“ရွှေစက်တော်အနီးမန်းချောင်းကြီးက ဒန်းစီးမောင်နှမ”

Unicode Version

“ရွှေစက်တော်အနီးမန်းချောင်းကြီးက ဒန်းစီးမောင်နှမ”
——————————————————————————
(ဖြစ်ရပ်မှန်)

အင်းဝမင်းနေပြည်တော် သတိုးမင်းဖျား လက်ထက်မှ ဆင်းသက်၍ ဒုတိယမင်းခေါင်လက်ထက် အရောက်တွင် ကြေကွဲဝမ်းနည်းစရာ အဖြစ်ပျက်တစ်ခု စတင်ခဲ့လေသည်။

ထိုမင်းခေါင်ဘုရင်တွင် နှမတော်လေး တစ်ပါးရှိသည်။ ထိုနှမတော်လေး အမည်သည်ကား ကံဖူးမယ် ဖြစ်သည်။ ကံဖူးမယ်က အစ်ကိုတော် မင်းခေါင်ဘုရင်အား ညီလာခံဝင်ရောက် ခစားဝင်တိုင်း မောင်ကြီးတစ်သက် နှမတစ်သက် ကြင်ဖက်မရှာတမ်းဟူ၍ ကတိတောင်း၍ မိမိသည်လည်း ပိတ်ဖြူဝတ်ကာ ဘိက္ကူနီမ လုပ်ပါရစေဟု အစ်ကိုတော်ထံခွင့်ပန်သည်။

ထိုအခါ အစ်ကိုတော်ဘုရင်မှလည်း နှမတော်လေး စိတ်ပြေရာ ပြေကြောင်းရှိစေရန်
သံဃာဒါနဆွမ်းကြီးလောင်းစေဟု မိန့်ကြားတော်မူလေသည်။ ထိုနောက် နှမတော် ဆွမ်းကြီးလောင်းရန်အတွက် သံဃာအပါး၅၀၀ကျော်နှင့် ထေကြီးဝါကြီး ရဟန်းတော်များသာ ပင့်ဖိတ်၍ ဘုန်းကြီးကျောင်းသား ငယ်ရွယ်သူ မည်သူမျှမပါစေရ ဟုအမိန့်တော်မှတ်ကာ ဆိုင်ရာဝန်ကြီးကို အမိန့်ချ၍ တာဝန်ပေးတော်မူလေသည်။

*** **** ***

တောင်ဖီလာကျောင်းမှ တောင်ဖီလာ ဆရာတော်မှာလည်း ဒုက္ခသည် သားအဖသုံးယောက်ဖြစ်သည့် အဖအမည် ကောဏ္ဍည သားအမည် ဖောင်ဖိုးသီနှင့် သမီးဖြစ်သူ ရွှေဠာဂီတို့ ဒုက္ခသည် သားအဖသုံးယောက်ကို ကယ်ဆယ်ထားလေသည်။ ရွှေဠာဂီကိုတော့ ကျောင်းနှင့်ဒကာမ မအပ်စပ်သည်မို့ နေ့စဉ် မိုးလင်းမှမိုးချုပ် ကြာရိုးချိုးခိုင်းထားသည်။ မောင်ဖိုးသီကိုတော့ ဘုန်းကြီးကျောင်းသား လုပ်ခိုင်းပြီး စာပေများသင်ကြားပေးသည်။

ယနေ့တော့ ရွှေနန်းတော်မှ ဘုရင့်နှမတော် ကံဖူးမယ်၏ ဆွမ်းကြီးလောင်းအလှူကို ဝန်ကြီးမင်းမှတစ်ဆင့် ပင့်ဖိတ်သည့်အပြင် ထေကြီးဝါကြီး သံဃာတော်နှင့် ကျောင်းနေသံဃာများမှလွဲ၍ ကျောင်းသား ငယ်ရွယ်သူမည်သူမျှ မပါစေရဟု ရှင်ဘုရင်အမိန့်တော် မှတ်ကြောင်း လျှောက်ထားလေသည်။

ဆရာတော်ဘုရားလည်း ကပ္ပိယဦးသူတော်ကို ခေါ်၍ ဘုရင့်နှမတော်အဆောင်သို့ ဆွမ်းကြီးခံသွားရမည့်အကြောင်း ဦးသူတော်အား ပြော၍ မောင်ဖိုးသီ မသိစေရန် မိန့်တော်မူသည်။

သို့သော်လည်း နှုတ်ဖွာသည့် ဦးသူတော်သည် မောင်ဖိုးသီအား ပြောပြရုံမျှမက ဆွမ်းခံသွားရာသို့ပင် တိတ်တဆိတ်ခေါ်ဆောင် လာတော့သည်။

ရွှေနန်းတော်အတွင်းရှိ ဘုရင့်နှမတော်၏ ဆွမ်းလောင်းရန်နေရာသို့ ရောက်သောအခါ ဘုရင့်နှမတော်နှင့် မောင်ဖိုးသီ တွေ့ကြလေပြီ။ အဖိုဆို၍ ယင်ဖိုတောင်မသန်းဖူးသည့် ဘုရင့်နှမ ကံဖူးမယ်လည်း မောင်ဖိုးသီကို မြင်သည်နှင့် ချစ်မေတ္တာယိုင်းယိုင်မိကာ မောင်ဖိုးသီအား ချစ်စကား စဆိုလေသည်။

“ရှင်က ဘယ်ကလဲရှင်”

“တောင့့်တောင်ဖီလာကျောင်းကပါ ခင်ဗျာ”

“ရှင့် နာမည် ဘယ်လိုခေါ်တုန်း”

“မောင်ဖိုးသီလို့ ခေါ်ပါတယ်ခင်ဗျာ”

“ကျွန်မကို ချစ်စမ်းပါရှင်”

“ချစ်တာတွေ ကျုပ်နားမလည်ဘူးဗျ”

“ဒါဖြင့် ကျွန်မကို ကြိုက်ပေါ့ရှင့်”

“ကြိုက်တာတွေ ကျုပ်မသိဘူးဗျ။ နောက်ပြီး ကျုပ်က သင်္ကန်းတောင် မဝတ်ရသေးဘူးဗျ။ ကျုပ်ပြန်တော့မယ်ဗျာ”

ထိုအခါ ကံဖူးမယ်က

“ဒီမှာ ကိုဖိုးသီ ဘုရင့်နှမတော် ကံဖူးမယ်ဆိုတာ ရှင်မသိဘူးလား။ ကတ္တီပါဖိနပ်စီးပြီး ရွှေထီးဆောင်းတဲ့အမျိုးရှင့်။ ကျွန်မကို မချစ်ရင်လေ မောင်ကြီးဘုရားကို သွားပြီး သံတော်ဦးတင်လိုက်မယ်။

မှန်လှပါ မောင်ကြီးဘုရား့့ ကျောင်းသား မောင်ဖိုးသီက နှမတော်လက်ကို ဆွဲပြီးတော့ သုံးခွန်းသော စကားကိုပြောပါတယ်ဆိုပြီး သံတော်ဦးတင်။ သံတော်ဦးတင်လို့ မောင်ကြီးဘုရားကလည်း ယုံ့့ယုံရင် ရှင့်ကိုသတ်။ သတ်ရင်ပြီးတာပဲ”

“ဟောဗျာ့့့ ဒီမယ်ခင်ဗျာ ဒီလောက်လည်း အရေးမကြီးပါနဲ့။ ကျွန်တော် အချစ်ကို နားမလည်လို့ မဟုတ်ပါဘူး။ အဆင့်တန်းချင်း ကွာခြားလွန်းနေတော့ မမှီတဲ့ပန်း တုံးခုလို့လှမ်းသလို ခင်ဗျားက ဘုရင့်နှမတော် ကျုပ်က ဘုန်းကြီးကျောင်းသားဆိုတော့ အချိန်က မောင်ကြီးဘုရားသိလို့ အမျက်တော်ရှရင် အသတ်ခံရမှာ စိုးရွံ့လို့ပါ”

ဟုပြောသောအခါ ဘုရင့်နှမတော်မှ သူကာကွယ်မယ်ဟု ကတိပေးလေသည်။ ဤသို့ဖြင့် ကံဖူးမယ်လည်း မောင်ဖိုးသီနှင့် အဆောင်းတွင်း၌ ဘုရင်မသိအောင် ခိုး၍ ပေါင်းသင်းနေထိုင်ကြလေသည်။ မောင်ဖိုးသီလည်း ဦးသူတော်ကို မိမိနှင့်အတူ အဖော်အဖြစ်ခေါ်ထားပြီး နန်းတော်တွင်း နေထိုင်တော့သည်။

*** **** ***

နန်းတော်တွင်းရှိ ဘုရင့်နှမတော် အဆောင်တွင် မောင်ဖိုးသီနှင့် ကံဖူးမယ်၏ တိတ်တိတ်ပုန်း ဇာတ်လမ်းကို ဝန်ကြီးမင်း သိရှိသွား၍ ဘုရင့်ထံသွားရောက် သံတော်ဦးတင်တော့သည်။

“အရှင်မင်ကြီးဘုရား”

“ဟဲ့့့ ဝန်ကြီးမင်းပါလာ့း့ ရေးကြီးသုတ်ပျာနဲ့ ဆွမ်းကြီးလောင်းကိစ္စ ရေစက်ချဖို့ မေ့လာလို့လားဟဲ့”

“ဒီလိုမဟုတ်ရပါဘုရားး”

“ဒါ့ဖြင့် ဘာ့ကြောင့်တုန်း”

“ဆွမ်းကြီးလောင်းတာ အောင်မြင်ရုံမျှမက နှမတော်ဟာ ဘုန်းကြီးကျောင်းသား ငဖိုးသီနှင့် တစ်ဆောင်တည်း ပျော်ပါးညားနေကြောင်း ပါဘုရား”

“ဒီစကား ဧဝကန် အမှန်ပဲလား”

“အမှန်ဖြစ်ကြောင်းပါဘုရား”

“တယ့့်ရိုင်းလိုက်လေခြင်း။ ငဖိုးသီ လွတ်မထွက်အောင်ဖမ်း့့ငါကိုယ်တော် နှမတော်ဆောင်သို့ မြန်းတော်မူမယ်ဟဲ့”

ဘုရင်မင်းခေါင်လည်း နှမတော်ဆောင်သို့ ကြွတော်မူသည်။ နှမတော်ဆောင်သို့ ရောက်သောအခါ မောင်ဖိုးသီကို မေးလေသည်။

“ဟဲ့့့ဟဲ့့့ဒါဘယ်သူတုန်း”

“ကျွန်တော်ပါ ခင်ဗျာ့့ ကျွန်တော်ပါ”

“ဘယ်က ကျွန်တော်တုန်း”

“ကြောက်ပါပြီ ခင်ဗျာ”

“ခုမှ ဘာကြောက်တာတုန်း”

“ကမြင်းမသား အသေသတ်လိုက်ရ သေတော့မယ်။ နန်းထဲဘယ်လိုရောက်လာလဲ ခုချက်ချင်း လျှောက်တင်စမ်း”

ထိုအခါ မောင်ဖိုးသီက အကြောင်းစုံရှင်းပြ လျှောက်ထားသည်။

“မှန်လှပါဘုရားး့့ ဘုရားကျွန်တော်မျိုး တောင်ဖီလာ ကျောင်းကပါဘုရား။ ရွှေနန်းတော် ဆွမ်းကြီးခံသွားမယ်ဆိုလို့ မရောက်ဖူးသောကြောင့် လိုက်လာတာပါဘုရား။ ဒီရောက်တဲ့ အခါကျတော့ ဘုရင့်နှမတော်က ကျွန်တော်မျိုးရဲ့ လက်ကိုဆွဲလို့ ချစ်ရမယ် ကြိုက်ရမယ်လို့ ပြောပါတယ်ဘုရား။ မချစ်လို့ မကြိုက်လို့ရှိရင် မောင်ကြီးဘုရား သံတော်ဦးတင်မယ်ဆိုလို့ အသက်သေရမှာ ကြောက်တဲ့အတွက် ချစ်ရပါတယ်ဘုရား”

“တော့့် တိတ်စမ်း။ မင်းနဲ့ တူတယ် တန်တယ်ထင်သလား။ ဘုရင့်နှမတော်ကွ။ ရွှေလင်ဗန်းနဲ့ အချင်းဆေး မင်းမွေးတဲ့ မင်းသမီးကိုမှ မင်းက ဘာကောင်တုန်း”

ဘုရင်မင်းခေါင် ဒေါသအမျက်ထွက်လေပြီ။ နှမတော်ကို မေးကြည့်သောအခါ

“မှန်လှပါဘုရားးး အချစ်ဆိုတာ မျက်စိမပါဆိုတဲ့ စကားလိုပဲ မောင်ဖိုးသီနဲ့ တွေ့ကာမှ တစ်ဦးနဲ့ တစ်ဦး သမီးရည်းစားလည်းမက လင်မယားလည်းမကျ ဖြစ်လို့ ပေးစားတော်မူပါ မောင်ကြီးဘုရား”

“တော့့်တန် တိတ်စမ်း။ နင်ပြောတဲ့စကားတွေများ မှတ်မိသေးလား။ နှမတစ်သက် မောင်ကြီးတစ်သက် ကြင်ဖက်မရှားတမ်းဆို။ ကျောင်းသား မောင်ဖိုးသီနဲ့တွေ့မှ လင်ကောင်းမှန်းသိနေတယ်။ လင်တရူးမ”

“အမလေးးး မောင်ကြီးဘုရားရယ် ပြောရက်တော်မူလိုက်လေခြင်း”

ကံဖူးမယ်လည်း အစစ်ခံ၍ မောင်ဖိုးသီမှာ အပြစ်မရှိ။ ဘုရားနှမမှာသာ အပြစ်ရှိပါသည်။ သူက ချစ်အောင်ကြိုက်အောင် ပြောလို့ ကြောက်ပြီးလန့်ပြီး ချစ်ကြိုက်ရသည်ဟု လျှောက်ထားသည်။

ထိုအခါ မင်းခေါင်ဘုရင်က မောင်ဖိုးသီမှာ အပြစ်မရှိခြင်းကြောင့်

“လွတ်စေ”

ဟု အမိန့်ပေးတော်မူသည်။ မောင်ဖိုးသီလည်း လွတ်စေဟု အမိန့်ပေးသောကြောင့် ဦးသူတော်ကို ခေါ်၍ ပြန်ရန်ထလေသောအခါ ဘုရင်က့့့

“အေးး ပြန်တာပေါ့ကွာ။ ငါ့နှမကို ဘယ်လိုစစ်ဆေးပြီး အပြစ်ပေးမလဲဆိုတာ နားထောင်သွားဦး”

“မှန်လှပါဘုရား”

“ကဲ့့ အမိန့်တော်မှတ်မယ် အမိန့်တော်နာခံ။ မိုက်လှတဲ့နှမတော် ခေါင်းလေးကွက်ကြားရိတ် နဖူးကို လင်တရူးစာတန်းထိုး တိုင်းပြည်ကနှင်စေ”

ဟု အမိန့်ပေးတော်မူသည်။ ကြားရသည့်စကား နားဝမချမ်းသာ ရင်ဝမှာဆို့လှချည်ရဲ့ ကံဖူးမယ်တစ်ယောက် တိုင်းပြည်မှ နှင်ထုတ်ခံရလေပြီ။ ထို့အပြင် မှူးမတ်များက ထပ်မံလျှောက်တင်ကြပြန်သည်။

“မှန်လှပါ့့ ငဖိုးသီ မလွတ်ထိုက်ကြောင်းပါဘုရား”

“ဘာ့ကြောင့်တုန်းဟဲ့”

“ဘုရင့်နှမတော် အရင်းခေါက်ခေါက်ကို စော်ကားတဲ့ ရာဇဝတ်သား ငဖိုးသီကို လွှတ်ပါက နောင်တွင် ဘုရင့်မယ်တော်ပါ တက်စော်ကားပါလိမ့်မယ် ရွှေနန်းရှင် စဉ်းစားတော်မူပါဘုရား”

ဟု လျှောက်ထားသည်ကို ဘုရင်မင်းခေါင်က

“ဒါလဲဟုတ်ပေသားပဲ။ ရောင့်တက်လာမှာစိုးရတယ်။ ဟဲ့ ့့ ငဖိုးသီ နင်ဒီကို ဘာနဲ့လာလဲ”

ထိုအခါ မောင်ဖိုးသီက

“ခြေထောက်နဲ့လာခဲ့ပါတယ် ဘုရား”

ဟု လျှောက်တင်သောအခါ ဘုရင်က့့

“ခြေထောက်နဲ့လာတဲ့ မောင်မင်းရဲ့ ခြေထောက်ကို အပြစ်ပေးရလိမ့်မယ်။ ကျောင်းသား ငဖိုးသီ သုဿာန်သို့ထုတ် ပက်လက်ကားစင်တင် ခြေဖဝါးဓားခွဲ သျှားမီးခဲရဲရဲကင် ယမ်းဆားပက် အသက်သေအောင်သတ်စေ အမိန့်တော်”

ဟု အမိန့်ပေးကာ သတ်ခိုင်းလေသည်။ မောင်ဖိုးသီး ကံကြမ္မာ ဆိုးလိုက်လေခြင်း။ အဖေနဲ့ အစ်မရွှေဠာဂီရယ် မောင်လေးအဖြစ်ကို ကြည့်လှည့်ပါဦး။

မောင်ဖိုးသီအား သတ်ရန်သုဿာန်သို့ ခေါ်ဆောင်သွားကြသည်။ သုဿာန်သို့ ရောက်သောအခါ ကားစင်တင်၍ ခြေဖဝါးမညှာမတာဓားခွဲ သွေးစိမ်းရှင်ထွက်နေသည်ကို ဆားပက်ကာ သျှားမီးရဲရဲတွင်ကင်တော့သည်။ သြော့့် အင်းဝဘုရင် ရက်စက်တော်မူလိုက်လေခြင်း။

မောင်ဖိုးသီလည်း အသက်သေခါနီး မရဏလမ်း သို့ မ မမြန်းခင်အချိန်လေးတွင် ဦးသူတော်အား မှာကြားလေသည်။

“ဦးသူတော် ကျွန်တော်မှာခဲ့မယ်”

“အင်းးး မှာပါမောင်ရယ် မှာခဲ့ပါကွယ်”

“ကျွန်တော် မန်းစက်တော် မန်းချောင်းအနီးက ညောင်ပင်ကြီးမှာ ဒါန်းစီးမောင်နှမ ဖြစ်ရပါစေလို့ ကျွန်တော်ဆုပန် သွားတယ်ဆိုတာ ပြောလိုက်ပါတော့”

ဟု မှာကြားပြီး အသက်ဆုံးလေသည်။

ယနေ့မှာတော့ ကြာချိုးနေသော ရွှေဠာဂီတစ်ယောက် စိတ်လေးနေသည်။ အဖေအိုကြီးအတွက် ကြာပန်းကတစ်ခိုင် မိမိအတွက် ကြာပန်းကတစ်မျိုး မောင်လေးအတွက် တစ်မျိုး ရည်မှန်း၍ ကြာပန်းများချိုးနေသည်။ မောင်လေးအတွက် ချိုးလိုက်သော ကြာပန်းက အလိုလို ညှိုးကျသွား သည့်အတွက် စိတ်မကောင်းဖြစ်ပြီး ကျောင်းသို့ ပြန်လာခဲ့သည်။ ထိုစဉ် လမ်းခုလတ် တစ်နေရာ၌ ဦးသူတော်ကို တွေ့လေသည်။ ထိုအခါ ဦးသူတော်က့့့

“ရွှေဋ္ဌာဂီရေ့့ ဒီနေ့ ဘာအတွက်ကြောင့် စောစောပြန်လာရတာလဲ”

“သြော့့် ကျွန်မ မျက်ခုံးတွေလှုပ်ပြီး စိတ်မကောင်းလို့ ပြန်လာတာ ဦးသူတော်ရဲ့။ နေပါအုံး့့ ကျွန်မမောင်လေးနဲ့ ဦးသူတော် အတူတူသွားနေတာမဟုတ်လား။ ကျွန်မ မောင်လေးကော ဦးသူတော်”

“အေးး မေးမှတော့ မပြောလည်း မပြီး။ မတီးလည်း မမြည်ဆိုသလိုပဲ ကလေးရေ။ နင့်မောင် ဖြစ်အင်ကြည့်ချင်ရင် သုဿာန်သာ လိုက်ကြည့်ပါတော့ကွယ်”

ဟု ဆို၍ ဦးသူတော်လည်း ရွှေဠာဂီကို သုဿာန်သို့ ခေါ်ဆောင်၍ မောင်ဖိုးသီ အလောင်းကို လိုက်ပြလေသည်။

ရွှေဋ္ဌာဂီတစ်ယောက် မောင်ဖြစ်သူ၏ အလောင်းကို ကြည့်ပြီး ရင်ထဲတွင် အပူက နေတစ်ရာမက ပူလောင်ပြင်းပြလေတော့သည်။
“မောင်လေးရေ့့ ဖြစ်လေခြင်း။ ခြေဖဝါးမှာလည်း သွေးတွေမြင်မကောင်း။ အစ်မရင်တွေ ကွဲပါပေ့ါလား။ ဘယ်လိုဖြစ်ကြတယ်ဆိုတာ ပြောပြအုံး ဦးသူတော်ရေ”

ဟု ဦးသူတော်အား မေးမြန်းတော့သည်။ ဦးသူတော်လည်း ဖြစ်ကြောင်းကုန်စင်ကို ရွှေဋ္ဌာဂီအား ပြောပြသည်။

ကြားရသည့်စကား မကြားဝံ့စရာ။ အင်းဝဘုရင်ရယ် ရက်စက်တော်မူပုံက ထိန့်လန့်စရာ ကောင်းလိုက်ပါဘိ။ မယားအတွက်တဲ့ မောင်လေးဖိုးသီရေ ဓားထက်ထက်နဲ့ ခြေဖဝါးခွဲခံရပြီး အသက်သေရလေခြင်း။ ကာမတဏှာမှာ ရာဂမီးလောင်ကြတော့ အသက်ပေးခဲ့လေပြီလား မောင်လေးရေ။ မောင်တစ်ယောက်လုံး မိမိရှေ့မှာ အသတ်ခံရသည်ကိုတော့ ရွှေဋ္ဌာဂီတစ်ယောက် မဖြေနိုင်လေပြီ။ ဘယ်လိုဝဋ်ကြွေးလဲ မောင်လေးရဲ့။

“ဦးသူတော်ရေ ကျွန်မမောင်လေး ဘာတွေများ မှာသွားလဲ ဦးသူတော်ရေ”

“အေးး နင့်မောင်လေး မှာသွားတာကတော့ မန်းစက်တော်ဘုရား မန်းချောင်းအနီးက ညောင်ပင်ကြီးမှာ ဒါန်းစီးမောင်နှမ ဖြစ်ရပါလို့၏တဲ့။ သူ့ကိုတွေ့ချင်ရင် အဲ့ဒီလိုက်ခဲ့ပါလို့ မှာသွားတယ်ကွယ်”

ဟု ပြောသည်။

ရွှေဠာဂီတစ်ယောက် ဦးသူတော်ပြောသည့် စကားများကိုကြားပြီး ရင်ကွဲပက်လက်
ယူကျူံးမရ ဖြစ်ရတော့သည်။ ရှင်တောင်မှ မပြုရသေးသည့် မောင်လေးကို သေမင်းက ခေါ်ဆောင်သွားလေပြီ။ ရွှေဋ္ဌာဂီတစ်ယောက် ငိုရလွန်း၍ မောလာကာ ဦးသူတော်အား ရေတစ်ခွက်လောက် ရှာပေးရန် ပြောသည်။ အမှန်တော့ ပရိယာယ်သုံးကာ နှင်လွှတ်ခြင်း ဖြစ်သည်။ ဦးသူတော်လည်း ရေရှာရန် ထွက်သွားသောအခါ

“မောင်လေးနဲ့ မခွဲဘူး။ မမလိုက်မယ်။ ဝဋ်ကြွေးဆိုတာ အဖန်ငါးရာငါးကမ္ဘာ ခံရတယ်ဆိုတာ မသိလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့ မောင်ကလေးမခွဲရအောင် ဟောဒီ သျှားမီးထဲ ခုန်ချဆင်းလိုက်တော့မယ်။ မောင်လေးရေ မမလိုက်လာပြီ မောင်လေးရဲ့”

ဟု ရွှေဠာဂီတစ်ယောက် သျှားမီးထဲခုန်ဆင်း၍ အသက်ဆုံးတော့သည်။

*** *** ***

“အလို့့တစ်လောင်းသတ်တာ နှစ်လောင်းသေနေပါလား။ ဦးသူတော် ဒါဘယ်သူ့ အလောင်းတုံးဗျ”

ဟု အာဏာပါးကွက်သားက ဦးသူတော်ကို မေးလိုက်သည်။ ထိုအခါ ဦးသူတော်က

“အဲဒါ ဖိုးသီအစ်မ ရွှေဋ္ဌာဂီအလောင်းပေါ့”

“ဟာ ဒီအတိုင်းဆို ဘုရင်ထီးဘုရားသိရင် ကျုပ်ကို ရာဇဝတ်သင့်နေအုံးမယ်။ ကမ္ဗည်းစာတန်းပြီး လေယာဉ်စက္တလားနဲ့ တိမ်ကြားလွှင့်လိုက်မယ်။ တစ်တိုင်း တစ်ပြည် လွင့်ရောဟယ်”

ဆိုပြီး အလောင်းများကို တိမ်ကြားလွှင့်လိုက်လေ တော့သည်။

*** **** ***

မောင်ဖိုးသီတို့၏ ဖခင်ကြီးမှာလည်း ဆရာတော်အမိန့်ဖြင့် သီဟိုဋ္ဌ်သို့သွား၍ စာပေများ သင်ကြားကာ ပရိက္ခယာရှစ်ပါး စုံလင်စွာဖြင့် မိမိတိုင်းပြည်သို့ ပြန်လာသည်။ တိုင်းပြည်သို့ ပြန်လာရာ လမ်းခုလတ် တစ်နေရာသို့ ရောက်သောအခါ

“အလို ကောင်းကင်က ပန်းဆိုင်းပမာဏ ခေါင်းပေါ်မှာ တည့်တည့်ရပ်နေလိုက်တာ။ ငါနဲ့များ သက်ဆိုင်နေရော့သလား။ အဓိဋ္ဌာန်ပြု လိုက်မယ်။ အကျွန်ုပ်နှင့် သက်ဆိုင်သည်ဆိုပါက အကျွန်ုပ်ရှေ့မှောက် အမြန်ရောက်ပါစေသားး။

ဘုရား ဘုရား လေယာဉ်စက္တလားပါလား။ ကမ္ဗည်းစာတွေလည်း တန်းလို့။ ဖတ်ကြည့် ဦးမှပဲ။

အင်းဝတိုင်းပြည် ဘုရင်မင်းခေါင် အမိန့်တော် ရှိလိုက်သည်။ နှမတော် ကံဖူးမယ်ကို စော်ကားပါသဖြင့် ခြေဖဝါးဓားခွဲ အသက်သေအောင် သတ်လိုက်သည်။ သေသူအမည် မောင်ဖိုးသီ ရွှေဋ္ဌာဂီ ဆိုပါလား။

အမလေးးး သားတို့ သမီးတို့ရေ ဘယ်လိုများ ဖြစ်ကြတာလဲ။ အဖေအသည်း ကျွမ်းပါပေါ့လား။

ငိုနေလို့လည်း မပြီးသေးပါဘူးလေ။ သားနဲ့ သမီး သဂြိုလ်ထိုက်လို့ ကိုယ့်ရှေ့မှောက် ရောက်လာတာ သဂြိုလ်အုံးမှပဲ”

ဆို၍ ဖခင်ကြီးလည်း မောင်ဖိုးသီနှင့် ရွှေဋ္ဌာဂီတို့ကို သဂြိုလ်လေသည်။

*** *** *** ***

တောင်ဖီလာ ဆရာတော်မှာလည်း စိတ်မကောင်းကြီးစွာ ဖြစ်နေသည်။

“ဖိုးသီသေတာလည်း သူတော်ပြောပြလို့သိပြီ။ ဘုရား ဘုရား”

ဟု ဆရာတော် ညည်းညူပြောဆိုလိုက်သည်။

ထိုစဉ် မောင်ဖိုးသီတို့၏ ဖခင်ကြီးလည်း တောင်ဖီလာ ကျောင်းသို့ရောက်လာသည်။

“ဆရာတော်ဘုရား့့ ဆရာတော်ဘုရား။ ဘယ်လိုများ ဖြစ်ကြတာတုန်းဘုရား”

“အင်းးး ပြောပြရင် နှစ်ထပ်ကြောကျနေလိမ့်မယ်။ငါအခု နန်းတွင်ထဲဝင်မယ်။ အဲဒီကျမှ နားထောင်ပေတော့”

ဟု ဆရာတော်ဘုရားက ပြောလိုက်သည်။ ထိုစဉ်မှာပဲ ကံဖူးမယ်လည်း ဆရာတော်ထံ ရောက်လာပြန်သည်။

“ဆရာတော်ဘုရား့့ ဆရာတော်ဘုရား့့ ကယ်တော်မူပါဦးဘုရား”

“ဟဲ့ ကံဖူးမယ်ပါလား။ ဘယ်လိုများ ဖြစ်လာပြန်တာတုန်း”

“မောင်ကြီးဘုရားက ပြည်နှင်ဒဏ် ပေးလို့ပါဘုရား”

“ပြည်နှင်ဒဏ်ပေးလို့ရှိရင် ဒီအရေး နန်းတွင်းကျမှ ရှင်းမယ်”

ဟုပြော၍ နန်းတော်သို့ သွားကြတော့သည်။

*** *** *** ***

မောင်ဖိုးသီနှင့် ရွှေဠာဂီတို့မှာလည်း နန်းတော်၌ လူစုံသည့်အခါ ကိုယ်ထင်ပြ၍ နေရာအပိုင်စား နတ်ကွန်း တောင်းရန် မောင်နှမနှစ်ယောက် တိုင်ပင်ကြသည်။

“အစ်မရေ နန်းတော်ထဲ လူစုံတဲ့အခါ နတ်ကွန်း တောင်းကြစို့လား”

“ကောင်းတာပေါ့ မောင်လေးရေ”

နန်းတော်ထဲ၌ လူစုံသောအခါ မောင်နှမ နှစ်ယောက် ကိုယ်ထင်ပြလေသည်။

“ကိုယ်ယောင်ပြလိုက်မယ် ထင်လင်းစွာ မြင်ကြစေသတည်း”

ထိုအခါ ဘုရင်မင်းခေါင်က

“မောင်ဖိုးသီ ပါလားကွဲ့။ ဘယ်အတွက် ရောက်လာတုန်းဟေ့”

“မှန်လှပါဘုရားး ရွှေနားနှစ်ဆူ ပန်ဆင်တော်မူပါဘုရား”

“အေးး အေးး လျှောက်တင်စေသတည်း”

ဟု ဘုရင်မင်းခေါင်က လျှောက်တင်ခွင့် ပြုလေသည်။ ထိုအခါ မောင်ဖိုးသီလည်း ဖြစ်ကြောင်း ကုန်စင်လျှောက်တင်တော့သည်။

“ရွှေနားရယ်မှ ပန်ဆင်ကြပါတော့ ပရိတ်သတ်တို့။ အင်းဝဘုရင် ဒုတိယမင်းခေါင် သူ့နှမကြောင့် ဘဝရေစက် ဖူးစာဖက်လေသည်ကို ဘုရင် အမျက်တော်ရှသောကြောင့် ဒလကြမ်းဖမ်း၍ မသေမခြင်း ခြေဖဝါးဓားတင်ခွဲပါလို့ သေခဲ့ရပါသည်ဘုရား။

ထိုမှတစ်ဖန် ကျောင်းဝိဟာရနေ အစ်မရွှေဋ္ဌာဂီ ကြားလေသည့်အတွက် မောင်အရင်းနှင့် မကွဲရအောင် သျှားမီးရဲရဲထဲ ခုန်ဆင်းလို့ သေခဲ့ရပါသည်ဘုရားးး

သေဆုံးခဲ့ပြီး နောက်ဘဝတွင် နှမနှင့်မောင် စက်တော်တောင်အနီး ချောင်းအနီးက ညောင်ကြီးပင်မှာ မသေခင်တောင်းခဲ့သည့် ဆုတောင်းကြောင့် ဒါန်းစီးမောင်နှမ နတ်ဖြစ်နေရပြီး နေရာအပိုင်စား ပေးသနားတော်မူပါဘုရားးး”

ထိုအခါ ဘုရင်မင်းခေါင်က

“ကောင်းပြီ။ သင်တို့ မောင်နှမနေထိုင်ရာ မန်းစက်တော်တောင်အနီး မန်းချောင်း၌ ဒါန်းစီးမောင်နှမ နတ်ကွန်း နတ်နန်းဆောက်လုပ်ပြီး တစ်နှစ်တစ်ကြိမ်ကျ ပွဲတော်များ ကျင်းပပြီး ပျော်ပါးစေဗျားး”

“မှန်လှပါ ဝမ်းမြောက်လှကြောင်းပါ ဘုရား”

မင်းခေါင်ဘုရင်လည်း မောင်ဖိုးသီနှင့် ရွှေဠာဂီတို့ မောင်နှမအား နေရာအပိုင်စား ပေးသနားတော်မူလေသည်။

ဤသို့ဖြင့် ဒါန်းစီးမောင်နှမ ရာဇဝင်အား တင်ပြလိုက်ရပါတယ်။

 

Zawgyi Version

“ေ႐ႊစက္ေတာ္အနီးမန္းေခ်ာင္းႀကီးက ဒန္းစီးေမာင္ႏွမ”
——————————————————————————
(ျဖစ္ရပ္မွန္)

အင္းဝမင္းေနျပည္ေတာ္ သတိုးမင္းဖ်ား လက္ထက္မွ ဆင္းသက္၍ ဒုတိယမင္းေခါင္လက္ထက္ အေရာက္တြင္ ေၾကကြဲဝမ္းနည္းစရာ အျဖစ္ပ်က္တစ္ခု စတင္ခဲ့ေလသည္။

ထိုမင္းေခါင္ဘုရင္တြင္ ႏွမေတာ္ေလး တစ္ပါးရွိသည္။ ထိုႏွမေတာ္ေလး အမည္သည္ကား ကံဖူးမယ္ ျဖစ္သည္။ ကံဖူးမယ္က အစ္ကိုေတာ္ မင္းေခါင္ဘုရင္အား ညီလာခံဝင္ေရာက္ ခစားဝင္တိုင္း ေမာင္ႀကီးတစ္သက္ ႏွမတစ္သက္ ၾကင္ဖက္မရွာတမ္းဟူ၍ ကတိေတာင္း၍ မိမိသည္လည္း ပိတ္ျဖဴဝတ္ကာ ဘိကၠဴနီမ လုပ္ပါရေစဟု အစ္ကိုေတာ္ထံခြင့္ပန္သည္။

ထိုအခါ အစ္ကိုေတာ္ဘုရင္မွလည္း ႏွမေတာ္ေလး စိတ္ေျပရာ ေျပေၾကာင္းရွိေစရန္
သံဃာဒါနဆြမ္းႀကီးေလာင္းေစဟု မိန္႔ၾကားေတာ္မူေလသည္။ ထိုေနာက္ ႏွမေတာ္ ဆြမ္းႀကီးေလာင္းရန္အတြက္ သံဃာအပါး၅၀၀ေက်ာ္ႏွင့္ ေထႀကီးဝါႀကီး ရဟန္းေတာ္မ်ားသာ ပင့္ဖိတ္၍ ဘုန္းႀကီးေက်ာင္းသား ငယ္႐ြယ္သူ မည္သူမွ်မပါေစရ ဟုအမိန္႔ေတာ္မွတ္ကာ ဆိုင္ရာဝန္ႀကီးကို အမိန္႔ခ်၍ တာဝန္ေပးေတာ္မူေလသည္။

*** **** ***

ေတာင္ဖီလာေက်ာင္းမွ ေတာင္ဖီလာ ဆရာေတာ္မွာလည္း ဒုကၡသည္ သားအဖသုံးေယာက္ျဖစ္သည့္ အဖအမည္ ေကာ႑ည သားအမည္ ေဖာင္ဖိုးသီႏွင့္ သမီးျဖစ္သူ ေ႐ႊဠာဂီတို႔ ဒုကၡသည္ သားအဖသုံးေယာက္ကို ကယ္ဆယ္ထားေလသည္။ ေ႐ႊဠာဂီကိုေတာ့ ေက်ာင္းႏွင့္ဒကာမ မအပ္စပ္သည္မို႔ ေန႔စဥ္ မိုးလင္းမွမိုးခ်ဳပ္ ၾကာ႐ိုးခ်ိဳးခိုင္းထားသည္။ ေမာင္ဖိုးသီကိုေတာ့ ဘုန္းႀကီးေက်ာင္းသား လုပ္ခိုင္းၿပီး စာေပမ်ားသင္ၾကားေပးသည္။

ယေန႔ေတာ့ ေ႐ႊနန္းေတာ္မွ ဘုရင့္ႏွမေတာ္ ကံဖူးမယ္၏ ဆြမ္းႀကီးေလာင္းအလႉကို ဝန္ႀကီးမင္းမွတစ္ဆင့္ ပင့္ဖိတ္သည့္အျပင္ ေထႀကီးဝါႀကီး သံဃာေတာ္ႏွင့္ ေက်ာင္းေနသံဃာမ်ားမွလြဲ၍ ေက်ာင္းသား ငယ္႐ြယ္သူမည္သူမွ် မပါေစရဟု ရွင္ဘုရင္အမိန္႔ေတာ္ မွတ္ေၾကာင္း ေလွ်ာက္ထားေလသည္။

ဆရာေတာ္ဘုရားလည္း ကပၸိယဦးသူေတာ္ကို ေခၚ၍ ဘုရင့္ႏွမေတာ္အေဆာင္သို႔ ဆြမ္းႀကီးခံသြားရမည့္အေၾကာင္း ဦးသူေတာ္အား ေျပာ၍ ေမာင္ဖိုးသီ မသိေစရန္ မိန္႔ေတာ္မူသည္။

သို႔ေသာ္လည္း ႏႈတ္ဖြာသည့္ ဦးသူေတာ္သည္ ေမာင္ဖိုးသီအား ေျပာျပ႐ုံမွ်မက ဆြမ္းခံသြားရာသို႔ပင္ တိတ္တဆိတ္ေခၚေဆာင္ လာေတာ့သည္။

ေ႐ႊနန္းေတာ္အတြင္းရွိ ဘုရင့္ႏွမေတာ္၏ ဆြမ္းေလာင္းရန္ေနရာသို႔ ေရာက္ေသာအခါ ဘုရင့္ႏွမေတာ္ႏွင့္ ေမာင္ဖိုးသီ ေတြ႕ၾကေလၿပီ။ အဖိုဆို၍ ယင္ဖိုေတာင္မသန္းဖူးသည့္ ဘုရင့္ႏွမ ကံဖူးမယ္လည္း ေမာင္ဖိုးသီကို ျမင္သည္ႏွင့္ ခ်စ္ေမတၱာယိုင္းယိုင္မိကာ ေမာင္ဖိုးသီအား ခ်စ္စကား စဆိုေလသည္။

“ရွင္က ဘယ္ကလဲရွင္”

“ေတာင့့္ေတာင္ဖီလာေက်ာင္းကပါ ခင္ဗ်ာ”

“ရွင့္ နာမည္ ဘယ္လိုေခၚတုန္း”

“ေမာင္ဖိုးသီလို႔ ေခၚပါတယ္ခင္ဗ်ာ”

“ကြၽန္မကို ခ်စ္စမ္းပါရွင္”

“ခ်စ္တာေတြ က်ဳပ္နားမလည္ဘူးဗ်”

“ဒါျဖင့္ ကြၽန္မကို ႀကိဳက္ေပါ့ရွင့္”

“ႀကိဳက္တာေတြ က်ဳပ္မသိဘူးဗ်။ ေနာက္ၿပီး က်ဳပ္က သကၤန္းေတာင္ မဝတ္ရေသးဘူးဗ်။ က်ဳပ္ျပန္ေတာ့မယ္ဗ်ာ”

ထိုအခါ ကံဖူးမယ္က

“ဒီမွာ ကိုဖိုးသီ ဘုရင့္ႏွမေတာ္ ကံဖူးမယ္ဆိုတာ ရွင္မသိဘူးလား။ ကတၱီပါဖိနပ္စီးၿပီး ေ႐ႊထီးေဆာင္းတဲ့အမ်ိဳးရွင့္။ ကြၽန္မကို မခ်စ္ရင္ေလ ေမာင္ႀကီးဘုရားကို သြားၿပီး သံေတာ္ဦးတင္လိုက္မယ္။

မွန္လွပါ ေမာင္ႀကီးဘုရား့့ ေက်ာင္းသား ေမာင္ဖိုးသီက ႏွမေတာ္လက္ကို ဆြဲၿပီးေတာ့ သုံးခြန္းေသာ စကားကိုေျပာပါတယ္ဆိုၿပီး သံေတာ္ဦးတင္။ သံေတာ္ဦးတင္လို႔ ေမာင္ႀကီးဘုရားကလည္း ယုံ႔့ယုံရင္ ရွင့္ကိုသတ္။ သတ္ရင္ၿပီးတာပဲ”

“ေဟာဗ်ာ့့့ ဒီမယ္ခင္ဗ်ာ ဒီေလာက္လည္း အေရးမႀကီးပါနဲ႔။ ကြၽန္ေတာ္ အခ်စ္ကို နားမလည္လို႔ မဟုတ္ပါဘူး။ အဆင့္တန္းခ်င္း ကြာျခားလြန္းေနေတာ့ မမွီတဲ့ပန္း တုံးခုလို႔လွမ္းသလို ခင္ဗ်ားက ဘုရင့္ႏွမေတာ္ က်ဳပ္က ဘုန္းႀကီးေက်ာင္းသားဆိုေတာ့ အခ်ိန္က ေမာင္ႀကီးဘုရားသိလို႔ အမ်က္ေတာ္ရွရင္ အသတ္ခံရမွာ စိုး႐ြံ႕လို႔ပါ”

ဟုေျပာေသာအခါ ဘုရင့္ႏွမေတာ္မွ သူကာကြယ္မယ္ဟု ကတိေပးေလသည္။ ဤသို႔ျဖင့္ ကံဖူးမယ္လည္း ေမာင္ဖိုးသီႏွင့္ အေဆာင္းတြင္း၌ ဘုရင္မသိေအာင္ ခိုး၍ ေပါင္းသင္းေနထိုင္ၾကေလသည္။ ေမာင္ဖိုးသီလည္း ဦးသူေတာ္ကို မိမိႏွင့္အတူ အေဖာ္အျဖစ္ေခၚထားၿပီး နန္းေတာ္တြင္း ေနထိုင္ေတာ့သည္။

*** **** ***

နန္းေတာ္တြင္းရွိ ဘုရင့္ႏွမေတာ္ အေဆာင္တြင္ ေမာင္ဖိုးသီႏွင့္ ကံဖူးမယ္၏ တိတ္တိတ္ပုန္း ဇာတ္လမ္းကို ဝန္ႀကီးမင္း သိရွိသြား၍ ဘုရင့္ထံသြားေရာက္ သံေတာ္ဦးတင္ေတာ့သည္။

“အရွင္မင္ႀကီးဘုရား”

“ဟဲ့့့ ဝန္ႀကီးမင္းပါလာ့း့ ေရးႀကီးသုတ္ပ်ာနဲ႔ ဆြမ္းႀကီးေလာင္းကိစၥ ေရစက္ခ်ဖို႔ ေမ့လာလို႔လားဟဲ့”

“ဒီလိုမဟုတ္ရပါဘုရားး”

“ဒါ့ျဖင့္ ဘာ့ေၾကာင့္တုန္း”

“ဆြမ္းႀကီးေလာင္းတာ ေအာင္ျမင္႐ုံမွ်မက ႏွမေတာ္ဟာ ဘုန္းႀကီးေက်ာင္းသား ငဖိုးသီႏွင့္ တစ္ေဆာင္တည္း ေပ်ာ္ပါးညားေနေၾကာင္း ပါဘုရား”

“ဒီစကား ဧဝကန္ အမွန္ပဲလား”

“အမွန္ျဖစ္ေၾကာင္းပါဘုရား”

“တယ့့္႐ိုင္းလိုက္ေလျခင္း။ ငဖိုးသီ လြတ္မထြက္ေအာင္ဖမ္း့့ငါကိုယ္ေတာ္ ႏွမေတာ္ေဆာင္သို႔ ျမန္းေတာ္မူမယ္ဟဲ့”

ဘုရင္မင္းေခါင္လည္း ႏွမေတာ္ေဆာင္သို႔ ႂကြေတာ္မူသည္။ ႏွမေတာ္ေဆာင္သို႔ ေရာက္ေသာအခါ ေမာင္ဖိုးသီကို ေမးေလသည္။

“ဟဲ့့့ဟဲ့့့ဒါဘယ္သူတုန္း”

“ကြၽန္ေတာ္ပါ ခင္ဗ်ာ့့ ကြၽန္ေတာ္ပါ”

“ဘယ္က ကြၽန္ေတာ္တုန္း”

“ေၾကာက္ပါၿပီ ခင္ဗ်ာ”

“ခုမွ ဘာေၾကာက္တာတုန္း”

“ကျမင္းမသား အေသသတ္လိုက္ရ ေသေတာ့မယ္။ နန္းထဲဘယ္လိုေရာက္လာလဲ ခုခ်က္ခ်င္း ေလွ်ာက္တင္စမ္း”

ထိုအခါ ေမာင္ဖိုးသီက အေၾကာင္းစုံရွင္းျပ ေလွ်ာက္ထားသည္။

“မွန္လွပါဘုရားး့့ ဘုရားကြၽန္ေတာ္မ်ိဳး ေတာင္ဖီလာ ေက်ာင္းကပါဘုရား။ ေ႐ႊနန္းေတာ္ ဆြမ္းႀကီးခံသြားမယ္ဆိုလို႔ မေရာက္ဖူးေသာေၾကာင့္ လိုက္လာတာပါဘုရား။ ဒီေရာက္တဲ့ အခါက်ေတာ့ ဘုရင့္ႏွမေတာ္က ကြၽန္ေတာ္မ်ိဳးရဲ႕ လက္ကိုဆြဲလို႔ ခ်စ္ရမယ္ ႀကိဳက္ရမယ္လို႔ ေျပာပါတယ္ဘုရား။ မခ်စ္လို႔ မႀကိဳက္လို႔ရွိရင္ ေမာင္ႀကီးဘုရား သံေတာ္ဦးတင္မယ္ဆိုလို႔ အသက္ေသရမွာ ေၾကာက္တဲ့အတြက္ ခ်စ္ရပါတယ္ဘုရား”

“ေတာ့့္ တိတ္စမ္း။ မင္းနဲ႔ တူတယ္ တန္တယ္ထင္သလား။ ဘုရင့္ႏွမေတာ္ကြ။ ေ႐ႊလင္ဗန္းနဲ႔ အခ်င္းေဆး မင္းေမြးတဲ့ မင္းသမီးကိုမွ မင္းက ဘာေကာင္တုန္း”

ဘုရင္မင္းေခါင္ ေဒါသအမ်က္ထြက္ေလၿပီ။ ႏွမေတာ္ကို ေမးၾကည့္ေသာအခါ

“မွန္လွပါဘုရားးး အခ်စ္ဆိုတာ မ်က္စိမပါဆိုတဲ့ စကားလိုပဲ ေမာင္ဖိုးသီနဲ႔ ေတြ႕ကာမွ တစ္ဦးနဲ႔ တစ္ဦး သမီးရည္းစားလည္းမက လင္မယားလည္းမက် ျဖစ္လို႔ ေပးစားေတာ္မူပါ ေမာင္ႀကီးဘုရား”

“ေတာ့့္တန္ တိတ္စမ္း။ နင္ေျပာတဲ့စကားေတြမ်ား မွတ္မိေသးလား။ ႏွမတစ္သက္ ေမာင္ႀကီးတစ္သက္ ၾကင္ဖက္မရွားတမ္းဆို။ ေက်ာင္းသား ေမာင္ဖိုးသီနဲ႔ေတြ႕မွ လင္ေကာင္းမွန္းသိေနတယ္။ လင္တ႐ူးမ”

“အမေလးးး ေမာင္ႀကီးဘုရားရယ္ ေျပာရက္ေတာ္မူလိုက္ေလျခင္း”

ကံဖူးမယ္လည္း အစစ္ခံ၍ ေမာင္ဖိုးသီမွာ အျပစ္မရွိ။ ဘုရားႏွမမွာသာ အျပစ္ရွိပါသည္။ သူက ခ်စ္ေအာင္ႀကိဳက္ေအာင္ ေျပာလို႔ ေၾကာက္ၿပီးလန္႔ၿပီး ခ်စ္ႀကိဳက္ရသည္ဟု ေလွ်ာက္ထားသည္။

ထိုအခါ မင္းေခါင္ဘုရင္က ေမာင္ဖိုးသီမွာ အျပစ္မရွိျခင္းေၾကာင့္

“လြတ္ေစ”

ဟု အမိန္႔ေပးေတာ္မူသည္။ ေမာင္ဖိုးသီလည္း လြတ္ေစဟု အမိန္႔ေပးေသာေၾကာင့္ ဦးသူေတာ္ကို ေခၚ၍ ျပန္ရန္ထေလေသာအခါ ဘုရင္က့့့

“ေအးး ျပန္တာေပါ့ကြာ။ ငါ့ႏွမကို ဘယ္လိုစစ္ေဆးၿပီး အျပစ္ေပးမလဲဆိုတာ နားေထာင္သြားဦး”

“မွန္လွပါဘုရား”

“ကဲ့့ အမိန္႔ေတာ္မွတ္မယ္ အမိန္႔ေတာ္နာခံ။ မိုက္လွတဲ့ႏွမေတာ္ ေခါင္းေလးကြက္ၾကားရိတ္ နဖူးကို လင္တ႐ူးစာတန္းထိုး တိုင္းျပည္ကႏွင္ေစ”

ဟု အမိန္႔ေပးေတာ္မူသည္။ ၾကားရသည့္စကား နားဝမခ်မ္းသာ ရင္ဝမွာဆို႔လွခ်ည္ရဲ႕ ကံဖူးမယ္တစ္ေယာက္ တိုင္းျပည္မွ ႏွင္ထုတ္ခံရေလၿပီ။ ထို႔အျပင္ မႉးမတ္မ်ားက ထပ္မံေလွ်ာက္တင္ၾကျပန္သည္။

“မွန္လွပါ့့ ငဖိုးသီ မလြတ္ထိုက္ေၾကာင္းပါဘုရား”

“ဘာ့ေၾကာင့္တုန္းဟဲ့”

“ဘုရင့္ႏွမေတာ္ အရင္းေခါက္ေခါက္ကို ေစာ္ကားတဲ့ ရာဇဝတ္သား ငဖိုးသီကို လႊတ္ပါက ေနာင္တြင္ ဘုရင့္မယ္ေတာ္ပါ တက္ေစာ္ကားပါလိမ့္မယ္ ေ႐ႊနန္းရွင္ စဥ္းစားေတာ္မူပါဘုရား”

ဟု ေလွ်ာက္ထားသည္ကို ဘုရင္မင္းေခါင္က

“ဒါလဲဟုတ္ေပသားပဲ။ ေရာင့္တက္လာမွာစိုးရတယ္။ ဟဲ့ ့့ ငဖိုးသီ နင္ဒီကို ဘာနဲ႔လာလဲ”

ထိုအခါ ေမာင္ဖိုးသီက

“ေျခေထာက္နဲ႔လာခဲ့ပါတယ္ ဘုရား”

ဟု ေလွ်ာက္တင္ေသာအခါ ဘုရင္က့့

“ေျခေထာက္နဲ႔လာတဲ့ ေမာင္မင္းရဲ႕ ေျခေထာက္ကို အျပစ္ေပးရလိမ့္မယ္။ ေက်ာင္းသား ငဖိုးသီ သုႆာန္သို႔ထုတ္ ပက္လက္ကားစင္တင္ ေျခဖဝါးဓားခြဲ သွ်ားမီးခဲရဲရဲကင္ ယမ္းဆားပက္ အသက္ေသေအာင္သတ္ေစ အမိန္႔ေတာ္”

ဟု အမိန္႔ေပးကာ သတ္ခိုင္းေလသည္။ ေမာင္ဖိုးသီး ကံၾကမၼာ ဆိုးလိုက္ေလျခင္း။ အေဖနဲ႔ အစ္မေ႐ႊဠာဂီရယ္ ေမာင္ေလးအျဖစ္ကို ၾကည့္လွည့္ပါဦး။

ေမာင္ဖိုးသီအား သတ္ရန္သုႆာန္သို႔ ေခၚေဆာင္သြားၾကသည္။ သုႆာန္သို႔ ေရာက္ေသာအခါ ကားစင္တင္၍ ေျခဖဝါးမညႇာမတာဓားခြဲ ေသြးစိမ္းရွင္ထြက္ေနသည္ကို ဆားပက္ကာ သွ်ားမီးရဲရဲတြင္ကင္ေတာ့သည္။ ေၾသာ့့္ အင္းဝဘုရင္ ရက္စက္ေတာ္မူလိုက္ေလျခင္း။

ေမာင္ဖိုးသီလည္း အသက္ေသခါနီး မရဏလမ္း သို႔ မ မျမန္းခင္အခ်ိန္ေလးတြင္ ဦးသူေတာ္အား မွာၾကားေလသည္။

“ဦးသူေတာ္ ကြၽန္ေတာ္မွာခဲ့မယ္”

“အင္းးး မွာပါေမာင္ရယ္ မွာခဲ့ပါကြယ္”

“ကြၽန္ေတာ္ မန္းစက္ေတာ္ မန္းေခ်ာင္းအနီးက ေညာင္ပင္ႀကီးမွာ ဒါန္းစီးေမာင္ႏွမ ျဖစ္ရပါေစလို႔ ကြၽန္ေတာ္ဆုပန္ သြားတယ္ဆိုတာ ေျပာလိုက္ပါေတာ့”

ဟု မွာၾကားၿပီး အသက္ဆုံးေလသည္။

ယေန႔မွာေတာ့ ၾကာခ်ိဳးေနေသာ ေ႐ႊဠာဂီတစ္ေယာက္ စိတ္ေလးေနသည္။ အေဖအိုႀကီးအတြက္ ၾကာပန္းကတစ္ခိုင္ မိမိအတြက္ ၾကာပန္းကတစ္မ်ိဳး ေမာင္ေလးအတြက္ တစ္မ်ိဳး ရည္မွန္း၍ ၾကာပန္းမ်ားခ်ိဳးေနသည္။ ေမာင္ေလးအတြက္ ခ်ိဳးလိုက္ေသာ ၾကာပန္းက အလိုလို ညႇိဳးက်သြား သည့္အတြက္ စိတ္မေကာင္းျဖစ္ၿပီး ေက်ာင္းသို႔ ျပန္လာခဲ့သည္။ ထိုစဥ္ လမ္းခုလတ္ တစ္ေနရာ၌ ဦးသူေတာ္ကို ေတြ႕ေလသည္။ ထိုအခါ ဦးသူေတာ္က့့့

“ေ႐ႊ႒ာဂီေရ႕့ ဒီေန႔ ဘာအတြက္ေၾကာင့္ ေစာေစာျပန္လာရတာလဲ”

“ေၾသာ့့္ ကြၽန္မ မ်က္ခုံးေတြလႈပ္ၿပီး စိတ္မေကာင္းလို႔ ျပန္လာတာ ဦးသူေတာ္ရဲ႕။ ေနပါအုံး့့ ကြၽန္မေမာင္ေလးနဲ႔ ဦးသူေတာ္ အတူတူသြားေနတာမဟုတ္လား။ ကြၽန္မ ေမာင္ေလးေကာ ဦးသူေတာ္”

“ေအးး ေမးမွေတာ့ မေျပာလည္း မၿပီး။ မတီးလည္း မျမည္ဆိုသလိုပဲ ကေလးေရ။ နင့္ေမာင္ ျဖစ္အင္ၾကည့္ခ်င္ရင္ သုႆာန္သာ လိုက္ၾကည့္ပါေတာ့ကြယ္”

ဟု ဆို၍ ဦးသူေတာ္လည္း ေ႐ႊဠာဂီကို သုႆာန္သို႔ ေခၚေဆာင္၍ ေမာင္ဖိုးသီ အေလာင္းကို လိုက္ျပေလသည္။

ေ႐ႊ႒ာဂီတစ္ေယာက္ ေမာင္ျဖစ္သူ၏ အေလာင္းကို ၾကည့္ၿပီး ရင္ထဲတြင္ အပူက ေနတစ္ရာမက ပူေလာင္ျပင္းျပေလေတာ့သည္။
“ေမာင္ေလးေရ႕့ ျဖစ္ေလျခင္း။ ေျခဖဝါးမွာလည္း ေသြးေတြျမင္မေကာင္း။ အစ္မရင္ေတြ ကြဲပါေပ့ါလား။ ဘယ္လိုျဖစ္ၾကတယ္ဆိုတာ ေျပာျပအုံး ဦးသူေတာ္ေရ”

ဟု ဦးသူေတာ္အား ေမးျမန္းေတာ့သည္။ ဦးသူေတာ္လည္း ျဖစ္ေၾကာင္းကုန္စင္ကို ေ႐ႊ႒ာဂီအား ေျပာျပသည္။

ၾကားရသည့္စကား မၾကားဝံ့စရာ။ အင္းဝဘုရင္ရယ္ ရက္စက္ေတာ္မူပုံက ထိန္႔လန္႔စရာ ေကာင္းလိုက္ပါဘိ။ မယားအတြက္တဲ့ ေမာင္ေလးဖိုးသီေရ ဓားထက္ထက္နဲ႔ ေျခဖဝါးခြဲခံရၿပီး အသက္ေသရေလျခင္း။ ကာမတဏွာမွာ ရာဂမီးေလာင္ၾကေတာ့ အသက္ေပးခဲ့ေလၿပီလား ေမာင္ေလးေရ။ ေမာင္တစ္ေယာက္လုံး မိမိေရွ႕မွာ အသတ္ခံရသည္ကိုေတာ့ ေ႐ႊ႒ာဂီတစ္ေယာက္ မေျဖႏိုင္ေလၿပီ။ ဘယ္လိုဝဋ္ေႂကြးလဲ ေမာင္ေလးရဲ႕။

“ဦးသူေတာ္ေရ ကြၽန္မေမာင္ေလး ဘာေတြမ်ား မွာသြားလဲ ဦးသူေတာ္ေရ”

“ေအးး နင့္ေမာင္ေလး မွာသြားတာကေတာ့ မန္းစက္ေတာ္ဘုရား မန္းေခ်ာင္းအနီးက ေညာင္ပင္ႀကီးမွာ ဒါန္းစီးေမာင္ႏွမ ျဖစ္ရပါလို႔၏တဲ့။ သူ႔ကိုေတြ႕ခ်င္ရင္ အဲ့ဒီလိုက္ခဲ့ပါလို႔ မွာသြားတယ္ကြယ္”

ဟု ေျပာသည္။

ေ႐ႊဠာဂီတစ္ေယာက္ ဦးသူေတာ္ေျပာသည့္ စကားမ်ားကိုၾကားၿပီး ရင္ကြဲပက္လက္
ယူက်ဴံးမရ ျဖစ္ရေတာ့သည္။ ရွင္ေတာင္မွ မျပဳရေသးသည့္ ေမာင္ေလးကို ေသမင္းက ေခၚေဆာင္သြားေလၿပီ။ ေ႐ႊ႒ာဂီတစ္ေယာက္ ငိုရလြန္း၍ ေမာလာကာ ဦးသူေတာ္အား ေရတစ္ခြက္ေလာက္ ရွာေပးရန္ ေျပာသည္။ အမွန္ေတာ့ ပရိယာယ္သုံးကာ ႏွင္လႊတ္ျခင္း ျဖစ္သည္။ ဦးသူေတာ္လည္း ေရရွာရန္ ထြက္သြားေသာအခါ

“ေမာင္ေလးနဲ႔ မခြဲဘူး။ မမလိုက္မယ္။ ဝဋ္ေႂကြးဆိုတာ အဖန္ငါးရာငါးကမာၻ ခံရတယ္ဆိုတာ မသိလို႔ေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့ ေမာင္ကေလးမခြဲရေအာင္ ေဟာဒီ သွ်ားမီးထဲ ခုန္ခ်ဆင္းလိုက္ေတာ့မယ္။ ေမာင္ေလးေရ မမလိုက္လာၿပီ ေမာင္ေလးရဲ႕”

ဟု ေ႐ႊဠာဂီတစ္ေယာက္ သွ်ားမီးထဲခုန္ဆင္း၍ အသက္ဆုံးေတာ့သည္။

*** *** ***

“အလို႔့တစ္ေလာင္းသတ္တာ ႏွစ္ေလာင္းေသေနပါလား။ ဦးသူေတာ္ ဒါဘယ္သူ႔ အေလာင္းတုံးဗ်”

ဟု အာဏာပါးကြက္သားက ဦးသူေတာ္ကို ေမးလိုက္သည္။ ထိုအခါ ဦးသူေတာ္က

“အဲဒါ ဖိုးသီအစ္မ ေ႐ႊ႒ာဂီအေလာင္းေပါ့”

“ဟာ ဒီအတိုင္းဆို ဘုရင္ထီးဘုရားသိရင္ က်ဳပ္ကို ရာဇဝတ္သင့္ေနအုံးမယ္။ ကမၺည္းစာတန္းၿပီး ေလယာဥ္စကၱလားနဲ႔ တိမ္ၾကားလႊင့္လိုက္မယ္။ တစ္တိုင္း တစ္ျပည္ လြင့္ေရာဟယ္”

ဆိုၿပီး အေလာင္းမ်ားကို တိမ္ၾကားလႊင့္လိုက္ေလ ေတာ့သည္။

*** **** ***

ေမာင္ဖိုးသီတို႔၏ ဖခင္ႀကီးမွာလည္း ဆရာေတာ္အမိန္႔ျဖင့္ သီဟို႒္သို႔သြား၍ စာေပမ်ား သင္ၾကားကာ ပရိကၡယာရွစ္ပါး စုံလင္စြာျဖင့္ မိမိတိုင္းျပည္သို႔ ျပန္လာသည္။ တိုင္းျပည္သို႔ ျပန္လာရာ လမ္းခုလတ္ တစ္ေနရာသို႔ ေရာက္ေသာအခါ

“အလို ေကာင္းကင္က ပန္းဆိုင္းပမာဏ ေခါင္းေပၚမွာ တည့္တည့္ရပ္ေနလိုက္တာ။ ငါနဲ႔မ်ား သက္ဆိုင္ေနေရာ့သလား။ အဓိ႒ာန္ျပဳ လိုက္မယ္။ အကြၽႏ္ုပ္ႏွင့္ သက္ဆိုင္သည္ဆိုပါက အကြၽႏ္ုပ္ေရွ႕ေမွာက္ အျမန္ေရာက္ပါေစသားး။

ဘုရား ဘုရား ေလယာဥ္စကၱလားပါလား။ ကမၺည္းစာေတြလည္း တန္းလို႔။ ဖတ္ၾကည့္ ဦးမွပဲ။

အင္းဝတိုင္းျပည္ ဘုရင္မင္းေခါင္ အမိန္႔ေတာ္ ရွိလိုက္သည္။ ႏွမေတာ္ ကံဖူးမယ္ကို ေစာ္ကားပါသျဖင့္ ေျခဖဝါးဓားခြဲ အသက္ေသေအာင္ သတ္လိုက္သည္။ ေသသူအမည္ ေမာင္ဖိုးသီ ေ႐ႊ႒ာဂီ ဆိုပါလား။

အမေလးးး သားတို႔ သမီးတို႔ေရ ဘယ္လိုမ်ား ျဖစ္ၾကတာလဲ။ အေဖအသည္း ကြၽမ္းပါေပါ့လား။

ငိုေနလို႔လည္း မၿပီးေသးပါဘူးေလ။ သားနဲ႔ သမီး သၿဂိဳလ္ထိုက္လို႔ ကိုယ့္ေရွ႕ေမွာက္ ေရာက္လာတာ သၿဂိဳလ္အုံးမွပဲ”

ဆို၍ ဖခင္ႀကီးလည္း ေမာင္ဖိုးသီႏွင့္ ေ႐ႊ႒ာဂီတို႔ကို သၿဂိဳလ္ေလသည္။

*** *** *** ***

ေတာင္ဖီလာ ဆရာေတာ္မွာလည္း စိတ္မေကာင္းႀကီးစြာ ျဖစ္ေနသည္။

“ဖိုးသီေသတာလည္း သူေတာ္ေျပာျပလို႔သိၿပီ။ ဘုရား ဘုရား”

ဟု ဆရာေတာ္ ညည္းညဴေျပာဆိုလိုက္သည္။

ထိုစဥ္ ေမာင္ဖိုးသီတို႔၏ ဖခင္ႀကီးလည္း ေတာင္ဖီလာ ေက်ာင္းသို႔ေရာက္လာသည္။

“ဆရာေတာ္ဘုရား့့ ဆရာေတာ္ဘုရား။ ဘယ္လိုမ်ား ျဖစ္ၾကတာတုန္းဘုရား”

“အင္းးး ေျပာျပရင္ ႏွစ္ထပ္ေၾကာက်ေနလိမ့္မယ္။ငါအခု နန္းတြင္ထဲဝင္မယ္။ အဲဒီက်မွ နားေထာင္ေပေတာ့”

ဟု ဆရာေတာ္ဘုရားက ေျပာလိုက္သည္။ ထိုစဥ္မွာပဲ ကံဖူးမယ္လည္း ဆရာေတာ္ထံ ေရာက္လာျပန္သည္။

“ဆရာေတာ္ဘုရား့့ ဆရာေတာ္ဘုရား့့ ကယ္ေတာ္မူပါဦးဘုရား”

“ဟဲ့ ကံဖူးမယ္ပါလား။ ဘယ္လိုမ်ား ျဖစ္လာျပန္တာတုန္း”

“ေမာင္ႀကီးဘုရားက ျပည္ႏွင္ဒဏ္ ေပးလို႔ပါဘုရား”

“ျပည္ႏွင္ဒဏ္ေပးလို႔ရွိရင္ ဒီအေရး နန္းတြင္းက်မွ ရွင္းမယ္”

ဟုေျပာ၍ နန္းေတာ္သို႔ သြားၾကေတာ့သည္။

*** *** *** ***

ေမာင္ဖိုးသီႏွင့္ ေ႐ႊဠာဂီတို႔မွာလည္း နန္းေတာ္၌ လူစုံသည့္အခါ ကိုယ္ထင္ျပ၍ ေနရာအပိုင္စား နတ္ကြန္း ေတာင္းရန္ ေမာင္ႏွမႏွစ္ေယာက္ တိုင္ပင္ၾကသည္။

“အစ္မေရ နန္းေတာ္ထဲ လူစုံတဲ့အခါ နတ္ကြန္း ေတာင္းၾကစို႔လား”

“ေကာင္းတာေပါ့ ေမာင္ေလးေရ”

နန္းေတာ္ထဲ၌ လူစုံေသာအခါ ေမာင္ႏွမ ႏွစ္ေယာက္ ကိုယ္ထင္ျပေလသည္။

“ကိုယ္ေယာင္ျပလိုက္မယ္ ထင္လင္းစြာ ျမင္ၾကေစသတည္း”

ထိုအခါ ဘုရင္မင္းေခါင္က

“ေမာင္ဖိုးသီ ပါလားကြဲ႕။ ဘယ္အတြက္ ေရာက္လာတုန္းေဟ့”

“မွန္လွပါဘုရားး ေ႐ႊနားႏွစ္ဆူ ပန္ဆင္ေတာ္မူပါဘုရား”

“ေအးး ေအးး ေလွ်ာက္တင္ေစသတည္း”

ဟု ဘုရင္မင္းေခါင္က ေလွ်ာက္တင္ခြင့္ ျပဳေလသည္။ ထိုအခါ ေမာင္ဖိုးသီလည္း ျဖစ္ေၾကာင္း ကုန္စင္ေလွ်ာက္တင္ေတာ့သည္။

“ေ႐ႊနားရယ္မွ ပန္ဆင္ၾကပါေတာ့ ပရိတ္သတ္တို႔။ အင္းဝဘုရင္ ဒုတိယမင္းေခါင္ သူ႔ႏွမေၾကာင့္ ဘဝေရစက္ ဖူးစာဖက္ေလသည္ကို ဘုရင္ အမ်က္ေတာ္ရွေသာေၾကာင့္ ဒလၾကမ္းဖမ္း၍ မေသမျခင္း ေျခဖဝါးဓားတင္ခြဲပါလို႔ ေသခဲ့ရပါသည္ဘုရား။

ထိုမွတစ္ဖန္ ေက်ာင္းဝိဟာရေန အစ္မေ႐ႊ႒ာဂီ ၾကားေလသည့္အတြက္ ေမာင္အရင္းႏွင့္ မကြဲရေအာင္ သွ်ားမီးရဲရဲထဲ ခုန္ဆင္းလို႔ ေသခဲ့ရပါသည္ဘုရားးး

ေသဆုံးခဲ့ၿပီး ေနာက္ဘဝတြင္ ႏွမႏွင့္ေမာင္ စက္ေတာ္ေတာင္အနီး ေခ်ာင္းအနီးက ေညာင္ႀကီးပင္မွာ မေသခင္ေတာင္းခဲ့သည့္ ဆုေတာင္းေၾကာင့္ ဒါန္းစီးေမာင္ႏွမ နတ္ျဖစ္ေနရၿပီး ေနရာအပိုင္စား ေပးသနားေတာ္မူပါဘုရားးး”

ထိုအခါ ဘုရင္မင္းေခါင္က

“ေကာင္းၿပီ။ သင္တို႔ ေမာင္ႏွမေနထိုင္ရာ မန္းစက္ေတာ္ေတာင္အနီး မန္းေခ်ာင္း၌ ဒါန္းစီးေမာင္ႏွမ နတ္ကြန္း နတ္နန္းေဆာက္လုပ္ၿပီး တစ္ႏွစ္တစ္ႀကိမ္က် ပြဲေတာ္မ်ား က်င္းပၿပီး ေပ်ာ္ပါးေစဗ်ားး”

“မွန္လွပါ ဝမ္းေျမာက္လွေၾကာင္းပါ ဘုရား”

မင္းေခါင္ဘုရင္လည္း ေမာင္ဖိုးသီႏွင့္ ေ႐ႊဠာဂီတို႔ ေမာင္ႏွမအား ေနရာအပိုင္စား ေပးသနားေတာ္မူေလသည္။

ဤသို႔ျဖင့္ ဒါန္းစီးေမာင္ႏွမ ရာဇဝင္အား တင္ျပလိုက္ရပါတယ္။