“မွေးမိလေသော ဘီလူး”(စ/ဆုံး)

Unicode Version

“မွေးမိလေသော ဘီလူး”(စ/ဆုံး)
—————————————-
ညောင်ပင်သာရွာလေးမှာ ကိုသာဖေနှင့် မလှမေ ဆိုလျင် မသိသူမရှိပေ။ ရိုးရိုးသားသားနှင့် မိဘလက်ငုတ်လက်ရင်း လယ်ကလေးကိုပဲ အေးဆေးစွာ လုပ်ကိုင်စားကြသော လင်မယားနှစ်ယောက်။ သဘောကလည်း ကောင်းလှသည်။ ရွာထဲက မည်သူမဆို အိမ်လာလည်သည်နှင့် မရှိရှိတာကိုတောင် ချကျွေးတတ်ကြတဲ့အထိလည်း စေတနာ ကြီးမားလှ၏။ ဒီတော့လည်း သူတို့လင်မယား နှစ်ယောက်ကို တစ်ရွာလုံးကလည်း ချစ်ကြလေသည်။ နှစ်ဦးစလုံးမှာကလည်း မိဘတွေမရှိကြတော့။ ဒီတော့လည်း မိဘအမွေကျန်ခဲ့သည့် လယ်ကလေးကို အားကြိုးမာန်တက် လုပ်ကိုင်ရင်း ဝမ်းကျောင်းခဲ့ကြခြင်းပင်။

သူတို့အိမ်ထောင်ပြုကြတော့ ကိုသာဖေက အသက် ၃၀။ မလှမေက အသက် ၂၇ ပင် ရှိနေလေပြီ။ အိမ်ထောင်ကျပြီး သားသမီးရူး ရူးနေကြပေမဲ့ မလှမေမှာ က ကလေးမရခဲ့ပေ။ ဒီတော့ ကိုသာဖေလည်း လူကြီးသူမတွေ ပြောနေသည့် ရွာထိပ်က ညောင်ပင်ကြီးဆီကို သွားပြီး နေ့စဉ်နှင့်အမျှ ဆုတောင်းရသည်မှာလည်း အမော။ သို့ပေမဲ့ မည်သို့မှ ထူးခြားမလာခဲ့ပေ။ ကြာလာတော့ ကိုသာဖေလည်း စိတ်ညစ်လာကာ တစ်နှစ်ကို တစ်ခေါက်လောက်မှ ရွာထိပ်ညောင်ပင်ကြီးဆီသို့ ရောက်ဖြစ်တော့သည်။ ဒီလို ညောင်ပင်ကြီးဆီသွား၍ ဆုတောင်းတိုင်းမှာတော့ မလှမေပါ လိုက်ပါခဲ့သည်။

ကံကောင်းချင်တော့ အိမ်ထောင်သက် ၁၀ နှစ်လောက်အကြာ မလှမေမှာ ကိုယ်ဝန်ရှိလာတော့သည်။ ဒီတော့လည်း လင်မယားနှစ်ယောက်လည်း အတော်လေးကို ပျော်ရွှင်ခဲ့ရ၏။ သူတို့ရဲ့ သားဦးလေးလား သမီးဦးလေးလား မသိပေမဲ့ သူတို့အတွက် ဘာနဲ့မှ မလဲနိုင်ခဲ့။ အချိန်ရှိသ၍ မိန်းမဖြစ်သူကို မှာနေရသည်။ အလေးပင် မ,မဖို့၊ အပူအစပ်မစားဖို့၊ အမြဲတစေ မှာတမ်းချွေနေရသည်မှာ အမော။ ဒီလိုနဲ့ မလှမေ၏ကိုယ်ဝန်လည်း အနည်းငယ်ရင့်လာသည့် အခါ ကိုသာဖေစိတ်ထဲ တမျိုးတော့ ဖြစ်လာရသည်။ အကြောင်းကတော့…

မလှမေခမြာ ယခင်က အသားငါး သိပ်မကြိုက်သူက ယခုဆိုလျင် အသားငါးတွေသာ စားချင်လာသည်။ နေ့စဉ်နေ့တိုင်း အသားငါးချက်ဖို့ အမြဲပြောလေ့ရှိသည်။ ကိုယ်ဝန်နုစဉ်က သိပ်မတောင့်တသော်လည်း ကိုယ်ဝန်အနည်းငယ် ရင့်လာတဲ့အခါ ပိုမိုစားလာခဲ့တာကို ကိုသာဖေတစ်ယောက် သတိထားမိလာခဲ့တော့သည်။ စားတဲ့အခါမှာလည်း အသားကို နူးနေအောင်ချက်ထားတာကို သိပ်မကြိုက်ချင်။ မကျက်တကျက်ကိုသာ ပိုပြီးစားချင်လာလို့ သူ့ခမြာ မလှမေအကြိုက် မကျက်တကျက်သာ ချက်ချက်ကြွေးလာခဲ့ရသည်။

ကိုသာဖေကတော့ သူ့ခမြာ ကိုယ်ဝန်နဲ့မို့လို့ တောင့်တတာပါလေ ဆိုပြီးသာ တွေးထားခဲ့လိုက်၏။ ပြီးတော့ ထူးခြားတာတွေလည်း စတင်ဖြစ်ပေါ်လာခဲ့သည်။ အရင်က စိတ်ထားနူးညံ့လှတဲ့ မလှမေကယခုဆိုလျင် စကားပြောတဲ့အခါ ဒေါသတွေ ခနခန ထွက်တတ်လာသည်။ မထင်ရင် မထင်သလို အော်ငေါက်တတ်လာသည်။ ဒီလို မလှမေ ဒေါသဖြစ်လာတဲ့အခါ အသားတွေပါ နီလာကာ မျက်လုံးတွေက ရဲတက်လာခဲ့သည်။ ကိုသာဖေလည်း ဘာ့ကြောင့်မှန်းမသိ မလှမေကို ကြည့်ရင်း တစ်ခါတစ်လေတောင် ကြောက်ရွံ့စိတ် ဝင်ဝင်လာတတ်သည်။ ထူးခြားနေသည်ကို သိပေမဲ့ သားဆိပ်တက်ပြီး ဒီလိုဖြစ်နေခြင်းဟုသာ ဖြေတွေးခဲ့ရသည်။ တစ်ခါတစ်ခါ သူရဲ့ အသားကို မလှမေက လက်သည်းနဲ့ ဆွဲဆွဲဆိတ်တတ်ပြီးပြောသည်က..

“ဟင်း… ရှင့်အသားလေးက တင်းနေတာပဲ ကိုက်ချင်စရာကြီး… ဟီး… ဟီး…”

ဆိုကာ ပြောပြောပြီး ရီနေတတ်သေးသည်။ ဒီအချိန်မှာတော့ ကိုသာဖေလည်း ကြက်သီးထထလာတတ်ကာ မသိမသာပင် အနားကနေ ရှောင်ရှောင်သွားတတ်သည်။

ဒီလိုနဲ့ မလှမေတစ်ယောက် ကလေးမီးဖွားတော့ ယောကျာ်းလေးဆိုသည့်အတွက် အပျော်ကြီးပျော်ခဲ့ရသည်။ ကိုသာဖေကတော့ သူတို့လိုချင်ခဲ့သည့် ကလေးလေး။ သားဦးလေးဟု ကြားလိုက်တော့ ခုန်ပေါက်မတတ် ပျော်ခဲ့ရသည်။ ဒါပေမဲ့ ခနအကြာမှာတော့ လက်သည်ကြီး နှစ်ယောက်ရဲ့ အလန့်တကြား ထအော်သံကြောင့် ရင်တွေပူကာ နေမထိထိုင်မသာစွာ ဖြစ်ခဲ့သည်။

“သာဖေ.. သာဖေ.. နင်.. နင်တို့ ကလေးက မွေးတုန်းကတော့ အကောင်းပဲ.. အခုတော့ ဘယ်လိုဖြစ်လာလည်း မသိဘူး.. နင်ကိုယ်တိုင် လာကြည့်တော့ဟာ.. ငါတို့လည်း ဆက်မကြည့်ရဲတော့ဘူး”

“ဟင်.. ဘာဖြစ်လို့လည်းဗျ.. နေအုန်း ကျနော်ဝင်လာခဲ့မယ်”

ဆိုပြီး အခန်းထဲအဝင်မှာ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့ဩမဆုံး။ ထိတ်လန့်မှုတွေ ဖြစ်လာခဲ့ရသည်။ လက်သည် နှစ်ယောက်လည်း ဘာလုပ်ရမှန်းမသိတော့။ ခနအကြာမှာပဲ အပြင်မှာစောင့်နေသည့် ကိုသာဖေရဲ့ သူငယ်ချင်းတွေပါ ရောက်လာကြသည်။

ကလေးလို့သာပြောရသည်။ ကလေးနှင့် လားလားမှ မတူပေ။ အသားကနီစပ်စပ်။ နှဖူးကမောက်မောက်။ ဆံပင်ကထူထူ။ တကိုယ်လုံးမှာ အမွေးအမြှင်တွေနှင့်ပင်။ နှဖူးနဲ့ဆံပင်အစပ် ထောင့်နှစ်ထောင့်မှာ အလုံးကြီးနှစ်လုံးက ပါလိုက်သေးသည်။ ကလေးငယ်ရဲ့ပါးစပ်ထဲမှာလည်း အစွယ်လိုလို သွားချွန်ချွန်တွေနှင့်။ ကြည့်ရတော်တော်ဆိုးကာ ထိတ်လန့်စရာလည်း ကောင်းလှသည်။ ရွာထဲကလူတွေကတော့ ‘ဒါက ကလေးမဟုတ်ဘူး၊ မကောင်းဆိုးဝါးလေးပဲ’ ဟု ဝိုင်းပြောကြပေမဲ့ ကိုသာဖေတို့ကတော့ မိမိရင်သွေးကို အထိမခံနိုင်ပေ။ ဒါ ငါတို့ကလေး၊ ငါတို့နဲ့ထိုက်လို့ရတာဟု ပြောကာ လူတွေကို ပြန်ခိုင်းလိုက်တော့သည်။ ရွာကလူတွေကလည်း စိတ်မကောင်းကြပေမဲ့ ကိုသာဖေတို့ ပိုပြီး စိတ်ညစ်နေမှာ စိုးသည့်အတွက် ဘာမှမဖြစ်ပါစေနဲ့သာ ဆုတောင်းပေးရင်း ပြန်ကုန်ကြသည်။

ဒီလိုဖြစ်ပျက်ပြီးသည့် ညမှာတော့ ထူးဆန်းတာတွေ စတင်ဖြစ်ပေါ်ခဲ့သည်။ ကလေးလေးက ညဘက်ရောက်တဲ့အခါ မိဘတွေနဲ့ ခြင်ထောင်တစ်လုံးထဲမှာ သိပ်ထားတဲ့အခါ ချော့လို့မရအောင် ငိုတော့လေသည်။ ငိုတာမှ တဝါးဝါးနှင့်။ ဒီတော့ မလှမေလည်း ကလေးအငိုတိတ်အောင်ဆိုကာ ကလေးကိုချီလိုက်ပြီး အပြင်ထွက်လိုက်တာနဲ့ ချက်ချင်းတိတ်သွားတော့သည်။ ဒီတော့ ကလေးငိုတာ တိတ်ပြီဆိုကာ ခြင်ထောင်ထဲပြန်အဝင် စောစောကလိုပဲ တတ်မတက် ချက်မတတ် ထပ်ငိုပြန်သည်။ ဒီလိုနဲ့ သုံးခါလောက်ဖြစ်ပြီးတဲ့ အခါမှာတော့ မလှမေလည်း သိလိုက်တော့သည်။ မြို့က သူငယ်ချင်းတစ်ယောက်က သူတို့ရွာကို လာလည်တော့ မလှမေကိုယ်ဝန်ရှိနေတာကို သိတဲ့အခါ မြို့ကနေ ကလေးသိပ်ဖို့ ခြင်လုံဇကာလေး ဝယ်ပေးထားဖူးသည်။ ယခုတော့ ထိုခြင်လုံဇကာလေးထဲကို ကလေးငယ် ထည့်ထားလိုက်တော့မှသာ ဆက်၍မငိုတော့ပေ။ လင်မယားနှစ်ယောက်လည်း ကြံရာမရတဲ့အဆုံး ကလေးငယ်ကို ညည ထိုခြင်လုံဇကာနဲ့ပဲ သိပ်ထားရတော့သည်။

သည်လိုနှင့် တစ်ပတ်လောက်အထိတော့ ဘာမှထူးထူးခြားခြားမဖြစ်ခဲ့ပေ။ တစ်ပတ်ကျော်ပြီးတစ်ညမှာတော့ စတင်ကြုံလာရသည်ကား…။

*****

ညသန်းခေါင်လောက်မှာ အိမ်အနောက်ဘက်က ချိုးချိုးချွတ်ချွတ်အသံများကြောင့် ကိုသာဖေလည်း ဖျပ်ခနဲ လန့်နိုးလာခဲ့သည်။ အလုပ်ကလည်းပင်ပန်းတော့ ကြောင်တွေကြွက်တွေ ဖြစ်မှာပါဆိုပြီး ထမကြည့်တော့ပဲ ပေါ့ပေါ့လေးတွေးလိုက်မိကာ ထမကြည့်ဖြစ်တော့။ မလှမေကတော့ မနိုးပေ။

မနက်ရောက်တော့မှသာ မီးဖိုခန်းထဲက အိုးတွေခွက်တွေ အနေထား ပျက်ယွင်းနေတာတွေ့လိုက်ရ၏။ ညက ကျန်တဲ့ ထမင်းကျန်ဟင်းကျန်တွေလည်း အကုန်ကို ပြောင်စင်နေတာကိုလည်း တွေ့လိုက်ရသည်။ ပြီးတော့ သူတို့အိမ်ဘေးလေးမှာ လူတစ်ရပ်လောက်အမြင့်ရှိတဲ့ ကြပ်ခိုးစင်လေး တစ်စင်လည်းရှိလေ၏။ အမဲသားတွေနဲ့ တခြားအသားတွေကို နေလှန်း ကြပ်ခိုးတိုက်တဲ့ ကြပ်ခိုးစင်ပင်။ ထိုကြပ်ခိုးစင်ပေါ်က အမဲသားခြောက်တွေလည်း လျော့နေတာကိုလည်း သတိထားလိုက်မိသည်။ ကိုသာဖေရဲ့ အထင်ကတော့ ညကအသံတွေကြားတာ ကြောင်တွေ ကြွက်တွေ မဟုတ်ပဲ ခွေးတစ်ကောင်ဖြစ်ရမည်ဟုလည်း တွေးလိုက်ကာ ဒီအတိုင်းပဲအမှုမဲ့ အမှတ်မဲ့ပဲ နေလိုက်မိသည်။

နောက်ရက်တွေမှာလည်း ဒီအတိုင်းပင်။ မီးဖိုထဲက အိုးတွေခွက်တွေ ပုံစံပျက်နေတာတွေ့ရ။ ထမင်းကျန် ဟင်းကျန်တွေ ပြောင်စင်နေတာ တွေ့ရကာ အမဲသားခြောက်တွေလည်း လျော့လျော့နေတာကိုလည်း တွေ့ရလေတော့ စိတ်ထဲမှာ သိပ်တော့ မပေါ့မိတော့ပေ။ ၃ ရက် ၄ ရက်လောက် ဖြစ်လာလေတော့ လင်မယားနှစ်ယောက်လည်း တီးတိုးတိုင်ပင်ကြတော့သည်။

“လှမေ ငါ့စိတ်ထဲ သိပ်တော့ မသင်္ကာတော့ဘူးဟာ… ရွာကလူတွေပြောတာ ဟုတ်နေပြီလားမသိဘူး”

“ရှင်ကလည်းတော် ရှင်က ဘယ်လိုထင်နေလို့တုန်း”

မလှမေက ဒီလိုမေးလိုက်တဲ့အခါ ကိုသာဖေက အိမ်အောက်ကနေ ကလေးအိပ်နေတဲ့ အိမ်ပေါ်ကို အသာလေးလှမ်းကြည့်လိုက်ပြီး ပြောသင့်မပြောသင့် ချိန်ဆနေပြီး မထူးတော့ဘူးဆိုကာ မလှမေ အနားကိုကပ်၍..

“ဒီကလေးလေးက လူတွေပြောသလို မကောင်းဆိုးဝါးလေးများလားဟာ”

ဒီတော့ မလှမေလည်း လန့်ဖြန့်သွားကာ..

“ဟုတ်ပါ့မလားတော်.. အသားခြောက်တွေခိုးစားနေတာက ရွာထဲက ခွေးတွေလားမှ မသိတာ”

“ဟဲ့.. လှမေရဲ့ နင်မသိတာကျနေတာပဲ.. ရွာမှာရှိတဲ့ ခွေးက ၃ ကောင်ထဲလေ… ရွာထိပ်က ဒေါ်အေးဘုံအိမ်မှာတစ်ကောင် ရွာနောက်က ဦးဝေလင်း အိမ်မှာတစ်ကောင် ဟိုးလယ်ထဲက ဒေါ်ကျွဲမ တဲမှာတစ်ကောင် ဒါပဲရှိတာလေ… ငါတို့ အိမ်နဲ့အဝေးကြီးဟာကို ကြောင်စားရင်လည်း ဒီလောက်မကုန်ပါဘူးဟာ…ငါတော့ တဖြေးဖြေးနဲ့ လန့်လန့်လာပြီ”

“အေးနော် ရှင်ပြောတာလည်း ဟုတ်တာပဲ ကျမလည်း ကိုယ့်သားသမီးမို့လို့သာပဲ တစ်ခါတစ်လေ ကျရင် အဲ့ဒီကလေးလေးရဲ့ အကြည့်တွေက ကြောက်စရာ ကောင်းတယ်တော့်”

“အေး အဲ့ဒါပြောတာပေါ့… ဒီလိုလုပ် ဒီညကျရင် မအိပ်ပဲ အသံကြားတာနဲ့ ထကြည့်ကြမယ် ဒါမှ သိရမှာ”

ဒီလိုတိုင်ပင်လိုက်ကြပြီး ညရောက်တဲ့အခါ လင်မယားနှစ်ယောက်လုံး မအိပ်ကြပဲ သတိထားစောင့်နေကြလေသည်။ ညသန်းခေါင်လောက်မှာတော့ …

“ဂျွတ်… ဂလုံး… ဂလွမ်း…”

မီးဖိုခန်းကနေ အသံဗလံတွေကြားလာခဲ့ရပြီ။ ဒီတော့ကိုသာဖေက မလှမေကို အသာပြောလိုက်သည်။

“လှမေ ကြားတယ်မလား မီးဖိုချောင်ထဲမှာ အသံတွေကြားနေရပြီ”

ဒီတော့ မလှမေခမြာ အသံမထွက်ပဲ ခေါင်းပဲ ငြိမ့်ပြလိုက်သည်။

“လာ… လာ… ထကြည့်မယ်… အသံမထွက်စေနဲ့နော်…”

ဆိုလျက် တစ်လှမ်းခြင်း အသံမကြားအောင် ထလာခဲ့ကြလေသည်။ လရောင်ကလည်း နည်းနည်းလင်းနေကာ မီးဖိုခန်းကနေ အိမ်ဘေးကိုဆင်းတဲ့ တံခါးပေါက်ကလည်းဖွင့်ထားလေတော့ ပီပီပြင်ပြင်မဟုတ်ရင်တောင်မှ တော်တော်လေးကို မီးဖိုခန်းထဲ အလင်းရောင်ရနေလျက်ပင်။

ဒီလိုနဲ့ အကွယ်လေးကနေ မီးဖိုချောင်ထဲကို မဝံ့မရဲဖြင့် လှမ်းအကြည့်မှာတော့ လင်မယားနှစ်ယောက်စလုံး ကျောထဲစိမ့်တက်လာကာ သွေးတွေအေးစက်လာခဲ့သလိုပင်။ တွေ့လိုက်ရတဲ့မြင်ကွင်းက ထိတ်လန်စရာ။ မီးဖိုထဲမှာ သူတို့ရဲ့ကလေးလေးက ဆောင့်ကြောင့်ထိုင်ပြီး ထမင်းကျန်ဟင်းကျန်တွေကို အာသာငမ်းငမ်းနဲ့ အငမ်းမရ စားသောက်နေတာကို တွေ့လိုက်ရသည်။

လင်မယားနှစ်ယောက်စလုံးလည်း အသားတွေ တဆက်ဆက်တုန်လျက်ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့သည်။ ကြက်သီးတွေလည်း တဖြန်းဖြန်းထလျက် ဘာလုပ်ရမှန်းတောင် မသိတော့ပြီ။

ကလေးငယ်က မီးဖိုခန်းထဲမှာ ဆောင့်ကြောင့် ထိုင်နေလျက် ထမင်းအိုးဟင်းအိုးတွေကို ဖွင့်ပြီး လက်နဲ့နှိုက်ကာ ပလုပ်ပလောင်းပင် စားနေလေသည်။ ကလေးငယ်မျက်နှာကိုတော့ ဘေးတစ်စောင်း အနေထားဖြင့် တွေ့နေရခြင်းပင်။ ကလေးငယ်နဲ့တောင်မတူပေ။ တကယ့်အစားငမ်းနေတဲ့ လူတစ်ယောက်ပုံသဏ္ဌာန်ဖြစ်နေလေ၏။ သူတို့လည်း ကြောက်ကြောက်နဲ့ ဆက်ကြည့်နေတုန်းမှာ ကလေးလေးဟာ ထမင်းဟင်းကျန်တွေ စားသောက်ပြီးသွားတော့ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ကာ နှာခေါင်း တရှုံ့ရှုံ့ဖြင့် အနံ့ခံသလို လုပ်နေပြီး နောက်ဖေးအပေါက်ကနေ အောက်ကိုဆင်းသွားပြန်သည်။ ပြီးနောက် ကြပ်ခိုးစင်နားကို ရောက်လာတဲ့အခါ ကလေးပုံစံကနေ တဖြေးဖြေးနဲ့ အရပ်ကြီးက ရှည်ထွက်သွားကာ လူတစ်ရပ် ကျော်ကျော်လောက် ဖြစ်သွားတာကို ထိတ်လန့်ဖွယ် တွေ့လိုက်ရတော့၏။

ဒီတော့ မလှမေလည်း မအော်မိအောင် ပါးစပ်ကိုလက်နဲ့ ပိတ်ထားလိုက်ကာ ဆက်လည်းမကြည့်ရဲတော့ပေ။ လူဝကြီး တစ်ယောက်လောက်ကို အကောင်ကြီး ကြီးလာခဲ့ပြီး ခန္ဓာကိုယ်မှာကလည်း အမွှေးအမြှင်တွေ ထွက်လာတာကို ကိုသာဖေတစ်ယောက် မျက်ဝါးထင်ထင်တွေ့လိုက်ရတဲ့ပြီး ကြပ်ခိုးစင်ပေါ်က အသားခြောက်တွေကို ကောက်ယူ ဝါးစားနေတာကို သွေးပျက်ဖွယ်ရာ မြင်လိုက်ရတဲ့အခါ…

“လှမေ ဒါ.. ဒါ.. ငါတို့ သားမဟုတ်ဘူး… ဘီလူး ဘီလူးဟ…”

မလှမေခမြာ ကြောက်လွန်း၍ အသံတောင်မထွက်နိုင်တော့ပေ။ ဒီအချိန်ကြီးက အိမ်ပေါ်ကနေလည်း ဆင်းပြေးလို့မရ။ ဆင်းပြေးတာနဲ့ ဒီဘီလူးကသိသွားမှာ အသေအချာပင်။ ဘာလုပ်ရမှန်းလည်းမသိတော့။ ကိုသာဖေကလည်း လေသံ တီးတိုးဖြင့် မလှမေ အနားကပ်ကာ ပြောလိုက်သည်။

“ဘာမှမကြောက်နဲ့ လှမေ… ပုတီးကိုင်ပြီး ဘုရားစာသာ ရွတ်နေ ဒီညတော့ သူအစာဝနေလောက်ပြီ ဘာမှတော့လုပ်မှာ မဟုတ်ဘူး.. မနက်ကျမှသာ ရွာလူကြီးကို ပြောပြပြီး စီစဉ်ရမယ်… လာ အိပ်ရာထဲ ဟန်မပျက်သာဝင်နေ”

ဆိုကာ နှစ်ယောက်သာ အိပ်ရာထဲ ပြန်ဝင်နေလိုက် ကြတော့သည်။ လက်ထဲမှာတော့ ပုတီးကို ကိုင်ထားကာ ဘုရားကိုစာသာ အဆက်မပြတ် ရွတ်နေလိုက်ကြတော့သည်။ အိပ်ကလည်း မအိပ်ရဲကြတော့။ အသံကိုသာ နားစွင့်နေရင်း ခြင်ထောင်ထဲနေ မီးဖိုချောင်ဘက်ကို အသာလေး လှမ်းကြည့်နေလျက်။

ခနအကြာမှာတော့ မီးဖိုချောင်ထဲကနေ အိမ်ပေါ်ကို ပြန်တက်လာတဲ့ အသံ သဲ့သဲ့ကို ကြားလိုက်ကြရတော့ ခြင်ထောင်အတွင်းကနေ အသာလေး လှမ်းကြည့်လိုက်မိတဲ့အခါ မြင်လိုက်ရသည်က ကလေးပုံစံလေးနဲ့ ဟိုကြည့်ဒီကြည့် ကြည့်ကာ လေးဘက်ထောက်လျက် ပြန်တက်လာတာကို တွေ့နေရသည်။ ပြီးတော့ ခြင်လုံဇကာလေးထဲ ပြန်ဝင်ကာ အသာအယာ ပြန်ပြီးအိပ်နေလိုက်တာကို တွေ့လိုက်ရတော့၏။ ဒီတော့မှ သက်ပြင်းချနိုင်ပေမဲ့ တစ်ညလုံးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ပြန်မအိပ်ရဲတော့ပေ။ မနက်ကို အမြန်ရောက်ပါစေဟုသာ ဆုတောင်းနေခဲ့ရသည်။

မနက်မိုးလင်းတာနဲ့ ရွာဦးဘုန်းကြီးကျောင်းကို အပြေးအလွှားသွားကာ ဆရာတော်ကိုဖြစ်ကြောင်းကုန်စင် လျောက်တင်လိုက်တော့၏။ ထိုအခါ ရွာဦးကျောင်းဆရာတော်လည်း ရွာလူကြီးနဲ့ ရွာသူရွာသားတွေကို ကျောင်းထဲကို ခေါ်ခိုင်းလိုက်ကာ အကျိုးအကြောင်းကို ပြန်လည် ပြောပြလိုက်တော့လေသည်။ ထိုအခါ တစ်ရွာလုံးက ဟာခနဲ ဟင်ခနဲ ဖြစ်သွားတဲ့သူကဖြစ်။ အစထဲက ဒါမကောင်းဆိုးဝါးဟု ပြောသူတွေကလည်း အပြစ်တင်ကြနဲ့ ဆူညံသွားတော့သည်။ နောက်မှာတော့ ဆရာတော်က ကပ္ပိယကြီးဦးဘထူးကိုသာ မိန့်ကြားလိုက်၏။

“ကဲ.. ကပ္ပိယကြီး ဒီကိစ္စက ဘုန်းဘုန်းတို့ ရဟန်းသံဃာတော်တွေနဲ့ မအပ်စပ်ပေဘူး.. ဒီတော့ ကပ္ပိယကြီးပဲ သင့်တော်သလို စီစဥ်လိုက်ပါ”

“တင်ပါ့ဘုရား.. ဒီရွာအန္တရာယ်ကင်းအောင် တပည့်တော်လုပ်လိုက်ပါ့မယ်ဘုရား”

ရွာဦးကျောင်းဆရာတော်လည်း ထိုသို့မိန်းကြားပြီး ကျက်သရေခန်းထဲ ဝင်သွားတော့သည်။ ထို့နောက်မှာတော့ ဦးဘထူးလည်း ရွာလူကြီးကို ပြောကာ ကလေးလေးကို ဖမ်းချုပ်ခေါ်ဆောင်ခိုင်းလိုက်လေ၏။

အဲ့ဒီနောက် ချောင်းနံဘေးမှာ ထိုကလေးလေး တစ်ဖြစ်လဲ ဘီလူးလေးကို နှစ်ပိုင်းပိုင်းပြီးတော့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာ မြေနက်နက်တူးပြီး မြှုပ်ပြစ်လိုက်ကြတော့၏။ ထူးခြားသည်က ထိုကလေးလေးကို နှစ်ပိုင်းပိုင်းတဲ့အခါမှာတော့ ကလေးငယ်လေးကား ငိုယိုခြင်း အလျင်းမရှိခဲ့ပေ။ ကပ္ပိယကြီးပြောပြသည်မှာ ဒီလို ဘီလူးမျိုး မွေးလာခဲ့ရင် သိသိခြင်းပဲ ဓားနဲ့ခုတ် နှစ်ပိုင်းပိုင်းပြီး ရေခြားပြီး မြှုပ်ရလေသည်။ သိတာကြာသွားရင်လည်း ထိန်းလို့ မနိုင်တော့ဘူးလို့လည်း ပြောပြခဲ့သည်။ မြေမြုပ်တဲ့အခါ ခွဲမြုပ်ရမှာဖြစ်ပြီး ခပ်နီးနီးလေး မြှုပ်လိုက်မိရင်တော့ ပြန်ဆက်တတ်သည်။ ဒီလို ရေခြားပြီး မြှုပ်လိုက်မှသာ စိတ်ချရတယ်လို့လည်း ပြောပြလေ၏။

ညရောက်တဲ့အခါမှာတော့ ကိုသာဖေနဲ့ မလှမေတို့ နှစ်ဦးစလုံးမှာ အိပ်မက် မြင်မက်ခဲ့ကြလေသည်။ အိပ်မက်ထဲမှာကတော့ အမွှေးစုတ်ဖွားအကောင်ကြီးတစ်ကောင်က ပေါ်လာပြီး အသံနက်ကြီးနဲ့ ဒေါသတွေ ထွက်ကာ လာပြောသည်က…

“ငါက.. ဒီရွာကဘီလူးပဲ.. နင်တို့လင်မယားကိုတွေ့တော့ ငါလိုက်လာခဲ့တာ…နင်တို့တွေ အသိမြန်လို့ပေါ့.. မဟုတ်ရင်တော့ နင်တို့ကိုရော ဒီတစ်ရွာလုံးကိုပါ ငါစားတော့မှာ… ခုတော့ နေနှင့်အုန်းပေါ့ဟာ…တောက်…”

ဆိုကာ စကားလာပြောပြီး တောက် တစ်ချက်ခတ်ကာ ပျောက်သွားပါလေတော့သည်။ နောက်တစ်ရက်မှာတော့ ရွာဦးကျောင်းဆရာတော်ကြီးက ဦးစီး၍ ရဟန်းသံဃာတော်များက ရွာတွင်းရွာပြင်ပါမချန် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ မေတ္တာပို့ အမျှတမ်းပေးဝေခြင်းများ ပြုလုပ်ခဲ့ကြလေ၏။ သည်နောက်ပိုင်းမှာတော့ ထိုရွာလေးမှာ ဤကဲ့သို့ အဖြစ်ပျက်မျိုးကို ကြုံရသူဟူ၍ မကြားရတော့ပေ။

**********
..ပြီးပါပြီ..

ရေးသားသူ-လင်းစက်ရာ

Zawgyi Version

“ေမြးမိေလေသာ ဘီလူး”(စ/ဆုံး)
—————————————-
ေညာင္ပင္သာ႐ြာေလးမွာ ကိုသာေဖႏွင့္ မလွေမ ဆိုလ်င္ မသိသူမရွိေပ။ ႐ိုး႐ိုးသားသားႏွင့္ မိဘလက္ငုတ္လက္ရင္း လယ္ကေလးကိုပဲ ေအးေဆးစြာ လုပ္ကိုင္စားၾကေသာ လင္မယားႏွစ္ေယာက္။ သေဘာကလည္း ေကာင္းလွသည္။ ႐ြာထဲက မည္သူမဆို အိမ္လာလည္သည္ႏွင့္ မရွိရွိတာကိုေတာင္ ခ်ေကြၽးတတ္ၾကတဲ့အထိလည္း ေစတနာ ႀကီးမားလွ၏။ ဒီေတာ့လည္း သူတို႔လင္မယား ႏွစ္ေယာက္ကို တစ္႐ြာလုံးကလည္း ခ်စ္ၾကေလသည္။ ႏွစ္ဦးစလုံးမွာကလည္း မိဘေတြမရွိၾကေတာ့။ ဒီေတာ့လည္း မိဘအေမြက်န္ခဲ့သည့္ လယ္ကေလးကို အားႀကိဳးမာန္တက္ လုပ္ကိုင္ရင္း ဝမ္းေက်ာင္းခဲ့ၾကျခင္းပင္။

သူတို႔အိမ္ေထာင္ျပဳၾကေတာ့ ကိုသာေဖက အသက္ ၃၀။ မလွေမက အသက္ ၂၇ ပင္ ရွိေနေလၿပီ။ အိမ္ေထာင္က်ၿပီး သားသမီး႐ူး ႐ူးေနၾကေပမဲ့ မလွေမမွာ က ကေလးမရခဲ့ေပ။ ဒီေတာ့ ကိုသာေဖလည္း လူႀကီးသူမေတြ ေျပာေနသည့္ ႐ြာထိပ္က ေညာင္ပင္ႀကီးဆီကို သြားၿပီး ေန႔စဥ္ႏွင့္အမွ် ဆုေတာင္းရသည္မွာလည္း အေမာ။ သို႔ေပမဲ့ မည္သို႔မွ ထူးျခားမလာခဲ့ေပ။ ၾကာလာေတာ့ ကိုသာေဖလည္း စိတ္ညစ္လာကာ တစ္ႏွစ္ကို တစ္ေခါက္ေလာက္မွ ႐ြာထိပ္ေညာင္ပင္ႀကီးဆီသို႔ ေရာက္ျဖစ္ေတာ့သည္။ ဒီလို ေညာင္ပင္ႀကီးဆီသြား၍ ဆုေတာင္းတိုင္းမွာေတာ့ မလွေမပါ လိုက္ပါခဲ့သည္။

ကံေကာင္းခ်င္ေတာ့ အိမ္ေထာင္သက္ ၁၀ ႏွစ္ေလာက္အၾကာ မလွေမမွာ ကိုယ္ဝန္ရွိလာေတာ့သည္။ ဒီေတာ့လည္း လင္မယားႏွစ္ေယာက္လည္း အေတာ္ေလးကို ေပ်ာ္႐ႊင္ခဲ့ရ၏။ သူတို႔ရဲ႕ သားဦးေလးလား သမီးဦးေလးလား မသိေပမဲ့ သူတို႔အတြက္ ဘာနဲ႔မွ မလဲႏိုင္ခဲ့။ အခ်ိန္ရွိသ၍ မိန္းမျဖစ္သူကို မွာေနရသည္။ အေလးပင္ မ,မဖို႔၊ အပူအစပ္မစားဖို႔၊ အၿမဲတေစ မွာတမ္းေခြၽေနရသည္မွာ အေမာ။ ဒီလိုနဲ႔ မလွေမ၏ကိုယ္ဝန္လည္း အနည္းငယ္ရင့္လာသည့္ အခါ ကိုသာေဖစိတ္ထဲ တမ်ိဳးေတာ့ ျဖစ္လာရသည္။ အေၾကာင္းကေတာ့…

မလွေမချမာ ယခင္က အသားငါး သိပ္မႀကိဳက္သူက ယခုဆိုလ်င္ အသားငါးေတြသာ စားခ်င္လာသည္။ ေန႔စဥ္ေန႔တိုင္း အသားငါးခ်က္ဖို႔ အၿမဲေျပာေလ့ရွိသည္။ ကိုယ္ဝန္ႏုစဥ္က သိပ္မေတာင့္တေသာ္လည္း ကိုယ္ဝန္အနည္းငယ္ ရင့္လာတဲ့အခါ ပိုမိုစားလာခဲ့တာကို ကိုသာေဖတစ္ေယာက္ သတိထားမိလာခဲ့ေတာ့သည္။ စားတဲ့အခါမွာလည္း အသားကို ႏူးေနေအာင္ခ်က္ထားတာကို သိပ္မႀကိဳက္ခ်င္။ မက်က္တက်က္ကိုသာ ပိုၿပီးစားခ်င္လာလို႔ သူ႔ချမာ မလွေမအႀကိဳက္ မက်က္တက်က္သာ ခ်က္ခ်က္ေႂကြးလာခဲ့ရသည္။

ကိုသာေဖကေတာ့ သူ႔ချမာ ကိုယ္ဝန္နဲ႔မို႔လို႔ ေတာင့္တတာပါေလ ဆိုၿပီးသာ ေတြးထားခဲ့လိုက္၏။ ၿပီးေတာ့ ထူးျခားတာေတြလည္း စတင္ျဖစ္ေပၚလာခဲ့သည္။ အရင္က စိတ္ထားႏူးညံ့လွတဲ့ မလွေမကယခုဆိုလ်င္ စကားေျပာတဲ့အခါ ေဒါသေတြ ခနခန ထြက္တတ္လာသည္။ မထင္ရင္ မထင္သလို ေအာ္ေငါက္တတ္လာသည္။ ဒီလို မလွေမ ေဒါသျဖစ္လာတဲ့အခါ အသားေတြပါ နီလာကာ မ်က္လုံးေတြက ရဲတက္လာခဲ့သည္။ ကိုသာေဖလည္း ဘာ့ေၾကာင့္မွန္းမသိ မလွေမကို ၾကည့္ရင္း တစ္ခါတစ္ေလေတာင္ ေၾကာက္႐ြံ႕စိတ္ ဝင္ဝင္လာတတ္သည္။ ထူးျခားေနသည္ကို သိေပမဲ့ သားဆိပ္တက္ၿပီး ဒီလိုျဖစ္ေနျခင္းဟုသာ ေျဖေတြးခဲ့ရသည္။ တစ္ခါတစ္ခါ သူရဲ႕ အသားကို မလွေမက လက္သည္းနဲ႔ ဆြဲဆြဲဆိတ္တတ္ၿပီးေျပာသည္က..

“ဟင္း… ရွင့္အသားေလးက တင္းေနတာပဲ ကိုက္ခ်င္စရာႀကီး… ဟီး… ဟီး…”

ဆိုကာ ေျပာေျပာၿပီး ရီေနတတ္ေသးသည္။ ဒီအခ်ိန္မွာေတာ့ ကိုသာေဖလည္း ၾကက္သီးထထလာတတ္ကာ မသိမသာပင္ အနားကေန ေရွာင္ေရွာင္သြားတတ္သည္။

ဒီလိုနဲ႔ မလွေမတစ္ေယာက္ ကေလးမီးဖြားေတာ့ ေယာက်ာ္းေလးဆိုသည့္အတြက္ အေပ်ာ္ႀကီးေပ်ာ္ခဲ့ရသည္။ ကိုသာေဖကေတာ့ သူတို႔လိုခ်င္ခဲ့သည့္ ကေလးေလး။ သားဦးေလးဟု ၾကားလိုက္ေတာ့ ခုန္ေပါက္မတတ္ ေပ်ာ္ခဲ့ရသည္။ ဒါေပမဲ့ ခနအၾကာမွာေတာ့ လက္သည္ႀကီး ႏွစ္ေယာက္ရဲ႕ အလန္႔တၾကား ထေအာ္သံေၾကာင့္ ရင္ေတြပူကာ ေနမထိထိုင္မသာစြာ ျဖစ္ခဲ့သည္။

“သာေဖ.. သာေဖ.. နင္.. နင္တို႔ ကေလးက ေမြးတုန္းကေတာ့ အေကာင္းပဲ.. အခုေတာ့ ဘယ္လိုျဖစ္လာလည္း မသိဘူး.. နင္ကိုယ္တိုင္ လာၾကည့္ေတာ့ဟာ.. ငါတို႔လည္း ဆက္မၾကည့္ရဲေတာ့ဘူး”

“ဟင္.. ဘာျဖစ္လို႔လည္းဗ်.. ေနအုန္း က်ေနာ္ဝင္လာခဲ့မယ္”

ဆိုၿပီး အခန္းထဲအဝင္မွာ ျမင္ေတြ႕လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ အံ့ဩမဆုံး။ ထိတ္လန္႔မႈေတြ ျဖစ္လာခဲ့ရသည္။ လက္သည္ ႏွစ္ေယာက္လည္း ဘာလုပ္ရမွန္းမသိေတာ့။ ခနအၾကာမွာပဲ အျပင္မွာေစာင့္ေနသည့္ ကိုသာေဖရဲ႕ သူငယ္ခ်င္းေတြပါ ေရာက္လာၾကသည္။

ကေလးလို႔သာေျပာရသည္။ ကေလးႏွင့္ လားလားမွ မတူေပ။ အသားကနီစပ္စပ္။ ႏွဖူးကေမာက္ေမာက္။ ဆံပင္ကထူထူ။ တကိုယ္လုံးမွာ အေမြးအျမႇင္ေတြႏွင့္ပင္။ ႏွဖူးနဲ႔ဆံပင္အစပ္ ေထာင့္ႏွစ္ေထာင့္မွာ အလုံးႀကီးႏွစ္လုံးက ပါလိုက္ေသးသည္။ ကေလးငယ္ရဲ႕ပါးစပ္ထဲမွာလည္း အစြယ္လိုလို သြားခြၽန္ခြၽန္ေတြႏွင့္။ ၾကည့္ရေတာ္ေတာ္ဆိုးကာ ထိတ္လန္႔စရာလည္း ေကာင္းလွသည္။ ႐ြာထဲကလူေတြကေတာ့ ‘ဒါက ကေလးမဟုတ္ဘူး၊ မေကာင္းဆိုးဝါးေလးပဲ’ ဟု ဝိုင္းေျပာၾကေပမဲ့ ကိုသာေဖတို႔ကေတာ့ မိမိရင္ေသြးကို အထိမခံႏိုင္ေပ။ ဒါ ငါတို႔ကေလး၊ ငါတို႔နဲ႔ထိုက္လို႔ရတာဟု ေျပာကာ လူေတြကို ျပန္ခိုင္းလိုက္ေတာ့သည္။ ႐ြာကလူေတြကလည္း စိတ္မေကာင္းၾကေပမဲ့ ကိုသာေဖတို႔ ပိုၿပီး စိတ္ညစ္ေနမွာ စိုးသည့္အတြက္ ဘာမွမျဖစ္ပါေစနဲ႔သာ ဆုေတာင္းေပးရင္း ျပန္ကုန္ၾကသည္။

ဒီလိုျဖစ္ပ်က္ၿပီးသည့္ ညမွာေတာ့ ထူးဆန္းတာေတြ စတင္ျဖစ္ေပၚခဲ့သည္။ ကေလးေလးက ညဘက္ေရာက္တဲ့အခါ မိဘေတြနဲ႔ ျခင္ေထာင္တစ္လုံးထဲမွာ သိပ္ထားတဲ့အခါ ေခ်ာ့လို႔မရေအာင္ ငိုေတာ့ေလသည္။ ငိုတာမွ တဝါးဝါးႏွင့္။ ဒီေတာ့ မလွေမလည္း ကေလးအငိုတိတ္ေအာင္ဆိုကာ ကေလးကိုခ်ီလိုက္ၿပီး အျပင္ထြက္လိုက္တာနဲ႔ ခ်က္ခ်င္းတိတ္သြားေတာ့သည္။ ဒီေတာ့ ကေလးငိုတာ တိတ္ၿပီဆိုကာ ျခင္ေထာင္ထဲျပန္အဝင္ ေစာေစာကလိုပဲ တတ္မတက္ ခ်က္မတတ္ ထပ္ငိုျပန္သည္။ ဒီလိုနဲ႔ သုံးခါေလာက္ျဖစ္ၿပီးတဲ့ အခါမွာေတာ့ မလွေမလည္း သိလိုက္ေတာ့သည္။ ၿမိဳ႕က သူငယ္ခ်င္းတစ္ေယာက္က သူတို႔႐ြာကို လာလည္ေတာ့ မလွေမကိုယ္ဝန္ရွိေနတာကို သိတဲ့အခါ ၿမိဳ႕ကေန ကေလးသိပ္ဖို႔ ျခင္လုံဇကာေလး ဝယ္ေပးထားဖူးသည္။ ယခုေတာ့ ထိုျခင္လုံဇကာေလးထဲကို ကေလးငယ္ ထည့္ထားလိုက္ေတာ့မွသာ ဆက္၍မငိုေတာ့ေပ။ လင္မယားႏွစ္ေယာက္လည္း ႀကံရာမရတဲ့အဆုံး ကေလးငယ္ကို ညည ထိုျခင္လုံဇကာနဲ႔ပဲ သိပ္ထားရေတာ့သည္။

သည္လိုႏွင့္ တစ္ပတ္ေလာက္အထိေတာ့ ဘာမွထူးထူးျခားျခားမျဖစ္ခဲ့ေပ။ တစ္ပတ္ေက်ာ္ၿပီးတစ္ညမွာေတာ့ စတင္ႀကဳံလာရသည္ကား…။

*****

ညသန္းေခါင္ေလာက္မွာ အိမ္အေနာက္ဘက္က ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံမ်ားေၾကာင့္ ကိုသာေဖလည္း ဖ်ပ္ခနဲ လန္႔ႏိုးလာခဲ့သည္။ အလုပ္ကလည္းပင္ပန္းေတာ့ ေၾကာင္ေတြႂကြက္ေတြ ျဖစ္မွာပါဆိုၿပီး ထမၾကည့္ေတာ့ပဲ ေပါ့ေပါ့ေလးေတြးလိုက္မိကာ ထမၾကည့္ျဖစ္ေတာ့။ မလွေမကေတာ့ မႏိုးေပ။

မနက္ေရာက္ေတာ့မွသာ မီးဖိုခန္းထဲက အိုးေတြခြက္ေတြ အေနထား ပ်က္ယြင္းေနတာေတြ႕လိုက္ရ၏။ ညက က်န္တဲ့ ထမင္းက်န္ဟင္းက်န္ေတြလည္း အကုန္ကို ေျပာင္စင္ေနတာကိုလည္း ေတြ႕လိုက္ရသည္။ ၿပီးေတာ့ သူတို႔အိမ္ေဘးေလးမွာ လူတစ္ရပ္ေလာက္အျမင့္ရွိတဲ့ ၾကပ္ခိုးစင္ေလး တစ္စင္လည္းရွိေလ၏။ အမဲသားေတြနဲ႔ တျခားအသားေတြကို ေနလွန္း ၾကပ္ခိုးတိုက္တဲ့ ၾကပ္ခိုးစင္ပင္။ ထိုၾကပ္ခိုးစင္ေပၚက အမဲသားေျခာက္ေတြလည္း ေလ်ာ့ေနတာကိုလည္း သတိထားလိုက္မိသည္။ ကိုသာေဖရဲ႕ အထင္ကေတာ့ ညကအသံေတြၾကားတာ ေၾကာင္ေတြ ႂကြက္ေတြ မဟုတ္ပဲ ေခြးတစ္ေကာင္ျဖစ္ရမည္ဟုလည္း ေတြးလိုက္ကာ ဒီအတိုင္းပဲအမႈမဲ့ အမွတ္မဲ့ပဲ ေနလိုက္မိသည္။

ေနာက္ရက္ေတြမွာလည္း ဒီအတိုင္းပင္။ မီးဖိုထဲက အိုးေတြခြက္ေတြ ပုံစံပ်က္ေနတာေတြ႕ရ။ ထမင္းက်န္ ဟင္းက်န္ေတြ ေျပာင္စင္ေနတာ ေတြ႕ရကာ အမဲသားေျခာက္ေတြလည္း ေလ်ာ့ေလ်ာ့ေနတာကိုလည္း ေတြ႕ရေလေတာ့ စိတ္ထဲမွာ သိပ္ေတာ့ မေပါ့မိေတာ့ေပ။ ၃ ရက္ ၄ ရက္ေလာက္ ျဖစ္လာေလေတာ့ လင္မယားႏွစ္ေယာက္လည္း တီးတိုးတိုင္ပင္ၾကေတာ့သည္။

“လွေမ ငါ့စိတ္ထဲ သိပ္ေတာ့ မသကၤာေတာ့ဘူးဟာ… ႐ြာကလူေတြေျပာတာ ဟုတ္ေနၿပီလားမသိဘူး”

“ရွင္ကလည္းေတာ္ ရွင္က ဘယ္လိုထင္ေနလို႔တုန္း”

မလွေမက ဒီလိုေမးလိုက္တဲ့အခါ ကိုသာေဖက အိမ္ေအာက္ကေန ကေလးအိပ္ေနတဲ့ အိမ္ေပၚကို အသာေလးလွမ္းၾကည့္လိုက္ၿပီး ေျပာသင့္မေျပာသင့္ ခ်ိန္ဆေနၿပီး မထူးေတာ့ဘူးဆိုကာ မလွေမ အနားကိုကပ္၍..

“ဒီကေလးေလးက လူေတြေျပာသလို မေကာင္းဆိုးဝါးေလးမ်ားလားဟာ”

ဒီေတာ့ မလွေမလည္း လန္႔ျဖန္႔သြားကာ..

“ဟုတ္ပါ့မလားေတာ္.. အသားေျခာက္ေတြခိုးစားေနတာက ႐ြာထဲက ေခြးေတြလားမွ မသိတာ”

“ဟဲ့.. လွေမရဲ႕ နင္မသိတာက်ေနတာပဲ.. ႐ြာမွာရွိတဲ့ ေခြးက ၃ ေကာင္ထဲေလ… ႐ြာထိပ္က ေဒၚေအးဘုံအိမ္မွာတစ္ေကာင္ ႐ြာေနာက္က ဦးေဝလင္း အိမ္မွာတစ္ေကာင္ ဟိုးလယ္ထဲက ေဒၚကြၽဲမ တဲမွာတစ္ေကာင္ ဒါပဲရွိတာေလ… ငါတို႔ အိမ္နဲ႔အေဝးႀကီးဟာကို ေၾကာင္စားရင္လည္း ဒီေလာက္မကုန္ပါဘူးဟာ…ငါေတာ့ တေျဖးေျဖးနဲ႔ လန္႔လန္႔လာၿပီ”

“ေအးေနာ္ ရွင္ေျပာတာလည္း ဟုတ္တာပဲ က်မလည္း ကိုယ့္သားသမီးမို႔လို႔သာပဲ တစ္ခါတစ္ေလ က်ရင္ အဲ့ဒီကေလးေလးရဲ႕ အၾကည့္ေတြက ေၾကာက္စရာ ေကာင္းတယ္ေတာ့္”

“ေအး အဲ့ဒါေျပာတာေပါ့… ဒီလိုလုပ္ ဒီညက်ရင္ မအိပ္ပဲ အသံၾကားတာနဲ႔ ထၾကည့္ၾကမယ္ ဒါမွ သိရမွာ”

ဒီလိုတိုင္ပင္လိုက္ၾကၿပီး ညေရာက္တဲ့အခါ လင္မယားႏွစ္ေယာက္လုံး မအိပ္ၾကပဲ သတိထားေစာင့္ေနၾကေလသည္။ ညသန္းေခါင္ေလာက္မွာေတာ့ …

“ဂြၽတ္… ဂလုံး… ဂလြမ္း…”

မီးဖိုခန္းကေန အသံဗလံေတြၾကားလာခဲ့ရၿပီ။ ဒီေတာ့ကိုသာေဖက မလွေမကို အသာေျပာလိုက္သည္။

“လွေမ ၾကားတယ္မလား မီးဖိုေခ်ာင္ထဲမွာ အသံေတြၾကားေနရၿပီ”

ဒီေတာ့ မလွေမချမာ အသံမထြက္ပဲ ေခါင္းပဲ ၿငိမ့္ျပလိုက္သည္။

“လာ… လာ… ထၾကည့္မယ္… အသံမထြက္ေစနဲ႔ေနာ္…”

ဆိုလ်က္ တစ္လွမ္းျခင္း အသံမၾကားေအာင္ ထလာခဲ့ၾကေလသည္။ လေရာင္ကလည္း နည္းနည္းလင္းေနကာ မီးဖိုခန္းကေန အိမ္ေဘးကိုဆင္းတဲ့ တံခါးေပါက္ကလည္းဖြင့္ထားေလေတာ့ ပီပီျပင္ျပင္မဟုတ္ရင္ေတာင္မွ ေတာ္ေတာ္ေလးကို မီးဖိုခန္းထဲ အလင္းေရာင္ရေနလ်က္ပင္။

ဒီလိုနဲ႔ အကြယ္ေလးကေန မီးဖိုေခ်ာင္ထဲကို မဝံ့မရဲျဖင့္ လွမ္းအၾကည့္မွာေတာ့ လင္မယားႏွစ္ေယာက္စလုံး ေက်ာထဲစိမ့္တက္လာကာ ေသြးေတြေအးစက္လာခဲ့သလိုပင္။ ေတြ႕လိုက္ရတဲ့ျမင္ကြင္းက ထိတ္လန္စရာ။ မီးဖိုထဲမွာ သူတို႔ရဲ႕ကေလးေလးက ေဆာင့္ေၾကာင့္ထိုင္ၿပီး ထမင္းက်န္ဟင္းက်န္ေတြကို အာသာငမ္းငမ္းနဲ႔ အငမ္းမရ စားေသာက္ေနတာကို ေတြ႕လိုက္ရသည္။

လင္မယားႏွစ္ေယာက္စလုံးလည္း အသားေတြ တဆက္ဆက္တုန္လ်က္ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္သြားခဲ့သည္။ ၾကက္သီးေတြလည္း တျဖန္းျဖန္းထလ်က္ ဘာလုပ္ရမွန္းေတာင္ မသိေတာ့ၿပီ။

ကေလးငယ္က မီးဖိုခန္းထဲမွာ ေဆာင့္ေၾကာင့္ ထိုင္ေနလ်က္ ထမင္းအိုးဟင္းအိုးေတြကို ဖြင့္ၿပီး လက္နဲ႔ႏႈိက္ကာ ပလုပ္ပေလာင္းပင္ စားေနေလသည္။ ကေလးငယ္မ်က္ႏွာကိုေတာ့ ေဘးတစ္ေစာင္း အေနထားျဖင့္ ေတြ႕ေနရျခင္းပင္။ ကေလးငယ္နဲ႔ေတာင္မတူေပ။ တကယ့္အစားငမ္းေနတဲ့ လူတစ္ေယာက္ပုံသဏၭာန္ျဖစ္ေနေလ၏။ သူတို႔လည္း ေၾကာက္ေၾကာက္နဲ႔ ဆက္ၾကည့္ေနတုန္းမွာ ကေလးေလးဟာ ထမင္းဟင္းက်န္ေတြ စားေသာက္ၿပီးသြားေတာ့ ဟိုၾကည့္ဒီၾကည့္လိုက္ၾကည့္ကာ ႏွာေခါင္း တရႈံ႕ရႈံ႕ျဖင့္ အနံ႔ခံသလို လုပ္ေနၿပီး ေနာက္ေဖးအေပါက္ကေန ေအာက္ကိုဆင္းသြားျပန္သည္။ ၿပီးေနာက္ ၾကပ္ခိုးစင္နားကို ေရာက္လာတဲ့အခါ ကေလးပုံစံကေန တေျဖးေျဖးနဲ႔ အရပ္ႀကီးက ရွည္ထြက္သြားကာ လူတစ္ရပ္ ေက်ာ္ေက်ာ္ေလာက္ ျဖစ္သြားတာကို ထိတ္လန္႔ဖြယ္ ေတြ႕လိုက္ရေတာ့၏။

ဒီေတာ့ မလွေမလည္း မေအာ္မိေအာင္ ပါးစပ္ကိုလက္နဲ႔ ပိတ္ထားလိုက္ကာ ဆက္လည္းမၾကည့္ရဲေတာ့ေပ။ လူဝႀကီး တစ္ေယာက္ေလာက္ကို အေကာင္ႀကီး ႀကီးလာခဲ့ၿပီး ခႏၶာကိုယ္မွာကလည္း အေမႊးအျမႇင္ေတြ ထြက္လာတာကို ကိုသာေဖတစ္ေယာက္ မ်က္ဝါးထင္ထင္ေတြ႕လိုက္ရတဲ့ၿပီး ၾကပ္ခိုးစင္ေပၚက အသားေျခာက္ေတြကို ေကာက္ယူ ဝါးစားေနတာကို ေသြးပ်က္ဖြယ္ရာ ျမင္လိုက္ရတဲ့အခါ…

“လွေမ ဒါ.. ဒါ.. ငါတို႔ သားမဟုတ္ဘူး… ဘီလူး ဘီလူးဟ…”

မလွေမချမာ ေၾကာက္လြန္း၍ အသံေတာင္မထြက္ႏိုင္ေတာ့ေပ။ ဒီအခ်ိန္ႀကီးက အိမ္ေပၚကေနလည္း ဆင္းေျပးလို႔မရ။ ဆင္းေျပးတာနဲ႔ ဒီဘီလူးကသိသြားမွာ အေသအခ်ာပင္။ ဘာလုပ္ရမွန္းလည္းမသိေတာ့။ ကိုသာေဖကလည္း ေလသံ တီးတိုးျဖင့္ မလွေမ အနားကပ္ကာ ေျပာလိုက္သည္။

“ဘာမွမေၾကာက္နဲ႔ လွေမ… ပုတီးကိုင္ၿပီး ဘုရားစာသာ ႐ြတ္ေန ဒီညေတာ့ သူအစာဝေနေလာက္ၿပီ ဘာမွေတာ့လုပ္မွာ မဟုတ္ဘူး.. မနက္က်မွသာ ႐ြာလူႀကီးကို ေျပာျပၿပီး စီစဥ္ရမယ္… လာ အိပ္ရာထဲ ဟန္မပ်က္သာဝင္ေန”

ဆိုကာ ႏွစ္ေယာက္သာ အိပ္ရာထဲ ျပန္ဝင္ေနလိုက္ ၾကေတာ့သည္။ လက္ထဲမွာေတာ့ ပုတီးကို ကိုင္ထားကာ ဘုရားကိုစာသာ အဆက္မျပတ္ ႐ြတ္ေနလိုက္ၾကေတာ့သည္။ အိပ္ကလည္း မအိပ္ရဲၾကေတာ့။ အသံကိုသာ နားစြင့္ေနရင္း ျခင္ေထာင္ထဲေန မီးဖိုေခ်ာင္ဘက္ကို အသာေလး လွမ္းၾကည့္ေနလ်က္။

ခနအၾကာမွာေတာ့ မီးဖိုေခ်ာင္ထဲကေန အိမ္ေပၚကို ျပန္တက္လာတဲ့ အသံ သဲ့သဲ့ကို ၾကားလိုက္ၾကရေတာ့ ျခင္ေထာင္အတြင္းကေန အသာေလး လွမ္းၾကည့္လိုက္မိတဲ့အခါ ျမင္လိုက္ရသည္က ကေလးပုံစံေလးနဲ႔ ဟိုၾကည့္ဒီၾကည့္ ၾကည့္ကာ ေလးဘက္ေထာက္လ်က္ ျပန္တက္လာတာကို ေတြ႕ေနရသည္။ ၿပီးေတာ့ ျခင္လုံဇကာေလးထဲ ျပန္ဝင္ကာ အသာအယာ ျပန္ၿပီးအိပ္ေနလိုက္တာကို ေတြ႕လိုက္ရေတာ့၏။ ဒီေတာ့မွ သက္ျပင္းခ်ႏိုင္ေပမဲ့ တစ္ညလုံးေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ျပန္မအိပ္ရဲေတာ့ေပ။ မနက္ကို အျမန္ေရာက္ပါေစဟုသာ ဆုေတာင္းေနခဲ့ရသည္။

မနက္မိုးလင္းတာနဲ႔ ႐ြာဦးဘုန္းႀကီးေက်ာင္းကို အေျပးအလႊားသြားကာ ဆရာေတာ္ကိုျဖစ္ေၾကာင္းကုန္စင္ ေလ်ာက္တင္လိုက္ေတာ့၏။ ထိုအခါ ႐ြာဦးေက်ာင္းဆရာေတာ္လည္း ႐ြာလူႀကီးနဲ႔ ႐ြာသူ႐ြာသားေတြကို ေက်ာင္းထဲကို ေခၚခိုင္းလိုက္ကာ အက်ိဳးအေၾကာင္းကို ျပန္လည္ ေျပာျပလိုက္ေတာ့ေလသည္။ ထိုအခါ တစ္႐ြာလုံးက ဟာခနဲ ဟင္ခနဲ ျဖစ္သြားတဲ့သူကျဖစ္။ အစထဲက ဒါမေကာင္းဆိုးဝါးဟု ေျပာသူေတြကလည္း အျပစ္တင္ၾကနဲ႔ ဆူညံသြားေတာ့သည္။ ေနာက္မွာေတာ့ ဆရာေတာ္က ကပၸိယႀကီးဦးဘထူးကိုသာ မိန္႔ၾကားလိုက္၏။

“ကဲ.. ကပၸိယႀကီး ဒီကိစၥက ဘုန္းဘုန္းတို႔ ရဟန္းသံဃာေတာ္ေတြနဲ႔ မအပ္စပ္ေပဘူး.. ဒီေတာ့ ကပၸိယႀကီးပဲ သင့္ေတာ္သလို စီစဥ္လိုက္ပါ”

“တင္ပါ့ဘုရား.. ဒီ႐ြာအႏၲရာယ္ကင္းေအာင္ တပည့္ေတာ္လုပ္လိုက္ပါ့မယ္ဘုရား”

႐ြာဦးေက်ာင္းဆရာေတာ္လည္း ထိုသို႔မိန္းၾကားၿပီး က်က္သေရခန္းထဲ ဝင္သြားေတာ့သည္။ ထို႔ေနာက္မွာေတာ့ ဦးဘထူးလည္း ႐ြာလူႀကီးကို ေျပာကာ ကေလးေလးကို ဖမ္းခ်ဳပ္ေခၚေဆာင္ခိုင္းလိုက္ေလ၏။

အဲ့ဒီေနာက္ ေခ်ာင္းနံေဘးမွာ ထိုကေလးေလး တစ္ျဖစ္လဲ ဘီလူးေလးကို ႏွစ္ပိုင္းပိုင္းၿပီးေတာ့ ေခ်ာင္းရဲ႕ တစ္ဖက္တစ္ခ်က္မွာ ေျမနက္နက္တူးၿပီး ျမႇဳပ္ျပစ္လိုက္ၾကေတာ့၏။ ထူးျခားသည္က ထိုကေလးေလးကို ႏွစ္ပိုင္းပိုင္းတဲ့အခါမွာေတာ့ ကေလးငယ္ေလးကား ငိုယိုျခင္း အလ်င္းမရွိခဲ့ေပ။ ကပၸိယႀကီးေျပာျပသည္မွာ ဒီလို ဘီလူးမ်ိဳး ေမြးလာခဲ့ရင္ သိသိျခင္းပဲ ဓားနဲ႔ခုတ္ ႏွစ္ပိုင္းပိုင္းၿပီး ေရျခားၿပီး ျမႇဳပ္ရေလသည္။ သိတာၾကာသြားရင္လည္း ထိန္းလို႔ မႏိုင္ေတာ့ဘူးလို႔လည္း ေျပာျပခဲ့သည္။ ေျမျမဳပ္တဲ့အခါ ခြဲျမဳပ္ရမွာျဖစ္ၿပီး ခပ္နီးနီးေလး ျမႇဳပ္လိုက္မိရင္ေတာ့ ျပန္ဆက္တတ္သည္။ ဒီလို ေရျခားၿပီး ျမႇဳပ္လိုက္မွသာ စိတ္ခ်ရတယ္လို႔လည္း ေျပာျပေလ၏။

ညေရာက္တဲ့အခါမွာေတာ့ ကိုသာေဖနဲ႔ မလွေမတို႔ ႏွစ္ဦးစလုံးမွာ အိပ္မက္ ျမင္မက္ခဲ့ၾကေလသည္။ အိပ္မက္ထဲမွာကေတာ့ အေမႊးစုတ္ဖြားအေကာင္ႀကီးတစ္ေကာင္က ေပၚလာၿပီး အသံနက္ႀကီးနဲ႔ ေဒါသေတြ ထြက္ကာ လာေျပာသည္က…

“ငါက.. ဒီ႐ြာကဘီလူးပဲ.. နင္တို႔လင္မယားကိုေတြ႕ေတာ့ ငါလိုက္လာခဲ့တာ…နင္တို႔ေတြ အသိျမန္လို႔ေပါ့.. မဟုတ္ရင္ေတာ့ နင္တို႔ကိုေရာ ဒီတစ္႐ြာလုံးကိုပါ ငါစားေတာ့မွာ… ခုေတာ့ ေနႏွင့္အုန္းေပါ့ဟာ…ေတာက္…”

ဆိုကာ စကားလာေျပာၿပီး ေတာက္ တစ္ခ်က္ခတ္ကာ ေပ်ာက္သြားပါေလေတာ့သည္။ ေနာက္တစ္ရက္မွာေတာ့ ႐ြာဦးေက်ာင္းဆရာေတာ္ႀကီးက ဦးစီး၍ ရဟန္းသံဃာေတာ္မ်ားက ႐ြာတြင္း႐ြာျပင္ပါမခ်န္ ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ျခင္း၊ ေမတၱာပို႔ အမွ်တမ္းေပးေဝျခင္းမ်ား ျပဳလုပ္ခဲ့ၾကေလ၏။ သည္ေနာက္ပိုင္းမွာေတာ့ ထို႐ြာေလးမွာ ဤကဲ့သို႔ အျဖစ္ပ်က္မ်ိဳးကို ႀကဳံရသူဟူ၍ မၾကားရေတာ့ေပ။

**********
..ၿပီးပါၿပီ..

ေရးသားသူ-လင္းစက္ရာ