” မောင်ဘိုးထင်တို့ သင်္ကြန် “(စ/ဆုံး)

Unicode Version

” မောင်ဘိုးထင်တို့ သင်္ကြန် “(စ/ဆုံး)
——————————————–

(၁၂)

▪️အခန်း–၁

ရွာထိပ်ရှိစာသင်ကျောင်းမှာရှိသော ပိတောက်ပင်ကြီးတွင် မောင်ဘိုးထင်တို့ တသိုက် စုရုံးရောက်‌ရှိနေလေသည် ၊ အကြောင်းသည်ကာ ပိတောက်ပန်းခူးပြီး ရွာရှိအိမ်များကို ပေးရန်အတွက်ဖြစ်သည် ၊ ပေတူး နှင့် သာအေးသည် ပိတောက်ပန်းများဝေဆာနေသည် ပိတောက်ကိုင်းကို တယောက်တကိုင်းကို ချိုးယူ၍ ပုခုံးပေါ်ထမ်းထားသည် ၊ သာရ နှင့် ဖိုးထွေးသည် ပိတောက်ပင်ပေါ် တက်နေသော မောင်ဘိုးထင်အား

“ဘိုးထင်ရေ အလှဆုံး အခက်လေး တခု ခူးပေးစမ်းပါကွာ ”

“ဟေ့…လူတွေ မခူးပေးဘူး ကျုပ်က ရွာက လူတွေ အတွက် ခူးနေတာ ခင်ဗျားတို့ မိန်းမပိုးဖို့အတွက် ခူးခိုင်းနေတာ မဟုတ်လား”

“မင်းကလည်းကွာ လုပ်ပါ ငါတို့က အပင်ပေါ်တက်ချင်ပေမဲ့ မင်းကောင်တွေက အပင်မှာ ပြည့်နေတာပဲ ”

ဖိုးထေ‌ွးပြောသည်မှာ လည်း ဟုတ်ပေသည် ၊ သစ်ပိတောက်များသာပေါ်သော ပေပင်ရွာ တွင် ပန်းပိတောက်က လက်ချိုးရေတွက်လို့ရပေသည် ၊ စာသင်ကျောင်း ထိပ်က ပန်းပိတောက်ပင်တွင်တော့ မောင်ဘိုးထင်တို့ အရွယ် ယောက်ျားလေးများ အပင်ပေါ်တွင် အတော် အများ ပန်းခူးနေကြသည် မဟုတ်ပါလား၊

မောင်ဘိုးထင်သည် အပင်အောက်မှ မျက်နှာငယ်လေးများဖြစ် ပန်းခူးခိုင်းနေသော ဖိုးထွေး နှင့် သာရကို ကြည့်ကာ သနားလာ၍ အလှဆုံး ပန်းခိုင်ကို ခူးပေးပြီး အောက်ဆင်းလာတော့သည် ၊ အပင်အောက်ရောင်သည်နှင့် ပိတောက်ပန်းကိုင်းကို ထမ်းထားသော သာအေး နှင့် ပေတူးသည် မောင်ဘိုးထင်ကို ကြည့်ကာ

“ဒါဆို တို့ အနောက်ပိုင်းတော့ လောက်တယ် မဟုတ်လား ”

“လောက်ပါတယ် ကျန်တဲ့ အပိုင်းတွေတော့ အောင်သန်းတို့ ကျော်လွင်တို့ ခူးလိမ့်မယ် ကွာ တို့သွားကြရအောင် ”

“ဤသို့နှင့် မောင်ဘိုးထင် ၊ ပေတူး ၊သာအေးတို့ ပိတောက်ပန်းကိုင်းများကို ထမ်းပြီး ရွာထဲ ဝင်ကြ‌ေလတော့သည်၊ ကျန်ခဲ့ သော သာရ နှင့် ဖိုးထွေးသည် ပန်းလာခူးမည့် မိကျော့တို့ အပျိုးလေးတသိုက်ကို မျှော်ရင်း ပင်စီကွေးနေသော တရုတ်စကားပင်ကြီးပေါ် ထိုင်၍ စောင့်ဆိုင်းနေကြပါလေတော့သည် ။

▪️အခန်း-၂

မောင်ဘိုးထင် တို့ ပိတောက်ပန်းကိုင်းများထမ်း လာစဉ် လမ်းတွင် မိကျော့တို့ နှင့်စုံလေသည် ထိုအခါ မိကျော့သည်

“ဘိုးထင် ငါတို့ကို ပန်းလေး နည်းနည်း ပေးပါလား ”

“ပေးပါဘူးဗျာ ဒါက ကျုပ်တို့ အနောက်ဝိုင်း အတွက် ”

“ဘိုးထင် နင်က လည်း ကပ်လိုက်တာ ရွာလေး ကျဉ်းကျဥ်းလေးကို အပိုင်းတွေ ခွဲနေသေးတယ် ”

“မသိဘူးဗျာ မပေးဘူး အပင်တောင် လှမ်းမြင်နေရပြီ သွားခူးကြ “,

“တွေ့ မယ် ဘိုးထင် နင့်အလှည့်ကပ်ထား ငါ့က နင်တို့ကို မုန့်ဖက်ထုပ်ပေးမလို့ အခုတော့ မပေးတော့ဘူး အောင်သန်း တို့ကို ပဲ ပေးတော့မယ် ”

“မပေးနဲ့ဗျာ မစားဘူးတာကြလို့ တနှစ်မှ တခါပွင့်တဲ့ ပန်းလောက်ကော တန်ဖိုးရှိလို့လား အမ မုန့်ဖက်ထုပ်က ”

“အေး အေး နင်တွေ့မယ် ”

မိကျော့တို့သည် မောင်ဘိုးထင်ကို မကျေမနပ်နှင့် ပြောဆိုကာ ထွက်သွားလေတော့သည် ၊ထိုအခါ ပေတူးနှင့် သာအေးသည် မောင်ဘိုးထင်အား ပြစ်တင်ကြလေသည် ။

“ဘိုးထင် ပန်းလေးတောင်းတာများပေးလိုက်ပါလား ကို့ရွာသားအချင်းချင်းကို ”

“ဟုတ်တယ် မင်းလုပ်ပုံက ဟုတ်သေးဘူးကွာ ”

“မင်းတို့ကလည်း အ လိုက်တာ ဟိုက ကိုလူပျို ကိုဖိုးထွေးက အမ မိကျော့ အလာကို စောင့်နေတာလေ ငါတို့က ပိတောက်ပန်း ပေးလိုက်ရင် ဘာဖြစ်သွားမလဲ ပြော ”

“ပြန်သွားမှာပေါ့ ပန်းရပြီကို ”

“အေး အဲ့လောက်ဆိုသဘောပေါက် ”

“အော် သိပြီ သိပြီ မင်းတော်တယ် ဘိုးထင် ”

မောင်ဘိုးထင် တို့သည် ရယ်ကာမောကာ နှင့် ရွာထဲသို့ ပိတောက်ပန်းကိုင်းများကို ထမ်းပြီး ဝင်လာကြပါလေတော့သည်။

▪️အခန်း-၃

မောင်ဘိုးထင်တို့ တအိမ်ဝင် တအိမ်ထွက်ပိ‌ေတာက်ပန်း များပေးနေကြသည် မောင်ဘိုးထင်တို့အား လူချစ်လူခင် ပေါသည်မို့ အခါတွင်းတွင် အိမ်တိုင်းနီးပါး မုန့်များလုပ်ကြရာ မောင်ဘိုးထင်တို့ အား မုန့်ဖက်ထုပ် ရွှေကြည် ငွေကြည် မုန့်လုံးရေပေါ် သာကူကြို များကို ကျွေးကြမွေးကြလေသည် (ရွှေင်ရင်အေးသည်က ထိုခေတ်ထိုခါ အရ တောကျသော ဒေသဖြစ်၍ မပေါ်သေးပေ ၊)
တချို့က မုန့်ဖိုးငွေအချို့ပေးကြလေသည် ၊ ဤသို့နှင့် သူတို့ ထမ်းလာသော ပိတောက်းပန်း ကိုင်း မှ ပိတောက်ပန်းများ ကုန်ခါနီးတွင် ရွာထဲမှ ကာလာသားခေါင်း ကိုတင်ဖေ နှင့် စုံလေသည် ၊ ကိုတင်ဖေသည် မောင်ဘိုးထင်တို့ကို မြင်သောအခါ

“ဘိုးထင် ဖိုးထွေး နဲ့ သာရ ဘယ်သွားလဲ ”

“ကျောင်းက ပိတောက်ပင်မှာ ကိုကြီးတင်ဖေ ”

“ဒီကောင်တွေက ရွယ်လယ်က ဘုံရေတွင်းမှာ မဏ္ဍပ်ထိုးနေတာ အဲ့ကောင်တွေကို ငှက်ပျော် ပင် သွားခုတ်ခိုင်း တာ အခုထိ မရောက်လာသေးဘူး မင်းတို့ သွားပြောပေး ငါစောင့်နေတယ်ဆိုတာ ”

ကာလာသား ခေါင်း ကိုတင်ဖေသည် ဖိုးထွေး နှင့် သာကကို ပြစ်တင်ပြောဆိုကာ ထွက်သွားတော့သည် ၊ ထိုအခါ မှ မောင်ဘိုးထင်တို့လည်း နှားခေါင်းရောဂါ ထနေကြသော ဖိုးထွေး နှင့် သာရရှိသော စာသင်ကျောင်းဝန်းရှိ ပိတောက်ပင်သို့ သုတ်ခြေတင်းလိုက်ကြရပါလေတော့သည်။

▪️အခန်း-၄

မောင်ဘိုးထင်တို့ ဖိုးထွေး နှင့် သာရကိုခေါ်ကာ ငှက်ပျော်ပင်များ အပြင် အုန်းလက်များပါ ဆွဲလာပြီး ရွာလယ် ဘုံရေတွင်း အနားရောက်လာသည်။ အင်တုံးများ ဖြစ် တိုင်ထောင်ကာ သက်ကယ် မိုးထားသော သင်္ကြန် မဏ္ဍပ်လေးမှာ ကာလာသားများ စုရုံး ရောက်ရှိနေပြီဖြစ်သည် ၊ နှစ်ဆန်းတရက်နေ့ လူကြီးသူမ များအား ရေချိုး ခေါင်းလျှော်ပေး ရန်အတွက် အမျိုးသမီး သိးသန့် အမျိုးသား သီးသန့် အခန်းလေးများအား သက်ကယ် နှင့် ကာ ရန်ထားပြီး အတွင်း တွင် သသစ်သား။စည်ပိုင်းကြီးများ နှင့် ရေများဖြည့်ထားကြသည် ၊မောင်ဘိုးထင် တို့ရောက်သော‌အခါ ကာလာသားခေါင်း ကိုတင်ဖေသည် ဖိုးထွေး နှင့် သာရကို ဆူ‌ေငါက်လေသည် ၊ လူကြီးသား နှင့် သူဌေးသားလည်း ကာလာသားခေါင်းကို တော့ ကြောက်ရသည် ကာလာသား ခေါင်း ရာထူးသည်က တော်ရုံတန်ရုံ ရွာထဲမှ ဆိုးသွမ်း‌ေသာ ကာလာ‌သား‌ေလးများကို နရင်း အုပ်ပြစ်လိုက်ရင်တောင် အရုိက်ခံရသော ကာလသား မိဘများက အပြစ်မတင် ကျေးဇူးပင် နေတက်သည်မို့ ‌ဖိုးထွေး နှင့် သာရ တို့လည်း ကာလသား ခေါင်း ကိုတင်ဖေကို ပြန်မပြောဝံ့ပေ

“ဖိုးထွေး နဲ့ သာရ မင်းတို့က မိန်းမ ပိုးဖို့‌ေလာက် ပဲ သိတယ် မဏ္ဍပ်ဆောက်နေတာ ငှက်ပျော်ပင် သွားခုတ်ဆို ပိတောက်ပင်သွားနေတယ် ”

“ကိုကြီးတင်ဖေက လည်း ပိတောက်ပင်နားမှာ ငှက်ပျော်တော ရှိတာ မဟုတ်လား ”

“တော်စမ်း သွားမဏ္ဍပ် အဝင် မှာ မင်းတို့ ယူလာတဲ့ ငှက်ပျော် ပင်တွေကို ကျင်းတူးပြီး စိုက်လိုက်ကြားလား အုန်းလက်တွေကို လည်း မဏ္ဍပ်တိုင် တွေမှာ ချည် ”

ကျန်သော ကာလာသားများက ဖိုးထွေး နှင့် သာရကို ဆူနေ၍ ကျေနပ်နေဟန်ရှိကြသည် ၊ အဘယ်ကြောင့် ဆိုသော ဖိုးထွေးနှင့် သာရ အနားကို လာ၍ ပြုံးပြူံ နှင့်ကြည့်နေသောကြောင့်ဖြစ်သည် ၊ ထိုဝိုင်းကြည့်နေသော ကာလာသားများကို ကာလသားခေါင် ကိုတင်ဖေသည် မျက်လုံးဖြစ် ဝေ့ ကြည့်လိုက်ရင်း

“ဟေ့ကောင်တွေ မင်းတို့က ဘာတွေ ကြည့် ပြီးပြုံးနေတာလဲ မင်းမေကြီးတော် လင်တွေကို ငေါက်နေတယ် ထင်လို့လား ဟိုမှာ စည်ပိုင်းတွေ ထဲ ရေတစက်မှ မရှိဘူး ဖြည့်ကြ ရေငှင် တဲ့ လူက ငှင် ဆွဲ တဲ့ သူက ဆွဲ ကြ တောက် မင်းတို့ လို လူပျိုပေါက်တွေကြောင့် ငါအာပေါက် နေပြီ ”

ဖိုးထွေး နှင့် သာရသည် ကာလာသားကောင်း ၏ စကားကြောင့် ပြုံးစိပြုံးစိ ဖြစ်ကာ ဖိုးထွေးမှ သာရအား

“သာရ ဟိုကောင် လှဟန်က မင်းတူဖြစ်မယ် သူ့ ကြီးတော်ကြီး အပျိုကြီး ‌ဒေါ်ကျင်က မင်းမိန်းမ မဟုတ်လား ”

“မင်းဟာကြီး‌ေလ အဲ့တာ ”

တိုးတိုးနှင့်ပြောနေသော ဖိုးထွေး နှင့် သာရ၏ စကားအား နားပါသော ကာလသားခေါင်း ကိုတင်ဖေမှ ကြားဖြစ်အောင် ကြားသွားသေးသည် ၊ ထိုအခါ ကျယ်လောင်သော အသံကြီးဖြစ်

“ဖိုးထွေး နဲ့ သာရ ဆိုတဲ့ ကောင်တွေ မလွယ်ဘူးဟေ့ လှဟန် ကြီးတော်ကြီးကိုတောင် ကြံနေကြတာ ”

“ဟားး ဟားး ခစ် ခစ် ”

ကာလာသားများရဲ့ ရယ်မော သံ နှင့် အတူ ကာလသမီးခေါင်း မစန်းမြိုင် ဦးဆောင်သည့် ပေပင်ရွာ ကာလသမီးလေးများရဲ့ ရယ်သံပါ ထက်တိုးလာရာ ဖိုးထွေးနှင့် သာရ ခေါင်းကြီးများကို ငုံ့ပြီး မဏ္ဍပ်ဘေး ငှက်ပျော်ပင် စိုက်ရန် ကျင်းကို ရှက်ရှက်နှင့်တူးနေလေရာ ‌ေမာင်ဘိုးထင်မှ

“ကိုဖိုးထွေး ခင်ဗျာ ကျင်းကလည်း ရေထွက်တော့မယ် တော်ဦးလေ ဗျာ အမ မိကျော့ တို့လာတာ နဲ့ ဘာလို့ ရှက်နေတာလဲ ကြီးတော် ဒေါ်ကျင်ကို ကြံနေတယ် ဆိုတာ လူတွေ သိလို့ ရှက်နေတာလားဗျ”

“ငနာ ဘိုးထင် မင်း မင်း‌ေတွ့မယ် “,

မောင်ဘိုးထင်၏ စကားကြောင့် အားလုံး ဝိုင်းရယ်မောနေကြတော့သည် ၊ မောင်ဘိုးထင်တို့လည်း ကာလသမီးများနှင့် အတူ ရေကစား သော ကလေးသူငယ် လူကြီး လူရွယ် များအတွက် မုန့်လုံးရေပေါ် လုံးရာ မှာ မီးထိုးပေးချင်း အစပြုသော တောက်တို မယ်ရ အလုပ်များကို လုပ်ပေးနေပါသည် ၊ မုန့် ‌လုံးနေရင် မိကျော့သည် မောင်ဘိုးထင်ကို ခေါ်ကာ

“ဟဲ့ ဘိုးထင် လာဦး ”

“ဘာတုန်း အမ မိကျော့ ”

“ဒီ မုန့်လုံးလေးကို နင့် ဖိုးထွေးကို သွားကျွေး ”

“အမကလည်း ကျုပ်ကို ‌ေတာ့ မကျွေးဘူး ”

ထိုသို့ပြောသော အခါ မိကျော့ ဘေးတွင် ရှိသော လှရင်မှာ

“ဘိုးထင် နင်က လျှာကို ‌ရှည်တယ် ရော့ ဒီမုန့်ကို သာရ ကိုသွားကျွေး ပြီးတော့ ပြောလိုက်ဦး ငါတို့ကို ကြည့်ပြီး ပြုံးပြုံးလေးနေလို့ ”

“ရှုပ်ကို ရှုပ်တယ် အမတို့က ”

မောင်ဘိုး ထင်သည် မုန့် လုံးရေပေါ် နှစ်လုံးကို ယူကာ သာရ နှင့် ဖိုးထွေး အနားသွားလိုက်ပြီး လှရင် နှင့် မိကျော့ကို လက်ညှိုးထိုးပြကာ

“ကိုဖိုးထွေး နဲ့ ကိုသာရ အမ မိကျော့ နဲ့ အမ လှရင် ပေးခိုင်းလိုက်တာ သူတို့ကို ကြည့်ပြီး ပြုံးပြုံးလေးစားတဲ့နော် ”

“စားရမှာပေါ့ကွာ မုန့်တောင် မစားရသေးဘူး မိကျော့ ပြောခိုင်းတဲ့ စကားပြောတဲ့ ဘိုးထင်လေး စကားကြားတာနဲ့ တင် အမောပြေနေပီ့ ဟီး ဟီး”

တစိတ်ကို တအိပ်လုပ်လွန်း သော ဖိုးထွေး နှင့် သာရကို မောင်ဘိုးထင် အမြင်ကပ်လှပေသည် ၊ယခု မိကျော့ နှင့် လှရင်ပေးသော မုန့်လုံးရေပေါ်ကို ပါစပ်းထဲ အားရပါးရ ထည့်ပြီး စားလိုက်ကာ လှရင် နှင့် မိကျော့အား ကြည့်ရင်း ပြုံးနေလေသည် ၊ ပြုံးနေသော သူတို့ မျက်နှာ မှာ ချွေးများထွက်လာ ပြီး မျက်နှာ နီရဲ လာသည်ကို အပြုံး မပျက် ဖြစ် နေရာ သူတို့အား ကြည့်ပြီးရယ်နေသော မိကျော့ နှင့် လှရင်ပင် မရယ်နိုင်တော့ပဲ ရေခွက်လေးများ ယူလာပြီး ဖိုးထွေး နှင့် သာရအား ရေတိုက်ကာ

“နင်တို့ မစပ်ဘူးလား ”

“စပ်တာပေါ့ ဟ”

“အဲ့တာဆို ဘာလို့မထွေးထုတ်တာလဲ ”

“ကိုချစ်တဲ့ သူက ကျွေးရင် ငရဲမီးတောင် မျိုချ ပြစ်လိုက်မဲ့သူတွေပါဟာ ”

ကိုလေကြီး နှစ်ယောက်က အဆင်ချောနေလေရာ မောင်ဘိုးထင် ပို၍ ပို၍ အမြင်ကပ်လာရပါလေတော့သည် ။

▪️အခန်း-၅

မောင်ဘိုးထင်တို့ တသိုက် ရွာလယ်က တခုတည်းသော မဏ္ဍပ်တွင် ရေကစားနေကြပါသည် ၊ လှည်းများဖြစ် ရေပက်ခံသော ကာလာသားများက ရေစည်ပိုင်းများတင်လာပြီး သူတို့အား ပြန်ပက်ကြသည်အခါ မောင်ဘိုးထင်တို့ အတော်ကို ပျော်နေကြသည် ၊ ရွာဦးကျောင်းမှ ဥပုသ်စောင့်သွားကြသော လူကြီးများသာ ရေမလောင်းပဲ အပျိုလေးများ ဥပုသ်စောင့်သွားပြီး ပြန်လာသည့်အခါ ဖိုးထွေး နှင့် သာရ လက်က မလွတ် ရေငှင်ပုံးကြီး ကိုင် ပြီး ရေလောင်းမြဲဖြစ်သည် ၊ ဤသို့ နှင့် မဏ္ဍပ်သို့ ကာလသမီးခေါင်း မစန်းမြိုင် နှင့် အရီးသောင်း တို့ အဖွဲ့ ရောက်လာချိန်တွင် တော့ ကာလာသားများအား လုံး သတိ နှင့် နေနေကြသည် ၊ သတိ နှင့် မနေလို့လဲ မရ ထိုအဒေါ်ကြီးများက ကာလသား များကို ဖမ်းကာ အိမ်တိုင်တွင် ကြိုးတုပ်ပြီး ရေလောင်း ကြသည် ထိုနောက့် စကော နှင့် ခပ်ပြီး နေရာ အဖမ်းခံရသော ကာလသားခဗျ တစက်တစက် တုံနေလေသည် ၊ သားသည် မိခင်များမှ နို့ရည်များကို ညှစ်ကာ အတင်းတိုက်တက်ရာ အဖမ်းခံကာလသား ခဗျ သွားများကို စိ၍ ထားရသည့်မို့ အတော်ပင် အနေကျပ်မည်ဖြစ်သည် ပြီးတော့လည်း ကာလသား သည် စိတ်ဆိုးချင်းမရှိ ပြုံးစိစိ နှင့် ဖြစ်နေလေမြဲဖြစ်သည် ။ ထို့ကြောင့် ရွာ၏ ၊ အစ အနောက်သန်လှသော အရီးသောင်းတို့ အဖွဲ့ကို ကာလာသားများ ကြောက်ရချင်းမှာ မဆန်းပေ ကာလာသားများက အလိာက်တသိရှောင်နေပေမဲ့ မောင်ဘိုးထင်တို့ တသိုက်က ရေစည်ပိုင်းထဲမှ ရေများခပ် ပြီး အရီးသောင်း နှင့် ကာလသမီးခေါင်းဆောင် တို့အား ရေဖြစ်ပက်နေ၏ ထိုအခါ အရီးသောင်းတို့ အဖွဲ့သည် ပြုံးရယ်ကာ နှင့် မောင်ဘိုးထင်တို့အား ဖမ်းကြပါလေတော့သည့် သတိထား မိသော မောင်ဘိုးထင်က လွတ်‌သွားပေမဲ့ ပေတူး နှင့် သာအေး အရီး‌ေသာင်းတို့ လက်ထဲ သက်ဆင်းရပြီးဖြစ်သည် ၊ အရီး‌ေသာင်းနောက်မှ အပျိုကြီး အေးးကြည်မှာ လက်နောက်ပြစ်ဖွက်လာသော သူမ တို့၏ လက်နက် ဒယ်အိုးးကြီးမှ ဒယ်ပိုင်း‌ေချးကို လက်နှင့် ပွတ်ကာ သာအေး နှင့် ပေတူးတို့ ၏ မျက်နှာ များကို မိတ်ဆက်‌ေပးလိုက်ပေတော့သည် ၊ မောင်ဘိုးထင်မှာ ခပ်လှမ်းလှမ်းမှ မဏ္ဍပ်ထဲရှိ ပေတူး နှင့် သာအေး တို့အဖြစ်ကို ကြည့်ရင် ရယ်မောနေစဉ် သူအား လူတယောက်မှ နောက်က ပွေ့ ထားကာ

“မသောင်း နဲ့ စန်းမြိုင် ဘိုးထင်ကို လိုချင်နေတာ မဟုတ်လား လာဖမ်း ”

မောင်ဘိုးထင် လန့်ဖျပ်သွားရလေသည် သူအား ဖမ်းပေးသော လူအား နောက်လှည့်ကြည့်လိုက်ရာ ချစ်လှစွာသော သူ၏ အဘ ဦးအုန်း နှင့် ရွာလူကြီးဖြစ်နေလေရာ မည်သို့သော ရုန်းထွက်မှုမှ မလုပ်နိုင်တော့ပေ တခစ်ခစ် ရယ်‌‌ေမာရင်း သူ့အနားတိုး‌လာသော အရီးသောင်း နှင့် ‌မစန်းမြိုင်တို့မှာလည်း နီးသထက် နီးလာနေပြီ ဖြစ်သည် ၊မောင်ဘိုးထင် မဏ္ဍပ်ထဲကြည့်လိုက်‌ေတာ့ အိုးမဲများပေကျံပြီး သွားလေးများသာပေါ်သော သာအေး နှင့် ပေတူးသည်က သူအား ဖမ်းမိ၍ ဝမ်းမြောက်ဝမ်းသာ ရယ်မောနေကြပါလေတော့သည်။

▪️အခန်း-၆

မောင်ဘိုးထင်တို့ တသိုက် သာရ၏ လှည်းနှင့် သင်္ကြန်လည် ထွက်လို့လာသည် ၊ လှည်းတွင် ငုပန်းများ ပိတောက်ပန်းများကို အလှဆင်ထားပြီးရေစည်ပိုင်းကို လှည်ပေါ်တင်လာသည် ၊ ဖိုးထွေး၏ အကြံပေးမှု့ဖြစ် မောင်ဘိုးထင်တို့အဖွဲ့ ရေအိုးစင်သို့ ရေပက်ခံကြမည်ဖြစ်သည် ၊

“ကိုဖိုးထွေး ရေအိုးစင်ကို သွားလို့ဖြစ်ပါ့မလားကွ ”

“ဘာလို့ မဖြစ်ရမှာ လဲ ငါတို့လည်း ရောက်ဖူးနေတာကို ”

“ပြီးတာပဲဗျာ ရောက်ဖူးနေလို့ ခက်တာဗျ ”

“ဘာဖြစ်လို့လဲ ကွ”

“ဘာမှ မဟုတ်တော့ပါဘူးဗျ လာလာ သွားကြရအောင်”

မောင်ဘိုးထင် တို့ လမ်းမှ ာ တွေ့သမျှလူများကို ရေများပက်နေကြသည် ၊ မောင်ဘိုးထင်သည် ဆွမ်းခံကြွလာသော ရွာဦး‌ဘုန်းကြီးကို ရေပက်မိ၍ ကျန်သူများအတော်လန့်ဖျပ်သွားပေမဲ့ သဘောကောင်းသော ရွာဦးဆရာတော်မှာ ပြုံးပြုံးကြီးနှင့် ‌ေမာင်ဘိုးထင်တို့ကို သူ့အားလှူထားသော ငှက်ပျော်သီး တဖီးပင် စွန့်ခဲ့ ‌သေးသည် ၊ဤသို့ နှင့် မကြာလှသော အချိန်တွင် မောင်ဘိုးထင်တို့ တသိုက် ရေအိုးစင်ရွာသို့ ဆိုက်ရောက်လာလေပြီဖြစ်သည် ၊

ပွဲကြိုက်သော ရေအိုးစင်သားများက ဇတ်ခံုပင်ထိုးကာ ဆိုင်းငှားပြီး ယိမ်းအက နှင့်ဖျော်ဖြေပေးနေသည် ၊ ထမင်း ဟင်းများ မုန့်လုံးရေပေါ်များ သာကူကြိုများ ကို စိတ်ကြိုက် စတုဒီသာ ပြုထားရ မောင်ဘိုးထင်တို့ များစွာ ဟန်ကျနေလေသည် ၊

ထိုစဉ် ဇတ်ခုံပေါ်မှလေ အသံက ပေါ်လာလေသည်

“ကျနော်တို့ ရွာဟာ တခြားရွာများနဲ့ မတူအောင် စီစဉ်ထား ပါတယ် ယခု မမျှော်လင့် ပဲ ကျုပ်တို့ရဲ့ သင်္ကြန်မဏ္ဍပ်ထဲကို ဟိုတခါ အလှူက လက်စွမ်းပြတီးသွားတဲ့ ဆိုင်းဆရာလေး ဘိုးထင်တို့ ရောက်နေပါတယ် ”

ထိုအသံကြားသောအခါ ထမင်းစားနေသော ဘိုးထင်သည် စားလက်စ ထမင်းကို ချန်ခဲ့ကာ လှည်းပေါ်သို့ ပြေးတက်ပြီး မောင်းထွက်လိုက်လေရာ ကြောင်ငေးနေသော ကျန်သူများက ခဏ နေမှ သတိရကာ မောင်ဘိုးထင်မောင်းသော လှည်နောက်သို့ ပြေးလိုက်ကြပါလေတော့သည်

▪️အခန်း-၇

နှစ်ဆန်း တရက်နေ့သို့ ရောက်လာပြီဖြစ်သည် ပေပင်ရွာ၏ ကာလာသာ နှင့် ကာလာသမီးများ ရေမကစားတော့ပါ ၊ မောင်ဘိုးထင်တို့လည်း ရွာလယ် ဘုံရေတွင်း ဘေးရှိ မဏ္ဍပ်တွင် အလုပ်များနေကြသည် ရွာထဲရှိ သက်ကြီး ရွယ်အိုများ နှင့် ဦးပုသ်သီလ ဆောက်တည်ကြသော လူကြီးသူမ များအား တ‌ေယာ ကင်မွန်းဖြစ် ခေါင်းလျှော် ရေချိုးပေးခြင်း လက်သည်း ခြေသည်း ညှပ်ပေးခြင်း တို့ ဖြစ် ကုသိုလ် ပြုနေကြ၏ ၊ မောင်ဘိုးထင်တို့အား အသက်အရမ်းမကြီးသေးသော လူကြီးများကို ကုသိုလ်ပြုရန် တာဝန်ပေးထားကြသည် ၊ မောင်ဘိုးထင်သည် မဏ္ဍပ်အနားသို့ ရောက်လာသော ရွာလူကြီး ကို တွေ့သောအခါ။

“ဘကြီး လာလာ ကျုပ်တို့ ရေချိုးပေးမယ် ”

“အသာ လုပ်ပါဘိုးထင်ရ ကုသိုလ် ပြုမယ်လို့ပြောပါကွာ ”

“ဘကြီးပြောသလို လုပ်ပေးမယ် ဗျာ လာလာ ”

မောင်ဘိုးထင်သည် ရွာလူကြီးအာ မဏ္ဍပ်ထဲ၌ရှိသော တန်းလျားတွင် ထိုင်စေပြီး သာအေး နှင့် ပေတူးကို ခေါ်လိုက်တော့သည်

“ဟေ့ကောင်တွေ ယောင်တောင်တောင် လုပ်မနေနဲ့ ”

အင်္ကျီချွတ်နေသောရွာလူကြီးသည် ဆရာကြီးမောင်ဘိုးထင်ကို ကြည့်လိုက်ပြီး

“ဘိုးထင်းရေ ဖိုးထွေး နဲ့ သာရ ကို မတွေ့ ပါလား”

“ဘယ်တွေရ မှာလဲ ဘကြီးသား နဲ့ ကိုသာရ က အမကြီးတွေက ကြီး‌ေတာ်ကြီးတွေကို သနပ်ခါး လိမ်းပေးဖို့ သနပ်ခါးသွေးနေတာကို ပင်ပန်းမှာဆိုးလို့ ဆိုပြီး သွားကူသွေးပေးနေတယ် ”

“ဟ ဟုတ်လားဟ ”

“ဟုတ်ပ အမမိကျော့ နဲ့ အမ လှရင် ဥပုသ်သည်တွေ ရေချိုးပေးနေတာကို တူတူ သွားချိုးပေးမလို့ လုပ်နေသေးတယ် အရီးသောင်းက ငေါက်ထားလို့ ငြိမ်နေတာ ဒီဘက်ကျတော့ အလုပ်တွေ ဒီလောက်များနေတာ မလာဘူး”

မောင်ဘိုးထင် ပြောလည်း ပြောင်ချင်စရာပေ ၊ မဏ္ဍပ်ကို သက်ကယ် နှင့် ကာ ရံထားပြီး တဖက်မှ အမျိုးသမီး တဖက်မှ အမျိုးသား ခွဲ ပြီး ရေချိုး ခေါင်းလျှော် ခြေသည်း လက်သည်းညှပ် ကုသိုလ်ပြုနေလေရာ ဖိုးထွေး နှင့်သာရသည် သနပ်ခါးသွေးသည့် ကုတင်ကို မဏ္ဍပ်အပြင်ကို ထုတ်ပြီး သူတို့က သနပ်ခါးသွေးပေးနေကြသည် ၊ သူတို့၏ မျက်နှာတွင် လည်း ပါးကွပ်ကြားများ ကအတော်များသည် အပျိုကြီးများမှ ပါးကွပ်ရိုက်ပေးထားကြချင်းဖြစ်၏ ၊ မိန်းကလေးများကတော့ ဖိုးထွေး နှင့် သာရကို ကျေးဇူးတင်နေကြသည် အသက်ကြီးရင်းသော အမျိုးသမီး များကို သနပ်ခါး ခြေးဆုံး ခေါင်းဆုံးလိမ်းပေးရသည်မို့ သနပ်ခါးသွးရသည်မှာ မသက်သာ ယခု ဖိုးထွေး နှင့် သာရ တို့၏ ကောင်းမှု့ ကြောင့် အဆင်ပြေနေလေရာ ကာလသားခေါင်း ကိုတင်ဖေ သူတို့အား ခေါ်သည်ကိုပင် ကာလသမီးခေါင်း မစန်းမြိုင်မှ ရန်လုပ်ပြီး ဖိုးထွေး နှင့် သာရကို အပိုင်ကိုင်ထားချင်းဖြစ်သည်။

မောင်ဘိုးထင်သည် ဖိုးထွေး နှင့် သာရ အကြောင်းကို ပြောရင် သာအေး နှင့် ပေတူး ရောက်လာသည်မို့ သူတို့နှစ်ယောက်အား မောင်ဘိုးထင်မှ ရွာလူကြီးအား ခေါင်းလျှော်စေသည် မောင်ဘိုးထင်မှာတော့ ကက်ကြေးကို ကိုင်ကာ ရွာလူကြီးအား ခြေသည်းညှပ်ပေးနေစဉ်

“အား အား သေပါပြီ ဘိုးထင်ရာ မင်းက မသောင်းတို့လက်ထဲ ဖမ်းထည့်လိုက်လို့ ငါ့ကို အညိုးနဲ့ နှိက်စက်နေတာလားဟ ”

“ဟာ မဟုတ်ပါဘူး ဘကြီးရာ ဘကြီးက ခြေစွယ်ငုတ်နေတာကိုနာမှာပါ့့ ပေထားဗျာ ယောက်ျားပဲ ”

“အေးပါ မောင်ဘိုးထင်ရယ် သာဓု သာဓုပါကွာ အလား လား အသားပါသွားပြီလားဟ နာလိုက်တာကွာ ”

“ဟာ မထိပါဘူ ဘကြီးရာ ”

“ဟ အပေါ်ကကောင်တွေ ရေလောင်းကြဦးလေကွာ ”

“ဟ ဘကြီး ရေက ကုန်သွားပြီဗျ ကျုပ်သွားဆွဲခိုင်းလိုက်ဦးမယ် ”

“အေးပါကွာ အေးပါ ငါက မင်းတို့ကို ယုံမိတာ ငါ့အမှား ကြိုက်သလိုသာ လုပ်ကြပါတော့ကွာ ”

ရွာလူကြီး နှင့် မောင်ဘိူးထင်တို့ ၏အဖြစ်ကို ကြည့်ကာ ကာလာသားများနှင့် ရွာထဲ မှ လူကြီးများ တဟားဟား နှင့် ပွဲကြနေကြပါလေတော့သည်။

▪️အခန်း-၈

ပေပင်ရွာ၏ နှစ်ဆန်း တရက်နေ့ ညအချိန်ခါဖြစ်သည်။ ဦးအုန်း၏ အိမ်ဝိုင်းရှေ့တွင် မောင်ဘိုးထင်တို့ တသိုက် ခလောက်များ ဒယ်အိုအဖံုးစုတ်များ လင်ပန်းအစုတ်များကို ကိုင်ပြီး စောင့်နေကြသည် မောင်ဘိုးထင် လက်ထဲ တွက်‌ေတာ့ လင်းကွင်းကို ကြိင်ထားသည် ၊ နေ့လည်က ပရိတ်ရွတ်ပြီး၍ ရွာမှ ရှိသော ရွာသူရွာသားများက ငရံနှင်မည်ဖြစ်သည် ၊ ပေပင်ရွာတွင်တော့ ငရံနှင်ချင်းကို နှစ်ဆန်းတရက်နေ့တိုင်းလုပ်ကြသည် ရွာ ထဲတွင်ရှိသော အိမ်များမှ ဆူညံ့စွာ ရိုက်ပုတ်ပြီး ရွာအနောက်ဘက် သင်္ချိုင်းဆီသို့ မောင်းရသော အရာကို ငရံနှင်သည်ဟုခေါ်ကြသည် ၊ ရွာ ထိပ်မှာ ရှိသော အိမ်များက ထရံများ ခလောက်များ ဒယ်အိုး အဖုံး များကို ဆူညံအောင် စတင် ရိုက်ပုတ်လိုက်သည် နှင့် တရွာလံုး ဦးအုန်းအိမ်မှ အပ အကုန် လုံး ရိုက်ပုတ်ကြလေရာ ရွာထဲ တွင် အသံများဆူ ညံနေကြသည် ၊ လူရွယ် လူငယ်များနှင့် ကလေးငယ်များသည် ထိုသို့ ငရံနှင့် သည်အချိန်ဆို ပျော်ရွင်နေကြပြီး ရွာထဲကို လျှောက်သွားပြီး ဆူညံစေသောအရာများကို ယူပြီး တီးခက်ကာ နေကြသည် ၊ ယခု ဦးအုန်း ဝိုင်းရှေ့တွင် တော့ မောင်ဘိုးထင်တို့ ငရံနှင်ရန် အသင့်အနေထားဖြစ်နေသည် မောင်ဘိုးထင်တို့ ရည်ရွယ်ချက်က သူတို့ အိမ်ဝိုင်းထဲ ကို မကောင်းသည်အရာ များ ထပ်မဝင်ရန် တားရမည် မို့ ငရံ တားသည် ဟု ခေါ်တွင် ရမလို ဖြစ်နေသည် ၊ ထိုစဉ် အိမ်ဝိုင်းထဲ ၌ ဦးအုန်း ရဲ့ အသံက ပေါထွက်လာလေသည်

“ကောင်လေးတွေ ရွာထဲတော့ စနေပြီး မင်းတို့ မစသေးဘူးလား ”

ဦးအုန်းစကားဆုံးသည်နှင့် မောင်ဘိုးထင်တို့၏ လက်ထဲမှ အရာဝတ္ထုများ၏ အသံက ညံစီစွာ ထွက်ပေါ်လာပါလေတော့သည် ၊ မောင်ဘိုးထင်မှ လင်းကွင်း ကြီး တီးလို့ ‌ပြုံးပျော် နေသလို သာအေးသည်က ‌စလောင်းဖုံးကို တုတ်နဲ့ တီးနေပြီး ပေတူးက နွားခလောက်ကို လှုပ်နေသည် ၊ဖိုးထွေ နှင့် သာရသည်က လင်ပန်းကို အောက်ချပြီး တုတ်တယောက် တချောင်းဖြစ် တီးနေကြပါလေတော့သည် ၊ ပေပင်ရွာ၏ ငရံနှင်သည့် အသံက ရွာလေးဝန်းကျင်သို့ ပျံ့လွင်လို့နေ‌ေလရာ မကောင်းသော မိစ္ဆာဒိဋ္ဌိများ ဧကန်မုချ လွင့်စင့်တော့မည်မှ အမှန် ဧကန် မလွဲ ပင်ဖြစ်ပါလေတော့သည် ။

▪️နှစ်သစ်မှ အကောင်းဆုံးသော အရာတွေသာ ကျနော်တို့ အားလံုးအတွက် ဖြစ်ပါစေလို့ ဆုတောင်းရင်

အားလုံး ဘေးဥပဒ်ရန်စွယ် ကင်းဝေ ကြပါစေခင်ဗျာ

▫️မောင်တင်ဆန်း

📝မောင်တင်ဆန်း

#mgtinsan

Zawgyi Version

” ေမာင္ဘိုးထင္တို႔ သၾကၤန္ “(စ/ဆုံး)
——————————————–

(၁၂)

▪️အခန္း–၁

႐ြာထိပ္ရွိစာသင္ေက်ာင္းမွာရွိေသာ ပိေတာက္ပင္ႀကီးတြင္ ေမာင္ဘိုးထင္တို႔ တသိုက္ စု႐ုံးေရာက္‌ရွိေနေလသည္ ၊ အေၾကာင္းသည္ကာ ပိေတာက္ပန္းခူးၿပီး ႐ြာရွိအိမ္မ်ားကို ေပးရန္အတြက္ျဖစ္သည္ ၊ ေပတူး ႏွင့္ သာေအးသည္ ပိေတာက္ပန္းမ်ားေဝဆာေနသည္ ပိေတာက္ကိုင္းကို တေယာက္တကိုင္းကို ခ်ိဳးယူ၍ ပုခုံးေပၚထမ္းထားသည္ ၊ သာရ ႏွင့္ ဖိုးေထြးသည္ ပိေတာက္ပင္ေပၚ တက္ေနေသာ ေမာင္ဘိုးထင္အား

“ဘိုးထင္ေရ အလွဆုံး အခက္ေလး တခု ခူးေပးစမ္းပါကြာ ”

“ေဟ့…လူေတြ မခူးေပးဘူး က်ဳပ္က ႐ြာက လူေတြ အတြက္ ခူးေနတာ ခင္ဗ်ားတို႔ မိန္းမပိုးဖို႔အတြက္ ခူးခိုင္းေနတာ မဟုတ္လား”

“မင္းကလည္းကြာ လုပ္ပါ ငါတို႔က အပင္ေပၚတက္ခ်င္ေပမဲ့ မင္းေကာင္ေတြက အပင္မွာ ျပည့္ေနတာပဲ ”

ဖိုးေထ‌ြးေျပာသည္မွာ လည္း ဟုတ္ေပသည္ ၊ သစ္ပိေတာက္မ်ားသာေပၚေသာ ေပပင္႐ြာ တြင္ ပန္းပိေတာက္က လက္ခ်ိဳးေရတြက္လို႔ရေပသည္ ၊ စာသင္ေက်ာင္း ထိပ္က ပန္းပိေတာက္ပင္တြင္ေတာ့ ေမာင္ဘိုးထင္တို႔ အ႐ြယ္ ေယာက္်ားေလးမ်ား အပင္ေပၚတြင္ အေတာ္ အမ်ား ပန္းခူးေနၾကသည္ မဟုတ္ပါလား၊

ေမာင္ဘိုးထင္သည္ အပင္ေအာက္မွ မ်က္ႏွာငယ္ေလးမ်ားျဖစ္ ပန္းခူးခိုင္းေနေသာ ဖိုးေထြး ႏွင့္ သာရကို ၾကည့္ကာ သနားလာ၍ အလွဆုံး ပန္းခိုင္ကို ခူးေပးၿပီး ေအာက္ဆင္းလာေတာ့သည္ ၊ အပင္ေအာက္ေရာင္သည္ႏွင့္ ပိေတာက္ပန္းကိုင္းကို ထမ္းထားေသာ သာေအး ႏွင့္ ေပတူးသည္ ေမာင္ဘိုးထင္ကို ၾကည့္ကာ

“ဒါဆို တို႔ အေနာက္ပိုင္းေတာ့ ေလာက္တယ္ မဟုတ္လား ”

“ေလာက္ပါတယ္ က်န္တဲ့ အပိုင္းေတြေတာ့ ေအာင္သန္းတို႔ ေက်ာ္လြင္တို႔ ခူးလိမ့္မယ္ ကြာ တို႔သြားၾကရေအာင္ ”

“ဤသို႔ႏွင့္ ေမာင္ဘိုးထင္ ၊ ေပတူး ၊သာေအးတို႔ ပိေတာက္ပန္းကိုင္းမ်ားကို ထမ္းၿပီး ႐ြာထဲ ဝင္ၾက‌ေလေတာ့သည္၊ က်န္ခဲ့ ေသာ သာရ ႏွင့္ ဖိုးေထြးသည္ ပန္းလာခူးမည့္ မိေက်ာ့တို႔ အပ်ိဳးေလးတသိုက္ကို ေမွ်ာ္ရင္း ပင္စီေကြးေနေသာ တ႐ုတ္စကားပင္ႀကီးေပၚ ထိုင္၍ ေစာင့္ဆိုင္းေနၾကပါေလေတာ့သည္ ။

▪️အခန္း-၂

ေမာင္ဘိုးထင္ တို႔ ပိေတာက္ပန္းကိုင္းမ်ားထမ္း လာစဥ္ လမ္းတြင္ မိေက်ာ့တို႔ ႏွင့္စုံေလသည္ ထိုအခါ မိေက်ာ့သည္

“ဘိုးထင္ ငါတို႔ကို ပန္းေလး နည္းနည္း ေပးပါလား ”

“ေပးပါဘူးဗ်ာ ဒါက က်ဳပ္တို႔ အေနာက္ဝိုင္း အတြက္ ”

“ဘိုးထင္ နင္က လည္း ကပ္လိုက္တာ ႐ြာေလး က်ဥ္းက်ဥ္းေလးကို အပိုင္းေတြ ခြဲေနေသးတယ္ ”

“မသိဘူးဗ်ာ မေပးဘူး အပင္ေတာင္ လွမ္းျမင္ေနရၿပီ သြားခူးၾက “,

“ေတြ႕ မယ္ ဘိုးထင္ နင့္အလွည့္ကပ္ထား ငါ့က နင္တို႔ကို မုန႔္ဖက္ထုပ္ေပးမလို႔ အခုေတာ့ မေပးေတာ့ဘူး ေအာင္သန္း တို႔ကို ပဲ ေပးေတာ့မယ္ ”

“မေပးနဲ႔ဗ်ာ မစားဘူးတာၾကလို႔ တႏွစ္မွ တခါပြင့္တဲ့ ပန္းေလာက္ေကာ တန္ဖိုးရွိလို႔လား အမ မုန႔္ဖက္ထုပ္က ”

“ေအး ေအး နင္ေတြ႕မယ္ ”

မိေက်ာ့တို႔သည္ ေမာင္ဘိုးထင္ကို မေက်မနပ္ႏွင့္ ေျပာဆိုကာ ထြက္သြားေလေတာ့သည္ ၊ထိုအခါ ေပတူးႏွင့္ သာေအးသည္ ေမာင္ဘိုးထင္အား ျပစ္တင္ၾကေလသည္ ။

“ဘိုးထင္ ပန္းေလးေတာင္းတာမ်ားေပးလိုက္ပါလား ကို႔႐ြာသားအခ်င္းခ်င္းကို ”

“ဟုတ္တယ္ မင္းလုပ္ပုံက ဟုတ္ေသးဘူးကြာ ”

“မင္းတို႔ကလည္း အ လိုက္တာ ဟိုက ကိုလူပ်ိဳ ကိုဖိုးေထြးက အမ မိေက်ာ့ အလာကို ေစာင့္ေနတာေလ ငါတို႔က ပိေတာက္ပန္း ေပးလိုက္ရင္ ဘာျဖစ္သြားမလဲ ေျပာ ”

“ျပန္သြားမွာေပါ့ ပန္းရၿပီကို ”

“ေအး အဲ့ေလာက္ဆိုသေဘာေပါက္ ”

“ေအာ္ သိၿပီ သိၿပီ မင္းေတာ္တယ္ ဘိုးထင္ ”

ေမာင္ဘိုးထင္ တို႔သည္ ရယ္ကာေမာကာ ႏွင့္ ႐ြာထဲသို႔ ပိေတာက္ပန္းကိုင္းမ်ားကို ထမ္းၿပီး ဝင္လာၾကပါေလေတာ့သည္။

▪️အခန္း-၃

ေမာင္ဘိုးထင္တို႔ တအိမ္ဝင္ တအိမ္ထြက္ပိ‌ေတာက္ပန္း မ်ားေပးေနၾကသည္ ေမာင္ဘိုးထင္တို႔အား လူခ်စ္လူခင္ ေပါသည္မို႔ အခါတြင္းတြင္ အိမ္တိုင္းနီးပါး မုန႔္မ်ားလုပ္ၾကရာ ေမာင္ဘိုးထင္တို႔ အား မုန႔္ဖက္ထုပ္ ေ႐ႊၾကည္ ေငြၾကည္ မုန႔္လုံးေရေပၚ သာကူႀကိဳ မ်ားကို ေကြၽးၾကေမြးၾကေလသည္ (ေ႐ႊင္ရင္ေအးသည္က ထိုေခတ္ထိုခါ အရ ေတာက်ေသာ ေဒသျဖစ္၍ မေပၚေသးေပ ၊)
တခ်ိဳ႕က မုန႔္ဖိုးေငြအခ်ိဳ႕ေပးၾကေလသည္ ၊ ဤသို႔ႏွင့္ သူတို႔ ထမ္းလာေသာ ပိေတာက္းပန္း ကိုင္း မွ ပိေတာက္ပန္းမ်ား ကုန္ခါနီးတြင္ ႐ြာထဲမွ ကာလာသားေခါင္း ကိုတင္ေဖ ႏွင့္ စုံေလသည္ ၊ ကိုတင္ေဖသည္ ေမာင္ဘိုးထင္တို႔ကို ျမင္ေသာအခါ

“ဘိုးထင္ ဖိုးေထြး နဲ႔ သာရ ဘယ္သြားလဲ ”

“ေက်ာင္းက ပိေတာက္ပင္မွာ ကိုႀကီးတင္ေဖ ”

“ဒီေကာင္ေတြက ႐ြယ္လယ္က ဘုံေရတြင္းမွာ မ႑ပ္ထိုးေနတာ အဲ့ေကာင္ေတြကို ငွက္ေပ်ာ္ ပင္ သြားခုတ္ခိုင္း တာ အခုထိ မေရာက္လာေသးဘူး မင္းတို႔ သြားေျပာေပး ငါေစာင့္ေနတယ္ဆိုတာ ”

ကာလာသား ေခါင္း ကိုတင္ေဖသည္ ဖိုးေထြး ႏွင့္ သာကကို ျပစ္တင္ေျပာဆိုကာ ထြက္သြားေတာ့သည္ ၊ ထိုအခါ မွ ေမာင္ဘိုးထင္တို႔လည္း ႏွားေခါင္းေရာဂါ ထေနၾကေသာ ဖိုးေထြး ႏွင့္ သာရရွိေသာ စာသင္ေက်ာင္းဝန္းရွိ ပိေတာက္ပင္သို႔ သုတ္ေျခတင္းလိုက္ၾကရပါေလေတာ့သည္။

▪️အခန္း-၄

ေမာင္ဘိုးထင္တို႔ ဖိုးေထြး ႏွင့္ သာရကိုေခၚကာ ငွက္ေပ်ာ္ပင္မ်ား အျပင္ အုန္းလက္မ်ားပါ ဆြဲလာၿပီး ႐ြာလယ္ ဘုံေရတြင္း အနားေရာက္လာသည္။ အင္တုံးမ်ား ျဖစ္ တိုင္ေထာင္ကာ သက္ကယ္ မိုးထားေသာ သၾကၤန္ မ႑ပ္ေလးမွာ ကာလာသားမ်ား စု႐ုံး ေရာက္ရွိေနၿပီျဖစ္သည္ ၊ ႏွစ္ဆန္းတရက္ေန႔ လူႀကီးသူမ မ်ားအား ေရခ်ိဳး ေခါင္းေလွ်ာ္ေပး ရန္အတြက္ အမ်ိဳးသမီး သိးသန႔္ အမ်ိဳးသား သီးသန႔္ အခန္းေလးမ်ားအား သက္ကယ္ ႏွင့္ ကာ ရန္ထားၿပီး အတြင္း တြင္ သသစ္သား။စည္ပိုင္းႀကီးမ်ား ႏွင့္ ေရမ်ားျဖည့္ထားၾကသည္ ၊ေမာင္ဘိုးထင္ တို႔ေရာက္ေသာ‌အခါ ကာလာသားေခါင္း ကိုတင္ေဖသည္ ဖိုးေထြး ႏွင့္ သာရကို ဆူ‌ေငါက္ေလသည္ ၊ လူႀကီးသား ႏွင့္ သူေဌးသားလည္း ကာလာသားေခါင္းကို ေတာ့ ေၾကာက္ရသည္ ကာလာသား ေခါင္း ရာထူးသည္က ေတာ္႐ုံတန္႐ုံ ႐ြာထဲမွ ဆိုးသြမ္း‌ေသာ ကာလာ‌သား‌ေလးမ်ားကို နရင္း အုပ္ျပစ္လိုက္ရင္ေတာင္ အ႐ုိက္ခံရေသာ ကာလသား မိဘမ်ားက အျပစ္မတင္ ေက်းဇူးပင္ ေနတက္သည္မို႔ ‌ဖိုးေထြး ႏွင့္ သာရ တို႔လည္း ကာလသား ေခါင္း ကိုတင္ေဖကို ျပန္မေျပာဝံ့ေပ

“ဖိုးေထြး နဲ႔ သာရ မင္းတို႔က မိန္းမ ပိုးဖို႔‌ေလာက္ ပဲ သိတယ္ မ႑ပ္ေဆာက္ေနတာ ငွက္ေပ်ာ္ပင္ သြားခုတ္ဆို ပိေတာက္ပင္သြားေနတယ္ ”

“ကိုႀကီးတင္ေဖက လည္း ပိေတာက္ပင္နားမွာ ငွက္ေပ်ာ္ေတာ ရွိတာ မဟုတ္လား ”

“ေတာ္စမ္း သြားမ႑ပ္ အဝင္ မွာ မင္းတို႔ ယူလာတဲ့ ငွက္ေပ်ာ္ ပင္ေတြကို က်င္းတူးၿပီး စိုက္လိုက္ၾကားလား အုန္းလက္ေတြကို လည္း မ႑ပ္တိုင္ ေတြမွာ ခ်ည္ ”

က်န္ေသာ ကာလာသားမ်ားက ဖိုးေထြး ႏွင့္ သာရကို ဆူေန၍ ေက်နပ္ေနဟန္ရွိၾကသည္ ၊ အဘယ္ေၾကာင့္ ဆိုေသာ ဖိုးေထြးႏွင့္ သာရ အနားကို လာ၍ ၿပဳံးၿပဴံ ႏွင့္ၾကည့္ေနေသာေၾကာင့္ျဖစ္သည္ ၊ ထိုဝိုင္းၾကည့္ေနေသာ ကာလာသားမ်ားကို ကာလသားေခါင္ ကိုတင္ေဖသည္ မ်က္လုံးျဖစ္ ေဝ့ ၾကည့္လိုက္ရင္း

“ေဟ့ေကာင္ေတြ မင္းတို႔က ဘာေတြ ၾကည့္ ၿပီးၿပဳံးေနတာလဲ မင္းေမႀကီးေတာ္ လင္ေတြကို ေငါက္ေနတယ္ ထင္လို႔လား ဟိုမွာ စည္ပိုင္းေတြ ထဲ ေရတစက္မွ မရွိဘူး ျဖည့္ၾက ေရငွင္ တဲ့ လူက ငွင္ ဆြဲ တဲ့ သူက ဆြဲ ၾက ေတာက္ မင္းတို႔ လို လူပ်ိဳေပါက္ေတြေၾကာင့္ ငါအာေပါက္ ေနၿပီ ”

ဖိုးေထြး ႏွင့္ သာရသည္ ကာလာသားေကာင္း ၏ စကားေၾကာင့္ ၿပဳံးစိၿပဳံးစိ ျဖစ္ကာ ဖိုးေထြးမွ သာရအား

“သာရ ဟိုေကာင္ လွဟန္က မင္းတူျဖစ္မယ္ သူ႔ ႀကီးေတာ္ႀကီး အပ်ိဳႀကီး ‌ေဒၚက်င္က မင္းမိန္းမ မဟုတ္လား ”

“မင္းဟာႀကီး‌ေလ အဲ့တာ ”

တိုးတိုးႏွင့္ေျပာေနေသာ ဖိုးေထြး ႏွင့္ သာရ၏ စကားအား နားပါေသာ ကာလသားေခါင္း ကိုတင္ေဖမွ ၾကားျဖစ္ေအာင္ ၾကားသြားေသးသည္ ၊ ထိုအခါ က်ယ္ေလာင္ေသာ အသံႀကီးျဖစ္

“ဖိုးေထြး နဲ႔ သာရ ဆိုတဲ့ ေကာင္ေတြ မလြယ္ဘူးေဟ့ လွဟန္ ႀကီးေတာ္ႀကီးကိုေတာင္ ႀကံေနၾကတာ ”

“ဟားး ဟားး ခစ္ ခစ္ ”

ကာလာသားမ်ားရဲ႕ ရယ္ေမာ သံ ႏွင့္ အတူ ကာလသမီးေခါင္း မစန္းၿမိဳင္ ဦးေဆာင္သည့္ ေပပင္႐ြာ ကာလသမီးေလးမ်ားရဲ႕ ရယ္သံပါ ထက္တိုးလာရာ ဖိုးေထြးႏွင့္ သာရ ေခါင္းႀကီးမ်ားကို ငုံ႔ၿပီး မ႑ပ္ေဘး ငွက္ေပ်ာ္ပင္ စိုက္ရန္ က်င္းကို ရွက္ရွက္ႏွင့္တူးေနေလရာ ‌ေမာင္ဘိုးထင္မွ

“ကိုဖိုးေထြး ခင္ဗ်ာ က်င္းကလည္း ေရထြက္ေတာ့မယ္ ေတာ္ဦးေလ ဗ်ာ အမ မိေက်ာ့ တို႔လာတာ နဲ႔ ဘာလို႔ ရွက္ေနတာလဲ ႀကီးေတာ္ ေဒၚက်င္ကို ႀကံေနတယ္ ဆိုတာ လူေတြ သိလို႔ ရွက္ေနတာလားဗ်”

“ငနာ ဘိုးထင္ မင္း မင္း‌ေတြ႕မယ္ “,

ေမာင္ဘိုးထင္၏ စကားေၾကာင့္ အားလုံး ဝိုင္းရယ္ေမာေနၾကေတာ့သည္ ၊ ေမာင္ဘိုးထင္တို႔လည္း ကာလသမီးမ်ားႏွင့္ အတူ ေရကစား ေသာ ကေလးသူငယ္ လူႀကီး လူ႐ြယ္ မ်ားအတြက္ မုန႔္လုံးေရေပၚ လုံးရာ မွာ မီးထိုးေပးခ်င္း အစျပဳေသာ ေတာက္တို မယ္ရ အလုပ္မ်ားကို လုပ္ေပးေနပါသည္ ၊ မုန႔္ ‌လုံးေနရင္ မိေက်ာ့သည္ ေမာင္ဘိုးထင္ကို ေခၚကာ

“ဟဲ့ ဘိုးထင္ လာဦး ”

“ဘာတုန္း အမ မိေက်ာ့ ”

“ဒီ မုန႔္လုံးေလးကို နင့္ ဖိုးေထြးကို သြားေကြၽး ”

“အမကလည္း က်ဳပ္ကို ‌ေတာ့ မေကြၽးဘူး ”

ထိုသို႔ေျပာေသာ အခါ မိေက်ာ့ ေဘးတြင္ ရွိေသာ လွရင္မွာ

“ဘိုးထင္ နင္က လွ်ာကို ‌ရွည္တယ္ ေရာ့ ဒီမုန႔္ကို သာရ ကိုသြားေကြၽး ၿပီးေတာ့ ေျပာလိုက္ဦး ငါတို႔ကို ၾကည့္ၿပီး ၿပဳံးၿပဳံးေလးေနလို႔ ”

“ရႈပ္ကို ရႈပ္တယ္ အမတို႔က ”

ေမာင္ဘိုး ထင္သည္ မုန႔္ လုံးေရေပၚ ႏွစ္လုံးကို ယူကာ သာရ ႏွင့္ ဖိုးေထြး အနားသြားလိုက္ၿပီး လွရင္ ႏွင့္ မိေက်ာ့ကို လက္ညႇိဳးထိုးျပကာ

“ကိုဖိုးေထြး နဲ႔ ကိုသာရ အမ မိေက်ာ့ နဲ႔ အမ လွရင္ ေပးခိုင္းလိုက္တာ သူတို႔ကို ၾကည့္ၿပီး ၿပဳံးၿပဳံးေလးစားတဲ့ေနာ္ ”

“စားရမွာေပါ့ကြာ မုန႔္ေတာင္ မစားရေသးဘူး မိေက်ာ့ ေျပာခိုင္းတဲ့ စကားေျပာတဲ့ ဘိုးထင္ေလး စကားၾကားတာနဲ႔ တင္ အေမာေျပေနပီ့ ဟီး ဟီး”

တစိတ္ကို တအိပ္လုပ္လြန္း ေသာ ဖိုးေထြး ႏွင့္ သာရကို ေမာင္ဘိုးထင္ အျမင္ကပ္လွေပသည္ ၊ယခု မိေက်ာ့ ႏွင့္ လွရင္ေပးေသာ မုန႔္လုံးေရေပၚကို ပါစပ္းထဲ အားရပါးရ ထည့္ၿပီး စားလိုက္ကာ လွရင္ ႏွင့္ မိေက်ာ့အား ၾကည့္ရင္း ၿပဳံးေနေလသည္ ၊ ၿပဳံးေနေသာ သူတို႔ မ်က္ႏွာ မွာ ေခြၽးမ်ားထြက္လာ ၿပီး မ်က္ႏွာ နီရဲ လာသည္ကို အၿပဳံး မပ်က္ ျဖစ္ ေနရာ သူတို႔အား ၾကည့္ၿပီးရယ္ေနေသာ မိေက်ာ့ ႏွင့္ လွရင္ပင္ မရယ္ႏိုင္ေတာ့ပဲ ေရခြက္ေလးမ်ား ယူလာၿပီး ဖိုးေထြး ႏွင့္ သာရအား ေရတိုက္ကာ

“နင္တို႔ မစပ္ဘူးလား ”

“စပ္တာေပါ့ ဟ”

“အဲ့တာဆို ဘာလို႔မေထြးထုတ္တာလဲ ”

“ကိုခ်စ္တဲ့ သူက ေကြၽးရင္ ငရဲမီးေတာင္ မ်ိဳခ် ျပစ္လိုက္မဲ့သူေတြပါဟာ ”

ကိုေလႀကီး ႏွစ္ေယာက္က အဆင္ေခ်ာေနေလရာ ေမာင္ဘိုးထင္ ပို၍ ပို၍ အျမင္ကပ္လာရပါေလေတာ့သည္ ။

▪️အခန္း-၅

ေမာင္ဘိုးထင္တို႔ တသိုက္ ႐ြာလယ္က တခုတည္းေသာ မ႑ပ္တြင္ ေရကစားေနၾကပါသည္ ၊ လွည္းမ်ားျဖစ္ ေရပက္ခံေသာ ကာလာသားမ်ားက ေရစည္ပိုင္းမ်ားတင္လာၿပီး သူတို႔အား ျပန္ပက္ၾကသည္အခါ ေမာင္ဘိုးထင္တို႔ အေတာ္ကို ေပ်ာ္ေနၾကသည္ ၊ ႐ြာဦးေက်ာင္းမွ ဥပုသ္ေစာင့္သြားၾကေသာ လူႀကီးမ်ားသာ ေရမေလာင္းပဲ အပ်ိဳေလးမ်ား ဥပုသ္ေစာင့္သြားၿပီး ျပန္လာသည့္အခါ ဖိုးေထြး ႏွင့္ သာရ လက္က မလြတ္ ေရငွင္ပုံးႀကီး ကိုင္ ၿပီး ေရေလာင္းၿမဲျဖစ္သည္ ၊ ဤသို႔ ႏွင့္ မ႑ပ္သို႔ ကာလသမီးေခါင္း မစန္းၿမိဳင္ ႏွင့္ အရီးေသာင္း တို႔ အဖြဲ႕ ေရာက္လာခ်ိန္တြင္ ေတာ့ ကာလာသားမ်ားအား လုံး သတိ ႏွင့္ ေနေနၾကသည္ ၊ သတိ ႏွင့္ မေနလို႔လဲ မရ ထိုအေဒၚႀကီးမ်ားက ကာလသား မ်ားကို ဖမ္းကာ အိမ္တိုင္တြင္ ႀကိဳးတုပ္ၿပီး ေရေလာင္း ၾကသည္ ထိုေနာက့္ စေကာ ႏွင့္ ခပ္ၿပီး ေနရာ အဖမ္းခံရေသာ ကာလသားခဗ် တစက္တစက္ တုံေနေလသည္ ၊ သားသည္ မိခင္မ်ားမွ ႏို႔ရည္မ်ားကို ညႇစ္ကာ အတင္းတိုက္တက္ရာ အဖမ္းခံကာလသား ခဗ် သြားမ်ားကို စိ၍ ထားရသည့္မို႔ အေတာ္ပင္ အေနက်ပ္မည္ျဖစ္သည္ ၿပီးေတာ့လည္း ကာလသား သည္ စိတ္ဆိုးခ်င္းမရွိ ၿပဳံးစိစိ ႏွင့္ ျဖစ္ေနေလၿမဲျဖစ္သည္ ။ ထို႔ေၾကာင့္ ႐ြာ၏ ၊ အစ အေနာက္သန္လွေသာ အရီးေသာင္းတို႔ အဖြဲ႕ကို ကာလာသားမ်ား ေၾကာက္ရခ်င္းမွာ မဆန္းေပ ကာလာသားမ်ားက အလိာက္တသိေရွာင္ေနေပမဲ့ ေမာင္ဘိုးထင္တို႔ တသိုက္က ေရစည္ပိုင္းထဲမွ ေရမ်ားခပ္ ၿပီး အရီးေသာင္း ႏွင့္ ကာလသမီးေခါင္းေဆာင္ တို႔အား ေရျဖစ္ပက္ေန၏ ထိုအခါ အရီးေသာင္းတို႔ အဖြဲ႕သည္ ၿပဳံးရယ္ကာ ႏွင့္ ေမာင္ဘိုးထင္တို႔အား ဖမ္းၾကပါေလေတာ့သည့္ သတိထား မိေသာ ေမာင္ဘိုးထင္က လြတ္‌သြားေပမဲ့ ေပတူး ႏွင့္ သာေအး အရီး‌ေသာင္းတို႔ လက္ထဲ သက္ဆင္းရၿပီးျဖစ္သည္ ၊ အရီး‌ေသာင္းေနာက္မွ အပ်ိဳႀကီး ေအးးၾကည္မွာ လက္ေနာက္ျပစ္ဖြက္လာေသာ သူမ တို႔၏ လက္နက္ ဒယ္အိုးးႀကီးမွ ဒယ္ပိုင္း‌ေခ်းကို လက္ႏွင့္ ပြတ္ကာ သာေအး ႏွင့္ ေပတူးတို႔ ၏ မ်က္ႏွာ မ်ားကို မိတ္ဆက္‌ေပးလိုက္ေပေတာ့သည္ ၊ ေမာင္ဘိုးထင္မွာ ခပ္လွမ္းလွမ္းမွ မ႑ပ္ထဲရွိ ေပတူး ႏွင့္ သာေအး တို႔အျဖစ္ကို ၾကည့္ရင္ ရယ္ေမာေနစဥ္ သူအား လူတေယာက္မွ ေနာက္က ေပြ႕ ထားကာ

“မေသာင္း နဲ႔ စန္းၿမိဳင္ ဘိုးထင္ကို လိုခ်င္ေနတာ မဟုတ္လား လာဖမ္း ”

ေမာင္ဘိုးထင္ လန႔္ဖ်ပ္သြားရေလသည္ သူအား ဖမ္းေပးေသာ လူအား ေနာက္လွည့္ၾကည့္လိုက္ရာ ခ်စ္လွစြာေသာ သူ၏ အဘ ဦးအုန္း ႏွင့္ ႐ြာလူႀကီးျဖစ္ေနေလရာ မည္သို႔ေသာ ႐ုန္းထြက္မႈမွ မလုပ္ႏိုင္ေတာ့ေပ တခစ္ခစ္ ရယ္‌‌ေမာရင္း သူ႔အနားတိုး‌လာေသာ အရီးေသာင္း ႏွင့္ ‌မစန္းၿမိဳင္တို႔မွာလည္း နီးသထက္ နီးလာေနၿပီ ျဖစ္သည္ ၊ေမာင္ဘိုးထင္ မ႑ပ္ထဲၾကည့္လိုက္‌ေတာ့ အိုးမဲမ်ားေပက်ံၿပီး သြားေလးမ်ားသာေပၚေသာ သာေအး ႏွင့္ ေပတူးသည္က သူအား ဖမ္းမိ၍ ဝမ္းေျမာက္ဝမ္းသာ ရယ္ေမာေနၾကပါေလေတာ့သည္။

▪️အခန္း-၆

ေမာင္ဘိုးထင္တို႔ တသိုက္ သာရ၏ လွည္းႏွင့္ သၾကၤန္လည္ ထြက္လို႔လာသည္ ၊ လွည္းတြင္ ငုပန္းမ်ား ပိေတာက္ပန္းမ်ားကို အလွဆင္ထားၿပီးေရစည္ပိုင္းကို လွည္ေပၚတင္လာသည္ ၊ ဖိုးေထြး၏ အႀကံေပးမႈ႕ျဖစ္ ေမာင္ဘိုးထင္တို႔အဖြဲ႕ ေရအိုးစင္သို႔ ေရပက္ခံၾကမည္ျဖစ္သည္ ၊

“ကိုဖိုးေထြး ေရအိုးစင္ကို သြားလို႔ျဖစ္ပါ့မလားကြ ”

“ဘာလို႔ မျဖစ္ရမွာ လဲ ငါတို႔လည္း ေရာက္ဖူးေနတာကို ”

“ၿပီးတာပဲဗ်ာ ေရာက္ဖူးေနလို႔ ခက္တာဗ် ”

“ဘာျဖစ္လို႔လဲ ကြ”

“ဘာမွ မဟုတ္ေတာ့ပါဘူးဗ် လာလာ သြားၾကရေအာင္”

ေမာင္ဘိုးထင္ တို႔ လမ္းမွ ာ ေတြ႕သမွ်လူမ်ားကို ေရမ်ားပက္ေနၾကသည္ ၊ ေမာင္ဘိုးထင္သည္ ဆြမ္းခံႂကြလာေသာ ႐ြာဦး‌ဘုန္းႀကီးကို ေရပက္မိ၍ က်န္သူမ်ားအေတာ္လန႔္ဖ်ပ္သြားေပမဲ့ သေဘာေကာင္းေသာ ႐ြာဦးဆရာေတာ္မွာ ၿပဳံးၿပဳံးႀကီးႏွင့္ ‌ေမာင္ဘိုးထင္တို႔ကို သူ႔အားလႉထားေသာ ငွက္ေပ်ာ္သီး တဖီးပင္ စြန႔္ခဲ့ ‌ေသးသည္ ၊ဤသို႔ ႏွင့္ မၾကာလွေသာ အခ်ိန္တြင္ ေမာင္ဘိုးထင္တို႔ တသိုက္ ေရအိုးစင္႐ြာသို႔ ဆိုက္ေရာက္လာေလၿပီျဖစ္သည္ ၊

ပြဲႀကိဳက္ေသာ ေရအိုးစင္သားမ်ားက ဇတ္ခံုပင္ထိုးကာ ဆိုင္းငွားၿပီး ယိမ္းအက ႏွင့္ေဖ်ာ္ေျဖေပးေနသည္ ၊ ထမင္း ဟင္းမ်ား မုန႔္လုံးေရေပၚမ်ား သာကူႀကိဳမ်ား ကို စိတ္ႀကိဳက္ စတုဒီသာ ျပဳထားရ ေမာင္ဘိုးထင္တို႔ မ်ားစြာ ဟန္က်ေနေလသည္ ၊

ထိုစဥ္ ဇတ္ခုံေပၚမွေလ အသံက ေပၚလာေလသည္

“က်ေနာ္တို႔ ႐ြာဟာ တျခား႐ြာမ်ားနဲ႔ မတူေအာင္ စီစဥ္ထား ပါတယ္ ယခု မေမွ်ာ္လင့္ ပဲ က်ဳပ္တို႔ရဲ႕ သၾကၤန္မ႑ပ္ထဲကို ဟိုတခါ အလႉက လက္စြမ္းျပတီးသြားတဲ့ ဆိုင္းဆရာေလး ဘိုးထင္တို႔ ေရာက္ေနပါတယ္ ”

ထိုအသံၾကားေသာအခါ ထမင္းစားေနေသာ ဘိုးထင္သည္ စားလက္စ ထမင္းကို ခ်န္ခဲ့ကာ လွည္းေပၚသို႔ ေျပးတက္ၿပီး ေမာင္းထြက္လိုက္ေလရာ ေၾကာင္ေငးေနေသာ က်န္သူမ်ားက ခဏ ေနမွ သတိရကာ ေမာင္ဘိုးထင္ေမာင္းေသာ လွည္ေနာက္သို႔ ေျပးလိုက္ၾကပါေလေတာ့သည္

▪️အခန္း-၇

ႏွစ္ဆန္း တရက္ေန႔သို႔ ေရာက္လာၿပီျဖစ္သည္ ေပပင္႐ြာ၏ ကာလာသာ ႏွင့္ ကာလာသမီးမ်ား ေရမကစားေတာ့ပါ ၊ ေမာင္ဘိုးထင္တို႔လည္း ႐ြာလယ္ ဘုံေရတြင္း ေဘးရွိ မ႑ပ္တြင္ အလုပ္မ်ားေနၾကသည္ ႐ြာထဲရွိ သက္ႀကီး ႐ြယ္အိုမ်ား ႏွင့္ ဦးပုသ္သီလ ေဆာက္တည္ၾကေသာ လူႀကီးသူမ မ်ားအား တ‌ေယာ ကင္မြန္းျဖစ္ ေခါင္းေလွ်ာ္ ေရခ်ိဳးေပးျခင္း လက္သည္း ေျခသည္း ညႇပ္ေပးျခင္း တို႔ ျဖစ္ ကုသိုလ္ ျပဳေနၾက၏ ၊ ေမာင္ဘိုးထင္တို႔အား အသက္အရမ္းမႀကီးေသးေသာ လူႀကီးမ်ားကို ကုသိုလ္ျပဳရန္ တာဝန္ေပးထားၾကသည္ ၊ ေမာင္ဘိုးထင္သည္ မ႑ပ္အနားသို႔ ေရာက္လာေသာ ႐ြာလူႀကီး ကို ေတြ႕ေသာအခါ။

“ဘႀကီး လာလာ က်ဳပ္တို႔ ေရခ်ိဳးေပးမယ္ ”

“အသာ လုပ္ပါဘိုးထင္ရ ကုသိုလ္ ျပဳမယ္လို႔ေျပာပါကြာ ”

“ဘႀကီးေျပာသလို လုပ္ေပးမယ္ ဗ်ာ လာလာ ”

ေမာင္ဘိုးထင္သည္ ႐ြာလူႀကီးအာ မ႑ပ္ထဲ၌ရွိေသာ တန္းလ်ားတြင္ ထိုင္ေစၿပီး သာေအး ႏွင့္ ေပတူးကို ေခၚလိုက္ေတာ့သည္

“ေဟ့ေကာင္ေတြ ေယာင္ေတာင္ေတာင္ လုပ္မေနနဲ႔ ”

အက်ႌခြၽတ္ေနေသာ႐ြာလူႀကီးသည္ ဆရာႀကီးေမာင္ဘိုးထင္ကို ၾကည့္လိုက္ၿပီး

“ဘိုးထင္းေရ ဖိုးေထြး နဲ႔ သာရ ကို မေတြ႕ ပါလား”

“ဘယ္ေတြရ မွာလဲ ဘႀကီးသား နဲ႔ ကိုသာရ က အမႀကီးေတြက ႀကီး‌ေတာ္ႀကီးေတြကို သနပ္ခါး လိမ္းေပးဖို႔ သနပ္ခါးေသြးေနတာကို ပင္ပန္းမွာဆိုးလို႔ ဆိုၿပီး သြားကူေသြးေပးေနတယ္ ”

“ဟ ဟုတ္လားဟ ”

“ဟုတ္ပ အမမိေက်ာ့ နဲ႔ အမ လွရင္ ဥပုသ္သည္ေတြ ေရခ်ိဳးေပးေနတာကို တူတူ သြားခ်ိဳးေပးမလို႔ လုပ္ေနေသးတယ္ အရီးေသာင္းက ေငါက္ထားလို႔ ၿငိမ္ေနတာ ဒီဘက္က်ေတာ့ အလုပ္ေတြ ဒီေလာက္မ်ားေနတာ မလာဘူး”

ေမာင္ဘိုးထင္ ေျပာလည္း ေျပာင္ခ်င္စရာေပ ၊ မ႑ပ္ကို သက္ကယ္ ႏွင့္ ကာ ရံထားၿပီး တဖက္မွ အမ်ိဳးသမီး တဖက္မွ အမ်ိဳးသား ခြဲ ၿပီး ေရခ်ိဳး ေခါင္းေလွ်ာ္ ေျခသည္း လက္သည္းညႇပ္ ကုသိုလ္ျပဳေနေလရာ ဖိုးေထြး ႏွင့္သာရသည္ သနပ္ခါးေသြးသည့္ ကုတင္ကို မ႑ပ္အျပင္ကို ထုတ္ၿပီး သူတို႔က သနပ္ခါးေသြးေပးေနၾကသည္ ၊ သူတို႔၏ မ်က္ႏွာတြင္ လည္း ပါးကြပ္ၾကားမ်ား ကအေတာ္မ်ားသည္ အပ်ိဳႀကီးမ်ားမွ ပါးကြပ္႐ိုက္ေပးထားၾကခ်င္းျဖစ္၏ ၊ မိန္းကေလးမ်ားကေတာ့ ဖိုးေထြး ႏွင့္ သာရကို ေက်းဇူးတင္ေနၾကသည္ အသက္ႀကီးရင္းေသာ အမ်ိဳးသမီး မ်ားကို သနပ္ခါး ေျခးဆုံး ေခါင္းဆုံးလိမ္းေပးရသည္မို႔ သနပ္ခါးသြးရသည္မွာ မသက္သာ ယခု ဖိုးေထြး ႏွင့္ သာရ တို႔၏ ေကာင္းမႈ႕ ေၾကာင့္ အဆင္ေျပေနေလရာ ကာလသားေခါင္း ကိုတင္ေဖ သူတို႔အား ေခၚသည္ကိုပင္ ကာလသမီးေခါင္း မစန္းၿမိဳင္မွ ရန္လုပ္ၿပီး ဖိုးေထြး ႏွင့္ သာရကို အပိုင္ကိုင္ထားခ်င္းျဖစ္သည္။

ေမာင္ဘိုးထင္သည္ ဖိုးေထြး ႏွင့္ သာရ အေၾကာင္းကို ေျပာရင္ သာေအး ႏွင့္ ေပတူး ေရာက္လာသည္မို႔ သူတို႔ႏွစ္ေယာက္အား ေမာင္ဘိုးထင္မွ ႐ြာလူႀကီးအား ေခါင္းေလွ်ာ္ေစသည္ ေမာင္ဘိုးထင္မွာေတာ့ ကက္ေၾကးကို ကိုင္ကာ ႐ြာလူႀကီးအား ေျခသည္းညႇပ္ေပးေနစဥ္

“အား အား ေသပါၿပီ ဘိုးထင္ရာ မင္းက မေသာင္းတို႔လက္ထဲ ဖမ္းထည့္လိုက္လို႔ ငါ့ကို အညိဳးနဲ႔ ႏွိက္စက္ေနတာလားဟ ”

“ဟာ မဟုတ္ပါဘူး ဘႀကီးရာ ဘႀကီးက ေျခစြယ္ငုတ္ေနတာကိုနာမွာပါ့့ ေပထားဗ်ာ ေယာက္်ားပဲ ”

“ေအးပါ ေမာင္ဘိုးထင္ရယ္ သာဓု သာဓုပါကြာ အလား လား အသားပါသြားၿပီလားဟ နာလိုက္တာကြာ ”

“ဟာ မထိပါဘူ ဘႀကီးရာ ”

“ဟ အေပၚကေကာင္ေတြ ေရေလာင္းၾကဦးေလကြာ ”

“ဟ ဘႀကီး ေရက ကုန္သြားၿပီဗ် က်ဳပ္သြားဆြဲခိုင္းလိုက္ဦးမယ္ ”

“ေအးပါကြာ ေအးပါ ငါက မင္းတို႔ကို ယုံမိတာ ငါ့အမွား ႀကိဳက္သလိုသာ လုပ္ၾကပါေတာ့ကြာ ”

႐ြာလူႀကီး ႏွင့္ ေမာင္ဘိူးထင္တို႔ ၏အျဖစ္ကို ၾကည့္ကာ ကာလာသားမ်ားႏွင့္ ႐ြာထဲ မွ လူႀကီးမ်ား တဟားဟား ႏွင့္ ပြဲၾကေနၾကပါေလေတာ့သည္။

▪️အခန္း-၈

ေပပင္႐ြာ၏ ႏွစ္ဆန္း တရက္ေန႔ ညအခ်ိန္ခါျဖစ္သည္။ ဦးအုန္း၏ အိမ္ဝိုင္းေရွ႕တြင္ ေမာင္ဘိုးထင္တို႔ တသိုက္ ခေလာက္မ်ား ဒယ္အိုအဖံုးစုတ္မ်ား လင္ပန္းအစုတ္မ်ားကို ကိုင္ၿပီး ေစာင့္ေနၾကသည္ ေမာင္ဘိုးထင္ လက္ထဲ တြက္‌ေတာ့ လင္းကြင္းကို ႀကိင္ထားသည္ ၊ ေန႔လည္က ပရိတ္႐ြတ္ၿပီး၍ ႐ြာမွ ရွိေသာ ႐ြာသူ႐ြာသားမ်ားက ငရံႏွင္မည္ျဖစ္သည္ ၊ ေပပင္႐ြာတြင္ေတာ့ ငရံႏွင္ခ်င္းကို ႏွစ္ဆန္းတရက္ေန႔တိုင္းလုပ္ၾကသည္ ႐ြာ ထဲတြင္ရွိေသာ အိမ္မ်ားမွ ဆူညံ့စြာ ႐ိုက္ပုတ္ၿပီး ႐ြာအေနာက္ဘက္ သခ်ႋဳင္းဆီသို႔ ေမာင္းရေသာ အရာကို ငရံႏွင္သည္ဟုေခၚၾကသည္ ၊ ႐ြာ ထိပ္မွာ ရွိေသာ အိမ္မ်ားက ထရံမ်ား ခေလာက္မ်ား ဒယ္အိုး အဖုံး မ်ားကို ဆူညံေအာင္ စတင္ ႐ိုက္ပုတ္လိုက္သည္ ႏွင့္ တ႐ြာလံုး ဦးအုန္းအိမ္မွ အပ အကုန္ လုံး ႐ိုက္ပုတ္ၾကေလရာ ႐ြာထဲ တြင္ အသံမ်ားဆူ ညံေနၾကသည္ ၊ လူ႐ြယ္ လူငယ္မ်ားႏွင့္ ကေလးငယ္မ်ားသည္ ထိုသို႔ ငရံႏွင့္ သည္အခ်ိန္ဆို ေပ်ာ္႐ြင္ေနၾကၿပီး ႐ြာထဲကို ေလွ်ာက္သြားၿပီး ဆူညံေစေသာအရာမ်ားကို ယူၿပီး တီးခက္ကာ ေနၾကသည္ ၊ ယခု ဦးအုန္း ဝိုင္းေရွ႕တြင္ ေတာ့ ေမာင္ဘိုးထင္တို႔ ငရံႏွင္ရန္ အသင့္အေနထားျဖစ္ေနသည္ ေမာင္ဘိုးထင္တို႔ ရည္႐ြယ္ခ်က္က သူတို႔ အိမ္ဝိုင္းထဲ ကို မေကာင္းသည္အရာ မ်ား ထပ္မဝင္ရန္ တားရမည္ မို႔ ငရံ တားသည္ ဟု ေခၚတြင္ ရမလို ျဖစ္ေနသည္ ၊ ထိုစဥ္ အိမ္ဝိုင္းထဲ ၌ ဦးအုန္း ရဲ႕ အသံက ေပါထြက္လာေလသည္

“ေကာင္ေလးေတြ ႐ြာထဲေတာ့ စေနၿပီး မင္းတို႔ မစေသးဘူးလား ”

ဦးအုန္းစကားဆုံးသည္ႏွင့္ ေမာင္ဘိုးထင္တို႔၏ လက္ထဲမွ အရာဝတၳဳမ်ား၏ အသံက ညံစီစြာ ထြက္ေပၚလာပါေလေတာ့သည္ ၊ ေမာင္ဘိုးထင္မွ လင္းကြင္း ႀကီး တီးလို႔ ‌ၿပဳံးေပ်ာ္ ေနသလို သာေအးသည္က ‌စေလာင္းဖုံးကို တုတ္နဲ႔ တီးေနၿပီး ေပတူးက ႏြားခေလာက္ကို လႈပ္ေနသည္ ၊ဖိုးေထြ ႏွင့္ သာရသည္က လင္ပန္းကို ေအာက္ခ်ၿပီး တုတ္တေယာက္ တေခ်ာင္းျဖစ္ တီးေနၾကပါေလေတာ့သည္ ၊ ေပပင္႐ြာ၏ ငရံႏွင္သည့္ အသံက ႐ြာေလးဝန္းက်င္သို႔ ပ်ံ႕လြင္လို႔ေန‌ေလရာ မေကာင္းေသာ မိစာၦဒိ႒ိမ်ား ဧကန္မုခ် လြင့္စင့္ေတာ့မည္မွ အမွန္ ဧကန္ မလြဲ ပင္ျဖစ္ပါေလေတာ့သည္ ။

▪️ႏွစ္သစ္မွ အေကာင္းဆုံးေသာ အရာေတြသာ က်ေနာ္တို႔ အားလံုးအတြက္ ျဖစ္ပါေစလို႔ ဆုေတာင္းရင္

အားလုံး ေဘးဥပဒ္ရန္စြယ္ ကင္းေဝ ၾကပါေစခင္ဗ်ာ

▫️ေမာင္တင္ဆန္း

📝ေမာင္တင္ဆန္း

#mgtinsan