မောင်ရေခဲ နှင့် ကိုးကျင်းကဝေ(စ/ဆုံး)

Unicode Version

မောင်ရေခဲ နှင့် ကိုးကျင်းကဝေ(စ/ဆုံး)
—————————————–
ဆရာဖိုးတေသည်ဖွားရွှေအားစုန်းမကြီးအဖြစ် စွပ်စွဲသည်ကိုရွာကလူများသိပြီးသည့်နောက် သူ့အားရန်ပြုကြတော့မည်ကိုတွက်မိသည်။ သို့နှင့်သူကြီးတို့လူတစ်စုလုပ်သမျှကို ကွယ်ရာမှချောင်းကြည့်နေခဲ့သည်။ လူငယ်တစ်ယောက်ကြောင့် သူကြီးတို့အမြင်မှန်ရသွားသဖြင့် သူ့အကြံအစဉ်မအောင်မြင်သောကြောင့် ထိုလူငယ်အားသူအငြိုးထားလိုက်သည်။ သူကြီးတို့်အုပ်စုသူ့အိမ်မလာခင် ဖိုးတေကမယားဖြစ်သူမညွှန့်စီကိုခေါ်ပြီး ထန်းကုန်းရွာမှအပြီးထွက်သွားခဲ့သည်။ သူတတ်သည့်မြေကြောရှုံ့အတတ်ပညာဖြင့် ထွက်ပြေးလေရာ အချိန်အနည်းငယ်၌ထန်းကုန်းရွာနှင့် အလွန်ဝေးသောအရပ်သို့ရောက်လာခဲ့သဖြင့် စိတ်ချရပြီထင်ကာ ထိုနေရာ၌ဇာတ်မြုတ်နေရန်ကြိုးပမ်းသည်။ မညွှန့်စီလည်းမောက်လုံးအဆင့်ဖြစ်ရကား လင်ဖြစ်သူ၏တက်လမ်းအတွက်အနှောက်အယှက်ကင်းအောင်စောင့်ရှောက်ပေးနိုင်သည်။ ယခုသူတို့ရောက်သောရွာသည် စုန်းဖြူမယ်ရှိသည့် နန်းဂူးရွာဖြစ်၏။ နန်းဂူးရွာကားစုန်းပညာများပေါသောလည်းအစွမ်းထက်သည့်စုန်းဖြူမယ်ကြောင့်ပညာသိမ်းထားကြရသည်။
ဆရာဖိုးတေဤရွာတွင်ဇာတ်မြုပ်နေရန်ရွေးခြင်းမှာတစ်ရွာလုံးရှိ ပညာသည်များ၏အဆင့်သည်သူ့အောက်ကချည်းဖြစ်ရာ သူ့အားတစ်ခုခုလုပ်ရန်မစွမ်းသာနိုင်။
ဤအခွင့်ကိုယူပြီး သူတို့်လင်မယားသည်နန်းဂူးရွာစွန်ရှိမြေကွက်ကို မရောင်းရောင်းချင်အောင်ပညာဖြင့်လုပ်ယူပြီး အိမ်တအိမ်ဆောက်သည်။ အိမ်ဆိုသည်ထက် တဲတစ်လုံးဆိုပိုမှန်လိမ့်မည်ဖြစ်သည်။ သူတို့လင်မယားရောက်စတွင် ရွာခံပညာသည်များကအမျိုးမျိုးပညာလာစမ်းသပ်ကြ၏။ ဟင်းလာပို့သည့်ပညာသည်က သစ်ခေါက်ကိုငါးဟင်းအဖြစ်ဖန်ဆင်းပြီးလာပို့ရာ မညွှန့်စီကထိုသူ၏အရှေ့၌ပင် ထိုဟင်းအားအသားဖတ်အဖြစ်ပြန်ပြောင်းပြလိုက်သည်။ သို့ကြောင့်ရွာခံပညာသယ်သည် မညွှန့်စီ၏ပညာအဆင့်ကိုကြောက်ပြီး ပြန်တောင်းပန်ကာ လာရာလမ်းအတိုင်းပြန်သွားခဲ့သည်။ ရွာခံပညာသည်အချို့ကလည်း တိုက်မြွေ၊သရဲတိုက်၊နတ်တိုက်ဖြင့်အမျိုးမျိုးပညာပြိုင်သော်လည်း မညွှန့်စီကသာအမြဲအနိုင်ရ၏။ သို့ကြောင်ရွာခံပညာသည်များက မနိုင်နင်းနိုင်ဘဲစုန်းဖြူမယ်ထံသွားရောက် သတင်းပို့ရ၏။
လပြည့်ညရောက်သော်စုန်းဖြူမယ်သည် ကောင်းကင်မှစက်ကြိုးဆွဲပြီး ဆရာဖိုးတေတို့လင်မယားရှိရာ ခြံဝင်းထဲသို့လာရောက်ခဲ့သည်။ အိမ်ဝိုင်းထဲသိုမဝင်မီ အိမ်ပတ်ပတ်လည်တွင် ဖြန့်ထားသောကဝေစက်များကိုဖြတ်ရ၏။ စုန်းဖြူ်မယ်သည်လည်း ပညာအဆင့်မြင့်ရကား ကိုးကျင်းကဝေ ဖြန့်ထားသောပညာစက်များကို ဗြန်းဗြန်းပြတ်စေနိုင်၏။ မိမိတို့အိမ်ဝိုင်းအတွင်း ဝင်ရောက်လာနိုင်သော စုန်းဖြူမယ်ကို ဆရာဖိုးတေကချီးမွမ်းခန်းဖွင့်၏။
” အဟက်…မင်းပညာဘယ်ဆိုးလို့လဲကွ….ငါဖြန့်ကျက်ထားတဲ့ကဝေစက်ကိုတောင် ဖြတ်နိုင်သားဘဲ….ဒါပေမဲ့နင့်ပညာလောက်နဲ့ငါ့ကိုဒီရွာကနေမောင်းထုတ်နိုင်မယ်မထင်နဲ့…ငါ့နဲ့ပညာမပြိုင်ခင် ငါ့မိန်းမညွှန့်စီနှင့်အရင်ပြိုင်လိုက်ဦး…ဟားဟားဟား ”
” ရှင်သိပ်အပြောမကြီးနဲ့…ငါ့ရွာမှာရှိတဲ့ပညာသယ်တွေကိုနိုင်တယ်ဆိုပြီး မာန်တက်နေသေးတယ်…နင်ငါ့ရွာကထွက်သွားရအောင်ငါလုပ်ပြမယ်…”
” ကဲ…မိန်းမ ရေ…လေ လုံးကြီးနေတဲ့စုန်းဖြူမကို နင်ဘဲအဆုံးသတ်ပေးလိုက်ကွာ…ငါပညာစဉ်တွေနိုးထားရဦးမယ်….”
မညွှန့်စီလည်း ပညာမာန်ကြွကာ
” နင်စိတ်ချယောကျာ်း…ဒီမိန်းမလောက်ကတော့ ညွှန့်စီအတွက်အပျော့ဘဲ…နင့်ပညာတွေမြင့်အောင်သာကျင့်နေလိုက်…”
ဖိုးတေလည်းမိန်းမဖြစ်သူ၏ပညာအဆင့်ကိုအထူးယုံကြည်လေသဖြင့် အခန်းထဲဝင်တံခါးပိတ်ကာပညာစဉ်မြင့်နေလိုက်၏။
” ဟဲ့…နင့်ယောကျာ်းကိုခေါ်ပြီး ဒီရွာကထွက်သွားမလား…ငါမောင်းထုတ်ရမလားပြော…”
” နင်နိုင်မယ်ထင်ရင်လုပ်လိုက်လေ….လေ လုံးမထွားနဲ့ရော့မြည်းကြည့်စမ်းငါ့ရဲ့ရွှေပိတုန်းအစွမ်းတွေ…”
ဆိုကာစုန်းဖြူမယ်ရှေ့သို့ပဲစေ့သာသာခန့်ရှိသော မဲမဲအရာအားကျဲချလိုက်သည်။ နုတ်မလည်း မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်ရာမဲမဲအရာသည် ရွှေရောင်ဖြစ်သွားပြီး တဝီဝီဖြင့်ပျံနေသည့် ပိတုန်းအုပ်ကြီးဖြစ်သွား၏။ ထိုပိတုန်းအုပ်သည် စုန်းဖြူမယ်ထံတရစပ် ပိုးမလံကမီးကိုဝင်ထိုးသကဲ့သို့ အုပ်လိုက်ဝင်လာ၏။ စုန်းဖြူမယ်လည်း ပိတုန်းအုပ်ကြီးမိမိအနားသို့ရောက်လာလျှင် လက်ဖြင့်ပုတ်ချလိုက်ရာ ပိတုန်းကောင်တို့သည် မြေပေါ်သို့တဖုတ်ဖုတ်ပြီး မဲမဲအစေ့လေးများပြန်ဖြစ်သွား၏။ ထိုအဖြစ်ကြောင့် မညွှန့်စီမှာဒေါသထွက်သွား၏။
” ဟင်း…ပိတုန်းလေးကိုနိုင်သွားလို့ မာန်တက်မနေနဲ့..ရော့မြည်းစမ်းငါ့ရဲ့စက်…”
ဆိုကာအနက်ရောင်စက်ကြိုးအား စုန်းဖြူမယ်ထံသို့ပစ်လိုက်၏။ စုန်းဖြူမယ်လည်း အနောက်မယ်တော်စက်ကို ထုတ်သုံးလိုက်ရာ မညွှန့်စီမှာ သွေးအန်ပြီးလဲကျသွား၏။ ပညာဗူးမှာကိုလည်းစုန်းဖြူမယ်က သိမ်းလိုက်၏။
” ငါပြောသားဘဲ ငါကောင်းကောင်းပြောနေတုန်း ဒီရွာကထွက်သွားလို့် ခုတော့အသက်ရှင်ရက်ထွက်မသွားနိုင်တော့ဘူးမလား…”
” နင်…နင်…အနောက်မယ်တော်စက်…စက်…..အော့…ဝေါ့….အာ့….”
မညွှန့်စီမှာစကားဆုံးအောင်မပြောနိုင်ဘဲ သွေးမဲများအန်ချကာ အသက်ထွက်သွားလေ၏။ ပညာစဉ်မြင့်နေသောဖိုးတေမှာအာရုံထဲတွင် မိန်းမဖြစ်သူကိုသတိရပြီး ထိုင်ရာမှထလာကာ အပြင်သို့ထွက်လေ လျှင်မြေပေါ်၌အသက်မဲ့နေသော မိန်းမဖြစ်သူကိုတွေ့ရ၏။
” ဟင်…မိန်းမ…ညွှန့်စီ…မိန်းမ ထပါဦးဟ…မိန်းမရေ….”
မည်သို့ပင်ခေါ်နိုးသော်လည်း မညွှန့်စီမှာနိုးမလာတော့ချေ။ သို့ကြောင့် စုန်းဖြူမကိုဒေါသတကြီးလှည့်ကြည့်လာပြီး
” အယုတ္တမာမ…နင်ငါ့မိန်းမကိုသတ်တယ်…နင့်ကိုလည်းငါသတ်မယ်…သေစမ်း…”
ဆိုကာ အနီရင့်ရောင်ကဝေစက်အား ထုတ်ပြီးစုန်းဖြူမယ်ထံပစ်လိုက်၏။ မထင်မှတ်သောအဖြစ်ကြောင့် စုန်းဖြူမယ်မှာ အားပျော့သော စက်အားထုတ်ကာ ကာလိုက်၏။
” ဖုန်း…ဝုန်း…ဝုန်း….”
” အာ့….”
စက်နှစ်ခုထိတွေ့သံကြောင့် အသံကျယ်လောင်စွာမြည်ပြီး စုန်းဖြူမယ်မှာစက်ကြိုးပြတ်သွားပြီး အနောက်သို့လွှင့်သွား၏။
” သေစမ်းမသာမ…နင့်ကြောင့်ငါ့မိန်းမသေရတာ…”
ဆိုကာ သူ၏အပြင်းဆုံးစက်အား စုစည်းလိုက်၏။ ထိုအချိန်ကောင်းကင်မှ မီးလုံးဆယ်လုံးခန့်ကျလာပြီး စုန်းဖြူမယ်အားကူညီရန်ရောက်လာကြ၏။ ဖိုးတေမှာအားအပြင်းဆုံးစက်ကို စုပြီးစုန်းဖြူမယ်ထံပစ်လိုက်၏။
ကောင်းကင်ထက်မှဝဲလာသောမီးလုံးများသည် လူအဖြစ်သို့ပြောင်းသွားပြီး ထိုသူများသည် ကောင်းကင်သို့လက်ဆန့်တန်းကာ အရောင်စုံစက်ကို တစ်စုတစည်းတည်းဖြစ်အောင်စုလိုက်၏။ ဖိုးတေလည်းသူ၏အားအပြင်းဆုံးစက်အား စုန်းဖြူမယ်ရှေ့သို့ပစ်လိုက်သည်။ စုန်းဖြူမယ်၏လူများက သူတို့၏စုပေါင်းထားသောစက်ဖြင့် ပြန်ကာလိုက်ရာ စက်အချင်းချင်းထိပြီးပေါက်ကွဲသွားရာ ကျယ်လောင်သောအသံများထွက်ပေါ်လာပြန်သည်။ နှစ်ဖက်စလုံးမှာအားပြင်းသောစက်၏ အရှိန်ကြောင့်အနောက်သို့လွှင့်သွားကြ၏။ ထိုအခွင့်ကိုယူကာ စုန်းဖြူမယ်၏လူများကကုန်းရုံးထပြီး စုန်းဖြူမယ်အားဆွဲထူကာစက်ကြိုးဆွဲပြီး ထိုနေရာမှအမြန်ပြန်ထွက်သွားကြ၏။ ဖိုးတေလည်းအထိနာနေသဖြင့် စုန်းဖြူမယ်နောက်ဆက်မလိုက်တော့ဘဲ ပညာစဉ်များကိုစနစ်တကျပြန်စုပြီး ဒဏ်ရာများပြန်ကုစားလိုက်သည်။
မောင်ရေခဲလည်းကိုးကျင်းကဝေထွက်ပြေးသွားသည်ကိုသိသဖြင့်အနောက်မှလိုက်ခဲ့ရာ နန်းဂူးရွာထိပ်သို့ရောက်လာခဲ့သည်။
” ဒီရွာရဲ့…ရွာစောင့်နတ် ခုချက်ချင်း ငါ့အရှေ့ရောက်စေ…”
ဟုဆိုလိုက်လျှင် တောင်ဝှေးတချောင်းထောက်ထားသော အဖိုးကြီးတစ်ဦးသူ့ရှေ့သို့ရောက်လာခဲ့သည်။
” ကျွန်ုပ်ရောက်ပါပြီဆရာ”
” အိမ်း…သင့်ကိုမေးစရာရှိလို့ပါ…ပြီးခဲ့တဲ့ရက်တွေအတွင်း ဒီရွာကိုကဝေရောက်လာသေးလား….”
” ရောက်လာပါတယ်ဆရာ…အဲဒီကောင်ကကျင်းကိုးအောင်ထားတော့အတော်အစွမ်းထက်တယ်…ကျွန်ုပ်တောင်သူ့ကိုရွာထဲမဝင်ဖို့တားရင်း သူလုပ်တာခံလိုက်ရသေးတယ်…ပြီးတော့ သူ့မယားလည်းမောက်လုံးအဆင့်ရှိတဲ့သူပါ…”
” အင်းဟုတ်တယ်…ဒါနဲ့ရွာမှာဘာထူးခြားသေးလဲ…”
” အင်းထူးခြားတာဆိုတော့…ဪသိပြီ… အဲဒီလင်မယားနဲ့ဒီရွာကပညာသယ်တွေ ညကပညာပြိုင်ကြတယ်….နှစ်ဖက်စလုံးအထိနာသွားကြတယ်…”
” အိမ်းရပြီ…ကျေးဇူးဘဲ ရွာစောင့်နတ်ကြီး သင်ပြန်လို့ရပြီ…”
ဟုဆိုလိုက်လျှင်ရွာစောင့်နတ်အဖိုးကြီးမှာ သူ့ရှေ့မှပျောက်သွားခဲ့သည်။ မောင်ရေခဲလည်းရွာထဲသို့ဝင်သွားရာ ဒဏ်ရာပြင်းထန်နေသောစုန်းဖြူမယ်နှင့် သူ၏လူတစ်စုအားတွေ့လိုက်ရသည်။
” ကူ…ကူညီပါဦးဆရာ…ကျွန်မတို့ရွာကို…”
ပြော၍ပင်မပြီးသေးမောင်ရေခဲက လက်ကာပြလိုက်သဖြင့် စကားရပ်လိုက်၏။
” အင်း…ငါသိတယ်….ဒီရွာကိုရောက်လာခဲ့တဲ့လူဟာကိုးကျင်းအောင်ကဝေဘဲ…သူ့ပညာအရမ်းထက်တယ်…ရော့သင်တို့တွေ ဒီဆေးကိုဖျော်ပြီးသောက်လိုက်ပါ…ဒဏ်ရာတွေပျောက်သွားပါလိမ့်မယ်…”
ဆိုကာမောင်ရေခဲကနတ်ဆေးလုံးအား နည်းနည်းဖဲ့ပေးလိုက်သည်။ စုန်းဖြူမယ်က
” ကျေးဇူးတင်ပါတယ်ဆရာ…ကိုးကျင်းကဝေကို ကျွန်မတို့်အစားနိုင်နင်းပေးပါ…”
” စိတ်ချနေပါ….ဒါနဲ့ကိုးကျင်းကဝေကဘယ်မှာပုန်းနေတာလဲ…”
” ရွာအစွန်ကဝိုင်းမှာပါဆရာ…”
” ဟုတ်ပြီ…ဂရုစိုက်ကြဦး ငါအဲဒီကိုသွားတော့မယ်…”
ဆိုကာ စုန်းဖြူမယ်၏အိမ်မှထွက်လာပြီး ကိုးကျင်းကဝေရှိရာ ရွာစွန်ဘက်သို့ထွက်လာခဲ့သည်။ ရွာစွန်ဘက်သို့ရောက်သော် တဲလေးတစ်ခုတွင် အရောင်စုံစက်များကွန့်မြူးနေသည်ကိုတွေ့လိုက်ရပြီး ကဝေကောင်သည်သူလာသည်ကိုသိသွားပြီး ကောင်းကောင်းကြိုဆိုနေပြီကိုသိလိုက်ရသည်။
” ဟားဟားဟား….ငါ့နောက်ကိုလိုက်လာရဲတာပေါ့…ဆရာကောင်…နင့်ကြောင့်ငါ့အစီစဉ်ပျက်ရတာ…”
ဆိုကာမောင်ရေခဲ၏နောက်ဘက်မှ အသံကြီးထွက်လာခဲ့၏။ မောင်ရေခဲလည်းသတိကြီးစွာထားကာ အသံလာရာဘက်သို့လှည့်မကြည့်ဘဲအာရုံစူးစိုက်လိုက်၏။ အသံတို့သည် တနေရာထဲတွင်လာသည်မဟုတ်ဘဲ သူ့အားပတ်ပတ်လည်ဝေ့ကာပေါ်လာနေခြင်းဖြစ်၏။ လူကားမမြင်ရသေးချေ။ ကိုးကျင်းအောင်ထားသောကဝေသည် ကိုယ်ကိုဖျောက်နိုင်သော အဆင့်ပင်ရောက်နေပြီဖြစ်သည်။
” ဟားဟားဟား…နင့်ပညာလောက်နဲ့ ငါ့ကို နိုင်မယ်ထင်နေလား….ရော့ငါ့ရဲ့အစေအပါးသရဲတွေကိုသာနိုင်အောင်ချလိုက်စမ်း…”
ဆိုကာ အမဲရောင်အခိုးအငွေ့များအားပတ်ဝန်းကျင်တစ်ခုလုံးမှထွက်လာအောင်လုက်လိုက်၏။ အမဲရောင်အငွေ့များသည်ပေါင်းစည်းသွားကြပြီး တစ္ဆေသရဲကောင်များဖြစ်သွားကာ မောင်ရေခဲထံဝင်လုံးရန်ဟန်ပြင်ကြသည်။ မောင်ရေခဲလည်း လက်ညိုးဖြင့်သူ၏ပတ်ပတ်လည်ကိုဝိုင်းလိုက်ရာ ရွှေရောင်အလင်းတန်းများထွက်လာပြီး အမဲရောင်အခိုးအငွေ့သရဲများမှာ ပြန်လည်ပျောက်ကွယ်သွား၏။
” ဟားဟား…သင့်ရဲ့အစွမ်းကလည်းဘယ်ဆိုးလို့လဲ…” ဟုပတ်ဝန်းကျင်မှအသံထွက်လာပြန်သည်။ ထိုမှတဖန် တစ်ပုံစံတည်းတူသော လူသုံးယောက် သည်မောင်ရေခဲအားဝိုင်းထားလိုက်ပြီး
” ဟားဟား….ငါ့ရဲ့ကိုယ်ခွဲအစွမ်းတွေမြင်ပြီလား….ငါ့လိုကိုးကျင်းအောင်ကဝေကို နင်ကနိူင်မယ်ထင်နေရင် စမ်းကြည့်လိုက်လေ…”
ဆိုကာထိုလူသုံးယောက်သည် လျှင်မြန်သောအဟုန်ဖြင့်မောင်ရေခဲအား ဝိုင်းပတ်ကာပြေး၏။ လျှင်မြန်သောအရှိန်ကြောင့် ထိုလူသုံးယောက်ကိုဖြတ်ခနဲဖြတ်ခနဲသာမြင်နိူင်ပြီး ဘယ်လူကကိုယ်အစစ်ဘယ်လူက ကိုယ်ခွဲဖြစ်သည်ကို ဆုံးဖြတ်ရန်ခက်ခဲသွား၏။ ထိုလူသုံးယောက်ပတ်ပြေးနေသောဝိုင်းပုံစံမှာတဖြေးဖြေးကျဉ်းမြောင်းလာပြီး မောင်ရေခဲလည်းအနည်းငယ်မူးနောက်သွား၏။ သို့ကြောင့်စိတ်ကိုပြန်လည်စုစည်းလိုက်ပြီး ကဝေ၏အသိစိတ်ကိုမြင်အောင်ကြည့်လိုက်၏။ ထိုအခါ ပြေးနေသောလူသုံးယောက်ထဲတွင် အလယ်မှတစ်ယောက်သည် ခန္ဓာကိုယ်မှအစိမ်းရောင်အငွေ့အားတွေ့လိုက်ရ၏။ တခြားကိုယ်နှစ်ခုမှာ ဘာအရောင်မှမတွေ့ရချေ။ သို့်ကြောင့်မောင်ရေခဲသည် သုံးထပ်အင်းအား အသက်သွင်းကာ အလယ်လူထံသို့ပစ်လိုက်၏။
” ဝုန်း….”
ပြေးနေသောလူသုံးယောက်မှအလယ်တစ်ယောက်သည်အရှိန်သတ်သွားပြီး အပြင်သို့လွှင့်သွား၏။ ထိုအချိန် ကျန်နှစ်ယောက်မှာ မြင်ကွင်းမှပျောက်ချင်းမလှပျောက်သွား၏။ ထိုနှစ်ယောက်မှာဖိုးတေ၏ပုံရိပ်ယောင်များသာဖြစ်သည်။
” နင်အရှုံးမပေးသေးဘူးလား ဖိုးတေ…နင်မိုက်ချင်စမ်းနဲ့…”
” ငါ့ကိုတရားခ်စရာမလိုဘူး….နင့်ကြောင့်ငါ့အစီစဉ်တွေပျက်ခဲ့ရတယ်…ခုလည်းငါအနှစ်နှစ်အလလကသူများထံအောက်ကျို့ပြီး အဆင်းရဲပင်ပန်းခံ လေ့လာသင်ယူထားတဲ့ပညာစဉ်တွေ အကုန်ပျက်စီးသွားပြီ…နင်ဟာလေ သူတော်ကောင်းအမည်ခံပြီး သူများအကျိုးမကြည့်တတ်တဲ့လူဘဲ…”
” ငါသာသူများအကျိုးမကြည့်တတ်ရင် နင့်ကိုစောနကရင်းငါသတ်လိုက်ပြီ ဖိုးတေ…နင့်ပညာတွေကိုဘဲငါဖျက်ဆီးတာ…ရှေ့လျှောက် ကောင်းကောင်းနေပြီး အပြစ်ကြွေးအတွက် ပြန်ဆပ်ပါ….”
” နင်ကလေဆရာမလုပ်ဘဲ ဘုန်းကြီးဝတ်သင့်တယ်သိလား….အတော်တရားချကောင်းတဲ့ကောင်….ဒါပေမဲ့ငါ့ကိုတရားချလို့မရဘူး…ဒီပညာတွေငါလက်ခံသင်ယူကတည်းက နောင်သံသရာမှာဖြစ်လာမဲ့အကျိုးဆက်တွေအတွက်ငါပြင်ဆင်ပြီးသား…နင်ဘဲလူကောင်းလုပ်လိုက် သူများတကာကိုတရားလိုက်ချမနေနဲ့…ညွန့်စီရေငါမင်းဆီလာခဲ့ပြီကွ….”
ဆိုကာနောက်ဆုံးကျန်ခဲ့သောသက်စောင့်ပညာကြိုးကိုဖြတ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတော်သည်။ မောင်ရေခဲလည်း သူ့အပြစ်သူခံသွားတာမှတ်ကာ နန်းဂူးရွာမှထွက်လာခဲ့တော့သည်။ …..။
( စိတ်ကူးမျှသာဖြစ်သည်။ အမှားတစ်စုံတစ်ရာပါခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။စာရှုသူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာကြပါစေ)
# ပြီး
# ခွန်း

Zawgyi Version

ေမာင္ေရခဲ ႏွင့္ ကိုးက်င္းကေဝ(စ/ဆုံး)
—————————————–
ဆရာဖိုးေတသည္ဖြားေ႐ႊအားစုန္းမႀကီးအျဖစ္ စြပ္စြဲသည္ကို႐ြာကလူမ်ားသိၿပီးသည့္ေနာက္ သူ႔အားရန္ျပဳၾကေတာ့မည္ကိုတြက္မိသည္။ သို႔ႏွင့္သူႀကီးတို႔လူတစ္စုလုပ္သမွ်ကို ကြယ္ရာမွေခ်ာင္းၾကည့္ေနခဲ့သည္။ လူငယ္တစ္ေယာက္ေၾကာင့္ သူႀကီးတို႔အျမင္မွန္ရသြားသျဖင့္ သူ႔အႀကံအစဥ္မေအာင္ျမင္ေသာေၾကာင့္ ထိုလူငယ္အားသူအၿငိဳးထားလိုက္သည္။ သူႀကီးတို႔္အုပ္စုသူ႔အိမ္မလာခင္ ဖိုးေတကမယားျဖစ္သူမၫႊန႔္စီကိုေခၚၿပီး ထန္းကုန္း႐ြာမွအၿပီးထြက္သြားခဲ့သည္။ သူတတ္သည့္ေျမေၾကာရႈံ႕အတတ္ပညာျဖင့္ ထြက္ေျပးေလရာ အခ်ိန္အနည္းငယ္၌ထန္းကုန္း႐ြာႏွင့္ အလြန္ေဝးေသာအရပ္သို႔ေရာက္လာခဲ့သျဖင့္ စိတ္ခ်ရၿပီထင္ကာ ထိုေနရာ၌ဇာတ္ျမဳတ္ေနရန္ႀကိဳးပမ္းသည္။ မၫႊန႔္စီလည္းေမာက္လုံးအဆင့္ျဖစ္ရကား လင္ျဖစ္သူ၏တက္လမ္းအတြက္အေႏွာက္အယွက္ကင္းေအာင္ေစာင့္ေရွာက္ေပးႏိုင္သည္။ ယခုသူတို႔ေရာက္ေသာ႐ြာသည္ စုန္းျဖဴမယ္ရွိသည့္ နန္းဂူး႐ြာျဖစ္၏။ နန္းဂူး႐ြာကားစုန္းပညာမ်ားေပါေသာလည္းအစြမ္းထက္သည့္စုန္းျဖဴမယ္ေၾကာင့္ပညာသိမ္းထားၾကရသည္။
ဆရာဖိုးေတဤ႐ြာတြင္ဇာတ္ျမဳပ္ေနရန္ေ႐ြးျခင္းမွာတစ္႐ြာလုံးရွိ ပညာသည္မ်ား၏အဆင့္သည္သူ႔ေအာက္ကခ်ည္းျဖစ္ရာ သူ႔အားတစ္ခုခုလုပ္ရန္မစြမ္းသာႏိုင္။
ဤအခြင့္ကိုယူၿပီး သူတို႔္လင္မယားသည္နန္းဂူး႐ြာစြန္ရွိေျမကြက္ကို မေရာင္းေရာင္းခ်င္ေအာင္ပညာျဖင့္လုပ္ယူၿပီး အိမ္တအိမ္ေဆာက္သည္။ အိမ္ဆိုသည္ထက္ တဲတစ္လုံးဆိုပိုမွန္လိမ့္မည္ျဖစ္သည္။ သူတို႔လင္မယားေရာက္စတြင္ ႐ြာခံပညာသည္မ်ားကအမ်ိဳးမ်ိဳးပညာလာစမ္းသပ္ၾက၏။ ဟင္းလာပို႔သည့္ပညာသည္က သစ္ေခါက္ကိုငါးဟင္းအျဖစ္ဖန္ဆင္းၿပီးလာပို႔ရာ မၫႊန႔္စီကထိုသူ၏အေရွ႕၌ပင္ ထိုဟင္းအားအသားဖတ္အျဖစ္ျပန္ေျပာင္းျပလိုက္သည္။ သို႔ေၾကာင့္႐ြာခံပညာသယ္သည္ မၫႊန႔္စီ၏ပညာအဆင့္ကိုေၾကာက္ၿပီး ျပန္ေတာင္းပန္ကာ လာရာလမ္းအတိုင္းျပန္သြားခဲ့သည္။ ႐ြာခံပညာသည္အခ်ိဳ႕ကလည္း တိုက္ေႁမြ၊သရဲတိုက္၊နတ္တိုက္ျဖင့္အမ်ိဳးမ်ိဳးပညာၿပိဳင္ေသာ္လည္း မၫႊန႔္စီကသာအၿမဲအႏိုင္ရ၏။ သို႔ေၾကာင္႐ြာခံပညာသည္မ်ားက မႏိုင္နင္းႏိုင္ဘဲစုန္းျဖဴမယ္ထံသြားေရာက္ သတင္းပို႔ရ၏။
လျပည့္ညေရာက္ေသာ္စုန္းျဖဴမယ္သည္ ေကာင္းကင္မွစက္ႀကိဳးဆြဲၿပီး ဆရာဖိုးေတတို႔လင္မယားရွိရာ ၿခံဝင္းထဲသို႔လာေရာက္ခဲ့သည္။ အိမ္ဝိုင္းထဲသိုမဝင္မီ အိမ္ပတ္ပတ္လည္တြင္ ျဖန႔္ထားေသာကေဝစက္မ်ားကိုျဖတ္ရ၏။ စုန္းျဖဴ္မယ္သည္လည္း ပညာအဆင့္ျမင့္ရကား ကိုးက်င္းကေဝ ျဖန႔္ထားေသာပညာစက္မ်ားကို ျဗန္းျဗန္းျပတ္ေစႏိုင္၏။ မိမိတို႔အိမ္ဝိုင္းအတြင္း ဝင္ေရာက္လာႏိုင္ေသာ စုန္းျဖဴမယ္ကို ဆရာဖိုးေတကခ်ီးမြမ္းခန္းဖြင့္၏။
” အဟက္…မင္းပညာဘယ္ဆိုးလို႔လဲကြ….ငါျဖန႔္က်က္ထားတဲ့ကေဝစက္ကိုေတာင္ ျဖတ္ႏိုင္သားဘဲ….ဒါေပမဲ့နင့္ပညာေလာက္နဲ႔ငါ့ကိုဒီ႐ြာကေနေမာင္းထုတ္ႏိုင္မယ္မထင္နဲ႔…ငါ့နဲ႔ပညာမၿပိဳင္ခင္ ငါ့မိန္းမၫႊန႔္စီႏွင့္အရင္ၿပိဳင္လိုက္ဦး…ဟားဟားဟား ”
” ရွင္သိပ္အေျပာမႀကီးနဲ႔…ငါ့႐ြာမွာရွိတဲ့ပညာသယ္ေတြကိုႏိုင္တယ္ဆိုၿပီး မာန္တက္ေနေသးတယ္…နင္ငါ့႐ြာကထြက္သြားရေအာင္ငါလုပ္ျပမယ္…”
” ကဲ…မိန္းမ ေရ…ေလ လုံးႀကီးေနတဲ့စုန္းျဖဴမကို နင္ဘဲအဆုံးသတ္ေပးလိုက္ကြာ…ငါပညာစဥ္ေတြႏိုးထားရဦးမယ္….”
မၫႊန႔္စီလည္း ပညာမာန္ႂကြကာ
” နင္စိတ္ခ်ေယာက်ာ္း…ဒီမိန္းမေလာက္ကေတာ့ ၫႊန႔္စီအတြက္အေပ်ာ့ဘဲ…နင့္ပညာေတြျမင့္ေအာင္သာက်င့္ေနလိုက္…”
ဖိုးေတလည္းမိန္းမျဖစ္သူ၏ပညာအဆင့္ကိုအထူးယုံၾကည္ေလသျဖင့္ အခန္းထဲဝင္တံခါးပိတ္ကာပညာစဥ္ျမင့္ေနလိုက္၏။
” ဟဲ့…နင့္ေယာက်ာ္းကိုေခၚၿပီး ဒီ႐ြာကထြက္သြားမလား…ငါေမာင္းထုတ္ရမလားေျပာ…”
” နင္ႏိုင္မယ္ထင္ရင္လုပ္လိုက္ေလ….ေလ လုံးမထြားနဲ႔ေရာ့ျမည္းၾကည့္စမ္းငါ့ရဲ႕ေ႐ႊပိတုန္းအစြမ္းေတြ…”
ဆိုကာစုန္းျဖဴမယ္ေရွ႕သို႔ပဲေစ့သာသာခန႔္ရွိေသာ မဲမဲအရာအားက်ဲခ်လိုက္သည္။ ႏုတ္မလည္း မႏၲာန္တစ္ပုဒ္ကို႐ြတ္လိုက္ရာမဲမဲအရာသည္ ေ႐ႊေရာင္ျဖစ္သြားၿပီး တဝီဝီျဖင့္ပ်ံေနသည့္ ပိတုန္းအုပ္ႀကီးျဖစ္သြား၏။ ထိုပိတုန္းအုပ္သည္ စုန္းျဖဴမယ္ထံတရစပ္ ပိုးမလံကမီးကိုဝင္ထိုးသကဲ့သို႔ အုပ္လိုက္ဝင္လာ၏။ စုန္းျဖဴမယ္လည္း ပိတုန္းအုပ္ႀကီးမိမိအနားသို႔ေရာက္လာလွ်င္ လက္ျဖင့္ပုတ္ခ်လိုက္ရာ ပိတုန္းေကာင္တို႔သည္ ေျမေပၚသို႔တဖုတ္ဖုတ္ၿပီး မဲမဲအေစ့ေလးမ်ားျပန္ျဖစ္သြား၏။ ထိုအျဖစ္ေၾကာင့္ မၫႊန႔္စီမွာေဒါသထြက္သြား၏။
” ဟင္း…ပိတုန္းေလးကိုႏိုင္သြားလို႔ မာန္တက္မေနနဲ႔..ေရာ့ျမည္းစမ္းငါ့ရဲ႕စက္…”
ဆိုကာအနက္ေရာင္စက္ႀကိဳးအား စုန္းျဖဴမယ္ထံသို႔ပစ္လိုက္၏။ စုန္းျဖဴမယ္လည္း အေနာက္မယ္ေတာ္စက္ကို ထုတ္သုံးလိုက္ရာ မၫႊန႔္စီမွာ ေသြးအန္ၿပီးလဲက်သြား၏။ ပညာဗူးမွာကိုလည္းစုန္းျဖဴမယ္က သိမ္းလိုက္၏။
” ငါေျပာသားဘဲ ငါေကာင္းေကာင္းေျပာေနတုန္း ဒီ႐ြာကထြက္သြားလို႔္ ခုေတာ့အသက္ရွင္ရက္ထြက္မသြားႏိုင္ေတာ့ဘူးမလား…”
” နင္…နင္…အေနာက္မယ္ေတာ္စက္…စက္…..ေအာ့…ေဝါ့….အာ့….”
မၫႊန႔္စီမွာစကားဆုံးေအာင္မေျပာႏိုင္ဘဲ ေသြးမဲမ်ားအန္ခ်ကာ အသက္ထြက္သြားေလ၏။ ပညာစဥ္ျမင့္ေနေသာဖိုးေတမွာအာ႐ုံထဲတြင္ မိန္းမျဖစ္သူကိုသတိရၿပီး ထိုင္ရာမွထလာကာ အျပင္သို႔ထြက္ေလ လွ်င္ေျမေပၚ၌အသက္မဲ့ေနေသာ မိန္းမျဖစ္သူကိုေတြ႕ရ၏။
” ဟင္…မိန္းမ…ၫႊန႔္စီ…မိန္းမ ထပါဦးဟ…မိန္းမေရ….”
မည္သို႔ပင္ေခၚႏိုးေသာ္လည္း မၫႊန႔္စီမွာႏိုးမလာေတာ့ေခ်။ သို႔ေၾကာင့္ စုန္းျဖဴမကိုေဒါသတႀကီးလွည့္ၾကည့္လာၿပီး
” အယုတၱမာမ…နင္ငါ့မိန္းမကိုသတ္တယ္…နင့္ကိုလည္းငါသတ္မယ္…ေသစမ္း…”
ဆိုကာ အနီရင့္ေရာင္ကေဝစက္အား ထုတ္ၿပီးစုန္းျဖဴမယ္ထံပစ္လိုက္၏။ မထင္မွတ္ေသာအျဖစ္ေၾကာင့္ စုန္းျဖဴမယ္မွာ အားေပ်ာ့ေသာ စက္အားထုတ္ကာ ကာလိုက္၏။
” ဖုန္း…ဝုန္း…ဝုန္း….”
” အာ့….”
စက္ႏွစ္ခုထိေတြ႕သံေၾကာင့္ အသံက်ယ္ေလာင္စြာျမည္ၿပီး စုန္းျဖဴမယ္မွာစက္ႀကိဳးျပတ္သြားၿပီး အေနာက္သို႔လႊင့္သြား၏။
” ေသစမ္းမသာမ…နင့္ေၾကာင့္ငါ့မိန္းမေသရတာ…”
ဆိုကာ သူ၏အျပင္းဆုံးစက္အား စုစည္းလိုက္၏။ ထိုအခ်ိန္ေကာင္းကင္မွ မီးလုံးဆယ္လုံးခန႔္က်လာၿပီး စုန္းျဖဴမယ္အားကူညီရန္ေရာက္လာၾက၏။ ဖိုးေတမွာအားအျပင္းဆုံးစက္ကို စုၿပီးစုန္းျဖဴမယ္ထံပစ္လိုက္၏။
ေကာင္းကင္ထက္မွဝဲလာေသာမီးလုံးမ်ားသည္ လူအျဖစ္သို႔ေျပာင္းသြားၿပီး ထိုသူမ်ားသည္ ေကာင္းကင္သို႔လက္ဆန႔္တန္းကာ အေရာင္စုံစက္ကို တစ္စုတစည္းတည္းျဖစ္ေအာင္စုလိုက္၏။ ဖိုးေတလည္းသူ၏အားအျပင္းဆုံးစက္အား စုန္းျဖဴမယ္ေရွ႕သို႔ပစ္လိုက္သည္။ စုန္းျဖဴမယ္၏လူမ်ားက သူတို႔၏စုေပါင္းထားေသာစက္ျဖင့္ ျပန္ကာလိုက္ရာ စက္အခ်င္းခ်င္းထိၿပီးေပါက္ကြဲသြားရာ က်ယ္ေလာင္ေသာအသံမ်ားထြက္ေပၚလာျပန္သည္။ ႏွစ္ဖက္စလုံးမွာအားျပင္းေသာစက္၏ အရွိန္ေၾကာင့္အေနာက္သို႔လႊင့္သြားၾက၏။ ထိုအခြင့္ကိုယူကာ စုန္းျဖဴမယ္၏လူမ်ားကကုန္း႐ုံးထၿပီး စုန္းျဖဴမယ္အားဆြဲထူကာစက္ႀကိဳးဆြဲၿပီး ထိုေနရာမွအျမန္ျပန္ထြက္သြားၾက၏။ ဖိုးေတလည္းအထိနာေနသျဖင့္ စုန္းျဖဴမယ္ေနာက္ဆက္မလိုက္ေတာ့ဘဲ ပညာစဥ္မ်ားကိုစနစ္တက်ျပန္စုၿပီး ဒဏ္ရာမ်ားျပန္ကုစားလိုက္သည္။
ေမာင္ေရခဲလည္းကိုးက်င္းကေဝထြက္ေျပးသြားသည္ကိုသိသျဖင့္အေနာက္မွလိုက္ခဲ့ရာ နန္းဂူး႐ြာထိပ္သို႔ေရာက္လာခဲ့သည္။
” ဒီ႐ြာရဲ႕…႐ြာေစာင့္နတ္ ခုခ်က္ခ်င္း ငါ့အေရွ႕ေရာက္ေစ…”
ဟုဆိုလိုက္လွ်င္ ေတာင္ေဝွးတေခ်ာင္းေထာက္ထားေသာ အဖိုးႀကီးတစ္ဦးသူ႔ေရွ႕သို႔ေရာက္လာခဲ့သည္။
” ကြၽႏ္ုပ္ေရာက္ပါၿပီဆရာ”
” အိမ္း…သင့္ကိုေမးစရာရွိလို႔ပါ…ၿပီးခဲ့တဲ့ရက္ေတြအတြင္း ဒီ႐ြာကိုကေဝေရာက္လာေသးလား….”
” ေရာက္လာပါတယ္ဆရာ…အဲဒီေကာင္ကက်င္းကိုးေအာင္ထားေတာ့အေတာ္အစြမ္းထက္တယ္…ကြၽႏ္ုပ္ေတာင္သူ႔ကို႐ြာထဲမဝင္ဖို႔တားရင္း သူလုပ္တာခံလိုက္ရေသးတယ္…ၿပီးေတာ့ သူ႔မယားလည္းေမာက္လုံးအဆင့္ရွိတဲ့သူပါ…”
” အင္းဟုတ္တယ္…ဒါနဲ႔႐ြာမွာဘာထူးျခားေသးလဲ…”
” အင္းထူးျခားတာဆိုေတာ့…ဪသိၿပီ… အဲဒီလင္မယားနဲ႔ဒီ႐ြာကပညာသယ္ေတြ ညကပညာၿပိဳင္ၾကတယ္….ႏွစ္ဖက္စလုံးအထိနာသြားၾကတယ္…”
” အိမ္းရၿပီ…ေက်းဇူးဘဲ ႐ြာေစာင့္နတ္ႀကီး သင္ျပန္လို႔ရၿပီ…”
ဟုဆိုလိုက္လွ်င္႐ြာေစာင့္နတ္အဖိုးႀကီးမွာ သူ႔ေရွ႕မွေပ်ာက္သြားခဲ့သည္။ ေမာင္ေရခဲလည္း႐ြာထဲသို႔ဝင္သြားရာ ဒဏ္ရာျပင္းထန္ေနေသာစုန္းျဖဴမယ္ႏွင့္ သူ၏လူတစ္စုအားေတြ႕လိုက္ရသည္။
” ကူ…ကူညီပါဦးဆရာ…ကြၽန္မတို႔႐ြာကို…”
ေျပာ၍ပင္မၿပီးေသးေမာင္ေရခဲက လက္ကာျပလိုက္သျဖင့္ စကားရပ္လိုက္၏။
” အင္း…ငါသိတယ္….ဒီ႐ြာကိုေရာက္လာခဲ့တဲ့လူဟာကိုးက်င္းေအာင္ကေဝဘဲ…သူ႔ပညာအရမ္းထက္တယ္…ေရာ့သင္တို႔ေတြ ဒီေဆးကိုေဖ်ာ္ၿပီးေသာက္လိုက္ပါ…ဒဏ္ရာေတြေပ်ာက္သြားပါလိမ့္မယ္…”
ဆိုကာေမာင္ေရခဲကနတ္ေဆးလုံးအား နည္းနည္းဖဲ့ေပးလိုက္သည္။ စုန္းျဖဴမယ္က
” ေက်းဇူးတင္ပါတယ္ဆရာ…ကိုးက်င္းကေဝကို ကြၽန္မတို႔္အစားႏိုင္နင္းေပးပါ…”
” စိတ္ခ်ေနပါ….ဒါနဲ႔ကိုးက်င္းကေဝကဘယ္မွာပုန္းေနတာလဲ…”
” ႐ြာအစြန္ကဝိုင္းမွာပါဆရာ…”
” ဟုတ္ၿပီ…ဂ႐ုစိုက္ၾကဦး ငါအဲဒီကိုသြားေတာ့မယ္…”
ဆိုကာ စုန္းျဖဴမယ္၏အိမ္မွထြက္လာၿပီး ကိုးက်င္းကေဝရွိရာ ႐ြာစြန္ဘက္သို႔ထြက္လာခဲ့သည္။ ႐ြာစြန္ဘက္သို႔ေရာက္ေသာ္ တဲေလးတစ္ခုတြင္ အေရာင္စုံစက္မ်ားကြန႔္ျမဴးေနသည္ကိုေတြ႕လိုက္ရၿပီး ကေဝေကာင္သည္သူလာသည္ကိုသိသြားၿပီး ေကာင္းေကာင္းႀကိဳဆိုေနၿပီကိုသိလိုက္ရသည္။
” ဟားဟားဟား….ငါ့ေနာက္ကိုလိုက္လာရဲတာေပါ့…ဆရာေကာင္…နင့္ေၾကာင့္ငါ့အစီစဥ္ပ်က္ရတာ…”
ဆိုကာေမာင္ေရခဲ၏ေနာက္ဘက္မွ အသံႀကီးထြက္လာခဲ့၏။ ေမာင္ေရခဲလည္းသတိႀကီးစြာထားကာ အသံလာရာဘက္သို႔လွည့္မၾကည့္ဘဲအာ႐ုံစူးစိုက္လိုက္၏။ အသံတို႔သည္ တေနရာထဲတြင္လာသည္မဟုတ္ဘဲ သူ႔အားပတ္ပတ္လည္ေဝ့ကာေပၚလာေနျခင္းျဖစ္၏။ လူကားမျမင္ရေသးေခ်။ ကိုးက်င္းေအာင္ထားေသာကေဝသည္ ကိုယ္ကိုေဖ်ာက္ႏိုင္ေသာ အဆင့္ပင္ေရာက္ေနၿပီျဖစ္သည္။
” ဟားဟားဟား…နင့္ပညာေလာက္နဲ႔ ငါ့ကို ႏိုင္မယ္ထင္ေနလား….ေရာ့ငါ့ရဲ႕အေစအပါးသရဲေတြကိုသာႏိုင္ေအာင္ခ်လိုက္စမ္း…”
ဆိုကာ အမဲေရာင္အခိုးအေငြ႕မ်ားအားပတ္ဝန္းက်င္တစ္ခုလုံးမွထြက္လာေအာင္လုက္လိုက္၏။ အမဲေရာင္အေငြ႕မ်ားသည္ေပါင္းစည္းသြားၾကၿပီး တေစၦသရဲေကာင္မ်ားျဖစ္သြားကာ ေမာင္ေရခဲထံဝင္လုံးရန္ဟန္ျပင္ၾကသည္။ ေမာင္ေရခဲလည္း လက္ညိဳးျဖင့္သူ၏ပတ္ပတ္လည္ကိုဝိုင္းလိုက္ရာ ေ႐ႊေရာင္အလင္းတန္းမ်ားထြက္လာၿပီး အမဲေရာင္အခိုးအေငြ႕သရဲမ်ားမွာ ျပန္လည္ေပ်ာက္ကြယ္သြား၏။
” ဟားဟား…သင့္ရဲ႕အစြမ္းကလည္းဘယ္ဆိုးလို႔လဲ…” ဟုပတ္ဝန္းက်င္မွအသံထြက္လာျပန္သည္။ ထိုမွတဖန္ တစ္ပုံစံတည္းတူေသာ လူသုံးေယာက္ သည္ေမာင္ေရခဲအားဝိုင္းထားလိုက္ၿပီး
” ဟားဟား….ငါ့ရဲ႕ကိုယ္ခြဲအစြမ္းေတြျမင္ၿပီလား….ငါ့လိုကိုးက်င္းေအာင္ကေဝကို နင္ကႏိူင္မယ္ထင္ေနရင္ စမ္းၾကည့္လိုက္ေလ…”
ဆိုကာထိုလူသုံးေယာက္သည္ လွ်င္ျမန္ေသာအဟုန္ျဖင့္ေမာင္ေရခဲအား ဝိုင္းပတ္ကာေျပး၏။ လွ်င္ျမန္ေသာအရွိန္ေၾကာင့္ ထိုလူသုံးေယာက္ကိုျဖတ္ခနဲျဖတ္ခနဲသာျမင္ႏိူင္ၿပီး ဘယ္လူကကိုယ္အစစ္ဘယ္လူက ကိုယ္ခြဲျဖစ္သည္ကို ဆုံးျဖတ္ရန္ခက္ခဲသြား၏။ ထိုလူသုံးေယာက္ပတ္ေျပးေနေသာဝိုင္းပုံစံမွာတေျဖးေျဖးက်ဥ္းေျမာင္းလာၿပီး ေမာင္ေရခဲလည္းအနည္းငယ္မူးေနာက္သြား၏။ သို႔ေၾကာင့္စိတ္ကိုျပန္လည္စုစည္းလိုက္ၿပီး ကေဝ၏အသိစိတ္ကိုျမင္ေအာင္ၾကည့္လိုက္၏။ ထိုအခါ ေျပးေနေသာလူသုံးေယာက္ထဲတြင္ အလယ္မွတစ္ေယာက္သည္ ခႏၶာကိုယ္မွအစိမ္းေရာင္အေငြ႕အားေတြ႕လိုက္ရ၏။ တျခားကိုယ္ႏွစ္ခုမွာ ဘာအေရာင္မွမေတြ႕ရေခ်။ သို႔္ေၾကာင့္ေမာင္ေရခဲသည္ သုံးထပ္အင္းအား အသက္သြင္းကာ အလယ္လူထံသို႔ပစ္လိုက္၏။
” ဝုန္း….”
ေျပးေနေသာလူသုံးေယာက္မွအလယ္တစ္ေယာက္သည္အရွိန္သတ္သြားၿပီး အျပင္သို႔လႊင့္သြား၏။ ထိုအခ်ိန္ က်န္ႏွစ္ေယာက္မွာ ျမင္ကြင္းမွေပ်ာက္ခ်င္းမလွေပ်ာက္သြား၏။ ထိုႏွစ္ေယာက္မွာဖိုးေတ၏ပုံရိပ္ေယာင္မ်ားသာျဖစ္သည္။
” နင္အရႈံးမေပးေသးဘူးလား ဖိုးေတ…နင္မိုက္ခ်င္စမ္းနဲ႔…”
” ငါ့ကိုတရားခ္စရာမလိုဘူး….နင့္ေၾကာင့္ငါ့အစီစဥ္ေတြပ်က္ခဲ့ရတယ္…ခုလည္းငါအႏွစ္ႏွစ္အလလကသူမ်ားထံေအာက္က်ိဳ႕ၿပီး အဆင္းရဲပင္ပန္းခံ ေလ့လာသင္ယူထားတဲ့ပညာစဥ္ေတြ အကုန္ပ်က္စီးသြားၿပီ…နင္ဟာေလ သူေတာ္ေကာင္းအမည္ခံၿပီး သူမ်ားအက်ိဳးမၾကည့္တတ္တဲ့လူဘဲ…”
” ငါသာသူမ်ားအက်ိဳးမၾကည့္တတ္ရင္ နင့္ကိုေစာနကရင္းငါသတ္လိုက္ၿပီ ဖိုးေတ…နင့္ပညာေတြကိုဘဲငါဖ်က္ဆီးတာ…ေရွ႕ေလွ်ာက္ ေကာင္းေကာင္းေနၿပီး အျပစ္ေႂကြးအတြက္ ျပန္ဆပ္ပါ….”
” နင္ကေလဆရာမလုပ္ဘဲ ဘုန္းႀကီးဝတ္သင့္တယ္သိလား….အေတာ္တရားခ်ေကာင္းတဲ့ေကာင္….ဒါေပမဲ့ငါ့ကိုတရားခ်လို႔မရဘူး…ဒီပညာေတြငါလက္ခံသင္ယူကတည္းက ေနာင္သံသရာမွာျဖစ္လာမဲ့အက်ိဳးဆက္ေတြအတြက္ငါျပင္ဆင္ၿပီးသား…နင္ဘဲလူေကာင္းလုပ္လိုက္ သူမ်ားတကာကိုတရားလိုက္ခ်မေနနဲ႔…ၫြန႔္စီေရငါမင္းဆီလာခဲ့ၿပီကြ….”
ဆိုကာေနာက္ဆုံးက်န္ခဲ့ေသာသက္ေစာင့္ပညာႀကိဳးကိုျဖတ္ၿပီး ကိုယ့္ကိုကိုယ္အဆုံးစီရင္သြားေတာ္သည္။ ေမာင္ေရခဲလည္း သူ႔အျပစ္သူခံသြားတာမွတ္ကာ နန္းဂူး႐ြာမွထြက္လာခဲ့ေတာ့သည္။ …..။
( စိတ္ကူးမွ်သာျဖစ္သည္။ အမွားတစ္စုံတစ္ရာပါခဲ့ေသာ္ စာေရးသူ၏ညံ့ဖ်င္းမႈသာျဖစ္ပါသည္။စာရႈသူအေပါင္း ကိုယ္စိတ္ႏွလုံး က်န္းမာၾကပါေစ)
# ၿပီး
# ခြန္း