မြွေဘုရင်ဝင်စားသူ(စ/ဆုံး)

Unicode Version

မြွေဘုရင်ဝင်စားသူ(စ/ဆုံး)
——————————–
တောင်ပေါ်ဒေသကဖြစ်ရပ်မှန်—–
ရှမ်းပြည်နယ်ရဲ့အေးချမ်းသာယာတဲ့ရွာကလေးတရွာမှာတော့တောင်ယာလက်ဖက်စိုက်ပျိုးကာအေးချမ်းစွာနေသောမနန်းစံတို့လင်မယားနေကြလေသည် ။
ရိုးသားဖြူစင်သောတောင်ပေါ်သားများဖြစ်သောကြောင့်စိတ်ထားအလွန်ကောင်းမွန်သောလင်မယားများဖြစ်လေသည် ။
သူတို့လင်မယားရဲ့တောင်ယာသည်သူတို့နေသောရွာနှင့်အနဲငယ်ဝေးကာလွမ်းမောဖွယ်ရှမ်းတောင်တန်းတွေနှင့်နီးလေသည် ။
တောင်ယာသည်တောင်စောင်းပေါ်တွင်ရှိကာရွာမှလာပါကတောလမ်းကလေးကလာရလေသည် ။
တနေ့တွင်သူတို့လင်မယားတောင်ယာသို့လာရာလမ်းတောစပ်ကလေးတွင်အတန်ငယ်ကြီးမားသော
မြွေဖြူတကောင်သည်မြွေအရေခွံလဲနေတာမြင်တော့စိတ်ကောင်းရှိသောသူတို့လင်မယားက
မသမာသူများတွေ့သွားပါကအန္တရယ်ပေးမည်စိုးသောကြောင့်အနီးအနားကသစ်ပင်မှသစ်ကိုင်းများခုတ်ကာ
ထိုမြွေဖြူကြီးကိုအုပ်ပေးထားခဲ့လေသည် ။
သူတို့လင်မယားညနေတောင်ယာကပြန်လာတော့မြွေဖြူကြီးမရှိတော့ပေရွာရောက်တော့ရွာမှဘိန်းးစား
လူမိုက်တစ်ယောက်ကထိုမြွေဖြူကြီးကိုသတ်၍ယူလာသည်ဟုသတင်းကြားတော့
မနန်းစံတို့လင်မယားအတော်စိတ်မကောင်းဖြစ်သွားလေသည် ။
မနန်းစံတို့လင်မယားတွင်သားသမီးမထွန်းကားပေတညတွင်မနန်းစံကထူးဆန်းသော
အိမ်မက်ကိုမက်လေသည်အိမ်မက်ထဲတွင် သူတို့တွေ့ခဲ့သော
မြွေဖြူကြီးသည်အိမ်ထဲသို့ဝင်လာရာသူတို့လင်မယားအံသြစွာကြည့်နေတုန်း
ခန့်ညားသောလူတယောက်အဖြစ်ပြောင်းသွားကာ
”’ကျွန်တော်ဒီအိမ်မှာခဏနေပါရစေ””
သူတို့လင်မယားလဲအားရဝမ်းသာဖြင့်နေခွင့်ပြုလိုက်လေသည် ။
မကြာမီမနန်းစံတွင်ကိုယ်ဝန်ရှိလာကာ၉လလွယ်၁၀လဖွားတော့ဖြူဖွေးနေသော
သားကလေးတစ်ယောက်မွေးလေသည် ။
ထူးဆန်းသည်ကသားကလေး၏လျှာသည်ထိပ်တွင်နှစ်ခွပုံးစံမျိုးသိသာစွာပါလာကာ
လက်ဖဝါးနှစ်ဖက်တွင်လဲမှဲ့လိုအနက်စက်သုံးစက်သည်တြွိဂံပုံစံမျိုးအမှတ်ပါလာလေသည် ။
မနန်းစံတို့လင်မယားသည်သားကလေးကိုအလွန်ချစ်လေသည်။
သားကလေးအားစိုင်းနောင်ဟုအမည်ပေးထားလေသည်
စိုင်နောင်စာသင်ရမဲ့အရွယ်ရောက်လာတော့စာသင်ခိုင်းတာမနှစ်သက်ပေ
မိဘများကပညာတတ်ဖြစ်စေချင်၍ချော့မော့ထားပေမဲ့မကြာခဏကျောင်းပြေးလေသည် ။
နောက်တော့ကျောင်းကထွက်၍မိဘများကတောင်ယာသို့ခေါ်သွားလေသည်။
စိုင်းနောင်ကငယ်သေးတော့မိဘများကအလုပ်သိပ်မခိုင်းပေမဲ့စိုင်းနောင်ကတတ်နိုင်သလောက်ကူလေသည် ။
တခါတလေတောင်ယာထဲတွင်အဆိပ်ပျင်းသောမြွေများတွေ့ပါကစိုင်းနောင်က
သူ့လက်ဝါးကိုထောင်ပြလိုက်တာနဲ့ပါးပျဉ်းထောင်နေသောမြွေသည်ချက်ချင်းမြေကြီးပေါ်သို့
ခေါင်းချကာအရိုအသေပေးသည့်ပုံစံမျိုးပြုကာအလျင်အမြန်ထွက်ပြေးလေသည် ။
စိုင်းနောင်ရှိပါကမြွေအန္တရယ်မကြောက်ရသောမိဘများကစိုင်းနောင်အားအလွန်အားကိုးလေသည် ။
စိုင်းနောင်ကရွာထဲကမည်သည့်ကလေးနှင့်မျှမပေါင်းတယောက်ထဲသီးသန့်နေသည်။
မိဘများနှင့်လိုက်ကာတောင်ယာတွင်အချိန်ကုန်နေလေ့ရှိသည် ။
စိုင်းနောင်ကမိဘများအလစ်တွင်တောနက်ထဲသို့သွားကာမျက်ခင်းစိမ်းများပေါက်နေသောကွင်းပြင်ကလေးတခုသို့ရောက်ပါကလေချွန်လိုက်လေသည် ။
စိုင်းနောင်ရဲ့လေချွန်သံကြားပါကတောထဲကအမျိုးအမည်မခွဲခြားနိုင်သော
မြွေများထွက်လာကာစိုင်းနောင်နှင့်အဖော်လုပ်ကာကစားလေသည် ။
အတန်ကြာကစားပြီးမှစိုင်းနောင်ကပြန်လာလေသည်မြွေကိုက်ခံရသည့်လူနာတွေ့ပါက
စိုင်းနောင်လက်နှင့်သပ်ချလိုက်ပါကမြွေဆိပ်များထွက်လာကာအသက်ချမ်းသာရာရသွားလေသည် ။
ဒီသတင်းသည်တဖြည်းဖြည်းပျံနှံ့လာကာစိုင်းနောင်ဆီမြွေကိုက်လာကုသူများများလာလေသည် ။
စိုင်းနောင်အသက်လဲ၁၆နှစ်အရွယ်ရောက်လာပြီမိဘများအားယာလုပ်ငန်းကိုနားနားနေနေ
လုပ်ခိုင်းကာနားစေသည်စိုင်းနောင်ကြောင့်ဝင်ငွေတိုးပွားလာသလိုလက်ဆောင်ပစ္စည်းများလဲပေါများလာသည်။
တနေ့တွင်အောက်အရပ်မှအစွမ်းထက်သောအောက်လမ်းဆရာတစ်ယောက်သည်
စိုင်းနောင်တို့ရွာရောက်လာကာစိုင်းနောင်အားလေ့လာလေသည် ။
အောက်လမ်းဆရာကစိုင်းနောင်အားမိမိတပြည့်အဖြစ်မွေးပါကမိမိလုပ်ငန်းများ
အလျှင်အမြန်အောင်မြင်မည်ဟုတွေးကာအကြံထုပ်နေလေသည် ။
တညနေတွင်စိုင်းနောင်တို့အိမ်သို့ထူးဆန်းသောအဖိုးအိုတဦးရောက်လာလေသည် ။
အဖိုးအိုသည်တခေါင်းလုံးဆံပင်များဖြူဖွေးနေကာရင်ဘတ်ထိအောင်ရှည်လျားသော
မုတ်ဆိပ်မွှေးများသည်လဲဖြူဆွပ်၍နေလေသည် ။
အဖိုအိုအားတွေ့သောအခါစိုင်းနောင်သည်ကွဲကွာနေသောဆွေမျိုးအားပြန်တွေ့ရသလို
ဝမ်းပန်းတသာကြိုလေသည် ။
မိဘများကတခါမှမတွေ့ဘူးသောအဖိုးအိုအားအံသြနေကြေလေသည်အဖိုအိုကမနန်းစံတို့လင်မယားအား
”””ကဲငါ့သားနဲ့သမီးကစိတ်ထားကောင်းတော့အန္တရယ်ကိုမသိဘူးပေါ့ _____အခုလောဘသမား_အတ္တကြီးသ__ူလူမိုက်တစ်ယောက်ဟာ_မင်းတို့ဆီကိုရောက်လာပြီမကြာခင်_မင်းတို့ကိုအန္တရယ်ပေးလိမ့်မယ်ကွဲ့ဒါကြောင့်စိုင်းနောင်ကိုအဘခေါ်သွားပါရစေ”””
အဖိုးအိုစကားကိုလင်မယားနှစ်ယောက်ကခါးခါးသီးညင်းရာအဖိုအိုလဲလက်ရှော့ကာပြန်သွားလေသည် ။
နောက်၂ရက်လောက်နေတောာ့စိုင်းနောင်သည်ရုတ်တရက်အပျင်းဖျားကာသေလေသည်။
မနန်းစံတို့လင်မယားလဲရူးမတတ်ခံစားရလေသည်စိုင်းနောင်သေပြီးနောက်
အဖိုးအိုရောက်လာကာစိုင်းနောင်အလောင်းအားကိုယ်တိုင်မီးင်္သဂြိုလ်လေသည် ။
အဖိုးအိုကမနန်းစံတို့လင်မယားအားထူးဆန်းသောစကားဆိုလေသည် ။
”’ကဲ”မင်းတို့လင်မယားပူဆွေးသောကမဖြစ်လေနဲ့တော့မင်းတို့ဆီမြွေဘုရင်ခဏ—-အလည်လာတယ်သဘောထားကြပါကွယ်”’
”” အဘိုးအိုကမနန်းစံတို့လင်မယားအားမဲနက်တောက်ပြောင်နေသော——
ဓတ်လုံးလိုအလုံးကလေးတလုံးပေးကာ ””ဒီအလုံးလေးကမြွေအမြူတေကလေးပဲကွယ့်ဒါကလေးဟာ——အလွန်ရှားပါးပစ္စည်းဖြစ်ကာသူတော်ကောင်းများနှင့်သာ——ထိုက်တန်ပါတယ်ဒါ့ကြောင့်မင်းတို့လင်မယားဆေးကုစားပါ—–ဘယ်လိုအဆိပ်ရှိတဲ့သတ္တဝါမျိုးပဲကိုက်ကိုက်ဒါလေးကိုရေစိမ်တိုက်ပါ——ကျန်တာတော့ဥဏ်မှီသလိုသုံးပေါ့ကွယ်”
အဖိုးအိုပြန်တော့အောက်လမ်းဆရာတည်းသောအိမ်ဘက်မျက်နှာမူကာ
ဖနောင့်သုံးချက်ပေါက်ကာထွက်ခွာသွားလေသည် ။
နောက်တနေ့မိုးလင်းတော့မြွေကိုက်၍သေနေသောအောက်လမ်းဆရာအလောင်းအားတွေ့ကြလေသည် ။
ပြီး
D Moe Moe ့

Zawgyi Version

ေႁမြဘုရင္ဝင္စားသူ(စ/ဆံုး)
——————————–
ေတာင္ေပၚေဒသကျဖစ္ရပ္မွန္—–
ရွမ္းျပည္နယ္ရဲ႕ေအးခ်မ္းသာယာတဲ့႐ြာကေလးတ႐ြာမွာေတာ့ေတာင္ယာလက္ဖက္စိုက္ပ်ိဳးကာေအးခ်မ္းစြာေနေသာမနန္းစံတို႔လင္မယားေနၾကေလသည္ ။
႐ိုးသားျဖဴစင္ေသာေတာင္ေပၚသားမ်ားျဖစ္ေသာေၾကာင့္စိတ္ထားအလြန္ေကာင္းမြန္ေသာလင္မယားမ်ားျဖစ္ေလသည္ ။
သူတို႔လင္မယားရဲ႕ေတာင္ယာသည္သူတို႔ေနေသာ႐ြာႏွင့္အနဲငယ္ေဝးကာလြမ္းေမာဖြယ္ရွမ္းေတာင္တန္းေတြႏွင့္နီးေလသည္ ။
ေတာင္ယာသည္ေတာင္ေစာင္းေပၚတြင္ရွိကာ႐ြာမွလာပါကေတာလမ္းကေလးကလာရေလသည္ ။
တေန႔တြင္သူတို႔လင္မယားေတာင္ယာသို႔လာရာလမ္းေတာစပ္ကေလးတြင္အတန္ငယ္ႀကီးမားေသာ
ေႁမြျဖဴတေကာင္သည္ေႁမြအေရခြံလဲေနတာျမင္ေတာ့စိတ္ေကာင္းရွိေသာသူတို႔လင္မယားက
မသမာသူမ်ားေတြ႕သြားပါကအႏၲရယ္ေပးမည္စိုးေသာေၾကာင့္အနီးအနားကသစ္ပင္မွသစ္ကိုင္းမ်ားခုတ္ကာ
ထိုေႁမြျဖဴႀကီးကိုအုပ္ေပးထားခဲ့ေလသည္ ။
သူတို႔လင္မယားညေနေတာင္ယာကျပန္လာေတာ့ေႁမြျဖဴႀကီးမရွိေတာ့ေပ႐ြာေရာက္ေတာ့႐ြာမွဘိန္းးစား
လူမိုက္တစ္ေယာက္ကထိုေႁမြျဖဴႀကီးကိုသတ္၍ယူလာသည္ဟုသတင္းၾကားေတာ့
မနန္းစံတို႔လင္မယားအေတာ္စိတ္မေကာင္းျဖစ္သြားေလသည္ ။
မနန္းစံတို႔လင္မယားတြင္သားသမီးမထြန္းကားေပတညတြင္မနန္းစံကထူးဆန္းေသာ
အိမ္မက္ကိုမက္ေလသည္အိမ္မက္ထဲတြင္ သူတို႔ေတြ႕ခဲ့ေသာ
ေႁမြျဖဴႀကီးသည္အိမ္ထဲသို႔ဝင္လာရာသူတို႔လင္မယားအံၾသစြာၾကည့္ေနတုန္း
ခန႔္ညားေသာလူတေယာက္အျဖစ္ေျပာင္းသြားကာ
”’ကြၽန္ေတာ္ဒီအိမ္မွာခဏေနပါရေစ””
သူတို႔လင္မယားလဲအားရဝမ္းသာျဖင့္ေနခြင့္ျပဳလိုက္ေလသည္ ။
မၾကာမီမနန္းစံတြင္ကိုယ္ဝန္ရွိလာကာ၉လလြယ္၁၀လဖြားေတာ့ျဖဴေဖြးေနေသာ
သားကေလးတစ္ေယာက္ေမြးေလသည္ ။
ထူးဆန္းသည္ကသားကေလး၏လွ်ာသည္ထိပ္တြင္ႏွစ္ခြပုံးစံမ်ိဳးသိသာစြာပါလာကာ
လက္ဖဝါးႏွစ္ဖက္တြင္လဲမွဲ႔လိုအနက္စက္သုံးစက္သည္ႄတြိဂံပုံစံမ်ိဳးအမွတ္ပါလာေလသည္ ။
မနန္းစံတို႔လင္မယားသည္သားကေလးကိုအလြန္ခ်စ္ေလသည္။
သားကေလးအားစိုင္းေနာင္ဟုအမည္ေပးထားေလသည္
စိုင္ေနာင္စာသင္ရမဲ့အ႐ြယ္ေရာက္လာေတာ့စာသင္ခိုင္းတာမႏွစ္သက္ေပ
မိဘမ်ားကပညာတတ္ျဖစ္ေစခ်င္၍ေခ်ာ့ေမာ့ထားေပမဲ့မၾကာခဏေက်ာင္းေျပးေလသည္ ။
ေနာက္ေတာ့ေက်ာင္းကထြက္၍မိဘမ်ားကေတာင္ယာသို႔ေခၚသြားေလသည္။
စိုင္းေနာင္ကငယ္ေသးေတာ့မိဘမ်ားကအလုပ္သိပ္မခိုင္းေပမဲ့စိုင္းေနာင္ကတတ္ႏိုင္သေလာက္ကူေလသည္ ။
တခါတေလေတာင္ယာထဲတြင္အဆိပ္ပ်င္းေသာေႁမြမ်ားေတြ႕ပါကစိုင္းေနာင္က
သူ႔လက္ဝါးကိုေထာင္ျပလိုက္တာနဲ႔ပါးပ်ဥ္းေထာင္ေနေသာေႁမြသည္ခ်က္ခ်င္းေျမႀကီးေပၚသို႔
ေခါင္းခ်ကာအ႐ိုအေသေပးသည့္ပုံစံမ်ိဳးျပဳကာအလ်င္အျမန္ထြက္ေျပးေလသည္ ။
စိုင္းေနာင္ရွိပါကေႁမြအႏၲရယ္မေၾကာက္ရေသာမိဘမ်ားကစိုင္းေနာင္အားအလြန္အားကိုးေလသည္ ။
စိုင္းေနာင္က႐ြာထဲကမည္သည့္ကေလးႏွင့္မွ်မေပါင္းတေယာက္ထဲသီးသန႔္ေနသည္။
မိဘမ်ားႏွင့္လိုက္ကာေတာင္ယာတြင္အခ်ိန္ကုန္ေနေလ့ရွိသည္ ။
စိုင္းေနာင္ကမိဘမ်ားအလစ္တြင္ေတာနက္ထဲသို႔သြားကာမ်က္ခင္းစိမ္းမ်ားေပါက္ေနေသာကြင္းျပင္ကေလးတခုသို႔ေရာက္ပါကေလခြၽန္လိုက္ေလသည္ ။
စိုင္းေနာင္ရဲ႕ေလခြၽန္သံၾကားပါကေတာထဲကအမ်ိဳးအမည္မခြဲျခားႏိုင္ေသာ
ေႁမြမ်ားထြက္လာကာစိုင္းေနာင္ႏွင့္အေဖာ္လုပ္ကာကစားေလသည္ ။
အတန္ၾကာကစားၿပီးမွစိုင္းေနာင္ကျပန္လာေလသည္ေႁမြကိုက္ခံရသည့္လူနာေတြ႕ပါက
စိုင္းေနာင္လက္ႏွင့္သပ္ခ်လိုက္ပါကေႁမြဆိပ္မ်ားထြက္လာကာအသက္ခ်မ္းသာရာရသြားေလသည္ ။
ဒီသတင္းသည္တျဖည္းျဖည္းပ်ံႏွံ႔လာကာစိုင္းေနာင္ဆီေႁမြကိုက္လာကုသူမ်ားမ်ားလာေလသည္ ။
စိုင္းေနာင္အသက္လဲ၁၆ႏွစ္အ႐ြယ္ေရာက္လာၿပီမိဘမ်ားအားယာလုပ္ငန္းကိုနားနားေနေန
လုပ္ခိုင္းကာနားေစသည္စိုင္းေနာင္ေၾကာင့္ဝင္ေငြတိုးပြားလာသလိုလက္ေဆာင္ပစၥည္းမ်ားလဲေပါမ်ားလာသည္။
တေန႔တြင္ေအာက္အရပ္မွအစြမ္းထက္ေသာေအာက္လမ္းဆရာတစ္ေယာက္သည္
စိုင္းေနာင္တို႔႐ြာေရာက္လာကာစိုင္းေနာင္အားေလ့လာေလသည္ ။
ေအာက္လမ္းဆရာကစိုင္းေနာင္အားမိမိတျပည့္အျဖစ္ေမြးပါကမိမိလုပ္ငန္းမ်ား
အလွ်င္အျမန္ေအာင္ျမင္မည္ဟုေတြးကာအႀကံထုပ္ေနေလသည္ ။
တညေနတြင္စိုင္းေနာင္တို႔အိမ္သို႔ထူးဆန္းေသာအဖိုးအိုတဦးေရာက္လာေလသည္ ။
အဖိုးအိုသည္တေခါင္းလုံးဆံပင္မ်ားျဖဴေဖြးေနကာရင္ဘတ္ထိေအာင္ရွည္လ်ားေသာ
မုတ္ဆိပ္ေမႊးမ်ားသည္လဲျဖဴဆြပ္၍ေနေလသည္ ။
အဖိုအိုအားေတြ႕ေသာအခါစိုင္းေနာင္သည္ကြဲကြာေနေသာေဆြမ်ိဳးအားျပန္ေတြ႕ရသလို
ဝမ္းပန္းတသာႀကိဳေလသည္ ။
မိဘမ်ားကတခါမွမေတြ႕ဘူးေသာအဖိုးအိုအားအံၾသေနေၾကေလသည္အဖိုအိုကမနန္းစံတို႔လင္မယားအား
”””ကဲငါ့သားနဲ႔သမီးကစိတ္ထားေကာင္းေတာ့အႏၲရယ္ကိုမသိဘူးေပါ့ _____အခုေလာဘသမား_အတၱႀကီးသ__ူလူမိုက္တစ္ေယာက္ဟာ_မင္းတို႔ဆီကိုေရာက္လာၿပီမၾကာခင္_မင္းတို႔ကိုအႏၲရယ္ေပးလိမ့္မယ္ကြဲ႕ဒါေၾကာင့္စိုင္းေနာင္ကိုအဘေခၚသြားပါရေစ”””
အဖိုးအိုစကားကိုလင္မယားႏွစ္ေယာက္ကခါးခါးသီးညင္းရာအဖိုအိုလဲလက္ေရွာ့ကာျပန္သြားေလသည္ ။
ေနာက္၂ရက္ေလာက္ေနေတာာ့စိုင္းေနာင္သည္႐ုတ္တရက္အပ်င္းဖ်ားကာေသေလသည္။
မနန္းစံတို႔လင္မယားလဲ႐ူးမတတ္ခံစားရေလသည္စိုင္းေနာင္ေသၿပီးေနာက္
အဖိုးအိုေရာက္လာကာစိုင္းေနာင္အေလာင္းအားကိုယ္တိုင္မီးသၤၿဂိဳလ္ေလသည္ ။
အဖိုးအိုကမနန္းစံတို႔လင္မယားအားထူးဆန္းေသာစကားဆိုေလသည္ ။
”’ကဲ”မင္းတို႔လင္မယားပူေဆြးေသာကမျဖစ္ေလနဲ႔ေတာ့မင္းတို႔ဆီေႁမြဘုရင္ခဏ—-အလည္လာတယ္သေဘာထားၾကပါကြယ္”’
”” အဘိုးအိုကမနန္းစံတို႔လင္မယားအားမဲနက္ေတာက္ေျပာင္ေနေသာ——
ဓတ္လုံးလိုအလုံးကေလးတလုံးေပးကာ ””ဒီအလုံးေလးကေႁမြအျမဴေတကေလးပဲကြယ့္ဒါကေလးဟာ——အလြန္ရွားပါးပစၥည္းျဖစ္ကာသူေတာ္ေကာင္းမ်ားႏွင့္သာ——ထိုက္တန္ပါတယ္ဒါ့ေၾကာင့္မင္းတို႔လင္မယားေဆးကုစားပါ—–ဘယ္လိုအဆိပ္ရွိတဲ့သတၱဝါမ်ိဳးပဲကိုက္ကိုက္ဒါေလးကိုေရစိမ္တိုက္ပါ——က်န္တာေတာ့ဥဏ္မွီသလိုသုံးေပါ့ကြယ္”
အဖိုးအိုျပန္ေတာ့ေအာက္လမ္းဆရာတည္းေသာအိမ္ဘက္မ်က္ႏွာမူကာ
ဖေနာင့္သုံးခ်က္ေပါက္ကာထြက္ခြာသြားေလသည္ ။
ေနာက္တေန႔မိုးလင္းေတာ့ေႁမြကိုက္၍ေသေနေသာေအာက္လမ္းဆရာအေလာင္းအားေတြ႕ၾကေလသည္ ။
ၿပီး
D Moe Moe ့