မှော်ရုံတန်းမှအိမ်အပြန်

မှော်ရုံတန်းမှအိမ်အပြန်(စ/ဆုံး)

——————————–

ကျမ ခရီးအရှည်ကြီးတခုကနေ အမေအိမ်ကိုပြန်လာခဲ့တာပါ
ကျမနေထိုင်ခဲ့တဲ့ ဆင်းရဲသား ရပ်ကွက်လေးကတော့ထုံးစံအတိုင်းမှောင်ပျပျမီးရောင်အောက်မှာ ဆူသံညံသံ ရန်ဖြစ်သံအချို့နဲ့ ပွဲဆူနေတုန်းပါပဲ
ကျမခြံဝိုင်းလေးထဲကို ဝင်တော့ ကျမကိုဝင်ခွင့်မပေးချင်ဘူး
ကျမတောင်းတောင်းပန်ပန်နဲ့အကျိုးအကြောင်းပြောပြလိုက်တော့မှ “”သွား””. …ဆိုပြီး ဝင်ခွင့်ပြုလိုက်တယ်

ယိုင်နဲနဲ့ အိမ်ငယ်လေးဆီ ကျမလှမ်းတတ်လိုက်တယ် စည်းမဲ့ကမ်းမဲ့ ပစ်ချထားတဲ့ အဝတ်အစားအချို့နဲ့ မဆေးမကြောပဲထား ထားတဲ့ စားသောက်ပြီးစ ထမင်းပန်းကန်အချို့ကို တွေ့လိုက်ရပါတယ် ဘုရားစင်ကလေးရှိရာအိမ်ရှေ့ခန်း လေးမှာ ကျမအောက်က မောင်အငယ်ဖြစ်သူ က
အရှက်မလုံခြုံအောင်ဖြစ်သည့်အထိ အိပ်စက်နေပါတယ်
ရေချိန်အကိုက်လွန်ပြီး အိပ်ပျော်နေတာဖြစ့်နိူင်ပါတယ်
ခြေသံဖွဖွနဲ့ ဆက်လျှောက်လာတော့ အသက်ဆယ်နှစ်အရွယ် နဲ့ ရှစ်နှစ်အရွယ် ညီမလေးနှစ်ယောက်က ခြင်ထောင်မထောင်ပဲ အိပ်ချင်သလို အိပ်နေပြန်ပါတယ်
တနေကုန် ဆော့ကစားထားလို့လား
ဒါမှမဟုတ် အမေများ တခုခုကို ဗန်းထဲထည့်ပြီးစျေးရောင်းခိုင်းခဲ့လို့လား တော့မသိပါဘူး
ခလေးလေးတွေပေမယ့် ဟောက်သံတွေပါ ရောစွတ်ပြီး အိပ်ပျော်နေကြတာပါ
ဒါဆို ဒုတိယမြောက် ကျမရဲ့ မောင်အငယ်လေးကရော
အချိန်က ည ဆယ်နာရီ နီးပါးဖြစ်နေတာတောင် အငယ်ကောင်လေး အိမ်ပြန်မလာသေးတာလား
အမေ ကရော
ဟုတ်တယ်::::အမေ ကိုမတွေ့ဘူး
အမေ ဘယ်များသွားနေပါလိမ့်နော်

“”တီ တီ တီ “””. ..ဆိုတဲ့ ဖုန်းမြည်သံကြောင့် သူမလက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းကို ငုံကြည့်လိုက်တယ်

“”အမေ””. ..:. :လို့ ကျမ ရေးမှတ်ထားတဲ့ ဖုန်းပါ

“””ဟဲလို “”

“” စိတ်ညစ်လိုက်တာ ငါတော့သေချင်တာပဲ
မနေ့ကတောင် ငွေလွှဲပေးလိုက်မယ် သေချာပြောထားပါရဲ့နဲ့ ဒီနေ့ တနေ့လုံး ဖုန်းကဝင်ပါရဲ့နဲ့ ဘာလို့ မကိုင်တာလဲ မသိဘူး
မနက်ဖြန်ကျရင် အကြွေးသမားတွေကို ငါဘယ်လို လုပ်ရပါ့မလဲ သေသာသေလိုက်ချင်တော့တယ်”””

အမေ စကားသံကို ကျမ ကြားနေပါတယ်
ဒါပေမယ့် ကျမရဲ့ “”ဟလို””. .ပြန်ထူးသံကို အမေ မကြားပါဘူး

“”ဟလို အမေ ကြားလား သမီး အမေသမီးယင်းမာလေ သမီးအမေပြောတာတွေကိုကြားနေရတယ်
အမေရဲ့ သမီးမှာ အမေကိုပေးဖို့ စုထားတဲ့ ပိုက်ဆံတွေ ရှိပါတယ်
သမီး အမေ့ ကို ပို့ပေးမှာပါ အမေ သမီးပြောတာကြားလား “”

ဖုန်းက. ဘယ်အချိန်ထဲက ကျနေမှန်းမသိခဲ့ပါဘူး ကျမ ပြောတာတွေ အမေဘယ်လိုလုပ်ကြားနိူင်ပ့မလဲ
အိမ်အနောက်ဘက် က ငိုရှိုက်သံသဲ့သဲ့ကြောင့်
ကျမ နောက်ဖေးအထိ ဝင်သွားလိုက်ပါတယ်
ဝါးလုံးလေးတွေကို အိမ်သာအထိသွားလို့ရအောင် ခင်းထားတဲ့ မီးဖိုချောင်ရေကပြင်နဲ့ တဆက်တည်း ဝါးတံတားခနော်နီခနော်နဲ့မှာ အမေဟာ
ခြေနှစ်ဘက်ကိုတွဲလောင်းချလို့ ငိုရှိုက်နေပါတယ်
အမေ ဟာ ကျမ ကို မမြင်ပါဘူး
အမေတော့ ကျမကိုဖုန်းဆက်မရလို့ အကြွေးသမားတွေ ကိုမဖြေရှင်းနိူင်မှာစိုးပြီး ငိုနေရှာတာပဲ
ကျမ. မီးဖိုချောင်ရေကပြင်လေးမှာ ထိုင်ချလိုက်ပြီး အမေကို ငေးကြည့်နေမိတယ်

##########

“””အေးပါ သမီးရယ် အမေအခုဆိုရင် နှစ်လုံးထီတွေလဲမထိုးတော့ဘူး ဖဲလဲ လုံးဝမရိုက်တော့ဘူး အခုရှိတဲ့ အကြွေးဆိုတာကလည်း ကြွေးဟောင်းလေးတွေပါ
နင့်မောင့် အကြီးကောင် ဖိုးလုံး က ဘာအလုပ်မှ မလုပ်ပဲ တနေ့တနေ့ လက်ဝါးဖြန့်ပြီး အရက်ပဲသောက်နေတာလေ
အငယ်ကောင် စိုးဝေ ကကျတော့ အလုပ်လုပ်ချင်ပေမယ့် မှတ်ပုံတင်က မရှိ လူတကိုယ့်လုံးလဲတတ်တူးတွေ လျှောက်ထိုးထားတော့ လူမိုက်ရုပ်ပေါက်နေတာ
သူက ဖိုးလုံးထက်တောင် ပိုဆိုးသေး အရက်မသောက်ဘူး ဆေးပြားတွေချနေတာ…
သူ့ဆေးဖိုးတော့ အမေက မပေးရပါဘူး
သူ့ဘာသာ ဘူးခွံ့ပုလင်းခွံတွေ ပလုံကောက်ပြီး ရတဲ့ဟာနဲ့ သုံးတာ ပါ
ဆေးပြားတွေ မသုံးပါနဲ့လို့ တားကြည့်သေးတယ် ထရိုက်တော့မလို မိဘကို ဆက်ဆံလို့ အမေမပြောရဲပါဘူး အငယ်မလေးနှစ်ယောက်ကတော့ ကျောင်းကပြန်လာရင် ခလေးဆိုတော့ ဆော့ကြတာပေါ့ တခါတလေ အမေ ငွေ အရမ်းလိုရင် ခက်ခဲရင် ဖရဲဒိုင်က ဖရဲသီး တဗန်းစီစိတ်ပြီး လျှောက်ရောင်းခိုင်းလိုက်တာပဲ
တော့်ရုံလဲ အမေ ဟင်းတွေကျွေးတွေ မချက်စားပါဘူး လမ်းထိပ်က ကြည်မော်ဟင်းဆိုင်မှာငါးရာဖိုး တထောင်ဖိုး ဝယ်စားလိုက်ကြတာပဲ တခါတလေကျ ညည်းတို့အဖေကို သိပ်စိတ်နာတယ် ကျုပ်ကို ဆင်းတောင့်ဆင်းရဲ့နဲ့ လူ့လောကကြီးမှာ သောကတွေ တလှေ့ကြီးနဲ့ ထားခဲ့လို့ တော်ပါသေးရဲ့ ညည်းကသိတတ်လိမ္မာနေလို့ နိူ့မိုဆို ကျုပ် ဘဝမတွေးရဲဘူး””. ………..

ဒီစကားတွေက ကျမဆီ ပိုက်ဆံတောင်းတိုင်းအမေပြောနေကြစကားတွေပါ

ကျမအသက်က အခုမှာ နှစ်ဆယ့်တစ်နှစ်ပါ
ဒါပေမယ့်….. အသက်ဆယ့်သုံးနှစ်အရွယ်လောက်ထဲက ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့ရတာ
ဖရဲသီး ရောင်းဘူးတယ် ကုန်စိမ်းရောင်းဘူးတယ်
ဘုရားပွဲစျေးတွေမှာ လှတပတလေးပြင်ပြီး သူများကွမ်းယာဆိုင်မှာ အငှားယာ ပေးရတာပေါ့
တညကို ငါးထောင်လောက်အထိ စီတယ်
တော်ရုံစိတ်နဲ့တော့ မရဘူး
မထိတထိ စ တာတွေရော
ပိုက်ဆံပေးရင်း လက်ကိုင်ခံရတာရော
တခါတလေ ပိုက်ဆံပြန်မအမ်းနဲ့ဆိုပြီး ပါးလေးကိုလိမ်ဆွဲသွားတာတောင်ခံခဲ့ရသေးတယ်
ကျမ သီးခံ ခဲ့ပါတယ်
ကျမ သီးခံမှ အိမ်က. အငယ်လေးတွေ ထမင်းနပ်မှန်မှာလေ

အဖေဆိုတာကလဲ မနက်မိုးလင်းကနေ အရက်နဲ့ မျက်နှာသစ်လိုက်တာ မိုးစုပ်စုပ်ချုပ်လို့ ကိုယ့်ခေါင်းကိုယ့် မထောင်နိူင်တော့မှ ရေချိန်ကိုက်တတ်သူမို့ပါ
ကျမ မှတ်မိစ အရွယ်ထဲက အဖေ ဘာအလုပ်မှ မလုပ်ခဲ့ဘူး
လောကကြီးကို စိတ်နာတာလား
စိတ်ကုန်တာလား…. ကျမတို့နားမလည်တဲ့စကားတွေနဲ့ အဖေ ဟာတချိန်လုံးအရက်သောက်ပြီးနေလာခဲ့တယ်

အမေ စျေးရောင်းအလုပ် တခုနဲ့ မိသားစုဝမ်းရေးကအဆင်မပြေခဲ့ဘူး
တခါတလေ ထမင်းမစားလိုက်ရပဲ အိပ်ယာဝင်ခဲ့ရတဲ့နေ့တွေရှိတယ်
အိမ်လစာ က မပေးရဘူး
ပိုင်ရှင်ရှိပေမယ့် ပစ်ထားတဲ့ ပိုင်ရှင်ပျောက်မြေကွက်လေးမှာ တဲသာသာ အိမ်ကလေးဆောက်ပြီး နေလာခဲ့ကြတာ သူမ တသက်ပဲ

အဖေနဲ့ အမေ ဟာ မကြာမကြာရန်ဖြစ်ကြတယ်
တခါတလေ ရိုက်နှက်ကြသည့်အထိ ဖြစ်ကြတယ် အနားမှာရှိတဲ့ ကျမနဲ့မောင်လေးနှစ်ယောက်က ခဏ ခဏ အကန်ခံ အရိုက်ခံရဘူးတယ်
ဘာလို့များ ဒီလို မိဘ တွေဆီ လူ လာဖြစ်လာတာလဲ လို့ တွေးပြီး ငိုခဲ့ဘူးတယ်
အဖေနဲ့ အမေက ရန်သာအမြဲဖြစ်နေကြတာ
အမေဆိုသည်မှာလဲ တဗိုက်ပြီး တဗိုက် ထွက်နေပြန်တယ်
ဒါတောင် ပျက်ကျသွားတာနဲ့ ဆေးသောက်ချပစ်တာနဲ့ အမျိုးမျိုးအဖုံဖုံ ရယ်ပေါ့

#######

ကျမ အသက်ဆယ့်လေးနှစ်အရွယ်လောက်မှာ လူက အရမ်းကိုဖွံထွားလာပြီး အပျိုပေါက်စဖြစ်လာခဲ့တယ်
အိမ်နီးနားချင်းအဒေါ်ကြီးက “”အလုပ်အကိုင်ကောင်းကောင်းရှာပေးမယ် လိုက်ခဲ့ “”. …ဆိုလို့ အဒေါ်ကြီးနဲ့ ရှမ်းပြည် ဘက်ကို လိုက်ပြီး ကျမ အလုပ်လုပ်ခဲ့ရတယ်

ကြိုတင်ငွေကိုသာအငမ်းမရ ပြည့်မပြည့် ကိုအမေရေတွက်နေခဲ့တယ်
ငါသမီး အပျိုပေါက်စလေး အန္တရာယ်မှ ကင်းပ့ မလား
ဘယ်လို အလုပ်မျိုးလုပ်ရမှာလဲ
အညွုန့်ကျိုးနိူင်လား …??
အမေ တခါမှ မစဥ်းစားခဲ့ပြန်ဘူး

ဟုတ်ပါတယ်……
ကျမ အညွုန့်ကျိုးခဲ့ရပါတယ်
အပေါ်က အထပ်ထပ်ခေါင်းပုံဖြစ်ပြီးမှ လက်ကြားယိုကျလာတဲ့ ငွေကြေးလေးမစို့မပို့ကို ကျမ ရရှိခဲ့တယ်
ကျမ. အဲ့နေ့က. အရမ်းငိုခဲ့တယ်
လူရော စိတ်ရော နာကျင်လွန်းလို့ ငိုကြွေးခဲ့တာ
ဒါဟာ ကျမ ရဲ့ ဘဝလေ
ကျမ ဘာမှ မတတ်နိူင်ခဲ့ဘူး
ငွေကြေး ခက်ခဲနေကြောင်း တဆင့်ဖုန်းနဲ့ ပြောပြလာတဲ့ အမေ လိုအပ်ချက်တွေ ပြေလည်ဖို့ ကျမ လှမ်းပြီး ငွေပို့ခဲ့တယ်

“”များလှချည်လား…. သမီးအဆင်ပြေရဲ့လား”””. …….လို့ အမေ တခွန်းမပြောခဲ့ဘူး
နောက်ရက်ကျရင် ရရင်ရသလို ထပ်ပို့ပေးဖို့သာ ထပ်တလဲလဲ အမေ ပြောလာတယ်
ဘယ်တတ်နိူင်မလဲ….
ဒါက ကျမ ဘဝဖြစ်သွားပြီလေ
ဘဝ မောကြီးထဲမှာ ကျမမျှောချင်တိုင်းမျှောနေခဲ့တာ အခုဆိုရင် အသက်နှစ်ဆယ့်တစ်နှစ်အရွယ်ကိုတောင် ရောက်လာခဲ့ပြီလေ

အမေ ဆီကို တနှစ်နှစ်ခါလောက်ရောက်အောင်ပြန်ခဲ့သလို ကျမရဲ့ အလုပ်နေရာတွေလဲ နေရာမျိုးစုံကို ပြောင်းရွှေ့ပြီးလုပ်ကိုင်နေခဲ့ရတယ်
အလုပ်အကိုင်က. KTV. ဧည့်သည်နဲ့ ထိုင်ရသူပေါ့
ဧည့်သည်တွေ နှစ်သက်ရင်နှစ်သက်သလို ငွေကြေးအချို့ကို ကျမ ရခဲ့တယ်

ပြင်းပြင်းပြပြဧည့်သည်ကတောင်းဆိုလာရင်တော့ ဆိတ်ငြိမ်တဲ့ လူမသိသူမသိနေရာတခုမှ ရမ္မက်ရဲ့ကျေးကျွန် အဖြစ်အသုံးတော်ခံရတယ်
ကျမ ဒီဘဝကြီးကို ပျော်ပိုက်မနေပါဘူး
ရုန်းထွက်နိူင်ဖို့ အမြဲတမ်းကြိုးစားခဲ့ဘူးတယ်
အားကိုးရလေမလားလို့ ကိုယ့်ဘဝကို နားလည်လောက်မယ့် ဝိတ်တာ တယောက်နဲ့ ဘဝတခု ထူထောင်ခဲ့ဘူးတယ်
ကျမ. ဆီက လုပ်အားခ. ကို လက်ဝါးကြီးအုပ်ပြီး ထိုင်စားချင်နေတာ
ပြောရမယ်ဆိုရင် သိပ်တော့ရိုင်းသွားမလားပဲ
သူက. “”ခေါင်းကြေးစားချင်နေတာလေ””

နောက်ဆုံးတော့ ဒီဘဝက ဒီဘဝ မတတ်နိူင်မှတော့ ကျမ မိသားစုကိုသာ လုပ်ကိုင်ကျွေးမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျမ လမ်းကို ကျမလျှောက်ခဲ့တယ်

ကျမ အိမ်ထောင်ကွဲစမှ အလုပ်တွေပြန်လုပ် ပိုက်ဆံတွေပြန်စုပြီး မိသားစုဆီ ပြန်လာတော့ အဖေဟာ သေလုမြောပါး ဝေဒနါတွေနဲ့ အသက်ငင့်နေခဲ့ပြီ
အဖေ နောက်ဆုံးထွက်သက် ကို မှီလိုက်တယ်ဆိုရုံပါပဲ

သူများမိသားစုတွေအဖို့တော့ ရွှေတောင်ကြီးပြိုကျတယ်တို့ ဘာတို့ ဖြစ်ကောင်းဖြစ်နိူင်ပါတယ်
ကျမတို့မိသားစုအဖို့တော့ ရှိနေခြင်း မရှိနေခြင်းက ဘာဆိုဘာမှ မခြားနားခဲ့ပါဘူး
ကိုယ့်နဲ့ မသက်ဆိုင်တဲ့ နာရေးတခုနဲ့ ကြုံရင်တောင်စိတ်မကောင်းဖြစ်ခဲ့ရသေးတာပဲ
ကျမ တို့မိသားစုလဲ အဲလောက်တော့ ဝမ်းနည်းမိကြတာပေါ့

အမေကတော့ အဖေနောက်ဆုံးခရီးမှာ အရမ်းကို ငိုရှာတယ်
ကျမ နားမလည်နိူင်တောင်ဖြစ်ရတယ်
အမေ ထိုမျှလောက်အောင် အဖေအပေါ် ချစ်ခဲ့တာလားပေါ့
ဒါပေမယ့် အိမ်ပြန်ရောက်တော့ နာရေး အတွက် ရပ်ရွာဓလေ့အရ လုပ်ရတဲ့ ဖဲဝိုင်းမှာ အမေ ထိုင်ရာကတောင်မထပဲ ရသမျှ အကောက်ငွေတွေပါ ကုန်အောင် ဖဲရိုက်နေခဲ့တယ်လေ

အဖေနာရေးပြီးတော့ ကျမ မှာပါလာတဲ့ ငွေကြေးတွေအပြင် ဆွဲ ထားတဲ့ ဆွဲ ကြိုးလေးနဲ့ လက်စွပ်လေးပါ ကုန်သွားပါလေရော
နောက်ဆုံးတော့ အမေနဲ့ အတူတူ ကြုံရာကျပန်းလုပ်ကိုင်စားမယ်ဆိုတဲ့ ကျမရဲ့ အိပ်မက်လေးဟာ ပြိုပျက်လာပြီး အမေ့ရဲ့ မရှိခြင်းတရားတွေကို နာကြားပြီးတဲ့အဆုံးမှာ လာရာလမ်းကို မြန်းရပါတော့တယ်

အမေ ဆီကို ကျမ ပိုတဲ့ငွေကြေးဟာ သာမာန် လူတန်းစားတရပ်အနေနဲ့လုံလောက်တဲ့
ငွေကြေးပမာဏာတခုပါ
ဒါပေမယ့်အမေ မလောက်င ခဲ့ဘူး
အမေ ကိုယ့်တိုင်က. ခေါင် မလုံတော့ ဘယ်မှာအမိုးက လုံပါတော့မလဲ

ကျမ ဘဝက စုတ်ပြတ်ပြီးသွားပြီ
ကျမ. ဘဝအတွက် ကျမ အဖတ်ဆည်ဖို့ ကြိုးစားချင်ပေမယ့် ကျမမှာ လမ်းစပျောက်နေခဲ့ရတယ်
အမေ ့လိုအင်တွေကို ဖြည့်ဆည်းပေးနိူင်ဖို့ ကြိုးစားရင်း ကြိုးစားရင်း ကျမ ကိုယ်တိုင်မှာ ရောဂါတချို့ ကပ်ငြိနေခဲ့ပြီ လေ
ငွေကြေးလေးတွေ စုဆောင်းရင်း စုဆောင်းရင်း လူလားမမြောက်သေးတဲ့ ညီမအငယ်လေးနှစ်ယောက်အတွက် အမြဲတမ်း သောကရောက်နေခဲ့ရတယ်

တခါတလေ ကျမဘဝကိုကျမတွေးပြီး အရမ်းကို ရင်ထုမနာဖြစ်ရတယ်
အမေ ရယ်
ဘယ်အချိန်ထိ ကျမ တို့ရဲ့ဘဝတွေ မှောင်မိုက်နေရမှာလဲ
ကျမ ဘဝက မှောင်အတိပြီးနေသလို ကျမရဲ့ ညီမလေးတွေ အလှည့်ကျရင်ရော လင်းလက်ခွင့်
ကို အမေပေးနိူင်မှာလား

ကျမ ကိုယ့်ကိုကိုယ့် မနည်း ဟန်ကိုယ့်ပြီး ဒီတကြိမ်ဟာ နောက်ဆုံးပါဆိုတဲ့စိတ်နဲ့့ အလုပ်တွေ လုပ်နေခဲ့တယ်
အမေ ပီသ သ မသသ အမေ ကို နားချပြီး ဘဝ ကို ဘဝနဲ့တူအောင်ရှင်သန်ဖို့ ကျမ ပြန်လာတော့မယ်

ကျမ ဖုန်းထဲမှာ အမေ ခေါ်ထားတဲ့ ဖုန်းကောတွေကိုမြင်တော့ အမေဆီ ဖုန်းပြန်ဆက်လိုက်တယ်
ခေါ်မရဘူး
ငွေမလုံလောက်ပါသဖြင့်ခေါ်ဆိုခွင့်မရနိူင်ပါဆိုတဲ့ အော်ပရေတာ ရဲ့ဖြေကြားချက်ကို နားထောင်လိုက်ရတယ်
ဘေ ကုန်နေတာမို့ အိပ်ယာကထပြီး
ဝယ်နေကျ နယ်မြို့လေးရဲ့ စတိုးဆိုင်ဆီကို လျှောက်လာခဲ့လိုက်တယ်
လိုအပ်တာလေးအချိုနဲ့ ဘေကဒ်လေးဝယ်ပြီး အဆောင်ကို ပြန်လာခဲ့တယ်
ပြန်လာတဲ့လမ်းက အဝေးပြေးလမ်းမကြီးမို့
အဝေးပြေးကားအချို့ ဖြတ်မောင်းသွားတာကို
ငေးကြည့်ရင်း အမေဆီကို
အရမ်းပြန်ချင်လာမိပြန်တယ်
ကျမ ကိုယ့်အတွေးနဲ့ ကိုယ့်လျှောက်လာစဥ်မှာပဲ ကျမနဘေးကို လူတယောက်ရောက်လာခဲ့တယ်

“”ယင်းမာ မင်းက ငါ့ကို ပစ်ပြီး အခု ဒီကိုရောက်နေတာပေါ့လေ ဟုတ်လား””

ကျမ အပေါ် အိမ်ထောင်ဘက်တယောက်လို မဆက်ဆံပဲ ဂုတ်သွေးစုပ်အမြတ်ထုတ်ဖို့ကြိုးစားခဲ့တဲ့ ခင်ပွန်းဟောင်းဖြစ်နေပါတယ်

“”နင့်နဲ့ငါ ဘာမှ ပတ်သက်စရာအကြောင်းမရှိတော့ဘူး ကိုယ့်လမ်းကိုယ့် အေးအေးဆေးဆေး သွားစမ်းပါ””

“”သွားမှာပါ မသွားခင်လေး အလှူငွေလေးနည်းနည်းတော့ မ စ ခဲ့ပါ
နင်က အပြုအစု အယုအယကောင်းတော့ ဖောက်သည်တွေနဲ့ စည် နေတာငါသိပါတယ်””

“”ခွေး သူ တောင်း@@@@@””

ကျမ ဆဲရေးတိုင်းထွာမူ့မဆုံးလိုက်ခင်မှာပဲ ကျမရဲ့ လည်မြိုကို ယောကျာ်းအားနဲ့ လှမ်းညှစ်လိုက်ပါတယ် ရုတ်တရက်မို့ အသက်ရှုလို့မရတဲ့အထိ ကျမ. နာကျင်ပြီး ကူရာမဲ့သွားပါတယ်
နာကျင်မူ့ကြားကနေ သူ့လက်ကို ဆွဲဖယ်ပြီး သူ့မျက်နှာကို လမ်းကုတ်လိုက်ပါတယ်
ကျမကို ဒေါသတကြီးနဲ့ ဆောင့်တွန်းပစ်ထည့်လိုက်တာ နေ့လည်နေပူပူမှာ လမ်းဘေး ကွန်ကရစ်မီးတိုင် ကို အရှိန်နဲ့ ပြေးဆောင့်ခိုင်းသလိုဖြစ်ပြီး သွေးသံရဲရဲတွေကြားမှာ ကျမ အသိတွေလွတ်ထွက်လို့ သွားခဲ့ပါပြီ

ကျမ သတိပြန်ရတော့ ဓာတ်တိုင်နားမှာ လူတွေအုံခဲပြီးတယောက်တပေါက်ပြောဆိုနေကြတယ်
ကျမကိုနိူင်ထက်စီးနင်းပြုမူသွားတဲ့ ခင်ပွန်းဟောင်းလဲ မရှိတော့ပါဘူး
ကျမ. သိလိုစိတ်နဲ့ လူအုံကြီးကို တိုးဝှေ့ပြီးကြည့်လိုက်တော့ ကျမကိုယ့်ကျမ ပြန်မြင်လိုက်ရတယ်
ကျမ ကို အရေးပေါ်ကားပေါ်တင်နေကြပြီ
ပြီးတော့ ကျမ ကို ပိတ်ဖြုကြီးနဲ့အုပ်ချလိုက်ပြီ
ကျမ အရမ်းကိုတုန်လှုပ်ခြောက်ချားသွားမိတယ် ကျမ လူအုံကြီးကြားမှာ အော်ဟစ်ပြီး
ငိုယိုလို့ ပြေးထွက်လာခဲ့တယ်

ကြောက်လန့်တကြားပြေးလွှားနေလိုက်တာ
အဝေးပြေးလမ်းမကြီးရဲ့ အလယ်ခေါင်မှာ ကားတွေက တစီးပြီးတစီး ကျမကို ဖြတ်တိုက်သွားကြတဲ့အထိပဲ
ကျမ. အမေဆီပြန်ချင်တယ်
အမေ မျှော်နေရှာပြီ
အမေ့ကို ကျမ ပြန်လာမည့်အကြောင်း
မိသားတစု ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်ကြဖို့အကြောင်း
အမေလည်း လောင်းကစားတွေ မလုပ်တော့ဖို့နဲ့ ဆိုးသွမ်းနေတဲ့မောင်လေးနှစ်ယောကိလိမ္မာဖို့
ပြီးတော့ အငယ်မလေးနှစ်ယောက် ကျမလို ဘဝမျိုးမဖြစ်ဖို့
ကျမ ကြိုးစားရှာထားတဲ့နောက်ဆုံးသောငွေကြေးလေးအချို့နဲ့ ပြန်လာမယ်လို့ ပြောပြချင်တယ်
ကျမ ကားတွေကို တားကြည့်တယ် တားမရခဲ့ဘူး
နောက်ဆုံးတော့ အမေရှိရာမြို့လေးဆီ ကျမ ပင်ပန်းဆင်းရဲစွာ ခက်ခက်ခံခဲ ပြန်လာခဲ့ပြီး
အခုတော့…. အမေ အိမ်ကို ရောက်ခဲ့ပါပြီ

ရေကပြင်လေးမှာထိုင်ရင်းအမေ့ကိုငေးကြည့်နေမိတယ်
အမေ ကျမဖုန်းကို အခါခါခေါ်ရင်း စိတ်တွေတိုလိုက် သောကရောက်လိုက်နဲ့ ဖြစ်နေပါတယ်
အမေ…..
အမေ်….သမီး ယင်းမာ အမေ့အနားမှာရှိတယ်လေ အမေရဲ့
ဘာတွေများ သောကရောက်နေရတာလဲ

ကျမ ပြောတဲ့စကားတွေကို အမေက
မကြားတာလား
သူ့ဘာသာ သူ့ ဖုန်းထဲကို အာရုံရောက်နေတာလား
အမေ ဖုန်းထပ်ခေါ်နေပြန်ပါပြီ

“”ဟဲလို “”

“”ဟင် အခု ဖုန်းဖြေတာဘယ်သူလဲ ကျမသမီးယင်းမာကရော””

“”ဟုတ်ကဲ့ပါ ကျနော် တို့ အမှတ် (. ..) ဆေးရုံက မူခင်းတာဝန်ကျ ရဲ ဝန်ထမ်းပါ
ဒီ ဖုန်း ကို ကိုင်ဆောင်သူ မယင်းမာဦး
နေ့လည် ်12::00 ခန့်က မတော်တဆမူ့နဲ့ ဆုံးပါးသွားပါပြီ မိသားစုဝင်ဆိုရင် အမှတ်(. …) ဆေးရုံကို လာခဲ့ပါ
မယင်းမာဦး ဖြစ်ကြောင်း အတည်ပြုပေးပါ””

တဘက်ဖုန်းထဲမှ ပြောနေသောစကားများကို ကျမ ကိုယ်တိုင်လဲ ကြားလိုက်ရပါတယ်
ကျမ တုန်လှုပ်ခြောက်ခြားစွာ ပကတိအခြေအနေကို နားလည်သွားခဲ့ပါပြီ
အမေ့ ဟာ ငိုကြွေးလျှက် ကျမကို တိုက်ခါ အိမ်ရှေ့က မောင်လေးနဲ့ ညီမလေးတွေကို နိုးပြီး အကြောင်းစုံကိုပြောပြရင်းငိုနေခဲ့ပါပြီ
ကျမ အိမ်ထဲကို ဝင်လာစဥ် ကျမကို လူတယောက်က မဝင်ဖို့ တားခဲ့ပါတယ်
ကျမ ကအမေဆီပြန်လာခြင်းဖြစ်ပြီး
အမေနဲ့ တှေ့မှဖွဈမှာမို့လို့ ပြောပြခဲ့ပါတယ်
တကယ့်တော့ ကျမ ကဘဝတခုကိုရောက်သွားခဲ့တာကိုး
ကျမ. အမေဆီတော့ ပြန်ရောက်ခဲ့ပါတယ်
ဒါပေမယ့် ကျမရဲ့ အိမ်အပြန်ဟာ ဆီးကြိုမယ့်သူ
မရှိတော့တဲ့ အိမ်အပြန်တခုဖြစ်ခဲ့ပါပြီ
အကယ်၍များ ဘဝတခုကို ကျမ ကူးပြောင်းခွင့်ရခဲ့ရင်တော့ အိမ်အပြန်လှတဲ့ ဘဝ တခုမှာ
အိမ်ပြန်ခွင့်ရနေချင်ပါတော့တယ်

ဆက်လက်ကြိုးစားပါမည်။

ယွန်းနှင်းဆီခိုင်