ရင်ကွဲနာ(စ/ဆုံး)

Unicode Version

ရင်ကွဲနာ(စ/ဆုံး)
——————–
(ပရလောကဇာတ်လမ်းတို)
ကျွန်တော့်ဘဝမှာ တစ်ယောက်နဲ့တစ်ယောက ်အရမ်းချစ်ကြတ ဲ့ချစ်သူစုံတွဲကို တစ်သက်မှာ တစ်ခါပဲတွေ့ဖူးတယ်။ သူတို့စုံတွဲနှစ်ယောက်က အရမ်းရှေ့သွားနောက်လိုက် ညီတာ။သူတို့ကိုဒဂုံတက္ကသိုလ်ရဲ့ စံပြအတွဲလို့ပင်တင်စား ခေါ်ဝေါ်ကြတယ်။သူတို့ရဲ့အကြောင်းလေးကို ကျွန်တော်အမြဲသတိရနေမိတယ်။
“ရောင်နီဦး ခဏစောင့်ပါဦး´´နောက်မှမိန်းကလေးတစ်ယောက်ရဲ့ ခေါ်သံကြောင့် ရောင်နီဦး လှည့်ကြည့်မိလိုက်သည်။
“ဘယ်သူလဲ မသိဘူး ကျွန်တော့်နာမည်ခေါ်တာ´´ထိုမိန်းကလေးကို
တစ်ခါမှမမြင်ဖူးချေ။ထိုမိန်းကလေးပုံစံမှာ မြန်မာဆန်ပြီး ဖက်ရှင်ကျတယ်။ဆံပင်မှာလည်း အနက်ရောင်ကိုမှ မှင်ပိတုံးရောင်ကဲ့သို့ တောက်ပပြီး နစ်လိုဖွယ်ကောင်းသည်။ဆံကေသာကို အလွန်တန်ဖိုးထားပုံပေါ်သည်။ထို့ကြောင့် မိန်းကလေးရဲ့နာမည်ကို မေးမိသည်။
“ကျွန်မ နာမည်က ခြူးသစ္စာနွယ်ပါ ဒီမှာ ရောင်နီဦး စာအုပ်ခုနက ထိုင်ခုံမှာကျန်ခဲ့လို့´´
“သြော် ဟုတ် ကျေးဇူးပါ ကျွန်တော် လောလော လောလောနဲ့ထွက်လာလိုက်တာ
စာအုပ်ကျန်ခဲ့တာ သတိမထားမိဘူး´´
“ဟုတ် ဒါဆို သစ္စာကိုခွင့်ပြုပါဦး´´
“ဟုတ်ကဲ့ ´´ရောင်နီဦး စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။
“ ထို မိန်းကလေးရဲ့အကြည့်က ငါ့ရဲ့ရင်ခွင်တံခါးကို တွန်းဖွင့်နေသည့်အလား။သူရဲ့အသံလေးက အလွန်အင်မတန်မှ သာယာလှတယ်။ဟင်ထူးထူးဆန်းဆန်း ငါဘာတွေပြောနေတာလဲ။အချိန်မရှိတော့ဘူး စာမေးပွဲဖြေရတော့မယ်။ကိုယ်နဲ့မသိတဲ့မိန်းကလေးအကြောင်းကို တွေးနေမိတယ်။´´အမှန်တော့ ရောင်နီဦးတစ်ယောက် ခြူးသစ္စာနွယ ်ကိုမြင်မြင်ချင်းမသိစိတ်ကနေ ချစ်မိသွားသည်။ဒါပေမယ့် သူ့စိတ်ထဲမှာဘာတွေရှိမှန်း သူကိုယ်တိုင်မသိရှာဘူး ဖြစ်နေတယ်။ရောင်နီဦး ရဲ့အတွေးထဲမှာ အဲ့မိန်းကလေးရဲ့ ပုံရိပ်တေ ွစွဲထင်နေတယ်။ညတိုင်း အိပ်မက်ထဲ
အထိ စိုးမိုးနေတယ်။
တစ်ပတ်ခန့်ရှာသော်-
“ဟာ ´´ဟာဟူသောအသံနှင့်အတူ ရောင်နီဦးတစ်ယောက် သူ့ဖိနပ်ကို တက်နင်းမိသော သူကိုလှည့်ကြည့်ကာ-
“ခင်ဗျား မမြင်ဘူးလား ဖိနပ်ပျက်သွားပြီ ´´
“သစ္စာတောင်းပန်ပါတယ် မတော်တဆဖြစ်သွားတာပါ´´
“မင်း မင်းက ဟိုနေ့ကမိန်းကလေးပဲ´´ရောင်နီဦးတစ်ယောက် စိတ်ထဲမှာကြိတ်ပြီးဝမ်းသာသွားသည်။ထိုမိန်းကလေးနဲ့ ပြန်ဆုံမယ်လို့လုံးဝမမျှော်လင့်ထားသော
အခြေအနေတစ်ခုမှာ တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
“ဟုတ်ပါတယ် ဒီက ကိုရောင် ဘာဆိုလဲ´´
“ရောင်နီဦးပါ´´
“sorryပါ ကျွန်မကမေ့တတ်လို့´´
“ရပါတယ် မတော်တဆဖြစ်တာပဲ´´စိတ်ဆက်တဲ့ရောင်နီဦး တစ်ယောက် ပထမဦးဆုံးအကြိမ် လူတစ်ယောက်ကိုခွင့်လွှတ်လိုက်တာပဲ။ရောင်နီဦးမှာ အကျင့်ဆိုးလေးတွေများတယ်။ဝတ်စားဆင်ယင်ပုံက ခေတ်လူငယ်ဆန်တယ်။
သပ်ရပ်တယ်။အရွဲ့တိုက်တတ်တယ်။ဇွတ်တရွတ်နိုင်တယ်။
“ဖိနပ်ကပျက်သွားပြီ သစ္စာဘာပြန်လုပ်ပေးရမလဲ´´မျက်နှာငယ်လေးနဲ့သစ္စာတစ်ယောက်
ရောင်နီဦးကို မေးရှာသည်။
“ရပါတယ် မလုပ်ပေးပါနဲ့ ဒီနေ့အတန်းချိန်လည်းပြီးနေပြီ။အိမ်ပြန်မှာဆိုတော့ အကြောင်းမရှိပါဘူး´´အကြောင်းအမျိုးမျိုးပြပြီးရောင်နီဦး တစ်ယောက် ခွင့်လွှတ်စကားတွေချည်းပြောသည်။
“ဟုတ်ကဲ့ ဒါဆို သစ္စာအတန်းချိန်လေးရှိနေလို့ သွားလိုက်အုံးမယ်´´သစ္စာလည်း အတန်းချိန်နောက်ကျမှာဆိုလို့ ထွက်သွားသည်။ရောင်နီဦး ရဲ့မျက်လုံးတွေက သစ္စာရဲ့နောက်ကို လိုက်ပါသွားသည်။
“ဟေ့ယောင် ရောင်နီဦး မင်းအကြည့်တွေက မများလွန်းဘူးလား ဟိုကသွားတာဖြင့် အခန်းထဲရောက်တော့မယ်´´ရောင်နီဦး ကိုသူငယ်ချင်းတွေဝိုင်းပြောတော့မှ ရောင်နီဦးတစ်ယောက် အကြည့်တွေရပ်တန့်မိတော့သည်။
“မင်းတို့ကလည်း ငါ့ဆိုဖဲ့မယ်ဆိုတာချည်းပဲ လာကန်တင်းသွားရအောင်´´
“မင်းဝယ်ကျွေးရမှ သွားမယ်´´
“အေးပါ ဝယ်ကျွေးပါ့မယ်´´
“ဖိနပ်ကို ဘယ်လိုလုပ်မှာလဲ´´
“မေ့သွားလို့ အိမ်ပြန်မယ် နောက်နေ့မှဝယ်ကျွေးမယ်´´ရောင်နီဦး တစ်ယောက်ရှက်ရမ်း ရမ်းပြီး ဘာတွေလုပ်နေမိမှန်းမသိဖြစ်နေသည်။
************************************
“ဒီမှာဒီမှာ´´သစ္စာရဲ့ခေါ်သံပင်ဖြစ်သည်။
“သစ္စာ ဘာများလဲ´´
“ဖိနပ်ပါ မနေ့ကသစ္စာကြောင့်ပျက်သွားလေ ဒါ့ကြောင့်ပြန်ဝယ်ပေးတာပါ´´
“မဟုတ်တာ မနေ့က ကျွန်တော်ဖိနပ်အဟောင်းစီးလာမိတာလေ ဒါ့ကြောင့်မလိုပါဘူး´´
“ဒီမှာ သစ္စာကဝယ်လာပေးပြီးပြီ´´
သစ္စာရဲ့လက်ထဲတွင် အိတ်အဖြူလေးနှင့် သပ်ရပ်စွာထုတ်ထားသောဖိနပ်ဗူးကလေးကိုင်ထားသည်။ရောင်နီဦးလည်း ငြင်းမရတဲ့အဆုံး လက်ခံလိုက်ရတယ်။
ဒီလိုနဲ့တစ်ယောက်နဲ့တစ်ယောက်
တွေ့ဆုံမှုတွေများပြီး
ချစ်သူတွေပါ ဖြစ်သွားကြ ဖို့အကြောင်းဖန်လာတယ်။အမှန်တော့ ရောင်နီဦးကို သစ္စာကအရင်ချစ်နေခဲ့တာပါ။
“သစ္စာ ကျွန်တော်တောင်းထားတဲ့အဖြေ
လေးအခြေအနေဘယ်လိုရှိလဲ´´ရောင်နီဦးစကားကြောင့် သစ္စာရှက်ပြုံးပြုံးသည်။
“သစ္စာကျွန်တော့်ကို လှောင်တာလား´´
“မလှောင်ပါဘူး ရော့´´သစ္စာတစ်ယောက်အိတ်လေးထဲမှစာအုပ်လေးတစ်အုပ်ကို ထုတ်ပေးသည်။
“ဒီစာအုပ်က´´
“ဖတ်ကြည့်လိုက်ပေါ့ သစ္စာသွားပြီနော်´´ရောင်နီဦး တစ်ယောက်စာအုပ်လေးကိုင်လျက် သစ္စာကျောခိုင်းလို့အဝေးရောက်သွားတဲ့အထိကြည့်နေမိသည်။စာအုပ်လေးကို ဖွင့်ဖတ်လိုက်တော့-
သို့/ရောင်နီဦး
သစ္စာ ကိုရောင်နီဦးကို စတွေ့ကတည်းကချစ်မိသွားတာပါ။အဲ့နေ့က ရောင်နီဦး ကားမှတ်တိုင်မှာမိုးရွာကြီးထဲ တစ်ယောက်တည်း ကားရပ်စောင့်နေတဲ့ကိုရောင်နီဦးကို ကျွန်မချစ်ခဲ့မိတာပါ။တက္ကသိုလ်မှာ မထင်မှတ်ပဲတွေ့လိုက်ရတဲ့နည်းမျိုးစုံသုံးပြီးချည်းကပ်ခဲ့မိတာ တောင်းပန်ပါတယ်နော်။သစ္စာ ရောင်နီဦးကို ချစ်တယ်။
ဒီလိုနဲ့နှစ်ယောက်သားတစ်ဦးကိုတစ်ဦး
အပြန်အလှန်နားလည်မှုများစွာနဲ့ ချစ်ခဲ့ကြတယ်။စိတ်ဆိုးစိတ်ကောက်ပေမယ့် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဆိုသလို သူတို့နှစ်ယောက်ရဲ့အချစ်က တကယ့်ကိုစံပြုခဲ့တယ်။
€€€ငါ့အနားမှနင်သာရှိရင် အရာရာစွန်လွှတ်နိုင်သွားပြီ ကျန်တာဘာမှထပ်မလိုဘူး€€€အချစ်သီချင်းသံလေးတွေပျံ့လွင့်နေခဲ့တာပေါ့။
“သစ္စာ´´
“ကို ပြောလေ´´
“ဟင် နှာခေါင်းသွေးလျှံနေတယ်´´ရောင်နီဦးတစ်ယောက် အရမ်းစိတ်ပူသွားတယ်။
“ကို ရယ်နေပူလို့ပါ ဒီလိုပဲ သစ္စာကနေပူတာနဲ့နှာခေါင်းသွေးလျှံနေကျပါ´´
“ခဏနော် ကိုသုတ်ပေးမယ် နှာခေါင်းမော့ထား´´ရောင်နီဦးတစ်ယောက် အမြဲတမ်း ကိစ္စအသေးလေးတွေကအစ ဂရုတစိုက်လုပ်ပေးခဲ့တယ်။
“ကို ကလည်းပိုကိုပိုတယ်´´
“ပိုတာမဟုတ်ပါဘူး ချစ်တာပါ´´နှစ်ယောက်သားအရမ်းကြည်နူးခဲ့ကြတယ်။တစ်နေ့တော့_
€€€ဘယ်မိန်းကလေးမှမချစ်ပါနဲ့ သူငယ်ချင်းမိန်းကလေးမှမချစ်ပါနဲ့ သူငယ်ချင်းမိန်းကလေးများနဲ့လည်း စကားတောင်မပြောနဲ့€€€
“ဟယ်လို သစ္စာ ကိုအခုပဲသစ္စာတို့အဆောင်ကိုလာနေပြီ´´
“ကိုရောင်နီဦး´´သစ္စာရဲ့လေသံကတစ်ခုခုဖြစ်နေတယ်ဆိုတာ ရောင်နီဦးသတိထားမိတယ်။
“သစ္စာ ဘာဖြစ်နေတာလဲ´´
“Online ဖွင့်လိုက်ပါ အဲ့မှာပုံတွေပို့ထားတယ် ကျွန်မတို့ဇာတ်လမ်းဒီမှာတင်ပြီးသွားပြီ’ တီ တီ တီးးး´´
“ဟယ်လို သစ္စာ ဟယ်လို ဖုန်းချသွားပြန်ပြီ စိတ်ကောက်နေပြန်ပြီထင်တယ် ဘာတွေပို့ထားလဲမသိဘူူး ။´´ရောင်နီOnlineဖွင့်ကာ ကြည့်လိုက်တော့
“ဟာ ဒါ ဒါကဘာတွေလဲ မဟုတ်ဘူး
မဟုတ်ဘူး ´´ရောင်နီဦးနဲ့ကောင်မလေးတစ်ယောက်တွဲရိုက်ထားတဲ့ပုံတွေနဲ့ သစ္စာနဲ့ကောင်လေးတစ်ယောက်တွဲရိုက်ထားသောပုံများဖြစ်နေသည်။ရောင်နီဦးတစ်ယောက် ဒေါသထွက်ရမှာလား ခံပြင်းရမှာလားမသိအောင်ကို ဖြစ်နေရှာသည်။သစ္စာတစ်ယောက် ရောင်နီဦးရဲ့ fb acc
ဖုန်းနံပါတ်အားလုံးကို blockလိုက်တယ်။
“ဘာတွေလဲကွာ ဘာတွေလဲ´´ရောင်နီဦးလည်း စိတ်ထွက်ပေါက်အနေနဲ့
တခါမှမသောက်ဖူးတဲ့ အရက်တွေကိုသောက်ပြီး
အရက်သမားဖြစ်လုနီးပါးအခြေအနေရောက်ခဲ့တယ်။
သုံးလခန့်ကြာသော်-
“မင်း ရောင်နီဦးမဟုတ်လား´´ရောင်နီဦးရဲ့သူငယ်ချင်း အာကာကျော်မှ ပုခုံးပုတ်ခါ မေးလိုက်တယ်။
“ဟုတ်တယ် ရောင်နီဦး မင်းကဘယ်သူလဲ´´အာလေးရှာလေးပုံစံနဲ့ပြောသည်။။
“ရောင်နီဦးကွာ မင်း မင်းဘာတွေဖြစ်နေတာလဲ လာမင်းကိုအရေးကြီးတဲ့အရာတွေပြောရဦးမယ်
ငါ့အိမ်လိုက်ခဲ့…´´အာကာကျော် ရောင်နီဦးကို သူ့အိမ်ခေါ်သွားပြီး ရောင်နီဦးရဲ့မူလပုံစံပြန်ရောက်အောင် အထိပြုပြင်ပေးခဲ့တယ်။အရက်လည်းပြတ်သွားပြီ။ သူပြောချင်တဲ့ အရာကိုပြောပြခဲ့တယ်။
“ရောင်နီဦး ငါမင်းကို အရေးကြီးကိစ္စပြောချင်တယ် ဒါပေမယ့် ပြောသင့်မပြောသင့်လည်း ချိန်နေရသေးတယ်´´
“အာကာ ငါမင်းကိုကျေးဇူးအရမ်းတင်တယ် ငါ့ဘဝလမ်းမှားရောက်နေခဲ့တာပါ ငါတို့ကြားမှ မပြောသင့်တဲ့စကားမရှိပါဘူး´´
“ကောင်းပြီလေ ငါသစ္စာအကြောင်းပြောချင်တာ´´သစ္စာဆိုတဲ့စကားကြားလိုက်ရုံနဲ့ ရောင်နီဦး တုန်လှုပ်သွားတယ်။သူ့စိတ်ထဲမှာ ခုထိ သစ္စာကိုမမေ့သေးဘူး။မုန်းလည်းမမုန်းခဲ့ဘူး။ရှင်းပြခွင့်မရခဲ့တဲ့အတွက်နောင်တတွေရနေတယ်။
“သစ္စာ ဘယ်မှာလဲ ငါသူနဲ့တွေ့ချင်တယ်´´
“မင်း သူနဲ့တွေ့ရင် ဘာတွေပြောမှာလဲ´´
“ငါသူ့ကို ရှင်းပြချင်တယ် သူ့ကိုငါမမုန်းဘူး သူလည်းငါ့ကိုသတိရနေမယ်လို့ငါယုံကြည်တယ်´´အာကာကျော် လည်းရောင်နီဦးစကားကို ဓကြားပြီး စိတ်မကောင်းတဲ့အမှုအရာ
မှာပေါ်လွင်လှတယ်။
“အာကာကျော် ပြောပြပါကွာ သစ္စာခုဘယ်မှာလဲ´´
“သစ္စာ မင်းနဲ့သူအတူနေဖို့ဆိုပြီး
ဝယ်ထားတဲ့အိမ်ကလေးမှာပါ´´
“ဘယ်လို တကယ်လား´´ရောင်နီဦး ခေါင်းတွေချာချာလည်သွားတယ်။ဘာတွေဖြစ်မှန်းမသိလောက်အောင်ကို ဆွံ့အသွားတယ်။ရောင်နီဦးကြားထားတာက
သစ္စာက နိုင်ငံခြားကိုထွက်သွားပြီလို့ကြားထားခဲ့တာ။ခုသူတို့နှစ်ယောက် လက်ထပ်ပြီးရင်အတူနေဖို့ဝယ်ထားတဲ့ အိမ်ကလေးမှာဆိုတဲ့ စကားကြောင့် ချက်ချင်းဆိုသလို…
“အာကာကျော် ကျေးဇူးပါကွာ ငါမင်းကျေးဇူးကို ဒီတစ်သက်မမေ့ပါဘူး
ငါသွားပြီနော်´´
“ရောင်နီဦး ခဏလေး ငါ့စကားမဆုံးသေးဘူးလေ´´အာကာကျော်ရဲ့စကားပင် မဆုံးသေးဘူး ရောင်နီဦးတစ်ယောက် ကားမောင်းပြီးထွက်သွားချေပြီ။
€€€ငါ့နားမှာ နင်သာရှိရင် အရာရာစွန့်လွှတ်နိုင်သွားပြီ€€€သီချင်းသံက ခြံထဲဝင်လိုက်ရုံဖြင့် ကြားနေရတယ်။ရောင်နီဦး တစ်ယောက် ခြေလှမ်းတွေလေးလံစွာနဲ့ အိမ်ထဲထိရောက်အောင်သွားခဲ့တယ်။အိမ်က လုံးဝတံခါးပိတ်ထားခြင်းမရှိပါ။
“သစ္စာ အိမ်ထဲမှာလား´´သစ္စာရဲ့နာမည်ကိုခေါ်ကာ ရောင်နီဦးတစ်ယောက် အိမ်ထဲကိုဝင်သွားတယ်။အိမ်ထဲတွင် လူမရှိသည့်အလား တိတ်ဆိတ်နေသည်။ရောင်နီဦး အခန်းတစ်ခန်းကို တွန်းဖွင့်လိုက်ရင်း…
အိပ်ယာထဲမှာလှဲနေသော သစ္စာကို တွေ့လိုက်ရတယ်။သစ္စာကိုစောင့်ရှောက်မည့်
သူတစ်ယောက်မှ မရှိ။
“သစ္စာ´´ရောင်နီဦးတစ်ယောက် သစ္စာကို အသာလေးခေါ်လိုက်သည်။
“ဟင် ကိုသစ္စာဆီပြန်လာတယ်´´နှစ်ယောက်သား ခွင့်လွှတ်ခြင်းတွေနဲ့ အပြစ်ဆိုတာတွေကို ဘေးဖယ်ထားခဲ့တယ်။အမှန်တော့ သစ္စာက သွေးကင်ဆာ နောက်ဆုံးအဆင့်ကြောင့် ရောင်နီဦး ဝမ်းနည်းမှာစိုးရိမ်လို့ လုပ်ကြံဇာတ်တွေဖန်တီးခဲ့တာပါ။
“သစ္စာရယ် ကို့အပေါ်ရက်စက်ပြီး သစ္စာကိုယ်တိုင်ဒုက္ခခံနေတာပဲ ခုဆေးရုံသွားရအောင်လေ´´သစ္စာတစ်ယောက်မျက်နှာပျက်သွားတယ်။
`´ဟင်အင်း မသွားဘူးကို မသွားဘုူး´´သစ္စာအတင်း ဆေးရုံမသွားဖို့ငြင်းရှာသည်။
“သစ္စာရယ် ဘာလို့မသွားချင်ရတာလဲ´´
“သစ္စာအခြေအနေသစ္စာသိပါတယ် သစ္စာဘယ်မှမသွားဘူးနော်´´
“အင်းပါ သစ္စာဘယ်မှမသွားနဲ့ ဒါနဲ့သစ္စာဘေးမှာ တစ်ယောက်မှမရှိဘူးနော်´´
“သစ္စာလိုရောဂါသည်ကို ဘယ်သူက စောင့်ရှောက်ပေးချင်မှာလဲ´´
“ဒီနေ့ကစပြီး ကိုစောင့်ရှောက်မယ်နော်´´ဒီလိုနဲ့ အဲ့ဒီအိမ်ကလေးမှာ မောင်နှမတွေလို နေထိုင်ကြတယ်။တစ်ပတ်လောက်ကြာတော့
သစ္စာတစ်ယောက် လမ်းလျှောက်နိူင်နေပြီ။နှစ်ယောက်သား အပူပင်ကင်းစွာနဲ့ အိမ်ကလေးမှာပျော်ရွှင်နေကြတယ်…
“မောင်ရင် မင်းဒီအိမ်မှာနေတာလား´´
အသက်၄၀လူတစ်ယောက်က ရောင်နီဦးကိုမေးသည်။
“ဟုတ်ကဲ့ ဦးလေး ဘာလို့လဲ´´
“မင်းတစ်ယောက်ထဲနေတာလား´´
“မဟုတ်ပါဘူး ကျွန်တော့်…ဟိုကျွန်တော့်ညီမလေးနဲ့နေတာပါ´´
“မောင်ရင့် ညီမလေးကအိမ်ပြင်မထွက်သလိုပဲ´´
“အဲ့ဒါဦးလေးနဲ့ မဆိုင်ဘူးထင်တယ် ကျွန်တော့်ကိုခွင့်ပြုပါဦး´´ရောင်နီဦးလည်း ခြံထဲကိုဝင်သွားတယ်။
€€€သူငယ်ချင်းမင်းဘဝမှာ လဲပြိုနိုင်ပါစေ တခါတလေမှာ€€
“ဟယ်လို အာကာကျော် ငါမင်းကိုပြောစရာရှိတယ် ငါ့အိမ်လာခဲ့ပါလား´´
“ရောင်နီဦး မင်းအိမ်ကသော့ခတ
်ထားတယ်လေ မင်းအခုဘယ်မှာလဲ´´
“ငါ ဒီမှာ သစ္စာနဲ့အတူရှိတယ် ငါတို့နှစ်ယောက် လက်ထပ်ပြီးရင်အတူနေမယ်
ဆိုပြီးဝယ်ထားတဲ့အိမ်မှာလေ ´´
“ရောင်နီဦး မင်း မင်းဘာပြောတယ်´´
အာကာကျော်တစ်ယောက်တုန်လှုပ်ခြောက်ခြား
သောလေသံနဲ့ ရောက်နီဦးကို ပြောတယ်။
“အာကာကျော်မင်းက ဘာတွေတွေးနေတာလဲ ငါတို့ကမောင်နှမလိုနေတာပါ´´
“မဟုတ်ဘူး ရောင်နီဦး မင်းအဲ့အိမ်ကထွက်လာခဲ့တော့´´
“ငါ သစ္စာကိုတစ်ယောက်ထဲ ထားခဲ့ပြီးထွက်လာလို့မရဘူး မင်းလာခဲ့ကွာ ဒါပဲနော် သစ္စာခေါ်နေလို့ငါသွားရဦးမယ်´´
ရောင်နီဦးတစ်ယောက် ဖုန်းချလိုက်သည်။
အာကာကျော်တစ်ယောက်လည်း ဘာလုပ်ရမှန်းမသိဖြစ်နေသည်။သေချာအောင်
ရောင်နီဦးရှိသောနေရာကို အာကာကျော်ရောက်အောင်သွားခဲ့တယ်။
“တီးးးးတီးးး´
“အာကာကျော် ကားပေါ်ကဆင်းပါဦး´´
“မဆင်းတော့ဘူး မင်းငါနဲ့လိုက်ခဲ့´´
“မင်းကလည်း သစ္စာနဲ့တွေ့သွားဦးလေး ´´အာကာကျော်မျက်နှာမကောင်းသည်ကို ရောင်နီဦးသတိထားမိသွားပုံရတယ်။
“ငါ့ကို အရေးကြီး
ပြောစရာရှိနေတာလား အပြင်သွားရအောင်လေပြီးရင်တော့ သစ္စာနဲ့တွေ့သွားရမယ်´´
“အင်းပါ ဒါဆိုမင်းကားပေါ်တက်´´
“သစ္စာရေ ကို အာကာနဲ့အပြင်သွားလိုက်အုံးမယ် ခဏနေပြန်လာခဲ့မယ်´´အထဲမှ သစ္စာရဲ့အသံကိုမကြားရပေ။
“သွားမယ်လေ´´
“သစ္စာဘာဖြစ်နေလဲမသိဘူး
သွားကြည့်ရအောင်´´ရောင်နီဦးကားပေါ်မတက်ဘဲနောက်ကိုခြေလှမ်းတွေလှမ်းခဲ့တယ်။အာကာကျော်လည်း ကားပေါ်ကဆင်းခဲ့တယ်။
“ရောင်နီဦး မင်းရူးနေပြီ ´´အာကာကျော်ရဲ့စကားကို ရောင်နီဦး ဘာမှနားမလည်ဘဲ ကြောင်ကြည့်နေတယ်။
“ငါကဘာရူးနေ လို့လဲ အာကာကျော်မင်းငါ့ကို ဘာပြောချင်တာလဲ မြန်မြန်ပြော ဟိုမှာသစ္စာဘာဖြစ်နေမှန်းမသိဘူး အိမ်ထဲသွားရအောင်´´
“ရောင်နီဦး သစ္စာကသေပြီ သစ္စာဆုံးတာကြာပြီ မင်းအရက်ကြောင် ကြောင်နေပြီလားကွာ´´ရောင်နီဦး အာကာကျော်အားရယ်ပြသည်။သူ့စိတ်ထဲတွင် အာကာကျော်နောက်နေတယ်လို့သာထင်နေတယ်။အမှန်တကယ်လည်း သူသစ္စာမသေသေးဘူးဆိုတာကို သိနေတာကိုး။အမှန်တော့ သစ္စာက လွန်ခဲ့တဲ့၃လက သွေးကင်ဆာနဲ့ ဆုံးသွားခဲ့တာပါ။ခုလည်း ရောင်နီဦး ကိုစွဲလမ်းတဲ့စိတ်နဲ့မကျွတ်မလွတ်ဘဲ ရောင်နီဦးကို ဒီအိမ်ကလေးမှာ စောင့်နေခြင်းသာဖြစ်သည်။
“အာကာကျော် မင်းကတော့လေ
ငါကသစ္စာနဲ့တစ်အိမ်ထဲနေ နေတာ ဘာတွေလာနောက်နေတာလဲ လာအိမ်ထဲလိုက်ခဲ့ သစ္စာနဲ့စကားလာပြော´´ရောင်နီဦး အာကာကျော်လက်ကိုအတင်းဆွဲပြီး
အိမ်ထဲသို့ဝင်သွားသည်။ချက်ချင်းဆိုသလိုအိမ်ပုံစံသည် အမှိုက်များနှင့်ရှုပ်ပွနေသည်။၃လအတွင်းလူမနေသောကြောင့်
အိမ်အိုနှင့်တူနေသည်။ရောင်နီဦးမျက်စိလည်သွားတယ်။သူမြင်ခဲ့တဲ့အရာတွေက ခုမှပုံမှန်မြင်ကွင်းတွေမြင်လိုက်ရတဲ့အတွက်ကြောင့် သူခေတ္တမျှမှိန်သက်သွားသည်။
“မဟုတ်ဘူး ဒါဘယ်လိုဖြစ်တာလဲ သစ္စာ
သစ္စာ ဘယ်မှာလဲ´´
“ရောင်နီဦး မင်းသတိလေးထားပါအုံး
မင်းဒီလိုအိမ်မှာဘယ်လိုနေနေတာလဲ သစ္စာသေပြီကွ သစ္စာလူ့လောကထဲမှာမရှိတော့ဘူး မင်းဒါကိုလက်ခံရမယ်´´
“ဘာတွေလဲကွာ မဟုတ်ဘူး သစ္စာမသေဘူး သစ္စာနဲ့ငါဒီအိမ်မှာနှစ်ယောက်ထဲနေတာ ဘယ်လောက်ပျော်စရာကောင်းလိုက်လဲ။သစ္စာ ထွက်လာခဲ့ပါ။ကို့ကိုမထားခဲ့ပါနဲ့နော်။´´ရောင်နီဦး
အသည်းအသန်သစ္စာကို အော်ခေါ်နေသော်လည်း သစ္စာရဲ့အရိပ်အယောင်ပင် မတွေ့ရချေ။
“ဒီမှာရောင်နီဦး ဒါသစ္စာရဲ့ဈာပနအခမ်းအနားတုန်းက ရိုက်ထားတဲ့ပုံတွေ
ငါfbကနေ saveထားတာ မင်းအမှန်တရားကိုလက်ခံသင့်နေပြီ´´ပုံတွေကြည့်ပြီးတော့မှ ရောင်နီဦးလည်း အမှန်တရားကို သိပြီး သစ္စာအတွက်အမျှဝေဆုတောင်းကောင်းမှုကုသိုလ်ပြုလုပ်ပေးခဲ့တယ်။ဒါပေမယ့် သစ္စာရဲ့စွဲလမ်းမှုက သူ့ကို ကျွတ်လွတ်ခွင့်မပေးဘဲ ဝိညာဉ်ဘဝနဲ့အိမ်ကလေးမှာပဲရှိနေတယ်။ရောင်နီဦး တစ်ယောက် လည်းနောက်ဆုံးအနေနဲ့အိမ်ကလေးဆီသွားခဲ့တယ်။
“သစ္စာ သစ္စာခုအိမ်ထဲမှာရှိတာ
ကိုယ်သိတယ် ကိုယ့်ကိုနောက်ဆုံးအနေ
နဲ့သစ္စာရဲ့မျက်နှာလေးကို မြင်ခွင့်ပြုပါ´´ရောင်နီဦးရဲ့စကားသံကို သစ္စာတစ်ယောက် မပြစ်ပယ်ဘဲ ကိုယ်ထင်ပြတယ်။
“ကို သစ္စာကို ဘာလို့အဲ့လောက်ထိချစ်
တာလဲ´´
“နောက်ဆုံးတော့ ကိုယ့်ရဲ့စကားကို
လျစ်လျူမရှု့ဘဲ ကိုယ့်ဆီရောက်လာပြီပေါ့´´ရောင်နီဦး မျက်ရည်ကလေးများကျကာ သစ္စာရဲ့လက်ကလေးကို ဆုပ်ကိုင်ရှာတယ်ဆုပ်ကိုင်၍ မရပေမယ့်အြကိမ်ကြိမ်ကြိုးစားတယ်။အရမ်းကိုသနားစရာကောင်းတဲ့သူတို့ဘဝပေါ့။ရောင်နီဦးလည်း သစ္စာမရှိတဲ့လူ့လောကမှာ အဓိပ္ပာယ်မဲ့စွာရှင်သန်မဲ့အစား ဆွဲကြိုးချသေခဲ့တယ်။လူ့လောကမှာသူတို့လိုမျိုးရင်နာစရာဇာတ်လမ်းလေးတွေများစွာရှိနေတယ်ဆိုတာကို သတိထားမိရင် ဇာတ်လမ်းလေးက တမလွန်မှာသူတိူ့နှစ်ဦးဆုံဆည်းပါစေလို့ဆုတောင်းလိုက်ပါတယ်။ ။
ပြီးပါပြီ
တုနှိုင်းမဲ့(သစ္စာ)

Zawgyi Version

ရင္ကြဲနာ(စ/ဆံုး)
——————–
(ပရေလာကဇာတ္လမ္းတို)
ကြၽန္ေတာ့္ဘဝမွာ တစ္ေယာက္နဲ႔တစ္ေယာက ္အရမ္းခ်စ္ၾကတ ဲ့ခ်စ္သူစုံတြဲကို တစ္သက္မွာ တစ္ခါပဲေတြ႕ဖူးတယ္။ သူတို႔စုံတြဲႏွစ္ေယာက္က အရမ္းေရွ႕သြားေနာက္လိုက္ ညီတာ။သူတို႔ကိုဒဂုံတကၠသိုလ္ရဲ႕ စံျပအတြဲလို႔ပင္တင္စား ေခၚေဝၚၾကတယ္။သူတို႔ရဲ႕အေၾကာင္းေလးကို ကြၽန္ေတာ္အၿမဲသတိရေနမိတယ္။
“ေရာင္နီဦး ခဏေစာင့္ပါဦး´´ေနာက္မွမိန္းကေလးတစ္ေယာက္ရဲ႕ ေခၚသံေၾကာင့္ ေရာင္နီဦး လွည့္ၾကည့္မိလိုက္သည္။
“ဘယ္သူလဲ မသိဘူး ကြၽန္ေတာ့္နာမည္ေခၚတာ´´ထိုမိန္းကေလးကို
တစ္ခါမွမျမင္ဖူးေခ်။ထိုမိန္းကေလးပုံစံမွာ ျမန္မာဆန္ၿပီး ဖက္ရွင္က်တယ္။ဆံပင္မွာလည္း အနက္ေရာင္ကိုမွ မွင္ပိတုံးေရာင္ကဲ့သို႔ ေတာက္ပၿပီး နစ္လိုဖြယ္ေကာင္းသည္။ဆံေကသာကို အလြန္တန္ဖိုးထားပုံေပၚသည္။ထို႔ေၾကာင့္ မိန္းကေလးရဲ႕နာမည္ကို ေမးမိသည္။
“ကြၽန္မ နာမည္က ျခဴးသစၥာႏြယ္ပါ ဒီမွာ ေရာင္နီဦး စာအုပ္ခုနက ထိုင္ခုံမွာက်န္ခဲ့လို႔´´
“ေၾသာ္ ဟုတ္ ေက်းဇူးပါ ကြၽန္ေတာ္ ေလာေလာ ေလာေလာနဲ႔ထြက္လာလိုက္တာ
စာအုပ္က်န္ခဲ့တာ သတိမထားမိဘူး´´
“ဟုတ္ ဒါဆို သစၥာကိုခြင့္ျပဳပါဦး´´
“ဟုတ္ကဲ့ ´´ေရာင္နီဦး စိတ္ထဲတြင္ အေတြးတစ္ခုဝင္လာသည္။
“ ထို မိန္းကေလးရဲ႕အၾကည့္က ငါ့ရဲ႕ရင္ခြင္တံခါးကို တြန္းဖြင့္ေနသည့္အလား။သူရဲ႕အသံေလးက အလြန္အင္မတန္မွ သာယာလွတယ္။ဟင္ထူးထူးဆန္းဆန္း ငါဘာေတြေျပာေနတာလဲ။အခ်ိန္မရွိေတာ့ဘူး စာေမးပြဲေျဖရေတာ့မယ္။ကိုယ္နဲ႔မသိတဲ့မိန္းကေလးအေၾကာင္းကို ေတြးေနမိတယ္။´´အမွန္ေတာ့ ေရာင္နီဦးတစ္ေယာက္ ျခဴးသစၥာႏြယ ္ကိုျမင္ျမင္ခ်င္းမသိစိတ္ကေန ခ်စ္မိသြားသည္။ဒါေပမယ့္ သူ႔စိတ္ထဲမွာဘာေတြရွိမွန္း သူကိုယ္တိုင္မသိရွာဘူး ျဖစ္ေနတယ္။ေရာင္နီဦး ရဲ႕အေတြးထဲမွာ အဲ့မိန္းကေလးရဲ႕ ပုံရိပ္ေတ ြစြဲထင္ေနတယ္။ညတိုင္း အိပ္မက္ထဲ
အထိ စိုးမိုးေနတယ္။
တစ္ပတ္ခန႔္ရွာေသာ္-
“ဟာ ´´ဟာဟူေသာအသံႏွင့္အတူ ေရာင္နီဦးတစ္ေယာက္ သူ႔ဖိနပ္ကို တက္နင္းမိေသာ သူကိုလွည့္ၾကည့္ကာ-
“ခင္ဗ်ား မျမင္ဘူးလား ဖိနပ္ပ်က္သြားၿပီ ´´
“သစၥာေတာင္းပန္ပါတယ္ မေတာ္တဆျဖစ္သြားတာပါ´´
“မင္း မင္းက ဟိုေန႔ကမိန္းကေလးပဲ´´ေရာင္နီဦးတစ္ေယာက္ စိတ္ထဲမွာႀကိတ္ၿပီးဝမ္းသာသြားသည္။ထိုမိန္းကေလးနဲ႔ ျပန္ဆုံမယ္လို႔လုံးဝမေမွ်ာ္လင့္ထားေသာ
အေျခအေနတစ္ခုမွာ ေတြ႕လိုက္ရျခင္းေၾကာင့္ျဖစ္သည္။
“ဟုတ္ပါတယ္ ဒီက ကိုေရာင္ ဘာဆိုလဲ´´
“ေရာင္နီဦးပါ´´
“sorryပါ ကြၽန္မကေမ့တတ္လို႔´´
“ရပါတယ္ မေတာ္တဆျဖစ္တာပဲ´´စိတ္ဆက္တဲ့ေရာင္နီဦး တစ္ေယာက္ ပထမဦးဆုံးအႀကိမ္ လူတစ္ေယာက္ကိုခြင့္လႊတ္လိုက္တာပဲ။ေရာင္နီဦးမွာ အက်င့္ဆိုးေလးေတြမ်ားတယ္။ဝတ္စားဆင္ယင္ပုံက ေခတ္လူငယ္ဆန္တယ္။
သပ္ရပ္တယ္။အ႐ြဲ႕တိုက္တတ္တယ္။ဇြတ္တ႐ြတ္ႏိုင္တယ္။
“ဖိနပ္ကပ်က္သြားၿပီ သစၥာဘာျပန္လုပ္ေပးရမလဲ´´မ်က္ႏွာငယ္ေလးနဲ႔သစၥာတစ္ေယာက္
ေရာင္နီဦးကို ေမးရွာသည္။
“ရပါတယ္ မလုပ္ေပးပါနဲ႔ ဒီေန႔အတန္းခ်ိန္လည္းၿပီးေနၿပီ။အိမ္ျပန္မွာဆိုေတာ့ အေၾကာင္းမရွိပါဘူး´´အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီးေရာင္နီဦး တစ္ေယာက္ ခြင့္လႊတ္စကားေတြခ်ည္းေျပာသည္။
“ဟုတ္ကဲ့ ဒါဆို သစၥာအတန္းခ်ိန္ေလးရွိေနလို႔ သြားလိုက္အုံးမယ္´´သစၥာလည္း အတန္းခ်ိန္ေနာက္က်မွာဆိုလို႔ ထြက္သြားသည္။ေရာင္နီဦး ရဲ႕မ်က္လုံးေတြက သစၥာရဲ႕ေနာက္ကို လိုက္ပါသြားသည္။
“ေဟ့ေယာင္ ေရာင္နီဦး မင္းအၾကည့္ေတြက မမ်ားလြန္းဘူးလား ဟိုကသြားတာျဖင့္ အခန္းထဲေရာက္ေတာ့မယ္´´ေရာင္နီဦး ကိုသူငယ္ခ်င္းေတြဝိုင္းေျပာေတာ့မွ ေရာင္နီဦးတစ္ေယာက္ အၾကည့္ေတြရပ္တန႔္မိေတာ့သည္။
“မင္းတို႔ကလည္း ငါ့ဆိုဖဲ့မယ္ဆိုတာခ်ည္းပဲ လာကန္တင္းသြားရေအာင္´´
“မင္းဝယ္ေကြၽးရမွ သြားမယ္´´
“ေအးပါ ဝယ္ေကြၽးပါ့မယ္´´
“ဖိနပ္ကို ဘယ္လိုလုပ္မွာလဲ´´
“ေမ့သြားလို႔ အိမ္ျပန္မယ္ ေနာက္ေန႔မွဝယ္ေကြၽးမယ္´´ေရာင္နီဦး တစ္ေယာက္ရွက္ရမ္း ရမ္းၿပီး ဘာေတြလုပ္ေနမိမွန္းမသိျဖစ္ေနသည္။
************************************
“ဒီမွာဒီမွာ´´သစၥာရဲ႕ေခၚသံပင္ျဖစ္သည္။
“သစၥာ ဘာမ်ားလဲ´´
“ဖိနပ္ပါ မေန႔ကသစၥာေၾကာင့္ပ်က္သြားေလ ဒါ့ေၾကာင့္ျပန္ဝယ္ေပးတာပါ´´
“မဟုတ္တာ မေန႔က ကြၽန္ေတာ္ဖိနပ္အေဟာင္းစီးလာမိတာေလ ဒါ့ေၾကာင့္မလိုပါဘူး´´
“ဒီမွာ သစၥာကဝယ္လာေပးၿပီးၿပီ´´
သစၥာရဲ႕လက္ထဲတြင္ အိတ္အျဖဴေလးႏွင့္ သပ္ရပ္စြာထုတ္ထားေသာဖိနပ္ဗူးကေလးကိုင္ထားသည္။ေရာင္နီဦးလည္း ျငင္းမရတဲ့အဆုံး လက္ခံလိုက္ရတယ္။
ဒီလိုနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္
ေတြ႕ဆုံမႈေတြမ်ားၿပီး
ခ်စ္သူေတြပါ ျဖစ္သြားၾက ဖို႔အေၾကာင္းဖန္လာတယ္။အမွန္ေတာ့ ေရာင္နီဦးကို သစၥာကအရင္ခ်စ္ေနခဲ့တာပါ။
“သစၥာ ကြၽန္ေတာ္ေတာင္းထားတဲ့အေျဖ
ေလးအေျခအေနဘယ္လိုရွိလဲ´´ေရာင္နီဦးစကားေၾကာင့္ သစၥာရွက္ၿပဳံးၿပဳံးသည္။
“သစၥာကြၽန္ေတာ့္ကို ေလွာင္တာလား´´
“မေလွာင္ပါဘူး ေရာ့´´သစၥာတစ္ေယာက္အိတ္ေလးထဲမွစာအုပ္ေလးတစ္အုပ္ကို ထုတ္ေပးသည္။
“ဒီစာအုပ္က´´
“ဖတ္ၾကည့္လိုက္ေပါ့ သစၥာသြားၿပီေနာ္´´ေရာင္နီဦး တစ္ေယာက္စာအုပ္ေလးကိုင္လ်က္ သစၥာေက်ာခိုင္းလို႔အေဝးေရာက္သြားတဲ့အထိၾကည့္ေနမိသည္။စာအုပ္ေလးကို ဖြင့္ဖတ္လိုက္ေတာ့-
သို႔/ေရာင္နီဦး
သစၥာ ကိုေရာင္နီဦးကို စေတြ႕ကတည္းကခ်စ္မိသြားတာပါ။အဲ့ေန႔က ေရာင္နီဦး ကားမွတ္တိုင္မွာမိုး႐ြာႀကီးထဲ တစ္ေယာက္တည္း ကားရပ္ေစာင့္ေနတဲ့ကိုေရာင္နီဦးကို ကြၽန္မခ်စ္ခဲ့မိတာပါ။တကၠသိုလ္မွာ မထင္မွတ္ပဲေတြ႕လိုက္ရတဲ့နည္းမ်ိဳးစုံသုံးၿပီးခ်ည္းကပ္ခဲ့မိတာ ေတာင္းပန္ပါတယ္ေနာ္။သစၥာ ေရာင္နီဦးကို ခ်စ္တယ္။
ဒီလိုနဲ႔ႏွစ္ေယာက္သားတစ္ဦးကိုတစ္ဦး
အျပန္အလွန္နားလည္မႈမ်ားစြာနဲ႔ ခ်စ္ခဲ့ၾကတယ္။စိတ္ဆိုးစိတ္ေကာက္ေပမယ့္ ရန္ျဖစ္လိုက္ျပန္ခ်စ္လိုက္ဆိုသလို သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္က တကယ့္ကိုစံျပဳခဲ့တယ္။
€€€ငါ့အနားမွနင္သာရွိရင္ အရာရာစြန္လႊတ္ႏိုင္သြားၿပီ က်န္တာဘာမွထပ္မလိုဘူး€€€အခ်စ္သီခ်င္းသံေလးေတြပ်ံ႕လြင့္ေနခဲ့တာေပါ့။
“သစၥာ´´
“ကို ေျပာေလ´´
“ဟင္ ႏွာေခါင္းေသြးလွ်ံေနတယ္´´ေရာင္နီဦးတစ္ေယာက္ အရမ္းစိတ္ပူသြားတယ္။
“ကို ရယ္ေနပူလို႔ပါ ဒီလိုပဲ သစၥာကေနပူတာနဲ႔ႏွာေခါင္းေသြးလွ်ံေနက်ပါ´´
“ခဏေနာ္ ကိုသုတ္ေပးမယ္ ႏွာေခါင္းေမာ့ထား´´ေရာင္နီဦးတစ္ေယာက္ အၿမဲတမ္း ကိစၥအေသးေလးေတြကအစ ဂ႐ုတစိုက္လုပ္ေပးခဲ့တယ္။
“ကို ကလည္းပိုကိုပိုတယ္´´
“ပိုတာမဟုတ္ပါဘူး ခ်စ္တာပါ´´ႏွစ္ေယာက္သားအရမ္းၾကည္ႏူးခဲ့ၾကတယ္။တစ္ေန႔ေတာ့_
€€€ဘယ္မိန္းကေလးမွမခ်စ္ပါနဲ႔ သူငယ္ခ်င္းမိန္းကေလးမွမခ်စ္ပါနဲ႔ သူငယ္ခ်င္းမိန္းကေလးမ်ားနဲ႔လည္း စကားေတာင္မေျပာနဲ႔€€€
“ဟယ္လို သစၥာ ကိုအခုပဲသစၥာတို႔အေဆာင္ကိုလာေနၿပီ´´
“ကိုေရာင္နီဦး´´သစၥာရဲ႕ေလသံကတစ္ခုခုျဖစ္ေနတယ္ဆိုတာ ေရာင္နီဦးသတိထားမိတယ္။
“သစၥာ ဘာျဖစ္ေနတာလဲ´´
“Online ဖြင့္လိုက္ပါ အဲ့မွာပုံေတြပို႔ထားတယ္ ကြၽန္မတို႔ဇာတ္လမ္းဒီမွာတင္ၿပီးသြားၿပီ’ တီ တီ တီးးး´´
“ဟယ္လို သစၥာ ဟယ္လို ဖုန္းခ်သြားျပန္ၿပီ စိတ္ေကာက္ေနျပန္ၿပီထင္တယ္ ဘာေတြပို႔ထားလဲမသိဘူူး ။´´ေရာင္နီOnlineဖြင့္ကာ ၾကည့္လိုက္ေတာ့
“ဟာ ဒါ ဒါကဘာေတြလဲ မဟုတ္ဘူး
မဟုတ္ဘူး ´´ေရာင္နီဦးနဲ႔ေကာင္မေလးတစ္ေယာက္တြဲ႐ိုက္ထားတဲ့ပုံေတြနဲ႔ သစၥာနဲ႔ေကာင္ေလးတစ္ေယာက္တြဲ႐ိုက္ထားေသာပုံမ်ားျဖစ္ေနသည္။ေရာင္နီဦးတစ္ေယာက္ ေဒါသထြက္ရမွာလား ခံျပင္းရမွာလားမသိေအာင္ကို ျဖစ္ေနရွာသည္။သစၥာတစ္ေယာက္ ေရာင္နီဦးရဲ႕ fb acc
ဖုန္းနံပါတ္အားလုံးကို blockလိုက္တယ္။
“ဘာေတြလဲကြာ ဘာေတြလဲ´´ေရာင္နီဦးလည္း စိတ္ထြက္ေပါက္အေနနဲ႔
တခါမွမေသာက္ဖူးတဲ့ အရက္ေတြကိုေသာက္ၿပီး
အရက္သမားျဖစ္လုနီးပါးအေျခအေနေရာက္ခဲ့တယ္။
သုံးလခန႔္ၾကာေသာ္-
“မင္း ေရာင္နီဦးမဟုတ္လား´´ေရာင္နီဦးရဲ႕သူငယ္ခ်င္း အာကာေက်ာ္မွ ပုခုံးပုတ္ခါ ေမးလိုက္တယ္။
“ဟုတ္တယ္ ေရာင္နီဦး မင္းကဘယ္သူလဲ´´အာေလးရွာေလးပုံစံနဲ႔ေျပာသည္။။
“ေရာင္နီဦးကြာ မင္း မင္းဘာေတြျဖစ္ေနတာလဲ လာမင္းကိုအေရးႀကီးတဲ့အရာေတြေျပာရဦးမယ္
ငါ့အိမ္လိုက္ခဲ့…´´အာကာေက်ာ္ ေရာင္နီဦးကို သူ႔အိမ္ေခၚသြားၿပီး ေရာင္နီဦးရဲ႕မူလပုံစံျပန္ေရာက္ေအာင္ အထိျပဳျပင္ေပးခဲ့တယ္။အရက္လည္းျပတ္သြားၿပီ။ သူေျပာခ်င္တဲ့ အရာကိုေျပာျပခဲ့တယ္။
“ေရာင္နီဦး ငါမင္းကို အေရးႀကီးကိစၥေျပာခ်င္တယ္ ဒါေပမယ့္ ေျပာသင့္မေျပာသင့္လည္း ခ်ိန္ေနရေသးတယ္´´
“အာကာ ငါမင္းကိုေက်းဇူးအရမ္းတင္တယ္ ငါ့ဘဝလမ္းမွားေရာက္ေနခဲ့တာပါ ငါတို႔ၾကားမွ မေျပာသင့္တဲ့စကားမရွိပါဘူး´´
“ေကာင္းၿပီေလ ငါသစၥာအေၾကာင္းေျပာခ်င္တာ´´သစၥာဆိုတဲ့စကားၾကားလိုက္႐ုံနဲ႔ ေရာင္နီဦး တုန္လႈပ္သြားတယ္။သူ႔စိတ္ထဲမွာ ခုထိ သစၥာကိုမေမ့ေသးဘူး။မုန္းလည္းမမုန္းခဲ့ဘူး။ရွင္းျပခြင့္မရခဲ့တဲ့အတြက္ေနာင္တေတြရေနတယ္။
“သစၥာ ဘယ္မွာလဲ ငါသူနဲ႔ေတြ႕ခ်င္တယ္´´
“မင္း သူနဲ႔ေတြ႕ရင္ ဘာေတြေျပာမွာလဲ´´
“ငါသူ႔ကို ရွင္းျပခ်င္တယ္ သူ႔ကိုငါမမုန္းဘူး သူလည္းငါ့ကိုသတိရေနမယ္လို႔ငါယုံၾကည္တယ္´´အာကာေက်ာ္ လည္းေရာင္နီဦးစကားကို ဓၾကားၿပီး စိတ္မေကာင္းတဲ့အမႈအရာ
မွာေပၚလြင္လွတယ္။
“အာကာေက်ာ္ ေျပာျပပါကြာ သစၥာခုဘယ္မွာလဲ´´
“သစၥာ မင္းနဲ႔သူအတူေနဖို႔ဆိုၿပီး
ဝယ္ထားတဲ့အိမ္ကေလးမွာပါ´´
“ဘယ္လို တကယ္လား´´ေရာင္နီဦး ေခါင္းေတြခ်ာခ်ာလည္သြားတယ္။ဘာေတြျဖစ္မွန္းမသိေလာက္ေအာင္ကို ဆြံ႕အသြားတယ္။ေရာင္နီဦးၾကားထားတာက
သစၥာက ႏိုင္ငံျခားကိုထြက္သြားၿပီလို႔ၾကားထားခဲ့တာ။ခုသူတို႔ႏွစ္ေယာက္ လက္ထပ္ၿပီးရင္အတူေနဖို႔ဝယ္ထားတဲ့ အိမ္ကေလးမွာဆိုတဲ့ စကားေၾကာင့္ ခ်က္ခ်င္းဆိုသလို…
“အာကာေက်ာ္ ေက်းဇူးပါကြာ ငါမင္းေက်းဇူးကို ဒီတစ္သက္မေမ့ပါဘူး
ငါသြားၿပီေနာ္´´
“ေရာင္နီဦး ခဏေလး ငါ့စကားမဆုံးေသးဘူးေလ´´အာကာေက်ာ္ရဲ႕စကားပင္ မဆုံးေသးဘူး ေရာင္နီဦးတစ္ေယာက္ ကားေမာင္းၿပီးထြက္သြားေခ်ၿပီ။
€€€ငါ့နားမွာ နင္သာရွိရင္ အရာရာစြန႔္လႊတ္ႏိုင္သြားၿပီ€€€သီခ်င္းသံက ၿခံထဲဝင္လိုက္႐ုံျဖင့္ ၾကားေနရတယ္။ေရာင္နီဦး တစ္ေယာက္ ေျခလွမ္းေတြေလးလံစြာနဲ႔ အိမ္ထဲထိေရာက္ေအာင္သြားခဲ့တယ္။အိမ္က လုံးဝတံခါးပိတ္ထားျခင္းမရွိပါ။
“သစၥာ အိမ္ထဲမွာလား´´သစၥာရဲ႕နာမည္ကိုေခၚကာ ေရာင္နီဦးတစ္ေယာက္ အိမ္ထဲကိုဝင္သြားတယ္။အိမ္ထဲတြင္ လူမရွိသည့္အလား တိတ္ဆိတ္ေနသည္။ေရာင္နီဦး အခန္းတစ္ခန္းကို တြန္းဖြင့္လိုက္ရင္း…
အိပ္ယာထဲမွာလွဲေနေသာ သစၥာကို ေတြ႕လိုက္ရတယ္။သစၥာကိုေစာင့္ေရွာက္မည့္
သူတစ္ေယာက္မွ မရွိ။
“သစၥာ´´ေရာင္နီဦးတစ္ေယာက္ သစၥာကို အသာေလးေခၚလိုက္သည္။
“ဟင္ ကိုသစၥာဆီျပန္လာတယ္´´ႏွစ္ေယာက္သား ခြင့္လႊတ္ျခင္းေတြနဲ႔ အျပစ္ဆိုတာေတြကို ေဘးဖယ္ထားခဲ့တယ္။အမွန္ေတာ့ သစၥာက ေသြးကင္ဆာ ေနာက္ဆုံးအဆင့္ေၾကာင့္ ေရာင္နီဦး ဝမ္းနည္းမွာစိုးရိမ္လို႔ လုပ္ႀကံဇာတ္ေတြဖန္တီးခဲ့တာပါ။
“သစၥာရယ္ ကို႔အေပၚရက္စက္ၿပီး သစၥာကိုယ္တိုင္ဒုကၡခံေနတာပဲ ခုေဆး႐ုံသြားရေအာင္ေလ´´သစၥာတစ္ေယာက္မ်က္ႏွာပ်က္သြားတယ္။
`´ဟင္အင္း မသြားဘူးကို မသြားဘုူး´´သစၥာအတင္း ေဆး႐ုံမသြားဖို႔ျငင္းရွာသည္။
“သစၥာရယ္ ဘာလို႔မသြားခ်င္ရတာလဲ´´
“သစၥာအေျခအေနသစၥာသိပါတယ္ သစၥာဘယ္မွမသြားဘူးေနာ္´´
“အင္းပါ သစၥာဘယ္မွမသြားနဲ႔ ဒါနဲ႔သစၥာေဘးမွာ တစ္ေယာက္မွမရွိဘူးေနာ္´´
“သစၥာလိုေရာဂါသည္ကို ဘယ္သူက ေစာင့္ေရွာက္ေပးခ်င္မွာလဲ´´
“ဒီေန႔ကစၿပီး ကိုေစာင့္ေရွာက္မယ္ေနာ္´´ဒီလိုနဲ႔ အဲ့ဒီအိမ္ကေလးမွာ ေမာင္ႏွမေတြလို ေနထိုင္ၾကတယ္။တစ္ပတ္ေလာက္ၾကာေတာ့
သစၥာတစ္ေယာက္ လမ္းေလွ်ာက္ႏိူင္ေနၿပီ။ႏွစ္ေယာက္သား အပူပင္ကင္းစြာနဲ႔ အိမ္ကေလးမွာေပ်ာ္႐ႊင္ေနၾကတယ္…
“ေမာင္ရင္ မင္းဒီအိမ္မွာေနတာလား´´
အသက္၄၀လူတစ္ေယာက္က ေရာင္နီဦးကိုေမးသည္။
“ဟုတ္ကဲ့ ဦးေလး ဘာလို႔လဲ´´
“မင္းတစ္ေယာက္ထဲေနတာလား´´
“မဟုတ္ပါဘူး ကြၽန္ေတာ့္…ဟိုကြၽန္ေတာ့္ညီမေလးနဲ႔ေနတာပါ´´
“ေမာင္ရင့္ ညီမေလးကအိမ္ျပင္မထြက္သလိုပဲ´´
“အဲ့ဒါဦးေလးနဲ႔ မဆိုင္ဘူးထင္တယ္ ကြၽန္ေတာ့္ကိုခြင့္ျပဳပါဦး´´ေရာင္နီဦးလည္း ၿခံထဲကိုဝင္သြားတယ္။
€€€သူငယ္ခ်င္းမင္းဘဝမွာ လဲၿပိဳႏိုင္ပါေစ တခါတေလမွာ€€
“ဟယ္လို အာကာေက်ာ္ ငါမင္းကိုေျပာစရာရွိတယ္ ငါ့အိမ္လာခဲ့ပါလား´´
“ေရာင္နီဦး မင္းအိမ္ကေသာ့ခတ
္ထားတယ္ေလ မင္းအခုဘယ္မွာလဲ´´
“ငါ ဒီမွာ သစၥာနဲ႔အတူရွိတယ္ ငါတို႔ႏွစ္ေယာက္ လက္ထပ္ၿပီးရင္အတူေနမယ္
ဆိုၿပီးဝယ္ထားတဲ့အိမ္မွာေလ ´´
“ေရာင္နီဦး မင္း မင္းဘာေျပာတယ္´´
အာကာေက်ာ္တစ္ေယာက္တုန္လႈပ္ေျခာက္ျခား
ေသာေလသံနဲ႔ ေရာက္နီဦးကို ေျပာတယ္။
“အာကာေက်ာ္မင္းက ဘာေတြေတြးေနတာလဲ ငါတို႔ကေမာင္ႏွမလိုေနတာပါ´´
“မဟုတ္ဘူး ေရာင္နီဦး မင္းအဲ့အိမ္ကထြက္လာခဲ့ေတာ့´´
“ငါ သစၥာကိုတစ္ေယာက္ထဲ ထားခဲ့ၿပီးထြက္လာလို႔မရဘူး မင္းလာခဲ့ကြာ ဒါပဲေနာ္ သစၥာေခၚေနလို႔ငါသြားရဦးမယ္´´
ေရာင္နီဦးတစ္ေယာက္ ဖုန္းခ်လိုက္သည္။
အာကာေက်ာ္တစ္ေယာက္လည္း ဘာလုပ္ရမွန္းမသိျဖစ္ေနသည္။ေသခ်ာေအာင္
ေရာင္နီဦးရွိေသာေနရာကို အာကာေက်ာ္ေရာက္ေအာင္သြားခဲ့တယ္။
“တီးးးးတီးးး´
“အာကာေက်ာ္ ကားေပၚကဆင္းပါဦး´´
“မဆင္းေတာ့ဘူး မင္းငါနဲ႔လိုက္ခဲ့´´
“မင္းကလည္း သစၥာနဲ႔ေတြ႕သြားဦးေလး ´´အာကာေက်ာ္မ်က္ႏွာမေကာင္းသည္ကို ေရာင္နီဦးသတိထားမိသြားပုံရတယ္။
“ငါ့ကို အေရးႀကီး
ေျပာစရာရွိေနတာလား အျပင္သြားရေအာင္ေလၿပီးရင္ေတာ့ သစၥာနဲ႔ေတြ႕သြားရမယ္´´
“အင္းပါ ဒါဆိုမင္းကားေပၚတက္´´
“သစၥာေရ ကို အာကာနဲ႔အျပင္သြားလိုက္အုံးမယ္ ခဏေနျပန္လာခဲ့မယ္´´အထဲမွ သစၥာရဲ႕အသံကိုမၾကားရေပ။
“သြားမယ္ေလ´´
“သစၥာဘာျဖစ္ေနလဲမသိဘူး
သြားၾကည့္ရေအာင္´´ေရာင္နီဦးကားေပၚမတက္ဘဲေနာက္ကိုေျခလွမ္းေတြလွမ္းခဲ့တယ္။အာကာေက်ာ္လည္း ကားေပၚကဆင္းခဲ့တယ္။
“ေရာင္နီဦး မင္း႐ူးေနၿပီ ´´အာကာေက်ာ္ရဲ႕စကားကို ေရာင္နီဦး ဘာမွနားမလည္ဘဲ ေၾကာင္ၾကည့္ေနတယ္။
“ငါကဘာ႐ူးေန လို႔လဲ အာကာေက်ာ္မင္းငါ့ကို ဘာေျပာခ်င္တာလဲ ျမန္ျမန္ေျပာ ဟိုမွာသစၥာဘာျဖစ္ေနမွန္းမသိဘူး အိမ္ထဲသြားရေအာင္´´
“ေရာင္နီဦး သစၥာကေသၿပီ သစၥာဆုံးတာၾကာၿပီ မင္းအရက္ေၾကာင္ ေၾကာင္ေနၿပီလားကြာ´´ေရာင္နီဦး အာကာေက်ာ္အားရယ္ျပသည္။သူ႔စိတ္ထဲတြင္ အာကာေက်ာ္ေနာက္ေနတယ္လို႔သာထင္ေနတယ္။အမွန္တကယ္လည္း သူသစၥာမေသေသးဘူးဆိုတာကို သိေနတာကိုး။အမွန္ေတာ့ သစၥာက လြန္ခဲ့တဲ့၃လက ေသြးကင္ဆာနဲ႔ ဆုံးသြားခဲ့တာပါ။ခုလည္း ေရာင္နီဦး ကိုစြဲလမ္းတဲ့စိတ္နဲ႔မကြၽတ္မလြတ္ဘဲ ေရာင္နီဦးကို ဒီအိမ္ကေလးမွာ ေစာင့္ေနျခင္းသာျဖစ္သည္။
“အာကာေက်ာ္ မင္းကေတာ့ေလ
ငါကသစၥာနဲ႔တစ္အိမ္ထဲေန ေနတာ ဘာေတြလာေနာက္ေနတာလဲ လာအိမ္ထဲလိုက္ခဲ့ သစၥာနဲ႔စကားလာေျပာ´´ေရာင္နီဦး အာကာေက်ာ္လက္ကိုအတင္းဆြဲၿပီး
အိမ္ထဲသို႔ဝင္သြားသည္။ခ်က္ခ်င္းဆိုသလိုအိမ္ပုံစံသည္ အမႈိက္မ်ားႏွင့္ရႈပ္ပြေနသည္။၃လအတြင္းလူမေနေသာေၾကာင့္
အိမ္အိုႏွင့္တူေနသည္။ေရာင္နီဦးမ်က္စိလည္သြားတယ္။သူျမင္ခဲ့တဲ့အရာေတြက ခုမွပုံမွန္ျမင္ကြင္းေတြျမင္လိုက္ရတဲ့အတြက္ေၾကာင့္ သူေခတၱမွ်မွိန္သက္သြားသည္။
“မဟုတ္ဘူး ဒါဘယ္လိုျဖစ္တာလဲ သစၥာ
သစၥာ ဘယ္မွာလဲ´´
“ေရာင္နီဦး မင္းသတိေလးထားပါအုံး
မင္းဒီလိုအိမ္မွာဘယ္လိုေနေနတာလဲ သစၥာေသၿပီကြ သစၥာလူ႔ေလာကထဲမွာမရွိေတာ့ဘူး မင္းဒါကိုလက္ခံရမယ္´´
“ဘာေတြလဲကြာ မဟုတ္ဘူး သစၥာမေသဘူး သစၥာနဲ႔ငါဒီအိမ္မွာႏွစ္ေယာက္ထဲေနတာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္လဲ။သစၥာ ထြက္လာခဲ့ပါ။ကို႔ကိုမထားခဲ့ပါနဲ႔ေနာ္။´´ေရာင္နီဦး
အသည္းအသန္သစၥာကို ေအာ္ေခၚေနေသာ္လည္း သစၥာရဲ႕အရိပ္အေယာင္ပင္ မေတြ႕ရေခ်။
“ဒီမွာေရာင္နီဦး ဒါသစၥာရဲ႕ဈာပနအခမ္းအနားတုန္းက ႐ိုက္ထားတဲ့ပုံေတြ
ငါfbကေန saveထားတာ မင္းအမွန္တရားကိုလက္ခံသင့္ေနၿပီ´´ပုံေတြၾကည့္ၿပီးေတာ့မွ ေရာင္နီဦးလည္း အမွန္တရားကို သိၿပီး သစၥာအတြက္အမွ်ေဝဆုေတာင္းေကာင္းမႈကုသိုလ္ျပဳလုပ္ေပးခဲ့တယ္။ဒါေပမယ့္ သစၥာရဲ႕စြဲလမ္းမႈက သူ႔ကို ကြၽတ္လြတ္ခြင့္မေပးဘဲ ဝိညာဥ္ဘဝနဲ႔အိမ္ကေလးမွာပဲရွိေနတယ္။ေရာင္နီဦး တစ္ေယာက္ လည္းေနာက္ဆုံးအေနနဲ႔အိမ္ကေလးဆီသြားခဲ့တယ္။
“သစၥာ သစၥာခုအိမ္ထဲမွာရွိတာ
ကိုယ္သိတယ္ ကိုယ့္ကိုေနာက္ဆုံးအေန
နဲ႔သစၥာရဲ႕မ်က္ႏွာေလးကို ျမင္ခြင့္ျပဳပါ´´ေရာင္နီဦးရဲ႕စကားသံကို သစၥာတစ္ေယာက္ မျပစ္ပယ္ဘဲ ကိုယ္ထင္ျပတယ္။
“ကို သစၥာကို ဘာလို႔အဲ့ေလာက္ထိခ်စ္
တာလဲ´´
“ေနာက္ဆုံးေတာ့ ကိုယ့္ရဲ႕စကားကို
လ်စ္လ်ဴမရႈ႕ဘဲ ကိုယ့္ဆီေရာက္လာၿပီေပါ့´´ေရာင္နီဦး မ်က္ရည္ကေလးမ်ားက်ကာ သစၥာရဲ႕လက္ကေလးကို ဆုပ္ကိုင္ရွာတယ္ဆုပ္ကိုင္၍ မရေပမယ့္ျအကိမ္ႀကိမ္ႀကိဳးစားတယ္။အရမ္းကိုသနားစရာေကာင္းတဲ့သူတို႔ဘဝေပါ့။ေရာင္နီဦးလည္း သစၥာမရွိတဲ့လူ႔ေလာကမွာ အဓိပၸာယ္မဲ့စြာရွင္သန္မဲ့အစား ဆြဲႀကိဳးခ်ေသခဲ့တယ္။လူ႔ေလာကမွာသူတို႔လိုမ်ိဳးရင္နာစရာဇာတ္လမ္းေလးေတြမ်ားစြာရွိေနတယ္ဆိုတာကို သတိထားမိရင္ ဇာတ္လမ္းေလးက တမလြန္မွာသူတိူ႔ႏွစ္ဦးဆုံဆည္းပါေစလို႔ဆုေတာင္းလိုက္ပါတယ္။ ။
ၿပီးပါၿပီ
တုႏႈိင္းမဲ့(သစၥာ)