လိပ်ပြာခွဲတမ်း(စ/ဆုံး)
——————–
” မြတ်ရေ အကိုပြန်လာပြီ…”
” အကို ဒီနေ့စောသားပဲ…မြတ်က ပြန်မလာလောက်သေး
ဘူးထင်နေတာ…”
” မြတ်က မီးဖွားခါနီးလေကွာ…အကို့မှာ အလုပ်သာသွား
ရတာ စိတ်ဖြောင့်တာမဟုတ်ဘူး…”
” စိတ်မပူပါနဲ့ အကိုရယ်…အမေတို့လည်း တလမ်းထဲမှာ
ရှိနေတာပဲ…”
” ပူရတယ် မြတ်ရေ…မြတ်ကကျန်းမာရေးလည်းသိပ်
ကောင်းတာမဟုတ်ဘူး…ဒါတောင် စက်မချုပ်ဖို့အကို
မနဲတားထားလို့…မြတ်ခေါင်းမာပုံကို လိုက်လို့ကိုမမှီဘူး…”
” မြတ်တို့ကလေးလေးအတွက်ပါ အကိုရယ်…မြတ်တို့
နှစ်ယောက်လုံး ချို့ချို့တဲ့တဲ့ နေခဲ့ရတော့ မြတ်တို့ကလေး
လေးကို ပြည့်စုံအောင်ထားပေးချင်တယ်…မြတ်ဖြင့်လေ
မျက်နှာမမြင်ရသေးပဲကို အရမ်းချစ်နေတာ…မိဘမေတ္တာ
ကိုလည်း ပိုနားလည်လာတယ်…”
” အကိုလည်း ကြိုးစားနေပါတယ် မြတ်ရယ်…ကိုယ်တို့
ကလေးလေးကို ကိုယ်လည်းပြည့်စုံအောင်ထားချင်တာ
ပေါ့…ဒါပေမဲ့ မြတ်ကအခု မီးဖွားခါနီး ဖြစ်နေပြီလေ…
ဒါကြောင့် စက်ချုပ်နားခိုင်းထားပါ…”
” ကဲပါ အကိုရယ် ပွစိပွစိနဲ့ အဘိုးကြီးလေးကျနေတာ
ပဲ အသက်ကခုမှ၂၄နှစ်ပဲရှိသေးတယ်…အကိုသာအသက်
ကြီးရင် မြတ်တို့သားအမိတော့ ဘယ်လောက်နားငြီးမလဲ
မသိဘူး…သွားတော့ ရေသွားချိုး…မြတ် ထမင်းခူးထား
လိုက်မယ်…”
သူရနဲ့ မြတ်မွန်တို့ အိမ်ထောင်ကျတာ တနှစ်ကျော်လေးပဲ
ရှိသေးတာပါ…သူရက ရွာဘက်ကနေ မြတ်မွန်တို့မြို့လေး
ကို ထီလာရောင်းရင်း မေတ္တာမျှကာ အကြောင်းပါခဲ့ကြ
သည်…သူရက တကောင်ကြွက်သမား…အသောက်
အစားကင်းကာ ရိုးသားအေးဆေးသည်…မြတ်မွန်က
တော့ အမေနှင့် ညီမလေးသာရှိပြီး အမေကအကြော်
ကြော်ကာ မြတ်မွန်က သူမတတ်ထားသည့် စက်ချုပ်
ပညာလေးနဲ့ တဖက်တလမ်းက ဝင်ငွေရှာသည်…သူတို့
နှစ်ယောက် ယူကြမည်ဆိုတော့ မြတ်မွန်အမေနဲ့ ညီမ
ကလည်း အလွယ်တကူလက်ခံကြလေသည်…လက်မခံ
နိုင်စရာလည်းမရှိ…ဘဝသမားတွေလေ…သူ့သမီးစိတ်
ချမ်းသာရင်ပြီးရောပေါ့…………
ဒီလိုနဲ့ အိမ်ထောင်ကျတော့ တအိမ်ထဲတော့ အတူမနေ
ကြ…မြတ်မွန်အမေတို့နဲ့ တလမ်းထဲမှာပဲ အိမ်လေးငှား
ကာနေသည်…သိပ်မကြာခင်မှာပဲ မြတ်မွန်ကိုယ်ဝန်ရှိ
လာခဲ့သည်…သူရက မြတ်မွန်ကို အရိပ်တကြည့်ကြည့်နဲ့
သိပ်ချစ်ရှာသည်…မြတ်မွန်က နဂိုကလည်းကျန်းမာရေး
သိပ်မကောင်းတော့ ကိုယ်ဝန်ကြီးနဲ့မို့ ပိုဂရုစိုက်ရှာသည်…
မြတ်မွန်က မျက်နှာမမြင်ရသေးတဲ့ ကလေးလေးကိုသိပ်
ချစ်သည်…တချိန်လုံး ကလေးကြောင်းပြောကာကြည်နူး
နေတတ်သည်…ကလေးပစ္စည်းတွေဝယ်စုရတာလည်း
အမော…အစားအသောက်တောင်မစားရက်ပဲ ကလေး
အတွက် ပိုက်ဆံစုသည်…ကြာတော့ သူရစိတ်ပူလာရ
သည်…အစားအသောက်ကို သူရကိုယ်တိုင်ဂရုတစိုက်
စောင့်ကျွေးရသည်…စက်ချုပ်နားဖို့တောင် ကလေးအတွက်နားရမယ်ပြောပြီး မနဲတားထားရသည်…
အခုလည်း ကလေးကို ဆေးရုံမှာမွေးပါလို့ ပြောတာ
ကို လက်မခံ…ဆေးရုံတွေမသွားချင်ဘူးဆိုကာ အိမ်မှာ
ပဲ လက်သည်နဲ့မွေးဖို့စီစဉ်သည်…မြတ်ကခေါင်းမာလွန်း
သဖြင့် သူရအလျော့ပေးလိုက်ရသည်…ဒီလိုနဲ့ မြတ်မွန်
မီးဖွားမည့်နေ့သို့ ရောက်လာခဲ့လေသည်………
မြတ်တယောက် ညကထဲက ဗိုက်နာနေသဖြင့်လက်သည်
ကို ညထဲကခေါ်ထားရသည်…ခုမနက်တောင်လင်းနေ
ပြီ…ခုထိမမွေးနိုင်သေးသဖြင့် သူရစိတ်ပူနေမိသည်…
ယောက္ခမက စိတ်မပူနဲ့ပြောပေမဲ့ စိတ်ထဲထင့်ပြီး တမျိုး
ကြီးခံစားနေရသည်…ဒီနေ့ ထီရောင်းလည်းမထွက်ဖြစ်
တော့…အိမ်ရှေ့မှာ တယောက်ထဲ ယောက်ယက်ခတ်
နေမိသည်…မြတ်မှာ ညည်းရလွန်းလို့လားမသိ…အသံ
တောင်ထွက်မလာတော့…သူရက ဆေးရုံသွားဖို့ပြောပေမဲ့
လက်သည်က မွေးတော့မှာဟုပြောသည်…သိပ်မကြာခင်
ပဲ မွေးခန်းထဲက ကလေးငိုသံကြားရပါပြီ…ယောက္ခမကြီး
က ကလေးလေးကို အနှီးထုပ်ကာ သူရဆီလာပြသည်…
သမီးလေးပါ…သမီးလေးကို ဝမ်းသာအားရကြည့်နေတုန်း
မှာပဲ မွေးခန်းထဲက လက်သည်ရဲ့အော်သံကြောင့် သူရ
ခေါင်းတွေ ချာချာလည်သွားသည်……
” ဒေါ်သန်းရေ ဒေါ်သန်း လာပါဦး…ဒီမှာ ရှင့်သမီးအ
သက်မရှိတော့ဘူး…”
ဒေါ်သန်းမှာ ကလေးချီပြီးအခန်းထဲ ပြေးဝင်သွားရှာ
သည်…သူရလည်း နောက်မှအပြေးလိုက်သွားသည်…
မြင်လိုက်ရတဲ့ မြင်ကွင်းက သူရ ရင်ကိုစို့နင့်သွားစေ
သည်…နှုတ်ခမ်းတွေဖြူဖွေးကာ မျက်လုံးလေးကမပွင့်
တပွင့်နဲ့ အသက်ကင်းမဲ့နေလေပြီ……
” သမီးလေးကို သိပ်တွေ့ချင်တယ်ဆို ထကြည့်ပါဦး
လားမြတ်ရယ်…အခုတော့ မြတ်သိပ်ချစ်တဲ့ သမီးလေး
ကိုအသက်နဲ့ရင်းပြီး မွေးပေးသွားပြီလားကွာ…မျက်လုံး
တွေ စိတ်ချလက်ချမှိတ်ပါ မြတ်ရယ်…အကို သမီးလေး
ကို အသက်နဲ့ရင်းပြီး စောင့်ရှောက်ပါ့မယ်လို့ ကတိပေး
ပါတယ်ကွာ…”
သူရငိုရင်း ပါးစပ်ကလည်းတတွတ်တွတ်ရွတ်ကာ မပွင့်
တပွင့် ဖြစ်နေရှာတဲ့ မြတ်ရဲ့မျက်လုံးလေးတွေကို ပိတ်ပေး
လိုက်သည်……
သမီးလေးကို သိပ်ချစ်တဲ့ မြတ်တယောက် လောကကြီး
ထဲက ထွက်သွားရပေမဲ့ သမီးလေးကို စိတ်မချနိုင်ဘူး
ထင်ပါရဲ့…သမီးလေးနားမှာ မြတ်ရှိနေတာကို သူရအကြွင်းမဲ့ ယုံကြည်သည်…မိခင်နို့မစို့ရရှာတဲ့ သမီး
လေးကို သနားလွန်းသဖြင့် မျက်ရည်တွေလည်းကျရ
သည်…အသုဘမချခင်ရက်တွေမှာယောက္ခမက သမီးလေးကိုခေါ်ထားသည်… အိမ်မှာလည်း မြတ်ရဲ့
အရိပ်အယောင်တွေပဲမြင်နေရသည်…သမီးလေးနားမှာ
မြတ်ရှိနေတာကို သူရတင်မဟုတ် ယောက္ခမကြီးလည်း
သိရှာသည်…တခါတခါသမီးလေး ပုခက်နားမှာဘယ်
သူမှမရှိပဲ ပုခက်ကအလိုလိုလွှဲနေတတ်တာမျိုး…တခါတ
ခါ သမီးလေးစူးစူးဝါးဝါးငိုနေရင်း တယောက်ယောက်က
ချော့မြူလိုက်သလို အငိုတိတ်ပြီး မျက်နှာလေးပြုံးသွား
တတ်တာမျိုးကို သူရရော ယောက္ခမကြီးပါကြုံရသည်…
” သူရရေ နက်ဖြန်နင့်မိန်းမ အသုဘချတော့မယ်…လိပ်
ပြာခွဲရတော့မယ်…မိမြတ်က ခေါင်းကမာမာနဲ့ ငါတွေးပြီး
စိတ်ပူမိတယ်ဟယ်…”
” မြတ်ကသမီးလေးကို ဘယ်သူ့မှ မပေးတောင် ကျွန်
တော့်ကိုတော့ ပေးမှာပါ အမေရာ…ကျွန်တော်လည်း
သမီးလေးကို သေချာစောင့်ရှောက်မှာပါဗျာ…”
ပြောသာပြောရသည်…သူရစိတ်ထဲထင့်နေမိသည်…ဒီလို
နဲ့ မြတ်အသုဘ ချမဲ့အချိန်ရောက်တော့မည်…အသုဘ
က ၃ နာရီချဖို့ပြင်ထားသည်… ၂ နာရီခွဲလောက်မှာ
သမီးလေးနဲ့ မြတ်ကိုလိပ်ပြာခွဲဖို့ ဒေါ်သန်းကပဲဦးဆောင်
လုပ်ရသည်…သူရတို့ အိမ်တဝန်းလုံးလည်း အသုဘ
ပို့မဲ့သူ လိပ်ပြာခွဲတာလာကြည့်သူတွေနဲ့ ကြိတ်ကြိတ်တိုး
နေသည်…ဒေါ်သန်းက ချိန်ခွင်ရဲ့တဖက်ဆီမှာ ကလေး
အနှီးနဲ့ မြတ်မွန်အင်္ကျိကို တဖက်ဆီထည့်သည်…
” မြတ်မွန်ရေ သမီး ညည်းနဲ့ ညည်းသမီးလေးက ဘဝ
ခြားသွားပြီ…အဲဒီတော့ ကလေးနားမှာသမီးနေခွင့်မရှိ
တော့ဘူး…ဒါကြောင့် ကလေးကို သမီးယောက်ျားသူရ
ကိုပေးခဲ့ပါ…သူရကို ပေးတယ်ဆိုရင် ချိန်ခွင်ကိုကလေး
အနှီးရှိတဲ့ဖက်ကို စောင်းပေးပါသမီးရေ…”
သူရနဲ့ ကြည့်နေတဲ့သူတွေရဲ့မျက်လုံးက ချိန်ခွင်ဆီမှာ
ပဲ မျက်တောင်မခတ်ပဲရှိနေလေသည်…သူရရင်တွေ
တဒိတ်ဒိတ်ခုန်နေလေပြီ…ချိန်ခွင်က အတန်ကြာတဲ့
အထိစောင်းမလာခဲ့ပါ……ဒေါ်သန်းက သူရကို မျက်
ရည်ဝဲနေတဲ့မျက်လုံးအစုံဖြင့်လှမ်းကြည့်သည်…
” သမီးရေ ကလေးကို ညည်းယောက်ျားကိုမပေးချင်
လည်း အမေတို့ကိုပေးခဲ့ပါ…အမေနဲ့ ညည်းညီမ
ညည်းသမီးလေးကို သေချာစောင့်ရှောက်မယ်လို့ ကတိ
ပေးပါတယ်…အမေတို့ကို ပေးခဲ့ပါ သမီးရယ်…”
ဒီတခါလည်း ချိန်ခွင်ကစောင်းမလာခဲ့ပါ…အသုဘချ
ရမဲ့ အချိန်တောင်ကျော်လာခဲ့ပြီ…မြတ်မွန်တယောက်
ကလေးကို စိတ်မချတဲ့ဇောနဲ့ ဘယ်သူ့ကိုမှပေးချင်ပုံ
မရ…သူရ ဘယ်လိုမှမခံစားနိုင်တဲ့အဆုံး အနားကအိမ်
တိုင်ကို လက်သီးနဲထိုးရင် ရှိုက်ကြီးတငင်ငိုပစ်လိုက်
သည်…သူနဲ့တောင် စိတ်မချရင် ဘယ်သူနဲ့မှ စိတ်ချမှာ
လဲ မြတ်ရယ်………
” ကဲ မြတ်မွန် သမီး အသုဘချရမဲ့အချိန်ကလည်း တအား
ကျော်လာပြီ…ညည်းမဆုံးဖြတ်နိုင်ရင် အမေပဲ ဆုံးဖြတ်
ပေးမယ်…ညည်းစိတ်ချလက်ချနဲ့ သွားပါ…ညည်းယော
က်ျားရော အမေတို့ရော ညည်းသမီးလေးကိုသေချာ
စောင့်ရှောက်မယ် ဟုတ်ပြီလား…”
အဲဒီလိုနဲ့ လိပ်ပြာခွဲတဲ့ကစ္စကို အဆုံးသတ်ပြီး အသုဘ
ချလိုက်ကြရသည်…မြတ်မွန်ကတော့ သမီးလေးနားက
ခွဲသွားနိုင်ဟန်မတူပါ…ဒီလိုနဲ့ မြတ်မွန်အသုဘချပြီး
၃ ရက်မြောက်ညမှာ သူရအိမ်မက်ထဲ မြတ်မွန်ရောက်
လာသည်……
” အကို မြတ်လေ သမီးလေးကိုဘယ်လိုမှစိတ်မချဘူး
သမီးလေးကို မြတ်နဲ့အတူခေါ်သွားတော့မယ်…မြတ်ကို
ခွင့်လွှတ်ပါနော်…အကိုလည်းကျန်းမာရေးကို ဂရုစိုက်
နော်…”
” မြတ်ရယ် အဲ့လိုမလုပ်ပါနဲ့…သမီးလေးကိုအကိုသေချာ
စောင့်ရှောက်မှာပါ မြတ်ရယ်…သမီးလေးကိုခေါ်မသွား
ပါနဲ့…မြတ်ရေ မြတ်ရေ…”
သူအော်ခေါ်နေပေမဲ့ လှည့်ထွက်သွားတဲ့မြတ်ကတချက်
လေးတောင် လှည့်မကြည့်တော့ပါ…သူချွေးတွေရွှဲပြီး
လန့်နိုးလာသည်…ဘေးနားက သမီးလေးကိုကြည့်လိုက်
တော့ မလှုပ်မယှက်လေးအိပ်နေပါသည်…သူ သမီး
လေး နဖူးကိုနမ်းလိုက်ရင်း ပြန်လှဲချလိုက်သည်…သူ
စိတ်စွဲလို့ မက်တာသာဖြစ်ပါစေတော့…သို့ပေမဲ့ သူ့
ဆုတောင်းမပြည့်ခဲ့ပါ…ညအိပ်တုန်းကဘာမှမဖြစ်ပါပဲ
ကျန်းကျန်းမာမာအိပ်ပျော်နေခဲ့တဲ့ သမီးလေးမနက်လင်း
တော့ သူ့ဘေးမှာအသက်မရှိတော့ပါ……
” ရက်စက်လိုက်တာ မြတ်ရယ်…အကိုဒီလောက်တောင်း
ပန်နေတာတောင် သမီးလေးကို အကို့ဘဝထဲက ဆွဲထုတ်
သွားရက်တယ်နော်…မြတ်ရော သမီးလေးရော မရှိတဲ့
ဘဝမှာ အကိုဘယ်လိုအသက်ရှင်ရမလဲကွာ…”
” တရားနဲ့ဖြေပါတော့ မောင်သူရရယ်…မင်းမိန်းမ ခေါင်းမာပြီးအစွဲအလန်းကြီးတာလည်း သိနေတာပဲ…
အမေလည်းစိတ်ထဲထင့်နေတာပါ…အဲဒီညက သမီးက
အမေ့ကိုလည်း သူ ကလေးခေါ်သွားမယ့်အကြောင်း
လာပြောသွားခဲ့တယ်လေ…”
သူရအတွက်တော့ ဘဝဟာဘာအဓိပ္ပါယ်မှမရှိတော့
သလိုပါ…အရာအားလုံးကိုလည်းသံဝေဂရမိသည်…
ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းလေးပဲဖြတ်သန်းချင်တော့
သည်……
အဖြစ်အပျက်တွေက ကြာခဲ့ပါပြီ…အခုဆို ရှစ်နှစ်တောင်
ရှိခဲ့ပြီပဲ…သူရတဖြစ်လဲ ဦးဇင်းဦးသုဓမ္မအတွက်တော့
အဟောင်းတွေ အသစ်မဖြစ်ဖို့ ခုထိကြိုးစားနေရတုန်း
ပါ…မြတ်နဲ့ သမီးလေးဆုံးပြီးကတည်းက သာသနာ့
ဘောင်ဝင်ခဲ့တာ အခုဆို ရှစ်နှစ်ပြည့်တော့မယ်…ဘာအ
နှောင်အဖွဲ့မှ မရှိတော့တဲ့ဘဝကြီးမှာ သူ့အတွက် အေးငြိမ်းရာဟာ တရားရိပ်ပါပဲ…စိတ်ထဲမှာတော့ မြတ်နဲ့
သမီးလေး ကောင်းမွန်ရာဘဝလေးမှာရှိနေပါစေလို့
ဆုတောင်းရုံမှတပါး အခြားမရှိတော့လေပြီ………
#credit_အိသစ္စာလင်း