“မြွေဝင်စားသော မိန်းခလေး”(စ/ဆုံး)

Unicode Versionn

“မြွေဝင်စားသော မိန်းခလေး”(စ/ဆုံး)
—————————-
ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာလေးမှ အဖြစ်ပျက်လေးတစ်ခုပင်ဖြစ်ပေသည်။ ဝါးခယ်မမြို့အတွင်း၌တည်ရှိနေခဲ့ကြသော ကျေးရွာပေါင်းမြောက်မြားစွာအနက်၊ မောင်းတီးကျေးရွာတစ်ခုတည်းသာလျင် ကရင်လူမျိုးအများစု နေထိုင်ကြသည်ဟု သတ်မှတ်ထားကြပေသည်။ ထိုကျေးရွာလေးတွင် အမေရေယဉ်ဟူသော အနောက်မယ်တော်ကြီးအား အများစုမှ ကိုးကွယ်ယုံကြည် လက်ခံကြလေသည်။ အများစုဟုဆိုခြင်းငှာ တစ်ရွာလုံးနီးပါးတွင် အမေရေယဉ်အား ကိုးကွယ်ကြခြင်းဖြစ်ပေသည်။
စာရေးသူကျွန်ုပ်၏ အစ်မဝမ်းကွဲဖြစ်သူမှာ ဝါးခယ်မမြို့၊ ရေကျော်ကျေးရွာလေးအတွင်း၌ မင်္ဂလာဆောင်ပြီဖြစ်သော်ကြောင့် ရန်ကုန်တွင်နေထိုင်သော ကျွန်ုပ်တို့၏မိသားစုကိုပင် အရောက်လာကြရန် ဖိတ်ကြားခဲ့ပါသည်။ သို့သော် ကျွန်ုပ်၏မိခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသည်ကြောင့် ဖခင်ဖြစ်သူမှာ အနီးကပ်ပြုစုပေးနေခဲ့ရသည်။ ထို့ကြောင့် မိဘနှစ်ပါး၏ကိုယ်စား ကျွန်ုပ်ကိုယ်သာလျင် သွားရောက်ပါဟု တိုက်တွန်းပြောဆိုခဲ့ကြ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း မိဘများ၏တိုက်တွန်းမှု့များဖြင့် ဝါးခယ်မယ်မြို့ဆီသို့ သွားရောက်ခဲ့ရပေသည်။
အင်မတန်မှကြီးကျယ်စွာ မင်္ဂလာဆောင်ခြင်းဟု ဆိုရလေမလား။ ကျွန်ုပ်တို့၏ရန်ကုန်မြို့ကြီးတွင် မင်္ဂလာဆောင်သည်ဆိုပါက ဧည့်ခံကျွေးမွေးရာတွင် ရေခဲမုန့်နှင့်ကိတ်မုန့် သို့မဟုတ် ဒံပေါက်ထမင်း၊ ထိုအရာများကိုသာလျင် အများဆုံး ကျွေးမွေးဧည့်ခံလေ့ရှိကြပေသည်။ သို့သော် ထိုကျေးရွာလေး၏မင်္ဂလာဆောင်မှာ ပေါင်းမုန့်အုန်းနို့စမ်းဖြင့် ကျွေးမွေးဧည့်ခံသည်က အကုန်ချသတ်သာလိမ့်မည်ဖြစ်သည်။ သို့သော် တောရွာတို့၏သဘောအတိုင်း မင်္ဂလာဆောင်ဟုဆိုသည်ကြောင့် အလှပဆုံးသော အဝတ်စားများဖြင့် အလှပဆုံးသော စားသောက်နေခဲ့ခြင်းမျိုးမဟုတ်။
ခပ်လတ်လတ်အဝတ်စားလေးများဖြင့် မင်္ဂလာဆောင်သို့လာရောက်ရှိကြပြီး ကျွေးမွေးဧည့်ခံသော ပေါင်မုန့်အိုးနို့စမ်းများကိုပင် အဝအပြဲစားသောက်နေခဲ့ကြသည်က သဘာဝကျလှသည်။ ကျွန်ုပ်တို့မြို့့ကြီးပြကြီး၌ အိမ်ရှေ့တည့်တည့်တွင် ကားလမ်းများနှင့် လိုင်းကားများစွာ ဖြတ်သန်းမောင်းနှင်ကြသော်လည်း ထိုကျေးရွာလေးတွင်မူ ရေကျောင်းခရီးသာလျင် ရှိပေသည်။ အိမ်ရှေ့တွင် ရေတတ်၊ရေချ ချောင်းကျယ်ကြီးရှိနေပြီး၊ အိမ်အနောက်ဘက်တွင်မူ စိုက်ခင်းများနှင့် လယ်ကွင်းပြင်များသာတည်ရှိနေကြသည်။ လိုင်းသင်္ဘောများစွာ သွားလာနေခဲ့ပြီး၊ တစ်ခြားသော ရွာများဆီသို့ သွားရောက်ချင်ပါက ရေတတ်ချိန်ကိုပင် စောင့်စားလျက် လိုင်းသင်္ဘောများစီးကာ သွားကြရပေသည်။
ထို့ကြောင့် မြို့ကြီးများတွင် ကိုယ်ပိုင်စက်ဘီးသို့မဟုတ် ဆိုင်ကယ်။ သည်ထက်ပို၍ ပိုက်ဆံရှိကြလျင် ကိုယ်ပိုင်ကားများစွာ ဝယ်ယူထားကြရင်း လိုရာခရီးဆီသို့ ထွက်ခွာလေ့ရှိကြပေသည်။ သို့သော် ထိုကျေးရွာလေးတွင်မူ ကားလမ်းဟူ၍မရှိ၊ အိမ်ရှေ့တွင် ချောင်းကျယ်ကြီးသာလျင် ရှိနေသည်ကြောင့်၊ လှေများနှင့် စက်လှေများကိုသာ နေအိမ်များတိုင်းတွင် ဝယ်ယူထားခဲ့ကြလေသည်။
မင်္ဂလာဆောင်ပြီးသည့် ညနေပိုင်းတွင်မူ ကျွန်ုပ်၏ဦးလေးဖြစ်သူနှင့် စကားများစွာပြောဆိုဖြစ်ခဲ့သည်။ ကျွန်ုပ်သည်လည်း မနက်ဖြန်ညနေပိုင်းတွင်မူ ရန်ကုန်ဆီသို့ ပြန်တော့မည်ဖြစ်ကြောင့် ဦးလေးအားပြောဆိုလေခဲ့၏။ သို့သော် ဦးလေးမှာမူ ရောက်တုန်းရောက်ခိုက် သုံးလေးရက်မျှနေသွားပါဦးဟု တောင်းဆိုလေခဲ့သည်ကြောင့် ကျွန်ုပ်သည်လည်း ဦးလေး၏သဘောအတိုင်းပါပင် နှစ်ရက်တိတိနေပေးရန် ဆုံးဖြတ်လိုက်စေသည်။
ထိုတစ်ညအိပ်စက်ခဲ့ပြီး မိုးလင်းလာသည့်နှင့် ဦးကြီးမှာ တစ်ဖက်ရွာဆီသို့ သွားရောက်ရန် ကျွုန်ပ်အား အဖော်အဖြင့်ခေါ်ဆောင်လေခဲ့၏။ ကျွန်ုပ်သည်လည်း ဦးကြီး၏အနောက်သို့ လိုက်ပါသွားရန်အတွက် လယ်ထဲဆင်းလျင်ဆောင်းသည့် ကမောက်ကြီးကိုပင် စောင်းလေခါ စက်လှေပေါ်သို့ တတ်ရောက်လေခဲ့သည်။ ရေကျောင်းခရီးဖြင့် နာရီဝက်မျှမောင်းနှင်ခဲ့ရပြီး၊ စက်လှေထိုးရန် ပြုလုပ်ပေးထားသည့် မြောင်းလေးအတွင်းသို့ဝင်လျက် ဦးလေးမှာ စက်လှေထိုးထားလိုက်သည်။ စက်လှေအပေါ်မှဆင်းစေပြီး ကစဉ်းရိုးများအတိုင်း နေအိမ်တစ်အိမ်ဆီသို့ ဦးတည်မည်ဟု ပြောဆိုလေခဲ့သည်။
ကဇဉ်းရိုးဟာ ကျဉ်းမြောင်းလှစွာ တည်ဆောက်ထားသည်ကြောင့် တစ်ဦးတည်းသာလျင် ရောက်လှမ်း၍ရပေသည်။ ထို့ကြောင့် ဦးကြီး၏အနောက်မှ ကျွုန်ပ်တစ်ယောက် လိုက်ပါနေခဲ့ရလေသည်။ အရှေ့မှဦးတည်နေခဲ့သော ဦးကြီးမှာ အနောက်တွင်ရှိနေသည့် ကျွန်ုပ်အား ထိုကဲ့သို့ပင်ပြောဆိုလေသေးသည်။

“ဒီရွာက မြွေတွေအရမ်းပေါတာငါ့တူရ… ဦးလေးတို့ရွာလိုမဟုတ်ဘူး။ မြွေဆိုးတွေချည်းပဲ၊ မြွေပွေး၊ ငန်းတော်ကြား၊ မြွေဟောက်၊ အဆိုးဆုံးကတော့ ငန်းတော်ကြားတွေပဲကွ၊ ဒါကြောင့်လည်း မြွေနိုင်တဲ့ အမေယဉ်ကိုကိုးကွယ်ကြတာဖြစ်မယ်။”
“ဟင်….”
မသိလျင်မည်သည့်အကြောက်တရားမျှ ကျွန်ုပ်ထံတွင်ရှိနေလိမ့်မည်မဟုတ်၊ သို့သော် ယခုအခါ ဒူးခေါင်းကျော်မျှပေါက်ရောက်နေခဲ့သော မြတ်ပင်များကိုတွင် ဖြတ်သန်းနေခဲ့ချိန်၌ ဦးကြီးထံမှ ထို့ကဲ့သို့ပြောဆိုလိုက်သံကိုပင် ကြားလိုက်ရသည်နှင့် ကျွုန်ပ်၏ခြေလှမ်းများ တွန့်ဆုတ်ရပ်တန့်သွားခဲ့ရလေသည်။
“ဟ… တူကြီး၊ လျောက်လေကွ။ ဘာဖြစ်တာတုန်း။ ညောင်းသွားတာလား”
“ဟာ… မဟုတ်ပါဘူး။ ဦးကြီးပြောလိုက်မှပဲ ကျွန်တော်မလျောက်ရဲတော့တာ၊ ဦးကြီး ကျွန်တော်မလိုက်ရဲတော့ဘူးဗျာ”
“ဟင်… ဘာဖြစ်လို့တုန်းကွ”
“မြွေ… မြွေတွေပေါတယ်ဆို…”
“ဟုတ်တယ်လေကွ… ငါကမြွေပေါတယ်ပဲပြောတာ။ လူတွေကို မြွေတွေက ကိုက်တယ်လို့ပြောတာမှမဟုတ်ပဲ။ ရန်ကုန်သားကြီးကလည်း သွေးနည်းလိုက်တာ”
“နည်းတယ်ဗျ၊ နည်းတယ်။ မြွေနဲ့တူတဲ့အကောင်ဆိုရင် တီကောင်တောင် ကျွန်တော်ကကြောက်တတ်တာ ဦးကြီးလည်းအသိပဲ”
“သိပါတယ်ကွာ…. ငါ့တူကြီးအကြောင်း ဦးလေးသိပ်ါတယ်။ လာပ်ါကွ။ ဟိုးမှာမြင်နေရတဲ့ အိမ်လေး။ ရောက်ခါနီးပြီး။ ဦးလေးချီသွားရမလား”
“ရ…ရပါတယ်ဦးလေးရ”

ဦးကြီးညွန်ပြလိုက်သည့် အိမ်လေးမှာ လှမ်းမြင်နေရပြီဖြစ်သောကြောင့် ကျွန်ုပ်သည်လည်း အကျဲဆုံးခြေလှမ်းများဖြင့် ဦးတည်လေခဲ့ရလေသည်။
“ဗျို့… ကိုအုန်းမောင်”
ထိုအိမ်ရှေ့ဆီသို့ရောက်ရှိလာခဲ့သည်နှင့် ဦးကြီးမှာထိုကဲ့သို့ပင် အသံပေးလိုက်လေခဲ့သည်။ ထိုအခါ မျက်မှန်ကြီးအားတပ်ဆင်ထားခါ အသက်အားဖြင့်(၅၀)ကျော်ခန့် ရှိနေခဲ့ပြီဖြစ်သော လူကြီးတစ်ဦးမှာ နေအိမ်ပြတင်းပေါက်လေးနံဘေး၌ စာဖတ်နေခဲ့ရင်း ထိုကဲ့သို့ပင်ပြန်လည်အသံပေးလေခဲ့သည်။
“ဟော့… ကိုမြင့်ထွေး… ဝင်လာခဲ့လေဗျာ”
“မဝင်ရဲဘူးဗျ။ မြွေတွေဘာတွေ ကြည့်ပေးဦး”
“ဝင်လာခဲ့စမ်းပါဗျာ။ ဘာမှမဖြစ်ပါဘူး’
“ဟာဗျာ…မဝင်ရဲဘူး… ခင်ဗျားလာခေါ်ချည်”
ကျွန်ုပ်၏တစ်သက်နှင့်တစ်ကိုယ် နေအိမ်များထံသို့ သွားရောက်လည်ပတ်ပါက၊ အိမ်ရှင်များကိုပင် “ခွေးကြည့်ပေးပါဦး”ဟူသော ပြောစကားများကိုသာလျင် ကြားခဲ့ရဘူးသည်။ သို့သော်ယခုအခါတွင်မူ ဦးကြီး၏ပြောဆိုလိုက်သော စကားများမှာ လွန်စွာထူးဆန်းနေလှပေသည်။ ဘယ့်နှဲ့…မြွေကြည့်ပေးပါဦးဟူသော ပြောစကားပင်ဖြစ်၏။ ဦးကြီးသည်လည်း ခြံအပြင်မှနေ၍ ပတ်ဝန်းကျင်ကိုပင် မျက်စိဒေါင့်ထောက်ကြည့်ရှု့နေလျက် မြွေဟူသော သတ္တဝါကိုပင် ထိတ်လန့်နေဟန်တူသည်။ အိမ်ရှင်ကြီးသည်လည်း ခြံအပြင်၌ရှိနေခဲ့သော ကျွန်ုပ်နှင့်ဦးကြီးတို့အား လာရောက်ခေါ်ဆောင်ခါ နေအိမ်အပေါ်သို့ လိုက်ပါသွားခဲ့ရတော့သည်။

“အလည်သတ်သတ်ပဲလားဗျ”
“ဟုတ်တယ်ဗျို့… ဒါရန်ကုန်က ကျုပ်ညီသားလေး… စာရေးဆရာ။ သူရောက်လာတုန်း ထူးထူးဆန်းဆန်းနေရာတွေ လိုက်ပို့ပေးချင်တာနဲ့ ခင်ဗျားအိမ်ခေါ်လာတာ။ ဒါနဲ့ ခင်ဗျားသမီးလေးရော”
“ရှိပါ့ဗျ…. ဒါနဲ့နေပါဦး။ ခင်ဗျားတူကို ထူးထူးဆန်းဆန်းပြချင်တာနဲ့ပဲ ကျုပ်အိမ်ခေါ်လာရတယ်ဆိုတော့…”
“သြော်… ဒီလိုလေဗျာ။ ကျုပ်တူက ဂမ္ဘီရဇာတ်လမ်းတွေဘာတွေရေးတော့ ခင်ဗျားတို့သမီးလေးအကြောင်း သူ့ကိုသိစေချင်လို့ ခေါ်လာခဲ့တယ်ပဲဆိုပါတော့”
“သြော်”
ဦးအုန်းမောင်ဆိုသော ထိုသူကြီးနှင့် ကျွန်ုပ်တို့၏ဦးကြီးတို့မှာ လွန်စွာရင်းနှီးကြဟန်သည်။ ထိုနှစ်ဦးသား တရင်းတနှီးပြောဆိုနေခဲ့ကြသော ပြောစကားများကိုပင် ကျွန်ုပ်တစ်ယောက် နားမလည်နိုင်ခဲ့ချေ။ ဦးကြီး၏ပြောစကားများထဲတွင် ကျွန်ုပ်အား ထူးဆန်းသည့်နေရာဆီသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်ဖြစ်သည်ဟု ကြားသိလိုက်ရပေသည်။
“လုပ်ပါဦးဗျ… ခင်ဗျားသမီးလေးခေါ်လိုက်ပါဦး။ ကျုပ်လည်း ဒီနေ့ဗုဒ္ဓဟူးနေ့ဖြစ်နေလို့ အရောက်လာခဲ့တာ။ သူလာမှ သူ့အဖော်တွေကလည်း လာကြမှာဆိုတော့ ကျွန်တော့်တူကြီးကို ထူးထူးဆန်းဆန်း မြင်စေချင်လို့ပါဗျ”
“ဟုတ်ပါပြီဗျာ… ဟုတ်ပါပြီ”
“သမီးရေ…ယဉ်လှ။”
“ရှင်..အဖေ…”
“လာပါဦးကွယ်။ ဒီမှာ သမီးဦးလေးဦးမြင့်ထွေးက တွေ့ချင်လို့တဲ့”
“ဟုတ်ကဲ့အဖေ”
ကျွန်ုပ်၏ထင်မြင်ချက်များအရ ဦးအုန်းမောင်၏သမီးဖြစ်သူမှာ အိပ်ခန်းအတွင်း၌ ပြန်လည်အသံပေးနေခဲ့ခြင်းဖြစ်ပေလိမ့်မည်။ မပီတပီနှင့် ပြောဆိုသံလေးများကိုသာကြားနေခဲ့ရ၏။ ဟုတ်ပါသည်။ အိပ်နောက်ဖေးမှ ထွက်ရောက်လာသူဟာ (၇)နှစ်အရွယ် ကလေးမလေးတစ်ဦးပင်ဖြစ်သည်။ သူ၏ဂုတ်ပေါ်တွင်လည်း တစ်ပေခွဲခန့်ရှိသည့် အဝါကွက်ကြား မြွေကြီးတစ်ကောင်မှာ ရစ်ပတ်နေခဲ့သည်အားလည်း ထိတ်လန့်စွာမြင်တွေ့လိုက်ရပေသည်။

“လာထိုင်…”
“ဟင်… ဦးကြီး… မြွေ…မြွေကြီးလေ”
“ဟားဟားဟားဟား… ဘယ်လိုလဲတူကြီး၊ မင်းလန့်သွားလား။ ကိုင်ကြည့်ပါလားကွ”
“ဟာ… ဦးကြီးကလည်းဗျာ။”
“ဟားဟားဟား… ခင်ဗျားတူက ရန်ကုန်သားဆိုတော့လည်း ကြောက်မှာပေါ့ဗျကိုမြင့်ထွေးရ ခင်ဗျားလိုတောသားစစ်စစ်ကြီးတောင် ကျုပ်အိမ်ထဲမဝင်ရဲတာ။ ကောင်လေးရေ… သိပ်လည်းကြောက်မနေနဲ့ဦးဟ။ အပေါ်ကိုလည်း မော့ကြည့်လိုက်ဦး”
“အောင်မလေး”
ကျွန်ုပ်၏ထိတ်လန့်မှု့များဟာ ဦးအုန်းမောင်နှင့် ကလေးမလေးတို့၏ လှောင်ရယ်စရာများစွာ ဖြစ်နေခဲ့ရလေသလား။ အဝါကွက်ကျားဖြင့် မြွေကြီးတစ်ကောင်မှာ ထိုကလေးအလေး၏ လည်ပင်းပေါ်၌ ရစ်ပတ်နေခဲ့ခြင်းသာမက၊ အိမ်ထုတ်တန်းပေါ်တွင်လည်း အဝါကွက်ကျားဖြင့် မြွေကြီးတစ်ကောင်မှာ ငြိမ်သတ်စွာရှိနေလေခဲ့သည်။ ထိုတင်မကသေး၊ ကျွန်ုပ်၏နံဘေးနားမှနေ၍ ဖြတ်သွားခဲ့သည်က လက်ကောက်ဝတ်ခန့်ရှိသော မြွေဟောက်ကြီးတစ်ကောင်မှာ ကလေးမလေး၏အနောက်မှ တရတ်ဆတ်လိုက်ပါလာခဲ့ဟန်သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဖင်ထိုင်ချထားရာမှ ငုတ်တုတ်အနေထားသို့ပင် ပြောင်းလဲသွားခဲ့ရလေပြီး၊ ဦးကြီး၏လက်မောင်းကြီးကိုသာ ရုတ်တရတ်လှမ်းကိုင်မိလိုက်လေသည်။ နောက်ကျောမလုံချေ။ ဦးကြီးသည်လည်း ကြောက်လန့်တတ်၏။ သို့သော် ထိုအိမ်အပေါ်တွင်မူ ခပ်ပြုံးပြုံးအမူယာများနှင့်သာ ရှိနေခဲ့လေ၏။

“မကြောက်ပါနဲ့… ကောင်လေးရယ်။ မင်းကိုသူတို့ဘာမှ မလုပ်ကြပါဘူး။ သူတို့က သူတော်ကောင်းမြွေတွေပါကွ”
“ဟာဗျာ… ကျွန်တော်မနေရဲဘူး”
“နေပါဦးတူကြီးရယ်၊ မင်းဦးလေးလည်းရှိနေတာပဲ။ မင်းကိုသူတို့အန္တရယ်မပေးပါဘူး”
“ဟုတ်တယ်ကွ၊ ဒီကလေးမက ဦးကြီးတို့ရွာရော ရွာနီးခြောက်စပ်မှာရော အရွယ်နဲ့မလိုက် နာမည်အရမ်းကြီးတာ။ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆရာမဆိုတဲ့ ဘွဲ့ရနေတယ်ဆိုပါတော့….”
“ဟင်… ဘာ… ဘာ… ဘာဖြစ်လို့လဲ”
“သြော်….ဒါက သူ့ကိုစောင့်ရှောက်ကြတဲ့ မြွေတွေလေ။ ဘယ်လိုမြွေဆိုးမျိုးကိုက်ကိုက် ဦးအုန်းတင်သမီးလေး တံထွေးတစ်စက်နဲ့တင် အသက်အန္တရယ်လုံးဝမထ်ိခိုက်အောင် ကုပေးနိုင်တယ်ကွ”
“ဟင်… ဒါဆို ဒါဆိုဒီကလေးမလေးက မြွေဆရာမပေါ့ဟုတ်လားဦးကြီး။”
“အင်း… ဘယ်လိုပြောရမလဲ။ ငါတူကြီးပြောသလို ဟုတ်တော့လည်းဟုတ်ပါတယ်။ ဒါပေမယ့်….”
“ကဲပါဗျာ… ကျုပ်ပဲပြောပြလိုက်ပါတော့မယ်။ ဒီလိုကောင်လေးရ။ ကဲ….ဖင်ချထိုင်စမ်းပါကွ… စိတ်အေးအေးထား၊ မင်းဘာမှမဖြစ်စေရဘူးဟုတ်ပြီလား။ မင်းက စာတွေဘာတွေရေးတယ်ဆိုတော့ မင်းရေးလိုရအောင် ငါပြောပြမယ်။ ဒီလိုကွ… ဦးလေးတို့လင်မယားနှစ်ယောက်က ဒီရွာသားတွေချည်းပဲ၊ ငယ်ငယ်ကတည်းက ဒီရွာမှာမွေး၊ ဒီရွာမှာကြီးလာကြရင်း ငယ်သူငယ်ချင်းတွေကနေ အခုလိုအိမ်ထောင်ဘက်အဖြစ် ရောက်လာကြတယ်ဆိုပ်ါတော့။ ဦးမိန်းမနဲ့ဦးနဲ့ အိမ်ထောင်ကျပြီး အနှစ်(၂၀)အထိ ကလေးမရခဲ့ဘူး။ အရမ်းလိုချင်တယ်။ ဦးမိန်းမကလည်း အိမ်ထောင်သက်အနှစ်(၂၀)လုံးလုံး ကလေးမရတော့ ကလေးရူး ရူးနေခဲ့တာပေါ့။ ဦးတို့လင်မယားနှစ်ယောက်က အနောက်မယ်တော် အမေရေယဉ်ကိုးကွယ်ကြတယ်။ ဦးတို့တင်မဟုတ်ပါဘူး။ တစ်ရွာလုံးကိုးကွယ်ကြတာပါ။ နေ့တိုင်းလည်း အမေရေယဉ့်ဆီမှာ ကလေးရနိုင်အောင် ဆုတောင်းခဲ့တယ်။ ဒီလိုနဲ့ ရက်တွေကြာလာပြီး… တစ်ညမှာတော့ အိပ်မက်တစ်ခုမက်တာပဲ ငါ့တူရေ။ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်ရောက်လာတယ်၊ မြွေကြီးတစ်ကောင်လာပေးတယ်။ အိပ်မက်ထဲမှာ ဦးတို့ကလည်း လက်မခံဘူး။ ဘယ့်နှဲ့…မြွေကြီးလာပေးရသလား…. အဲ့ဒါနဲ့ အဲ့ဒီအမျိုးသမီးကို အတင်းမောင်းထုတ်တယ်။ ဒါပေမယ့် သူက ကလေးလိုချင်ရင် ဒီမြွေကြီးကို မွေးစားလိုက်ဆိုပြီးပြောတယ်။ ဦးမိန်းမကလည်း ကလေးသိပ်လိုချင်နေတာဆိုတော့ အိပ်မက်ထဲမှာ အဲ့ဒီအမျိုးသမီးပေးတဲ့ မြွေကြီးကိုချက်ချင်းပဲ ယူလိုက်တယ်လေ။ ဦးတို့လက်ထဲလဲရောက်ရော… မြွေကြီးကနေ အနှီးထုတ်လေးနဲ့ကလေးလေးဖြစ်သွားတယ်။ တကယ်ထူးဆန်းတဲ့ အိပ်မက်ပါပဲကွာ။ ပြီးတော့ အခုလို သမီးလေးကိုကိုယ်ဝန်ရှိပြီး မွေးလာခဲ့တယ်ဆိုပါတော့။ ထူးဆန်းတာတစ်ခုက အဲ့ဒီအိပ်မက်ကို ဦးတို့လင်မယားနှစ်ယောက်စလုံး တစ်ချိန်တည်း၊ တစ်ပြိုင်တည်း အတူတူမက်ခဲ့ကြတာကွ။”
“ဟင်… ဒါဆိုဒီကလေးမလေးက မြွေဝင်စားဆိုတာ သေချာသွားပြီပေါ့နော်ဦး”
“မြွေဝင်စားတယ်ဆိုတာထက် ဦးအထင် အိပ်မက်ထဲမှာ မြွေကြီးလာပေးသွားတဲ့ အမျိုးသမီးက အနောက်မယ်တော်ကြီး အမေယဉ်ပဲဖြစ်လိမ့်မယ်။ ပြီးတော့ သမီးလေးကိုယ်ဝန် (၅)လလောက်တုန်းကလည်းဆိုရင် ဦးလယ်ထဲကနေ အပြန်…. သူ့အမေကလည်း အိမ်ရှေ့ခန်းမှာ ဗိုက်ကြီးတပြဲပြဲနဲ့ အိပ်ပျော်နေတာ။ မြွေဟောက်ကြီးတစ်ကောင်က သူ့ခြေရင်းမှာ ခွေပြီးပါးပြင်းထောင်ထားတယ်။ နောက် ခေါင်းရင်းမှာက မြွေဘုရင်လို့ခေါ်တဲ့ ငန်းတော်ကျားကြီးကလည်း ခွေနေတာကိုတွေ့လိုက်ရတယ်။ ဦးလည်း မျက်စိတွေဘာတွေ ပြာသွားတာပဲ။ အသိစိတ်ထဲမှာလည်း ဦးမိန်းမကို မြွေကိုက်လိုက်ပြီးထင်ပြီး ခြေရင်းက မြွေဟောက်ကို မြတ်ခုတ်ဓားနဲ့ပိုင်းမလို့အလုပ် ဖိနပ်ချွတ်သစ်သားဘောင်ကို ခလုတ်တိုက်ပြီး၊ ပါးပြင်းထောင်နေတဲ့ မြွေဟောက်ရှေ့ကို မှောက်ယှက်လဲကျသွားတယ်။ ဒါပေမယ့် မြွေက ဦးကိုဘာမှမလုပ်ဘူး။ တကယ်ဆိုရင် ဦးနံဖူးတည့်တည့်ကို ဒီကောင်ပေါက်လိုက်လို့ရပြီး။ ဦးလည်း ကြောက်ကြောက်နဲ့ငြိမ်နေပြီး၊ မလှုပ်ရဲဘူး။ သူကလည်း ဘာမှမလုပ်ဘူး။ သူဟာသူ ပါးပြင်းချပြီး အိမ်ပေါ်ကနေ နှစ်ကောင်စလုံးဆင်းသွားတယ်။ တကယ့်ကိုသူတော်ကောင်းမြွေတွေဆိုတာ ဦးသိလိုက်ပြီ၊ မြွေတွေဆင်းသွားမှ သူ့အမေကလည်း ထလာပြီး၊ ကြမ်းပြင်ပေါ်မှာ မှောက်ယှက်ဖြစ်နေတဲ့ ဦးကိုကြောင်တောင်တောင်ဖြစ်သွားတယ်လေ”
“အင်း… ဒါဆိုရင် ကလေးမလေးကို ဒီမြွေတွေက စောင့်ရှောက်ပေးနေကြတာပေါ့”
“ဟုတ်တယ်ကွ… ယဉ်လှလေး။ ခြောက်လသမီးလောက်တုန်းက ဦးအုန်းမောင်တို့အိမ်ကို ဦးကြီးအလုပ်ကိစ္စတစ်ခုနဲ့ ရောက်လာတာ။ သူတို့လင်မယားနှစ်ယောက်က နောက်ဖေးမှာ ထမင်းစားနေကြတယ်။ ကလေးလေးကို အိမ်ရှေ့ခန်းလေးမှာ သိပ့်ထားတယ်။ ဦးလည်းအသံပေးပြီး၊ သူတို့အိမ်ပေါ်ကိုရောက်လာတော့ ကလေးခေါင်းရင်းမှာ ငန်းစောင်းကြီးတစ်ကောင် ခွေနေတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့ဘူးတယ်။ တော်တော်လန့်သွားတယ်။ ကြောင်ကြည့်နေတဲ့ ဦးကြီးကို ဦးအုန်းမောင်တို့လင်မယားနှစ်ယောက် သူတို့လည်း ရောက်လာတော့ အဲ့ဒီမြွေကြီးကိုတွေ့လိုက်ရတာပဲ။ ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်ကတော့ အဲ့ဒီမြွေတွေနဲ့ တော်တော်လေး ရင်းနှီးနေကြပြီးနဲ့ထင်တယ်။ ဘာမှမစိုးရိပ်ဖို့တောင် ဦးကိုပြန်ပြောလိုက်ကြသေးတယ်”

“အင်း… ဖြစ်ရပ်ဆန်းတစ်ခုပါပဲလား”
“ဟုတ်တယ်ငါ့တူရ၊ အစတုန်းကတော့ ဦးတို့လည်း မြွေတွေကိုမောင်းထုတ်ပြီး၊ မြွေကင်းစောင့်နေရတာ။ မရပါဘူး လာကြတာပါပဲ၊ တစ်နေ့ကို သုံးလေးကောင်လောက် ခြံထဲမှာရှိနေတယ်။ သမီးလေး(၇)ရက်သမီးမှာ အိပ်မက်တစ်ခု ထပ်မက်ခဲ့တယ်။ မြွေကြီးလာပေးတဲ့ အမျိုးသမီးကိုပဲ ထပ်မက်ခဲ့တာ။ သူကပြောတယ်။ သမီးလေးစိတ်ချရမယ့် အရွယ်ရောက်ရင် သူ့အနားမှာ မြွေတွေရှိမနေတော့ပါဘူးလို့ပြောတယ်။ ပြီးတော့ သမီးလေးရဲ့လျှာမှာ အမှတ်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုမြွေဆိပ်မျိုးကိုမဆို သူကုနိုင်လိမ့်မယ်လို့ ပြောသွားသေးတယ်။ သိလိုက်ပြီ၊ ဦးတို့လင်မယားနှစ်ယောက်လည်း ဒါဟာ အနောက်မယ်တော်ကြီး အမေရေယဉ်ပဲဆိုတာ။ သမီးလေးလျှာမှာ အမှတ်ပါနေမှန်းလည်း ဦးတို့လင်မယားနှစ်ယောက် သတိမထားမိခဲ့ဘူး။ အိပ်မက်ရမှ ကြည့်ကြည့်တော့ ဟုတ်တယ်။ တကယ်ပဲ သူ့လျှာမှာ အမှတ်ရှိနေခဲ့တယ်။ အဲ့ဒါကြောင့် ကလေးနားမှာ မြွေတွေရှိနေရင် ဦးတို့လည်း စိတ်ချလက်ချနဲ့ထိုင်ကြည့်နေရတော့တာပေါ့။ ဟုတ်တယ်။ ကလေးကိုဘာမှမလုပ်လို့ ဒီအရွယ်ထိတောင် ရောက်လာရတယ်ဆိုပါတော့…”
“ဒီလိုမျိုးမြွေတွေနဲ့ ပွတ်သီးပွတ်သပ် သူနေနေတာ။ ဘယ်လောက်ကြာပြီလဲ”
“အင်း… ငါ့တူဒီနေ့ရောက်လာလို့ ဒီလိုမြင်ကွင်းမျိုးကိုမြင်ရတာ။ ဗုဒ္ဓဟူးနေ့မှ အခုလိုမြွေတွေ ရောက်ရောက်လာတတ်တာပဲ တစ်ခြားနေ့တွေဆိုရင်တော့ တစ်ကောင်နှစ်ကောင်လောက်ပဲ တွေ့ရတယ်။ ဒါပေမယ့် သမီးလေးနဲ့ အခုလိုပွတ်သီးပွတ်သပ်လုပ်တာတော့ မရှိဘူး။ ဒီလိုဗုဒ္ဓဟူးနေ့မျိုးမှ သမီးလေးနဲ့ ပွတ်သီးပွတ်သပ်လုပ်နေတဲ့ အဆိပ်ပြင်းတဲ့ မြွေကြီးတွေကို တွေ့ရတယ်”
“မြွေကုတယ်ဆိုတာကရော… ဘယ်လိုမျိုးကုတာတုန်း”
“အင်း…. သမီးလေးသုံးနှစ်သမီးလောက်တုန်းက မင်းဦးကြီးတို့ရေကျော်ရွာမှာ မြွေကိုက်ခံရတယ်ဆိုလို့၊ သမီးလေးပါးစပ်ထဲက သရေကိုယူပြီး၊ ဦးအမြန်သွားတယ်။ ပြောရရင်တော့ မယ်တော်ကြီးပြောသွားသလို သူ့တံထွေးနဲ့ မြွေဆိပ်ပြေနိုင်တယ်ဆိုတဲ့အကြောင်း ဟုတ်မဟုတ်… စမ်းသပ်ကြည့်တဲ့သဘောမျိုးပေါ့။ ပြီးတော့ ဒဏ်ရာကို ကလေးသရေတွေနဲ့ ပွတ်ပေးလိုက်တယ်။ ဟုတ်တယ်ကိုယ့်လူတွေရေ… ခဏပဲ ဒီလူချက်ချင်း သက်သာသွားတယ်။ အဲ့ဒီချိန်ကစပြီး၊ ဘယ်နေရာမှာ ဘယ်လိုမြွေဆိုးပဲကိုက်ကိုက် သမီးလေးဆီရောက်ရောက်လာရင်း ဝါးခယ်မတစ်မြို့လုံး အခုလိုပြန့်သွားရတယ်ဆိုပါတော့….”
“အေးဗျာ… တော်တော်ထူးဆန်းတဲ့ မြွေဝင်စားကလေးပါလား”

ဦးအုန်းမောင်ပြောဆိုပြနေသည့် စကားများကိုပင် နားထောင်နေခဲ့သည့်ချိန်၌ ကလေးမလေးမှာ သူမ၏အပေါင်းအဖော်မြွေများကိုပင် ထွက်ခွာသွားကြရန် ပြောဆိုလေခဲ့သည်။ မြွေများသည်လည်း သူမ၏ပြောစကားများကိုပင် နားလည်နေသည့်အတိုင်း တစ်ကောင်ချင်းစီ တွန့်လိမ်တွန့်လိမ့်ဖြင့် ထွက်ခွာသွားခဲ့ကြသည်က ကျွန်ုပ်၏အမြင်ထဲတွင် လွန်စွာကျက်သီးထနေမိခဲ့သည်။ ကျွန်ုပ်၏သက်တမ်းတစ်လျောက် ထိုကဲ့သို့သော် မြွေဆိုးကြီးများကိုပင် မမြင်တွေ့ခဲ့ဘူးပေ။ ပါးပြင်းခွက်ခွက်ကြီး ထောင်နေခဲ့သည်ကြောင့် မြွေဟောက်ကြီးဟုပင် သိရှိ်နိုင်လျက်။ တခြားသော အဝါကွက်ကြား၊ အနက်ကွက်၊ စောင်းငန်းငန်းအဖြူကြား စသဖြင့် မြွေဆိုးကြီးများကိုမူ တစ်သက်နှင့်တစ်ကိုယ် မတွေ့ခဲ့ဘူးသည်ကြောင့် ရင်တစ်ထိတ်ထိတ်နှင့်ပင် ကြည့်ရှု့နေခဲ့မိလေတော့သည်။

ပြီး။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
(ထိုအဖြစ်ပျက်များမှာ ၁၉၇၀ခုနှစ်ဝန်းကျင်ခန့်မှ အဖြစ်ပျက်လေးတစ်ခုပင်ဖြစ်သည်။ ကျွန်ုပ်၏နေရာတွင် ဖခင်ဖြစ်သူဖြစ်၍၊ ကျွန်ုပ်၏ဦးကြီးနေရာတွင် ဖခင်၏ဦးကြီးပင်ဖြစ်လေသည်။ ဖခင်ပြန်လည်ပြောဆိုပြခဲ့သော ဖခင်ဖြစ်သူ၏မွေးရပ်မြေ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာအတွင်းမှ အဖြစ်အပျက်များကိုပင် ကျွန်ုပ်အနေနှင့် ခံစားရေးဖွဲ့လိုက်ခြင်းဖြစ်ပါသည်။ မြွေဝင်စားသည့် ကလေးမလေး မယဉ်လှ(၁၀)နှစ်သမီးအရွယ်တွင်၊ သူမ၏နေအိမ်ဆီသို့ မြွေကြီးများရောက်ရှိမလာကြတော့ပဲ၊ ယခုအချိန်ထိ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၊ မောင်းတီးကျေးရွာလေးတွင် ဒေါ်ယဉ်လှမှာ အသက်(၄၀)ကျော်ဖြင့် သက်ရှိထင်ရှားရှိနေပါသေးသည်။)

ပြီးပါပြီ

ကျန်းမာကြပါစေစာဖတ်သူအပေါင်း

စာ​ရေးသူ =ထီးကလေးအားလေးစားလျက်

#PageကိုLike&shareလေးလုပ်ပေးသွားကြပါအုံး

Zawgyi Version

“ေႁမြဝင္စားေသာ မိန္းခေလး”(စ/ဆုံး)
—————————-
ဧရာဝတီတိုင္း၊ ဝါးခယ္မၿမိဳ႕၊ ေမာင္းတီးေက်း႐ြာေလးမွ အျဖစ္ပ်က္ေလးတစ္ခုပင္ျဖစ္ေပသည္။ ဝါးခယ္မၿမိဳ႕အတြင္း၌တည္ရွိေနခဲ့ၾကေသာ ေက်း႐ြာေပါင္းေျမာက္ျမားစြာအနက္၊ ေမာင္းတီးေက်း႐ြာတစ္ခုတည္းသာလ်င္ ကရင္လူမ်ိဳးအမ်ားစု ေနထိုင္ၾကသည္ဟု သတ္မွတ္ထားၾကေပသည္။ ထိုေက်း႐ြာေလးတြင္ အေမေရယဥ္ဟူေသာ အေနာက္မယ္ေတာ္ႀကီးအား အမ်ားစုမွ ကိုးကြယ္ယုံၾကည္ လက္ခံၾကေလသည္။ အမ်ားစုဟုဆိုျခင္းငွာ တစ္႐ြာလုံးနီးပါးတြင္ အေမေရယဥ္အား ကိုးကြယ္ၾကျခင္းျဖစ္ေပသည္။
စာေရးသူကြၽႏ္ုပ္၏ အစ္မဝမ္းကြဲျဖစ္သူမွာ ဝါးခယ္မၿမိဳ႕၊ ေရေက်ာ္ေက်း႐ြာေလးအတြင္း၌ မဂၤလာေဆာင္ၿပီျဖစ္ေသာ္ေၾကာင့္ ရန္ကုန္တြင္ေနထိုင္ေသာ ကြၽႏ္ုပ္တို႔၏မိသားစုကိုပင္ အေရာက္လာၾကရန္ ဖိတ္ၾကားခဲ့ပါသည္။ သို႔ေသာ္ ကြၽႏ္ုပ္၏မိခင္ျဖစ္သူမွာ က်န္းမာေရးမေကာင္းသည္ေၾကာင့္ ဖခင္ျဖစ္သူမွာ အနီးကပ္ျပဳစုေပးေနခဲ့ရသည္။ ထို႔ေၾကာင့္ မိဘႏွစ္ပါး၏ကိုယ္စား ကြၽႏ္ုပ္ကိုယ္သာလ်င္ သြားေရာက္ပါဟု တိုက္တြန္းေျပာဆိုခဲ့ၾက၏။ ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္လည္း မိဘမ်ား၏တိုက္တြန္းမႈ႕မ်ားျဖင့္ ဝါးခယ္မယ္ၿမိဳ႕ဆီသို႔ သြားေရာက္ခဲ့ရေပသည္။
အင္မတန္မွႀကီးက်ယ္စြာ မဂၤလာေဆာင္ျခင္းဟု ဆိုရေလမလား။ ကြၽႏ္ုပ္တို႔၏ရန္ကုန္ၿမိဳ႕ႀကီးတြင္ မဂၤလာေဆာင္သည္ဆိုပါက ဧည့္ခံေကြၽးေမြးရာတြင္ ေရခဲမုန္႔ႏွင့္ကိတ္မုန္႔ သို႔မဟုတ္ ဒံေပါက္ထမင္း၊ ထိုအရာမ်ားကိုသာလ်င္ အမ်ားဆုံး ေကြၽးေမြးဧည့္ခံေလ့ရွိၾကေပသည္။ သို႔ေသာ္ ထိုေက်း႐ြာေလး၏မဂၤလာေဆာင္မွာ ေပါင္းမုန္႔အုန္းႏို႔စမ္းျဖင့္ ေကြၽးေမြးဧည့္ခံသည္က အကုန္ခ်သတ္သာလိမ့္မည္ျဖစ္သည္။ သို႔ေသာ္ ေတာ႐ြာတို႔၏သေဘာအတိုင္း မဂၤလာေဆာင္ဟုဆိုသည္ေၾကာင့္ အလွပဆုံးေသာ အဝတ္စားမ်ားျဖင့္ အလွပဆုံးေသာ စားေသာက္ေနခဲ့ျခင္းမ်ိဳးမဟုတ္။
ခပ္လတ္လတ္အဝတ္စားေလးမ်ားျဖင့္ မဂၤလာေဆာင္သို႔လာေရာက္ရွိၾကၿပီး ေကြၽးေမြးဧည့္ခံေသာ ေပါင္မုန္႔အိုးႏို႔စမ္းမ်ားကိုပင္ အဝအၿပဲစားေသာက္ေနခဲ့ၾကသည္က သဘာဝက်လွသည္။ ကြၽႏ္ုပ္တို႔ၿမိဳ႕့ႀကီးျပႀကီး၌ အိမ္ေရွ႕တည့္တည့္တြင္ ကားလမ္းမ်ားႏွင့္ လိုင္းကားမ်ားစြာ ျဖတ္သန္းေမာင္းႏွင္ၾကေသာ္လည္း ထိုေက်း႐ြာေလးတြင္မူ ေရေက်ာင္းခရီးသာလ်င္ ရွိေပသည္။ အိမ္ေရွ႕တြင္ ေရတတ္၊ေရခ် ေခ်ာင္းက်ယ္ႀကီးရွိေနၿပီး၊ အိမ္အေနာက္ဘက္တြင္မူ စိုက္ခင္းမ်ားႏွင့္ လယ္ကြင္းျပင္မ်ားသာတည္ရွိေနၾကသည္။ လိုင္းသေဘၤာမ်ားစြာ သြားလာေနခဲ့ၿပီး၊ တစ္ျခားေသာ ႐ြာမ်ားဆီသို႔ သြားေရာက္ခ်င္ပါက ေရတတ္ခ်ိန္ကိုပင္ ေစာင့္စားလ်က္ လိုင္းသေဘၤာမ်ားစီးကာ သြားၾကရေပသည္။
ထို႔ေၾကာင့္ ၿမိဳ႕ႀကီးမ်ားတြင္ ကိုယ္ပိုင္စက္ဘီးသို႔မဟုတ္ ဆိုင္ကယ္။ သည္ထက္ပို၍ ပိုက္ဆံရွိၾကလ်င္ ကိုယ္ပိုင္ကားမ်ားစြာ ဝယ္ယူထားၾကရင္း လိုရာခရီးဆီသို႔ ထြက္ခြာေလ့ရွိၾကေပသည္။ သို႔ေသာ္ ထိုေက်း႐ြာေလးတြင္မူ ကားလမ္းဟူ၍မရွိ၊ အိမ္ေရွ႕တြင္ ေခ်ာင္းက်ယ္ႀကီးသာလ်င္ ရွိေနသည္ေၾကာင့္၊ ေလွမ်ားႏွင့္ စက္ေလွမ်ားကိုသာ ေနအိမ္မ်ားတိုင္းတြင္ ဝယ္ယူထားခဲ့ၾကေလသည္။
မဂၤလာေဆာင္ၿပီးသည့္ ညေနပိုင္းတြင္မူ ကြၽႏ္ုပ္၏ဦးေလးျဖစ္သူႏွင့္ စကားမ်ားစြာေျပာဆိုျဖစ္ခဲ့သည္။ ကြၽႏ္ုပ္သည္လည္း မနက္ျဖန္ညေနပိုင္းတြင္မူ ရန္ကုန္ဆီသို႔ ျပန္ေတာ့မည္ျဖစ္ေၾကာင့္ ဦးေလးအားေျပာဆိုေလခဲ့၏။ သို႔ေသာ္ ဦးေလးမွာမူ ေရာက္တုန္းေရာက္ခိုက္ သုံးေလးရက္မွ်ေနသြားပါဦးဟု ေတာင္းဆိုေလခဲ့သည္ေၾကာင့္ ကြၽႏ္ုပ္သည္လည္း ဦးေလး၏သေဘာအတိုင္းပါပင္ ႏွစ္ရက္တိတိေနေပးရန္ ဆုံးျဖတ္လိုက္ေစသည္။
ထိုတစ္ညအိပ္စက္ခဲ့ၿပီး မိုးလင္းလာသည့္ႏွင့္ ဦးႀကီးမွာ တစ္ဖက္႐ြာဆီသို႔ သြားေရာက္ရန္ ကြၽဳန္ပ္အား အေဖာ္အျဖင့္ေခၚေဆာင္ေလခဲ့၏။ ကြၽႏ္ုပ္သည္လည္း ဦးႀကီး၏အေနာက္သို႔ လိုက္ပါသြားရန္အတြက္ လယ္ထဲဆင္းလ်င္ေဆာင္းသည့္ ကေမာက္ႀကီးကိုပင္ ေစာင္းေလခါ စက္ေလွေပၚသို႔ တတ္ေရာက္ေလခဲ့သည္။ ေရေက်ာင္းခရီးျဖင့္ နာရီဝက္မွ်ေမာင္းႏွင္ခဲ့ရၿပီး၊ စက္ေလွထိုးရန္ ျပဳလုပ္ေပးထားသည့္ ေျမာင္းေလးအတြင္းသို႔ဝင္လ်က္ ဦးေလးမွာ စက္ေလွထိုးထားလိုက္သည္။ စက္ေလွအေပၚမွဆင္းေစၿပီး ကစဥ္း႐ိုးမ်ားအတိုင္း ေနအိမ္တစ္အိမ္ဆီသို႔ ဦးတည္မည္ဟု ေျပာဆိုေလခဲ့သည္။
ကဇဥ္း႐ိုးဟာ က်ဥ္းေျမာင္းလွစြာ တည္ေဆာက္ထားသည္ေၾကာင့္ တစ္ဦးတည္းသာလ်င္ ေရာက္လွမ္း၍ရေပသည္။ ထို႔ေၾကာင့္ ဦးႀကီး၏အေနာက္မွ ကြၽဳန္ပ္တစ္ေယာက္ လိုက္ပါေနခဲ့ရေလသည္။ အေရွ႕မွဦးတည္ေနခဲ့ေသာ ဦးႀကီးမွာ အေနာက္တြင္ရွိေနသည့္ ကြၽႏ္ုပ္အား ထိုကဲ့သို႔ပင္ေျပာဆိုေလေသးသည္။

“ဒီ႐ြာက ေႁမြေတြအရမ္းေပါတာငါ့တူရ… ဦးေလးတို႔႐ြာလိုမဟုတ္ဘူး။ ေႁမြဆိုးေတြခ်ည္းပဲ၊ ေႁမြေပြး၊ ငန္းေတာ္ၾကား၊ ေႁမြေဟာက္၊ အဆိုးဆုံးကေတာ့ ငန္းေတာ္ၾကားေတြပဲကြ၊ ဒါေၾကာင့္လည္း ေႁမြႏိုင္တဲ့ အေမယဥ္ကိုကိုးကြယ္ၾကတာျဖစ္မယ္။”
“ဟင္….”
မသိလ်င္မည္သည့္အေၾကာက္တရားမွ် ကြၽႏ္ုပ္ထံတြင္ရွိေနလိမ့္မည္မဟုတ္၊ သို႔ေသာ္ ယခုအခါ ဒူးေခါင္းေက်ာ္မွ်ေပါက္ေရာက္ေနခဲ့ေသာ ျမတ္ပင္မ်ားကိုတြင္ ျဖတ္သန္းေနခဲ့ခ်ိန္၌ ဦးႀကီးထံမွ ထို႔ကဲ့သို႔ေျပာဆိုလိုက္သံကိုပင္ ၾကားလိုက္ရသည္ႏွင့္ ကြၽဳန္ပ္၏ေျခလွမ္းမ်ား တြန္႔ဆုတ္ရပ္တန္႔သြားခဲ့ရေလသည္။
“ဟ… တူႀကီး၊ ေလ်ာက္ေလကြ။ ဘာျဖစ္တာတုန္း။ ေညာင္းသြားတာလား”
“ဟာ… မဟုတ္ပါဘူး။ ဦးႀကီးေျပာလိုက္မွပဲ ကြၽန္ေတာ္မေလ်ာက္ရဲေတာ့တာ၊ ဦးႀကီး ကြၽန္ေတာ္မလိုက္ရဲေတာ့ဘူးဗ်ာ”
“ဟင္… ဘာျဖစ္လို႔တုန္းကြ”
“ေႁမြ… ေႁမြေတြေပါတယ္ဆို…”
“ဟုတ္တယ္ေလကြ… ငါကေႁမြေပါတယ္ပဲေျပာတာ။ လူေတြကို ေႁမြေတြက ကိုက္တယ္လို႔ေျပာတာမွမဟုတ္ပဲ။ ရန္ကုန္သားႀကီးကလည္း ေသြးနည္းလိုက္တာ”
“နည္းတယ္ဗ်၊ နည္းတယ္။ ေႁမြနဲ႔တူတဲ့အေကာင္ဆိုရင္ တီေကာင္ေတာင္ ကြၽန္ေတာ္ကေၾကာက္တတ္တာ ဦးႀကီးလည္းအသိပဲ”
“သိပါတယ္ကြာ…. ငါ့တူႀကီးအေၾကာင္း ဦးေလးသိပ္ါတယ္။ လာပ္ါကြ။ ဟိုးမွာျမင္ေနရတဲ့ အိမ္ေလး။ ေရာက္ခါနီးၿပီး။ ဦးေလးခ်ီသြားရမလား”
“ရ…ရပါတယ္ဦးေလးရ”

ဦးႀကီးၫြန္ျပလိုက္သည့္ အိမ္ေလးမွာ လွမ္းျမင္ေနရၿပီျဖစ္ေသာေၾကာင့္ ကြၽႏ္ုပ္သည္လည္း အက်ဲဆုံးေျခလွမ္းမ်ားျဖင့္ ဦးတည္ေလခဲ့ရေလသည္။
“ဗ်ိဳ႕… ကိုအုန္းေမာင္”
ထိုအိမ္ေရွ႕ဆီသို႔ေရာက္ရွိလာခဲ့သည္ႏွင့္ ဦးႀကီးမွာထိုကဲ့သို႔ပင္ အသံေပးလိုက္ေလခဲ့သည္။ ထိုအခါ မ်က္မွန္ႀကီးအားတပ္ဆင္ထားခါ အသက္အားျဖင့္(၅၀)ေက်ာ္ခန္႔ ရွိေနခဲ့ၿပီျဖစ္ေသာ လူႀကီးတစ္ဦးမွာ ေနအိမ္ျပတင္းေပါက္ေလးနံေဘး၌ စာဖတ္ေနခဲ့ရင္း ထိုကဲ့သို႔ပင္ျပန္လည္အသံေပးေလခဲ့သည္။
“ေဟာ့… ကိုျမင့္ေထြး… ဝင္လာခဲ့ေလဗ်ာ”
“မဝင္ရဲဘူးဗ်။ ေႁမြေတြဘာေတြ ၾကည့္ေပးဦး”
“ဝင္လာခဲ့စမ္းပါဗ်ာ။ ဘာမွမျဖစ္ပါဘူး’
“ဟာဗ်ာ…မဝင္ရဲဘူး… ခင္ဗ်ားလာေခၚခ်ည္”
ကြၽႏ္ုပ္၏တစ္သက္ႏွင့္တစ္ကိုယ္ ေနအိမ္မ်ားထံသို႔ သြားေရာက္လည္ပတ္ပါက၊ အိမ္ရွင္မ်ားကိုပင္ “ေခြးၾကည့္ေပးပါဦး”ဟူေသာ ေျပာစကားမ်ားကိုသာလ်င္ ၾကားခဲ့ရဘူးသည္။ သို႔ေသာ္ယခုအခါတြင္မူ ဦးႀကီး၏ေျပာဆိုလိုက္ေသာ စကားမ်ားမွာ လြန္စြာထူးဆန္းေနလွေပသည္။ ဘယ့္ႏွဲ႔…ေႁမြၾကည့္ေပးပါဦးဟူေသာ ေျပာစကားပင္ျဖစ္၏။ ဦးႀကီးသည္လည္း ၿခံအျပင္မွေန၍ ပတ္ဝန္းက်င္ကိုပင္ မ်က္စိေဒါင့္ေထာက္ၾကည့္ရႈ႕ေနလ်က္ ေႁမြဟူေသာ သတၱဝါကိုပင္ ထိတ္လန္႔ေနဟန္တူသည္။ အိမ္ရွင္ႀကီးသည္လည္း ၿခံအျပင္၌ရွိေနခဲ့ေသာ ကြၽႏ္ုပ္ႏွင့္ဦးႀကီးတို႔အား လာေရာက္ေခၚေဆာင္ခါ ေနအိမ္အေပၚသို႔ လိုက္ပါသြားခဲ့ရေတာ့သည္။

“အလည္သတ္သတ္ပဲလားဗ်”
“ဟုတ္တယ္ဗ်ိဳ႕… ဒါရန္ကုန္က က်ဳပ္ညီသားေလး… စာေရးဆရာ။ သူေရာက္လာတုန္း ထူးထူးဆန္းဆန္းေနရာေတြ လိုက္ပို႔ေပးခ်င္တာနဲ႔ ခင္ဗ်ားအိမ္ေခၚလာတာ။ ဒါနဲ႔ ခင္ဗ်ားသမီးေလးေရာ”
“ရွိပါ့ဗ်…. ဒါနဲ႔ေနပါဦး။ ခင္ဗ်ားတူကို ထူးထူးဆန္းဆန္းျပခ်င္တာနဲ႔ပဲ က်ဳပ္အိမ္ေခၚလာရတယ္ဆိုေတာ့…”
“ေၾသာ္… ဒီလိုေလဗ်ာ။ က်ဳပ္တူက ဂမၻီရဇာတ္လမ္းေတြဘာေတြေရးေတာ့ ခင္ဗ်ားတို႔သမီးေလးအေၾကာင္း သူ႔ကိုသိေစခ်င္လို႔ ေခၚလာခဲ့တယ္ပဲဆိုပါေတာ့”
“ေၾသာ္”
ဦးအုန္းေမာင္ဆိုေသာ ထိုသူႀကီးႏွင့္ ကြၽႏ္ုပ္တို႔၏ဦးႀကီးတို႔မွာ လြန္စြာရင္းႏွီးၾကဟန္သည္။ ထိုႏွစ္ဦးသား တရင္းတႏွီးေျပာဆိုေနခဲ့ၾကေသာ ေျပာစကားမ်ားကိုပင္ ကြၽႏ္ုပ္တစ္ေယာက္ နားမလည္ႏိုင္ခဲ့ေခ်။ ဦးႀကီး၏ေျပာစကားမ်ားထဲတြင္ ကြၽႏ္ုပ္အား ထူးဆန္းသည့္ေနရာဆီသို႔ ေခၚေဆာင္လာခဲ့ျခင္းပင္ျဖစ္သည္ဟု ၾကားသိလိုက္ရေပသည္။
“လုပ္ပါဦးဗ်… ခင္ဗ်ားသမီးေလးေခၚလိုက္ပါဦး။ က်ဳပ္လည္း ဒီေန႔ဗုဒၶဟူးေန႔ျဖစ္ေနလို႔ အေရာက္လာခဲ့တာ။ သူလာမွ သူ႔အေဖာ္ေတြကလည္း လာၾကမွာဆိုေတာ့ ကြၽန္ေတာ့္တူႀကီးကို ထူးထူးဆန္းဆန္း ျမင္ေစခ်င္လို႔ပါဗ်”
“ဟုတ္ပါၿပီဗ်ာ… ဟုတ္ပါၿပီ”
“သမီးေရ…ယဥ္လွ။”
“ရွင္..အေဖ…”
“လာပါဦးကြယ္။ ဒီမွာ သမီးဦးေလးဦးျမင့္ေထြးက ေတြ႕ခ်င္လို႔တဲ့”
“ဟုတ္ကဲ့အေဖ”
ကြၽႏ္ုပ္၏ထင္ျမင္ခ်က္မ်ားအရ ဦးအုန္းေမာင္၏သမီးျဖစ္သူမွာ အိပ္ခန္းအတြင္း၌ ျပန္လည္အသံေပးေနခဲ့ျခင္းျဖစ္ေပလိမ့္မည္။ မပီတပီႏွင့္ ေျပာဆိုသံေလးမ်ားကိုသာၾကားေနခဲ့ရ၏။ ဟုတ္ပါသည္။ အိပ္ေနာက္ေဖးမွ ထြက္ေရာက္လာသူဟာ (၇)ႏွစ္အ႐ြယ္ ကေလးမေလးတစ္ဦးပင္ျဖစ္သည္။ သူ၏ဂုတ္ေပၚတြင္လည္း တစ္ေပခြဲခန္႔ရွိသည့္ အဝါကြက္ၾကား ေႁမြႀကီးတစ္ေကာင္မွာ ရစ္ပတ္ေနခဲ့သည္အားလည္း ထိတ္လန္႔စြာျမင္ေတြ႕လိုက္ရေပသည္။

“လာထိုင္…”
“ဟင္… ဦးႀကီး… ေႁမြ…ေႁမြႀကီးေလ”
“ဟားဟားဟားဟား… ဘယ္လိုလဲတူႀကီး၊ မင္းလန္႔သြားလား။ ကိုင္ၾကည့္ပါလားကြ”
“ဟာ… ဦးႀကီးကလည္းဗ်ာ။”
“ဟားဟားဟား… ခင္ဗ်ားတူက ရန္ကုန္သားဆိုေတာ့လည္း ေၾကာက္မွာေပါ့ဗ်ကိုျမင့္ေထြးရ ခင္ဗ်ားလိုေတာသားစစ္စစ္ႀကီးေတာင္ က်ဳပ္အိမ္ထဲမဝင္ရဲတာ။ ေကာင္ေလးေရ… သိပ္လည္းေၾကာက္မေနနဲ႔ဦးဟ။ အေပၚကိုလည္း ေမာ့ၾကည့္လိုက္ဦး”
“ေအာင္မေလး”
ကြၽႏ္ုပ္၏ထိတ္လန္႔မႈ႕မ်ားဟာ ဦးအုန္းေမာင္ႏွင့္ ကေလးမေလးတို႔၏ ေလွာင္ရယ္စရာမ်ားစြာ ျဖစ္ေနခဲ့ရေလသလား။ အဝါကြက္က်ားျဖင့္ ေႁမြႀကီးတစ္ေကာင္မွာ ထိုကေလးအေလး၏ လည္ပင္းေပၚ၌ ရစ္ပတ္ေနခဲ့ျခင္းသာမက၊ အိမ္ထုတ္တန္းေပၚတြင္လည္း အဝါကြက္က်ားျဖင့္ ေႁမြႀကီးတစ္ေကာင္မွာ ၿငိမ္သတ္စြာရွိေနေလခဲ့သည္။ ထိုတင္မကေသး၊ ကြၽႏ္ုပ္၏နံေဘးနားမွေန၍ ျဖတ္သြားခဲ့သည္က လက္ေကာက္ဝတ္ခန္႔ရွိေသာ ေႁမြေဟာက္ႀကီးတစ္ေကာင္မွာ ကေလးမေလး၏အေနာက္မွ တရတ္ဆတ္လိုက္ပါလာခဲ့ဟန္သည္။ ထို႔ေၾကာင့္ ကြၽႏ္ုပ္သည္လည္း ဖင္ထိုင္ခ်ထားရာမွ ငုတ္တုတ္အေနထားသို႔ပင္ ေျပာင္းလဲသြားခဲ့ရေလၿပီး၊ ဦးႀကီး၏လက္ေမာင္းႀကီးကိုသာ ႐ုတ္တရတ္လွမ္းကိုင္မိလိုက္ေလသည္။ ေနာက္ေက်ာမလုံေခ်။ ဦးႀကီးသည္လည္း ေၾကာက္လန္႔တတ္၏။ သို႔ေသာ္ ထိုအိမ္အေပၚတြင္မူ ခပ္ၿပဳံးၿပဳံးအမူယာမ်ားႏွင့္သာ ရွိေနခဲ့ေလ၏။

“မေၾကာက္ပါနဲ႔… ေကာင္ေလးရယ္။ မင္းကိုသူတို႔ဘာမွ မလုပ္ၾကပါဘူး။ သူတို႔က သူေတာ္ေကာင္းေႁမြေတြပါကြ”
“ဟာဗ်ာ… ကြၽန္ေတာ္မေနရဲဘူး”
“ေနပါဦးတူႀကီးရယ္၊ မင္းဦးေလးလည္းရွိေနတာပဲ။ မင္းကိုသူတို႔အႏၲရယ္မေပးပါဘူး”
“ဟုတ္တယ္ကြ၊ ဒီကေလးမက ဦးႀကီးတို႔႐ြာေရာ ႐ြာနီးေျခာက္စပ္မွာေရာ အ႐ြယ္နဲ႔မလိုက္ နာမည္အရမ္းႀကီးတာ။ ငယ္ငယ္႐ြယ္႐ြယ္ေလးနဲ႔ ဆရာမဆိုတဲ့ ဘြဲ႕ရေနတယ္ဆိုပါေတာ့….”
“ဟင္… ဘာ… ဘာ… ဘာျဖစ္လို႔လဲ”
“ေၾသာ္….ဒါက သူ႔ကိုေစာင့္ေရွာက္ၾကတဲ့ ေႁမြေတြေလ။ ဘယ္လိုေႁမြဆိုးမ်ိဳးကိုက္ကိုက္ ဦးအုန္းတင္သမီးေလး တံေထြးတစ္စက္နဲ႔တင္ အသက္အႏၲရယ္လုံးဝမထ္ိခိုက္ေအာင္ ကုေပးႏိုင္တယ္ကြ”
“ဟင္… ဒါဆို ဒါဆိုဒီကေလးမေလးက ေႁမြဆရာမေပါ့ဟုတ္လားဦးႀကီး။”
“အင္း… ဘယ္လိုေျပာရမလဲ။ ငါတူႀကီးေျပာသလို ဟုတ္ေတာ့လည္းဟုတ္ပါတယ္။ ဒါေပမယ့္….”
“ကဲပါဗ်ာ… က်ဳပ္ပဲေျပာျပလိုက္ပါေတာ့မယ္။ ဒီလိုေကာင္ေလးရ။ ကဲ….ဖင္ခ်ထိုင္စမ္းပါကြ… စိတ္ေအးေအးထား၊ မင္းဘာမွမျဖစ္ေစရဘူးဟုတ္ၿပီလား။ မင္းက စာေတြဘာေတြေရးတယ္ဆိုေတာ့ မင္းေရးလိုရေအာင္ ငါေျပာျပမယ္။ ဒီလိုကြ… ဦးေလးတို႔လင္မယားႏွစ္ေယာက္က ဒီ႐ြာသားေတြခ်ည္းပဲ၊ ငယ္ငယ္ကတည္းက ဒီ႐ြာမွာေမြး၊ ဒီ႐ြာမွာႀကီးလာၾကရင္း ငယ္သူငယ္ခ်င္းေတြကေန အခုလိုအိမ္ေထာင္ဘက္အျဖစ္ ေရာက္လာၾကတယ္ဆိုပ္ါေတာ့။ ဦးမိန္းမနဲ႔ဦးနဲ႔ အိမ္ေထာင္က်ၿပီး အႏွစ္(၂၀)အထိ ကေလးမရခဲ့ဘူး။ အရမ္းလိုခ်င္တယ္။ ဦးမိန္းမကလည္း အိမ္ေထာင္သက္အႏွစ္(၂၀)လုံးလုံး ကေလးမရေတာ့ ကေလး႐ူး ႐ူးေနခဲ့တာေပါ့။ ဦးတို႔လင္မယားႏွစ္ေယာက္က အေနာက္မယ္ေတာ္ အေမေရယဥ္ကိုးကြယ္ၾကတယ္။ ဦးတို႔တင္မဟုတ္ပါဘူး။ တစ္႐ြာလုံးကိုးကြယ္ၾကတာပါ။ ေန႔တိုင္းလည္း အေမေရယဥ့္ဆီမွာ ကေလးရႏိုင္ေအာင္ ဆုေတာင္းခဲ့တယ္။ ဒီလိုနဲ႔ ရက္ေတြၾကာလာၿပီး… တစ္ညမွာေတာ့ အိပ္မက္တစ္ခုမက္တာပဲ ငါ့တူေရ။ အိပ္မက္ထဲမွာ မိန္းမတစ္ေယာက္ေရာက္လာတယ္၊ ေႁမြႀကီးတစ္ေကာင္လာေပးတယ္။ အိပ္မက္ထဲမွာ ဦးတို႔ကလည္း လက္မခံဘူး။ ဘယ့္ႏွဲ႔…ေႁမြႀကီးလာေပးရသလား…. အဲ့ဒါနဲ႔ အဲ့ဒီအမ်ိဳးသမီးကို အတင္းေမာင္းထုတ္တယ္။ ဒါေပမယ့္ သူက ကေလးလိုခ်င္ရင္ ဒီေႁမြႀကီးကို ေမြးစားလိုက္ဆိုၿပီးေျပာတယ္။ ဦးမိန္းမကလည္း ကေလးသိပ္လိုခ်င္ေနတာဆိုေတာ့ အိပ္မက္ထဲမွာ အဲ့ဒီအမ်ိဳးသမီးေပးတဲ့ ေႁမြႀကီးကိုခ်က္ခ်င္းပဲ ယူလိုက္တယ္ေလ။ ဦးတို႔လက္ထဲလဲေရာက္ေရာ… ေႁမြႀကီးကေန အႏွီးထုတ္ေလးနဲ႔ကေလးေလးျဖစ္သြားတယ္။ တကယ္ထူးဆန္းတဲ့ အိပ္မက္ပါပဲကြာ။ ၿပီးေတာ့ အခုလို သမီးေလးကိုကိုယ္ဝန္ရွိၿပီး ေမြးလာခဲ့တယ္ဆိုပါေတာ့။ ထူးဆန္းတာတစ္ခုက အဲ့ဒီအိပ္မက္ကို ဦးတို႔လင္မယားႏွစ္ေယာက္စလုံး တစ္ခ်ိန္တည္း၊ တစ္ၿပိဳင္တည္း အတူတူမက္ခဲ့ၾကတာကြ။”
“ဟင္… ဒါဆိုဒီကေလးမေလးက ေႁမြဝင္စားဆိုတာ ေသခ်ာသြားၿပီေပါ့ေနာ္ဦး”
“ေႁမြဝင္စားတယ္ဆိုတာထက္ ဦးအထင္ အိပ္မက္ထဲမွာ ေႁမြႀကီးလာေပးသြားတဲ့ အမ်ိဳးသမီးက အေနာက္မယ္ေတာ္ႀကီး အေမယဥ္ပဲျဖစ္လိမ့္မယ္။ ၿပီးေတာ့ သမီးေလးကိုယ္ဝန္ (၅)လေလာက္တုန္းကလည္းဆိုရင္ ဦးလယ္ထဲကေန အျပန္…. သူ႔အေမကလည္း အိမ္ေရွ႕ခန္းမွာ ဗိုက္ႀကီးတၿပဲၿပဲနဲ႔ အိပ္ေပ်ာ္ေနတာ။ ေႁမြေဟာက္ႀကီးတစ္ေကာင္က သူ႔ေျခရင္းမွာ ေခြၿပီးပါးျပင္းေထာင္ထားတယ္။ ေနာက္ ေခါင္းရင္းမွာက ေႁမြဘုရင္လို႔ေခၚတဲ့ ငန္းေတာ္က်ားႀကီးကလည္း ေခြေနတာကိုေတြ႕လိုက္ရတယ္။ ဦးလည္း မ်က္စိေတြဘာေတြ ျပာသြားတာပဲ။ အသိစိတ္ထဲမွာလည္း ဦးမိန္းမကို ေႁမြကိုက္လိုက္ၿပီးထင္ၿပီး ေျခရင္းက ေႁမြေဟာက္ကို ျမတ္ခုတ္ဓားနဲ႔ပိုင္းမလို႔အလုပ္ ဖိနပ္ခြၽတ္သစ္သားေဘာင္ကို ခလုတ္တိုက္ၿပီး၊ ပါးျပင္းေထာင္ေနတဲ့ ေႁမြေဟာက္ေရွ႕ကို ေမွာက္ယွက္လဲက်သြားတယ္။ ဒါေပမယ့္ ေႁမြက ဦးကိုဘာမွမလုပ္ဘူး။ တကယ္ဆိုရင္ ဦးနံဖူးတည့္တည့္ကို ဒီေကာင္ေပါက္လိုက္လို႔ရၿပီး။ ဦးလည္း ေၾကာက္ေၾကာက္နဲ႔ၿငိမ္ေနၿပီး၊ မလႈပ္ရဲဘူး။ သူကလည္း ဘာမွမလုပ္ဘူး။ သူဟာသူ ပါးျပင္းခ်ၿပီး အိမ္ေပၚကေန ႏွစ္ေကာင္စလုံးဆင္းသြားတယ္။ တကယ့္ကိုသူေတာ္ေကာင္းေႁမြေတြဆိုတာ ဦးသိလိုက္ၿပီ၊ ေႁမြေတြဆင္းသြားမွ သူ႔အေမကလည္း ထလာၿပီး၊ ၾကမ္းျပင္ေပၚမွာ ေမွာက္ယွက္ျဖစ္ေနတဲ့ ဦးကိုေၾကာင္ေတာင္ေတာင္ျဖစ္သြားတယ္ေလ”
“အင္း… ဒါဆိုရင္ ကေလးမေလးကို ဒီေႁမြေတြက ေစာင့္ေရွာက္ေပးေနၾကတာေပါ့”
“ဟုတ္တယ္ကြ… ယဥ္လွေလး။ ေျခာက္လသမီးေလာက္တုန္းက ဦးအုန္းေမာင္တို႔အိမ္ကို ဦးႀကီးအလုပ္ကိစၥတစ္ခုနဲ႔ ေရာက္လာတာ။ သူတို႔လင္မယားႏွစ္ေယာက္က ေနာက္ေဖးမွာ ထမင္းစားေနၾကတယ္။ ကေလးေလးကို အိမ္ေရွ႕ခန္းေလးမွာ သိပ့္ထားတယ္။ ဦးလည္းအသံေပးၿပီး၊ သူတို႔အိမ္ေပၚကိုေရာက္လာေတာ့ ကေလးေခါင္းရင္းမွာ ငန္းေစာင္းႀကီးတစ္ေကာင္ ေခြေနတာကို မ်က္ျမင္ကိုယ္ေတြ႕ျမင္ခဲ့ဘူးတယ္။ ေတာ္ေတာ္လန္႔သြားတယ္။ ေၾကာင္ၾကည့္ေနတဲ့ ဦးႀကီးကို ဦးအုန္းေမာင္တို႔လင္မယားႏွစ္ေယာက္ သူတို႔လည္း ေရာက္လာေတာ့ အဲ့ဒီေႁမြႀကီးကိုေတြ႕လိုက္ရတာပဲ။ ဒါေပမယ့္ သူတို႔လင္မယားႏွစ္ေယာက္ကေတာ့ အဲ့ဒီေႁမြေတြနဲ႔ ေတာ္ေတာ္ေလး ရင္းႏွီးေနၾကၿပီးနဲ႔ထင္တယ္။ ဘာမွမစိုးရိပ္ဖို႔ေတာင္ ဦးကိုျပန္ေျပာလိုက္ၾကေသးတယ္”

“အင္း… ျဖစ္ရပ္ဆန္းတစ္ခုပါပဲလား”
“ဟုတ္တယ္ငါ့တူရ၊ အစတုန္းကေတာ့ ဦးတို႔လည္း ေႁမြေတြကိုေမာင္းထုတ္ၿပီး၊ ေႁမြကင္းေစာင့္ေနရတာ။ မရပါဘူး လာၾကတာပါပဲ၊ တစ္ေန႔ကို သုံးေလးေကာင္ေလာက္ ၿခံထဲမွာရွိေနတယ္။ သမီးေလး(၇)ရက္သမီးမွာ အိပ္မက္တစ္ခု ထပ္မက္ခဲ့တယ္။ ေႁမြႀကီးလာေပးတဲ့ အမ်ိဳးသမီးကိုပဲ ထပ္မက္ခဲ့တာ။ သူကေျပာတယ္။ သမီးေလးစိတ္ခ်ရမယ့္ အ႐ြယ္ေရာက္ရင္ သူ႔အနားမွာ ေႁမြေတြရွိမေနေတာ့ပါဘူးလို႔ေျပာတယ္။ ၿပီးေတာ့ သမီးေလးရဲ႕လွ်ာမွာ အမွတ္ပါတယ္။ အဲ့ဒါေၾကာင့္ ဘယ္လိုေႁမြဆိပ္မ်ိဳးကိုမဆို သူကုႏိုင္လိမ့္မယ္လို႔ ေျပာသြားေသးတယ္။ သိလိုက္ၿပီ၊ ဦးတို႔လင္မယားႏွစ္ေယာက္လည္း ဒါဟာ အေနာက္မယ္ေတာ္ႀကီး အေမေရယဥ္ပဲဆိုတာ။ သမီးေလးလွ်ာမွာ အမွတ္ပါေနမွန္းလည္း ဦးတို႔လင္မယားႏွစ္ေယာက္ သတိမထားမိခဲ့ဘူး။ အိပ္မက္ရမွ ၾကည့္ၾကည့္ေတာ့ ဟုတ္တယ္။ တကယ္ပဲ သူ႔လွ်ာမွာ အမွတ္ရွိေနခဲ့တယ္။ အဲ့ဒါေၾကာင့္ ကေလးနားမွာ ေႁမြေတြရွိေနရင္ ဦးတို႔လည္း စိတ္ခ်လက္ခ်နဲ႔ထိုင္ၾကည့္ေနရေတာ့တာေပါ့။ ဟုတ္တယ္။ ကေလးကိုဘာမွမလုပ္လို႔ ဒီအ႐ြယ္ထိေတာင္ ေရာက္လာရတယ္ဆိုပါေတာ့…”
“ဒီလိုမ်ိဳးေႁမြေတြနဲ႔ ပြတ္သီးပြတ္သပ္ သူေနေနတာ။ ဘယ္ေလာက္ၾကာၿပီလဲ”
“အင္း… ငါ့တူဒီေန႔ေရာက္လာလို႔ ဒီလိုျမင္ကြင္းမ်ိဳးကိုျမင္ရတာ။ ဗုဒၶဟူးေန႔မွ အခုလိုေႁမြေတြ ေရာက္ေရာက္လာတတ္တာပဲ တစ္ျခားေန႔ေတြဆိုရင္ေတာ့ တစ္ေကာင္ႏွစ္ေကာင္ေလာက္ပဲ ေတြ႕ရတယ္။ ဒါေပမယ့္ သမီးေလးနဲ႔ အခုလိုပြတ္သီးပြတ္သပ္လုပ္တာေတာ့ မရွိဘူး။ ဒီလိုဗုဒၶဟူးေန႔မ်ိဳးမွ သမီးေလးနဲ႔ ပြတ္သီးပြတ္သပ္လုပ္ေနတဲ့ အဆိပ္ျပင္းတဲ့ ေႁမြႀကီးေတြကို ေတြ႕ရတယ္”
“ေႁမြကုတယ္ဆိုတာကေရာ… ဘယ္လိုမ်ိဳးကုတာတုန္း”
“အင္း…. သမီးေလးသုံးႏွစ္သမီးေလာက္တုန္းက မင္းဦးႀကီးတို႔ေရေက်ာ္႐ြာမွာ ေႁမြကိုက္ခံရတယ္ဆိုလို႔၊ သမီးေလးပါးစပ္ထဲက သေရကိုယူၿပီး၊ ဦးအျမန္သြားတယ္။ ေျပာရရင္ေတာ့ မယ္ေတာ္ႀကီးေျပာသြားသလို သူ႔တံေထြးနဲ႔ ေႁမြဆိပ္ေျပႏိုင္တယ္ဆိုတဲ့အေၾကာင္း ဟုတ္မဟုတ္… စမ္းသပ္ၾကည့္တဲ့သေဘာမ်ိဳးေပါ့။ ၿပီးေတာ့ ဒဏ္ရာကို ကေလးသေရေတြနဲ႔ ပြတ္ေပးလိုက္တယ္။ ဟုတ္တယ္ကိုယ့္လူေတြေရ… ခဏပဲ ဒီလူခ်က္ခ်င္း သက္သာသြားတယ္။ အဲ့ဒီခ်ိန္ကစၿပီး၊ ဘယ္ေနရာမွာ ဘယ္လိုေႁမြဆိုးပဲကိုက္ကိုက္ သမီးေလးဆီေရာက္ေရာက္လာရင္း ဝါးခယ္မတစ္ၿမိဳ႕လုံး အခုလိုျပန္႔သြားရတယ္ဆိုပါေတာ့….”
“ေအးဗ်ာ… ေတာ္ေတာ္ထူးဆန္းတဲ့ ေႁမြဝင္စားကေလးပါလား”

ဦးအုန္းေမာင္ေျပာဆိုျပေနသည့္ စကားမ်ားကိုပင္ နားေထာင္ေနခဲ့သည့္ခ်ိန္၌ ကေလးမေလးမွာ သူမ၏အေပါင္းအေဖာ္ေႁမြမ်ားကိုပင္ ထြက္ခြာသြားၾကရန္ ေျပာဆိုေလခဲ့သည္။ ေႁမြမ်ားသည္လည္း သူမ၏ေျပာစကားမ်ားကိုပင္ နားလည္ေနသည့္အတိုင္း တစ္ေကာင္ခ်င္းစီ တြန္႔လိမ္တြန္႔လိမ့္ျဖင့္ ထြက္ခြာသြားခဲ့ၾကသည္က ကြၽႏ္ုပ္၏အျမင္ထဲတြင္ လြန္စြာက်က္သီးထေနမိခဲ့သည္။ ကြၽႏ္ုပ္၏သက္တမ္းတစ္ေလ်ာက္ ထိုကဲ့သို႔ေသာ္ ေႁမြဆိုးႀကီးမ်ားကိုပင္ မျမင္ေတြ႕ခဲ့ဘူးေပ။ ပါးျပင္းခြက္ခြက္ႀကီး ေထာင္ေနခဲ့သည္ေၾကာင့္ ေႁမြေဟာက္ႀကီးဟုပင္ သိရွိ္ႏိုင္လ်က္။ တျခားေသာ အဝါကြက္ၾကား၊ အနက္ကြက္၊ ေစာင္းငန္းငန္းအျဖဴၾကား စသျဖင့္ ေႁမြဆိုးႀကီးမ်ားကိုမူ တစ္သက္ႏွင့္တစ္ကိုယ္ မေတြ႕ခဲ့ဘူးသည္ေၾကာင့္ ရင္တစ္ထိတ္ထိတ္ႏွင့္ပင္ ၾကည့္ရႈ႕ေနခဲ့မိေလေတာ့သည္။

ၿပီး။
စာေရးသူ-ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)
(ထိုအျဖစ္ပ်က္မ်ားမွာ ၁၉၇၀ခုႏွစ္ဝန္းက်င္ခန္႔မွ အျဖစ္ပ်က္ေလးတစ္ခုပင္ျဖစ္သည္။ ကြၽႏ္ုပ္၏ေနရာတြင္ ဖခင္ျဖစ္သူျဖစ္၍၊ ကြၽႏ္ုပ္၏ဦးႀကီးေနရာတြင္ ဖခင္၏ဦးႀကီးပင္ျဖစ္ေလသည္။ ဖခင္ျပန္လည္ေျပာဆိုျပခဲ့ေသာ ဖခင္ျဖစ္သူ၏ေမြးရပ္ေျမ ဝါးခယ္မၿမိဳ႕၊ ေမာင္းတီးေက်း႐ြာအတြင္းမွ အျဖစ္အပ်က္မ်ားကိုပင္ ကြၽႏ္ုပ္အေနႏွင့္ ခံစားေရးဖြဲ႕လိုက္ျခင္းျဖစ္ပါသည္။ ေႁမြဝင္စားသည့္ ကေလးမေလး မယဥ္လွ(၁၀)ႏွစ္သမီးအ႐ြယ္တြင္၊ သူမ၏ေနအိမ္ဆီသို႔ ေႁမြႀကီးမ်ားေရာက္ရွိမလာၾကေတာ့ပဲ၊ ယခုအခ်ိန္ထိ ဧရာဝတီတိုင္း၊ ဝါးခယ္မၿမိဳ႕၊ ေမာင္းတီးေက်း႐ြာေလးတြင္ ေဒၚယဥ္လွမွာ အသက္(၄၀)ေက်ာ္ျဖင့္ သက္ရွိထင္ရွားရွိေနပါေသးသည္။)

ၿပီးပါၿပီ

က်န္းမာၾကပါေစစာဖတ္သူအေပါင္း

စာ​ေရးသူ =ထီးကေလးအားေလးစားလ်က္

#PageကိုLike&shareေလးလုပ္ေပးသြားၾကပါအုံး