ရွာစွန်ကအိမ်ကြီး(စ/ဆုံး)
————————
*ဒီမှာခင်ဗျ*
အထုတ်လေးတွေ ပိုက်ထားသည့် သူက
မင်းပြူး ရွာသားအား လှမ်းခေါ်လိုက်ခြင်းဖြစ်ပေသည်
×ကျုပ်ကို ခေါ်လိုက်တာလားဗျ ×
*ဟုတ် ကဲ့ပါ ခင်ဗျာ *
×ဒါနဲ့ခင်ဗျားတို့က ဘယ်သူတွေလဲ ဒီရွာမှာတစ်ခါမှ မမြင်ဖူးပါဘူး×
*ဟုတ်ကဲ့ ကျုပ်တို့က တစ်နယ်တစ်ကျေးကနေပြောင်းလာတာပါ
ဒီရွာလေးမှာ လုပ်ကိုင်စားသောက်ပြီး အခြေချချင်လို့ပါဗျာ
ဒါက ကျုပ်ဇနီးနဲ့သားလေးပါ*
×အခုက ကျုပ်ကဘာလုပ်ပေးရမှာလဲခင်ဗျားတို့ကို×
*ဟုတ်ကဲ့ပါခင်ဗျ
ဒီရွာမှာ အိမ်ငှားလေးများ ရှိလားလို့
တစ်ချက်လောက် လမ်းညွှန်ပေးပါလားဗျ*
×ရွာထဲမှာတော့ အိမ်ငှားအိမ်တွေမရှိဘူးကွ
ဒါပေမယ့်တစ်ခုတော့ရှိတယ်
ငါတို့ရွာရဲ့အစွန်မှာ အိမ်တစ်လုံးရှိတယ်
အဲ့မှာဆို ပိုက်ဆံတစ်ပြားမှပေးစရာမလိုဘူး×
*ဘယ်လို ပိုက်ဆံမပေးရဘူးဟုတ်လား*
×ဟုတ်တယ် ကိုယ့်လူရေ
ဒါပေမယ့် အဲ့ဒီအိမ်ကြီးမှာ ညတိုင်း ခြောက်လန့်နေတယ်လို့ ကြုံဖူးတဲ့သူတိုင်းက ပြောပြကြတယ်
အဲ့ဒီသတင်းတွေကြောင့်ပဲ အိမ်ကြီးနားကမည်သူမှဖြတ်မလျှောက်ရဲကြဘူး
ဘယ်လိုလဲ နေချင်သေးလားးး×
*ကျုပ်တို့ နေချင်ပါတယ်
ဖြစ်နိုင်ရင်ကူညီပေးပါနော်*
×ဒါဆိုလဲ ငါနဲ့လိုက်ခဲ့ ပိုင်ရှင်တွေဆီခေါ်သွားပေးမယ်×
×ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ×
ဒီလိုနဲ့ မင်းပြူး ရွားသားဖြစ်သူ ကိုတင်အောင်နှင့် အတူ မင်းသားစု ၃ယောက်ဟာ အနောက်ကနေ လိုက်ကာသွားခဲ့သည်
မင်းပြူး ရွာ သည် ယခုခေတ်လို လမ်းကောင်းခြင်းမျိုးမဟုတ်ပေ
သဘာဝ ဆန်ဆန် ဖြစ်တည်နေသည့် ရွာလေးတစ်ရွာပင်ဖြစ်သည်
ဘေးဘီလေးတွေကိုကြည့်လိုက်ရင် လယ်ယာတွေက စိမ်းစိုလို့ စပါးပင်တွေက အကကိုယ်စီနဲ့ယိုင်းနွဲ့နေလိုက်သေးသည်
မိုးရာသီ ဖြစ်သည်မို့ တိမ်ရိပ်တိမ်လိူင်းတွေဟာ ဆော့ကစားလို့နေလေ၏
ပန်းပေါင်းစုံ များသည်လဲ အလှကိုယ်စီနှင့် အလှချင်းပြိုင်ကာ ပွင့်လန်းနေကြသည်
မိုးမင်းကြီးကလဲ ဘယ်အငြိုးကြောင့် ရက်စက်မှာလဲမသိ မြင်ရသူအဖို့ ထိတ်လန့်ဖွယ်ပင်။
အလွမ်းဓာတ်ခံရှိသည့် သူတွေအဖို့တော့ မည်သို့မျှပင်ဖြေမဆည်နိုင်အောင် လွမ်းချင်းသီလောက်ရပေမည်
လမ်းကတော့ ဗွက်လေးတွေ တစ်ကွက် နှစ်ကွက်ကတော့ ရှိပေသည်
တောရွာဆိုတော့ လဲ မထူးဆန်းလှပေ။
အချိန်မလင့်ခင်လေး အိမ်ပိုင်ရှင် ရှိသည့်အိမ်သို့ရောက်ရှိလို့သွားခဲ့သည်
×ဗျို့ မကြီးအေး ရေ မကြီးအေးး×
××ဟေးးးးဘယ်သူလဲ ××
×ကျုပ် ပါ တင်အောင်ပါ ဗျ×
××ဪ လာပြီ တင်အောင်ရေ ××
မကြီးအေး တစ်ယောက် အိမ်အပြင်သို့ထွက်လို့လာခဲ့သည်
××ဧည့်သည် တွေပါလား ဘာများဖြစ်လို့လဲ တင်အောင်××
×သူတို့ မိသားစု က အိမ်ငှားရှာနေကြတာပါ
နေရာလေးအကူညီလိုတယ်ဆိုလို့ အကျိုးကြောင်းပြောပြီး ဟိုအိမ်မှာနေဖို့တွက် မကြီးအေးဆီ လာပြောကြတာပါ×
××မင်းတို့နာမည်တွေက ဘယ်လိုခေါ်ကြလဲ××
*ဟုတ်ကဲ့ ကျုပ်နာမည်က မင်းထင်ပါ *
**ကျုပ်နာမည်ကတော့ မိုးသီတာပါ
ဒါကတော့ ကျုပ်တို့ရဲ့သားလေး စည်သူပါရှင်**
××မင်းတို့လဲ အိမ်ကြီးကြောင်း သိပြီးပြီဆိုတော့
မင်းတို့ နေနိုင်ပါ့မလားးး××
*ဟုတ်ကဲ့ပါခင်ဗျ ကျုပ်တို့ နေနိုင်ပါတယ်*
××ရှေးကနေခဲ့တဲ့လူတွေလဲ အဲ့ဒီလိုပြောခဲ့ကြတာ
အကယ်၍မင်းတို့ အဲ့ဒီအိမ်ကြီးမှာ ဘာမှမဖြစ်ပဲနေနိုင်သွားတယ်ဆို ငါမင်းတို့တွက် ဆုလာဒ်ပေးပါ့မယ်××
**ရပါတယ်ရှင် ကျုပ်တို့တွက် ဒါတွေမလိုအပ်ပါဘူး
အခုလိုနေခွင့်ရတာကိုပဲ ကျုပ်တို့ တွေဝမ်းသာလှပါပြီတော်**
××တင်အောင်ရေ နင်ပဲ လိုက်ပို့ပေးလိုက်ပါဟယ်
ငါလဲ အလုပ်တွေမပြီးသေးလို့ ကူညီပါဟယ်××
×ကျုပ် လိုက်ပို့ပေးလိုက်ပါ့မယ်×
မိုးပေါက်လေးတွေကလဲ တဖွဲဖွဲကျလို့ ပတ်ဝန်းကျင်တစ်ခုလုံးကလဲ မိုးမင်းကြီးရဲ့အငြိုးကြောင့် မှောင်မိုက်လို့နေလသည်
အိမ်ကြီးဆီသို့ တင်အောင်တစ်ယောက် မိသားစု၃ယောက်ကို ခေါ်ဆောင်လို့သွားခဲ့သည်
အိမ်ကြီးဆီသို့ရောက်ရှိလို့လာခဲ့ပြီ
အိမ်ကြီးဆီ မဝင်မှီ ခြံထဲကနေလျှောက်သွားရမည့် လမ်းရှည်ရှည်လေးလဲ ရှိနေသည်
အိမ်ကြီးရဲ့ဘေးပတ်လည်မှာ လယ်ကွင်းတွေ ပဲရှိလို့နေသည်
ခြံရှေ့မှာတော့ ခြုံနွယ်ပိတ်ပေါင်း ထူထပ်လို့နေလေသည်
အိမ်က ၂ထပ်အိမ်ပင်ဖြစ်သည်
×ကဲ ဒါ မင်းတို့နေမယ့်အိမ်တော့ရောက်ပြီ
ဒီမှာ အိမ်သော့ ကျုပ်သွားတော့မယ် မိုးတွေလဲ မဲမှောင်နေပြီ ×
*ဒီက ကိုတင်အောင်ကို ကျုပ်တို့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ကိုတင်အောင် ဘာပဲလိုလို ကျုပ်တို့ကိုပြောပါ
ကျုပ်တို့မိသားစု ပြန်ကူညီပေးပါ့မယ်*
×ရပါတယ်ကွာ မင်းတို့ အဆင်ပြေအောင်ပဲနေကြနော်
ဘုရားတရားလဲမမေ့ကြနဲ့×
မင်းထင်တို့မိသားစု ၃ယောက်လဲ ခြံတံခါးကိုဖွင့်ပြီး
အိမ်ကြီးဆီသို့ဦးတည်လျှောက်သွားခဲ့သည်
လျှပ်စစ်မီးမရှိတာကြောင့် မီးအိမ်လေးကိုထွန်းကာ ခရီးပင်ပန်းလာသည်မို့ နားဖို့အတွက် အခန်းအရင်ရှာပြီး မိသားစု၃ယောက် နားခဲ့ကြသည်
မိုးချုပ်ခါစဖြစ်နေသည်မို့ အိမ်ထဲကိုနေရာစုံအောင် လိုက်မကြည့်ခဲ့ကြပေ။
ခရီးပန်းလာလို့လားမသိဘူး မင်းထင်တို့မိသားစုဟာ မနက်မိုးလင်းမှ နိုးလာခဲ့ကြသည်
**ယောကျာ်း အိမ်ကြီးက အကြီးကြီးပဲနော်
ကျုပ်ဖြင့် အိမ်ရှင်ကို အားနာလိုက်တာတော်**
*ဟုတ်ပ မိန်းမရာ
အင်းလေ ဘာပဲဖြစ်ဖြစ် တို့တွေ သီးပင်စာပင်လေးတွေ စိုက်ပျိုးကြမယ်
ကြုံရာအလုပ်လေး ယောကျာ်း လိုက်လုပ်မယ်
ငါ့မိန်းမနဲ့ သား စားနိုင်သောက်နိုင်ဖို့တွက် ယောကျာ်းတတ်နိုင်သလောက်အလုပ်ကြိုးစားရမယ်*
**တော့် ဆီက အခုလိုကြားရတာ ကျုပ်ဖြင့်ဝမ်းသာလိုက်တော်
သားလေးရှေ့ရေးရှိသေးတယ်
နောက်နှစ် ဆို ကျောင်းထားရမယ့်အရွယ်မဟုတ်လား**
*ဟုတ်တယ် ယောကျာ်းတို့ကြိုးစားရမယ်
ဒီရွာထဲမှာ ဘာအလုပ်များရှိလဲဆိုတာ ယောကျာ်းသွားရှာကြည့်အုံးမယ်
သားလေးကိုလဲ ဂရုစိုက်နော်
ပြန်ရောက်တာနဲ့ ခြံရှေ့က ခြုံတွေရှင်းကြမယ် *
**ဟုတ်ကဲ့ပါတော် ဂရုစိုက်သွားအုံးနော်
သားရေ မင်းဖေဖေကို တာ့တာလို့ပြလိုက်ပါအုံး**
*အာ ချစ်ဖို့ကောင်းလိုက်တဲ့ ငါ့သားလေးးတာ့တာသားလေးရေ *
မင်းထင်တစ်ယောက်သားနှင့်မယားကို နူတ်ဆက်ပြီး ရွာထဲမှာ အလုပ်သွားလို့ရှာနေလေ၏
×ဟေ့ ကိုယ့်လူရေ ×
*ဟော ကိုတင်အောင်ပါလား ဗျ*
×ဘယ်များသွားမလို့တုန်း×
*ဒီရွာထဲမှာများ အလုပ်လေးဘာလေးရှိမလား လာရရှာတာပါဗျာ*
×ဒါနဲ့ ညကဘာအခြေနေထူးလဲ
ခြောက်လှန့်သေးလား×
*ဟောဗျာ ဘာမှမဖြစ်ပါဘူးဗျ စိတ်ကြောင့်ဖြစ်တဲ့အရာတွေပါ
စိတ်ကိုတည်ငြိမ်အောင်ထားရင် ဘာမှကြောက်စရာမလိုပါဘူးဗျ*
×အေးပါကွာ ဒါနဲ့အလုပ်လာရှာတာနော် ဟုတ်စ×
*ဟုတ်တယ် ကိုတင်အောင်
ကျုပ်သားနဲ့မယားတွက်အလုပ်လုပ်ရအုံးမယ်လေဗျာ
ဝမ်းရေးတွက်ကလဲရှာရမယ်ဗျ*
×ဒီတွက်ဘာမှစိတ်ပူမနေနဲ့ ဟုတ်ပြီလား
မင်းတို့အခုနေတဲ့ အိမ်ပိုင်ရှင် မကြီးအေးဆီမှာငါအလုပ်ကူပြောပေးမယ်
သူ့လယ်မှာ ငါက အလုပ်လုပ်နေတာကွ
မင်းအလုပ်ရတော့လဲ ငါအဖော်ရတာပေါ့ကွ×
*ကျုပ်ဖြင့် ကိုတင်အောင်ကို ဘယ်လိုတောင်ကျေးဇူးဆပ်ရမလဲမသိတော့ပါဘူးဗျာ
ကျေးဇူးတကယ်ကိုတင်ပါတယ်နော်*
×ရပါတယ်ကွာ ညီအစ်ကိုလိုသဘောထားပေါ့ကွာ
လာ လာသွားကြမယ် အချိန်ရှိတုန်းလေး×
*ဟုတ် ဟုတ်ကဲ့ *
မင်းထင်တစ်ယောက် အလုပ်ရတော့မယ်ဖြစ်တာကြောင့် လွန်စွာမှပင်ပျော်မြူးလို့နေလေသည်
မကြီးအေးဆီမှာ အလုပ်လုပ်ဖို့အတွက် တင်အာင်တစ်ယောက် ပြောပေးခဲ့သည်
မကြီးအေးက သဘောအလွန်ကောင်းသည့် မိန်းမသားဖြစ်တာကြောင့် ချက်ချင်းပင် အလုပ်ပေးခဲ့သည်
မကြီးအေးဟာ အပျိုကြီးလဲဖြစ်ပေသည်
သူစိမ်းတွေကအစ ဆွေမျိုးသားချင်းလိုသဘောထားသည့် သူမျိုးပင်၊
××မင်းထင် အလုပ်ကိုကြိုးစားလုပ်ပါ
မကြီးအေးက အလုပ်ကြိုးစားပြီးရိုးသားတဲ့သူမျိုးဆို တအားခင်တယ်
ကို့အမလိုသဘောထားပြီး
တိုင်ပင်နိုင်တယ် ဆွေးနွေးနိုင်ပါတယ်××
*ဟုတ်ကဲ့ပါ မကြီးအေး
ကျုပ်ကိုအလုပ်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် *
××အေးကွယ် ဒီနေ့ တော့ ငွေကြိုပေးလိုက်မယ် နော့
မင်းတို့မိသားစုလဲ ချက်ပြုတ်စားဖို့ကရှိသေးတယ်မဟုတ်လား××
*ဟုတ်ကဲ့ပါ မကြီးအေး
မကြီးအေးရဲ့ကျေးဇူးတွေကိုတကယ် မမေ့ပါဘူးဗျာ*
မင်းထင်ဟာ မနက်ဖြန်မှ အလုပ်စလုပ်ရမည်ဖြစ်တာကြောင့်
မကြီးအေး ထုတ်ပေးတဲ့ ငွေလေးကိုကိုင်ကာ သားနှင့်မယားဆီ ပြန်သွားခဲ့သည်
မယားဖြစ်သူ မိုးသီတာကို အကျိုးကြောင်းပြောပြီး
ခြံထဲမှာ ထူထပ်နေတဲ့ ခြုံနွယ်တွေကို မင်းထင်တစ်ယောက်စတင်ရှင်းလင်းပါတော့သည်
မိုးစက်မိုးပေါက်လေးတွေကလဲတစ်ဖျောက်ဖျောက် နှင့် နေမင်းကြီးကတော့ မိုးမင်းကြီးကိုအံမတုနိုင်သည့်အခြေနေပင်
*ယောကျာ်းရေ ရေနွေးပူလေး လာသောက်ပါအုံး
အချမ်းပြေလေးပေါ့တော်*
××လာပြီ မိန်းမရေ လာပါပြီကွ××
မင်းထင်တစ်ယောက်လဲ အချမ်းပြေ ရေနွေးလေးသောက်ရအောင် အိမ်ရှေ့က ခုံတန်းလေးဆီသို့သွားခဲ့သည်
*ဒါနဲ့ မိန်းမ သားလေးရော*
**သားလေးက အိပ်ထဲမှာ ဆော့လို့နေလေရဲ့**
*အားးးအခုမှပဲ အချမ်းပြေတော့တယ်ကွားး*
***ခိးးးးခိးးးးခိးးးးးခိးးး**
*မိန်းမ သားလေးအသံမလားး*
**ဟုတ်ပ တော် သားလေးရယ်နေတဲ့အသံပဲ
ဘာတွေသဘောကျနေလဲမသိဘူးး**
*တို့တွေရဲ့ သားလေးပျော်ရင်ပဲ ပီတိဖြစ်နေရပါပြီကွားး
ကဲ အချိန်ရှိတုန်းလေး ဆက်ပြီးလုပ်လုပ်အုံးမယ်*
**ကျုပ်လဲ ညစာအတွက် ချက်ပြုတ်လိုက်အုံးမယ် တော်
တစ်ခုခုလိုရင်ကျုပ်ကိုလှမ်းခေါ်လိုက်ချေ**
မင်းထင်တို့လင်မယား၂ယောက်ဟာ အလုပ်ကိုယ်စီနဲ့ လုပ်ဆောင်ခဲ့ကြပြီး
ညစာတွေဘာတွေစားသောက်ပြီးသည်နှင့် ညည့့်နက်နေသည်မို့ အိပ်ယာဝင်ခဲ့ကြသည်
***ခိးးးးခိးးးးးခိးးး***
*ဟင် သားလေး ရယ်သံပါလား
အသံက အိမ်ရှေ့ ခန်းက လာတဲ့အသံပဲ*
*မိန်းမ မိန်းမ ထပါအုံးးးး*
**ဘာလဲ တော် အိပ်ပျော်နေတာကို **
*ရှုးးးးးးးတိုးတိုး သားလေးအသံကြားတယ်
အိမ်ရှေ့ခန်းက လာတဲ့အသံ တိတ်တိတ်လေး သွားကြည့်မယ် လာ*
မင်းထင်တို့လင်မယား၂ယောက်လဲ အသံကြားရာဆီသို့ခြေသံအုပ်အုပ်လေးဖြင့် သွားခဲ့သည်
မင်းထင်ရဲ့သားဖြစ်သူ စည်သူလေးဟာ ခေါင်းလေးမော့ကာ ရယ်မောနေခြင်းဖြစ်သည်
တစ်ယောက်ယောက်က စနောက်နေသလို ပုံစံမျိုးပင်
မင်းထင်တို့ လင်မယားလဲ သားဖြစ်သူကို သွား၍ခေါ်ခဲ့သည်
**သားလေး ဘာဖြစ်လို့ အိမ်ရှေ့မှာဆော့နေရတာလဲ အချိန်မတော်ကြီးကွယ်းးး**
ကလေးကို ပွေ့ချီကာ အိပ်ခန်းထဲသို့မိသားစု သုံးယောက် ပြန်သွားခဲ့သည်
***တာ့တားးးးး***
ကလေးဟာ တစ်စုံတစ်ယောက်ကိုပြုံးပြနေဟန်ပြီး လက်ပြလို့နေလေ၏
ထိုအရာကို မင်းထင်တို့ မတွေ့ခဲ့ချေ၊
မနက်မိုးသောက်ချိန်သို့ပင်ရောက်ရှိလို့နေလေပြီ
မင်းထင်တစ်ယောက်လဲ မကြီးအေး လယ်မှာ အလုပ်စလုပ်ဖို့အတွက်အဆင့်အသင့်ဖြစ်လို့နေလေပြီ
မနက်စာ စားသောက်ပြီးသည်နှင့် အလုပ်လုပ်ဖို့အတွက် မင်းထင်တစ်ယောက်ထွက်သွားလေသည်
**သားလေး မေကြီး ဟင်းချက်အုံးမယ်နော်
ဒီမှာဆော့ပြီးနေခဲ့ ဘယ်မှမသွားရဘူးနော် ကြားလား**
ကလေးဟာ ခေါင်းလေးညိမ့်ပြခဲ့သည်
၄နှစ်သားအရွယ်ဆိုတော့လဲ လမ်းလျှောက်တတ်သည်
°ဟေးးးးကလေးးး ဘဘဒီမှာ ဒီကိုလာခဲ့ကွားးး°
***ဟုတ်ကဲ့ ဘဘ သားသားလာပြီ***
°ဘဘကို ချစ်လားကွ °
***ချစ်တယ် ဘဘ ***
°ဒါဆို သားသားကို ဘဘပေးစရာရှိတယ်
ဟိုးဘက်ခန်းကိုတွေ့လား
အဲ့ဒီအခန်းရဲ့ ထပ်ခိုးပေါ်မှာ သွားယူချေ
သားရဲ့ မေမေကို ပြလိုက် °
စည်သူလေးဟာ ခေါင်းလေးညိမ့်ပြခဲ့သည်
°လာ ဘဘနဲ့ အတူတူဆော့ကြမယ် °
စည်သူလေးနဲ့ မည်သူမှန်းမသိတဲ့အဘိုးုးအိုဟာ နေ့တိုင်းနီးပါးလိုလိုပင် ဆော့ကစားခဲ့သည်
ကလေးဖြစ်သည်မို့ အဘိုးအိုပြောသည့် ထပ်ခိုးကိုသတိမရခဲ့ပေ
အချိန်တွေကုန်ဆုံးလာသည်နှင့်အမျှ မင်းထင်တို့မိသားစုလေးလဲ အရင်ကထက်ပင် ပြေလည်လာပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုအဖြစ်နဲ့လူသိများလာခဲ့ကြသည်
မင်းထင်တို့ နေလာသည့်ကာလပတ်လုံး ထိုအိမ်ကြီးမှာ ခြောက်လှန့်ခြင်းမရှိတာကြောင့် လူတိုင်းအံ့ဩနေကြသည်
•ညည်း ဟိုသတင်းကြားပြီးပြီလားအေ့•
×ဘယ်သတင်းတုန်း မိပုရယ် အဆုံးမရှိမစမရှိအေ×
•မကြီးအေး ရဲ့ ဘိုးဘေးအိမ်ကြီးလေ လူသစ်တွေပြောင်းလာတာ တစ်စုံတစ်ခုမှခြောက်လှန့်တာမရှိဘူးတဲ့အေ့ •
×ငါလဲ ကြားပါတယ်အဲ့ဒီကိစ္စ
အခုဆို အဲ့ဒီအိမ်ကြီးကအရင်နဲ့တောင်မတူတော့ဘူး ခန့်ထည်နေသလိုပဲ ×
•အေးပေါ့လေ သူတို့ရဲ့ကံလဲပြောရပေမယ်
ပြီးတော့ မကြီးအေးကလဲ မင်းထင်တို့မိသားစုကိုတအားခင်တာဟဲ့ ငါတို့တောင်မနာလိုဖြစ်တယ်အေ•
×ကဲကဲ လုပ်စရာရှိတာ ဆက်လုပ်အုံး
ငါလဲ ပြန်အုံးမယ် အိမ်ကအရက်သမား ပြန်လာရင် ရစ်နေပါအုံးမယ်အေ ပြန်ပြီပြန်ပြီ×
×××××အူးးးးးးးးဝူးးးးးးးးးဝူးးးးးးးးးးးးးးးးးးးး××××
ဆွဲဆွဲငင်ငင်အူနေသောခွေးသံများပင်ဖြစ်သည်
••ဟေ့ သာလှရေ••
`ပြောပါ ငစိုးရေ´
••ငါတို့များမလေ အရက်ပုလင်းကိုအဖော်ပြုလို့
မူးကြတော့မလေ းးလေးးးးဟေးးးလေးးးး••
××တီးတန် တီတန် တီးတန့့် တီးတန့် ××
ခြေလှမ်းမမှန်ှန်မူးလာသည့့် သာလှနဲ့ ငစိုးပင်ဖြစ်သည်
••ဟေးးဟေးနေအုံးကွ သာလှရ••
`ဘာလဲ ငစိုး ရာ ငါ့ခြေလှမ်းတွေ မရတော့ဘူးကွ ´
••မင်းကလဲကွာ ခြေလှမ်းတိုင်းမမှန်တာ တို့အရက်သမားတွေရဲ့ ထုံးစံပဲလေကွာ
အခုကြည့်စမ်း ငါတို့ဘယ်နေရာရောက်နေတာလဲလို့••
`ဒါ ဒါက မင်းထင်တို့အိမ်ကြီးလေကွာ
ဘာထူးဆန်းလို့လဲကွ´
••ထူးဆန်းတယ် သာလှ ရ
အရင်ကဆို ဒီနေရာကိုလာရဲတဲ့သူတစ်ယောက်မှမရှိဘူးလေကွာ
ခြောက်လှန့်နေကြတာလေ
အခုက မခြောက်လှန့်တော့တာအတော်လေးကြာပြီ
ဟုတ့်လားမဟုတ်လား ငါတို့စိမ်းသပ်ကြမလားကွ••
`ချစ် သူငယ်ချင်းလေးသဘော ကွာ
ကဲ အရက်ပုလင်းလေးကိုအကုန်မော့ပြီး
ခြံထဲကိုပစ်သွင်းလိုက်မယ်ကွားး´
••မင်းဟာကလဲ ကွာ ပစ်သွင်းမှတော့ကွဲပြီပေါ့ကွ••
`အာ ဟုတ်သားပဲ ဒါဆို ငါတို့မှာပါလာတဲ့ အမြည်းလေးကို ခြံထဲသွင်းလိုက်မယ်
ပြီးရင်သွားကောက်မယ်ကွားး´
သာလှနှင့် ငစိုးဟာ အမြည်းထုပ်လေးကို မင်းထင်တို့နေတဲ့ခြံထဲသို့ပစ်သွင်းလိုက်သည်
ထို့နောက် ခြံထဲသို့ ဝင်ပြီး အမြည်းထုတ်ကိုပြန်ကောက်ဖို့အတွက် လုပ်ခဲ့သည်
ထိုအချိန်~~~~~~~~~~~
ခြံရှေ့တွင် တစ်ကိုယ်လုံးအမွှေးတွေထူပိန်း၍
အရပ်သည်ကား အုန်းပင်နီးပါးပင်ရှည်လုပြီး
ရဲတောက်နေသောမျက်လုံးကြီး များက သာလှနှင့် ငစိုးကို စူးစိုက်၍ကြည့်နေသည်
••ဟေ့ကောင်သာလှ မင်းကအထဲမဝင်ပဲ ငါ့ရှေ့ပိတ်ပြီးရပ်နေရတာလဲကွ မြန်မြန်ဖယ်စမ်းကွာ••
`ငါကမင်းအနောက်မှကွ သေချာကြည့်စမ်းပါကွားး´
••အာ ဟုတ်တယ် မင်းက ငါ့အနောက်မှာပဲ
ဒါဆိုငါ့အရှေ့ကလူကဘသူလဲကွ••
`မင်းကလဲ ကွာ သိချင်ရင် ကြည့်လိုက်ပေါ့ကွားး
ငါမရတော့ဘူးကွ ငါရေချိန်အတော်လေးကောင်းနေပြီ´
သာလှတစ်ယောက် အရှေ့ကိုသေချာပြန်ကြည့်ချိန်တွင်~~~~
အုန်းပင်နီးပါးရှိတဲ့ အမွှေးတွေထူပိတ်နေတဲ့ သရဲကြီးကို မြင်သွားခဲ့သည်
••သ သ သ သရဲ ရဲ~~~~~~~~~•
ငစိုးတစ်ယောက် အမူးလွန်ပြီးကြောက်ကြောက်နဲ့ပြေးလိုက်တာ အိမ်ကိုဘယ်လိုပြန်ရောက်သွားမှန်းမသိအောင်ပင်၊
`ဟေ့ကောင် ငစိုးရာ ဘယ်မှာလဲ သရဲက
မင်း အတော်မူးနေပြီထင်တယ်
ခြံထဲဝင်လေကွားးးအရှေ့ကနေပိတ်ရပ်နေတယ်
ခြေထောက်တွေကမခိုင်ချင်ပါဘူးဆိုကွားးး´
°မင်းတို့က ငါ့ခြံထဲဘာဝင်လုပ်မလို့လဲ°
အသံနက်ကြီးဖြင့် ပြောနေသည့်အသံပင်၊
`ဘာဝင်လုပ်ရမလဲ ငါတို့ဟင်းထုပ် အဲ့ဒီခြံထဲမှာ သွားကောက်မလို့ကွ´
°ဒီအထုတ်လေးလားးးးးးးးးး°
နီရဲနေသောမျက်လုံးကြီးများက သာလှ မျက်နှာအရှေ့မှာ စူးရဲစွာ ကြည့်ပြီး အသံနက်ကြီးဖြင့် ပြောခဲ့သည်
သာလှ စကားပြန်ပင်မရ ဖနောင်နဲ့တင်ပါး တစ်သားထဲပါအောင် ပြေးပါတော့သည်
သာလှနဲ့ငစိုးလဲ အိပ်ယာထဲကကိုပင်မထနိုင်လောက်အောင်ဖြစ်ခဲ့သည်
ထိုသတင်းသည် တစ်ရွာလုံးကို တစ်ဆင့်ဆင့်နဲ့ ပျံ့နှံ့လို့သွားခဲ့ပြန်သည်
×မင်းလာတာနဲ့အတော်ပဲ မင်းထင်
ညကကိစ္စကိုမင်းသိလား ×
*မသိလိုက်ဘူးမကြီးအေး ကျုပ်လဲ အတော်လေးအံ့ဩနေတာ
နေလာတာကြာလှနေပြီ အခုမှပြန်ခြောက်တာဆိုတော့ ဘလိုပြောရမလဲတောင်မသိဘူး ဗျာ*
×အေးလေကွယ် အဲ့ဒီအိမ်ကြီးလဲ ဆရာမနိုင်ကိုဖြစ်နေပြီ အရင်က ဆရာမျိုးစုံနဲ့လုပ်ပါသေးတယ်
ဆရာတွေလဲမခံနိုင်ဘူး ကွယ့်
မင်းတို့ရော တစ်ရက်မှထူးခြားမှုမရှိဘူးလား×
*ထွေထွေထူးထူးတော့မရှိဘူး
မရှိဘူးဆိုတော့ပြောရအုံးမယ်
ကျုပ်သားလေးဗျ ညဘက်ဆို ကျုပ်တို့အိပ်မောကြနေချိန်ဆို
အိမ်ရှေ့ မှာ သွားဆော့နေတတ်တယ် အမြဲလိုလို
တစ်ယောက်ယောက်နဲ့ဆော့နေသလိုမျိုးပဲဗျ*
×ဒါဆို အကိုကြီးများလားး
အကိုကြီး က ကလေးသိပ်ချစ်တတ်တာ
အကိုကြီးဆုံးတာက ၁၅နှစ်လောက်ရှိနေပြီ
အကိုကြီးကမကျွတ်လွတ်သေးတဲ့သဘောလားမသိဘူးနော် မင်းထင်×
*အရင်ကဘယ်လိုမျိုးခြောက်လှန့်မှုတွေလုပ်လို့လဲမကြီးအေး*
×ဘယ်လိုပြောရမလဲ ခြံထဲဝင်တဲ့သူတို့ အိမ်ထဲဝင်တဲ့သူတို့ အဲ့လိုမျိုးတွေကို ခြောက်လွှတ်တာကွဲ့
မကြီးအေးလဲ အကိုကြီး က ကျွတ်လွတ်ပြီလို့ပဲထင်ခဲ့တာ
ဘုရားဒကာ၊ကျောင်းဒကာကြီးဆိုတော့လေ
ဖြစ်မှဖြစ်ရလေအကိုကြီးရယ်×
မကြီးအေးတစ်ယောက် ဝမ်းနည်းတဲ့လေသံနဲ့ဖြင့်ပြောလေသည်
**ယောကျာ်းရေ ယောကျာ်းး**
*ဟေ မိန်းမ
ဘာဖြစ်လို့လဲကွ အလောတကြီးနဲ့*
**ဟို ဟို အိမ်မှာ သောင်းကျန်းနေပြီတော့
ကျုပ်တအားကြောက်တာလို့ တော့ကိုလာခေါ်တာ**
မိုးသီတာတစ်ယောက်ကြောက်အားတကြီးသံဖြင့် ယောကျာ်းဖြစ်သူကိုလာခေါ်ခြင်းဖြစ်သည်
*သားလေးရော သားလေးကိုမင်းဘယ်မှာထားခဲ့တာလဲ*
**သားလေးက သော့ပိတ်ထားတဲ့အခန်းထဲမှာ
ဘယ်လိုရောက်နေလဲ ကျုပ်လဲမသိဘူး
အထဲကအသံပဲကြားရတယ်တော့ အီးးဟီးးးး**
×ညီမလေး မကြီးအေးကို သေချာပြေပြ
ဘယ်လိုကနေစဖြစ်တာလဲ×
**ဒီလိုပါ မကြီးအေးရယ်
ညက သရဲခြောက်တယ်ဆိုတော့
မနက်က ရွာဦးဆရာတော်ကို ဆွမ်းချိုင့်သွားပို့ရင်း သားလေးကိုအန္တရာယ်ကင်းအောင် ပရိတ်ကြိုးလေးယူလာပြီး
သားလေးလည်ပင်းမှာ ဆွဲထားပေးလိုက်တာပါ
အဲ့ချိန်ကစပြီး နောက်ဖေးက ပန်းကန်တွေ ၊အိုးတွေ ၊ခွက်တွေ ကို အကုန်ပစ်ချတယ် ဘာမှလဲမမြင်ရဘူး
တံခါးတွေကလဲ ပိတ်လိုက်ဖွင့်လိုက်တဲ့ ကြောက်စရာကြီး သားလေးငိုသံ ကြားတော့အမြန်သွားကြည့်တာ သားလေးက သော့ခတ်ထားတဲ့အခန်းထဲမှာ အီးးးဟီးးး**
×ဒါဆို အမြန်သွားကြမယ်လေ×
မကြီးအေးနဲ့ မင်းထင်ရယ် မင်းထင်ရဲ့ဇနီးဖြစ်သူ မိုးသီတာနဲ့က အိမ်ကြီးဆီသို့ အမြန်လေးသွားခဲ့သည်
အိမ်ထဲသို့ရောက်သောအခါ ပြတင်းပေါက်တံခါးတွေဟာ ရိုက်ခတ်လို့နေဆဲပင်
တစ်အိမ်လုံးဗြောင်းဆန်ထားသည့့်အနေအထားအပင်၊
×အကိုကြီး မြတင်
အကိုကြီးမလားဟင်
ညီမလေးခေါ်နေတယ်လေ အကိုကြီး
ညီမလေးကိုလာကြည့်လှည့်ပါအုံး အီးးဟီးးးး×
မကြီးအေးတစ်ယောက် ငိုယိုပြီး သူ၏အကိုဖြစ်သူကို အော်ခေါ်လို့နေလေသည်
ထိုအချိန် ပြတင်းပေါက်တံခါးတွေဟာ ငြိမ်လို့သွားခဲ့သည်
×အကိုကြီးရယ် ဖြစ်မှဖြစ်ရလေ ညီမလေးက အကိုကြီးကျွတ်လွတ်ပြီထင်နေတာ
ဘယ်လိုကြောင့်များ အခုလိုဖြစ်ရတာလဲအကိုကြီးရယ်×
မကြီးအေးစကားပြောလို့အဆုံးးးးးးးးး
အိမ်ကြီးထဲမှ အသံနက်ကြီးဖြင့်
•••ငါက နင့်အကိုကြီးမဟုတ်ဘူးးးး•••
မကြီးအေးတို့ ထိတ်လန့်သွားသည်
•••ငါက ဒီအိမ်ကြီးထဲကို ပစ္စည်းခိုးရင်း ငါ့ရဲ့ပစ္စည်းထုပ်ကို ညာဘက်ထောင့်ကအခန်းမှာ ဖွက်ထားခဲ့တာ လူမလစ်လို့
ငါ့ရဲ့သားလေး နေမကောင်းလို့ အခုလိုလုပ်လိုက်ရတာပါ
ဒါပေမယ့် ငါကံဆိုးသွားခဲ့သည်
ငါတို့ရွာအရောက်မှာ ပိုးထိပြီးတော့ ငါဆုံးသွားရတယ်
ပစ္စည်းထုပ်ကို စိတ်စွဲပြီး အခုထိ ဒီအိမ်ကြီးမှာ နှစ်ချို့သရဲကြီးအဖြစ်ရှိနေတာ
ဒီကလေးကိုမြင်ရတော့ ငါသံယောဇဥ်ဖြစ်မိတယ်
ငါသူနဲ့ညတိုင်းကစားတယ် •••
×ဒါဆိုလဲ ငါတို့ နင့်အတွက် ကောင်းရာဘုံဘဝရောက်ဖို့အတွက် ကူညီပေးမယ်
အဲ့တာကို နင်လက်ခံလားးး×
•••လက်ခံတယ် ငါဖွက်ထားတဲ့ ပစ္စည်းလေးကိုနင်တို့လက်ထဲငါပြန်အပ်တယ် ငါ့ကိုအမျှဝေးပေးပါ •••
သော့ခတ်ထားတဲ့အခန်းထဲသို့ မကြီးအေးတို့တွေဝင်ခဲ့ကြသည်
စည်သူလေးဟာ အပေါ်ထပ်ခိုးသို့ လက်ညိုးထိုးပြနေလေသည်
မင်းထင်လဲ တက်ကြည့်ပြီး ပစ္စည်းထုတ်လေးကိုယူခဲ့သည်
နောက်နေ့ရောက်တော့ ထိုအိမ်ကြီးထဲမှာပဲ ရွာဦးဆရာတော်ကိုပင့်ကာ နှစ်ချို့သရဲကြီး အတွက် အမျှဝေ စေဖို့ ကုလိုလ်ပြုပေးခဲ့လေ၏
ထိုနေ့မှစပြီး မင်းထင်တို့မိသားစုနဲ့ မကြီးအေးတို့ဟာ တကယ့်ဆွေမျိုးသားချင်းပမာ နေခဲ့ကြတော့သည်
ထိုအိမ်ကြီးကိုလဲ မင်းထင်တို့ကို စာချုပ်စာတမ်းနှငိ့တကွ ပေးခဲ့သည်
မကြီးအေးကတော့ သာသနာ့ဘောင်ကို အပြီးတိုင်ပင်ဝင်သွားခဲ့လေ၏
ရွာစွန်ကအိမ်ကြီးလဲ အရင်လို ကြောက်စရာမကောင်းတော့ပဲ စိမ်းလန်းစိုပြေပြီး သီးပင်စားပင်လေးတွေနဲ့ ပန်းပေါင်းစုံကလဲ ကိုယ်စီကိုယ်စီ အလှချင်းပြိုင်ပြီး ထိုအိမ်ကြီးရဲ့ လှပထည်ဝါမှုကိုဖော်ပြနေသယောင်ယောင်ပင်၊
အဓိကဆည်းလည်းလေးဖြစ်တဲ့ စည်သူလေးကအသက်ပေါ့ဗျာ~~~~~~~
ပြီးပါပြီ။
နှောင်းနွေ (ကိုယ်တိုင်ရေး)
စာဖတ်သူများကိုအစဥ်လေးစားလျှက်။