတော့သည်မှာ နှစ်ပေါင်းများစွာပင်ကြာရော့ပြီ။

ခုချိန်မှာတော့ မစန်းယဉ်ဟာလဲအဘွားစန်းယဉ်ဖြစ်ကာ ဘိုးလေးမဲကြီးကတော့အသက်ကြီးရောဂါနဲ့ဆုံးသွားခဲ့တာကြာပါပြီ။ဘိုးတော်ဖြူ ပေါက်ပေါက်လေးရဲ့ဇာတာဖတ်စဉ်က ရှိခဲ့ကြသောရွာသားလေးဦးလုံးဟာလဲ ဘိုးဖြူ ကိုကတိထားခဲ့ကြသည့်အတိုင်းပေါက်ပေါက်လေးရဲ့ ဇာတိအနွယ်အကြောင်းကို သူတို့အသက်သေဆုံးမှုနှင့်အတူယူဆောင်သွားခဲ့ကြလေတော့သည်။

 

*********

###ပြီးပါပြီ။

###ကျေးဇူးတင်ပါတယ်နော်။

မြန်မြန်ပဲဇာတ်သိမ်းလိုက်တယ်။

###ကျတော့စာဖတ်သူအားလုံးသာယာသောနေ့လေးကိုပိုင်ဆိုင်ကြပါစေ။

 

Credit