“မြတ်စံထွန်း”နှင့်ဓားပြီးဆေး(စ/ဆုံး)

Unicode Version

“မြတ်စံထွန်း”နှင့်ဓားပြီးဆေး(စ/ဆုံး)
————————————
“ငကန့်ပိ ပျားနဲ့တေ သမ္ဗုဒ္ဓေ တစ်ထောင်စုပ်
သံသာပေပဲ့ လူမနဲ့ဘူး”
နွေဦးကလေးပေါက်လာပြီဆိုတော့တောသူတောင်သား လယ်သမားဆိုတာမျိုးက စပါးလေးပေါ်လို့ငွေလေးတွေရွှင်ကြချိန်လေ။ ရွာတိုင်းလိုလို ဗြောစည်တီးလို့ အလှူကြီးပေးကြတာကလည်းအရပ်ဓလေ့တစ်ခု။ဒီလိုပါပဲ တလုပ္ပင်ဆိုတဲ့ရွာကလေးမှာ အလှူတစ်ခုရှိတယ်။ အရင်ကတော့တလုပ္ပင်အခုတော့ တလုပ်ပင်ဖြစ်နေပြီ။ တောအလှူဆိုပေမယ့် အလှူရှင်က လယ်ပိုင်ယာပိုင်နဲ့တောသူဌေး။သဘောလည်းကောင်းတော့အနီးအနားရွာကဧည့်သည်တွေနဲ့စည်ကားသိုက်မြိုက်နေတော့တာပေါ့။
ရှင်ကတော့ တစ်ပါးထဲ။ တစ်ဦးတည်းသောသားဖြစ်တဲ့ မောင်ချစ်လုံးတဲ့။ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူတာမို့ ရပ်နီးရပ်ဝေးလူကြီးလူငယ်မရွေး အလှူကိုလာကြတာပေါ့။ နေ့လယ်ရောက်တော့ နတ်ပြဖို့ ရှင်လောင်းကိုမြင်းပေါ်တင်။ရှေ့ကဗြောလှည်းကြီးကတအိအိနဲ့အလှူ့ဒကာအလှူအစ်မတို့က သပိတ်သင်္ကန်းကိုယ်စီပိုက်လို့ ကန်တော့ပွဲရွက်သူကရွက်၊ကွမ်းတောင်ပန်းတောင်ကိုင်သူများကကိုင် အရပ်ရှည်ရှည်နဲ့လူပျိုကြီးကမြင်းပေါ်ကမောင်ရှင်လောင်းကိုရွှေထီးမိုးထားပြီ။ လက်ကသာရွှေထီးမိုးပြီး မျက်လုံးကကွမ်းတောင်ကိုင်တွေဆီရောက်နေတော့ ထီးရိုးနဲ့ရှင်လောင်းနဖူးနဲ့က တခွက်ခွက်။
အသွားတုန်းကတော့ အကောင်းပါ။ရွာပြင်က နတ်ကွန်းရောက်တော့ ကန်တော့ပွဲကြီးကိုနတ်စင်ရှေ့မှာချပြီး မိန်းမကြီးတစ်ယောက်က ရှင်လောင်းကိုနတ်ပြတယ်။ ပြီးတော့ နတ်စင်ရှေ့မှာဖျာကြမ်းလေးခင်းပြီးမောင်ရှင်လောင်းကိုနတ်စင်ဦးချခိုင်းတော့တယ်။
ချစ်လုံးကလည်း ကလေးသာသာဆိုတော့ ဦချခိုင်းတော့ချတာပေါ့။ ဘုန်းကြီးကျောင်းမှာဆံချဖို့အပြန်ပြဿနာကစပြီ။ရှင်လောင်းကိုချီပြီးမြင်းပေါ်တင်တော့ မြင်းကခါချတယ်။ ရှင်လောင်းချစ်လုံးလည်းပြုတ်ကျမလိုဖြစ်လို့ မနည်းချီထားလိုက်ရတယ်။
ရှင်လောင်းဆိုတာမြေတောင်မနင်းရဘူးတဲ့လေ။မြင်းကြီးကိုချော့မော့ပြီးပြန်တင်တော့လည်းမြင်းကအတင်းရုန်း။ခွာတွေခုတ်၊နှာတွေမှုတ်ပြီး လူအုပ်ကြားကထွက်ပြေးပါလေရော။အလှူတွေအပွဲပွဲနွဲလာတာ သိပ်လိမ္မာတဲ့မြင်းကြီး အခုမှဖမ်းဖို့တောင်ခက်နေတယ်။ လူအုံတာလည်းသူ့မြင်ဖူးတယ်။ ဗြောသံလည်းနားယဉ်ပြီးသား။ ဘာကိုလန့်နေမှန်းမသိ၊ရှင်လောင်းကိုကျောပေါ်အတင်မခံတော့ အလှူ့ရှင်တွေမျက်နှာပျက်ကုန်ကြပြီ။ဒီတော့မှရွာသူကြီးက…
“ကဲကဲ…အဆင်မပြေကြရင် ဒီတိုင်းချီခဲ့တော့ကွာ…တတ်နိုင်ဘူး…ကျောင်းကိုအချိန်မီရောက်ဖို့လိုတယ်”
ရှင်လောင်းချစ်လုံးကို လူတစ်ယောက်က ပွေ့ချီပြီး ဗြောလှည်းကြီးတစ်ဖက်လှည့်ရွာထဲဝင်လိုက်တော့..
“ငါ့မြေးရှင်ပြုကို ဖျက်လို့ဖျက်စီးလုပ်တာ ဘယ်မကောင်းဆိုးရွားလဲဟေ့”
မောင်ရှင်လောင်းချစ်လုံးရဲ့အမေ အလှူ့အစ်မက ဒီလိုထအော်လိုက်တာပါ။ ဗြောသံလည်းတိတ်သွားတယ်။တစ်ရွာလုံးလည်းသူ့အနားအုံလာကြပြီ။ အသံတုန်တုန်ရင်ရင်ကြီးနဲ့ဒေါသလည်းအတော်လေးထွက်နေပုံရပါတယ်။ ပိုက်ထားတဲ့သင်္ကန်းတောင်းကိုလွတ်ချပြီး…
“ထွက်ခဲ့စမ်းပါ…ဖွားသစ်တဲ့ဟေ့ တစ်သစ်ထဲရှိတယ်
ငါ့မြေးရှင်ပြုကို ဘယ်သူနှောက်ယှက်ဝံ့သလဲ..ဟေ”
ဒီတော့မှ အလှူဒကာကြီးလည်း သပိတ်ကိုတစ်ခြားသူဆီပေးပြီးမူမမှန်တဲ့သူ့မိန်းမကို..
“အမေ…အမေလား”
“အေး…ဟုတ်တယ် ငါနင့်အမေဖွားသစ်ပဲ…အခုငါ့မြေးရှင်ပြုမှာ ငါသာဓုခေါ်ဖို့စောင့်နေတာ…ဘယ်မကောင်းဆိုးရွာက မြင်းကိုလှန့်နေသလဲမသိဘူး”
“ကိစ္စမရှိပါဘူးအမေရယ်…မြင်မရှိလူနဲ့သွားပါ့မယ်…အမေအတွက်လည်း ကုသိုလ်ပြုခဲ့ပါအုံးမယ်..
အခုတော့ကလေးတွေလန့်မှာစိုး….”
“ဟေ့…တော်စမ်း…နင်လျှာမရှည်နဲ့…ဒါမျိုးတော့မခံဘူးဟေ့”
ကလေးတွေလည်းကြောက်လန့်ပြီးပြန်ပြေးကြပြီ။ အလှူဒကာကြီးလည်း မျက်ရည်စို့ရပြီပေါ့။သားဖြစ်သူမောင်ရှင်လောင်းမြင်းတင်မရတဲ့အထဲ အမေဖြစ်သူကပါ မကျွတ်လွတ်သေးဘဲ မိန်းမကိုဝင်ပူးနေလို့ဘာလုပ်ရမှန်းမသိဖြစ်ကုန်ကြတယ်။
အဲ့ဒီအချိန် နတ်စင်နဲ့ခပ်လှမ်းလှမ်းက လူတစ်ယောက်လာနေတာကိုတစ်ရွာလုံးလှမ်းမြင်နေရတယ်။
သရဲပူးနေတယ်အလှူ့အစ်မကြီးဆီကအကြည့်တွေလည်း ခပ်လှမ်းလှမ်းကလာနေတဲ့လူဆီရောက်ကုန်ကြတယ်။
အေးအေးဆေးဆေးနဲ့ လျောက်လာနေလိုက်တာ။ ကျောထောက်နေတဲ့ဆံပင်ရှည်ကို နောက်မှာစုထုံးပြီး လွယ်အိတ်တစ်လုံးလည်းလွယ်ထားတယ်။
ရှမ်းဘောင်းဘီအနက်ကို ခါးစည်းကြိုးညာထုံးပြီး
ဖျည်အင်္ကျီအနက်လက်ရှည်နဲ့။အပေါ်ကလည်းခြုံထည်အနက်ကြီးကိုလည်ပင်းမှာပတ်ထားသေး။ နွေဦးရဲ့လေရူးလေပွေကြားမှာ ရိုးပြတ်တွေကိုနင်းပြီးလျောက်လာသူက “မြတ်စံထွန်း”။
တဖြည်းဖြည်းလူအုပ်ကြီးအနီးကိုရောက်လာတော့ တစ်ရွာလုံးလည်း သူစိမ်းမို့အဆန်းလုပ်ကြည့်နေကြတယ်။ မြတ်စံထွန်းက လက်ကိုနောက်ယှက်ပြီးသရဲပူးနေတဲ့အလှူ့အစ်မကြီးဆီတည့်တည့်ဝင်သွားတယ်။
ရှေ့ရောက်တော့…
“စိတ်ကိုလျော့ပါအုံး အမေကြီး…ကိုယ့်ကြောင့် တပါးသူတွေကိုစိတ်မညစ်ပါစေနဲ့…ဒါနှောက်ယှက်တာမဟုတ်ပါဘူး…အသိပေးတာဖြစ်ပါတယ်”
“ဘယ်သူကအသိပေးတာလဲ…ငါ့မြေးအလှူကိုဘာကိစ္စကြောင့် ဒီလိုလုပ်ရသလဲ”
“အမေကြီး ကျုပ်မေးတာလေးကိုအရင်ဖြေပါအုံး…အမေကြီးအရင်ကဘယ်မှာနေပါသလဲ”
“ငါ ရွာပြင်က လက်ပံပင်ကြီးမှာ သရဲကြီးဖြစ်နေတာကြာပြီ…အခုငါ့မြေးရှင်ပြုအလှူမို့ငါလိုက်လာတာ”
“ကဲပါ… အမေကြီးနေရပ်ကိုပြန်ပါ ဒီကိစ္စအားလုံးအဆင်ပြေစေရမယ်လို့ ကျုပ်ကတိပေးပါတယ်”
“ဟုတ်ရင်ဟုတ်ပေါ့ …မဟုတ်ရင်ဖွားသစ်အကြောင်းသိမယ်”
အလှူ့အစ်မကြီးမေ့လဲသွားပြီ။ သူ့မိန်းမကိုပြေးပွေ့ပြီး အလှူ့ဒကာ ကမေးစေ့လေးလှုပ်လှုပ်နှိုးတယ်။သတိပြန်ရလာတော့ မြတ်စံထွန်းက ဘေးကကြာပွတ်ကိုင်ထားတဲ့လူကိုကြည့်ပြီး…
“မြင်းပိုင်ရှင်ထင်ပါရဲ့…ထိန်းမရရင် ကြာပွတ်ခဏပေးပါ”
ကြိုးတောင့်တောင့်ကို လက်ကိုင်တပ်ထားတဲ့မြင်းရိုက်ကြာပွတ်ကိုမြတ်စံထွန်းကယူပြီး အနားကစိန်ပန်းပင်ကိုရိုက်ရိုက်ခေါ်တော့ ထွက်ပြေးသွားတဲ့မြင်းကြီးပြန်လာပါလေရော။
“ရှင်လောင်းကို မြင်းပေါ်တင်ကြည့်ပါအုံး”
ဒီတစ်ခါမှာတော့ မြင်းကြီးကငြိမ်နေတယ်။ အားလုံးအဆင်ပြေသွားပြီးမို့ အစီအစဉ်အတိုင်းဆက်သွားကြဖို့သူကြီးကဆော်သြတယ်။ ဗြောသံလည်းပြန်ကြားရပြီ။ ဘုန်းကြီးကျောင်းရောက်တဲ့အထိ အလှူ့အစ်မကြီးကသူ့ယောက်ျားကိုဘာတွေဖြစ်ကုန်သလဲမေးနေ
တုန်း။
မြတ်စံထွန်းကတော့ ဆံချသင်္ကန်းစီးတဲ့အထိမနေတော့ဘဲသူကြီးနဲ့အတူအလှူအိမ်ကိုသွားကြတယ်။
ကောင်းကောင်းဧည့်ခံထားဖို့နဲ့ ပြန်လာရင်တွေ့ချင်သေးကြောင်း အလှူဒကာကြီးက သူကြီးနဲ့မြတ်စံထွန်းကိုသေချာမှာတယ်။
အလှူအိမ်ရောက်တော့ သံဃာစင်ဘေးမှာ သင်ဖြူးခင်းပြီးသူကြီးနဲ့မြတ်စံထွန်းတို့အတူထိုင်ကြတယ်။
အလှူဒကာ အလှူအစ်မတို့လည်းသားကိုရင်ကိုကျောင်းမှာထားပြီးအိမ်ပြန်လာကြပြီ။မဏ္ဍပ်ထဲမှာရှိတဲ့ဧည့်ပရိသတ်ကိုရွာဓလေ့အတိုင်းဖျော်ဖြေဖို့အနီးအနားရွာတွေကငှားထားတဲ့အိုးစည်ဝိုင်းဒိုးပတ်ဝိုင်းတွေကလည်းအသင့်။ဒိုးပတ်ဝိုင်းနဲ့ဖျော်ဖြေနေတုန်း သူကြီးကစပြီး…
“မောင်ရင်က အတော်စွမ်းသားပဲ…ဘယ်ကလာသလဲကွယ့်..”
“ခရီးသွားတစ်ယောက်ပဲဆိုပါတော့သူကြီး…”
“လောကီရေးရာမှာတော့ မြင်ရတဲ့အတိုင်း မောင်ရင်ကတကယ်စွမ်းပါတယ်…မသိလို့မေးပါရစေကွယ်…ဒေါ်ဖွားသစ်က ရွာထဲဝင်လို့ရတယ်ဆိုတော့ ရှေးလူကြီးတွေပြောသလို ရွာစောင့်နတ်ကမတားဘူးလား…ပြီးတော့ မြင်းကိုဘယ်လိုပုဂ္ဂိုလ်မျိုးကနှောက်ယှက်သလဲ..အဲပြီးတော့ ထွက်ပြေးသွားတဲ့မြင်းကိုမောင်ရင်ဘယ်လိုခေါ်လိုက်သလဲ”
ဒီလိုမေးခွန်းအရှည်ကြီးမေးပေမယ့်မြတ်စံထွန်းက ပြုံးပါတယ်။
“တစ်ခုချင်းဖြေပါ့မယ်သူကြီး…ရွာထဲကို ဒီလိုအပ ပယောဂ ဝင်ဖို့ဆိုတာမလွယ်ပါဘူး..သူကြီးပြောသလိုရွာစောင့်နတ်ကတားပါတယ်။ဒါပေမယ့် ရှင်လောင်းကိုနတ်ပြတဲ့အခါနတ်စင်ကိုဦးချမိပါလိမ့်မယ်”
“ဦးချလိုက်တယ်မောင်ရင်…အဲ့ဒါမှားသလား”
“ဟုတ်ပါတယ်သူကြီး…အမှန်က ဒီရှင်လောင်းဟာ သာမဏေအဖြစ် ကူးပြောင်းတော့မှာမို့ ရွာဦးရွာထိပ်ရွာနိမိတ်မှာရှိတဲ့ နယ်ပိုင်ရွာစောင့်နတ်ကို သာဓုခေါ်ဖို့ ရှင်လောင်းကို ကြည်ညိုစေဖို့ ပြတဲ့သဘောပါ ဒါကိုနောက်ပိုင်းမှာအယူလွဲမှားပြီး နတ်စင်ကိုဦးချမိတဲ့အခါ ရွာစောင့်နတ်က သူမနေနိုင်လို့ ခဏခွာသွားပါတယ်…ဒါကြောင့် ရှင်လောင်းရဲ့မကျွတ်လွတ်သေးတဲ့ဖွားအေဖြစ်သူကရွာထဲထိကပ်ပါလာတာပါ”
“အော်…ဒါဆိုမြင်းလန့်တာကရော”
“ဒါလည်းရှင်းပါတယ်သူကြီး…သာမာန်လူမျက်စိနဲ့မမြင်အပ်တဲ့အမေကြီးကို မြင်းကမြင်လိုက်ပြီးလန့်တာပါ…ဒါကိုအမေကြီးမသိတော့ ဘယ်သူလှန့်သလဲဆိုပြီး စိတ်တိုသွားတယ်ထင်ပါရဲ့”
“တွေးကြည့်ပြန်တော့လည်း အဟုတ်သားလား…ဒါနဲ့ထွက်ပြေးတဲ့မြင်းကိုခေါ်တာကရောကွယ့်”
“ဒါက အင်္ဂဝိဇ္ဇာနည်းပါသူကြီး…အင်္ဂဝိဇ္ဇာကျမ်းမှာ “သူ့ကိုနိုင်လို ဆကိုခို”ဆိုတဲ့နည်းကိုသုံးလိုက်တာပါ။ ဆ ဆိုတာဆဋ္ဌရဲ့အတိုကောက် ခြောက်ကိုပြောတာပါ။ အနိုင်လိုတဲ့နာမ်ရဲ့ခြောက်ခုမြောက်ဖြစ်တဲ့နာမ်ကို ဉာဏ်ရှိသလိုသုံးရပါတယ်။ မြင်းဆိုတဲ့ကြဿပတေးနာမ်ကို ခေါ်တဲ့အခါ ကြာဿပတေးနာမ်ကစလို့ ရေတွက်လိုက်ရင် ခြောက်ခုမြောက်ကအင်္ဂါပါ။ဒါကြောင့် သူ့ကိုရိုက်တဲ့ကြာပွတ်နဲ့အနားကအင်္ဂါနာမ်ဖြစ်တဲ့စိန်ပန်းပင်ကိုရိုက်ပြီးခေါ်လိုက်တာပါသူကြီး။
ဥပမာထပ်ပြောရရင် လူတွေကငွေကိုလိုတဲ့အခါ ငွေရဲ့တနင်္လာနာမ်ကနေခြောက်ခုမြောက်နာမ်ကိုရေတွက်ရင် စနေနံဖြစ်ပါတယ်။ဒါကြောင့်နတ်ကို ကိုးကွယ်ပါတယ်။ ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ယတြာနည်းတွေပေါ့ဗျာ”
“ဒီအရွယ်နဲ့ ဒီလောက်တော်နေတာ ချီးကျူးပါတယ်မောင်ရင်…”
သူကြီးက ခေါင်းတညိမ့်ညိမ့်နဲ့ မြတ်စံထွန်းရဲ့အရည်အချင်းကိုသဘောကျနေတယ်။မဏ္ဍပ်ထဲမှာလည်း ဒိုးပတ်ဝိုင်းတွေအလှည့်ပြီးလို့ နားကြပြီ။ ဦးရွှေရိုးလည်းနှုတ်ခမ်းမွေးဖျက်လို့၊ဒေါ်မိုးကလည်း ရေသောက်လို့။ ဒိုးပတ်အလှည့်ပြီးတော့ အိုးစည်ဝိုင်းအလှည့်ကျပြီဆိုတာကို ရွာဆော်ကြီးက အော်ပြောတယ်။အိုးစည်ဝိုင်းဆိုတာ ဗမာရိုးရာအိုးစည်တိုတိုလေးတွေတော့မဟုတ်ဘူး။ရှမ်းအိုးစည်ဝိုင်းဆိုပါတော့။ ရှမ်းဝိုင်းဆိုတော့ သိုင်းကမပါမဖြစ်လေ။
ငှားထားတာကတော့ နှစ်ဖွဲ့။တစ်ဖွဲ့ကို လူနှစ်ဆယ်လောက်ပါတယ်။အိုးစည်၊မောင်း၊လင်းကွင်းတို့တီးသူက ငါးယောက်လောက်နဲ့ သိုင်းကမှာက ဆယ့်ငါးယောက်ပေါ့။တစ်ဖွဲ့က ဗမာတွေဖြစ်ပြီးနောက်တစ်ဖွဲ့ကတော့ရှမ်းလူမျိုးစစ်စစ်တွေပါ။
ဗမာသိုင်းဆရာကြီးနာမည်က ဆရာညိုတဲ့ ရှမ်းဆရာကြီးကတော့ခွန်အုံးသာတဲ့။ရှမ်းလူမျိုးတွေရဲ့နာမည်မှာ စဝ်ဆိုရင် စော်ဘွားမျိုး အရှင်သခင်တဲ့။ ခွန်ဆိုရင်တော့ မင်းမှုထမ်းမျိုးရိုးလို့သိရပါတယ်။ ဆရာကြီးခွန်အုံးသာက နန်းတွင်းမင်းမှုထမ်းမျိုးရိုးထင်ပါရဲ့။
မဏ္ဍပ်ထဲက အလယ်မှာရှိတဲ့ ဝါးတိုင်တစ်လုံးကိုထုတ်ပစ်လိုက်တော့ သိုင်းကဖို့နေရာကျယ်သွားပြီ။မဏ္ဍပ်ထဲက ရွာဆော်ကြီးကတော့….
“ကဲ….ဒိုးပတ်ဝိုင်းများအပြီးမှာ…ရှမ်းဆရာကြီးခွန်းအုံးသာရဲ့ နန်းတွက်ဓားရေးခြောက်ဆယ်နဲ့ ကပြဖျော်ဖြေတော့မှာဖြစ်ပါတယ်။ ဧည့်ပရိတ်သတ်များ အိုးစည်လှမ်းလှမ်းပွဲလှမ်းလှမ်းက ဓားမနမ်းအောင်ရှု့စားကြပါခင်မျာ”
“နောင်..နောင်..နောင်..ဗေ့..နောင်”
နှစ်ပေါက်ခေါ်မောင်သုံးချက်တီးပြီးချိန်မှာ အိုးစည်ကြီးကို တစ်ချမ်းပိတ် ဖိတီးလိုက်တဲ့ “ဗေ့”ဆိုတဲ့အသံကြီးကရင်ကိုတုန်သွားစေနိုင်တယ်။ နောက်တစ်ချက်အချမောင်းမှာလင်းကွင်းကလည်း ခွာရိုက်လိုက်တော့”ရှဲ”ခနဲကျသွားရင်း ငြိမ့်ပြီးအေးအေး သာယာတဲ့ အိုးသည်သံထပ်ထွက်လာပါတယ်။ ရှမ်းအိုစည်အမြီးရှည်ကြီးကိုခါးစောင်းတပ်ပြီး လက်ခမောင်းခတ်တီးလာသူက ဆရာကြီးခွန်အုံးသာ။ တပည့်တွေကလည်း တုတ်၊ဓား၊လှံ စတာတွေနဲ့ဝန်းရံထားကြတာပေါ့။
မဏ္ဍပ်ထဲရောက်တော့ ပွဲတစ်ပွဲပေးထားတယ်။အမွေးတိုင်အလင်းတိုင်တွေနဲ့ အုံးပွဲငှက်ပျောပွဲနားမှာ အိုးစည်ကိုစည်းချက်ညီညီချလိုက်ပြီး ပွဲတိုက်ကြတယ်။ ဆရာကြီးကလည်းတပည့်တွေကို ပွဲမှာ ဦးတိုက်ခိုင်းတယ်။ပြီးမှ ကြိုးတစ်ချောင်းနဲ့စည်းကျယ်ကျယ်တားလိုက်ပြီး အိုးစည်ပြန်တီးတယ်။ရှမ်းတို့ရဲ့ရိုးရာပင်နီနဲ့ရှမ်းဘောင်းဘီတွေကိုဝတ်ဆင်ထားပြီး တပည့်များကတစ်လှည့် ဆရာကြီးခွန်အုံးသာကတစ်လှည့်ဓားနှစ်ဖက်ကိုကိုင် သိုင်းကွက်တွေအဆင်းအတက်နင်းလို့လှလှလေးကသွားကြတယ်။
အားလုံးကလည်း ကြည့်ကောင်းနေကြတော့ ပရိသတ်ကလက်ခုပ်လက်ဝါးတီးပြီးအားပေးတာပေါ့။ဆရာကြီးခွန်အုံးသာတို့အလှည့်ပြီးတော့ ရွာဆော်ကြီးက အသံကျယ်ကျယ်နဲ့…
“ဟန်မှူ မှန်မောင်း မနှင့်ပေါင်း၍ ဌာန်ကောင်းညီညာ သိုင်းပညာဆိုသလို ယခုတဖန်အလှည့်ကြတာကတော့ ဘုတလင်နယ်က ဆရာညိုပါတဲ့ခင်များ”
ရှမ်းအိုးစည်ကိုငြိမ့်ငြိမ့်မတီး ညံအောင်တီးပြီး ဝိုင်းထဲကိုဒုန်းလွှတ်သလို ဝင်လာသူကတော့ ဆရာညိုပါ။
အသားညိုပြီးရှမ်းဆရာကြီးထက်ဗလကောင်းတဲ့အပြင်အင်္ကျီဝတ်မထားတော့ ခန္ဓာကိုယ်မှာဆေးအင်းစမအစုံကိုတွေ့မြင်နေရပါတယ်။ ခါးတောင်းကိုမြောင်အောင်ကြိုက်ပြီး ငှက်ကြီးတောင်ကိုသွားနဲ့ကိုက်ထားတယ်။ ခေါင်းမှာလည်း ယောင်ထုံးကြီးနဲ့။
ဆရာညိုရဲ့ရှမ်းဝိုင်းအတွက်လည်းပွဲတစ်ပွဲရှိတယ်။ ပွဲနားမှာ ရှမ်းအိုးစည်ကိုလှန်ပြီး အသင့်ပါလာတဲ့အရက်တစ်လုံးအိုးစည်ထဲလောင်းထည့်လိုက်တယ်။ ပြန်မှောက်လိုက်တော့ အရက်တွေထွက်မလာတော့ဘူး။ တပည့်တစ်ယောက်ဆီက ဓားမြောင်တစ်ချောင်းတောင်းလိုက်တယ်။ပြီးမှလက်ထဲမှာပါလာတဲ့အသားစိမ်းတုန်းကို ဓားနဲ့ထုတ်ချင်းပေါက်အောင်ထိုးပြီးပွဲအုန်းသီးမှာစိုက်တယ်။သေချာကြည့်လိုက်တော့
အုန်းသီးပေါ်က ဓားစိုက်ထားတဲ့ဓားဦးတည့်တည့်မှာ အင်းတစ်ကွက်ဆွဲထားတယ်။
ဆရာညိုက ဆရာခွန်အုံးသာတို့လို့ ကကွက်မဟုတ်ဘူး။ တိုက်ကွက်တွေနဲ့ချကြတာ။ အိုးစည်တီးကွက်ကလည်းရှမ်းကြီးသိုင်းလို့မငြိမ့်ဘဲ ခပ်သွက်သွက်တီးကြတယ်။ တပည့်တွေများ တစ်ယောက်နဲ့တစ်ယောက်တိုက်ကွက်ချကွက်တွေနဲ့ အပြိုင်ဖျော်ဖြေနေတာ
ကြည့်နေသူများအဖို့ရင်တထိတ်ထိတ်။
ဓားအစစ်တွေနဲ့ တကယ်လိုထိုးခုတ်နေကြတော့ လန့်ကြတာပေါ့။ တပည့်တွေ့အလှည့်ပြီးတော့ ဆရာညိုက
ပွဲရှေ့မှာလက်အုပ်ချီပြီး ပါးစပ်မှာကိုက်ထားတဲ့ဓားကိုမြေမှာစိုက်၊အသားစိမ်းတုန်းကြီးကို ယူကိုက်ထားလိုက်တယ်။ ခနနေတော့ တစ်ကိုယ်လုံးယိမ်းထိုးလာပြီး အသားစိမ်းတုန်းကိုထွေးထုတ်လိုက်တော့တယ်။ ပါးစပ်ကလည်း….
“မပြုမပြင်နဲ့ သူ့သခင်ဘဘကျော်ရဲ့ အားအထားရဆုံး ဘုတလင်နယ်စား ညိုကြီးတဲ့ဟေ့…”
ဘေးမှာစိုက်ထားတဲ့ဓားရိုးကိုနင်းပြီးခုန်လိုက်တာ မဏ္ဍပ်အမိုးနားထိရောက်သွားပြီးဝိုင်းလယ်ကိုပြန်ကျလာတော့ မြေပြင်မှာ ဖနောင့်ရာအကြီးကြီးထင်သွားတယ်။ စီစဉ်ထားတဲ့အတိုင်း တပည့်အယောက်နှစ်ဆယ်လောက်ကဆရာဖြစ်သူကိုဓားနဲ့ဝိုင်းခုတ်ကြပါတယ်။တကယ်ခုတ်ခိုင်းထားတာပါ။ လူနှစ်ဆယ်ကြားမှာ ကျွမ်းထိုးလိုက် ရှောင်လိုက်တိမ်းလိုက်နဲ့ ဆရာညိုကိုလုံးဝမထိပါဘူး။ တစ်ချက်မှာတော့ဆရာညိုရဲ့တပည်တစ်ယောက်ကဓားကိုအပြားလှန်ထိုးလိုက်တာ ဆရာညို့လည်ပင်းကိုထိုးမိသွားပါတယ်။
ပရိသတ်တွေက ဟာခနဲဟင်ခနဲ ဖြစ်ကုန်ကြပေမယ့်။ဆရာညိုလည်ပင်းကမပေါက်ဘဲ ဓားကွေးသွားပါတယ်။ တပည့်တွေကို အမှောက်သိပ်ပြီးချိန်မှာ အားမရသေးဘဲ ဆရာညိုကဘီလူးစီးသလိုဖြစ်နေပြီး ဓားနှစ်ချောင်းကိုရင်ဝထောက်ပြီး မှောက်ချလိုက်တာဓားတွေကွေးညွတ်ကုန်ပါတယ်။ ဒါတင်မကသေးဘဲတစ်ကိုယ်လုံးကိုအုန်းဆံကြိုးကြီးနဲ့လှုပ်မရအောင်တုတ်ပြီးစောင်နဲ့အုပ်ခိုင်းထားပါတယ်။ ရှမ်းဝိုင်းကလည်းပိုပြီးဆူအောင်တီးကြတယ်။ မကြာလိုက်ပါဘူးစောင်ခြုံအောက်ကဆရာညို ကြိုးခွေကြီးကိုင်ပြီးကထွက်လာပါတယ်။
ဆရာညိုတို့ရှမ်းဝိုင်းလည်း အလှည့်ပြီးရော ပရိသတ်ထဲက လူတစ်ယောက်က…
“ဗျို့ ရှမ်းဆရာကြီး…ဒီဖက်ကဆရာညိုလို ဓားပြီး
သလားဗျို့ ကျုပ်တို့ကြည့်ချင်စမ်းပါရဲ့”
ဆရာကြီးခွန်အုံးသာက ပြုံးပြီးတော့ရှမ်းသံဝဲဝဲနဲ့…
“မပြီးပါဘူးမောင်ရယ်…”
ဆရာကြီးက ဒီလိုပြောပေမယ့် မခံချင်စိတ်ရှိတဲ့ဆရာကြီးတပည့်က ဓားတစ်ချောင်းကိုယူပြီးဆရာညိုလို လည်မြိုထောက်ကွေးပြတော့ ဆရာခွန်အုံးသာက တားတယ်။ ဒါပေမယ့်ပရိသတ်မြင်သွားပြီဆိုတော့မနေသာတော့ပါဘူး…
“တပည့်တောင်ဒီလောက်စွမ်းတာ အစွမ်းပြပါအုံးဆရာကြီးရဲ့”
ရှမ်းဆရာကြီးကတော့ မထူးတော့ပြီမို့ အလှူမှာထမင်းဟင်းချက်တဲ့နေရာက ပြာကိုလက်သုံးချောင်းနဲ့ယူခဲ့ဖို့သူ့တပည့်တစ်ယောက်ကိုမှာတယ်။
ယူလာတဲ့ပြာတွေကိုဆရာကြီးက လက်ဝါးမှာဆုပ်ပြီးဂါထာတစ်ပုဒ်နဲ့မန်းမှုတ်လိုက်တယ်။ပြီးတော့တပည့်တစ်ယောက်စီရဲ့နဖူးမှာတစ်ချက်စီတို့ပြီး နောက်ဆုံးပြာနည်းနည်းကိုပွဲအုန်းသီးမှာဖြူးထားလိုက်တယ်။
သူလည်းဆရာညိုလိုစွမ်းတာပါပဲ…တပည့်တွေနဲ့အပြန်အလှန်ဓားရေးပြတယ်။ အခုတ်ခံရတဲ့တပည့်တွေလည်းဘာမှမဖြစ်သလို ရှမ်းဆရာကြီးလည်းဘာမှမဖြစ်ပါဘူး။ ဒါထက်ထူးဆန်းတဲ့ပြကွက်အတွက်ဆရာကြီးက ဓားလေးချောင်းကို မဏ္ဍပ်အလယ်လှမ်းပစ်လိုက်တယ်။ ဓားတွေကလဲမသွားဘဲ အချွန်ပက်လက်နဲ့လေပေါ်မှာလည်နေတယ်။အဲ့ဒီ့ဓားဦးအချွန်တွေကိုဆရာကြီးခွန်အုံးသာကတစ်ခုချင်းတက်နင်းပြလိုက်တော့ပရိသတ်တွေလည်း ဆရာညိုတို့ကိုစိတ်မဝင်စားတော့ဘူး။
ဒီမှာတင်ဆရာညိုက ရှမ်းဆရာကြီးရဲ့ပွဲကိုဓားမြောင်တစ်ချောင်းနဲ့လှမ်းပေါက်တယ်။ ဆရာညိုပေါက်လိုက်တဲ့ဓားကို ရှမ်းဆရာကြီးရဲ့တပည့်တစ်ယောက်က ကန်ထုတ်လိုက်တာ ခြေထောက်မှဓားရှပြီးသွေးထွက်သွားတယ်။ ဒါကိုမြင်တဲ့ရှမ်းဆရာကြီးလည်းဆရာညိုကို စေ့စေ့ကြည့်ပြီး…
“ဒါဘာသဘောလည်း ဆရာညို”
“ဓားပီးတဲ့ဆရာကြီးတပည့်ကအခုတော့ကျုပ်ဓားကိုမခံနိုင်ပါလား…ရှမ်းဆရာကြီးနဲ့ ပညာချင်းဖလှယ်ချင်လို့ပါ”
“ကျုပ်က လက်မခံဘူးဆိုရင်ရော…”
“လက်မခံရင်တော့ ကျုပ်ကို ဦးညွတ်ပြီးမှ ဝိုင်းထွက်ရမယ်”
မနာလိုစိတ်ရှိတဲ့ ဆရာညိုရဲ့စကားကြောင်း ရှမ်းဆရာကြီးခွန်အုံးသာရဲ့တပည့်တွေဒေါသထွက်လာတယ်။ဆရာညိုလည်း လူပုံအလည်မှာတပည့်တွေကို အရှက်မရအောင်စိန်ခေါ်မှုကိုလက်ခံလိုက်တယ်။
“အရှုံးအနိုင်ကို ဘယ်လိုဆုံးဖြတ်မလဲဆရာညို”
“သွေမြေကျသူအရှုံး”
“ကောင်းပြီလေ စလိုက်ကြတာပေါ့”
ဆရာညိုက စပြီးတိုက်ခိုက်တယ်။ ရှမ်းဆရာကြီးကလည်းအထိမခံဘဲရှောင်တယ်။ ဓားတစ်ယောက်တစ်ချောင်းနဲ့ဆိုပေမယ့် သိုင်းပညာအရာမှာရှမ်းဆရာကြီးကသာတယ်။ ဓားချက်တွေအများကြီးခုတ်နိုင်ပေမယ့် ဆရာညိုကအရာမထင်ဘူးဖြစ်နေတယ်။ နှစ်ယောက်သား လက်ပမ်းကျလာချိန်ဓားချက်တွေရဲ့အလွန် တစ်ယောက်တစ်ချက်ကန်လိုက်မိကြတယ်။ နှစ်ယောက်ကွာသွားချိန်မှာ ဆရာညိုကခြေလှမ်းယိုင်သွားတဲ့ရှမ်းဆရာကြီးကို ဓားမြောင်နဲ့လှမ်းပေါက်တယ်။
ဆရာကြီးခွန်အုံးသာရဲ့မျက်နှာရှေ့တစ်တောင်အကွာလောက်ကနေ ဓားမြောင်ကိုလူတစ်ယောက်ကဖမ်းထားလိုက်တယ်။ ဆရာကြီးနှစ်ယောက်ရဲ့အ
ကြည့်ကဓားကိုဖမ်းလိုက်သူဆီရောက်သွားကြတယ်။
ဒီမှာတင်ဆရာညိုက…
“မင်းဘယ်သူလဲ…..ဘာကိစ္စဝင်ပါတာလဲ”
“ကျုပ် နာမည်မြတ်စံထွန်း…သိုင်းပညာပြိုင်တဲ့အခါ တရားသဖြင့်ယှဉ်ပြိုင်တာကျုပ်ဘာမှမပြောလိုဘူး ဘာကြောင့်နောက်ကျောမှာမကောင်းဆိုးရွာကပ်ပြီးပြိုင်ရတာလဲ”
“ဘာမကောင်းဆိုရွာလည်းကွ…ငါ့ရဲ့အင်းသိုင်းပညာက အင်းစောင့်နတ်ဝိဇ္ဇာတွေဝင်ရောက်ပူးကပ်ပြီးငါ့ကိုကာကွယ်စောင့်ရှောက်တာပဲ… မင်းသိချင်ရင်စမ်း
ကြည့်လေ”
“ဒီမယ်ဆရာညို ဝိဇ္ဇာဆိုတာ ဓားမကိုင်ဘူး ပုတီးကိုင်တယ် အင်းသိုင်းဆိုတာရှိပါတယ် ဒါပေမယ့်သိပ္ပံသိုင်းနဲ့ယှဉ်ပြိုင်ခြင်းမပြုရလို့ သစ္စာထားကြတယ် ခင်များကအင်းသိုင်းအမည်ခံထားတဲ့ မိစ္ဆာပူးကပ်နေတဲ့သူပဲ”
“ဘာကွ..”
“ကောင်းပြီလေ…သူတစ်ပါးကောင်းမှုနဲ့အလှူပြုနေချိန်မှာ သွေးထွက်သံယိုတွေမဖြစ်ချင်ဘူး နောက်ကျောက ဦးဘညိုကြီးကိုပြန်လွှတ်လိုက်ပါဆရာညို မဟုတ်ရင်ကျုပ်ကိုယ်တိုင်ခွာထုတ်ရလိမ့်မယ်”
“ဟေ့… ဆရာညိုတဲ့ကွ…အပိုတွေများမနေနဲ့ သိချင်ရင်စမ်းကြည့်လိုက်”
မြတ်စံထွန်းက ဆရာခွန်အုံးသာရဲ့ တပည့်တစ်ယောက်ဆီက ဝါးရင်းပိုင်းတစ်ခုယူလိုက်တယ်။တစ်ရွာလုံးလည်းဘာပြဿနာတက်အုံးမှာလဲဆိုပြီးငေးကြည့်နေကြချိန်မှာ ဆရာညိုဆိုသူက မြတ်စံထွန်းကိုဓားနဲ့ပြေးပိုင်းတယ်။မြတ်စံထွန်းလည်းနောက်ကိုနှစ်ကွက်ဆုတ်ရှောင်ပြီး လက်ခုံကိုခြေပြန်ခတ်လိုက်တယ်။ ဆရာညိုကလည်း ဓားပြန်သွက်လိုက်ပြန်တယ်။ ဒီတစ်ခါမှတော့ လက်ထဲကဝါးရင်းပိုင်းနဲ့ဓားကိုကာလိုက်ပြီး ဆရာညိုရဲ့နံကြားကိုဒူးတစ်ချက်ဆောင့်တိုက်လိုက်ပြန်တယ်။
ဆရာညိုကတော့ဘယ်လိုမှမနေပါဘူး။မြတ်စံထွန်းကိုဓားနဲ့မိုးပြီးစုံပိုင်းချပြန်တယ်။ ဘေးကိုအသာလေးရှောင်ထွက်ပြီး ဝါးရင်းပိုင်းကိုတစောင်းခံပေးလိုက်တော့ ဝါးရင်းပိုင်းအဖြားမှာဆရာညို့ဓားချက်ကြောင့်အချွန်လိုတစ်စောင်းပြတ်သွားတယ်။ နားထင်ကိုမြတ်စံထွန်းက ပတ်တံတောင်တစ်ချက်ရိုက်ပြီး ဆရာညိုရဲ့
ခြေခုံကိုလက်ထဲက ဝါးရင်းပိုင်းအချွန်နဲ့ထိုးချလိုက်တာ “အား”ဆိုတဲ့အသံကြီးနဲ့စိုက်ဝင်ပြီးသွေးချင်းချင်းနီသွားပါတော့တယ်။လက်ထဲကဓားလည်းလွတ်ကျသွားပါတယ်။
“ကျုပ်…ကျုပ် အရှုံးပေးပါပြီဆရာ”
ဓားမပြတ်တဲ့ ဆရာညိုကြီး ဝါးချွန်နဲ့မှခြေခုံပေါက်သွားလိုတစ်ရွာလုံးလည်းအံ့သြနေကြတယ်။
“ကဲပါဆရာညို ဘညိုကြီးကို နေရာမှန်ပြန်ပို့လိုက်တာကောင်းပါလိမ့်မယ်”
“ကောင်း…ကောင်းပါပြီဆရာ..အား ကျွတ်ကျွတ်..”
ဆရာညိုလက်နဲ့ခြေထောက်ကိုကိုင်ပြီးအော်နေချိန်မြတ်စံထွန်းကနဖူးပေါ်မှာညာလက်ကိုပက်လက်ဆုပ်တင်ပြီး တစ်စုံတစ်ခုကိုခေါ်လိုက်တယ်။
“ကိုးမြတ်စုံရဝေနန်းမှ ဤမင်္ဂလာမဏ္ဍပ်တွင်းသို့ ပခန်းမင်းကြွခဲ့ပါ”
မြတ်စံထွန်းကဒီလိုခေါ်ပြီး လက်ဝါးကိုဖြန့်ချ၊မြေပြင်မှာဖနောင့်ဆောင့်လိုက်တော့ မြင်းဟီသံကြီးထွက်လာပြီး ရဲရဲတောက်နေတဲ့စက်ကြိုးတွေကြားက ဓားကိုထမ်းလို့ ပခန်းဦးမင်းကျော်(ကိုကြီးကျော်)နတ်ကြီးကြွလာရပါတယ်။
“ကျွန်ုပ်၏ပေါ့ဆမှုကြောင့် ငယ်ကျွန်ရင်းဖြစ်တဲ့ အိမ်တော်ထိမ်းဘညိုကြီးကို ဒီအောက်လမ်းဆရာငညိုကဖမ်းဆီးသွားတာခံလိုက်ရပါတယ်ဆရာ…ကျွန်ုပ်ရဲ့ငယ်ကျွန်ရင်းကို အခုပဲပြန်ခေါ်သွားပါတော့မယ်”
ပခန်းဦးမင်းကျော်(ကိုကြီးကျော်)က ရွှေဓားကိုနှစ်ချောင်းယှက်ပြီး ဆရာညိုရဲ့ခေါင်းပေါ်ကိုဝှေ့ရမ်းလိုက်တော့ ဦးဘညိုကြီးရဲ့အသွင်သဏ္ဍန်နဲ့ မျက်လုံးပြူးပြူးအစွယ်ငေါငေါ သရဲတစ်ပိုင်းနတ်တစ်ပိုင်းကြီးဟာ ဆရာညိုရဲ့ကိုယ်ကခွာပြီးဦးမင်းကျော်နဲ့အတူပျောက်သွားပါတော့တယ်။
“ဒီကဆရာကိုရော ဟောဟိုကရှမ်းဆရာကြီးနဲ့ တစ်ရွာလုံးကိုပါ ကျုပ်တောင်းပန်ပါတယ်ဗျာ”
“ရပါတယ်ဗျာ….ကဲဆရာညို ကျုပ်ပေးတဲ့ဆေးမှုန့်လေးကို ဆရာညိုခြေထောက်မှဖြူးလိုက်ပါ”
မြတ်စံထွန်းက အဘအောင်မင်းခေါင်ပေးတဲ့ လွယ်အိတ်ထဲကဆေးမှုန့်တစ်ချို့ကို ဆရာညိုအတွက်ပေးလိုက်တယ်။ ဆရာညိုလည်းဆေးမှုန့်တွေကိုလက်ဝါးနဲ့ခံယူပြီးခြေခုံကအပေါက်ထဲထည့်လိုက်တော့နာကျင်တာတွေလုံးဝပျောက်ကင်းပြီး အနာလည်းပျောက်သွားကွယ်သွားပါတယ်။
“ဝိဇ္ဇာဆေးက သိပ်စွမ်းပါကလား”
ဆရာညိုကဒီလိုပြောတော့မြတ်စံထွန်းလည်းပြုံးပြီး..
“သိပ်ဟုတ်တာပေါ့ဗျာ ကျုပ်လည်းတစ်ချိန်က မကောင်းမှုတွေပြုလုပ်ခဲ့ဖူးပါတယ် အခုတော့အသိတရားရပြီမို့ ဝိဇ္ဇာဆေးတွေလက်ဝယ်ကိုင်ဆောင်ထားနိုင်ပြီပေါ့”
“ဒါနဲ့ဆရာ… အောက်လမ်းနည်းမဟုတ်ဘဲဓားပြီး
အောင်လုပ်လို့ရတဲ့နည်းရှိလား”
“သိပ်ရှိတာပေါ့ဗျာ လင်္ကာလေးနဲ့မှတ်ထား
(ငကန့်ပိ ပျားနဲ့တေ သမ္ဗုဒ္ဓေတစ်ထောင်စုပ် သံသာပေပဲ့လူမနဲ့ဘူး)တဲ့”
“အဓိပ်ပါယျကဘာလဲဆရာ”
ရှမ်းဆရာကြီးကမေးတာပါ။ ဆရာညိုလည်းသိချင်တဲ့အပြင်ရွာထဲက သိုင်းရူးလူငယ်ကလေးတွေကပါ
နားစွင့်နေကြပါတယ်။
“သေချာမှတ်ထားပါ ….င ဆိုတာက ငရုပ်ကောင်း ကန့် ဆိုတာက ကန့်ကြုပ်နီတဲ့ ပိဆိုတာကတော့ ပိတ်ချင်းသီးကိုပြောတာပါ ဒီသုံးမျိုးကိုဆတူရောကျိတ်ပြီးပျားရည်နဲ့အလုံးလေးတွေလုံးရပါတယ် ပြီးတော့
သမ္ဗုဒ္ဓေဂါထာတော်နဲ့တစ်ထောင်ပြည့်အောင်အုပ်ပြီးစားထားရင် ဓား၊လှံ၊အုတ်၊တုတ်၊ တစ်ထောင်ခံတယ်တဲ့ဗျာ”
“မှတ်သားထိုက်ပါတယ်ဆရာ…ဒါနဲ့ဆရာဘယ်အရပ်ကလာပြီးယခုဘယ်အရပ်ကိုသွားမယ်ဆိုတာသိပါရစေ”
“အမှောင်ထဲကလာခဲ့ပြီး အလင်းထဲကိုသွားနေတာဆိုပါတော့ ကဲပါလေ …နေညိုပြီမနက်ဖြန်ရှင်ဖြစ်ဆွမ်းကြွေးရင်သာ ဒေါ်ဖွားသစ်ကို အမျှဝေဖို့မမေ့ပါနဲ့ ကျုပ်သွားမယ်”
မြုပ်ကွယ်တော့မယ့်နေဝန်းနီနီကိုကျောခိုင်းပြီး ညနေခင်းရဲ့ တောင်ပြန်လေနဲ့အတူခပ်ဆိုင်းဆိုင်းထွက်ခွာသွားတဲ့မြတ်စံထွန်းကိုကြည့်ရင်း ရွာသားတွေလည်း ငြိမ်သက်နေမိပါတော့တယ်။
ဆက်ရန်။
ဝိဇ္ဇာရှစ်သောင်းဆရာပေါင်းတို့အား
ဦးထိပ်ထား၍
မင်းဟိန်းခန့်(ဥဿာဒီပ)

Zawgyi Version

“ျမတ္စံထြန္း”ႏွင့္ဓားၿပီးေဆး(စ/ဆုံး)
————————————
“ငကန႔္ပိ ပ်ားနဲ႔ေတ သမၺဳေဒၶ တစ္ေထာင္စုပ္
သံသာေပပဲ့ လူမနဲ႔ဘူး”
ေႏြဦးကေလးေပါက္လာၿပီဆိုေတာ့ေတာသူေတာင္သား လယ္သမားဆိုတာမ်ိဳးက စပါးေလးေပၚလို႔ေငြေလးေတြ႐ႊင္ၾကခ်ိန္ေလ။ ႐ြာတိုင္းလိုလို ေျဗာစည္တီးလို႔ အလႉႀကီးေပးၾကတာကလည္းအရပ္ဓေလ့တစ္ခု။ဒီလိုပါပဲ တလုပၸင္ဆိုတဲ့႐ြာကေလးမွာ အလႉတစ္ခုရွိတယ္။ အရင္ကေတာ့တလုပၸင္အခုေတာ့ တလုပ္ပင္ျဖစ္ေနၿပီ။ ေတာအလႉဆိုေပမယ့္ အလႉရွင္က လယ္ပိုင္ယာပိုင္နဲ႔ေတာသူေဌး။သေဘာလည္းေကာင္းေတာ့အနီးအနား႐ြာကဧည့္သည္ေတြနဲ႔စည္ကားသိုက္ၿမိဳက္ေနေတာ့တာေပါ့။
ရွင္ကေတာ့ တစ္ပါးထဲ။ တစ္ဦးတည္းေသာသားျဖစ္တဲ့ ေမာင္ခ်စ္လုံးတဲ့။ထမင္းရည္ေခ်ာင္းစီး ေမာင္းတီးၿပီးလႉတာမို႔ ရပ္နီးရပ္ေဝးလူႀကီးလူငယ္မေ႐ြး အလႉကိုလာၾကတာေပါ့။ ေန႔လယ္ေရာက္ေတာ့ နတ္ျပဖို႔ ရွင္ေလာင္းကိုျမင္းေပၚတင္။ေရွ႕ကေျဗာလွည္းႀကီးကတအိအိနဲ႔အလႉ႔ဒကာအလႉအစ္မတို႔က သပိတ္သကၤန္းကိုယ္စီပိုက္လို႔ ကန္ေတာ့ပြဲ႐ြက္သူက႐ြက္၊ကြမ္းေတာင္ပန္းေတာင္ကိုင္သူမ်ားကကိုင္ အရပ္ရွည္ရွည္နဲ႔လူပ်ိဳႀကီးကျမင္းေပၚကေမာင္ရွင္ေလာင္းကိုေ႐ႊထီးမိုးထားၿပီ။ လက္ကသာေ႐ႊထီးမိုးၿပီး မ်က္လုံးကကြမ္းေတာင္ကိုင္ေတြဆီေရာက္ေနေတာ့ ထီး႐ိုးနဲ႔ရွင္ေလာင္းနဖူးနဲ႔က တခြက္ခြက္။
အသြားတုန္းကေတာ့ အေကာင္းပါ။႐ြာျပင္က နတ္ကြန္းေရာက္ေတာ့ ကန္ေတာ့ပြဲႀကီးကိုနတ္စင္ေရွ႕မွာခ်ၿပီး မိန္းမႀကီးတစ္ေယာက္က ရွင္ေလာင္းကိုနတ္ျပတယ္။ ၿပီးေတာ့ နတ္စင္ေရွ႕မွာဖ်ာၾကမ္းေလးခင္းၿပီးေမာင္ရွင္ေလာင္းကိုနတ္စင္ဦးခ်ခိုင္းေတာ့တယ္။
ခ်စ္လုံးကလည္း ကေလးသာသာဆိုေတာ့ ဦခ်ခိုင္းေတာ့ခ်တာေပါ့။ ဘုန္းႀကီးေက်ာင္းမွာဆံခ်ဖို႔အျပန္ျပႆနာကစၿပီ။ရွင္ေလာင္းကိုခ်ီၿပီးျမင္းေပၚတင္ေတာ့ ျမင္းကခါခ်တယ္။ ရွင္ေလာင္းခ်စ္လုံးလည္းျပဳတ္က်မလိုျဖစ္လို႔ မနည္းခ်ီထားလိုက္ရတယ္။
ရွင္ေလာင္းဆိုတာေျမေတာင္မနင္းရဘူးတဲ့ေလ။ျမင္းႀကီးကိုေခ်ာ့ေမာ့ၿပီးျပန္တင္ေတာ့လည္းျမင္းကအတင္း႐ုန္း။ခြာေတြခုတ္၊ႏွာေတြမႈတ္ၿပီး လူအုပ္ၾကားကထြက္ေျပးပါေလေရာ။အလႉေတြအပြဲပြဲႏြဲလာတာ သိပ္လိမၼာတဲ့ျမင္းႀကီး အခုမွဖမ္းဖို႔ေတာင္ခက္ေနတယ္။ လူအုံတာလည္းသူ႔ျမင္ဖူးတယ္။ ေျဗာသံလည္းနားယဥ္ၿပီးသား။ ဘာကိုလန႔္ေနမွန္းမသိ၊ရွင္ေလာင္းကိုေက်ာေပၚအတင္မခံေတာ့ အလႉ႔ရွင္ေတြမ်က္ႏွာပ်က္ကုန္ၾကၿပီ။ဒီေတာ့မွ႐ြာသူႀကီးက…
“ကဲကဲ…အဆင္မေျပၾကရင္ ဒီတိုင္းခ်ီခဲ့ေတာ့ကြာ…တတ္ႏိုင္ဘူး…ေက်ာင္းကိုအခ်ိန္မီေရာက္ဖို႔လိုတယ္”
ရွင္ေလာင္းခ်စ္လုံးကို လူတစ္ေယာက္က ေပြ႕ခ်ီၿပီး ေျဗာလွည္းႀကီးတစ္ဖက္လွည့္႐ြာထဲဝင္လိုက္ေတာ့..
“ငါ့ေျမးရွင္ျပဳကို ဖ်က္လို႔ဖ်က္စီးလုပ္တာ ဘယ္မေကာင္းဆိုး႐ြားလဲေဟ့”
ေမာင္ရွင္ေလာင္းခ်စ္လုံးရဲ႕အေမ အလႉ႔အစ္မက ဒီလိုထေအာ္လိုက္တာပါ။ ေျဗာသံလည္းတိတ္သြားတယ္။တစ္႐ြာလုံးလည္းသူ႔အနားအုံလာၾကၿပီ။ အသံတုန္တုန္ရင္ရင္ႀကီးနဲ႔ေဒါသလည္းအေတာ္ေလးထြက္ေနပုံရပါတယ္။ ပိုက္ထားတဲ့သကၤန္းေတာင္းကိုလြတ္ခ်ၿပီး…
“ထြက္ခဲ့စမ္းပါ…ဖြားသစ္တဲ့ေဟ့ တစ္သစ္ထဲရွိတယ္
ငါ့ေျမးရွင္ျပဳကို ဘယ္သူေႏွာက္ယွက္ဝံ့သလဲ..ေဟ”
ဒီေတာ့မွ အလႉဒကာႀကီးလည္း သပိတ္ကိုတစ္ျခားသူဆီေပးၿပီးမူမမွန္တဲ့သူ႔မိန္းမကို..
“အေမ…အေမလား”
“ေအး…ဟုတ္တယ္ ငါနင့္အေမဖြားသစ္ပဲ…အခုငါ့ေျမးရွင္ျပဳမွာ ငါသာဓုေခၚဖို႔ေစာင့္ေနတာ…ဘယ္မေကာင္းဆိုး႐ြာက ျမင္းကိုလွန႔္ေနသလဲမသိဘူး”
“ကိစၥမရွိပါဘူးအေမရယ္…ျမင္မရွိလူနဲ႔သြားပါ့မယ္…အေမအတြက္လည္း ကုသိုလ္ျပဳခဲ့ပါအုံးမယ္..
အခုေတာ့ကေလးေတြလန႔္မွာစိုး….”
“ေဟ့…ေတာ္စမ္း…နင္လွ်ာမရွည္နဲ႔…ဒါမ်ိဳးေတာ့မခံဘူးေဟ့”
ကေလးေတြလည္းေၾကာက္လန႔္ၿပီးျပန္ေျပးၾကၿပီ။ အလႉဒကာႀကီးလည္း မ်က္ရည္စို႔ရၿပီေပါ့။သားျဖစ္သူေမာင္ရွင္ေလာင္းျမင္းတင္မရတဲ့အထဲ အေမျဖစ္သူကပါ မကြၽတ္လြတ္ေသးဘဲ မိန္းမကိုဝင္ပူးေနလို႔ဘာလုပ္ရမွန္းမသိျဖစ္ကုန္ၾကတယ္။
အဲ့ဒီအခ်ိန္ နတ္စင္နဲ႔ခပ္လွမ္းလွမ္းက လူတစ္ေယာက္လာေနတာကိုတစ္႐ြာလုံးလွမ္းျမင္ေနရတယ္။
သရဲပူးေနတယ္အလႉ႔အစ္မႀကီးဆီကအၾကည့္ေတြလည္း ခပ္လွမ္းလွမ္းကလာေနတဲ့လူဆီေရာက္ကုန္ၾကတယ္။
ေအးေအးေဆးေဆးနဲ႔ ေလ်ာက္လာေနလိုက္တာ။ ေက်ာေထာက္ေနတဲ့ဆံပင္ရွည္ကို ေနာက္မွာစုထုံးၿပီး လြယ္အိတ္တစ္လုံးလည္းလြယ္ထားတယ္။
ရွမ္းေဘာင္းဘီအနက္ကို ခါးစည္းႀကိဳးညာထုံးၿပီး
ဖ်ည္အက်ႌအနက္လက္ရွည္နဲ႔။အေပၚကလည္းၿခဳံထည္အနက္ႀကီးကိုလည္ပင္းမွာပတ္ထားေသး။ ေႏြဦးရဲ႕ေလ႐ူးေလေပြၾကားမွာ ႐ိုးျပတ္ေတြကိုနင္းၿပီးေလ်ာက္လာသူက “ျမတ္စံထြန္း”။
တျဖည္းျဖည္းလူအုပ္ႀကီးအနီးကိုေရာက္လာေတာ့ တစ္႐ြာလုံးလည္း သူစိမ္းမို႔အဆန္းလုပ္ၾကည့္ေနၾကတယ္။ ျမတ္စံထြန္းက လက္ကိုေနာက္ယွက္ၿပီးသရဲပူးေနတဲ့အလႉ႔အစ္မႀကီးဆီတည့္တည့္ဝင္သြားတယ္။
ေရွ႕ေရာက္ေတာ့…
“စိတ္ကိုေလ်ာ့ပါအုံး အေမႀကီး…ကိုယ့္ေၾကာင့္ တပါးသူေတြကိုစိတ္မညစ္ပါေစနဲ႔…ဒါေႏွာက္ယွက္တာမဟုတ္ပါဘူး…အသိေပးတာျဖစ္ပါတယ္”
“ဘယ္သူကအသိေပးတာလဲ…ငါ့ေျမးအလႉကိုဘာကိစၥေၾကာင့္ ဒီလိုလုပ္ရသလဲ”
“အေမႀကီး က်ဳပ္ေမးတာေလးကိုအရင္ေျဖပါအုံး…အေမႀကီးအရင္ကဘယ္မွာေနပါသလဲ”
“ငါ ႐ြာျပင္က လက္ပံပင္ႀကီးမွာ သရဲႀကီးျဖစ္ေနတာၾကာၿပီ…အခုငါ့ေျမးရွင္ျပဳအလႉမို႔ငါလိုက္လာတာ”
“ကဲပါ… အေမႀကီးေနရပ္ကိုျပန္ပါ ဒီကိစၥအားလုံးအဆင္ေျပေစရမယ္လို႔ က်ဳပ္ကတိေပးပါတယ္”
“ဟုတ္ရင္ဟုတ္ေပါ့ …မဟုတ္ရင္ဖြားသစ္အေၾကာင္းသိမယ္”
အလႉ႔အစ္မႀကီးေမ့လဲသြားၿပီ။ သူ႔မိန္းမကိုေျပးေပြ႕ၿပီး အလႉ႔ဒကာ ကေမးေစ့ေလးလႈပ္လႈပ္ႏႈိးတယ္။သတိျပန္ရလာေတာ့ ျမတ္စံထြန္းက ေဘးကၾကာပြတ္ကိုင္ထားတဲ့လူကိုၾကည့္ၿပီး…
“ျမင္းပိုင္ရွင္ထင္ပါရဲ႕…ထိန္းမရရင္ ၾကာပြတ္ခဏေပးပါ”
ႀကိဳးေတာင့္ေတာင့္ကို လက္ကိုင္တပ္ထားတဲ့ျမင္း႐ိုက္ၾကာပြတ္ကိုျမတ္စံထြန္းကယူၿပီး အနားကစိန္ပန္းပင္ကို႐ိုက္႐ိုက္ေခၚေတာ့ ထြက္ေျပးသြားတဲ့ျမင္းႀကီးျပန္လာပါေလေရာ။
“ရွင္ေလာင္းကို ျမင္းေပၚတင္ၾကည့္ပါအုံး”
ဒီတစ္ခါမွာေတာ့ ျမင္းႀကီးကၿငိမ္ေနတယ္။ အားလုံးအဆင္ေျပသြားၿပီးမို႔ အစီအစဥ္အတိုင္းဆက္သြားၾကဖို႔သူႀကီးကေဆာ္ၾသတယ္။ ေျဗာသံလည္းျပန္ၾကားရၿပီ။ ဘုန္းႀကီးေက်ာင္းေရာက္တဲ့အထိ အလႉ႔အစ္မႀကီးကသူ႔ေယာက္်ားကိုဘာေတြျဖစ္ကုန္သလဲေမးေန
တုန္း။
ျမတ္စံထြန္းကေတာ့ ဆံခ်သကၤန္းစီးတဲ့အထိမေနေတာ့ဘဲသူႀကီးနဲ႔အတူအလႉအိမ္ကိုသြားၾကတယ္။
ေကာင္းေကာင္းဧည့္ခံထားဖို႔နဲ႔ ျပန္လာရင္ေတြ႕ခ်င္ေသးေၾကာင္း အလႉဒကာႀကီးက သူႀကီးနဲ႔ျမတ္စံထြန္းကိုေသခ်ာမွာတယ္။
အလႉအိမ္ေရာက္ေတာ့ သံဃာစင္ေဘးမွာ သင္ျဖဴးခင္းၿပီးသူႀကီးနဲ႔ျမတ္စံထြန္းတို႔အတူထိုင္ၾကတယ္။
အလႉဒကာ အလႉအစ္မတို႔လည္းသားကိုရင္ကိုေက်ာင္းမွာထားၿပီးအိမ္ျပန္လာၾကၿပီ။မ႑ပ္ထဲမွာရွိတဲ့ဧည့္ပရိသတ္ကို႐ြာဓေလ့အတိုင္းေဖ်ာ္ေျဖဖို႔အနီးအနား႐ြာေတြကငွားထားတဲ့အိုးစည္ဝိုင္းဒိုးပတ္ဝိုင္းေတြကလည္းအသင့္။ဒိုးပတ္ဝိုင္းနဲ႔ေဖ်ာ္ေျဖေနတုန္း သူႀကီးကစၿပီး…
“ေမာင္ရင္က အေတာ္စြမ္းသားပဲ…ဘယ္ကလာသလဲကြယ့္..”
“ခရီးသြားတစ္ေယာက္ပဲဆိုပါေတာ့သူႀကီး…”
“ေလာကီေရးရာမွာေတာ့ ျမင္ရတဲ့အတိုင္း ေမာင္ရင္ကတကယ္စြမ္းပါတယ္…မသိလို႔ေမးပါရေစကြယ္…ေဒၚဖြားသစ္က ႐ြာထဲဝင္လို႔ရတယ္ဆိုေတာ့ ေရွးလူႀကီးေတြေျပာသလို ႐ြာေစာင့္နတ္ကမတားဘူးလား…ၿပီးေတာ့ ျမင္းကိုဘယ္လိုပုဂၢိဳလ္မ်ိဳးကေႏွာက္ယွက္သလဲ..အဲၿပီးေတာ့ ထြက္ေျပးသြားတဲ့ျမင္းကိုေမာင္ရင္ဘယ္လိုေခၚလိုက္သလဲ”
ဒီလိုေမးခြန္းအရွည္ႀကီးေမးေပမယ့္ျမတ္စံထြန္းက ၿပဳံးပါတယ္။
“တစ္ခုခ်င္းေျဖပါ့မယ္သူႀကီး…႐ြာထဲကို ဒီလိုအပ ပေယာဂ ဝင္ဖို႔ဆိုတာမလြယ္ပါဘူး..သူႀကီးေျပာသလို႐ြာေစာင့္နတ္ကတားပါတယ္။ဒါေပမယ့္ ရွင္ေလာင္းကိုနတ္ျပတဲ့အခါနတ္စင္ကိုဦးခ်မိပါလိမ့္မယ္”
“ဦးခ်လိုက္တယ္ေမာင္ရင္…အဲ့ဒါမွားသလား”
“ဟုတ္ပါတယ္သူႀကီး…အမွန္က ဒီရွင္ေလာင္းဟာ သာမေဏအျဖစ္ ကူးေျပာင္းေတာ့မွာမို႔ ႐ြာဦး႐ြာထိပ္႐ြာနိမိတ္မွာရွိတဲ့ နယ္ပိုင္႐ြာေစာင့္နတ္ကို သာဓုေခၚဖို႔ ရွင္ေလာင္းကို ၾကည္ညိဳေစဖို႔ ျပတဲ့သေဘာပါ ဒါကိုေနာက္ပိုင္းမွာအယူလြဲမွားၿပီး နတ္စင္ကိုဦးခ်မိတဲ့အခါ ႐ြာေစာင့္နတ္က သူမေနႏိုင္လို႔ ခဏခြာသြားပါတယ္…ဒါေၾကာင့္ ရွင္ေလာင္းရဲ႕မကြၽတ္လြတ္ေသးတဲ့ဖြားေအျဖစ္သူက႐ြာထဲထိကပ္ပါလာတာပါ”
“ေအာ္…ဒါဆိုျမင္းလန႔္တာကေရာ”
“ဒါလည္းရွင္းပါတယ္သူႀကီး…သာမာန္လူမ်က္စိနဲ႔မျမင္အပ္တဲ့အေမႀကီးကို ျမင္းကျမင္လိုက္ၿပီးလန႔္တာပါ…ဒါကိုအေမႀကီးမသိေတာ့ ဘယ္သူလွန႔္သလဲဆိုၿပီး စိတ္တိုသြားတယ္ထင္ပါရဲ႕”
“ေတြးၾကည့္ျပန္ေတာ့လည္း အဟုတ္သားလား…ဒါနဲ႔ထြက္ေျပးတဲ့ျမင္းကိုေခၚတာကေရာကြယ့္”
“ဒါက အဂၤဝိဇၨာနည္းပါသူႀကီး…အဂၤဝိဇၨာက်မ္းမွာ “သူ႔ကိုႏိုင္လို ဆကိုခို”ဆိုတဲ့နည္းကိုသုံးလိုက္တာပါ။ ဆ ဆိုတာဆ႒ရဲ႕အတိုေကာက္ ေျခာက္ကိုေျပာတာပါ။ အႏိုင္လိုတဲ့နာမ္ရဲ႕ေျခာက္ခုေျမာက္ျဖစ္တဲ့နာမ္ကို ဉာဏ္ရွိသလိုသုံးရပါတယ္။ ျမင္းဆိုတဲ့ၾကႆပေတးနာမ္ကို ေခၚတဲ့အခါ ၾကာႆပေတးနာမ္ကစလို႔ ေရတြက္လိုက္ရင္ ေျခာက္ခုေျမာက္ကအဂၤါပါ။ဒါေၾကာင့္ သူ႔ကို႐ိုက္တဲ့ၾကာပြတ္နဲ႔အနားကအဂၤါနာမ္ျဖစ္တဲ့စိန္ပန္းပင္ကို႐ိုက္ၿပီးေခၚလိုက္တာပါသူႀကီး။
ဥပမာထပ္ေျပာရရင္ လူေတြကေငြကိုလိုတဲ့အခါ ေငြရဲ႕တနလၤာနာမ္ကေနေျခာက္ခုေျမာက္နာမ္ကိုေရတြက္ရင္ စေနနံျဖစ္ပါတယ္။ဒါေၾကာင့္နတ္ကို ကိုးကြယ္ပါတယ္။ ဓာတ္႐ိုက္ဓာတ္ဆင္နဲ႔ ယၾတာနည္းေတြေပါ့ဗ်ာ”
“ဒီအ႐ြယ္နဲ႔ ဒီေလာက္ေတာ္ေနတာ ခ်ီးက်ဴးပါတယ္ေမာင္ရင္…”
သူႀကီးက ေခါင္းတညိမ့္ညိမ့္နဲ႔ ျမတ္စံထြန္းရဲ႕အရည္အခ်င္းကိုသေဘာက်ေနတယ္။မ႑ပ္ထဲမွာလည္း ဒိုးပတ္ဝိုင္းေတြအလွည့္ၿပီးလို႔ နားၾကၿပီ။ ဦးေ႐ႊ႐ိုးလည္းႏႈတ္ခမ္းေမြးဖ်က္လို႔၊ေဒၚမိုးကလည္း ေရေသာက္လို႔။ ဒိုးပတ္အလွည့္ၿပီးေတာ့ အိုးစည္ဝိုင္းအလွည့္က်ၿပီဆိုတာကို ႐ြာေဆာ္ႀကီးက ေအာ္ေျပာတယ္။အိုးစည္ဝိုင္းဆိုတာ ဗမာ႐ိုးရာအိုးစည္တိုတိုေလးေတြေတာ့မဟုတ္ဘူး။ရွမ္းအိုးစည္ဝိုင္းဆိုပါေတာ့။ ရွမ္းဝိုင္းဆိုေတာ့ သိုင္းကမပါမျဖစ္ေလ။
ငွားထားတာကေတာ့ ႏွစ္ဖြဲ႕။တစ္ဖြဲ႕ကို လူႏွစ္ဆယ္ေလာက္ပါတယ္။အိုးစည္၊ေမာင္း၊လင္းကြင္းတို႔တီးသူက ငါးေယာက္ေလာက္နဲ႔ သိုင္းကမွာက ဆယ့္ငါးေယာက္ေပါ့။တစ္ဖြဲ႕က ဗမာေတြျဖစ္ၿပီးေနာက္တစ္ဖြဲ႕ကေတာ့ရွမ္းလူမ်ိဳးစစ္စစ္ေတြပါ။
ဗမာသိုင္းဆရာႀကီးနာမည္က ဆရာညိဳတဲ့ ရွမ္းဆရာႀကီးကေတာ့ခြန္အုံးသာတဲ့။ရွမ္းလူမ်ိဳးေတြရဲ႕နာမည္မွာ စဝ္ဆိုရင္ ေစာ္ဘြားမ်ိဳး အရွင္သခင္တဲ့။ ခြန္ဆိုရင္ေတာ့ မင္းမႈထမ္းမ်ိဳး႐ိုးလို႔သိရပါတယ္။ ဆရာႀကီးခြန္အုံးသာက နန္းတြင္းမင္းမႈထမ္းမ်ိဳး႐ိုးထင္ပါရဲ႕။
မ႑ပ္ထဲက အလယ္မွာရွိတဲ့ ဝါးတိုင္တစ္လုံးကိုထုတ္ပစ္လိုက္ေတာ့ သိုင္းကဖို႔ေနရာက်ယ္သြားၿပီ။မ႑ပ္ထဲက ႐ြာေဆာ္ႀကီးကေတာ့….
“ကဲ….ဒိုးပတ္ဝိုင္းမ်ားအၿပီးမွာ…ရွမ္းဆရာႀကီးခြန္းအုံးသာရဲ႕ နန္းတြက္ဓားေရးေျခာက္ဆယ္နဲ႔ ကျပေဖ်ာ္ေျဖေတာ့မွာျဖစ္ပါတယ္။ ဧည့္ပရိတ္သတ္မ်ား အိုးစည္လွမ္းလွမ္းပြဲလွမ္းလွမ္းက ဓားမနမ္းေအာင္ရႈ႕စားၾကပါခင္မ်ာ”
“ေနာင္..ေနာင္..ေနာင္..ေဗ့..ေနာင္”
ႏွစ္ေပါက္ေခၚေမာင္သုံးခ်က္တီးၿပီးခ်ိန္မွာ အိုးစည္ႀကီးကို တစ္ခ်မ္းပိတ္ ဖိတီးလိုက္တဲ့ “ေဗ့”ဆိုတဲ့အသံႀကီးကရင္ကိုတုန္သြားေစႏိုင္တယ္။ ေနာက္တစ္ခ်က္အခ်ေမာင္းမွာလင္းကြင္းကလည္း ခြာ႐ိုက္လိုက္ေတာ့”ရွဲ”ခနဲက်သြားရင္း ၿငိမ့္ၿပီးေအးေအး သာယာတဲ့ အိုးသည္သံထပ္ထြက္လာပါတယ္။ ရွမ္းအိုစည္အၿမီးရွည္ႀကီးကိုခါးေစာင္းတပ္ၿပီး လက္ခေမာင္းခတ္တီးလာသူက ဆရာႀကီးခြန္အုံးသာ။ တပည့္ေတြကလည္း တုတ္၊ဓား၊လွံ စတာေတြနဲ႔ဝန္းရံထားၾကတာေပါ့။
မ႑ပ္ထဲေရာက္ေတာ့ ပြဲတစ္ပြဲေပးထားတယ္။အေမြးတိုင္အလင္းတိုင္ေတြနဲ႔ အုံးပြဲငွက္ေပ်ာပြဲနားမွာ အိုးစည္ကိုစည္းခ်က္ညီညီခ်လိုက္ၿပီး ပြဲတိုက္ၾကတယ္။ ဆရာႀကီးကလည္းတပည့္ေတြကို ပြဲမွာ ဦးတိုက္ခိုင္းတယ္။ၿပီးမွ ႀကိဳးတစ္ေခ်ာင္းနဲ႔စည္းက်ယ္က်ယ္တားလိုက္ၿပီး အိုးစည္ျပန္တီးတယ္။ရွမ္းတို႔ရဲ႕႐ိုးရာပင္နီနဲ႔ရွမ္းေဘာင္းဘီေတြကိုဝတ္ဆင္ထားၿပီး တပည့္မ်ားကတစ္လွည့္ ဆရာႀကီးခြန္အုံးသာကတစ္လွည့္ဓားႏွစ္ဖက္ကိုကိုင္ သိုင္းကြက္ေတြအဆင္းအတက္နင္းလို႔လွလွေလးကသြားၾကတယ္။
အားလုံးကလည္း ၾကည့္ေကာင္းေနၾကေတာ့ ပရိသတ္ကလက္ခုပ္လက္ဝါးတီးၿပီးအားေပးတာေပါ့။ဆရာႀကီးခြန္အုံးသာတို႔အလွည့္ၿပီးေတာ့ ႐ြာေဆာ္ႀကီးက အသံက်ယ္က်ယ္နဲ႔…
“ဟန္မႉ မွန္ေမာင္း မႏွင့္ေပါင္း၍ ဌာန္ေကာင္းညီညာ သိုင္းပညာဆိုသလို ယခုတဖန္အလွည့္ၾကတာကေတာ့ ဘုတလင္နယ္က ဆရာညိဳပါတဲ့ခင္မ်ား”
ရွမ္းအိုးစည္ကိုၿငိမ့္ၿငိမ့္မတီး ညံေအာင္တီးၿပီး ဝိုင္းထဲကိုဒုန္းလႊတ္သလို ဝင္လာသူကေတာ့ ဆရာညိဳပါ။
အသားညိဳၿပီးရွမ္းဆရာႀကီးထက္ဗလေကာင္းတဲ့အျပင္အက်ႌဝတ္မထားေတာ့ ခႏၶာကိုယ္မွာေဆးအင္းစမအစုံကိုေတြ႕ျမင္ေနရပါတယ္။ ခါးေတာင္းကိုေျမာင္ေအာင္ႀကိဳက္ၿပီး ငွက္ႀကီးေတာင္ကိုသြားနဲ႔ကိုက္ထားတယ္။ ေခါင္းမွာလည္း ေယာင္ထုံးႀကီးနဲ႔။
ဆရာညိဳရဲ႕ရွမ္းဝိုင္းအတြက္လည္းပြဲတစ္ပြဲရွိတယ္။ ပြဲနားမွာ ရွမ္းအိုးစည္ကိုလွန္ၿပီး အသင့္ပါလာတဲ့အရက္တစ္လုံးအိုးစည္ထဲေလာင္းထည့္လိုက္တယ္။ ျပန္ေမွာက္လိုက္ေတာ့ အရက္ေတြထြက္မလာေတာ့ဘူး။ တပည့္တစ္ေယာက္ဆီက ဓားေျမာင္တစ္ေခ်ာင္းေတာင္းလိုက္တယ္။ၿပီးမွလက္ထဲမွာပါလာတဲ့အသားစိမ္းတုန္းကို ဓားနဲ႔ထုတ္ခ်င္းေပါက္ေအာင္ထိုးၿပီးပြဲအုန္းသီးမွာစိုက္တယ္။ေသခ်ာၾကည့္လိုက္ေတာ့
အုန္းသီးေပၚက ဓားစိုက္ထားတဲ့ဓားဦးတည့္တည့္မွာ အင္းတစ္ကြက္ဆြဲထားတယ္။
ဆရာညိဳက ဆရာခြန္အုံးသာတို႔လို႔ ကကြက္မဟုတ္ဘူး။ တိုက္ကြက္ေတြနဲ႔ခ်ၾကတာ။ အိုးစည္တီးကြက္ကလည္းရွမ္းႀကီးသိုင္းလို႔မၿငိမ့္ဘဲ ခပ္သြက္သြက္တီးၾကတယ္။ တပည့္ေတြမ်ား တစ္ေယာက္နဲ႔တစ္ေယာက္တိုက္ကြက္ခ်ကြက္ေတြနဲ႔ အၿပိဳင္ေဖ်ာ္ေျဖေနတာ
ၾကည့္ေနသူမ်ားအဖို႔ရင္တထိတ္ထိတ္။
ဓားအစစ္ေတြနဲ႔ တကယ္လိုထိုးခုတ္ေနၾကေတာ့ လန႔္ၾကတာေပါ့။ တပည့္ေတြ႕အလွည့္ၿပီးေတာ့ ဆရာညိဳက
ပြဲေရွ႕မွာလက္အုပ္ခ်ီၿပီး ပါးစပ္မွာကိုက္ထားတဲ့ဓားကိုေျမမွာစိုက္၊အသားစိမ္းတုန္းႀကီးကို ယူကိုက္ထားလိုက္တယ္။ ခနေနေတာ့ တစ္ကိုယ္လုံးယိမ္းထိုးလာၿပီး အသားစိမ္းတုန္းကိုေထြးထုတ္လိုက္ေတာ့တယ္။ ပါးစပ္ကလည္း….
“မျပဳမျပင္နဲ႔ သူ႔သခင္ဘဘေက်ာ္ရဲ႕ အားအထားရဆုံး ဘုတလင္နယ္စား ညိဳႀကီးတဲ့ေဟ့…”
ေဘးမွာစိုက္ထားတဲ့ဓား႐ိုးကိုနင္းၿပီးခုန္လိုက္တာ မ႑ပ္အမိုးနားထိေရာက္သြားၿပီးဝိုင္းလယ္ကိုျပန္က်လာေတာ့ ေျမျပင္မွာ ဖေနာင့္ရာအႀကီးႀကီးထင္သြားတယ္။ စီစဥ္ထားတဲ့အတိုင္း တပည့္အေယာက္ႏွစ္ဆယ္ေလာက္ကဆရာျဖစ္သူကိုဓားနဲ႔ဝိုင္းခုတ္ၾကပါတယ္။တကယ္ခုတ္ခိုင္းထားတာပါ။ လူႏွစ္ဆယ္ၾကားမွာ ကြၽမ္းထိုးလိုက္ ေရွာင္လိုက္တိမ္းလိုက္နဲ႔ ဆရာညိဳကိုလုံးဝမထိပါဘူး။ တစ္ခ်က္မွာေတာ့ဆရာညိဳရဲ႕တပည္တစ္ေယာက္ကဓားကိုအျပားလွန္ထိုးလိုက္တာ ဆရာညိဳ႕လည္ပင္းကိုထိုးမိသြားပါတယ္။
ပရိသတ္ေတြက ဟာခနဲဟင္ခနဲ ျဖစ္ကုန္ၾကေပမယ့္။ဆရာညိဳလည္ပင္းကမေပါက္ဘဲ ဓားေကြးသြားပါတယ္။ တပည့္ေတြကို အေမွာက္သိပ္ၿပီးခ်ိန္မွာ အားမရေသးဘဲ ဆရာညိဳကဘီလူးစီးသလိုျဖစ္ေနၿပီး ဓားႏွစ္ေခ်ာင္းကိုရင္ဝေထာက္ၿပီး ေမွာက္ခ်လိုက္တာဓားေတြေကြးၫြတ္ကုန္ပါတယ္။ ဒါတင္မကေသးဘဲတစ္ကိုယ္လုံးကိုအုန္းဆံႀကိဳးႀကီးနဲ႔လႈပ္မရေအာင္တုတ္ၿပီးေစာင္နဲ႔အုပ္ခိုင္းထားပါတယ္။ ရွမ္းဝိုင္းကလည္းပိုၿပီးဆူေအာင္တီးၾကတယ္။ မၾကာလိုက္ပါဘူးေစာင္ၿခဳံေအာက္ကဆရာညိဳ ႀကိဳးေခြႀကီးကိုင္ၿပီးကထြက္လာပါတယ္။
ဆရာညိဳတို႔ရွမ္းဝိုင္းလည္း အလွည့္ၿပီးေရာ ပရိသတ္ထဲက လူတစ္ေယာက္က…
“ဗ်ိဳ႕ ရွမ္းဆရာႀကီး…ဒီဖက္ကဆရာညိဳလို ဓားၿပီး
သလားဗ်ိဳ႕ က်ဳပ္တို႔ၾကည့္ခ်င္စမ္းပါရဲ႕”
ဆရာႀကီးခြန္အုံးသာက ၿပဳံးၿပီးေတာ့ရွမ္းသံဝဲဝဲနဲ႔…
“မၿပီးပါဘူးေမာင္ရယ္…”
ဆရာႀကီးက ဒီလိုေျပာေပမယ့္ မခံခ်င္စိတ္ရွိတဲ့ဆရာႀကီးတပည့္က ဓားတစ္ေခ်ာင္းကိုယူၿပီးဆရာညိဳလို လည္ၿမိဳေထာက္ေကြးျပေတာ့ ဆရာခြန္အုံးသာက တားတယ္။ ဒါေပမယ့္ပရိသတ္ျမင္သြားၿပီဆိုေတာ့မေနသာေတာ့ပါဘူး…
“တပည့္ေတာင္ဒီေလာက္စြမ္းတာ အစြမ္းျပပါအုံးဆရာႀကီးရဲ႕”
ရွမ္းဆရာႀကီးကေတာ့ မထူးေတာ့ၿပီမို႔ အလႉမွာထမင္းဟင္းခ်က္တဲ့ေနရာက ျပာကိုလက္သုံးေခ်ာင္းနဲ႔ယူခဲ့ဖို႔သူ႔တပည့္တစ္ေယာက္ကိုမွာတယ္။
ယူလာတဲ့ျပာေတြကိုဆရာႀကီးက လက္ဝါးမွာဆုပ္ၿပီးဂါထာတစ္ပုဒ္နဲ႔မန္းမႈတ္လိုက္တယ္။ၿပီးေတာ့တပည့္တစ္ေယာက္စီရဲ႕နဖူးမွာတစ္ခ်က္စီတို႔ၿပီး ေနာက္ဆုံးျပာနည္းနည္းကိုပြဲအုန္းသီးမွာျဖဴးထားလိုက္တယ္။
သူလည္းဆရာညိဳလိုစြမ္းတာပါပဲ…တပည့္ေတြနဲ႔အျပန္အလွန္ဓားေရးျပတယ္။ အခုတ္ခံရတဲ့တပည့္ေတြလည္းဘာမွမျဖစ္သလို ရွမ္းဆရာႀကီးလည္းဘာမွမျဖစ္ပါဘူး။ ဒါထက္ထူးဆန္းတဲ့ျပကြက္အတြက္ဆရာႀကီးက ဓားေလးေခ်ာင္းကို မ႑ပ္အလယ္လွမ္းပစ္လိုက္တယ္။ ဓားေတြကလဲမသြားဘဲ အခြၽန္ပက္လက္နဲ႔ေလေပၚမွာလည္ေနတယ္။အဲ့ဒီ့ဓားဦးအခြၽန္ေတြကိုဆရာႀကီးခြန္အုံးသာကတစ္ခုခ်င္းတက္နင္းျပလိုက္ေတာ့ပရိသတ္ေတြလည္း ဆရာညိဳတို႔ကိုစိတ္မဝင္စားေတာ့ဘူး။
ဒီမွာတင္ဆရာညိဳက ရွမ္းဆရာႀကီးရဲ႕ပြဲကိုဓားေျမာင္တစ္ေခ်ာင္းနဲ႔လွမ္းေပါက္တယ္။ ဆရာညိဳေပါက္လိုက္တဲ့ဓားကို ရွမ္းဆရာႀကီးရဲ႕တပည့္တစ္ေယာက္က ကန္ထုတ္လိုက္တာ ေျခေထာက္မွဓားရွၿပီးေသြးထြက္သြားတယ္။ ဒါကိုျမင္တဲ့ရွမ္းဆရာႀကီးလည္းဆရာညိဳကို ေစ့ေစ့ၾကည့္ၿပီး…
“ဒါဘာသေဘာလည္း ဆရာညိဳ”
“ဓားပီးတဲ့ဆရာႀကီးတပည့္ကအခုေတာ့က်ဳပ္ဓားကိုမခံႏိုင္ပါလား…ရွမ္းဆရာႀကီးနဲ႔ ပညာခ်င္းဖလွယ္ခ်င္လို႔ပါ”
“က်ဳပ္က လက္မခံဘူးဆိုရင္ေရာ…”
“လက္မခံရင္ေတာ့ က်ဳပ္ကို ဦးၫြတ္ၿပီးမွ ဝိုင္းထြက္ရမယ္”
မနာလိုစိတ္ရွိတဲ့ ဆရာညိဳရဲ႕စကားေၾကာင္း ရွမ္းဆရာႀကီးခြန္အုံးသာရဲ႕တပည့္ေတြေဒါသထြက္လာတယ္။ဆရာညိဳလည္း လူပုံအလည္မွာတပည့္ေတြကို အရွက္မရေအာင္စိန္ေခၚမႈကိုလက္ခံလိုက္တယ္။
“အရႈံးအႏိုင္ကို ဘယ္လိုဆုံးျဖတ္မလဲဆရာညိဳ”
“ေသြေျမက်သူအရႈံး”
“ေကာင္းၿပီေလ စလိုက္ၾကတာေပါ့”
ဆရာညိဳက စၿပီးတိုက္ခိုက္တယ္။ ရွမ္းဆရာႀကီးကလည္းအထိမခံဘဲေရွာင္တယ္။ ဓားတစ္ေယာက္တစ္ေခ်ာင္းနဲ႔ဆိုေပမယ့္ သိုင္းပညာအရာမွာရွမ္းဆရာႀကီးကသာတယ္။ ဓားခ်က္ေတြအမ်ားႀကီးခုတ္ႏိုင္ေပမယ့္ ဆရာညိဳကအရာမထင္ဘူးျဖစ္ေနတယ္။ ႏွစ္ေယာက္သား လက္ပမ္းက်လာခ်ိန္ဓားခ်က္ေတြရဲ႕အလြန္ တစ္ေယာက္တစ္ခ်က္ကန္လိုက္မိၾကတယ္။ ႏွစ္ေယာက္ကြာသြားခ်ိန္မွာ ဆရာညိဳကေျခလွမ္းယိုင္သြားတဲ့ရွမ္းဆရာႀကီးကို ဓားေျမာင္နဲ႔လွမ္းေပါက္တယ္။
ဆရာႀကီးခြန္အုံးသာရဲ႕မ်က္ႏွာေရွ႕တစ္ေတာင္အကြာေလာက္ကေန ဓားေျမာင္ကိုလူတစ္ေယာက္ကဖမ္းထားလိုက္တယ္။ ဆရာႀကီးႏွစ္ေယာက္ရဲ႕အ
ၾကည့္ကဓားကိုဖမ္းလိုက္သူဆီေရာက္သြားၾကတယ္။
ဒီမွာတင္ဆရာညိဳက…
“မင္းဘယ္သူလဲ…..ဘာကိစၥဝင္ပါတာလဲ”
“က်ဳပ္ နာမည္ျမတ္စံထြန္း…သိုင္းပညာၿပိဳင္တဲ့အခါ တရားသျဖင့္ယွဥ္ၿပိဳင္တာက်ဳပ္ဘာမွမေျပာလိုဘူး ဘာေၾကာင့္ေနာက္ေက်ာမွာမေကာင္းဆိုး႐ြာကပ္ၿပီးၿပိဳင္ရတာလဲ”
“ဘာမေကာင္းဆို႐ြာလည္းကြ…ငါ့ရဲ႕အင္းသိုင္းပညာက အင္းေစာင့္နတ္ဝိဇၨာေတြဝင္ေရာက္ပူးကပ္ၿပီးငါ့ကိုကာကြယ္ေစာင့္ေရွာက္တာပဲ… မင္းသိခ်င္ရင္စမ္း
ၾကည့္ေလ”
“ဒီမယ္ဆရာညိဳ ဝိဇၨာဆိုတာ ဓားမကိုင္ဘူး ပုတီးကိုင္တယ္ အင္းသိုင္းဆိုတာရွိပါတယ္ ဒါေပမယ့္သိပၸံသိုင္းနဲ႔ယွဥ္ၿပိဳင္ျခင္းမျပဳရလို႔ သစၥာထားၾကတယ္ ခင္မ်ားကအင္းသိုင္းအမည္ခံထားတဲ့ မိစာၦပူးကပ္ေနတဲ့သူပဲ”
“ဘာကြ..”
“ေကာင္းၿပီေလ…သူတစ္ပါးေကာင္းမႈနဲ႔အလႉျပဳေနခ်ိန္မွာ ေသြးထြက္သံယိုေတြမျဖစ္ခ်င္ဘူး ေနာက္ေက်ာက ဦးဘညိဳႀကီးကိုျပန္လႊတ္လိုက္ပါဆရာညိဳ မဟုတ္ရင္က်ဳပ္ကိုယ္တိုင္ခြာထုတ္ရလိမ့္မယ္”
“ေဟ့… ဆရာညိဳတဲ့ကြ…အပိုေတြမ်ားမေနနဲ႔ သိခ်င္ရင္စမ္းၾကည့္လိုက္”
ျမတ္စံထြန္းက ဆရာခြန္အုံးသာရဲ႕ တပည့္တစ္ေယာက္ဆီက ဝါးရင္းပိုင္းတစ္ခုယူလိုက္တယ္။တစ္႐ြာလုံးလည္းဘာျပႆနာတက္အုံးမွာလဲဆိုၿပီးေငးၾကည့္ေနၾကခ်ိန္မွာ ဆရာညိဳဆိုသူက ျမတ္စံထြန္းကိုဓားနဲ႔ေျပးပိုင္းတယ္။ျမတ္စံထြန္းလည္းေနာက္ကိုႏွစ္ကြက္ဆုတ္ေရွာင္ၿပီး လက္ခုံကိုေျချပန္ခတ္လိုက္တယ္။ ဆရာညိဳကလည္း ဓားျပန္သြက္လိုက္ျပန္တယ္။ ဒီတစ္ခါမွေတာ့ လက္ထဲကဝါးရင္းပိုင္းနဲ႔ဓားကိုကာလိုက္ၿပီး ဆရာညိဳရဲ႕နံၾကားကိုဒူးတစ္ခ်က္ေဆာင့္တိုက္လိုက္ျပန္တယ္။
ဆရာညိဳကေတာ့ဘယ္လိုမွမေနပါဘူး။ျမတ္စံထြန္းကိုဓားနဲ႔မိုးၿပီးစုံပိုင္းခ်ျပန္တယ္။ ေဘးကိုအသာေလးေရွာင္ထြက္ၿပီး ဝါးရင္းပိုင္းကိုတေစာင္းခံေပးလိုက္ေတာ့ ဝါးရင္းပိုင္းအျဖားမွာဆရာညိဳ႕ဓားခ်က္ေၾကာင့္အခြၽန္လိုတစ္ေစာင္းျပတ္သြားတယ္။ နားထင္ကိုျမတ္စံထြန္းက ပတ္တံေတာင္တစ္ခ်က္႐ိုက္ၿပီး ဆရာညိဳရဲ႕
ေျခခုံကိုလက္ထဲက ဝါးရင္းပိုင္းအခြၽန္နဲ႔ထိုးခ်လိုက္တာ “အား”ဆိုတဲ့အသံႀကီးနဲ႔စိုက္ဝင္ၿပီးေသြးခ်င္းခ်င္းနီသြားပါေတာ့တယ္။လက္ထဲကဓားလည္းလြတ္က်သြားပါတယ္။
“က်ဳပ္…က်ဳပ္ အရႈံးေပးပါၿပီဆရာ”
ဓားမျပတ္တဲ့ ဆရာညိဳႀကီး ဝါးခြၽန္နဲ႔မွေျခခုံေပါက္သြားလိုတစ္႐ြာလုံးလည္းအံ့ၾသေနၾကတယ္။
“ကဲပါဆရာညိဳ ဘညိဳႀကီးကို ေနရာမွန္ျပန္ပို႔လိုက္တာေကာင္းပါလိမ့္မယ္”
“ေကာင္း…ေကာင္းပါၿပီဆရာ..အား ကြၽတ္ကြၽတ္..”
ဆရာညိဳလက္နဲ႔ေျခေထာက္ကိုကိုင္ၿပီးေအာ္ေနခ်ိန္ျမတ္စံထြန္းကနဖူးေပၚမွာညာလက္ကိုပက္လက္ဆုပ္တင္ၿပီး တစ္စုံတစ္ခုကိုေခၚလိုက္တယ္။
“ကိုးျမတ္စုံရေဝနန္းမွ ဤမဂၤလာမ႑ပ္တြင္းသို႔ ပခန္းမင္းႂကြခဲ့ပါ”
ျမတ္စံထြန္းကဒီလိုေခၚၿပီး လက္ဝါးကိုျဖန႔္ခ်၊ေျမျပင္မွာဖေနာင့္ေဆာင့္လိုက္ေတာ့ ျမင္းဟီသံႀကီးထြက္လာၿပီး ရဲရဲေတာက္ေနတဲ့စက္ႀကိဳးေတြၾကားက ဓားကိုထမ္းလို႔ ပခန္းဦးမင္းေက်ာ္(ကိုႀကီးေက်ာ္)နတ္ႀကီးႂကြလာရပါတယ္။
“ကြၽႏ္ုပ္၏ေပါ့ဆမႈေၾကာင့္ ငယ္ကြၽန္ရင္းျဖစ္တဲ့ အိမ္ေတာ္ထိမ္းဘညိဳႀကီးကို ဒီေအာက္လမ္းဆရာငညိဳကဖမ္းဆီးသြားတာခံလိုက္ရပါတယ္ဆရာ…ကြၽႏ္ုပ္ရဲ႕ငယ္ကြၽန္ရင္းကို အခုပဲျပန္ေခၚသြားပါေတာ့မယ္”
ပခန္းဦးမင္းေက်ာ္(ကိုႀကီးေက်ာ္)က ေ႐ႊဓားကိုႏွစ္ေခ်ာင္းယွက္ၿပီး ဆရာညိဳရဲ႕ေခါင္းေပၚကိုေဝွ႔ရမ္းလိုက္ေတာ့ ဦးဘညိဳႀကီးရဲ႕အသြင္သ႑န္နဲ႔ မ်က္လုံးျပဴးျပဴးအစြယ္ေငါေငါ သရဲတစ္ပိုင္းနတ္တစ္ပိုင္းႀကီးဟာ ဆရာညိဳရဲ႕ကိုယ္ကခြာၿပီးဦးမင္းေက်ာ္နဲ႔အတူေပ်ာက္သြားပါေတာ့တယ္။
“ဒီကဆရာကိုေရာ ေဟာဟိုကရွမ္းဆရာႀကီးနဲ႔ တစ္႐ြာလုံးကိုပါ က်ဳပ္ေတာင္းပန္ပါတယ္ဗ်ာ”
“ရပါတယ္ဗ်ာ….ကဲဆရာညိဳ က်ဳပ္ေပးတဲ့ေဆးမႈန႔္ေလးကို ဆရာညိဳေျခေထာက္မွျဖဴးလိုက္ပါ”
ျမတ္စံထြန္းက အဘေအာင္မင္းေခါင္ေပးတဲ့ လြယ္အိတ္ထဲကေဆးမႈန႔္တစ္ခ်ိဳ႕ကို ဆရာညိဳအတြက္ေပးလိုက္တယ္။ ဆရာညိဳလည္းေဆးမႈန႔္ေတြကိုလက္ဝါးနဲ႔ခံယူၿပီးေျခခုံကအေပါက္ထဲထည့္လိုက္ေတာ့နာက်င္တာေတြလုံးဝေပ်ာက္ကင္းၿပီး အနာလည္းေပ်ာက္သြားကြယ္သြားပါတယ္။
“ဝိဇၨာေဆးက သိပ္စြမ္းပါကလား”
ဆရာညိဳကဒီလိုေျပာေတာ့ျမတ္စံထြန္းလည္းၿပဳံးၿပီး..
“သိပ္ဟုတ္တာေပါ့ဗ်ာ က်ဳပ္လည္းတစ္ခ်ိန္က မေကာင္းမႈေတြျပဳလုပ္ခဲ့ဖူးပါတယ္ အခုေတာ့အသိတရားရၿပီမို႔ ဝိဇၨာေဆးေတြလက္ဝယ္ကိုင္ေဆာင္ထားႏိုင္ၿပီေပါ့”
“ဒါနဲ႔ဆရာ… ေအာက္လမ္းနည္းမဟုတ္ဘဲဓားၿပီး
ေအာင္လုပ္လို႔ရတဲ့နည္းရွိလား”
“သိပ္ရွိတာေပါ့ဗ်ာ လကၤာေလးနဲ႔မွတ္ထား
(ငကန႔္ပိ ပ်ားနဲ႔ေတ သမၺဳေဒၶတစ္ေထာင္စုပ္ သံသာေပပဲ့လူမနဲ႔ဘူး)တဲ့”
“အဓိပ္ပါယ်ကဘာလဲဆရာ”
ရွမ္းဆရာႀကီးကေမးတာပါ။ ဆရာညိဳလည္းသိခ်င္တဲ့အျပင္႐ြာထဲက သိုင္း႐ူးလူငယ္ကေလးေတြကပါ
နားစြင့္ေနၾကပါတယ္။
“ေသခ်ာမွတ္ထားပါ ….င ဆိုတာက င႐ုပ္ေကာင္း ကန႔္ ဆိုတာက ကန႔္ၾကဳပ္နီတဲ့ ပိဆိုတာကေတာ့ ပိတ္ခ်င္းသီးကိုေျပာတာပါ ဒီသုံးမ်ိဳးကိုဆတူေရာက်ိတ္ၿပီးပ်ားရည္နဲ႔အလုံးေလးေတြလုံးရပါတယ္ ၿပီးေတာ့
သမၺဳေဒၶဂါထာေတာ္နဲ႔တစ္ေထာင္ျပည့္ေအာင္အုပ္ၿပီးစားထားရင္ ဓား၊လွံ၊အုတ္၊တုတ္၊ တစ္ေထာင္ခံတယ္တဲ့ဗ်ာ”
“မွတ္သားထိုက္ပါတယ္ဆရာ…ဒါနဲ႔ဆရာဘယ္အရပ္ကလာၿပီးယခုဘယ္အရပ္ကိုသြားမယ္ဆိုတာသိပါရေစ”
“အေမွာင္ထဲကလာခဲ့ၿပီး အလင္းထဲကိုသြားေနတာဆိုပါေတာ့ ကဲပါေလ …ေနညိဳၿပီမနက္ျဖန္ရွင္ျဖစ္ဆြမ္းေႂကြးရင္သာ ေဒၚဖြားသစ္ကို အမွ်ေဝဖို႔မေမ့ပါနဲ႔ က်ဳပ္သြားမယ္”
ျမဳပ္ကြယ္ေတာ့မယ့္ေနဝန္းနီနီကိုေက်ာခိုင္းၿပီး ညေနခင္းရဲ႕ ေတာင္ျပန္ေလနဲ႔အတူခပ္ဆိုင္းဆိုင္းထြက္ခြာသြားတဲ့ျမတ္စံထြန္းကိုၾကည့္ရင္း ႐ြာသားေတြလည္း ၿငိမ္သက္ေနမိပါေတာ့တယ္။
ဆက္ရန္။
ဝိဇၨာရွစ္ေသာင္းဆရာေပါင္းတို႔အား
ဦးထိပ္ထား၍
မင္းဟိန္းခန႔္(ဥႆာဒီပ)